ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၂၂)

311 40 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၂၂)

'ဒီ‌နှစ်ယောက်က ငါ့ကို ပေါင်းပြီး လိမ်ဖို့ ကြံစည်နေတာလား' ဧည့်သည်မိန်းကလေးသည် ဝူဟိုင်းကို အနည်းငယ် စောင်းငဲ့ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ ဝူဟိုင်းက မီနူးရှိ ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှ ယွမ် ၁၀၀တန် ပိုက်ဆံရွက်(၃)ရွက်ကို ထုတ်ကာ ယွမ်ကျိုးကို ပေးလိုက်သည်။ ယွမ်ကျိုးက ငွေကို လက်ခံယူလိုက်ပြီး ငွေပုံးထဲသို့ ထည့်လိုက်သည်။ ဤငွေသေတ္တာသည် စနစ်မှ ပံ့ပိုးပေးထားသော ပစ္စည်းဖြစ်သည်။ ငွေသားပုံးသည် ပြန်အမ်းငွေ ပေးဆောင်ရန် လိုအပ်ပါက ‌ပြန်အမ်းငွေကို အတိအကျ ပြန်ပေးသည်။ ဤသည်က အမိုက်စား တီထွင်မှု ဖြစ်သည်။

ပုံမှန်အားဖြင့် စနစ်မှ ပေးအပ်ထားသော ငွေသေတ္တာသည် ဆိုင်ပိတ်ချိန်တိုင်း အမြတ်ငွေ ၉၀ရာခိုင်နှုန်းကို ဖယ်ရှားပြီး ၁၀ရာခိုင်နှုန်းကို ယွမ်ကျိုးအတွက် ချန်ရစ်ထားလေ့ရှိသည်။ သို့သော်လည်း ယနေ့မှစ၍ အမြတ်ငွေ ၈၀ရာခိုင်နှုန်းခန့်သာ ဖယ်ရှားပြီး ယွမ်ကျိုးအတွက် ၂၀ရာခိုင်နှုန်း ချန်ရစ်ထားလိမ့်မည်ဖြစ်သည်။ ယွမ်ကျိုး အဆင့်(၁)သို့ ရောက်ရှိသွားသောကြောင့် ၂၀ရာခိုင်နှုန်း အမြတ်ရခြင်း ဖြစ်သည်။

"ခဏစောင့်ပါဦး"

ပြန်အမ်းငွေ ၁၂ယွမ်အား ဝူဟိုင်းအား ပေးပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲသွားကာ ထမင်းကြော်ကြော်ရန် ပြင်ဆင်သည်။ 

ကောင်းယင်၏အမြင်တွင် ကြက်ဥထမင်းကြော် ပြင်ဆင်ရန် အချိန်သိပ်မကြာနိုင်ချေ။
သူမ၏ထင်မြင်ယူဆချက်အတိုင်း ကြက်ဥထမင်းကြော် တစ်ပွဲ ပြင်ဆင်မှုသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။ ယွမ်ကျိုးက ကြက်ဥထမင်းကြော်အစုံလိုက်ဟင်းကို ပြင်ဆင်ကာ ဝူဟိုင်းထံသို့
ယူဆောင်လာသည်။

"သူဌေး ကြက်ဥထမင်းကြော်အတွက် အရံဟင်းလျာက နှစ်မျိုးပဲလား" ဝူဟိုင်းက ယွမ်ကျိုးလက်ထဲမှ ဗန်းကို ငေးစိုက်ကြည့်ကာ မေးကြည့်လိုက်သည်။

"မပြောခင် အရင်စားကြည့်ပါဦး" စကားအများကြီးမပြောဘဲ ယွမ်ကျိုးက စားပွဲခုံပေါ် ဗန်းကိုတင်လိုက်ပြီး ပန်းကန်များကို တင်လိုက်သည်။

"ကောင်းပြီလေ။ ငါအရင်ဆုံး စမ်းစားကြည့်မယ်" ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်သော ဝူဟိုင်းက သူဌေး၏အရည်အချင်းကို နားလည်သည်။ ထို့ကြောင့် သူက ယောက်ချိုဇွန်းကို ယူလိုက်ပြီး ဟင်းချိုကို အရင်မြည်းစမ်းကြည့်လိုက်သည်။

ကောင်းယင်က အချိန်ခဏစောင့်ကြည့်ပြီးနောက် ဧည့်သည်က လူလိမ်မဟုတ်မှန်း အတည်ပြုလိုက်သည်။

