မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

By Ssinlet_aeri

22K 3.2K 323

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... More

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၉ : မှတ်စုစာအုပ်
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၅ : သုံးဆောင်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၈ : ကြမ္မာရေစက်
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၀ : ဆန့်ကျင်ဘက်
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၄ : ကျန်းလန်
အပိုင်း ၂၅ : မမျှော်မှန်းထားသော
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း
အပိုင်း ၃၀ : Escape room
အပိုင်း ၃၁ : နို့ထိန်း
အပိုင်း ၃၂ : လူတူနှစ်ယောက်
အပိုင်း ၃၃ : ဒိုင်ယာရီ

အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း

391 73 9
By Ssinlet_aeri

[Unicode]

အလှမ်းဝေးသော အတိတ်မှ ဖြစ်ရပ်တချို့ကို မြင်မက်ခဲ့ပြီး လူတစ်ယောက်ကို အိပ်မက်မက်ခြင်း

ဝမ်းရှီသည် အပြစ်ဖို့လိုက်ပြီးနောက် အလျင်အမြန် ဖုန်းချလိုက်တော့သည် ။

မြန်ဆန်လွန်းသည်ဖြစ်ရာ ရှချောင်သည်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ ။

အကယ်၍ ဝမ်းရှီသာ အရင်လို တုံဏှိဘာဝေ အေးစက်စက်မျက်နှာပေးအတိုင်း ရှိနေပြီး အခြားသူများကို သို့နှယ်မပြုမူတတ်သည့်အချက်ကြောင့်သာ မဟုတ်ပါက သူ့ကောက တကယ်တမ်း အတော်လေး ဆိုးသွမ်းသည်ဟု ရှချောင် သံသယဝင်မိတော့မည်ပင် ။

ရှချောင်သည် အိတ်ကပ်ထဲသို့ ဖုန်းကိုအသာလေး ပြန်ထိုးထည့်လိုက်ပြီး ချီးကျူးထောပနာပြုလာ၏ ။ "ကော အခု သူများကို ဘယ်လိုဖုန်းချပစ်ရမှန်း သိသွားပြီပေါ့ "

သူ၏ ကတုန်ကယင်ဖြစ်သွားသော လက်ကြောင့် အသက်ဝင်လာသောကြောင်ကို ကိုင်လျက် ဝမ်းရှီက ထေ့ငေါ့သည့်လေသံဖြင့် "ငါက အရူးလား ? "

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး...အဲ့လိုပြောတာ မဟုတ်ဘူးလေ " ရှချောင်က သူ့လက်များကို အလျင်စလို ဝေ့ယမ်းပြလာသည် ။ "ကော အရင်က ဖုန်းတစ်ခါမှ မသုံးဖူးတာတောင် ဒါမျိုးလုပ်တတ်သွားတာ ကော တော်တော်ဉာဏ်ကောင်းတာပဲလို့ ပြောချင်ရုံလေးပါဆို "

ဝမ်းရှီ သူ့ကိုအမူအရာကင်းမဲ့စွာ စိုက်ကြည့်လိုက်၏ ။

ရှချောင် : "....."

ရှချောင် : "ကျွန်တော် မှားသွားပါတယ် "

သူသည် သူ့အမှားကို အလွန်သတိကြီးစွာဖြင့် ဝန်ခံလိုက်ပြီးနောက် အလိုက်တသိမေးလာသည် ။ "အာ..ဒါနဲ့ ကော...နောက်မှ ကောအတွက် ဖုန်းဝယ်ကြရင်ရော ? "

ဝမ်းရှီသည် အထူးတလည် စိတ်ဝင်စားခြင်းမရှိပေ ။ "ငါက ဘယ်သူ့ကို ဆက်သွယ်ဖို့ သုံးရမှာတုန်း ? "

ရှချောင်သည် ပါးစပ်ဟလိုက်သော်လည်း တောင့်ခဲသွားသည် ။

ဤကမ္ဘာလောက၌ ဝမ်းရှီ ဆက်သွယ်နိုင်မည့်သူ အမှန်ပင် တစ်ဦးတစ်‌လေမျှမရှိကြောင်း သူရုတ်တရက် နားလည်သွားလေ၏ ။ သူတစ်ချိန်က ရင်းနှီးသိကျွမ်းခဲ့သောသူအားလုံးမှာ ကွယ်လွန်ဆုံးပါးသွားပြီဖြစ်ပြီး ရှချောင်ကသာ တစ်ဦးတည်းကျန်ရစ်သည့်မျိုးဆက်ပင် ။ သူသည် ဝမ်းရှီကို "ကော"ဟု ခေါ်နေသော်လည်း သူတို့နှစ်ယောက် အချင်းချင်း သိကြသည်မှာ သိပ်မကြာသေးချေ ။

.....ထို့ပြင် သူက လူသားစင်စစ်ပင် ဟုတ်မနေခဲ့ ။

ရှချောင် အားပြတ်စွာ တွေးမိသွားသည် ။ "ငါ့ရဲ့ ဒီအာချောင်တဲ့ ပါးစပ်ကတော့ ။ သူ့အနာကိုမှ သွားထိမိရတယ်လို့ " သို့တိုင် မေးခွန်းမှာ ထွက်လာပြီးဖြစ်သောကြောင့် ပြန်မဖြေလျှင် ပိုလို့တောင် ဆိုးရွားနေတော့မည် ။

ထို့အတွက် သူစတင်၍ ရွှီးရွှမ်းပြောရတော့သည် ။ "အင်း..အဲ့တာတင်မဟုတ်ဘူး ကောရဲ့ ။ ကျွန်တော်က ဖုန်းဆက်ဖို့သပ်သပ်ပဲ ဖုန်းသုံးတယ်ထင်လို့လား ? မဟုတ်ဘူးနော် ။ တစ်ရက် ၂၄နာရီမှာ ၁၆နာရီလောက်ကို ဖုန်းသုံးနေနိုင်တယ် ။ ဖုန်းခေါ်တာ ဖုန်းကိုင်တာအပြင်ကို ကျွန်တော်လုပ်ချင်ရာ လုပ်လို့ရ‌သေးတယ်‌ဗျာ "

ဝမ်းရှီ : "? "

ရှချောင်တစ်ယောက် သူ့ကောအရူးလုပ်ခံလိုက်ပြီကို မြင်သောအခါ တစ်ဖက်လူ ပြန်မတုံ့ပြန်နိုင်သေးခင်ပင် ရုတ်ချည်း နိဂုံးချုပ်လိုက်သည် ။ "အတိုချုံးပြောရရင် ဒါက ကောမှာ ရှိသင့်ရှိထိုက်တဲ့ ရတနာပဲ "

ဝမ်းရှီက အရေးကြီးသည့်အချက်ကို ထုတ်မေးလာ၏ ။ "ဘယ်လောက်ကျလဲ ? "

ရှချောင် : "အမ်း..."

ဝမ်းရှီ : "မဝယ်ဘူး ။ ငါတို့မှာ ပိုက်ဆံမရှိဘူး "

ရှချောင်က ချက်ချင်းပြောလိုက်သည် ။ "သူဌေးရှဲ့ ပြောင်းလာတာနဲ့ ကျွန်တော်တို့ ပိုက်ဆံရှိသွားမှာပေါ့ "

ရလဒ်အနေဖြင့် ရှဲ့ဝမ်းတစ်ယောက် ဘာမျှပင်မလုပ်ရပါဘဲ အပြစ်ကင်းသည့် အသက်တစ်ချောင်းနှင့် အပြစ်ကင်းသည့် လက်ကိုင်ဖုန်းတစ်လုံး၏ တာဝန်ကို သယ်ပိုးလိုက်ရတော့သည် ။ ထို့ပြင် ပိတ်ရက်ပင်မရောက်သေးဘဲ ရှန်မိသားစု၏ ဒုတိယမြောက် "တပည့်လေး"ထံမှ မကြာခဏ တရားလွန် နှုတ်ခွန်းဆက်သမှုဖြစ်သည့် ဖုန်း‌ခေါ်ဆိုမှု ၄ခု ကို လက်ခံရရှိလိုက်သည် ။

နောက်ဆုံး ဖုန်းခေါ်ဆိုမှုက သောကြာနေ့ညခင်း ၊ သိပ်လည်း နောက်မကျသည့် လူအများစု ညစာစားပြီးလောက်သော အချိန်ပင် ။

ရှချောင်က မနက်ဖြန် ရှဲ့ဝမ်းနှင့်တွေ့ဆုံမည့်အချိန်ကို အတည်ပြုချင်ခဲ့သည် ။

ဖုန်းသည် အတော်ကြာ မြည်နေခဲ့ပြီး နောက်ဆုံးမှ တစ်ဖက်မှ ဖုန်းကိုင်လာ၏ ။ သို့သော် စကားပြောလာသည့်လူမှာ ရှဲ့ဝမ်းမဟုတ်ဘဲ လောင်မောင်ပင် ။

ဘာကြောင့်ရယ်မသိရသော်ငြား လောင်မောင်၏အသံမှာ အင်မတန်တိုးလျနေပြီး တစ်စုံတစ်ခုကို စိုးထိတ်ပူပန်နေပုံရသည် ။

ရှချောင်သည် တစ်ခဏမျှ ကြောင်အမ်းသွားရပြီး "လောင်မောင်ရှု (ဦးလေးလောင်မောင်)...ဘာဖြစ်တာလဲ ? သူဌေးရှဲ့ရော ? "

ဝမ်းရှီက လက်ရှိ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ခြေထောက်ကွေးလျက် ထိုင်နေသည် ။ တီဗီတွင် ဆူဆူညံညံ ရသစုံရှိုးတစ်ခုပြသနေပြီး သူ့အကြည့်များက တီဗီစခရင်ထက် ကျရောက်နေကာ ရှိုးထဲတွင် အသုံးပြုနေကြသော မရင်းနှီးသည့် စကားလုံးများနှင့် စာကြောင်းများကို နားထောင်နေသော်ငြား သူ့အာရုံမှာတော့ ရှချောင်ထံတွင် ရောက်နေသည် ။

ရှချောင်၏အမေးစကားကိုကြားသော် ဝမ်းရှီသည် ခေါင်းထောင်ကာ လှည့်ကြည့်လာ၏ ။

ရှချောင်က အလိုက်တသိဖြင့် စပီကာဖွင့်လိုက်သည် ။

လောင်မောင်၏ တွေဝေတုံ့ဆိုင်းနေသော စကားသံက ဖုန်းမှတစ်ဆင့် ပျံ့လွင့်လာခဲ့သည် ။ "သူဌေးက...သူဌေးက နည်းနည်းအလုပ်များနေလို့ "

အလုပ်များနေပြန်ပြီလား ?

အရင်တစ်ခေါက် သူတို့ရှီဖျင်းပြခန်းသို့ သွားခဲ့စဉ်ကမြင်ကွင်းကို ဝမ်းရှီမှတ်မိသည် ။ ရှဲ့ဝမ်းက အေးလွန်း၍ လူများနှင့်တွေ့ဆုံရန် အပြင်မထွက်ချင်ဟုဆိုကာ လာသမျှဧည့်သည်များကို ထိုနည်းအတိုင်းပြန်လွှတ်ရန် လောင်မောင်ကို ပြောထားခဲ့သည် ။

ဒါပေမဲ့ ဖုန်းကိုင်ဖို့ကိုတော့ အပြင်ထွက်စရာမလိုဘူး မဟုတ်လား ?

ဆန်းကျယ်လိုက်တာ ။

ဝမ်းရှီ တွေးလိုက်မိသည် ။

ဖုန်းတစ်ဖက်တွင်တော့ တာ့ကျောက် သို့မဟုတ် ရှောင်ကျောက်က ခပ်လှမ်းလှမ်းမှ မေးနေ၏ ။ "လောင်မောင်...ဒီကို အမြန်လာခဲ့လေ--ဘာလုပ်နေတာလဲ ? "

"ဖုန်းဖြေနေတာ " လောင်မောင်သည် အလောတကြီး လှေကားမှ ဆင်းလာခဲ့လိုက်သည် ။ သစ်သားလှေကားက သူနင်းလိုက်တိုင်း တကျွိကျွိမြည်နေသောကြောင့် သူသည် လျင်မြန်စွာ ခြေသံဖွဖွနင်းလိုက်တော့သည် ။

"ဘယ်သူ့ဆီကလဲ ? "

လောင်မောင်က ကျစ်ခနဲစုတ်သပ်လိုက်၏ ။

သူသည် မတော်တဆ ဖုန်းမိုက်ခရိုဖုန်းကို လက်ဖြင့်ဖိမိခြင်း ဖြစ်ဖို့များသည် ။ နောက်ဆက်တွဲပြောစကားများမှာ ဗလုံးဗထွေးနှင့် ခပ်အုပ်အုပ်ဖြစ်နေကာ ရှင်းရှင်းလင်းလင်း မကြားရတော့ချေ ။ ဖုန်းတစ်ဖက်ရှိ လေထုအနေအထားမှာ အနည်းငယ်ထူးဆန်းနေခဲ့ပြီး....အလွန် သတိတကြီးနှင့် ဂရုတစိုက်ရှိနေကြပုံပင် ။

ဝမ်းရှီ သူ့နာမည်သူ ကြားလိုက်သည်ဟု ထင်မိသည့်တိုင် မသဲမကွဲဖြစ်လွန်းနေရာ တကယ်တမ်း သူ့နာမည်နှင့် သိပ်တော့လည်း မဆင်သလို ခံစားလိုက်ရ၏ ။ သူနားကြားမှားသွားခြင်းသာဖြစ်ရမည် ။ သူ့နာမည်ကို အခြားမည်သူ့ကိုမျှ မပြောပြခဲ့သည်ပေ ။

တစ်ခဏကြာပြီးနောက် ဖုန်းထဲမှ တချွတ်ချွတ်အသံများကြားလိုက်ရပြီး လောင်မောင်က ဖုန်းကို သူ့နားရွက်ဘေး ပြန်ကပ်လိုက်ကာ ခပ်တိုးတိုးပြောလာသည် ။ "တကယ် အားနာလိုက်တာ ။ နောက်မှ ဖုန်းပြန်ခေါ်ဖို့ပဲ ဒုက္ခပေးရတော့--"

သူဆုံးအောင် မပြောရသေးခင် ခပ်နိမ့်နိမ့် ဩရှသည့်အသံတစ်သံက အသာအယာ ကြားဖြတ်ပြောလာ၏ ။ "လောင်မောင်...ငါ့ကိုဖုန်းပေး "

ရှဲ့ဝမ်းပင် ။

လောင်မောင်ခမျာ ထိတ်လန့်သွားပုံရပြီး "အိုက်"ခနဲ အသံဖြင့် ထခုန်မိသွားသည် ။ အချိန်တစ်ခဏကြာမှ သူပြောလာခဲ့သည် ။ "သူဌေး...နိုး...‌နေပြီလား ? "

"အင်း " ရှဲ့ဝမ်းက ဖုန်းကို လှမ်းယူလိုက်သည် ။ "သွား အလုပ်သွားပြန်လုပ်တော့ "

လောင်မောင်သည် အသံပြုတုံ့ပြန်လိုက်ပြီးနောက် သုတ်တီးသုတ်ပြာ ထွက်ခွာသွားတော့သည် ။

"ဟယ်လို " ရှဲ့ဝမ်းက ဆိုလာ၏ ။

သူ့အသံမှာ အက်ကွဲနေဆဲဖြစ်ပြီး လေသံက ဩရှကာ အတက်အကျမရှိဖြစ်နေသည် ။ သူသည် ပြုံးရယ်မနေသေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏ ၊ သိပ်ပြီး ချဉ်းကပ်ရလွယ်ကူပုံ ပေါ်မနေပါချေ ။

"သူဌေးရှဲ့...." ရှချောင်တစ်ယောက် ရှင်းမပြနိုင်လောက်အောင် ကြောက်ဒူးတုန်လာ၏ ။ သူသည် ဝမ်းရှီကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ပူပူခြစ်ခြစ်ကန်စွန်းဥကို လှမ်းပစ်ပေးလာတော့သည် ။ "အင်း..ကျွန်တော့်ကောကလေ သူဌေးကို ရှာနေတာ "

ဝမ်းရှီ : "....."

