"ဘာ...အဲ့အကောင်ကအဲ့လိုဘဲပြောတာလား..."
"ဟုတ်တယ်.... ဟင့်...ရွှတ်...ငါ့ကိုဆရာမကြီးကရိုက်လိုက်တာ အရမ်းနာတာဘဲ..."
နှင်းဦးလက်က ထွန်းရွှေဝါဆေးဘူးကိုကိုင်ကာတစ်ရှုံ့ရှုံ့နှင့်ငိုကာ သူ့ရှေ့ကလူကိုပြောလိုက်သည်။ နှင်းဦး၏ ရီးစားဖြစ်သော မင်းမောင်ကတော့ နှင်းဦး၏ ခြေသလုံးမှ အရှိုးရာလေးကို ဆေးလိမ်းပေးနေကာ မျက်နှာကတော့ တည်တင်းနေသည်။
"ကျော်ဆန်း.. ငါကတော့မကျေနပ်ဘူးကွာ...ကြည့်အုံး ငါ့အချစ်ရဲ့ခြေသလုံးနုနုလေးကို...ဒီကောင်ကြောင့်ဖြစ်ရတာ စောက်ခြောက်ကများ..."
မင်းမောင်က ဒေါသအလျောက်စကားလုံးကြမ်းများကိုသာပြောသည်။ ကျော်ဆန်းဆိုသည့်ကျောငိးသားကတော့ ခါးထောက်ကာ စကားတစ်ခွန်းဆိုပြန်သည်။
"ဒီတစ်ခါ ငါကိုယ်တိုင်လိုက်မယ်...ဒါပေမယ့် ကြေးကတော့ပိုမယ်...၅ထောင်နဲ့ ခုခေတ်စားနေတဲ့နာရီတစ်လူံး..."
"အေး...ရတယ်...နှင်း ခုတော့သွားတော့နော် ...တော်ကြာနေတစ်ယောက်ယောက်တွေ့သွားရင် မကောင်းဘူး..."
မင်းမောင် ချစ်ရသူကို ပြောပြီး ကျော်ဆန်းကိုခေါ်ကာအတန်းဘက်ထွက်ခဲ့သည်။ ကျော်ဆန်း မင်းမောင် နှင်းဦးဆိုတာက ငယ်သူငယ်ချင်းတေပင်။ မင်းမောင်နှင့်နှင်းဦးကတော့ ၁၀တန်းအစမှာတငိ သူငယ်ချင်းအဆင့်တက်ခဲ့သည်။ ကျော်ဆန်းကတော့ ဘာလာလာဒေါင်းသည်။ ချစ်ပန်းရုံ ကိုစတွေ့သည့်နေ့က ချစ်ပန်းရုံကို အဆောင်စပြီးလာအပ်သည့်နေ့ပင်။ သူ့ကိုမြင်တော့စိတ်ဝင်စားသည်ရယ်မဟုတ်ပေမယ့် သူ့အမြင်ထဲမှတော့နဲနဲဆန်းသလိုပင်။ နှင်းဦးတို့ကိုပြောပြတော့.......
"အမလေး...နင်လိုက်လဲ သူကနင့်ကိုအဖြေပြန်ပေးရင်ကံကောင်း...ငါကြားတာတော့ သူကအရမ်းမာနကြီးတာတဲ့နော်..ပေါင်းတာတောင် လင်းမောင်ဆိုတဲ့ တစ်ယောက်နဲ့ဘဲပေါင်းတာတဲ့... အယ်...ဒါပေမယ့် သူက သူ့ဖြစ်တည်မှုကို come out လုပ်ထားတယ်ဆိုတော့ နင့်တွက်မျှော်လင်ချက်ရှိတာက 50 %50 ဘဲ..."
"ဒါဆိုရင် တကယ်လို့ငါ လိုက်နိုင်ခဲ့ရင် နင်ငါ့ကို တစ်ခုခုပြန်ပေးရမယ်...ဘယ်လိုလဲ..လောင်းမလား "
"အဲ့အကောင်ကအခြောက်ဆိုတော့ နင့်ဘက်ပါလာမှာပေါ့...မလောင်းဘူး..."
