ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(C...

By yoonshweyeethoon

93.8K 6.2K 279

ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့... More

အပိုင်း(1)
please
အပိုင်း(3)
အပိုင်း(4)
အပိုင်း(5)
တောင်းပန်ခြင်း
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
Hey....
အပိုင်း(12)
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
ဖြေရှင်းချက်
အပိုင်း(17)
အပိုင်း(18)
အပိုင်း (19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)
ဖတ်ပေးကြပါ pls
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26)
အပိုင်း(27)
အပိုင်း(28)
အပိုင်း(29)
အပိုင်း(30)
အပိုင်း(31)
အပိုင်း(32)
အပိုင်း(33)
အပိုင်း(34)
******
အပိုင်း(35)
အပိုင်း(36)
အပိုင်း(37)
အပိုင်း(38)
အပိုင်း(39)
အပိုင်း(40)
အပိုင်း(41)
အပိုင်း(42)
အပိုင်း(43)
အပိုင်း(44)
အပိုင်း(45)Final
ကျေးဇူးတင်လွှာ

အပိုင်း(2)

2.9K 168 4
By yoonshweyeethoon

" သခင်...မကောင်းတော့ဘူး သခင်ရေ''

"ဟဲ့ ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်နေတာလဲ''

ဖခင်နဲ့ စကားပြောပြီး အတွေးထဲမျောနေတုန်းရှိသေးတယ်အစေခံကောင်လေးရဲ့အသံစူးစူးနဲ့အော်မှုကြောင့် ရန်ရန့် အတွေး အိပ်မက်တွေတောင် ပျောက်ပျက်ရသည်။.ထို့ကြောင့် အီရန်ဒေါသထွက်စွာအော်လိုက်သည်။

"ဟို...ဟို.သခင်''

ဟိုကောင်လေးက တဟိုဟိုနဲ့ပြောနေပြီးဖခင် နားအနားကပ်ပြီး ဘာတွေပြောနေမှန်းမသိ။.ဖခင်ရဲ့မျက်နှာကတော့အရောင်အမျိူးမျိုး ပြောင်းပြီး စိတ်တိုသလိုလို စိတ်ပူပန်သလိုလိုနဲ့ ဘာဖြစ်မှန်းကိုမသိ။.ခနနေတော့ အစေခံကောင်လေးထွက်သွားတော့ အီရန်လဲဖခင်ကိုမေးလိုက်သည်။

"ဖခင် ဘာဖြစ်တာလဲ''

"ဟင်းးး... သားငယ် 'ချန်' မျိုးနွယ်က ရောက်လာပြီတဲ့''

အဖေ့ဆီက ကမ်းလှမ်းဖို့လာတဲ့သူတွေရောက်နေပြီဆိူတဲ့သတင်းကိုကြားရတော့ အီရန့်မျက်နှာက ဝင်းပ သွားသည်။ တဆက်ထဲထိုင်နေရာက နေထ လိုက်တော့ ဖခင်ကလှမ်းတားလိုက်သည်။

"ဟင် တကယ် ရောက်နေပြီလား အာ့တာ ဆို ဖခင် သွားကြမယ်လေ သွားကြိုဖို့ပြင်ရမယ်မလား''

"ဟို...သားငယ် လာတော့လာတာဟုပါတယ် ဒါပေမဲ့''

"ဒါပေမဲ့ ဘာဖြစ်လဲ ဖခင်ရဲ့ ပြောစရာရှိတာမပြောဘူး ဘာစကားမို့လို့ပြောရခက်နေတာလဲ''

"လာတဲ့သူက မျိုးနွယ်အကြီးအကဲမဟုဘူးတဲ့ သူ့ရဲ့အကို တဲ့ သားငယ်''

"ဘာ....ဘယ်လိုဖခင် ''

