"ပိုင်လင်း ၊ အဒေါ် ဘယ်လိုနေလဲ ၊ အဖေက ကျုပ်ကို အကျဉ်းချထားလို့ အဒေါ်ဆီ အလည်လာဖို့အခွင့်အရေး မရှိခဲ့ဘူး ။ ဒါကြောင့် ကျုပ်နန်းတော်ထဲဝင်ဖို့ အဆင်မပြေသလို ပွင့်ပွင့်လင်းလင်း ဝင်ဖို့လည်း ခက်တယ်။ ဒါကြောင့် ဒီအခွင့်အရေးကိုအသုံးပြုပြီး ငါ သူမဆီ အလည်လာခဲ့တာ ။ ငါသူမကို ဘယ်တုန်းက ကတိတွေ ဖျက်ဖူးလို့လဲ" ဖန်ယုလန်က ရှေ့ကို လျှောက်သွားရင်း ပိုင်လင်းကို ပြောလေသည် ။ သူက မို့ရွှီတုန်းကို မျက်လုံးထောင့်ကနေ ပြောင်မြောက်တဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်သည် ။
"တော်ဝင်မင်းသမီးက နေပြန်ကောင်းလာပါပြီ။ မင်းသမီးက မင်းသားရှောင်အကျဉ်းချခံထားရတာ ငြီးငွေ့လာပြီး မင်းသားက ဧကရာဇ်ကို အမျက်ထွက်စေမှာကို စိုးရိမ်နေပါတယ်။ မနေ့ညနေက မင်းသားရှောင်ကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခိုင်းဖို့တောင် အိမ်အကူတွေကို ပြောဖို့လုပ်သေးတယ်။ တကယ်တော့ မင်းသားက အကျင့်ပျက်နေတယ်လို့ မင်းသမီးကထင်ပြီး အရမ်း စိတ်ပူနေခဲ့တာ" ပိုင်လင်းသည် သူမ၏ စကတ်များကို အနည်းငယ် ရုတ်သိမ်းလိုက်ပြီး ဖန်ယုလန်၏ ဘယ်ဘက်ရှေ့သို့ အနည်းငယ် လျှောက်လာခဲ့သည်။
သူတို့ တံခါးများဆီသို့ ရောက်သွားကြတော့ ပိုင်လင်းက ပြုံးပြီး တံခါးကို တွန်းဖွင့်ကာ သူတို့ကို ခေါ်သွားခဲ့တယ်။
" မင်းက မကောင်းတဲ့သူပဲ ၊ မင်းက အမြဲတမ်း သိပ်နာခံမနေဘူး ၊ ရှစ်ယောက်မြောက်တူတော်ကိုတွေ့တိုင်း မင်းကငါ့ကိုရောင်းစားတယ် " မိန်းမတစ်ယောက်ရဲ့ ပေါ့ပါးတဲ့ ရယ်မောခြင်းနဲ့ ဆူပူကြိမ်းမောင်းသံကို အတွင်းကနေ ကြားလိုက်ရတယ် ။ သူမသည် ပိုင်လင်းကို ဆဲဆိုကြိမ်းမောင်းနေသော်လည်း သူမ၏လေသံသည် နူးညံ့သိမ်မွေ့ကာ အေးချမ်းမှုရှိပြီး သူမ လုံးဝဒေါသထွက်ပုံမပေါ်ပေ ။
"အရှင်မင်းသမီးက မင်းသားရှောင်ကို အရမ်းဂရုစိုက်တဲ့သူပါ ၊ဒါပေမယ့် မင်းသမီးက ကျုပ်ကို ဒီလိုပြောဖို့ခွင့်မပြုခဲ့ဘူး ၊ နောက်တစ်ကြိမ် ကျုပ် မင်းသမီးရဲ့စကားကို ပိုနာခံမှာ သေချာပြီး မင်းသမီးက တံခါးကို အကြိမ်ပေါင်းများစွာ လှမ်းကြည့်တဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောတော့ပါဘူး။ မင်းသမီးက မင်းသားရှောင်ကို အရမ်းစိတ်ပူနေပေမယ့် သူသိသွားမှာကို မင်းစိုးရိမ်နေတဲ့ အကြောင်းကိုလည်း မပြောတော့ပါဘူး " ပိုင်လင်းက ဆိုဖာပေါ်တွင် ထိုင်နေသော မင်းသမီးကို ပြုံးပြလိုက်သည်။