နှင်းဦးကပြောတော့ ကျော်ဆန်းကမျက်နှာကိုမဲ့ပြသည်။ ထိုအခါ မင်းမောင်ကအားကျမခံပြန်ပြောသည်။
"လောင်းမယ်ဟေ့ကောင်...ငါ့အချစ်က 50%50 ဆိုတာ မင်းအတွက် အဆိုးလဲရှိသလို အကောင်းလဲရှိတာဘဲ...အဲ့တော့ မင်းသူ့ကိုလိုက်နိုင်ရင် ပိုက်စံ၅ထောငိပေးမယ်..."
၅ထောင်ဆိုသည့်ပိုက်စံပမာဏကြောင့် ကျော်ဆန်း မျက်ခုံးပင့်လိုက်သည်။ ၅ထောင်ဆိုသည့်ပမာဏက သူ့အတွက်တစ်ပတ်စာမုန့်ဖိုးမဟုတ်လား...တစ်ပတ်စာအလကားလဲရမယ်...ပျော်စရာကစားစရာလေးလဲရမည်...ဘယ်လောက်တောငိကောင်းလိုက်တဲ့ဘဝလဲ.....
သို့ပေမယိ့ ယခု ဟိုကောင်လုပ်လိုက်သည့်လုပ်ရပ်က သူ့ကိုအရှက်ရစေသည့်အပြင် ဒေါသလဲထွက်စေသည်။
"ပန်းရုံ...ခုနကငါတို့ကြားခဲ့တာ တကယ်မဟုတ်လား...မင်းလဲကြားတယ်မလား...."
လင်းမောင်က ပန်းရုံနားကပ်ကာ လေသံကိုလျော့ကာပြောလေသည်ကြောင့်ပန်းရုံခေါင်းကိုအသာငြိမ့်ပြလိုက်သည်။ ခုန သူတို့နှစ်ယောက်ကို ဆရာမကြီးက စတိုခန်းထဲတွင်စာရေးစားပွဲနှငိ့ ခုံတစ်ခုံကိုယူခိုင်းတာကြောင့် ထွက်လာတာဖြစ်သည်။ သို့ပေမယ့် စတိုခန်းနားအရောက် အခန်းထဲမှ စကားသံတိုးတိုးတို့ကြောင့် နှစ်ယောက်သားတံခါးကို မြင်ရရုံသာဖွင့်ပြီးကြည့်လိုက်တော့ ကိုကို တစ်နည်းအားဖြင့် ကိုကျော်ဆန်းရယ် မနှင်းဦးရယ် ကိုမင်းမောင်ရယ်။ မနှင်းဦးကတော့ငိုနေကာ ကိုကျော်ဆန်းကတော့ မနှင်းဦးကိုကြည့်ကာတစ်ခုခုပြောနေသည်။ ဆေးလိမ်းပေးနေသော ကိုမင်းမောင်ကလဲ တစ်ခုခုကိုဒေါသထွက်နေသည့်နှယ်...သေချာပေါက် သူ့ကိစ္စဘဲပေါ့...ဘာဒေါသထွက်စရာရှိအူံးမလဲ။ သို့ပေမယ့် နားစွန်နားဖျားကြားခဲ့တာကတော့ ကိုမင်းမောင်က မနှင်းဦးကိုအချစ်လို့ခေါ်လိုက်သည်ပင်။ ထို့နောက်လူမြင်မည်ဆိုတာကြောင့် သူတို့၃ယောက်ထွက်သွားမှအထဲကိုဝင်ကာ ဆရာမကြီးခိုင်းထားသည့်ကိစ္စလုပ်ရသည်။
"မနှင်းဦးက မင်းကိုလဲစာပေးသေးတယ်...ခုလဲ အကိုမင်းမောင်နဲ့...တော်တော်မျက်နှာများတာဘဲနော်.. "
တွေးတွေးဆဆပြောနေသည့် လင်းမောင်ကိုကြည့်ကာ ပန်းရုံခေါင်းသာရမ်းလိုက်သည်။
"ဆရာမတို့အတန်းကိုဒီနေ့ကျောင်းသားသစ်နှစ်ယောက် ရောက်တယ်...ကဲသားနဲ့သမီး ကိုယ့်နာမည်လေးတွေကိုမိတ်ဆက်ပေးကြပါအုံး..."