"ဟုတ်တယ် သားငယ် ဖခင်လဲ စာထဲမှာ မျိူးနွယ်ရဲ့အကြီးဆုံး အတွက်ဆိုတော့အကြီးအကဲထင်လိုက်တာအခုတော့ သားအကြီးဆုံး တဲ့''

"ဘယ်လို သားအကြီးဆုံး မျိူးနွယ်တွေရဲ့ထုံးစံအရဆိုရင်သားအကြီးဆုံးက ဆက်ခံသူ မလား ခုက ဘာဖြစ်လို့''

"ဖခင်လဲ မသိဘူး အခုဧည့်သည်ဆောင်မှာရောက်နေပြီတဲ့''

"အာ့တာဆို လဲ အရင်လူတွေအတိုင်း ငြင်းလိုက်ပေါ့ ဖခင်ရယ်''

"အခုက ငြင်းမရတော့ဘူး သားငယ်ရဲ့''

"ဟင် ဘာလို့ငြင်းမရတာလဲ ဖခင်ရဲ့လက်ခံတယ်လို့မှမပြောရသေးတာ''

"ဖခင်က လက်ခံကြောင်း စာပြန်ပြီးနေပြီသားငယ်ရဲ့''

"ဟင်...ဘယ်တုန်းကပြန်လိုက်တာလဲဖခင်က ''

"ဖခင်ဆီ အကြောင်းကြားစာရောက်လာပြီနောက်နေ့ပဲ ပြန်လိုက်တာ ''

"ဖခင်က ရန်ရန့်ကိုမမေးပဲ လက်ခံလိုက်တာလား ''

"ဖခင် တွေးလိုက်တာသားငယ်လဲ လက်ခံမယ်ထင်လို့လေ 'ချန် 'မျိုးနွယ်ဆိုတာမျိုးနွယ်တွေထဲမှာအင်အားအကြီးဆုံးနဲ့အကျယ်ပြန့်ဆုံးပဲသားငယ်ရဲ့ သားငယ်က သူတို့မျိူးနွယ် ရဲ့အကြီးအကဲနဲ့လက်ဆက်ဖြစ်ရင် လူတကာမော်ကြည့်နေရမှာဖြစ်သလို ဖခင်လဲ အရင်ကထက်အာဏာပိုလာတယ်ဆိုပြီး ''

"အခု ဘယ်လိုလုပ်ကြမလဲ ရန်ရန်က အကြီးအကဲဆိုလို့သာလက်ခံချင်တာ အခုက သားအကြီးဆုံး ဖြစ်ပြီး အရိုက်အရာတောင်မဆက်ခံနိုင်တာ သူ့ကိုယူလိုက်တော့ ရန်ရန် အာဏာကြီးမလာတဲ့အပြင် အနှိမ်ခံရဦးမယ်''

အီရန်တို့ရဲ့မျိုးနွယ်တွေထဲမှာ သားအကြီးဆုံး ကသာအရိုက်အရာကို ဆက်ခံရတာဖြစ်သည်။သား ဘယ်နှစ်ယောက်ပဲ မွေးမွေး အကြီးဆုံး ကသာ ဆက်ခံရတာဖြစ်သည်။ တကယ် လို့အငယ်က အရိုက်အရာဆက်ခံရတာ်ဆိုရင် အကြီး ဆုံး သားက အရိုက်အရာနဲ့မထိုက်တန်သလို နတ်ဘုရားတွေက လက်မခံလို့ပင် ဖြစ်သည်။.အာ့လို လူမျိုးနဲ့လက်ဆက်လိုက်ရင် ရန်ရန့်လဲ သူနဲ့အတူအနှိမ်ခံအပြောခံနေရမှာပင်။အကိုမက်နဲ့ လက်ဆက်လိုက်တာကမှ အချိန်တန် ရင် အကြီးအကဲရဲ့ ပထမဇနီးသည် ဖြစ်လာနိုင်သေးသည်။

"ဒီလို လုပ်ကြမယ်ဖခင်''

"ဘယ်လိုလုပ်မ​လဲ''

