My Adorer ( Completed )

By xiaotiantian433

61.8K 4.9K 221

yizhan.. More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-9
Part-10 warning ⚠️
Part-11
part-12 warning ⚠️
Part-13
Part-14 warning
Part-15
Part-16
part-17 warning
final
extra

Part-8

2.6K 242 12
By xiaotiantian433

အိမ်ထဲမှာ ဆံပင်ဖါးလျားချထားတာကိုမသိမ်းရသေးပဲ ငူငူကြီးရှောင်းကျန့်ထိုင်နေတယ်။ ရိပေါ်အိမ်ထဲဝင်လာတော့ အဲ့ဒီပုံကိုမြင်ပြီး ထိတ်လန့်သွားတယ်။

"သခင်လေး ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် သခင်လေးကိုအကောင်းဆုံး လုပ်ပေးချင်ပေမယ့် ဒုက္ခတွေပဲပေးနေမိတယ်။"

ရှောင်းကျန့်က ရိပေါ်ကိုမကြည့်ပဲ တစ်နေရာတည်းကိုငေးနေရင်း ပါးစပ်က မပီမပြင်ဖြင့်

"ဘာလို့လဲ။"

"........"

"ဘာလို့ငါ့ဘဝက နေ့ချင်းညချင်း အမှောင်ထဲရောက်သွားတာလဲ။"

"သခင်လေး။"

"ငါ့အဖေက ပညာရေးရာ အမတ်ကြီး။ ငါကကြီးလာရင် ငါ့အဖေရဲ့အမွေကို ဆက်ခံရလိမ့်မယ်လို့ထင်ခဲ့တာ။ ခုက....ခုကဘာလဲ။"

"သခင်လေး။ ဒီပြသနာကိုကျွန်တော်ဖြေရှင်းပေးပါမယ်။"

အဲ့လိုပြောတော့ ရှောင်းကျန့်ကမော့ကြည့်လာတယ်။

"ဘယ်လိုဖြေရှင်းမှာလဲ။ တောထဲမှာသွားပြန်နေမှာလား။ ပြန်ပြီးအဖမ်းခံရမှာလား။ မင်းရဲ့မိန်းမလုပ်ရမှာလား။ "

"........"

"မင်းဒီထက်ပိုပြီး ဘာအစီစဉ်မှ မလုပ်တတ်တော့ဘူးလား။ မင်းနေရာမှာသာ ဟန်ကောဆို ဒီထက်ပိုကောင်းတဲ့အစီစဉ်ရှိမှာပဲ။ "

ဟန်ကောဆိုတာ သူ့ရဲ့ဝမ်းကွဲအစ်ကို ကိုပြောနေတာ။

"တောင်းပန်ပါတယ်။ ကျွန်တော်အသုံးမကျဘူး။"

"မင်းကဘာလို့တောင်းပန်တာလဲ။"

"ကျွန် ကျွန်တော်။"

"မင်းကဘာမို့လို့တောင်းပန်နေတာလဲ။"

"ဘာ ဘာလို့ဆိုတော့..."

"......."

"ကျွန်တော်က အစေခံမို့လေ။"

ရှောင်းကျန့် မျက်လွှာချပြီး မျက်ရည်ကျလာတယ်။

"ငါက အခုချိန်မှာဘာမှ မဟုတ်ဘူး။မင်းလိုအစေခံကိုတောင်မှီခိုနေရတယ်။ ငါ့ဘဝအောက်ဆုံးမှာပဲ။"

ရှောင်းကျန့်မျက်ရည်ကျနေတာ ရိပေါ်ရင်ထဲဓားနဲ့မွှန်းသလိုပဲခံစားရတယ်။ သူရှောင်းကျန့်ရဲ့ဆံနွယ်လေးတွေကို မရဲတရဲ နားရွက်အနောက်ကို သပ်တင်လိုက်တယ်။ ရှောင်းကျန့်က‌တော့ သူ့မျက်နှာကမျက်ရည်ကိုသာသဲကြီးမဲကြီးသုတ်နေတယ်။

"ကျွန်တော်ဆံပင်ဖြီးပေးမယ်။"

