Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 38
-------------
ခုတင်ခေါင်းရင်းကိုမှီလို့ ဖတ်လက်စစာအုပ်ကိုပိတ်ကာ မျက်စောင်းထိုးက နာရီကိုကြည့်လိုက်တယ် ၉နာရီထိုးတိတိကို
ပြသနေပုံက ဒါကပုံမှန်အိပ်ချိန်ဖြစ်နေပြီ မြို့အုပ်၀မ်သက်ပြင်းချ
လို့အရှေ့ကိုကြည့်လိုက်တော့ ရှောင်ကျန့်က ကလေးနဲ့ဆော့နေတုန်း။
"ဘယ်သူက ချစ်စရာအကောင်းဆုံးလဲ...သားသားပေါ့..."
"ခစ်...ခစ်..."
ကလေးမွေးပြီးရင် ကျန့်ကျန့်ကအပယ်ခံဖြစ်မှာ ဆိုတဲ့စကားလေး
ကအတိတ်မှာကျန်နေခဲ့ပြီ ယခုဘယ်သူကအပယ်ခံလဲဆိုတာအသိသာကြီး ။
"အချစ်ရေ အိပ်ရအောင်..."
"ကြားလားသား...ဖေဖေက အိပ်မယ်တဲ့....ဟုတ်တာပေါ့...သားသားလေးလဲအိပ်ရမယ်..."
ကလေးကိုမြူလို့ ရှောင်ကျန့်ကချီကာ မသိပ်သေးပဲနဲ့ ခဏမြူနေသေးသည် မြို့အုပ်၀မ်သက်ပြင်းချလို့ စာအုပ်ကိုဘေးနားကခုံပေါ်တင်ကာ သူအရင်လှဲလိုက်သည်။
"ကြည့်ပါဦး သားသားရယ် သားဖေဖေက ကောက်သွားပြီ..."
ရှောင်ကျန့်ပြောလို့ ကလေးခမျာ မျက်လုံးလေးကလယ်ကလယ်
နဲ့ မြို့အုပ်၀မ်ဘက်ကိုကြည့်လိုက်သည် ။
"သွားမို့လား ဖေဖေ့စီသွားမို့လား...လာ..ဝှီး..."
အနှီးမပတ်တော့သော သားလေးကို လက်ရှည်လေးလုံးစွပ်လေးတွေနဲ့ ဘောင်းဘီရှည် ခြေအိတ်လက်အိတ်လေးတွေ၀တ်ပေးထားရသည် ကလေးကိုချီကာ
မြို့အုပ်၀မ်နားသွားထိုင်လိုက်သည်။
"သားလေးရိုက်လိုက်...ဖေဖေ့ကိုနိူး.."
*ဖတ်*
ဖတ်ခနဲပဲမြို့အုပ်၀မ်ပါးပေါ်ကို လက်ဝါးသေးသေးလေးကကျရောက်သွားတော့ မှိတ်နေတဲ့မြို့အုပ်၀မ်မျက်လုံးလေးတွေကပွင့်လာသည် ။
"သားသားက မောင့်ကိုတွေ့ချင်လို့တဲ့..."
"ဟုတ်လားသား...ဖေဖေ့ကိုတွေ့ချင်တာလား"
မြို့အုပ်၀မ်ကသားသားလက်ကိုကိုင်လို့ ပြောတော့ သူ့လက်လေး
ကိုမွေးတုန်းကလိုမျိုးဆုပ်ကိုင်ထားလို့ပြုံးပြသည် မြို့အုပ်၀မ်က
အိပ်နေရက်နဲ့ပဲ ရှောင်ကျန့်လက်ထဲကနေ ကလေးကိုပြောင်းယူလို့
ချီကာ တစ်ဖက်လှည့်သွားသည်။
"ဟာ...ဟာ တွေ့ချင်လို့လား သားသားလေးက...မွှ.."
မြို့အုပ်၀မ်က ကလေးနဲ့တွေ့ချိန်ဆိုတာရှားတယ် မနက်နဲ့ညပဲ
တွေ့ရတယ် နေ့လည်ပိုင်းက မြို့အုပ်ရုံးမှာပဲမို့မတွေ့ရပါ ။
"မောင်...ကျန့်ကျန့်ကိုပစ်ထားတယ်နော်..."
"ဟမ်...ဘယ်တုန်းကလဲ.."
