အခန်း(၂၅)
မန္တလေး-မြစ်ကြီးနားလမ်းမကြီးတလျှောက် PAJERO အဖြူရောင်ကားတစ်စီး ပြေးလွှားလျှက်ရှိသည်။ ၁နာရီ မိုင်၇၀နှုန်းဖြင့် တစ်လမ်းသွားမက
နှစ်လမ်းသွားမရှိသည့် ကတ္တရာလမ်းကျဉ်းကလေးတွင် ထိုသို့မောင်းနှင်သည့်အရှိန်သည် အန္တရာယ်များလှသည်။သို့သော် မောင်းနှင်းသူမှာ အန္တရာယ်ကို ဂရုမစိုက်စွာ ရှေ့မှ ရှိသမျှကုန်ကား- ခရီးသည်ကား ဟူသမျှကို ဟွန်းတတီတီတီးကာ အရှိန်ကိုတစ်စက်မျှမလျော့။
ထို့ကြောင့် ထိုကားကလေးများမှာ ဘေးသို့သာ
ထိုးချပေးရေလတော့သည်။
မထိုးချပေးပါက နောက်မှ၀င်ကြုံးမယ့်ပုံမို့ လန့်ရသည်လေ။
-"တီ!တီ!တီ!"
-"ဟာ ဒီဘိုးတော်က ဘာတေွစောက်ေရးကြီးနေတယ်မသိဘူး ဇွတ်!"
မိမိတို့အား တတီတီလုပ်၍ ဘေးထိုးချပေးမှ ဖြတ်ကျော်သွားသည့်ကားကို ၆ဘီးတပ် ကြံကားပေါ်မှ
ကားသမားလုပ်သူက မကျေမနပ်ပြောဆိုသည်။
အရေးတကြီးဘေးချရသည်ကြောင့် မောင်းသူကို
မမြင်ဟန်ပင်။
ထိုစဉ် ဘေးမှ သူ့ရဲ့စပါယ်ရာလုပ်သူမှ။
-"ဟျောင့် အာ့ ဘိုးတော်မဟုတ်ဘူးဟ။
စကီလေး"
-"ဟင် စကီးလေးလား"
-"အေး"
-"ဟမ်! စကီလေးက ဘယ်လိုလုပ် ဒီလိုအရှိန်နဲ့!
ဟာ မဆီမဆိုင်ဘဲ စိုးရိမ်သွားပြီကွာ"
-"အဟဟ! မင်းဆိုတဲ့ကောင်ကလေ
သူ့မျက်နှာတောင်မမြင်ဘဲ ဖြစ်ပျက်နေတာ
ငါ့လိုသာ မြင်လိုက်ရင် ရူးခါပြီး ပြန်ကွေ့မလားပဲ"
-"အေး မင်းပြောတာဖြစ်နိုင်တယ် အဟားဟား"
ဤသို့ဖြင့် ကားသမားပီပီ ပါးစပ်သရမ်းစွာ ဖွန်စကားများ ပြောနေကြသည့်တိုင် သူတို့ဘေးမှ ကျော်ဖြတ်သွားသည့် ကားသမားလေးမှာ သူ့ရဲ့ချစ်ဦးသူ ကြင်သူဇနီးမယားထံ အန္တရာယ်ကင်းစွာ ရောက်ရှိခဲ့လေပြီ။
******
မနုတစ်ယောက် ၅ဆင့်ချိုင့်ကလေးဆွဲ၍ အဝါ့တို့အိမ်သို့ကြွမြန်းလာခဲ့သည်။
ကိုယ်၀န်ရှိပါပြီဆိုကတည်းက ရွာလယ်မှ မိမိတို့အိမ်သို့လိုက်နေရန် ခေါ်သော်ငြား ခေါင်းေကြာမာသည့်သူငယ်ချင်း ယောက်မက သူတို့မေတ္တာသိုက်မြုံသာ နေလိုသည်တဲ့လေ။
မသိလျှင် ယခုမနုတို့နေနေသည့်အိမ်မှာ သူတစ်သက်လုံးကြီးပျင်းလာသည့် အိမ်မဟုတ်သလိုပါပဲ။
ဟုတ်သည်။
မနုမှာ "သျှောင်နောက်ဆံထုံးပါ"ဆိုသလို
ကိုဖိုးထောင်နှင့်အဝါတို့ရဲ့ ရွာလယ်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးသို့ အိမ်ထောင်ကျစဉ်ကတည်းက လိုက်နေခဲ့ခြင်းပင်။