ရိပေါ် သူ့ဆံပင်တွေကိုဖြီးပြီးနောက်ကိုစုကာ ဖဲကြိုးနီလေးနဲ့ လျှော့လျှော့လေးချည်နှောင်လိုက်တော့ ရှောင်းကျန့်ကလှည့်လာပြီး သူ့လက်ကိုဖက်ကနဲရိုက်လိုက်တယ်။

"ဘာလဲ ဘာလို့ မင်းကငါ့ကိုမိန်းမလို ဆံပင်ချည်ပေးတာလဲ။ မင်းစိတ်ကူးယဉ်ကမ္ဘာထဲရောက်သွားတာလား။"

"မ မဟုတ်ပါဘူး။"

သခင်လေးပြောတာမှန်ပါတယ်။ ရိပေါ်သခင်လေးရဲ့ဆံပင်ကိုဖြီးနေစဉ် သူ့ဇနီးလေးလို့ခံစားစိတ်ကူးယဉ်နေတာ။

ရှောင်းကျန့်ဆူဆူပူပူ ပြောပေမယ့် ဆံပင်ကိုပြန်မပြင်ပဲ လှဲအိပ်လိုက်တယ်။

"သခင်လေး ကျွန်တော်လေ။ ယာထဲသွားရမယ်။ အဲ့တာ..."

ရှောင်းကျန့် အိပ်နေရာမှ ဆက်ကနဲထလာပြီး

"ငါ့ကိုမထားခဲ့နဲ့။"

"အိမ်နဲ့နီးနီးလေးပါ။ သခင်လေးရဲ့ အိမ်ကနေတောင် ကျွန်‌တော်အလုပ် လုပ်တာကိုလှမ်းမြင်နေရတယ်။"

"မသိဘူး။ ငါလိုက်မယ်။"

ပင်ပန်းမှာစိုးလို့မခေါ်တာကိုလိုက်လာလေရဲ့။ ယာခင်းကြီးက မျက်စိတစ်ဆုံးကျယ်တယ်။ မတူတဲ့အသီးနှံတွေကို ကိုယ်တိုင်စိုက်ပျိူးနေကြတာ တစ်ရွားလုံးက လူတွေအကုန်ပဲ။ ကလေးတွေကပါ လိုက်လာပြီးဆော့ကစားနေကြတယ်။ ရှောင်းကျန့်ကတော့ ကလေးတွေဆော့နေတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်နေလိုက်တယ်။

ရိပေါ်ကပေါက်တူးပေါက်လိုက် ရှောင်းကျန့်ကိုလှမ်းကြည့်လိုက်လုပ်နေတော့ ရွာသားတွေက စနောက်သေးတယ်။ ရိပေါ်အဖေကတော့ ရွာသားတွေရူးနေတယ်လို့ထင်နေတယ်။

"မုန်လာဥတွေ ဒီနှစ်အတော်လေးထွားတယ်။"

"ဟုတ်တယ်နော်။ ဝှား...နည်းတာမဟုတ်ဘူး။ သခင်လေးကိုညနေကြရင်ချက်‌ ကျွေးမယ်။"

ဝမ်ပါးခေါင်းညိမ့်တယ်။

"ပါး...အန်တီရင်း တို့ကမုန်လာဥနီတွေစိုက်တာလား။"

"အင်း။"

"နဲနဲတောင်းပေးပါ သခင်လေးကိုကြက်သားလေးနဲ့ ပေါင်းကျွေးချင်လို့။"

"အင်း...အင်း.."

ရိပေါ်ကအရမ်းသန်မာတယ်။ အလုပ်လုပ်နေတာ တစ်ချက်ညည်းတွားတာတောင်မလုပ်ဘူး။ သူ့ကြည့်ရတာလည်း မောတဲ့ပုံတောင်မပေါက်ဘူး။ အလုပ်လုပ်လိုက် ရှောင်းကျန့်ကိုငေးလိုက်နဲ့။

"သား....ပြန်မယ်လေ..."

