♡︎ဉီးဉီး နဲ့ ကလေးလေး♡︎
By Ar-Jarr-Jarr
26K 931 152
ဦးဦးက သားအပိုင်ပဲ။ သားအပိုင်ကိုလာလုယူတဲ့သူကို ဖျက်ဆီးပစ်ဖို့သားဝန်မလေးဘူး။ ဘာကြောင့်ဖြစ်ဖြစ်... YiZhan Writ... More
အပိုင် - 1(U/Z)
အပိုင်း - 2(U/Z)
အပိုင်း - 3(U/Z)
အပိုင်း - 4(U/Z)
အပိုင်း - 5(U/Z)
ရှင်းလင်းချက်
အပိုင်း - 7(U/Z)
အပိုင်း - 8(U/Z)
အပိုင်း - 9(U/Z)
အပိုင်း - 10•1(U/Z)
အပိုင်း - 10•2(U/Z)
အပိုင် - 6(U/Z)
1.7K 75 25
By Ar-Jarr-Jarr
UNI
♡︎ဦးဦး နဲ့ ကလေးလေး♡︎
အိပ်မောကျနေသည့် ကလေးလေးကို ရိပေါ်ပွေ့ချီလိုက်ပြီး အဝတ်တို့အားဆွဲချွတ်ပေးလိုက်သည်။ ဖြူဖွေးဖွေးအသားရည်လေးက ညလင်းမီးအိမ်အောက်တွင်ဝင်းပပဖြင့် ချစ်စရာကလေးပင်။ ဖိနပ်ကိုလဲ ချွတ်ပေးပြီး အခန်းထောင့်နားလေးသွားလိုက်သည်။
အဝတ်စလစ်ဖြစ်နေသော ကလေးလေးကိုဝတ်ပေးဖို့အဝတ်ဗီရိုထဲမှ သူနှင့်အနည်းငယ်သေးသောညဝတ်ဝမ်းစက်အညိုရောင်တစ်စုံကိုယူလိုက်သည်။ ကလေးလေးအား အဝတ်သွားမဝတ်ပေးခင် သူလဲအင်္ကျီတစ်စုံယူဖို့လုပ်လိုက်သည်။
ရှောင်ကျန့် သူ့ခန္ဓာကိုယ် လှုပ်စိစိဖြစ်သွားပြီးအေးချမ်းသွားခဲ့ရတာကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည်။ ထိုအချိန် အခန်းထောင့်နားမှ လူရိပ်အားတွေ့လိုက်ရတာကြောင့် ရုတ်တရက်ထိုင်မိလိုက်သည်။
အမြင်အာရုံတို့ကြည်လင်သွားသည်နှင့် မြင်လိုက်ရသည်က ဦးဦး။ ဦးဦးက အင်္ကျီကျွတ်ဖြင့် ဘောင်းဘီအားသေချာဝတ်နေသည်။
"ဦးဦး...က ဘာလို့ သားအခန်းထဲကို"
သူပြောလိုက်တော့ ဦးဦးကအင်္ကျီဝတ်နေရင်းဖြင့် သူ့အာလှည့်ကြည့်လာပြီး ရယ်ပြသည်။ ဦးဦးအကြည့်တို့က တဖြည်းဖြည်းသူ့ရင်ဘက်ကိုရောက်သွားတာကြောင့် သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့ ဘောင်းဘီတိုလေးမှလွဲ၍ ဘာအဝတ်မှရှိမနေပေ။ ဆောင်ကိုဆွဲယူပြီး ရင်ဘက်နားထိဖုံးလိုက်သည်။
"အာ....သားအဝတ်တွေက"
"ရော ဒါဝတ်ထားလိုက် သက်တောင့်သက်သာဖြစ်အောင်လို့"
"ဟုတ်ကဲ့"
ဦးဦး ကမ်းပေးလာသည့် နီညိုညိုညဝတ်အင်္ကျီကိုယူလိုက်ပြီး အိပ်ယာပေါ်မှဆင်းရန်ပြင်လိုက်စဉ်...
ဒီအခန်းက သူ့အခန်းမဟုတ်။ သပ်ရပ်နေသည့်အခန်း၊ နေရာတကျရှိနေသည့် ပစ္စည်းပစ္စယာများ အခန်းအရောင်ဝါကျင့်ကျင့်နှင့် လသာဆောင်အထွက်ရှိ လိုက်ကာဖြူဖြူတို့က သူခန်းထဲတွင်မရှိပေ။ ဒါဆို ဒီအခန်းက ဦးဦးအခန်းပေါ့။ သွားပါပြီ အခန်းမှားဝင်လာမိပြီ။
သူဦးဦးကို လှည့်ကြည့်လိုက်တော့ ဦးဦးက သူ့ကို ပြုံးပြုံးကြီးဖြင့်ကြည့်နေပြီး သူ့အတွေးတွေကို သိနေသည့်အလား
"ကလေးလေး အခန်းမှားဝင်နေတာလေ မသိဘူးလား"
"အဲ ဟဲဟဲ သားအိပ်ချင်မူးတူးနဲ့မို့ မှားဝင်မိတာမသိလိုက်ဘူး"
ရှောင်ကျန့်မျက်နာချိုလေးသွေးပြီး ပြောလိုက်တော့ ဦးဦးက ရယ်ကာ သူသိပါတယ်ဟူသောပုံစံဖြင့်ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။
ရှောင်ကျန့်လဲ အင်္ကျီဝတ်ပြီးသည်နှင့် အခန်းထဲမှထွက်ရန်ပြင်လိုက်သည်။ အဝတ်တောင်းထဲမှ သူ့အဝတ်တို့နှင့် အခန်းထောင့်နားရှိဖိနပ်ကိုယူလိုက်ပြီး အခန်းအပေါက်သို့ဦးတည်လိုက်သည်။
"အဲ့တာ ဘယ်သွားဖို့လုပ်နေတာလဲ"
"ဗျာ! ဟို... သားအခန်းပြန်မလို့"
သူပြောလိုက်တော့ ဦးဦးကမျက်မှောင်ကျုတ်သွားပြီး အိပ်ယာပေါ်မှထကာ သူ့အနားသို့လျှောက်လာလေသည်။
"မပြန်နဲ့ ဦးဦးအခန်းမှာအိပ်လို့ရတယ် အပြင်မှာမှောင်နေပြီ"
သူ့လက်ထဲမှ အဝတ်တွေဖိနပ်တွေကိုဆွဲယူသွားပြီး နဂိုအတိုင်းပဲပြန်ထားကာ အိပ်ယာပေါ်ပြန်လှဲနေပြီး တံခါးပေါက်နားရပ်နေသည့်သူ့ကို လက်ယက်ခေါ်ကာ
"လာခဲ့...အိပ်ဖို့..."