သို့တိုင် အသစ်စက်စက် သမီးယောက်မနှစ်ယောက်မှာ တအိမ်တည်းအတူပင် မနေလိုက်ရ။
ချစ်သူငယ်ချင်းအဝါရယ်က
အဇူအိမ်သို့ အထုတ်ဆွဲကာ ကောက်ကောက်ပါအောင် သွားအိပ်ခဲ့သည်လေ။
ဒါကိုပင် ငယ်ပေါင်းကြီးဖော်မို့ အကြောင်းသိသူပီပီ မနု ဘာမှမပြောခဲ့ပါ။
အခုများတော့ မိမိသူငယ်ချင်းက မဗိုက်ကလေးမို့ ပြောချင်လာရသည်။လရင့်လာတာနှင့် မပေါ့မပါးဖြစ်လာလျှင် တစ်ဦးတည်းရွာပြင်မှာ အခက်ကြုံနိုင်ဖွယ်မဟုတ်ပေလား။
ထို့ကြောင့် မိမိတို့နှင့် နေဖို့ကိုနောက်မှတဖန်
ထပ်ဖျောင့်ဖျရဦးမည်။ အခုတော့ ကုန်းကုန်းကွကွ ထမင်းချက်နေမှာစိုး၍ သူငယ်ချင်း မဗိုက်ကလေးစားဖို့ မနုကိုယ်တိုင် မနက်အစောကြီး ထချက်ကာ လာပို့ရလေပြီ။
ဒါကိုပင် ကျေးဇူးတင်ရကောင်းမသိတဲ့
မယ်မင်းကြီးမ အဝါရယ်က
"အပိုတွေလုပ်လာပြန်ပြီ မနုရယ်။
အပင်ပန်းခံလို့"ဟု ပြောပါလိမ့်ဦးမည်။
မတတ်နိုင်။
ဗိုက်ထဲကအကောင်းလေးရှိနေတော့
မနုကတော့ အပြောခံရလည်း လာပို့နေဦးမည်သာ။
-"ဟင်!"
မနုတစ်ယောက် အဝါတို့ခြံရှေ့အရောက် မန်းကျဉ်ပင်အရိပ်အောက်မှ ယှဉ်ကာရပ်ထားသည့် ကားနှစ်စီးကိုအမြင် အပျော်စိတ်ကလေးဖြစ်ရသည်။
အဇူကေလး ပြန်ရောက်လာလေပြီ။
ကိုယ့်ရဲ့ ချစ်ညီမကလေး ပြန်ရောက်ပြီမို့ မြင်ချင်တွေ့ချင်စိတ်က တဖွားဖွား။
ငါ့ညီမလေး အဇူကလေး။
တမအေတည်းမဟုတ်ပေမယ့်လည်း
သွေးမတော်သားမစပ်ပေမယ့်လည်း
ငါ့ဖြင့် ချစ်လိုက်ရတာ။
သူက သူ့ချစ်လင်နဲ့အဆင်မပြေတာရှိသေး
ရွာကိုခြေဦးမလှည့်တာ..၄လတောင်မှ။
အဲ..ဒါနဲ့။
အဝါနဲ့..ပြဿနာတွေများတက်နေမလား။
ဟင်..တကယ်ပြဿနာတက်နေတာတော့!။
ဘုရားသကြားတို့ရေ ကယ်တော်မူကြပါ။
မနုမှ ဘဂ်လားညီမလေးေတာ်စပ်သူ အဇူပြန်လာလို့ ပျော်ရုံရှိသေး တဆက်တည်း အဝါနှင့်မပြေလည်သည့် ဆက်ဆံရေးကိုသတိရမိသည်။
ထိုမျှမကပါ။
တံခါးဖွင့်ထားလျှက်သား ဘန်ဂလိုလေးထဲမှ
ဆူဆူညံညံအသံများကြောင့် မနု မပြေးရုံတမယ်အမောတကောလေး ၀င်သွားမိသည်။
ထိုစဉ် အမောဆို့အရာ မြင်ကွင်းနှင့်တကွ အဇူ့ကိုကျော်၍ လေထဲ၌ဝှီးကနဲပျံလာသည့်အရာ။
ထိုအရာသည် မနုရဲ့နဖူးတည်တည့် လာ၌ထိမှန်ခြင်းနှင့်အတူ ခွေကနဲ။
-"သွား!
