ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...

بواسطة TtTt04419

49.6K 2.2K 114

Yizhan المزيد

Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final

Ep_25

1.4K 67 4
بواسطة TtTt04419


အနောက်ကနေဖက်ထားရာကနေအကိုဝမ်ကဖြေးညှင်းစွာလွှတ်ပေးလိုက်တော့ ရှောင်းကျန့်ကတစ်ဖြေးဖြေး အကို့ဘက်လှည့်ကာ အကို့မျက်ဝန်းတွေကိုတစ်မိမ့်စိမ့်ကြည့်မိတယ်။အကိုကရှောင်းကျန့်ပါးပြင်လေးကိုနူးညံ့စွာထိတွေ့ကိုင်ရင်း ရှောင်းကျန့်နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့်အသာလေးနမ်းခါနီး ....

ဖြတ်ခနဲတံခါးကိုဖွင့်ပြီးဝင်လာသောအန်တီစုယွဲ့ယွဲ့။

" ရှောင်းကျန့် နင်ထပ်ပြီးငါ့သားကိုဖျားယောင်းနေတာလားဟမ် !!! "

" ကျွန်တော်ကသာအရင်စတာပါ ရှောင်းကျန့်အမှားမပါဘူးအမေ "

အကိုကရှောင်းကျန့်ရှေ့ရပ်ကာရှောင်းကျန့်လက်ကလေးကိုတွဲထားပြီးပြောတော့အရင်အချိန်တုန်းကအကို့ကရှောင်းကျန့်ကိုကာကွယ်ပြီးပြောတာလေးကိုသတိရမိသွားကာ ရှောင်းကျန့်ပြုံးလိုက်မိတယ်။ဒီလိုကျလည်းအကိုကဘယ်ဆိုးလို့လဲ~~~~

ရှောင်းကျန့်ကပြုံးနေတာ ကြည့်စမ်း ကြည့်စမ်း
စိတ်တွေတိုလိုက်တာ အားးးး ဒါကစုယွဲ့ယွဲ့ကိုတမင်ရွဲ့ပြုံးပြတာများအသိသာကြီး!!! သူ့သားကကာကွယ်ပြီးပြောပေးနေတာကိုရှောင်းကျန့်ဆိုတဲ့ကောင်ဆိုးကကြိတ်ပျော်နေတာများ။သားဝမ်ကရှောင်းကျန့်လက်ကိုတွဲထားတာကိုစုယွဲ့ယွဲ့ကိုယ်တိုင်ဖြုတ်လိုက်ပြီး ရှောင်းကျန့်ကိုပါးတစ်ချက်ရိုက်ပစ်လိုက်တယ်။

" အမေ !! ဒါဘာလုပ်တာလဲ? ကျွန်​တော်ပြောပြီးပြီလေဗျာ !! ရှောင်းကျန့်ကအရင်မဖျားယောင်ရပါဘူးကျွန်တော်ဘက်ကအရင်စတာပါ "

" ရပါတယ်အကို ကျန့်ကျန့်ဘာမှမဖြစ်ပါဘူး။အန်တီစုယွဲ့ယွဲ့အခုလိုပါးရိုက်လည်းစိတ်မဆိုးပါဘူး၊ဒါပေမယ့် တစ်ခုတော့ရှိပါတယ်အန်တီ ဘာမှမသိဘာမှမမြင်ပဲနဲ့ ပြောချင်တာကိုပဲပြောပြီးအပြစ်မပြောပါနဲ့ ကျန့်ကျန့်ကပြန်ပြောနေတာလည်းမဟုတ်ရပါဘူး အန်တီ ! "

" နင်ကများ ! ဟဲ့ နင့်ကိုသနားလို့အိမ်ပေါ်ခေါ်တင်ထားတာနော် ! အဖေကလည်းသေ ! အမေကလည်းနောက်လင်ငယ်နဲ့ဆိုတော့ ငါ့အဖေကနင့်ကိုခေါ်တင်ထားတယ်ဆိုတာခေါင်းထဲတွေးအုံး ! "

