Zawgyi
ေနာက္တစ္ေန႕မနက္မွာေတာ့ ရွဇီးအင္ပါယာဆီကို ဒန္နာရီတို႔လွည္းေရာက္လာၿပီးေနာက္မွာ သူတို႔ကအနားယူရန္အတြက္ တည္းခိုခန္းေတြရွာေဖြေတာ့သည္၊
တည္းခိုခန္းကို အၾကာႀကီးရွာေဖြခဲ့ေပမယ့္ သားရဲစီးနင္းၿပိဳင္ပြဲရွိတာေၾကာင့္ တည္းခိုခန္းတိုင္းက လူျပည့္ေနေတာ့သည္၊သူတို႔က တစ္ၿမိဳ႕လုံးရွာေဖြေပမယ့္ လြတ္ေနတဲ့အခန္းတစ္ခန္းပင္ မရွိေခ်၊
ေနာက္ဆုံးမွာေတာ့ မနက္စာစားရန္အတြက္သာ ဆိုင္တစ္ဆိုင္ကို ေ႐ြးလိုက္ေတာ့သည္၊မဒမ္ႏြန္းဟာ မ်ိဳးရိုးျမင့္ကသခင္မျဖစ္တာေၾကာင့္ နာမည္ႀကီးစားေသာက္ဆိုင္ႀကီးရဲ႕အထူးအထပ္မွာ မွာယူစားေသာက္ခြင္ရွိတာေၾကာင့္ ဒန္နာရီတို႔အဖြဲ႕ဟာ မနက္စာအတြက္ ခုံေနရာကို အၾကာႀကီးမရွာလိုက္ရေပ၊
ဒါေပမယ့္ အဓိကဇာတ္ေကာင္ေအာ္ရာေတြပိုင္ဆိုင္ထားတဲ့ဒန္နာရီတို႔အဖြဲ႕က ေအးေဆးေနရမည္ေလာ၊
ဒန္နာရီတို႔အထူးအထပ္ကိုေရာက္လာခ်ိန္မွာ လူငယ္တစ္ခ်ိဳ႕က မေက်နပ္စြာေျပာဆိုေနသံေတြကိုၾကားလိုက္ရသည္၊ ဒါေပမယ့္ သူတို႔နဲ႕မဆိုင္တာေၾကာင့္ ဒန္နာရီတို႔အဖြဲ႕က စားပြဲကိုလိုက္ျပေပးတဲ့စားပြဲထိုးေလးေနာက္ကိုသာ လိုက္သြားသည္၊
"ငါတို႔အဆင့္အတန္းက ဘာျဖစ္ေနလို႔လဲ!" လူငယ္တစ္ဦးက စားပြဲထိုးအလုပ္သမားေလးကို တင္းမာေနတဲ့ေလသံနဲ႕ေမးလိုက္သည္၊
"အထူးအထပ္ကို သခင္ေလးတို႔ဝင္မရပါဘူးဗ်၊ ဒုတိယထပ္ကို ႂကြေပးပါ" စားပြဲထိုးေလးက ေလးေလးစားစားနဲ႕ေျပာဆိုလိုက္ေပမယ့္ တစ္ဖက္က ေဒါသႀကီးစြာ လက္ပါလာေတာ့သည္၊
*ျဖန္း* က်ယ္ေလာင္တဲ့ပါးခ်သံက ပတ္ဝန္းက်င္ကိုျပန့္ႏွံ႕သြားၿပီး မဒမ္ႏြန္းရဲ႕ေျခလွမ္းမ်ားလည္း ရပ္တန့္သြားေတာ့သည္၊
စားပြဲထိုးရဲ႕ခႏၶာကိုယ္က အနည္းငယ္ယိုင္ယဲ့သြားၿပီး ပါးတစ္ျခမ္းက နီရဲသြားေပမယ့္ ရပ္ေနဆဲပင္၊ဒါေၾကာင့္ တစ္ဖက္ကလူငယ္က ပိုၿပီးစိတ္တိုလာကာ ေနာက္တစ္ႀကိမ္လက္ျမႇောက္လာခ်ိန္မွာ တားဆီးတဲ့အသံထြက္လာေတာ့သည္၊
"ရပ္လိုက္စမ္း"
ထိုလူငယ္နဲ႕စားပြဲထိုးၾကားမွာရပ္လိုက္ၿပီး မဒမ္ႏြန္းဟာ လူငယ္ကိုၾကည့္လိုက္သည္၊လူငယ္ကလည္း တားဆီးခံလိုက္ရတာေၾကာင့္ စိတ္တိုသြားကာ မဒမ္ႏြန္းကို စိတ္တိုစြာၾကည့္လိုက္ၿပီး ေျပာလာေတာ့သည္၊
