“ဘာတွေထပ်လုပ်စရာရှိသေးလဲ ဟျောင့်”
Intercom ကနေ လှမ်းမေးလာတဲ့
ချန်းယောလ်အသံကြောင့် မင်ဆော့တစ်ယောက် သက်ပြင်းကိုချလိုက်သည်
အရင်ကထက်ကို အလုပ်ကို အလွန်အကြွံလုပ်နေတဲ့ ချန်းယောလ်ကို သူတားမှဖြစ်တော့မယ်
ခရီးက ပြန်လာတဲ့ ပထမပိုင်းတော့ အလုပ်အကြွေးတွေများနေလို့ ထားပါတော့
အခုဟာ က ရက်ပေါင်း ၆၀ လောက် ရှိပြီကို
မနေမနားလုပ်နေတာ
နိုင်ငံခြားခရီးစဉ်ရှိလို့ သွားပြီးပြန်လာရင်တောင် မနားပဲ အလုပ်ကိုတန်းလာတာ
သူ့အိမ်ကိုတောင် တစ်ပါတ်တစ်ခါလောက်မှပြန်ပြီး ရုံးက ဆိုဖာပေါ်မှာပဲ အိပ်အိပ်နေတတ်တာ သူသတိထားမိတာကြာပြီ
ဂျွန်ဟီးနဲ့များ အဆင်မပြေကြတာလားလို့ တွေးမိပေမယ့်..သူအကဲခက်ရသလောက်တော့ အဲ့လိုလဲ မဟုတ်ပြန်
ချန်းယောလ်က စက်ရုပ်တရုပ်နဲ့ တူလာပြီး
လူတကာကိုလည်း စိတ်တိုင်းမကျဖြစ်နေသလိုပဲ
အခန်းထဲကို ဝင်သွားတဲ့အခါ စားပွဲပေါ် ခေါင်းငိုက်စိုက်နဲ့ လေဟာနယ်ကို စိုက်ကြည့်နေတဲ့
ချန်းယောလ်
ချန်းယောလ် အဲ့လိုဖြစ်နေတာ ကြာပြီ
တစ်ခါတစ်လေ သူစကားပြောနေရင်းကနေ ငိုင်ကျသွားတာ သူများရှေ့မှာ ဟန်ဆောင်ထားလို့ရပေမယ့် သူကတော့ လွန်ခဲ့တဲ့ ၃ နှစ်လုံးလုံး အနီးကပ်နေလာတာမို့ သိသည်
အခုလည်း အေးစက်နေတဲ့ ကော်ဖီခွက် က အရာမပြတ်
သူ ဝင်လာတာကိုလည်း သတိထားမိပုံမပေါ်
“ချန်းယောလ်”
“အော်...ဟျောင့်”
အခုမှ သတိဝင်လာသလို မော့ ကြည့်သည်
“ဘာတွေ လုပ်ဖို့ရှိလဲ”
“နောက်နှစ်လောက်ထိကို မလုပ်မလုပ်ဘဲ ထိုင်နေလို့ရပြီ”
“ဗျာ”
“မင်း နားသင့်နေပြီ ချန်းယောလ် ၊ ဘာလဲ လက်ထပ်ပြီးရင် တစ်နှစ်လောက် အနားယူမလို့ အလုပ်တွေအခုအကုန်ကြိုလုပ်တာလား။”
သူ့မေးခွန်းကို ချန်းယောလ်က ဘာမှမဖြေဘဲ ခေါင်းခါပြီး ထရပ်လိုက်တဲ့ ချန်းယောလ်က တစ်ချက်ယိုင်သွားတာမို့ သူကပျာကယာ သွားထိန်းလိုက်ရသည်
“ဘယ်လိုဖြစ်တာလဲ နေမကောင်းဘူးထင်တယ် မင်းကိုကြည့်ရတာ”