ဖခင်ရဲ့နား ကို ကပ်ပြီးအီရန်စဥ်းစားထားတဲ့အတွေးကို ပြောလိုက် တော့ဖခင်က

"ဟင် အဆင်ပြေပါ့မလား သားငယ်''

"ပြေပါတယ် ပြသနာ တခုခုဖြစ်ခဲ့ရင်လဲ ရန်ရန်တို့နဲ့ ဘာမဆိုင်ဘူး လေစိတ်ပူမနေပါနဲ့''

"ဟင်း အာ့တာဆိုလဲ ဖခင်အရင်သွားလိုက်မယ် ပြီးမှ သားငယ် လိုက်ခဲ့ ''

ဖခင်က ရန်ရန့်ကိုပြောပြီး ဧည့်သည် ဆောင်ကိုထွက်သွားသည်။ရန်ရန်လဲ နောက်က လိုက်သွားဖို့ ပြင်လိုက်သည်။ ဘာပဲ ဖြစ်ဖြစ် မျက်နှာတော့သွားပြရမှာပင်။

အန်ဒရူး ' အီ 'မျိုးနွယ်စုကိုရောက်ရှိနေတာဖြစ်သည်။.အရင်လတွေတုန်းက မျိုးနွယ်စုတွေဆီအလည်အပတ်လျှောက်သွားရင် အလှလေးကို တွေ့လိုက်ရသည်။.စိမ်းပြာလေးဝတ်ထားတဲ့ အလှလေးက မျက်စိမလွဲချင်အောင်ကို လှရက်သည်။ အရင်ကလဲ မိန်းကလေးအလှလေးတွေရော ဒွိအလှလေးတွေပါတွေ့ဖူးပေမဲ့ အခုမြင်လိုက်ရတဲ့ကောင်လေးက ထိုသူတွေထက်ပိုကိုလှရက်သည်။ကိုယ်သွားရမဲ့လမ်းကိုတောင်ဆက်မသွားနိုင်ပဲအလှလေးသွားရာနောက်ကို တကောက်ကောက်နဲ့လိုက်နေမိသည်အထိကိုဆွဆောင်လွန်းအားကြီးသည်။နောက်တော့ အလှလေးကို မျက်ခြေ ပျက်သွားသည်။ အန်ဒရူးလဲ တပည့်တစ်ယောက်ကိုခေါ်ပြီး အလှလေးအကြောင်းကိုစုံစမ်းကြည့်တော့ အခုရောက်နေတဲ့မျိုးနွယ်စုရဲ့ သားငယ်ဆိုတာ သိရတာနဲ့ မျိုးနွယ်စုဆီအမြန်ပြန် ဖိလစ် ကို ပြောပြပြီး အလှလေးရဲ့ ဖခင်ဆီကနေတောင်းရမ်းခိုင်းလိုက်သည်။အခု အလှလေးရဲ့ဖခင်က လက်ခံလို့ 'အီ' မျိုးနွယ်စု ကိုရောက်ရှိနေတာပင်။

"သခင်လေး ရောက်နေတာကြာပြီလား စောင့်နေခိုင်းမိတဲ့အတွက် အရမ်းအားနာရပါတယ်''

"ရပါတယ် ကျုပ်လဲ ခုမှ ရောက်တာ ပါ အားနာစရာမလိုပါဘူး''

"အာ...ဟုတ်ကဲ့ပါ ထိုင်ပါဦး ဒေသထွက် ဝိုင်နဲ့ဧည့်ခံပါ့မယ်''

"ဒါနဲ့ အီရန်လေးရော အကြီးအကဲ''

"လာနေပါပြီ သခင်လေးကို သူကစောင့်နေတာ တစ်မနက်လုံးပဲ ''

"ဟုတ်လား ''

