My Adorer ( Completed )

נכתב על ידי xiaotiantian433

61.8K 4.9K 221

yizhan.. עוד

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10 warning ⚠️
Part-11
part-12 warning ⚠️
Part-13
Part-14 warning
Part-15
Part-16
part-17 warning
final
extra

Part-7

2.6K 234 10
נכתב על ידי xiaotiantian433

ရိပေါ်ကိုမြှားထိတယ်ထင်ပြီး အော်မိအော်ရာ အော်လိုက်တဲ့ ရှောင်းကျန့်အသံလေးကိုနားထဲကမထွက်ဘူး။ ပင်ပန်းတာတွေပါပျောက်ကုန်တယ်။ ရှောင်းကျန့်က နောက်ကျလို့ပွစိစိပြောနေပုံက ဇနီးကခင်ပွန်းသည်ကို ပြောနေသလိုခံစားမိတယ်။

ရုတ်တရက် ထူးဆန်းတဲ့အတွေးဝင်လာတယ်။ သခင်လေးနဲ့လက်ထပ်ချင်တယ်။ ရိပေါ် သူ့အတွေးကိုသူ မယုံနိုင်ဖြစ်ရတယ်။ သခင်လေးကိုသဘောကျတာမှန်ပေမယ့် အဲ့လိုတစ်ခါမှ မတွေးဖူးဘူး။ ရင်တွေလည်းခုန်လာတယ်။ ရှောင်းကျန့်ကတော့ သူ့ကိုဆူပူပြီး အိပ်သွားတယ်။ သူ့ဘေးနားလေးကပ်ကပ်အိပ်ရဖို့ စိတ်ကူးယဉ်မိပေမယ့် မအိပ်ခိုင်းခဲ့ပါဘူး။

------*

မနက်ရောက်တော့ ခရီးသွားဖို့မြင်းကတစ်ကောင်တည်း။ နောက်တစ်ခါရင်ခွင်ထဲမရောက်စေရန် ရှောင်းကျန့်အနောက်မှာနေဖို့တောင်းဆိုလိုက်တယ်။ ကျကျနန မြင်းနောက်မှာထိုင်ပြီး မြင်းဖင်ကိုနောက်ပြန်ကိုင်လိုက်တယ်။

"သခင်လေး။သေချာကိုင်ထားနော်။"

ရိပေါ်မြင်းဇာတ်ကြိုးကို စပြီးဆွဲလိုက်တယ်။

"အ့...မင်းဘယ် လိုမောင်းနေတာလဲ။"

သူ့အော်သံကြောင့် ရိပေါ်ရပ်လိုက်တယ်။ မြင်းက‌ဆောင့်ထွက်သွားတော့ ရှောင်းကျန့်ဟန်ချက်ပျက်ပြီး ရိပေါ်ကျောပြင်ကို ကိုင်လိုက်မိတယ်။ ရိပေါ်ကတော့ ပြုံးတုံ့တုံ့နဲ့ မြင်းကို ဖြေးဖြေးလေး လမ်းပဲလျှောက်ခိုင်းလိုက်တယ်။

သူတို့တစ်လှမ်းခြင်းခရီးဆက်လာတာ နေကခေါင်းပေါ်ရောက်တော့မယ်။ ခရီးကတစ်ဝက်မကျိုးသေးဘူး။ ရှောင်းကျန့်ပန်းလာတယ်။

"မရောက်သေးဘူးလား။"

"ဒီလိုသွားနှုန်းနဲ့ဆို နောက်နေ့မှရောက်မှာ။ တစ်ခုစိုးရိမ်တာ။ တောခြောက်မှာကိုပဲ။"

"ဘာ ! အဲ့တာဆိုဘာလို့မြန်မြန်မသွားတာလဲ။"

"သခင်လေးပဲ..."

