အခန်း(၂၄)
အချိန်မှာနွေရာသီဆိုသည့်တိုင် မိုးကုတ်မြို့လို
တောင်ပေါ်ဒေသမှာတော့ အချမ်းပေါ့ရုံသာရှိမည်။
တစ်ခါတစ်ရံ မိုးကလေးများကျပါက
အညာဆောင်းကဲ့သို့ ချမ်းစိမ့်နေတတ်သေး။
-"ဟူး"
ယခုလည်း မိုးကေလးကျနေ၍ ရာသီဉတုမှာ ချမ်းအေးနေလျှက်။
မမလေးအနိုင်ဆိုလျှင် နဂိုကတည်းက
အအေးမခံနိုင်သူပီပီ ဆွယ်တာအနီကလေးဖြင့် ကျက်သရေရှိနေလေရဲ့။
သို့တိုင် ရာသီဉတုနဲ့ဆန့်ကျင်လျှက် မအေးချမ်းနိုင်
သူက ဒေါ်ဖြူ။
နဖူး၌ချွေးသီးကာ မျက်နှာနီလျှက် အံကိုကြိတ်လျှက်ဖြင့် ဧည့်ခန်းသို့ လှမ်းလှမ်းကြည့်နေသည်မှာ
သိပ်ကိုပူလောင်နေဟန်။
သိပ်ကို ခံပြင်းနေဟန်ပင်။
ထိုသို့ဖြစ်ရခြင်းက အခြားမဟုတ်။
မမလေးနှင့်တကွ ဧည့်ခန်းမှာထိုင်နေလျှက်ရှိသည့်
ဗိုလ်ဆန်ဆန်တွေမှုတ်လျှက် ဗိုလ်လို၀တ်စားလာသည့် အသားဖြူဖြူ အမျိုးသမီးကြောင့်ပေတည်း။
လာကတည်းက
ဟေး ယူ ဟေး ယက်စ်ဖြင့်
ဘာတေွမှန်းလည်းမသိပါ။
ဒေါ်ဖြူ အမြင်ကတ်တာပဲသိသည်။
ဟုတ်တယ်လေ။
ဒီမိန်းမကြောင့်သာ
သိပ်ချစ်ကြသည့် တို့မမလေးတို့လင်မယား
ကွဲခဲ့ကြတာမဟုတ်လား။
ဘာတဲ့။
မယ်မဒီဆိုလား ဘာလား။
အင်း နာမည်ကတော့နန်းစံပါရဲ့။
လူကဖြင့် ဗိုလ်ရူး။
ရုပ်လှသလောက် စရိုက်က
အထင်ကြီးစရာမရှိ။
သူ့လိုလူနဲ့ပေါင်းလို့သာပဲ
မိန်းမမြတ်ကေလးဝါက
ကလပ်တေွတက် ဘားတေရောက်ခဲ့ရတာ။
ဒါ့အပြင်အရက်တွေပါသောက်
အဲ ထားပါ
အရက်က သူ့ ဝါသနာလေ။
အဲ့မို့ ဒေါ်ဖြူနားလည်ပေးမည်။
မမလေးအနိုင်တောင် သူ့ချစ်လင်အကြိုက်
စပျစ် နာနတ် မက်မန်း စတဲ့ဝိုင်တွေကို
ရာ၀င်အိုးကြီးနဲ့ ဖော်စပ်ပေးသေးတာပါပဲ။
ဒေါ်ဖြူ နားလည်ပေးပါရဲ့။
သို့ပေသိ တစ်ခုပဲ။
ဒီမိန်းမ ။
ဧည့်ခန်းထဲက မိန့်မိန့်ကြီးထိုင်းနေတဲ့ ဒီဗိုလ်ရူးမ။
သူနဲ့ပေါင်းတာမျိုးဖြင့် ဒေါ်ဖြူနားလည်မပေးနိုင်ပါ။
ထိုနည်းတူ မမလေးအနိုင်လည်း နားလည်မပေးနိုင်လို့ ပြဿနာတွေတက်ခဲ့ရတာ မဟုတ်ဘူးလား။
နောက်ဆုံးတစ်ခေါက်ကဆို မမလေးအနိုင့်ကိုပစ်ပြီး
တပတ်လောက်တိတိ နှစ်ယောက်တည်း ခရီးထွက်ခဲ့ကြလို့ ဖြေရှင်းလို့မရတဲ့အထိ ဖြစ်ခဲ့ကြတာလေ။
ဒါကို အရှက်မရှိ မျက်နှာပြောင်တိုက်လာဝံ့တာ
ဒေါ်ဖြူလက်ဖျားခါပါရဲ့။
အိုဘာတဲ့။
ဒီမျက်နှာရူးမက ကျောက်လေလံရှင်ရှယ်ရာ၀င်တဲ့။
အမလေးနော် သူ့ဟာသူ