"အခုလေးတင်လေ ဒီဘက်လှည့် "
"နေပါဦး အချစ်ရယ်...သားသားနဲ့ဆော့ပါရစေ.."
"...."
"လာပြီနော်....ဖေဖေ့လက်လာပြီနော်..."
"ခစ်...ခစ်.."
"ဟား...ဟား ချစ်လိုက်တာဗျာ...ဘယ်သူကကမ္ဘာပေါ်မှာချစ်ဖို့
ကောင်းတာလဲ သားသားလေးပေါ့...မွှ..."
"မောင်နော်! လွန်လာပြီနော် ကျန့်ကျန့်ကိုပြောတဲ့စကားတွေနဲ့..."
"ကိုယ့်သားလေးကိုကိုယ်ပြောတာပါ အချစ်ရယ်...နော်..သားသားနော်...သားပါးပါးက ကလေးဆန်တယ်နော်..."
မြို့အုပ်၀မ်ကကလေးကိုပဲမြူနေလေတာ ခဏတစ်ဖြုတ်နေတော့
ကလေးက သန်းလာလေပြီ ။
"အိပ်တော့မယ်ပေါ့...သားသားလေးက အိပ်အိပ် မွှ...ချစ်တယ်"
"ပေး...သိပ်ရမယ်..."
ရှောင်ကျန့်ကချီလို့ သိပ်နေရင်းနဲ့မှ ကလေးကိုငုံ့ကြည့်လိုက်သည်
ကိုယ်၀န်ကို၉လလွယ်ပြီး၁၀လဖွားထားရတာဘယ်သူလဲ သူနဲ့ကျတော့မတူဘူး မြို့အုပ်၀မ်နဲ့ပဲတူနေတာ မဟုတ်သေးဘူးလေ
Original နဲ့ copy များသိပ်သိသာတာပဲ ။
ကလေးကိုသိပ်ပြီးလို့ ပုခတ်ထဲထည့် အရုပ်သေးသေးလေးတွေ
ချိတ်ထားတဲ့ အဝိုင်းပုံစံရှိသော အရာလေးကိုလှည့်လို့ ညမီးအိမ်သေးသေးလေးကိုဖွင့်လိုက်သည် ပြီးတာနဲ့မြို့အုပ်၀မ်ဘေးမှာ သွားလှဲတယ် ။
"ဟက်! အခုတော့ငါကတကယ့်အပယ်ခံကြီးဖြစ်နေပြီပဲ"
"...."
"လှည့်ကြည့်လေ..ဒီဘက်ကို ချော့ရမယ်ဆိုတာမသိဘူးလား!"
"အချစ်ရယ်...သားလေးတောင်ရနေပြီပဲကို ကလေးဆန်တုန်းပဲလား"
"ဘာဖြစ်လဲ ကလေးဆန်တော့ အရင်က ဒီလိုကလေးဆန်တာကို
ချစ်တာဘယ်သူလဲ...ဘယ်သူလဲလို့.."
"...."
"အင့်...ဟင့်! မောင်ကကျန့်ကျန့်ကိုမချစ်တော့ဘူး..."
"မဟုတ်ပါဘူးကွယ် ကိုယ်မင်းကိုသိပ်ချစ်တာပေါ့ "
"...."
*ရွှတ်*
ရွှတ်ခနဲပဲ ရှောင်ကျန့်ပါးကိုနမ်းလို့ ဖက်ထားတော့ ရှောင်ကျန့်က
ပြုံးချင်ချင်ဖြစ်နေလေပြီ ဒါပေမဲ့လည်းစိတ်ကောက်မပြေသေး။
"မောင်...သန်ဘက်ခါသားသားရက်၁၀၀ပြည့်လေ"
"အင်း..."
"သူလေးနာမည်ကိုအရမ်းသိချင်တာပဲ ဖိုးဖိုးကဘယ်လိုပေးမလဲမသိဘူး"
"အင်း..."
"သန်ဘက်ခါ ပွဲပြီးတာနဲ့ အဲ့ဟာလေးကို မားတို့လက်ထဲထည့်ပေးလိုက်မယ် မောင်ကကျန့်ကျန့်နဲ့ပဲနေမယ်"
"အင်းကိုယ်တို့နှစ်ယောက်ဘယ်သွားကြမလဲ"
"ခရီးထွက်မယ် ယွီမြို့အုပ်တို့စီသွားမယ်...သားသားကို မားတို့လက်ထဲမှာတစ်လှည့် အမေတို့စီမှာတစ်လှည့်ထားမယ်နော်..."
