My Adorer ( Completed )
By xiaotiantian433
75.8K 5.4K 223
yizhan.. More
Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10 warning ⚠️
Part-11
part-12 warning ⚠️
Part-13
Part-14 warning
Part-15
Part-16
part-17 warning
final
extra
Part-6
3K 262 12
By xiaotiantian433
ရိပေါ်နိုးလာတော့ ပေါ့ပါးနေတယ်။ မနေ့ညက သေချာပေါက်အိမ်ပြင်မှာဝက်ဝံအရေခွံခြုံအိပ်ခဲ့တာ။ ခုလည်း ဝက်ဝံအရေခွံကိုခြုံ‌အိပ်နေတုန်းပဲ။ ဒါပေမယ့် အိမ်ပြင်မှာမဟုတ်ဘူး။ ပြီးတော့ သူ့ကို‌ကျောခိုင်းအိပ်နေသူ
*သ သခင်လေး*
ရိပေါ်အပျော်လုံးစို့ပြီး ထအော်ချင်စိတ်တောင်ပေါက်တယ်။ သခင်လေးက သူနဲ့အတူကပ်ပြီးအိပ်နေတယ်တဲ့လား။ ပြီးတော့ ပွစာကျဲနေတဲ့ မြေခွက်တွေကြောင့် သခင်လေး သူ့ကိုအဖျားကျအောင်ဂရုစိုက်ပေးခဲ့တာပဲဆိုတာသိလိုက်တယ်။  ရိပေါ်ရင်ထဲမှာကြည်နူးပိတိလေးတွေ တရိပ်ရိပ်တတ်လာပြီး အနောက်ကနေ ရှောင်းကျန့်အနံ့လေးကိုခိုးရှုနေတယ်။
ဘာအမွှေးနံ့သာမှ မသုံးထားတဲ့သူ့ပင်ကိုယ်အနံ့လေးကစွဲမက်စရာပဲ။ ရိပေါ်ပထမဆုံး သူ့အနံ့လေးကိုရဖူးတာဖြစ်တယ်။
"အား.....ကျွတ်ကျွတ်"
ရှောင်းကျန့်အော်သံကြောင့်ရိပေါ် ချက်ချင်းထကာ ရှောင်းကျန့်အရှ့မှာဒူးထောက်လိုက်တယ်။
"သခင်လေး....တောင်းပန်ပါတယ်။"
"အရိုးတွေလွဲကုန်ပြီလားမသိဘူး။ သေတော့မှာပဲ။ ကျဉ်းကျပ်လိုက်တာ။ တစ်ညလုံးဒုက္ခတွေကြီးပဲ။"
"နောက်မဖြစ်စေရပါဘူး။ သခင်လေး။"
"တော်တော်ဒုက္ခပေးတဲ့ကောင်။"
"‌တော်တော်လေး ပင်ပန်းခဲ့မှာပဲ။ ကျွန်တော့်အသက်ကို သခင်လေးကယ်ပေးလို့ကျေးဇူးတင်တယ်။"
"ကျေးဇူတင်စရာမလိုဘူး။ ငါမင်းကိုအသုံချဖို့လိုအပ်သေးလို့။"
ခုနကပျော်နေတာလေးတွေဘယ်ပျောက်သွားမှန်းမသိပဲရိပေါ်မျက်နှာလေးညိုးသွားတယ်။
"အဟမ်း...မနက်စာမရှာသေးဘူးလား။"
"ဟုတ်ကဲ့ သခင်လေး။ ဒါနဲ့ဒီနေ့ကျွန်တော့်အဖေကို သွားရှာမလို့။"
"မင်းအဖေကိုရှာပြီး ဘာလုပ်မှာလဲ။ မင်းအဖေလည်း ငမွဲပဲမဟုတ်လား။ သူမွဲလို့မင်းခုလိုဘဝနဲ့နေရတာလေ။"
"အနည်းဆုံးတော့ အလုပ်ဖြစ်ဖြစ်နေစရာဖြစ်ဖြစ်ရမှာပဲလေ။ သခင်လေးကိုကျွန်တော်ဒီအတိုင်းမထားနိုင်ဘူး။"
ရှောင်းကျန့် ရုတ်တရက်တိတ်ဆိတ်သွားပြီး
"ပါးနဲ့မားကိုသတိရတယ်။"