ဆရာမကပြောတော့ မိန်းကလေးက ပြူံးရယ်ကာ.....
"တို့နာမည်က မြပုလဲနွယ်ပါ...ခင်ပေးကြပါအုံးနော်..."
အပြုံးချိုချိုနဲ့မိန်းကလေးကြောင့်ယောက်ျားလေးတစ်သိုက်ကတော့ တစ်ဝိုးဝိုးအော်နေကြသည်။ အတန်းရှိမိန်းကလေးများ၏အာရုံကတော့ မြပုလဲနွယ်ဘေးက တစ်ယောက်ဆီမှာစုပြုံလို့။
"ရာဇ်ဦးယံပါ...."
ဒီတစ်ခါကတော့ မိန်းကလေးတွေအလှည့်ပင်။ ယောကျာ်းလေးတွေလို ထမအော်ကြပေမယ့် အသံများကတော့ဆူညံသွားကြသည်။ ထိုများအထဲမှ တစ်ယောက်သောသူကတော့....
"ဟမ်!...ဘာကြီးလဲ...."
အကြောင်းရင်းမရှိဘဲထရပ်လာသည့် ပန်းရုံကြောင့် ဘေးရှိ လင်းမောင်ကော တစ်တန်းလုံး၏အာရုံကသူ့ထံတွင်။ ပန်းရုံအိပ်ချင်မူးတူးနှငိ့ကြောင်အကာ ဖြစ်နေသည်။ ခုနက သူအိပ်နေရင် အသံြ သြ သကြောင့်လန့်နိုးလာတာဖြစ်သည်။
"ဟဲ့...ချစ်ပန်းရုံ...အိပ်ပြန်ပြီ....နင်ကလေ ကာလနဂါးဝင်စားသလားအောင့်မေ့ရတယ်...အချိန်တိုငိးအိပ်နေတာ...တကယ်တည်း....ကဲကဲသားနဲ့သမီး လွတ်တဲ့နေရာဝင်ထိုင်နော်...ဟဲ့ ချစ်ပန်းရုံ...မျက်နှာသွားသစ်ချည်...အိပ်ချင်းမူးတူးနဲ့မျက်လုံးကမပွင့်ဘူး..."
ဆရာမက ဘေးကအသစ်တွေကိုပြောရင်းချစ်ပန်းရုံကိုပါ ပြောနေသည်။ ချစ်ပန်းရုံကလဲ ချစ်ပန်းရုံပင် အတိတ်ကလဲ သူအခုလိုအိပ်လို့ ၁၀တန်းကိုနှစ်ခါကျသည်။ အခုလဲအကျင့်ကိုမပြင်နိုင်။ ပြောင်းသည့်ထဲ ဒီအကျင့်ပါတစ်ခါထဲပြောင်းလိုက်ပြီးနေပြီပင်...အခုတော့...။ ပန်းရုံဆရာမအပြောကို နားထောင်ပြီး မျက်နှာသစ်ပြီးပြန်အလာ...သူ့ဘေး ခုံအလွတ်တွင် ထိုင်နေသော ကျောငိးသားသစ်။ ပန်းရုံလဲ ဘာမှမတွေးဘဲ ကိုယ့်နေရာကိုယ်သွားထိုင်နေလီုက်သည်။ မျက်နှာသစ်ပြီးတာတောင် အိပ်ရေးကမဝသေးပေ။ လင်းမောင်ကိုကြည့်လိုက်တော့ စာကိုအသဲသန်လိုက်မှတ်နေသည်။ ဒီကောင်က စာအသေတော်သည်။ ချစ်ပန်းရုံကတော့ အင်း...စာမကျက်ချင်လို့သာ ကျက်သာကျက်လို့ကတော့ လင်းမောင်တောင်သူ့ကိုမမှီလို့ ခပ်ကြောင်ကြောင်တွေးနေမိသေးသည်။
"ငါ့နာမည်က လင်းလင်းမောင်..သူက ချစ်ပန်းရုံ...မင်းနာမည်က ရာဇ်ဦးယံမလား..."
