ပုဝါပါးလေး စွန်းမှာဆိုး

By nwayOo1996

48K 3.9K 166

ဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။ More

သူကြီး သမီး
ပဝါပါးလေးစွန်းမှာဆိုး (၁)
ပဝါပါးလေးစွန်းမှာဆိုး (၂)
ပဝါပါးလေး စွန်းမှာဆိုး (၃)
ပဝါပါးလေးစွန်းမှာဆိုး(၄)
ပဝါပါးလေးစွန်းမှာဆိုး(၅)
ပဝါပါးလေးစွန်းမှာဆိုး(၆)
ပဝါပါးလေးစွန်းမှာဆိုး(၇)
ပုဝါပါးလေးစွန်းမှာဆိုး(၈)
ပုဝါပါးလေးစွန်းမှာဆိုး (၉)
ပုဝါပါးလေးစွန်းမှာဆိုး(၁၀)
ပုဝါပါးလေးစွန်းမှာဆိုး(၁၁)
ပုဝါပါးလေးစွန်းမှာဆိုး(၁၂)
ပုဝါပါးလေးစွန်းမှာဆိုး(၁၃)
ပုဝါပါးလေးစွန်းမှာဆိုး (၁၄)
ပုဝါပါးလေးစွန်းမှာဆိုး(၁၆)
ပဝါပါးလေးစွန်းမှာဆိုး(၁၇)
ပဝါပါးလေးစွန်းမှာဆိုး(၁၈)
ပဝါပါးလေးစွန်းမှာဆိုး(၁၉)
ပဝါပါးလေးစွန်းမှာဆိုး(၂၀)
ပဝါပါးလေးစွန်းမှာဆိုး(၂၁)
ပုဝါပါးလေးစွန်းမှာဆိုး(၂၂)
ပုဝါပါးလေးစွန်းမှာဆိုး(၂၃)
ပုဝါပါးလေးစွန်းမှာဆိုး(၂၄)
ပုဝါပါးလေးစွန်းမှာဆိုး(၂၅)
ပုဝါပါးလေးစွန်းမှာဆိုး(၂၆)
ပုဝါပါးလေးစွန်းမှာဆိုး(၂၇)
ပုဝါပါးလေးစွန်းမှာဆိုး(၂၈)
ပုဝါပါးလေးစွန်းမှာဆိုး-ဇာတ်သိမ်းပိုင်း

ပုဝါပါးလေးစွန်းမှာဆိုး(၁၅)

1.3K 121 14
By nwayOo1996


"ဆရာမလေး...ကျုပ်မနက်စာလာပို့တာ"

"ဝင်ခဲ့လေ ကိုသာအောင် "

ရုံးခန်းတံခါးဝ၌ရပ်၍ သူမကိုလှမ်းအသိပေးလာ
သည့် ကိုသာအောင်ကို စကားဖြူ ရုံးခန်းထဲသို့
ဝင်လာစေလိုက်သည်။
သာအောင်က သုံးဆင့်ချိုင့်ကို စားပွဲပေါ်သို့တင်
ပေးလိုက်ရင်းမှ

"အထွေးနဲ့ငခွေး မြို့တက်သွားကြလို့ ကျုပ်လာပို့
တာ ဆရာမလေး..."

"ဟင်...မြို့တက်သွားကြတယ်.."

"ဟုတ်တယ်ဆရာမလေး..မြလေးကိုသွားခေါ်ကြတာလေ...မြလေးပြန်လာတော့မှာ"

"ဟယ်...ဟုတ်သားပဲ...ကျွန်မအလုပ်ရှုပ်နေတာနဲ့
အဲ့ကိစ္စကိုမေ့နေတာ...ထွေးတော့ပျော်နေတော့မှာ
ပဲ."

"ဟုတ်တယ်ဆရာမလေးရေ...မနက်အစောတည်းက
တက်ကြွနေတာ..ဖြီးလိမ်းပြင်ဆင်ပြီး ထွက်သွား
ကြလေရဲ့..မြလေးကငယ်ထွေးနဲ့တော့ စာအဆက်
သွယ်အမြဲရှိနေတာဆိုတော့ အထွေးပဲလာကြိုလို့
ပြောလို့လေ..."

