ep 3 Uni +Zaw

8.5K 607 9
                                    

အုတ်တံတိုင်းများကာရံထားသည့် ကြားတွင်ရှိသော ေကြးနီရောင်တံခါးကြီးရှေ့တွင်ပန်းရုံရပ်နေသည်။ သူဘာလို့ဒီကိုရောက်နေလဲ သူကိုယ်တိုင်ပင်မသိပေ။ ဘေးဘီကိုကြည့်တော့လဲ လူသွားလူလာဟူ၍တစ်ယောက်မျှပင်ရှိမနေ။ ဘယ်ကိုသွားရမှန်းမသိဖြစ်​တောကြောင့် သူခေတ္တမျှရပ်နေကာ စဥ်းစားနေမိသည်။

သူညကစာကျက်ပြီး အိပ်ရာဝင်သည်။ အိပ်ရာမဝင်ခင် သူအတိတ်ကြောင်းကိုစဥ်းစားကာ အတွေးတို့နယ်ချဲ့နေသေးသည်။ မကြာပါ သူအိပ်ပျော်သွားသည်။ သို့ပေမယ့် အိပ်တာဘယ်လောက်မှမကြောသေး သူဒီကိုရောက်လာတာပင်....။ ပန်းရုံ အချိန်ကိုကြည့်ပြီး ဒီနေရာကနေအမြန်ထွကိရမည်။ မဟုတ်လျှင်ကျောင်းနောက်ကျမည်။ နာရီကြည့်ရန် ဘယ်ဘက်လက်ကိုကြည့်လိုက်တော့ သွေးများစွန်းထင်းနေသော နာရီ အမဲရောင်လေး။ ပန်းရုံမျက်လုံးများပြူးထွက်သွားရကာ သူ့ကိုယ်ပေါ်က အကျီနှင့်ဘောင်းဘီကိုကြည့်ကာ တစ်ဖန်တုန်လှုပ်သွားရသည်။ ဒါ...ဒါ သူသတ်သေတဲ့နေ့ကဝတ်ခဲ့တဲ့ အကျီနဲ့ဘောင်းဘီ။ ဒါဆို...ငါဘဝကူးရမှာမို့ ဒီရောက်လာတာလား....ဟင့်အင်း...ငါဘဝမကူးနိုင်သေးဘူး။ သူချစ်မြတ်နိုးရသည့် လူများကို သေချာလေးဂရုစိုက်ပေးချင်သည်။ အတိတ်က အချစ်စိတ်မွှန်နေတာကြောင့် ဘာဆိုဘာမှ ဂရုမစိုက်မိကာ မေမေ့ကိုဆို ရန်တောင်ထောင်လိုက်သေးသည်။ ခုမှ ပြန်ပြင်ခွင့်လေးရသည်ကိုဘဲ သူပျော်နေရသည်မဟုတ်လား။

"မလုပ်နဲ့....မလုပ်ပါနဲ့ဖေဖေ..."

ပန်းရုံစဥ်းစားနေရင်း ခပ်စူးစူးအသံကြောင့် လန့်သွားရကာ ဘေးဘီဝဲယာကြည့်လိုက်သည်။ အသံနေရာကိုလိုက်ရှာကြည့်တော့ သူရပ်နေသည့် တံခါးကြီးထဲက ကြားရတာဖြစ်သည်။ သူ့စိတ်က အထဲဝင်ရန်လှုံ့ဆော်ပေးနေတာကြောင့် တံခါးကိုအသာတွန်းဖွင့်ကာ ဝင်သွားတော့သည်။

အထဲထဲကိုရောက်တော့ သူ့ရှေ့တွင် ရပ်နေသော လူအုပ်အများကြီးကြောင့် သူဖြစ်စဥ်ကိုကောင်းကောင်းမမြင်ရပေ။

"ဟို...ဒီမှာဗျ...ဘာဖြစ်နေကြတာလဲဟင်...."

သူမေးတော့လဲရှေ့ကလူများက သူ့ကိလှည့်ပင်မကြည့်ပေ။ ရှေ့ကအဖြစ်ပျက်ကိုသာ စိတ်ဝင်တစားကြည့်နေကြသည်။ ပန်းရုံလဲစိတ်မရှည်တာကြောင့် ထိုလူများကိုတွန်းတိုက်ကာ အရှေ့ဆုံးရောက်အောင်သွားလိုက်သည်။ ပြီးနောက်မြင်လိုက်ရသည်က.....။

Rebirth for Love (Completed)Where stories live. Discover now