မုန့်စားကျောင်းဆင်းတော့ လင်းမောင်က ကျောင်းသားသစ်နှငိ့မိတ်ဆကိချင်းလုပ်ငန်းကိုအစပြုသည်။ ပန်းးရုံကတော့ အလယ်ကနေ ဟိုကြည့်ဒီကြည့်သာ....
"အင်း..."
ထပ်ပြီးပြောလာအုံးမလားစောင့်နေပေမယ့် တကယ်ကို အင်း တစ်လုံးထဲသာပြောလာတာကြောင့် စကားပြန်ဆက်ကြသည်။
"ငါတို့နဲ့သူငယ်ချငိးလုပ်မလားဟင်..."
ပန်းရုံကပြောတော့ သူ့ကိုကြည့်လာသည့်မျက်ဝန်းများက အံ့ြ သရောင်သန်းနေပေမယ့်ဘမသေချာပင်။ ပြီးနောက် ဘာမှပြန်မပြောဘဲ အရှေ့ကိုသာပြန်လှည့်သွားသည်။
"ရာဇ်ကလဲ...ငါတို့ကခင်တတ်ပါတယ်ကွ...နော်...ငါတို့သူငယ်ချင်းလုပ်ရအောင်..."
ဒီတစ်ခါသူပြောလိုက်တော့ ဆတ်ခနဲခေါငိးကိုလှည့်လာကာ သူ့ကိုတည့်တည့်စိုက်ကြည့်ကာ...
"ထပ်ပြောကြည့်..."
ခပ်ြ သြ သထွကိလာသည့် အသံကြောင့်ပန်းရုံ ကြောင်အသွားသည်။
"ဟင်...ဘာကိုလဲ..."
"ခုနပြောတာ..."
"ငါတို့သူငယ်ချင်းလုပ်ရအောင်... "
"မဟုတ်ဘူးအဲ့ဒီနောက်က...ငါ့ကိုဘယ်လိုခေါ်လိုက်တာ..."
"အော်...ရာဇ်လို့ခေါ်တာလေ...မကြိုက်လို့လား...အဲ့တာဆိုလဲငါပြောင်းခေါ်..."
"ကြိုက်တယ်...အဲ့လိုဘဲခေါ်..."
"ဟင်..."
ပန်းရုံ ဒီရှေ့က ရေခဲတုံးးကောင်ကြောင့် တဟင်ဟင်နှင့်ဖြစ်နေရသည်။ မပြောတုန်းကလဲမပြောဘူး ခုပြောတော့လဲ နားမလည်။
အသဲတို့ထငိထားသလို romance ကြီးဘဲမဟုတ်ပါဘူး ငယ်က တမူထူးတာလေးရေးမှာမို့ စောင့်မျှော်နေပါအုံးနော် ဂရုစိုက်ကြပါရှင်
"ဘာ...အဲ့အေကာင္ကအဲ့လိုဘဲေျပာတာလား..."
"ဟုတ္တယ္.... ဟင့္...႐ႊတ္...ငါ့ကိုဆရာမႀကီးက႐ိုက္လိုက္တာ အရမ္းနာတာဘဲ..."
ႏွင္းဦးလက္က ထြန္းေ႐ႊဝါေဆးဘူးကိုကိုင္ကာတစ္႐ႈံ႕႐ႈံ႕ႏွင့္ငိုကာ သူ႕ေ႐ွ႕ကလူကိုေျပာလိုက္သည္။ ႏွင္းဦး၏ ရီးစားျဖစ္ေသာ မင္းေမာင္ကေတာ့ ႏွင္းဦး၏ ေျခသလုံးမွ အ႐ိႈးရာေလးကို ေဆးလိမ္းေပးေနကာ မ်က္ႏွာကေတာ့ တည္တင္းေနသည္။
"ေက်ာ္ဆန္း.. ငါကေတာ့မေက်နပ္ဘူးကြာ...ၾကည့္အုံး ငါ့အခ်စ္ရဲ႕ေျခသလုံးႏုႏုေလးကို...ဒီေကာင္ေၾကာင့္ျဖစ္ရတာ ေစာက္ေျခာက္ကမ်ား..."
