ကိုရီးယားကိုပြန်ရောက်တော့
မမတို့မြို့ကိုပဲ တန်းပြီး သွားလိုက်ကြတော့တယ်။
အမှန်တော့ အိမ်ကို ဝင်ခဲ့သင့်ပေမယ့်
ဘာတွေစိတ်ရှုပ်စရာကြုံမလဲမသိရဘူးလေ။
အဲဒါကြောင့်
ပြန်ခါနီးမှ ဝင်တော့မယ်။
နာဟီးတို့ ဟယ်ဝန်းတို့ကိုလည်း ရောက်ကြောင်းပြောပြီး
အပြန်မှဝင်မယ်လို့ပဲပြောထားလိုက်တော့တယ်။
မမကတော့ ဘာဒါပါလာမယ်လို့
သူ့အမေကိုပဲ ပြောထားတယ်တဲ့။
ယောက္ခမကြီးကတော့ တကယ်ကို သဘောကောင်းတာ။
မမဟိုမှာကျောင်းတက်တာလည်း အမေပဲသိပြီး ကျောင်းပြီးခါနီးမှ အဖေကိုပြောတာတဲ့။
ကိုယ်မသိရုံတင်မဟုတ်ဘူး အိမ်ကလူတွေကိုပါ မပြောတဲ့ ပတ်ချယ်ယောင်း။
မနိုင်ဘူး တကယ်..။
မြို့လေးကတော့ အရင်အတိုင်းပဲ။
ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း။
လှလှပပ။
အိမ်ရောက်တော့
နည်းနည်းတော့ မျက်နှာပူမိသား။
အရင်တစ်ခေါက်က
ဒီတိုင်းပဲ အသိဆိုပြီးလိုက်လာခဲ့တာမလား။
အခုကျတော့ ပြောရတော့မယ်လေ။
မမအမေက သိပေမယ့်
ဒီတစ်ခေါက် ယောက္ခထီးကြီးကိုပါပြောရမှာဆိုတော့ ကြောက်မိသား။
မမမောင်လေးကတော့
သိပြီးသားဖြစ်မှာပါ။
သူက မြင်ကတည်းကသိလိုက်တာ
အရိပ်အကဲအရမ်းမြန်။
''ဂျွန်ယောင်း အမေရော''
အိမ်ရောက်တာနဲ့ ဂျွန်ယောင်းနဲ့အရင်တွေ့တယ်။
ဘာဒါ့ဘက်ကို ဝေ့ကြည့်လိုက်ပြီးမှ
''ဆိုင်မှာပေါ့''
''အင်း ဘာဒါ လာလေ''
အိမ်တံခါးဝမှာ ရပ်နေတဲ့ ဘာဒါ့ကို မမကခေါ်တော့ ဂျွန်ယောင်းက
''လူတွေမြင်ရင် တစ်ခါမှမရောက်ဖူးဘူးလို့ထင်နေပါဦးမယ်နော်''
ဘာဒါခေါင်းငုံ့ပြီး ပြုံးလိုက်ရင်း
အထဲဝင်လိုက်တယ်။
ပြောသမျှတော့ ခံရတော့မယ်။
''အထဲဝင် နားလိုက်လေ
တို့ ဆိုင်ဘက်သွားပြီး အမေ့ကို ရှာလိုက်မယ်''
''အထဲဝင်နား
အမေက နှစ်ယောက်အိပ်ကုတင်ကြီးထည့်ပေးထားတာ ဟီးလို့
တစ်ခန်းလုံးအပြည့်ပဲ''
မမက ဘာဒါ့ကို အားနာသလိုကြည့်ပြီး
''ဂျွန်ယောင်းရယ်
ဘာတွေလိုက်ပြောနေတာလဲ''
''ရပါတယ်မမရဲ့
ခဏလေး ကိုယ်လည်းလိုက်ခဲ့မယ်''
ပစ္စည်းတွေအခန်းထဲထည့်ပြီးတာနဲ့
မမနဲ့အတူ ဆိုင်ဘက်ကို လိုက်ခဲ့လိုက်တယ်။
မဟုတ်ရင် ပတ်ဂျွန်ယောင်းထိုးတဲ့ မျက်စောင်းတွေနဲ့တင် ပြာကျတော့မယ်။
ဆိုင်ရောက်တော့
မမအမေရော အဖေရောရှိတယ်။
''သြော် ကလေးတွေရောက်ကြပြီလား
နားကြလေ
အမေတို့ပြီးရင် လာခဲ့မယ်''
''ဘာဒါ မတွေ့တာကြာပြီ''
''ဟုတ် ဦး
နောက်တော့
မကြာမကြာ လာခဲ့ပါ့မယ်''
''အေးပါကွာ
သွား သွား ပြန်နားကြ''
''ဟုတ် ရတယ်
ဘာတွေ ကူပေးရမလဲ''
''ရတယ် ရတယ်
ဒီမှာလည်း လူသိပ်မကျဘူး''
အခြေအနေကတော့
တော်တော်ကောင်းတယ်။
မမအဖေက သိပြီးပြီလား။
မသိသေးလို့ ဒီလိုလားတော့မသိပေမယ့်
အရာအားလုံးအဆင်ပြေနေတယ်။
''ဘာဒါ ပြန်ရအောင်''
''မဟုတ်ဘူးလေ မမ''
''ပင်ပန်းနေတယ်မလား လာပါ ရပါတယ်''
ပတ်ချယ်ယောင်းကတော့ လူကိုအမှတ်လျော့အောင်လုပ်နေပါပြီ။
အိမ်ထဲပြန်ဝင်တော့ ဂျွန်ယောင်းကိုမတွေ့တော့ဘူး။
လူလစ်တာနဲ့ မမပါးလေးကို ငုံ့နမ်းလိုက်ပြီး
''ခဏလောက်အိပ်လို့ရလား''
''အဟမ်း အဟမ်း''
မီးဖိုခန်းထဲက ထွက်လာတဲ့ဂျွန်ယောင်းကြောင့်
နှစ်ယောက်သား လူချင်းခွာလိုက်ရပြီး
''ဟို ကိုယ် ဝင်နားလိုက်မယ်လို့ပြောတာ''
''ဟင် အင်း အင်း
နားလေ နားတော့''
မမအခန်းထဲ ဝင်လှဲလိုက်တာ
ခဏအိပ်ပျော်သွားတယ်။
''ဘာဒါရေ ထတော့
ရေချိုးလိုက်ပါလား
ညစာစားရအောင်''
''ဟင်..
လာ ကိုယ့်ကိုခဏဖက်ထားဦး''
အိပ်ချင်မူးတူးနဲ့ ပတ်ချယ်ယောင်းကိုဖက်ပြီး ဇိမ်ခံရတာ အရမ်းကောင်း။
''သွားမယ် ခဏနေ ဂျွန်ယောင်းဝင်လာဦးမယ်''
ပွစိပွစိအလွန်ပြောတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တော့
အတင်းရုန်းတယ်။
ပတ်ချယ်ယောင်းက လူမြင်မှာအရမ်းကြောက်တာလေ။
ဒီကလူကလည်း
အဲလိုကြောက်လေ လူကြားထဲမှာ နမ်းချင်လေပဲ။
အပေါ်နှုတ်ခမ်းလွှာလေးကို ဆွဲယူစုပ်နမ်းပစ်တော့
မမက စိတ်တိုပြီး ဘာဒါ့နှုတ်ခမ်းကို ကိုက်တယ်။
ချက်ချင်းထပြီး အုပ်မိုးပစ်လိုက်ပြီး
ငုံ့ချလိုက်တော့
''မမရေ..
အမလေး..
အမေရေ..''
ကောင်းခန်းရောက်ရင် ပတ်ဂျွန်ယောင်းက ရောက်လာလိုက်ရမှ။
ဝုန်းခနဲ ထခုန်လိုက်မိလားတောင်မပြောတတ်။
ချက်ချင်း ကုတင်အောက်ကို ဆင်းပြီး မတ်တပ်ရပ်လိုက်ရတယ်။
မမကလည်း ထိုင်ရက်သားလေး။
မမအမေက ဘာဖြစ်တာလဲလို့ စိုးရိမ်ပြီး အပြေးရောက်ချလာတယ်။
''ချယ်ယောင်းရေ ဘာဖြစ်ကြလဲ''
''မဖြစ်ပါဘူး အမေ''
အဒေါ်က အခန်းထဲက နှစ်ယောက်ရဲ့အခြေအနေကိုကြည့်ပြီး သဘောပေါက်သွားပုံတော့ရတယ်။
''အေး အေး ပတ်ဂျွန်ယောင်းတစ်ယောက်နဲ့တော့လေ''
''ရေချိုးလိုက်မယ်နော် မမ''
''အဲဒါကြောင့် အိမ်မှာ အနေအထိုင်ဆင်ခြင်ပါလို့ပြောသားပဲ''
''မမက တံခါးကိုလော့ချခဲ့ရမှာလေ''
''ညလည်းမဟုတ်ပဲ လော့ချထားရင်
ပိုဆိုးမှာပေါ့''
''မသိဘူးကွာ''
ရေချိုးပြီး ပြန်ထွက်လာတော့
မမအဆင်သင့်ထုတ်ပေးထားတဲ့ အဝတ်အစားတွေကို ဝတ်ပြီး
ထမင်းစားခန်းကို သွားလိုက်တော့
လူစုံနေပြီ။
''ဘာဒါ
လာ ထိုင်''
''ဟုတ်ကဲ့''
မမအဖေက အကောင်းဆုံးပဲ။
ဟဲဟဲ။
ထမင်းစားတော့လည်း
မမက ဘာဒါ့ပန်းကန်ထဲဟင်းထည့်ပေးရင်
ဂျွန်ယောင်းက
''မမ ငါ့ကိုရော..''
