အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

851K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-129

2.2K 347 3
By Neko_san_ZP

Zawgyi

မိုင္နိုးရက္္စ္ေက်ာင္းေတာ္မွာေတာ့ ပထမႏွစ္ရဲ႕ဒီတန္းေက်ာင္းသားေတြရဲ႕လက္ရည္ယွဥ္ၿပိဳင္ပြဲအလွည့္ကိုေရာက္လာေတာ့သည္၊ပထမႏွစ္ရဲ႕ဒီအတန္းေက်ာင္းသားေတြက အစတည္းက ေအာင္ျမင္သူနည္းလွၿပီး အေယာက္သုံးဆယ္ေလာက္ပဲရွိသည္၊

ေနာက္တစ္ခ်က္ကေတာ့ ဒန္နာရီတို႔အဖြဲ႕က စမ္းသပ္ခ်က္တိုင္းမွာ ထိပ္တန္းအဆင့္ကိုဝင္ခဲ့တာေၾကာင့္ ေနာက္ဆုံးအေယာက္ငါးဆယ္ပြဲမွာသာ စၿပီးယွဥ္ၿပိဳင္ရလိမ့္မည္၊

လက္ရွိအခါမွာေတာ့ ဒန္နာရီတို႔အဖြဲ႕က အီရွရဲ႕အေမနဲ႕အေဖေရွ႕မွာေရာက္ေနၿပီး ေနာ့စ္နဲ႕အန္းလ္တိုကေတာ့ ေတာင့္ေတာင့္ႀကီးထိုင္ေနေတာ့သည္၊ဒန္နာရီကိုယ္တိုင္ကလည္း သူ႕ကိုယ္သူ သားသမီးလာေတာင္းရမ္းတဲ့ေယာကၡမႀကီးတစ္​ေယာက္လိုခံစားေနရေတာ့သည္၊

ဒန္နာရီတို႔ရဲ႕ပထမအစီအစဥ္က ၿပိဳင္ပြဲကိုသြားၾကည့္ၿပီးေတာ့ ေလ့က်င့္ေရးကြင္းမွာ ေမွာ္အမွတ္ရွာရန္သာျဖစ္ေပမယ့္ လမ္းမွာ မဒမ္ႏြန္းနဲ႕ေတြ႕တာ အဖြဲ႕လိုက္ပါလာခဲ့သည္၊စီနီယာေနာ့စ္ကလည္း သူတို႔နဲ႕အတူ လမ္းမွာဆုံခဲ့ျခင္းသာျဖစ္သည္၊

လက္ရွိအေျခအေနကို ျပန္သြားရေအာင္...

အခုခ်ိန္မွာ စီရက္စ္နဲ႕ရွီရယ္က အေနာက္မွာမတ္တပ္ရပ္ေနၿပီး သူတို႔နဲ႕မဆိုင္သလိုေနေနၿပီး ေနာစ့္နဲ႕အန္းလ္တိုကေတာ့ အီရွကို ဆိုဖာခုံရွည္ရဲ႕အလယ္မွာထားထားၿပီး သူတို႔ကေဘးဘက္မွာထိုင္ေနၾကသည္၊ဒါေပမယ့္ အမူအရာေတြက သိပ္ၿပီးေတာ့မေကာင္းေပ၊

"မင္းတို႔က ငါ့သားရဲ႕ခ်စ္သူေတြေပါ့"

"ဟုတ္ပါတယ္"

"မဟုတ္ပါဘူး" ႏွစ္ေယာက္လုံးက မတူညီတဲ့အေျဖထြက္လာခ်ိန္မွာ အီရွရဲ႕အေဖက မ်က္ေမွာင္ၾကဳတ္သြားကာ သူတို႔အားေအးစက္စက္ၾကည့္လာေတာ့သည္၊

"ကြၽန္ေတာ္က ခ်စ္ခြင့္ပန္ၿပီးသားပါဗ် ဒါေၾကာင့္ ခ်စ္သူေတြဆိုတာ ဟုတ္ပါတယ္" အန္းလ္တိုက လက္သီးကိုက်စ္က်စ္ဆုပ္ရင္း အားတင္းကာေျပာလိုက္သည္၊ဘယ္ေလာက္ပဲ ရဲရင့္တဲ့သူျဖစ္ပါေစ ကိုယ့္ေယာကၡထီးကိုေတာ့ ေၾကာက္လန့္ၾကသည္မလား၊

"ကြၽန္ေတာ္က အီရွရဲ႕သတို႔သားေလာင္းပါဗ် ဒါေပမယ့္ ခ်စ္သူေတာ့မဟုတ္ေသးပါဘူး" ေနာ့စ္ကလည္း အီရွရဲ႕အေဖကို တစ္ခ်က္ၾကည့္ရင္းေျဖလိုက္သည္၊

"ေအး...အီရွ သားေကာ ဘယ္လိုထင္လဲ"

"ဘယ္လိုထင္ရမွာလဲ သူတို႔ႏွစ္ေယာက္လုံးက ေခ်ာတယ္ေလ...သားလည္း သေဘာက်တယ္"

"ကိုယ္လည္း သေဘာက်တယ္"ေနာ့စ္က အီရွကိုတိုးတိုးေလးေျပာလိုက္သည္၊

"ထားပါ အခုခ်ိန္က မင္းတို႔အေၾကာင္းကိုေဆြးႏြေးဖို႔မဟုတ္ဘူး ငါက မင္းတို႔အဖြဲ႕ကို အကူအညီေတာင္းခ်င္လို႔ပဲ"

"ကြၽန္ေတာ့္တို႔ကိုလား"ဒန္နာရီက ေမးလိုက္ေတာ့ ေခါင္းေဆာင္ႏြန္းက ေခါင္းညိတ္လက္ခံကာေျဖလာေတာ့သည္၊

"ဟုတ္္တယ္..."

