(Unicode)
'ကင်ထယ်ယောင်း'
ကျောင်းနာမည်ကတ်ပြား ရင်ထိုးလေးတွင် ထွင်းထားသော အမည်နာမ တစ်ခု။
ဂျောင်ဂု ထိုရင်ထိုးလေးကို လက်ဖဝါးပေါ်တင်၍ အချိန်တစ်ခုကြာသည်အထိ စိုက်ကြည့်နေမိသည်။
ပထမဆုံးအကြိမ် တွေ့တုန်းက ထယ်ယောင်း၏ ပုံရိပ်တွေက ဂျောင်ဂု အတွေးထဲတွင် တစိုးတစ ဖြတ်ပြေးနေသည်။
အခုလက်ရှိ ထယ်ယောင်းဟာ အရင်တုန်းကလို ချစ်ဖို့ကောင်းနေဆဲဆိုတာတော့ ဂျောင်ဂု ဝန်ခံပါ၏။ သို့သော် ယခုထူးခြားချက်က လူပျိုပေါက်အရွယ်ဖြစ်လာသည်မို့ ပို၍ချောလာခြင်းပင်။
ဒေါက် ဒေါက်
ကျွီ..
ရုတ်တရက် တံခါးခေါက်သံနဲ့အတူ တံခါးဖွင့်သံကိုပါ တစ်ပြိုင်နက်တည်း ကြားလိုက်ရသဖြင့် ဂျောင်ဂုလည်း ရင်ထိုးလေးကို အမြန်ဖွက်ကာ နီးစပ်ရာ စာအုပ်တစ်အုပ်ကို ဆွဲယူ၍ စာကျက်နေသလို ဟန်ဆောင်လိုက်ရသည်။
"သား"
ဝင်လာသူက အမေဖြစ်သူ ဂျွန်ဆယ်ရာ။ ဂျောင်ဂု လှည့်မကြည့်ဘဲ စာအုပ်ကိုသာ အာရုံစိုက်နေလိုက်၏။
"သားအဖေ Europe မှာ ရှယ်ယာရှင် ရခဲ့ပြီတဲ့၊ မနက်ဖြန် ညနေလောက်ပြန်ရောက်မယ်ပြောတယ်"
"အင်း"
"လေဆိပ်မှာ သွားကြိုရမယ်နော်၊ သားပါ လိုက်ခဲ့"
"ကျွန်တော် အတန်းရှိတယ်"
"အမေ သိပါတယ်၊ ဒါပေမဲ့ တစ်ရက်ပဲလေ၊ တစ်ရက်မဟုတ်ဘူး နေ့တစ်ဝက်ပဲ.. နေ့တစ်ဝက်ပဲ ခွင့်ယူလိုက်"
အမေ့စကားအဆုံး ဂျောင်ဂုထံမှ သက်ပြင်းချသံတစ်ချက်ထွက်လာပြီး လက်ထဲမှ စာအုပ်ကို ပိတ်ကာ အမေ့ဘက်ကို လှည့်ကြည့်လိုက်သည်။
"ဘာလို့ အရေးမပါတာတွေပဲ လုပ်နေတာလဲ"
"ဟင်"
"အဖေက ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ၊ ဘယ်တုန်းကရော အသိအမှတ်ပြုဖူးလို့လဲ၊ မနက်ဖြန် သွားကြိုလည်း အာရုံနောက်လိုက်တာလို့ပဲ ပြောမယ်မှန်း အမေလည်း သိတယ်မလား"
ဂျောင်ဂုစကားကြောင့် အမေဖြစ်သူ မျက်နှာ သိသိသာသာ ညိုးကျသွားပြီး ဂျောင်ဂုနဲ့ အကြည့်ချင်း အမြန်လွှဲလိုက်လေသည်။
အမေစိတ်ထိခိုက်သွားမယ်မှန်း ဂျောင်ဂုသိပေမယ့် ဒါက အမှန်တရားပဲမို့လို့ အမေ့ကို အသိတရားရပြီး ကပ်တွယ်မနေစေချင်ရုံ။ အမေက ချစ်သလောက် အဖေ့ဘက်က ဘာမေတ္တာမှ ပြန်ပေးတာ မတွေ့ဖူးတာကြောင့်ပင်။
"အဲ့ဒါ အမေ့ကိုပဲ ပြောမှာပါ၊ သားပါ ပါရင် သူအဲ့လောက် မဟုတ်ပါဘူး၊ သားဘက်ကသာ နည်းနည်းပါးပါး သားအဖေကို ပြန်ဂရုစိုက်လိုက်ရင် သူက သားကိုတောင်..."
"ကျွန်တော် နားတော့မယ် ပင်ပန်းနေပြီ"
ဂျောင်ဂုက အမေ့အား စကားဆုံးအောင် ပြောခွင့်မပေးဘဲ ဖြတ်ပြောကာ အိပ်ရာထဲ ဝင်လှဲလိုက်သည်။
"ဂျောင်ဂု"
"မီးပိတ်ပေးခဲ့ပါ"
"အိမ်က driver ကို ကျောင်းအကြိုအပို့ မလုပ်ပေးဖို့ ပြောထားတယ်ဆို"
အဆက်အစပ်မရှိ ပြောလာတဲ့ အမေဖြစ်သူစကားကြောင့် ဂျောင်ဂု နားထင်ကြောလေးများ တင်းခနဲဖြစ်သွားမိ၏။ ဒီကိစ္စက ဘယ်က ပါလာတာလဲ။
"ဟုတ်ပါတယ်"
"ဘာလို့လဲ သူငယ်ချင်းတွေနဲ့ အတူသွားချင်လို့လား၊ ဂန်ဟိုတို့ ဟန်ဘင်းတို့ပဲမလား"
ဂန်ဟိုနဲ့ ဟန်ဘင်းက ဂျောင်ဂုကဲ့သို့ မျိုးရိုးမြင့် သူဌေးသားလေးများဖြစ်တာမို့ အဖေနဲ့ အမေက လွတ်လပ်စွာ ပေါင်းခွင့်ပေးထားသည်။ ဒါ့အပြင် လူကြီးချင်းပါ ခင်ကြသည်မို့ သုံးယောက်ဆက်ဆံရေးက အကုန်အဆင်ပြေပြေပင်။
သို့ပေမဲ့ ကျောင်းအတူသွား အတူပြန်လုပ်နေတဲ့သူက ထယ်ယောင်းမှန်းသာ သိရင် ချက်ချင်း ပိတ်ပင် လိုက်ကြမှာ ဂျောင်ဂုသိ၏။
ဒါကြောင့် အမေ့ရဲ့ မေးခွန်းကို ခေါင်းငြိမ့်ပြ၍သာ လိမ်ညာလိုက်ရတော့သည်။
"အင်းပါ သားစိတ်ချမ်းသာဖို့ အဓိကပါ၊ ဒါပေမဲ့ အိမ်ကကားနဲ့ မဟုတ်တော့ သားပင်ပန်းမှာစိုးတယ်"
အမေက ပြောပြီးတာနဲ့ ဂျောင်ဂုပေါ်ကို စောင်လေး ခြုံပေးလာရင်း
"သားက သားအဖေနဲ့သိပ်တူတာပဲ၊ သား ကြီးလာရင် သားအဖေလို ခန့်နေမှာ သေချာတယ်"
ဂျောင်ဂုမျက်နှာက ပြုံးရယ်ခြင်း အလျဉ်းမရှိ။ ခြုံပေးလာသော စောင်ကို ခေါင်းမြီးခြုံလိုက်ကာ တစ်ဖက်ကို စောင်းအိပ်လိုက်၏။
ဂျောင်ဂု အပြုအမူကြောင့် အမေ့ထံမှ သက်ပြင်းချသံ တိုးတိုးလေး ထွက်လာလေသည်။
"သားအဖေက သားကို ချစ်ပါတယ်၊ သူ ထုတ်မပြတတ်တာပါ၊ ဒါပေမဲ့ သားဘက်ကလည်း နည်းနည်းလျှော့ပေးစေချင်တယ်၊ အမေက သားအဖေကို စိတ်ချမ်းသာစေချင်လို့ပါ"
ဂျောင်ဂု ဘာမှပြန်မဖြေမိ။ ခဏအကြာမှ အမေ အခန်းထဲမှ ထွက်သွားသံကိုတော့ ကြားလိုက်ရသည်။ အခန်းထဲဝယ် တိတ်ဆိတ်သွားမှ ဂျောင်ဂုလည်း ခေါင်းမြီးခြုံထားတဲ့ စောင်ကို ဖယ်လိုက်မိ၏။
အမေ့ဘက်က ဒီလောက် တောင်းဆိုနေမှတော့ မနက်ဖြန် အဖေ့ကို မတွေ့ချင်လည်း သွားတွေ့ဖို့သာ ဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။
.