"ခင္ဗ်ားက သူ႕အစား အရိုက္ခံခ်င္ေနတာ..." စကားအသံမဆုံးခင္မွာ လူငယ္ဟာ အေနာက္ဘက္ကို လြင့္ထြက္သြားတာ စားပြဲခုံတစ္လုံးကို ပစ္တိုက္သြားေတာ့သည္၊
"မင္းရဲ႕လက္ညစ္ပတ္ေတြနဲ႕ ငါ့အေမကို ႐ြယ္ရဲတယ္ေပါ့" အီရွရဲ႕မ်က္ဝန္းျပာမ်ားက ပန္းေရာင္ေျပာင္းသြားၿပီး ေဒါသထြက္စြာေတာက္ေလာင္ေနေတာ့သည္၊
လူငယ္က ျပန္မတ္တပ္ရပ္လာၿပီး အီရွကိုေဒါသႀကီးစြာၾကည့္ေနရင္း ေဘးနားရွိလူငယ္တစ္ဦးက တားဆီးလိုက္ၿပီး အီရွတို႔ကို ၾကည့္လိုက္သည္၊
"ငါတို႔ကိစၥကို ဝင္ပါရေအာင္ မင္းတို႔ကိုယ္မင္းတို႔ဘာထင္ေနလဲ"
"အဟက္ အနည္းဆုံးေတာ့ ငါတို႔က အထူးတန္းမွာစားဖို႔ အဆင့္မီေသးတယ္" အီရွစကားေၾကာင့္ တစ္ဖက္လူငယ္ေတြရဲ႕မ်က္ႏွာဟာ ရွက္႐ြံမႈေၾကာင့္ နီညိုေရာင္သန္းသြားၿပီး တိုက္ခိုက္ရန္ျပင္ခ်ိန္မွာ ေနာ့စ္နဲ႕အန္းလ္တိုက အီရွေရွ႕ေရာက္လာၿပီး လူငယ္တစ္သိုက္ကို စိုက္ၾကည့္လိုက္သည္၊
"ငါတို႔က မဟာေတာ္ဝင္ေက်ာင္းေတာ္က ေငြအဆင့္ေက်ာင္းသားေတြပဲ၊ဒါကို အဆင့္မရွိတဲ့စားပြဲထိုးက ငါတို႔ကိုတားဆီးလို႔ဆုံးမတာကို မင္းတို႔က ဘာကိစၥဝင္ပါရတာလဲ" လူငယ္ေတြက ေနာ့စ္နဲ႕အန္းလ္တိုရဲ႕အရွိန္အဝါကို အနည္းငယ္ၿဖဳံသြားၿပီး သူတို႔ရဲ႕အဆင့္အတန္းနဲ႕ေျခာက္လိုက္သည္၊
"ကြၽန္ေတာ္တို႔ စားေသာက္ဆိုင္မွာ တတိယအထပ္က ေက်ာင္းေတာ္ရဲ႕ေငြအဆင့္ေက်ာင္းသားေတြနဲ႕အျခားဂုဏ္သေရက်က္သေရရွိတဲ့သခင္ေလးနဲ႕သခင္မေလးေတြအတြက္ပါဗ်...၊ဒါေပမယ့္ အထူးထပ္ကေတာ့ ေ႐ႊအဆင့္နဲ႕အထက္ေက်ာင္းသားေတြနဲ႕ ဂုဏ္က်က္သေရရွိတဲ့သခင္၊သခင္မေတြအတြက္ပါဗ်"
စားပြဲထိုးေလးက ပါးရိုက္ခံရေသာ္လည္း မ်က္ႏွာတစ္ခ်က္ပ်က္သြားျခင္းမရွိပဲ သူ႕တာဝန္ကိုဆက္လုပ္ေနခဲ့သည္၊ဒီလူငယ္မ်ိဳးေတြကို ခဏခဏႀကဳံဖူးတာေၾကာင့္ စားပြဲထိုးေလးအေနနဲ႕ မၿဖဳံေတာ့ေပ၊
"သူတို႔ကေကာ!" လူငယ္အဖြဲ႕ထဲက တစ္ေယာက္က အီရွတို႔ကို အထင္ေသးစြာစိုက္ၾကည့္ရင္းေမးလိုက္သည္၊ အီရွတို႔လို ငယ္႐ြယ္တဲ့သူေတြက သူတို႔လိုေငြအဆင့္ေက်ာင္းသားေတြ ျဖစ္လိမ့္မည္မဟုတ္ေပ၊