"ခုမြန်မြန်သွား။"

ရိပေါ်ချက်ချင်းပဲ မြင်းကိုအရှိန်တင်လိုက်တယ်။ တစ်ဆက်တည်းသူ့ ခါးပေါ်ကိုရှောင်းကျန့်လက်တွေက ရောက်လာပြီး ရိပေါ်ခန္တာကိုယ်လေးတောင့်တင်းသွားရတယ်။ပြီးတော့ ကျောပြင်လေးပါနွေးသွားတယ်။ သခင်လေးကသူ့ရင်ဘက်နဲ့ ရိပေါ်ကျောကိုကပ်လိုက်တာကြောင့်ဖြစ်တယ်။

_____________

ရိပေါ်ရဲ့မွေးရပ်မြေလေးကသာယာတယ်လို့ရှောင်းကျန့်ခံစားရတယ်။သူတို့ရောက်တော့ မှောင်နေပြီး ရွာထဲမှာလည်းတိတ်ဆိတ်နေပြီး သူ့အဖေက‌ တော့ဝမ်းသာအားရစီးကြိုနေတယ်။

"သား။ ပင်ပန်းလာပြီလား။ ပါး အခန်းရှင်းထားတယ်။"

တောထဲမှာ အသက်ဘေး၊အငက်ဘေးလုံးပန်းနေတာမို့ တစ်နေ့တစ်နေ့ ဘယ်လိုဖြတ်သန်းလာလဲ တောင်‌မသိခဲ့ပေမယ့် ခုချိန်မှာတော့ ရှောင်းကျန့် ပါးကိုသတိရလာတယ်။ ဒါကိုရိပေါ်ကချက်ချင်းရိပ်မိတယ်။

"ကျွန်တော် သခင်လေးရဲ့မိသားစုကိုစုံစမ်းပေးမယ်။"

"သူတို့ ပါးကိုသတ်လိုက်တယ်။"

"ဗျာ။"

"ငါ့မျက်စိရှေ့မှာပဲ။ "

ရှောင်းကျန့်အသံတွေတုန်ပြီး မျက်ရည်တွေဝဲလာတယ်။

"သခင်လေး ပင်ပန်းလာပြီ။ နားရအောင်။"

အိမ်ကနှစ်ခြမ်းရှိတယ်။ သူတို့အတွက်ပြင်ထားတဲ့ အခြမ်းကိုသူတို့ဝင်သွားကြတယ်။ခရီးပန်းလာမှာသိလို့ ပါးကအိပ်ယာခင်းပေးထားတယ်။ နှစ်ယောက်အိပ် ဘဲမွှေး မွေ့ယာကြီးကိုဖြန့်ခင်းထားပြီး ခေါင်းအုံးနှစ်လုံးကို စီစီလေးချထားတယ်။ ရိပေါ်အမြန်ပဲ အိပ်ယာကိုတစ်ယာက်စာ ခေါက်လိုက်ပြီး

"ပါးကလည်း သေချာသခင်လေးကိုခေါ်လာမယ်လို့ပြောထားတာကို"

"အဟမ်း"

ရှောင်းကျန့် အိပ်ယာပေါ်မှာ ခပ်တည်တည်ပဲထိုင်လိုက်တယ်။

*အမလေး လွမ်းနေခဲ့တာ နွေးထွေးမှုလေး။*

ပြီးတော့ရှောင်းကျန့်က ကြမ်းပြင်ကို ဟိုစမ်းဒီစမ်းလုပ်လုပ်ပြီး

‌"နွေးနေတာပဲ။"

"အိမ်အောက်မှာ မီးဖိုရှိတယ်။ "

"မဆိုးဘူးပဲ။"

"ဒေါက်...ဒေါက်...."

"အိပေါ်လေးရေ။"

ရိပေါ်ချက်ချင်းထပြီးတံခါးကို ဖွင့်လိုက်တယ်။

"ဘယ်လိုခေါ်နေတာလဲ။ပါးရာ.."

"ငါ့သားလေးကို သတိရလို့ပါကွာ။"

"ကျွန်တော်အသက်ကြီးပြီ။ "

"ခုမှ ၁၆ နှစ်ရှိသေးတာကို။"

"ပါးကလည်း။နောက်မခေါ်နဲ့။"

ရိပေါ်ရဲ့ လူကြီးဖြစ်ချင်နေပုံကိုရှောင်းကျန့်ရယ်ချင်လာတယ်။

"ကြက်စွပ်ပြုတ်ပူပူလေး လုပ်ထားတယ်။ရာသီဥတုက အေူတယ်။ သောက်လိုက်ကြ။"

"ဟုတ်။"

