Bittersweet

By Loeykhune

6.5K 817 310

အချစ်ဟာ ချိုမြိန်သလား ခါးသီးပါသလား ချစ်ဖူးသူမှသာ သိနိုင်ပါလိမ့်မည် ​သေချာတာက "Love is a hole in the heart." ဆ... More

Champagne Problmes
Beginning or The End
Coming Home
Something
The Husband Thing
A night with Ex-husband
Down the past lane
A step to break up
Gossip
The Bar Night
Whose Mistake
Waking up in the old bedroom
A tree in my soul
Blue
Hard to hold on, hurt to let it go
The reason why we broke up
Bruises under the surface
💝
L O S T love
B I T T E R S W E E T🍒🍓
Hi Hi Hi

Promises

302 38 16
By Loeykhune


ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ ချန်းယောလ်ဟာ သူ့ကိုယ်သူ လက်ထပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ သတို့သားလောင်း တစ်ယောက်အဖြစ်ပြန်တွေ့တယ်

မင်္ဂလာပွဲမှာ ဝတ်ဆင်မယ့် ဖိနပ်ကနေ..ဝတ်စုံအထိ

ဂျွန်ဟီးစိတ်တိုင်းကျ လိုက်ဖက်တဲ့ ဝတ်စုံကိုလည်း သူတို့ရွေးပြီးပြီ

သူတို့သမီးဝတ်စုံနဲ့ Fitting Room ထဲက ထွက်လာတဲ့အခါ သူဟာ ငိုချင်နေခဲ့တယ်

ဂျွန်ဟီးစီစဉ်ထားတဲ့ မင်္ဂလာခန်းမဟာ သူတို့မြို့လေးမှာ ဆိုတာကို သိလိုက်ရတုန်းကလည်း သူဟာ အထိတ်ထိတ်အလန့်လန့်ဖြစ်ခဲ့ရသေးတယ်

“ချန်းနှစ်သက်တဲ့ မြို့လေးမှာ လက်ထပ်ပွဲကျင်းပချင်လို့” ဆိုတဲ့ ဂျွန်ဟီးရဲ့ စေတနာကို သူဟာ ဘာမှ မကန့်ကွတ်နိုင်ခဲ့ဘူး

“ချန်း ကျွန်မနဲ့လက်ထပ်ချင်တာ သေချာရဲ့လားလို့” မေးတုန်းကလည်း သူဟာ သူ့ကိုယ်သူ မသေချာတာတောင် ခေါင်းငြိမ့်ပြီး ကတိပေးခဲ့တယ်

ဘက်ခဟျွန်းနဲ့ သူ့ရဲ့ ပြသနာထဲမှာ ဂျွန်ဟီးကို ထပ်မထည့်သင့်ဘူးလို့ တွေးခဲ့တယ်

ခန်းမရဲ့ အလယ်မှာ သူတို့သမီး ဝင်လာလို့ ရပါပြီ လို့ အခမ်းအနားမှုးက ​ကြေညာတယ်

ဒီဘုရား​ကျောင်းမှာ ဘက်ခဟျွန်းနဲ့သူတို့ရဲ့ မဂ်လာပွဲကို ကျင်းပခဲ့ကြတာ

အဲ့ဒီတုန်းက သူငယ်ချင်းတစ်သိုက်နဲ့ မိဘ​​တွေကို ဇွတ်ဆွဲ​ခေါ်လာပြီး သူတို့ဘာသာ လက်ထပ်လိုက်ကြတာဖြစ်သည်

ဂျွန်ဟီး သူ့ဆီတစ်လှမ်းချင်း လှမ်းလာတာကို ကြည့်ရင်းနဲ့

သူ့ဘဝတစ်လျှောက်လုံး  စိတ်ထိခိုက်စရာ အတိတ်တွေထဲက ရုန်းထွက်နိုင်ပါ့မလားလို့ စိတ်ပူမိတယ်

ဂျွန်ဟီးရဲ့ ဘဝကိုရော သူဖျက်စီးမိပြီလားလို့ရောပေါ့

အပြုံးတစ်ခုကို တပ်ဆင်ထားဖို့ထိကို အားမရှိနိုင်လောက်အောင် ဆစ်ခနဲ ဆစ်ခနဲ နာကျင်နေတယ်