"ေခါင္းေဆာင္ႏြန္းကိုယ္တိုင္ အကူညီေတာင္းတယ္ဆိုေတာ့...ဘယ္လိုကိစၥမ်ိဳးမို႔လို႔လဲ" ဒန္နာရီက ကူညီေပးခ်င္ေပမယ့္ သူတို႔က အခုမွ အျမႇီးအေတာင္ေပါက္တဲ့အ႐ြယ္ေလးေတြပဲရွိေသးတာေလ၊

"စိတ္မပူပါနဲ႕ ငါကမင္းတို႔ကို အႏၱရာယ္ေတာထဲမပို႔ပါဘူး" ေခါင္းေဆာင္ႏြန္းက ေျပာလိုက္ၿပီးေနာက္မွာ စာအိတ္တစ္အိတ္နဲ႕တံဆိပ္ျပားတစ္ျပားကို စားပြဲခုံေပၚတင္လိုက္သည္၊

"မင္းတို႔ကို အလင္းေက်ာင္းေတာ္ကို ေစလႊတ္ခ်င္လို႔ပဲ "

"အလင္းေက်ာင္းေတာ္ကို..."

"ဟုတ္တယ္... ပထမက တတိယႏွစ္မွာရွိတဲ့ငါ့လူေတြကို လႊတ္ဖို႔ပဲ သူတို႔က စစ္ေျမျပင္ကို အေလာတႀကီးထြက္သြားတာေၾကာင့္ ေနာက္ထပ္ယုံၾကည္ၿပီး အကူအညီေတာင္းရမဲ့သူက မင္းတို႔ပဲရွိေတာ့တယ္"

"ေခါင္းေဆာင္ႏြန္းက ကြၽန္ေတာ္တို႔ကို ဘာလို႔ယုံၾကည္ရတာလဲ"

"ငါတို႔က ငါတို႔ရဲ႕'ႏြန္း'မ်က္စိကို ယုံၾကည္ၾကတယ္...ႏြန္းေတြရဲ႕နတ္မ်က္စိေရွ႕မွာ ဘယ္အရာမွ လိမ္လည္လို႔မရဘူး" ေခါင္းေဆာင္ႏြန္းရဲ႕မ်က္ဝန္းျပာမ်ားက ေ႐ႊေရာင္လင္းလက္ေတာက္ပေနေတာ့သည္၊ဒါေၾကာင့္ ဒန္နာရီရဲ႕အၾကည့္ေတြက အီရွဆီေရာက္သြားေတာ့သည္၊

အီရွရဲ႕မူလမ်က္လုံးကလည္း အျပာေရာင္ျဖစ္ၿပီး လက္ရွိအခ်ိန္အခါမွာ ဘာေၾကာင့္ ပန္းေရာင္ျဖစ္ေနရတာလဲ၊ ဒန္နာရီရဲ႕အၾကည့္ေတြကို ရိပ္မိသြားတဲ့ မဒမ္ႏြန္းက ၿပဳံးၿပဳံးေလးနဲ႕ရွင္းျပလာ​ေတာ့သည္၊

"ေသြးပင္လယ္လို႔ေခၚတဲ့သတ္ျဖတ္ျခင္း'ေသမင္းနတ္မ်က္စိပိုင္ရွင္က ႏွစ္တစ္ေသာင္းမွာ တစ္ေယာက္ပဲ ႏြန္းေတြဆီကို ဘုရားသခင္ကေပးအပ္ေလ့ရွိတယ္၊ ဒီတစ္ေခါက္ ေသမင္းနတ္မ်က္စိနဲ႕ေမြးဖြားလာတဲ့သူက အီရွျဖစ္ေနခဲ့တာေလ၊ အီရွက အျခားႏြန္းေတြနဲ႕မတူပဲ သူ႕မ်က္ဝန္းအေရာင္ေတြက အၿမဲေျပာင္းလဲတယ္၊ဒါေပမယ့္ ပန္းေရာင္ကို ခဏခဏေျပာင္းလာရင္ေတာ့ ေကာင္းတဲ့အခ်က္ပဲေလ၊အဲတာ အဆင့္တက္ျမန္ၿပီးေတာ့ ေသမင္းနတ္မ်က္စိရဲ႕တတိယအဆင့္ 'အတုအေယာင္မ်က္လုံး'အဆင့္ကို ေရာက္ေတာ့မယ္လို႔ဆိုလိုတာပဲ...ေနာက္ပိုင္းဆိုရင္ အီရွရဲ႕မူလမ်က္ဝန္းအေရာင္ေတြကို ျပန္ရရင္ ရနိုင္ပါလိမ့္မယ္"