.
"ဘာလို့ အဲ့ဂျွန်ဂျောင်ဂု ဒီလောက် ကြာနေရတာလဲ"
ထယ်ယောင်း စက်ဘီးလေးပေါ်ထိုင်နေရင်း မကျေမနပ် ရေရွတ်မိသည်။ ပုံမှန်ထက်ကို နှစ်မိနစ်ကြီးတောင် နောက်ကျနေပြီလေ။
ထယ်ယောင်း စိတ်မရှည်စွာနဲ့ သံဗန်းတံခါးကြီးမှတဆင့် အထဲကို ချောင်းချောင်းကြည့်နေမိရာ ခဏအကြာမှ ဂျောင်ဂု အိမ်ထဲက ထွက်လာတာမြင်သဖြင့် အမြန်နောက်ပြန်ဆုတ်ကာ ဆန့်ကျင့်ဘက်ကို ဟန်ပြငေးနေလိုက်၏။
"သွားမယ်"
ဂျောင်ဂုအသံကြားမှ ထယ်ယောင်းလည်း ဒီဘက်ပြန်လှည့်လာပြီး ခုမှ ဂျောင်ဂုကို တွေ့သည့်ဟန် လုပ်နေလေသည်။
"ခင်ဗျား နောက်နေ့ကစပြီး အုတ်တံတိုင်းအကွယ်မှာပဲ စောင့်နေ၊ ခြံတံခါးရှေ့မှာ နေမနေနဲ့"
ခက်ထန်သော မျက်နှာ၊ တည်ငြိမ်သော အသံတွေနဲ့ ပြောလာတဲ့ ဂျောင်ဂုပုံစံက ထယ်ယောင်း မျှော်လင့်ထားတဲ့ ပုံစံတော့ ဟုတ်မနေ။
"ဘာလို့လဲ"
"ခင်ဗျားကို အိမ်ထဲကနေ မမြင်ချင်လို့"
"ဟင်"
"အဲ့လို ရှိတယ်၊ ခင်ဗျား မသိရင် အသာနေပါ"
ဂျောင်ဂုက ပြောပြီးတာနဲ့ ထယ်ယောင်း စက်ဘီးနောက်ခုံပေါ် တက်ဖို့ပြင်ရာ စက်ဘီးနောက်ခုံတွင် ခေါင်းအုံးလေးကို ကြိုးတွေနဲ့ ပတ်ထားတာကို တွေ့လိုက်ရတာကြောင့် ဂျောင်ဂု နှုတ်ခမ်းတွေ အလိုလို ပြုံးယောင်သမ်းလာမိတော့သည်။
"ကိုယ်တိုင် လုပ်ထားတာလား"
"အင်း"
ထယ်ယောင်း မဖြေချင် ဖြေချင်ပုံစံလေးနဲ့ မျက်စောင်းတစ်ချက် မသိမသာလေး ထိုးလိုက်မိ၏။
ထိုအချိန်တွင် ခေါင်းပေါ်ကို ရောက်လာတဲ့ ဂျောင်ဂုလက်ဖဝါး အထိအတွေ့ကြောင့် ထယ်ယောင်း ကိုယ်လုံးလေး တုန်ခနဲဖြစ်သွားပြီး ဂျောင်ဂုကို အမြန်မော့ကြည့်မိလိုက်သည်။
ဂျောင်ဂုကတော့ ထယ်ယောင်း ဆံပင်လေးတွေထဲ သူ့လက်ချောင်းလေးများကို အသာထိုးဖွရင်း
"တော်သားပဲ"
အပြုံးရေးရေးလေးနဲ့အတူ ချီးကျူးစကားကို ဆိုလာပုံက ခုနကနဲ့ တခြားစီ။ ဘာကြောင့်ရယ်မသိ ထယ်ယောင်း နှလုံးခုန်သံ စည်းချက်လေးတွေ အနည်းငယ် မြန်ဆန်လာပြီး ဂျောင်ဂု၏ ချီးကျူးစကားကို ပီတိဖြစ်သွားမိသည်။
ထိုခံစားချက်က စက္ကန့်ပိုင်းမျှသာ။ ချက်ချင်း အသိစိတ်ပြန်ကပ်လာသလို မျက်နှာကို ချက်ချင်းတည်လိုက်ကာ ခေါင်းပေါ်မှ ဂျောင်ဂုလက်အား ဖယ်ချလိုက်၏။
"မင်း.. မင်း.. စီနီယာတစ်ယောက်ကို ဒီလို လုပ်လို့ရတယ်လို့ ဘယ်သူပြောလဲ"
"အခုက ကျောင်းအပြင်မှာဆိုတော့ ကိစ္စမရှိပါဘူး၊ ကျုပ်က အကြွေးရှင်ပဲ"
"ကျောင်းအပြင်မှာပေမယ့် ယူနီဖောင်းဝတ်ထားတယ်ဆိုတော့ ငါက စီနီယာပဲ"
ထယ်ယောင်းစကားကို ဂျောင်ဂုက ဘာမှပြန်မပြောတော့ဘဲ ရွဲ့ပြုံးတစ်ချက်သာ ပြုံးပြရင်း စက်ဘီးနောက်ခုံလေးပေါ် တက်ထိုင်လိုက်လေသည်။
"ဆိုဖာက ကွာလတီတော့ မကောင်းပေမယ့် အမာကြီးထက်စာရင် မဆိုးပါဘူး"
"ပါးစပ်ပိတ်ထား မဟုတ်ရင် စက်ဘီးကို ချောက်ထဲ နင်းလိုက်မှာ"
"သဘောပဲ"
ကြည့်.. ကြည့်။ ကြောက်တဲ့ပုံကို မပြတာ။ ဒီလောက် ခြိမ်းခြောက်နေတာကို။
ထပ်ပြောရင်လည်း လေကုန်တာပဲ အဖတ်တင်မည်။ ဒီကောင်လေးနဲ့က စကားပြောရတာ အပေါက်အလမ်းတည့်သည်ကို မရှိ။
ဒါကြောင့် ထယ်ယောင်းလည်း စိတ်ကုန်ဟန် ခေါင်းလေးတခါခါနဲ့ စက်ဘီးကို စနင်းလေတော့သည်။
စက်ဘီးနင်းနေစဉ်တစ်လျှောက်တော့ ဂျောင်ဂုက အနောက်ကနေ ဘာမှ အနှောင့်အယှက်မပေးသဖြင့် တော်သေးဟု ပြောရမည်။
"ခဏရပ်"
အနှောင့်အယှက်မပေးဟု တွေးတုန်းရှိသေးတာကို။
ဂျောင်ဂုအသံကြောင့် ထယ်ယောင်းချက်ချင်း စက်ဘီးကို ရပ်လိုက်မိ၏။ ဘာလို့ ခန္ဓာကိုယ်က ဂျောင်ဂုစကားတွေကို အလိုလိုတုန့်ပြန်နေမိမှန်းကိုမသိ။
"ရေခဲမုန့်စားချင်လာလို့"
ထပ်ပြောလာသော ဂျောင်ဂုစကားတို့ကြောင့် ထယ်ယောင်း ဘေးဘီကိုကြည့်လိုက်မိရာ အခုစက်ဘီးရပ်နေတဲ့နေရာက ရေခဲမုန့်ဆိုင်တည့်တည့်တွင် ဖြစ်သည်။
"အင်း စောင့်နေမယ် သွားဝယ်"
"ခင်ဗျား သွားဝယ်ပေး"
လွန်သွားပြီ။ ဒါတော့ တော်တော်ကို လွန်သွားပြီ။
"ငါ့ကို မင်းအိမ်က အလုပ်သမားထင်နေလား၊ ဒီလို လက်တိုလက်တောင်းခိုင်းနေရအောင်"