အဖေသေသေရှင်ရှင်၊အမေကနောက်လင်နဲ့နေတာလဲသူတို့နဲ့ဆိုင်လား?တစ်ခါလာလည်းရှောင်းကျန့်မိဘတွေပဲအမြဲအပြစ်လာပြောနေတာတကယ်သည်းမခံနိုင်တော့ဘူး၊ဖေဖေနဲ့မေမေအခုလိုဖြစ်တာကိုပဲလာဆွဲထည့်နေတာ၊ဖေဖေနဲ့မေမေအကြောင်းပြောရင်အရမ်းစိတ်တိုတက်တာကိုအန်တီစုယွဲ့ယွဲ့ကသိရဲ့သားနဲ့တမင်တကာပြောနေတာ။ပတ်ခနဲပြန်ပြန်ပြောလိုက်ချင်ပေမယ့်လည်းဘိုးဘိုးဝမ်ကျိုးလင်မျက်နှာရှိသေးတယ်ဆိုတာလည်းရှောင်းကျန့်သိလို့ စကားလမ်းကြောင်းသွားလွဲလိုက်တော့သည်။

" ကျန့်ကျန့်ကိုသွားခွင့်ပြုပါ "

အမလေး ​ပြောတာမကြိုက်လို့ထွက်သွားတာတဲ့လေ။စုယွဲ့ယွဲ့ပြောတာမှန်နေတော့ရှောင်းကျန့်ကတန်းထွက်သွားတာကိုမသိရင်ခက်မယ်။

________________________

ဖေဖေသာကျန့်ကျန့်အနားမှာအခုချိန်ထိရှိနေရင်
ကျန့်ကျန့်အရာအားလုံးအဆင်ပြေသွားမှာဆိုတာသေချာတယ်၊ဒါပေမယ့်ဖေဖေစပြီးကျန့်ကျန့်အနားကနေစထွက်သွားတည်းကကျန့်ကျန့်ဘဝကအမြဲခက်ခဲနေတော့တာပဲ၊အဆင်ပြေတဲ့နေ့တွေရော၊အဆင်မပြေတဲ့နေတွေရောရှိလည်း တစ်ယောက်တည်းသမားမို့ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနေရတယ်။

ဖေဖေအခုချိန်ကျန့်ကျန့်ဘေးမှာရှိနေရင်ကျန့်ကျန့်အရမ်းပျော်မိမှာပဲ။မေမေထားသွားတည်းကကျန့်ကျန့်မှာဖေဖေရှိပါတယ်ဆိုသေးတဲ့စိတ်လေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနေတာ၊အခုတော့ဖေဖေက ကျန့်ကျန့်ဆီကနေထွက်သွားပြီ၊တကယ်ကိုဘာမှမကျန်တော့ဘူး။

" ရှောင်းကျန့် "

အကိုရိချန်းက ကားပေါ်ကနေဆင်းကာ ငိုနေတဲ့ကျန့်ကျန့်ကိုရင်ခွင်ထဲထည့်ပိုက်တော့ ကျန့်ကျန့်အော်ငိုမိတယ်။

ရင်ခွင်ထဲကနေကလေးတစ်ယောက်လိုငိုနေတဲ့ရှောင်းကျန့်အတွက်စိတ်မကောင်းဖြစ်မိတယ်။ဘယ်အရာတွေကများမင်းကိုအခုလိုစိတ်မကောင်းဖြစ်စေရတာလဲ ကျန့်ကျန့်ရယ်။ကျန့်ကျန့်အစားသူ့ပဲဖြစ်လိုက်ပါတော့လား။

" ကိုယ်ရှိတယ်နော် ! ကိုယ်မင်းအနားမှာအမြဲရှိနေမှာရှောင်းကျန့် "