"အဲ့လိုသွားပြီးရင် ကိုယ်တို့ဘာလုပ်မှာလဲ..."
"ဘာလုပ်ရမှာလဲ..."
"သားသားအတွက်အဖော်ရအောင်မလုပ်ချင်ဘူးလား"
ရှောင်ကျန့် မြို့အုပ်၀မ်ကိုလှည့်ကြည့်လိုက်သည် ။
"ဘာလဲ...ဘယ်ကကလေးတစ်သိုက်ကိုခေါ်မလို့လဲ"
"ဘယ်ကကလေးလိုချင်ရမှာလဲ မင်းနဲ့ကိုယ်နဲ့နောက်ထပ်ကိုယ်ပွား..."
"မောင်နော်...ပြောတာလေးကလွယ်လို့ ဟိုမှာတစ်ယောက်ထွက်လာပြီပဲကို"
"အဖော်ရအောင်လေကွယ် အဲ့တာဆိုအချစ်လဲထိန်းစရာမလိုဘူးလေ"
"...."
"စဉ်းစားကြည့်ရင်သူလည်း အဖော်ရရင် ကျန့်ကျန့်နဲ့ကိုယ်လည်း
နေရချိန်ပိုများတယ်လေ"
"အင်းနော်...အဲ့တာလည်းဟုတ်သားပဲ...ဟီး..."
"အဲ့တော့သဘောတူမယ်ဟုတ်..."
"ဟာ...မောင်ကလည်း ရှက်စရာကြီး ကျန့်ကျန့်heatဖြစ်ချိန်ကို
စောင့်ပါဦးဗျ "
"ဘယ်တော့လဲ"
"ပြောသေးဘူး...အချိန်ကျရင်သိမှာပေါ့ဗျ ကျန့်ကျန့်အချစ်ဆုံးကြီးရ မွှ"
ရှောင်ကျန့်ကမြို့အုပ်၀မ်ရင်ခွင်ထဲတိုး၀င်လို့ ဖက်အိပ်လိုက်သည်။
----------
"ကလေးလေးရေ...လမ်းလျှောက်သွားရအောင်...ပါးပါးနဲ့လမ်းလျှောက်ထွက်မယ်..."
ရှောင်ကျန့်ကဦးထုပ်သေးသေးလေးကိုကလေးပေါ်ဆောင်းပေး
လို့ ချီလိုက်သည် ခြံထဲထွက်တာနဲ့ မြို့အုပ်၀မ်ကားက၀င်လာသည်။
"အင့်...အင့်!"
လက်ထဲကနေသားငယ်လေးက လက်နဲ့ယက်ခေါ်သည် ရှောင်ကျန့်ကမျက်နှာချင်းဆိုင်ပြန်ဆိုင်လို့ နဖူးလေးကိုနမ်းလိုက်တယ် ။
"အဲ့တာကားလေသားသားရဲ့..."
"အင့်...ဟင့်! "
ဟော...သူလေးစိတ်ဆိုးနေပြီ ကားနားကိုမသွားရလို့ဖြစ်မယ်
ကြည့်ရတာ မြို့အုပ်၀မ်ပြန်လာတာမဟုတ်ဘဲနဲ့ ကျင်းရန်က
တစ်ခုခုမေ့ကျန်လို့လာပြန်ယူတာဖြစ်ပါလိမ့်မယ် ရှောင်ကျန့်ကား
နားသွားလိုက်တော့ မငြိမ်သေးချေ။
"အင့်..."
"ဘာလဲ သားရယ်...တအင့်အင့်နဲ့..."
"ဟော...သခင်လေးနဲ့မင်းကတော်ကဒီကိုရောက်နေတာကို"
"ဘာဖြစ်လို့လဲကျင်းရန် ဘာမေ့ခဲ့လို့လဲ"
"အာ...မနက်ကမြို့အုပ်၀မ်အလုပ်စားပွဲမှာ စာရွက်အချို့ကျန်လို့
လာယူခိုင်းတာပါ သွားတော့မယ်နော်"
"အင်း..."
"အင့်....ဟင့်!"