သူလဲ အိပ်ယာတစ်ဖက်ကိုသွားလိုက်ပြီး ဦးဦးဘေးနားကပ်လှဲးလိုက်သည်။ ဘေးနားမှာ ဦးဦးရှိနေတာကြောင့် အမှန်းတိုင်းဆိုရလျှင် နေရတာသက်တောင့်သက်သာမရှိနေပါ။ ဦးဦးသူ့ကြောင့်အနှောင့်အယှက်ဖြစ်သွားမည်ဆိုး၍ နည်းနည်းလေးတောင်မလှုပ်ရဲပဲ အသက်ကိုတောင်သာမာန်ထက်က်တိုးတိုးလေးရှူနေရသည။ ဘာကြောင့်မှန်းမသိ ဦးဦးရှိနေတော့အနည်းငယ်ရှိန်းတိန်းဖိန်းတိန်းဖြစ်နေသည်။
ဦးဦးကိုကြည့်လိုက်တော့ လက်နှစ်ဖက်အားခေါင်းပြုပြီး မျက်နှာကြပ်ကိုစိုက်ကြည့်နေပုံမှာ အရင်လိုမဟုတ်ပဲပုံမှန်ထက်တင်းမားနေသည်။ ဒါကြောင့်ပင် သူပိုလို့ငြိမ်သက်နေရသည်။ ဦးဦးရဲ့ ဒီလိုပုံစံကို သူကြောက်သည်။
"မအိပ်သေးဘူလား"
"ဗျာ!"
"ဦးဦးကိုစိုက်ကြည့်နေလို့လေ ကလေးလေးကကဦးဦးဘေးနားမအိပ်ချင်လို့လား"
"ဟင် မ...မဟုတ်ပါဘူး"
ဦးဦးကအမြဲသူ့အတွေးတွေကို ကြိုတင်ခန့်မှန်းသိနေသလို​ပင်။ အခုလဲ သူ့အဖြေကိုကျေနပ်ပုံမရ သူ့ကိုမျက်ခုံးပင့်ကာ စိုက်ကြည့်နေပြန်သည်။
"ဟာ ဦးဦးကလဲ သားကိုစိုက်ကြည့်မနေနဲ့နော် ဦးဦးက သားကိုဘေးနားထားပြီး မျက်နှာကြီးခက်ထန်နေတာကို သားကဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်အိပ်လို့ရပါမလဲ"
"အဟက်ဟက် ဦးဦးမျက်နှာကြီးက ခက်ထန်နေလို့လားကွာ ဦးဦးက ဒီတိုင်းပဲတည်နေကြကို"
"မဟုတ်ပါဘူးနော်! တစ်ခုခုကိုမကြိုက်သလိုကြီးဖြစ်နေတာ"
သူလဲဦးဦးဘက်သို့လှည့်ကာအားပါးတရပြောပစ်လိုက်လိုက်သည်။ ဟုတ်တယ် သူများကိုခေါ်အိပ်ပြီး မျက်နှာကြီးအဲ့လိုဖြစ်နေတော့ သူခေါ်အိပ်တဲ့သူများကဘယ်လိုလုပ်စိတ်သက်သာပါ့မလဲ မသိဘူးလားမသိဘူး။
ဦးဦးကလဲ သူ့ဘက်ကိုလှည့်လာပြီး ခေါင်းလေးကိုဆွဲဖွကာ
"ကလေးလေးထင်နေလို့ပါကွာ ဘာလို့လဲ ဦးဦး အဲ့လိုမျက်နှာခက်ထန်နေတာ မကြိုက်လို့လား"
"မကြိုက်တာမဟုတ်ပါဘူး ဦးဦးက အဲ့လိုဖြစ်နေတေ့ သားမနေတက်လို့"
"အခုရော"
"အခုလာ ဟင့်အင် သားအိပ်လို့ရသွားပြီ"
သူပြောလိုက်တော့ ဦးဦးက သူ့ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်သတ်ပေးလာသည်။ မကြာသူလဲမျက်လုံးတို့မှေးစင်းလာပြီး အိပ်ပျော်သွားသည်။
ကလေးလေးအိပ်ပျော်သွားတော့ ရိပေါ်စောင်လေးအားသေချာခြုံပေးလိုက်သည်။ အိပ်ပျော်နေသူလေးကတော့ ဘာမှမသိ သူကတော့ရှေ့ဆက်ပြီးဖြစ်လာမယ့် အရာတွေကို ကြိုတွေးပြီးစိတ်မောနေရသည်။ ဘာမှမသိသည့် ကလေးလေးကတော့ အပြစ်ကင်းစင်းစွာအိပ်မောကျလို့။ သူဒီကလေးလေးကို အကောင်းဆုံးကာကွယ်စောင့်ရှောက်ဖို့တွေးထားသည်။ ဘာအပြစ်မှမရှိကလေးလေးက ဘယ်လိုအကြောင်းနဲ့မှ ထိခိုက်ဖို့မဖြစ်နိုင်။ ထိခိုက်ခွင့်လဲမပြုနိုင်ပါ။ တစ်ချိန်ချိန်မှာ သူ့အတွက်အလိုအပ်ဆုံးအရာလေးဖြစ်လာနိုင်သည်။ ဖြစ်သမျှအကြောင်းအကောင်းဟုသာတွေးလိုက်ပြီး ကလေးလေးကိုရင်ခွင်ထဲထည့်ကာ အိပ်စက်ခြင်းကိုစတင်လိုက်သည်။
"သားငယ် သားငယ်..."