ရှောင်းကျန့်ကချက်ချင်းဆိုသလိုအငိုတိတ်သွားတော့မှရိချန်းခုမှစိတ်အေးသွားရတော့တယ်။စိတ်ဖြေဖို့အတွက်ဆိုပြီးလေကောင်းလေသန့်ရတဲ့နေရာလေးတစ်နေရာဆီရှောင်းကျန့်ကိုခေါ်သွားလိုက်သည်။သိပ်မဝေးတဲ့ကမ်းခြေလေးတစ်ခုခေါ်သွားပြီး နေဝင်ချိန်ကိုထိုင်ရင်းကြည့်ကာ အရက်လေးသောက်လိုက်၊မုန့်လေးစားလိုက်ဆိုတော့ အေးဆေးရယ်။သူစိတ်ညစ်ရင်အမြဲလာနေကျကမ်းခြေလေးလေ။

" ကျေးဇူးပါ အကိုရိချန်း "

" မင်းကိုယ့်ကိုကျေးဇူးတင်စရာမလိုပါဘူး "

" တကယ်ပြောတာပါ အကိုရိချန်းရှိရင်အပျင်းပြေတယ်သိလား "

" ရှောင်းကျန့်တကယ်တော့လေ ကိုယ်မင်းကိုပြောစရာရှိတယ်။ "

ရှောင်းကျန့်ကပြောလေဆိုပြီးအထာဖြင့်ကြည့်ကာဘေးမှာချထားတဲ့အရက်ပုလင်းလေးကိုင်ကာမော့သောက်နေစဉ်မှာ ချစ်တယ်လို့ပြောရမလားဆိုတဲ့စကားကိုအကြိမ်ကြိမ်စဉ်းစားမိတယ်။အကယ်လို့ရိချန်းကပြောလိုက်ရင်လန့်များလန့်သွားမလားပဲ၊ဒါပေမယ့်လည်းသူ​ပြောကြည့်ချင်တယ်။အဲ့တော့ပြောကိုပြောနိုင်ရမယ်။

ဟုတ်တယ် မင်းပြောနိုင်တယ် ဝမ်ရိချန်း~~~~
ကိုယ်ကိုယ့်ကိုယ်စိတ်ထဲကနေအားပေးလိုက်ရင်းစကားစပြောလိုက်တယ်။

" ကိုယ်မင်းကိုချစ်တယ် ရှောင်းကျန့် "

ရှောင်းကျန့်ကအရက်မော့သောက်နေရာကနေသီးသွားပြီး ပါးစပ်ကနေထုတ်လိုက်တဲ့အရက်တွေကရိချန်းမျက်နှာကိုလာစင်သည်။ရှောင်းကျန့်ကပျာယာပျာယာဖြင့်ဘေးကတစ်ရှူးယူကာ သူ့မျက်နှာကိုသုတ်ပေးတယ်။

" ချစ်လား ရှောင်းကျန့် "

" အကိုရိချန်းကတကယ်ကိုအများကြီးကျန့်ကျန့်အပေါ်သဘောအရမ်းကောင်းတာပါ၊ကျန့်ကျန့်အပေါ်ဂရုလည်းအရမ်းစိုက်တော့ကျေးဇူးအများကြီးလည်းတင်ပါတယ်ရယ်၊အကိုတစ်ယောက်လိုဆုံးမတာကိုလည်းကျန့်ကျန့်တကယ်ကျေနပ်ပါတယ်။ဒါပေမယ့် ကျန့်ကျန့်အကိုကို့တော့မချစ်ပါရစေနဲ့ "

" ဘာလို့လဲ ကိုယ့်ကိုအကိုတစ်ယောက်လိုပဲမြင်တာလား "