''ထည့်စားပါလား
လက်မပါဘူးလား''
''ငါ့မှာပဲလက်ပါတာလား''
သူ့အစ်မကို သဝန်တိုချက်ကတော့..။
''ထမင်းဝိုင်းမှာ ရန်မဖြစ်ကြနဲ့''
''ဟိုမှာ အဆင်ပြေကြတယ်မလား''
''သြော် ဟုတ်
ပြေပါတယ်''
မမအဖေကမေးတော့
ဘာမေးမှန်းမသိပဲ ရမ်းသမ်းဖြေလိုက်ရသေးတယ်။
ထမင်းစားပြီးမှ
''ဘာဒါ အမေတို့အခန်းကို ခဏသွားရအောင်''
ခြေဖျားလက်ဖျားတောင် အေးသွားသလိုပဲ။
ခုနကမှ အတူတူရယ်မောထမင်းလက်ဆုံစားခဲ့တာဆိုပေမယ့်
ရုတ်တရက်ကြီး သမီးတောင်းရမယ်ဆိုတော့
ရင်တေတုန်လိုက်တာ။
''ဒေါက် ဒေါက်''
''ချယ်ယောင်းလား သမီး ဝင်ခဲ့''
အထဲရောက်တော့
ကြမ်းပြင်မှာပဲ ထိုင်ရတာမို့
မမကတော့ ဒီတိုင်းထိုင်လိုက်ပေမယ့်
ဘာဒါကတော့ ဒူးတုပ်ပြီး ထိုင်လိုက်မိတယ်။
မမအဖေက
''ဘယ်လိုစဥ်းစားထားကြလဲ ပြောပါဦး''
''ဟို..''
ပြောမလို့လုပ်ပြီးမှ သုံးယောက်သား
မမအဖေကို ဝိုင်းကြည့်မိတယ်။
သိနေတာလားပေါ့။
''ဘာလဲ
မင်းတို့ပဲ သိတယ်ထင်လို့လား
ငါလည်းသိတယ်လေ''
''သြော် ရှင်ကလည်း သိရင်သိတယ်မပြောဘူး''
''မင်းလည်းမပြောဘူးလေ''
''ကျမက ရှင်မသိဘူးထင်လို့လေ''
''မင်းက အဲ့လောက်ယောက်ယတ်ခတ်ပြီး ပြင်ဆင်နေတာ ငါမသိပဲနေမလား''
''ဘာကိုလဲ တော်တော့ ရှင်''
မမအမေက အကုန်လုံးအဆင်ပြေအောင် အခန်းတွေရော ပြင်ပေးထားပေမယ့် ဘာဒါ့ကိုသိစေချင်ပုံတော့မပေါ်ပါ။
သမီးရှင်ကိုး။
''မင်းလုပ်လို့ကို ငါကသိသွားတာ''
''သိရင်လည်း ငြိမ်နေတော့''
''ဟာ ခုနကပြောတော့ သိပြီးမပြောလို့ဆို''
''အခုမပြောနဲ့လို့ပြောတာ''
''အခုက မပြောလို့ရမလား
အခန်းထဲတောင် ဝင်လာပြီးထိုင်နေကြပြီးပဲ''
ဘာဒါနဲ့မမမှာ
သူ့အမေသူ့အဖေရန်ဖြစ်တာ ထိုင်ကြည့်နေရတော့တယ်။
''အမေရယ်တော်ပါတော့
အဖေလည်းတော်တော့''
''အဲ့တော့ ပြောလေ
သမီးတို့က ဘယ်လိုစဥ်းစားလဲ
ယူမှာလား''
တည့်တိုးကြီးမေးချလိုက်တဲ့ ယောက္ခထီးကြောင့်
မမ နည်းနည်းတော့တွန့်သွားတယ်။
''ယူမှာပါ အဖေ''
ဘာဒါဝင်ဖြေလိုက်တော့
ကျေနပ်သွားပုံရတယ်။
''ဟို ဒါပေမယ့်
ဟိုမှာပဲ အခြေချချင်လို့ အဲဒါ''
''အင်း အဲဒါတွေထားဦး''
''ဦးသမီးကို တကယ်ချစ်လား''
''သြော် ရှင်ကလည်း''
''ဘာလဲ မေးရမယ်လေ''
''တကယ်ချစ်ပါတယ်
မမထွက်သွားကတည်းက လိုက်ရှာနေရတာပါ
အခုမှပြန်တွေ့လို့ ကျောင်းပြီးတာနဲ့ လက်ထပ်ချင်တာပါ''
''လိုက်ရှာရတယ်??''
ဟင် စကားမှားပြီလား။
မမပြောတော့ ရှေ့နှစ်လောက်ကပဲ ပြောထားပြီဆို။
''သြော် မဟုတ်ပါဘူး သမီးက အရင်သွားပြီး
ဘာဒါက နောက်မှလိုက်သွားတာကိုပြောတာမလား''
''သြော် ဟုတ်တယ် ဟုတ်တယ် အဲဒါကိုပြောတာ''
အကုန်မပြောထားတာနေမယ်။
''မင်းအိမ်ကိုရော ပြောထားပြီလား''
''အဲဒါက ဟို..''
ဘယ်လိုပြောရမလဲ
''သူ့အိမ်က သိတာကြာပြီ''
''သြော်''
မမအဖေက အဲ့တော့မှ ငြိမ်သွားတယ်။
မမပြောတော့လည်း အဟုတ်သား။
ကိုယ့်အိမ်က သိတာကြာပြီပဲ။
သဘောမတူဆိုပြီး ပေါက်ကရတွေလျှောက်လုပ်တာတစ်ခုပဲ။
''အခုရော လက်ထပ်မယ်ဆိုတာ သိလား''
''ဟုတ် သိပါတယ်''
''ဘာမှမပြောဘူးလား''
''ဟုတ်ကဲ့''
ပြောမနိုင်တော့လို့ မပြောရင်ပဲကျေနပ်ပါပြီ။
''ဦးတို့ဘက်က
ဘာမှတော့ မမျှော်လင့်ပါဘူး
သမီးကို အများကြီးချစ်ပေးပြီး
ပျော်အောင်ထားပေးရင်ရပြီ
အိမ်ထောင်တစ်ခုဖြစ်သွားပြီဆိုရင်တော့
ကိုယ့်ဇနီးကိုပဲ သားမှတ်မှတ်မယားမှတ်မှတ်
ပေါင်းရမယ်
မဖောက်ပြန်ရဘူး''
ဘာမှမမျှော်လင့်ဘူးလို့ပြောပြီး တန်းစီပြောချသွားတာများ ပတ်ချယ်ယောင်းအဖေလို့ကိုမပြောရဘူး။
''ရုပ်ကလေးလည်း ချောတော့
ဝိုင်းဝိုင်းလည်နေမှာပဲလေ
ဟုတ်တယ်မလား''
''အဖေကလည်း''
''ထားပါတော့
ဒါဆို မင်္ဂလာပွဲကရော ဘယ်တော့သတ်မှတ်ထားလဲ''
''ရှေ့လကုန်လောက်လုပ်ဖြစ်မှာပါ
Caliမှာပဲ လုပ်ဖြစ်မယ်
အဖေတို့ အမေတို့ကိုလည်း ဖြစ်နိုင်ရင် တခါထဲခေါ်..''
''အမေတို့က တော်ပါပြီ
ကလေးတွေ အဆင်ပြေသလိုစီစဥ်
အေးအေးဆေးဆေးလုပ်လိုက်ကြ
မလိုက်တော့ဘူး''
''အမေ..''
''ဟို မမကရော
ဘာဒါကရော အမေတို့ကို ဟိုကို ခေါ်ထားချင်လို့ပါ''
''ခေါ်ချင်ရင် ဂျွန်ယောင်းကိုခေါ်သွား''
မမအဖေက ဝင်ပြောတယ်။
ပတ်ဂျွန်ယောင်းကိုခေါ်ရင်တော့ အိမ်တစ်လုံးသပ်သပ်ပေးထားရမယ်လို့တွေးလိုက်မိတယ်။
မဟုတ်ရင်တော့ သူ့အစ်မနားကိုကပ်ရမှာမဟုတ်ဘူး။
''ဂျွန်ယောင်းကိုလည်း မလိုဘူး
ကိုယ့်ဘာသာအဆင်ပြေအောင်နေရင် ရပြီ''
''ချယ်ယောင်းတို့ ဟိုမှာအဆင်ပြေသွားရင်
အမေတို့မလိုက်ရင်တောင် ဂျွန်ယောင်းကို..''
''နောက်မှပေါ့
သမီးတို့ကိစ္စအရင်လုပ်ဦးနော်''
''ဟုတ်''
''ကဲ ကဲ သွားအိပ်ကြတော့''
အခန်းတံခါးဖွင့်ပြီး ထွက်တော့
အပြင်ကခိုးနားထောင်နေတဲ့ ဂျွန်ယောင်းနဲ့တိုးတယ်။
''ဟင် ဂျွန်ယောင်း''
''လက်ထပ်ကြတော့မှာပေါ့
သိသားပဲ ဟိုတခေါက်ကပဲ ကြိုက်နေကြတာမလား''
''ဟုတ်တယ် ဟုတ်တယ်
ရပြီမလား''
''မမကလည်း ဂျွန်ယောင်းကိုလည်း သေချာပြောရဦးမယ်လေ''
''ဘာပြောရမလဲ..
သူအကုန်သိတယ်''
''ကိုယ်တို့ ဆိုဂျူထိုင်သောက်ကြမလား
အိမ်ရှေ့မှာ''
''အင်း သောက်ကြမယ်လေ
ဂျွန်ယောင်းရော..''