ထိုအခါမွာ က်န္တဲ့သူေတြလည္း နားလည္သြားၾကေတာ့သည္၊ထို႔ေနာက္မွာေတာ့ ဒန္နာရီက သူတို႔က ေနာက္သုံးရက္ဆိုရင္ အေယာက္ငါးဆယ္ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ရမည္ျဖစ္တာေၾကာင့္ ေခါင္းေဆာင္ႏြန္းကိစၥကို မမွီမည္ကို စိုးရိမ္ေနေတာ့သည္၊

"အဲၿပိဳင္ပြဲက အဲေလာက္လည္း အေရးမႀကီးပါဘူး...ၿပီးေတာ့ ၿပိဳင္ပြဲရဲ႕အဓိကရည္႐ြယ္ခ်က္က ေက်ာင္းသားေတြအတြက္ ဆရာရွာေဖြဖို႔ပဲေလ...ၿပီးေတာ့ မင္းတို႔ရဲ႕ရည္႐ြယ္ခ်က္က ေက်ာင္းၿပိဳင္ပြဲမွာမရွိဘူး..."

"အလင္းငွက္ရဲ႕ေသြးမွင္က အလင္းေက်ာင္းေတာ္မွာပဲ ရွိလိမ့္မယ္" ေခါင္းေဆာင္ႏြန္းစကားေၾကာင့္ ဒန္နာရီတို႔မွာ အံေအာသြားေတာ့သည္၊ဒါေပမယ့္ ေခါင္းေဆာင္ႏြန္းက အီရွရဲ႕အေဖျဖစ္တာေၾကာင့္ သူတို႔အစီအစဥ္ကိုသိေလာက္မည္ဟုေတြးလိုက္ၾကသည္၊

"မင္းတို႔ေကာ ဘယ္လိုသေဘာရလဲ" ဒန္နာရီက က်န္တဲ့သူေတြကိုေမးလိုက္ေတာ့ စီရက္စ္တို႔ကလည္း သေဘာတူစြာေခါင္းညိတ္လိုက္သည္၊သူတို႔အေနနဲ႕ လုပ္သင့္တာ လုပ္ၿပီးၿပီေလ၊ အစတည္းက ၿပိဳင္ပြဲနဲ႕ပတ္သတ္ၿပီး အေလးအနက္မထားထားေပ၊

"မနက္ျဖန္ သြားၾကတာေပါ့" အီရွရဲ႕မိခင္ကေျပာလိုက္သည္၊ထို႔ေနာက္မွာေတာ့ ဒန္နာရီက အီရွတို႔ကိုေခၚကာ အီရွအခန္းထဲကိုသြားေတာ့သည္၊ သူက ေက်ာင္းဝတ္စုံေပၚမွာ အစီအရင္တစ္ခုဆြဲေပးမည္ျဖစ္တာေၾကာင့္ သူတို႔ရဲ႕ေက်ာင္းဝတ္စုံေတြကို ေတာင္းလိုက္ၿပီး အက်ိဳးအေၾကာင္းေျပာလိုက္သည္၊

မနက္ျဖန္သြားမည့္ထဲမွာ ေနာ့စ္လည္းပါဝင္ေနၿပီး သူက အေပၚကုတ္ကိုေပးၿပီးတာနဲ႕ သူ႕ဆရာဆီက ခြင့္ျပဳခ်က္ယူရန္ထြက္သြားေတာ့သည္၊အန္းလ္တိုက ဆရာလ်ဴးဝစ္ရဲ႕တရားဝင္တပည့္မဟုတ္ေသးတာေၾကာင့္ ခြင့္ျပဳခ်က္ေတာင္းစရာမလိုအပ္ေပ၊

ဒန္နာရီက သူ႕သူငယ္ခ်င္းေတြအတြက္ သုံးနာရီေလာက္ႀကိဳးစားေပးၿပီးေနာက္မွာေတာ့ အဘိုးအိုရာ့လ္နဲ႕ဆရာရန္ဆီကို စာပို႔ေပးလိုက္သည္၊ဆရာႏွစ္ေယာက္ရွိေတာ့လည္း ႏွစ္ေယာက္လုံးကို အေၾကာင္းအၾကားရတာပဲေလ၊

ေနာက္တစ္ေန႕ မနက္ေရာက္ခ်ိန္မွာ ဒန္နာရီတို႔အဖြဲ႕က အဆင္သင့္ျဖစ္ေနၿပီး ေက်ာင္းေတာ္ကေနစၿပီးထြက္ခြာလာေတာ့သည္၊ဒါက ေက်ာင္းေတာ္ေရာက္ၿပီးေနာက္မွာ ပထမဆုံးအျပင္ေလာကကို ျပန္လည္ထြက္ခြာလာရျခင္းျဖစ္သည္၊လွပတဲ့ျမင္းျဖဴမ်ားဆြဲထားတဲ့ေငြေရာင္လွည္းအိမ္ႀကီးက ဒန္နာရီတို႔အေရွ႕မွာ ရပ္တန့္လာၿပီး လွည္းထဲကေန မဒမ္ႏြန္းက ထြက္လာေတာ့သည္၊