"သခင်လေးကို လုံခြုံတဲ့နေရာပို့ပြီးရင် ကျွန်တော် သွားစုံစမ်းပေးပါမယ်။"
ရိပေါ် မနက်စာစီစဉ်ပေးပြီးစုန့်တိုင်းပြည်ဖက်ကိုထွက်လာတယ်။ သူစုန့်တိုင်းပြည်ကထွက်လာတာ ငါးနှစ်အရွယ်ဆိုတော့ ရေးတေးတေးတော့မှတ်မိတယ်။ သူ့အဖေကိုတော့ သေချာလေးမှတ်မိမယ်ထင်တယ်။ စုန့်တိုင်းပြည်ကိုရောက်ဖို့ ၂ နာရီလောက်သာခရီး‌ဆက်ရတာမို့ အချိန်တို‌တွင်းမှာပဲ ရိပေါ်ရောက်တယ်။
စုန့်တိုင်းပြည်ရောက်တော့ သူနေခဲ့တဲ့နေရာလေးဆီ ရိပေါ်စမ်း တဝါးဝါးပဲ ခရီးဆက်လာတယ်။ အရင်ကလို ဝါးလုံးကာ၊ ဖက်ရွက်မိုး တွေမဟုတ်တော့တာ‌ကြောင့် ရိပေါ်မျက်စိလည်ရတယ်။ အိမ်တော်တော်များများက ရွံ့တွေကိုဖုတ်ပြီး ဆောက်ထားတယ်။ အမိုးကိုတော့ သပ်ရပ်ပြီးကျစ်လစ်တဲ့ ဓနိတွေနဲ့မိုးထားတယ်။ အဲ့ဒီအချိန်မှာပဲ အာလူးတွေကိုအမြစ်‌ကဆွဲနှုတ်လာပြီး လက်နှစ်ဖက်ကကိုင်ထားတဲ့ လူကြီးကသူ့ကိုငေးမောနေတယ်။ ဒါဟာ သူ့အဖေဆိုတာ ၅၀ % လောက်သေချာတယ်။ အဲ့ဒီလူက သူ့ဆီလျှောက် လာတော့ လက်တွေတုန်နေတာသတိထားမိတယ်။
"လူလေး မင်းကိုအရင်ကမတွေ့ဖူးဘူး။ "
ရိပေါ် သူ့အဖေကို နာကျည်းရမယ်လို့မှတ်ထားပေမယ့် တစ်ကယ်တမ်းက အဲ့လိုခံစားချက်မရခဲ့ဘူး။ သူ့အဖေက သူ့ကိုကြည့်ရင်း မျက်ရည်ဝဲလာတယ်။ ပြီးတော့ ဒူးထောက်ချလိုက်တယ်။
"သား သားလေးမဟုတ်လား။ ပါးကိုခွင့်လွှတ်ဖို့ ပြန်လာတာ မဟုတ်လားဟင်။"
ရိပေါ်ပြောစရာစကား‌ပျောက်နေတယ်။ ပြီးတော့သခင်လေးက တစ်ယောက်တည်းကျန်ခဲ့တာ အမြန်ပြန်မှရမယ်။ ဒါကြောင့်သူ့အဖေကို မ ထူလိုက်တယ်။
"ကျွန်တော်အိမ်ပြန်လာတာ။"
ရိပေါ်အဖေက ခေါင်းကို တစ်ဆက်ဆက်ညိမ့်ပြတယ်။
"ပါးအရင်လိုမဟုတ်တော့ဘူး။ အိမ်ထောင်ဦးစီးပီသနေပြီ။ အိမ်ကိုလည်း မိုးယိုအောင်မထားတော့ဘူး။ မင်းတို့သားအမိမရှိပေမယ့် အမြဲ ထမင်းတွေပိုချက်ထားတယ်။ အဝတ်စားတွေလည်းဝယ်ထားတယ်။ ပြီးတော့လေ။ သားကဘယ်အရွယ်လောက်ကြီးပြီလဲဆိုတာ မသိတော့ ပိတ်စတွေပဲဝတ်ထားဖြစ်တယ်။ ကြည့်ပါဦး ထွားလိုက်တာ။ "
အာလူးတွေကိုပစ်ချပြီး သူ့ကို ကိုင်ကြည့်နေတဲ့ အဖေဖြစ်သူကိုမြင်တော့ စိတ်ကောင်းပေ။ အဝတ်စားတွေနွမ်းဖက်ပြီး လက်တွေက အရည်ထူပေပွနေတယ်။ အလုပ်ကိုပဲ ဖိလုပ်ပြီး မယားနဲ့သားအတွက်အပြစ်တွေကိုပေးဆပ်နေပုံပဲ။
"ပါး..."