သတို့သမီးကို ဖခင်ဆီကနေ လက်လွှဲယူပြီးနောက်မှာ သူအတတ်နိုင်ဆုံး ပြုံးပြလိုက်တယ်

ပြီးတော့ ဘုန်းတော်ကြီးရဲ့ ရှေ့မှာ သစ္စာပြုဖို့ နှစ်ယောက်အတူနေရာယူလိုက်တယ်

“ဒီနေ့ ကြွရောက်လာတဲ့ လူအားလုံးဟာ သတို့သား ပတ်ချန်းယောလ်နဲ့ သတို့သမီး လီဂျွန်ဟီး တို့ရဲ့ ထိမ်းမြားလက်ထက်မှုကို ချီးမြှင့်ဖို့ ရောက်လာကြတာဖြစ်ပါတယ်”

---ဒီနေ့ ကျွန်တော်တို့ဟာ ပတ်ချန်းယောလ်နဲ့ ဗြောင်ဘက်ခဟျွန်းတို့ရဲ့ ထိမ်းမြားလက်ထက်မှုကို အသိအမှတ်ပြုဖို့ ရောက်လာကြတာဖြစ်ပါတယ်---

“သတို့သမီး လီဂျွန်ဟီးဟာ သတို့သား ပတ်ချန်းယောလ်ကို အခုချိန်မှစ၍ တရားဝင်ခင်ပွန်းသည်အဖြစ် အသိမှတ်ပြုပြီး ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာဖျားသည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ ဘဝတစ်လျှောက်လုံး အတူတူနေထိုင်သွားဖို့ ကတိပြုပါသလား”

“ကတိပြုပါတယ်”

---ဒီနေ့မှစပြီး ဗြောင်ဘက်ခဟျွန်းဟာ ပတ်ချန်းယောလ်ကို တရားဝင်ခင်ပွန်းသည်အဖြစ် အသိမှတ်ပြုပြီး ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာဖျားသည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ  ဘဝတစ်လျှောက်လုံး အတက်အကျအချိန်တိုင်း အတူတူနေထိုင်သွားဖို့ ကတိပြုပါသလား---

--- ဟုတ်ကဲ့ ကတိပြုပါတယ်---

---ဒီနေ့မှစပြီး ပတ်ချန်းယောလ်ဟာ ဗြောင်ဘက်ခဟျွန်းကို တရားဝင်ခင်ပွန်းသည်အဖြစ် အသိမှတ်ပြုပြီး ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာဖျားသည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ  ဘဝတစ်လျှောက်လုံး အတက်အကျအချိန်တိုင်း အတူတူနေထိုင်သွားဖို့ ကတိပြုပါသလား---

--ပြုတာပေါ့---

“သတို့သား ပတ်ချန်းယောလ်ကရော သတို့သမီး လီဂျွန်ဟီး ကို အခုချိန်မှစ၍ တရားဝင်ခင်ပွန်းသည်အဖြစ် အသိမှတ်ပြုပြီး ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ နာဖျားသည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ ဘဝတစ်လျှောက်လုံး အတူတူနေထိုင်သွားဖို့ ကတိပြုပါသလား”

ချန်းယောလ်ဟာ သူ့နှုတ်ခမ်းတွေကို ဟပြီး တုံ့ပြန်ဖို့ ကြိုးစားပေမယ့် ဆို့နင့်ကြေကွဲနေခဲ့ပြီး ဘာစကားမှ မထွက်လာနိုင်ခဲ့ဘူး

သူ့ဆီက စကားကို မျှော်လင့်နေတဲ့ ဂျွန်ဟီးရဲ့ မျက်နှာကိုသာ ကြည့်မိနေတယ်

ကင်မရာမီးတွေ တဖြက်ဖြက်လပ်နေတဲ့ အလင်းရောင်အောက်မှာ ဂျွန်ဟီးရဲ့ တောင်းပန်တိုးလျှိုးနေတဲ့ အကြည့်ကြောင့် သူ့ကိုယ်သူ ရှေ့ဆက်လျှောက်ဖို့ တွန်းအားပေးလိုက်တယ်

ချန်းယောလ်ဟာ အသက်ကိုဝဝရှုလိုက်ပြီး ကတိပြုဖို့ ဆုံးဖြတ်လိုက်တယ်

“ခဏလေး”