ဘာကောင်မဖြစ်ဖြစ်ပါ။
သားသားသူရိန်ရဲ့ အမေနှစ်ယောက်ကို
ခွဲထားတဲ့ တရားခံမိန်းမမို့
ဒေါ်ဖြူက အထင်ကိုမကြီး။
ရွံပါရွံမိသေး။
အမလေးတော်။
ဒီလိုမိန်းမကို ဧည့်ခန်းက စက်တင်ခုံဆိုဖာပေါ်ခေါ်ပြီး
မမလေးအနိုင်က ပြုံးပြုံးကြီး ဧည့်ခံေနေလရဲ့။
ဒါထဲက လက်ဖက်ရည်ပါဖျော်ပေးခိုင်းသေး။
ဒါကို ဒေါ်ဖြူမတင်းသေးပါ။
ဧည့်သည်လာရင် ဧည့်၀တ်ပြုရသည်မို့
တင်းချင်သည့်စိတ်ကို တရားနှင့်ဖြေနေသည်။
သို့သော် မမလေးခိုင်းလို့ မီးဖိုခန်း၀င်ကာ
ဖျော်ေပးမည်ကြံကာမှ
ဟိုမိန်းမလှမ်းအော်ပြောသည့် ဟိတ်ကြီးဟန်ကြီး စကားကြောင့်တင်းတာ။
ဘာတဲ့။
"သကြားမကြိုက်ဘူး နို့များများနဲ့ဖျော်" ဆိုပဲ။
အောင်မလေးတော်။
သူ့အိမ်သူ့ယာ ကျနေတာပါဘဲ။
စိတ်ရှိတိုင်းဆို
"နို့ဆီတော့မရဘူးဟေ့ အဆိပ်ပဲရှိတယ်"ဆိုပြီး
ကြွက်သတ်ဆေးသာ ထည့်ဖျော်
တိုက်ပစ်ချင်တော့တာပါပဲ။
-"ဟူး..စိတ်ထိမ်း မိဖြူ စိတ်ထိမ်း။
အနိစ္စ ဒုက္ခ အနတ္တ အစိုးမရပါတကား။"
-"ဒါနဲ့ Ladyကြီးဖြူရေ
ရေနွေးက မပူမနွေးပဲနော်"
-"ဟာ ဒီဖေ...
ကန်တော့ကန်တော့ပါဘုရား။
အနိစ္စ ဒုက္ခ အနတ္တ"
ဤသို့ဖြင့် မီးဖိုချောင်၌ ဒေါ်ဖြူတစ်ယောက်
ကြွက်သတ်ဆေးထုတ်တစ်ဖက်
one teaနို့ဆီဘူးတစ်ဖက်ဖြင့် ဗျာများနေခဲ့သည်။
မနည်းစိတ်ထိမ်းနေသည့်ကြား ဟိုက လှမ်းအော်ပြောသည့် အသံကြောင့် ကြွက်သတ်ဆေးထုတ်ကို
ဖျိကနဲ။
ပြီးမှ ကိုယ့်တရားကိုယ်သိ၍
နို့ဆီဘူးဖံုးကလေးကို အားခဲဖွင့်ရသည်။
အရေမတွန့်သေးသည့်လက်ပင် တုန်ရီနေသည့်
ဒေါ်ဖြူသည်
သခင့်အစား အစိုးမရသည့်စိတ်
ခံပြင်းသည့်စိတ်အပြင်
မိသားစုလိုဖြစ်နေသည့် သခင်အပေါ်ချစ်သည့်စိတ်
များဖြင့် များစွာ ပူပင်နေသည့်ဟန်။
စိုးရိမ်နေဟန်မှာ ပေါ်လွင်လှပေသည်။
ထို့နည်းတူ ခံပြင်းစိတ် ဒေါသစိတ်ကိုအံကြိတ်လျှက်
အပူရုပ်ကို အပြုံးတုနှင့်ဖုံးကာ ဟန်လုပ်ဧည့်ခံနေရသည့် သူ့မမလေး အနိုင့်အဖြစ်သာ ဒေါ်ဖြူသိခဲ့ပါလျှင် ဖြဲပြီးသားဆေးထုတ်ထဲက
အမှုန့်ကို လောင်းထည့်ခဲ့နိုင်မည်လား။
မေးရန်ပင်မလိုပါ။
တကယ်ပင် ထည့်ဖျော်ပါလိမ့်မည်။
********
-"ဟေး နိုင်နိုင်။"
-"ဟုတ် မမဒီပြောပါ"
-"ဟိုလေ..တို့ရဲ့ရင်ဘတ်ချင်းပေါင်းတဲ့
Ye"
-"ကျလိ"
-"သူလည်းမပြန်လာသေးပါလား။
Where is she?"