ထွက်သွား!"
-"မသွားဘူး!"
-"သွားလို့ ငါပြောနေတယ်မကြားဘူးလား!"
-"မကြားဘူး!"
-"ဟာ! "
-"ဝှီး...
ဖတ်!"
-"အမလေးတော့!"
-"ဟင်! မနု!"
-"အယ် မမနု!"
မနုဘ၀၌ အဝါ့ထံမှ အကောင်းမြတ်ဆုံး ကြိုဆိုခြင်းမျိုးပါလေ။
မျက်လုံးပင် ပြာဝေသွားစေတဲ့ နာကျင်မှုေကြာင့် ရှေ့မှကျေနသည့်အရာကို ပြူးတူးပြဲတဲကြည့်မိတော့ နီရဲရဲကြက်အကောင်လုံးကြော်လေးက
ပြုံးပြ ကြိုဆိုနေလျှက်။
-"ဟယ်...နှမျောစရာ"
မနုမှာ ထိုကြက်ကောင်ကိုအမြင် နဖူးမှဒဏ်ရာကိုပင် သတိမရပါ။ စားစရာကြီး ကြမ်းပြင်ကျနေ၍ နှမျောစွာ ကုန်းကောက်ရန်ပြင်မိသည်။
ထိုစဉ် အနီးသို့ ဆွေ့ကနဲရောက်လာကြသည့် အဇူ။
တဆက်တည်း မိမိရဲ့ ချိုင့်ကိုင်ထားသည့် လက်သို့တွဲထူမသည်ကြောင့် ကြက်သားတုံးဆီလှမ်းနေသည့် လက်ကလေးမှာ လေမှာတန်းလန်း။
တဖန် ထိုလက်ကိုမှ လာချိတ်လိုက်သည့် အဝါရယ်ကြောင့် ဒီတသက် ဒီကြက်သားတံုးကို ကောက်ရဖို့မမြင်။
-"မမနု..ဘယ်နားနာသွားလဲဟင်။
ရသလား...ထနိုင်လား..မူးနေလား။"
-"ရ..ရပါ.."
-"အဆင်ပြေလားဟင် မနု။
တောင်းပန်ပါတယ် ကျွန်မလေ..
ကျွန်မ သူ့ကို
စိတ်တိုလွန်းလို့ ပစ်လိုက်မိတာ။
တကယ်အားနာလိုက်တာ မနုရယ်"
-"ရ..ရပါတယ် အဝါရယ်။
ဘာမှမဖြစ်ပါဘူး။"
မနု အဝါ့ကိုပြန်ဖြေေနသည့်တိုင် အကြည့်သည်ကား သန့်ရှင်းပြောင်လက်နေသည့် အဖြူရောင်ကြွေကြမ်းခင်းပေါ်က ကြက်သားတုံးကြီးမှမခွါမိ။
သူ့ခဗျာ နှမျောတသဖြစ်လွန်းဟန်ရှိသည်။
ဒါကို အနိုင်လည်းသိသည်။
မနုကဲ့သို့ ကြမ်းပြင်မှကြက်သားတုံးကြီးထံသို့ စိုက်ကြည့်နေလေရဲ့။
-"အဲ..ဟို..ဟိုလေ မနု။
ဒီတိုင်းကြီးမနေပါနဲ့လား။
ခေါင်းမူးသွားတယ်မလား လာလာ။
ခုံရှည်ပေါ်ခနထိုင်နော်။
ဟိုမှာ အနိုင်ယူလာတဲ့ ပင်မှည့်သီးလေးတွေရှိတယ်
ကျွန်မဖျော်ပေးပါ့မယ် ခေါင်းကြည်အောင်လို့"
-"အင်း.."