သာအောင်က အာပေါင်အာရင်းသန်သန်နှင့်
ငယ်ထွေးတို့အကြောင်း ဖောက်သည်ချနေသည်။
စကားဖြူ ပြုံး၍ နားထောင်နေရင်းမှ မသိစိတ်
တွင် တစ်မျိုးတစ်မည်ခံစားနေရသည်။

"ကဲ..ကျုပ်ပြန်ဦးမယ် ဆရာမလေး"

"ဟုတ်ကဲ့ကိုသာအောင်..."

သာအောင် ရုံးခန်းထဲမှ ပြန်ထွက်သွားသည်။
စကားဖြူ သုံးဆင့်ချိုင့်ကို လှမ်းယူလိုက်ရင်းမှ
ထိုင်ခုံတွင်လေးပင်စွာ ထိုင်ချလိုက်သည်။

..............

ကားကိုဂရုတစိုက်မောင်းနေသည့် ငယ်ထွေးကို
ကြည့်ကာ မြလေးငုံ ပီတီဖြစ်နေသည်။
ဒီတစ်ခေါက်သူမတို့ တစ်နှစ်ကျော်လောက်
မတွေ့ဖြစ်ခဲ့ကြဘူးလေ။
ဘွဲ့တစ်ခါတည်းယူပြီးမှ ရွာကိုပြန်လာတာဆိုတော့
မတွေ့ရသည့်အတောတွင်း ငယ်ထွေးပုံက တည်ငြိမ်
ရင့်ကျက်လာသလို ခံစားရသည်။
အမြဲ ပေပေတေတေနေတတ်သည့် ငယ်ထွေးက
အခုတော့ သပ်သပ်ရပ်ရပ်နှင့်နေတတ်လာပြီ။
သူမဝယ်ပေးထားသည့် အင်္ကျီလေးနှင့်အရမ်း
လိုက်ဖက်ကာ ကြည့်ကောင်းနေသည်။
ငယ်ထွေးက မြို့ကိုခဏခဏရောက်ဖြစ်သည်
ဆိုတော့ အရင်လိုမဟုတ်တော့ပဲ ဝတ်တတ်စား
တတ်ကာ လူရည်လာလာပြီဟုဆိုရမည်။
ဒေါ်လေးနှင့်စကားပြောဆိုပုံကိုကြည့်သည်နှင့်
ငယ်ထွေး ဘယ်လောက်ပြောင်းလဲလာသလဲ
ဆိုတာ မြလေး သိရသည်။

"သိလား မြလေး...ရွာမှာတော်တော်လေး
ပြောင်းလဲသွားတာဟ...နင့်အစ်ကိုဖိုးထိန်
ဆိုင်ဆိုရင် ကာလသားတွေ အပြည့်ပဲ...
ဗီဒီယိုရုံလဲရှိတယ်...ကာရာအိုကေလဲဆိုရတယ်
VCD စက်တွေရောက်နေပြီဟ...သိလား..."

ငခွေးက ဘေးမှ ရေပတ်မဝင်ပြောနေသည်။
မြလေး ငခွေးကိုကြည့်၍ ရယ်လိုက်ကာ

"ငါသိပါတယ်ငခွေးရဲ့...အထွေးငါ့ကို
စာထဲမှာ ပြောပြထားတယ်.."

"ဟင်...သူကနင့်ဆီစာပို့တယ်ပေါ့...ငါဖြင့်သိတောင်
မသိဘူး..."

ငခွေးက မြလေးကိုကျော်၍ ငယ်ထွေးကိုလှမ်း
ကြည့်သည်။
ငယ်ထွေး စျေးဘက်သို့ကားကို မောင်းကွေ့လိုက်
ပြီးနောက် ငခွေးရဲ့စကားစကို ဖြတ်တောက်လိုက်
သည်။

"နင်စျေးဝယ်ဦးမှာလား ငခွေး.."

