ဘာဒါ ဆိုးလ်ကို ပြန်ရောက်တာနဲ့
နာဟီးတို့ကို ဖုန်းဆက်လိုက်တယ်။
''ဆုန်နာဟီး''
''ဘာဒါလား
ဟဲ့ အီဘာဒါ သေသွားပြီတောင်ထင်တာလေ
ပြန်လာမယ်ဆိုပြီး အဆက်အသွယ်မရတော့လို့''
''အင်း ရောက်နေပြီ''
''ရောက်ပြီလား
ဆိုးလ်ကိုလား''
''ဟုတ်တယ်''
''မမရောလား''
''အင်း
သူ့ကို အိမ်ကိုဝင်ပို့ခဲ့သေးတယ်
ငါ့အမေနေမကောင်းဘူးဆိုလို့ ငါအရင်ပြန်တက်လာလိုက်တာ''
''သြော် နင့်အမေနေမကောင်းဘူးလား''
''အင်း ငါအိမ်ကိုအရင်ဝင်လိုက်မယ်
နောက်ရက်မှ လာခဲ့မယ်''
''ဘယ်မှာနေမှာလဲ
အမေအိမ်မှာပဲလား''
''နေစရာလား
မမနေတဲ့တိုက်ခန်းကို ငါဝယ်လိုက်တယ်လေ
အဲဒီမှာပဲနေဖြစ်မှာ''
''အေးပါ ချစ်တတ်သူကြီးရယ်
ဟုတ်ပါပြီ''
အဖေ့အိမ်ကိုရောက်တော့
အမေက အခန်းထဲမှာထင်တယ်.
အဖေတစ်ယောက်ပဲ ဧည့်ခန်းမှာထိုင်နေတယ်။
''အဖေ အမေရော''
''အထဲမှာ''
မတွေ့တာကြာပြီဆိုပေမယ့်
ပြန်ရောက်ပါပြီတွေဘာတွေလည်း မပြောဖြစ်ပဲ အမေရှိတဲ့အခန်းထဲဝင်လာခဲ့လိုက်တယ်။
အခန်းထဲမှာဆိုပေမယ့်
အိပ်ယာထဲလှဲနေတာတော့မဟုတ်ဘူး။
''အမေ သက်သာရဲ့လား ဘာဖြစ်တာလဲ''
''အင်း သက်တော့သက်သာပါတယ်''
သိသားပဲ။
ရောက်ရာအရပ်က ပြန်လာပါလို့ ပြောရမယ့်အခြေအနေမဟုတ်ဘူးဆိုတာကို။
''နေမကောင်းလို့ ချက်ချင်းပြန်လာပါလို့ အဖေက ပြောနေလို့လေ''
''ဒီနေ့မှ သက်သာသွားတာ
သူ့သမီးပြန်လာမယ်ဆိုလို့''
အဖေက ဝင်လာပြီး ပြောတယ်။
''အဲ့တော့ ဘာဖြစ်တာတဲ့လဲ''
''အရင်ရောဂါပဲပေါ့''
အမေ့မှာက နှလုံးစက်တပ်ထားတာ။
ဒါပေမယ့်
အခုမှမဟုတ်ဘူး ကြာလှပြီ။
''အင်း အခုတလော ပြန်မောလို့လား
ဆရာဝန်ကဘာပြောလဲ''
''ဆရာဝန်က စောင့်ကြည့်မယ်တဲ့''
အဖေချည်းဝင်ဖြေနေတော့တာ။
''အင်း ဘာဒါ ဟိုကလေးမရော''
''ဟိုကလေးမမဟုတ်ပါဘူး အမေကလည်း
ပတ်ချယ်ယောင်း
အမေ့ချွေးမ..
အမေတို့က ချက်ချင်းလာဆိုလို့ ဘာမှန်းမသိလို့ မခေါ်ခဲ့တာလေ''
''မခေါ်ခဲ့တာကောင်းတယ်''
''ယောင်္ကျား ''
''ပေါက်ကရတွေလုပ်မနေတော့နဲ့ အီဘာဒါ
ကျောင်းတက်နေတယ်ဆိုလို့ လွှတ်ထားပေးတာ''
''မလွှတ်တော့ အဖေက ဘာလုပ်ချင်လို့လဲ
ဘာဒါ ကလေးလည်းမဟုတ်တော့ဘူး''
''ကလေးမဟုတ်ရင် မဖြစ်သင့်တာကို သိရမယ်မလား
ဘယ်လိုဦးနှောက်နဲ့စာသင်နေလဲ''
''မဖြစ်သင့်တာလို့ ဘာလို့တွေးနေတာလဲ အဖေ
ဘာဒါ သူမရှိရင် မနေနိုင်ဘူး''
''ဘာကွ''
''တော်ကြတော့ တော်လိုက်ကြတော့ နှစ်ယောက်လုံး''
''မင်းအမေနေမကောင်းမချင်းပြန်ဖို့စိတ်မကူးနဲ့''
''ရှေ့လ Wedding..''
''တော်စမ်းပါ
မင်္ဂလာဆောင်တမ်းကစားမယ့်ကိစ္စတွေ ငါ့ကိုလာမပြောနဲ့''
''မင်္ဂလာဆောင်တမ်းမဟုတ်ဘူး
အဖေလိုချင်ရင် မြေးချီရအောင်ပါ လုပ်ပေးလို့ရတယ်''
''အီဘာဒါ''
ဟိန်းပြီးထွက်လာတဲ့အဖေ့အသံနဲ့အတူ
အမေက ဘာဒါ့ရှေ့ဝင်ရပ်တယ်။
ကျစ်..
ရန်ဖြစ်ချင်လို့ အိမ်ပြန်လာတာမှ မဟုတ်တာ။
''ပြန်တော့မယ်''
''ဘယ်ကိုပြန်မှာလဲ''
''မင်းအမေနေမကောင်းဘူး
သိတယ်မလား
မစိတ်မွှန်နေတာလည်း တော်ရုံပဲကောင်းတယ်''
မမမှ ပါမလာတာ။
''ဟုတ်သားပဲ ဘာဒါရယ်
သူလည်းမပါဘူးဆို
အိမ်မှာပဲနေလိုက်နော်''
နေမကောင်းတဲ့အမေ့စကားကြောင့်
ဆက်လည်း မငြင်းချင်တော့ဘူး။
မမလာမှပဲ ဟိုအခန်းကိုသွားနေလိုက်တော့မယ်။
အဖေကတော့ ဘာဒါ့မျက်နှာဆက်မကြည့်ချင်တော့ပုံပါပဲ အပြင်ပြန်ထွက်သွားတော့တယ်။
24နှစ်တုန်းကတောင်ပြောလို့မရခဲ့တာကို
28နှစ်မှာ သူ့စကားနားထောင်မယ်လို့ အဖေကထင်နေတာလား။
ပတ်ချယ်ယောင်းကိုပဲ ကြည့်ပြီး ရှင်သန်ခဲ့တာမို့လို့
အဖေ့စကားကို သေချာပေါက်ဆန့်ကျင်မှရမယ်လေ။
''ဘာဒါ ဂျူဟျော့နဲ့တွေ့ဖြစ်လား''
''အင်း မတွေ့တာကြာပြီ ဘာလို့လဲ အမေ''
''အင်း မင်းအဖေက
ဂျူဟျော့တို့မိသားစုနဲ့ စကားပြောမယ်လုပ်နေတာ
ဘာဒါရယ် တခါတလေ အဖေ့စကားကို..''