''အမြည်းဘာစားမလဲပဲပြောလိုက်''
သုံးယောက်သား အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင်ပြီး အရက်သောက်ကြရင်း
ဂျွန်ယောင်းမေးသမျှ ဖြေရတယ်။
''မမကို ဘာကြည့်ကြိုက်တာလဲ''
''လှလို့''
''အမယ် မလှတော့ရင် ဘယ်လိုလုပ်မလဲ အီဘာဒါ''
''ရန်လုပ်မနေနဲ့ အခုလည်းမလှပါဘူး
သူ့ဘာသာလှတယ်ထင်နေတာ''
ဂျွန်ယောင်းဝင်ပြောတော့
ဘာဒါရယ်မိတယ်။ မမက မျက်စောင်းထိုးတယ်။
''ဘာဒါက မမရှိလို့ နိုင်ငံခြားလိုက်သွားတာဆို''
''ဟုတ်တယ်
သူTexasမှာထင်လို့
၃နှစ်နီးပါးလောက် ရှာလိုက်ရတယ်လေ''
ဘေးကိုလှည့်ပြီး မမခေါင်းလေးကိုပုတ်ပြီးဖြေလိုက်တယ်။
''ဝါးးးး အားကျလိုက်တာ''
''ကိုယ်တို့ မင်္ဂလာပွဲကို လိုက်ခဲ့လေ
ဟိုမှာ လိုက်နေလည်းရတယ်
မမအဖော်ရတာပေါ့''
''မမက ကျနော့်ကို လိုက်နေစေချင်မှာမဟုတ်ပါဘူး
သူလိုချင်တဲ့အဖော်က ကျနော်ဘယ်ဟုတ်မလဲ''
''လိုက်နေလို့ရပါတယ်
ကျောင်းတက်ချင်ရင်လည်းတက်
မမတို့နဲ့မနေချင်ရင် အိမ်သပ်သပ်ငှားပေးမယ်လေ''
''တွေ့လား တွေ့လား
အတူတူပေးမနေနိုင်ဘူးသူက
ကျောင်းတက်စရာလား
စာမကျက်ချင်လို့ အမေ့ဆိုင်မှာ ဝင်လုပ်နေပါတယ်ဆိုမှ''
''ဘာဒါ တော်တော့လေ
ဂျွန်ယောင်းသောက်ခိုင်းတိုင်း သောက်မနေနဲ့
အရမ်းများနေပြီ''
''ဘာလဲ ဒီလောက်လေးတောင်မသောက်နိုင်ဘူးလား''
ပုံမှန်ဆိုရင်တော့
အရမ်းသောက်နိုင်တဲ့လူဆိုပေမယ့်
အခုက ခရီးလည်းပန်းလာတယ်လေ။
''ဒီတစ်ခွက်ပဲ အချစ်လေး
ဒါကုန်ရင်တော်ပြီ''
''တော်တော့လို့''
ပြောနေရင်း တစ်ခွက်ပြီးတစ်ခွက်ထပ်မော့နေကြတာ မပြီးတော့ဘူး။
နှစ်ယောက်လုံးမှောက်သွားတော့မှ
ပြီးသွားပါတော့တယ်။
ဘာဒါ့ကို တွဲလိုက်ရင်း မနိုင်တနိုင် ယိမ်းထိုးနေရင်းက
ဂျွန်ယောင်းကို ကျောကို လှမ်းရိုက်လိုက်တယ်။
''ပတ်ဂျွန်ယောင်း အထဲဝင်
အမေဆူနေပြီ''
''ဟင် အမေလား''
ဘယ်အရပ်ရောက်ရောက် အမေ့အသံကြားရင်တော့ ခေါင်းထောင်နေရမယ်။
''သွား သွား အထဲဝင်တော့''
ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ ရှိသမျှပစ္စည်းကို ခလုတ်တိုက်ပြီး
အထဲဝင်သွားတော့တယ်။
ချယ်ယောင်းလည်း တစ်ကိုယ်လုံးပစ်မှီထားတဲ့ ဘာဒါကိုယ်ကြီးကို ထမ်းရင်း
အိမ်ထဲပြန်ဝင်လာတော့
အမေနဲ့တွေ့တယ်။
''အမေ ချယ်ယောင်း လာသိမ်းလိုက်မယ်နော်''
''ရတယ် နားလိုက်ကြတော့
အမေသိမ်းလိုက်မယ်''
''ရတယ် ပြန်လာခဲ့မယ်
အမေပြန်ဝင်အိပ်လိုက်နော်''
အထဲရောက်တာနဲ့ အိပ်ယာပေါ်ပစ်တင်လိုက်ရတယ်။
လေးလိုက်တဲ့ ကိုယ်လုံး။
အပြင်ပြန်ထွက်မလိုပြင်တော့
''ချယ်ယောင်း အချစ်လေးး
ကိုယ့်ကို နမ်းပါဦး''
အသံက တော်တော်ကျယ်တယ်။
အမေတို့အဖေတို့ကြားသွားမှဖြင့် ။
တံခါးသွားပိတ်လိုက်ရပြီး
''ဘာဒါ အော်မနေနဲ့တော့
အိပ်တော့''
အိပ်ယာပေါ် တည့်တည့်ကျအောင်အရင်တင်ပေးပြီး
အပြင်ကစားသောက်ထားတာတွေသွားသိမ်းမယ်ပြင်လိုက်တယ်ဆိုရင်ပဲ
''ပတ်ချယ်ယောင်း
ခင်ဗျား ဘယ်သွားမလို့လဲ
ကိုယ့်ကိုနမ်းပါဆို''
မျက်လုံးမပွင့်ပဲ ထထိုင်ပြီး
ဆွဲဖက်နေပြန်တယ်။
''တို့ပြန်လာခဲ့မယ်လေ ပစ္စည်းတွေသိမ်းလိုက်မယ်
မဟုတ်ရင် အမေသိမ်းနေလိမ့်မယ်''
''နမ်းလို့ နမ်းလို့ပြောနေတာ..''
မနမ်းမချင်းတစ်ညလုံးအော်နေမယ့်ပုံပဲ။
သူ့နှုတ်ခမ်းဖျားကို ထိရုံလေးနမ်းလိုက်တော့
ပြုံးတယ်။
''ကလေးအထာတွေမလုပ်နဲ့''
ဘာပြောတာလဲ စဥ်းစားနေတုန်း
လူကြီးအထာက ဘာလဲဆိုတာ သူက သင်ပြပေးနေပြီ။
ခံတွင်းထဲ ဝင်လာတဲ့ သူ့လျှာဖျားတွေကြောင့်
အသက်ရှူမရ။
ဘယ်ကိုထွက်ပြေးမယ်ထင်နေလို့ ဒီလောက်အငမ်းမရ။
ကုတင်စောင်းမှာ ထိုင်နေတဲ့ ချယ်ယောင်းကို ပွေ့ပြီး သူ့ပေါင်ပေါ်တင်လိုက်တယ်။
အရပ်မမီလို့ မော့နမ်းနေရရာက ပေါင်ပေါ်ထိုင်ရတော့ နည်းနည်းတော့ အဆင်ပြေသွားတာပေါ့။
ဒါပေမယ့် တင်းနေအောင်ဖက်လိုက်တဲ့ လက်တံရှည်တွေကြောင့်
အသက်တောင်ဘယ်နားက ရှူရမှန်းမသိ။
ကိုယ်လုံးနှစ်ခုကြား လေတိုးလို့မရအောင်ကို
ဖိကပ်နေတော့တာ။
လုံးထွေးနေတဲ့အခြေအနေမှာ လျော့တိလျော့ရဲဖြစ်နေတဲ့အဝတ်အစားတွေကို
အီဘာဒါက လွယ်ကူစွာပဲ ဖယ်ပစ်လိုက်တယ်။
ရင်ညွန့်ကို မျက်နှာတစ်ခုလုံးနဲ့တိုးတိုက်ပစ်ပြီး
ရင်သားလုံးလုံးလေးတွေကို အပိုင်သိမ်းတော့တယ်။
အရက်မူးရင် သွေးဆိုးတယ်ဆိုတာ ဒါမျိုးလား။
လိုချင်တာမရမချင်း ကြိုးစားနေတော့တာ။
''အ့''
လက်ကလည်း အရမ်းကိုဖျစ်ညှစ်နေတော့တာပဲ။
အော်လို့မရပါဘူးဆိုမှ။
အသံတော့လုံပေမယ့်
စိတ်ကမလုံဘူး။
မိဘအိမ်မှာ အော်ညည်းနေလို့မဖြစ်ဘူးမလား။
ပုခုံးစွန်းကို ခပ်ဖွဖွကိုက်လိုက်ပြီး
ခါးပေါ်မှာတင်ထားတဲ့ လက်ချောင်းတွေက
အောက်က ပွင့်ဖတ်တွေဆီကို ဦးတည်ပြီး
ဝင်ရောက်လာတယ်။
ချယ်ယောင်းလည်း မငြင်းတော့ပဲ
သူ့ဆီကို ပူးကပ် ဝင်တိုးမိတယ်။
အသံမထွက်ရတော့ တခါတလေ သူ့ပုခုံးကို ကိုက်လိုကိုက်။
ကိုယ့်နှုတ်ခမ်းကိုကိုက်လိုကိုက်။
ပြီးခါနီးတိုင်း ဖိတိုးလာတဲ့ သူ့ရဲ့အရာကြောင့်လည်း
ဝန်မခံဖူးပေမယ့်
လူကရူးမတတ်။
ချယ်ယောင်းပြီးသွားပေမယ့်
သူပြီးအောင်
မနည်းကို ပြေးလိုက်ခဲ့ရပြီး
နောက်ဆုံးတော့ သူ့ရင်ခွင်ထဲ အိပ်လိုက်တော့တယ်။
(ကွပ်ပျစ်က ပစ္စည်းတွေတော့ အမေသိမ်းလိုက်ပေါ့
သမီးလိမ္မာလေး😁)
......