"သူဌေး ဒါက အစုံလိုက်ကြက်ဥထမင်းကြော်လား။ ကြက်ဥထမင်းကြော်ရဲ့အရသာကရော ဘယ်လိုရှိလဲ"

"ကြက်ဥထမင်းကြော်က သာမန်ကြက်ဥထမင်း‌ကြော် ပါပဲ။ တခြားဘာတွေမှ မပါပါဘူး" ယွမ်ကျိုးက ချောမောလှပသော မိန်းမချောလေးကို မျက်နှာမူကာ မဆိုင်းမတွ ရှင်းပြလိုက်သည်။

"ဒါဆိုရင် ဘာဖြစ်လို့ ဒီလောက်တောင် ဈေးကြီးရတာလဲ" ကောင်းယင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သာမန်စားသောက်ဆိုင်များတွင် အရံဟင်းများကို အခမဲ့ပေးလေ့ရှိပြီး ဤစားသောက်ဆိုင်သည် သာမန်စားသောက်ဆိုင်များထက် အဆပေါင်းများစွာ ပို၍ ဈေးနှုန်းမြင့်နေသည်။ ကောင်းယင်က အပြင်ဆိုင်များတွင် စားလေ့မရှိသောကြောင့် ပြင်ပလောကအကြောင်းမသိ၍ ယခုလို ဈေးနှုန်းမြင့်နေသည်ဟု ယူဆမိသည်။ သူမက လက်ကို မြှောက်လိုက်ပြီး နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့ပြင် အပြင်ဘက်တွင်လည်း အပူချိန်မြင့်မားနေ၍ နောက်ထပ် စားသောက်ဆိုင်သို့ သွားရောက်ချင်သော ဆန္ဒမရှိပေ။ ထို့ကြောင့် ဤစားသောက်ဆိုင်မှ ဟင်းပွဲကိုသာ မှာယူရန် ကောင်းယင် ဆုံးဖြတ်လိုက်သည်။

"ရေတစ်ခွက် နှင့် ကြက်ဥကြော်တစ်ပွဲပေးပါ"

"တောင်းပန်ပါတယ်။ ဒီမီနူးထဲမှာပါတဲ့ ဟင်းတွေကလွဲပြီး တခြားအစားအသောက်မရပါဘူး။ ရေလဲ မရောင်းပါဘူး"
ယွမ်ကျိုးက ပခုံးဆတ်ခနဲတွန့်လိုက်ပြီး ကောင်းယင်ကိုကြည့်ကာ ပြောလိုက်သည်။

...

ကောင်းယင်က HRအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့၍ တည်ငြိမ်သောအမူအရာ ရှိသော်လည်း သူမ၏စိတ်ထဲ ကျိန်ဆဲလိုက်မိသည်။ ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ်ဖြင့် ရောင်းချသောသူဌေးက ဧည့်သည်ကို ရေတစ်ခွက်ပင် မတိုက်၍ သူမ အံ့ဩမဆုံးပင် ဖြစ်နေရသည်။ သူမက တခြားဆိုင်သို့ သွားချင်သောဆန္ဒ မရှိ၍သာ က ကျိတ်မှိတ်သည်းခံလိုက်ရသည်။ ၁၈၈ယွမ်ဆိုသော ငွေ ပမာဏသည် သစ်ပင်အလိုအလျောက်ပေါက်လာသော ငွေကြေးမဟုတ်ပေ။ သူမ ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်၍သာ ရရှိလာသော ငွေဖြစ်သည်။

"ဒါဆိုရင်လည်း အစုံလိုက် ကြက်ဥထမင်းကြော်ပေးပါ" ကောင်းယင်က ယွမ်ကျိုးကို မကျေမနပ် အံကြိတ်လိုက်သည်။

"ကောင်းပါပြီ။ ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ကောင်းယင်၏အပြုအမူကို သိပ်အာရုံမထားပေ။ ကြက်ဥထမင်းကြော်ကို မြည်းစမ်းပြီးနောက် သူမလည်း ဟင်းလျာ၏အာရုံထဲ နစ်မြောသွားလိမ့်မည်ဟု ယုံကြည်သည်။ ယွမ်ကျိုးက စနစ်ကို ပိုင်ဆိုင်ထား၍ သူ့ဖောက်သည်များ ဟင်းလျာကို မနှစ်သက်မည်ကို မစိုးရိမ်ချေ။ ကောင်းယင်က စားသောက်ဆိုင်၏အခြေအနေကို စုံစမ်းကြည့်ရန် ဘေးနားရှိ နှုတ်ခမ်းမွှေးနှင့်အမျိုးသားကို လှည့်ကြည့်လိုက်စဉ် ၎င်းအမျိုးသားသည် ကျေနပ်အားရသော အမူအရာဖြင့် ဟင်းချိုနှင့်မုန်လာချဉ်ကို စားသုံးနေပြီး ရံဖန်ရံခါ ကြက်ဥထမင်းကြော်ကိုလည်း  အရသာခံပြီး စားသုံးနေခြင်းကို မြင်တွေ့ရသည်။