ရိပေါ်က ပါးလို့ခေါ်တော့ မမျော်လင့်ထားတဲ့ ဆုကြီးရသလို ‌အရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့မော့ကြည့်နေတယ်။
"ကျွန်တော် သခင်လေးကိုသွားခေါ်ဦးမယ်။"
"ဘယ်သူလဲ။"
"ကျွန်တော့်ကျေးဇူးရှင်လို့ သိထားရင်ရပါပြီ။"
"ကောင်းပြီ။ ပါပါးစောင့်နေမယ်။"
ရိပေါ်အိမ်ထဲတောင်ဝင်မကြည့်ပါပဲ ချက်ချင်းပြန်သွားတယ်။
_______
စောင့်နေရတဲ့ ရှောင်းကျန့်ကတော့ မိုးချုပ်လေ ကြောက်စိတ်ပိုလာလေပဲ။ ရိပေါ်ကိုဒီထက်ကောင်းကောင်းလေးဆက်ဆံပေးရမယ်။ သူ့ကိုတောထဲမှာ ပစ်သွားရင်ဘယ်လိုလုပ်မလဲ။ သူမရှိပဲ တစ်ညတောင်မအိပ်ရဲဘူး။ ရိပေါ်ဘာလို့ပြန်မလာသေးတာလဲ။ တစ်ယောက်ယောက်များ ဖမ်းသွားပြီလား။
"သခင်လေး......သခင်လေး......"
"ဟင်! ရိပေါ်အသံပဲ ဘာလို့မဝင်လာပဲ အော်ခေါ်နေတာလဲ။"
တိတ်ဆိတ်နေတဲ့ တောကြီးထဲမှာ ရိပေါ်အသံကြီးက ထီးထီးကြီး ကျယ်နေတယ်။
"သခင်လေးရေ ထွက်လာပါဦး...."
ရှောင်းကျန့်တုံ့ဆိုင်းမနေပဲ ထွက်လာတော့ ရိပေါ်က တစ်ဖက်‌ချောင်း မှာမက်တပ်ရပ်နေတယ်။
"သခင်လေး လာလေ။"
"မင်းကဘာလို့မလာတာလဲ။ ညဘက်ကြီး ဘာလို့အော်နေတာလဲ။"
"သခင်လေးကိုပြစရာရှိတယ်။ အဲ့ရေတွေကိုဖြတ်လာခဲ့ပါ။"
ရှောင်းကျန့်လည်း ရိပေါ်လုပ်ရပ်ကိုအံ့အားသင့်ပြီး ရေကန်ဆီသို့လျှောက်လာတယ်။
"ရိ‌ပေါ် မင်းထူးဆန်းတာတွေမလုပ်နဲ့ "
ညကလည်းအတော်မှောင်နေပြီး ပတ်ဝန်းကျင်က ခြောက်ခြားစရာကို ဘာတွေအရူးထနေတာလဲ။
"မီးတုတ်ကြီး ထားခဲ့သခင်လေး။"
ရှောင်းကျန့် သစ်ပင်တစ်ပင်ဂွကြားမှာ မီးတုတ်ကိုညှပ်ပြီး ရိပေါ်ကိုပြန်ကြည့်တော့ သူ့ကိုပြုံးပြနေတယ် ။ သွားတွေအကုန်ဖြဲပြီးပြုံးနေတဲ့ရိပေါ်ကို ပထမဆုံးမြင်ဖူးတာပဲ။ ပြီးတော့အဲ့အပြုံးက ဘာလို့ကြောက်ဖို့ကောင်းတယ်လို့မြင်နေရတာလဲ။
ရှောင်းကျန့်ရေထဲကိုဆင်းလိုက်ချိန်မှာတော့
"ဒုတ်"
"ဟင်"
ရိပေါ်ရဲ့ရင်အုံတည့်တည့်ကို မြှားတစ်စင်းကလာစိုက်ပြီး ရိပေါ်လဲကျသွားတယ်။ရှောင်းကျန့် ဆက်ကြည့်မနေပဲ ရေထဲကိုဆင်းပြီးချောင်းကိုဖြတ်ကူးတယ်။
"ဟင့်အင်း။ ရိပေါ်မသေရဘူး။ ငါ့ကိုမထားခဲ့နဲ့။ ငါကြောက်တယ်။ ငါမင်းကိုလိုအပ်တယ်။"
ရှောင်းကျန့် လဲနေတဲ့ရိပေါ်ကို ကိုင်မယ်လုပ်လိုက်ရာ
"အမလေး..."