"တက္ခဲ့ၾကေလ ကေလးတို႔"

ဒန္နာရီတို႔လည္း လွည္းေပၚတက္လာၿပီး လွည္းက အျပင္ကနဲ႕မတူပဲ အထဲမွာ ပိုမိုက်ယ္ဝန္းေနေၾကာင္းေတြ႕လိုက္ရသည္၊ထို႔ေနာက္မွာေတာ့ လွည္းကစတင္ေမာင္းႏွင္လိုက္ၿပီး အလင္းေက်ာင္းေတာ္ရွိရာကိုထြက္လာေတာ့သည္၊

"ဒန္နာရီတို႔က ေနရာကူးေျပာင္းေရးေမွာ္နဲ႕ေရာက္လာတာေၾကာင့္ ပတ္ဝန္းက်င္ကို အခုမွပထမဆုံးျမင္ဖူးတာေၾကာင့္ သူတို႔အတြက္ျမင္ျမင္သမွ်က စိတ္ဝင္စားစရာေကာင္းေနေတာ့သည္၊ ေက်ာင္းေတာ္ကေနထြက္လာခ်ိန္မွာ က်ယ္ျပန့္တဲ့သစ္ေတာႀကီးေတြကိုေတြ႕လိုက္ရၿပီး သစ္ေတာႀကီးေတြကိုေက်ာ္လြန္ၿပီးေနာက္မွာ လယ္ကြင္းေတြနဲ႕႐ြာငယ္တစ္ခ်ိဳ႕ကို ျမင္လိုက္ရျပန္သည္၊

"လွလိုက္တာ" အီရွက ျပတင္းေပါက္ကျမင္ကြင္းကိုၾကည့္ရင္းေျပာလိုက္သည္၊

"အလင္းေက်ာင္းေတာ္ကို တစ္ရက္ေက်ာ္ေတာ့ေမာင္းရလိမ့္မယ္... ဒါေပမယ့္ မင္းတို႔မပ်င္းေစရပါဘူး"မဒမ္ႏြန္းက ရယ္ေမာကာေျပာလိုက္ခ်ိန္မွာ အကုန္လုံးကစိတ္ဝင္စားသြားၾကေတာ့သည္၊

"ဘာလို႔လဲ"

"အန္တီတို႔နားမဲ့အင္ပါယာမွာ သားရဲစီးႏွင္းၿပိဳင္ပြဲရွိတယ္ေလ...ဒါေၾကာင့္ မင္းတို႔ကို အေတြ႕အႀကဳံရေအာင္ ေခၚသြားေပးမယ္" မဒမ္ႏြန္းစကားေၾကာင့္ သူတို႔ကေပ်ာ္႐ႊင္သြားသလို ဒန္နာရီကလည္း အာလ္ႏြန့္ရစ္ကို သတိရသြားေတာ့သည္၊အာလ္ႏြန့္ရစ္က ႀကီးထြားေတာ့မည္အခ်ိန္ျဖစ္တာေၾကာင့္ သူတို႔မသိတဲ့ေနရာတစ္ခုမွာ ေနာက္တစ္ႀကိမ္ျပန္လည္ေမြးဖြားၿပီး အ႐ြယ္ေရာက္လာမည့္ငွက္အသြင္ကိုကူးေျပာင္းမည္ျဖစ္တာေၾကာင့္ ေခတၱထြက္ခြာသြားျခင္းျဖစ္သည္၊

'ကိုကိုလည္း အဆင္ေျပရဲ႕လား မသိဘူး'

ဒန္နာရီစိတ္ထဲမွာ ေဂ်ာ့ဖေရးကို ခဏခဏလြမ္းေနမိသည္၊အေနနီးသြားတာေၾကာင့္ပဲလား၊တစ္ေယာက္နဲ႕တစ္ေယာက္ပိုင္ဆိုင္ဖို႔ ပိုေသခ်ာတဲ့ေျခလွမ္းတစ္လမ္း လွမ္းလိုက္တာေၾကာင့္ပဲလား ေဂ်ာ့ဖေရးထြက္သြားၿပီးေနာက္မွာ ခဏခဏလြမ္းဆြတ္ေနမိသည္၊

မၾကာခင္မွာ ျပန္ေတြ႕ရမွာပဲေလ၊ ဒန္နာရီက သူ႕စိတ္သူေျဖသိမ့္လိုက္ၿပီးေနာက္မွာ အျပင္ဘက္က လွပတဲ့ရႈခင္းေတြကို ေငးေမာကာၾကည့္ေနေတာ့သည္၊