ခြေသံကြားလိူ့လှမ်းကြည့်မိတော့ အန်ဒရူးရဲ့ ချစ်ရသူ အလှလေးက အပြာနုလေးနဲ့ ဆွဲဆောင်နေပြန်သည်။ လက်ထဲမှာလဲ ဝိုင်ပုလင်းနဲ့အသီး အသားကင်တစ်ချို့ကိုယူလာပြီးမျက်နှာလေးက မြင်သူတကာ.မက်မောချင်စရာ အပြုံးလေးကို ချိတ်ဆွဲထားသည်မှာ အန်ဒရူးရဲ့ နှလုံးသားကို ကုတ်ခြစ်နေသလိုပင် မျက်နှာမလွှဲမိပဲ ကြည့်မိတော့ အလှလေးက ရှက်ပြုံးလေးပြုံးပြီး မျက်လွှာလေးချသွားသည်။

"ဟော.သားငယ် လာထိုင်''

အီရန်ဝင်လာထဲက လှည့်ကြည့်တဲ့လူကြီး။.ရုပ်ရည်ကတော့အတော်ချောသည်။ယောကျာ်းဆန်ပြီး အရပ်လဲ အတော်ရှည်မည့်ပုံပင်။.ချောတာကတော့အကို မက် ထက်ပင်ချောတယ်ပြောရမည်။ အီရန်ကို ကြည့်နေတဲ့အကြည့်တွေထဲမှ ချစ်စိတ်တွေယိုဖိတ်နေတာတွေ့ရပေမဲ့ အကြီးအကဲ မဟုဘူးဆိူထဲက အီရန် စိတ်မဝင်စားတော့ပါ။ အကြီးအကဲသာဆိုလို့ကတော့ အခု ကိုလက်ဆက်ပစ်မှာပင်။

"ရန်ရန်တို့ ဒေသထွက်ဝိုင်လေး သုံးဆောင်ပါဦးသခင်လေး''

ဝိုင်ပုလင်းထဲက ဝိုင်ကို ခွက်သုံးခွက်ကိုလိုက်ထည့်ပေးလိုက်သည်။ ထိုအချိန်အထိ ဟိုလူကြီးက ရန်ရန့်ဆီက အကြည့်ကိုအခုထိမလွှဲ ။ နောက်ဆုံးတော့ ဖခင်ကို တံတောင်နဲ့လိုက်တွတ်​ ပြီးသတိ ပေးခိုင်းလိုက်မှပဲ အဆင်ပြေတော့သည်။

"သခင်လေး ဝိုင်လေး သောက်ပါဦး ''

" ဟုတ်ပြီ အနံ့လေးက မွှေးနေတာပဲ ရန်လေးကိယ်တိုင် ချက်ထားတာလား''

"ဟို..ဟုတ်ပါတယ် ရန်လေး ကိုယ်တိုင် ချက်ထားတာ ဒီအသားကင်လေး ရောပဲ စားကြည့်ပါဦး''

မျိုးနွယ်စုရဲ့ အငယ်ဆုံးသားဆိုတော့ အိမ်မှုကိစ္စတွေ မလုပ်တတ်ဘူးလိူ့တွေးထင်ထားပေမဲ့ အခုလိုအသားကင်တတ်တဲ့အပြင် ဝိုင်ပါချက်တတ်နေမယ်လို့ လုံးဝကိုတွေးမထားပေါ ဝိုင်ချက်တာကတော်ရုံလူဆိူ မချက်တတ်လောက်ပေ။.အခုလို ကိုယ့်ရဲ့ချစ်ရသူ​ရုပ်ရည်ဖက်ကရေ အရည်အချင်းအရရော အကုန်ပြည့်စုံနေတော့ အန်ဒရူး အတိုင်းမသိကို ဝမ်းသာရသည်။ဝိုင်ကို အရင်တစ်ငုံမြည်းကြည့်လိုက်တော့ အရသာ အရမ်းရှိသည်။.အန်ဒရူး ဝိုင်ပေါင်းများစွာကို သောက်ဖူးပေမဲ့ အခုလောက်အရသာရှိတဲ့ဝိုင်မျိုးတော့တခါမှမသောက်ဖူးပေ။.အသားကင် တစ်ဖက်ကိုပါကောက်ဝါးကြည့်လိုက်တော့ အသားကင်က အနံ့ကမွှေးနေတဲ့အပြင် ပါးစပ်ထဲမှာအရည်ပျော်ကျသွားသလို နူးညံပြီးစားရတာ အရမ်းကိုကောင်းလှသည်။နတ်သုဒ္ဓါ စားနေရသလိုပင်။