"အလကားမဟုတ်ပါဘူး၊ အကြွေးက လေးသိန်းကျန်တာမလား၊ သွားဝယ်ပေးရင် ငါးသောင်းလျှော့ပေးမယ်၊ သုံးသိန်းခွဲပဲ"
ဒီအပေးအယူက သိပ်တော့မဆိုးလှ။ ဟိုတစ်ခါ ရေဘူးဝယ်ခိုင်းတာထက်စာရင် အများကြီးသက်သာသည်။
တိတ်ဆိတ်ငြိမ်သက်ပြီး မငြင်းပုံထောက်ရင် ထယ်ယောင်း သဘောတူသည်ဟု ယူဆသဖြင့် ဂျောင်ဂုလည်း အိတ်ကပ်ထဲမှ ပိုက်ဆံအချို့ကို ထုတ်ပေးလိုက်ရင်း
"ချောကလက်အရသာ"
"တစ်ခုပဲလား"
"ခင်ဗျားရော စားချင်ရင် ခင်ဗျားအတွက်ပါ ဝယ်လိုက်"
ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမျက်နှာလေးက ခုနကလို မှိုင်တွေစူပုတ်မနေဘဲ ချက်ချင်း မျက်လုံးလေးတွေ အရောင်လက်လာလေသည်။
"ဝယ်ကျွေးတာလား"
"အင်း"
"မင်းပိုက်ဆံနဲ့လား"
"အင်း"
"အကြွေးမဟုတ်ဘူးမလား"
"အင်း"
"ပိုက်ဆံပြန်မတောင်းဘူးပေါ့"
"ကျုပ်စိတ်မပြောင်းခင် သွားဝယ်၊ ထပ်မေးနေရင် အတိုးပါတောင်းတော့မှာ"
အဲ့တော့မှ ထယ်ယောင်းက စပ်ဖြဲဖြဲလေးလုပ်ရင်း ဂျောင်ဂုလက်ထဲက ပိုက်ဆံကိုယူကာ
"ချက်ချင်း ပြန်လာခဲ့မယ်"
ပြောပြီးတာနဲ့ စက်ဘီးပေါ်ကနေ လှစ်ခနဲ ပြေးဆင်းသွားပုံများ ရေခဲမုန့်တစ်ခါမှ မစားရသည့်သူနှယ်။ ဂျောင်ဂု အပြင်မှာ တစ်ယောက်တည်း ကျန်ခဲ့ရင်း အပြုံးစစပြုံးကာ ခပ်တိုးတိုးရေရွတ်မိ၏။
"ကလေးကျနေတာပဲ"
ခဏအကြာ ဆိုင်ထဲကနေ ရေခဲမုန့်လေးနှစ်ခုကိုင်ကာ ကဆုန်ပေါက် ပြေးထွက်လာသော ထယ်ယောင်း။
"ရော့"
ဂျောင်ဂုထံကို ချောကလက်ရေခဲမုန့်လေး ထိုးပေးလာပြီး သူကိုယ်တိုင်ကတော့ စတော်ဘယ်ရီရေခဲမုန့်လေးကို လျှာလေးနဲ့ လျက်နေလေ၏။
"ဝယ်ကျွေးမိတာ မှားပြီပဲ"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်း မျက်လုံးလေး ဝိုင်းစက်သွားပြီး သူ့ရေခဲမုန့်လေးကို တစ်ဖက်သို့ လှည့်ကိုင်လိုက်သည်။
"ဘာလို့လဲ မရဘူးနော်.. ကျွေးပြီးစလစ်ပဲ၊ ငါလျှာနဲ့လျက်ပြီးသွားပြီ၊ မင်းစားချင်ရင် ငါ့တံတွေးတွေပါ စားရမှာ"
"ဟာ.. ဘာတွေပြောနေတာလဲ ညစ်ပတ်လိုက်တာ"
ဂျောင်ဂုက စိတ်ညစ်ဟန် သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ
"ခင်ဗျားက ရေခဲမုန့်ကိုင်ထားတော့ လက်တစ်ဖက်တည်းနဲ့ စက်ဘီးဘယ်လိုနင်းမလဲ"
"ဪ.. ဘာများလဲလို့ ဒါလေးများ၊ ငါက မွေးကတည်းက စက်ဘီးနင်းလာတာ၊ လက်တစ်ဖက်တည်းလည်း ကျွမ်းတယ်"
ထယ်ယောင်းက ပြောလည်းပြော စက်ဘီးပေါ်လည်း ခွတက်ကာ လက်တစ်ဖက်တည်းနဲ့ စက်ဘီးလက်ကိုင်ကို ကိုင်၍ စနင်းလေတော့သည်။
အဆင်ပြေတဲ့ပုံတော့ ပေါက်ပေမယ့် လက်နှစ်ဖက်နဲ့ နင်းတုန်းကလောက်တော့ မတည်ငြိမ်။
"ခင်ဗျား လက်တစ်ဖက်တည်းနဲ့ မဖြစ်ဘူးမလား"
"ဖြစ်တယ်"
"မဖြစ်ဘူးထင်တယ်"
"ဖြစ်ပါတယ်ဆို"
တကယ်လည်း ဖြစ်တဲ့ပုံပေါ်တာကြောင့် ဂျောင်ဂု ဘာမှ ထပ်မပြောတော့။ ထယ်ယောင်းကတော့ ရေခဲမုန့်တစ်ခုတည်းနဲ့တင် အားအင်တွေ ပြည့်ဝသွားသလား မှတ်ရအောင် တက်ကြွနေလေ၏။
ဘယ်လောက်မှမကြာလိုက် ကျောင်းရှေ့ကို ရောက်လာသဖြင့် ဂျောင်ဂုလည်း စက်ဘီးပေါ်မှ ဆင်းလိုက်တော့သည်။
ဂျောင်ဂုမှာ လက်ထဲက ရေခဲမုန့်မကုန်သေးပေမယ့် ထယ်ယောင်းကတော့ ကုန်ပင်သွားပြီဖြစ်၏။
"ရေခဲမုန့်ဝယ်ကျွေးလို့ ကျေးဇူးပဲနော်၊ ပြီးတော့ သုံးသိန်းခွဲပဲ ကျန်တာမလား၊ မင်းစကားမင်းတည်"
"အင်း"
တစ်ခွန်းတည်းသာ။ တစ်ခွန်းတည်းပြန်ဖြေတာ အနည်းငယ် စိတ်တိုစရာကောင်းပေမယ့် ရေခဲမုန့်မျက်နှာကြောင့် ခွင့်လွှတ်လိုက်ပါမည်။
"ဒါဆို ညနေမှ တွေ့မယ်၊ မင်းအခန်းရှေ့လာခဲ့မယ်နော်"
"မလာနဲ့တော့၊ ဒီနေ့ တစ်ယောက်တည်း ပြန်"
"ဘာလို့လဲ"
"နေ့တစ်ဝက်ခွင့်ယူထားတယ်"
"ဪ.. အင်းပါ"
ထိုမျှသာပြောပြီး ဂျောင်ဂုက ထယ်ယောင်းကို ကျောခိုင်းကာ ထွက်သွားလေတော့သည်။ ထယ်ယောင်းမှာလည်း ထိုပုံစံလေးအတိုင်း မလှုပ်မယှက်ရပ်နေမိသည်မှာ ထွက်သွားသော ဂျောင်ဂုကျောပြင်လေး မြင်ကွင်းထဲမှ ပျောက်သည်အထိ။
ဂျောင်ဂုနဲ့ အတူမပြန်ရတာကို ဘာလို့ စိတ်ထဲ ဝမ်းနည်းသလို ဟာတာတာဖြစ်သွားရသလဲဆိုတာတော့ ထယ်ယောင်း အဖြေမရှာနိုင်ခဲ့။
.