မမဒီ နှုတ်မှ Yeဆိုသည့် နာမ်စားကြောင့် ကြိတ်ထားသည့် အံကလေးမှ ချော်၍ ကျလိဟု မြည်သံဆွဲခဲ့ပြီ။
ဒါတွေကြောင့်ပဲ။
ဒါတွေကြောင့် အနိုင်ဝါ့ကိုမယံုနိုင်ခဲ့တာ။
သမုတ်ခဲ့တာ။
စွတ်စွဲခဲ့တာလေ။
မဒီက ဝါနဲ့ရင်ဘတ်ချင်းပေါင်းတာတဲ့လေ။
ဝါ့ကို အဝါမို့ ဗိုလ်ဆန်ဆန် Yellowကနေ
Yeလို့ အတိုကောက်ခေါ်သတဲ့။
လိုတာထက်ပိုတဲ့ ဆက်ဆံရေးတွေ။
ကဲကဲသဲသဲတွေ..
ယခုလည်းကြည့်လေ။
ပိုင်ရှင်ရှေ့လာပြီး သူမို့လို့
မျက်နှာတယ်ပြောင်။
စိတ်ရှိလက်ရှိသာဆို ရဲဗဒိုင်းလန်အောင်ဆိုးထားသည့် မဒီ့ခေါင်းက ဆံနွယ်တွေကိုဆွဲ၍
ပါးတေွ နားတွေသာချပစ်ချင်မိပါရဲ့။
စိတ်ထိမ်း အနိုင်။
နင် စိတ်ထိမ်း။
-"ကျလိ..
အဟင်း..ဟုတ်တယ် မမဒီ။
သူလည်း ဟိုက အက်..
အက်ကိစ္စတွေမနိုင်သေးတော့လေ။
အဲ့မို့ ပြန်မလာတာပါ။
ဒါနဲ့ မမဒီ ဒီကို ဘာကိစ္စများရှိလို့လဲမသိ"
-"Oh no! နိုင်နိုင်။
ယူတို့နဲ့ကိုယ်က ကိစ္စရှိမှလာရမယ့်သူတွေလားကွာ။
Depressionပါ အတောင့်လိုက်၀င်သွားပြီ။
လွမ်းလို့ပေါ့။
အဓိကက ယူထက် Yeကို ကိုယ်ပိုလွမ်းလို့
လာတာလေ..
Why?"
-" အဟင်း..
ဟုတ်..ဟုတ်ပါပြီ
ဘာရယ် မဟုတ်ပါဘူး။
ဒီအတိုင်းမေးကြည့်တာ..
အားတော့နာပါရဲ့ရှင်။
မမဒီလွမ်းနေသူကြီး မရှိနေတော့
ကျှန်မ တကယ်အားနာမိသွားတာ"
-"Never mind နိုင်နိုင်။
Never mind...။
အားနာရမယ့် သူတေမှမဟုတ်ဘဲ။
ဒီအတောအတွင်း
ကိုယ်အမေရိကရောက်နေတော့
အဆက်သွယ် မလုပ်ဖြစ်လို့
ယူ့Ladyစိတ်ကောက်မှာ
စိုးရိမ်မိတာပဲရှိမယ်။
ကဲပါ အခုသူမရှိမှတော့ ကိုယ်လည်း
ကြာကြာနေစရာသိပ်မရှိပါဘူး။
ဒါဆို ကိုယ်သွားမယ်"
အပြောနှင့်တကွ ဆတ်ကနဲ့ထရပ်လာသည့်မဒီ။
အနိုင်သည်လည်း ထိုနည်းတူ မတ်တပ်ထရပ်ရလေပြီ။
မဒီ့ကို စိတ်ထဲမှ သေလောက်ေအာင်
မကြည်သော်ငြား
ဧည့်သည့်အပေါ် ဧည့်၀တ်တော့ကျေချင်သေး၍။
-"နေပါဦးလား..