အလုပ်သိမ်းတော့ အိမ်ဖက်ကိုခြေဦးမလှည့်တဲ့ သားကိုဝမ်ပါးက သတိပေးတယ်။

"ခနလေးပါ။ ဟိုနားမှာ ဘယ်ရီသီးတွေ လှမ်းတွေ့ရတယ်။ နဲနဲခူးဦးမယ်။ သခင်လေးထမင်းစားပြီးရင် အချိုတည်းရအောင်။"

ဝမ်ပါး သူ့သားကိုဂရုဏာသက်စွာကြည့်ရင်း

"ရွာသားတွေကပြောတယ်။ မင်းကမိန်းမကိုသိပ်ချစ်တာပဲတဲ့။"

ရိပေါ်ပြုံးနေတာလေနဲနဲ လျှော့သွားပြီး

"သူက သခင်လေးလေ။ ရွာသားတွေမသိပေမယ့် ပါးသိတယ်လေ။"

"သူသခင်လေးဆိုတာ ငါသိပေမယ့် ငါအမြင်ကလည်းရွာသားတွေမြင်သလိုပဲမြင်တယ်။"

ရိပေါ်အရှုံးသမားလေးလို ခေါင်းငုံ့သွာတယ်။

"သူ့ကို အပိုင်လိုချင်လား။"

ဝမ်ပါး မေးတော့
ရိပေါ်ဆက်ကနဲမော့လာပြီး ခေါင်းခါတယ်။

"သခင်လေးကိုအတင်းကျပ် မလုပ်ပါနဲ့။ သခင်လေးစိတ်ဆင်းရဲမယ်။"

"ဒါဆိုငါ့သားကရော...."

"ကျွန်တော် အဆင်ပြေတယ်။"

"ရိပေါ်......မင်းသိလား။ မင်းတို့သားအမိထွက်သွားကတည်းက သစ္စာဆိုထားတာရှိတယ်။"

"........"

"ငါ့အသွေးသားတွေ ခမ်းပါ‌စေ မင်းတို့ဆန္ဒကိုရအောင်ဖြည့်ဆည်းမယ်။"

"ပါး..."

ရိပေါ်ပါးရဲ့လက်ကိုဆွဲတာ ပါးကခါချလိုက်တယ်။

"ပါး..."

သူတို့သားအဖထွက်လာတော့ ရှောင်းကျန့်လည်း ထလိုက်လာတယ်။ အပင်နားကကလေးတွေအတင်းပြောနေတာက ရိပေါ်ကောကောရဲ့ ဇနီးက မာနကြီးတယ်တဲ့။
________

အိမ်ရောက်တော့ ရိပေါ်ကချက်ပြုတ်ဖို့အသဲသန်လုံးပန်းတယ်။ သူတို့လည်း ရေမိုးချိုးပြီး ဟင်းကျက်ချိန်ကိုစောင့်ကြတယ်။ ရှောင်းကျန့်ကဗိုက်ဆာလို့ရှုံ့မဲ့နေချိန် ရိပေါ်က ပန်းသီးလေးတစ်လုံးပေးလာတယ်။
ဝမ်ပါး တစ်အံ့တစ်ဩဖြင့်

"ပန်းသီးဘယ်ကရ တာလဲ။"

"ဒီတိုင်း...."

"အာ....သိပြီ ။ ရွယ်ရွယ် ပေးတာလား။ သူ့အဖေမနေ့က ခူးလာတာတွေ့တယ်။"

ရိပေါ် ခေါင်းညိမ့်လိုက်တယ်။

"ကလေးမလေးက ခင်လို့။"

"ကလေးမ???? သူ့အသက်ကဘယ်လောက်လဲ။"

ရှောင်းကျန့်က ထမေးတော့ ဝမ်ပါးက

"၁၅နှစ်"

"မင်းနဲ့ရွယ်တူလောက်ပဲ။"

ရိပေါ် သူ့ကိုယ်သူ မလုံမလဲခံစားနေရတယ်။ သခင်လေးအထင်လွဲမှာကြောက်တယ်။

"နောက်ဆို သူများပေးတာငါ့ကိုလာမကျွေးနဲ့။ မစားဘူး။"

ရိပေါ်အရမ်းကြောက်သွားတယ်။ အစဖေါ်တဲ့ သူ့အဖေကိုလည်းစိတ်ဆိုးတယ်။

အကုန်လုံးတိတ်ဆိတ်သွားချိန်မှာတော့ ဝမ်ပါးက

"မင်္ဂလာဆောင်ရမယ်။"

သူတို့မျက်လုံးတွေပြူးသွားကြတယ်။

"ပါးဒီတိုင်း...."