သူ့အဖေ လာပို့တဲ့ စွတ်ပြုတ်အိုးကိုယူကာအထဲထည့်လိုက်တော့ အပြင်ကသူ့အဖေက အိပ်ယာကိုကြည့်နေတယ်။ သူခင်းပေးထားသလိုမဟုတ်ဘူး။ သခင်လေးက အိပ်ယာပေါ်မှာထိုင်နေပြီး သူ့သားက ဖျင်ကြမ်းလေးကိုခင်းထားတယ်။ သူချက်ချင်းပဲ သူအိပ်နေတဲ့ အိပ်ယာကို ရိပေါ်အတွက်ယူလာခဲ့တယ်။

"ရတယ်ပါး။"

"သားက ငယ်ငယ်တည်းက ခနခန အဆုတ်အအေးပတ်တတ်တယ်လေ။ ပါးဆီမှာရှိသးတယ်။ အသစ်လည်းထပ်လုပ်လို့ရတယ်။"

ဒါကြောင့်ရိပေါ်ဆီက မကြာခန ချောင်းဆိုးသံကြားနေရပေါ့။

မှောင်လာတော့ ပင်ပန်းပြီး ရှောင်းကျန့်ကအိပ်ပျော်သွားတယ်။ ရိပေါ်ကတော့ မအိပ်နိုင်ဘူး။ အတွေးတွေများနေရတယ်။ မီးဖိုအတွက် မီးသွေးတွေက မိုးပေါ်က ကျလာမှာမဟုတ်ဘူး။ နေ့စဉ်သခင်လေးအဟာရ ရှိဖို့လည်း မိုးပေါ်ကကျမလာဘူး။ သခင်လေးအတွက် လစ်ဟာမှုမရှိအောင်ဖြည့်ဆည်းပေးနိုင်မှဖြစ်မယ်။

_____

"ရိပေါ်...ရိပေါ်"

မနက်စောစော သူ့အဖေလာနှိုးလို့ရိပေါ်နိုးလာတယ်။

"ပါး..."

"ရွာထဲကို ရဲမက်တွေဝင်လာတယ်။ သခင်လတစ်ယောက်ကိုလိုက်ရှာနေတာတဲ့။"

"ဘယ်လိုလုပ်မလဲရိပေါ်။ သေချာတယ်ဒါဟိုကောင်လက်ချက်ပဲ။ ငါမလိုက်ချင်ဘူး။"

_________

"ဝမ်လူကြီးမင်း တံခါးဖွင့် စစ်ဆေးစရာရှိတယ်။"

ဝမ်ပါးက အိမ်ရှေ့ကနေရပ်နေပြီး

"သားကအိပ်နေလို့"

"ဘာ !!! အိပ်နေရင်မပြောနဲ့ သေရင်တောင်ထလာရတယ်။ မင်းမိန့်ကွ။ တံခါးဖွင့်"

ဝမ်ပါးလည်း ဘာပြောလို့ပြောရမှန်းမသိအကြံထုတ်နေတုန်း ရဲမက်ကအော်တယ်။

"တံခါးဖွင့် လို့ပြောနေတယ်လေ။"

"ဟို....သားကလေ။ မနေ့က မိန်းမခိုးလာလို့အဲ့တာ"

ထိုအခါ ရဲမက်ခေါင်းဆောင်က ပြုံးသွားပြီး

"ဟား....ဒါကြောင့်လား။ မိတ်ဆက်ပေးပါဦး။"

"ဟို....အရာရှိမင်းရာယ်။"

"ဖယ်စမ်း။"

အရာရှိမင်းက တံခါးကိုဆွဲဖွင့်ပစ်လိုက်တယ်။ ပြီးတော့အိမ်ထဲကို ပြူးကြည့်ပြီးပြုံးကာ

"နေပါစေတော့ ကောင်မလေးအရမ်းရှက်နေပြီ။ မင်းတို့ကလည်း အပြင်လောကလေးလဲနားစွင့်ကွ အချစ်နွံထဲနစ်မနေနဲ့။"

အဲ့လိုပြောပြီး အရာရှိမင်းကပြန်သွားတယ်။

သူတို့အပေါ်ပိုင်း ဗလာတွေဖြစ်ပြီး စောင်နဲ့ပတ်ကာ ထိုင်နေတာဖြစ်တယ်။ ရှောင်းကျန့်ကတံခါးပေါက်ကိုကျောပေးထားပြီး ရိပေါ်ရင်ဘက်မှာမျက်နှာကို ကပ်ထားရတဲ့အနေထားဖြစ်တာမို့ ယောက်ျားမိန်းမ မသဲကွဲဘူး။