-*-*-*-*-*-*-
Chapter -130ေမွ်ာ္

လွပတဲ့ရႈခင္းေတြ

  လွပတဲ့ေက်ာက္မ်က္ရတနာေတြကေတာင္

ကြၽန္ေတာ္အေပၚထားရွိတဲ့ကိုကို႔ေမတၱာေတြေလာက္ေတာင္ မလွပပါလားဗ်ာ၊

ဒီကမၻာမွာ တန္ဖိုးအရွိဆုံးအရာတစ္ခုကို ၫႊန္းျပရရင္  ကြၽန္ေတာ့္ႏွလုံးသားကို ကြၽန္ေတာ္ၫႊန္းျပမိလိမ့္မယ္..၊

ဘာလို႔လဲဆိုေတာ့

'ကြၽန္ေတာ့္ႏွလုံးသားထဲမွာ
ကိုကို႔ကိုခ်စ္တဲ့ကြၽန္ေတာ့္ခ်စ္ျခင္းေမတၱာေတြရွိေနလို႔ကိုး' ။

----------------------

Unicode

မိုင်နိုးရက််စ်ကျောင်းတော်မှာတော့ ပထမနှစ်ရဲ့ဒီတန်းကျောင်းသားတွေရဲ့လက်ရည်ယှဥ်ပြိုင်ပွဲအလှည့်ကိုရောက်လာတော့သည်၊ပထမနှစ်ရဲ့ဒီအတန်းကျောင်းသားတွေက အစတည်းက အောင်မြင်သူနည်းလှပြီး အယောက်သုံးဆယ်လောက်ပဲရှိသည်၊

နောက်တစ်ချက်ကတော့ ဒန်နာရီတို့အဖွဲ့က စမ်းသပ်ချက်တိုင်းမှာ ထိပ်တန်းအဆင့်ကိုဝင်ခဲ့တာကြောင့် နောက်ဆုံးအယောက်ငါးဆယ်ပွဲမှာသာ စပြီးယှဥ်ပြိုင်ရလိမ့်မည်၊

လက်ရှိအခါမှာတော့ ဒန်နာရီတို့အဖွဲ့က အီရှရဲ့အမေနဲ့အဖေရှေ့မှာရောက်နေပြီး နော့စ်နဲ့အန်းလ်တိုကတော့ တောင့်တောင့်ကြီးထိုင်နေတော့သည်၊ဒန်နာရီကိုယ်တိုင်ကလည်း သူ့ကိုယ်သူ သားသမီးလာတောင်းရမ်းတဲ့ယောက္ခမကြီးတစ်​ယောက်လိုခံစားနေရတော့သည်၊

ဒန်နာရီတို့ရဲ့ပထမအစီအစဥ်က ပြိုင်ပွဲကိုသွားကြည့်ပြီးတော့ လေ့ကျင့်ရေးကွင်းမှာ မှော်အမှတ်ရှာရန်သာဖြစ်ပေမယ့် လမ်းမှာ မဒမ်နွန်းနဲ့တွေ့တာ အဖွဲ့လိုက်ပါလာခဲ့သည်၊စီနီယာနော့စ်ကလည်း သူတို့နဲ့အတူ လမ်းမှာဆုံခဲ့ခြင်းသာဖြစ်သည်၊

လက်ရှိအခြေအနေကို ပြန်သွားရအောင်...

အခုချိန်မှာ စီရက်စ်နဲ့ရှီရယ်က အနောက်မှာမတ်တပ်ရပ်နေပြီး သူတို့နဲ့မဆိုင်သလိုနေနေပြီး နောစ့်နဲ့အန်းလ်တိုကတော့ အီရှကို ဆိုဖာခုံရှည်ရဲ့အလယ်မှာထားထားပြီး သူတို့ကဘေးဘက်မှာထိုင်နေကြသည်၊ဒါပေမယ့် အမူအရာတွေက သိပ်ပြီးတော့မကောင်းပေ၊

"မင်းတို့က ငါ့သားရဲ့ချစ်သူတွေပေါ့"

"ဟုတ်ပါတယ်"

"မဟုတ်ပါဘူး" နှစ်ယောက်လုံးက မတူညီတဲ့အဖြေထွက်လာချိန်မှာ အီရှရဲ့အဖေက မျက်မှောင်ကြုတ်သွားကာ သူတို့အားအေးစက်စက်ကြည့်လာတော့သည်၊

"ကျွန်တော်က ချစ်ခွင့်ပန်ပြီးသားပါဗျ ဒါကြောင့် ချစ်သူတွေဆိုတာ ဟုတ်ပါတယ်" အန်းလ်တိုက လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း အားတင်းကာပြောလိုက်သည်၊ဘယ်လောက်ပဲ ရဲရင့်တဲ့သူဖြစ်ပါစေ ကိုယ့်ယောက္ခထီးကိုတော့ ကြောက်လန့်ကြသည်မလား၊

"ကျွန်တော်က အီရှရဲ့သတို့သားလောင်းပါဗျ ဒါပေမယ့် ချစ်သူတော့မဟုတ်သေးပါဘူး" နော့စ်ကလည်း အီရှရဲ့အဖေကို တစ်ချက်ကြည့်ရင်းဖြေလိုက်သည်၊

"အေး...အီရှ သားကော ဘယ်လိုထင်လဲ"