.
နေ့လယ် ၂နာရီ။
အင်ချွန်းလေဆိပ်။
"ဟိုမှာ သားအဖေလာပြီ"
အမေက ဝမ်းသာနေသည့်လေသံနဲ့ ပြောနေသော်လည်း ဂျောင်ဂု မကြည့်မိ။ ခေါင်းကိုငုံ့ကာ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေမိသည်။
"ယောက်ျား"
"ဘယ်သူကြိုခိုင်းလို့ ဒီမှာရောက်နေကြတာလဲ၊ အဓိပ္ပာယ်မရှိ အာရုံနောက်ဖို့ကောင်းအောင်"
တွေ့တွေ့ချင်း ကြားလိုက်ရတဲ့ အဖေ့စကားတွေက ဂျောင်ဂုတွေးထားတာနဲ့ အတူတူပင်။
အမေ့မျက်နှာဘယ်လိုဖြစ်သွားမလဲ ဂျောင်ဂု မမြင်ပေမယ့် ခန့်မှန်းခြေအရ ဝမ်းနည်းသွားမှာတော့ အမှန်ပင်။
"မင်းအိမ်ပြန်တော့"
အမေ့ကို ပြောသည့်ဟန်ရှိသည်။
"ဂျွန်ဂျောင်ဂုကိုပါ ဘာလို့ခေါ်လာတာလဲ၊ ကျောင်းတက်နေရမှာမဟုတ်လား"
"ကလေးက ယောက်ျားနဲ့တွေ့ချင်တယ်ဆိုတာနဲ့..."
"ကျွန်တော် အဲ့လို တစ်ခါမှ မပြောမိဘူး"
မနေနိုင်စွာ ကြားဖြတ်ပြောလာသော ဂျောင်ဂု။ အဖေ့မျက်နှာက အနည်းငယ်တင်းမာသွားသလို အမေကလည်း မျက်နှာပျက်သွား၏။
သို့နှင့် သုံးယောက်ကြားတွင် တိတ်ဆိတ်သွားကြပြီး လေဆိပ်မှ ဆူဆူညံညံအသံများကသာ ကြားဝင်လာသည်။
"နေ့လယ်စာစားပြီးပြီလား ဂျောင်ဂု"
အဖေက အမေးပြုလာ၏။ ဂျောင်ဂု ဘာမှ ပြန်မဖြေမိ။ တကယ်က မစားရသေးတာထက် စားချင်စိတ်မရှိ၍ မစားသေးတာ။
"မင်း ဂျောင်ဂုကို ဘာမှမကျွေးထားဘူးလား"
အမေ့ဘက် လှည့်သွားပြန်ပြီ။
"အခု အသက် ၁၇နှစ်အရွယ် ယောကျ်ားလေးဆိုတာ ဖွံ့ဖြိုးဆဲကာလလေ၊ အစားပျက်အသောက်ပျက်တင်မက အတန်းပါ ပျက်လို ပျက်နဲ့ ဒီကို စောက်အဓိပ္ပာယ်မရှိခေါ်လာသေးတယ်၊ မင်းကို ငါဘာလို့များ....ဟူး.."
အဖေက စကားတွေကို ဆက်မပြောတော့ဘဲ လေပူများအဖြစ်သာ မှုတ်ထုတ်လိုက်တော့သည်။
"မင်းပြန်တော့၊ ဂျောင်ဂုက ငါနဲ့လိုက်ခဲ့"
အဖေက ပြောလည်းပြော၊ ရှေ့ကနေလည်း ဦးဆောင်ပြီး သွားနေသည်မို့ ဂျောင်ဂုလည်း နောက်ကနေ လိုက်ဖို့ပြင်တော့သည်။
အမေ့ကို မသိမသာကြည့်မိတော့ အမေ့မျက်ဝန်းတွေထဲ မျက်ရည်စလေးတွေကို တစွန်းတစ တွေ့သဖြင့် ဂျောင်ဂုရင်ထဲ ဆစ်ခနဲဖြစ်သွားမိ၏။
ဒီလိုတွေ ဖြစ်မယ်မှန်း ဒီလိုတွေ အပြောခံရမယ်မှန်း သိသိရက်နဲ့ အမေဟာ သိပ်ကို မိုက်မဲတတ်တာများလား။
"မင်း ကျောင်းမှာ အဆင်ပြေလား"
အဖေ့မေးခွန်းကြောင့် ဂျောင်ဂု အတွေးတွေ ပျက်ကာ ပစ္စုပ္ပန်ဆီ ပြန်ရောက်လာသည်။
"ပြေပါတယ်"
"မင်းအမေရော မင်းကို ကောင်းကောင်းဆက်ဆံလား"
အဖေသာ အမေ့ကို ကောင်းကောင်းဆက်ဆံသင့်တာ။
ဂျောင်ဂု ထိုစကားတွေကိုတော့ ထုတ်မပြောဖြစ်ဘဲ ရင်ထဲတွင်သာ သိမ်းထားလိုက်မိပါသည်။
"ကောင်းပါတယ်"
"ဟုတ်ပြီ၊ အခု နေ့လယ်စာ သွားစားကြတာပေါ့"
"ဘာလို့ အမေ့ကိုပါ မခေါ်တာလဲ"
"သူက စားကောင်းသောက်ကောင်းတွေ စားလာမှာပဲ၊ ကြံဖန်စိတ်ပူမနေနဲ့"
"မဟုတ်ဘူး၊ အမေက အဖေ့ကိုပဲ တွေ့ချင်နေတာ၊ သူဘာမှတောင် မစားထားဘဲ အဖေ့ကို လာကြိုဖို့ပဲ လုပ်နေတာ"
ဂျောင်ဂုစကားအဆုံး အဖေ့ဘက်မှ ဘာတုန့်ပြန်မှုမှ မရှိတော့ပေ။ ကားပေါ်ရောက်သည်အထိ ဘာမှပြန်မပြောသလို နှစ်ယောက်ကြား ဘာမှလည်း ထပ်မပြောဖြစ်ကြတော့။
သို့နှင့် ဂျောင်ဂုလည်း ကားပြတင်းပေါက်မှန်လေးကို ငေးရင်းသာ ကားပေါ်လိုက်လာလိုက်တော့သည်။
.
.
.
to be continued
(Zawgyi)
'ကင္ထယ္ေယာင္း'
ေက်ာင္းနာမည္ကတ္ျပား ရင္ထိုးေလးတြင္ ထြင္းထားေသာ အမည္နာမ တစ္ခု။
ေဂ်ာင္ဂု ထိုရင္ထိုးေလးကို လက္ဖဝါးေပၚတင္၍ အခ်ိန္တစ္ခုၾကာသည္အထိ စိုက္ၾကည့္ေနမိသည္။
ပထမဆုံးအႀကိမ္ ေတြ႕တုန္းက ထယ္ေယာင္း၏ ပုံရိပ္ေတြက ေဂ်ာင္ဂု အေတြးထဲတြင္ တစိုးတစ ျဖတ္ေျပးေနသည္။
အခုလက္ရွိ ထယ္ေယာင္းဟာ အရင္တုန္းကလို ခ်စ္ဖို႔ေကာင္းေနဆဲဆိုတာေတာ့ ေဂ်ာင္ဂု ဝန္ခံပါ၏။ သို႔ေသာ္ ယခုထူးျခားခ်က္က လူပ်ိဳေပါက္အ႐ြယ္ျဖစ္လာသည္မို႔ ပို၍ေခ်ာလာျခင္းပင္။
ေဒါက္ ေဒါက္
ကြၽီ..