အနှီဆယ်ပြားလိုနေသည့်အရူး ရှချောင်မှာ ဆက်ပြီး အသက်မရှင်လိုတော့ဟု သူခံစားလိုက်ရသည် ။

သတိလက်လွတ်ဖြစ်သွားသည့် ဝမ်းရှီ၏လက်ထဲသို့ ဖုန်းရောက်လာချိန် ရှဲ့ဝမ်းက မေးမြန်းလာသည်နှင့်တိုးသည် ။ "မင်းကော ဘေးမှာရှိလား ? "

ဝမ်းရှီသည် အေးစက်စွာဖြင့် "ငါက ရှိတယ် ။ သူကတော့ ပြေးသွားပြီ "

ရှဲ့ဝမ်းက သူ့တုံ့ပြန်ပုံကြောင့် ရွှင်မြူးသွားရပြီး ခပ်ဖွဖွ ရယ်မောလာသည် ။

ဝမ်းရှီ စပီကာပိတ်ကာ ဖုန်းကို နားနံဘေးကပ်လိုက်သည်နှင့် ထိုနွေးထွေးနူးညံ့သည့်ရယ်သံက အင်မတန် နီးနီးကပ်ကပ်ထွက်ပေါ်လာ၏ ။ ပျော့ပျောင်းနူးညံ့သည့် တစ်စုံတစ်ရာက သူ့ကို ကလိထိုးနေသယောင် ခံစားလိုက်ရသည် ။

တီဗီတွင် ပြသနေသော ရသစုံရှိုးမှ မင်းသားများက တစ်ယောက်တစ်ပေါက် တက်ကြွစွာ ပြောဆိုဆွေးနွေးနေကြသည် ။ ရုတ်တရက်ကြီး အလွန်တရာမှ ဆူညံလွန်းသည်ဟု ခံစားလိုက်ရသဖြင့် သူသည် ရီမုတ်လှမ်းယူကာ ပိတ်ပစ်လိုက်တော့သည် ။

"လောင်မောင် ပြောတာတော့ မင်းခုနက အလုပ်များနေတာဆို ? " ပတ်ဝန်းကျင်က အသံများငြိမ်သက်သွားသောအခါ ဝမ်းရှီ မေးမြန်းလိုက်သည် ။

ရှဲ့ဝမ်းက ပျင်းရိစွာ "အင်း"ဟု ဆိုလာသည် ။ တစ်စက္ကန့်မျှ ကြာပြီးနောက် သူဆက်ပြောလိုက်သည် ။ "ဘာမှမဟုတ်ပါဘူး ။ ငါအိပ်နေတာ ။ အိပ်နေတဲ့အချိန်ဆို ဒေါသကြီးတတ်လို့ သူတို့က ငါ့ကို မနှိုးရဲကြဘူးလေ "

ဝမ်းရှီ ခုနက ဖုန်းတစ်ဖက်မှ သတိချပ်နေကြသည့် အခြေအနေကို ပြန်အမှတ်ရသွားပြီး တွေးမိသွားရသည် ။ ဘယ်လောက်တောင် ဒေါသကြီးလို့တုန်း ?

သူသည် တစ်ခဏမျှ အတွေးလွန်သွားကာ ဖုန်းကောလ်က တိတ်ဆိတ်ငြိမ်သက်သွားလေ၏ ။ မမျှော်လင့်ထားစွာပင် ရှဲ့ဝမ်းက နားထောင်ရုံနားထောင်နေပြီး သူဖုန်းဆက်လာသည့် အကြောင်းအရင်းကို ဖိမပြောလာပေ ။

နောက်ဆုံးတော့ ရှချောင်က ရေခဲသေတ္တာထံသို့ ပြေးသွားကာ နို့ဘူးနှစ်ဘူးကို ဆွဲယူလာပြီး ဝမ်းရှီအား တောင်းပန်သည့်အနေဖြင့် တစ်ဘူးကမ်းပေးလာသည် ။ သူသည် လေသံတိုးတိုးဖြင့် "သူဌေးရှဲ့က မနက်ဖြန် ဘယ်အချိန်လာမှာလဲ ? "

ထိုအချိန်မှသာ ဝမ်းရှီ အသိပြန်ဝင်လာခဲ့သည် ။ သူသည် ဖုန်းတစ်ဖက်ရှိလူကို လှမ်းမေးလိုက်၏ ။ "မနက်ဖြန် ဘယ်အချိန်လာမှာလဲ ? "

ရှဲ့ဝမ်း : "နေ့ခင်းလောက် လာတာပေါ့ "

***

နေ့လယ်ခင်းဟု ပြောခဲ့သည့်တိုင် သူတကယ်တမ်းရောက်လာသောအခါ ညနေပင် စောင်းနေလေပြီ ။

လွန်ခဲ့သော နှစ်ရက်က မိုးကြီးလေကြီးကျပြီးနောက် နျဉ်းကျိုး၏အပူချိန်မှာ ၃၀ °C ထိ ထိုးထောင်တတ်သွား၏ ။ ဝမ်းရှီသည် အပူကြောက်သောကြောင့် အိမ်ထဲရှိ အဲကွန်းအပူချိန်ကို အလွန်လျှော့ထားရာ တစ်ကိုယ်လုံး စောင်ခြုံထဲကွေးကာ ရေခဲချောင်းစားနိုင်သည်အထိပင် ။

ရှဲ့ဝမ်းက အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ရယ်လိုက်‌လေသည် ။

ထိုရယ်သံက ဒေါသဖြစ်ရာမှ ထွက်ပေါ်လာခြင်းဟု ရှချောင် ခံစားလိုက်ရသည် ။

"မင်းတို့အိမ်ထဲမှာ ကြိုပြီး ဆောင်းရာသီရောက်နေကြတာလား ? " ရှဲ့ဝမ်းက မေးလာသည် ။

"ပူလို့ " ဝမ်းရှီသည် ခပ်ပြတ်ပြတ်နှင့် တိုတိုတုတ်တုတ် ပြောလိုက်၏ ။ ထို့နောက် ရှဲ့ဝမ်းကို ခေါင်းအစ ခြေအဆုံးစစ်ဆေးလိုက်ပြီး "မင်းက ဘာလို့ ဟိုရက်တွေတုန်းကထက် အဝတ်တွေ ပိုဝတ်ထားရတာလဲ ? "

ရှဲ့ဝမ်းသည် အနှီအနက်ရောင်လက်အိတ်များကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လက်ကောက်ဝတ်တွင်တော့ ရှုပ်ထွေးသည့် ပုတီးစေ့လက်ကောက်များကို ရစ်ပတ်ထားသည် ။ ဤမျှ ပူလောင်အိုက်စက်သောနေ့တွင် သူက ရှပ်အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားကာ လက်မောင်းပေါ်တွင် ကုတ်အင်္ကျီတစ်ထည်ပါ ချိတ်ထားသေး၏ ။

အရင်တစ်ခေါက်က ပျောက်သွားသော အနက်ရောင်ကုတ်နှင့် မတူညီစွာ ယခုတစ်ထည်မှာ အနီရဲရဲပင် ။

"ဘာလို့လဲဆိုရင်တော့ မင်းငါ့ကို ဒီမှာ ခဲသေသွားအောင်လုပ်မဲ့ ကောက်ကျစ်တဲ့အကြံကို ကြိုမြင်ထားလို့လေ " ရှဲ့ဝမ်းက စနောက်လာသည် ။ "ငါ့အသက်‌ကယ်ဖို့အတွက် ကြိုကာကွယ်ထားလို့မရဘူးလား ? "

သူသည် ဆိုဖာတွင် ဝင်ထိုင်ရင်း ကုတ်အင်္ကျီကိုလည်း ထပ်ဝတ်လိုက်သည် ။

အကယ်၍ ယခုလို ဥတုရာသီ၌ သာမန်လူတစ်ယောက်ကသာ ဤသို့ အနီရောင်မျိုးကို ဝတ်ဆင်ထားပါက မသက်မသာခံစားချက်ကို ပေးစွမ်းနေလိမ့်မည်ပေ ။ သို့သော် ရှဲ့ဝမ်းကတော့ ခြွင်းချက်ပင် ။ ဤအရောင်က သူနှင့် အတော်လေး လိုက်ဖက်ညီပုံရသည် ။

သူ၏နှင်းသဖွယ် ဖြူဆွတ်နေသည့် ရှပ်အင်္ကျီကော်လံက တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေသောကြောင့် ၊ သို့မဟုတ် အနီတောက်တောက်အရောင်ကြောင့် ဖြစ်နိုင်သည် ။ သူ၏လူမမာရောဂါသည် အငွေ့အသက်ကို သိသိသာသာ ပျောက်ကွယ်သွားစေ၏ ။

ရှချောင် မှင်သက်နေမိသည် ။

ရှဲ့ဝမ်းက ကော်ဖီစားပွဲပေါ်ရှိ ခွက်ထဲမှ ဘောပင်တစ်ချောင်းကို ယူကာ စားပွဲ၏ကျောက်သားမျက်နှာပြင်ကို အသာတောက်လိုက်မှသာ သူအသိပြန်ဝင်လာခဲ့သည် ။ ရှချောင်သည် အခန်းထဲသို့ ကသုတ်ကရိုက်ပြေးဝင်သွားပြီး စာရွက်စာတမ်းများကို ယူလာခဲ့သည် ။

"ဒါက စာချုပ်ပါ ။ သူဌေးရှဲ့..ကြည့်ကြည့်လိုက်ပါအုံး " ရှချောင်သည် ခွေးခြေခုံပုလေးကို ဆွဲကာ ကော်ဖီစားပွဲ၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်ပြီး ဘောပင်တစ်ချောင်းကိုလည်း ယူလိုက်၏ ။ "ကော..လာဖတ်ကြည့်မလား ? "

"ဟင့်အင်း..မင်းတို့ပဲ ကြည့်လုပ်လိုက်တော့ "

ဝမ်းရှီသည် ကိုယ်ကိုကိုင်း၍ အဲကွန်းလေပေါက်နှင့် အနီးဆုံးဖြစ်သည့် ဆိုဖာ၏တစ်ဖက်စွန်းတွင် ဝင်ထိုင်လိုက်သည် ။ သူသည် လေအေးများအားလုံးကို တစ်ယောက်တည်း အပြည့်အဝ မောင်ပိုင်စီးထားပြီး နားရွက်စွန်းကို ပျင်းရိပျင်းတွဲ ဖိကိုင်လျက် ကြီးကြပ်ကွပ်ကဲသူအဖြစ် ဆောင်ရွက်နေ၏ ။

သူတို့သည် လှောင်အိမ်များထဲသို့ အတူတကွဝင်ဖူးသည့် ဆက်ဆံရေးရှိသဖြင့် စာချုပ်စာတမ်းမှာ လုပ်ရိုးလုပ်စဉ်အရသာ ။ ရှချောင်က ရှဲ့ဝမ်းကို လိုအပ်သည်များ မေးမြန်းနေပြီး ရှဲ့ဝမ်းက ရိုးရှင်းစွာ ပြန်လည်ဖြေကြားပေးသည် ။

ဝမ်းရှီသည် သူတို့၏စကားဝိုင်းကို တစ်ခဏမျှ နားထောင်နေပြီးနောက် သူ၏မျက်လုံးထောင့်မှတစ်ဆင့် အနီရဲရဲအရောင်ပေါ်သို့ မသိမသာ အကြည့်ရောက်သွားသည် ။ ရှဲ့ဝမ်း စကားပြောလိုက်လျှင် သူ၏ပါးလျပြတ်သားသည့် မေးရိုးက အပေါ်အောက် လှုပ်ရှားနေ၏ ။

ထိုရင်းနှီးကျွမ်းဝင်နေသော ခံစားချက်က တစ်ခဏချင်း သူ့ထံ၌ ပြည့်နှက်လာပြီး သူ့နှလုံးအိမ်ကို ခပ်ဖွဖွ ကုတ်ခြစ်လာသည် ။

ဝမ်းရှီသည် အကြည့်လွှဲလိုက်ကာ အောက်သို့ ငုံ့ကြည့်ရင်း သူ့လည်စေ့သူ ထိတွေ့လိုက်၏ ။

စက္ကန့်ပိုင်းမျှ ကြာပြီးနောက် သူသည် မတ်တပ်ထရပ်ကာ ညှပ်ဖိနပ်စီးလျက် အဝေးသို့ လျှောက်သွားတော့သည် ။

သူသည် ရေခဲသေတ္တာကို မွှေနှောက်ရှာဖွေလိုက်ပြီး Coke ဘူးတစ်ဘူးကို ရှာ‌တွေ့သွားသည် ။ ထို့နောက် ကွင်းကို ဆွဲဖောက်ကာ ပါးစပ်အပြည့် အနည်းငယ်မော့ချလိုက်၏ ။ သူ ပြန်လှည့်လိုက်သောအခါ ရှဲ့ဝမ်းက မသိလိုက်သောအချိန်တစ်ခုတွင် ကော်ဖီစားပွဲမှအကြည့်လွှဲကာ ဝမ်းရှီကို ကြည့်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည် ။

ဝမ်းရှီသည် ဆိုဒါသောက်ရန် ခေါင်းမော့ရင်းတန်းလန်း ရပ်တန့်သွားရတော့သည် ။ သူသည် မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်ပြီး ရှဲ့ဝမ်း၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားခဲ့သည် ။

အချိန်တစ်ခုစာ ကျော်လွန်သွားပြီးနောက် သူသည် Cokeဘူးကို ကိုင်လျက် ဧည့်ခန်းထဲသို့ ပြန်လျှောက်လာကာ ရီမုတ်ကိုယူ၍ အဲကွန်း လှမ်းပိတ်လိုက်သည် ။ ထို့နောက် အကြည့်လွှဲသွားပြီဖြစ်သော ရှဲ့ဝမ်းကို မေးလိုက်၏ ။ "ဘာသောက်ချင်လဲ ? "

ရှဲ့ဝမ်း၏အကြည့်က ဝမ်းရှီလက်ထဲရှိ အအေးပေါ်သို့ ကျရောက်သွားကာ "ရွေးစရာအကုန်လုံးက ဒီလောက်အေးတာလား ? "

ရှချောင်က အခန်းအရေအတွက်နှင့် ငှားရမ်းခကို ရေးဖြည့်နေသည်ပေ ။ ဤသည်ကိုကြားသော် သူသည် အူကြောင်ကြောင် မော့ကြည့်လာပြီး ဒီလူနှစ်ယောက်က ဘယ်လိုလုပ် အအေးအကြောင်း ရုတ်တရက် ထပြောနေကြသည်ကို နားမလည်ဖြစ်နေသည် ။

"ရေနွေးလဲရှိတယ် " ဝမ်းရှီက ပြောလိုက်၏ ။

"မင်းငါ့ကို ခပ်ပေးမှာလား ? " ရှဲ့ဝမ်းက ပြုံးလျက် သူ့အာရုံများက ကော်ဖီစားပွဲထံ ပြန်လည်ရောက်ရှိသွားခဲ့သည် ။ သူသည် ရှချောင် ရေးထားသည့် "1"ကို ထောက်ပြလိုက်ကာ အမှန်ပြင်ပေးလာသည် ။ "မှားနေတယ် ။ ငါ နှစ်ခန်းလုံးငှားမှာ "

ရှချောင် : "အာ???"