မမဒီရယ်။
ခုမှရောက်တာကို ဘာတွေလောနေတာလဲ.."
-"No No..
ကိုယ့်ရဲ့Yeမရှိမှတော့ ကိုယ်တစ်စက္ကန့်တောင်
မနေချင်တော့ဘူး နိုင်နိုင်။
အဲ့မို့ ခွင့်ပြုပါဦး။"
မမဒီသည် အနိုင်တားသည်ကိုပင်မမှုဟန်ဖြင့် အပေါက်သို့ ဦးတည်လျှက်သားဖြစ်ေနခဲ့သည်။
ထိုမှ ခြေလှမ်းအနည်းငယ်လျှောက်ပြီးမှ
ဘာစိတ်ကူးပေါက်သည်မသိ ပြန်လှည့်လာ၍။
-"ရော့ ဒါလေး။
Yeကိုယ်တိုင် ယူ့ကို ပေးစေချင်ပေမယ့်
ခုထိမရောက်လာတော့
ကိုယ်ပဲပေးထားခဲ့လိုက်မယ်"
မဒီက သူ့ရဲ့သားရေအိတ်အနက်ထဲက အထုတ်တစ်ခုကို မိမိထံကမ်းသည်။
ထိုပါးလွှာသည့်အိတ်ထဲ၌
စာရွက်စာတမ်းများရှိေနဟန်။
မသိရင် ဆေးရုံမှ ဓာတ်မှန်စာရွက်ထည့်ထားသကဲ့သို့
သို့မဟုတ် ဆေးစစ်ချက်အဖြေထုတ်လိုလို။
အနိုင် လှမ်းမယူမိပါ။
-"ဟို..ဘာများလဲ..မသိ"
-"ရော့..ယူထားလိုက်။
သိချင်သပါ့ဆို ပြီးမှဖတ်ကြည့်ပေါ့"
မိမိမယူသည်ကြောင့် လက်ကိုဆွဲ၍ အတင်းထိုးထည့်လာသည့် မဒီ။
ကျွန်ုပ် ဆတ်ကနဲ မေ့ာကြည့်မိတော့
မဒီက နှစ်ချိုက်စွာပြုံးသည်။
ဒီအပြုံး။
ပက်သက်ခဲ့သည့်တလျှောက်မှာ မဒီ့ဆီက
ပထမဆုံးအနေနဲ့မြင်ရသည့်
မာယာမပါသည့် ဂုဏ်ဒြပ်တွေကင်းသည့်
ဖြူစင်သည့်အပြုံး။
ထို့အပြင် စိုက်ကြည့်ေနသည့်
ရိုးသားဟန် မဒီ့မျက်၀န်း။
ထိုအပြုံး ထိုအကြည့်က ခနဆို ခနမျှသာ။
မဒီဟာ ချာကနဲ လည့်ထွက်သွားခဲ့ပြီ။
-"ဒေါက်.. ဒေါက်.. "
အနိုင် မည်သည့်စကားမှမဆိုနိုင်ပါ။
မှင်သက်စွာဖြင့်သာ မဒီ့နောက်ကျောသို့
ငေးစိုက်ကြည့်နေမိသည်။
အတွေးတို့၌လည်း မဒီနှင့်၀ါတို့အကြောင်းကို စဉ်းစားရသလောက် စဉ်းစားကြည့်မိသည်။
ဘာလဲ
ဒီလို ရိုးသားပုံရတဲ့
ဖြူစင်ပုံရတဲ့ အပြုံးနှင့်အကြည့်ကဘာလဲ။
တကယ်ဆို မရိုးသားခဲ့တာသူလေ။
ဝါ့အပေါ် သူမရိုးသားခဲ့တာမလား။
ဒါဆို ဘာ့ကြောင့်။
-"ဒေါက်!"