ကျန့်ကျန့်သူ့ကိုမရဲတစ်ရဲလေးကြည့်ကာခေါင်းလေးညိမ့်ပြတယ်။မချစ်လည်းရတယ်၊ကိစ္စမရှိဘူး၊အဓိကသူရှောင်းကျန့်ကိုပဲချစ်နေဖို့ပဲလေ၊အားနားစရာလည်းမလိုဘူးရယ်၊ပြီးတော့ကိုယ့်အတွက်စိတ်မကောင်းဖြစ်နေတာလည်းမကြိုက်ဘူး၊အရှိကိုအရှိအတိုင်းပဲဆက်ဆံတာပဲကြိုက်တယ်ရယ်။

" ​ကျေးဇူးပါ မင်းကိုယ့်ကိုပြန်မချစ်လည်းရတယ် ကိုယ်ပဲမင်းကိုချစ်နေရင်ပြီးရောလေ အားလည်းမနားပါနဲ့ ပြီးတော့စိတ်မကောင်းဖြစ်ပါနဲ့ "

" အကိုရိချန်း "

စိတ်မကောင်းသလိုလိုကြည့်နေတဲ့ရှောင်းကျန့်အကြည့်တွေကိုဆက်ပြီးမကြည့်နိုင်တော့ဘူး၊စိတ်တွေလည်းအရမ်းမွန်းကျပ်ပြီးအဝေးဆုံးကိုပြေးပြီးငိုချင်မိတဲ့စိတ်ကိုလည်းထိန်းထားရင်း ပြောလိုက်သည်။

" ပြန်ရအောင် "

________________________

Zawgyi



အေနာက္ကေနဖက္ထားရာကေနအကိုဝမ္ကေျဖးၫွင္းစြာလႊတ္ေပးလိုက္ေတာ့ ေရွာင္းက်န္႔ကတစ္ေျဖးေျဖး အကို႔ဘက္လွည့္ကာ အကို႔မ်က္ဝန္းေတြကိုတစ္မိမ့္စိမ့္ၾကည့္မိတယ္။အကိုကေရွာင္းက်န္႔ပါးျပင္ေလးကိုႏူးညံ့စြာထိေတြ့ကိုင္ရင္း ေရွာင္းက်န္႔ႏႈတ္ခမ္းကို သူ႔ႏႈတ္ခမ္းျဖင့္အသာေလးနမ္းခါနီး ....

ျဖတ္ခနဲတံခါးကိုဖြင့္ၿပီးဝင္လာေသာအန္တီစုယြဲ႔ယြဲ႔။

" ေရွာင္းက်န္႔ နင္ထပ္ၿပီးငါ့သားကိုဖ်ားေယာင္းေနတာလားဟမ္ !!! "

" ကြၽန္ေတာ္ကသာအရင္စတာပါ ေရွာင္းက်န္႔အမွားမပါဘူးအေမ "

အကိုကေရွာင္းက်န္႔ေရ႔ွရပ္ကာေရွာင္းက်န္႔လက္ကေလးကိုတြဲထားၿပီးေျပာေတာ့အရင္အခ်ိန္တုန္းကအကို႔ကေရွာင္းက်န္႔ကိုကာကြယ္ၿပီးေျပာတာေလးကိုသတိရမိသြားကာ ေရွာင္းက်န္႔ၿပံဳးလိုက္မိတယ္။ဒီလိုက်လည္းအကိုကဘယ္ဆိုးလို႔လဲ~~~~

ေရွာင္းက်န္႔ကၿပံဳးေနတာ ၾကည့္စမ္း ၾကည့္စမ္း
စိတ္ေတြတိုလိုက္တာ အားးးး ဒါကစုယြဲ႔ယြဲ႔ကိုတမင္ရြဲ႔ၿပံဳးျပတာမ်ားအသိသာႀကီး!!! သူ႔သားကကာကြယ္ၿပီးေျပာေပးေနတာကိုေရွာင္းက်န္႔ဆိုတဲ့ေကာင္ဆိုးကႀကိတ္ေပ်ာ္ေနတာမ်ား။သားဝမ္ကေရွာင္းက်န္႔လက္ကိုတြဲထားတာကိုစုယြဲ႔ယြဲ႔ကိုယ္တိုင္ျဖဳတ္လိုက္ၿပီး ေရွာင္းက်န္႔ကိုပါးတစ္ခ်က္ရိုက္ပစ္လိုက္တယ္။