"မိန်းမခိုးလာပြီး မင်္ဂလာမဆောင်ရင် လူတွေကဘာပြောမလဲ။ ငါကမင်္ဂလာပွဲတောင်မလုပ်ပေးနိုင်တဲ့ အဖေလို့ပြောခံရမယ်။ သူများသားသမီးကို ဖြစ်သလိုပေါင်းသင်းတယ်လို့ မင်းကိုပြောမယ်။ သခင်လေးလည်း မျက်နှာငယ်ရမယ်။"

အခုရိပေါ်တစ်ကိုယ်လုံးချွေးစေးပျံနေတယ်။ သခင်လေးစိတ်ဆိုးပြီး ထွက်သွားမှာအရမ်းကြောက်တယ်။

"အဲ့ ကိစ္စတွေနောက်မှ ပြောလို့ရမလား။ သခင်လေးကို စိတ်မညစ်စေချင်ဘူး။ သား အသက်မပြည့်သေးလို့ မဆောင်သေးတာလို့ပြောလိုက်လေ။"

အခွင့်ရေးကို အသုံးမချတဲ့သားကို ဝမ်ပါးပိတ်ရိုက်လိုက်ချင်တယ်။ သူဘယ်လောက်ထိ ဒီစကားကိုပြောဖို့ကြိုးစားထားရလဲ။

ရှောင်းကျန့်ကပါတိတ်ဆိတ်နေတော့ ရိပေါ်မျက်ရည်ကျလာတယ်။

"သခင်လေးစိတ်မပျက်ပါနဲ့။ တစ်ခြားနည်းလမ်းစဉ်းစားပါ့မယ်။"

ရှောင်းကျန့်ဘာမှ ပြန်မပြောဘူး။ ဝမ်ပါးလည်း လန့်သွားတယ်။ သူလုပ်လိုက်တာမှားသွားပြီလား။ တစ်ခါတည်း အပိုင်ကြံရာက တစ်ခါတည်း အပြတ်ဖြစ်သွားပြီလား။

မကြာခင်တော့ ရိပေါ်ချက်ပြုတ်ပေးတာတွေကို တိတ်ဆိတ်စွာပဲစားကြတယ်။ ဇွန်းသံခွက်သံကလွဲလို့ ဘာမှမကြားရဘူး။ ရိပေါ်ကတော့ သခင်လေးကိုခိုးကြည့်နေရာ သခင်လေးက ခေါင်းငုံ့ပြီးသာ စားနေတယ်။ ပြီးတော့သခင်လေးက စားနေတဲ့သစ်သားဇွန်းကိုဘေးချလိုက်တဲ့အခါရိပေါ်က

"ယူဦးမလား သခင်လေး။ ဒါမှ မဟုတ်အချိုတည်းတော့မလား။ ဘယ်ရီသီး‌တွေခူးထားတယ်။"

"မင်းကို လက်ထပ်မယ်။"

"ဂလောက်"

ရိပေါ်လက်ထဲက သစ်သားဇွန်းဟာ ဂလောက်ကနဲ အောက်ပြုတ်ကျသွားတယ်။



zawgyi

အိမ္ထဲမွာ ဆံပင္ဖါးလ်ားခ်ထားတာကိုမသိမ္းရေသးပဲ ငူငူႀကီးေရွာင္းက်န႔္ထိုင္ေနတယ္။ ရိေပၚအိမ္ထဲဝင္လာေတာ့ အဲ့ဒီပုံကိုျမင္ၿပီး ထိတ္လန႔္သြားတယ္။

"သခင္ေလး ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ သခင္ေလးကိုအေကာင္းဆုံး လုပ္ေပးခ်င္ေပမယ့္ ဒုကၡေတြပဲေပးေနမိတယ္။"

ေရွာင္းက်န႔္က ရိေပၚကိုမၾကည့္ပဲ တစ္ေနရာတည္းကိုေငးေနရင္း ပါးစပ္က မပီမျပင္ျဖင့္

"ဘာလို႔လဲ။"

"........"