''မဖြစ်နိုင်တာတွေ မပြောပါနဲ့တော့အမေရယ်''
အမေ့အခန်းကထွက်လာပြီး
ကိုယ့်အခန်းထဲရောက်မှ
မမဆီကို ဖုန်းဆက်လိုက်တယ်။
''မမ ကိုယ်ရောက်နေပြီနော်''
''အင်း ဘာဖြစ်တာတဲ့လဲဟင်
သက်သာရဲ့လား''
''အင်း အမေက နှလုံးမှာ စက်ထည့်ထားရတာလေ
ဒီလိုတော့ ဖြစ်တတ်ပါတယ်
အရမ်းမစိုးရိမ်နဲ့နော်''
''မမ လိုက်လာခဲ့ရမလားဟင်
ရောက်နေတာလည်း သိနေမှာပဲကို
လာမတွေ့ဘူးဆို မကောင်းဘူးမလား''
''ရပါတယ် ကိုယ်တို့ပြန်ခါနီးလောက်မှ လာရင်လာခဲ့လေ
တစ်ရက်နှစ်ရက်နေရင် ပြန်လို့ရအောင်
ပြီးတော့ ကိုယ်မမအခန်းကို ဝယ်ထားတာ
အဲဒီမှာ ပစ္စည်းတွေအရင်အတိုင်းပဲ
မမလာရင် အဲဒီမှာ နေကြမယ်နော်
အခုတော့ အမေကလည်းမပြန်စေချင်တာနဲ့''
''ရပါတယ် မမလာလည်း အိမ်လိုက်နေမယ်လေ
သပ်သပ်နေရင် အားနာစရာ''
သြော် ဒီမိန်းမ Roလို့ကိုမရဘူး။
သူ့အခန်းလေးဝယ်ပြီး ဥထားတယ်လို့ပြောနေတာကို အာရုံမရဘူး။
ညကျ ဘာဒါ အမေ့ဆီဝင်တော့ အဖေက အပြင်ထွက်သွားတယ်။
''မနက်ဖြန် အဖြေသိရမယ်မလား အမေ''
''ဟုတ်တယ်
သမီးတို့ Weddingက ဘယ်တော့လဲ''
''14thပါ''
''သိပ်မလိုတော့ဘူးပဲ''
''ဟုတ်''
''အမေလည်း လိုက်ချင်ပါတယ်''
''ဟုတ်''
လိုက်ခဲ့ဖို့ပြောချင်ပေမယ့်
အဖေ့ကို အမေက ဘယ်တုန်းက တော်လှန်ခဲ့ဖူးလို့လဲ။
''ဒါပေမယ့်..''
''ရပါတယ်..
မမတို့ဘက်ကလည်း မပါလောက်ဘူး
ဒီလိုပဲ သူငယ်ချင်းတွေနဲ့ပဲလုပ်ကြတာများပါတယ်''
''မနက်ဖြန် ဆေးရုံသွားရင် လိုက်ခဲ့နော်''
''လိုက်ခဲ့မယ်
ဘာဒါနဲ့အတူတူသွားမယ်လေ''
အဲဒီညက အမေ့ဘေးမှာနေပေးရင်း
ညနက်မှ အခန်းကို ပြန်အိပ်ဖြစ်တယ်။
.....
ဘာဒါအိမ်ပြန်သွားပြီးတော့
ချယ်ယောင်းလည်း အမေတို့ကို အချိန်ပေးဖြစ်ပြီး ဖုန်းလည်းသိပ်မဆက်ဖြစ်ကြ။
သူလည်း သူ့အမေနားကပ်နေရမှာပဲလေ။
''မမ''
''အင်း''
''နင်တို့ ဘယ်မှာတွေ့ကြတာလဲ''
''အင်းးး''
တစ်ယောက်နဲ့တစ်ယောက်မတူတော့ဘယ်လိုပြောရပါ့။
''မမက ဂျယ်ဟီးမိတ်ဆက်ပေးလို့သိတာ
သူကတော့ သိတာကြာပြီ''
''ဟယ် ဘာဒါက အရင်Fall in loveတာပေါ့
ကောင်းလိုက်တာ''
''အို ဘယ်လိုဖြစ်လို့ လူကိုလာရိုက်နေရတာလဲ''
တဖတ်ဖတ်နဲ့ လာရိုက်နေတဲ့ ဂျွန်ယောင်းလက်တွေကိုဆွဲဖယ်လိုက်တော့
''အဲ့တော့ ဆက်ပြောပါဦး''
''ဘာကိုလဲ အဲဒါပြီး အခုလိုဖြစ်သွားတယ်လေ''
''အရမ်းကို ကျော်ချပစ်တာမဟုတ်ဘူးလား ဇာတ်လမ်းကို''
''ဂျွန်ယောင်းနော်
ကလေးက ကလေးလိုနေ''
''ကလေးမဟုတ်ပါဘူး''
''ကလေးပေါ့''
''ဒါနဲ့လေ ''
''အင်း''
''နင်တို့ ကလေးယူမှာလား မမ ''
''မသိဘူးလေ''
''သူက ကလေးချစ်လား''
''အင်းး''
တကယ်တော့ ဘာဒါက ကလေးချစ်တယ်။
ပြီးတော့ Family Lifeကိုလည်း တော်တော်ကြိုက်တယ်။
ဒါပေမယ့် Same sex Coupleအတွက်က
နည်းပညာနဲ့ကလေးယူလို့ရပေမယ့်
ရေရှည်အဆင်ပြေပါ့မလား။
ကလေးဘက်ကိုလည်း ထည့်တွက်ရမယ်လေ။
ပတ်ဝန်းကျင်က ကလေးကိုပြောမယ့်စကားတွေ..။
ပုံမှန် Family Lifeလို အဆင်ပြေပြေရှိနေပါ့မလား။
အတွေးတွေက အများကြီးပါ။
သူ့အတွက် ကလေးမွေးပေးချင်တာတော့
ချယ်ယောင်းရဲ့စိတ်ရင်းပါ။
''သူ့ဘက်က လိုချင်တယ်ပြောရင်တော့ ယူဖြစ်မှာပါ''
''တူမလေးမွေးပေးး''
''အရမ်းကို ရှေ့ရောက်နေတော့တာပဲ ပတ်ဂျွန်ယောင်း''
''နော်လို့ တူမလေးလို့
မမနဲ့တော့မတူစေနဲ့ပေါ့''
......
ဘာဒါ အမေ့ကို လိုက်လုပ်ပေးနေတာနဲ့ နာဟီးတို့ဆီမရောက်ဖြစ်။
မေမေ့ကို
Operationပြန်လုပ်ရမယ်တဲ့။
စက်ကလည်း Batteryမကုန်သေးပဲ ဖြစ်တာမို့ Operationလုပ်ကြည့်မှပဲသိမယ်လို့ပြောတယ်။
ဒီနေ့တစ်ရက် ခဏအချိန်ရလို့
တွေ့မယ်ပြောထားကြတာ။
''အမလေး မတွေ့တာကြာပြီ ဒါကြီးက ဘယ်သူတုန်း''
''နင်တို့အမေလေ''
''ငါ့အမေက နင့်လို ဓာတ်တိုင်ဟုတ်မနေဘူး''
''ဟားဟား အေးပါ''
''အန်တီ ဘယ်လိုလဲ ဘာဒါ''
''Operationပြန်လုပ်ရမယ်''
''ဟုတ်လား''
''အင်း စက်ပြန်လဲမယ်ထင်တယ်''
''အေးပါ ဂရုစိုက်ဦးနော်''
''အဲ့တော့ Weddingကရော''
''ရှေ့လထဲ''
''Operationကရော''
''ရှေ့လထဲပဲ
Operationပြီးမှ Wedding''
''အန်တီတို့လိုက်မှာလား''
''မလိုက်လောက်ဘူး
Operationပြီးမှ သွားရမယ်လို့ပြောနေကြတာ
ဟိုမှာလည်း လုပ်စရာရှိတာလုပ်ရဦးမယ်လေ
ဒီလောက်ကြာမယ်မထင်လို့
ဝတ်စုံတွေတောင်မရွေးခဲ့ဘူး
အခုပဲ ဒီလ ကုန်တော့မှာ''
''အေးပါဟယ်
မမကရော ဘာပြောလဲ''
''မပြောဘူး ဘာမှ''
''နင်တို့ ပြန်တွေ့တာ သိရတော့လေ
ငါတို့မှာပျော်လိုက်ရတာ ဘာဒါရယ်''
''အင်း
တကယ်တော့ ငါအရင်တွေ့တာလေ
ဒါပေမယ့် မမက ငါ့ဆီက ထွက်ပြေးနေတယ်ထင်လို့
မပြောပဲထားတာ''
အဲလိုနဲ့
နာဟီးတို့ကို အကြောင်းစုံပြောပြဖြစ်တယ်။
''မမတွေ့လို့တော်သေးတာပေါ့
နင်က ဘယ်တုန်းက မြုံစိစိဖြစ်သွားတာလဲ''
''ဟ မဟုတ်ဘူးလေ
ငါ့အတွက်တော့ မမက ငါ့ကိုထားခဲ့တယ်လို့ပဲသိတာလေ
ငါလည်း အပြစ်မတင်ဘူး မမသဘောပဲဆိုပြီး အဲလိုစဥ်းစားပြီးနေနေရတာ''
''ကျေးဇူးတောင်တင်ရမယ်ပေါ့''
''အဲလိုတော့မဟုတ်ပါဘူး''
''မမလာရင် အတူတူလာခဲ့ကြဦးသိလား''
မမကို အိမ်ကိုခေါ်ဖို့က တော်တော်စဥ်းစားနေ
ရတယ်။
အမေက ကိစ္စမရှိပေမယ့်
အဖေက ဘာပြောလိုက်မလဲဆိုတာ မသိနိုင်ဘူးလေ။
မမစိတ်ညစ်စေမယ့်အဖြစ်မျိုး နည်းနည်းလေးတောင် မရှိစေချင်။
''လာခဲ့မယ် စိတ်ချ''
''ဒါဆို ဟိုမှာပဲ နေကြတော့မှာပေါ့''
''အင်း
အိမ်လည်းဝယ်ထားပြီ''
''နင် Texasရောက်သွားတာ ငါ့အကိုနဲ့တွေ့လို့ပေါ့''
''အေးလေ
ပတ်ချယ်ယောင်းရဲ့အကွက်တွေပေါ့''
''အဲ့တော့ အဲဒီမှာရှာနေတော့တာပေါ့''
''ဟုတ်တယ် ရှာလိုက်ရတာ
ကျောင်းပါပြီးရော''
နာဟီးတို့နဲ့တွေ့ပြီးတော့
ဘာဒါအိမ်ပြန်ခဲ့တယ်။
ဧည့်ခန်းထဲရောက်တော့
အဖေနဲ့အတူတူထိုင်နေတာက
မမ..
