ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
Door TtTt04419
49.6K 2.2K 114
Yizhan Meer
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_30
Ep_31
Ep_32 Final
Ep_29
1.3K 56 5
Door TtTt04419
" ဘိုးဘိုးမြေးဝမ်ရိပေါ်ကိုကျန့်ကျန့်အခုချိန်ထိဘယ်လိုသဘောထားလဲ? "
ရုတ်တစ်ရက်ကြီးဆိုသလိုဘိုးဘိုးကပြောလာတော့ ရှောင်းကျန့်ကြောင်အသွားရတယ်။အခုချိန်ထိဘယ်လိုသဘောထားလဲဆိုအမ်~~~~~အကို့ကချစ်စကားဆိုလာတည်းကကျန့်ကျန့်ကအကို့ပေါ်အရင်ကခံစားချက်တွေပြန်ပေါ်လာတော့တာပဲ။ဒါပေမယ့်ကျန့်ကျန့်နဲ့မှအကိုကမဖြစ်နိုင်တဲ့အတွက် ကျန့်ကျန့်လိမ်ညာရင်းသာဖြေလိုက်ရတယ်။
" အကိုတစ်ယောက်လိုပါပဲ ဘိုးဘိုးရယ် "
အစောကဘိုးဘိုးအခန်းရှေ့ဖြတ်သွားနေရင်း ဘိုးဘိုးကကျန့်ကျန့်ကိုမေးနေတဲ့မေးခွန်းကြောင့်ရိပေါ်အခန်းရှေ့မှာရပ်ရင်းကျန့်ကျန့်အဖြေကိုခိုးနားထောင်လိုက်တယ်။
ကျန့်ကျန့်ကသူ့ကိုဆက်ချစ်နေသေးတယ်ဆိုတဲ့အဖြေကိုမျှော်လင့်ထားခဲ့တာ၊ဒါပေမယ့်မျှော်လင့်ထားသလိုမဟုတ်ပဲကိုယ့်ကိုအကိုတစ်ယောက်လိုပါပဲဆိုတဲ့စကားကိုကြားရတည်းက ကျန့်ကျန့်အပေါ်ဒေါသထွက်မိသလို စိတ်လည်းဆိုးမိတယ်။ကျန့်
ကျန့်ကလည်းသူ့ကိုပြန်ချစ်မယ်လို့ထင်ထားလို့ ကျန့်
ကျန့်ဆီကအဖြေကိုစောင့်နေခဲ့တာလေ၊အပိုတွေ၊ဝမ်ရိချန်းကိုချစ်ရင်ချစ်တယ်ပြောတယ်မပြေဘူး၊အလကားနေမျှော်လင့်ချက်တွေလာပေးနေတယ်။
ဆက်နားမထောင်ချင်တော့လို့အောက်ထပ်ကိုသာအမြန်ဆင်းလာလိုက်ရတယ်။
" ကျန့်ကျန့်သွားရင်သွားတော့လေ ဘိုးဘိုးအနားယူချင်ပြီ "
" ဟုတ်ကဲ့ဘိုးဘိုး ဒါဆိုကောင်းကောင်းအနားယူပါနော် "
သူ့ကိုကျန့်ကျန့်ကစောင်လေးသေချာခြုံပေးပြီးအခန်းထဲကနေထွက်သွားသည်။
_______________________
" အကိုရိပေါ် ! "
အကိုရိပေါ်လို့ခေါ်တော့အကို့ကဘာမှပြန်မပြောပဲဒေါသမီးတောက်နေတဲ့မျက်ဝန်းတွေဖြင့်စိုက်ကြည့်လာလို့ ကျန့်ကျန့်ခေါင်းငုပ်ရင်းအပြင်ထွက်ခါနီး~~~အကို့က"နေအုံး " ဟုပြောလာလို့ကျန့်ကျန့်ခြေလှမ်းတွေရပ်ပြီး အကို့ကိုပြန်လှည့်ကြည့်လိုက်ရင်းအကိုရှေ့မှာရပ်နေလိုက်သည်။
" အကိုပြောစရာရှိတယ် အဲ့တော့အကိုနဲ့လိုက်ခဲ့ ကျန့်ကျန့် "
" အာ ဟုတ်ကဲ့အကို "
နေကြာပန်းခင်းထဲရောက်တော့အကိုကကျန့်ကျန့်ကိုကျောပေးမတ်တပ်ရပ်နေရာကနေကျန့်ကျန့်ဘက်ပြန်လှည့်ကြည့်လာတယ်။ထို့နောက်အကိုကလက်ညိုးထိုးကာ စကားစပြောလာသည်။