အရာရှိမင်းပြန်သွား‌တော့ စောင်ထဲထိုင်နေတဲ့ ရှောင်းကျန့်ကချင်ချင်းထလိုက်တယ်။

"တောင်းပန်ပါတယ်။ ရုတ်တရက် ဘာမှ မတွေးလိုက်နိုင်ဘူး။ သခင်လေးရဲ့မျက်နှာလှလှကိုပဲ တမြင်ယောင်ပြီး အဲ့လိုတွေးမိသွားတယ်။"

ဝမ်ပါးကတောင်းပန်တယ်။

"ကိစ္စမရှိဘူး။"

ရိပေါ်ကတော့ အပျော်ဆုံးလူသားဖြစ်နေပြီးပြုံးစိစိနဲ့ ငြိမ်သက်နေတယ်။ မိုးစင်စင်‌လင်းတော့ ဝမ်လူကြီးမင်းရဲ့သား ပြန်ရောက်နေပြီး မိန်းမခိုးလာတဲ့သတင်းက ပြန့်နှံ့သွားကာ ခြံဝိုင်းထဲ လူတွေရောက်လာတယ်။

"ကျွန်တော့်ဇနီးကရှက်တတ်တယ်ဗျ။ မိန်းမခိုးလာတာ ဘာဆန်းလို့လဲ။"

အဲ့လိုပြောလိုက်ရတာရိပေါ်အတွက် နတ်သုဒ္ဓါစားရတာထက်အရသာရှိတယ်။

"မရပါဘူး။ ငါတို့ဝမ်လူကြီးရဲ့ ချွေးမကိုကြည့်ချင်တယ်။"

ရှောင်းကျန့်ထွက်မလာမချင်း လူအုပ်ကပြန်မှာမဟုတ်။ ဒါကြောင့် ရှောင်းကျန့်ထွက်လာလိုက်တယ်။

"ဝိုး.....ဝါး....လှလိုက်တာ။"

ရှောင်းကျန့်ကိုငေးနေသူတွေက လူအုပ်ကြီးတင်မကပဲ ရိ‌ပေါ်ကိုယ်တိုင်ပါ အပါဝင်ဖြစ်တယ်။ အိမ်ထဲမှာရှိနေတဲ့ ဝတ်ရုံနီလေးကိုခြုံထားပြီး ဘယ်ရီသီးလေးတွေနဲ့တစ်ပွဲထိုးအလှပြင်ထတဲ့ရှောင်းကျန့်က မိန်းကလေးထက်တောင်လှတယ်။ ဆံပင်တွေကို အကုန်ဖြည်ချထားတော့ သူ့မျက်နှာလေးကအရမ်းဂန္တဝင်ဆန်‌ တယ်။ နှုတ်ခမ်းနီနီ လေးကို မသိမသာစူပြီး မျက်လုံးတောက်တောက်လေးနဲ့ မျက်စောင်းထိုးနေတာများ လှရက်လိုက်တာ။

ရှောင်းကျန့် ရိပေါ်ကိုမျက်စောင်းတွေ နာနာလေးထိုးပစ်တာတောင် နဲနဲမှ အသိစိတ်ကပ်မလာဘူး။

ရိပေါ်က‌တော့ငေးနေရင်း နဲ့တွေးလိုက်မိတယ်။

*တစ်ကယ်ပဲ ငါ့ဇနီးလေးဖြစ်ရင် ကောင်းမှာပဲ။*

"ကဲကဲ။ တွေ့ပြီးပြီဆိုတော့ပြန်ကြဦး ကလေးတွေပင်ပန်းနေပြီ။"

ဝမ်ပါးကြောင့် နောက်ဆုံးတော့ ရှောင်းကျန့်လွတ်မြောက်ခွင့်ရသွားတယ်။

Zawgyi

ရိေပၚကိုျမႇားထိတယ္ထင္ၿပီး ေအာ္မိေအာ္ရာ ေအာ္လိုက္တဲ့ ေရွာင္းက်န႔္အသံေလးကိုနားထဲကမထြက္ဘူး။ ပင္ပန္းတာေတြပါေပ်ာက္ကုန္တယ္။ ေရွာင္းက်န႔္က ေနာက္က်လိဳ႕ပြစိစိေျပာေနပုံက ဇနီးကခင္ပြန္းသည္ကို ေျပာေနသလိုခံစားမိတယ္။