''မောင်''
(ခေါ်ချင်လို့ မောင်လို့ခေါ်လိုက်ပါတယ်😁)
''မမ ဒီကို ဘယ်လိုလုပ်..''
ခပ်တည်တည်နဲ့ချေမိုးနေတဲ့အဖေ့မျက်နှာနဲ့ မျက်နှာငယ်လေးနဲ့ ပတ်ချယ်ယောင်းကို တစ်လှည့်စီကြည့်ရင်း ဘယ်လိုလုပ်ရမှန်းမသိ။
''လာ''
လက်ဆွဲပြီး အပေါ်တက်မယ်လုပ်တော့
''မောင်''
မမက ပြန်ဆွဲထားတယ်။
အဖေက မော့ကြည့်ပြီး
''ဒါက ဘယ်လို အပြုအမူလဲ''
''မမလို့''
အဖေ့စကားကိုပြန်မပြောပဲ ပတ်ချယ်ယောင်းကို လက်ကဆွဲပြီး
အပေါ်ထပ်ရောက်အောင် ဆွဲခေါ်ခဲ့လိုက်တယ်။
အခန်းထဲရောက်တော့
''လက်နာနေပြီ လွှတ်''
''အင်း နာသွားလား ကြည့်ရအောင်''
လက်သေးသေးလေးကို ဆွဲယူပြီး ကြည့်တော့
နည်းနည်းရဲသွားတဲ့ လက်ကောက်ဝတ်လေး။
''ကျစ်.. အဲဒါကြောင့် ခေါ်ကတည်းက လိုက်လာပါလား မမရဲ့''
''မောင်ကလည်း မောင့်အဖေထိုင်နေတာကို
မမက ချက်ချင်းထလိုက်လာလို့ကောင်းမလားလို့''
''ဘာလို့လိုက်လာလဲပြော အဲလို မျက်နှာရိပ်မျက်နှာကဲကြည့်နေရမှာစိုးလို့ မခေါ်တာကို
လာမယ်ဆိုလည်းပြောလေ
လာခေါ်ပါမယ်ဆို မမကကွာ''
''ဒါပေမယ့် မောင့်အမေနေမကောင်းဘူးလေ
မောင်မခေါ်တိုင်း မလာပဲနေဖို့ကျတော့
အဆင်မပြေဘူးပေါ့
မောင့်ကို ပြောရင် မလာရဘူးလို့ပြောမှာအသိသာကြီးကို''
''အင်း အဲ့တော့ အမေနဲ့တွေ့ပြီးပြီလား''
''ဟင့်အင်း''
မမဘာမှမပြောပေမယ့်
ဘာဒါသိပြီးသား။
အဖေက အရေးတယူနဲ့အမေ့ဆီခေါ်သွားပေးမှာမဟုတ်ဘူးဆိုတာ။
သဘောတူတယ်ဆိုတာလည်း အိမ်ပြန်လာအောင်လုပ်ရုံသပ်သပ်ပဲ။
''ခဏနေ လိုက်ပို့မယ်
လာပါဦး လွမ်းနေတာ''
ကိုယ်လုံးသေးသေးလေးကို တင်းနေအောင်ဖက်ထားရင်း မမဆံနွယ်ပျော့ပျော့လေးတွေကို ခိုးနမ်းမိတယ်။
ယောက္ခမနေမကောင်းလို့ ပြုစုဖို့လာတဲ့ ချွေးမလေးကို အိမ်ကလူတွေကောင်းကောင်းမဆက်ဆံမှာကြောက်တယ် ပတ်ချယ်ယောင်းရဲ့။
အိတ်ကပ်ထဲ ထည့်ထားလို့ရရင်လည်းအကောင်းသား။
နဖူးလေးကို ငုံ့နမ်းရင်း
''ကိုယ် နာဟီးတို့နဲ့သွားတွေ့ပြီး ပြန်လာတာ''
''ဟုတ်လား''
''နောက်ရက် မမနဲ့အတူတူသွားဦးမယ်''
''အပြင်တွေချည်းထွက်နေလို့ ကောင်းပါ့မလားမောင်ရယ်''
''အိမ်မှာလည်း နေရမှာပါ မမရဲ့
ကိုယ်လွမ်းနေတာမို့လို့''
''ရှင်နော် အမေနားနေမယ်တော့စိတ်မကူးဘူး''
''ပတ်ချယ်ယောင်း..
ချစ်တယ်''
မမခါးလေးကို သိမ်းပွေ့ပြီး
မေးဖျားလေးကိုဆွဲမော့ကာ
နှုတ်ခမ်းဖျားအိအိလေးကို ငုံ့နမ်းလိုက်တယ်။
ဘယ်လိုနူးညံ့အိစက်မှုမျိုးပါလို့
မဖော်ပြနိုင်လောက်အောင်
ထိတွေ့မှုက ထူးခြားတယ်။
ထူထူအိအိလေးမဟုတ်ပေမယ့်
အခုဆို ပြန်နမ်းနေတတ်ပြီမို့လို့ ပိုပြီး အသဲယားတယ်။
စိတ်အာရုံတွေအားလုံးက
နှစ်ယောက်သားကူးလူးဆက်သွယ်နေတဲ့နှုတ်ခမ်းဖျားတွေဆီမှာ..
လွမ်းနေလိုက်ရတာ..
....
''အမေ ဒါ..
ဘာဒါ့မမ ပတ်ချယ်ယောင်း''
အမေ့အခန်းထဲ ခေါ်သွားပေးတော့
အမေက မမကို သဘောကျသလိုကြည့်တယ်..
မမရဲ့အကြည်ဓာတ်လေးက
တစ်ခန်းလုံးကို လွှမ်းခြုံလို့..
အမေ့အနားမှာ ပြုံးပြီး ရပ်နေတဲ့
မမကို ခုံမှာထိုင်အောင် ဖိချလိုက်ရင်း
''ချောတယ်မလား''
''ချောတယ်
ဘာဒါက ချွေးမချောချောလေးရှာလာပေးတာပဲ''
''မလာနဲ့ဦးလို့ ပြောတာကို အတင်းလိုက်လာတာလေ''
''အားနာလိုက်တာ သမီးရယ်
အန်တီက နေမကောင်းတော့..''
''ချယ်ယောင်းက အန်တီ့ကို ပြုစုချင်လို့လာတာပါ
သူက ဘာမှလုပ်တတ်ကိုက်တတ်တာမဟုတ်တော့လေ..''