အနိုင် အတွေစများရှုပ်နေစဉ် အိမ်ပေါက်မှ
တန့်ကနဲဖြစ်သွားသည့် ဒေါက်ဖိနပ်သံ။
ထိုအသံကြောင့် စိတ်နှင်လူပြန်ကပ်စဉ်ခန။
မဒီက ခေါင်းကိုငဲ့၍ ပြန်လှည့်ကြည့်သည်။
ထို့နောက် ခုနကကဲ့သို့ ထပ်မံပြုံးပြေသးသည်။
အနိုင် ပြန်လည်ပြုံးပြလိုက်ပါရဲ့။
မဒီရဲ့အပြုံးထက်
ပိုမိုဖြူစင်သည့် အနိုင့်မူပိုင်အပြုံးကလေးဖြင့်ပေါ့။
သို့သော် တဆက်တည်း မဒီလှမ်းပြောလိုက်သည့်စကားများအဆုံး...
အနိုင့်အပြံုးတို့ဆက်လက် မပီပြင်နိုင်ေတာ့ပါ။
တဆက်တည်း လက်ထဲမှ စာရွက်စာတမ်း
အထုတ်သည်လည်း ကြမ်းပြင်ေပါ်သို့။
-"ဟေး နိုင်နိုင်။
Congratulation!
ယခုဆို Yeမှာ မင်းရဲ့ Babyေလးတွေ
လွယ်ထားပြီးပီ။
အစကတည်းက မပြောမိလို့
ကိုယ်နဲ့အူတိုမိေစခဲ့ရင် Sorry နိုင်နိုင်။
သူက ယူ့ကို surpriseတိုက်ချင်တယ်ဆိုလို့
ကိုယ်တို့ပေါင်းကြံခဲ့ရတာပါ။
ဪ ဒါနဲ့ေလ
ဆက်အထင်လွဲမခံနိုင်လို့ ပြောရဦးမယ်။
ကိုယ့်မှာလည်း မကြာခင်လက်ထပ်ရမယ့်
Girlfriend အလန်းေလး ရှိတယ်ကွသိလား။
နောက်တစ်ခေါက်ကျမှ
ဖိတ်စာလာကမ်းရင်း မိတ်ဆက်ပေးတော့မယ်။
bye နိုင်နိုင်။
Con Con For yours!
Good Luck!"
-"ဘုတ်!"
************
-"ဝေါ့..ဝေါ့"
-"အင်း..."
ဝါတစ်ယောက် အက်ဘေးတဲအိမ်ကလေးထဲ ထိုင်နေရင်းက အကောင်း။
ပြီးမှ ဘာထဖြစ်တယ်မသိ။ အပြင်သို့ပြေးထွက်၍
အော့အန်နေလေသည်။
ထိုကိုမြင်သည် မနုမှာဖြင့် ပြာပြာသလဲ ကျောပြေးထုရ မခိုင်မှာလည်း ရေပြေးခတ်ရ အလုပ်ကိုဖြစ်လို့။
-"သက်သာလားဟင် အဝါ။
အန်ချင်သေးလား။"
-"အင်း..အန်တော့အန်ချင်နေသေးတာ။
ရင်ထဲပျို့ပျို့တက်နေသလိုပဲ.."
-"ဝေါ့!"
ပြောရင်းဆိုရင်း ခေါင်းငိုက်စိုက်ကျပြန်သည့်ဝါ။
သူကသာ အန်တယ်ဆိုသည် ဘာမှကျမလာ။
တံတွေးများသာ ခနခနထွေးလျှက် တဝေါ့ဝေါ့ဖြင့်။
ထိုကတည်းက မနုသိပါသည်။
မနုနည်းတူ ရေခွက်ကိုကိုင်လျှက်
အဝါ့အနီးမထိုင်နိုင်ပါဘဲ တောင့်တောင့်ကြီးရပ်နေသည့် မခိုင်လည်း သိနေဟန်။
မနုမျက်နှာသို့ ငုံ့ကြည့်နေသည်။
မနုကလည်း ထိုနည်းတူ မခိုင်သို့ မော့ကြည့်နေေလ၏။
ဤသို့ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ရင်းက
မကြာမီ မျက်၀န်းများ၌ မျက်ရည်စများဖြင့် ပြည့်အိုင်လာခဲ့ကြသည်။
ဟုတ်သည်။
သူတို့နှစ်ဦး ခေါင်းတည့်တည့်၌
"အဝါ ဗိုက်ကြီးလေပြီ"
ဆိုသည့် မိုးကြိုးကြီးပစ်ချသွားမှတော့
သူတို့မသိစရာလား။
လူတွေကသာ ငြိမ်နေသော်ငြား
စိတ်တွေကဖြင့် အက်ထဲသို့ထိုးချ
ရှေ့နောက် လက်ပစ်ကူးနေခဲ့တာဖြင့် ကြာပေါ့။
ပျော်လွန်းလို့ပါလေ။
ထိုသို့ မျက်ရည်တွေအိုင်သည်အထိ
ပျော်ရလွန်းလို့။
ထို့ကြောင့် မတိုင်ပင်ပါဘဲ ပြိုင်တူပြုံးသည်။
ပြီးသည်နှင့် မတိုင်ပင်ပါဘဲ ထိုင်နေသည့် အဝါ့ကို
မနုက ချိုင်းမှ မခိုင်က ခြေရင်းမှနေ၍
ဆတ်ကနဲ။
-"အို့!