စားပြဲထိုးေလးက သက္ျပင္းခ်လိဳက္ၿပီး မဒမ္ႏြန္းတို႔ဘက္ကို လွည့္ကာေမးရန္အလုပ္မွာ မဒမ္ႏြန္းတို႔ကို လမ္းျပေပးလာတဲ့စားပြဲထိုေလးက ေရွ႕ထြက္လာၿပီးေျပာလိုက္သည္၊
"ဒီက သခင္မတို႔အဖြဲ႕က အထူးထပ္မွာ စားသုံးဖို႔အဆင့္မွီပါတယ္ခဗ်၊ေက်းဇူးျပဳၿပီး ဧည့္သည္တို႔ အျခားစားသုံးသူကို မႏွောင့္ယွက္ပါနဲ႕"
"ငါတို႔က ဘယ္မွာႏွောက္ယွက္ေနလို႔လဲ"လူငယ္အဖြဲ႕ထဲက အေကာင္ေသးေသးနဲ႕လူငယ္က မေက်နပ္စြာေျပာရင္း စိတ္လည္းတိုလာေတာ့သည္၊သူတို႔ဘဝမွာ အခုလိုမ်ိဳး ဆက္ဆံရမယ္လို႔ မေတြးဖူးေပ၊
"ဒီစားပြဲထိုးေျပာခဲ့တုန္းက အထူးထပ္မွာစားေသာက္ခြင့္ရတဲ့ဧည့္သည္တိုင္းက ကိုယ္ပိုင္အဆင့္အတန္းရွိရမယ္ဆို..." ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေပါက္ပိုင္ဆိုင္ထားတဲ့လူငယ္က ဝင္ေရာက္ေျပာဆိုလာေတာ့သည္၊ထိုလူငယ္က တစ္ခ်ိန္လုံးၿငိမ္သက္ေနၿပီးေတာ့ တကယ့္အဓိကအခ်က္ကို ဆြဲထုတ္လာေတာ့သည္၊
ထိုအခါမွာ စားပြဲထိုးရဲ႕အမူအရာကေျပာင္းလဲသြားေတာ့သည္၊သူက လူငယ္ေတြ နားလည္ေအာင္ေျပာေနတုန္းမွာ အသုံးအႏူန္းမွားသြားတာသိေပမယ့္ အခုလိုမ်ိဳး ျပန္ၿပီးျဖတ္ရိုက္ခံရမယ္မထင္ခဲ့ေပ၊
"ဒါက လုံေလာက္လား" ဒန္နာရီက ေ႐ႊအဆင့္တံဆိပ္ျပားကို မဟာေတာ္ဝင္ေက်ာင္းက ေက်ာင္းသားေတြျမင္ေအာင္ျပလိုက္သည္၊ဒန္နာရီက အခ်ိန္မျဖဳန္းေစခ်င္ေပ၊ သူတို႔က တည္းခိုခန္းလည္း ရွာရအုံးမွာျဖစ္ၿပီး ဒီေနရာမွာျငင္းခုန္ၿပီး အခ်ိန္ကိုမပုပ္ခ်င္တာေၾကာင့္ ျပလိုက္သည္၊
အီရွတို႔ကလည္း ျပလိုက္ခ်ိန္မွာ လူငယ္ေတြရဲ႕မ်က္ႏွာက နီသြားၿပီး သူတို႔က ဘာမွမေျပာရဲေတာ့ပဲ ရွက္႐ြံစြာထြက္သြားေတာ့သည္၊ထိုအခါမွ မဒမ္ႏြန္းလည္း စားပြဲထိုးရဲ႕ပါးကို ထိလိုက္ၿပီး
"မင္းက စားပြဲထိုးျဖစ္ေနရင္ေတာင္ မင္းမိဘေတြရဲ႕အဖိုးတန္သားသမီးျဖစ္ေနအုံးမွာ...ဒါေၾကာင့္ သူမ်ားေတြ အနိုင္က်င့္တာ မခံနဲ႕" ေျပာလိုက္တာေၾကာင့္ စားပြဲထိုးရဲ႕အမူအရာက ထိရွသြားေတာ့သည္၊
မဒမ္ႏြန္းကလည္း ေျပာစရာရွိတာ ေျပာၿပီးေနာက္မွာ လမ္းျပေပးတဲ့စားပြဲထိုးေလးကို လမ္းကိုဦးေဆာင္ခိုင္းလိုက္သည္၊က်န္ရစ္ခဲ့တဲ့စားပြဲထိုးကေတာ့ ႏူတ္ခမ္းမ်ားေတာက္ပစြာၿပဳံးေနၿပီး မဒမ္ႏြန္းကိုေလးစားစြာၾကည့္ေနခဲ့သည္၊