" နားထောင်နော် ကျန့်ကျန့်ကိုအကိုချစ်တယ်။ အရင်ကတော့ကျန့်ကျန့်ကိုညီလေးတစ်ယောက်လိုချစ်ခဲ့တာ။အခုတော့အကိုကကျန့်ကျန့်ကိုကောင်လေးတစ်ယောက်လိုချစ်တာ။ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့ကျန့်ကျန့်ဆီကအဖြေကိုမျှော်လင့်ရင်းစောင့်ဆိုင်းခဲ့တယ်။ဒါပေမယ့်အကိုတစ်ယောက်လိုသဘောထားပါတယ်ဆိုတဲ့အဖြေကိုကြားရခြင်း အကိုအရမ်းလည်းဝမ်းနည်းသလို၊ကျန့်ကျန့်အပေါ်ဒေါသအရမ်းထွက်မိတယ်။ဒေါသထွက်တာကကျန့်ကျန့်ကအကို့ညီဝမ်ရိချန်းကိုချစ်ရဲ့သားဖွင့်မပြောပဲအကို့ကိုပဲချစ်တာလိုလိုဘာလိုလိုဟန်ဆောင်နေခဲ့တာကို စိတ်ဆိုးတာ "
" အကိုအထင်မှားနေပြီ ကျန့်ကျန့်အကိုရိချန်းကိုမချစ်ဘူး "
" အဲ့ဆိုကိုကို့ကိုပြော ကိုကို့ကိုချစ်လား မချစ်ဘူးလား ? "
ချစ်တယ်ဆိုတဲ့စကားကိုပြောလိုက်ချင်ပေမယ့်လည်းအကို့နဲ့လက်ထပ်မယ့်သူကိုအန်တီစုယွဲ့ယွဲ့ကစီစဉ်ထားတယ်ဆိုတော့အန်တီစုယွဲ့ယွဲ့ရောကျန့်ကျန့်ကြောင့်စိတ်ဆင်းရဲမှာကိုမလိုလားဘူးရယ်။အန်တီစုယွဲ့ယွဲ့ကိုကတိပေးထားတာဖြစ်တဲ့အတွက်ကြောင့် လိမ်ပြောလိုက်သည်။
" ဟင့်အင်း ကျန့်ကျန့်ကငယ်သေးတယ်အကို၊ပြီးတော့ကျန့်ကျန့်တို့ကမဖြစ်နိုင်ဘူး "
အကိုဝမ်ကစိတ်ပျက်စွာဖြင့်အော်ပြောသည်။
" ဘာလို့မဖြစ်နိုင်ရမှာလဲ ကျန့်ကျန့်လည်းအကို့ကိုချစ်တယ်လေ "
" ဟင့်အင်း မချစ်ဘူး "
" ဒါဆိုပြီးတာပဲ မင်းပေးထားတဲ့လက်စွပ်ကိုပြန်ယူသွားတော့ ! "
ကျန့်ကျန့်အရင်ကအကို့ကိုပေးထားတဲ့လက်စွပ်လေးကိုအကိုကချွတ်ပြီးကျန့်ကျန့်လက်ထဲလက်စွပ်ထည့်ပေးပြီးကျန့်ကျန့်ကိုကျောခိုင်းပြီးထွက်သွားတော့နေကြာပန်းခင်းထဲကြီးမှာကျန့်ကျန့်ပဲငိုရစ်ကျန်ခဲ့မိတယ်။
________________________
ဘိုးဘိုးကျန်းမားရေးကတော်တော်လေးဆိုးနေလို့ဘိုးဘိုးကိုဆေးရုံမှာတင်ထားလိုက်ရတယ်။အန်တီစုယွဲ့ယွဲ့ကလည်းဘိုးဘိုးကိုဆေးရုံမှာညတိုင်းစောင့်ရှောက်ပေးနေတော့ ကျန့်ကျန့်လည်းအန်တီစုယွဲ့ယွဲ့အစားစောင့်ပေးပါမယ်ပြောတော့အန်တီစုယွဲ့ယွဲ့ကလက်မခံပေ၊ငိုယိုပြီးပြောလာသည်။
" အဖေဘာမှမဖြစ်ပါနဲ့စေလို့ပဲဆုတောင်းပါတယ် ကျန့်ကျန့်ရယ်၊အန်တီလည်းအန်တီအဖေနဲ့သာမတည့်ဘူးဆိုပေမယ့်အန်တီသံယောဇဉ်ရှိပါတယ်။ပိုက်ဆံရှိလာပြီဆိုတည်းကအန်တီတို့မိသားစုအပေါ်အများကြီးကောင်းပေးရှာတာကွယ် "
" ကျန့်ကျန့်နားလည်ပါတယ် ဘာပဲဖြစ်ဖြစ်နားလိုက်ပါနော် အန်တီ "
အန်တီစုယွဲ့ယွဲ့ကကောက်ပြီးမတ်တပ်ထရပ်လိုက်တဲ့အချိန်မှာမေ့လဲကျသွားတော့ ကျန့်ကျန့်စိုးရိမ်တစ်ကြီးသူနာပြုကိုခေါ်လိုက်ရတယ်။အကိုဝမ်ရိပေါ်ကအလုပ်မှာ၊ပြီးတော့အကိုရိချန်းကလည်းစွတ်ပြုတ်သွားဝယ်နေတာဆိုတော့ ကျန့်ကျန့်တစ်ယောက်တည်းအကုန်လုပ်ပေးရမှာပဲ။အန်တီစုယွဲ့ယွဲ့အတွက်ဆေးဖိုးပါတစ်ခါတည်းရှင်းပေးလိုက်ကာ၊အန်တီစုယွဲ့ယွဲ့ကတော့ဆေးရုံကုတင်ပေါ်မှာအိပ်မောကျနေသည်မို့ ဆရာဝန်အလာကိုကျန့်ကျန့်စောင့်နေလိုက်တယ်။