တံခါးအား တဒေါက်ဒေါက်ခေါက်ကာသူ့အား တကြော်ကြော်ခေါ်နေသောမားဖြစ်သူကြောင့် ရင်ခွင်ထဲက ကလေးလေးကိုမနိုးအောင်အသာမထုတ်က တံခါးအားသွားဖွင့်လိုက်သည်။
"မား"
"သားငယ် မျက်နှာသစ်ပြီးဆင်းလာခဲ့တော့ မနက်စာစားဖို့ မင်းပါးစောင့်နေတယ်"
"ဟုတ်ကဲ့ သားလာခဲ့လိုက်ပါ့မယ်"
သူတံခါးပိတ်ပြီး အိပ်ယာပေါ်ကြည့်လိုက်တော့ သူ့အိပ်ယာပေါ်မှာ ကွေးကွေးကလေးအိပ်စက်နေသည့်ကလေးလေး။ အတော်လေးနှစ်ခြိုက်အိပ်ပျော်နေပုံ။ တစ်ချက်တစ်ချက် ဟောက်သံသေးသေးလေးပင်ထွက်နေသေးသည်။ အိပ်ယာနားသွားလိုက်ပြီး ကလေးလေး၏နှဖူးပြင်လေးကိုငုံကာနမ်းလိုက်ပြီး
"ကလေးလေး...ကလေးလေး...
ကလေးလေးရေ"
"အင်း..."
ရိပေါ်ခေါ်သံကြောင့် ထူးသံလား ညည်းသံလားမသိ အသံလေးပြုကာမျက်လုံးကတော့ပွင့်မလာသည့်ကလေးလေး။ သူလဲ မျက်နှာပေါ်ပြိုကျနေသည့်ဆံပင်လေးကိုသပ်တင်ပေးလိုက်ပြီး မျက်နှာနုနုလေးကိုပေါ်လွင်စေလိုက်သည်။
"ထတော့နော်"
"အင်း မား...ငါးမိနစ် သားငါးမိနစ်ထပ်အိပ်ချင်သေးတယ်"
"အဟက် မားမဟုတ်ဘူးလေကွာ၊ မရတော့ဘူး ထရမယ်"
"ဟာ သားအိပ်ချင်တယ်လေ"
"အိပ်ချင်လဲ ထရမယ် ဦးဦးစကားကိုနားမထောင်ဘူးလား"
ကလေးလေး၏နားရွက်လေးကိုငုံထွေးလိုက်ပြီး သွားဖြင့်တတိတိကိုက်လိုက်တော့ အိပ်ပေါ်မှကွေးကွေးလေးကလူးလွန့်ကာ ထထိုင်လာလေသည်။
"အား အာ့!...၊ ဟင်!! ဦးဦး"
သူ့နားရွက်အားစိုစိုကြီးဖြင့်လာထိတွေ့ပြီး ဆက်ကနဲနာသွားရတာကြောင့် မျက်လုံးအစုံအားဖွင့်ကြည့်လိုက်သည်။ တွေ့လိုက်ရသည့် ဦးဦးမျက်နှာကြောင့် သူညက ဦးဦးအခန်းထဲအိပ်တာကိုသတိရလိုက်သည်။ ဟုတ်သားပဲ ညကငါဦးဦးနဲ့အိပ်တာပဲကို မကောင်းတဲ့ဦးနှောက်ကတော့မေ့နလိုက်အဲ့မှာ။
"နိုးပြီလား"
ရိပေါ်မေးလိုက်တော့ ခေါင်းငြိမ့်ပြလာသူလေက အိပ်ချင်မပြေသေးသည့်ဟန်။
"ကလေးလေးရဲ့ဖွားဝမ်က မျက်နှာသစ်ပြီးအောက်မှာ မနက်စာလာစားဖို့လာခေါ်သွားတယ်"
"အော် သားမျက်နှားသစ်ပြီး ဆင်းသွားလိုက်မယ်"
သူ့အခန်းထဲမှ ပြေးထွက်သွားသည့်ကလေးလေးက သူ့အခန်းသူပြန်ရောက်လျှင်ပြန်အိပ်တော့မည်ဆိုတာ ရိပေါ်ပြေးမကြည့်ပဲတွေးကြည့်ရုံဖြင့်သိနိုင်သည်။ ဒီကလေးလေးအကြောင်း ဘယ်သူမှမပြောပဲ ပုံစံကြည့်ရုံဖြင့် ရိပေါ်ခန့်မှန်းမိသည်။
သူလဲ အချိန်မဆွဲတော့ပဲ မျက်နှာသစ်ပြီးပါးစောင့်နေမယ့်ထမင်းစားခန်းစီသို့။
"သားငယ်ရောက်လာပြီလား ထိုင်"
လူမစုံသောထမင်းဝိုင်းမှာ ပါးကသူ့ကိုပဲပြောချင်တာမျိုးရှိနေလို့ဆိုတာသိလိုက်သည်။ ဘာများလဲဟုစိတ်ထဲတွေးမိနေရင်း မားနဲ့ အလုပ်သမားများက အခန်းထဲကအလိုက်တသိိပင်ထွက်သွားကြသည်။
"အမြန်ဆုံးလက်ထပ်ဖို့လုပ်တော့"
"....."
"မနေ့က အပြန်လမ်းမှာ တုန်းယွီတို့လုပ်ကြံခံရတယ်"
"လူရော"
"လူကဘာမှမဖြစ်ဘူး ကားဘရိတ်ကြိုးပြတ်နေတာ driver အသိမြန်ပြီးထိန်းလိုက်နိုင်လို့ ကားနဲ့ အရှေ့ခန်းကလူနှစ်ယာက်ပဲအနည်းငယ်ထိခိုက်သွားတာ"
"သုံးလအတွင်းလက်ထပ်ဖို့စီစဉ်လိုက်ကြမယ် ပြီးရင် ကိုယ်တိုင်လူလုံးထွက်ပြမယ်"
"ရှောင်ယန်ချီကိုရင်ဆိုင်ဖို့ကမလွယ်ဘူး"
"ဦးလေးရှောင်နဲ့ ထိပ်တိုက်တွေဖို့ သူကိုယ်တိုင်ကပဲဖိအားပေးနေတာလေ"
"ဒါမယ့်..."