''ကိုယ်မလုပ်တတ်ပေမယ့်
Nurseလည်းရှိတယ်
အဒေါ်ကြီးလည်း ရှိတယ်လေ မမရဲ့''
''Operationက ဘယ်တော့လဲဟင်''
''ရက်က သမီးတို့ Weddingနဲ့ ကပ်နေလို့
Operationကိုတော့မစောင့်ကြတော်နဲ့လေ''
''ဘာဒါ စောင့်မှာပါ အမေရဲ့
မစောင့်ရင် အမေ့လူကြီးက မိုးမီးလောင်လိမ့်မယ်
မမကိုတော့ ပြန်လွှတ်လိုက်မလားလို့''
''အတူတူပြန်မှာပေါ့ မောင်ရဲ့''
''အတူတူပြန်လို့မရဘူးလေ
Dressတောင်မရွေးရသေးပဲနဲ့
Plannerအပ်ထားလည်း ကိုယ့်ဘာသာတော့ရွေးရမယ်မလား ''
''သမီးတို့ အဆင်ပြေသလိုစီစဥ်ကြနော်
အမေ့အခြေအနေက အရမ်းဆိုးနေတာလည်းမဟုတ်ပါဘူး''
''ဟုတ်ကဲ့ပါ အန်တီ''
''သမီးတို့မိဘတွေရော ဘာပြောသေးလဲ''
''မေမေတို့လည်း မလိုက်ဖြစ်ပါဘူးအန်တီ''
''မမတို့မိဘတွေက သဘောကောင်းတယ်
အမေရဲ့''
''ဟုတ်လား''
''နွေးနွေးထွေးထွေးလည်းရှိတယ်''
အဲလိုမိသားစုက ကလေးလေးမို့ ဒီလိုအလိမ္မာလေးဖြစ်နေတာ။
မိသားစုက နွေးနွေးထွေးထွေးနဲ့နားလည်မှုရှိပြီး စိတ်ခွန်အားရတဲ့လူနဲ့
အမြဲတမ်းဆူပူ အယုံအကြည်မရှိ နားလည်မပေးနိုင်တဲ့ မိသားစုကလူနဲ့က
ခံစားချက်ချင်း အပြုအမူချင်းကွာတယ်။
အတွေးအခေါ်လည်းကွာတယ်။
ညနေ ထမင်းစားတော့
မမနဲ့ဘာဒါနှစ်ယောက်ထဲ။
''အဖေတို့ အမေတို့ရော မောင်''
''ဆာတဲ့အချိန်စားကြလိမ့်မယ်''
ဒီအိမ်မှာက လက်ဆုံစားတယ်လို့ ထုံးစံမရှိ။
အဖေက အမြဲတမ်းအလုပ်များနေတာလည်းပါတာမို့ အတူမစားဖြစ်ကြတော့ဘူး။
Breakfast တော့ အတူတူစားရတယ်။
ပျော်ပျော်ပါးပါးတော့မဟုတ်ဘူး။
သြဝါဒလေးတွေ နားထောင်ရင်းပေါ့။
''နောက်ရက် ဘာစားချင်လဲ မမချက်ကျွေးမယ်လေ''
''ပင်ပန်းမယ် မလုပ်နဲ့
ဘာမှ''
''မောင်ရေ''
''အင်း''
''အမေ့Operationကိစ္စလေ''
''အင်း မမ မစောင့်ရဘူး
ပြန်နှင့် မဟုတ်ရင် ကိုယ်လည်း ပြန်လိုက်မှာ''
''အဲ့လိုတော့ ဘယ်ကောင်းပါ့မလဲ
မမတို့ မင်္ဂလာကိစ္စက နောက်ဆုတ်လို့ရတာပဲ''
''နောက်ဆုတ်စရာလည်းမလိုလို့ပေါ့ မမရဲ့
ပြီးတော့လေ
အဖေနဲ့မျက်နှာချင်းသိပ်မဆိုင်နဲ့''
''ဟင် ဘာလို့လဲ''
''ဘာဖြစ်ရမလဲ
ကိုယ်တို့အကြာကြီးခွဲနေရတာ အဖေ့ကြောင့်လေ''
''အဲ့လိုလည်းဘယ်ဟုတ်ပါ့မလဲ
မမက မောင့်ကို မတိုင်ပင်ပဲ ထွက်ပြေးမိလို့ ဖြစ်ရတာလေ''
''ဖြေတွေးလေးတွေးပြစရာမလိုပါဘူး မမရဲ့
ကိုယ့်အဖေအကြောင်း ကိုယ်အသိဆုံး''
တကယ်တော့
အီဂျူဟျော့တို့မိသားစုနဲ့ အဆက်အသွယ်ရှိနေတုန်းပဲ။
သူတို့ရင်းနှီးမြှပ်နှံမယ့်ကိစ္စတွေကြောင့် တွေ့နေကြတယ်ဆိုတာသိပေမယ့်
တခြားကိစ္စတွေရှိဦးမယ်ဆိုတာလည်း သိတယ်။
မမကိုတော့ ပြောမနေတော့ဘူး။
ဒီလိုအတင်းစီစဥ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူးဆိုတာ အဖေ့ကိုဘယ်လိုပေးသိရမလဲ။
အဖေ့သားမက်ကို မိန်းမပြောင်းပေးလိုက်လို့ပြောရင်လည်း အားမနာပြောလို့ဆိုပြီး ထထိုးဦးမယ်။
......
တကယ်တော့
နေ့လည်က ရောက်တဲ့အချိန် မောင့်အဖေနဲ့ပဲတွေ့တယ်။
အလုပ်ပြုတ်အောင်တောင် လုပ်ထားတာမို့ ကိုယ်ကလည်း သူ့ကိုလန့်။
သူကလည်း ဒီလောက်ရအောင်ခွဲထားတာကို အိမ်အထိရောက်ချလာတယ်ဆိုတဲ့အကြည့်မျိုးနဲ့ စီးပိုးပြီး ကြည့်နေတာ။
ဧည့်ခန်းမှာ ဘာစကားမှမပြောပဲ
အတန်ကြာထိုင်နေရပြီး
''မိဘတွေက ဘာလုပ်လဲ''
''ရှင်..
စားသောက်ဆိုင်ဖွင့်ပါတယ်''
ပထမဆုံးမေးလိုက်တဲ့မေးခွန်းပေါ့။
''နယ်မှာပေါ့''
''ဟုတ်ကဲ့''
''ဆိုင်ခွဲဘယ်နှခုလောက်ရှိလဲ''
တုန်နေတဲ့လက်ကို ဆုပ်လိုက်ရင်း
''မရှိပါဘူး''
ဘယ်ကဆိုင်ခွဲရှိရမှာလဲ။
နယ်မှာဖွင့်တဲ့ ဆိုင်ပိစိလေး။
မိသားစုဝင်တွေပဲချက်ပြုတ် စားပွဲထိုးပြီးလည်ပတ်နေတဲ့ ဆိုင်လေးကို။
''ရောင်းမကောင်းလို့လား''
''ရှင်''
ဒီမေးခွန်းကိုတော့ ဘယ်လိုဖြေရမှန်းမသိ။
အကျယ်တဝင့်ရှင်းပြရအောင်လည်း
သိရဲ့နဲ့မေးနေတာမလား။
''အီဘာဒါကို အိမ်က လုပ်ငန်းကို ဆက်ခံစေချင်တာလေ''
''ဟုတ်''
''ဝါသနာမပါဘူးတဲ့
ရုပ်ရှင်လုပ်ငန်းကို ဝါသနာပါတယ်ဆိုလို့ ကျောင်းပေးတက်လိုက်တာ''
''ဟုတ်''
''အစကတည်းက နိုင်ငံခြားမှာ ကျောင်းထားလိုက်ရင် အကောင်းသား..
အခုလိုမျိုးတွေ လိုက်ရှင်းနေစရာမလိုဘူးပေါ့''
''..''