တစ္နာရီေက်ာ္ၾကာၿပီးေနာက္မွာေတာ့ ဒန္နာရီတို႔အဖြဲ႕က စားလို႔ေသာက္လို႔ၿပီးဆုံးသြားၿပီျဖစ္တာေၾကာင့္ စားေသာက္ဆိုင္မွ ထိုင္လာၿပီး အနီးအနားကိုလွည့္လည္သြားေတာ့သည္၊မဒမ္ႏြန္းကေတာ့ တည္းခိုခန္းရွာေဖြဖို႔အတြက္ လွည္းနဲ႕ထြက္သြားၿပီး ဒန္နာရီတို႔က လည္ပတ္ဖို႔အတြက္ က်န္ရစ္ခဲ့ၾကသည္၊
သားရဲစီးနင္းၿပိဳင္ပြဲရွိတာေၾကာင့္ ၿမိဳ႕ေတာ္က စည္ကားေနၿပီး လူတိုင္းကပြဲေတာ္ကို ေပ်ာ္႐ႊင္စြာတင္ႏႊဲေနေတာ့သည္၊ပြဲေတာ္ေန႕ဆိုရင္ ျပည္သူျပည္သားေတြက ေပ်ာ္႐ႊင္စြာကေနၾကၿပီး အျခားအရပ္ေဒသမွလာတဲ့သူေတြကိုလည္း အကဝိုင္းသို႔ဖိတ္ေခၚၾကေတာ့သည္၊
ရွီရယ္တို႔လည္း အကက်င္းပရာေနရာကို ေရာက္သြားၿပီး ကေလးမေလးက ရွီရယ္ကိုလက္ကေနဆြဲေခၚသြားေတာ့သည္၊ရွီရယ္ကလည္း အနီးနားမွာရွိတဲ့စီရက္စ္ရဲ႕လက္ေမာင္းကို ဆုပ္ကိုင္လိုက္တာေၾကာင့္ စီရက္စ္ပါ ပါသြားေတာ့သည္၊ထို႔ေနာက္မွာ ေနာ့စ္က အီရွကိုဖိတ္ေခၚၿပီးေတာ့ အကဝိုင္းထဲဝင္သြားၿပီး ဒန္နာရီနဲ႕အန္းလ္တိုသာက်န္ခဲ့ေတာ့သည္၊ အန္းလ္တိုက မကတတ္တာေၾကာင့္ က်န္ရစ္ခဲ့ၿပီး ဒန္နာရီကလည္း ကဖို႔စိတ္မဝင္စားတာေၾကာင့္ ၾကည့္႐ုံသာၾကည့္ေနသည္၊
အကုန္လုံး ေပ်ာ္႐ႊင္စြာခုန္ေပါက္ေနၿပီး ရယ္သံမ်ားဟာ ပတ္ဝန္းက်င္ကိုကူးစက္သြားၿပီး လူတိုင္းကလည္း လက္ခုပ္တီးကာအားေပးေနၾကေတာ့သည္၊
ထိုခ်ိန္မွာ လူတစ္ေယာက္က ဒန္နာရီအနားကပ္လာေတာ့သည္၊ဒန္နာရီက သတိထားမိသြားၿပီး တိုက္ခိုက္ဖို႔အသင့္ျပင္ခ်ိန္မွာ တစ္ဖက္က ဒန္နာရီလက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး ေျပာလာေတာ့သည္၊
"ကိုယ့္ကို မမွတ္မိဘူးလား သခင္ေလး"
------------
Chapter-131ေမွ်ာ္
စာေရးဆရာေျပာစရာရွိသည္၊
bibliobay website မွာ အပိုင္း-157ထိ ေရာက္ေနပါၿပီဗ်၊ႀကိဳဖတ္ခ်င္ရင္ paidဝင္နိုင္သလို အဲwebsiteမွာသြားဖတ္နိုင္တယ္ေနာ္ ၊
အေသးစိတ္သိခ်င္ရင္ ch-124ေအာက္က "Hello"ဆိုတဲ့ေခါင္းစဥ္ထဲမွာ အေသးစိတ္ရွင္းျပထားပါတယ္၊