"ပါးရဲ့အချစ်ဆုံးသူငယ်ချင်းဆိုရင်တောင် ကျွန်တော်သက်ညှာနေမှာမဟုတ်ပါဘူး"
"ပါးသိပါတယ် ဒါမယ့်သူကအလင်ထဲကလူမို့လို့ သူ့ဘက်က မျှခြေနဲ့ဆိုအလေချိန်ပိုသာနေလိမ့်မယ် ဘာမဆိုလက်လွှတ်စပယ်မလုပ်နဲ့ ဖြစ်လာနိုင်တာကိုကြိုစဉ်းစားပြီးမှလုပ်တာကောင်းမယ် သားလုပ်နိုင်မှာပါ"
ပါးကပြောစရာရှိတာများပြောပြီးသည်နှင့်ထွက်သွားတော့သည်။ ရိပေါ်လက်သီးကိုတင်းတင်းစုပ်ပြီး ဒေါသတို့ကိုမျိုသိပ်လိုက်သည်။ သစ္စာဖောက်ခြင်းခံရတာလောက် ခံပြင်းတာမရှိ။ ရှောင်ယန်ချီ လူမဆန်တဲ့ကောင်။ မဟုတ်ဘူး လူဆန်သွားတဲ့လူလို့ပဲပြောရမလား။
ထမင်းစားခန်းအနောက်ပေါက်ကနေ အပြင်ဘက်သစ်ဥယာဉ်အိမ်လေးထဲကိုသွားလိုက်သည်။ သစ်လုံးလေးများဖြင့် တဲလေးထိုးထားသော ထိုင်စရာထိုင်ခုံများရှိနေသည့်ပန်းဥယာဉ်လေး။ တိုင်များမှာရှိနေသောလိုက်ကာများကတလွင့်လွင့်လှုပ်ခတ်နေကြသည်။ ထိုင်ခုံတစ်လုံးမှာဝင်ထိုင်လိုက်ပြီး စီးကရက်တစ်လိပ်ကိုပါးစပ်တွင်တေ့ပြီး မီညှိကာစိတ်လိုလက်ရတစ်ရှိုက်ဖွာလိုက်သည်။ အခိုးအငွေ့များကလေထဲတွင်မျောလွင့်ပါသွားကြသည်။
တရုတ်ပြည်ထဲကိုအခမဲ့ဝင်လာတဲ့လူတွေ၊ တရုတ်ပြည်ထဲကနေအခမဲ့ထွက်သွားချင်တဲ့ ကတ္တရာစီးလိုမျိုးအကောင်တွေကို လူကုန်ကူးနေတဲ့ BUSSDAR ဂိုဏ်းချုပ်ဆိုပြီးတရုတ်အစိုးရအလိုရှိဆုံး ရာဇဝဏ်အဖွဲ့ကြီးက လက်နက်မှောင်ခို၊ ဘိန်းအရောင်းအဝယ်၊ မှောင်ခိုကုန်သွယ် စသည့်လုပ်ငန်းတို့ကို လူကုန်ကူးမှုအဓိကထားပြီးလုပ်ကိုင်လျက်ရှိသည်။ ဂိုဏ်းချုပ်ကြီး ဝမ်ပေါင်ရှစ်(လက်ရှိတရုတ်ပြည်ရဲ့ဝန်ကြီးချုပ်) နှင့်အတူ ဒုဂိုဏ်းခေါင်းဆောင်ရှောင်ယန်ချီ(လက်ရှိတရုတ်ပြည်ရဲ့အမတ်ကြီး) တို့ရဲ့အားအဖြစ်ရှိနေခဲ့သူ ဝမ်ရိပေါ်ဟာအသက်မပြည့်ခင်ကတဲက ထိုအလုပ်တွေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိနေခဲ့ပြီး ဂိုဏ်းအဖွဲ့နဲ့အတူလှုပ်ရှားမှုတွေလုပ်ခဲ့ဖူးသည်။ Leo ဆိုသည့်ဂိုဏ်းအဖွဲ့ဝင်နာမည်ရှိသည်။ အတိုက်အခိုက်စွမ်းရည်က ဂိုဏ်းချုပ်ရဲ့သားလို့ဆိုထိုက်အောင်တော်သည်။ ရက်စက်မှုက ဆာလောင်မွတ်သိပ်နေသည့်သားရဲတစ်ကောင်နဲ့မခြား။ နူးညံ့မှုမရှိ။ အမြဲတမ်းသွေးနဲ့မထိရတဲ့နေ့ဆိုတာမရှိပဲ သွေ့ညှီနံ့ပျောက်အောင်ရေနွေးနဲ့ရေချိုးရတာတောင်အကျင့်တစ်ခုလိုဖြစ်နေခဲ့သည်။ ထိုလိုလူမျိုးအဖြစ်ရှိနေခဲ့တဲ့သူက ရုတ်တရက်ကလေးလေးတစ်ယောက်နဲ့တွေ့မှ အပြုအမူတွေပြောင်းလဲသွားတာဖြစ်နိုင်ပါ့မလား။ သူ့နှလုံးသာကနူးညံ့သွားဖို့ကတော့မဖြစ်နိုင် သေချာပေါက်ဒါဟာ သူရဲ့ငါးစာဖန်တီးဖို့ပဲပေါ့။
ဘာကြောင့် ငါးစာဖန်တီးရတာလဲ။ ငါးစာကရောဘာလဲ(ဘယ်သူလဲ)။ ဘာကြောင့် သူငါးစာဖန်တီးရလဲ။ သစ္စာဖောက်ကိုသတ်ဖို့ကလွဲဘာများဖြစ်နိုင်ပါအုံးမလဲ။ သူတို့ကိုသစ္စာဖောက်ပြီး အစိုးရအဖွဲ့နဲ့ပူးပေါင်းသွားတဲ့ ဒုဂိုဏ်းခေါင်းဆောင်ရှောင်ယန်ချီကိုသတ်ဖို့ပေါ့။ သူ့ကြောင့်ပဲ ဂိုဏ်းသားတစ်ချို့နဲ့အတူလုပ်ငန်းလုပ်ကွက်နေရာပေါင်းမြောက်များစွာဆုံးရှုံးသွားခဲ့ရတာကြောင့် BUSSDARဂိုဏ်းကြီးတစ်ခုလုံးဗရမ်းဗတာဖြစ်နေသည်။ ဒါကိုသိနေသည့်သူတို့က မသိချင်ယောင်ဆောင်မျက်စိကန်းနေသလိုပြုမူပြီး ခြလိုကောင်ရှောင်ယန်ချီရဲ့လုပ်ရက်တွေကိုလျစ်လျူရှုနေရသည်။ သစ္စာဖောက်ကိုမိတ်ဆွေလိုပေါင်းသင်ပြီး သတ်ဖို့အခွင့်အရေးကိုစောင့်နေတာပင်။ သတ်ဖို့အတွက်ငါးစာချဖို့လိုအပ်လာလျှင် ငါးစာကအဆင်သင့်ရှိဖို့လိုအပ်သည်မလား။ အဲ့ဒီတော့ သူတို့ဖန်တီးထားသည့် ငါးစာက ရှောင်ယန်ချီရဲ့သား ရှောင်ကျန့်ပဲ။ ဒါကြောင့် ဒီကလေးလေးကို ဘာအန္တရာယ်မှမရှိစေရပဲသူကာကွယ်ရမည်။ သူထင်သည့်အတိုင်း တစ်ချိန်ချိန်မှာ သူ့အတွက်အလိုအပ်ဆုံးအရာလေးဖြစ်ကိုဖြစ်လာသည်။
အိမ်တော်ထဲမှ ဟောက်ရွှမ်းလေးနှင့်အတူတူ ခုန်စွကာထွက်လာသူရှောင်ကျန့်လေးကိုကြည့်ပြီး ရိပေါ်စီးကရက်အငွေ့တွေကို ပါးစပ်နှင့်နှာခေါင်းထဲမှမှုတ်ထုတ်လိုက်သည်။ အငွေ့တွေကြောင့်ဝေဝါးတဲ့ပုံရိပ်လေးကိုကြည့်ပြီး လူယုတ်မာဆန်ဆန်ပြုံးလိုက်သည်။ နဂိုထဲကသူကလူမဆန်တဲ့သူမို့ လူသားဆန်အောင်နေထိုင်ချင်စိတ်မရှိတော့။
ရှောင်ကျန့်လေးမှာ BasketBallကစားရင်မုန့်သွားဝယ်ဖို့ ဟောက်ရွှမ်းနှင့်အတူတူအိမ်ထဲမှထွက်လာရင်း အနောက်ဖက်သစ်ဥယာဉ်အိမ်ထဲတွင် ဦးဦးကိုမြင်လိုက်ရတာကြောင် BasketBall ကွင်းအားစက်ဘီးဖြင့်သွားဖို့စီစဉ်ထားသော်လည်း ဦးဦးကို လိုက်ပို့ခိုင်းဖို့ရာစိတ်အားထန်သန်သွားရသည်။ ဒါဆိုသူနဲ့ဦးဦးနဲ့ပိုရင်းနှီးသွားလိမ့်မယ်။ ဦးဦးကိုပါသူတို့အသင်းထဲဝင်ဆော့ခိုင်းလို့ရလျှင်ဆော့ခိုင်းရမည်။ ဒါမှပိုပိုပြီးရင်းနှီးသွားလိမ့်မည်ဟုထင်ရသည်မည်မဟုတ်လား။
"ဟောက်ရွှမ်းကော သားတို့ ဦးဦးအနားသွားကြမလား"
"ဘာသွားလုပ်မှာလဲ"
"သားတို့မုန့်သွားဝယ်မှာ ဦးဦးကိုလိုက်ပို့ခိုင်းမယ်လေ"
"ပိစိ ငါကိုလေးဝမ်ကိုစိတ်ဆိုးနေတာနော် ကိုလေးဝမ်နဲ့စကားမပြောချင်ဘူး"
"ဟမ် ဟောက်ရွှမ်းကောကဘာလို့စိတ်ဆိုးရပြန်တာတုန်း ဦးဦးကဖြင့်ဘာမှလဲမလုပ်ပဲနဲ့"
"ဟမ့် ဘာမှလုပ်ဘူးတဲ့လား သူမိန်းမယူတော့မလို့စေ့စပ်တာတောင်ငါကမသိရဘူး ငါ့ကိုအလေးမထားတာလေ ငါ့ကိုအလေးမထားတဲ့သူကို ငါကလဲအဖက်မလုပ်နိုင်ဘူး ရှင်းရှင်းပဲ"
"အော် ဟောက်ရွှမ်းကောကတော့စိတ်ဆိုးခွင့်ရှိတာပေါ့ သားကတော့ဦးဦးနဲ့တောင်ရင်းနှီးအောင်မလုပ်ရသေးဘူး"
"ဘာလို့မရင်းနှီးရမှာလဲ မင်းမနေ့ညကအိပ်ချင်မူးတူးနဲ့ ကိုလေးအခန်းထဲဝင်သွားတာလေ"
"အခန်းလေးမှားဝင်မိတာနဲ့ရင်းနှီးသွားရောဆို သားအစကတဲက ဦးဦးအခန်ထဲကနေတောင်ထွက်လာမှာမဟုတ်ဘူး ဦးဦးမရောက်ခင်ကတဲကဝင်နေလိုက်မှာပေါ့"
"ဟ မဟုတ်ဘူးလေ ပိစိရာ ကိုလေးကသူ့အခန်းထဲကို သူ့ကိုမပြောပဲသန့်ရှင်းရေးဝင်လုပ်ရင်တောင်မကြိုက်ဘူး မင်းကျတော့ ဟော! တစ်ညတောင်ပေးအိပ်လိုက်သေးတယ် အဲ့တာကိုလေးကမင်းကိုညီလေးတစ်ယောက်လိုချစ်လို့ပေါ့ကွ"
"အဲ့လိုလား အဲ့တာကောင်းတာပေါ့ ဟောက်ရွှမ်းကောက ဦးဦးကိုစိတ်ဆိုးနေပေမယ့် သားကမဆိုးဘူးလေ သားတို့ကိုလိုက်ပို့ပေးဖို့ဦးဦးကိုသားပြောပေးမယ် ကောကတော့ကားလေးပဲလိုက်စီးရုံပဲ နော် အဲ့လိုသွားကြမယ်မလား"
သူ့လက်ကိုဖက်တယ်လာကာပါပီeyeလေးလုပ်ပြနေသောရှောင်ပိစိကြောင့် ဟောက်ရွှမ်းလိုက်လျောမိရပြန်သည်။ ဒီကလေးက သူ့စကားကိုမလွန်ဆန်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာ မွေးကတဲကတတ်မြောက်လာသလိုပင်။ ဒါကြောင့်လဲ အိမ်တော်နှစ်ခုရဲ့အမွှေစိန်အချစ်တော်လေးဖြစ်နေတာလားမသိဘူး။