႐ုတ္တရက္ ထူးဆန္းတဲ့အေတြးဝင္လာတယ္။ သခင္ေလးနဲ႕လက္ထပ္ခ်င္တယ္။ ရိေပၚ သူ႕အေတြးကိုသူ မယုံနိုင္ျဖစ္ရတယ္။ သခင္ေလးကိုသေဘာက်တာမွန္ေပမယ့္ အဲ့လိုတစ္ခါမွ မေတြးဖူးဘူး။ ရင္ေတြလည္းခုန္လာတယ္။ ေရွာင္းက်န႔္ကေတာ့ သူ႕ကိုဆူပူၿပီး အိပ္သြားတယ္။ သူ႕ေဘးနားေလးကပ္ကပ္အိပ္ရဖို႔ စိတ္ကူးယဥ္မိေပမယ့္ မအိပ္ခိုင္းခဲ့ပါဘူး။

------*

မနက္ေရာက္ေတာ့ ခရီးသြားဖို႔ျမင္းကတစ္ေကာင္တည္း။ ေနာက္တစ္ခါရင္ခြင္ထဲမေရာက္ေစရန္ ေရွာင္းက်န႔္အေနာက္မွာေနဖို႔ေတာင္းဆိုလိုက္တယ္။ က်က်နန ျမင္းေနာက္မွာထိုင္ၿပီး ျမင္းဖင္ကိုေနာက္ျပန္ကိုင္လိုက္တယ္။

"သခင္ေလး။ေသခ်ာကိုင္ထားေနာ္။"

ရိေပၚျမင္းဇာတ္ႀကိဳးကို စၿပီးဆြဲလိုက္တယ္။

"အ့...မင္းဘယ္ လိုေမာင္းေနတာလဲ။"

သူ႕ေအာ္သံေၾကာင့္ ရိေပၚရပ္လိုက္တယ္။ ျမင္းက‌ေဆာင့္ထြက္သြားေတာ့ ေရွာင္းက်န႔္ဟန္ခ်က္ပ်က္ၿပီး ရိေပၚေက်ာျပင္ကို ကိုင္လိုက္မိတယ္။ ရိေပၚကေတာ့ ၿပဳံးတုံ႕တုံ႕နဲ႕ ျမင္းကို ေျဖးေျဖးေလး လမ္းပဲေလွ်ာက္ခိုင္းလိုက္တယ္။

သူတို႔တစ္လွမ္းျခင္းခရီးဆက္လာတာ ေနကေခါင္းေပၚေရာက္ေတာ့မယ္။ ခရီးကတစ္ဝက္မက်ိဳးေသးဘူး။ ေရွာင္းက်န႔္ပန္းလာတယ္။

"မေရာက္ေသးဘူးလား။"

"ဒီလိုသြားႏႈန္းနဲ႕ဆို ေနာက္ေန႕မွေရာက္မွာ။ တစ္ခုစိုးရိမ္တာ။ ေတာေျခာက္မွာကိုပဲ။"

"ဘာ ! အဲ့တာဆိုဘာလို႔ျမန္ျမန္မသြားတာလဲ။"

"သခင္ေလးပဲ..."

"ခုျမန္ျမန္သြား။"

ရိေပၚခ်က္ခ်င္းပဲ ျမင္းကိုအရွိန္တင္လိုက္တယ္။ တစ္ဆက္တည္းသူ႕ ခါးေပၚကိုေရွာင္းက်န႔္လက္ေတြက ေရာက္လာၿပီး ရိေပၚခႏၲာကိုယ္ေလးေတာင့္တင္းသြားရတယ္။ၿပီးေတာ့ ေက်ာျပင္ေလးပါေႏြးသြားတယ္။ သခင္ေလးကသူ႕ရင္ဘက္နဲ႕ ရိေပၚေက်ာကိုကပ္လိုက္တာေၾကာင့္ျဖစ္တယ္။

_____________

ရိေပၚရဲ႕ေမြးရပ္ေျမေလးကသာယာတယ္လို႔ေရွာင္းက်န႔္ခံစားရတယ္။သူတို႔ေရာက္ေတာ့ ေမွာင္ေနၿပီး ႐ြာထဲမွာလည္းတိတ္ဆိတ္ေနၿပီး သူ႕အေဖက‌ ေတာ့ဝမ္းသာအားရစီးႀကိဳေနတယ္။