"ကောင်မလေး ၊ မင်းကဘာလို့ဒီလောက်နှုတ်သွက်နေတာလဲ ၊ တို့က စကားတစ်ခွန်းပဲပြောပြီး မင်းက စကားစပြောတာမရပ်တော့ဘူး ။ ဒီလိုပုံစံနှင့် မင်းကို ဘယ်သုက လက်ထပ်ဝံ့မှာလဲ " တော်ဝင်မင်းသမီးက ပြုံးပြုံးကြီး နဲ့ ကြိမ်းမောင်း လိုက်သဘ် ။ ထို့နောက် သူမ၏အကြည့်သည် ဖန်ယုလန်၏နောက်မှဝင်ရောက်လာသော မို့ရွှီတုန်းဆီသို့ရောက်သွားသည်။
သူမအကြည့်တွေက ရုတ်တရက်အေးခဲသွားပြီး နွေးထွေးလာပြန်တယ်။ သူမ၏ပုံစံသည် ဒေါသဖြစ်ခဲ့သည့် ထိုနေ့နှင့် လုံးဝမတူတော့ပေ။
"အရှင်မင်းသမီး ၊ ကျုပ်လက်ထပ်မှာမဟုတ်ဘူး ၊ ကျုပ် နောက်နှစ်ပေါင်းများစွာအထိ မင်းသမီးကို အလုပ်အကျွေးပြုမယ် " ပိုင်လင်းက လန့်သွားပြီး မထွက်ခွာသွားခင် ပြန်ဖြေလိုက်သည် ။
ဖန်ယုလန်သည် သဘာဝအတိုင်း နှုတ်ဆက်ပြီး ဘေးနားရှိ နန်မူးထိုင်ခုံကြီးတစ်ခုပေါ်တွင် ထိုင်လိုက်သည်။
မို့ရွှီတုန်းသည် ခေါင်းငုံ့ကာ မင်းသမီးလေးအား ရိုသေစွာ နှုတ်ဆက်လိုက်သည် ။ "မင်္ဂလာပါ အရှင်မင်းသမီး"
"တတိယမြောက်သခင်မလေးမိုနဲ့ မကြာခင်မှာ ပြန်ဆုံတွေ့နိုင်မယ်လို့ တို့မမျှော်လင့်ထားမိဘူး ၊ မင်းက နန်းတော်ထဲရောက်နေပြီး။ အဆင်ရောပြေရဲ့လား" မင်းသမီးရဲ့ နှုတ်ခမ်းတွေက မို့ရွှီတုန်းအား မတ်တပ်ရပ်ဖို့ လက်ဟန်ပြပြီး မင်းသမီးရဲ့ နှုတ်ခမ်းတွေက အပြုံးချီလိုက်ပါတယ်။ သူမသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာပုံပေါက်သည်။
"မင်းသမီး ရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ။ တို့နေကောင်းနေပါတယ်" မို့ရွှီတုန်းက ညင်သာစွာပြန်ဖြေတယ်။
"တိမ်တိုက်မြို့ မှာတွေ့ဆုံခဲ့ပြီး မင်းရဲ့သစ်ခွကို တို့လက်ခံခဲ့တယ် ၊ မင်းအနာဂတ်မှာ အားလပ်တဲ့အချိန် နန်းတော်ကို လာလည်ခဲ့ပါ ၊ ဒီနန်းတော်က လူများ လာရောက်လည်ပတ်မှု နည်းပါးပြီး တိတ်ဆိတ်ငြိမ်သက်နေတာမို့ အတော်လေးအဆင်ပြေပါတယ် " မင်းသမီးက ညင်ညင်သာသာ ပြုံးပြပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာပေါ်မှာ ရိုးသားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည် ။
"တူလေးက မင်းကို ဒီကို ခေါ်လာတာမို့ မင်း ဒီနေရာမှာ ရပ်နေစရာ မလိုပါဘူး ၊ မင်းအကူအညီလိုရင် ငါ့ဆီလာနိုင်တယ်။ "
"ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းသမီး " မို့ရွှီတုန်းက ယဉ်ကျေးစွာ ပြန်ပြောသည် ။
မင်းသမီးသည် သူမရှေ့ နောက်ဆုံးအကြိမ် ပေါ်လာပုံနှင့် လုံးဝကွဲပြားသည်။ မင်းသမီးသည် သစ်ခွအကြောင်းကိုသာ ပြောသော်လည်း နန်းတော်၌ ၎င်းတို့၏ ယခင်တွေ့ဆုံမှုပုံစံမျိုးမဟုတ်ပေ....