သားလေးက ကားနားကနေမခွာချင်ပုံ တအင့်အင့်နဲ့ ရှောင်ကျန့်လည်း သက်ပြင်းချလိုက်သည်။
"သခင်လေးကလိုက်ချင်လို့လားဗျ...ဖေဖေမြို့အုပ်စီကိုလေ"
"ဟိတ်...မသွားရဘူး...ငါ့မောင့်စီကိုမသွားရဘူး မင်းကလေ
အခုမှပေါက်စနပဲရှိသေးတာ ငါ့စီကနေမောင့်အချစ်တွေကိုလုနေပြီ"
ရှောင်ကျန့်ကသာပြောနေတာ ကလေးကသူ့ကိုမကြည့် ကျင်းရန်ကိုကြည့်နေလေသည် ကျင်းရန်ကပြုံးကာကားတံခါး
ဖွင့်ပေးလိုက်တယ် ။
"တက်ပါဗျာ.."
"တက်ဘူး ဒီဟာလေးကမောင့်စီကနေအချစ်တွေယူနေတာ ဟွန်း
အိမ်မက်ထဲမှာတော့ ဖေဖေ့အချစ်တွေမလုယူပါဘူး ဘာညာနဲ့ "
"....."
ကလေးက ရှောင်ကျန့်ကိုကြည့်လို့ ရီပြတယ် ရှောင်ကျန့်ကလည်းမနေနိုင်ချေ နဂိုထဲကကလေးချစ်တတ်သူပါ
အခုကကိုယ့်သွေးသားအရင်းအချာလေးဖြစ်လို့ ပိုချစ်သေးတယ်။
"အဆိုးလေး ပါးပါးကိုမင်းလူဆိုးဖြစ်အောင်လို့လုပ်နေတာလား"
"ခစ်...ခစ်"
"ချစ်စရာလေးသားသားရယ် ပါးပါးချစ်လို့ကိုမ၀ဘူး မွှ...လိုက်ပို့ပေးမယ် မွှ.."
ရှောင်ကျန့်ကကားပေါ်တက်တာနဲ့ကျင်းရန်က ကားတံခါးပိတ်လို့
မြို့အုပ်ရုံးစီမောင်းတော့သည် ကားပေါ်မှာလည်း ရှောင်ကျန့်က
ကားပြတင်းပေါက်ထဲကနေညွှန်ပြလို့ ကားတွေ စက်ဘီးလေးတွေ
ဆိုင်တွေကိုလိုက်ပြသည်။
မီးပွိုင့်မိလို့ ခဏရပ်တော့ သားလေးက ဗိုက်ဆာလို့ဂျီကျသည်။
"အင့်...ဟင့်!"
"ဘာလဲသား...ဗိုက်ဆာလို့လား"
"အင့်..."
ကလေးက ရှောင်ကျန့်ရင်ခွင်စီအတင်းတိုးဝှေ့လာသည်မို့ ရှောင်ကျန့်သက်ပြင်းချလိုက်သည်။
"မြို့အုပ်ရုံးမကြာခင်ရောက်တော့မှာပါဗျ သခင်လေးခဏစောင့်နော်"
"အင့်...အီး..."
မကြာလိုက်မြို့အုပ်ရုံးကိုရောက်တော့ ရှောင်ကျန့်ကမောင့်ရုံးခန်းထဲမှာပဲ သားလေးကိုနို့တိုက်တယ်
ဒါတွေကသဘာ၀ပဲ Omegaတိုင်းဖြစ်တယ် ။
*ချောက်*
တံခါးဖွင့်သံကြောင့်ကြည့်လိုက်တာ မြို့အုပ်၀မ်၀င်လာသည် ။
"အချစ်ရောက်နေတယ်ဆိုလို့ ကျင်းရန်ကလာပြောတယ်"
"မောင် အလုပ်တွေပြီးလို့လား"
"အင်း ပြီးသွားပြီ သားလေးရေ..."