" အေမ !! ဒါဘာလုပ္တာလဲ? ကြၽန္​ေတာ္ေျပာၿပီးၿပီေလဗ်ာ !! ေရွာင္းက်န္႔ကအရင္မဖ်ားေယာင္ရပါဘူးကြၽန္ေတာ္ဘက္ကအရင္စတာပါ "

" ရပါတယ္အကို က်န္႔က်န္႔ဘာမွမျဖစ္ပါဘူး။အန္တီစုယြဲ႔ယြဲ႔အခုလိုပါးရိုက္လည္းစိတ္မဆိုးပါဘူး၊ဒါေပမယ့္ တစ္ခုေတာ့ရိွပါတယ္အန္တီ ဘာမွမသိဘာမွမျမင္ပဲနဲ႔ ေျပာခ်င္တာကိုပဲေျပာၿပီးအျပစ္မေျပာပါနဲ႔ က်န္႔က်န္႔ကျပန္ေျပာေနတာလည္းမဟုတ္ရပါဘူး အန္တီ ! "

" နင္ကမ်ား ! ဟဲ့ နင့္ကိုသနားလို႔အိမ္ေပၚေခၚတင္ထားတာေနာ္ ! အေဖကလည္းေသ ! အေမကလည္းေနာက္လင္ငယ္နဲ႔ဆိုေတာ့ ငါ့အေဖကနင့္ကိုေခၚတင္ထားတယ္ဆိုတာေခါင္းထဲေတြးအံုး ! "

အေဖေသေသရွင္ရွင္၊အေမကေနာက္လင္နဲ႔ေနတာလဲသူတို႔နဲ႔ဆိုင္လား?တစ္ခါလာလည္းေရွာင္းက်န္႔မိဘေတြပဲအၿမဲအျပစ္လာေျပာေနတာတကယ္သည္းမခံႏိုင္ေတာ့ဘူး၊ေဖေဖနဲ႔ေမေမအခုလိုျဖစ္တာကိုပဲလာဆြဲထည့္ေနတာ၊ေဖေဖနဲ႔ေမေမအေၾကာင္းေျပာရင္အရမ္းစိတ္တိုတက္တာကိုအန္တီစုယြဲ႔ယြဲ႔ကသိရဲ့သားနဲ႔တမင္တကာေျပာေနတာ။ပတ္ခနဲျပန္ျပန္ေျပာလိုက္ခ်င္ေပမယ့္လည္းဘိုးဘိုးဝမ္က်ိဳးလင္မ်က္ႏွာရိွေသးတယ္ဆိုတာလည္းေရွာင္းက်န္႔သိလို႔ စကားလမ္းေၾကာင္းသြားလြဲလိုက္ေတာ့သည္။

" က်န္႔က်န္႔ကိုသြားခြင့္ျပဳပါ "

အမေလး ​ေျပာတာမႀကိဳက္လို႔ထြက္သြားတာတဲ့ေလ။စုယြဲ႔ယြဲ႔ေျပာတာမွန္ေနေတာ့ေရွာင္းက်န္႔ကတန္းထြက္သြားတာကိုမသိရင္ခက္မယ္။

________________________

ေဖေဖသာက်န္႔က်န္႔အနားမွာအခုခ်ိန္ထိရိွေနရင္
က်န္႔က်န္႔အရာအားလံုးအဆင္ေျပသြားမွာဆိုတာေသခ်ာတယ္၊ဒါေပမယ့္ေဖေဖစၿပီးက်န္႔က်န္႔အနားကေနစထြက္သြားတည္းကက်န္႔က်န္႔ဘဝကအၿမဲခက္ခဲေနေတာ့တာပဲ၊အဆင္ေျပတဲ့ေန့ေတြေရာ၊အဆင္မေျပတဲ့ေနေတြေရာရိွလည္း တစ္ေယာက္တည္းသမားမို႔ဘဝကိုေကာင္းေကာင္းမြန္မြန္ျဖတ္သန္းေနရတယ္။