ဖန်ယုလန်က စိတ်မရှည်တော့ဘဲ မင်းသမီးကို ပြုံးပြီး ပျင်းရိစွာ ပြောလိုက်သည် ။ "အဒေါ်၊ မေးခွန်းတွေ အများကြီး မေးစရာမလိုပါဘူး ။ အနာဂတ်မှာ ဒီလိုလုပ်ဖို့ အခွင့်အလမ်းတွေ ရှိလာလိမ့်မယ်။ ဒီနေ့ အဒေါ့်ရဲ့အကူအညီကိုလိုတယ်။ "
"မင်း ဒုက္ခရောက်ပြီး ငါ့ကို ထပ်ပြီး အကူအညီ တောင်းနေတာလား။ မင်းအဖေက မင်းကို နောက်တစ်ကြိမ် ဆူပူကြိမ်းမောင်းတဲ့အခါ မင်းအတွက် ငါ ထပ်မပြောပေးနိုင်တော့ဘူး" မင်းသမီးက သူရဲ့ပျင်းရိတဲ့ အမူအရာကို မြင်တဲ့အခါ ဒေါသတကြီးငေါက်ငေါ့နေသော်လည်း မင်းသမီးသည် မပြုံးဘဲ မနေနိုင်တော့ချေ ။
“အဖေက ကျုပ်ကို တချိန်လုံး ဆူပူကြိမ်းမောင်းနေတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှတောင်မခံစားရတော့ဘူး ။ဒါပေမယ့် အဒေါ် ဒီနေ့ ကျွန်တော့်ကို ကူညီပြီး ကောလာဟလတွေကို ရပ်တန်းခိုင်းရမယ်။ ဘာမှတော့ မဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် ကောလဟာလတွေက အသံထွက်လာရင် ကျွန်တော့်ကို အရှက်ရစေလိမ့်မယ်။ ဒါဆို အဒေါ်လည်း အရှက်ရလိမ့်မယ်။" ဖန်ယုလန်က ပြုံးပြုံးလေးပြောလိုက်သည်။ အနည်းငယ် လှန်နေသော သူ့မျက်လုံးလေးများသည် ကောင်းကင်က ကြယ်ပွင့်များကဲ့သို့ ဖြားယောင်းသွေးဆောင်ကာ တောက်ပနေသည်။
"မင်းက ပြဿနာတွေဖန်တီးပြီးတော့ တို့ကို ပြဿနာအတွက် ဖြေရှင်းခိုင်းပြီး တာဝန်ယူခိုင်းတယ် ။ ပြဿနာရှာတဲ့သူက တို့မဟုတ်ဘူး ။ နောက်ပြီး မင်းရဲ့ နာမည်ဂုဏ်သတင်းက ဘယ်တုန်းက ကောင်းခဲ့လိုလဲ။ မင်း ရှက်စရာကောင်းတဲ့ အရာတွေကို တစ်ကြိမ်ထက်ပိုပြီး လုပ်ခဲ့ပြီးပြီမို့ မင်းရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်အချိန်မှာ စိတ်ပူမိသွားတာလဲ "
မင်းသမီးက တော်တော်စိတ်ဆိုးတဲ့အသံနဲ့ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာနှင့် ရယ်မောခြင်းကို မြင်နိုင်သည်။ ဘေးက ပြုံးနေတဲ့ ပိုင်လင်းက မို့ရွှီတုန်းကို ထိုင်ဖို့ ဖိတ်လိုက်တယ်။
ပိုင်လင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ မို့ရွှီတုန်းအား လက်ဖက်ရည်ချပေးပြီးနောက် နောက်ပြန်ဆုပ်သွားရင်း မင်းသမီးနောက်မှာ ရပ်လိုက်ပြီး နောက်ကျောကို နှိပ်နယ်ပေးလေသည် ။
"အဒေါ်.." ဖန်ယုလန်က ချစ်စဖွယ် ပုံစံလေးနှင့် ပြောလိုက်သည် ။ " အဒေါ် ၊ ကျွန်တော့်ကို မချစ်တော့ဘူးလား "