"သား။ ပင္ပန္းလာၿပီလား။ ပါး အခန္းရွင္းထားတယ္။"

ေတာထဲမွာ အသက္ေဘး၊အငက္ေဘးလုံးပန္းေနတာမို႔ တစ္ေန႕တစ္ေန႕ ဘယ္လိုျဖတ္သန္းလာလဲ ေတာင္‌မသိခဲ့ေပမယ့္ ခုခ်ိန္မွာေတာ့ ေရွာင္းက်န႔္ ပါးကိုသတိရလာတယ္။ ဒါကိုရိေပၚကခ်က္ခ်င္းရိပ္မိတယ္။

"ကြၽန္ေတာ္ သခင္ေလးရဲ႕မိသားစုကိုစုံစမ္းေပးမယ္။"

"သူတို႔ ပါးကိုသတ္လိုက္တယ္။"

"ဗ်ာ။"

"ငါ့မ်က္စိေရွ႕မွာပဲ။ "

ေရွာင္းက်န႔္အသံေတြတုန္ၿပီး မ်က္ရည္ေတြဝဲလာတယ္။

"သခင္ေလး ပင္ပန္းလာၿပီ။ နားရေအာင္။"

အိမ္ကႏွစ္ျခမ္းရွိတယ္။ သူတို႔အတြက္ျပင္ထားတဲ့ အျခမ္းကိုသူတို႔ဝင္သြားၾကတယ္။ခရီးပန္းလာမွာသိလို႔ ပါးကအိပ္ယာခင္းေပးထားတယ္။ ႏွစ္ေယာက္အိပ္ ဘဲေမႊး ေမြ႕ယာႀကီးကိုျဖန႔္ခင္းထားၿပီး ေခါင္းအုံးႏွစ္လုံးကို စီစီေလးခ်ထားတယ္။ ရိေပၚအျမန္ပဲ အိပ္ယာကိုတစ္ယာက္စာ ေခါက္လိုက္ၿပီး

"ပါးကလည္း ေသခ်ာသခင္ေလးကိုေခၚလာမယ္လို႔ေျပာထားတာကို"

"အဟမ္း"

ေရွာင္းက်န႔္ အိပ္ယာေပၚမွာ ခပ္တည္တည္ပဲထိုင္လိုက္တယ္။

*အမေလး လြမ္းေနခဲ့တာ ေႏြးေထြးမႈေလး။*

ၿပီးေတာ့ေရွာင္းက်န႔္က ၾကမ္းျပင္ကို ဟိုစမ္းဒီစမ္းလုပ္လုပ္ၿပီး

‌"ေႏြးေနတာပဲ။"

"အိမ္ေအာက္မွာ မီးဖိုရွိတယ္။ "

"မဆိုးဘူးပဲ။"

"ေဒါက္...ေဒါက္...."

"အိေပၚေလးေရ။"

ရိေပၚခ်က္ခ်င္းထၿပီးတံခါးကို ဖြင့္လိုက္တယ္။

"ဘယ္လိုေခၚေနတာလဲ။ပါးရာ.."

"ငါ့သားေလးကို သတိရလို႔ပါကြာ။"

"ကြၽန္ေတာ္အသက္ႀကီးၿပီ။ "

"ခုမွ ၁၆ ႏွစ္ရွိေသးတာကို။"

"ပါးကလည္း။ေနာက္မေခၚနဲ႕။"

ရိေပၚရဲ႕ လူႀကီးျဖစ္ခ်င္ေနပုံကိုေရွာင္းက်န႔္ရယ္ခ်င္လာတယ္။

"ၾကက္စြပ္ျပဳတ္ပူပူေလး လုပ္ထားတယ္။ရာသီဥတုက ေအူတယ္။ ေသာက္လိုက္ၾက။"

"ဟုတ္။"

သူ႕အေဖ လာပို႔တဲ့ စြတ္ျပဳတ္အိုးကိုယူကာအထဲထည့္လိုက္ေတာ့ အျပင္ကသူ႕အေဖက အိပ္ယာကိုၾကည့္ေနတယ္။ သူခင္းေပးထားသလိုမဟုတ္ဘူး။ သခင္ေလးက အိပ္ယာေပၚမွာထိုင္ေနၿပီး သူ႕သားက ဖ်င္ၾကမ္းေလးကိုခင္းထားတယ္။ သူခ်က္ခ်င္းပဲ သူအိပ္ေနတဲ့ အိပ္ယာကို ရိေပၚအတြက္ယူလာခဲ့တယ္။