ရှဲ့ဝမ်း : "အပေါ်ထပ်က အခန်းနှစ်ခန်းကို ငှားဖို့တင်ထားတာ မဟုတ်ဘူးလား ? ငါနှစ်ခန်းလုံးယူမယ် "

ဝမ်းရှီသည် သူ၏ "မင်းဘာသာမင်းခပ်"ဟူသည့် စကားလုံးများကို ပြန်လည်မြိုချလိုက်တော့သည် ။ ခဏအကြာ အပူချိန်အနေတော်ဖြင့် ရေနွေးတစ်ခွက်က ကော်ဖီစားပွဲပေါ် ရောက်လာခဲ့သည် ။

ရှဲ့ဝမ်း အနည်းငယ် အံ့အားသင့်သွားသည် ။

သူခေါင်းမော့လိုက်သော် ဝမ်းရှီ ရေရွတ်နေသည်ကို ကြားလိုက်ရသည် ။ "ပိုက်ဆံမျက်နှာနဲ့ "ဟူ၍ ။ ထို့နောက်တွင်တော့ ဝမ်းရှီသည် သူ၏Cokeဘူးနှင့်တကွ ပြန်ထွက်သွားလေ၏ ။

ဝမ်းရှီ၏ ခပ်မြင့်မြင့်ပုံရိပ်က ထောင့်ချိုးကိုကွေ့ကာ အခန်းထဲသို့ ဝင်ပြီး နောက်ရှိတံခါးကို ပြန်ပိတ်သွားသည်ကို ရှဲ့ဝမ်းကြည့်နေမိသည် ။ တစ်စက္ကန့်အကြာ အိပ်ခန်းထဲမှ ခပ်တိုးတိုး "တီ"ခနဲ မြည်သံထွက်ပေါ်လာ၏ ။ ဝမ်းရှီတစ်ယောက် အခန်းထဲရှိ အဲကွန်းဖွင့်လိုက်ခြင်းဖြစ်ရမည် ။

ရှဲ့ဝမ်းသည် အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး စာချုပ်၏နောက်ဆုံးစာမျက်နှာတွင် လက်မှတ်ထိုးရန် ဘောပင်အဖုံးကို ချွတ်လိုက်ပြီးနောက် ခပ်တိုးတိုး ရေရွတ်လာသည် ။ "ကိုငွေခင်ဖြစ်အောင် ဘယ်ကနေများ သင်လာတာလဲ ? "

"ဘာသင်တာလဲ ? " ရှချောင် သဲသဲကွဲကွဲ မကြားလိုက်ပေ ။

"ဘာမှမဟုတ်ဘူး " ရှဲ့ဝမ်းသည် ဘောပင်ကို ပြန်ချလိုက်ကာ ဖန်ခွက်ထဲမှ ရေနွေးတစ်ငုံ ယူသောက်လိုက်ပြီးနောက် ဖြည်းညင်းစွာပြောလာ၏ ။ "မင်းအကြောင်း ပြောနေတာမဟုတ်ပါဘူး "

"ဪ" ဘေးနားတွင် ဝမ်းရှီမရှိသည့်အချိန် ရှချောင်သည် ရှဲ့ဝမ်းကို အနည်းငယ် ကြောက်ရွံ့သောကြောင့် အင်မတိအင်မတန် အပိုးကျိုးကာ တရိုတသေဖြစ်နေသည် ။ "သူဌေးရှဲ့...ဒီနေ့တင် ပြောင်းလာလို့ရတယ်နော် "

"အဲ့တော့ ဒုတိယထပ်တစ်ထပ်လုံးက ငါ့အပိုင်ဖြစ်သွားပြီပေါ့ ဟုတ်လား ? " ရှဲ့ဝမ်းက ထပ်မံအတည်ပြုလာ၏ ။

"ဟုတ်တယ်ဗျ " ရှချောင်က အလွန်တက်ကြွစွာ ပြန်ဖြေလိုက်သည် ။

"ဒါဖြင့် ငါသူတို့ကို အထုတ်တွေသိမ်းပြီး ပို့ခိုင်းလိုက်မယ် ။ နည်းနည်းတော့ များနေလောက်တယ် "

ညကြီးမိုးချုပ် ကြယ်ရောင်လရောင်များအကြား လောင်မောင်နှင့် ကျန်သူများက ထရပ်ကားကြီးနှင့် အလောတကြီးရောက်ချလာမှသာ သူပြောသည့် "နည်းနည်းများလောက်"သည်ကို ရှချောင်နားလည်သွားတော့သည် ။

ဝမ်းရှီသည် သံပြိုင်အော်ဟစ်သံများကြောင့် လန့်သွားပြီး အိပ်ခန်းထဲမှထွက်လာခဲ့လိုက်သည် ။

များစွာသော ပြောင်းရွှေ့အလုပ်သမားများက အနီရောင်ပိုးသားဖြင့် ရစ်ပတ်အုပ်မိုးထားသော ကြီးမားသည့်အရာကြီးကို ဒုတိယထပ်သို့ သယ်ပို့နေကြဆဲသည်ပေ.....

ဝမ်းရှီ ဘေးဖယ်ပေးလိုက်သောအခါ လက်ပိုက်လျက် မီးဖိုချောင်တံခါးကို မှီရပ်နေသော ရှဲ့ဝမ်းကို မြင်လိုက်ရလေ၏ ။

"မင်း ဘာကြီးကိုများ သယ်လာရတာလဲ ? " သူ မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်တော့သည် ။

"သစ်ပင်လေ " ရှဲ့ဝမ်းက ဖြေလာသည် ။

ဝမ်းရှီ : "ဘာကြီး ? "

ရှဲ့ဝမ်း : "သစ်ပင် "

ဝမ်းရှီ : ".....မင်းအပင်နေဖို့အတွက် အခန်းငှားတာလား ? "

ရူးနေတာလား ?

"သူများတကာကို တိတ်တိတ်လေး လိုက်မကျိန်ဆဲရဘူး " အကြည့်တစ်ချက်နှင့်ပင် ရှဲ့ဝမ်းက ဝမ်းရှီအတွေးများကို ဖောက်ထွင်းမြင်သွားပြီး တံခါးကိုမှီရင်း ပြုံးပြလာသည် ။ "ရှီဖျင်းပြခန်းဒုတိယထပ်မှာ အဲ့အပင်ကို မင်းမြင်ဖူးတယ်မဟုတ်လား ? အဲ့မှာတောင်ဆန့်တယ်ဆိုရင် ဒီမှာလဲဆန့်မှာပဲ "

သိပ်မကြာခင်တွင် သူရှဲ့ဝမ်းကို ကျိန်ဆဲတာ စောသွားကြောင်း ဝမ်းရှီ နားလည်သွားခဲ့သည် ။

သစ်ပင်ရောက်လာပြီးနောက် အလှဆင် ကျောက်စရစ်ကျောက်တုံးများ ဆိုဒ်ကြီးဆိုဒ်ငယ်ဆိုဒ်စုံ ၊ ပန်းများ ၊ အပင်များ ၊ ဘာကောင်မှန်းမသိရသော သတ္တဝါအတွက် အသိုက်နှင့်.....လိပ်ပေါက်လေးနှစ်ကောင် ။

ဤသည်က အထုတ်အပိုးရွှေ့ခြင်းပင် မဟုတ်တော့ ။ ရှီဖျင်းပြခန်း၏ ဒုတိယထပ်တစ်ခုလုံးကို သူတို့အိမ်ထဲသို့ အစားထိုးသွင်းလာခြင်းပင် ။

ဤအပြင်အဆင် အနေအထားကို ကြည့်ပြီးနောက် ရှဲ့ဝမ်းတစ်ယောက် သူ့ဆိုင်ကိုပစ်ကာ ထွက်ပြေးသွားတော့မည်ဟု ဝမ်းရှီ ထင်မိလုမတတ်ပင် ။ ကံအားလျော်စွာ ပထမထပ်ရှိ ပစ္စည်းများကို မရွှေ့လာသဖြင့် သူ၏ဆိုင်ပိုင်ရှင်ပုံရိပ်ကိုတော့ အနည်းငယ် ထိန်းသိမ်းလိုက်နိုင်ဆဲဖြစ်သွားသည် ။

ပစ္စည်းအားလုံး ရွှေ့ပြောင်းပြီးနောက် ည ၁၀နာရီပင် ကျော်သွားခဲ့လေပြီ ။

လောင်မောင်က ပြောင်းရွှေ့အလုပ်သမားများနှင့် ထရပ်ကားငှားခကို ငွေရှင်းပေးပြီးနောက် အိမ်ထဲသို့ ဗိုက်လုံးလုံးတလှုပ်လှုပ်ဖြင့် ပြန်ဝင်လာသည် ။ သူသည် တာ့ကျောက် ၊ ရှောင်ကျောက်နှင့်အတူ ဝင်ပေါက်တံခါးဝဘေးတွင် နာခံစွာ တန်းစီရပ်နေကြပြီး ဝမ်းရှီနှင့် ရှချောင်ကို ကြည့်လျက် မျက်လုံးကလယ်ကလယ်ဖြစ်နေကြသည် ။

ရှချောင်ခမျာ အလွန်အမင်း စိုးထိတ်ကြောက်လန့်နေတော့သည် ။

ဝမ်းရှီ ဒုတိယထပ်သို့ လှမ်းကြည့်လိုက်သောအခါ ရွှေ့ပြောင်းနေစဉ်အတွင်း အင်မတန် ဂယက်ရိုက်‌ဆူညံနေသည့်တိုင် လှေကားလက်ရန်းများ ၊ နံရံများနှင့် ကြမ်းပြင်များအားလုံး ခြစ်ရာရှရှာမကျန်ဘဲ အကောင်းအတိုင်းရှိနေဆဲဖြစ်ကာ ကြမ်းပြင်သည်လည်း သန့်ရှင်းနေ၏ ။

အသေအချာကိုပင် လောင်မောင်နှင့် အမြွှာနှစ်ယောက်ကသာ ပြန်လည်သန့်ရှင်းရေးလုပ်ပေးထားခြင်းဖြစ်သည် ။ ပင်ပန်းခက်ခဲသောအလုပ် တစ်ခါမှလုပ်ဖူးပုံမရသော ရှဲ့ဝမ်းသည်တော့ အလွန်တရာ အရှက်ကင်းမဲ့စွာ လက်ပိုက်လျက် ထိုင်ကြည့်နေရန် ဆုံးဖြတ်ထား၏ ။ အကုန်လုံးပြီးသွားချိန် သူ့အင်္ကျီလက်များမှ မရှိသည့်ဖုန်ကိုပင် ခါလိုက်သေးသည် ။

"အခု အထုတ်အပိုးတွေအကုန် ဒုတိယထပ်ရောက်ပြီလား ? " ဝမ်းရှီ စစ်ဆေးလိုက်သည် ။

ရှဲ့ဝမ်းက တစ်ခဏတွေးလိုက်ပြီးနောက် "ဟင့်အင်း...အဲ့ကို မရွှေ့ရသေးတဲ့ သုံးခုကျန်သေးတယ် "

ဝမ်းရှီ လှည့်ပတ်ကြည့်လိုက်ကာ ပြောလိုက်၏ ။ "ဘယ်မှာတုန်း ? "

ရှဲ့ဝမ်းက တံခါးဘေးသို့ လက်ညှိုးညွှန်ပြသည် ။

ဝမ်းရှီ လှမ်းကြည့်လိုက်သော် မြင်လိုက်ရသည်က--လောင်မောင် ၊ တာ့ကျောက်နှင့် ရှောင်ကျောက်ပင် ။

သူ နားမလည်ပေ ။ "မင်းနဲ့ လောင်မောင်က တစ်ခန်း ၊ ပြီးတော့ တာ့ကျောက်နဲ့ ရှောင်ကျောက်က တစ်ခန်းလား ? "

သူဌေးက အရမ်းကြင်နာတတ်လွန်းလို့ ဆိုင်ဝန်ထမ်းစာရေးနဲ့တောင် တစ်ခန်းတည်းနေမယ်တဲ့လား ?

ရှဲ့ဝမ်း : "မဟုတ်ပါဘူး ။ ငါက ငါ့ဘာသာနေမှာ "

ဝမ်းရှီ ပို၍ပင် နားမလည်ဖြစ်သွားတော့သည် ။

သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မအောင့်ထားနိုင်တော့ဘဲ "မင်းက မင်းဘာသာမင်းတစ်ခန်းနေပြီး လောင်မောင်နဲ့ မိန်းကလေးနှစ်ယောက်က တစ်ခန်းနေမှာလား ? "

ရှချောင် : "???"

