မီးခိုးရောင် Porsche Car လေးဟာ လမ်းငယ်ထဲကို ဖြည်းဖြည်းချင်းလှိမ့်ဝင်လာတယ်
မီးခိုးရောင်ဆွယ်တာကို ဖြူသန့်နေတဲ့ ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း လူရွယ်တစ်ယောက် ဆင်းလာတယ်
သေသပ်စွာခက်ထားတဲ့ ခြံစည်းရိုးဖြူဖြူတွေကို တွေ့တဲ့အခါ သူ့နှုတ်ခမ်းမှာ အပြုံးတို့ စွန်းထင်းသွားတယ်
သော့ခတ်မထားတဲ့ ခြံတံခါးကို အသာအယာ
တွန်းဖွင့်ဝင်ရင်း အမှိုက်တစ်စမှမရှိ သန့်ရှင်းနေတဲ့ ခြံဝန်းကို အသိအမှတ်ပြုသလို ခေါင်းငြိမ့်တယ်...
အိမ်ရှေ့က အဖြူရောင် ဒေစီတို့ဟာ တယုတယစိုက်ပျိုးထားတဲ့ ပိုင်ရှင်ရှိကြောင်း အသိပေးနေတယ်
*ကျွီ*
အိမ်ရှေ့တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့
ကမန်းကတန်းပြေးပြီးထွက်လာတဲ့ လူတစ်ယောက််
လက်ထဲမှာ ကြက်ဥခေါက်တံကိုလည်းကိုင်ထားလျက်သား
ဖလန်ထည်အကွက်ကြီးကြီး ဘောင်းဘီအနီရောင်နဲ့ တွဲဝတ်ထားတဲ့ အစိမ်းရောင်ဆွယ်တာက လက်တိုနေသေးသည်..အဲ့ဒီပေါ်မှာမှ
ပန်းရောင်ဧပရွန်ကို ထပ်ဝတ်ထားတဲ့သူဟာ
သူ့မျက်နှာကိုသာ ဖယ်ထားရင် ရယ်ချင်စရာ
သူ့ကို တွေ့လိုက်ရတဲ့ ခဏမှာ လင်းလက်သွားတဲ့မျက်ဝန်းရယ်...ချိုင့်ခွက်ဝင်သွားတဲ့ ပါးချိုင့်တစ်စုံရယ်
"ရောက်ပြီလား"
"အင်း"
အဲ့တာပဲ ပြောပြီး အကြာကြီး ငေးကြည့်နေမိကြတယ်
တကယ်တော့ သူတို့စိတ်ထဲက ခံစားချက်တွေကို စကားလုံးနဲ့ ဖော်ပြဖို့ မလုံလောက်တာ
ကြောင့်ဖြစ်မယ်
ဘက်ခဟျွန်းဟာ ချန်းယောလ်ကို တွေ့ရင် ရုပ်ရှင်တွေထဲကလို့ ပြေးဖက်လိုက်ရမလားလို့ စဥ်းစားလာခဲ့တာ
ဒါပေမယ့် ချန်းယောလ်ရဲ့ " [waseo] ရောက်ပြီလား "ဆိုတဲ့ စကားကြောင့် ဘာဆက်လုပ်ရမှန်းမသိဘူး ဖြစ်သွားတော့တာ
တကယ်ဆို ဂျပန်မှာ တွေ့ခဲ့တာကနောက်ဆုံးပဲလေ
ဘက်ခဟျွန်းက အားလုံးနဲ့ အဆက်အသွယ်ဖြတ်ကာ Takayama ဆိုတဲ့ မြို့ငယ်လေးမှာ ကလေးတွေကို ပန်းချီသင်ပေးရင်း နေထိုင်ခဲ့တာဖြစ်သည်
တစ်နှစ်ကျော်ကြာပြီးနောက်မှာတော့ ပန်းချီပြိုင်ပွဲမှာ ဆုရတဲ့ ကလေးတစ်ယောက်ရဲ့ဂုဏ်ပြုအခမ်းအနားအတွက် တိုကျိုကို တက်လာခဲ့ရာက... သတင်းစာထဲမှာ အမှတ်မထင်တွေ့လိုက်ရတဲ့ ဂျွန်ဟီးရဲ့ လက်ထပ်ပွဲမှာ သတို့သားဟာ ချန်းယောလ် မဟုတ်တာကို အံ့အားသင့်သွားခဲ့ရသည်။
ချန်းယောလ်များ တစ်ခုခု ဖြစ်သွားတာလားလို့ ထိတ်ခနဲ စိုးရိမ်မှုကြောင့် အရင်က သတင်းတွေပါရှာကြည့်တော့မှ အဖြစ်မှန်ကို သိခွင့်ရခဲ့တာ
***
*တင်မ်*