မင္းေမာင္က ေဒါသအေလ်ာက္စကားလုံးၾကမ္းမ်ားကိုသာေျပာသည္။ ေက်ာ္ဆန္းဆိုသည့္ေက်ာငိးသားကေတာ့ ခါးေထာက္ကာ စကားတစ္ခြန္းဆိုျပန္သည္။
"ဒီတစ္ခါ ငါကိုယ္တိုင္လိုက္မယ္...ဒါေပမယ့္ ေၾကးကေတာ့ပိုမယ္...၅ေထာင္နဲ႔ ခုေခတ္စားေနတဲ့နာရီတစ္လူံး..."
"ေအး...ရတယ္...ႏွင္း ခုေတာ့သြားေတာ့ေနာ္ ...ေတာ္ၾကာေနတစ္ေယာက္ေယာက္ေတြ႕သြားရင္ မေကာင္းဘူး..."
မင္းေမာင္ ခ်စ္ရသူကို ေျပာၿပီး ေက်ာ္ဆန္းကိုေခၚကာအတန္းဘက္ထြက္ခဲ့သည္။ ေက်ာ္ဆန္း မင္းေမာင္ ႏွင္းဦးဆိုတာက ငယ္သူငယ္ခ်င္းေတပင္။ မင္းေမာင္ႏွင့္ႏွင္းဦးကေတာ့ ၁၀တန္းအစမွာတငိ သူငယ္ခ်င္းအဆင့္တက္ခဲ့သည္။ ေက်ာ္ဆန္းကေတာ့ ဘာလာလာေဒါင္းသည္။ ခ်စ္ပန္း႐ုံ ကိုစေတြ႕သည့္ေန႔က ခ်စ္ပန္း႐ုံကို အေဆာင္စၿပီးလာအပ္သည့္ေန႔ပင္။ သူ႕ကိုျမင္ေတာ့စိတ္ဝင္စားသည္ရယ္မဟုတ္ေပမယ့္ သူ႕အျမင္ထဲမွေတာ့နဲနဲဆန္းသလိုပင္။ ႏွင္းဦးတို႔ကိုေျပာျပေတာ့.......
"အမေလး...နင္လိုက္လဲ သူကနင့္ကိုအေျဖျပန္ေပးရင္ကံေကာင္း...ငါၾကားတာေတာ့ သူကအရမ္းမာနႀကီးတာတဲ့ေနာ္..ေပါင္းတာေတာင္ လင္းေမာင္ဆိုတဲ့ တစ္ေယာက္နဲ႔ဘဲေပါင္းတာတဲ့... အယ္...ဒါေပမယ့္ သူက သူ႕ျဖစ္တည္မႈကို come out လုပ္ထားတယ္ဆိုေတာ့ နင့္တြက္ေမွ်ာ္လင္ခ်က္႐ွိတာက 50 %50 ဘဲ..."
"ဒါဆိုရင္ တကယ္လို႔ငါ လိုက္ႏိုင္ခဲ့ရင္ နင္ငါ့ကို တစ္ခုခုျပန္ေပးရမယ္...ဘယ္လိုလဲ..ေလာင္းမလား "
"အဲ့အေကာင္ကအေျခာက္ဆိုေတာ့ နင့္ဘက္ပါလာမွာေပါ့...မေလာင္းဘူး..."
ႏွင္းဦးကေျပာေတာ့ ေက်ာ္ဆန္းကမ်က္ႏွာကိုမဲ့ျပသည္။ ထိုအခါ မင္းေမာင္ကအားက်မခံျပန္ေျပာသည္။
"ေလာင္းမယ္ေဟ့ေကာင္...ငါ့အခ်စ္က 50%50 ဆိုတာ မင္းအတြက္ အဆိုးလဲ႐ွိသလို အေကာင္းလဲ႐ွိတာဘဲ...အဲ့ေတာ့ မင္းသူ႕ကိုလိုက္ႏိုင္ရင္ ပိုက္စံ၅ေထာငိေပးမယ္..."