Unicode
နောက်တစ်နေ့မနက်မှာတော့ ရှဇီးအင်ပါယာဆီကို ဒန်နာရီတို့လှည်းရောက်လာပြီးနောက်မှာ သူတို့ကအနားယူရန်အတွက် တည်းခိုခန်းတွေရှာဖွေတော့သည်၊
တည်းခိုခန်းကို အကြာကြီးရှာဖွေခဲ့ပေမယ့် သားရဲစီးနင်းပြိုင်ပွဲရှိတာကြောင့် တည်းခိုခန်းတိုင်းက လူပြည့်နေတော့သည်၊သူတို့က တစ်မြို့လုံးရှာဖွေပေမယ့် လွတ်နေတဲ့အခန်းတစ်ခန်းပင် မရှိချေ၊
နောက်ဆုံးမှာတော့ မနက်စာစားရန်အတွက်သာ ဆိုင်တစ်ဆိုင်ကို ရွေးလိုက်တော့သည်၊မဒမ်နွန်းဟာ မျိုးရိုးမြင့်ကသခင်မဖြစ်တာကြောင့် နာမည်ကြီးစားသောက်ဆိုင်ကြီးရဲ့အထူးအထပ်မှာ မှာယူစားသောက်ခွင်ရှိတာကြောင့် ဒန်နာရီတို့အဖွဲ့ဟာ မနက်စာအတွက် ခုံနေရာကို အကြာကြီးမရှာလိုက်ရပေ၊
ဒါပေမယ့် အဓိကဇာတ်ကောင်အော်ရာတွေပိုင်ဆိုင်ထားတဲ့ဒန်နာရီတို့အဖွဲ့က အေးဆေးနေရမည်လော၊
ဒန်နာရီတို့အထူးအထပ်ကိုရောက်လာချိန်မှာ လူငယ်တစ်ချို့က မကျေနပ်စွာပြောဆိုနေသံတွေကိုကြားလိုက်ရသည်၊ ဒါပေမယ့် သူတို့နဲ့မဆိုင်တာကြောင့် ဒန်နာရီတို့အဖွဲ့က စားပွဲကိုလိုက်ပြပေးတဲ့စားပွဲထိုးလေးနောက်ကိုသာ လိုက်သွားသည်၊
"ငါတို့အဆင့်အတန်းက ဘာဖြစ်နေလို့လဲ!" လူငယ်တစ်ဦးက စားပွဲထိုးအလုပ်သမားလေးကို တင်းမာနေတဲ့လေသံနဲ့မေးလိုက်သည်၊
"အထူးအထပ်ကို သခင်လေးတို့ဝင်မရပါဘူးဗျ၊ ဒုတိယထပ်ကို ကြွပေးပါ" စားပွဲထိုးလေးက လေးလေးစားစားနဲ့ပြောဆိုလိုက်ပေမယ့် တစ်ဖက်က ဒေါသကြီးစွာ လက်ပါလာတော့သည်၊
*ဖြန်း* ကျယ်လောင်တဲ့ပါးချသံက ပတ်ဝန်းကျင်ကိုပြန့်နှံ့သွားပြီး မဒမ်နွန်းရဲ့ခြေလှမ်းများလည်း ရပ်တန့်သွားတော့သည်၊
စားပွဲထိုးရဲ့ခန္ဓာကိုယ်က အနည်းငယ်ယိုင်ယဲ့သွားပြီး ပါးတစ်ခြမ်းက နီရဲသွားပေမယ့် ရပ်နေဆဲပင်၊ဒါကြောင့် တစ်ဖက်ကလူငယ်က ပိုပြီးစိတ်တိုလာကာ နောက်တစ်ကြိမ်လက်မြှောက်လာချိန်မှာ တားဆီးတဲ့အသံထွက်လာတော့သည်၊
"ရပ်လိုက်စမ်း"
ထိုလူငယ်နဲ့စားပွဲထိုးကြားမှာရပ်လိုက်ပြီး မဒမ်နွန်းဟာ လူငယ်ကိုကြည့်လိုက်သည်၊လူငယ်ကလည်း တားဆီးခံလိုက်ရတာကြောင့် စိတ်တိုသွားကာ မဒမ်နွန်းကို စိတ်တိုစွာကြည့်လိုက်ပြီး ပြောလာတော့သည်၊