သူက ချန်းယောလ်ရဲ့ အတွင်းရေးမှူးဆိုပေမယ့် အရမ်းကြိုးစားပြီး ထူးချွန်တဲ့ ချန်းယောလ်ကို ညီငယ်တစ်ယောက်လို ဂုဏ်ယူရသည်..ဒါပေမယ့် ဒီလောက်ကြီး ခန္တာကိုယ်ကို မညှာမတာ ခိုင်းပြီး ဘာကြောင့်ကြိုးစားနေရသလဲ နားမလည်တော့ပါ
“ရတယ် ဟျောင့်..ရုတ်တရက်ထလိုက်လို့ မိုက်ခနဲဖြစ်သွားတာပါ”
“မင်း အနားယူသင့်နေပြီ၊ ဒီနေ့တော့ အိမ်ပြန်ပြီး နားလိုက်ပါလား”
“ခဏ နားလိုက်ရင် သက်သာသွားမှာ ကျွန်တော့ကို အမေရိကာနိုတစ်ခွက်လောက်”
“မင်း ဒီတစ်ခွက်လည်း မသောက်လိုက်ဘူးလေ”
“အော် ဟုတ်သား။ကျွန်တော်မေ့သွားလို့..အဲ့ဒါပဲ သောက်လိုက်မယ်”
“အေးစက်နေပြီကို..ထပ်မှာပေးမယ်နေအုံး”
“ရတယ် နေပါစေ၊ မသောက်တော့ဘူး ..ကျွန်တော် ဒီနေ့ ဘာ schedule တွေရှိသေးလဲ”
“ဒီနေ့ အားလုံးပြီးပြီ။ အချိန်ကိုလည်းကြည့်အုံး အိမ်ကို ပြန်ဖို့ပဲ ကျန်တော့တယ်။ လာ အိမ်လိုက်ပို့ခဲ့မယ်”
“အာ ရတယ် အစ်ကိုပဲ ရုံးဆင်းလိုက်ပါ၊ ကျွန်တော့် ဘာသာပြန်လိုက်မယ်”
“မင်း ဘာသာဆို မပြန်လို့ပေါ့..နားလိုက်တော့ ဒီနေ့တော့၊ နောက်ပါတ်ထဲမှာ oversea trip တွေလည်းရှိသေးတယ်၊ မင်းကြည့်ရတာ condition သိပ်မကောင်းဘူး..လာ သွားမယ်”
သိမ်းစရာ ရှိတာတွေ အကုန်သိမ်းပေးပြီး သူအတင်းအကြပ် ကားဆီဆွဲခေါ်လာတဲ့နောက်
မလိုက်ချင် လိုက်ချင် လိုက်လာသည်။
***
အသက်ရှုလိုက်တိုင်း အသက်မဲ့နေသလို ခံစားရတယ်
ဘက်ခဟျွန်းကို ခေါင်းထဲကနေ ထုတ်ဖို့ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်သတိပေးနေပေမယ့်
ဒီဒဏ်ရာတွေရဲ့ နာကျင်မှုကို မေ့ပစ်လိုက်မိမှာလည်း သူစိုးရိမ်နေမိပြန်တယ်
ဂျွန်ဟီးကို ဖက်ထားရင်းကနေတောင် ဘက်ခဟျွန်းရဲ့ဘေးအနားမှာ နေရတဲ့ အနွေးဓာတ်ကို တောင့်တမိတဲ့အထိ သူအမှိုက်တစ်ခုလို ဖြစ်နေမိပြီ
သူတို့ဇာတ်လမ်းဟာ ပြီးသွားခဲ့ပြီဆိုတာကို ကိုယ့်ကိုကိုယ် သတိပေးရတိုင်း နာကျင်ရ
သူတို့ တကယ် ဝေးခဲ့ကြပြီဆိုတာကို သတိရမိလိုက်တဲ့ စက္ကန့်တိုင်း သူ့နှလုံးသားဟာ ဗလာကျင်းနေတဲ့ အခေါင်းပေါက်တစ်ခုလို လစ်ဟာသွားရတာကိုလည်း သူမသိကျိုးကျွန်ပြုနေရတယ်