နောက်ရက်ကျ ဂျွန်ယောင်း ပင်လယ်စာဒိုင်ကိုသွားပြီး ပစ္စည်းဝယ်တာ ဘာဒါက လိုက်သွားပေးတယ်။
ကူမလုပ်နဲ့လို့ပြောလို့လည်းမရဘူး။
နှစ်ယောက်သား ကားနဲ့ထွက်သွားတော့
အမေက
''ဘာဒါက လိုက်မသွားလည်းရတာကို''
''သူလည်းအိမ်မှာ ပျင်းနေမှာပေါ့
လိုက်သွားပါစေအမေရယ်''
''သူ့မိဘတွေက သဘောတူတယ်တဲ့လား''
''အဲ့လိုပြောတာပဲ''
''အဆင်ပြေပါ့မလား သမီးရယ်''
''ပြေမှာပါ
သဘောတူတယ် တစ်ခါလောက်တော့ လာတွေ့လို့ပဲပြောတယ်
ချယ်ယောင်းတို့လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေပြီပဲ''
''အင်းး
ဘာဒါ့အလုပ်ကရော အဆင်ပြေလား''
''သူက သမီးထက်အရင်ကျောင်းပြီးတာ
ပြီးတော့ အဆက်အသွယ်တွေလည်းရနေပြီဆိုတော့ အောင်မြင်သလောက်ဖြစ်နေပါပြီ''
''သမီးကရော''
''ချယ်ယောင်းလည်း အဆင်ပြေမှာပါ
စိတ်မပူနဲ့နော်''
''သမီးတို့ တစ်ယောက်နဲ့တစ်ယောက်သည်းခံပြီး နားလည်ပြီး ချစ်ပေးကြနော်
ပုံမှန်လူတွေလိုအိမ်ထောင်လည်းမဟုတ်တော့
ကလေးကစားစရာလိုသဘောမထားကြနဲ့''
''အဲ့လိုစိတ်မျိုးမရှိပါဘူး''
''နောင်တစ်ချိန် သူများတွေလို မိသားစုနဲ့ရှိချင်လာရင် ဘယ်လိုလုပ်မလဲ''
''အဲဒါက ကလေးယူလို့ရတယ်အမေ
ဖန်ပြွန်သန္ဓေသားယူလို့ရတယ်
ဒါပေမယ့် လောလောဆယ်တော့ ချယ်ယောင်းတို့မစဥ်းစားပါဘူး''
''အင်းပါ
ဘာဒါက သမီးအပေါ်ကောင်းတယ်မလား''
''ဟုတ် ကောင်းတယ်
သူက ဒီနှစ်တွေအတွင်း သမီးကိုတွေ့အောင်ရှာပြီး
သမီးရှိတဲ့နေရာတိုင်းကို လိုက်လာပေးခဲ့တာ
အမေတို့ကလွဲပြီး သူ့လောက်ကောင်းတဲ့လူက မရှိနိုင်တော့ဘူး''
''သမီးဘက်ကလည်း ကောင်းပေးပေါ့
မေတ္တာဆိုတာ အသွားအပြန်ရှိရမယ်လေ''
''ဟော ပြန်လာကြပီထင်တယ်''
ကားသံကြားလို့ ကြည့်လိုက်တော့
ဘာဒါတို့ပြန်လာတာကိုတွေ့ရတယ်။
ပစ္စည်းတွေ ဆိုင်ကိုသွားချ ။
ဆိုင်မှာ ခုံတွေနေရာပြန်ချ အမေတို့ကိုကူနေတယ်။
ချယ်ယောင်းကတော့
အမေတို့ကိိုစောင်လျှော်ပေးခဲ့ချင်လို့
စောင်တွေထုတ်နေတုန်း
သူအိမ်ဘက်ကို ကူးလာတယ်။
''မမ''
''ပင်ပန်းနေပြီလား နားလိုက်ဦး ''
''ဘာလုပ်နေတာလဲ''
''စောင်လျှော်မလို့''
''စက်နဲ့လျှော်လည်းရတာကို''
''အမေက စက်နဲ့လျှော်တာမကြိုက်လို့''
ရေပုံးအကြီးထဲ နှစ်ယောက်လုံးဝင်နင်းရင်း
''ဖြည်းဖြည်းလုပ်လေ
ဒီမှာပေကုန်ပြီ''
''ဟာ ဒီထက်ဘယ်လို ဖြည်းဖြည်းလုပ်ရမှာလဲ
ဘာမှမထိရောက်ပဲနေမယ်
ပြီးရင်လည်း ရေချိုးရမှာပဲကို''
''ဒီမှာနာနေပြီလေ''
''ခြေထောက်ကို အပြင်ကိုကားလေ
ကိုယ့်ခြေထောက်အောက်ရောက်နေတာကိုး''
ခြေထောက်ကိုပဲ လာနင်းနေတဲ့ အီဘာဒါ။
''လက်ကို မဆွဲထားနဲ့လေ''
''ဆွဲထားမှ အတူတူဟန်ချက်ညီတာလေ မမကလည်း''
''မရဘူး မကိုင်နဲ့''
''ဒါဆို ခါးကကိုင်ရမလား''
''မကိုင်နဲ့ ယားတယ်လို့ ဘာဒါ ခါးကိုမထိနဲ့လို့''
''သြော် ဒါကြောင့်လည်း အိမ်ထောင်ကျရင် အိမ်ခွဲနေသင့်တယ်လို့ပြောကြတာကိုး''
''ဟင် ဂျွန်ယောင်း
ဘာလဲ''
''နင်တို့လင်မယားက စောင်လျှော်နေတာတော့ဟုတ်တယ်မလား''
''မမြင်ဘူးလား စောင်လျှော်နေတာကို''
''စောင်လျှော်တာကို ဘယ်သူက အဲ့လိုတွေပြောလို့လဲ
အမလေး ကြက်သီးထလိုက်တာ
အိမ်မှာ လူပျိုလေးတစ်ယောက်ရှိတာကို သတိထားကြဦး
အရမ်းကဲလာရင် အမေ့ကိုတိုင်မှာနော်''
သူပဲဇွတ်ဖြူစင်။
ဒီမှာရန်ဖြစ်ပြီး စောင်လျှော်နေရတာ။
......
မမတို့အိမ်မှာပဲ ၃ရက်လောက်ကြားသွားတယ်။
တစ်ရက်တော့
အဖေဖုန်းဆက်လာတယ်။
အမေနေမကောင်းလို့ မြန်မြန်လာတွေ့ပါတဲ့။
မမကိုခေါ်ဖို့ကလည်း ခုမှမိဘတွေနဲ့နေရတာ ၃ရက်လောက်ပဲရှိသေးတာ။
''မမ ကိုယ်အခြေအနေသွားကြည့်လိုက်မယ်''
''အရမ်းနေမကောင်းဖြစ်နေလို့ခေါ်တာမဟုတ်ဘူးလား
တို့လည်းလိုက်ခဲ့ချင်တယ်''
''ရပါတယ် ကိုယ်အရင်သွားလိုက်မယ်
နောက်ရက်မှ ပြန်လာခေါ်မယ်နော်''
''ဖြစ်ပါ့မလားဟင်
အိမ်မှာ အကန်တွေပြောမနေနဲ့နော် သိလား''
''..''