"ရတယ္ပါး။"

"သားက ငယ္ငယ္တည္းက ခနခန အဆုတ္အေအးပတ္တတ္တယ္ေလ။ ပါးဆီမွာရွိသးတယ္။ အသစ္လည္းထပ္လုပ္လို႔ရတယ္။"

ဒါေၾကာင့္ရိေပၚဆီက မၾကာခန ေခ်ာင္းဆိုးသံၾကားေနရေပါ့။

ေမွာင္လာေတာ့ ပင္ပန္းၿပီး ေရွာင္းက်န႔္ကအိပ္ေပ်ာ္သြားတယ္။ ရိေပၚကေတာ့ မအိပ္နိုင္ဘူး။ အေတြးေတြမ်ားေနရတယ္။ မီးဖိုအတြက္ မီးေသြးေတြက မိုးေပၚက က်လာမွာမဟုတ္ဘူး။ ေန႕စဥ္သခင္ေလးအဟာရ ရွိဖို႔လည္း မိုးေပၚကက်မလာဘူး။ သခင္ေလးအတြက္ လစ္ဟာမႈမရွိေအာင္ျဖည့္ဆည္းေပးနိုင္မွျဖစ္မယ္။

_____

"ရိေပၚ...ရိေပၚ"

မနက္ေစာေစာ သူ႕အေဖလာႏွိုးလို႔ရိေပၚနိုးလာတယ္။

"ပါး..."

"႐ြာထဲကို ရဲမက္ေတြဝင္လာတယ္။ သခင္လတစ္ေယာက္ကိုလိုက္ရွာေနတာတဲ့။"

"ဘယ္လိုလုပ္မလဲရိေပၚ။ ေသခ်ာတယ္ဒါဟိုေကာင္လက္ခ်က္ပဲ။ ငါမလိုက္ခ်င္ဘူး။"

_________

"ဝမ္လူႀကီးမင္း တံခါးဖြင့္ စစ္ေဆးစရာရွိတယ္။"

ဝမ္ပါးက အိမ္ေရွ႕ကေနရပ္ေနၿပီး

"သားကအိပ္ေနလို႔"

"ဘာ !!! အိပ္ေနရင္မေျပာနဲ႕ ေသရင္ေတာင္ထလာရတယ္။ မင္းမိန႔္ကြ။ တံခါးဖြင့္"

ဝမ္ပါးလည္း ဘာေျပာလို႔ေျပာရမွန္းမသိအႀကံထုတ္ေနတုန္း ရဲမက္ကေအာ္တယ္။

"တံခါးဖြင့္ လို႔ေျပာေနတယ္ေလ။"

"ဟို....သားကေလ။ မေန႕က မိန္းမခိုးလာလို႔အဲ့တာ"

ထိုအခါ ရဲမက္ေခါင္းေဆာင္က ၿပဳံးသြားၿပီး

"ဟား....ဒါေၾကာင့္လား။ မိတ္ဆက္ေပးပါဦး။"

"ဟို....အရာရွိမင္းရာယ္။"

"ဖယ္စမ္း။"

အရာရွိမင္းက တံခါးကိုဆြဲဖြင့္ပစ္လိုက္တယ္။ ၿပီးေတာ့အိမ္ထဲကို ျပဴးၾကည့္ၿပီးၿပဳံးကာ

"ေနပါေစေတာ့ ေကာင္မေလးအရမ္းရွက္ေနၿပီ။ မင္းတို႔ကလည္း အျပင္ေလာကေလးလဲနားစြင့္ကြ အခ်စ္ႏြံထဲနစ္မေနနဲ႕။"

အဲ့လိုေျပာၿပီး အရာရွိမင္းကျပန္သြားတယ္။

သူတို႔အေပၚပိုင္း ဗလာေတြျဖစ္ၿပီး ေစာင္နဲ႕ပတ္ကာ ထိုင္ေနတာျဖစ္တယ္။ ေရွာင္းက်န႔္ကတံခါးေပါက္ကိုေက်ာေပးထားၿပီး ရိေပၚရင္ဘက္မွာမ်က္ႏွာကို ကပ္ထားရတဲ့အေနထားျဖစ္တာမို႔ ေယာက္်ားမိန္းမ မသဲကြဲဘူး။