ဘက်ခဟျွန်းမရှိတဲ့ ဆိုလ်းကို
ဘက်ခဟျွန်းရဲ့ အငွေ့အသက်တို့ မရှိတဲ့ နေရာကို ပြန်သွားလိုက်ရင် သူအဆင်ပြေသွားမှာပါလို့ တွေးခဲ့မိတာ
လွန်ခဲ့တဲ့ နှစ်တွေကတောင် ကြိုးစားပြီးနေနိုင်ခဲ့သေးတာပဲ သူ့ကိုယ်သူ အဲ့လို ယုံကြည်မိခဲ့တာ
အခုတော့ မျက်လုံးမှိတ်လိုက်ရင်တောင်
နာကြင်ကြေကွဲနေတဲ့ ဘက်ခဟျွန်းရဲ့ မျက်ဝန်းတွေ
မြို့ငယ်လေးရဲ့ လမ်းတို့ထက်မှာ အတူရယ်မောခဲ့ဖူးတဲ့နေ့ရက်တွေ
သူ့ကို နုနုညံ့ညံ့ကြည့်ပြီး “ ငါတိုချန်းယောလ်လီက ချစ်ဖို့အကောင်းဆုံးလို့” ရေရွတ်ပြီး အနမ်းဖွဖွပေးခဲ့တာတွေ
အိမ်နဲ့ပြသာနာတက်တိုင်း ဘက်ခဟျွန်းပုခုံးသေးလေးလေးဟာ ကမ္ဘာကြီးတစ်ခုစာလောက် သူ့အတွက်မှီခိုရာ ဖြစ်ခဲ့တဲ့ နေ့ရက်တွေ
“ဒီလောကကြီးမှာ မောင့်ကို ငါအချစ်ဆုံးပဲ
သိလားလို့” ရှားရှားပါးပါး စိတ်လိုလက်ရ ချွဲလာတိုင်း သူအချိန်တွေကို ရပ်တန့်မိချင်လောက်တဲ့အထိ မြတ်နိုးခဲ့ရတဲ့ အတိတ်ကနေ့တွေ
အဲ့ဒီလိုနေ့တွေကနေ
“မင်း ထွက်သွားလည်း ငါဂရုမစိုက်ဘူး” လို့ ရက်ရက်စက်စက် ပြောခဲ့တဲ့ နေ့တွေအထိ သူ့အတွေးထဲဝင်ရောက်လာတာကို တားဖို့ ကူကယ်ရာမဲ့နေခဲ့တယ်...
ဘက်ခဟျွန်းရော..
ချန်းယောလ်ဟာ အိပ်ရာထဲက ဝုန်းခနဲထကာ သူမှတ်မိနေတဲ့ ဖုန်းနံပတ်တစ်ခုကို နှိပ်လိုက်တယ်
အဲ့ဒီအိမ်ဖုန်းနံပါတ်ကို ဘက်ခဟျွန်း ခုထိ သုံးနေသေးလား သူမစဉ်းစားနိုင်
“တီ...တီ...တီ...တီ...တီ
ဟယ်လို ဘက်ခဟျွန်းပါ..အဆင်ပြေနေတယ်မဟုတ်လား.. ခရီးထွက်နေတဲ့အတွက် ပြောစရာရှိရင် ပြောခဲ့နော်...ပြန်ဆက်သွယ်လိုက်ပါ့မယ်
ပီဆိုတဲ့ အသံကြားရင် ...အသံမက်ဆေ့ချန်ထားနိုင်ပါပြီ”
ဟင့်အင်း အဆင်မပြေဘူး ဘက်ခဟျွန်းနား
ချန်းယောလ်ဟာ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှိုက်ကြီးတစ်ငင် ငိုကြွေးနေမိတယ်...
အခုလို ညလယ်ခေါင်မှာ ရုတ်တရက်ထိုင်ပြီး ငိုနေမိတဲ့ ရက်တွေကို သူ့ကိုယ်သူ ဘယ်လိုကုစားရမလဲ မသိနိုင်တော့တဲ့အထိပဲ
အချစ်ရေ မောင် မင်းကို တကယ်ဆုံးရှုံးလိုက်ရပြီ...