''ကြားလားလို့ ''
''အင်းပါ''
''အခု ဘယ်သူဆက်တာ''
''အဖေ''
''အင်း သွားလိုက်နော်
မနက်ဖြန် မနက်သွားလိုက်တော့
တို့လာတွေ့ရမယ်ဆိုရင်လည်း ဖုန်းဆက်လိုက်နော်
တကူးတကလာမခေါ်နဲ့''
''ကိုယ်လာခေါ်ပါ့မယ်''
နောက်ရက်မနက်တော့ ဆိုးလ်ကို ပြန်တက်ခဲ့ရတယ်။
ဒီနေ့အချိုပဲစားကြ ဒါဒါတို့ 😚။
ချစ်တဲ့
လင်း🌊💙✨
ပြေးဖက်ချင်စရာ အီဘာဒါ💙🌊
Zawgyi
ကိုရီးယားကိုျပန္ေရာက္ေတာ့
မမတို႔ၿမိဳ႕ကိုပဲ တန္းၿပီး သြားလိုက္ၾကေတာ့တယ္။
အမွန္ေတာ့ အိမ္ကို ဝင္ခဲ့သင့္ေပမယ့္
ဘာေတြစိတ္ရႈပ္စရာႀကဳံမလဲမသိရဘူးေလ။
အဲဒါေၾကာင့္
ျပန္ခါနီးမွ ဝင္ေတာ့မယ္။
နာဟီးတို႔ ဟယ္ဝန္းတို႔ကိုလည္း ေရာက္ေၾကာင္းေျပာၿပီး
အျပန္မွဝင္မယ္လို႔ပဲေျပာထားလိုက္ေတာ့တယ္။
မမကေတာ့ ဘာဒါပါလာမယ္လို႔
သူ႕အေမကိုပဲ ေျပာထားတယ္တဲ့။
ေယာကၡမႀကီးကေတာ့ တကယ္ကို သေဘာေကာင္းတာ။
မမဟိုမွာေက်ာင္းတက္တာလည္း အေမပဲသိၿပီး ေက်ာင္းၿပီးခါနီးမွ အေဖကိုေျပာတာတဲ့။
ကိုယ္မသိ႐ုံတင္မဟုတ္ဘူး အိမ္ကလူေတြကိုပါ မေျပာတဲ့ ပတ္ခ်ယ္ေယာင္း။
မနိုင္ဘူး တကယ္..။
ၿမိဳ႕ေလးကေတာ့ အရင္အတိုင္းပဲ။
ၿငိမ္ၿငိမ္သက္သက္ ေအးေအးခ်မ္းခ်မ္း။
လွလွပပ။
အိမ္ေရာက္ေတာ့
နည္းနည္းေတာ့ မ်က္ႏွာပူမိသား။
အရင္တစ္ေခါက္က
ဒီတိုင္းပဲ အသိဆိုၿပီးလိုက္လာခဲ့တာမလား။
အခုက်ေတာ့ ေျပာရေတာ့မယ္ေလ။
မမအေမက သိေပမယ့္
ဒီတစ္ေခါက္ ေယာကၡထီးႀကီးကိုပါေျပာရမွာဆိုေတာ့ ေၾကာက္မိသား။
မမေမာင္ေလးကေတာ့
သိၿပီးသားျဖစ္မွာပါ။
သူက ျမင္ကတည္းကသိလိုက္တာ
အရိပ္အကဲအရမ္းျမန္။
''ဂြၽန္ေယာင္း အေမေရာ''
အိမ္ေရာက္တာနဲ႕ ဂြၽန္ေယာင္းနဲ႕အရင္ေတြ႕တယ္။
ဘာဒါ့ဘက္ကို ေဝ့ၾကည့္လိုက္ၿပီးမွ
''ဆိုင္မွာေပါ့''
''အင္း ဘာဒါ လာေလ''
အိမ္တံခါးဝမွာ ရပ္ေနတဲ့ ဘာဒါ့ကို မမကေခၚေတာ့ ဂြၽန္ေယာင္းက
''လူေတြျမင္ရင္ တစ္ခါမွမေရာက္ဖူးဘူးလို႔ထင္ေနပါဦးမယ္ေနာ္''
ဘာဒါေခါင္းငုံ႕ၿပီး ၿပဳံးလိုက္ရင္း
အထဲဝင္လိုက္တယ္။
ေျပာသမွ်ေတာ့ ခံရေတာ့မယ္။
''အထဲဝင္ နားလိုက္ေလ
တို႔ ဆိုင္ဘက္သြားၿပီး အေမ့ကို ရွာလိုက္မယ္''
''အထဲဝင္နား
အေမက ႏွစ္ေယာက္အိပ္ကုတင္ႀကီးထည့္ေပးထားတာ ဟီးလို႔
တစ္ခန္းလုံးအျပည့္ပဲ''
မမက ဘာဒါ့ကို အားနာသလိုၾကည့္ၿပီး
''ဂြၽန္ေယာင္းရယ္
ဘာေတြလိုက္ေျပာေနတာလဲ''
''ရပါတယ္မမရဲ႕
ခဏေလး ကိုယ္လည္းလိုက္ခဲ့မယ္''
ပစၥည္းေတြအခန္းထဲထည့္ၿပီးတာနဲ႕
မမနဲ႕အတူ ဆိုင္ဘက္ကို လိုက္ခဲ့လိုက္တယ္။
မဟုတ္ရင္ ပတ္ဂြၽန္ေယာင္းထိုးတဲ့ မ်က္ေစာင္းေတြနဲ႕တင္ ျပာက်ေတာ့မယ္။
ဆိုင္ေရာက္ေတာ့
မမအေမေရာ အေဖေရာရွိတယ္။
''ေၾသာ္ ကေလးေတြေရာက္ၾကၿပီလား
နားၾကေလ
အေမတို႔ၿပီးရင္ လာခဲ့မယ္''
''ဘာဒါ မေတြ႕တာၾကာၿပီ''
''ဟုတ္ ဦး
ေနာက္ေတာ့
မၾကာမၾကာ လာခဲ့ပါ့မယ္''
''ေအးပါကြာ
သြား သြား ျပန္နားၾက''
''ဟုတ္ ရတယ္
ဘာေတြ ကူေပးရမလဲ''
''ရတယ္ ရတယ္
ဒီမွာလည္း လူသိပ္မက်ဘဴး''
အေျခအေနကေတာ့
ေတာ္ေတာ္ေကာင္းတယ္။
မမအေဖက သိၿပီးၿပီလား။
မသိေသးလို႔ ဒီလိုလားေတာ့မသိေပမယ့္
အရာအားလုံးအဆင္ေျပေနတယ္။
''ဘာဒါ ျပန္ရေအာင္''
''မဟုတ္ဘူးေလ မမ''
''ပင္ပန္းေနတယ္မလား လာပါ ရပါတယ္''
ပတ္ခ်ယ္ေယာင္းကေတာ့ လူကိုအမွတ္ေလ်ာ့ေအာင္လုပ္ေနပါၿပီ။
အိမ္ထဲျပန္ဝင္ေတာ့ ဂြၽန္ေယာင္းကိုမေတြ႕ေတာ့ဘူး။
လူလစ္တာနဲ႕ မမပါးေလးကို ငုံ႕နမ္းလိုက္ၿပီး
''ခဏေလာက္အိပ္လို႔ရလား''
''အဟမ္း အဟမ္း''
မီးဖိုခန္းထဲက ထြက္လာတဲ့ဂြၽန္ေယာင္းေၾကာင့္
ႏွစ္ေယာက္သား လူခ်င္းခြာလိုက္ရၿပီး
''ဟို ကိုယ္ ဝင္နားလိုက္မယ္လို႔ေျပာတာ''
''ဟင္ အင္း အင္း
နားေလ နားေတာ့''
မမအခန္းထဲ ဝင္လွဲလိုက္တာ
ခဏအိပ္ေပ်ာ္သြားတယ္။
''ဘာဒါေရ ထေတာ့
ေရခ်ိဳးလိုက္ပါလား
ညစာစားရေအာင္''
''ဟင္..
လာ ကိုယ့္ကိုခဏဖက္ထားဦး''
အိပ္ခ်င္မူးတူးနဲ႕ ပတ္ခ်ယ္ေယာင္းကိုဖက္ၿပီး ဇိမ္ခံရတာ အရမ္းေကာင္း။
''သြားမယ္ ခဏေန ဂြၽန္ေယာင္းဝင္လာဦးမယ္''
ပြစိပြစိအလြန္ေျပာတဲ့ ႏႈတ္ခမ္းေလးကို နမ္းလိုက္ေတာ့
အတင္း႐ုန္းတယ္။
ပတ္ခ်ယ္ေယာင္းက လူျမင္မွာအရမ္းေၾကာက္တာေလ။
ဒီကလူကလည္း
အဲလိုေၾကာက္ေလ လူၾကားထဲမွာ နမ္းခ်င္ေလပဲ။
အေပၚႏႈတ္ခမ္းလႊာေလးကို ဆြဲယူစုပ္နမ္းပစ္ေတာ့
မမက စိတ္တိုၿပီး ဘာဒါ့ႏႈတ္ခမ္းကို ကိုက္တယ္။
ခ်က္ခ်င္းထၿပီး အုပ္မိုးပစ္လိုက္ၿပီး
ငုံ႕ခ်လိဳက္ေတာ့
''မမေရ..
အမေလး..
အေမေရ..''
ေကာင္းခန္းေရာက္ရင္ ပတ္ဂြၽန္ေယာင္းက ေရာက္လာလိုက္ရမွ။
ဝုန္းခနဲ ထခုန္လိုက္မိလားေတာင္မေျပာတတ္။
ခ်က္ခ်င္း ကုတင္ေအာက္ကို ဆင္းၿပီး မတ္တပ္ရပ္လိုက္ရတယ္။
မမကလည္း ထိုင္ရက္သားေလး။
မမအေမက ဘာျဖစ္တာလဲလို႔ စိုးရိမ္ၿပီး အေျပးေရာက္ခ်လာတယ္။
''ခ်ယ္ေယာင္းေရ ဘာျဖစ္ၾကလဲ''
''မျဖစ္ပါဘူး အေမ''
အေဒၚက အခန္းထဲက ႏွစ္ေယာက္ရဲ႕အေျခအေနကိုၾကည့္ၿပီး သေဘာေပါက္သြားပုံေတာ့ရတယ္။
''ေအး ေအး ပတ္ဂြၽန္ေယာင္းတစ္ေယာက္နဲ႕ေတာ့ေလ''
''ေရခ်ိဳးလိုက္မယ္ေနာ္ မမ''
''အဲဒါေၾကာင့္ အိမ္မွာ အေနအထိုင္ဆင္ျခင္ပါလို႔ေျပာသားပဲ''
''မမက တံခါးကိုေလာ့ခ်ခဲ့ရမွာေလ''
''ညလည္းမဟုတ္ပဲ ေလာ့ခ်ထားရင္
ပိုဆိုးမွာေပါ့''
''မသိဘူးကြာ''
ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့
မမအဆင္သင့္ထုတ္ေပးထားတဲ့ အဝတ္အစားေတြကို ဝတ္ၿပီး
ထမင္းစားခန္းကို သြားလိုက္ေတာ့
လူစုံေနၿပီ။
''ဘာဒါ
လာ ထိုင္''
''ဟုတ္ကဲ့''
မမအေဖက အေကာင္းဆုံးပဲ။
ဟဲဟဲ။
ထမင္းစားေတာ့လည္း
မမက ဘာဒါ့ပန္းကန္ထဲဟင္းထည့္ေပးရင္
ဂြၽန္ေယာင္းက
''မမ ငါ့ကိုေရာ..''
''ထည့္စားပါလား
လက္မပါဘူးလား''
''ငါ့မွာပဲလက္ပါတာလား''
သူ႕အစ္မကို သဝန္တိုခ်က္ကေတာ့..။
''ထမင္းဝိုင္းမွာ ရန္မျဖစ္ၾကနဲ႕''
''ဟိုမွာ အဆင္ေျပၾကတယ္မလား''
''ေၾသာ္ ဟုတ္
ေျပပါတယ္''
မမအေဖကေမးေတာ့
ဘာေမးမွန္းမသိပဲ ရမ္းသမ္းေျဖလိုက္ရေသးတယ္။
ထမင္းစားၿပီးမွ
''ဘာဒါ အေမတို႔အခန္းကို ခဏသြားရေအာင္''
ေျခဖ်ားလက္ဖ်ားေတာင္ ေအးသြားသလိုပဲ။
ခုနကမွ အတူတူရယ္ေမာထမင္းလက္ဆုံစားခဲ့တာဆိုေပမယ့္
႐ုတ္တရက္ႀကီး သမီးေတာင္းရမယ္ဆိုေတာ့
ရင္ေတတုန္လိုက္တာ။
''ေဒါက္ ေဒါက္''
''ခ်ယ္ေယာင္းလား သမီး ဝင္ခဲ့''
အထဲေရာက္ေတာ့
ၾကမ္းျပင္မွာပဲ ထိုင္ရတာမို႔
မမကေတာ့ ဒီတိုင္းထိုင္လိုက္ေပမယ့္
ဘာဒါကေတာ့ ဒူးတုပ္ၿပီး ထိုင္လိုက္မိတယ္။
မမအေဖက
''ဘယ္လိုစဥ္းစားထားၾကလဲ ေျပာပါဦး''
''ဟို..''