"ဘယ်လိုထင်ရမှာလဲ သူတို့နှစ်ယောက်လုံးက ချောတယ်လေ...သားလည်း သဘောကျတယ်"

"ကိုယ်လည်း သဘောကျတယ်"နော့စ်က အီရှကိုတိုးတိုးလေးပြောလိုက်သည်၊

"ထားပါ အခုချိန်က မင်းတို့အကြောင်းကိုဆွေးနွေးဖို့မဟုတ်ဘူး ငါက မင်းတို့အဖွဲ့ကို အကူအညီတောင်းချင်လို့ပဲ"

"ကျွန်တော့်တို့ကိုလား"ဒန်နာရီက မေးလိုက်တော့ ခေါင်းဆောင်နွန်းက ခေါင်းညိတ်လက်ခံကာဖြေလာတော့သည်၊

"ဟုတ််တယ်..."

"ခေါင်းဆောင်နွန်းကိုယ်တိုင် အကူညီတောင်းတယ်ဆိုတော့...ဘယ်လိုကိစ္စမျိုးမို့လို့လဲ" ဒန်နာရီက ကူညီပေးချင်ပေမယ့် သူတို့က အခုမှ အမြှီးအတောင်ပေါက်တဲ့အရွယ်လေးတွေပဲရှိသေးတာလေ၊

"စိတ်မပူပါနဲ့ ငါကမင်းတို့ကို အန္တရာယ်တောထဲမပို့ပါဘူး" ခေါင်းဆောင်နွန်းက ပြောလိုက်ပြီးနောက်မှာ စာအိတ်တစ်အိတ်နဲ့တံဆိပ်ပြားတစ်ပြားကို စားပွဲခုံပေါ်တင်လိုက်သည်၊

"မင်းတို့ကို အလင်းကျောင်းတော်ကို စေလွှတ်ချင်လို့ပဲ "

"အလင်းကျောင်းတော်ကို..."

"ဟုတ်တယ်... ပထမက တတိယနှစ်မှာရှိတဲ့ငါ့လူတွေကို လွှတ်ဖို့ပဲ သူတို့က စစ်မြေပြင်ကို အလောတကြီးထွက်သွားတာကြောင့် နောက်ထပ်ယုံကြည်ပြီး အကူအညီတောင်းရမဲ့သူက မင်းတို့ပဲရှိတော့တယ်"

"ခေါင်းဆောင်နွန်းက ကျွန်တော်တို့ကို ဘာလို့ယုံကြည်ရတာလဲ"

"ငါတို့က ငါတို့ရဲ့'နွန်း'မျက်စိကို ယုံကြည်ကြတယ်...နွန်းတွေရဲ့နတ်မျက်စိရှေ့မှာ ဘယ်အရာမှ လိမ်လည်လို့မရဘူး" ခေါင်းဆောင်နွန်းရဲ့မျက်ဝန်းပြာများက ရွှေရောင်လင်းလက်တောက်ပနေတော့သည်၊ဒါကြောင့် ဒန်နာရီရဲ့အကြည့်တွေက အီရှဆီရောက်သွားတော့သည်၊

အီရှရဲ့မူလမျက်လုံးကလည်း အပြာရောင်ဖြစ်ပြီး လက်ရှိအချိန်အခါမှာ ဘာကြောင့် ပန်းရောင်ဖြစ်နေရတာလဲ၊ ဒန်နာရီရဲ့အကြည့်တွေကို ရိပ်မိသွားတဲ့ မဒမ်နွန်းက ပြုံးပြုံးလေးနဲ့ရှင်းပြလာ​တော့သည်၊

"သွေးပင်လယ်လို့ခေါ်တဲ့သတ်ဖြတ်ခြင်း'သေမင်းနတ်မျက်စိပိုင်ရှင်က နှစ်တစ်သောင်းမှာ တစ်ယောက်ပဲ နွန်းတွေဆီကို ဘုရားသခင်ကပေးအပ်လေ့ရှိတယ်၊ ဒီတစ်ခေါက် သေမင်းနတ်မျက်စိနဲ့မွေးဖွားလာတဲ့သူက အီရှဖြစ်နေခဲ့တာလေ၊ အီရှက အခြားနွန်းတွေနဲ့မတူပဲ သူ့မျက်ဝန်းအရောင်တွေက အမြဲပြောင်းလဲတယ်၊ဒါပေမယ့် ပန်းရောင်ကို ခဏခဏပြောင်းလာရင်တော့ ကောင်းတဲ့အချက်ပဲလေ၊အဲတာ အဆင့်တက်မြန်ပြီးတော့ သေမင်းနတ်မျက်စိရဲ့တတိယအဆင့် 'အတုအယောင်မျက်လုံး'အဆင့်ကို ရောက်တော့မယ်လို့ဆိုလိုတာပဲ...နောက်ပိုင်းဆိုရင် အီရှရဲ့မူလမျက်ဝန်းအရောင်တွေကို ပြန်ရရင် ရနိုင်ပါလိမ့်မယ်"