ဖန်ယုလန်သည် အသက်ကြီးသူ၏ ရှေ့မှောက်တွင် ချစ်စရာကောင်းသော အမူအရာရှိသော ကလေးမလေးနှင့်တူသည်။ သူ့မျက်လုံးထဲမှာ သိမ်မွေ့တဲ့အရိပ်အမြွက်တောင် ရှိနေတယ်။ သူ့ကိုကြည့်ရင်း မို့ရွှီတုန်း၏ နှုတ်ခမ်းများ မလှုပ်နိုင်ဘဲ တုန်နေခဲ့သည်။ ထိုယောက်ျားက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်လို့ သူမ ခံစားလိုက်ရတယ်။ သူ့အမူအရာက တကယ်ကို အမှတ်ရသွားပြီး အဆုံးမှာတော့ သူက သူမကို မျက်လုံးမှိတ်ပြလိုက်သေးတယ်။
"မင်းက အရူးပဲ..." မင်းသမီးက သူ့ကို လက်ညှိုးထိုးပြပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒီနေ့ ဘာဖြစ်သွားလဲ ပြောစမ်းပါဦး ၊ ဒါကို တို့အရင်ပြောမယ်။ အရမ်းခက်ခဲရင် တို့ကူညီမှာမဟုတ်ဘူး။ မင်းရဲ့ခမည်းတော်က မင်းကို ဒဏ်ခတ်ထားတဲ့အတွက် မင်းသင်ခန်းစာကို သင်ယူသင့်တယ် ။ မင်းအသက်က အရမ်းကြီးနေပြီ၊ ဒါပေမယ့် မင်းအရမ်းဆိုးနေတုန်းပဲ။ ဧကရာဇ်မင်းက မင်းကို ထိန်းချုပ်နိုင်စေဖို့ မနက်ဖြန် မင်းအတွက် ဇနီးမယားကို ရွေးချယ်ပေးလိမ့်မယ် ။ အဲဒီအခါမှာ ငါ့ရဲ့စိုးရိမ်စိတ်တွေကို သက်သာရာရစေလိမ့်မယ်။ " မင်းသမီးက သူ့လက်ဖက်ရည်ကို ကောက်ယူပြီး အပြုံးရိပ်လေးနဲ့ သောက်လိုက်တယ်။
အစောကြီးရှိပါသေးတယ် ၊ ဖေဖေက ကျုပ်ကို မယားရှာဖို့အတွက် အလျင်လိုမှာ မဟုတ်ဘူး ၊ ကျုပ်မှာ အကြီးဆုံး အစ်ကိုနဲ့ တတိယ အစ်ကို ကျန်ပါသေးတယ် ။ အဖေက ကျုပ်အတွက် တစ်ယောက်ကို မရွေးချယ်ခင် သူတို့အတွက် ဇနီးမယားကို ရွေးပေးလိမ့်မယ်။ ဒါကြောင့် ကျုပ်အတွက်ဆိုရင် နောက်ထပ်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ကြာဦးလိမ့်မယ်"
ဖန်ယုလန်သည် ပေါ့ပေါ့ဆဆ ပြောနေချိန်တွင် အပြုံးဖြင့် မော့ကြည့်လိုက်သည်။ သူက မို့ရွှီတုန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည် ။ " ကျေးဇူးပြုပြီး အဒေါ် ၊ အဒေါ်က ဒီတစ်လျှောက်လုံး တုန်းအာနဲ့ စကားစမြည်ပြောနေခဲ့တာလို့ ထွက်ဆိုပေးပါ ၊ အဒေါ် တခြားဘာမှ ပြောနေစရာ မလိုပါဘူး ၊အဒေါ် ဒီလောက်ဆို အားလုံး နားလည်လိမ့်မယ် "