''အဲ့တော့
ပြောချင်တာက မင်းတို့စိတ်ကူးယဥ်နေတာတွေက စိတ်ကူးယဥ်တဲ့အဆင့်နဲ့ပဲ ပြီးသွားမှာ
အီဘာဒါကို ငါပဲစီစဥ်မယ်''
စိတ်ကူးယဥ်တာတဲ့လား။
ဘဝနဲ့ချီပြီး ရင်နဲ့ရင်းပြီး ချစ်ရတာကို
စိတ်ကူးယဥ်တယ်လို့သမုတ်တာလား။
''ဘဝလက်တွဲဖော်ရှာမယ်ဆိုရင်လည်း ကိုယ်နဲ့တန်းတူဖြစ်မယ့်သူ
ပြီးတော့ တင့်တင့်တယ်တယ် မိသားစုတစ်ခု ထူထောင်နိုင်မှာမျိုး ဖြစ်သင့်တယ်မလား''
ချယ်ယောင်းက ဘာဖြစ်နေလို့လဲ။
မိန်းကလေးအချင်းချင်းကိုသဘောမကျတဲ့အပြင်
အဆင့်အတန်းကွာတယ်လို့လည်း တွေးပုံရတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက
လူမမြင်ဖူးပေမယ့်
သွယ်ဝိုက်သောနည်းတွေနဲ့ သူ့စိတ်ကို အသိပေးခဲ့တယ်ဆိုပေမယ့်
နားနဲ့ဆတ်ဆတ်ကြားရတော့ ဝမ်းနည်းမိတယ်။
သဘောတူတယ်လို့သိခဲ့ရတော့
မယုံရဲပေမယ့် ပျော်ခဲ့မိသေးတယ်။
မကြိုဆိုရင်တော့ ဒီလိုဖြစ်မယ်လို့တော့ မတွေးခဲ့။
ဒါကြောင့်လည်း ဘာဒါက မလာနဲ့ပြောနေတာဖြစ်မယ်။
ဒါပေမယ့် ထပ်ပြီးခွဲရမယ့်အဖြစ်မျိုး မဖြစ်ချင်တော့ဘူး။
အဲဒါကြောင့် တမင်ကို သူ့ကိုမပြောပဲ
လိုက်လာခဲ့တာ။
ညဘက်တော့ မောင့်အမေအခန်းထဲ ဝင်စကားပြောပေးကြပြီး
အမေအိပ်တော့ အပေါ်တက်ခဲ့ကြတယ်။
''ပင်ပန်းနေပြီလား မမ''
''မပင်ပန်းပါဘူး မောင်ရဲ့''
မောင့်အဝတ်တွေခေါက်ပေးနေတော့
မောင်က အနားကိုလာပြီး
''ဒါတွေ အဒေါ်ကြီးလုပ်လိမ့်မယ်လို့ မမကကွာ''
''မမလုပ်ချင်လို့ပါ
မောင့်အဝတ်တွေကို အဒေါ်ကြီးယူကိုင်တာ မကြိုက်ပါဘူးနော်''
''ဟားဟား ဒီလိုမှန်းသိရင် လာကတည်းက ခေါ်လာပါတယ်''
''မခေါ်ပဲနဲ့''
''လာဦး''
အဝတ်ခေါက်တာမပြီးသေးပဲ
သူ့ရင်ခွင်ထဲရောက်သွားတယ်။
''အလွမ်းသယ်မလို့ပါဆို
ဘာတွေလျှောက်လုပ်နေမှန်းမသိဘူး''
ပြောပြီး ပွေ့ချီလိုက်ကာ
ကုတင်ပေါ်ကို သာသာလေးတင်တယ်။
''မောင် Lockသွားချ''
''Lockမချလည်း ဘယ်သူမှမဝင်ဘူး''
''မရဘူး သွားး''
''ချခဲ့ပြီးပြီ ဝင်လာကတည်းက''
''ပြီးရော..''
''ပတ်ချယ်ယောင်း
မင်းတကယ်နေနိုင်တယ်နော်
ကိုယ့်ကိုမလွမ်းဘူးလား''
''ဟင် အခု ဘယ်သူက မလာရဘူးလို့ပြောပြီး
ဘယ်သူက အတင်းလိုက်လာတာလဲ''
''ဟားဟား
အေးပါကွာ..
ဒါပေမယ့်
ရောက်ကတည်းက ခင်ဗျားက သွေးအေးသွားတာမလား
ကိုယ်က မြင်ကတည်းက သွေးပူနေတာ''
''သွေးအေးသွားတယ်လို့ဘယ်သူပြောလဲ''
''မအေးဘူးလား
ပူနေတာလား
ပြဦး ပူနေတဲ့ရုပ်လေးကို''
သူစနေတာမှန်းသိပေမယ့်
တကယ်လွမ်းနေတာမို့လို့
ဘာဒါ့နှုတ်ခမ်းတွေကို မော့နမ်းလိုက်မိတယ်။
ထပ်မမေးတော့တဲ့ သူ့နှုတ်ခမ်းတွေက
ချယ်ယောင်းနှုတ်ခမ်းထက်မှာ။
အချိုဆုံး အီဘာဒါရဲ့နှုတ်ခမ်းထူထူတွေ..။
နမ်းတာskillကျလွန်းသော ဆရာကြီးက
ခဏကြာတော့ လျှာဖျားတွေဆီ ရန်လုပ်တယ်။
သူသင်ပေးတဲ့ လူကြီးနမ်းနည်းပါတဲ့။
နမ်းနေရင်းနဲ့ ချယ်ယောင်းဝတ်တဲ့ ညဝတ်ရှပ်အင်္ကျီလေးအပေါ်ကနေ အုပ်ကိုင်တယ်။
နောက်လက်တစ်ဖက်က
အင်္ကျီထဲလက်ထည့်ပြီး နောက်ကချိတ်ကို ဖြုတ်ပစ်လိုက်တယ်။
ကြိုးမပါတော့ သူ့လက်ထဲ အလွယ်တကူပဲ ပါသွားတော့တယ်။
အပေါ်က အင်္ကျီကို မချွတ်ပဲ စနေတာက အသဲယားစရာ။
သူ့ပေါင်ပေါ်ထိုင်နေတဲ့ ချယ်ယောင်းကို အိပ်ယာပေါ်လှဲချလိုက်ပြီး
အောက်က ဘောင်းဘီရှည်ကို ချွတ်တယ်။
အီဘာဒါရဲ့ လူလည်ကျမှုအဖြာဖြာပေါ့။
သူကျဝတ်စုံပြည့်နဲ့ လူကို ရှူစားတတ်သေးတာ။
အပေါ်က အင်္ကျီက ရှည်ရှည်ပွပွဆိုတော့ ပုံမှန် ပေါင်လယ်ထိတော့ရောက်ပေမယ့်
နှစ်ယောက်သား လုံးထွေးနေတဲ့အချိန်မှာ
ခါးအထိရောက်နေတယ်လေ။
ပိုးပျော့အင်္ကျီသားက
ကိုယ်ပေါ်မှာ ပျော့အိပြီးကပ်နေတယ်။
လည်တိုင်ကို နမ်းချင်တော့ ရှေ့ကြယ်သီးတွေကို စဖြုတ်တယ်။
သုံးလုံးလောက်ဖြုတ်ပြီး လည်တိုင်ဆီမှာ မျက်နှာအပ်တယ်။
အရာထင်တော့မယ်လို့သိလိုက်တယ်။တားလို့ရမှာလည်းမဟုတ်တော့ မတားတော့ဘူး။
သူ့ခံတွင်းနွေးနွေးရဲ့အတွေ့က လည်တိုင်ဆီမှာ ဟိုတစ ဒီတစ။
ကြယ်သီးနောက်တစ်လုံးဖြုတ်တယ်။
ပြီးတော့ နောက်တစ်လုံး။
ကြယ်သီးတွေအကုန်လုံးပြုတ်သွားတော့
ငုံ့ကျလာတဲ့မျက်နှာက ဘယ်ဘက်အခြမ်းမှာ။
အငြိမ်မနေတဲ့လျှာဖျားတွေကြောင့်
ခပ်တိုးတိုးထွက်လာတဲ့နှုတ်ဖျားက ကိုယ့်အသံကို အမြဲတမ်းလိုလိုရှက်နေရတုန်း..။
ညာဘက်အခြမ်းဆီက သူ့လက်တွေက
နေရာရွေ့ပြီး
ခရီးအဆုံးထိသွားဖို့ ကြိုးစားတဲ့အချိန်..
သူ့မျက်နှာကို အတင်းပြန်မော့ပြီး နမ်းနေမိတယ်။
ဝင်လာသမျှ သူ့ရဲ့စိတ်အလိုအားလုံးကို
ကျေကျေနပ်နပ်လက်ခံမိပြီး
မသိမသာနဲ့ပြောင်းသွားသမျှ ပုံစံအားလုံးကို ဝင်ကြိုးစားမိနေတာမျိုး။
အချစ်က အရာရာကို.. အတူတူ..
ကျော်ဖြတ်ချင်စိတ်ဖြစ်စေတယ်မလား..။
......
မနက် Breakfast အတူစားကြရတော့
အမေလည်း ခဏထွက်ထိုင်တယ်။
ဘာဒါတို့က ကော်ဖီသောက်ပေမယ့်
အဖေတို့အမေတို့က စွပ်ပြုတ့စားကြတယ်။
အမေပြန်ဝင်သွားပြီး ခဏကြာတော့
အဖေကလည်း သူစားတာ လက်စသတ်ရင်း
''ဂျူဟျော့ရောက်နေတယ် ဘာဒါ''
မမရော ဘာဒါရော တုံ့ခနဲ။
''ဒီနေ့အားရင်တွေ့လိုက်ဦး
သူ့မိဘတွေနဲ့လည်း တစ်ရက်တွေ့ကြမယ်လို့ပြောထားတယ်''
ကျစ်..