"ဝယ်မှာပေါ့...ငါ့မှာအားခဲထားရတာ..."

"ဒါဆို သွားဝယ်...ငါကားထဲက စောင့်နေမယ်
တော်ကြာ ပစ္စည်းတွေ သူများဆွဲသွားလိမ့်မယ်"

"အေးအေး...မြလေးကငါနဲ့လိုက်ခဲ့နော်..
ငါစျေးသိပ်ဝယ်တတ်တာမဟုတ်ဘူး..
တော်ကြာ မြို့သူတွေ ငါ့ကို တပတ်ရိုက်သွား
ရင် ဘာမှသိတာ မဟုတ်ဘူး..ခံလာရမှာ.."

"အေးပါ...ငါလိုက်ခဲ့ပါ့မယ်...ငါလဲဝယ်စရာ
ရှိသေးတယ်..."

မြလေးနှင့်ငခွေး ကားထဲကထွက်သွားကြသည်။
ငယ်ထွေး ကားကို စျေးရှေ့၌ သေချာပြင်ရပ်လိုက်
သည်။
ကားထဲကထွက်ကာ အနီးနားရှိ မုန့်ဆိုင်ကခုံမှာ
ထိုင်၍ စျေးဝယ်တာကို စောင့်နေလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက် ငခွေးနှင့်မြလေး
စျေးထဲကပြန်ထွက်လာသည်။

"ကဲ...မိခွေး..ကျေနပ်ရဲ့လား..."

"ကျေနပ်ပါ့..ကျေနပ်ပါ့...မြလေးက စျေးဝယ်အရမ်း
တော်တာပဲ..စျေးလဲစစ်တတ်တယ်..မြို့မှာအနေ
ကြာလို့ထင်ပါရဲ့...ငါသာဆို သူတို့တောင်းတဲ့စျေး
ပေးလိုက်မိမှာ...သူတို့ကထက်ဝက်နီးပါးကို စျေး
တင်ထားတာပဲနော် မြလေး.."

"ဒါမှ ဝယ်သူကစျေးစစ်ရင် လျှော့ပေးလို့
ကောင်းမှာပေါ့ ငခွေးရဲ့...ဒါစျေးရောင်းခြင်း
အတတ်ပညာတစ်ရပ်ပဲ..."

"အေးနော်...ဒါပေမယ့် အပျိုကြီးရောင်းတဲ့စျေး
လောက်တော့မရှိပါဘူး..."

"ဒါကတော့ သူကအကြွေးရောင်းတာလေဟယ်.."

"ကဲ...ဘယ်သွားစရာရှိသေးလဲ..."

"မရှိတော့ဘူး ပြန်ကြမယ်.."

"အင်း..."

မြို့ကပြန်လာသည့်လမ်းတလျှောက် ကားခေါင်း
ထဲ၌ လူသုံးဦးရှိနေကြပေမယ့် ငခွေးတစ်ယောက်
သာ ဖားပလုံးဖိတ်သလို စကားဖောင်ဖွဲ့နေလေ
သည်။
မြလေးကတော့ ငခွေးပြောသမျှကို ခေါင်းညိတ်၍
တစ်ဖုံ၊အနည်းငယ်ခွန်းတုံ့ပြန်၍ တဖုံ ပြန်ပြော
နေပေမယ့် ငယ်ထွေးကတော့ ထူးဆန်းစွာဖြင့်
တိတ်ဆိတ်နေလေသည်။

"မြလေး..မြလေး...နင်ဘွဲ့ယူတုန်းကရိုက်ထားတဲ့
ဓာတ်ပုံတွေပါလား...ငါကြည့်ချင်လို့...ဗီဒီယိုထဲက
နဲ့တူလားလို့...ဦးလေးရင်မောင်ကို နင်ဘွဲ့ယူတဲ့
အကြောင်းမေးတာ ဘာမှလဲသေချာမသိဘူး...
စိတ်မရှည်လိုက်တာ..."

