" ကျန့်ကျန့် ဖေဖေပြောတာနားထောင်အုံး "" နားမထောင်ဘူး လုံးဝပဲ "
ကျန့်ကျန့်ကထိုတစ်ခွန်းထဲသာအော်ပြောပြီးအိမ်ပေါ်ကိုခြေဆောင့်ကာတက်သွားတော့အဖေလုပ်သူဉီးရှောင်းကျီ သက်ပြင်းချမိရသည်။
ချောင်းတွေခဏခဏဆိုးနေလို့၊အအေးတွေမသောက်နဲ့အချိုတွေမစားနဲ့လို့ပြောတာကို သားလေးရှောင်းကျန့်ကအချိုတွေမစားရလို့ဆိုပြီး အဖေဖြစ်တဲ့ရှောင်းကျီကိုစိတ်ဆိုးနေတယ်တဲ့။
ညအိပ်ခါနီးကျရှောင်းကျန့်လေးကချောင်းအရမ်းဆိုးတာ။ရှောင်းကျန့်လေးကအိပ်မပျော်ပဲချောင်းတွေခဏခဏဆိုးနေတာကိုအဖေဖြစ်သူကြားနေရတော့ စိတ်မချမ်းသာတွေဖြစ်။
ရှောင်းကျန့်ကအနွေးထည်အထူကြီးဝတ်ပြီးအောက်ကိုဆင်းလာတော့ အဖေဖြစ်သူရှောင်းကျီကပြန်ပြောလိုက်တယ်။
" ကျန့်ကျန့်ဘယ်သွားမို့လဲ "
" ကျန့်ကျန့်ဘာသာဘယ်သွားသွားပေါ့၊ဖေဖေအပူပါလား ! "
သားကျန့်လေးကပြောပြီးတာနဲ့အိမ်အပြင်ဘက်ထွက်သွားတော့သည်~~~~
တီ တီ
ကောင်းကောင်းအိပ်မောကျနေတုန်း ဖုန်းကဆက်တိုက်အသံမြည်းလာတော့ မျက်လုံးမနည်းဖွင့်ပြီးအားယူကာ ဖုန်းကိုကြည့်လိုက်တော့ နှာဘူးကောင်ရှန်းချိုးဆီဖုန်းခေါ်လာတာဖြစ်နေသည်။
ည၁၁ခွဲကြီးဖုန်းထခေါ်တော့ ဘာများဖြစ်လို့လဲဆိုပြီးဖုန်းကိုင်လိုက်တယ်။
" ဟျောင့်ပြော ! "
" သူငယ်ချင်း ငါခေါက်ဆွဲစားချင်တယ် ဝယ်ကျွေးပါလား "
ရိပေါ်မှာတော့သူငယ်ချင်းရှန်းချိုးဘာများဖြစ်တာလဲဆိုပြီးစိတ်ပူလို့ဖုန်းကိုင်လိုက်တာ၊ဒီကောင်ကခေါက်ဆွဲကျွေးခိုင်းနေတယ်၊ခက်တော့ခက်နေတယ်။ရှန်းချိုးကိုလည်းသနားလို့ခေါက်ဆွဲကျွေးမယ်ပြောပြီး၊ကားမောင်းထွက်လာလိုက်သည်။
စတိုးဆိုင်မှာသူငယ်ချင်းနှစ်ယောက်အတူစားမယ်ဆိုပြီးစတိုးဆိုင်ရှေ့ကားရပ်ပြီးစတိုးဆိုင်ထဲဝင်သွားလိုက်တယ်။သူငယ်ချင်းကလည်းသူစားချင်တာတွေရွေးကြည့်နေသလို၊ရိပေါ်လည်းရိပေါ်စားချင်တာတွေရွေးကြည့်နေသည်။