ေျပာမလို႔လုပ္ၿပီးမွ သုံးေယာက္သား
မမအေဖကို ဝိုင္းၾကည့္မိတယ္။
သိေနတာလားေပါ့။
''ဘာလဲ
မင္းတို႔ပဲ သိတယ္ထင္လို႔လား
ငါလည္းသိတယ္ေလ''
''ေၾသာ္ ရွင္ကလည္း သိရင္သိတယ္မေျပာဘူး''
''မင္းလည္းမေျပာဘူးေလ''
''က်မက ရွင္မသိဘူးထင္လို႔ေလ''
''မင္းက အဲ့ေလာက္ေယာက္ယတ္ခတ္ၿပီး ျပင္ဆင္ေနတာ ငါမသိပဲေနမလား''
''ဘာကိုလဲ ေတာ္ေတာ့ ရွင္''
မမအေမက အကုန္လုံးအဆင္ေျပေအာင္ အခန္းေတြေရာ ျပင္ေပးထားေပမယ့္ ဘာဒါ့ကိုသိေစခ်င္ပုံေတာ့မေပၚပါ။
သမီးရွင္ကိုး။
''မင္းလုပ္လို႔ကို ငါကသိသြားတာ''
''သိရင္လည္း ၿငိမ္ေနေတာ့''
''ဟာ ခုနကေျပာေတာ့ သိၿပီးမေျပာလို႔ဆို''
''အခုမေျပာနဲ႕လို႔ေျပာတာ''
''အခုက မေျပာလို႔ရမလား
အခန္းထဲေတာင္ ဝင္လာၿပီးထိုင္ေနၾကၿပီးပဲ''
ဘာဒါနဲ႕မမမွာ
သူ႕အေမသူ႕အေဖရန္ျဖစ္တာ ထိုင္ၾကည့္ေနရေတာ့တယ္။
''အေမရယ္ေတာ္ပါေတာ့
အေဖလည္းေတာ္ေတာ့''
''အဲ့ေတာ့ ေျပာေလ
သမီးတို႔က ဘယ္လိုစဥ္းစားလဲ
ယူမွာလား''
တည့္တိုးႀကီးေမးခ်လိဳက္တဲ့ ေယာကၡထီးေၾကာင့္
မမ နည္းနည္းေတာ့တြန့္သြားတယ္။
''ယူမွာပါ အေဖ''
ဘာဒါဝင္ေျဖလိုက္ေတာ့
ေက်နပ္သြားပုံရတယ္။
''ဟို ဒါေပမယ့္
ဟိုမွာပဲ အေျခခ်ခ်င္လို႔ အဲဒါ''
''အင္း အဲဒါေတြထားဦး''
''ဦးသမီးကို တကယ္ခ်စ္လား''
''ေၾသာ္ ရွင္ကလည္း''
''ဘာလဲ ေမးရမယ္ေလ''
''တကယ္ခ်စ္ပါတယ္
မမထြက္သြားကတည္းက လိုက္ရွာေနရတာပါ
အခုမွျပန္ေတြ႕လို႔ ေက်ာင္းၿပီးတာနဲ႕ လက္ထပ္ခ်င္တာပါ''
''လိုက္ရွာရတယ္??''
ဟင္ စကားမွားၿပီလား။
မမေျပာေတာ့ ေရွ႕ႏွစ္ေလာက္ကပဲ ေျပာထားၿပီဆို။
''ေၾသာ္ မဟုတ္ပါဘူး သမီးက အရင္သြားၿပီး
ဘာဒါက ေနာက္မွလိုက္သြားတာကိုေျပာတာမလား''
''ေၾသာ္ ဟုတ္တယ္ ဟုတ္တယ္ အဲဒါကိုေျပာတာ''
အကုန္မေျပာထားတာေနမယ္။
''မင္းအိမ္ကိုေရာ ေျပာထားၿပီလား''
''အဲဒါက ဟို..''
ဘယ္လိုေျပာရမလဲ
''သူ႕အိမ္က သိတာၾကာၿပီ''
''ေၾသာ္''
မမအေဖက အဲ့ေတာ့မွ ၿငိမ္သြားတယ္။
မမေျပာေတာ့လည္း အဟုတ္သား။
ကိုယ့္အိမ္က သိတာၾကာၿပီပဲ။
သေဘာမတူဆိုၿပီး ေပါက္ကရေတြေလွ်ာက္လုပ္တာတစ္ခုပဲ။
''အခုေရာ လက္ထပ္မယ္ဆိုတာ သိလား''
''ဟုတ္ သိပါတယ္''
''ဘာမွမေျပာဘူးလား''
''ဟုတ္ကဲ့''
ေျပာမနိုင္ေတာ့လို႔ မေျပာရင္ပဲေက်နပ္ပါၿပီ။
''ဦးတို႔ဘက္က
ဘာမွေတာ့ မေမွ်ာ္လင့္ပါဘူး
သမီးကို အမ်ားႀကီးခ်စ္ေပးၿပီး
ေပ်ာ္ေအာင္ထားေပးရင္ရၿပီ
အိမ္ေထာင္တစ္ခုျဖစ္သြားၿပီဆိုရင္ေတာ့
ကိုယ့္ဇနီးကိုပဲ သားမွတ္မွတ္မယားမွတ္မွတ္
ေပါင္းရမယ္
မေဖာက္ျပန္ရဘူး''
ဘာမွမေမွ်ာ္လင့္ဘူးလို႔ေျပာၿပီး တန္းစီေျပာခ်သြားတာမ်ား ပတ္ခ်ယ္ေယာင္းအေဖလို႔ကိုမေျပာရဘူး။
''႐ုပ္ကေလးလည္း ေခ်ာေတာ့
ဝိုင္းဝိုင္းလည္ေနမွာပဲေလ
ဟုတ္တယ္မလား''
''အေဖကလည္း''
''ထားပါေတာ့
ဒါဆို မဂၤလာပြဲကေရာ ဘယ္ေတာ့သတ္မွတ္ထားလဲ''
''ေရွ႕လကုန္ေလာက္လုပ္ျဖစ္မွာပါ
Caliမွာပဲ လုပ္ျဖစ္မယ္
အေဖတို႔ အေမတို႔ကိုလည္း ျဖစ္နိုင္ရင္ တခါထဲေခၚ..''
''အေမတို႔က ေတာ္ပါၿပီ
ကေလးေတြ အဆင္ေျပသလိုစီစဥ္
ေအးေအးေဆးေဆးလုပ္လိုက္ၾက
မလိုက္ေတာ့ဘူး''
''အေမ..''
''ဟို မမကေရာ
ဘာဒါကေရာ အေမတို႔ကို ဟိုကို ေခၚထားခ်င္လို႔ပါ''
''ေခၚခ်င္ရင္ ဂြၽန္ေယာင္းကိုေခၚသြား''
မမအေဖက ဝင္ေျပာတယ္။
ပတ္ဂြၽန္ေယာင္းကိုေခၚရင္ေတာ့ အိမ္တစ္လုံးသပ္သပ္ေပးထားရမယ္လို႔ေတြးလိုက္မိတယ္။
မဟုတ္ရင္ေတာ့ သူ႕အစ္မနားကိုကပ္ရမွာမဟုတ္ဘူး။
''ဂြၽန္ေယာင္းကိုလည္း မလိုဘူး
ကိုယ့္ဘာသာအဆင္ေျပေအာင္ေနရင္ ရၿပီ''
''ခ်ယ္ေယာင္းတို႔ ဟိုမွာအဆင္ေျပသြားရင္
အေမတို႔မလိုက္ရင္ေတာင္ ဂြၽန္ေယာင္းကို..''
''ေနာက္မွေပါ့
သမီးတို႔ကိစၥအရင္လုပ္ဦးေနာ္''
''ဟုတ္''
''ကဲ ကဲ သြားအိပ္ၾကေတာ့''
အခန္းတံခါးဖြင့္ၿပီး ထြက္ေတာ့
အျပင္ကခိုးနားေထာင္ေနတဲ့ ဂြၽန္ေယာင္းနဲ႕တိုးတယ္။
''ဟင္ ဂြၽန္ေယာင္း''
''လက္ထပ္ၾကေတာ့မွာေပါ့
သိသားပဲ ဟိုတေခါက္ကပဲ ႀကိဳက္ေနၾကတာမလား''
''ဟုတ္တယ္ ဟုတ္တယ္
ရၿပီမလား''
''မမကလည္း ဂြၽန္ေယာင္းကိုလည္း ေသခ်ာေျပာရဦးမယ္ေလ''
''ဘာေျပာရမလဲ..
သူအကုန္သိတယ္''
''ကိုယ္တို႔ ဆိုဂ်ဴထိုင္ေသာက္ၾကမလား
အိမ္ေရွ႕မွာ''
''အင္း ေသာက္ၾကမယ္ေလ
ဂြၽန္ေယာင္းေရာ..''