"ခင်ဗျားက သူ့အစား အရိုက်ခံချင်နေတာ..." စကားအသံမဆုံးခင်မှာ လူငယ်ဟာ အနောက်ဘက်ကို လွင့်ထွက်သွားတာ စားပွဲခုံတစ်လုံးကို ပစ်တိုက်သွားတော့သည်၊
"မင်းရဲ့လက်ညစ်ပတ်တွေနဲ့ ငါ့အမေကို ရွယ်ရဲတယ်ပေါ့" အီရှရဲ့မျက်ဝန်းပြာများက ပန်းရောင်ပြောင်းသွားပြီး ဒေါသထွက်စွာတောက်လောင်နေတော့သည်၊
လူငယ်က ပြန်မတ်တပ်ရပ်လာပြီး အီရှကိုဒေါသကြီးစွာကြည့်နေရင်း ဘေးနားရှိလူငယ်တစ်ဦးက တားဆီးလိုက်ပြီး အီရှတို့ကို ကြည့်လိုက်သည်၊
"ငါတို့ကိစ္စကို ဝင်ပါရအောင် မင်းတို့ကိုယ်မင်းတို့ဘာထင်နေလဲ"
"အဟက် အနည်းဆုံးတော့ ငါတို့က အထူးတန်းမှာစားဖို့ အဆင့်မီသေးတယ်" အီရှစကားကြောင့် တစ်ဖက်လူငယ်တွေရဲ့မျက်နှာဟာ ရှက်ရွံမှုကြောင့် နီညိုရောင်သန်းသွားပြီး တိုက်ခိုက်ရန်ပြင်ချိန်မှာ နော့စ်နဲ့အန်းလ်တိုက အီရှရှေ့ရောက်လာပြီး လူငယ်တစ်သိုက်ကို စိုက်ကြည့်လိုက်သည်၊
"ငါတို့က မဟာတော်ဝင်ကျောင်းတော်က ငွေအဆင့်ကျောင်းသားတွေပဲ၊ဒါကို အဆင့်မရှိတဲ့စားပွဲထိုးက ငါတို့ကိုတားဆီးလို့ဆုံးမတာကို မင်းတို့က ဘာကိစ္စဝင်ပါရတာလဲ" လူငယ်တွေက နော့စ်နဲ့အန်းလ်တိုရဲ့အရှိန်အဝါကို အနည်းငယ်ဖြုံသွားပြီး သူတို့ရဲ့အဆင့်အတန်းနဲ့ခြောက်လိုက်သည်၊
"ကျွန်တော်တို့ စားသောက်ဆိုင်မှာ တတိယအထပ်က ကျောင်းတော်ရဲ့ငွေအဆင့်ကျောင်းသားတွေနဲ့အခြားဂုဏ်သရေကျက်သရေရှိတဲ့သခင်လေးနဲ့သခင်မလေးတွေအတွက်ပါဗျ...၊ဒါပေမယ့် အထူးထပ်ကတော့ ရွှေအဆင့်နဲ့အထက်ကျောင်းသားတွေနဲ့ ဂုဏ်ကျက်သရေရှိတဲ့သခင်၊သခင်မတွေအတွက်ပါဗျ"
စားပွဲထိုးလေးက ပါးရိုက်ခံရသော်လည်း မျက်နှာတစ်ချက်ပျက်သွားခြင်းမရှိပဲ သူ့တာဝန်ကိုဆက်လုပ်နေခဲ့သည်၊ဒီလူငယ်မျိုးတွေကို ခဏခဏကြုံဖူးတာကြောင့် စားပွဲထိုးလေးအနေနဲ့ မဖြုံတော့ပေ၊
"သူတို့ကကော!" လူငယ်အဖွဲ့ထဲက တစ်ယောက်က အီရှတို့ကို အထင်သေးစွာစိုက်ကြည့်ရင်းမေးလိုက်သည်၊ အီရှတို့လို ငယ်ရွယ်တဲ့သူတွေက သူတို့လိုငွေအဆင့်ကျောင်းသားတွေ ဖြစ်လိမ့်မည်မဟုတ်ပေ၊