Oven ရဲ့အချက်ပေးသံက ဘာမှမပြောပဲ မျက်နှာချင်းဆိုင် နှုတ်ဆိတ်စွာရပ်နေကြတဲ့
သူတို့ကို သတိဝင်သွားစေတယ်
"အာ ခဏ မောင် ကိတ်မုန့်ဖုတ်ထားတာ"
ချန်းယောလ်က မီးဖိုခန်းထဲလှည့်ဝင်သွားတာမို့ ဘက်ခဟျွန်းပါလိုက်သွားမိတယ်
မုန့်ဖိုထဲကနေ ကိတ်ကိုတယုတယထုတ်နေတဲ့ ချန်းယောလ်
"အသဲ ကြိုက်တဲ့ စတော်ဘယ်ရီကိတ်လေ"
သူလာမှာလည်း ဘယ်သူ့ကိုမှ ကြိုမပြောဘဲနဲ့ ချန်းယောလ်က ဘယ်လို သိနေတာလဲ
ဘက်ခဟျွန်းက ဇဝေဇဝါဖြစ်ရင်း ခွံ့ကျွေးလာတဲ့ ကိတ်အနည်းငယ်ကို ယူစားလိုက်တယ်
"ဘယ်လိုလဲ အရသာရှိလား"
"အင်း'
တကယ်ကို ချန်းယောလ်ရဲ့ ကိတ်ကနူးညံ့ပြီးအရမ်းအရသာရှိတာ...အရင်တုန်းက သူလုပ်ကျွေးဖို့ ပြောခဲ့ဖူးပေမယ့် ချန်းယောလ်ဟာ အချိန်မရတာကြောင့်ဆိုပြီး ငြင်းခဲ့တာမလား
"ငါ လာမှာကို ကြိုသိနေတာလား"
သိချင်စိတ်ကို မထိန်းနိုင်တာကြောင်း မေးခွန်းက နှုတ်ကထွက်သွားတယ်
"အင်း"
ချန်းယောလ်က ဘက်ခဟျွန်းနှုတ်ခမ်းထောင့်မှာပေသွားတဲ့ ခရင်မ်ကို လက်မနဲ့ခပ်ဖွဖွသုပ်ပေးရင်း ခရမ်ပေသွားတဲ့ လက်ကို သူ့ပါးစပ်ထဲထည့်ပြီး အရသာ မြည်းလိုက်တာကြောင့် ဘက်ခဟျွန်းရဲ့မျက်နှာက ရဲတွတ်သွားပေမယ့် ချန်းယောလ်ကတော့ သူဘာလုပ်လိုက်မိလဲဆိုတာ သတိထားမိပုံမပေါ်ဘူး
"ဘယ်လိုသိတာလဲ"
"တနေ့နေ့တော့ သဲ မောင့်ဆီ ပြန်လာမှာ ယုံလို့ပေါ့"
"ဟင်'
"နေ့တိုင်း စောင့်နေခဲ့တာ...အသဲ ကြိုက်တဲ့ ကိတ်ကို နေ့တိုင်းပြင်ဆင်ထားရင်း...အသဲပြန်လာတဲ့အခါ ကိုယ်ကြိုဆိုနေတာကို သိအောင် ရာသီအလိုက်ပွင့်တဲ့ ပန်းတွေ စိုက်ပျ်ူးရင်း..ဒီတစ်ခေါက် မောင်စောင့်ရမယ့် အလှည့်မလား'
"ပတ်ချန်းယောလ်"
"ဝဲ မောင့် ပတ်ဘက်ခဟျွန်း ဘာလို့အော်တာလဲ"
" ဘာမောင်လဲ...ငါ့ကို အခုငိုအောင်လုပ်နေတာမဟုတ်ဘူးလား"
ကြည်နူးမှုနဲ့ ကျလာတဲ့ မျက်ရည်တို့ကို မတားဆီးနိုင်
"မငိုရတော့ဘူး...ဒီတစ်ခါနောက်ဆုံးပဲ၊ မောင့်ရဲ့ ဘက်ခဟျွန်းနီးကို ကမ္ဘာမှာအပျော်ဆုံးသူဖြစ်အောင် ထားတော့မှာ"
"နောက်မှ စိတ်ပြောင်းသွားရင် ငါမင်းကို သတ်မှာနော်"
"အ"
ရုတ်တရက် ထွက်လာတဲ့ ညည်းညူသံနဲ့ လဲကျသွားတဲ့ ချန်းယောလ်ကြောင့် ဘက်ခဟျွန်း အလန့်တကြား ဆွဲပွေ့လိုက်သည်
"မောင်...ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ..ဟင်"
မဟုတ်မှ ချန်းယောလ်မှာ ရောဂါတစ်ခုခုများ ဖြစ်နေတာလား
"သဲ"
"အင်း မောင် ဘာဖြစ်လို့လဲ"
"တကယ်တော့လေ.."