''အျမည္းဘာစားမလဲပဲေျပာလိုက္''
သုံးေယာက္သား အိမ္ေရွ႕ကြပ္ပ်စ္ေလးမွာထိုင္ၿပီး အရက္ေသာက္ၾကရင္း
ဂြၽန္ေယာင္းေမးသမွ် ေျဖရတယ္။
''မမကို ဘာၾကည့္ႀကိဳက္တာလဲ''
''လွလို႔''
''အမယ္ မလွေတာ့ရင္ ဘယ္လိုလုပ္မလဲ အီဘာဒါ''
''ရန္လုပ္မေနနဲ႕ အခုလည္းမလွပါဘူး
သူ႕ဘာသာလွတယ္ထင္ေနတာ''
ဂြၽန္ေယာင္းဝင္ေျပာေတာ့
ဘာဒါရယ္မိတယ္။ မမက မ်က္ေစာင္းထိုးတယ္။
''ဘာဒါက မမရွိလို႔ နိုင္ငံျခားလိုက္သြားတာဆို''
''ဟုတ္တယ္
သူTexasမွာထင္လို႔
၃ႏွစ္နီးပါးေလာက္ ရွာလိုက္ရတယ္ေလ''
ေဘးကိုလွည့္ၿပီး မမေခါင္းေလးကိုပုတ္ၿပီးေျဖလိုက္တယ္။
''ဝါးးးး အားက်လိဳက္တာ''
''ကိုယ္တို႔ မဂၤလာပြဲကို လိုက္ခဲ့ေလ
ဟိုမွာ လိုက္ေနလည္းရတယ္
မမအေဖာ္ရတာေပါ့''
''မမက က်ေနာ့္ကို လိုက္ေနေစခ်င္မွာမဟုတ္ပါဘူး
သူလိုခ်င္တဲ့အေဖာ္က က်ေနာ္ဘယ္ဟုတ္မလဲ''
''လိုက္ေနလို႔ရပါတယ္
ေက်ာင္းတက္ခ်င္ရင္လည္းတက္
မမတို႔နဲ႕မေနခ်င္ရင္ အိမ္သပ္သပ္ငွားေပးမယ္ေလ''
''ေတြ႕လား ေတြ႕လား
အတူတူေပးမေနနိုင္ဘူးသူက
ေက်ာင္းတက္စရာလား
စာမက်က္ခ်င္လို႔ အေမ့ဆိုင္မွာ ဝင္လုပ္ေနပါတယ္ဆိုမွ''
''ဘာဒါ ေတာ္ေတာ့ေလ
ဂြၽန္ေယာင္းေသာက္ခိုင္းတိုင္း ေသာက္မေနနဲ႕
အရမ္းမ်ားေနၿပီ''
''ဘာလဲ ဒီေလာက္ေလးေတာင္မေသာက္နိုင္ဘူးလား''
ပုံမွန္ဆိုရင္ေတာ့
အရမ္းေသာက္နိုင္တဲ့လူဆိုေပမယ့္
အခုက ခရီးလည္းပန္းလာတယ္ေလ။
''ဒီတစ္ခြက္ပဲ အခ်စ္ေလး
ဒါကုန္ရင္ေတာ္ၿပီ''
''ေတာ္ေတာ့လို႔''
ေျပာေနရင္း တစ္ခြက္ၿပီးတစ္ခြက္ထပ္ေမာ့ေနၾကတာ မၿပီးေတာ့ဘူး။
ႏွစ္ေယာက္လုံးေမွာက္သြားေတာ့မွ
ၿပီးသြားပါေတာ့တယ္။
ဘာဒါ့ကို တြဲလိုက္ရင္း မနိုင္တနိုင္ ယိမ္းထိုးေနရင္းက
ဂြၽန္ေယာင္းကို ေက်ာကို လွမ္းရိုက္လိုက္တယ္။
''ပတ္ဂြၽန္ေယာင္း အထဲဝင္
အေမဆူေနၿပီ''
''ဟင္ အေမလား''
ဘယ္အရပ္ေရာက္ေရာက္ အေမ့အသံၾကားရင္ေတာ့ ေခါင္းေထာင္ေနရမယ္။
''သြား သြား အထဲဝင္ေတာ့''
ယိုင္နဲ႕ေနတဲ့ ေျခလွမ္းေတြနဲ႕ ရွိသမွ်ပစၥည္းကို ခလုတ္တိုက္ၿပီး
အထဲဝင္သြားေတာ့တယ္။
ခ်ယ္ေယာင္းလည္း တစ္ကိုယ္လုံးပစ္မွီထားတဲ့ ဘာဒါကိုယ္ႀကီးကို ထမ္းရင္း
အိမ္ထဲျပန္ဝင္လာေတာ့
အေမနဲ႕ေတြ႕တယ္။
''အေမ ခ်ယ္ေယာင္း လာသိမ္းလိုက္မယ္ေနာ္''
''ရတယ္ နားလိုက္ၾကေတာ့
အေမသိမ္းလိုက္မယ္''
''ရတယ္ ျပန္လာခဲ့မယ္
အေမျပန္ဝင္အိပ္လိုက္ေနာ္''
အထဲေရာက္တာနဲ႕ အိပ္ယာေပၚပစ္တင္လိုက္ရတယ္။
ေလးလိုက္တဲ့ ကိုယ္လုံး။
အျပင္ျပန္ထြက္မလိုျပင္ေတာ့
''ခ်ယ္ေယာင္း အခ်စ္ေလးး
ကိုယ့္ကို နမ္းပါဦး''
အသံက ေတာ္ေတာ္က်ယ္တယ္။
အေမတို႔အေဖတို႔ၾကားသြားမွျဖင့္ ။
တံခါးသြားပိတ္လိုက္ရၿပီး
''ဘာဒါ ေအာ္မေနနဲ႕ေတာ့
အိပ္ေတာ့''
အိပ္ယာေတာ့ တည့္တည့္က်ေအာင္အရင္တင္ေပးၿပီး
အျပင္ကစားေသာက္ထားတာေတြသြားသိမ္းမယ္ျပင္လိုက္တယ္ဆိုရင္ပဲ
''ပတ္ခ်ယ္ေယာင္း
ခင္ဗ်ား ဘယ္သြားမလို႔လဲ
ကိုယ့္ကိုနမ္းပါဆို''
မ်က္လုံးမပြင့္ပဲ ထထိုင္ၿပီး
ဆြဲဖက္ေနျပန္တယ္။
''တို႔ျပန္လာခဲ့မယ္ေလ ပစၥည္းေတြသိမ္းလိုက္မယ္
မဟုတ္ရင္ အေမသိမ္းေနလိမ့္မယ္''
''နမ္းလို႔ နမ္းလို႔ေျပာေနတာ..''
မနမ္းမခ်င္းတစ္ညလုံးေအာ္ေနမယ့္ပုံပဲ။
သူ႕ႏႈတ္ခမ္းဖ်ားကို ထိ႐ုံေလးနမ္းလိုက္ေတာ့
ၿပဳံးတယ္။
''ကေလးအထာေတြမလုပ္နဲ႕''
ဘာေျပာတာလဲ စဥ္းစားေနတုန္း
လူႀကီးအထာက ဘာလဲဆိုတာ သူက သင္ျပေပးေနၿပီ။
ခံတြင္းထဲ ဝင္လာတဲ့ သူ႕လွ်ာဖ်ားေတြေၾကာင့္
အသက္ရႉမရ။
ဘယ္ကိုထြက္ေျပးမယ္ထင္ေနလို႔ ဒီေလာက္အငမ္းမရ။
ကုတင္ေစာင္းမွာ ထိုင္ေနတဲ့ ခ်ယ္ေယာင္းကို ေပြ႕ၿပီး သူ႕ေပါင္ေပၚတင္လိုက္တယ္။
အရပ္မမီလို႔ ေမာ့နမ္းေနရရာက ေပါင္ေပၚထိုင္ရေတာ့ နည္းနည္းေတာ့ အဆင္ေျပသြားတာေပါ့။
ဒါေပမယ့္ တင္းေနေအာင္ဖက္လိုက္တဲ့ လက္တံရွည္ေတြေၾကာင့္
အသက္ေတာင္ဘယ္နားက ရႉရမွန္းမသိ။
ကိုယ္လုံးႏွစ္ခုၾကား ေလတိုးလို႔မရေအာင္ကို
ဖိကပ္ေနေတာ့တာ။
လုံးေထြးေနတဲ့အေျခအေနမွာ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတဲ့အဝတ္အစားေတြကို
အီဘာဒါက လြယ္ကူစြာပဲ ဖယ္ပစ္လိုက္တယ္။
ရင္ၫြန့္ကို မ်က္ႏွာတစ္ခုလုံးနဲ႕တိုးတိုက္ပစ္ၿပီး
ရင္သားလုံးလုံးေလးေတြကို အပိုင္သိမ္းေတာ့တယ္။
အရက္မူးရင္ ေသြးဆိုးတယ္ဆိုတာ ဒါမ်ိဳးလား။
လိုခ်င္တာမရမခ်င္း ႀကိဳးစားေနေတာ့တာ။
''အ့''
လက္ကလည္း အရမ္းကိုဖ်စ္ညွစ္ေနေတာ့တာပဲ။
ေအာ္လို႔မရပါဘူးဆိုမွ။
အသံေတာ့လုံေပမယ့္
စိတ္ကမလုံဘူး။
မိဘအိမ္မွာ ေအာ္ညည္းေနလို႔မျဖစ္ဘူးမလား။
ပုခုံးစြန္းကို ခပ္ဖြဖြကိုက္လိုက္ၿပီး
ခါးေပၚမွာတင္ထားတဲ့ လက္ေခ်ာင္းေတြက
ေအာက္က ပြင့္ဖတ္ေတြဆီကို ဦးတည္ၿပီး
ဝင္ေရာက္လာတယ္။
ခ်ယ္ေယာင္းလည္း မျငင္းေတာ့ပဲ
သူ႕ဆီကို ပူးကပ္ ဝင္တိုးမိတယ္။
အသံမထြက္ရေတာ့ တခါတေလ သူ႕ပုခုံးကို ကိုက္လိုကိုက္။
ကိုယ့္ႏႈတ္ခမ္းကိုကိုက္လိုကိုက္။
ၿပီးခါနီးတိုင္း ဖိတိုးလာတဲ့ သူ႕ရဲ႕အရာေၾကာင့္လည္း
ဝန္မခံဖူးေပမယ့္
လူက႐ူးမတတ္။
ခ်ယ္ေယာင္းၿပီးသြားေပမယ့္
သူၿပီးေအာင္
မနည္းကို ေျပးလိုက္ခဲ့ရၿပီး
ေနာက္ဆုံးေတာ့ သူ႕ရင္ခြင္ထဲ အိပ္လိုက္ေတာ့တယ္။
(ကြပ္ပ်စ္က ပစၥည္းေတြေတာ့ အေမသိမ္းလိုက္ေပါ့
သမီးလိမၼာေလး😁)
......