"ဘာလို႔ငါ့ဘဝက ေန႕ခ်င္းညခ်င္း အေမွာင္ထဲေရာက္သြားတာလဲ။"

"သခင္ေလး။"

"ငါ့အေဖက ပညာေရးရာ အမတ္ႀကီး။ ငါကႀကီးလာရင္ ငါ့အေဖရဲ႕အေမြကို ဆက္ခံရလိမ့္မယ္လို႔ထင္ခဲ့တာ။ ခုက....ခုကဘာလဲ။"

"သခင္ေလး။ ဒီျပသနာကိုကြၽန္ေတာ္ေျဖရွင္းေပးပါမယ္။"

အဲ့လိုေျပာေတာ့ ေရွာင္းက်န႔္ကေမာ့ၾကည့္လာတယ္။

"ဘယ္လိုေျဖရွင္းမွာလဲ။ ေတာထဲမွာသြားျပန္ေနမွာလား။ ျပန္ၿပီးအဖမ္းခံရမွာလား။ မင္းရဲ႕မိန္းမလုပ္ရမွာလား။ "

"........"

"မင္းဒီထက္ပိုၿပီး ဘာအစီစဥ္မွ မလုပ္တတ္ေတာ့ဘူးလား။ မင္းေနရာမွာသာ ဟန္ေကာဆို ဒီထက္ပိုေကာင္းတဲ့အစီစဥ္ရွိမွာပဲ။ "

ဟန္ေကာဆိုတာ သူ႕ရဲ႕ဝမ္းကြဲအစ္ကို ကိုေျပာေနတာ။

"ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္အသုံးမက်ဘဴး။"

"မင္းကဘာလို႔ေတာင္းပန္တာလဲ။"

"ကြၽန္ ကြၽန္ေတာ္။"

"မင္းကဘာမို႔လို႔ေတာင္းပန္ေနတာလဲ။"

"ဘာ ဘာလို႔ဆိုေတာ့..."

"......."

"ကြၽန္ေတာ္က အေစခံမို႔ေလ။"

ေရွာင္းက်န႔္ မ်က္လႊာခ်ၿပီး မ်က္ရည္က်လာတယ္။

"ငါက အခုခ်ိန္မွာဘာမွ မဟုတ္ဘူး။မင္းလိုအေစခံကိုေတာင္မွီခိုေနရတယ္။ ငါ့ဘဝေအာက္ဆုံးမွာပဲ။"

ေရွာင္းက်န႔္မ်က္ရည္က်ေနတာ ရိေပၚရင္ထဲဓားနဲ႕မႊန္းသလိုပဲခံစားရတယ္။ သူေရွာင္းက်န႔္ရဲ႕ဆံႏြယ္ေလးေတြကို မရဲတရဲ နား႐ြက္အေနာက္ကို သပ္တင္လိုက္တယ္။ ေရွာင္းက်န႔္က‌ေတာ့ သူ႕မ်က္ႏွာကမ်က္ရည္ကိုသာသဲႀကီးမဲႀကီးသုတ္ေနတယ္။

"ကြၽန္ေတာ္ဆံပင္ၿဖီးေပးမယ္။"

ရိေပၚ သူ႕ဆံပင္ေတြကိုၿဖီးၿပီးေနာက္ကိုစုကာ ဖဲႀကိဳးနီေလးနဲ႕ ေလွ်ာ့ေလွ်ာ့ေလးခ်ည္ေႏွာင္လိုက္ေတာ့ ေရွာင္းက်န႔္ကလွည့္လာၿပီး သူ႕လက္ကိုဖက္ကနဲရိုက္လိုက္တယ္။