"ဓာတ်ပုံလဲပါတယ်... VCD ခွေလဲပါတယ်"

"ဟင်...ဗီဒီယိုပါ ကြည့်လို့ရတယ်ပေါ့ဟုတ်လား.."

"အင်း...ကြည့်လို့ရတယ်..."

"ဟယ်...ပျော်လိုက်တာ...ဒါမယ့်...ငါတို့အိမ်မှာ
VCD စက်မှမရှိတာ..."

ငခွေးဝမ်းသာအားရနှင့် လက်ခုပ်ထတီးပြီးမှ
အိမ်မှာ VCD စက်မရှိတာကို သတိရသွားကာ
မျက်နှာညှိုးကျသွားသည်။
မြလေး ငယ်ထွေးကို ကြည့်လိုက်တော့ ကားကို
ဂရုစိုက်၍ မောင်းနေလေသည်။
ရွာသို့သွားသည့် မြေနီလမ်းပေါ်ရောက်နေပြီဖြစ်
တာကြောင့် လမ်းကချိုင့်တွေကို သေချာရှောင်
မောင်းနေသည်။
ရွာမှာ ပစ္စည်းတစ်ခုခုထူးထူးဆန်းဆန်းတွေ့ရပြီဆို
ငယ်ထွေး ပိုင်တာလို့ ပြောစမှတ်တွင်ရလောက်အောင် အမြဲတမ်း သူသာအရင် ဦးအောင်ဝယ်တတ်
သည့် ငယ်ထွေးအိမ်မှာ VCD စက်မရှိဘူးဆိုတာ
သိလိုက်ရတော့ မြလေး အံ့အားသင့်သွားသည်။
ငယ်ထွေးကသူမထင်ထားတာထက်ကို ပို၍
ပြောင်းလဲသွားတာပဲ။
အခုချိန်ထိ ငယ်ထွေးနှင့်မြလေး စကားသေချာ
မပြောဖြစ်ကြသေးချေ။
ငယ်ထွေးဟာ ကားကိုဂရုစိုက်မောင်းနေသလို
မြလေးကလဲ မနှောက်ယှက်ပဲ ဘေးကနေ ငယ်ထွေး
ကိုသာ တိတ်တိတ်လေး ငေးကြည့်နေမိသည်။

"အဟမ်း....အဟမ်း...အဟွတ်...အဟွတ်...
အဟွတ်...."

ငခွေးရဲ့ သာမန်မဟုတ်သည့် ချောင်းဟန့်သံကြောင့်
ငယ်ထွေးနှင့်မြလေးရဲ့ အကြည့် သူ့ဆီရောက်သွား
သည်။
ငခွေးက ကားမှန်ကို ပြန်ဆွဲတင်၍ ပိတ်လိုက်ရင်း
မှ သူ့လည်ချောင်းကို လက်ဖြင့်ကိုင်ထားကာ

"ခိုးလိုက်တာ...ဖုန်...ဖုန်...အဟွတ်...ဟွတ်...
မြလေး နင်ကော မခိုးဘူးလား...ဖုန်လေ..."

"ဟင်..."

မြလေးက ငခွေးကို အူတူတူလေးနှင့် ငေး
ကြည့်နေရင်းမှ ခေါင်းခါလိုက်သည်။

"အမလေး...ခြောက်လိုက်တာ...အာ..အာ...
ရေဗူးဘယ်ရောက်နေပါလိမ့်..."

ငခွေးတစ်ယောက်တည်း ရေရွတ်ရင်း ခြေထောက်
နားချထားသည့် လက်ဆွဲခြင်းထဲ ရေဗူးငုံ့ရှာလေသည်။
သူအောက်သို့ ငုံ့နေတုန်း ကားကချိုင့်ထဲနင်းမိတော့
ခေါင်းနှင့် ဒက်ရှ်ဘုတ် ဆောင့်မိတော့သည်။

"အား...မိငယ်ထွေး...ကားကိုဘယ်လိုမောင်း
နေတာလဲ ဆောင့်မိကုန်ပြီ..."