အဖေက ဘာတွေဖြစ်ချင်တာလဲ
ချွေးမတစ်ယောက် အိမ်ပေါ်ရောက်နေတာတောင်
ဘယ်လိုစကားတွေပြောနေတာလဲ။
''မအားလို့ တွေ့ဖြစ်မှာမဟုတ်ဘူး
အဖေ''
''ဒါဆိုလည်း အိမ်ကိုလာလိမ့်မယ်
မင်းအမေကို သတင်းမေးရင်လာမယ်ပြောတယ်''
''ဟုတ် လာရင်လည်းလာပေါ့
ဘာဒါနဲ့မမနဲ့အပြင်သွားမှာ''
အဖေ့ကိုပြန်ပြောနေလို့ မမက တံတောင်နဲ့လှမ်းတွတ်တယ်။
''ဘာလဲ ဟုတ်တယ်လေ
မမဂျယ်ဟီးဆီလိုက်ပို့မယ်လို့ပြောထားတယ်လေ''
''မောင်ကလည်း..''
အဖေက ခပ်တည်တည်နဲ့ထသွားတော့တယ်။
''စား မမစားပြီးရင် သွားကြမယ်
ပြောထားသေးလား''
''ပြောထားတယ်
မောင်လိုက်မပို့လည်းရပါတယ်''
''မင်းကိုလွှတ်လိုက်ပြီး ကိုယ်က အိမ်မှာကျန်ခဲ့ရမယ်ပေါ့
အဲလိုထားခဲ့လို့ရမယ်ထင်နေလား''
''ဒါဆိုလည်း လိုက်ပို့''
''လိုက်ပို့မှာမဟုတ်ဘူး လိုက်ခဲ့မှာ
ထိုင်စောင့်နေမှာ အပြန်တစ်ခါထဲ ခေါ်လာမှာ''
''ဟုတ်ပါပြီ''
အပေါ်ပြန်တက်ကြတော့
မမအဝတ်အစားလဲနေတုန်း နောက်ကျောသေးသေးကို နောက်က သိုင်းဖက်လိုက်မိတယ်။
''မမ အဖေပြောတာတွေ ဂရုမစိုက်နဲ့နော်''
''အင်းပါ အခုတော့ ဖယ်လေ မောင်ရယ်
မမအင်္ကျီဝတ်ဦးမယ်''
အဝတ်လဲခန်းကျဥ်းကျဥ်းလေးထဲ လာကျူးကျော်နေမိတာကြောင့်
မမက သိပ်တော့မရုန်း။
''မောင်တောင်းပန်ပါတယ် ''
ပြောရင်း ပုခုံးစွန်းလေးကို ဖိကပ်နမ်းလိုက်တော့
''အင်းပါ မောင့်ကို ယုံတယ် ဟုတ်ပြီလား''
လည်ဂုတ်သားဖွေးဖွေးလေးကိုပါနမ်းရင်း
လက်က ရှေ့က အမို့အမောက်လေးဆီရောက်တော့
''တော်တော့
အပြင်သွားပါမယ်ဆို''
''ပတ်ချယ်ယောင်းကကွာ
အရမ်းတွန့်တိုတာပဲ ''
''အမယ် ကျမက တွန့်တိုတယ်ပေါ့
ရှင့်ကိုလေ..
အီဘာဒါ..ညက ရှင်မဟုတ်ဘူးလား''
''ညကလား ဘာလဲ
မသိတော့ဘူး ''
''မသိရင်လည်း နေတော့ အခုတော့ဖယ်ပေး''
မမအဝတ်အစားလဲပြီးတော့
အမေ့ကို ဝင်ပြောပြီး
မမဂျယ်ဟီးဆီကို ထွက်ခဲ့ကြတယ်။
မမဂျယ်ဟီးက အိမ်ထောင်ကျနေပြီလေ။
နှစ်နှစ်လောက်တော့ ရှိရော့ပေါ့။
မမဂျယ်ဟီးတို့တိုက်ခန်းကိုရောက်တော့
''ဘာဒါလည်း ပါတယ်လား လာလာ ထိုင်ကြ
ဘာသောက်မလဲ''
''မသောက်တော့ဘူး
ဂျယ်ဟီး
အမျိုးသားရော''
''အလုပ်သွားတယ်''
''နင်က?''
''ငါ အိမ်ရှင်မလုပ်နေတယ်လေ
အခု ကိုယ်ဝန်က တစ်လ''
''ဟယ် ကိုယ်ဝန်ရှိနေပြီလား
ကောင်းလိုက်တာ''
''ဟော သူများတွေများကောင်းလိုက်တာ''
ဘာဒါ ဝင်ပြောတော့
မမက လှည့်ပြီး မျက်စောင်းထိုးတယ်။
''နင်တို့အလှည့်လည်း ရောက်တော့မှာပါ
ဟုတ်တယ်မလား ဘာဒါ''
''ဟုတ်''
''ဘာဟုတ်လဲ ဘာဒါနော်''
''မဟုတ်လို့လား မမကလည်း''
အိမ်မှာတုန်းကတောင် မောင်လို့ခေါ်နေပြီးတော့
မမဂျယ်ဟီးရှေ့ရောက်တော့ ဘာဒါတဲ့။
ရင်ထဲအောင့်လိုက်တာ။
လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင်
ဝရန်တာထွက်နေပေးရင်း
ဖုန်းဝင်လာလို့ ပြောနေရတယ်။
ဟိုကအလုပ်တွေက အသစ်ပြောထားတာတွေရှိနေပြီ။
မဟုတ်လည်း Weddingပြီးမှ ပြန်လုပ်မှာဆိုပေမယ့်
အခုကတည်းက ကြည့်ထားနိုင်ရင် ပိုအဆင်ပြေတာပေါ့။
မမနဲ့လည်း Honeymoonထွက်ချင်သေးတယ်။
ဘယ်ဘက်ကိုထွက်ရမယ်တော့မတိုင်ပင်ရသေးဘူး။
ကနေဒါဘက်ကို သွားဖြစ်မလား
ဒါမှမဟုတ် တစ်နိုင်ငံပြီးတစ်နိုင်ငံလျှောက်သွားမလားတော့ တိုင်ပင်ကြတုန်းပဲ။
ကိုယ်ကတော့ တစ်နေရာထဲမှာပဲ
မိန်းမလေးနဲ့ နှပ်နေချင်တယ်လေနော်။
ဖုန်းချပြီး အထဲဝင်ကြည့်တော့
မမဂျယ်ဟီးရဲ့ အသံစာစာလေးကိုကြားရတယ်။
''အဲ့တော့ ငါ့ကိုအားမကျဘူးလား
နင်တို့လည်း ယူပြီးရင် မွေးတော့''
''ဟယ် မဟုတ်တာတွေ''
''ဘာ မဟုတ်တာတွေလဲ
မယူတော့ဘူးလား ကလေးက''
''မပြောရသေးပါဘူး ဂျယ်ဟီးရဲ့''
''ယူစမ်းပါ
ကိုယ့်ကိုချစ်တဲ့သူနဲ့ ကလေးယူရတာလောက် ပျော်ရတာမရှိတော့ဘူး
ဘာဒါကလည်း နင့်ကိုအသေချစ်တာကို''
''အင်းး''
''ယူလိုက် အနည်းဆုံးတစ်ယောက်လောက်''
''နှစ်ယောက်ယူမှာ''
ဘာဒါပြောရင်း ဝင်သွားတော့
နှစ်ယောက်လုံး မော့ကြည့်တယ်။
''အေး ဟုတ်တယ်
ယူ ဘာဒါ
ယူရမှာ''
''နင်က ဘာတွေမြှောက်ပေးနေတာ''
''ဘာလဲ မမက သုံးယောက်လိုချင်လို့လား
နှစ်ယောက်က နည်းနေလား''
''တစ်ယောက်ပဲ ရှင် နိုင်အောင် ထိန်းပါဦး''
''ကိုယ်က ရပါတယ် အချစ်ရဲ့
ရိုက်ကွင်းကိုခေါ်သွားလို့ရတယ်''
''မမကတော့ အားပေးတယ်နော်''
''ဟုတ် နားချပေးပါဦး ဟဲဟဲ''
''ငါလေ နင်တို့ပွဲကိုလာချင်တာ
အခုအခြေအနေနဲ့ဘယ်လိုဖြစ်မလဲမသိဘူး
ဒါပေမယ့်
လာလို့ရရင် လာခဲ့မယ်သိလား''
''နင်လာရင် ပျော်တာပေါ့ ဂျယ်ဟီးရဲ့
အဆင်မပြေလို့ မလာခဲ့လည်းရတယ်