ရှဲ့ဝမ်း ဦးဆောင်သည့် အိမ်ငှား‌ ၄ယောက်မှာ ဤပြဿာနာကို အရင်က တစ်ခါမျှ မတွေးခဲ့ဖူးပုံပင် ။ ဝမ်းရှီ ထုတ်ပြောလာသည်ကို ကြားပြီးနောက် သူတို့၏မျက်နှာအမူအရာများမှာ တဒင်္ဂမျှ ကြက်သေသေသွားတော့သည် ။

ဤသည်က အင်မတန်ထူးဆန်းပေ၏ ။

ရှချောင် မမေးဘဲ မနေနိုင်ခဲ့ ။ "ဒီမတိုင်ခင်က ဘယ်လိုနေခဲ့ကြလို့လဲ ? "

ရှောင်ကျောက်က နှာရှုံ့လိုက်ပြီး "အသိုက်ရှိရုံနဲ့ အဆင်ပြေတယ်လေ "

တာ့ကျောက်က သူမကို ပိတ်ရိုက်လိုက်တော့သည် ။ "ဘာပဲဖြစ်ဖြစ် နေရာက ကြီးကြီးသေးသေး အိပ်ဖို့အတွက်နေရာလေးပဲကို ။ ကြိုးစားရင် ဆိုဖာတောင် အိပ်ရာဖြစ်နိုင်တာပဲ "

ရှချောင် ဆက်လက်၍ နားမထောင်နိုင်တော့ပေ ။ "ဟို...အပေါ်ထပ်မှာ စာကြည့်ခန်းလေးတစ်ခန်းတော့ရှိတယ် ။ ဆိုဖာကို ဆွဲချလိုက်ရင် အိပ်ရာလို သုံးလို့ရတယ် "

မိန်းကလေးနှစ်ယောက်မှာ ရုတ်ချည်း ပြောလာ၏ ။ "ကောင်းတယ် ။ အဲ့လိုပဲ လုပ်ရအောင် ။ အရမ်းဉာဏ်ကောင်းတာပဲနော် ။ ကြည့်ပါအုံး..အခုဆို နေဖို့နေရာရှိသွားပြီ မဟုတ်လား ? "

သူတို့၏ ချီးမွမ်းမှုများကြောင့် ရှချောင်၏မျက်နှာမှာ နီမြန်းသွားတော့သည် ။

လောင်မောင်က ထပ်ပြောလာသည် ။ "အဲ့လိုဆို ကျွန်တော်တို့ မင်းတို့နှစ်ယောက်ကို ဒုက္ခပေးရတော့မှာပဲ ။ ဂရုစိုက်ပေးကြပါအုံး "

ရှချောင်သည် လက်ယမ်းပြလိုက်ကာ "မဟုတ်တာ မဟုတ်တာ.. လုပ်သင့်တာပဲကို "

အလုပ်များသော ညတစ်ညဖြစ်ခဲ့၍ အကုန်လုံးအနည်းငယ် ပင်ပန်းနွမ်းလျနေကြသည် ။ အထူးသဖြင့် ရှဲ့ဝမ်းမှာ အနည်းငယ် ဖြူဖျော့အားနည်းနေပြီး အလွန်အိပ်ငိုက်နေပုံပေါ်သည် ။ နေရာထိုင်ခင်းကို အကြမ်းဖျင်းနေရာချပြီးသည်နှင့် လူတိုင်း နှုတ်ဆက်လိုက်ကြပြီး ကိုယ့်အခန်းကိုယ်ပြန်ကာ အနားယူလိုက်ကြ၏ ။

တစ်ထပ်စီတွင် ရေချိုးခန်းတစ်ခုစီရှိသည်ဖြစ်ရာ မီးအလင်းရောင်များပိတ်လိုက်သည်နှင့် မတူညီသည့် ကမ္ဘာလောကနှစ်ခုအလား ။ သူတို့သည် အချင်းချင်း အများကြီး ဝင်ရောက်စွက်ဖက်ကြမည်မဟုတ်ပေ ။

ရှချောင် အိပ်ရာပေါ် လှဲချလိုက်သည့်အချိန် ဤတစ်နေ့တာက အနည်းငယ် မယုံကြည်နိုင်စရာကောင်းအောင် ကုန်လွန်သွားသည်ဟု ခံစားလိုက်ရသည် ။ မူလက လစ်လပ်နေသော ဗီလာမှာ ရုတ်တရက်ဆန်စွာ လူများဖြင့် ပြည့်သွားပြီး အိပ်မက်မက်နေသည့်ပမာ လက်တွေ့မဆန်လှပေ ။

သူအိပ်မောမကျသွားခင် အချိန်လေး၌ ထူးဆန်းသည့်အတွေးတစ်ခုက ခေါင်းထဲပေါ်လာ၏-ဤခံစားချက်က တကယ်တမ်း အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသယောင် ခံစားလိုက်ရခြင်း ။

ရှချောင်နှင့်ယှဉ်လျှင် ဝမ်းရှီသည် မြန်မြန်ဆန်ဆန် အိပ်မပျော်သွားခဲ့ ။ အပေါ်ထပ်မှ ခြေသံများကို နားထောင်နေရင်း အတွေးထဲ နစ်မြောသွားခဲ့သည် ။

မကြာသေးမီက သူသည် လှောင်အိမ်နှစ်ခုကို ဆက်တိုက် ဖြေရှင်းခဲ့ပြီး လူသုံးယောက်၏ အငြိုးအတေး အာဃာတစွမ်းအင်နက်များကို စုပ်ယူဖယ်ရှားခဲ့သည် ။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်က အနည်းငယ် ပြောင်းလဲသွား၏ ။

လက်တွေ့တွင် ဖယ်ရှားသည့်လုပ်ငန်းစဉ်ကပင် အလွန် အန္တရာယ်များလေသည် ။

လူတစ်ယောက်က သန့်စင်လေလေ ၊ ထိုအရာများကို ဖယ်ရှားရှင်းလင်းရန် လွယ်ကူလေပင် ။ သို့ဖြစ်၍ ဟိုးကနဦးအစပိုင်းက ဖန့်ကွမ်းများက အမြဲဧကန် ယခင်ထက်ပိုဖြောင့်မတ်တင်းကျပ်သော ကျင့်ကြံရေးလမ်းစဉ်‌များဖြင့် အသန့်ရှင်းအစင်ကြယ်ဆုံးသော စိတ်ဝိညာဉ်ရှိရန် အကောင်းဆုံး ကြိုးစားကျင့်ကြံခဲ့ကြသည် ။

ထိုလမ်းစဉ်မှာ အမှန်တကယ် ခက်ခဲလွန်းသဖြင့် နှောင်းပိုင်းမျိုးဆက်များတွင်တော့ ထိုသို့ကျင့်ကြံသည့်သူ နည်းပါးသွားခဲ့သည် ။ အထူးသဖြင့် လက်ရှိမျိုးဆက်တွင် ဖန့်ကွမ်းများ လက်ထပ်ခြင်း ၊ ကလေးယူခြင်းတို့မှာ ပုံမှန်ဖြစ်လာကြပြီး သို့နှယ် ကျားကုတ်ကျားခဲလမ်းစဉ်ကို မကျင့်သုံးကြတော့ချေ ။

သူတို့၏စိတ်ဝိညာဉ်များမှာ သာမန်လူများထက် စင်ကြယ်နေသော်ငြား ထိုဘိုးဘေးများကိုတော့ မ‌ယှဉ်နိုင်သေးချေ ။ သို့ဖြစ်၍ ဖယ်ရှားရှင်းလင်းသည့်အချိန်၌ အန္တရာယ်လည်း ပိုများလာ၏ ။

အကယ်၍ အောင်မြင်သွားလျှင် ပျော်ဝင်ဖယ်ရှားခံလိုက်ရသည့်အရာများက သူတို့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကာ တဖြည်းဖြည်းနှင့် ပို၍သန်မာလာစေပြီး ပိုမိုသန့်စင်စေကာ သက်တမ်းပိုရှည်သွားစေသည် ။

ဤသည်ကို ကျင့်ကြံရေးလမ်းစဉ်တစ်ခုဟု သတ်မှတ်နိုင်ပေသည် ။ တကယ်လို့ လယ်ဗယ်တစ်ခု ရောက်သည်အထိ ကျင့်ကြံပါက အမတတစ်ပိုင်းဖြစ်သွားလိမ့်မည် ။

သို့သော် ရှင်းလင်းခြင်းကျရှုံးပါက အငြိုးအတေးစွမ်းအင်များက သူတို့ထံသို့ ပြောင်းရွှေ့လာကာ သူတို့၏တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည် ။ ဤသည်ကိုတော့ တိုက်စားခြင်း သို့်မဟုတ် ညစ်ညမ်းခြင်းဟု ခေါ်၏ ။

ဆက်တိုက် ကျရှုံးနေပြီး မကောင်းသည့်စွမ်းအင်များက အချိန်အတော်ကြာ စုဝေးလာလျှင်....ထိုအခါ အဆုံးသတ်တစ်ခုကိုသာ ဦးတည်သွားလိမ့်မည် ။ နာမည်စာရင်းပေါ်မှ ဖယ်ရှားခံရခြင်း ။

ကိုယ့်ကိုယ်ကိုယ်တောင်မှ မကယ်တင်နိုင်လျှင် အခြားသူများကို ဘယ်လိုလုပ် ကူညီနိုင်မည်နည်း ?

ဝမ်းရှီကတော့ ထူးခြားသည့်အခြေအနေပင်--

သူ့တွင် စိတ်ဝိညာဉ်မရှိ ။ အခွံလွတ်သပ်သပ်သာဖြစ်သဖြင့် သူသည် တိုက်စားခံရမည်မဟုတ်ပေ ။

သို့သော် အလားတူပင် အောင်မြင်ခဲ့သော ဖယ်ရှားမှုကလည်း သူ့ကို အကူအညီဖြစ်စေမည်မဟုတ် ။ သူသည် ဆွေးမြည့်နေသော အရိုးစုအလား သူ စားလိုက်သမျှက လွတ်နေသည့်အရိုးများကြားမှ စိမ့်ထွက်သွားလိမ့်မည် ။ အချိန်တစ်ခဏတာအတွက်သာ ကောင်းမွန်ပြီး သူ့အပေါ် သက်ရောက်မှု တစ်စုံတစ်ရာမရှိပေ ။

သို့သည့်တိုင် ယခုတစ်ခေါက်တွင် သူတကယ်ကို အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရ၏ ။ သူ၏မူလအခြေအ‌နေကို ပြန်လည်ရရှိစပြုလာသကဲ့သို့ပင် ။

အသေအချာကို ပမာဏအနည်းငယ်မျှသာ ။

ဤသေးငယ်သည့် ပြောင်းလဲမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏ ၊ ထိုညက သူသည် ပထမဆုံးအနေဖြင့် အချိန်အတော်ကြာ မမက်ခဲ့သောအိပ်မက်ကို မက်ခဲ့သည် ။ အလွန်ဝေးကွာသော အတိတ်မှ ဖြစ်ရပ်တချို့ကို မြင်မက်ခဲ့ကာ လူတစ်ယောက်ကိုလည်း အိပ်မက်မက်ခဲ့သည် ။

***

[Zawgyi]

အလွမ္းေဝးေသာ အတိတ္မွ ျဖစ္ရပ္တခ်ိဳ႕ကို ျမင္မက္ခဲ့ၿပီး လူတစ္ေယာက္ကို အိပ္မက္မက္ျခင္း

ဝမ္းရွီသည္ အျပစ္ဖို႔လိုက္ၿပီးေနာက္ အလ်င္အျမန္ ဖုန္းခ်လိုက္ေတာ့သည္ ။

ျမန္ဆန္လြန္းသည္ျဖစ္ရာ ရွေခ်ာင္သည္ပင္ တုံ႔ျပန္ရန္ အခ်ိန္မရလိုက္ေပ ။

အကယ္၍ ဝမ္းရွီသာ အရင္လို တုံဏွိဘာေဝ ေအးစက္စက္မ်က္ႏွာေပးအတိုင္း ရွိေနၿပီး အျခားသူမ်ားကို သို႔ႏွယ္မျပဳမူတတ္သည့္အခ်က္ေၾကာင့္သာ မဟုတ္ပါက သူ႔ေကာက တကယ္တမ္း အေတာ္ေလး ဆိုးသြမ္းသည္ဟု ရွေခ်ာင္ သံသယဝင္မိေတာ့မည္ပင္ ။

ရွေခ်ာင္သည္ အိတ္ကပ္ထဲသို႔ ဖုန္းကိုအသာေလး ျပန္ထိုးထည့္လိုက္ၿပီး ခ်ီးက်ဴးေထာပနာျပဳလာ၏ ။ "ေကာ အခု သူမ်ားကို ဘယ္လိုဖုန္းခ်ပစ္ရမွန္း သိသြားၿပီေပါ့ "

သူ၏ ကတုန္ကယင္ျဖစ္သြားေသာ လက္ေၾကာင့္ အသက္ဝင္လာေသာေၾကာင္ကို ကိုင္လ်က္ ဝမ္းရွီက ေထ့ေငါ့သည့္ေလသံျဖင့္ "ငါက အ႐ူးလား ? "

"မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး...အဲ့လိုေျပာတာ မဟုတ္ဘူးေလ " ရွေခ်ာင္က သူ႔လက္မ်ားကို အလ်င္စလို ေဝ့ယမ္းျပလာသည္ ။ "ေကာ အရင္က ဖုန္းတစ္ခါမွ မသုံးဖူးတာေတာင္ ဒါမ်ိဳးလုပ္တတ္သြားတာ ေကာ ေတာ္ေတာ္ဉာဏ္ေကာင္းတာပဲလို႔ ေျပာခ်င္႐ုံေလးပါဆို "

ဝမ္းရွီ သူ႔ကိုအမူအရာကင္းမဲ့စြာ စိုက္ၾကည့္လိုက္၏ ။

ရွေခ်ာင္ : "....."