"သခင်လေး."
လဲနေတာက ရိပေါ်မဟုတ်တော့ပဲ ကျားကြီးတစ်ကောင်ဖြစ်နေတယ်။ ရိပေါ်က အနောက်ကနေ လေးနဲ့မြှားကို ကိုင်လျှက်ရပ်နေတယ်။
"သခင်လေး။"
"ဘာတွေလဲ ဘာဖြစ်တာလဲ။"
"သခင်လေး စိတ်အေးအေးထားပါ။"
"ရှောင်းကျန့် ရိပေါ်ရဲ့ လက်မောင်းကိုတင်းနေအောင်ဆုပ်ပြီး ဖြစ်သမျှကို တုန်တုန်ယင်ယင် ပြောပြတယ်။"
"တောခြောက်တာ။"
"ဘာ!!!"
ရှောင်းကျန့် နှလုံးသားကို လင်ကွင်းနဲ့တဖျန်းဖျန်းရိုက်နေသလိုပါပဲ။
"ကျွန်တော်တို့ ဒီမှာမနေသင့်တော့ဘူး။"
"ငါ ငါကြောက်တယ်။"
တစ်ကိုယ်လုံး စိုနေပြီး ဒူးတုန်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ပြုံးလိုက်မိတယ်။ သူကြောက်နေချိန် ပြုံးလိုက်ရတာကို အားနာသလိုဖြစ်သွားမိတယ်။
"ငါ့ကိုချီသွား။"
ရိပေါ်တုန့်ဆိုင်းမနေပဲ ရှောင်းကျန့်ကို ကောက်ပွေ့လိုက်တယ်။
Zawgyi
*သ သခင်လေး*
"အား.....ကျွတ်ကျွတ်"
"နောက်မဖြစ်စေရပါဘူး။ သခင်လေး။"
"ပါးနဲ့မားကိုသတိရတယ်။"
"ပါး..."
"ဘယ်သူလဲ။"
"ကောင်းပြီ။ ပါပါးစောင့်နေမယ်။"
_______
"သခင်လေး......သခင်လေး......"
"သခင်လေးရေ ထွက်လာပါဦး...."
"သခင်လေး လာလေ။"
"ဒုတ်"
"ဟင်"
"ဟင့်အင်း။ ရိပေါ်မသေရဘူး။ ငါ့ကိုမထားခဲ့နဲ့။ ငါကြောက်တယ်။ ငါမင်းကိုလိုအပ်တယ်။"
"အမလေး..."
"သခင်လေး."
"သခင်လေး။"
"ဘာတွေလဲ ဘာဖြစ်တာလဲ။"
"တောခြောက်တာ။"
"ဘာ!!!"
"ငါ ငါကြောက်တယ်။"
"ငါ့ကိုချီသွား။"
Continue Reading
You'll Also Like
1.5M 26.4K 55
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
434K 15.1K 163
Sevyn and Von hung around the same people but did not like each other. But they were just cordial. Until Von's birthday came up and Sevyn was the onl...
1.5M 35K 60
In wich a one night stand turns out to be a lot more than that. -Completed-
85.8K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...