မို့ရွှမ်မင်က မို့ရွှီတုန်းသည် ချင်းယုဥယျာဉ်တွင် တစ်ချိန်က ပေါ်လာခဲ့ပြီး မို့ရွှီတုန်းသည် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှအတွက် တာဝန်ရှိသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူသည် တော်ဝင်မင်းသမီးအား ၎င်းတို့၏ သက်သေအဖြစ် ခံယူစေခဲ့သည်။
“ကောင်းပြီ တတိယသခင်မလေးမို့က တို့သဘောကျနေတဲ့ သူ ဆိုတာကို အားလုံးသိအောင် ပြောပြလိုက်မယ် ၊ မင်း အဲဒါကို ကျေနပ်သလား။ " မင်းသမီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထိုနောက် မို့ရွှီတုန်းဘက်သို့လှည့်လာသောအခါ သူမ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့လာသည်။ " တတိယသခင်မလေးမို ၊ စောစောက ပွဲကြီးမှာ စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်ခဲ့သလား။ ဒီအကြောင်းကို မင်းဘာလို့ တို့ကို မပြောရတာလဲ ၊ တို့ကိုလည်း ဖျော်ဖြေခွင့်ပေးပါဦး "
ပွဲတော်မှာ စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်ခဲ့တာလား။ တော်ဝင်မင်းသမီးသည် မို့ရွှမ်မင်နဲ့ စီမာဟီရန်ကြားမှာ ဖြစ်ပျက်ခဲ့တာကို ဆိုလိုနေခြင်း ဖြစ်သည် ။
"အရှင်မင်းသမီး ၊ ကျွုပ်က ကျုပ်၏အစ်မအကြီးဆုံးနောက်တွင်ရှိပြီး ဧကရီထိုင်ရာနှင့် ဝေးကွာနေခဲ့ပါတယ် ။ ကျုပ် အမကြီးရဲ့ ကဗျာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား တစ်ခုခုတော့ ကြားလိုက်ရပါတယ်။ အဲဒီနောက် ကျုပ်အမနဲ့ သခင်လေးစီမာက ဧကရီရှေ့မှာ အချေအတင် စကားများကြပေမယ့် ဘာဖြစ်သွားလဲ ကျုပ်မသိပါဘူး၊ ခဏကြာတော့ ဧကရီက ပွဲအပြီးသတ်ခိုင်းပြီး လှေပေါ်တက်ခိုင်းတယ်။ ထိုကြောင့် ဘာဖြစ်သွားလဲမသိခဲ့ရပါဘူး။ "
မင်းသမီးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သူမ မသိပါဘူး။ ထို့ကြောင့် သူမသည် အချို့သောအရာများကို ညင်သာကာ ယဉ်ကျေးစွာ ပြောရန်သာ ရွေးချယ်ခဲ့သည်။
"မင်းရဲ့အစ်မအကြီးဆုံးက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ နန်းတော်ထဲမှာ တကယ့်ကို စိတ်ဝင်စားစရာတွေ အများကြီးရှိခဲ့တယ်" မင်းသမီးက တခြားအရာတွေကို ပြောနေပုံရတယ်။ သူမ၏ မျက်လုံးများတွင် အမှောင်ရိပ်များ ရှိနေပြီး သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးများက အေးစက်သွားခဲ့သည် ။
မို့ရွှီတုန်းက သူမပြောတာကို ပြန်မဖြေနိုင်တာကြောင့် ဖန်ယုလန်ကို စိတ်မသက်မသာနဲ့ လှည့်ကြည့်လိုက်တယ်။