႐ုတ္တရက္ တံခါးေခါက္သံနဲ႔အတူ တံခါးဖြင့္သံကိုပါ တစ္ၿပိဳင္နက္တည္း ၾကားလိုက္ရသျဖင့္ ေဂ်ာင္ဂုလည္း ရင္ထိုးေလးကို အျမန္ဖြက္ကာ နီးစပ္ရာ စာအုပ္တစ္အုပ္ကို ဆြဲယူ၍ စာက်က္ေနသလို ဟန္ေဆာင္လိုက္ရသည္။
"သား"
ဝင္လာသူက အေမျဖစ္သူ ဂြၽန္ဆယ္ရာ။ ေဂ်ာင္ဂု လွည့္မၾကည့္ဘဲ စာအုပ္ကိုသာ အာ႐ုံစိုက္ေနလိုက္၏။
"သားအေဖ Europe မွာ ရွယ္ယာရွင္ ရခဲ့ၿပီတဲ့၊ မနက္ျဖန္ ညေနေလာက္ျပန္ေရာက္မယ္ေျပာတယ္"
"အင္း"
"ေလဆိပ္မွာ သြားႀကိဳရမယ္ေနာ္၊ သားပါ လိုက္ခဲ့"
"ကြၽန္ေတာ္ အတန္းရွိတယ္"
"အေမ သိပါတယ္၊ ဒါေပမဲ့ တစ္ရက္ပဲေလ၊ တစ္ရက္မဟုတ္ဘူး ေန႔တစ္ဝက္ပဲ.. ေန႔တစ္ဝက္ပဲ ခြင့္ယူလိုက္"
အေမ့စကားအဆုံး ေဂ်ာင္ဂုထံမွ သက္ျပင္းခ်သံတစ္ခ်က္ထြက္လာၿပီး လက္ထဲမွ စာအုပ္ကို ပိတ္ကာ အေမ့ဘက္ကို လွည့္ၾကည့္လိုက္သည္။
"ဘာလို႔ အေရးမပါတာေတြပဲ လုပ္ေနတာလဲ"
"ဟင္"
"အေဖက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကို ဘယ္တုန္းက ဂ႐ုစိုက္ဖူးလို႔လဲ၊ ဘယ္တုန္းကေရာ အသိအမွတ္ျပဳဖူးလို႔လဲ၊ မနက္ျဖန္ သြားႀကိဳလည္း အာ႐ုံေနာက္လိုက္တာလို႔ပဲ ေျပာမယ္မွန္း အေမလည္း သိတယ္မလား"
ေဂ်ာင္ဂုစကားေၾကာင့္ အေမျဖစ္သူ မ်က္ႏွာ သိသိသာသာ ညိဳးက်သြားၿပီး ေဂ်ာင္ဂုနဲ႔ အၾကည့္ခ်င္း အျမန္လႊဲလိုက္ေလသည္။
အေမစိတ္ထိခိုက္သြားမယ္မွန္း ေဂ်ာင္ဂုသိေပမယ့္ ဒါက အမွန္တရားပဲမို႔လို႔ အေမ့ကို အသိတရားရၿပီး ကပ္တြယ္မေနေစခ်င္႐ုံ။ အေမက ခ်စ္သေလာက္ အေဖ့ဘက္က ဘာေမတၱာမွ ျပန္ေပးတာ မေတြ႕ဖူးတာေၾကာင့္ပင္။
"အဲ့ဒါ အေမ့ကိုပဲ ေျပာမွာပါ၊ သားပါ ပါရင္ သူအဲ့ေလာက္ မဟုတ္ပါဘူး၊ သားဘက္ကသာ နည္းနည္းပါးပါး သားအေဖကို ျပန္ဂ႐ုစိုက္လိုက္ရင္ သူက သားကိုေတာင္..."
"ကြၽန္ေတာ္ နားေတာ့မယ္ ပင္ပန္းေနၿပီ"
ေဂ်ာင္ဂုက အေမ့အား စကားဆုံးေအာင္ ေျပာခြင့္မေပးဘဲ ျဖတ္ေျပာကာ အိပ္ရာထဲ ဝင္လွဲလိုက္သည္။
"ေဂ်ာင္ဂု"
"မီးပိတ္ေပးခဲ့ပါ"
"အိမ္က driver ကို ေက်ာင္းအႀကိဳအပို႔ မလုပ္ေပးဖို႔ ေျပာထားတယ္ဆို"
အဆက္အစပ္မရွိ ေျပာလာတဲ့ အေမျဖစ္သူစကားေၾကာင့္ ေဂ်ာင္ဂု နားထင္ေၾကာေလးမ်ား တင္းခနဲျဖစ္သြားမိ၏။ ဒီကိစၥက ဘယ္က ပါလာတာလဲ။
"ဟုတ္ပါတယ္"
"ဘာလို႔လဲ သူငယ္ခ်င္းေတြနဲ႔ အတူသြားခ်င္လို႔လား၊ ဂန္ဟိုတို႔ ဟန္ဘင္းတို႔ပဲမလား"
ဂန္ဟိုနဲ႔ ဟန္ဘင္းက ေဂ်ာင္ဂုကဲ့သို႔ မ်ိဳး႐ိုးျမင့္ သူေဌးသားေလးမ်ားျဖစ္တာမို႔ အေဖနဲ႔ အေမက လြတ္လပ္စြာ ေပါင္းခြင့္ေပးထားသည္။ ဒါ့အျပင္ လူႀကီးခ်င္းပါ ခင္ၾကသည္မို႔ သုံးေယာက္ဆက္ဆံေရးက အကုန္အဆင္ေျပေျပပင္။
သို႔ေပမဲ့ ေက်ာင္းအတူသြား အတူျပန္လုပ္ေနတဲ့သူက ထယ္ေယာင္းမွန္းသာ သိရင္ ခ်က္ခ်င္း ပိတ္ပင္ လိုက္ၾကမွာ ေဂ်ာင္ဂုသိ၏။
ဒါေၾကာင့္ အေမ့ရဲ႕ ေမးခြန္းကို ေခါင္းၿငိမ့္ျပ၍သာ လိမ္ညာလိုက္ရေတာ့သည္။
"အင္းပါ သားစိတ္ခ်မ္းသာဖို႔ အဓိကပါ၊ ဒါေပမဲ့ အိမ္ကကားနဲ႔ မဟုတ္ေတာ့ သားပင္ပန္းမွာစိုးတယ္"
အေမက ေျပာၿပီးတာနဲ႔ ေဂ်ာင္ဂုေပၚကို ေစာင္ေလး ၿခဳံေပးလာရင္း
"သားက သားအေဖနဲ႔သိပ္တူတာပဲ၊ သား ႀကီးလာရင္ သားအေဖလို ခန႔္ေနမွာ ေသခ်ာတယ္"
ေဂ်ာင္ဂုမ်က္ႏွာက ၿပဳံးရယ္ျခင္း အလ်ဥ္းမရွိ။ ၿခဳံေပးလာေသာ ေစာင္ကို ေခါင္းၿမီးၿခဳံလိုက္ကာ တစ္ဖက္ကို ေစာင္းအိပ္လိုက္၏။
ေဂ်ာင္ဂု အျပဳအမူေၾကာင့္ အေမ့ထံမွ သက္ျပင္းခ်သံ တိုးတိုးေလး ထြက္လာေလသည္။
"သားအေဖက သားကို ခ်စ္ပါတယ္၊ သူ ထုတ္မျပတတ္တာပါ၊ ဒါေပမဲ့ သားဘက္ကလည္း နည္းနည္းေလွ်ာ့ေပးေစခ်င္တယ္၊ အေမက သားအေဖကို စိတ္ခ်မ္းသာေစခ်င္လို႔ပါ"
ေဂ်ာင္ဂု ဘာမွျပန္မေျဖမိ။ ခဏအၾကာမွ အေမ အခန္းထဲမွ ထြက္သြားသံကိုေတာ့ ၾကားလိုက္ရသည္။ အခန္းထဲဝယ္ တိတ္ဆိတ္သြားမွ ေဂ်ာင္ဂုလည္း ေခါင္းၿမီးၿခဳံထားတဲ့ ေစာင္ကို ဖယ္လိုက္မိ၏။
အေမ့ဘက္က ဒီေလာက္ ေတာင္းဆိုေနမွေတာ့ မနက္ျဖန္ အေဖ့ကို မေတြ႕ခ်င္လည္း သြားေတြ႕ဖို႔သာ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါေတာ့သည္။
.