"ဟုတ်ပြီလေ အဲ့လိုပဲသွားကြတာပေါ့ အကယ်လို့ ကိုလေးဝမ်ကလိုက်မပို့ဘူးပြောရင် ကိုယ့်အစီစဉ်နဲ့ကိုယ်ပဲသွားရမယ် ငါ့ကိုကူမပြောခိုင်းရဘူး ဟုတ်ပြီနော်"
"ဒီမှာဟောက်ရွှမ်းကော သားပြောတာကိုဦးဦးက ဘာလို့မလိုက်လျောရမှာလဲ ကြည့်နေလိုက်သားပြောရင်တစ်ခါတည်းပဲ"
ခေါင်းလေးမော့ကာမော့ကာပြောနေသည့် ယုံကြည်မှုအပြည့်ရှိနေသောပိစိကိုသွားပြောလေဟူသောပုံစံဖြင့် ဟောက်ရွှမ်းမေးငေါ့ပြလိုက်သည်။
"ကြည့်နေလိုက်"
ကိုလေးဝမ်အနားကိုတဖြေးဖြေးချဉ်းကပ်သွားတဲ့ပိစိဟာ ကိုလေးဝမ်နားမရောက်ခင် သူ့ဘက်ကိုလှည့်ကာ လက်နှစ်ချောင်းဖြင့်မျက်လုံးကိုအရင်ထိုးပြပြီး သူ့မျက်လုံးကိုလှမ်းချိန်ထိုးပြကာ 'ကြည့်နေ' ဆိုသည့်ပုံစံလုပ်ပြတာကြောင့် သူလဲခေါင်းငြိမ့်ပြလိုက်သည်။
ရိပေါ်မှာ သူ့နားမရောင်ခင် ရွှမ်းလေးအားလှမ်းရန်စွာနေသည့် ကလေးလေး​ကိုကြည့်ပြီးဆေးလိပ်မီးအားကြွေပြားခွက်ထဲထိုးငြိမ်းလိုက်သည်။ ဆေးလိပ်နံ့က သောက်သူထက် ရှူမိသူက ပိုပြီးထိရောက်တာကြောင့် အငွေ့တွေကလေးလေးမရှူမိအောင် ဘေးနားကလေပန်ကာကိုဖွင့်လိုက်သည်။
ရှောင်ကျန့်လေးမှာ သူ့ဦးဦးအနားကိုရောက်သည်နှင့် မျက်ဝန်းလေးများပိတ်သွားအောင်အရင်ရယ်ပြကာ
"ဦးဦး သားတောင်းဆိုစရာရှိလို့"
"တောင်းဆိုမယ် ဟုတ်လား"
"ဟုတ်ကဲ့"
"ကဲဆိုပါအုံး ကလေးလေက ဦးဦးကိုဘာများတာင်းဆိုမလို့လဲ"
"ဟို သားတို့ basket ball သွားဆော့မလို့ အဲ့တာကွင်းထဲကို ဦးဦးအားရင် သားတို့ကိုလိုက်ပို့ပေးပါလာဟင်"
"....."
"မအားဘူးလား"
သူဘာမှပြောပဲစိုက်ကြည့်နေတော့ ကလေးလေးက မအားဘူးလားဆိုပြီးမေးခွန်းမေးလာသည်။
"အင်း..."
"အာ အဲ့လိုကို"
ရှောင်ကျန့် အောက်နှုတ်ခမ်းလေးအားထော်လိုက်ပြီး ဦးဦးအား မျက်တောက်လေးပုတ်ခပ်ပုတ်ခပ်လုပ်ကာကြည့်လိုက်သည်။ သူဒီလောက်ချစ်ဖို့ကောင်းအောင်လုပ်ပြနေပေမယ့်လည်း ဦးဦးက သူ့ကိုကြည့်ပြီးရယ်ရုံမှလွဲ၍ဘာမှ မထူးခြားလာတာကြေင့် လှည့်ပြန်ဖို့လုပ်လိုက်သည်။ အလကားဦးဦး သားအရှက်ကွဲတော့မယ်။
"အဲ့တာဘယ်လဲ"
"ဟင်! "
"ဦးဦးအားပါတယ် မအားဘူးလို့​ပြောမိလို့လား"
"ဟီးဟီး"
သူ့ကိုရယ်ပြလာတဲ့ကလေးလေးရဲ့ခေါင်းလေးကိုလက်ချောင်းများဖြင့်ဖွလိုက်သည်။ နူးညံ့နေသည့်ဆံပင်သားတို့ထဲ လက်တို့ကအိဝင်သွားကြောင့် ဒီဆံပင်တိုတိုလေးတောင် ဒီလောက်ကိုင်တွယ်ရကောင်းနေရင် ဆံပင်အရှည်များသားဆိုရင် ဆိုပြီးတွေးမိလိုက်သည်။ ဒီကလေးလေးရဲ့နေရာတိုင်းက နူးညံ့နွေးထွေးနေတာပဲ။
ဦးဦးကားသွားထုတ်နေတုန်း ရှောင်ကျန့်လေး ဟောက်ရွှမ်းနားရောက်တော့ ကြွားလုံးထုတ်တော့သည်။
"တွေ့လား သားပြောသားပဲ ရမှာပါလို့၊ ကျန့်ကျန့်ပါနော် မပိုင်ရင် ခြင်တောင်မရိုက်ဘူး"
"အေးပါ ငါအနောက်ခန်းမှာထိုင်မှာနော်"
"ဟောက်ရွှမ်းကော ရှေ့ခန်းမှာထိုင်မယ်ဆိုရင်တောင် သားကပေးမထိုင်ပါဘူးနော် သားပဲထိုင်မှာ"
"စွာစိနေတာပဲနော် ရှောင်ပိစိ"
"ဟဲဟဲ သားပါအနောက်ခန်းမှာထိုင်လိုက်ရင် ဦဦးက driver ဖြစ်သွားမှာဆိုးလို့ပါ စေတနာနဲ့ စေတနာနဲ့"
ဟောက်ရွှမ်း ရှောင်ပိစိကိုကြည့်ကာရယ်လိုက်မိသည်။ ရိပေါ်ရဲ့ အမိုးပွင့်ကာနီနီလေးဟာလဲ သူတို့ရပ်နေသောအိမ်ရှေ့ပေါ်တီအောက်ထိုးရပ်လာတာမို့ သူတို့လဲ ကားပေါ်တက်လိုက်ကြသည်။