ဖအေအသံကြားလို့လားမသိ စို့လက်စကိုလွှတ်ကာ မြို့အုပ်ကိုကြည့်နေသည် လက်လေးကလည်းမြှောက်လို့။
"ဟာ...ဖေဖေ့သားလေးက ဖေဖေ့စီလာချင်လို့လား မွှ"
မြို့အုပ်၀မ်ကချီလို့ မြှောက်ကာမေးစေ့လေးကိုနမ်းလိုက်သည်
ရှောင်ကျန့်ကကြယ်သီးပြန်တက်ကာ သူတို့နားစီရောက်လာသည်။
"ဟုတ်ပ အဲ့မှာလေ မောင့်သားက မောင့်စီမလာရလို့ဆိုပြီး
တအားဂျီကျနေတာ"
"ဟုတ်လားသား ဖေဖေ့ကိုလွမ်းလို့လား"
"သူပဲလွမ်းတာမဟုတ်ပါဘူးနော် ကျန့်ကျန့်လည်းလွမ်းတာပါပါတယ်"
"မွှ...ကိုယ့်အချစ်လေးနဲ့သားကိုလည်းနာရီ၊မိနစ်၊စက္ကန့်တိုင်းလွမ်းနေရတာပါနော်"
မြို့အုပ်၀မ်ကလက်တစ်ဖက်နဲ့ကလေးကိုချီပိုက်ထားလို့ နောက်လက်တစ်ဖက်က ရှောင်ကျန့်ခါးလေးကိုဆွဲဖက်ကာ
ရှောင်ကျန့်ပါးလေးကိုနမ်းလိုက်သည်။
"ဟွန်း...သူ့သားလေးကိုပဲချီးကျူးနေတာ မဖြစ်တော့ဘူး မောင်နဲ့ကျန့်ကျန့်နဲ့ အတွက် နှစ်ယောက်ထဲအချိန်ယူရအောင်"
"အင်းပါကွယ်..."
"အင့်...အင့်.."
ကလေးကမြို့အုပ်၀မ်ပေါ်မှာနေလို့ တအင့်အင့်နဲ့ဂျီကျပြန်သည်။
"ဘာဖြစ်လို့လဲသား..."
"အင့်...အီး...ဟင့်!"
ရှောင်ကျန့်ခါးကိုလွှတ်လို့ လက်နှစ်ဖက်နဲ့အပြည့်ချီလိုက်တော့မှ
ဂျီကျတာရပ်သည် ရှောင်ကျန့်ကခါးထောက်ကာ အံ့ဩလို့မဆုံး
သူမွေးထားလို့ဒီလောက်လေးအထိပဲဖြစ်သေးတယ် သူ့စီကနေ
မောင့်ကိုလုနေပြီ ဒီဟာလေး...ကြည့်နေပါ မင်းစီကနေမောင့်
အချစ်တွေလျော့အောင်လို့ နောက်ထပ်ကလေးတွေယူပစ်မှာ
ဟွန့်! အဲ့ကျမှမင်းကမင်းညီတွေညီမတွေကိုထိန်းငါကတော့
မောင်နဲ့ပဲပျော်မှာ
ရှောင်ကျန့်ထဲတစ်ကျန့်ထဲရှိတယ် လုပ်ရင်အတည်လုပ်မှာ။
______________
(3.2.2024)
#Su🐼
Part 38
-------------
"ခစ်...ခစ်..."
"အချစ်ရေ အိပ်ရအောင်..."
"သားလေးရိုက်လိုက်...ဖေဖေ့ကိုနိုး.."
*ဖတ်*
"ဟမ်...ဘယ်တုန်းကလဲ.."
"...."
"ခစ်...ခစ်.."
ကလေးက သန်းလာလေပြီ ။
"ပေး...သိပ်ရမယ်..."
"...."
"...."
"...."
*ရွှတ်*
"အင်း..."
"အင်း..."
"မနက်ဖြန် ပွဲပြီးတာနဲ့ အဲ့ဟာလေးကို မားတို့လက်ထဲထည့်ပေးလိုက်မယ် မောင်ကကျန့်ကျန့်နဲ့ပဲနေမယ်"
"ဘာလုပ်ရမှာလဲ..."
"...."
စောင့်ပါဦးဗျ "
"ဘယ်တော့လဲ"
----------
"အင့်...အင့်!"
"အဲ့တာကားလေသားသားရဲ့..."
"အင့်...ဟင့်! "
"အင့်..."
"အင်း..."
"အင့်....ဟင့်!"
ဖွင့်ပေးလိုက်တယ် ။
"တက်ပါဗျာ.."
"....."
"ခစ်...ခစ်"
"အင့်...ဟင့်!"
"အင့်..."
"အင့်...အီး..."
*ချောက်*
တအားဂျီကျနေတာ"
"အင်းပါကွယ်..."
"အင့်...အင့်.."
"ဘာဖြစ်လို့လဲသား..."
"အင့်...အီး...ဟင့်!"
မောင်နဲ့ပဲပျော်မှာ
______________
(3.2.2024)
#Su🐼