"ဒေါ်လေး ၊ အဲ့ဒါကြောင့် မင်းက အကောင်းဆုံးလို့ ပြောတာပါ ၊ နန်းတော်ထဲမှာ ဇာတ်ပွဲတွေ ပေါ်လာတိုင်း အဒေါ်က အမြဲထိုင်ပြီး ကြည့်ခဲ့တာ " ဖန်ယုလန်က မင်းသမီးကို ရွှတ်နောက်နောက် ပြုံးပြလိုက်တယ်။
သူတို့စကားပြောနေသောအချိန်တွင် ကျွန်တစ်ယောက်က ဝင်လာခဲ့သည် ။ "မင်းသားချူးက ယခုမင်ဇူး နန်းတော်အပြင်ဘက်မှာ ရှိနေတယ် ။ သူက မင်းသမီးနှင့် တွေ့ဆုံရန် တောင်းဆိုနေပါတယ်"
“အစ်ကိုကြီးက ဒီအချိန်မှာ သူ့ချစ်သူနဲ့ တွေ့နေသင့်တယ် ၊ သူ ဒီမှာ ဘာလာလုပ်တာလဲ " ဖန်ယုလန်သည် လှပပြီး ရှည်လျားသော သူ့နှာခေါင်းကို ရှုံ့လိုက်သည်။ သူ့ရယ်သံလေးထဲမှာ လှောင်ပြောင်သံတွေ ပေါ်လာခဲ့တယ်။
ဖန်ယုရှောင်သည် ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ကာ ဝင်ရောက်လာခဲ့သည်။ ဖန်ယုလန်ပြောတာကို ကြားတော့ သူက ရယ်မောပြီး ပြန်ဖြေတယ်။"အဋ္ဌမမြောက်ညီတော် ၊ မင်းနောက်နေတာလား။ ငါ့အိမ်မှာ ချစ်သူမရှိပါဘူး"
ဖန်ယုရှောင်ရဲ့အကြည့်တွေက အဖြူရောင်ဝတ်ရုံနဲ့ ကောင်မလေးအပေါ် ရောက်သွားဖို့ကလွဲလို့ မကူညီနိုင်ခဲ့ပါဘူး။ သူ့ရှေ့က ကောင်မလေးက အဖြူထည်ဝတ်ထားပြီး သန့်သန့်ပြန့်ပြန့်ဖြစ်နေခဲ့တယ် ။ သူမသည် အဖြူပေါ်တွင် ပန်းရောင်ဖျော့ဖျော့အင်္ကျီကို ထပ်ဝတ်ထားခဲ့သည်။ သူမအင်္ကျီ၏ပိုးဖဲကြိုးများသည် သူမ၏ခြေကျင်းဝတ်များတွင် ချိတ်ဆွဲထားသည်။ သူမ၏ကြွေအသားအရည်သည် လှပစွာတောက်ပနေခဲ့သည်။ သူမသည် ချောမွတ်ပြီး အပြစ်အနာအဆာကင်းသော အသန့်စင်ဆုံး အဖြူရောင် ကျောက်စိမ်းတုံးကြီးကဲ့သို့ပင်။ သူမသည် အလှဆုံးပန်းထက် ပို၍ နူးညံ့ပြီး အလှဆုံးဖြစ်နေသည် ။ သူမ၏ ပါးစပ်သည် သေးငယ်ပြီး မျက်လုံးများက ကြည်လင်နေပါသည်။ သူမသည် ပြောမပြတတ်အောင် ပြေပြစ်ပြီး ဆွဲဆောင်မှုရှိသည်။
တစ်စုံတစ်ယောက်သည် မကူညီနိုင်ဘဲ သူမ၏မျက်လုံးများအတွင်းသို့ ဆွဲငင်ခံခဲ့ရသည်။
မို့ရွှီတုန်းက ထပြီး ဖန်ယုရှောင်ကို နှုတ်ဆက်လိုက်သည်။ တော်ဝင်မင်းသားတွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ သူမ မယဉ်ကျေးစွာ မနေသင့်ပါဘူး ။
"တတိယမြောင်သခင်မလေးမို့ ၊ ကျေးဇူးပြုပြီး ထပါ ။ မင်း အဒေါ်ဆီ ဘယ်တုန်းက ရောက်နေတာလဲ။ ကျုပ်အထဲကို ဝင်လိုက်တာနဲ့ အဒေါ်ရဲ့ ရယ်သံကို ကြားလိုက်ရတယ် ။ သူမ မင်းကို အရမ်းသဘောကျ ပုံရတယ်။ "