မနု အဝါမှဆွဲခေါ်လာသည်ကြောင့် ခုံရှည်တွင်
ပြန်ထိုင်ရသော်ငြား အကြည့်တို့မှာမူ ကြမ်းခင်းသို့သာ တွေတွေကြီးကြည့်လျှက်သား။
သူ့စိတ်အရသာဆို ဒါကြီးကိုရေဆေးပစ်၍
တစ်တုံးစီပိုင်းကာ ကြော်ချက်ချင်နေခဲ့သည်။
အင်း..သူတို့ကသာ သူဌေးမတွေမို့
နှမျောရကောင်းမှန်းမသိတာပါလေ။
တကယ်ဆို ကိုယ်တို့လို
တောသူတောင်သားတွေအတွက်က
ဒီလို တစ်ပိဿာေလာက်ရှိတဲ့
ကြက်တစ်ကောင်ဆိုတာ
အခါ သမယ သို့မဟုတ်
အလုပ်ကိစ္စအရေးဘာညာမှ
စားရခြင်းမျိုးပါ။
ဒါ့ကြောင့် ဒီကြမ်းပေါ်ကို အခုထိကျနေတဲ့
ကြက်အေကာင်ကိုဖြင့် တုံးတစ်ပြီး
ဆီပြန်လေးများပြန်ချက်ကြွေးရရင်
အလုပ်ပင်ပန်းတဲ့ မိမိချစ်လင် အကိုသာဆို
ဘယ်လောက်များ မြိန်ရည်ရှက်ရည်
စားလိုက်မလဲနော်။
အို..မဖြစ်ပါဘူး။
မရှိတာလည်းမဟုတ်ဘဲနဲ့။
ညနေကျမှ လင်တော်မောင်ကို
ဒေါ်သိန်းကြည်ထံမှ ကြက်သွား၀ယ်ပြီး
ချက်ကြွေးပစ်ရဦးမယ်။
-"မနု..မနု"
-"အင်..ဟင်။ပြော..ပြောလေအဝါ
ဘာလဲဟင်"
-"အင်..ဘာမှမဟုတ်ပါဘူး မနုရဲ့။
ဟို မနုက ကျွန်မခေါ်တာလည်းမထူးဘဲ
တွေတွေကြီးငေးနေတော့ ခုနကကိစ္စကြောင့်
ငုတ်တုတ်ကြီးမေ့သွားသလားလို့ပါ။"
-"အဟိ..မေ့စရာလားအဝါရယ်။
ငါဟိုကြမ်းခင်းပေါ်ကကြက်သားကြည့်ပြီး
တွေးမိသွားလို့ ငြိမ်နေတာပါ"
-"ဟင်..ဘာကိုတွေးမိတာလဲ မနုရဲ့"
-"ဪ..ဒီလိုပါ အဝါရယ်။
နင့်အကိုလေ အလုပ်ကပင်ပန်းနေတာဆိုတော့
ကြက်သားဟင်းလေးများ စားချင်မလားလို့ပါ။
အဲ့တာ ညနေကျမှ ဒေါ်သိန်းကြည်ဆီက
ကြက်သွား၀ယ်မလို့"
-"ဪ..."
မနုစကားကြောင့် အဝါသည်လည်း ကြမ်းပေါ်မှကြက်သားတုံးကြီးကို သတိတရကြည့်လေသည်။
ပေါက်တုန်းကပေါက်ပြီး အခုမှ နှမျောသွားဟန်ဖြင့်
တွေတွေကလေး စိုက်ကြည့်နေတော့ မနေနိုင်သည့် အနိုင်က။
-"ဟာ..မမနုကလည်း။
ဒေါ်သိန်းကြည်ဆီဖြင့် သွားစရာမလိုပါဘူး။
ဟော ဟိုမှာကြည့်။
အနိုင်၀ယ်လာတာ ၄ကောင်တောင်
ကျန်သေးတယ်။
ပေါင်းသင်းတွေရောပဲ။
နဂိုကတည်းက မမနုတို့အတွက်
ခွဲတမ်းပါပြီးသားပါေနာ်။
မမညီမပါ ။
ကိုယ့်အမဖို့မပါဘဲ ပြန်လာပါ့မလား"
မနု အနိုင်ထိုးပြသည့် မီဖိုချောင်မှ စားပွဲထံလှမ်းကြည့်မိကာ သဘောတကျပြုံးရသည်။
စားပွဲအပြည့်တင်ထားသည့် ကြက်သားအိတ်နှင့်တကွ ပေါင်းသင်းချောင်းများမှာ တကယ်ပင်
မနည်းမနောကြီးမို့ မိမိတို့အတွက် ပါသည်ဆိုတာ တကယ်ပေပဲ။
ဒါကလည်း ယခုတစ်ခေါက်မှမဟုတ်ပါလေ။
အဝါ့နည်းတူမဟုတ်လျှင်တောင် သဒ္ဒါတရားရှိသည့်
အဇူကလေးမှာ ရွာပြန်လာတိုင်း ဒီလိုအထုတ်ကြီးအထုတ်ငယ်ဖြင့် အမြဲပါလာစမြဲပါ။