ေဖေဖအခုခ်ိန္က်န္႔က်န္႔ေဘးမွာရိွေနရင္က်န္႔က်န္႔အရမ္းေပ်ာ္မိမွာပဲ။ေမေမထားသြားတည္းကက်န္႔က်န္႔မွာေဖေဖရိွပါတယ္ဆိုေသးတဲ့စိတ္ေလးနဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနေနတာ၊အခုေတာ့ေဖေဖက က်န္႔က်န္႔ဆီကေနထြက္သြားၿပီ၊တကယ္ကိုဘာမွမက်န္ေတာ့ဘူး။

" ေရွာင္းက်န္႔ "

အကိုရိခ်န္းက ကားေပၚကေနဆင္းကာ ငိုေနတဲ့က်န္႔က်န္႔ကိုရင္ခြင္ထဲထည့္ပိုက္ေတာ့ က်န္႔က်န္႔ေအာ္ငိုမိတယ္။

ရင္ခြင္ထဲကေနကေလးတစ္ေယာက္လိုငိုေနတဲ့ေရွာင္းက်န္႔အတြက္စိတ္မေကာင္းျဖစ္မိတယ္။ဘယ္အရာေတြကမ်ားမင္းကိုအခုလိုစိတ္မေကာင္းျဖစ္ေစရတာလဲ က်န္႔က်န္႔ရယ္။က်န္႔က်န္႔အစားသူ႔ပဲျဖစ္လိုက္ပါေတာ့လား။

" ကိုယ္ရိွတယ္ေနာ္ ! ကိုယ္မင္းအနားမွာအၿမဲရိွေနမွာေရွာင္းက်န္႔ "

ေရွာင္းက်န္႔ကခ်က္ခ်င္းဆိုသလိုအငိုတိတ္သြားေတာ့မွရိခ်န္းခုမွစိတ္ေအးသြားရေတာ့တယ္။စိတ္ေျဖဖို႔အတြက္ဆိုၿပီးေလေကာင္းေလသန္႔ရတဲ့ေနရာေလးတစ္ေနရာဆီေရွာင္းက်န္႔ကိုေခၚသြားလိုက္သည္။သိပ္မေဝးတဲ့ကမ္းေျခေလးတစ္ခုေခၚသြားၿပီး ေနဝင္ခ်ိန္ကိုထိုင္ရင္းၾကည့္ကာ အရက္ေလးေသာက္လိုက္၊မုန္႔ေလးစားလိုက္ဆိုေတာ့ ေအးေဆးရယ္။သူစိတ္ညစ္ရင္အၿမဲလာေနက်ကမ္းေျခေလးေလ။

" ေက်းဇူးပါ အကိုရိခ်န္း "

" မင္းကိုယ့္ကိုေက်းဇူးတင္စရာမလိုပါဘူး "

" တကယ္ေျပာတာပါ အကိုရိခ်န္းရိွရင္အပ်င္းေျပတယ္သိလား "

" ေရွာင္းက်န္႔တကယ္ေတာ့ေလ ကိုယ္မင္းကိုေျပာစရာရိွတယ္။ "

ေရွာင္းက်န္႔ကေျပာေလဆိုၿပီးအထာျဖင့္ၾကည့္ကာေဘးမွာခ်ထားတဲ့အရက္ပုလင္းေလးကိုင္ကာေမာ့ေသာက္ေနစဉ္မွာ ခ်စ္တယ္လို႔ေျပာရမလားဆိုတဲ့စကားကိုအႀကိမ္ႀကိမ္စဉ္းစားမိတယ္။အကယ္လို႔ရိခ်န္းကေျပာလိုက္ရင္လန္႔မ်ားလန္႔သြားမလားပဲ၊ဒါေပမယ့္လည္းသူ​ေျပာၾကည့္ခ်င္တယ္။အဲ့ေတာ့ေျပာကိုေျပာႏိုင္ရမယ္။