လူအုပ်ထဲက အော်သံကြောင့် အားလုံးရဲ့ အာရုံဟာ ထိုသူဆီရောက်သွားတယ်

ကင်မရာမီးဆလိုက်တွေကြောင့် ထိုသူရဲ့ ကုတ်အင်္ကျီအနားစ ဟာ လေထဲမှာ တစ်ဖြက်ဖြက်လွင့်ရင်း လမ်းလျှောက်လာတာကိုသာ မြင်ရတယ်

ချန်းယောလ်ဟာ မျက်မှောင်ကျူတ်ကာ ကြည့်နေရင်း နီးကပ်လာတဲ့ မျက်နှာကို အံ့သြစွာ ကြည့်လိုက်တယ်

“အိုဆယ်ဟွန်း?”

ခန်းမရဲ့ ‌ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ဆူဟိုက ဘယ်ကမှန်းမသိရောက်လာတဲ့သူကို ဝင်တားဖို့ ပြေးလာကာ ဆွဲခေါ်ဖို့ကြိုးစားတယ်

“မင်း လက်ထက်လို့ မရသေးဘူး” ဆူဟိုရဲ့ လက်ထဲကနေ ရုန်းရင်း ဆယ်ဟွန်းက အော်တယ်

“ဟင်”

အားလုံးရဲ့ အကြည့်က ချန်းယောလ် နဲ့ ဆယ်ဟွန်းဆီမှာ

“ချန်း ဘာတွေဖြစ်နေတာလဲ”

ဂျွန်ဟီးက စိတ်ပူစွာမေးတယ်..တကယ်တော့ သူလည်းမသိတာမို့ ဆယ်ဟွန်းကိုသာ အဖြေရှာသလို ကြည့်မိတယ်..သူနဲ့ အိုဆယ်ဟွန်းဟာ မျက်နှာချင်းဆိုင်အခန်းမှာ နေတယ်ဆိုပေမယ့် တစ်ခါမှတောင် ကိုယ်ရေးကိုယ်တာအရ စကားပြောဖူးကြတာမဟုတ်ဘူး..ဒီမော်ဒယ်နဲ့က ရိုက်ကွင်းမှာမတော်တဆ ဆုံရင်တောင် တည့်ကြတာမဟုတ်”

“မင်းရဲ့ ရှေ့နေက ပို့ထားတဲ့ စာက ငါ့အိမ်ကို မှားရောက်နေတာ”

“အဲ့ဒီတော့”

”မင်းအခုထိ မကွာရှင်းရသေးဘူး”

ဆယ်ဟွန်းက သူ့နား နားကို ကပ်ရင်း တိုးတိုးကပ်ပြောတယ်

“ဘက်ခဟျွန်းဆိုတဲ့ တစ်ယောက်နဲ့ ခုထိလက်ထပ်ထားတုန်းပဲ”

ချန်းယော်ရဲ့ မျက်လုံးဟာ အပြင်ကိုထွက်ကျလုနီးပါး ပြူးသွားတယ်

“ဒါပေမယ့် ဘက်ခဟျွန်းက လက်မှက်ထိုးပေးပြီးသွားပြီလေ ငါသေချာစစ်လိုက်ပါတယ်”

“ဟုတ်တယ်...လိုနေတဲ့ လက်မှတ်က မင်းလက်မှတ်ပဲ”

“ဟမ်”

“ရော့ ဒီမှာ.”

ဆယ်ဟွန်းက သူယူလာတဲ့ ကွာရှင်းစာချုပ်ကို
ချန်းယောလ်ရှေ့လှမ်းပေးတယ်

အားလုံးကို မြင်လိုက်တဲ့ ဆူဟိုက သူ့အိပ်ကပ်ထဲက ဖောင်တိန် ထုတ်ပေးရင်း

“ဘုရားသခင်က အခွင့်အရေးကို ဖန်တီးပေးနိုင်ပေမယ့် ငတုံးတွေကတော့ ယူတတ်မှရမယ်” တဲ့

ချန်းယောလ်ဟာ သူ့ဘေးပတ်ဝန်းကျင်က လူတွေအားလုံးကို လှည့်ပတ်ကြည့်လိုက်တယ်..အားလုံးဟာ သူတစ်ခုခုလုပ်ဖို့၊ ဒါမှမဟုတ် မလုပ်ဖို့ စောင့်စားနေကြတယ်

ဒါပေမယ့် သတင်းသမားတွေရဲ့ ရှေ့၊ ဂျွန်ဟီးမိသားစုတွေရဲ့ ရှေ့မှာ ဒီလိုမလုပ်သင့်မှန်းလည်း သူသိနေတယ်

တုန်ရီနေတဲ့လက်နဲ့ပဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ပြင်လိုက်တယ်

“ချန်း...”