ရိပေါ်ကbackမှန်မှကြည့်လိုက်တော့ အနောက်ခန်းမှရွှမ်းလေးဟာ မပျော်သောမျက်နှာဖြင့်ကားမှန်တံခါးတွေကိုကြည့်ပြီးလိုက်လာလေသည်။ ရွှမ်းလေးစိတ်ဆိုးနေရင်တောင် ကိုလေးကမချော့နိုင်သေးတာမို့ခွင့်လွှတ်ပါ။
လမ်းတွင်အချိုရည်နှင့်မုန့်များဝင်ဝယ်တော့ ဦးဦးကပိုက်ဆံရှင်းပေးသည်။ basketballကွင်းရောက်တော့လည်း ဦးဦးကိုစောင့်ခိုင်းရမှာအားနာ၍ ပြန်လွှတ်သော်လည်း ပွဲပြီးသည်အထိစောင့်ပေးမည်ဟုဆိုကာ ကွင်းနှင့်မနီးမဝေးတွင်စောင့်ပေးနေသည်။
ကားကိုမှီရပ်ကာဖုန်းသုံးနေသည့်သူ့ဦးဦးကိုလှမ်းကြည့်ရင်း ရှောင်ကျန့်ရင်ထဲမှာ အားနာတာလို ကျေနပ်တာလို အမျိုးအမည်မသိသောခံစားမှုတို့ရောထွေးနေသည်။ ဘယ်လိုပဲဆိုဆို ဦးဦးနဲ့သူနဲ့ တစ်ဆင့်ရင်းနှီးလာပြီဟုထင်ရသည်မလား။
"ဟေ့! ကျန့်ကျန့် လာ လာ"
"အေ့ ငါလာပြီ"
* * * * *
လုပ်ကြပါအုံး ရေးရင်း ရေးရင်းနဲ့ ဗီလိန်moveတွေဝင်လာလို့ အဟင့်အဟင့်
ဝေဖန်အကြံပြုချက်များကိုစောင့်မျှော်လျက်ပါ။
Htet Shoon
* * *
ZAW
♡︎ဉီးဉီး နဲ့ ကလေးလေး♡︎
အမြင်အာရုံတို့ကြည်လင်သွားသည်နှင့် မြင်လိုက်ရသည်က ဉီးဉီး။ ဉီးဉီးက အင်္ကျီကျွတ်ဖြင့် ဘောင်းဘီအားသေချာဝတ်နေသည်။
"ဉီးဉီး...က ဘာလို့ သားအခန်းထဲကို"
"အာ....သားအဝတ်တွေက"
"ဟုတ်ကဲ့"
ဉီးဉီး ကမ်းပေးလာသည့် နီညိုညိုညဝတ်အင်္ကျီကိုယူလိုက်ပြီး အိပ်ယာပေါ်မှဆင်းရန်ပြင်လိုက်စဉ်...
သူဉီးဉီးကို လှည့်ကြည့်လိုက်တော့ ဉီးဉီးက သူ့ကို ပြုံးပြုံးကြီးဖြင့်ကြည့်နေပြီး သူ့အတွေးတွေကို သိနေသည့်အလား
ရှောင်ကျန့်မျက်နာချိုလေးသွေးပြီး ပြောလိုက်တော့ ဉီးဉီးက ရယ်ကာ သူသိပါတယ်ဟူသောပုံစံဖြင့်ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။
သူပြောလိုက်တော့ ဉီးဉီးကမျက်မှောင်ကျုတ်သွားပြီး အိပ်ယာပေါ်မှထကာ သူ့အနားသို့လျှောက်လာလေသည်။
"မပြန်နဲ့ ဉီးဉီးအခန်းမှာအိပ်လို့ရတယ် အပြင်မှာမှောင်နေပြီ"
"လာခဲ့...အိပ်ဖို့..."
သူလဲ အိပ်ယာတစ်ဖက်ကိုသွားလိုက်ပြီး ဉီးဉီးဘေးနားကပ်လှဲးလိုက်သည်။ ဘေးနားမှာ ဉီးဉီးရှိနေတာကြောင့် အမှန်းတိုင်းဆိုရလျှင် နေရတာသက်တောင့်သက်သာမရှိနေပါ။ ဉီးဉီးသူ့ကြောင့်အနှောင့်အယှက်ဖြစ်သွားမည်ဆိုး၍ နည်းနည်းလေးတောင်မလှုပ်ရဲပဲ အသက်ကိုတောင်သာမာန်ထက်က်တိုးတိုးလေးရှူနေရသည။ ဘာကြောင့်မှန်းမသိ ဉီးဉီးရှိနေတော့အနည်းငယ်ရှိန်းတိန်းဖိန်းတိန်းဖြစ်နေသည်။
"မအိပ်သေးဘူလား"
"ဗျာ!"
"ဉီးဉီးကိုစိုက်ကြည့်နေလို့လေ ကလေးလေးကကဉီးဉီးဘေးနားမအိပ်ချင်လို့လား"
"ဟင် မ...မဟုတ်ပါဘူး"
"ဟာ ဉီးဉီးကလဲ သားကိုစိုက်ကြည့်မနေနဲ့နော် ဉီးဉီးက သားကိုဘေးနားထားပြီး မျက်နှာကြီးခက်ထန်နေတာကို သားကဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်အိပ်လို့ရပါမလဲ"
"အဟက်ဟက် ဉီးဉီးမျက်နှာကြီးက ခက်ထန်နေလို့လားကွာ ဉီးဉီးက ဒီတိုင်းပဲတည်နေကြကို"
ဉီးဉီးကလဲ သူ့ဘက်ကိုလှည့်လာပြီး ခေါင်းလေးကိုဆွဲဖွကာ
"ကလေးလေးထင်နေလို့ပါကွာ ဘာလို့လဲ ဉီးဉီး အဲ့လိုမျက်နှာခက်ထန်နေတာ မကြိုက်လို့လား"
"မကြိုက်တာမဟုတ်ပါဘူး ဉီးဉီးက အဲ့လိုဖြစ်နေတေ့ သားမနေတက်လို့"
"အခုရော"
"သားငယ် သားငယ်..."