စားပွဲထိုးလေးက သက်ပြင်းချလိုက်ပြီး မဒမ်နွန်းတို့ဘက်ကို လှည့်ကာမေးရန်အလုပ်မှာ မဒမ်နွန်းတို့ကို လမ်းပြပေးလာတဲ့စားပွဲထိုလေးက ရှေ့ထွက်လာပြီးပြောလိုက်သည်၊
"ဒီက သခင်မတို့အဖွဲ့က အထူးထပ်မှာ စားသုံးဖို့အဆင့်မှီပါတယ်ခဗျ၊ကျေးဇူးပြုပြီး ဧည့်သည်တို့ အခြားစားသုံးသူကို မနှောင့်ယှက်ပါနဲ့"
"ငါတို့က ဘယ်မှာနှောက်ယှက်နေလို့လဲ"လူငယ်အဖွဲ့ထဲက အကောင်သေးသေးနဲ့လူငယ်က မကျေနပ်စွာပြောရင်း စိတ်လည်းတိုလာတော့သည်၊သူတို့ဘဝမှာ အခုလိုမျိုး ဆက်ဆံရမယ်လို့ မတွေးဖူးပေ၊
"ဒီစားပွဲထိုးပြောခဲ့တုန်းက အထူးထပ်မှာစားသောက်ခွင့်ရတဲ့ဧည့်သည်တိုင်းက ကိုယ်ပိုင်အဆင့်အတန်းရှိရမယ်ဆို..." ချစ်စရာကောင်းတဲ့မျက်နှာပေါက်ပိုင်ဆိုင်ထားတဲ့လူငယ်က ဝင်ရောက်ပြောဆိုလာတော့သည်၊ထိုလူငယ်က တစ်ချိန်လုံးငြိမ်သက်နေပြီးတော့ တကယ့်အဓိကအချက်ကို ဆွဲထုတ်လာတော့သည်၊
ထိုအခါမှာ စားပွဲထိုးရဲ့အမူအရာကပြောင်းလဲသွားတော့သည်၊သူက လူငယ်တွေ နားလည်အောင်ပြောနေတုန်းမှာ အသုံးအနူန်းမှားသွားတာသိပေမယ့် အခုလိုမျိုး ပြန်ပြီးဖြတ်ရိုက်ခံရမယ်မထင်ခဲ့ပေ၊
"ဒါက လုံလောက်လား" ဒန်နာရီက ရွှေအဆင့်တံဆိပ်ပြားကို မဟာတော်ဝင်ကျောင်းက ကျောင်းသားတွေမြင်အောင်ပြလိုက်သည်၊ဒန်နာရီက အချိန်မဖြုန်းစေချင်ပေ၊ သူတို့က တည်းခိုခန်းလည်း ရှာရအုံးမှာဖြစ်ပြီး ဒီနေရာမှာငြင်းခုန်ပြီး အချိန်ကိုမပုပ်ချင်တာကြောင့် ပြလိုက်သည်၊
အီရှတို့ကလည်း ပြလိုက်ချိန်မှာ လူငယ်တွေရဲ့မျက်နှာက နီသွားပြီး သူတို့က ဘာမှမပြောရဲတော့ပဲ ရှက်ရွံစွာထွက်သွားတော့သည်၊ထိုအခါမှ မဒမ်နွန်းလည်း စားပွဲထိုးရဲ့ပါးကို ထိလိုက်ပြီး
"မင်းက စားပွဲထိုးဖြစ်နေရင်တောင် မင်းမိဘတွေရဲ့အဖိုးတန်သားသမီးဖြစ်နေအုံးမှာ...ဒါကြောင့် သူများတွေ အနိုင်ကျင့်တာ မခံနဲ့" ပြောလိုက်တာကြောင့် စားပွဲထိုးရဲ့အမူအရာက ထိရှသွားတော့သည်၊
မဒမ်နွန်းကလည်း ပြောစရာရှိတာ ပြောပြီးနောက်မှာ လမ်းပြပေးတဲ့စားပွဲထိုးလေးကို လမ်းကိုဦးဆောင်ခိုင်းလိုက်သည်၊ကျန်ရစ်ခဲ့တဲ့စားပွဲထိုးကတော့ နူတ်ခမ်းများတောက်ပစွာပြုံးနေပြီး မဒမ်နွန်းကိုလေးစားစွာကြည့်နေခဲ့သည်၊