မိုးကုတ်နယ်ထွက် အသီးပေါင်းစုံတို့
အနွေးထည်အ၀တ်အစားတို့
တခါတရံ စောင်တို့က အစ
ဒါ့အပြင် ပြန်ခါနီးဆို မနုကို
လက်သိပ်ထိုးပေးထားခဲ့တဲ့
သိန်းချီတဲ့မုန့်ဖိုးလေးကရှိသေး။
အင်း...ငါ့ညီမ ငါ့ကိုတကယ်ချစ်ပေတာပဲ။
-"အဟင်း...ဟုတ်ပါပြီရှင်။
ဟုတ်ပါပြီ။"
ကြည်နူးစိတ်ကလေးဖြင့် မိမိဘေးရပ်နေသည့်
အဇူကိုမော့ကာကြည့်မိသည်။
အနီရောင်သိုးမွှေးဆွယ်တာကလေးနှင့်
ချည်းသားဘောင်းဘီရှည်အနီလေးကို တွဲ၀တ်ထားသည့် အဇူရယ်က ဖြူဉသည့်သူ့အသားဖြင့်
သိပ်ကိုပနံသင့်လှသည်။
အရင်ထက် အနည်းငယ်ပိန်သွားသဖြင့် အရပ်ပိုရှည်လာသည်ဟု ထင်ရေသာ်ငြား အဇူဟာ ကလေးတစ်ေယာက်မေအနှင့်မတူ အနိုင်ဟာ အနိုင့်မူပိုင်
လှမြဲလှစဲပါေလ။
ယခုလည်း မိမိကို ပြုံးလျှက်ကြည့်နေသည်ေကြာင့် သူ့ပါးမှ ပချိုင့်ကလေးများထံ တငေးတမော စိုက်ကြည့်နေမိတော့ ချောင်းတချက်ဟန့်သည့်အဝါ။
-"အဟမ်း!..
ဒါဆို
နှစ်ယောက်သား စကားပြောကြဦးေလနော်။
ကျွန်မ မနုခေါင်းကြည်ဖို့ ဖျော်ရည်သွားဖျော်ပေး
မယ်"
ပြောပြီးပြီးချင်း ဘေးချင်းကပ်ထိုင်နေရာက
ထရပ်သည်ကြောင့် မနုပါထရပ်မိလေသည်။
မိမိယောင်းမကို မိမိကြောင့် ဘာမှမပင်ပန်းစေလိုပါ။
မဗိုက်ကလေးမို့ စိုးရိမ်မိသည်။
-"ဟင် နေပါစေ အဝါရဲ့။
ငါခေါင်းမမူးတော့ပါဘူး"
-"ဘယ်ဟုတ်ပါ့မလဲ ယောင်းမရယ်။
ကျွန်မကိုယ့်လက်စ ကိုယ်သိတာမို့
အေးဆေးသာထိုင်နေစမ်းပါဆို"
-"မဟုတ်.."
မနု တားသော်ငြားမရပါ။
အ၀ါသည် ပခုံးဆီသို့ကိုင်၍ ပြန်ထိုင်ခိုင်းလျှက်
တဆက်တည်း မီးဖိုချောင်သို့ သွားရန်ပြင်နေသည်။
ဒါကို အနိုင်မြင်တော့ သူ့ဇနီးကို
လက်ကိုဆွဲ၍ ခုံရှည်မှာထိုင်စေသည်။
-"ကဲပါ။ ငြင်းမနေပါနဲ့တော့ မမနုရယ်။
ဝါလည်း မထနဲ့။
ထိုင်သာနေ။
ဒီက အနိုင်ဘဲ ဖျော်ပေးမယ်
ဟုတ်ပြီလား။"
အနိုင့်စကားဖြင့်လုပ်ရပ်ကြောင့် အဝါသည် သူ့ကြင်သူကို ကြောင်ငေးကာကြည့်ေနသည်။ ပြီးမှ
ဘာကိုသတိရသည်မသိ ဆွဲထားသည့်လက်ကို
ရုန်းလျှက်။
-"အို..ဘာလို့ဖျော်ပေးမှာလဲ။
ကိုယ့်ယောင်းမကို ကိုယ့်ဘာသာဖျော်ပေးမှာပေါ့။
အသာနေစမ်းပါ ကိုယ့်ဘာသာ။
ခရီးပန်းကပန်းနဲ့"
ပြောလည်းပြော ပြန်လည်းထကာ မီးဖိုချောင်ဆီပြန်လည် ဦးတည်သည့် အဝါ။
သို့သော် အဝါ မီးဖိုချောင်ထဲ မရောက်လိုက်ပါ။
ရှေ့မှ ပိတ်ရပ်လျှက် ပြုံးစစဖြင့် ဆိုသည့်အနိုင့်စကား
ကြောင့် အဝါ့ပါးပြင်ကလေး ရဲကနဲ။
-"အဟင်း..စိတ်ပူတယ်ပေါ့။"
-"အို..ဘာကိစ္စပူရမှာလဲ။
ဒီအတိုင်း မကောင်း..မကောင်းတတ်လို့"
-"အဟက်..ဟုတ်ပါပြီ။
မကောင်းတတ်လို့ပဲပြောပြော..