..အမလေး..
မနုတို့ ဘာတေလုပ်ကြ...
အဲ..
ချပေးပါ..ချပေးပါလို့!"
-"ဟေး...ဟေး..ဟေး"
-"အမလေး!
အကိုရေ!
အကိုဖိုးထောင်ရေ!
ကယ်ပါဦး!"
ဤသို့ဖြင့် လေတွေချည်းထိုင်အန်နေသည့်
ဝါတစ်ယောက်မှာ ဘုမသိဘမသိပါဘဲ
ဆတ်ကနဲကောက်ပွေ့ခြင်းခံရသည့်အပြင်
တဟေးဟေး မြှောက်စားခြင်း ခံနေရတော့သည်။
ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးတွေနှင့်
ဘယ်လိုအားတွေကြောင့် မြင့်မြင့်မြှောက်နိုင်ကြသလဲမသိ။
လူမှာ မျက်လုံးတို့ပြာေ၀ကုန်သည်။
မျက်၀န်းမှိတ်လျှက်ကြားက
တစရာရှိသည့် အကိုဖြစ်သူကို တရသည့်အဖြစ်။
ကိုဖိုးထောင် တဲအပြင်ဘက်က တဟေးဟေးအသံနှင့် မိမိကိုလှမ်းခေါ်သည့် ညီမအသံကြောင့် အပြေးအလွှားထွက်ကြည့်ရလေပြီ။
တွေ့ပါပြီ။
အထိပ်တလန့်မြင်ကွင်း။
သူ့ရဲ့ချစ်နှမ သူ့တတာလည်းမပြောနှင့်။
ဘယ့်နှယ် ကလေးေပါက်စကိို မအေတွေဖအေတွေ
ပွေ့မြှောက်သလိုကို မြှောက်နေကြသတဲ့။
တော်တော် ပျော်ရွှင်နေသည့်ပုံ။
မတော်လို့မနိုင်မနင်းတွေဖြစ် ပြုတ်ကျကုန်မှဖြင့်။
-"ဟ..ဟ အဲ့တာဘာလုပ်နေကြတာလဲ..
ရပ်စမ်း အခု ရပ်လိုက်စမ်း!"
-"ဟင်!"
ကိုဖိုးထောင်လှမ်းအော်မှ တန့်သွားကြသည့်
မခိုင်နှင့်မနု။
ပြူးတူးပြဲတဲကလေး လှမ်းကြည့်နေသည်မို့
သူတို့အနီးသို့ အမြန်သွားလိုက်သည်။
-"ချလိုက်စမ်း အနု
မိခိုင်လည်း ချလိုက်!"