"အရသာကြောင့် ဈေးကြီးနေတာလား" ကောင်းယင်က မယုံသင်္ကာဖြစ်သွားသည်။

"မင်း မှာထားတဲ့ အစုံလိုက် ကြက်ဥထမင်းကြော် ရပါပြီ။ သုံးဆောင်လို့ရပါပြီ" ကြက်ဥထမင်းကြော် ရောက်လာ၍ ကောင်းယင်၏အတွေးစ ပြတ်တောက်သွားသည်။ ကောင်းယင်က သူမ၏အရှေ့ရောက်လာသော ကြက်ဥထမင်းကြော်ပွဲနှင့် မီးဖိုချောင်ကို အကဲခတ်လိုက်သည်။ 

ကောင်းယင်က သူမ၏စားပွဲရှေ့ချလာသော ကြက်ဥထမင်းကြော်နှင့် အရံဟင်းပွဲများကို တချက် အကဲခတ်လိုက်သည်။ ထို့နောက် သူမ၏သားရေပိုက်ဆံအိတ်လေးကို ဖွင့်လိုက်သည်။ ၎င်းသားရေပိုက်ဆံအိတ်ထဲမှ ဆေးဘက်ဆိုင်ရာသုံးဟု စကားလုံးရေးထိုးထားသော တစ်ရှူးစလေးကို ထုတ်ကာ အရွယ်အစားမတူညီသော ဇွန်း၂ချောင်းကို သန့်ရှင်းရေး ပြုလုပ်သည်။ သူမက ပင်လယ်ရေမှော်ဟင်းချိုကို ပထမဆုံး စားကြည့်ရန် ဆုံးဖြတ်ထားသည်။ ဤဆိုင်သို့ ရောက်ရှိရန် အဝေးကြီးလမ်းလျှောက်လာရသည့်အပြင် တစ်ချိန်လုံး စကားပြောနေရ၍ ရေဆာသောခံစားချက် ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ပင်လယ်ရေမှော်ဟင်းချိုကို အရင်ဆုံး မြည်းစမ်းကြည့်ရမည်။

ဟင်းချိုသောက်ရန် အသုံးပြုသောဇွန်းသည် ပန်းကန်လုံးနှင့် လိုက်လျောညီထွေရှိသော အချိုးအစားရှိသည်။ သို့သော် လည်း ကောင်းယင်က ဇွန်းတစ်ဇွန်းစာအပြည့် ဟင်းချိုခပ်ခြင်းမရှိဘဲ ဟင်းချိုအနည်းငယ်ကို ဇွန်းတစ်ဝက်ကျော်ကျော်ခန့် ခပ်လိုက်သည်။ ထို့နောက် သူမ၏နှုတ်ခမ်းနီကို ညစ်ပေခြင်းမရှိဘဲ ပါးစပ်ထဲသို့ သေသပ်ကျနစွာ ထည့်လိုက်သည်။ ထို့နောက် တစ်ငုံသောက်ကာ မျိုချလိုက်သည်။ ဟင်းချို၏ ချိုမြသောအရသာက သူ့ခံတွင်းထဲ ဝင်ရောက်လာသည်။ အစားအသောက်၏ ဆွဲဆောင်မှုကြောင့် အိန္ဒြေသိက္ခာရှိသော မိန်းမတစ်ယောက်၏အမူအရာကို မထိန်း‌ထားတော့ဘဲ ကောင်းယင်က ဟင်းချိုတစ်ဇွန်းသောက်လိုက် ကြက်ဥထမင်းကြော်တစ်ဇွန်းစားခြင်း၊မုန်လာချဉ်စားလိုက်ဖြင့် အားရပါးရစားသောက်လိုက်သည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးလာပြီး ၁၂နာရီ၁၀မိနစ်အချိန်သို့ ရောက်ရှိလာသည်။ စားသောက်ဆိုင်သို့ သူငယ်ချင်းများနှင့် မကြာခဏ လာရောက်စား‌သောက်လေ့ရှိသော ယင်းယာသည် ကျန်ရှိနေသော ထိုင်ခုံ၆ခုံကို ရယူလိုက်သည်။