ရွေခ်ာင္ : "ကၽြန္ေတာ္ မွားသြားပါတယ္ "

သူသည္ သူ႔အမွားကို အလြန္သတိႀကီးစြာျဖင့္ ဝန္ခံလိုက္ၿပီးေနာက္ အလိုက္တသိေမးလာသည္ ။ "အာ..ဒါနဲ႔ ေကာ...ေနာက္မွ ေကာအတြက္ ဖုန္းဝယ္ၾကရင္ေရာ ? "

ဝမ္းရွီသည္ အထူးတလည္ စိတ္ဝင္စားျခင္းမရွိေပ ။ "ငါက ဘယ္သူ႔ကို ဆက္သြယ္ဖို႔ သုံးရမွာတုန္း ? "

ရွေခ်ာင္သည္ ပါးစပ္ဟလိုက္ေသာ္လည္း ေတာင့္ခဲသြားသည္ ။

ဤကမၻာေလာက၌ ဝမ္းရွီ ဆက္သြယ္နိုင္မည့္သူ အမွန္ပင္ တစ္ဦးတစ္‌ေလမၽွမရွိေၾကာင္း သူ႐ုတ္တရက္ နားလည္သြားေလ၏ ။ သူတစ္ခ်ိန္က ရင္းႏွီးသိကၽြမ္းခဲ့ေသာသူအားလုံးမွာ ကြယ္လြန္ဆုံးပါးသြားၿပီျဖစ္ၿပီး ရွေခ်ာင္ကသာ တစ္ဦးတည္းက်န္ရစ္သည့္မ်ိဳးဆက္ပင္ ။ သူသည္ ဝမ္းရွီကို "ေကာ"ဟု ေခၚေနေသာ္လည္း သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္း သိၾကသည္မွာ သိပ္မၾကာေသးေခ် ။

.....ထို႔ျပင္ သူက လူသားစင္စစ္ပင္ ဟုတ္မေနခဲ့ ။

ရွေခ်ာင္ အားျပတ္စြာ ေတြးမိသြားသည္ ။ "ငါ့ရဲ့ ဒီအာေခ်ာင္တဲ့ ပါးစပ္ကေတာ့ ။ သူ႔အနာကိုမွ သြားထိမိရတယ္လို႔ " သို႔တိုင္ ေမးခြန္းမွာ ထြက္လာၿပီးျဖစ္ေသာေၾကာင့္ ျပန္မေျဖလၽွင္ ပိုလို႔ေတာင္ ဆိုးရြားေနေတာ့မည္ ။

ထို႔အတြက္ သူစတင္၍ ရႊီးရႊမ္းေျပာရေတာ့သည္ ။ "အင္း..အဲ့တာတင္မဟုတ္ဘူး ေကာရဲ့ ။ ကၽြန္ေတာ္က ဖုန္းဆက္ဖို႔သပ္သပ္ပဲ ဖုန္းသုံးတယ္ထင္လို႔လား ? မဟုတ္ဘူးေနာ္ ။ တစ္ရက္ ၂၄နာရီမွာ ၁၆နာရီေလာက္ကို ဖုန္းသုံးေနနိုင္တယ္ ။ ဖုန္းေခၚတာ ဖုန္းကိုင္တာအျပင္ကို ကၽြန္ေတာ္လုပ္ခ်င္ရာ လုပ္လို႔ရ‌ေသးတယ္‌ဗ်ာ "

ဝမ္းရွီ : "? "

ရွေခ်ာင္တစ္ေယာက္ သူ႔ေကာအ႐ူးလုပ္ခံလိုက္ၿပီကို ျမင္ေသာအခါ တစ္ဖက္လူ ျပန္မတုံ႔ျပန္နိုင္ေသးခင္ပင္ ႐ုတ္ခ်ည္း နိဂုံးခ်ဳပ္လိုက္သည္ ။ "အတိုခ်ဳံးေျပာရရင္ ဒါက ေကာမွာ ရွိသင့္ရွိထိုက္တဲ့ ရတနာပဲ "

ဝမ္းရွီက အေရးႀကီးသည့္အခ်က္ကို ထုတ္ေမးလာ၏ ။ "ဘယ္ေလာက္က်လဲ ? "

ရွေခ်ာင္ : "အမ္း..."

ဝမ္းရွီ : "မဝယ္ဘူး ။ ငါတို႔မွာ ပိုက္ဆံမရွိဘူး "

ရွေခ်ာင္က ခ်က္ခ်င္းေျပာလိုက္သည္ ။ "သူေဌးရွဲ႕ ေျပာင္းလာတာနဲ႔ ကၽြန္ေတာ္တို႔ ပိုက္ဆံရွိသြားမွာေပါ့ "

ရလဒ္အေနျဖင့္ ရွဲ႕ဝမ္းတစ္ေယာက္ ဘာမၽွပင္မလုပ္ရပါဘဲ အျပစ္ကင္းသည့္ အသက္တစ္ေခ်ာင္းႏွင့္ အျပစ္ကင္းသည့္ လက္ကိုင္ဖုန္းတစ္လုံး၏ တာဝန္ကို သယ္ပိုးလိုက္ရေတာ့သည္ ။ ထို႔ျပင္ ပိတ္ရက္ပင္မေရာက္ေသးဘဲ ရွန္မိသားစု၏ ဒုတိယေျမာက္ "တပည့္ေလး"ထံမွ မၾကာခဏ တရားလြန္ ႏႈတ္ခြန္းဆက္သမႈျဖစ္သည့္ ဖုန္း‌ေခၚဆိုမႈ ၄ခု ကို လက္ခံရရွိလိုက္သည္ ။

ေနာက္ဆုံး ဖုန္းေခၚဆိုမႈက ေသာၾကာေန႔ညခင္း ၊ သိပ္လည္း ေနာက္မက်သည့္ လူအမ်ားစု ညစာစားၿပီးေလာက္ေသာ အခ်ိန္ပင္ ။

ရွေခ်ာင္က မနက္ျဖန္ ရွဲ႕ဝမ္းႏွင့္ေတြ႕ဆုံမည့္အခ်ိန္ကို အတည္ျပဳခ်င္ခဲ့သည္ ။

ဖုန္းသည္ အေတာ္ၾကာ ျမည္ေနခဲ့ၿပီး ေနာက္ဆုံးမွ တစ္ဖက္မွ ဖုန္းကိုင္လာ၏ ။ သို႔ေသာ္ စကားေျပာလာသည့္လူမွာ ရွဲ႕ဝမ္းမဟုတ္ဘဲ ေလာင္ေမာင္ပင္ ။

ဘာေၾကာင့္ရယ္မသိရေသာ္ျငား ေလာင္ေမာင္၏အသံမွာ အင္မတန္တိုးလ်ေနၿပီး တစ္စုံတစ္ခုကို စိုးထိတ္ပူပန္ေနပုံရသည္ ။

ရွေခ်ာင္သည္ တစ္ခဏမၽွ ေၾကာင္အမ္းသြားရၿပီး "ေလာင္ေမာင္ရႈ (ဦးေလးေလာင္ေမာင္)...ဘာျဖစ္တာလဲ ? သူေဌးရွဲ႕ေရာ ? "

ဝမ္းရွီက လက္ရွိ ဧည့္ခန္းထဲရွိ ဆိုဖာေပၚတြင္ ေျခေထာက္ေကြးလ်က္ ထိုင္ေနသည္ ။ တီဗီတြင္ ဆူဆူညံညံ ရသစုံရွိုးတစ္ခုျပသေနၿပီး သူ႔အၾကည့္မ်ားက တီဗီစခရင္ထက္ က်ေရာက္ေနကာ ရွိုးထဲတြင္ အသုံးျပဳေနၾကေသာ မရင္းႏွီးသည့္ စကားလုံးမ်ားႏွင့္ စာေၾကာင္းမ်ားကို နားေထာင္ေနေသာ္ျငား သူ႔အာ႐ုံမွာေတာ့ ရွေခ်ာင္ထံတြင္ ေရာက္ေနသည္ ။

ရွေခ်ာင္၏အေမးစကားကိုၾကားေသာ္ ဝမ္းရွီသည္ ေခါင္းေထာင္ကာ လွည့္ၾကည့္လာ၏ ။

ရွေခ်ာင္က အလိုက္တသိျဖင့္ စပီကာဖြင့္လိုက္သည္ ။

ေလာင္ေမာင္၏ ေတြေဝတုံ႔ဆိုင္းေနေသာ စကားသံက ဖုန္းမွတစ္ဆင့္ ပ်ံ႕လြင့္လာခဲ့သည္ ။ "သူေဌးက...သူေဌးက နည္းနည္းအလုပ္မ်ားေနလို႔ "

အလုပ္မ်ားေနျပန္ၿပီလား ?

အရင္တစ္ေခါက္ သူတို႔ရွီဖ်င္းျပခန္းသို႔ သြားခဲ့စဥ္ကျမင္ကြင္းကို ဝမ္းရွီမွတ္မိသည္ ။ ရွဲ႕ဝမ္းက ေအးလြန္း၍ လူမ်ားႏွင့္ေတြ႕ဆုံရန္ အျပင္မထြက္ခ်င္ဟုဆိုကာ လာသမၽွဧည့္သည္မ်ားကို ထိုနည္းအတိုင္းျပန္လႊတ္ရန္ ေလာင္ေမာင္ကို ေျပာထားခဲ့သည္ ။

ဒါေပမဲ့ ဖုန္းကိုင္ဖို႔ကိုေတာ့ အျပင္ထြက္စရာမလိုဘူး မဟုတ္လား ?

ဆန္းက်ယ္လိုက္တာ ။

ဝမ္းရွီ ေတြးလိုက္မိသည္ ။

ဖုန္းတစ္ဖက္တြင္ေတာ့ တာ့ေက်ာက္ သို႔မဟုတ္ ေရွာင္ေက်ာက္က ခပ္လွမ္းလွမ္းမွ ေမးေန၏ ။ "ေလာင္ေမာင္...ဒီကို အျမန္လာခဲ့ေလ--ဘာလုပ္ေနတာလဲ ? "

"ဖုန္းေျဖေနတာ " ေလာင္ေမာင္သည္ အေလာတႀကီး ေလွကားမွ ဆင္းလာခဲ့လိုက္သည္ ။ သစ္သားေလွကားက သူနင္းလိုက္တိုင္း တကၽြိကၽြိျမည္ေနေသာေၾကာင့္ သူသည္ လ်င္ျမန္စြာ ေျခသံဖြဖြနင္းလိုက္ေတာ့သည္ ။

"ဘယ္သူ႔ဆီကလဲ ? "

ေလာင္ေမာင္က က်စ္ခနဲစုတ္သပ္လိုက္၏ ။

သူသည္ မေတာ္တဆ ဖုန္းမိုက္ခရိုဖုန္းကို လက္ျဖင့္ဖိမိျခင္း ျဖစ္ဖို႔မ်ားသည္ ။ ေနာက္ဆက္တြဲေျပာစကားမ်ားမွာ ဗလုံးဗေထြးႏွင့္ ခပ္အုပ္အုပ္ျဖစ္ေနကာ ရွင္းရွင္းလင္းလင္း မၾကားရေတာ့ေခ် ။ ဖုန္းတစ္ဖက္ရွိ ေလထုအေနအထားမွာ အနည္းငယ္ထူးဆန္းေနခဲ့ၿပီး....အလြန္ သတိတႀကီးႏွင့္ ဂ႐ုတစိုက္ရွိေနၾကပုံပင္ ။

ဝမ္းရွီ သူ႔နာမည္သူ ၾကားလိုက္သည္ဟု ထင္မိသည့္တိုင္ မသဲမကြဲျဖစ္လြန္းေနရာ တကယ္တမ္း သူ႔နာမည္ႏွင့္ သိပ္ေတာ့လည္း မဆင္သလို ခံစားလိုက္ရ၏ ။ သူနားၾကားမွားသြားျခင္းသာျဖစ္ရမည္ ။ သူ႔နာမည္ကို အျခားမည္သူ႔ကိုမၽွ မေျပာျပခဲ့သည္ေပ ။

တစ္ခဏၾကာၿပီးေနာက္ ဖုန္းထဲမွ တခၽြတ္ခၽြတ္အသံမ်ားၾကားလိုက္ရၿပီး ေလာင္ေမာင္က ဖုန္းကို သူ႔နားရြက္ေဘး ျပန္ကပ္လိုက္ကာ ခပ္တိုးတိုးေျပာလာသည္ ။ "တကယ္ အားနာလိုက္တာ ။ ေနာက္မွ ဖုန္းျပန္ေခၚဖို႔ပဲ ဒုကၡေပးရေတာ့--"

သူဆုံးေအာင္ မေျပာရေသးခင္ ခပ္နိမ့္နိမ့္ ဩရွသည့္အသံတစ္သံက အသာအယာ ၾကားျဖတ္ေျပာလာ၏ ။ "ေလာင္ေမာင္...ငါ့ကိုဖုန္းေပး "

ရွဲ႕ဝမ္းပင္ ။

ေလာင္ေမာင္ခမ်ာ ထိတ္လန႔္သြားပုံရၿပီး "အိုက္"ခနဲ အသံျဖင့္ ထခုန္မိသြားသည္ ။ အခ်ိန္တစ္ခဏၾကာမွ သူေျပာလာခဲ့သည္ ။ "သူေဌး...နိုး...‌ေနၿပီလား ? "

"အင္း " ရွဲ႕ဝမ္းက ဖုန္းကို လွမ္းယူလိုက္သည္ ။ "သြား အလုပ္သြားျပန္လုပ္ေတာ့ "

ေလာင္ေမာင္သည္ အသံျပဳတုံ႔ျပန္လိုက္ၿပီးေနာက္ သုတ္တီးသုတ္ျပာ ထြက္ခြာသြားေတာ့သည္ ။

"ဟယ္လို " ရွဲ႕ဝမ္းက ဆိုလာ၏ ။

သူ႔အသံမွာ အက္ကြဲေနဆဲျဖစ္ၿပီး ေလသံက ဩရွကာ အတက္အက်မရွိျဖစ္ေနသည္ ။ သူသည္ ျပဳံးရယ္မေနေသးေသာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္၏ ၊ သိပ္ၿပီး ခ်ဥ္းကပ္ရလြယ္ကူပုံ ေပၚမေနပါေခ် ။

"သူေဌးရွဲ႕...." ရွေခ်ာင္တစ္ေယာက္ ရွင္းမျပနိုင္ေလာက္ေအာင္ ေၾကာက္ဒူးတုန္လာ၏ ။ သူသည္ ဝမ္းရွီကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ ပူပူျခစ္ျခစ္ကန္စြန္းဥကို လွမ္းပစ္ေပးလာေတာ့သည္ ။ "အင္း..ကၽြန္ေတာ့္ေကာကေလ သူေဌးကို ရွာေနတာ "

ဝမ္းရွီ : "....."