"ဘာလဲ ဘာလို႔ မင္းကငါ့ကိုမိန္းမလို ဆံပင္ခ်ည္ေပးတာလဲ။ မင္းစိတ္ကူးယဥ္ကမာၻထဲေရာက္သြားတာလား။"

"မ မဟုတ္ပါဘူး။"

သခင္ေလးေျပာတာမွန္ပါတယ္။ ရိေပၚသခင္ေလးရဲ႕ဆံပင္ကိုၿဖီးေနစဥ္ သူ႕ဇနီးေလးလို႔ခံစားစိတ္ကူးယဥ္ေနတာ။

ေရွာင္းက်န႔္ဆူဆူပူပူ ေျပာေပမယ့္ ဆံပင္ကိုျပန္မျပင္ပဲ လွဲအိပ္လိုက္တယ္။

"သခင္ေလး ကြၽန္ေတာ္ေလ။ ယာထဲသြားရမယ္။ အဲ့တာ..."

ေရွာင္းက်န႔္ အိပ္ေနရာမွ ဆက္ကနဲထလာၿပီး

"ငါ့ကိုမထားခဲ့နဲ႕။"

"အိမ္နဲ႕နီးနီးေလးပါ။ သခင္ေလးရဲ႕ အိမ္ကေနေတာင္ ကြၽန္‌ေတာ္အလုပ္ လုပ္တာကိုလွမ္းျမင္ေနရတယ္။"

"မသိဘူး။ ငါလိုက္မယ္။"

ပင္ပန္းမွာစိုးလို႔မေခၚတာကိုလိုက္လာေလရဲ႕။ ယာခင္းႀကီးက မ်က္စိတစ္ဆုံးက်ယ္တယ္။ မတူတဲ့အသီးႏွံေတြကို ကိုယ္တိုင္စိုက္ပ်ိဴးေနၾကတာ တစ္႐ြားလုံးက လူေတြအကုန္ပဲ။ ကေလးေတြကပါ လိုက္လာၿပီးေဆာ့ကစားေနၾကတယ္။ ေရွာင္းက်န႔္ကေတာ့ ကေလးေတြေဆာ့ေနတဲ့ သစ္ပင္ႀကီးတစ္ပင္ေအာက္မွာထိုင္ေနလိုက္တယ္။

ရိေပၚကေပါက္တူးေပါက္လိုက္ ေရွာင္းက်န႔္ကိုလွမ္းၾကည့္လိုက္လုပ္ေနေတာ့ ႐ြာသားေတြက စေနာက္ေသးတယ္။ ရိေပၚအေဖကေတာ့ ႐ြာသားေတြ႐ူးေနတယ္လို႔ထင္ေနတယ္။

"မုန္လာဥေတြ ဒီႏွစ္အေတာ္ေလးထြားတယ္။"

"ဟုတ္တယ္ေနာ္။ ဝွား...နည္းတာမဟုတ္ဘူး။ သခင္ေလးကိုညေနၾကရင္ခ်က္‌ ေကြၽးမယ္။"

ဝမ္ပါးေခါင္းညိမ့္တယ္။

"ပါး...အန္တီရင္း တို႔ကမုန္လာဥနီေတြစိုက္တာလား။"

"အင္း။"

"နဲနဲေတာင္းေပးပါ သခင္ေလးကိုၾကက္သားေလးနဲ႕ ေပါင္းေကြၽးခ်င္လို႔။"

"အင္း...အင္း.."

ရိေပၚကအရမ္းသန္မာတယ္။ အလုပ္လုပ္ေနတာ တစ္ခ်က္ညည္းတြားတာေတာင္မလုပ္ဘူး။ သူ႕ၾကည့္ရတာလည္း ေမာတဲ့ပုံေတာင္မေပါက္ဘူး။ အလုပ္လုပ္လိုက္ ေရွာင္းက်န႔္ကိုေငးလိုက္နဲ႕။

"သား....ျပန္မယ္ေလ..."