တစ်နာရီကျော်ကြာပြီးနောက်မှာတော့ ဒန်နာရီတို့အဖွဲ့က စားလို့သောက်လို့ပြီးဆုံးသွားပြီဖြစ်တာကြောင့် စားသောက်ဆိုင်မှ ထိုင်လာပြီး အနီးအနားကိုလှည့်လည်သွားတော့သည်၊မဒမ်နွန်းကတော့ တည်းခိုခန်းရှာဖွေဖို့အတွက် လှည်းနဲ့ထွက်သွားပြီး ဒန်နာရီတို့က လည်ပတ်ဖို့အတွက် ကျန်ရစ်ခဲ့ကြသည်၊
သားရဲစီးနင်းပြိုင်ပွဲရှိတာကြောင့် မြို့တော်က စည်ကားနေပြီး လူတိုင်းကပွဲတော်ကို ပျော်ရွှင်စွာတင်နွှဲနေတော့သည်၊ပွဲတော်နေ့ဆိုရင် ပြည်သူပြည်သားတွေက ပျော်ရွှင်စွာကနေကြပြီး အခြားအရပ်ဒေသမှလာတဲ့သူတွေကိုလည်း အကဝိုင်းသို့ဖိတ်ခေါ်ကြတော့သည်၊
ရှီရယ်တို့လည်း အကကျင်းပရာနေရာကို ရောက်သွားပြီး ကလေးမလေးက ရှီရယ်ကိုလက်ကနေဆွဲခေါ်သွားတော့သည်၊ရှီရယ်ကလည်း အနီးနားမှာရှိတဲ့စီရက်စ်ရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်တာကြောင့် စီရက်စ်ပါ ပါသွားတော့သည်၊ထို့နောက်မှာ နော့စ်က အီရှကိုဖိတ်ခေါ်ပြီးတော့ အကဝိုင်းထဲဝင်သွားပြီး ဒန်နာရီနဲ့အန်းလ်တိုသာကျန်ခဲ့တော့သည်၊ အန်းလ်တိုက မကတတ်တာကြောင့် ကျန်ရစ်ခဲ့ပြီး ဒန်နာရီကလည်း ကဖို့စိတ်မဝင်စားတာကြောင့် ကြည့်ရုံသာကြည့်နေသည်၊
အကုန်လုံး ပျော်ရွှင်စွာခုန်ပေါက်နေပြီး ရယ်သံများဟာ ပတ်ဝန်းကျင်ကိုကူးစက်သွားပြီး လူတိုင်းကလည်း လက်ခုပ်တီးကာအားပေးနေကြတော့သည်၊
ထိုချိန်မှာ လူတစ်ယောက်က ဒန်နာရီအနားကပ်လာတော့သည်၊ဒန်နာရီက သတိထားမိသွားပြီး တိုက်ခိုက်ဖို့အသင့်ပြင်ချိန်မှာ တစ်ဖက်က ဒန်နာရီလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလာတော့သည်၊
"ကိုယ့်ကို မမှတ်မိဘူးလား သခင်လေး"
------------
Chapter-131မျှော်
စာရေးဆရာပြောစရာရှိသည်၊
bibliobay website မှာ အပိုင်း-157ထိ ရောက်နေပါပြီဗျ၊ကြိုဖတ်ချင်ရင် paidဝင်နိုင်သလို အဲwebsiteမှာသွားဖတ်နိုင်တယ်နော် ၊
အသေးစိတ်သိချင်ရင် ch-124အောက်က "Hello"ဆိုတဲ့ခေါင်းစဥ်ထဲမှာ အသေးစိတ်ရှင်းပြထားပါတယ်၊