လာရင်တော့
တို့အိမ်မှာပဲ နေကြနော်''
မမဂျယ်ဟီးအိမ်ကပြန်တော့
''မမ ဘယ်သွားချင်သေးလဲ''
''ပြန်ရအောင်လေ
အိမ်အတွက် ဟင်းတွေဘာတွေဝယ်ရမလား''
''မလိုပါဘူး
ကိုယ်တို့ ကျောင်းဘက်ခဏ သွားထိုင်ကြမလား
ကျောင်းပိတ်တော့ လူသိပ်ရှိမှာမဟုတ်ဘူး''
''အင်း သွားကြမယ်''
ကျောင်းဝန်းထဲမှာ အပင်တွေအောက် ထိုင်ခုံတန်းလေးတွေရှိတယ်။
လူလည်းရှင်းတယ်ဆိုပေမယ့်
တစ်ယောက်စ နှစ်ယောက်စတော့ ဖြတ်သွားဖြတ်လာရှိတယ်။
''မမ
ကိုယ်တောင်းပန်တယ်နော်''
''ဘာကိုလဲ မောင်ရဲ့''
''ဟိုကို တစ်ယောက်ထဲပြန်လွှတ်ရမှာမို့လို့လေ
ဝတ်စုံလည်း ကူရွေးပေးချင်တာ
ဖိနပ်ရေယ ပန်းစည်းရော အကုန်လုံး''
''မောင်ကလည်း အဲဒါတွေက ရွေးပြီးသားထဲက တစ်ခုကို Confirmလုပ်ပေးရုံပဲကို
စိတ်မပူနဲ့နော်
မမအဲ့လောက်တော့လုပ်နိုင်ပါတယ် မောင်ရဲ့''
''မမသိလား
ကိုယ်လေ မမကို စတွေ့ပြီးကတည်းက
စိတ်နဲ့လူနဲ့မကပ်တာ
နာမည်လေးလည်းမသိရ
စိတ်ထဲလည်း တစ်ချိန်လုံးတွေးမိနေလို့
ရူးနေပြီလားတောင် ထင်မိတယ်''
''ဟုတ်လား
အခုရော စိတ်နဲ့လူနဲ့ကပ်ပြီလား''
''တော်တော့်ကို ကပ်နေပြီ
စိတ်နဲ့လူနဲ့မမနဲ့အကုန်လုံး ကပ်ထားတယ်''
''မောင် တို့တွေမခွဲဘူးနော်
ဘာဖြစ်ဖြစ်''
''စိတ်ချ ကိုယ်လိုက်လာခဲ့မယ်
မင်းရှိတဲ့နေရာ ဘယ်ကိုပဲဖြစ်ဖြစ်''
မမရဲ့ဆံနွယ်နုနုလေးဝဲကျနေတဲ့ နဖူးပြေပြေလေးကို ငုံ့နမ်းရင်း ခဏလောက် စိတ်အေးလက်အေးထိုင်နေဖြစ်ကြတယ်။
...
နှစ်ယောက်သား အိမ်ပြန်ရောက်တော့
အိမ်ရှေ့မှာ
ကားတစ်စီးရပ်ထားတယ်။
''ဧည့်သည်ရောက်နေတယ်ထင်တယ်''
မမကို ကားတံခါးဖွင့်ပေးရင်း ပြောလိုက်ပြီး
လက်ဆွဲကာ အထဲဝင်တော့
အမေ့အခန်းထဲက ထွက်လာတဲ့ ဂျူဟျော့..။
''သြော်..''
''အင်း ပြန်လာပြီလား ဘာဒါ''
ဂျူဟျော့က မမကိုမကြည့်ပဲ မေးတယ်။
''အင်း ဘယ်တုန်းကရောက်တာလဲ''
''ဒီကိုလား
ခုနလေးတင်''
''ထိုင်ဦးလေ''
''မောင် မမအပေါ်တက်နားလိုက်မယ်''
''ခဏလေး''
ဆိုဖာမှာ ဝင်ထိုင်ကြရင်း မမကိုလည်း ဆွဲထိုင်ခိုင်းလိုက်တယ်။
''ဂျူဟျော့
ဒါ ငါ့အမျိုးသမီးလေ
ပတ်ချယ်ယောင်းတဲ့''
''ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ''
''ဟုတ်''
''မမ ဒါ ဂျူဟျော့
မြင်ဖူးတယ်မလား''
''အင်း''
''နားချင်နေပြီလား နားတော့နော်
ကိုယ်လိုက်လာခဲ့မယ်''
''သြော် နားရင် နားကြလေ
ဘာဒါ ကိုယ်ပြန်မယ်''
''သြော် အင်း အင်း''
ဘာဒါ ဂျူဟျော့ကို ကားနားအထိလိုက်ပို့ရင်း
''အဖေတို့အကွက်ရွှေ့နေတာသိတယ်မလား
အားနာလိုက်တာ''
''အင်း အားနာစရာမလိုပါဘူး''
''နောက်လ ငါတို့Weddingရှိတယ်''
''အင်း''
''နောက်အဖေခေါ်လည်း မအားဘူးလို့သာ ပြောလွှတ်''
''ဘာဒါ''
''အင်း ပြော''
''ဘာမှမဟုတ်တော့ဘူး သွားမယ်''
''ok ok''
ဘာဒါ အထဲပြန်ဝင်ပြီး အမေ့ကိုဝင်ကြည့်တော့ အိပ်ပျော်နေပြီ။
အပေါ်ကို ပြန်တက်လာခဲ့လိုက်တယ်။
မမစိတ်အနှောက့်အယှက်ဖြစ်သွားမလား။
အဖေကတော့
အဲလိုဖြစ်စေချင်လို့ လွှတ်လိုက်တာမှန်းသိသားပဲ။
ဘယ်တော့မှ အဲလိုမဖြစ်တော့ဘူး အဖေရေ။
ခွဲရတဲ့အချိန်တွေက ဘယ်လောက်နာကျင်ရလဲဆိုတာ အဖေ့ကျေးဇူးနဲ့သိထားပြီးပြီမို့
ထပ်ခွဲလို့တော့ မရတော့ဘူးဆိုတာ အဖေသိလာမှာပါ။
နောက်တစ်ပိုင်းမျှော်။
နောက်တစ်ပိုင်းကျ Endingဖြစ်မှာနော်။
အကြာကြီး ပစ်ထားမိတယ်မလား။
မီယားနဲ။
အဲ့အစား
အာဘွား x 3000 💙😚
ပုံ
ဆယ်ရက်ကြာမှ ပြန်ပေါ်လာသူ 😁
Zawgyi
''ဆုန်နာဟီး''
''ဘာဒါလား
''အင်း ရောက်နေပြီ''
''ရောက်ပြီလား
ဆိုးလ်ကိုလား''
''ဟုတ်တယ်''
''မမရောလား''
''အင်း
နောက်ရက်မှ လာခဲ့မယ်''
''ဘယ်မှာနေမှာလဲ
အမေအိမ်မှာပဲလား''
''နေစရာလား
အဲဒီမှာပဲနေဖြစ်မှာ''
ဟုတ်ပါပြီ''
''အဖေ အမေရော''
''အထဲမှာ''
အခန်းထဲမှာဆိုပေမယ့်
သိသားပဲ။
''ဒီနေ့မှ သက်သာသွားတာ
''အရင်ရောဂါပဲပေါ့''
ဒါပေမယ့်
ဆရာဝန်ကဘာပြောလဲ''
''အင်း ဘာဒါ ဟိုကလေးမရော''
ပတ်ချယ်ယောင်း
အမေ့ချွေးမ..
''မခေါ်ခဲ့တာကောင်းတယ်''
''ယောင်္ကျား ''
''ဘာကွ''
''ရှေ့လ Wedding..''
''တော်စမ်းပါ
''အီဘာဒါ''
ကျစ်..
''ပြန်တော့မယ်''
''ဘယ်ကိုပြန်မှာလဲ''
''မင်းအမေနေမကောင်းဘူး
သိတယ်မလား
မမမှ ပါမလာတာ။
''ဟုတ်သားပဲ ဘာဒါရယ်
သူလည်းမပါဘူးဆို
''အင်း မင်းအဖေက
သက်သာရဲ့လား''
သပ်သပ်နေရင် အားနာစရာ''
''ဟုတ်တယ်
''14thပါ''
''သိပ်မလိုတော့ဘူးပဲ''
''ဟုတ်''
''ဟုတ်''
''ဒါပေမယ့်..''
''ရပါတယ်..
''လိုက်ခဲ့မယ်
.....