"အင်း မောင်...ဘာဖြစ်တာလဲဟင်"
" ဒီရင်ဘက်က စကားကြမ်းကြမ်းတွေပြောတာကို ခံနိုင်ရည်မရှိတော့လို့"
ဘက်ခဟျွန်းဟာ ရူတ်တရက် အဓိပ္ပါယ်ကို စဥ်းစားနေပြီးမှ
" ရာ့...ပတ်ချန်းယောလ်'
"ဝဲဲဲ (အချွဲတစ်သိန်းထည့်)...အသဲက မောင့်ကို အခုမှတွေ့တာကို စကားလုံးကြမ်းကြမ်းတွေပြောတာကိုး..ခေါ်ပါအုံး မောင်လို့"
ချန်းယောလ်က ဆွဲပွေ့ထားတဲ့ ဘက်ခဟျွန်းကို မလွှတ်ပေးဘဲ ပိုတိုးပြီးဖက်ထားရင်း တောင်းဆိုတယ်
"မခေါ်ပါဘူး"
"လွမ်းနေတာ"
"ဖယ် တကယ်လည်း မလွမ်းပဲနဲ့"
"ဟောဗျာ..တကယ်ပါဆို"
"ဘယ်မှာလဲ သက်သေ"
"ဟင်"
"လွမ်းနေတဲ့အကြောင်း သက်သေပြလေ"
ချန်းယောလ်က ခဏတိတ်ဆိတ်ပြီး စဥ်းစားနေတာမို့ သူစလိုက်မိတာ လွန်သွားပြီလားလို့ ဘက်ခဟျွန်းက တွေးမိသွားတယ်
"ခဏ"
ချန်းယောလ်က ဧည့်ခန်းထဲက စားပွဲပေါ်တင်ထားတဲ့ ဖုန်းဆီသွားတယ်...
အိမ်ဖုန်းမှာ အဝင် message ပြတဲ့ မီးနီလေးတွေ မှိတ်တုတ် မှိတ်တုတ် လင်းနေတယ်
"ဒီမှာ"
ဘက်ခဟျွန်းဟာ သိချင်စိတ်နဲ့ ချန်းယောလ်ရှိရာ လိုက်သွားပြီး ခလုပ်ကို နှိပ်လိုက်တယ်
"အသံ မက်ဆေ့ ၃၆၅ ခု ရှိပါတယ်..နားထောင်ဖို့အတွက် ၁ ကို နှိပ်ပါ....တီ..."
*ဘက်ခဟျွန်းနား..ဘယ်မှာလဲ...ကိုယ်လွမ်းနေပြီ"
*လွမ်းတယ် ဘက်ခဟျွန်းနား*
*မောင့် အသဲ ဘယ်မှာလဲကွာ*
*အရမ်းတွေ့ချင်တာပဲ လွမ်းတယ် ဘက်ခဟျွန်းနား"
"မောင့် ပက်ခဘက်ခဟျွန်းရေ..ဘယ်ရောက်နေလဲ"
ဆက်တိုက်ထွက်လာတဲ့ ချန်းယောလ်ရဲ့အသံဟာ သူ့နှလုံးသားမှာ ပဲ့တင်ထပ်နေတယ်
"ယုံပြီလား"
"လွမ်းတယ် ယောလ်...ငါ့ရဲ့ချန်းယောလ်လီကိုမေ့ဖို့ကြိုးစားနေထိုင်နေရင်းကိုပဲ တစ်နေ့မှ မမေ့နိုင်ခဲ့ပါဘူး..ချစ်တယ်"
"မောင်ကလည်း ဟော့ဒီနှလုံးသားတစ်ခုလုံးနဲ့ မောင့်ဘက်ခဟျွန်းနီးကို ချစ်မြတ်နိုးရပါတယ်"
ဖက်တွယ်လာသော သန်မာသည့်လက်များ
သူအမြဲထာဝရ ခိုလှုံချင်သော ရင်ခွင်
ကတိတွေ ထပ်ပေးစရာမလိုအောင် ဘယ်တော့မှ ခွဲသွားဖို့ မဖြစ်နိုင်အောင် အနမ်းတို့ဖြင့် ချည်နှောင်လိုက်ကြသည်...
ချစ်ခြင်းဟာ နာကျင်ရရင်တောင် ချိုမြိန်လွန်းသည်မလား..
နောက်ဘဝမှာ ပြန်လည်မွေးဖွားလာတိုင်း
ဒီလူသားကိုပဲ ထပ်မံရွေးချယ်ပြီး
ဒီလူသားဆီမှာပဲ နှလုံးသားတစ်ခုလုံး
သံသရာအဆက်ဆက် ပုံအပ်ဖို့ ကတိပြုပါသည်။
*** Happily Even After ***
[A big thank to my readers who have been here with me till the end. Love you loads]
ကိုယ့်ရဲ့ ခက်ခဲလှတဲ့ January လမှာ အတူတူရှိနေပေးခဲ့ကြလို့ စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။ Fic တွေအများကြီးထဲကမှ ဒါလေးကို စောင့်ပြီးဖက်ပေးတဲ့အတွက်ရောပေါ့ It means a lot to me.]
အစအဆုံးဖတ်ပြီး ခံစားချက်လေးတွေ အမှတ်တရ ပြောပေးသွားပါအုံး