၅ေထာင္ဆိုသည့္ပိုက္စံပမာဏေၾကာင့္ ေက်ာ္ဆန္း မ်က္ခုံးပင့္လိုက္သည္။ ၅ေထာင္ဆိုသည့္ပမာဏက သူ႕အတြက္တစ္ပတ္စာမုန္႔ဖိုးမဟုတ္လား...တစ္ပတ္စာအလကားလဲရမယ္...ေပ်ာ္စရာကစားစရာေလးလဲရမည္...ဘယ္ေလာက္ေတာငိေကာင္းလိုက္တဲ့ဘဝလဲ.....
သို႔ေပမယိ့ ယခု ဟိုေကာင္လုပ္လိုက္သည့္လုပ္ရပ္က သူ႕ကိုအ႐ွက္ရေစသည့္အျပင္ ေဒါသလဲထြက္ေစသည္။
"ပန္း႐ုံ...ခုနကငါတို႔ၾကားခဲ့တာ တကယ္မဟုတ္လား...မင္းလဲၾကားတယ္မလား...."
လင္းေမာင္က ပန္း႐ုံနားကပ္ကာ ေလသံကိုေလ်ာ့ကာေျပာေလသည္ေၾကာင့္ပန္း႐ုံေခါင္းကိုအသာၿငိမ့္ျပလိုက္သည္။ ခုန သူတို႔ႏွစ္ေယာက္ကို ဆရာမႀကီးက စတိုခန္းထဲတြင္စာေရးစားပြဲႏွငိ့ ခုံတစ္ခုံကိုယူခိုင္းတာေၾကာင့္ ထြက္လာတာျဖစ္သည္။ သို႔ေပမယ့္ စတိုခန္းနားအေရာက္ အခန္းထဲမွ စကားသံတိုးတိုးတို႔ေၾကာင့္ ႏွစ္ေယာက္သားတံခါးကို ျမင္ရ႐ုံသာဖြင့္ၿပီးၾကည့္လိုက္ေတာ့ ကိုကို တစ္နည္းအားျဖင့္ ကိုေက်ာ္ဆန္းရယ္ မႏွင္းဦးရယ္ ကိုမင္းေမာင္ရယ္။ မႏွင္းဦးကေတာ့ငိုေနကာ ကိုေက်ာ္ဆန္းကေတာ့ မႏွင္းဦးကိုၾကည့္ကာတစ္ခုခုေျပာေနသည္။ ေဆးလိမ္းေပးေနေသာ ကိုမင္းေမာင္ကလဲ တစ္ခုခုကိုေဒါသထြက္ေနသည့္ႏွယ္...ေသခ်ာေပါက္ သူ႕ကိစၥဘဲေပါ့...ဘာေဒါသထြက္စရာ႐ွိအူံးမလဲ။ သို႔ေပမယ့္ နားစြန္နားဖ်ားၾကားခဲ့တာကေတာ့ ကိုမင္းေမာင္က မႏွင္းဦးကိုအခ်စ္လို႔ေခၚလိုက္သည္ပင္။ ထို႔ေနာက္လူျမင္မည္ဆိုတာေၾကာင့္ သူတို႔၃ေယာက္ထြက္သြားမွအထဲကိုဝင္ကာ ဆရာမႀကီးခိုင္းထားသည့္ကိစၥလုပ္ရသည္။
"မႏွင္းဦးက မင္းကိုလဲစာေပးေသးတယ္...ခုလဲ အကိုမင္းေမာင္နဲ႔...ေတာ္ေတာ္မ်က္ႏွာမ်ားတာဘဲေနာ္.. "
ေတြးေတြးဆဆေျပာေနသည့္ လင္းေမာင္ကိုၾကည့္ကာ ပန္း႐ုံေခါင္းသာရမ္းလိုက္သည္။
"ဆရာမတို႔အတန္းကိုဒီေန႔ေက်ာင္းသားသစ္ႏွစ္ေယာက္ ေရာက္တယ္...ကဲသားနဲ႔သမီး ကိုယ့္နာမည္ေလးေတြကိုမိတ္ဆက္ေပးၾကပါအုံး..."