အႏွီဆယ္ျပားလိုေနသည့္အ႐ူး ရွေခ်ာင္မွာ ဆက္ၿပီး အသက္မရွင္လိုေတာ့ဟု သူခံစားလိုက္ရသည္ ။

သတိလက္လြတ္ျဖစ္သြားသည့္ ဝမ္းရွီ၏လက္ထဲသို႔ ဖုန္းေရာက္လာခ်ိန္ ရွဲ႕ဝမ္းက ေမးျမန္းလာသည္ႏွင့္တိုးသည္ ။ "မင္းေကာ ေဘးမွာရွိလား ? "

ဝမ္းရွီသည္ ေအးစက္စြာျဖင့္ "ငါက ရွိတယ္ ။ သူကေတာ့ ေျပးသြားၿပီ "

ရွဲ႕ဝမ္းက သူ႔တုံ႔ျပန္ပုံေၾကာင့္ ရႊင္ျမဴးသြားရၿပီး ခပ္ဖြဖြ ရယ္ေမာလာသည္ ။

ဝမ္းရွီ စပီကာပိတ္ကာ ဖုန္းကို နားနံေဘးကပ္လိုက္သည္ႏွင့္ ထိုေႏြးေထြးႏူးညံ့သည့္ရယ္သံက အင္မတန္ နီးနီးကပ္ကပ္ထြက္ေပၚလာ၏ ။ ေပ်ာ့ေပ်ာင္းႏူးညံ့သည့္ တစ္စုံတစ္ရာက သူ႔ကို ကလိထိုးေနသေယာင္ ခံစားလိုက္ရသည္ ။

တီဗီတြင္ ျပသေနေသာ ရသစုံရွိုးမွ မင္းသားမ်ားက တစ္ေယာက္တစ္ေပါက္ တက္ႂကြစြာ ေျပာဆိုေဆြးေႏြးေနၾကသည္ ။ ႐ုတ္တရက္ႀကီး အလြန္တရာမွ ဆူညံလြန္းသည္ဟု ခံစားလိုက္ရသျဖင့္ သူသည္ ရီမုတ္လွမ္းယူကာ ပိတ္ပစ္လိုက္ေတာ့သည္ ။

"ေလာင္ေမာင္ ေျပာတာေတာ့ မင္းခုနက အလုပ္မ်ားေနတာဆို ? " ပတ္ဝန္းက်င္က အသံမ်ားၿငိမ္သက္သြားေသာအခါ ဝမ္းရွီ ေမးျမန္းလိုက္သည္ ။

ရွဲ႕ဝမ္းက ပ်င္းရိစြာ "အင္း"ဟု ဆိုလာသည္ ။ တစ္စကၠန႔္မၽွ ၾကာၿပီးေနာက္ သူဆက္ေျပာလိုက္သည္ ။ "ဘာမွမဟုတ္ပါဘူး ။ ငါအိပ္ေနတာ ။ အိပ္ေနတဲ့အခ်ိန္ဆို ေဒါသႀကီးတတ္လို႔ သူတို႔က ငါ့ကို မႏွိုးရဲၾကဘူးေလ "

ဝမ္းရွီ ခုနက ဖုန္းတစ္ဖက္မွ သတိခ်ပ္ေနၾကသည့္ အေျခအေနကို ျပန္အမွတ္ရသြားၿပီး ေတြးမိသြားရသည္ ။ ဘယ္ေလာက္ေတာင္ ေဒါသႀကီးလို႔တုန္း ?

သူသည္ တစ္ခဏမၽွ အေတြးလြန္သြားကာ ဖုန္းေကာလ္က တိတ္ဆိတ္ၿငိမ္သက္သြားေလ၏ ။ မေမၽွာ္လင့္ထားစြာပင္ ရွဲ႕ဝမ္းက နားေထာင္႐ုံနားေထာင္ေနၿပီး သူဖုန္းဆက္လာသည့္ အေၾကာင္းအရင္းကို ဖိမေျပာလာေပ ။

ေနာက္ဆုံးေတာ့ ရွေခ်ာင္က ေရခဲေသတၱာထံသို႔ ေျပးသြားကာ နို႔ဘူးႏွစ္ဘူးကို ဆြဲယူလာၿပီး ဝမ္းရွီအား ေတာင္းပန္သည့္အေနျဖင့္ တစ္ဘူးကမ္းေပးလာသည္ ။ သူသည္ ေလသံတိုးတိုးျဖင့္ "သူေဌးရွဲ႕က မနက္ျဖန္ ဘယ္အခ်ိန္လာမွာလဲ ? "

ထိုအခ်ိန္မွသာ ဝမ္းရွီ အသိျပန္ဝင္လာခဲ့သည္ ။ သူသည္ ဖုန္းတစ္ဖက္ရွိလူကို လွမ္းေမးလိုက္၏ ။ "မနက္ျဖန္ ဘယ္အခ်ိန္လာမွာလဲ ? "

ရွဲ႕ဝမ္း : "ေန႔ခင္းေလာက္ လာတာေပါ့ "

***

ေန႔လယ္ခင္းဟု ေျပာခဲ့သည့္တိုင္ သူတကယ္တမ္းေရာက္လာေသာအခါ ညေနပင္ ေစာင္းေနေလၿပီ ။

လြန္ခဲ့ေသာ ႏွစ္ရက္က မိုးႀကီးေလႀကီးက်ၿပီးေနာက္ န်ဥ္းက်ိဳး၏အပူခ်ိန္မွာ ၃၀ °C ထိ ထိုးေထာင္တတ္သြား၏ ။ ဝမ္းရွီသည္ အပူေၾကာက္ေသာေၾကာင့္ အိမ္ထဲရွိ အဲကြန္းအပူခ်ိန္ကို အလြန္ေလၽွာ့ထားရာ တစ္ကိုယ္လုံး ေစာင္ျခဳံထဲေကြးကာ ေရခဲေခ်ာင္းစားနိုင္သည္အထိပင္ ။

ရွဲ႕ဝမ္းက အိမ္ထဲသို႔ ဝင္လိုက္သည္ႏွင့္ ရယ္လိုက္‌ေလသည္ ။

ထိုရယ္သံက ေဒါသျဖစ္ရာမွ ထြက္ေပၚလာျခင္းဟု ရွေခ်ာင္ ခံစားလိုက္ရသည္ ။

"မင္းတို႔အိမ္ထဲမွာ ႀကိဳၿပီး ေဆာင္းရာသီေရာက္ေနၾကတာလား ? " ရွဲ႕ဝမ္းက ေမးလာသည္ ။

"ပူလို႔ " ဝမ္းရွီသည္ ခပ္ျပတ္ျပတ္ႏွင့္ တိုတိုတုတ္တုတ္ ေျပာလိုက္၏ ။ ထို႔ေနာက္ ရွဲ႕ဝမ္းကို ေခါင္းအစ ေျခအဆုံးစစ္ေဆးလိုက္ၿပီး "မင္းက ဘာလို႔ ဟိုရက္ေတြတုန္းကထက္ အဝတ္ေတြ ပိုဝတ္ထားရတာလဲ ? "

ရွဲ႕ဝမ္းသည္ အႏွီအနက္ေရာင္လက္အိတ္မ်ားကို ဝတ္ဆင္ထားဆဲျဖစ္ၿပီး လက္ေကာက္ဝတ္တြင္ေတာ့ ရႈပ္ေထြးသည့္ ပုတီးေစ့လက္ေကာက္မ်ားကို ရစ္ပတ္ထားသည္ ။ ဤမၽွ ပူေလာင္အိုက္စက္ေသာေန႔တြင္ သူက ရွပ္အကၤ်ီလက္ရွည္ႏွင့္ ေဘာင္းဘီရွည္ကို ဝတ္ဆင္ထားကာ လက္ေမာင္းေပၚတြင္ ကုတ္အကၤ်ီတစ္ထည္ပါ ခ်ိတ္ထားေသး၏ ။

အရင္တစ္ေခါက္က ေပ်ာက္သြားေသာ အနက္ေရာင္ကုတ္ႏွင့္ မတူညီစြာ ယခုတစ္ထည္မွာ အနီရဲရဲပင္ ။

"ဘာလို႔လဲဆိုရင္ေတာ့ မင္းငါ့ကို ဒီမွာ ခဲေသသြားေအာင္လုပ္မဲ့ ေကာက္က်စ္တဲ့အႀကံကို ႀကိဳျမင္ထားလို႔ေလ " ရွဲ႕ဝမ္းက စေနာက္လာသည္ ။ "ငါ့အသက္‌ကယ္ဖို႔အတြက္ ႀကိဳကာကြယ္ထားလို႔မရဘူးလား ? "

သူသည္ ဆိုဖာတြင္ ဝင္ထိုင္ရင္း ကုတ္အကၤ်ီကိုလည္း ထပ္ဝတ္လိုက္သည္ ။

အကယ္၍ ယခုလို ဥတုရာသီ၌ သာမန္လူတစ္ေယာက္ကသာ ဤသို႔ အနီေရာင္မ်ိဳးကို ဝတ္ဆင္ထားပါက မသက္မသာခံစားခ်က္ကို ေပးစြမ္းေနလိမ့္မည္ေပ ။ သို႔ေသာ္ ရွဲ႕ဝမ္းကေတာ့ ႁခြင္းခ်က္ပင္ ။ ဤအေရာင္က သူႏွင့္ အေတာ္ေလး လိုက္ဖက္ညီပုံရသည္ ။

သူ၏ႏွင္းသဖြယ္ ျဖဴဆြတ္ေနသည့္ ရွပ္အကၤ်ီေကာ္လံက တစ္စိတ္တစ္ပိုင္း ေပၚလြင္ေနေသာေၾကာင့္ ၊ သို႔မဟုတ္ အနီေတာက္ေတာက္အေရာင္ေၾကာင့္ ျဖစ္နိုင္သည္ ။ သူ၏လူမမာေရာဂါသည္ အေငြ႕အသက္ကို သိသိသာသာ ေပ်ာက္ကြယ္သြားေစ၏ ။

ရွေခ်ာင္ မွင္သက္ေနမိသည္ ။

ရွဲ႕ဝမ္းက ေကာ္ဖီစားပြဲေပၚရွိ ခြက္ထဲမွ ေဘာပင္တစ္ေခ်ာင္းကို ယူကာ စားပြဲ၏ေက်ာက္သားမ်က္ႏွာျပင္ကို အသာေတာက္လိုက္မွသာ သူအသိျပန္ဝင္လာခဲ့သည္ ။ ရွေခ်ာင္သည္ အခန္းထဲသို႔ ကသုတ္ကရိုက္ေျပးဝင္သြားၿပီး စာရြက္စာတမ္းမ်ားကို ယူလာခဲ့သည္ ။

"ဒါက စာခ်ဳပ္ပါ ။ သူေဌးရွဲ႕..ၾကည့္ၾကည့္လိုက္ပါအုံး " ရွေခ်ာင္သည္ ေခြးေျခခုံပုေလးကို ဆြဲကာ ေကာ္ဖီစားပြဲ၏ ဆန႔္က်င္ဘက္တြင္ ဝင္ထိုင္လိုက္ၿပီး ေဘာပင္တစ္ေခ်ာင္းကိုလည္း ယူလိုက္၏ ။ "ေကာ..လာဖတ္ၾကည့္မလား ? "

"ဟင့္အင္း..မင္းတို႔ပဲ ၾကည့္လုပ္လိုက္ေတာ့ "

ဝမ္းရွီသည္ ကိုယ္ကိုကိုင္း၍ အဲကြန္းေလေပါက္ႏွင့္ အနီးဆုံးျဖစ္သည့္ ဆိုဖာ၏တစ္ဖက္စြန္းတြင္ ဝင္ထိုင္လိုက္သည္ ။ သူသည္ ေလေအးမ်ားအားလုံးကို တစ္ေယာက္တည္း အျပည့္အဝ ေမာင္ပိုင္စီးထားၿပီး နားရြက္စြန္းကို ပ်င္းရိပ်င္းတြဲ ဖိကိုင္လ်က္ ႀကီးၾကပ္ကြပ္ကဲသူအျဖစ္ ေဆာင္ရြက္ေန၏ ။

သူတို႔သည္ ေလွာင္အိမ္မ်ားထဲသို႔ အတူတကြဝင္ဖူးသည့္ ဆက္ဆံေရးရွိသျဖင့္ စာခ်ဳပ္စာတမ္းမွာ လုပ္ရိုးလုပ္စဥ္အရသာ ။ ရွေခ်ာင္က ရွဲ႕ဝမ္းကို လိုအပ္သည္မ်ား ေမးျမန္းေနၿပီး ရွဲ႕ဝမ္းက ရိုးရွင္းစြာ ျပန္လည္ေျဖၾကားေပးသည္ ။

ဝမ္းရွီသည္ သူတို႔၏စကားဝိုင္းကို တစ္ခဏမၽွ နားေထာင္ေနၿပီးေနာက္ သူ၏မ်က္လုံးေထာင့္မွတစ္ဆင့္ အနီရဲရဲအေရာင္ေပၚသို႔ မသိမသာ အၾကည့္ေရာက္သြားသည္ ။ ရွဲ႕ဝမ္း စကားေျပာလိုက္လၽွင္ သူ၏ပါးလ်ျပတ္သားသည့္ ေမးရိုးက အေပၚေအာက္ လႈပ္ရွားေန၏ ။

ထိုရင္းႏွီးကၽြမ္းဝင္ေနေသာ ခံစားခ်က္က တစ္ခဏခ်င္း သူ႔ထံ၌ ျပည့္ႏွက္လာၿပီး သူ႔ႏွလုံးအိမ္ကို ခပ္ဖြဖြ ကုတ္ျခစ္လာသည္ ။

ဝမ္းရွီသည္ အၾကည့္လႊဲလိုက္ကာ ေအာက္သို႔ ငုံ႔ၾကည့္ရင္း သူ႔လည္ေစ့သူ ထိေတြ႕လိုက္၏ ။

စကၠန႔္ပိုင္းမၽွ ၾကာၿပီးေနာက္ သူသည္ မတ္တပ္ထရပ္ကာ ညႇပ္ဖိနပ္စီးလ်က္ အေဝးသို႔ ေလၽွာက္သြားေတာ့သည္ ။

သူသည္ ေရခဲေသတၱာကို ေမႊေႏွာက္ရွာေဖြလိုက္ၿပီး Coke ဘူးတစ္ဘူးကို ရွာ‌ေတြ႕သြားသည္ ။ ထို႔ေနာက္ ကြင္းကို ဆြဲေဖာက္ကာ ပါးစပ္အျပည့္ အနည္းငယ္ေမာ့ခ်လိုက္၏ ။ သူ ျပန္လွည့္လိုက္ေသာအခါ ရွဲ႕ဝမ္းက မသိလိုက္ေသာအခ်ိန္တစ္ခုတြင္ ေကာ္ဖီစားပြဲမွအၾကည့္လႊဲကာ ဝမ္းရွီကို ၾကည့္ေနျခင္းျဖစ္ေၾကာင္း ေတြ႕လိုက္ရသည္ ။

ဝမ္းရွီသည္ ဆိုဒါေသာက္ရန္ ေခါင္းေမာ့ရင္းတန္းလန္း ရပ္တန႔္သြားရေတာ့သည္ ။ သူသည္ မ်က္လုံးေထာင့္မွ လွမ္းၾကည့္လိုက္ၿပီး ရွဲ႕ဝမ္း၏မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံသြားခဲ့သည္ ။

အခ်ိန္တစ္ခုစာ ေက်ာ္လြန္သြားၿပီးေနာက္ သူသည္ Cokeဘူးကို ကိုင္လ်က္ ဧည့္ခန္းထဲသို႔ ျပန္ေလၽွာက္လာကာ ရီမုတ္ကိုယူ၍ အဲကြန္း လွမ္းပိတ္လိုက္သည္ ။ ထို႔ေနာက္ အၾကည့္လႊဲသြားၿပီျဖစ္ေသာ ရွဲ႕ဝမ္းကို ေမးလိုက္၏ ။ "ဘာေသာက္ခ်င္လဲ ? "

ရွဲ႕ဝမ္း၏အၾကည့္က ဝမ္းရွီလက္ထဲရွိ အေအးေပၚသို႔ က်ေရာက္သြားကာ "ေရြးစရာအကုန္လုံးက ဒီေလာက္ေအးတာလား ? "

ရွေခ်ာင္က အခန္းအေရအတြက္ႏွင့္ ငွားရမ္းခကို ေရးျဖည့္ေနသည္ေပ ။ ဤသည္ကိုၾကားေသာ္ သူသည္ အူေၾကာင္ေၾကာင္ ေမာ့ၾကည့္လာၿပီး ဒီလူႏွစ္ေယာက္က ဘယ္လိုလုပ္ အေအးအေၾကာင္း ႐ုတ္တရက္ ထေျပာေနၾကသည္ကို နားမလည္ျဖစ္ေနသည္ ။

"ေရေႏြးလဲရွိတယ္ " ဝမ္းရွီက ေျပာလိုက္၏ ။

"မင္းငါ့ကို ခပ္ေပးမွာလား ? " ရွဲ႕ဝမ္းက ျပဳံးလ်က္ သူ႔အာ႐ုံမ်ားက ေကာ္ဖီစားပြဲထံ ျပန္လည္ေရာက္ရွိသြားခဲ့သည္ ။ သူသည္ ရွေခ်ာင္ ေရးထားသည့္ "1"ကို ေထာက္ျပလိုက္ကာ အမွန္ျပင္ေပးလာသည္ ။ "မွားေနတယ္ ။ ငါ ႏွစ္ခန္းလုံးငွားမွာ "

ရွေခ်ာင္ : "အာ???"