စိတ်ပူလို့ပဲပြောပြော
ဒီက အနိုင်က ကျေးဇူးတင်ပါတယ်တဲ့ရှင်။
အဲ့မို့ေလ
အနိုင်ရင်သွေးလေးလွယ်ထားရတဲ့
ဟော့ဒီက အနိုင့်ကြင်သူမိန်းမကို
အနိုင်က ကျေးဇူးဆပ်တဲ့အနေနဲ့
ကြားကပဲ ဖျော်ပေးလိုက်မလို့။"
-"အို့ အနိုင်!
မနုရှိတာကို ဘာတွေ..
ဘာတွေပြောပြီး ဘယ်လိုတွေလုပ်နေရသလဲလို့"
မိန်းမတွေများအခက်ပါလေ။
လွန်ခဲ့တဲ့ လေးလလုံးလုံး
တငိုငို တရယ်ရယ်ဖြင့်လုပ်နေတာသူမဟုတ်သလိုပဲ။
အခုလည်းကြည့်လေ သူ့မိန်းမက
ပုခုံးကလေးဖက်ပြီး ပြောတာလေးကို
ဖြစ်ပျက်နေတာများ။
မူနေလိုက်တာများ။
မသိရင် တကယ်စိတ်ဆိုးနေသလိုပဲ။
၀မ်းထဲကြိတ်ပျော်နေတာ
ငါမသိဘူးထင်လို့လား အဝါ။
အဟင်းဟင်း..
ငါပါဟဲ့..မိနုပါ..
နင့်၀မ်းထဲအူဘယ်နှစ်ခွေ ရှိတာကအစ သိတဲ့
မိနုဟေ့!။
မနု ကြားမှမနေနိုင်တော့သဖြင့် ထိုင်ရာကထ၍
ယောင်းမဖြစ်သူကို ခုံရှည်ရှိရာသို့ လက်မှဆွဲခေါ်လာရင်း။
-"အဟင်းဟင်း..ခုမှရှက်မနေပါနဲ့ အဝါရယ်။
နင်အော့အန်နေတုန်းကတည်းက
ငါအရင်သိခဲ့လို့ မြှောက်စားတောင်ပြီးပီကို။
လာပါ ယောက်မရယ်
ဒီမှာသာ ပြန်ထိုင်နေစမ်းပါဆို။"
-"အို..မနုကလဲ"
-"မနုက မလဲပါဘူးနော်။
အမှန်ကိုပြောပြရတာ။
နင် တော်တော်မူနေနော် အဝါ။
ဟိုက တကယ်ပြန်လစ်ပြေးမှ
ဗိုက်ကလေးနဲ့
မျက်ရည်မျက်ခွက်ဖြစ်နေမယ်။"
ထိုသို့ အနိုင်မကြားအောင် ခပ်တိုးတိုးဖြင့် ယောက်မဖြစ်သူကို သတိပေးမှ ခေါင်းကလေးငုံ့ကျသွားလေသည်။
သူ့ခဗျာ ချစ်လျှက်ဖြင့် ဒီလောက်ပစ်ထားရကောင်းသလားဟု စိတ်ဆိုးကာ မူနေသည်ဆိုသော်ငြား တကယ်ပစ်သွားမှာတော့ စိုးရိမ်နေဟန်ပင်။
မျက်ရည်ကလေးပင် အိုင်နေခဲ့ပြီ။
ဒါကို အနိုင်ကလှမ်းမြင်တော့ မနုကို မေးငေါ့ကာ
အမူအရာဖြင့် မေးသည်။
မနု ခေါင်းခါပြလိုက်ရင်းဖြင့်။
-"ကဲကဲ အဇူကလေး
ဖျော်ရည်ဖျော်မှာဖြင့် ဖျော်လေကွယ်။
ငါ့ညီမရဲ့ လက်ရာမသောက်ဖူးလို့
ဒီကအမက သောက်ကြည့်ချင်နေတာနဲ့ အတော်ပဲ။"
-"အဲ..စိတ်ချ စိတ်ချ မမနု။
အနိုင့်ကိုသာယုံလိုက်။
အဟင်းဟင်း..