''မမ''
''အင်း''
''အင်းးး''
သူကတော့ သိတာကြာပြီ''
ကောင်းလိုက်တာ''
''အဲ့တော့ ဆက်ပြောပါဦး''
''ဂျွန်ယောင်းနော်
ကလေးက ကလေးလိုနေ''
''ကလေးမဟုတ်ပါဘူး''
''ကလေးပေါ့''
''ဒါနဲ့လေ ''
''အင်း''
''မသိဘူးလေ''
''သူက ကလေးချစ်လား''
''အင်းး''
''တူမလေးမွေးပေးး''
''နော်လို့ တူမလေးလို့
......
မေမေ့ကို
တွေ့မယ်ပြောထားကြတာ။
''နင်တို့အမေလေ''
''ဟားဟား အေးပါ''
''အန်တီ ဘယ်လိုလဲ ဘာဒါ''
''ဟုတ်လား''
''အေးပါ ဂရုစိုက်ဦးနော်''
''အဲ့တော့ Weddingကရော''
''ရှေ့လထဲ''
''Operationကရော''
''ရှေ့လထဲပဲ
''မလိုက်လောက်ဘူး
အခုပဲ ဒီလ ကုန်တော့မှာ''
''အေးပါဟယ်
မမကရော ဘာပြောလဲ''
''မပြောဘူး ဘာမှ''
''အင်း
မပြောပဲထားတာ''
အဲလိုနဲ့
''ဟ မဟုတ်ဘူးလေ
''အဲလိုတော့မဟုတ်ပါဘူး''
ရတယ်။
အမေက ကိစ္စမရှိပေမယ့်
''လာခဲ့မယ် စိတ်ချ''
''အင်း
အိမ်လည်းဝယ်ထားပြီ''
''အေးလေ
''ဟုတ်တယ် ရှာလိုက်ရတာ
ကျောင်းပါပြီးရော''
ဘာဒါအိမ်ပြန်ခဲ့တယ်။
ဧည့်ခန်းထဲရောက်တော့
မမ..
''မောင်''
''မမ ဒီကို ဘယ်လိုလုပ်..''
''လာ''
''မောင်''
မမက ပြန်ဆွဲထားတယ်။
အဖေက မော့ကြည့်ပြီး
''ဒါက ဘယ်လို အပြုအမူလဲ''
''မမလို့''
အခန်းထဲရောက်တော့
''လက်နာနေပြီ လွှတ်''
လာမယ်ဆိုလည်းပြောလေ
အဆင်မပြေဘူးပေါ့
''ဟင့်အင်း''
မမဘာမှမပြောပေမယ့်
ဘာဒါသိပြီးသား။
''ခဏနေ လိုက်ပို့မယ်
လာပါဦး လွမ်းနေတာ''
''ဟုတ်လား''
''ပတ်ချယ်ယောင်း..
ချစ်တယ်''
လွမ်းနေလိုက်ရတာ..
....
''အမေ ဒါ..
မမရဲ့အကြည်ဓာတ်လေးက
''ချောတယ်မလား''
''ချောတယ်
''အားနာလိုက်တာ သမီးရယ်
အန်တီက နေမကောင်းတော့..''
''ကိုယ်မလုပ်တတ်ပေမယ့်
Nurseလည်းရှိတယ်
''ဟုတ်ကဲ့ပါ အန်တီ''
အမေရဲ့''
''ဟုတ်လား''
ညနေ ထမင်းစားတော့
''ပင်ပန်းမယ် မလုပ်နဲ့
ဘာမှ''
''မောင်ရေ''
''အင်း''
''အင်း မမ မစောင့်ရဘူး
ပြီးတော့လေ
''ဟင် ဘာလို့လဲ''
''ဘာဖြစ်ရမလဲ
တကယ်တော့
......
တကယ်တော့
အတန်ကြာထိုင်နေရပြီး
''မိဘတွေက ဘာလုပ်လဲ''
''ရှင်..
''နယ်မှာပေါ့''
''ဟုတ်ကဲ့''
''မရှိပါဘူး''
''ရှင်''
သိရဲ့နဲ့မေးနေတာမလား။
''ဟုတ်''
''ဝါသနာမပါဘူးတဲ့
''ဟုတ်''
''..''
''အဲ့တော့
စိတ်ကူးယဉ်တာတဲ့လား။
လူမမြင်ဖူးပေမယ့်
လိုက်လာခဲ့တာ။
''ပင်ပန်းနေပြီလား မမ''
မောင်က အနားကိုလာပြီး
''မမလုပ်ချင်လို့ပါ
''မခေါ်ပဲနဲ့''
''လာဦး''
''အလွမ်းသယ်မလို့ပါဆို
''မောင် Lockသွားချ''
''မရဘူး သွားး''
''ပြီးရော..''
''ပတ်ချယ်ယောင်း
''ဟားဟား
အေးပါကွာ..
ဒါပေမယ့်
''မအေးဘူးလား
ပူနေတာလား
နောက်လက်တစ်ဖက်က
ခါးအထိရောက်နေတယ်လေ။
နေရာရွေ့ပြီး
အချစ်က အရာရာကို.. အတူတူ..
......
မမရော ဘာဒါရော တုံ့ခနဲ။
ကျစ်..
အဖေ''
''ဟုတ် လာရင်လည်းလာပေါ့
''ဘာလဲ ဟုတ်တယ်လေ
''မောင်ကလည်း..''
ပြောထားသေးလား''
''ပြောထားတယ်
''ဒါဆိုလည်း လိုက်ပို့''
''ဟုတ်ပါပြီ''
အပေါ်ပြန်တက်ကြတော့
မမအင်္ကျီဝတ်ဦးမယ်''
မမက သိပ်တော့မရုန်း။
''မောင်တောင်းပန်ပါတယ် ''
''တော်တော့
အပြင်သွားပါမယ်ဆို''
''ပတ်ချယ်ယောင်းကကွာ
အရမ်းတွန့်တိုတာပဲ ''
ရှင့်ကိုလေ..
''ညကလား ဘာလဲ
မသိတော့ဘူး ''
အမေ့ကို ဝင်ပြောပြီး
ဘာသောက်မလဲ''
''မသောက်တော့ဘူး
ဂျယ်ဟီး
အမျိုးသားရော''
''အလုပ်သွားတယ်''
''နင်က?''
အခု ကိုယ်ဝန်က တစ်လ''
ကောင်းလိုက်တာ''
ဘာဒါ ဝင်ပြောတော့
ဟုတ်တယ်မလား ဘာဒါ''
''ဟုတ်''
''ဘာဟုတ်လဲ ဘာဒါနော်''
''မဟုတ်လို့လား မမကလည်း''
ရင်ထဲအောင့်လိုက်တာ။
ဝရန်တာထွက်နေပေးရင်း
''ဟယ် မဟုတ်တာတွေ''
''ဘာ မဟုတ်တာတွေလဲ
မယူတော့ဘူးလား ကလေးက''
''ယူစမ်းပါ
''အင်းး''
''နှစ်ယောက်ယူမှာ''
''အေး ဟုတ်တယ်
ယူ ဘာဒါ
ယူရမှာ''
နှစ်ယောက်က နည်းနေလား''
ဒါပေမယ့်
လာရင်တော့
''မမ ဘယ်သွားချင်သေးလဲ''
''ပြန်ရအောင်လေ
''မလိုပါဘူး
''အင်း သွားကြမယ်''
''မမ
''ဘာကိုလဲ မောင်ရဲ့''
စိတ်မပူနဲ့နော်
''မမသိလား
စိတ်နဲ့လူနဲ့မကပ်တာ
နာမည်လေးလည်းမသိရ
''ဟုတ်လား
ဘာဖြစ်ဖြစ်''
...
အိမ်ရှေ့မှာ
ကားတစ်စီးရပ်ထားတယ်။
လက်ဆွဲကာ အထဲဝင်တော့
''သြော်..''
''ဒီကိုလား
ခုနလေးတင်''
''ထိုင်ဦးလေ''
''ခဏလေး''
''ဂျူဟျော့
ဒါ ငါ့အမျိုးသမီးလေ
ပတ်ချယ်ယောင်းတဲ့''
''ဟုတ်''
''မမ ဒါ ဂျူဟျော့
မြင်ဖူးတယ်မလား''
''အင်း''
ကိုယ်လိုက်လာခဲ့မယ်''
''သြော် နားရင် နားကြလေ
ဘာဒါ ကိုယ်ပြန်မယ်''
''သြော် အင်း အင်း''
အားနာလိုက်တာ''
''အင်း''
''ဘာဒါ''
''အင်း ပြော''
''ok ok''
အဖေကတော့
မီယားနဲ။
အဲ့အစား
အာဘွား x 3000 😚
ပုံ