ဟုတ္တယ္ မင္းေျပာႏိုင္တယ္ ဝမ္ရိခ်န္း~~~~
ကိုယ္ကိုယ့္ကိုယ္စိတ္ထဲကေနအားေပးလိုက္ရင္းစကားစေျပာလိုက္တယ္။

" ကိုယ္မင္းကိုခ်စ္တယ္ ေရွာင္းက်န္႔ "

ေရွာင္းက်န္႔ကအရက္ေမာ့ေသာက္ေနရာကေနသီးသြားၿပီး ပါးစပ္ကေနထုတ္လိုက္တဲ့အရက္ေတြကရိခ်န္းမ်က္ႏွာကိုလာစင္သည္။ေရွာင္းက်န္႔ကပ်ာယာပ်ာယာျဖင့္ေဘးကတစ္ရႉးယူကာ သူ႔မ်က္ႏွာကိုသုတ္ေပးတယ္။

" ခ်စ္လား ေရွာင္းက်န္႔ "

" အကိုရိခ်န္းကတကယ္ကိုအမ်ားႀကီးက်န္႔က်န္႔အေပၚသေဘာအရမ္းေကာင္းတာပါ၊က်န္႔က်န္႔အေပၚဂရုလည္းအရမ္းစိုက္ေတာ့ေက်းဇူးအမ်ားႀကီးလည္းတင္ပါတယ္ရယ္၊အကိုတစ္ေယာက္လိုဆံုးမတာကိုလည္းက်န္႔က်န္႔တကယ္ေက်နပ္ပါတယ္။ဒါေပမယ့္ က်န္႔က်န္႔အကိုကို႔ေတာ့မခ်စ္ပါရေစနဲ႔ "

" ဘာလို႔လဲ ကိုယ့္ကိုအကိုတစ္ေယာက္လိုပဲျမင္တာလား "

က်န္႔က်န္႔သူ႔ကိုမရဲတစ္ရဲေလးၾကည့္ကာေခါင္းေလးညိမ့္ျပတယ္။မခ်စ္လည္းရတယ္၊ကိစၥမရိွဘူး၊အဓိကသူေရွာင္းက်န္႔ကိုပဲခ်စ္ေနဖို႔ပဲေလ၊အားနားစရာလည္းမလိုဘူးရယ္၊ၿပီးေတာ့ကိုယ့္အတြက္စိတ္မေကာင္းျဖစ္ေနတာလည္းမႀကိဳက္ဘူး၊အရိွကိုအရိွအတိုင္းပဲဆက္ဆံတာပဲႀကိဳက္တယ္ရယ္။

" ​ေက်းဇူးပါ မင္းကိုယ့္ကိုျပန္မခ်စ္လည္းရတယ္ ကိုယ္ပဲမင္းကိုခ်စ္ေနရင္ၿပီးေရာေလ အားလည္းမနားပါနဲ႔ ၿပီးေတာ့စိတ္မေကာင္းျဖစ္ပါနဲ႔ "

" အကိုရိခ်န္း "

စိတ္မေကာင္းသလိုလိုၾကည့္ေနတဲ့ေရွာင္းက်န္႔အၾကည့္ေတြကိုဆက္ၿပီးမၾကည့္ႏိုင္ေတာ့ဘူး၊စိတ္ေတြလည္းအရမ္းမြန္းက်ပ္ၿပီးအေဝးဆံုးကိုေျပးၿပီးငိုခ်င္မိတဲ့စိတ္ကိုလည္းထိန္းထားရင္း ေျပာလိုက္သည္။

" ျပန္ရေအာင္ "

________________________








واصل القراءة

ستعجبك أيضاً

376K 13.5K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
957K 21.8K 49
In wich a one night stand turns out to be a lot more than that.
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
113K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season