ဖန်ယုရှောင်သည် သူ့လက်ကို ဝှေ့ယမ်းကာ မို့ရွှီတုန်းထလာစေရန် လက်ဟန်ပြ၍ သူမကို ဂရုမစိုက်သလို ပြုံးကာ မေးခွန်းထုတ်လိုက်သည်။ သူမျက်လုံးများက ခပ်မိုက်မိုက်ပြုံးနေသော ဖန်ယုလန်ကို စိုက်ကြည့်မိသောအခါ သူ ချောင်းဆိုးမိသွားသည် ။
“တတိယသခင်မလေးမို့က တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့သူတစ်ယောက်ပါ ၊ တို့ သူမကို တိမ်တိုက်မြို့မှာကတည်းက သဘောကျခဲ့တာ ။ ငါတို့နှစ်ယောက်က ဆုံဖို့ ကံကြမ္မာရှိခဲ့ကြတယ်။ ဒီနေ့ ပွဲတော်မှာ သူမဒီမှာရှိနေတယ်လို့ ကြားသိရတဲ့အတွက် သူ့ကို ဒီနေရာကို ခေါ်လာဖို့ တစ်စုံတစ်ယောက်ကို တို့စေလွှတ်ခဲ့တယ်။ ငါတို့စကားပြောနေတဲ့အချိန်မှာ မင်းတို့နှစ်ယောက်က ရောက်လာခဲ့တယ် ။ တို့ရဲ့နန်းဆောင်မှာ မင်းတို့အားလုံးကို ဆွဲဆောင်နိုင်တဲ့ ကောင်းတဲ့အရာတစ်ခုခု ရှိနိုင်မလား။ အခု မင်းတို့အားလုံး ဒီကို ရောက်နေပြီ။"
မင်းသမီးသည် မို့ရွှီတုန်းဆီသို့ လက်ပြကာ ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ မို့ရွှီတုန်းသည် အလျင်အမြန်ချဉ်းကပ်ပြီး မင်းသမီးအနားတွင် ရပ်လိုက်သည်။ သူမသည် သူတို့နှစ်ယောက်နဲ့အတူ ထိုင်စရာ နေရာမရှိတာ အမှန်ပါဘဲ ။ ထိုကြောင့် သူမအတွက် မင်းသမီးအနားမှာ ရပ်တည်တာက အသင့်တော်ဆုံးပါပဲ။ မို့ရွှီတုန်းသည် ပိုင်လင်း၏ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး မင်းသမီး၏ နောက်ကျောကို နှိပ်နယ်ပေးခဲ့သည်။ ပိုင်လင်းက သူမကို ပြုံးပြီး ဖန်ယုရှောင် သောက်ဖို့အတွက် လက်ဖက်ရည်ကို ချပေးလိုက်သည် ။
"အဒေါ်က သူသဘောကျတဲ့သူကို တွေ့တာ ရှားပါတယ် ။ တတိယသခင်မလေးမို ၊ မင်း နောင်မှာ နန်းတော်ကို မကြာခဏလာရမယ်။ " ဖန်ယုရှောင်က ပြုံးပြီး ပြောလိုက်တယ် ။ နောက်တော့ သူ မင်းသမီးဘက်သို့ လှည့်ကြည့်လိုက်သည် ။ “ဒေါ်လေး နေကောင်းရဲ့လား ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အဒေါ့်ဆီ လာလည်ဖို့ အချိန်မရခဲ့ဘူး ၊ အဒေါ်က ဖျားနေပြီလို့ ကျုပ်ကြားတော့ နောက်ကျနေပြီဆိုပေမယ့် လာဖို့ မစောင့်နိုင်တော့ဘူး။ အဒေါ်ရဲ့ အနားယူမှုကို ကျုပ်နှောင့်ယှက်မီသွားပြီ "
ဖန်ယုရှောင်သည် ပြေပြစ်စွာ ဆက်ဆံပြီး ညင်သာစွာ စကားပြောခဲ့သည်။ သူ့စိုးရိမ်မှုက သိသာထင်ရှားပြီး သူကတကယ်ကို ကြည်နူးဖို့ကောင်းလေသည် ။ မင်းသမီး၏ အပြုံးသည် ပို၍ ကျယ်လာခဲ့သည်။