ရွဲ႕ဝမ္း : "အေပၚထပ္က အခန္းႏွစ္ခန္းကို ငွားဖို႔တင္ထားတာ မဟုတ္ဘူးလား ? ငါႏွစ္ခန္းလုံးယူမယ္ "

ဝမ္းရွီသည္ သူ၏ "မင္းဘာသာမင္းခပ္"ဟူသည့္ စကားလုံးမ်ားကို ျပန္လည္ၿမိဳခ်လိုက္ေတာ့သည္ ။ ခဏအၾကာ အပူခ်ိန္အေနေတာ္ျဖင့္ ေရေႏြးတစ္ခြက္က ေကာ္ဖီစားပြဲေပၚ ေရာက္လာခဲ့သည္ ။

ရွဲ႕ဝမ္း အနည္းငယ္ အံ့အားသင့္သြားသည္ ။

သူေခါင္းေမာ့လိုက္ေသာ္ ဝမ္းရွီ ေရရြတ္ေနသည္ကို ၾကားလိုက္ရသည္ ။ "ပိုက္ဆံမ်က္ႏွာနဲ႔ "ဟူ၍ ။ ထို႔ေနာက္တြင္ေတာ့ ဝမ္းရွီသည္ သူ၏Cokeဘူးႏွင့္တကြ ျပန္ထြက္သြားေလ၏ ။

ဝမ္းရွီ၏ ခပ္ျမင့္ျမင့္ပုံရိပ္က ေထာင့္ခ်ိဳးကိုေကြ႕ကာ အခန္းထဲသို႔ ဝင္ၿပီး ေနာက္ရွိတံခါးကို ျပန္ပိတ္သြားသည္ကို ရွဲ႕ဝမ္းၾကည့္ေနမိသည္ ။ တစ္စကၠန႔္အၾကာ အိပ္ခန္းထဲမွ ခပ္တိုးတိုး "တီ"ခနဲ ျမည္သံထြက္ေပၚလာ၏ ။ ဝမ္းရွီတစ္ေယာက္ အခန္းထဲရွိ အဲကြန္းဖြင့္လိုက္ျခင္းျဖစ္ရမည္ ။

ရွဲ႕ဝမ္းသည္ အၾကည့္မ်ားကို ျပန္လည္႐ုတ္သိမ္းလိုက္ၿပီး စာခ်ဳပ္၏ေနာက္ဆုံးစာမ်က္ႏွာတြင္ လက္မွတ္ထိုးရန္ ေဘာပင္အဖုံးကို ခၽြတ္လိုက္ၿပီးေနာက္ ခပ္တိုးတိုး ေရရြတ္လာသည္ ။ "ကိုေငြခင္ျဖစ္ေအာင္ ဘယ္ကေနမ်ား သင္လာတာလဲ ? "

"ဘာသင္တာလဲ ? " ရွေခ်ာင္ သဲသဲကြဲကြဲ မၾကားလိုက္ေပ ။

"ဘာမွမဟုတ္ဘူး " ရွဲ႕ဝမ္းသည္ ေဘာပင္ကို ျပန္ခ်လိုက္ကာ ဖန္ခြက္ထဲမွ ေရေႏြးတစ္ငုံ ယူေသာက္လိုက္ၿပီးေနာက္ ျဖည္းညင္းစြာေျပာလာ၏ ။ "မင္းအေၾကာင္း ေျပာေနတာမဟုတ္ပါဘူး "

"ဪ" ေဘးနားတြင္ ဝမ္းရွီမရွိသည့္အခ်ိန္ ရွေခ်ာင္သည္ ရွဲ႕ဝမ္းကို အနည္းငယ္ ေၾကာက္ရြံ့ေသာေၾကာင့္ အင္မတိအင္မတန္ အပိုးက်ိဳးကာ တရိုတေသျဖစ္ေနသည္ ။ "သူေဌးရွဲ႕...ဒီေန႔တင္ ေျပာင္းလာလို႔ရတယ္ေနာ္ "

"အဲ့ေတာ့ ဒုတိယထပ္တစ္ထပ္လုံးက ငါ့အပိုင္ျဖစ္သြားၿပီေပါ့ ဟုတ္လား ? " ရွဲ႕ဝမ္းက ထပ္မံအတည္ျပဳလာ၏ ။

"ဟုတ္တယ္ဗ် " ရွေခ်ာင္က အလြန္တက္ႂကြစြာ ျပန္ေျဖလိုက္သည္ ။

"ဒါျဖင့္ ငါသူတို႔ကို အထုတ္ေတြသိမ္းၿပီး ပို႔ခိုင္းလိုက္မယ္ ။ နည္းနည္းေတာ့ မ်ားေနေလာက္တယ္ "

ညႀကီးမိုးခ်ဳပ္ ၾကယ္ေရာင္လေရာင္မ်ားအၾကား ေလာင္ေမာင္ႏွင့္ က်န္သူမ်ားက ထရပ္ကားႀကီးႏွင့္ အေလာတႀကီးေရာက္ခ်လာမွသာ သူေျပာသည့္ "နည္းနည္းမ်ားေလာက္"သည္ကို ရွေခ်ာင္နားလည္သြားေတာ့သည္ ။

ဝမ္းရွီသည္ သံၿပိဳင္ေအာ္ဟစ္သံမ်ားေၾကာင့္ လန႔္သြားၿပီး အိပ္ခန္းထဲမွထြက္လာခဲ့လိုက္သည္ ။

မ်ားစြာေသာ ေျပာင္းေရႊ႕အလုပ္သမားမ်ားက အနီေရာင္ပိုးသားျဖင့္ ရစ္ပတ္အုပ္မိုးထားေသာ ႀကီးမားသည့္အရာႀကီးကို ဒုတိယထပ္သို႔ သယ္ပို႔ေနၾကဆဲသည္ေပ.....

ဝမ္းရွီ ေဘးဖယ္ေပးလိုက္ေသာအခါ လက္ပိုက္လ်က္ မီးဖိုေခ်ာင္တံခါးကို မွီရပ္ေနေသာ ရွဲ႕ဝမ္းကို ျမင္လိုက္ရေလ၏ ။

"မင္း ဘာႀကီးကိုမ်ား သယ္လာရတာလဲ ? " သူ မ်က္ေမွာင္ၾကဳတ္ကာ ေမးျမန္းလိုက္ေတာ့သည္ ။

"သစ္ပင္ေလ " ရွဲ႕ဝမ္းက ေျဖလာသည္ ။

ဝမ္းရွီ : "ဘာႀကီး ? "

ရွဲ႕ဝမ္း : "သစ္ပင္ "

ဝမ္းရွီ : ".....မင္းအပင္ေနဖို႔အတြက္ အခန္းငွားတာလား ? "

႐ူးေနတာလား ?

"သူမ်ားတကာကို တိတ္တိတ္ေလး လိုက္မက်ိန္ဆဲရဘူး " အၾကည့္တစ္ခ်က္ႏွင့္ပင္ ရွဲ႕ဝမ္းက ဝမ္းရွီအေတြးမ်ားကို ေဖာက္ထြင္းျမင္သြားၿပီး တံခါးကိုမွီရင္း ျပဳံးျပလာသည္ ။ "ရွီဖ်င္းျပခန္းဒုတိယထပ္မွာ အဲ့အပင္ကို မင္းျမင္ဖူးတယ္မဟုတ္လား ? အဲ့မွာေတာင္ဆန႔္တယ္ဆိုရင္ ဒီမွာလဲဆန႔္မွာပဲ "

သိပ္မၾကာခင္တြင္ သူရွဲ႕ဝမ္းကို က်ိန္ဆဲတာ ေစာသြားေၾကာင္း ဝမ္းရွီ နားလည္သြားခဲ့သည္ ။

သစ္ပင္ေရာက္လာၿပီးေနာက္ အလွဆင္ ေက်ာက္စရစ္ေက်ာက္တုံးမ်ား ဆိုဒ္ႀကီးဆိုဒ္ငယ္ဆိုဒ္စုံ ၊ ပန္းမ်ား ၊ အပင္မ်ား ၊ ဘာေကာင္မွန္းမသိရေသာ သတၱဝါအတြက္ အသိုက္ႏွင့္.....လိပ္ေပါက္ေလးႏွစ္ေကာင္ ။

ဤသည္က အထုတ္အပိုးေရႊ႕ျခင္းပင္ မဟုတ္ေတာ့ ။ ရွီဖ်င္းျပခန္း၏ ဒုတိယထပ္တစ္ခုလုံးကို သူတို႔အိမ္ထဲသို႔ အစားထိုးသြင္းလာျခင္းပင္ ။

ဤအျပင္အဆင္ အေနအထားကို ၾကည့္ၿပီးေနာက္ ရွဲ႕ဝမ္းတစ္ေယာက္ သူ႔ဆိုင္ကိုပစ္ကာ ထြက္ေျပးသြားေတာ့မည္ဟု ဝမ္းရွီ ထင္မိလုမတတ္ပင္ ။ ကံအားေလ်ာ္စြာ ပထမထပ္ရွိ ပစၥည္းမ်ားကို မေရႊ႕လာသျဖင့္ သူ၏ဆိုင္ပိုင္ရွင္ပုံရိပ္ကိုေတာ့ အနည္းငယ္ ထိန္းသိမ္းလိုက္နိုင္ဆဲျဖစ္သြားသည္ ။

ပစၥည္းအားလုံး ေရႊ႕ေျပာင္းၿပီးေနာက္ ည ၁၀နာရီပင္ ေက်ာ္သြားခဲ့ေလၿပီ ။

ေလာင္ေမာင္က ေျပာင္းေရႊ႕အလုပ္သမားမ်ားႏွင့္ ထရပ္ကားငွားခကို ေငြရွင္းေပးၿပီးေနာက္ အိမ္ထဲသို႔ ဗိုက္လုံးလုံးတလႈပ္လႈပ္ျဖင့္ ျပန္ဝင္လာသည္ ။ သူသည္ တာ့ေက်ာက္ ၊ ေရွာင္ေက်ာက္ႏွင့္အတူ ဝင္ေပါက္တံခါးဝေဘးတြင္ နာခံစြာ တန္းစီရပ္ေနၾကၿပီး ဝမ္းရွီႏွင့္ ရွေခ်ာင္ကို ၾကည့္လ်က္ မ်က္လုံးကလယ္ကလယ္ျဖစ္ေနၾကသည္ ။

ရွေခ်ာင္ခမ်ာ အလြန္အမင္း စိုးထိတ္ေၾကာက္လန႔္ေနေတာ့သည္ ။

ဝမ္းရွီ ဒုတိယထပ္သို႔ လွမ္းၾကည့္လိုက္ေသာအခါ ေရႊ႕ေျပာင္းေနစဥ္အတြင္း အင္မတန္ ဂယက္ရိုက္‌ဆူညံေနသည့္တိုင္ ေလွကားလက္ရန္းမ်ား ၊ နံရံမ်ားႏွင့္ ၾကမ္းျပင္မ်ားအားလုံး ျခစ္ရာရွရွာမက်န္ဘဲ အေကာင္းအတိုင္းရွိေနဆဲျဖစ္ကာ ၾကမ္းျပင္သည္လည္း သန႔္ရွင္းေန၏ ။

အေသအခ်ာကိုပင္ ေလာင္ေမာင္ႏွင့္ အႁမႊာႏွစ္ေယာက္ကသာ ျပန္လည္သန႔္ရွင္းေရးလုပ္ေပးထားျခင္းျဖစ္သည္ ။ ပင္ပန္းခက္ခဲေသာအလုပ္ တစ္ခါမွလုပ္ဖူးပုံမရေသာ ရွဲ႕ဝမ္းသည္ေတာ့ အလြန္တရာ အရွက္ကင္းမဲ့စြာ လက္ပိုက္လ်က္ ထိုင္ၾကည့္ေနရန္ ဆုံးျဖတ္ထား၏ ။ အကုန္လုံးၿပီးသြားခ်ိန္ သူ႔အကၤ်ီလက္မ်ားမွ မရွိသည့္ဖုန္ကိုပင္ ခါလိုက္ေသးသည္ ။

"အခု အထုတ္အပိုးေတြအကုန္ ဒုတိယထပ္ေရာက္ၿပီလား ? " ဝမ္းရွီ စစ္ေဆးလိုက္သည္ ။

ရွဲ႕ဝမ္းက တစ္ခဏေတြးလိုက္ၿပီးေနာက္ "ဟင့္အင္း...အဲ့ကို မေရႊ႕ရေသးတဲ့ သုံးခုက်န္ေသးတယ္ "

ဝမ္းရွီ လွည့္ပတ္ၾကည့္လိုက္ကာ ေျပာလိုက္၏ ။ "ဘယ္မွာတုန္း ? "

ရွဲ႕ဝမ္းက တံခါးေဘးသို႔ လက္ညႇိုးညႊန္ျပသည္ ။

ဝမ္းရွီ လွမ္းၾကည့္လိုက္ေသာ္ ျမင္လိုက္ရသည္က--ေလာင္ေမာင္ ၊ တာ့ေက်ာက္ႏွင့္ ေရွာင္ေက်ာက္ပင္ ။

သူ နားမလည္ေပ ။ "မင္းနဲ႔ ေလာင္ေမာင္က တစ္ခန္း ၊ ၿပီးေတာ့ တာ့ေက်ာက္နဲ႔ ေရွာင္ေက်ာက္က တစ္ခန္းလား ? "

သူေဌးက အရမ္းၾကင္နာတတ္လြန္းလို႔ ဆိုင္ဝန္ထမ္းစာေရးနဲ႔ေတာင္ တစ္ခန္းတည္းေနမယ္တဲ့လား ?