.
"ဘာလို႔ အဲ့ဂြၽန္ေဂ်ာင္ဂု ဒီေလာက္ ၾကာေနရတာလဲ"
ထယ္ေယာင္း စက္ဘီးေလးေပၚထိုင္ေနရင္း မေက်မနပ္ ေရ႐ြတ္မိသည္။ ပုံမွန္ထက္ကို ႏွစ္မိနစ္ႀကီးေတာင္ ေနာက္က်ေနၿပီေလ။
ထယ္ေယာင္း စိတ္မရွည္စြာနဲ႔ သံဗန္းတံခါးႀကီးမွတဆင့္ အထဲကို ေခ်ာင္းေခ်ာင္းၾကည့္ေနမိရာ ခဏအၾကာမွ ေဂ်ာင္ဂု အိမ္ထဲက ထြက္လာတာျမင္သျဖင့္ အျမန္ေနာက္ျပန္ဆုတ္ကာ ဆန႔္က်င့္ဘက္ကို ဟန္ျပေငးေနလိုက္၏။
"သြားမယ္"
ေဂ်ာင္ဂုအသံၾကားမွ ထယ္ေယာင္းလည္း ဒီဘက္ျပန္လွည့္လာၿပီး ခုမွ ေဂ်ာင္ဂုကို ေတြ႕သည့္ဟန္ လုပ္ေနေလသည္။
"ခင္ဗ်ား ေနာက္ေန႔ကစၿပီး အုတ္တံတိုင္းအကြယ္မွာပဲ ေစာင့္ေန၊ ၿခံတံခါးေရွ႕မွာ ေနမေနနဲ႔"
ခက္ထန္ေသာ မ်က္ႏွာ၊ တည္ၿငိမ္ေသာ အသံေတြနဲ႔ ေျပာလာတဲ့ ေဂ်ာင္ဂုပုံစံက ထယ္ေယာင္း ေမွ်ာ္လင့္ထားတဲ့ ပုံစံေတာ့ ဟုတ္မေန။
"ဘာလို႔လဲ"
"ခင္ဗ်ားကို အိမ္ထဲကေန မျမင္ခ်င္လို႔"
"ဟင္"
"အဲ့လို ရွိတယ္၊ ခင္ဗ်ား မသိရင္ အသာေနပါ"
ေဂ်ာင္ဂုက ေျပာၿပီးတာနဲ႔ ထယ္ေယာင္း စက္ဘီးေနာက္ခုံေပၚ တက္ဖို႔ျပင္ရာ စက္ဘီးေနာက္ခုံတြင္ ေခါင္းအုံးေလးကို ႀကိဳးေတြနဲ႔ ပတ္ထားတာကို ေတြ႕လိုက္ရတာေၾကာင့္ ေဂ်ာင္ဂု ႏႈတ္ခမ္းေတြ အလိုလို ၿပဳံးေယာင္သမ္းလာမိေတာ့သည္။
"ကိုယ္တိုင္ လုပ္ထားတာလား"
"အင္း"
ထယ္ေယာင္း မေျဖခ်င္ ေျဖခ်င္ပုံစံေလးနဲ႔ မ်က္ေစာင္းတစ္ခ်က္ မသိမသာေလး ထိုးလိုက္မိ၏။
ထိုအခ်ိန္တြင္ ေခါင္းေပၚကို ေရာက္လာတဲ့ ေဂ်ာင္ဂုလက္ဖဝါး အထိအေတြ႕ေၾကာင့္ ထယ္ေယာင္း ကိုယ္လုံးေလး တုန္ခနဲျဖစ္သြားၿပီး ေဂ်ာင္ဂုကို အျမန္ေမာ့ၾကည့္မိလိုက္သည္။
ေဂ်ာင္ဂုကေတာ့ ထယ္ေယာင္း ဆံပင္ေလးေတြထဲ သူ႔လက္ေခ်ာင္းေလးမ်ားကို အသာထိုးဖြရင္း
"ေတာ္သားပဲ"
အၿပဳံးေရးေရးေလးနဲ႔အတူ ခ်ီးက်ဴးစကားကို ဆိုလာပုံက ခုနကနဲ႔ တျခားစီ။ ဘာေၾကာင့္ရယ္မသိ ထယ္ေယာင္း ႏွလုံးခုန္သံ စည္းခ်က္ေလးေတြ အနည္းငယ္ ျမန္ဆန္လာၿပီး ေဂ်ာင္ဂု၏ ခ်ီးက်ဴးစကားကို ပီတိျဖစ္သြားမိသည္။
ထိုခံစားခ်က္က စကၠန႔္ပိုင္းမွ်သာ။ ခ်က္ခ်င္း အသိစိတ္ျပန္ကပ္လာသလို မ်က္ႏွာကို ခ်က္ခ်င္းတည္လိုက္ကာ ေခါင္းေပၚမွ ေဂ်ာင္ဂုလက္အား ဖယ္ခ်လိုက္၏။
"မင္း.. မင္း.. စီနီယာတစ္ေယာက္ကို ဒီလို လုပ္လို႔ရတယ္လို႔ ဘယ္သူေျပာလဲ"
"အခုက ေက်ာင္းအျပင္မွာဆိုေတာ့ ကိစၥမရွိပါဘူး၊ က်ဳပ္က အေႂကြးရွင္ပဲ"
"ေက်ာင္းအျပင္မွာေပမယ့္ ယူနီေဖာင္းဝတ္ထားတယ္ဆိုေတာ့ ငါက စီနီယာပဲ"
ထယ္ေယာင္းစကားကို ေဂ်ာင္ဂုက ဘာမွျပန္မေျပာေတာ့ဘဲ ႐ြဲ႕ၿပဳံးတစ္ခ်က္သာ ၿပဳံးျပရင္း စက္ဘီးေနာက္ခုံေလးေပၚ တက္ထိုင္လိုက္ေလသည္။
"ဆိုဖာက ကြာလတီေတာ့ မေကာင္းေပမယ့္ အမာႀကီးထက္စာရင္ မဆိုးပါဘူး"
"ပါးစပ္ပိတ္ထား မဟုတ္ရင္ စက္ဘီးကို ေခ်ာက္ထဲ နင္းလိုက္မွာ"
"သေဘာပဲ"
ၾကည့္.. ၾကည့္။ ေၾကာက္တဲ့ပုံကို မျပတာ။ ဒီေလာက္ ၿခိမ္းေျခာက္ေနတာကို။
ထပ္ေျပာရင္လည္း ေလကုန္တာပဲ အဖတ္တင္မည္။ ဒီေကာင္ေလးနဲ႔က စကားေျပာရတာ အေပါက္အလမ္းတည့္သည္ကို မရွိ။
ဒါေၾကာင့္ ထယ္ေယာင္းလည္း စိတ္ကုန္ဟန္ ေခါင္းေလးတခါခါနဲ႔ စက္ဘီးကို စနင္းေလေတာ့သည္။
စက္ဘီးနင္းေနစဥ္တစ္ေလွ်ာက္ေတာ့ ေဂ်ာင္ဂုက အေနာက္ကေန ဘာမွ အေႏွာင့္အယွက္မေပးသျဖင့္ ေတာ္ေသးဟု ေျပာရမည္။
"ခဏရပ္"
အေႏွာင့္အယွက္မေပးဟု ေတြးတုန္းရွိေသးတာကို။
ေဂ်ာင္ဂုအသံေၾကာင့္ ထယ္ေယာင္းခ်က္ခ်င္း စက္ဘီးကို ရပ္လိုက္မိ၏။ ဘာလို႔ ခႏၶာကိုယ္က ေဂ်ာင္ဂုစကားေတြကို အလိုလိုတုန႔္ျပန္ေနမိမွန္းကိုမသိ။
"ေရခဲမုန႔္စားခ်င္လာလို႔"
ထပ္ေျပာလာေသာ ေဂ်ာင္ဂုစကားတို႔ေၾကာင့္ ထယ္ေယာင္း ေဘးဘီကိုၾကည့္လိုက္မိရာ အခုစက္ဘီးရပ္ေနတဲ့ေနရာက ေရခဲမုန႔္ဆိုင္တည့္တည့္တြင္ ျဖစ္သည္။
"အင္း ေစာင့္ေနမယ္ သြားဝယ္"
"ခင္ဗ်ား သြားဝယ္ေပး"
လြန္သြားၿပီ။ ဒါေတာ့ ေတာ္ေတာ္ကို လြန္သြားၿပီ။
"ငါ့ကို မင္းအိမ္က အလုပ္သမားထင္ေနလား၊ ဒီလို လက္တိုလက္ေတာင္းခိုင္းေနရေအာင္"