ငခွေး ဒက်ရှ်ဘုတ်ကို လက်နှင့်တွန်းထားရင်းမှ
ငယ်ထွေးကို ရန်လုပ်တော့ ငယ်ထွေးက ရှေ့သို့
ကြည့်၍ ကားမောင်းနေရင်းမှ သူ့ကိုပြန်ပြော
သည်။

"နင်ကိုကဂနာမငြိမ်နေတာ... ဆောင့်မိမှာပေါ့"

"ရေဆာရတင်တုန်း..."

"အဲ့လောက်အာခြောက်နေရင် အိမ်ပြန်ရောက်
မှ စဥ့်အိုးထဲ ဇောက်ထိုးထည့်ပေးမယ်..
အဲ့ကျမှကြိုက်သလောက်သောက်...ငညို(နွား)
လိုပဲသောက်သောက်..."

"ဟင်း...စာနာစိတ်ကိုမရှိဘူး..."

..........

သူတို့ရဲ့ကားလေး ရွာထိပ်ရောက်တယ်ဆိုရင်ပဲ
ဇရပ်အောက်မှာ ရွာသားတွေ စုဝေးနေတာကို
မြင်တော့ သုံးယောက်လုံး အထူးအဆန်း
ဖြစ်သွားကြတယ်။

"ဟဲ့...ဘာဖြစ်တာလဲမသိဘူး..."

ငယ်ထွေးလဲ အခြေနေကိုတစ်ချက်လေ့လာဖို့
ကားကို ညောင်ပင်ရိပ်အောက်ရပ်လိုက်တယ်။
သူတို့ကားထဲကထွက်လာတာကို မြင်တော့ ရွာသား
တွေက ကားဆီကိုရောက်လာကြပြီး မြလေးကို
ဝမ်းသာအားရနဲ့ ကြိုဆိုကြတော့တယ်။
ကိုပျော့ကြီးတို့ဒိုးပတ်ဝိုင်းတောင်ပါသေး။

"မြလေး...နင်ဆရာမဖြစ်ပြီပေါ့နော်
ငါတို့ရွာမှာဆရာမပြန်လုပ်လို့ရပြီပေါ့...ဟုတ်လား"

"ဟုတ်ပဟုတ်ပ...."

"ဟေး...."

မြလေးရဲ့အပြုံးလေးနဲ့ပြန်တုန့်ပြန်ပုံကြောင့်
ရွာသားတွေ ပျော်ရွှင်မြူးထူးကာ ကခုန်ကြတော့သည်။
ငယ်ထွေး သူတို့ကိုကြည့်ကာ မပြုံးပဲမနေနိုင်။
မြလေးကတော့ သူ့ကိုလာကြိုကြသည့် ရွာသူရွာ
သားတွေနှင့် ကနေသည်။
မြလေး မြို့ကကျောင်းတက်ပြီး ရွာကိုပြန်လာတာ
အထူးအဆန်းမဟုတ်ပေမယ့်..ဒီတစ်ခေါက်
ရွာပြန်ခရီးက အရင်လိုမဟုတ်တော့ပဲ သူတို့ရွာက
ရွာသူတစ်ယောက် ကျောင်းဆရာမအဖြစ် ပြန်လည်
ရောက်ရှိလာတာဆိုတော့ ညောင်ပင်တန်းရွာသူ
ရွာသားတွေ ပျော်မဆုံးဖြစ်နေကြတော့သည်။
ရိုးသားလှတဲ့ ကျေးလက်နေ ပြည်သူလူထုရဲ့
ချစ်စရာဓလေ့ လေးတွေဖြစ်သည်။

မြလေးငုံတစ်ယောက် အိမ်တန်းမပြန်ရသေး။
သူကြီးအိမ်မှာတစ်ထောက်နားရသည်။
သူကြီးဦးဘချစ်ရဲ့ ခြံဝိုင်းထဲတွင်တော့ ညောင်ပင်
တန်းရွာသားတွေနှင့်ပြည့်နေလေသည်။

"နင်တို့က အခုထိအိမ်မပြန်ကြသေးပဲ ဘာလုပ်
နေကြတာလဲ..."