"မား"
"ကလေးလေး...ကလေးလေး...
ကလေးလေးရေ"
"အင်း..."
"ထတော့နော်"
"ဟာ သားအိပ်ချင်တယ်လေ"
"အိပ်ချင်လဲ ထရမယ် ဉီးဉီးစကားကိုနားမထောင်ဘူးလား"
"အား အာ့!...၊ ဟင်!! ဉီးဉီး"
"နိုးပြီလား"
"....."
"လူရော"
"ဉီးလေးရှောင်နဲ့ ထိပ်တိုက်တွေဖို့ သူကိုယ်တိုင်ကပဲဖိအားပေးနေတာလေ"
"ဒါမယ့်..."
"ဟောက်ရွှမ်းကော သားတို့ ဉီးဉီးအနားသွားကြမလား"
"ဘာသွားလုပ်မှာလဲ"
"သားတို့မုန့်သွားဝယ်မှာ ဉီးဉီးကိုလိုက်ပို့ခိုင်းမယ်လေ"
"ဟမ် ဟောက်ရွှမ်းကောကဘာလို့စိတ်ဆိုးရပြန်တာတုန်း ဉီးဉီးကဖြင့်ဘာမှလဲမလုပ်ပဲနဲ့"
"အော် ဟောက်ရွှမ်းကောကတော့စိတ်ဆိုးခွင့်ရှိတာပေါ့ သားကတော့ဉီးဉီးနဲ့တောင်ရင်းနှီးအောင်မလုပ်ရသေးဘူး"
"အခန်းလေးမှားဝင်မိတာနဲ့ရင်းနှီးသွားရောဆို သားအစကတဲက ဉီးဉီးအခန်ထဲကနေတောင်ထွက်လာမှာမဟုတ်ဘူး ဉီးဉီးမရောက်ခင်ကတဲကဝင်နေလိုက်မှာပေါ့"
"အဲ့လိုလား အဲ့တာကောင်းတာပေါ့ ဟောက်ရွှမ်းကောက ဉီးဉီးကိုစိတ်ဆိုးနေပေမယ့် သားကမဆိုးဘူးလေ သားတို့ကိုလိုက်ပို့ပေးဖို့ဉီးဉီးကိုသားပြောပေးမယ် ကောကတော့ကားလေးပဲလိုက်စီးရုံပဲ နော် အဲ့လိုသွားကြမယ်မလား"
"ဒီမှာဟောက်ရွှမ်းကော သားပြောတာကိုဉီးဉီးက ဘာလို့မလိုက်လျောရမှာလဲ ကြည့်နေလိုက်သားပြောရင်တစ်ခါတည်းပဲ"
"ကြည့်နေလိုက်"
ရှောင်ကျန့်လေးမှာ သူ့ဉီးဉီးအနားကိုရောက်သည်နှင့် မျက်ဝန်းလေးများပိတ်သွားအောင်အရင်ရယ်ပြကာ
"ဉီးဉီး သားတောင်းဆိုစရာရှိလို့"
"တောင်းဆိုမယ် ဟုတ်လား"
"ဟုတ်ကဲ့"
"ကဲဆိုပါအုံး ကလေးလေက ဉီးဉီးကိုဘာများတာင်းဆိုမလို့လဲ"
"ဟို သားတို့ basket ball သွားဆော့မလို့ အဲ့တာကွင်းထဲကို ဉီးဉီးအားရင် သားတို့ကိုလိုက်ပို့ပေးပါလာဟင်"
"....."
"မအားဘူးလား"
"အင်း..."
"အာ အဲ့လိုကို"
ရှောင်ကျန့် အောက်နှုတ်ခမ်းလေးအားထော်လိုက်ပြီး ဉီးဉီးအား မျက်တောက်လေးပုတ်ခပ်ပုတ်ခပ်လုပ်ကာကြည့်လိုက်သည်။ သူဒီလောက်ချစ်ဖို့ကောင်းအောင်လုပ်ပြနေပေမယ့်လည်း ဉီးဉီးက သူ့ကိုကြည့်ပြီးရယ်ရုံမှလွဲ၍ဘာမှ မထူးခြားလာတာကြေင့် လှည့်ပြန်ဖို့လုပ်လိုက်သည်။ အလကားဉီးဉီး သားအရှက်ကွဲတော့မယ်။
"အဲ့တာဘယ်လဲ"
"ဟင်! "
"ဉီးဉီးအားပါတယ် မအားဘူးလို့​ပြောမိလို့လား"
"ဟီးဟီး"
ဉီးဉီးကားသွားထုတ်နေတုန်း ရှောင်ကျန့်လေး ဟောက်ရွှမ်းနားရောက်တော့ ကြွားလုံးထုတ်တော့သည်။
"ဟဲဟဲ သားပါအနောက်ခန်းမှာထိုင်လိုက်ရင် ဦဉီးက driver ဖြစ်သွားမှာဆိုးလို့ပါ စေတနာနဲ့ စေတနာနဲ့"
လမ်းတွင်အချိုရည်နှင့်မုန့်များဝင်ဝယ်တော့ ဉီးဉီးကပိုက်ဆံရှင်းပေးသည်။ basketballကွင်းရောက်တော့လည်း ဉီးဉီးကိုစောင့်ခိုင်းရမှာအားနာ၍ ပြန်လွှတ်သော်လည်း ပွဲပြီးသည်အထိစောင့်ပေးမည်ဟုဆိုကာ ကွင်းနှင့်မနီးမဝေးတွင်စောင့်ပေးနေသည်။
ကားကိုမှီရပ်ကာဖုန်းသုံးနေသည့်သူ့ဉီးဉီးကိုလှမ်းကြည့်ရင်း ရှောင်ကျန့်ရင်ထဲမှာ အားနာတာလို ကျေနပ်တာလို အမျိုးအမည်မသိသောခံစားမှုတို့ရောထွေးနေသည်။ ဘယ်လိုပဲဆိုဆို ဉီးဉီးနဲ့သူနဲ့ တစ်ဆင့်ရင်းနှီးလာပြီဟုထင်ရသည်မလား။
"ဟေ့! ကျန့်ကျန့် လာ လာ"
"အေ့ ငါလာပြီ"
* * * * *
Htet Shoon
Continue Reading
You'll Also Like
1M 48.2K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
4M 256K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.9M 161K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
377K 43.9K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...