မင်းသမီးက ပြုံး၍ ပြောလိုက်သည်။ "ဒါက အရမ်းကိုကောင်းတယ် ။ တို့ရဲ့အမေ့မွေးနေ့မှာ ဒီလို ပျော်ရွှင်စရာတွေ ကြုံခဲ့ရတယ်။ ငါ့တူနှစ်ယောက်က ငါ့ကိုနှုတ်ဆက်ဖို့ ဒီကိုရောက်လာကြတယ် ။ ။ ဒါပေမယ့် အပြင်က တခြားမိန်းမတွေက ငါ့ကို အပြစ်တင်မလားတော့ မသိဘူး။ "
“စိတ်မပူပါနဲ့ အဒေါ် ၊ အစ်ကိုကြီး ဒီမှာရှိလို့သာ သူတို့က အဒေါ့်ကို အပြစ်တင်ကြမှာပါ ၊ အဒေါ်လည်း သိမှာပါ ၊ ကျွန်တော့်လိုလူကို ဘယ်သူက အနှောက်အယှက်ပေးနိုင်မှာလဲ ။ သူတို့က ကျွန်တော့်ကို ကြောက်နေကြတော့ ကျွန်တော် မမြင်ဝံ့အောင် ပုန်းနေလိမ့်မယ်။ သူများတွေ ပင်ပန်းမှာစိုးလို့ ကျွန်တော် ဒီမှာပဲနေမယ်။ ဒီလိုမှမဟုတ်ရင် အဲဒီမိန်းမငယ်လေးထဲက တစ်ယောက်သာ တစ်ခုခုဖြစ်ခဲ့ရင် ကျုပ် အပြစ်တင်ခံရနိုင်တယ်။"
ဖန်ယုလန်သည် တင်းမာစွာ ပြုံးလိုက်ပြီး သူ၏ လှပသော မျက်ခုံးမွှေးများကို ဖြည်းညှင်းစွာ မော့လိုက်သည် ။ သူ့နှုတ်ခမ်းများသည် သွေးကဲ့သို့ နီရဲပြီး ဆွဲဆောင်မှု အလွန်ရှိနေသည်မှာ မငြင်းနိုင်ပေ။
“အဋ္ဌမမြောက် ညီ၊ မင်းက နှိမ့်ချလွန်းပါတယ် ။ ဧကရီက မင်းအတွက် အောင်သွယ်ပေးဖို့ စိတ်ဝင်စားနေတယ်လို့ ကျုပ်ကြားမိတယ် ။ မင်းကိုကြည့်ဖို့သက်သက်လာခဲ့တဲ့ မြင့်မြတ်တဲ့အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒါဆို မင်းဘာလို့ဒီကိုလာတာလဲ။ ဧကရီနန်းတော်ထဲက တစ်ယောက်ယောက်က မင်းကို ခဏနေရင် ခေါ်ဖို့ လာလိမ့်မယ်။ " ဖန်ယုရှောင်က ပြုံးပြီး ပြောလိုက်သည် ။
“အစ်ကိုကြီး ၊ မင်းအကြောင်းကိုသာ ကျုပ်ကို ပြောပြစမ်းပါ ၊ မင်းဘယ်မိန်းကလေးကို စိတ်ဝင်စားလဲ ၊ သူမက တင်အိမ်တော်ကလား ၊ ဒါမဟုတ် မင်မြို့စားအိမ်တော်ကလား ။ မင်မြို့စားအိမ်တော်က အမျိုးသမီးငယ်လေးက တကယ်ကို ချောမောလှတယ်လို့ ကျုပ်ကြားလိုက်ရတယ် ။ ဗိုလ်ချုပ်ရဲ့သမီးလည်း ဒီနေ့ဒီမှာရှိနေတယ်။ ဧကရီက ဤမိန်းမပျိုများကို ပထမစားပွဲမှာ အထူးဦးစားပေး တင်ထားတယ် ။ အကိုကြီး အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။ " ဖန်ယုလန်က ပေါ့ပါးသော အပြုံးဖြင့် ပြောသည်။
ညီအကိုနှစ်ယောက်သည် စကားတွေ ဖလှယ်ကြရင်း ဆက်ဆံရေးကောင်းပုံရသည်.......