"သြော်..သူကြီးကလဲ ကျုပ်တို့ရွာသူကျောင်းဆရာ
မလေးကို ကြည့်မဝသေးလို့တော့်...ကြည့်ပါဦး
လှလာလိုက်တာ..မြို့သူကြီးကျနေရောပဲ...
ဟို..ဗီဒီယိုတွေထဲက မင်းသမီးတွေထက်တောင်
လှသေး..."

ဒေါ်ပုတိုက ပြောင်းဖူးဖက်ဆေးလိပ်တိုကြီးကို
ငေါ့ကာ အာပေါင်အာရင်းသန်သန်နှင့် ပြောသည်။

"အရီးပုကလဲ တစ်ရွာသားချင်းချင်းကို ကြည့်မဝ
ဘူးပဲရှိသေး မြလေးလှတာ ကျုပ်တို့တစ်ရွာလုံး
သိပြီးသား ညောင်ပင်တန်းအုပ်စုရဲ့ ကွမ်းတောင်
ကိုင်မြလေးငုံဆိုရင် တခြားရွာက ကာလသားက
အစ တကူးတကလာကြည့်ရတဲ့အထိ လှတာပါ
တော် "

ဒေါ်မဲတူ ထပြောလိုက်သည့်စကားကြားတော့
ငယ်ထွေး လွယ်အိတ်ကို တိုင်ကသံငုတ်မှာချိတ်နေ
ရာမှလှည့်ကြည့်လိုက်သည်။
ထိုအချိန်မှာပဲ ခြံဝိုင်းထဲဝင်လာသည့် ကျောင်းဆရာ
ကိုကျော်စွာကိုတွေ့လိုက်ရသည်။

"ဟာ...သူကြီးအိမ်ထဲ လူစည်နေပါလားဗျ.."

"ကျောင်းဆရာလေး...လာဗျာ...အခုပဲ အခေါ်
လွှတ်တော့မလို့ဗျ...ထိုင်..ထိုင်..."

သူကြီးက ကျောင်းဆရာကိုကျော်စွာ ထိုင်ရန်
နေရာပေးလိုက်ပြီး တစ်ဆက်တည်း

"ဒီမှာ ကိုရင်မောင်ရဲ့သမီး မြလေးငုံ မြို့က
ဘွဲ့ယူပြီးပြန်လာတာ ရွာသားတွေကြိုကြတာဗျို့.."

"သြော်...အဲ့သလိုကိုး..."

"မြလေး...ဒါ...ရွာကျောင်းကိုအသစ်ရောက်တဲ့
ကျောင်းဆရာလေးကိုကျော်စွာ... ဆရာလေး
ဒါက မြလေးငုံ..."

"တွေ့ရတာဝမ်းသာပါတယ် ညီမ..."

"ဟုတ်ကဲ့...ဝမ်းသာပါတယ်ဆရာ..."

တစ်ယောက်ကိုတစ်ယောက် အပြုံးကိုယ်စီနှင့်
အပြန်အလှန်နှုတ်ဆက်နေကြသည့် မြလေးနှင့်
ကိုကျော်စွာကို ကြည့်ကာ ငယ်ထွေး ရင်ထဲ
လှိုင်းထသွားသည်။

"မြလေးက ရွာကျောင်းမှာပဲ ဆရာမပြန်လုပ်မှာ
ဆိုတော့ ရှေ့လျှောက် အတူလက်တွဲပြီး ကြိုးစား
ကြရအောင်..."

"ဟုတ်ကဲ့ ဆရာ..."

"ဟယ်...ဘယ်နှစ်နာရီရှိနေပြီလဲ...
အလိုတော်...ဆယ့်နှစ်နာရီတောင်ကျော်နေပြီ..
မိအေး...မိအေး...ဆရာဝန်မလေးအတွက်
နေ့လည်စာ ပြင်ပြီးပြီလား..."