အရာရွိမင္းျပန္သြား‌ေတာ့ ေစာင္ထဲထိုင္ေနတဲ့ ေရွာင္းက်န႔္ကခ်င္ခ်င္းထလိုက္တယ္။

"ေတာင္းပန္ပါတယ္။ ႐ုတ္တရက္ ဘာမွ မေတြးလိုက္နိုင္ဘူး။ သခင္ေလးရဲ႕မ်က္ႏွာလွလွကိုပဲ တျမင္ေယာင္ၿပီး အဲ့လိုေတြးမိသြားတယ္။"

ဝမ္ပါးကေတာင္းပန္တယ္။

"ကိစၥမရွိဘူး။"

ရိေပၚကေတာ့ အေပ်ာ္ဆုံးလူသားျဖစ္ေနၿပီးၿပဳံးစိစိနဲ႕ ၿငိမ္သက္ေနတယ္။ မိုးစင္စင္‌လင္းေတာ့ ဝမ္လူႀကီးမင္းရဲ႕သား ျပန္ေရာက္ေနၿပီး မိန္းမခိုးလာတဲ့သတင္းက ျပန႔္ႏွံ႕သြားကာ ၿခံဝိုင္းထဲ လူေတြေရာက္လာတယ္။

"ကြၽန္ေတာ့္ဇနီးကရွက္တတ္တယ္ဗ်။ မိန္းမခိုးလာတာ ဘာဆန္းလို႔လဲ။"

အဲ့လိုေျပာလိုက္ရတာရိေပၚအတြက္ နတ္သုဒၶါစားရတာထက္အရသာရွိတယ္။

"မရပါဘူး။ ငါတို႔ဝမ္လူႀကီးရဲ႕ ေခြၽးမကိုၾကည့္ခ်င္တယ္။"

ေရွာင္းက်န႔္ထြက္မလာမခ်င္း လူအုပ္ကျပန္မွာမဟုတ္။ ဒါေၾကာင့္ ေရွာင္းက်န႔္ထြက္လာလိုက္တယ္။

"ဝိုး.....ဝါး....လွလိုက္တာ။"

ေရွာင္းက်န႔္ကိုေငးေနသူေတြက လူအုပ္ႀကီးတင္မကပဲ ရိ‌ေပၚကိုယ္တိုင္ပါ အပါဝင္ျဖစ္တယ္။ အိမ္ထဲမွာရွိေနတဲ့ ဝတ္႐ုံနီေလးကိုၿခဳံထားၿပီး ဘယ္ရီသီးေလးေတြနဲ႕တစ္ပြဲထိုးအလွျပင္ထတဲ့ေရွာင္းက်န႔္က မိန္းကေလးထက္ေတာင္လွတယ္။ ဆံပင္ေတြကို အကုန္ျဖည္ခ်ထားေတာ့ သူ႕မ်က္ႏွာေလးကအရမ္းဂႏၲဝင္ဆန္‌ တယ္။ ႏႈတ္ခမ္းနီနီ ေလးကို မသိမသာစူၿပီး မ်က္လုံးေတာက္ေတာက္ေလးနဲ႕ မ်က္ေစာင္းထိုးေနတာမ်ား လွရက္လိုက္တာ။

ေရွာင္းက်န႔္ ရိေပၚကိုမ်က္ေစာင္းေတြ နာနာေလးထိုးပစ္တာေတာင္ နဲနဲမွ အသိစိတ္ကပ္မလာဘူး။

ရိေပၚက‌ေတာ့ေငးေနရင္း နဲ႕ေတြးလိုက္မိတယ္။

*တစ္ကယ္ပဲ ငါ့ဇနီးေလးျဖစ္ရင္ ေကာင္းမွာပဲ။*

"ကဲကဲ။ ေတြ႕ၿပီးၿပီဆိုေတာ့ျပန္ၾကဦး ကေလးေတြပင္ပန္းေနၿပီ။"

ဝမ္ပါးေၾကာင့္ ေနာက္ဆုံးေတာ့ ေရွာင္းက်န႔္လြတ္ေျမာက္ခြင့္ရသြားတယ္။

המשך קריאה

You'll Also Like

618K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
322K 9.7K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...