ဆွေမျိုးပါမေ့သွားစေရမယ်။"
-"အမလေး ညွန်းပါ့တော်။
တကယ် ဆွေမျိုးမမေ့ရင်တော့
မမနုနဲ့တွေ့မယ်နော် အဇူ"
-"အဟဟဟ.."
ဤသို့ မနုနှင့်အနိုင်တို့ အရွှန်းဖောက်မှ ခေါင်းကလေးမော့၍ မျက်နှာကလေးပြန်ကြည်လာသည့် အဝါရယ်ပါ။ မျက်ရည်များကြားက ချစ်သူရယ်သံကြောင့်
လိုက်ပါ ပြုံးနေခြင်းက စိတ်လက်ပေါ့ပါးသွားဟန်လည်းရှိသည်။
မိမိအပြောကို နား၀င်သွားဟန်လည်းရသည်မို့
အဝါ အဇူ့ကို ထပ်မူေနမည်မထင်ပါ..။
အင်း..ပြန်လည်အဆင်ပြေသွားရင်ဖြင့်
မနု နဖူးနာရကျိုးလည်း နပ်ပါတယ်လေ။
မနုတစ်ယောက် ရှေ့မှအဝါကိုတလှည့် မီဖိုချောင်ထဲမှ အနီရောင်ကျောပြင်ကလေးတလှည့် ကြည့်ကာ ပြုံးမိသည်။ သူ့မှာ ဒီယောင်းမနှင့် ညီမတို့ကို ပြန်အဆင်ပြေသွားတာ မြင်ချင်လွန်း၍ နဖူးပင်နာရကျိုးနပ်ရသည်တဲ့လေ။
ဒါကိုမှ ကျေးဇူးမသိတတ်သည့် ကံယကံရှင်အနိုင်ရယ်က ပင်မှည့်ဖျော်ရည်ကို ချဉ်စုပ်နေအောင်
ဖျော်တိုက်လေသတဲ့။
-"ဖွီး!
အဇူ..ဒါ..ဒါ..ပင်မှည့်ေဖျာ်ရည်လား။
သံပုရာသီးလားဟင်။
ချဉ်လိုက်တာဆိုတာ။
တကယ်ကို ဆွေးမျိုးပါမေ့ေလာက်တယ်"
-"အဟီး..အဲ့တာကလေ..
ချဉ်ရင်.. မမနုများ..
ပိုပြီးတော့ ခေါင်းကြည်မလားလို့ပါ"
-"အင်း..အဇူ့ဖျော်ရည်က
မမနု ခေါင်းကြည်ရုံတင်ဘယ်ကမလဲ
မျက်လုံးတေပါကို ပြူးပြီးကြည်တောက်သွားပြီ။"
-"အဟီး..မမနုကလဲ။
အနိုင်က စေတနာနဲ့ပါ။"
-"ဟုတ်သားပဲ မနုရယ်။
သူက စေတနာနဲ့မို့ပါ။
ကဲပါ ဘာမှပြောမနေနဲ့တော့။
ဒါလေး ကုန်အောင်သောက်လိုက်နော်။
ဒါမှ ခေါင်းပိုကြည်သွားမှာ"
-"ဗုဒ္ဓေါ!
မေမေ လာခေါ်ပါ!"
(3-1-2024)
မကြာခင် ဇာတ်သိမ်းပါတော့မည်။
အနိုင်တို့ကို နှုတ်ဆက်ချိန်တန်ပြီ။
************