အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း

1.5K 162 11
                                    

[Unicode]

《Arc 1 : မိတ်ဟောင်းဆွေဟောင်း
သူတကယ်ကြီး နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တာပဲ

ဝမ်းကောက ငါ့ကိုပြောတယ် ၊ သူက လုံးလုံးလျားလျား မသေဆုံးနိုင်တဲ့ သူတဲ့ ။ သူ့မျက်လုံးတွေ ပိတ်သွားတဲ့အချိန်တိုင်း နှစ်အနည်းငယ်ကုန်ဆုံးသွားခဲ့ပြီး တစ်ရက်ကျရင် သူက *ဝူရှန်းဂိတ်တံခါးကနေ ပြန်တွားသွားထွက်လာလိမ့်မယ် ။

『*ဝူရှန်းဂိတ် - ရုပ်နာမ်မရှိတဲ့ဂိတ်တံခါး 』

၁၉၂၁ခုနှစ်ရဲ့ *ချင်းမင်ပွဲတော်နေ့ ၊ ထျန်ကျင့်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေခဲ့တာကို ငါမှတ်မိသေးတယ် ။ သူက သွေးသံတရဲရဲနဲ့ ဝူရှန်းဂိတ်တံခါးကနေ ၁၁ကြိမ်မြောက် ထွက်လာခဲ့တာလေ ။ ငါသူ့ကို အလျင်စလို သွားကြိုခဲ့ရတဲ့အချိန် မအောင့်ထားနိုင်‌တော့ဘဲ သူ့ကို မေး‌ခွန်းတစ်ခု မေးခဲ့တယ် ။

『*ချင်းမင်ပွဲတော်နေ့ - အုတ်ဂူရှင်းပွဲ‌တော်နေ့ 』

ငါပြောလိုက်တာက ‌သေသွားပြီးပြီပဲကို ဘာလို့ ဒုက္ခခံပြီး အမြဲတမ်း အသက်ရှင်လျက် ပြန်ပြန်ရောက်လာရတာလဲ ၊ လက်မလွှတ်နိုင်တဲ့ တစ်ယောက်ယောက် ရှိလို့လား ?

သူက ကောလာဟလတွေထဲကအတိုင်း ရင်းနှီးဖို့ ခက်ခဲတဲ့သူပဲ ၊ သူက ငါ့ကို လုံးဝလျစ်လျူရှုပြီး လှည့်ထွက်သွားခဲ့တယ် ။ အချိန်အတော်ကြာ ရပ်တန့်‌နေပြီးတဲ့နောက်မှာတော့ သူက ပြန်လှည့်လာပြီး ငါ့မှာ စားစရာတစ်ခုခုရှိလားလို့ မေးလာခဲ့တယ် ။

နောက်ပိုင်း ငါစာအုပ်အဟောင်းတွေကို ဖတ်ကြည့်ပြီးတော့မှ နားလည်သွားတာက ဒီဖန့်ကွမ်းဆိုတာ လုံးဝသန့်ရှင်းစင်ကြယ်ဖို့ လိုအပ်ပြီး ခွဲခြားမှုမရှိ ၊ ဘက်လိုက်မှုမရှိရဘဲ အနှောင့်အတားမရှိတဲ့ ကျင့်ကြံရေးလမ်းစဉ်တစ်ခုဆိုတာ ။ အဲဒီနေ့က ငါမေးခဲ့တဲ့ မေးခွန်းတွေက တကယ်တမ်း ငါ စိတ်ကူးပဲယဉ်နေသလိုလို ၊ ဒဏ္ဍာရီလာပုံပြင်တွေအများကြီးပဲ ဖတ်ထားသလိုလို ဖြစ်နေတော့မှာ ။

ဒီနှစ်မိုးရာသီအစမှာတော့ ငါကိုယ်တိုင် သူ့ကို‌ နောက်တစ်ကြိမ် ထပ်ပြီးလိုက်ပို့ခဲ့တယ် ။ ငွေစက္ကူနှစ်ပုံးကို မီးရှို့ပေးခဲ့ပြီး အ‌မွှေးတိုင် ၇တိုင် ထွန်းပေးခဲ့တယ် ။ သူ့ရုပ်ရည်သွင်ပြင်က ငါသူ့ကို ကြိုခဲ့တဲ့နှစ်ကအတိုင်း မပြောင်းမလဲရှိနေတုန်းပဲ ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now