"အရမ်းကို အရသာရှိလှပါတယ် တကယ်ကို နတ်သုဒ္ဓါကိုစားနေရတဲ့အတိုင်းပါပဲ''

"အို ချီးကျူးလွန်းနေပါပြီ အာ့လောက်လဲ မဟုတ်ပါဘူး သခင်လေး''

"အာ့ထက်တောင်ချီးကျုးလို့ရရင် ချီးကျူးချင်သေးတာ ဒါနဲ့ သခင်ကြီး...''

"ဟုတ်ကဲ့ ပြောပါ သခင်လေး ''

"နက်ဖန်ပဲ ဟိုဘက်မျိုးနွယ်ကိုပြန်မှဖြစ်မယ်အာ့တာ ရန်လေးကို ထည့်ပေးချင်တဲ့ အရာတွေရှိရင် ထည့်ထားပြီး အဆင်သင့်ပြင်ထားလို့ရအောင် ပါ''

"ဟင်...ချက်ချင်း ကြီး လား သခင်လေးရဲ့ စာထဲမှာပြောထားတာကတော့ ၃ရက်လောက်နေမှဆို အခုကျ... ''

"အခုလို ပြောရတာအားနာပေမဲ့ မျိုးနွယ်စုမှာပွဲတော်ရှိနေတော့ နက်ဖန်ပြန်မှ အချိန်မှီမှာ မို့လို့ပါအဆင်မပြေလို့လား''

"ပြေပါတယ်... သခင်လေးရယ် ပြေပါတယ် အီရန့်ကိုအဆင်သင့် ပြင်ထားလိုက်ပါ့မယ်''

"ဟုတ်ပြီ အာ့တာဆို နားတော့မယ် ဘယ်အဆောင်မှာများ ''

"အာ..ဟုတ်တာပေါ့ ခရီးက ပန်းလှတယ်ဆိုတော့ အနားယူချင်မှာပေါ့ ဧည့်သည့်တွေအတွက်ထားတဲ့အဆောင်သီးသန့် ရှိပါတယ် လိုက်ပို့ပေးပါ့မယ် ''

"အဆင်ပြေရင် ရန်လေး လိုက်ပို့လို့ရလား ''

"ရတာပေါ့ ရတယ် သားငယ် လိုက်ပို့ပေးလိုက်ဦးလေ''

"ဟုကဲ့ ဖခင် သခင်လေး လိုက်ခဲ့ပါ''

သားငယ်နဲ့သခင်လေးထွက်သွားကာမှ အီအကြီးအကဲလဲ သက်ပြင်းအသာချမိတော့သည်။.သားငယ်က အဆင်ပြေမှာပါ ပြောပေမဲ့အခုထိလန့်နေမိတုန်းပင် အမှားအယွင်းသာတစ်ခုခု ဖြစ်သွားရင် မျိုးနွယ်အတွက်ပါ အန္တာရယ် များမှာဖြစ်သည်။

"သခင်လေး ဒီအဆောင်မှာပါ.. အေးအေးဆေးဆေး အနား ယူပါ''

"ခနနေပါဦး ရန်လေးရဲ့ ကိုယ်နဲ့စကားလေးပြောပေးပါလား ရန်လေးအားမှပါ ''

"ရပါတယ် ပြောပေးပါ့မယ် ''