"ငါတို့တွေ အလုပ်တွေကို မြန်မြန်လက်စသတ်ပြီး စောစောစီးစီးလာခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် အပြင်မှာ စောင့်နေရဦးမယ်" ယင်းယာနှင့်အတူတူပါ‌လာသော မိန်းမပျိုလေးက ကျေနပ်အားရစွာ ပြောဆိုသည်။

"သူဌေး ဒီနေ့ ဟင်းလျာမီနူးအသစ်ရတယ်ဆို"

"ဟုတ်တယ်။ အခု ရပြီ။ နေ့လည်စာအတွက် ရောင်းဖို့ အသင့်ပဲ။ ဟင်းလျာအသစ်ကို စားတော့မလား" ယွမ်ကျိုးက ဟင်းလျာအသစ်မီနူးကို မြည်းစမ်းနေသည့် ကောင်းယင်နှင့် ဝူဟိုင်းကို လက်ညှိုးထိုးပြကာ အသစ်ရောက်လာသော ဧည့်သည်များကို ပြုံးပြသည်။

"ဝိုး ဒီတစ်ခါ ဟင်းလျာမီနူးအသစ်မှာ ဟင်းချိုပါတာလား။ ဒါဆိုရင်တော့ ငါ သဘောကျတယ်။ ငါ့အတွက် တစ်ပွဲပေးပါ" ယွမ်ကျိုး ညွှန်ပြသော စားပွဲကို ကြည့်ပြီး ယင်းယာက ရွှင်မြူးတက်ကြွစွာဖြင့် ဟင်းလျာကို မှာလိုက်သည်။

"ယင်းယာ ဈေးနှုန်းကို ကြည့်ပါဦး" ဆံပင်ခပ်တိုတိုနှင့် မိန်းကလေးက ယင်းယာကို ဖမ်းဆွဲပြီး မီနူးကို ညွှန်ပြသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်သည် စားသုံးသူ ဖောက်သည် ၂ယောက်၊၃ယောက်သာ ရှိသော အခြေအနေမဟုတ်တော့ပေ။ ပုံမှန်ဧည့်သည်အများအပြား လာရောက်လေ့ရှိပြီး လူအများ၏ ချီးမွမ်းမှုကြောင့် ကျော်ကြားနေသည်။ ၎င်းမိန်းကလေးများသည် ယင်းယာ၏လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ သူတို့သည်လည်း ဆိုင်ကို နေ့စဉ်နေ့တိုင်း လာရောက်လေ့ရှိပြီး ကြက်ဥထမင်းကြော်ကို မြည်းစမ်းလေ့ရှိသည်။

"သူဌေး ဒီဟင်းလျာမီနူးအသစ်မှာ အရံဟင်း၂ပွဲပဲပါတာလား။ အဲ့ဒီထက် ပိုမပါတော့ဘူးလား" ဟင်းလျာဈေးနှုန်းက ၂၈၈ယွမ် ဖြစ်သွားသည်ကို မြင်ရသောအခါ ယင်းယာ အံ့ဩသွားသည်။ သူမ၏ပုံမှန်ဝင်ငွေလစာက ကောင်းမွန်သော်လည်း နေ့စဉ်နေ့တိုင်း ဈေးကြီးသောဟင်းလျာကို ဝယ်ယူစားသောက်မိ၍ တခါတလေ ခေါင်းကိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ မိန်းကလေးများတွင် ဝယ်စရာ၊သုံးစရာ အများအပြားရှိသည်။

"ဟုတ်ပါတယ်။ ဟင်းလျာမီနူးအသစ်ရဲ့ အရံဟင်းတွေက ကြက်ဥထမင်းကြော်နဲ့ အရမ်းကို လိုက်ဖက်ညီပါတယ်။ စမ်းစားကြည့်ပါ"

အပိုင်း(၂၂)

ပြီးပါပြီ။

Continue Reading

You'll Also Like

2.9K 235 10
Stop crying and laugh (I'm also making this because I have too many memes in my gallery so I can just store them here instead of course.) ...
12.9K 1.2K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
2.5K 37 13
"So you really love me?" "Yk I do ma don't act like det" © NARDOOWICKK PRODUCTIONS
5.9K 246 87
☆ - Whatever tf happens in my life. Save so you never miss an update !! ☆ - None of the art I repost are never mine , lmaoo !!