ရွဲ႕ဝမ္း : "မဟုတ္ပါဘူး ။ ငါက ငါ့ဘာသာေနမွာ "

ဝမ္းရွီ ပို၍ပင္ နားမလည္ျဖစ္သြားေတာ့သည္ ။

သူသည္ အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ မေအာင့္ထားနိုင္ေတာ့ဘဲ "မင္းက မင္းဘာသာမင္းတစ္ခန္းေနၿပီး ေလာင္ေမာင္နဲ႔ မိန္းကေလးႏွစ္ေယာက္က တစ္ခန္းေနမွာလား ? "

ရွေခ်ာင္ : "???"

ရွဲ႕ဝမ္း ဦးေဆာင္သည့္ အိမ္ငွား‌ ၄ေယာက္မွာ ဤျပႆာနာကို အရင္က တစ္ခါမၽွ မေတြးခဲ့ဖူးပုံပင္ ။ ဝမ္းရွီ ထုတ္ေျပာလာသည္ကို ၾကားၿပီးေနာက္ သူတို႔၏မ်က္ႏွာအမူအရာမ်ားမွာ တဒဂၤမၽွ ၾကက္ေသေသသြားေတာ့သည္ ။

ဤသည္က အင္မတန္ထူးဆန္းေပ၏ ။

ရွေခ်ာင္ မေမးဘဲ မေနနိုင္ခဲ့ ။ "ဒီမတိုင္ခင္က ဘယ္လိုေနခဲ့ၾကလို႔လဲ ? "

ေရွာင္ေက်ာက္က ႏွာရႈံ႔လိုက္ၿပီး "အသိုက္ရွိ႐ုံနဲ႔ အဆင္ေျပတယ္ေလ "

တာ့ေက်ာက္က သူမကို ပိတ္ရိုက္လိုက္ေတာ့သည္ ။ "ဘာပဲျဖစ္ျဖစ္ ေနရာက ႀကီးႀကီးေသးေသး အိပ္ဖို႔အတြက္ေနရာေလးပဲကို ။ ႀကိဳးစားရင္ ဆိုဖာေတာင္ အိပ္ရာျဖစ္နိုင္တာပဲ "

ရွေခ်ာင္ ဆက္လက္၍ နားမေထာင္နိုင္ေတာ့ေပ ။ "ဟို...အေပၚထပ္မွာ စာၾကည့္ခန္းေလးတစ္ခန္းေတာ့ရွိတယ္ ။ ဆိုဖာကို ဆြဲခ်လိုက္ရင္ အိပ္ရာလို သုံးလို႔ရတယ္ "

မိန္းကေလးႏွစ္ေယာက္မွာ ႐ုတ္ခ်ည္း ေျပာလာ၏ ။ "ေကာင္းတယ္ ။ အဲ့လိုပဲ လုပ္ရေအာင္ ။ အရမ္းဉာဏ္ေကာင္းတာပဲေနာ္ ။ ၾကည့္ပါအုံး..အခုဆို ေနဖို႔ေနရာရွိသြားၿပီ မဟုတ္လား ? "

သူတို႔၏ ခ်ီးမြမ္းမႈမ်ားေၾကာင့္ ရွေခ်ာင္၏မ်က္ႏွာမွာ နီျမန္းသြားေတာ့သည္ ။

ေလာင္ေမာင္က ထပ္ေျပာလာသည္ ။ "အဲ့လိုဆို ကၽြန္ေတာ္တို႔ မင္းတို႔ႏွစ္ေယာက္ကို ဒုကၡေပးရေတာ့မွာပဲ ။ ဂ႐ုစိုက္ေပးၾကပါအုံး "

ရွေခ်ာင္သည္ လက္ယမ္းျပလိုက္ကာ "မဟုတ္တာ မဟုတ္တာ.. လုပ္သင့္တာပဲကို "

အလုပ္မ်ားေသာ ညတစ္ညျဖစ္ခဲ့၍ အကုန္လုံးအနည္းငယ္ ပင္ပန္းႏြမ္းလ်ေနၾကသည္ ။ အထူးသျဖင့္ ရွဲ႕ဝမ္းမွာ အနည္းငယ္ ျဖဴေဖ်ာ့အားနည္းေနၿပီး အလြန္အိပ္ငိုက္ေနပုံေပၚသည္ ။ ေနရာထိုင္ခင္းကို အၾကမ္းဖ်င္းေနရာခ်ၿပီးသည္ႏွင့္ လူတိုင္း ႏႈတ္ဆက္လိုက္ၾကၿပီး ကိုယ့္အခန္းကိုယ္ျပန္ကာ အနားယူလိုက္ၾက၏ ။

တစ္ထပ္စီတြင္ ေရခ်ိဳးခန္းတစ္ခုစီရွိသည္ျဖစ္ရာ မီးအလင္းေရာင္မ်ားပိတ္လိုက္သည္ႏွင့္ မတူညီသည့္ ကမၻာေလာကႏွစ္ခုအလား ။ သူတို႔သည္ အခ်င္းခ်င္း အမ်ားႀကီး ဝင္ေရာက္စြက္ဖက္ၾကမည္မဟုတ္ေပ ။

ရွေခ်ာင္ အိပ္ရာေပၚ လွဲခ်လိုက္သည့္အခ်ိန္ ဤတစ္ေန႔တာက အနည္းငယ္ မယုံၾကည္နိုင္စရာေကာင္းေအာင္ ကုန္လြန္သြားသည္ဟု ခံစားလိုက္ရသည္ ။ မူလက လစ္လပ္ေနေသာ ဗီလာမွာ ႐ုတ္တရက္ဆန္စြာ လူမ်ားျဖင့္ ျပည့္သြားၿပီး အိပ္မက္မက္ေနသည့္ပမာ လက္ေတြ႕မဆန္လွေပ ။

သူအိပ္ေမာမက်သြားခင္ အခ်ိန္ေလး၌ ထူးဆန္းသည့္အေတြးတစ္ခုက ေခါင္းထဲေပၚလာ၏-ဤခံစားခ်က္က တကယ္တမ္း အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းေနခဲ့ရသေယာင္ ခံစားလိုက္ရျခင္း ။

ရွေခ်ာင္ႏွင့္ယွဥ္လၽွင္ ဝမ္းရွီသည္ ျမန္ျမန္ဆန္ဆန္ အိပ္မေပ်ာ္သြားခဲ့ ။ အေပၚထပ္မွ ေျခသံမ်ားကို နားေထာင္ေနရင္း အေတြးထဲ နစ္ေျမာသြားခဲ့သည္ ။

မၾကာေသးမီက သူသည္ ေလွာင္အိမ္ႏွစ္ခုကို ဆက္တိုက္ ေျဖရွင္းခဲ့ၿပီး လူသုံးေယာက္၏ အၿငိဳးအေတး အာဃာတစြမ္းအင္နက္မ်ားကို စုပ္ယူဖယ္ရွားခဲ့သည္ ။ ရလဒ္အေနျဖင့္ သူ႔ခႏၶာကိုယ္က အနည္းငယ္ ေျပာင္းလဲသြား၏ ။

လက္ေတြ႕တြင္ ဖယ္ရွားသည့္လုပ္ငန္းစဥ္ကပင္ အလြန္ အႏၲရာယ္မ်ားေလသည္ ။

လူတစ္ေယာက္က သန႔္စင္ေလေလ ၊ ထိုအရာမ်ားကို ဖယ္ရွားရွင္းလင္းရန္ လြယ္ကူေလပင္ ။ သို႔ျဖစ္၍ ဟိုးကနဦးအစပိုင္းက ဖန႔္ကြမ္းမ်ားက အျမဲဧကန္ ယခင္ထက္ပိုေျဖာင့္မတ္တင္းက်ပ္ေသာ က်င့္ႀကံေရးလမ္းစဥ္‌မ်ားျဖင့္ အသန႔္ရွင္းအစင္ၾကယ္ဆုံးေသာ စိတ္ဝိညာဥ္ရွိရန္ အေကာင္းဆုံး ႀကိဳးစားက်င့္ႀကံခဲ့ၾကသည္ ။

ထိုလမ္းစဥ္မွာ အမွန္တကယ္ ခက္ခဲလြန္းသျဖင့္ ေႏွာင္းပိုင္းမ်ိဳးဆက္မ်ားတြင္ေတာ့ ထိုသို႔က်င့္ႀကံသည့္သူ နည္းပါးသြားခဲ့သည္ ။ အထူးသျဖင့္ လက္ရွိမ်ိဳးဆက္တြင္ ဖန႔္ကြမ္းမ်ား လက္ထပ္ျခင္း ၊ ကေလးယူျခင္းတို႔မွာ ပုံမွန္ျဖစ္လာၾကၿပီး သို႔ႏွယ္ က်ားကုတ္က်ားခဲလမ္းစဥ္ကို မက်င့္သုံးၾကေတာ့ေခ် ။

သူတို႔၏စိတ္ဝိညာဥ္မ်ားမွာ သာမန္လူမ်ားထက္ စင္ၾကယ္ေနေသာ္ျငား ထိုဘိုးေဘးမ်ားကိုေတာ့ မ‌ယွဥ္နိုင္ေသးေခ် ။ သို႔ျဖစ္၍ ဖယ္ရွားရွင္းလင္းသည့္အခ်ိန္၌ အႏၲရာယ္လည္း ပိုမ်ားလာ၏ ။

အကယ္၍ ေအာင္ျမင္သြားလၽွင္ ေပ်ာ္ဝင္ဖယ္ရွားခံလိုက္ရသည့္အရာမ်ားက သူတို႔၏ တစ္စိတ္တစ္ပိုင္းျဖစ္လာကာ တျဖည္းျဖည္းႏွင့္ ပို၍သန္မာလာေစၿပီး ပိုမိုသန႔္စင္ေစကာ သက္တမ္းပိုရွည္သြားေစသည္ ။

ဤသည္ကို က်င့္ႀကံေရးလမ္းစဥ္တစ္ခုဟု သတ္မွတ္နိုင္ေပသည္ ။ တကယ္လို႔ လယ္ဗယ္တစ္ခု ေရာက္သည္အထိ က်င့္ႀကံပါက အမတတစ္ပိုင္းျဖစ္သြားလိမ့္မည္ ။

သို႔ေသာ္ ရွင္းလင္းျခင္းက်ရႈံးပါက အၿငိဳးအေတးစြမ္းအင္မ်ားက သူတို႔ထံသို႔ ေျပာင္းေရႊ႕လာကာ သူတို႔၏တစ္စိတ္တစ္ပိုင္း ျဖစ္လာလိမ့္မည္ ။ ဤသည္ကိုေတာ့ တိုက္စားျခင္း သို႔္မဟုတ္ ညစ္ညမ္းျခင္းဟု ေခၚ၏ ။

ဆက္တိုက္ က်ရႈံးေနၿပီး မေကာင္းသည့္စြမ္းအင္မ်ားက အခ်ိန္အေတာ္ၾကာ စုေဝးလာလၽွင္....ထိုအခါ အဆုံးသတ္တစ္ခုကိုသာ ဦးတည္သြားလိမ့္မည္ ။ နာမည္စာရင္းေပၚမွ ဖယ္ရွားခံရျခင္း ။

ကိုယ့္ကိုယ္ကိုယ္ေတာင္မွ မကယ္တင္နိုင္လၽွင္ အျခားသူမ်ားကို ဘယ္လိုလုပ္ ကူညီနိုင္မည္နည္း ?

ဝမ္းရွီကေတာ့ ထူးျခားသည့္အေျခအေနပင္--

သူ႔တြင္ စိတ္ဝိညာဥ္မရွိ ။ အခြံလြတ္သပ္သပ္သာျဖစ္သျဖင့္ သူသည္ တိုက္စားခံရမည္မဟုတ္ေပ ။

သို႔ေသာ္ အလားတူပင္ ေအာင္ျမင္ခဲ့ေသာ ဖယ္ရွားမႈကလည္း သူ႔ကို အကူအညီျဖစ္ေစမည္မဟုတ္ ။ သူသည္ ေဆြးျမည့္ေနေသာ အရိုးစုအလား သူ စားလိုက္သမၽွက လြတ္ေနသည့္အရိုးမ်ားၾကားမွ စိမ့္ထြက္သြားလိမ့္မည္ ။ အခ်ိန္တစ္ခဏတာအတြက္သာ ေကာင္းမြန္ၿပီး သူ႔အေပၚ သက္ေရာက္မႈ တစ္စုံတစ္ရာမရွိေပ ။

သို႔သည့္တိုင္ ယခုတစ္ေခါက္တြင္ သူတကယ္ကို အေျပာင္းအလဲတစ္ခုကို ခံစားလိုက္ရ၏ ။ သူ၏မူလအေျခအ‌ေနကို ျပန္လည္ရရွိစျပဳလာသကဲ့သို႔ပင္ ။

အေသအခ်ာကို ပမာဏအနည္းငယ္မၽွသာ ။

ဤေသးငယ္သည့္ ေျပာင္းလဲမႈေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္၏ ၊ ထိုညက သူသည္ ပထမဆုံးအေနျဖင့္ အခ်ိန္အေတာ္ၾကာ မမက္ခဲ့ေသာအိပ္မက္ကို မက္ခဲ့သည္ ။ အလြန္ေဝးကြာေသာ အတိတ္မွ ျဖစ္ရပ္တခ်ိဳ႕ကို ျမင္မက္ခဲ့ကာ လူတစ္ေယာက္ကိုလည္း အိပ္မက္မက္ခဲ့သည္ ။

***

Continue Reading

You'll Also Like

92.1K 13.6K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
2.7K 132 6
Novel-Can Ci Pin(defective) Original Novel link - http://www.jjwxc.net/onebook.php?novelid=3121357 I will translate this from Chinese directly
363K 28K 56
Kaman yanda kaddara ta hada aurensu bayan ta rabata da wanda take so. Haka yake tunanin kaddara zata sa dole ya cika alkawarin daya dauka bayan cikar...