ဆရာမကေျပာေတာ့ မိန္းကေလးက ျပဴံးရယ္ကာ.....
"တို႔နာမည္က ျမပုလဲႏြယ္ပါ...ခင္ေပးၾကပါအုံးေနာ္..."
အျပဳံးခ်ိဳခ်ိဳနဲ႔မိန္းကေလးေၾကာင့္ေယာက်္ားေလးတစ္သိုက္ကေတာ့ တစ္ဝိုးဝိုးေအာ္ေနၾကသည္။ အတန္း႐ွိမိန္းကေလးမ်ား၏အာ႐ုံကေတာ့ ျမပုလဲႏြယ္ေဘးက တစ္ေယာက္ဆီမွာစုျပဳံလို႔။
"ရာဇ္ဦးယံပါ...."
ဒီတစ္ခါကေတာ့ မိန္းကေလးေတြအလွည့္ပင္။ ေယာက်ာ္းေလးေတြလို ထမေအာ္ၾကေပမယ့္ အသံမ်ားကေတာ့ဆူညံသြားၾကသည္။ ထိုမ်ားအထဲမွ တစ္ေယာက္ေသာသူကေတာ့....
"ဟမ္!...ဘာႀကီးလဲ...."
အေၾကာင္းရင္းမ႐ွိဘဲထရပ္လာသည့္ ပန္း႐ုံေၾကာင့္ ေဘး႐ွိ လင္းေမာင္ေကာ တစ္တန္းလုံး၏အာ႐ုံကသူ႕ထံတြင္။ ပန္း႐ုံအိပ္ခ်င္မူးတူးႏွငိ့ေၾကာင္အကာ ျဖစ္ေနသည္။ ခုနက သူအိပ္ေနရင္ အသံျ သျ သေၾကာင့္လန္႔ႏိုးလာတာျဖစ္သည္။
"ဟဲ့...ခ်စ္ပန္း႐ုံ...အိပ္ျပန္ၿပီ....နင္ကေလ ကာလနဂါးဝင္စားသလားေအာင့္ေမ့ရတယ္...အခ်ိန္တိုငိးအိပ္ေနတာ...တကယ္တည္း....ကဲကဲသားနဲ႔သမီး လြတ္တဲ့ေနရာဝင္ထိုင္ေနာ္...ဟဲ့ ခ်စ္ပန္း႐ုံ...မ်က္ႏွာသြားသစ္ခ်ည္...အိပ္ခ်င္းမူးတူးနဲ႔မ်က္လုံးကမပြင့္ဘူး..."
ဆရာမက ေဘးကအသစ္ေတြကိုေျပာရင္းခ်စ္ပန္း႐ုံကိုပါ ေျပာေနသည္။ ခ်စ္ပန္း႐ုံကလဲ ခ်စ္ပန္း႐ုံပင္ အတိတ္ကလဲ သူအခုလိုအိပ္လို႔ ၁၀တန္းကိုႏွစ္ခါက်သည္။ အခုလဲအက်င့္ကိုမျပင္ႏိုင္။ ေျပာင္းသည့္ထဲ ဒီအက်င့္ပါတစ္ခါထဲေျပာင္းလိုက္ၿပီးေနၿပီပင္...အခုေတာ့...။ ပန္း႐ုံဆရာမအေျပာကို နားေထာင္ၿပီး မ်က္ႏွာသစ္ၿပီးျပန္အလာ...သူ႕ေဘး ခုံအလြတ္တြင္ ထိုင္ေနေသာ ေက်ာငိးသားသစ္။ ပန္း႐ုံလဲ ဘာမွမေတြးဘဲ ကိုယ့္ေနရာကိုယ္သြားထိုင္ေနလီုက္သည္။ မ်က္ႏွာသစ္ၿပီးတာေတာင္ အိပ္ေရးကမဝေသးေပ။ လင္းေမာင္ကိုၾကည့္လိုက္ေတာ့ စာကိုအသဲသန္လိုက္မွတ္ေနသည္။ ဒီေကာင္က စာအေသေတာ္သည္။ ခ်စ္ပန္း႐ုံကေတာ့ အင္း...စာမက်က္ခ်င္လို႔သာ က်က္သာက်က္လို႔ကေတာ့ လင္းေမာင္ေတာင္သူ႕ကိုမမွီလို႔ ခပ္ေၾကာင္ေၾကာင္ေတြးေနမိေသးသည္။
"ငါ့နာမည္က လင္းလင္းေမာင္..သူက ခ်စ္ပန္း႐ုံ...မင္းနာမည္က ရာဇ္ဦးယံမလား..."