ထိုအခါမှာ ကျန်တဲ့သူတွေလည်း နားလည်သွားကြတော့သည်၊ထို့နောက်မှာတော့ ဒန်နာရီက သူတို့က နောက်သုံးရက်ဆိုရင် အယောက်ငါးဆယ်ဗိုလ်လုပွဲကို ယှဥ်ပြိုင်ရမည်ဖြစ်တာကြောင့် ခေါင်းဆောင်နွန်းကိစ္စကို မမှီမည်ကို စိုးရိမ်နေတော့သည်၊

"အဲပြိုင်ပွဲက အဲလောက်လည်း အရေးမကြီးပါဘူး...ပြီးတော့ ပြိုင်ပွဲရဲ့အဓိကရည်ရွယ်ချက်က ကျောင်းသားတွေအတွက် ဆရာရှာဖွေဖို့ပဲလေ...ပြီးတော့ မင်းတို့ရဲ့ရည်ရွယ်ချက်က ကျောင်းပြိုင်ပွဲမှာမရှိဘူး..."

"အလင်းငှက်ရဲ့သွေးမှင်က အလင်းကျောင်းတော်မှာပဲ ရှိလိမ့်မယ်" ခေါင်းဆောင်နွန်းစကားကြောင့် ဒန်နာရီတို့မှာ အံအောသွားတော့သည်၊ဒါပေမယ့် ခေါင်းဆောင်နွန်းက အီရှရဲ့အဖေဖြစ်တာကြောင့် သူတို့အစီအစဥ်ကိုသိလောက်မည်ဟုတွေးလိုက်ကြသည်၊

"မင်းတို့ကော ဘယ်လိုသဘောရလဲ" ဒန်နာရီက ကျန်တဲ့သူတွေကိုမေးလိုက်တော့ စီရက်စ်တို့ကလည်း သဘောတူစွာခေါင်းညိတ်လိုက်သည်၊သူတို့အနေနဲ့ လုပ်သင့်တာ လုပ်ပြီးပြီလေ၊ အစတည်းက ပြိုင်ပွဲနဲ့ပတ်သတ်ပြီး အလေးအနက်မထားထားပေ၊

"မနက်ဖြန် သွားကြတာပေါ့" အီရှရဲ့မိခင်ကပြောလိုက်သည်၊ထို့နောက်မှာတော့ ဒန်နာရီက အီရှတို့ကိုခေါ်ကာ အီရှအခန်းထဲကိုသွားတော့သည်၊ သူက ကျောင်းဝတ်စုံပေါ်မှာ အစီအရင်တစ်ခုဆွဲပေးမည်ဖြစ်တာကြောင့် သူတို့ရဲ့ကျောင်းဝတ်စုံတွေကို တောင်းလိုက်ပြီး အကျိုးအကြောင်းပြောလိုက်သည်၊

မနက်ဖြန်သွားမည့်ထဲမှာ နော့စ်လည်းပါဝင်နေပြီး သူက အပေါ်ကုတ်ကိုပေးပြီးတာနဲ့ သူ့ဆရာဆီက ခွင့်ပြုချက်ယူရန်ထွက်သွားတော့သည်၊အန်းလ်တိုက ဆရာလျူးဝစ်ရဲ့တရားဝင်တပည့်မဟုတ်သေးတာကြောင့် ခွင့်ပြုချက်တောင်းစရာမလိုအပ်ပေ၊

ဒန်နာရီက သူ့သူငယ်ချင်းတွေအတွက် သုံးနာရီလောက်ကြိုးစားပေးပြီးနောက်မှာတော့ အဘိုးအိုရာ့လ်နဲ့ဆရာရန်ဆီကို စာပို့ပေးလိုက်သည်၊ဆရာနှစ်ယောက်ရှိတော့လည်း နှစ်ယောက်လုံးကို အကြောင်းအကြားရတာပဲလေ၊

နောက်တစ်နေ့ မနက်ရောက်ချိန်မှာ ဒန်နာရီတို့အဖွဲ့က အဆင်သင့်ဖြစ်နေပြီး ကျောင်းတော်ကနေစပြီးထွက်ခွာလာတော့သည်၊ဒါက ကျောင်းတော်ရောက်ပြီးနောက်မှာ ပထမဆုံးအပြင်လောကကို ပြန်လည်ထွက်ခွာလာရခြင်းဖြစ်သည်၊လှပတဲ့မြင်းဖြူများဆွဲထားတဲ့ငွေရောင်လှည်းအိမ်ကြီးက ဒန်နာရီတို့အရှေ့မှာ ရပ်တန့်လာပြီး လှည်းထဲကနေ မဒမ်နွန်းက ထွက်လာတော့သည်၊

"တက်ခဲ့ကြလေ ကလေးတို့"

ဒန်နာရီတို့လည်း လှည်းပေါ်တက်လာပြီး လှည်းက အပြင်ကနဲ့မတူပဲ အထဲမှာ ပိုမိုကျယ်ဝန်းနေကြောင်းတွေ့လိုက်ရသည်၊ထို့နောက်မှာတော့ လှည်းကစတင်မောင်းနှင်လိုက်ပြီး အလင်းကျောင်းတော်ရှိရာကိုထွက်လာတော့သည်၊