" လူနာကဘာမှမဖြစ်ပါဘူး! အိပ်ရေးပျက်များပြီးအားလည်းအရမ်းနည်းသွားတော့ ကျန်းမားရေးတွေထိခိုက်လာမှာစိုးရိမ်ရတာကြောင့်လူနာကိုများများအားရှိအောင်အနားယူဖို့တိုက်တွန်းပါရစေ။ဒါနဲ့ဆရာဝယ်ဖို့ပြောထားတဲ့ဆေးရောဝယ်ပေးပြီးလား ? "
" ဟုတ်ကဲ့ ဝယ်ပြီးပါပြီ "
" အဲ့တာဆိုသွားခွင့်ပြုပါအုံး "
" ဟုတ်ကဲ့ "
" ကျွန်မတို့သခင်မကြီးစုယွဲ့ယွဲ့? မူးလဲသွားတာဆိုဟင် "
အထိန်းတော်ကြီးချိုးချိုးနဲ့သူ့တူမချင့်ချိုးကပျာယာပျာယာဖြင့်မြန်မြန်လာပြီးပြောတော့ ကျန့်ကျန့်လည်းစိတ်လှုပ်ရှားနေတဲ့အထိန်းတော်ကြီးလက်ကိုကိုင်လိုက်ရင်းပြန်ပြောလိုက်တယ်။
" စိတ်အေးအေးထားပါနော် အန်တီဘာမှမဖြစ်တော့ဘူးဒီတိုင်းအိပ်ရေးပျက်တာများတော့အားနည်းသွားရုံပါပဲ "
" ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရှောင်း ရယ်။အရင်ကသခင်လေးအပေါ်ပြုလုပ်ခဲ့တဲ့အမှားတွေရှိရင်လည်းတောင်းပန်ပါတယ် "
" ဟုတ်ပါတယ် ချင့်ချိုးရောတောင်းပန်ပါတယ် "
အယ် တူကြီးနှစ်ယောက်စလုံးရှောင်းကျန့်ရှေ့ဒူးထောက်ပြီးလက်အုပ်ချီကာငိုယိုပြတော့ ရှောင်းကျန့်မနေတက်တာကြောင့် ရှောင်းကျန့်လည်းဒူးထောက်ထိုင်ချလိုက်ရင်း စကားပြန်စလိုက်တယ်။
" မလိုပါဘူး တောင်းပန်စရာမှမလိုတာ ကျန့်ကျန့်အမှားတွေရောပါတယ်လေ "
" သခင်လေးကအရမ်းသဘောကောင်းတာပါပဲ၊သခင်လေးရယ် "
တူရီးနှစ်ယောက်စလုံးကငိုယိုပြီးကျန့်ကျန့်ကိုနွေးထွေးစွာဖြင့်လာဖက်ကြတော့ကျန့်ကျန့်လည်းပြန်လည်ဖက်ထားလိုက်သည်။
____________________________
Zawgyi
အစောကဘိုးဘိုးအခန်းရြေှ့ဖတ်သွားနေရင်း ဘိုးဘိုးကကျန့်ကျန့်ကိုမေးနေတဲ့မေးခွန်းကြောင့်ရိပေါ်အခန်းရှေ့မှာရပ်ရင်းကျန့်ကျန့်အဖြေကိုခိုးနားထောင်လိုက်တယ်။
_______________________
" အကိုရိပေါ် ! "
အကိုရိပေါ်လို့ခေါ်တော့အကို့ကဘာမြှပန်မပြောပဲဒေါသမီးတောက်နေတဲ့မျက်ဝန်းတြွေဖင့်စိုက်ကြည့်လာလို့ ကျန့်ကျန့်ခေါင်းငုပ်ရင်းအပြင်ထွက်ခါနီး~~~အကို့က"နေအုံး " ဟုပြောလာလို့ကျန့်ကျန့်ခြေလှမ်းတွေရပ်ပြီး အကို့ကိုပြန်လှည့်ကြည့်လိုက်ရင်းအကိုရှေ့မှာရပ်နေလိုက်သည်။
" အာ ဟုတ်ကဲ့အကို "
" ဟင့်အင်း မချစ်ဘူး "
________________________
" ဟုတ်ကဲ့ ဝယ်ပြီးပါပြီ "
" ဟုတ်ကဲ့ "
____________________________
Ga verder met lezen
Dit interesseert je vast
618K 18.6K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
605K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
481K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
240K 11.1K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...