အလုပ္သိမ္းေတာ့ အိမ္ဖက္ကိုေျခဦးမလွည့္တဲ့ သားကိုဝမ္ပါးက သတိေပးတယ္။

"ခနေလးပါ။ ဟိုနားမွာ ဘယ္ရီသီးေတြ လွမ္းေတြ႕ရတယ္။ နဲနဲခူးဦးမယ္။ သခင္ေလးထမင္းစားၿပီးရင္ အခ်ိဳတည္းရေအာင္။"

ဝမ္ပါး သူ႕သားကိုဂ႐ုဏာသက္စြာၾကည့္ရင္း

"႐ြာသားေတြကေျပာတယ္။ မင္းကမိန္းမကိုသိပ္ခ်စ္တာပဲတဲ့။"

ရိေပၚၿပဳံးေနတာေလနဲနဲ ေလွ်ာ့သြားၿပီး

"သူက သခင္ေလးေလ။ ႐ြာသားေတြမသိေပမယ့္ ပါးသိတယ္ေလ။"

"သူသခင္ေလးဆိုတာ ငါသိေပမယ့္ ငါအျမင္ကလည္း႐ြာသားေတြျမင္သလိုပဲျမင္တယ္။"

ရိေပၚအရႈံးသမားေလးလို ေခါင္းငုံ႕သြာတယ္။

"သူ႕ကို အပိုင္လိုခ်င္လား။"

ဝမ္ပါး ေမးေတာ့
ရိေပၚဆက္ကနဲေမာ့လာၿပီး ေခါင္းခါတယ္။

"သခင္ေလးကိုအတင္းက်ပ္ မလုပ္ပါနဲ႕။ သခင္ေလးစိတ္ဆင္းရဲမယ္။"

"ဒါဆိုငါ့သားကေရာ...."

"ကြၽန္ေတာ္ အဆင္ေျပတယ္။"

"ရိေပၚ......မင္းသိလား။ မင္းတို႔သားအမိထြက္သြားကတည္းက သစၥာဆိုထားတာရွိတယ္။"

"........"

"ငါ့အေသြးသားေတြ ခမ္းပါ‌ေစ မင္းတို႔ဆႏၵကိုရေအာင္ျဖည့္ဆည္းမယ္။"

"ပါး..."

ရိေပၚပါးရဲ႕လက္ကိုဆြဲတာ ပါးကခါခ်လိဳက္တယ္။

"ပါး..."

သူတို႔သားအဖထြက္လာေတာ့ ေရွာင္းက်န႔္လည္း ထလိုက္လာတယ္။ အပင္နားကကေလးေတြအတင္းေျပာေနတာက ရိေပၚေကာေကာရဲ႕ ဇနီးက မာနႀကီးတယ္တဲ့။
________

အိမ္ေရာက္ေတာ့ ရိေပၚကခ်က္ျပဳတ္ဖို႔အသဲသန္လုံးပန္းတယ္။ သူတို႔လည္း ေရမိုးခ်ိဳးၿပီး ဟင္းက်က္ခ်ိန္ကိုေစာင့္ၾကတယ္။ ေရွာင္းက်န႔္ကဗိုက္ဆာလို႔ရႈံ႕မဲ့ေနခ်ိန္ ရိေပၚက ပန္းသီးေလးတစ္လုံးေပးလာတယ္။
ဝမ္ပါး တစ္အံ့တစ္ဩျဖင့္

"ပန္းသီးဘယ္ကရ တာလဲ။"

"ဒီတိုင္း...."

"အာ....သိၿပီ ။ ႐ြယ္႐ြယ္ ေပးတာလား။ သူ႕အေဖမေန႕က ခူးလာတာေတြ႕တယ္။"

ရိေပၚ ေခါင္းညိမ့္လိုက္တယ္။

"ကေလးမေလးက ခင္လို႔။"

"ကေလးမ???? သူ႕အသက္ကဘယ္ေလာက္လဲ။"

ေရွာင္းက်န႔္က ထေမးေတာ့ ဝမ္ပါးက

"၁၅ႏွစ္"

"မင္းနဲ႕႐ြယ္တူေလာက္ပဲ။"