"ဒန်နာရီတို့က နေရာကူးပြောင်းရေးမှော်နဲ့ရောက်လာတာကြောင့် ပတ်ဝန်းကျင်ကို အခုမှပထမဆုံးမြင်ဖူးတာကြောင့် သူတို့အတွက်မြင်မြင်သမျှက စိတ်ဝင်စားစရာကောင်းနေတော့သည်၊ ကျောင်းတော်ကနေထွက်လာချိန်မှာ ကျယ်ပြန့်တဲ့သစ်တောကြီးတွေကိုတွေ့လိုက်ရပြီး သစ်တောကြီးတွေကိုကျော်လွန်ပြီးနောက်မှာ လယ်ကွင်းတွေနဲ့ရွာငယ်တစ်ချို့ကို မြင်လိုက်ရပြန်သည်၊

"လှလိုက်တာ" အီရှက ပြတင်းပေါက်ကမြင်ကွင်းကိုကြည့်ရင်းပြောလိုက်သည်၊

"အလင်းကျောင်းတော်ကို တစ်ရက်ကျော်တော့မောင်းရလိမ့်မယ်... ဒါပေမယ့် မင်းတို့မပျင်းစေရပါဘူး"မဒမ်နွန်းက ရယ်မောကာပြောလိုက်ချိန်မှာ အကုန်လုံးကစိတ်ဝင်စားသွားကြတော့သည်၊

"ဘာလို့လဲ"

"အန်တီတို့နားမဲ့အင်ပါယာမှာ သားရဲစီးနှင်းပြိုင်ပွဲရှိတယ်လေ...ဒါကြောင့် မင်းတို့ကို အတွေ့အကြုံရအောင် ခေါ်သွားပေးမယ်" မဒမ်နွန်းစကားကြောင့် သူတို့ကပျော်ရွှင်သွားသလို ဒန်နာရီကလည်း အာလ်နွန့်ရစ်ကို သတိရသွားတော့သည်၊အာလ်နွန့်ရစ်က ကြီးထွားတော့မည်အချိန်ဖြစ်တာကြောင့် သူတို့မသိတဲ့နေရာတစ်ခုမှာ နောက်တစ်ကြိမ်ပြန်လည်မွေးဖွားပြီး အရွယ်ရောက်လာမည့်ငှက်အသွင်ကိုကူးပြောင်းမည်ဖြစ်တာကြောင့် ခေတ္တထွက်ခွာသွားခြင်းဖြစ်သည်၊

'ကိုကိုလည်း အဆင်ပြေရဲ့လား မသိဘူး'

ဒန်နာရီစိတ်ထဲမှာ ဂျော့ဖရေးကို ခဏခဏလွမ်းနေမိသည်၊အနေနီးသွားတာကြောင့်ပဲလား၊တစ်ယောက်နဲ့တစ်ယောက်ပိုင်ဆိုင်ဖို့ ပိုသေချာတဲ့ခြေလှမ်းတစ်လမ်း လှမ်းလိုက်တာကြောင့်ပဲလား ဂျော့ဖရေးထွက်သွားပြီးနောက်မှာ ခဏခဏလွမ်းဆွတ်နေမိသည်၊

မကြာခင်မှာ ပြန်တွေ့ရမှာပဲလေ၊ ဒန်နာရီက သူ့စိတ်သူဖြေသိမ့်လိုက်ပြီးနောက်မှာ အပြင်ဘက်က လှပတဲ့ရှုခင်းတွေကို ငေးမောကာကြည့်နေတော့သည်၊

-*-*-*-*-*-*-
Chapter -130မျှော်

လှပတဲ့ရှုခင်းတွေ

  လှပတဲ့ကျောက်မျက်ရတနာတွေကတောင်

ကျွန်တော်အပေါ်ထားရှိတဲ့ကိုကို့မေတ္တာတွေလောက်တောင် မလှပပါလားဗျာ၊

ဒီကမ္ဘာမှာ တန်ဖိုးအရှိဆုံးအရာတစ်ခုကို ညွှန်းပြရရင်  ကျွန်တော့်နှလုံးသားကို ကျွန်တော်ညွှန်းပြမိလိမ့်မယ်..၊

ဘာလို့လဲဆိုတော့

'ကျွန်တော့်နှလုံးသားထဲမှာ
ကိုကို့ကိုချစ်တဲ့ကျွန်တော့်ချစ်ခြင်းမေတ္တာတွေရှိနေလို့ကိုး' ။

----------------------

Continue Reading

You'll Also Like

The Throne By One_One

Historical Fiction

62.9K 7.5K 44
အရင္ Matainyu acc မွာ တင္ထားတဲ့ အပုဒ္ပါ။accထဲဝင္မရေတာ့လို႔ အရင္အပိုင္းေတြအျပင္ အပိုင္းအသစ္ေတြပါ ဆက္up ေပးပါ့မယ္
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy
226K 25K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
753 94 8
Name - Your Name Engraved Herein(刻在你心底的名字) Written by - Yu Ning Chu, Di Fer, Patrick Kuang-Hui Liu English translator - semicolonseas Chapters - pro...