တဆက်တည်း ပြောလည်းပြော နှမလုပ်သူကို
ခါးမှထိမ်းပွေ့ကာ ချပေးရန်ပြင်တော့ မရ။
ထို့ကြောင့် လက်မလွှတ်ကြသေးသည့် ကာကယံရှင်နှစ်ဦးထဲက ဇနီးဖြစ်သူကို လှမ်းကြည့်တော့ မထုံတက်သေးဖြင့် ပြောလာသည့်စကား။
ထိုတင်မကပေ။
မိခိုင်ကပါ ကြားဝင်ထောက်ခံလာစဉ်
အဝါ့ခါးမှ ထိမ်းကိုင်ထားသည့် သူလက်ပါ ယောင်၍ လွှတ်လိုက်မိေတာ့သည်။
-" ဘာလာကြည့်ေနတာလဲ။
မချေပးနိုင်ပေါင်နော်။
တော်အဖြစ်မရှိလို့ ကျုပ်မှာခုထိ
တစ်ယောက်မရခင်မှာ
သူရိန်လေးအပြင် နောက်ထပ်ကလေးရတဲ့
ဒီလောက်တော်တဲ့ ယောက်မကို
မြှောက်စားေပးရဦးမယ်။
ဟုတ်တယ်မလား မခိုင်"
-"ဟုတ်ပါ့..ဟုတ်ပါ့။
မသိဘဲနဲ့ လာပြီးချခိုင်းနေတာ။
ဒီမှာ ကိုဖိုးထောင် အာဏာပြချင်လည်း
နောက်မှပြ အခုတော့
တော့်နှမဗိုက်ထဲက
ဘာလေးမှန်းမသိတဲ့
အကောင်လေးအတွက်
မြှောက်စားကြမယ်လေ..
ဘယ်လိုလဲ ပါမလား"
-"ဘယ်လို! ဟ!
တ..တကယ်လား အဝါ။
ဟုတ်သလား သူတို့ပြောတာ..။"
အနုနှင့်မိခိုင်စကားသည် ကိုဖိုးထောင်ရင်ထဲ၌
မီးရှူးမီးပန်းဖောက်သကဲ့သို့ အုန်းကနဲဖုန်းကနဲပါပဲ။အပျော်အလုံးကြီး ဖြစ်ဟန်တူသည့် အလုံးကြီးတစ်လုံးက လည်ချောင်း၀အထိ တက်လာစဉ်
နှမလုပ်သူကို ပြာပြာသလဲငုံ့မေးရသည်။
ထိုကိုမှ ခပ်ရဲရဲမျက်နှာနှင့်အတူ
မျက်ေတာင်ကေလး ပုတ်ခတ်ပုတ်ခတ်ဖြင့်
ယောင်ပေပေေလးလုပ်နေသည့်
ချစ်နှမငယ် ဝါ။
ရှက်၍ ပြောရခက်နေဟန်။
ထိုသည်ကို ကိုဖိုးထောင် စိတ်တို့မရှည်နိုင်စွာဘဲ။
-"ဟင် ဟုတ်သလားလို့ ငါ့ညီမရဲ့။
ပြောစမ်း အကို့ကို ပြောစမ်း!"
နောက်တကြိမ် ငုံ့အမေး ဆတ်ကနဲတုန်သွားသည့် အဝါ။
သူ့အသံကျယ်၍ လန့်သွားဟန်ရှိသည်။
ထို့ကြောင့် မနေနိုင်သည့် မနုမှ။
-"အကိုရယ်
အနီးကပ်ပြီး အဲ့လောက်အော်မေးနေရသလားလို့။
အဝါ လန့်နေပြီ။
ဘယ်လိုဖြစ်နေတာလဲ
သူဖြေပါလိမ့်မယ်။"
-"ဟုတ်သားပဲ ဒီကိုဖိုးထောင်ကလည်း
ပိတ်အော်နေတော့တာ။
ဒါနဲ့ အဝါရေ
ဖြေရမှာချင်းအတူတူ
နင့်အကို့ကို မြန်မြန်သာ
ဖြေေပးလိုက်ပါတော့ဟယ်။
ငါတို့ဒီမှာ မြှောက်စားချင်လို့
ချီေပွ့ထားရတာပန်းလှပြီ။"
-"ဟုတ်..ဟို..အဲ့..အဲ့တာကလေ..
ယူတော့ ယူထားပေမယ့်..
ဆေးအဖြေမရေသးေတာ့..