ေနာက္ရက္က် ဂြၽန္ေယာင္း ပင္လယ္စာဒိုင္ကိုသြားၿပီး ပစၥည္းဝယ္တာ ဘာဒါက လိုက္သြားေပးတယ္။
ကူမလုပ္နဲ႕လို႔ေျပာလို႔လည္းမရဘူး။
ႏွစ္ေယာက္သား ကားနဲ႕ထြက္သြားေတာ့
အေမက
''ဘာဒါက လိုက္မသြားလည္းရတာကို''
''သူလည္းအိမ္မွာ ပ်င္းေနမွာေပါ့
လိုက္သြားပါေစအေမရယ္''
''သူ႕မိဘေတြက သေဘာတူတယ္တဲ့လား''
''အဲ့လိုေျပာတာပဲ''
''အဆင္ေျပပါ့မလား သမီးရယ္''
''ေျပမွာပါ
သေဘာတူတယ္ တစ္ခါေလာက္ေတာ့ လာေတြ႕လို႔ပဲေျပာတယ္
ခ်ယ္ေယာင္းတို႔လည္း ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ေနၿပီပဲ''
''အင္းး
ဘာဒါ့အလုပ္ကေရာ အဆင္ေျပလား''
''သူက သမီးထက္အရင္ေက်ာင္းၿပီးတာ
ၿပီးေတာ့ အဆက္အသြယ္ေတြလည္းရေနၿပီဆိုေတာ့ ေအာင္ျမင္သေလာက္ျဖစ္ေနပါၿပီ''
''သမီးကေရာ''
''ခ်ယ္ေယာင္းလည္း အဆင္ေျပမွာပါ
စိတ္မပူနဲ႕ေနာ္''
''သမီးတို႔ တစ္ေယာက္နဲ႕တစ္ေယာက္သည္းခံၿပီး နားလည္ၿပီး ခ်စ္ေပးၾကေနာ္
ပုံမွန္လူေတြလိုအိမ္ေထာင္လည္းမဟုတ္ေတာ့
ကေလးကစားစရာလိုသေဘာမထားၾကနဲ႕''
''အဲ့လိုစိတ္မ်ိဳးမရွိပါဘူး''
''ေနာင္တစ္ခ်ိန္ သူမ်ားေတြလို မိသားစုနဲ႕ရွိခ်င္လာရင္ ဘယ္လိုလုပ္မလဲ''
''အဲဒါက ကေလးယူလို႔ရတယ္အေမ
ဖန္ႁပြန္သႏၶေသားယူလို႔ရတယ္
ဒါေပမယ့္ ေလာေလာဆယ္ေတာ့ ခ်ယ္ေယာင္းတို႔မစဥ္းစားပါဘူး''
''အင္းပါ
ဘာဒါက သမီးအေပၚေကာင္းတယ္မလား''
''ဟုတ္ ေကာင္းတယ္
သူက ဒီႏွစ္ေတြအတြင္း သမီးကိုေတြ႕ေအာင္ရွာၿပီး
သမီးရွိတဲ့ေနရာတိုင္းကို လိုက္လာေပးခဲ့တာ
အေမတို႔ကလြဲၿပီး သူ႕ေလာက္ေကာင္းတဲ့လူက မရွိနိုင္ေတာ့ဘူး''
''သမီးဘက္ကလည္း ေကာင္းေပးေပါ့
ေမတၱာဆိုတာ အသြားအျပန္ရွိရမယ္ေလ''
''ေဟာ ျပန္လာၾကပီထင္တယ္''
ကားသံၾကားလို႔ ၾကည့္လိုက္ေတာ့
ဘာဒါတို႔ျပန္လာတာကိုေတြ႕ရတယ္။
ပစၥည္းေတြ ဆိုင္ကိုသြားခ် ။
ဆိုင္မွာ ခုံေတြေနရာျပန္ခ် အေမတို႔ကိုကူေနတယ္။
ခ်ယ္ေယာင္းကေတာ့
အေမတို႔ကိိုေစာင္ေလွ်ာ္ေပးခဲ့ခ်င္လို႔
ေစာင္ေတြထုတ္ေနတုန္း
သူအိမ္ဘက္ကို ကူးလာတယ္။
''မမ''
''ပင္ပန္းေနၿပီလား နားလိုက္ဦး ''
''ဘာလုပ္ေနတာလဲ''
''ေစာင္ေလွ်ာ္မလို႔''
''စက္နဲ႕ေလွ်ာ္လည္းရတာကို''
''အေမက စက္နဲ႕ေလွ်ာ္တာမႀကိဳက္လို႔''
ေရပုံးအႀကီးထဲ ႏွစ္ေယာက္လုံးဝင္နင္းရင္း
''ျဖည္းျဖည္းလုပ္ေလ
ဒီမွာေပကုန္ၿပီ''
''ဟာ ဒီထက္ဘယ္လို ျဖည္းျဖည္းလုပ္ရမွာလဲ
ဘာမွမထိေရာက္ပဲေနမယ္
ၿပီးရင္လည္း ေရခ်ိဳးရမွာပဲကို''
''ဒီမွာနာေနၿပီေလ''
''ေျခေထာက္ကို အျပင္ကိုကားေလ
ကိုယ့္ေျခေထာက္ေအာက္ေရာက္ေနတာကိုး''
ေျခေထာက္ကိုပဲ လာနင္းေနတဲ့ အီဘာဒါ။
''လက္ကို မဆြဲထားနဲ႕ေလ''
''ဆြဲထားမွ အတူတူဟန္ခ်က္ညီတာေလ မမကလည္း''
''မရဘူး မကိုင္နဲ႕''
''ဒါဆို ခါးကကိုင္ရမလား''
''မကိုင္နဲ႕ ယားတယ္လို႔ ဘာဒါ ခါးကိုမထိနဲ႕လို႔''
''ေၾသာ္ ဒါေၾကာင့္လည္း အိမ္ေထာင္က်ရင္ အိမ္ခြဲေနသင့္တယ္လို႔ေျပာၾကတာကိုး''
''ဟင္ ဂြၽန္ေယာင္း
ဘာလဲ''
''နင္တို႔လင္မယားက ေစာင္ေလွ်ာ္ေနတာေတာ့ဟုတ္တယ္မလား''
''မျမင္ဘူးလား ေစာင္ေလွ်ာ္ေနတာကို''
''ေစာင္ေလွ်ာ္တာကို ဘယ္သူက အဲ့လိုေတြေျပာလို႔လဲ
အမေလး ၾကက္သီးထလိုက္တာ
အိမ္မွာ လူပ်ိဳေလးတစ္ေယာက္ရွိတာကို သတိထားၾကဦး
အရမ္းကဲလာရင္ အေမ့ကိုတိုင္မွာေနာ္''
သူပဲဇြတ္ျဖဴစင္။
ဒီမွာရန္ျဖစ္ၿပီး ေစာင္ေလွ်ာ္ေနရတာ။
......
မမတို႔အိမ္မွာပဲ ၃ရက္ေလာက္ၾကားသြားတယ္။
တစ္ရက္ေတာ့
အေဖဖုန္းဆက္လာတယ္။
အေမေနမေကာင္းလို႔ ျမန္ျမန္လာေတြ႕ပါတဲ့။
မမကိုေခၚဖို႔ကလည္း ခုမွမိဘေတြနဲ႕ေနရတာ ၃ရက္ေလာက္ပဲရွိေသးတာ။
''မမ ကိုယ္အေျခအေနသြားၾကည့္လိုက္မယ္''
''အရမ္းေနမေကာင္းျဖစ္ေနလို႔ေခၚတာမဟုတ္ဘူးလား
တို႔လည္းလိုက္ခဲ့ခ်င္တယ္''
''ရပါတယ္ ကိုယ္အရင္သြားလိုက္မယ္
ေနာက္ရက္မွ ျပန္လာေခၚမယ္ေနာ္''
''ျဖစ္ပါ့မလားဟင္
အိမ္မွာ အကန္ေတြေျပာမေနနဲ႕ေနာ္ သိလား''
''..''
''ၾကားလားလို႔ ''
''အင္းပါ''
''အခု ဘယ္သူဆက္တာ''
''အေဖ''
''အင္း သြားလိုက္ေနာ္
မနက္ျဖန္ မနက္သြားလိုက္ေတာ့
တို႔လာေတြ႕ရမယ္ဆိုရင္လည္း ဖုန္းဆက္လိုက္ေနာ္
တကူးတကလာမေခၚနဲ႕''
''ကိုယ္လာေခၚပါ့မယ္''
ေနာက္ရက္မနက္ေတာ့ ဆိုးလ္ကို ျပန္တက္ခဲ့ရတယ္။
ဒီေန႕အခ်ိဳပဲစားၾက ဒါဒါတို႔ 😚။
ခ်စ္တဲ့
လင္း
ေျပးဖက္ခ်င္စရာ အီဘာဒါ