ရိေပၚ သူ႕ကိုယ္သူ မလုံမလဲခံစားေနရတယ္။ သခင္ေလးအထင္လြဲမွာေၾကာက္တယ္။

"ေနာက္ဆို သူမ်ားေပးတာငါ့ကိုလာမေကြၽးနဲ႕။ မစားဘူး။"

ရိေပၚအရမ္းေၾကာက္သြားတယ္။ အစေဖၚတဲ့ သူ႕အေဖကိုလည္းစိတ္ဆိုးတယ္။

အကုန္လုံးတိတ္ဆိတ္သြားခ်ိန္မွာေတာ့ ဝမ္ပါးက

"မဂၤလာေဆာင္ရမယ္။"

သူတို႔မ်က္လုံးေတြျပဴးသြားၾကတယ္။

"ပါးဒီတိုင္း...."

"မိန္းမခိုးလာၿပီး မဂၤလာမေဆာင္ရင္ လူေတြကဘာေျပာမလဲ။ ငါကမဂၤလာပြဲေတာင္မလုပ္ေပးနိုင္တဲ့ အေဖလို႔ေျပာခံရမယ္။ သူမ်ားသားသမီးကို ျဖစ္သလိုေပါင္းသင္းတယ္လို႔ မင္းကိုေျပာမယ္။ သခင္ေလးလည္း မ်က္ႏွာငယ္ရမယ္။"

အခုရိေပၚတစ္ကိုယ္လုံးေခြၽးေစးပ်ံေနတယ္။ သခင္ေလးစိတ္ဆိုးၿပီး ထြက္သြားမွာအရမ္းေၾကာက္တယ္။

"အဲ့ ကိစၥေတြေနာက္မွ ေျပာလို႔ရမလား။ သခင္ေလးကို စိတ္မညစ္ေစခ်င္ဘူး။ သား အသက္မျပည့္ေသးလို႔ မေဆာင္ေသးတာလို႔ေျပာလိုက္ေလ။"

အခြင့္ေရးကို အသုံးမခ်တဲ့သားကို ဝမ္ပါးပိတ္ရိုက္လိုက္ခ်င္တယ္။ သူဘယ္ေလာက္ထိ ဒီစကားကိုေျပာဖို႔ႀကိဳးစားထားရလဲ။

ေရွာင္းက်န႔္ကပါတိတ္ဆိတ္ေနေတာ့ ရိေပၚမ်က္ရည္က်လာတယ္။

"သခင္ေလးစိတ္မပ်က္ပါနဲ႕။ တစ္ျခားနည္းလမ္းစဥ္းစားပါ့မယ္။"

ေရွာင္းက်န႔္ဘာမွ ျပန္မေျပာဘူး။ ဝမ္ပါးလည္း လန႔္သြားတယ္။ သူလုပ္လိုက္တာမွားသြားၿပီလား။ တစ္ခါတည္း အပိုင္ႀကံရာက တစ္ခါတည္း အျပတ္ျဖစ္သြားၿပီလား။

မၾကာခင္ေတာ့ ရိေပၚခ်က္ျပဳတ္ေပးတာေတြကို တိတ္ဆိတ္စြာပဲစားၾကတယ္။ ဇြန္းသံခြက္သံကလြဲလို႔ ဘာမွမၾကားရဘူး။ ရိေပၚကေတာ့ သခင္ေလးကိုခိုးၾကည့္ေနရာ သခင္ေလးက ေခါင္းငုံ႕ၿပီးသာ စားေနတယ္။ ၿပီးေတာ့သခင္ေလးက စားေနတဲ့သစ္သားဇြန္းကိုေဘးခ်လိဳက္တဲ့အခါရိေပၚက

"ယူဦးမလား သခင္ေလး။ ဒါမွ မဟုတ္အခ်ိဳတည္းေတာ့မလား။ ဘယ္ရီသီး‌ေတြခူးထားတယ္။"

"မင္းကို လက္ထပ္မယ္။"

"ဂေလာက္"

ရိေပၚလက္ထဲက သစ္သားဇြန္းဟာ ဂေလာက္ကနဲ ေအာက္ျပဳတ္က်သြားတယ္။






Continue Reading

You'll Also Like

1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
114K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
245K 8.7K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...