မြလေးငုံတို့စကားဝိုင်းက သူကြီးကတော်
ဒေါ်လှကြွယ်ရဲ့ အလန့်တကြားနှင့် ထပြောသံ
ကြောင့် ပြတ်တောက်သွားသည်။
မိအေးက မီးဖိုချောင်ထဲမှ ချိုင့်လေးဆွဲ၍ အပြေး
ထွက်လာကာ

"ပြင်ပြီးပြီ ကြီးမေ... မိအေး သွားပို့လိုက်တော့
မယ်..."

"အေးအေး...မိအေး..မြန်မြန်သွားဦး..
ဆရာမလေး ဗိုက်ဆာနေရော့မယ်.."

"ဟုတ်ကဲ့..."

မိအေး အိမ်ထဲကထွက်မည်အပြု ငယ်ထွေး
က

"နေနေ မိအေး..
ငါသွားပို့လိုက်မယ်...ငါ့ကိုချိုင့်ပေး...
နင်ကလေ ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး
နတ်က ရာကြည့်မောနေ...ပေး..."

မိအေး ခေါင်းတစ်ချက် အထုခံလိုက်ရပြီးနောက်
လက်ထဲကချိုင့်လဲ အလုခံခံလိုက်ရသည်။
ငယ်ထွေး ချိုင့်ဆွဲ၍ အိမ်ထဲကနေ ခြေလှမ်းကျဲ
ကြီးတွေနှင့် လှမ်းထွက်သွားကာ ခြံဝိုင်းထဲပြည့်
နေသည့် ရွာသားတွေကို အော်၍ဖယ်ခိုင်းတော့
သည်။

"လမ်းကိုပိတ်ထိုင်မနေနဲ့လေ...ဖယ်...ဖယ်...
အလိုက်ကိုမသိကြဘူး...."

"ဖယ်ပေးလိုက်ကြပါဗျို့...မဟုတ်ရင် ဂုတ်ကြား
ထက်အကြောင်းဆိုးမယ်မှတ်...ပတ်ရမ်းချင်
နေတာနော်...ဟင်း..."

ငခွေးက သူ့ဖိနပ်သစ်ကို ဖုန်သေချာသုတ်၍ ဘူး
ထဲကျကျနနပြန်ထည့်ရင်းမှ အော်ဟစ်သတိပေး
လိုက်သည်။
မြလေးငုံ ခြံထဲက ခပ်သုတ်သုတ်ထွက်သွားသည့်
ငယ်ထွေးရဲ့ နောက်ကျောကို ငေးကြည့်နေရင်း
ကျန်နေခဲ့တော့သည်။
သူကြီးနှင့်သူကြီးကတော်ကတော့ သူတို့သမီးရဲ့
အခြေနေကိုကြည့်ကာ နားမလည်နိုင်ဟန်နှင့်

"ဟဲ့ငခွေး...နင့်နှမဘာဖြစ်နေပြန်တာတုန်း.."

"မသိပါဘူး ကြီးမေရယ် သူ့စိတ်က မျောက်စိတ်
ရယ်...ဘာအလိုမကျသလဲ မပြောတတ်ဘူး.."

"ဒီကလေးနှယ်လဲ ခက်တယ်..."


>>>>>>>>>>>>

5 Feb 2024





Continue Reading

You'll Also Like

304 21 1
ကျုပ်ခဗျားကိုချစ်တယ် ဘရဏီရဲ့။ ကျုပ်ခဗျားကိုချစ်တယ်...။
138K 3.8K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
4.3K 95 36
Freya Morgenstern. Freya had discovered the truth about her family. Her real family. She had been advised to go to Idris with the light woods and Ja...
6.3K 228 19
-ငါ့ရဲ့အချစ်ဦးကနင်ဖြစ်ခဲ့သလိုအချစ်ဆုံးကလဲနင်ပဲဖြစ်ခဲ့တယ်ရှင်းသန့်။နောက်ပြီးငါနင့်ကိုအမြဲချစ်သွားမှာ။ -အခုမှစရေးတဲ့ ficလေးပါ။ fan ficမဟုတ်ပဲရိုးရိုး g...