မုန္႔စားေက်ာင္းဆင္းေတာ့ လင္းေမာင္က ေက်ာင္းသားသစ္ႏွငိ့မိတ္ဆကိခ်င္းလုပ္ငန္းကိုအစျပဳသည္။ ပန္းး႐ုံကေတာ့ အလယ္ကေန ဟိုၾကည့္ဒီၾကည့္သာ....
"အင္း..."
ထပ္ၿပီးေျပာလာအုံးမလားေစာင့္ေနေပမယ့္ တကယ္ကို အင္း တစ္လုံးထဲသာေျပာလာတာေၾကာင့္ စကားျပန္ဆက္ၾကသည္။
"ငါတို႔နဲ႔သူငယ္ခ်ငိးလုပ္မလားဟင္..."
ပန္း႐ုံကေျပာေတာ့ သူ႕ကိုၾကည့္လာသည့္မ်က္ဝန္းမ်ားက အံ့ျ သေရာင္သန္းေနေပမယ့္ဘမေသခ်ာပင္။ ၿပီးေနာက္ ဘာမွျပန္မေျပာဘဲ အေ႐ွ႕ကိုသာျပန္လွည့္သြားသည္။
"ရာဇ္ကလဲ...ငါတို႔ကခင္တတ္ပါတယ္ကြ...ေနာ္...ငါတို႔သူငယ္ခ်င္းလုပ္ရေအာင္..."
ဒီတစ္ခါသူေျပာလိုက္ေတာ့ ဆတ္ခနဲေခါငိးကိုလွည့္လာကာ သူ႕ကိုတည့္တည့္စိုက္ၾကည့္ကာ...
"ထပ္ေျပာၾကည့္..."
ခပ္ျ သျ သထြကိလာသည့္ အသံေၾကာင့္ပန္း႐ုံ ေၾကာင္အသြားသည္။
"ဟင္...ဘာကိုလဲ..."
"ခုနေျပာတာ..."
"ငါတို႔သူငယ္ခ်င္းလုပ္ရေအာင္... "
"မဟုတ္ဘူးအဲ့ဒီေနာက္က...ငါ့ကိုဘယ္လိုေခၚလိုက္တာ..."
"ေအာ္...ရာဇ္လို႔ေခၚတာေလ...မႀကိဳက္လို႔လား...အဲ့တာဆိုလဲငါေျပာင္းေခၚ..."
"ႀကိဳက္တယ္...အဲ့လိုဘဲေခၚ..."
"ဟင္..."
ပန္း႐ုံ ဒီေ႐ွ႕က ေရခဲတုံးးေကာင္ေၾကာင့္ တဟင္ဟင္ႏွင့္ျဖစ္ေနရသည္။ မေျပာတုန္းကလဲမေျပာဘူး ခုေျပာေတာ့လဲ နားမလည္။
အသဲတို႔ထငိထားသလို romance ႀကီးဘဲမဟုတ္ပါဘူး ငယ္က တမူထူးတာေလးေရးမွာမို႔ ေစာင့္ေမွ်ာ္ေနပါအုံးေနာ္ ဂ႐ုစိုက္ၾကပါ႐ွင္