"အလကားမဟုတ္ပါဘူး၊ အေႂကြးက ေလးသိန္းက်န္တာမလား၊ သြားဝယ္ေပးရင္ ငါးေသာင္းေလွ်ာ့ေပးမယ္၊ သုံးသိန္းခြဲပဲ"
ဒီအေပးအယူက သိပ္ေတာ့မဆိုးလွ။ ဟိုတစ္ခါ ေရဘူးဝယ္ခိုင္းတာထက္စာရင္ အမ်ားႀကီးသက္သာသည္။
တိတ္ဆိတ္ၿငိမ္သက္ၿပီး မျငင္းပုံေထာက္ရင္ ထယ္ေယာင္း သေဘာတူသည္ဟု ယူဆသျဖင့္ ေဂ်ာင္ဂုလည္း အိတ္ကပ္ထဲမွ ပိုက္ဆံအခ်ိဳ႕ကို ထုတ္ေပးလိုက္ရင္း
"ေခ်ာကလက္အရသာ"
"တစ္ခုပဲလား"
"ခင္ဗ်ားေရာ စားခ်င္ရင္ ခင္ဗ်ားအတြက္ပါ ဝယ္လိုက္"
ေဂ်ာင္ဂုစကားအဆုံး ထယ္ေယာင္းမ်က္ႏွာေလးက ခုနကလို မႈိင္ေတြစူပုတ္မေနဘဲ ခ်က္ခ်င္း မ်က္လုံးေလးေတြ အေရာင္လက္လာေလသည္။
"ဝယ္ေကြၽးတာလား"
"အင္း"
"မင္းပိုက္ဆံနဲ႔လား"
"အင္း"
"အေႂကြးမဟုတ္ဘူးမလား"
"အင္း"
"ပိုက္ဆံျပန္မေတာင္းဘူးေပါ့"
"က်ဳပ္စိတ္မေျပာင္းခင္ သြားဝယ္၊ ထပ္ေမးေနရင္ အတိုးပါေတာင္းေတာ့မွာ"
အဲ့ေတာ့မွ ထယ္ေယာင္းက စပ္ၿဖဲၿဖဲေလးလုပ္ရင္း ေဂ်ာင္ဂုလက္ထဲက ပိုက္ဆံကိုယူကာ
"ခ်က္ခ်င္း ျပန္လာခဲ့မယ္"
ေျပာၿပီးတာနဲ႔ စက္ဘီးေပၚကေန လွစ္ခနဲ ေျပးဆင္းသြားပုံမ်ား ေရခဲမုန႔္တစ္ခါမွ မစားရသည့္သူႏွယ္။ ေဂ်ာင္ဂု အျပင္မွာ တစ္ေယာက္တည္း က်န္ခဲ့ရင္း အၿပဳံးစစၿပဳံးကာ ခပ္တိုးတိုးေရ႐ြတ္မိ၏။
"ကေလးက်ေနတာပဲ"
ခဏအၾကာ ဆိုင္ထဲကေန ေရခဲမုန႔္ေလးႏွစ္ခုကိုင္ကာ ကဆုန္ေပါက္ ေျပးထြက္လာေသာ ထယ္ေယာင္း။
"ေရာ့"
ေဂ်ာင္ဂုထံကို ေခ်ာကလက္ေရခဲမုန႔္ေလး ထိုးေပးလာၿပီး သူကိုယ္တိုင္ကေတာ့ စေတာ္ဘယ္ရီေရခဲမုန႔္ေလးကို လွ်ာေလးနဲ႔ လ်က္ေနေလ၏။
"ဝယ္ေကြၽးမိတာ မွားၿပီပဲ"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္း မ်က္လုံးေလး ဝိုင္းစက္သြားၿပီး သူ႔ေရခဲမုန႔္ေလးကို တစ္ဖက္သို႔ လွည့္ကိုင္လိုက္သည္။
"ဘာလို႔လဲ မရဘူးေနာ္.. ေကြၽးၿပီးစလစ္ပဲ၊ ငါလွ်ာနဲ႔လ်က္ၿပီးသြားၿပီ၊ မင္းစားခ်င္ရင္ ငါ့တံေတြးေတြပါ စားရမွာ"
"ဟာ.. ဘာေတြေျပာေနတာလဲ ညစ္ပတ္လိုက္တာ"
ေဂ်ာင္ဂုက စိတ္ညစ္ဟန္ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးမွ
"ခင္ဗ်ားက ေရခဲမုန႔္ကိုင္ထားေတာ့ လက္တစ္ဖက္တည္းနဲ႔ စက္ဘီးဘယ္လိုနင္းမလဲ"
"ဪ.. ဘာမ်ားလဲလို႔ ဒါေလးမ်ား၊ ငါက ေမြးကတည္းက စက္ဘီးနင္းလာတာ၊ လက္တစ္ဖက္တည္းလည္း ကြၽမ္းတယ္"
ထယ္ေယာင္းက ေျပာလည္းေျပာ စက္ဘီးေပၚလည္း ခြတက္ကာ လက္တစ္ဖက္တည္းနဲ႔ စက္ဘီးလက္ကိုင္ကို ကိုင္၍ စနင္းေလေတာ့သည္။
အဆင္ေျပတဲ့ပုံေတာ့ ေပါက္ေပမယ့္ လက္ႏွစ္ဖက္နဲ႔ နင္းတုန္းကေလာက္ေတာ့ မတည္ၿငိမ္။
"ခင္ဗ်ား လက္တစ္ဖက္တည္းနဲ႔ မျဖစ္ဘူးမလား"
"ျဖစ္တယ္"
"မျဖစ္ဘူးထင္တယ္"
"ျဖစ္ပါတယ္ဆို"
တကယ္လည္း ျဖစ္တဲ့ပုံေပၚတာေၾကာင့္ ေဂ်ာင္ဂု ဘာမွ ထပ္မေျပာေတာ့။ ထယ္ေယာင္းကေတာ့ ေရခဲမုန႔္တစ္ခုတည္းနဲ႔တင္ အားအင္ေတြ ျပည့္ဝသြားသလား မွတ္ရေအာင္ တက္ႂကြေနေလ၏။
ဘယ္ေလာက္မွမၾကာလိုက္ ေက်ာင္းေရွ႕ကို ေရာက္လာသျဖင့္ ေဂ်ာင္ဂုလည္း စက္ဘီးေပၚမွ ဆင္းလိုက္ေတာ့သည္။
ေဂ်ာင္ဂုမွာ လက္ထဲက ေရခဲမုန႔္မကုန္ေသးေပမယ့္ ထယ္ေယာင္းကေတာ့ ကုန္ပင္သြားၿပီျဖစ္၏။
"ေရခဲမုန႔္ဝယ္ေကြၽးလို႔ ေက်းဇူးပဲေနာ္၊ ၿပီးေတာ့ သုံးသိန္းခြဲပဲ က်န္တာမလား၊ မင္းစကားမင္းတည္"
"အင္း"
တစ္ခြန္းတည္းသာ။ တစ္ခြန္းတည္းျပန္ေျဖတာ အနည္းငယ္ စိတ္တိုစရာေကာင္းေပမယ့္ ေရခဲမုန႔္မ်က္ႏွာေၾကာင့္ ခြင့္လႊတ္လိုက္ပါမည္။
"ဒါဆို ညေနမွ ေတြ႕မယ္၊ မင္းအခန္းေရွ႕လာခဲ့မယ္ေနာ္"
"မလာနဲ႔ေတာ့၊ ဒီေန႔ တစ္ေယာက္တည္း ျပန္"
"ဘာလို႔လဲ"
"ေန႔တစ္ဝက္ခြင့္ယူထားတယ္"
"ဪ.. အင္းပါ"
ထိုမွ်သာေျပာၿပီး ေဂ်ာင္ဂုက ထယ္ေယာင္းကို ေက်ာခိုင္းကာ ထြက္သြားေလေတာ့သည္။ ထယ္ေယာင္းမွာလည္း ထိုပုံစံေလးအတိုင္း မလႈပ္မယွက္ရပ္ေနမိသည္မွာ ထြက္သြားေသာ ေဂ်ာင္ဂုေက်ာျပင္ေလး ျမင္ကြင္းထဲမွ ေပ်ာက္သည္အထိ။
ေဂ်ာင္ဂုနဲ႔ အတူမျပန္ရတာကို ဘာလို႔ စိတ္ထဲ ဝမ္းနည္းသလို ဟာတာတာျဖစ္သြားရသလဲဆိုတာေတာ့ ထယ္ေယာင္း အေျဖမရွာႏိုင္ခဲ့။
.