ရန်လဲအဆောင်ကိုလိုက်ပို့ပေးပြီး ပြန်မယ်လဲ လုပ်ရော ဟိုလူကြီးက တားထားလေသည်။အီရန်လဲ မနေချင်ပေမဲ့ဖခင် ပြသနာမတက်စေရေးအတွက် ထိုင်ပေးလိုက်ရသည်။

"ကိုယ်က ရန်လေးကို စတွေ့ထဲကသဘောကျ မိတာ အာ့တာ ကြောင့်ညီငယ့်ကို ပြောပြီး လက်ဆက်ဖို့အတွက်အကြောင်းကြားခိုင်းလ်ိုက်ရတာ''

"ဟုကဲ့.''

"အင်း ရန်လေးတို့ဖက်က လက်ခံတယ်ဆိုတဲ့အကြောင်းပြန်စာရတော့ ကိုယ်သိပ်ပျော်သွားတာ သိပ်မကြာခင် ရန်လေးက ကိုယ့်ရဲ့ဇနီးဖြစ်လာတော့မယ်''

"အာ့လိုတွေးလိုက်မိတိုင်း သိပ်ကိုဝမ်းသာ ကြည်နူးရတယ် ရန်လေးရော ကိုယ်နဲ့လက်ဆက်ရမှာကို သဘောကျရဲ့လား''

"ဟုတ်ကဲ့ အကို့လို အင်အားကြီး မျိုးနွယ်က လူက အီရန့်ကို လာတောင်းရမ်းတာနဲ့တင် အတိူင်းမသိ ဝမ်းသာနေရပါပြီ''

"အီရန် လေးဆီက ဒီစကားကြားရတာ ကိုယ်ဝမ်းသာမိပါတယ် ကဲပါ.အီရန်လေးလဲနားတော့လေ ကိုယ်လဲနားတော့မယ်''

"ဟုတ်ကဲ့ အာ့တာဆို ခွင့်ပြုပါဦး ''

အီရန် ဧည့်သည်ဆောင်ကလှည့်ထွက်ခဲ့လိုက်သည်။.ဘယ်လောက် ပဲ ချောမောပြည့်စုံပြီး အီရန့်ကိုချစ်နေပါစေ အကြီးအကဲမဖြစ်နိုင်တဲ့အတွက် အီရန်က လုံးဝကိုလက်ခံမည်မဟု​ေပ။.အခုလဲအလိုက်သင့်ပြောပေးနေရပေမဲ့ အဆင်မပြေ။အီရန်က စိတ်မပါရင် ဘာမှကိုမလုပ်ချင်တာပင်။ အခု တော့ ပျော်ရွှင်ကြည်နူးနေပေမဲ့ နက်ဖန်ပြီးလို့ သဘက်ခါ ရောက်ရင်ရော အခုလိုမျိူးပျော်နေနိူင်မလားလို့တွေးမိရင်း အဆောင်ရောက်ဖို့သာ ခြေလှမ်းမြန်မြန်လျှောက်နေမိသည်။

....,........................................

Yoon

အခုfic ကိုမကြိုက်ကြဘူးလားဟင် သိပ်မဖတ်ကြသလိုပဲ။.ပြီးတော့ လေ yoon fic တွေက intersex မှန်ပေမဲ့ မီးနီသိပ်မပါ ပါဘူးနော်။.Rl ထဲထည့်ပေးတဲ့သူတွေကို ကျေးဇူး တင်ပါတယ် ဒါပေမဲ့ လေ plus တွေထဲတို့ တခြား အပြာ Rl ထဲတော့မထည့်ပါနဲ့လား။တောင်းဆိုတာပါ။.ဖတ်တဲ့သူတွေကို အပြစ်ပြောတာမဟုပါဘူးနော့။ ဖတ်ပေးတဲ့သူတွေအကုန်ကျေးဇူးပါရှင့်

Continue Reading

You'll Also Like

1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
689 64 4
JungSungChan × SongEunSeok
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
127K 4.9K 16
Unexpected Marrige....