ဟို..အောင်..မအောင် မသိလို့ပါ"
-"အမလေး အဝါရယ်။
အခုတောင် ပျို့အန်နေပြီပဲ။
အောင်သပါ့တော်
အောင်တာမှ သိပ်အောင်"
ဝါ တစ်ယောက် မိမိတောင်မသေချာ၍
မပြောဘဲထားထားသည့်ကိစ္စ။
ထိုကိုမှ အချက်ကျကျသိသွားသည့်
မနုနှင့်မခိုင်။
ယခုလည်း ဆေးအဖြေထက်ပိုသေချာနေသည့်
မခိုင်ရဲ့ အားပါပါ ထောက်ခံချက်ကြောင့်
ခန္ဓာကိုယ်သွေးကြော၌ သွေးတို့အစား
အပျော်ကလေးများ စီး၀င်ကုန်သည်။
အနီးအနားရှိ ဖြတ်တိုက်သွားသည့်
အညာလေပူကလေးကတောင်
"မိဝါရေ နင်အမေဖြစ်ပြီ"ဟု
အပြေးကလေးပြောသွား လေသယောင်။
ခုနကအထိ တိမ်ဖုံး၍ ရိပ်နေသည့် နေမင်းကြီးကပါ
ယခုမှ တိုးထွက်၍ ဗိုက်ထဲက ကလေးကိုနှုတ်ဆက်
လေသယောင်။
ကြိုဆိုနေသယောင်။
-"ဒါဆို..ဒါဆို။
ကျွန်မ ကျွန်မ ကလေးရတာ သေချာနေပြီပေါ့။
ဟုတ်သလား မခိုင်။
ကျွန်မ အနိုင့်ရင်သွေးလေး
ရတာ တကယ်သေချာ....
အို့! အကို!
ဘာ..ဘာလုပ်..."
အဝါ့ရဲ့ အံ့ဩ၀မ်းသာနှင့် မခိုင်ကိုကြည့်၍
မေးသည့်စကားပင်မဆုံးနိုင်ပါ။
ထပ်မံ၍ ခါးမှ ဆတ်ကနဲ ကောက်ပွေ့ချီသည့်
ကိုဖိုးထောင်။
သည်တစ်ခါ အရင်နှင့်မတူ။
သူ့အရပ်အရည်ကြီးကို ခါးကြီဆန့်လျှက်
မြဲမြံအောင်ပွေ့ထားခြင်းက
အောက်ချပေးဖို့ လုံး၀မဟုတ်တာ
အဝါသိပါရဲ့။
ထို့ကြောင့် အလန့်တကြားဖြင့် လှည့်ကာမေးမိတော့
မျက်ရည်များဖြင့် ငုံ့ကြည့်နေသည့် အကို့မျက်နှာ။
ဝါ့မှာ ပြောစရာပင်ပျောက်ရှကုန်သည်။
ကိုဖိုးထောင်ပြုံးနေလေသည်။
မျက်ရည်ကြားက သွားပေါ်သည်အထိ
နှစ်ချိုက်စွာ ပြုံးနေခဲ့ပါသည်။
ဒါကို ဝါသိသည်။
ဒါဟာ မိဘက ကိုယ့်သားသမီး
ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာရင်ဖြစ်စေ/
ဆရာက ကိုယ့်တပည့်
ထူးချွန်စွာစာမေးပွဲအောင်ရင် ဖြစ်စေ
ပြုံးတတ်သည့် အပြုံး။
ပီတိပြုံး။
ထိုသို့အပြုံးဖြင့် မိမိအကိုသည်
ကျွန်ုပ်ထံပြုံးကာ စိုက်ကြည့်ေနသည်။
ကျွန်ုပ်ပါ လိုက်ပါပြုံး၍ မျက်ရည်လည်မိတော့
ခပ်ဟဟ ရယ်သည့်အကို။
ထို့ပြင် တဆက်တည်း ပြောသည့်
အကို့စကား။
ထိုစကားကြောင့် ဝါတစ်ယောက် ဘုရားပါတရတော့သည်။
-"ဟဲဟဲဟဲ!
ဘာလုပ်ဆို..
ငါလည်းပါမလို့လေ..
ငါ့တူလား တူမလားမသိသေးတဲ့
အကောင်ကလေးကို မြှောက်စားခန်းမှာ
ငါလည်းပါမလို့ပေါ့"
-"ဗုဒ္ဓေါ!"
-"ဟေး!!!ဒါဆို စကြမယ်ဟေ့။
တစ် နှစ် သုံး"
-"ဟေး ဟေး ဟေး"
-"အမေ့!"
-"ဟေ့ တူကလေးရတော့မယ်ဟေ့..
တူကလေးရတော့မယ်"
-"ဟေး ဟေး ဟေး"
-"အဖေ့!"
-"ဟေ့..တူမလေးရတော့မယ်ဟေ့..
တူမလေးရတော့မယ်"
-"ဟေး ဟေး ဟေး'
-"အမလေး!
အမေတို့ အဖေတို့ရေ!
ကိုယ့်သားကိုယ် လာထိမ်းကြပါဦးလား!"
(30-1-2024)
*********