.
ေန႔လယ္ ၂နာရီ။
အင္ခြၽန္းေလဆိပ္။
"ဟိုမွာ သားအေဖလာၿပီ"
အေမက ဝမ္းသာေနသည့္ေလသံနဲ႔ ေျပာေနေသာ္လည္း ေဂ်ာင္ဂု မၾကည့္မိ။ ေခါင္းကိုငုံ႔ကာ ၾကမ္းျပင္ကိုသာ စိုက္ၾကည့္ေနမိသည္။
"ေယာက္်ား"
"ဘယ္သူႀကိဳခိုင္းလို႔ ဒီမွာေရာက္ေနၾကတာလဲ၊ အဓိပၸာယ္မရွိ အာ႐ုံေနာက္ဖို႔ေကာင္းေအာင္"
ေတြ႕ေတြ႕ခ်င္း ၾကားလိုက္ရတဲ့ အေဖ့စကားေတြက ေဂ်ာင္ဂုေတြးထားတာနဲ႔ အတူတူပင္။
အေမ့မ်က္ႏွာဘယ္လိုျဖစ္သြားမလဲ ေဂ်ာင္ဂု မျမင္ေပမယ့္ ခန႔္မွန္းေျခအရ ဝမ္းနည္းသြားမွာေတာ့ အမွန္ပင္။
"မင္းအိမ္ျပန္ေတာ့"
အေမ့ကို ေျပာသည့္ဟန္ရွိသည္။
"ဂြၽန္ေဂ်ာင္ဂုကိုပါ ဘာလို႔ေခၚလာတာလဲ၊ ေက်ာင္းတက္ေနရမွာမဟုတ္လား"
"ကေလးက ေယာက္်ားနဲ႔ေတြ႕ခ်င္တယ္ဆိုတာနဲ႔..."
"ကြၽန္ေတာ္ အဲ့လို တစ္ခါမွ မေျပာမိဘူး"
မေနႏိုင္စြာ ၾကားျဖတ္ေျပာလာေသာ ေဂ်ာင္ဂု။ အေဖ့မ်က္ႏွာက အနည္းငယ္တင္းမာသြားသလို အေမကလည္း မ်က္ႏွာပ်က္သြား၏။
သို႔ႏွင့္ သုံးေယာက္ၾကားတြင္ တိတ္ဆိတ္သြားၾကၿပီး ေလဆိပ္မွ ဆူဆူညံညံအသံမ်ားကသာ ၾကားဝင္လာသည္။
"ေန႔လယ္စာစားၿပီးၿပီလား ေဂ်ာင္ဂု"
အေဖက အေမးျပဳလာ၏။ ေဂ်ာင္ဂု ဘာမွ ျပန္မေျဖမိ။ တကယ္က မစားရေသးတာထက္ စားခ်င္စိတ္မရွိ၍ မစားေသးတာ။
"မင္း ေဂ်ာင္ဂုကို ဘာမွမေကြၽးထားဘူးလား"
အေမ့ဘက္ လွည့္သြားျပန္ၿပီ။
"အခု အသက္ ၁၇ႏွစ္အ႐ြယ္ ေယာက်္ားေလးဆိုတာ ဖြံ႕ၿဖိဳးဆဲကာလေလ၊ အစားပ်က္အေသာက္ပ်က္တင္မက အတန္းပါ ပ်က္လို ပ်က္နဲ႔ ဒီကို ေစာက္အဓိပၸာယ္မရွိေခၚလာေသးတယ္၊ မင္းကို ငါဘာလို႔မ်ား....ဟူး.."
အေဖက စကားေတြကို ဆက္မေျပာေတာ့ဘဲ ေလပူမ်ားအျဖစ္သာ မႈတ္ထုတ္လိုက္ေတာ့သည္။
"မင္းျပန္ေတာ့၊ ေဂ်ာင္ဂုက ငါနဲ႔လိုက္ခဲ့"
အေဖက ေျပာလည္းေျပာ၊ ေရွ႕ကေနလည္း ဦးေဆာင္ၿပီး သြားေနသည္မို႔ ေဂ်ာင္ဂုလည္း ေနာက္ကေန လိုက္ဖို႔ျပင္ေတာ့သည္။
အေမ့ကို မသိမသာၾကည့္မိေတာ့ အေမ့မ်က္ဝန္းေတြထဲ မ်က္ရည္စေလးေတြကို တစြန္းတစ ေတြ႕သျဖင့္ ေဂ်ာင္ဂုရင္ထဲ ဆစ္ခနဲျဖစ္သြားမိ၏။
ဒီလိုေတြ ျဖစ္မယ္မွန္း ဒီလိုေတြ အေျပာခံရမယ္မွန္း သိသိရက္နဲ႔ အေမဟာ သိပ္ကို မိုက္မဲတတ္တာမ်ားလား။
"မင္း ေက်ာင္းမွာ အဆင္ေျပလား"
အေဖ့ေမးခြန္းေၾကာင့္ ေဂ်ာင္ဂု အေတြးေတြ ပ်က္ကာ ပစၥဳပၸန္ဆီ ျပန္ေရာက္လာသည္။
"ေျပပါတယ္"
"မင္းအေမေရာ မင္းကို ေကာင္းေကာင္းဆက္ဆံလား"
အေဖသာ အေမ့ကို ေကာင္းေကာင္းဆက္ဆံသင့္တာ။
ေဂ်ာင္ဂု ထိုစကားေတြကိုေတာ့ ထုတ္မေျပာျဖစ္ဘဲ ရင္ထဲတြင္သာ သိမ္းထားလိုက္မိပါသည္။
"ေကာင္းပါတယ္"
"ဟုတ္ၿပီ၊ အခု ေန႔လယ္စာ သြားစားၾကတာေပါ့"
"ဘာလို႔ အေမ့ကိုပါ မေခၚတာလဲ"
"သူက စားေကာင္းေသာက္ေကာင္းေတြ စားလာမွာပဲ၊ ႀကံဖန္စိတ္ပူမေနနဲ႔"
"မဟုတ္ဘူး၊ အေမက အေဖ့ကိုပဲ ေတြ႕ခ်င္ေနတာ၊ သူဘာမွေတာင္ မစားထားဘဲ အေဖ့ကို လာႀကိဳဖို႔ပဲ လုပ္ေနတာ"
ေဂ်ာင္ဂုစကားအဆုံး အေဖ့ဘက္မွ ဘာတုန႔္ျပန္မႈမွ မရွိေတာ့ေပ။ ကားေပၚေရာက္သည္အထိ ဘာမွျပန္မေျပာသလို ႏွစ္ေယာက္ၾကား ဘာမွလည္း ထပ္မေျပာျဖစ္ၾကေတာ့။
သို႔ႏွင့္ ေဂ်ာင္ဂုလည္း ကားျပတင္းေပါက္မွန္ေလးကို ေငးရင္းသာ ကားေပၚလိုက္လာလိုက္ေတာ့သည္။
.
.
.
to be continued