သူ့လက်ထဲက ဖောင်တိန်ကို ဂျွန်ဟီးက ဆွဲကိုင်လိုက်တယ်

“ကျွန်မကို ချစ်လား”

“ဂျွန်ဟီးရ...ကိုယ်”

“ရှင့်နှလုံးသားတစ်ခုလုံးနဲ့ ချစ်နိုင်မှ ဒီလက်မှတ်ကို ထိုးပါ”

နှလုံးသားတစ်ခုလုံး

သူ့နှလုံးသားတစ်ခုလုံးကို ဘက်ခဟျွန်းဆီ ‌ပေးခဲ့ပြီးပြီလေ

ဘက်ခဟျွန်းကိုပေးခဲ့ပြီးတဲ့ အချိန်ကနေ သူဘယ်တုန်းကမှ ပြန်ယူလို့ မရနိုင်ခဲ့ဘူးမလား

“တကယ်တော့ ကျွန်မ တိုကျိုကို လာခဲ့တယ်”

“ဂျွန်ဟီး”

“လူတစ်ယောက်ဆီနောက်ကပြေးလိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တဲ့အထိ
ဒူးထောက်တောင်းပန်နေတဲ့ ချန်းကိုရော.အင်း ချန်းရဲ့ ခင်ပွန်းဟောင်း..မဟုတ်သေးဘူး..ချန်းရဲ့ လက်ရှိအမျိုးသားဟာ ချန်းမမြင်နိုင်တဲ့ နေရာရောက်မှ ငိုကျွေးနေခဲ့တာကိုရော..ကျွန်မ အကုန်မြင်ခဲ့ပါတယ်”

“ကိုယ်”

“ဟင့်အင်း ကျွန်မကိုတောင်းပန်ဖို့ မလိုပါဘူး၊ ဒါကြောင့် ကျွန်မက ချန်းသေချာရဲ့လားလို့ တောက်လျှောက်မေးနေရတာပေါ့..အနည်းဆုံးတော့ ချန်းကိုပိုင်ဆိုင်ချင်သေးတဲ့ စိတ်လေးကြောင့်လည်း ကျွန်မ ဘက်က လက်မလွှတ်နိုင်ခဲ့တာ ပါပါတယ်”

“ကိုယ်တကယ်တောင်းပန်ပါတယ်”

“ကျွန်မ ခွင့်လွှတ်နိုင်တဲ့အထိပဲတောင်းပန်ပါ
ချန်းရယ်...တကယ်လို့ ဒီမင်္ဂလာပွဲကို ဆက်လုပ်မိခဲ့မယ်ဆိုရင် ကျွန်မကိုယ်ကျွန်မလည်း ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး..အဲ့ဒီတော့..သွားပါတော့”

“ဟင်”

“ချန်းအမျိုးသားကို တွေ့အောင်ရှာပြီး နှလုံးသားတစ်ခုလုံးမြင်အောင် ပြဖို့ကြိုးစားပါတော့”

ချန်းယောလ်ဟာ ဂျွန်ဟီးကို အားနာကျေးဇူးတင်စွာကြည့်ရင်း မင်္ဂလာ ခန်းမထဲက ပြေးထွက်လာခဲ့တော့တယ်

***
The best cameo award goes to wuri Oh Sehun🐥

Continue Reading

You'll Also Like

22K 2.6K 12
ဒီအိမ်နီးချင်း ဘယ်လိုမထုံတတ်တေးလေးလဲကွာ fic cover crd to original artist Total parts - 9 and extra (...) Completed
337K 40.4K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 45.6K 52
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
22.7K 2.2K 21
ချစ်ခြင်းတရားတို့သည် ထိုလူသားနှစ်ယောက်အပေါ်တွင် ဖြစ်တည်သည် ။