ညသန်းခေါင်လောက်မှာ အသက်ရှုသံမမှန်တဲ့ရှောင်းကျန့်ကြောင့် မှေးကနဲအိပ်ပျော်ရာမှ ရိပေါ်နိုးလာတယ်။
"သခင်လေး...."
"အသက်ရှုကျပ်တယ်။"
အသက်ရှုရာမှာ တရွှီရွှီမြည်ပြီးရင်ဘက်ကတော်တော်လေး ချိုင့်လာတယ်။
ရိပေါ်ကမြန်မြန်ပဲ ဆေးရွက်တစ်ချို့ခူးပြီးရေနွေးတည်ကာ ရှောင်းကျန့်ကို တိုက်စေတယ်။
"သခင်လေး။"
ရိပေါ်မျက်ရည်တွေစီးကျလာပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ်။ ဆေးသောက်ပြီးနံရံမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ သခင်လေးရဲ့ပုံစံကရိပေါ်အသဲတွေကိုကြေမွဖို့လုံလောက်တယ်။
"ဒီမှာဆက်နေလို့မဖြစ်ဘူး။ ကြာလာရင်သခင်လေးဒုက္ခရောက်မယ်။"
"ဒါဆိုပြန်သွားမှာလား။ ဒီတိုင်းသွားသေလိုက်ကြတာပေါ့။ ရောဂါခံစားနေတာထက်စာရင်...အဟွက် ဟွက်..."
"စကားမပြောပါနဲ့နော်။ ကျွန်တော် စုန့်နိုင်ငံမှာ နေလို့ရအောင်ကြိုးစားမယ်။ ကျွန်တော်တို့အဲ့ကလာတာဆိုတော့ လွယ်လောက်မှာပါ။ "
"မင်းတို့တောင် အဆင်မပြေလို့ ငါတို့တိုင်းပြည်မှာ အစေခံလာလုပ်တာမဟုတ်လား။ "
"ကျွန်တော်သခင်လေးအတွက် ဘာမဆိုဖြစ်အောင်လုပ်မယ်။"
ရှောင်းကျန့်ကသက်ပြင်းလေးချကာ မျက်လုံးလေးမှိတ်ပြီး အိပ်ယာပေါ်လှဲလိုက်တော့ မီးအပူပေးထားတဲ့အရွက်လေးတွေကိုရင်ဘက်မှာကပ်ပေးတယ်။ အဲ့လိုနဲ့ရိပေါ် တစ်နာရီနီးပါးစောင့်ကြည့်ပြီး ရှောင်းကျန့်ကကောင်းကောင်းအိပ်ပျော်သွားတယ်။
"ဘုရားကိုကျေးဇူးတင်ပါတယ်။"
ရိပေါ်ရဲ့အဖေက လယ်သမားတစ်ယောက်ဖြစ်တယ်။ သူကအမြဲမူးပြီး မိန်းမကိုရိုက်တယ်။ ကြာလာတော့ သူ့အမေလည်းသည်းမခံနိုင်ပဲသူ့ကိုလက်ဆွဲပြီး ဦးလေးရှိရာကိုအရဲစွန့်ထွက်လာခဲ့ရင်းလန်တိုင်းပြည်က ရှောင်အိမ်တော်ကိုရောက်လာတာဖြစ်တယ်။ ဘာဖြစ်ဖြစ်လောလောဆယ် ရိပေါ်အိမ်ပြန်ဖို့လိုတယ်။ အဖေကဘယ်လိုလူဖြစ်ပါစေ ဂရုမစိုက်ဘူး။ သည်းခံမယ်။ သခင်လေးကျန်းမာရေးကပိုအရေးကြီးတယ်။ တစ်ခုတော့ရှိတယ်။ သည်းခံတယ်ဆိုတာ သခင်လေးနဲ့ပတ်သတ်လို့မပါဘူး။
____________
မြက်ခင်းငုတ်တိုလေးတွေပေါ်မှာ တောပန်းလေးတွေကရောင်စုံပေါက်နေတယ်။ ရှောင်းကျန့်ကအဲ့မှာ လှဲအိပ်နေပြီးနေရောင်နွေးနွေးကိုခံယူနေတယ်။ နေရောင်အောက်ကသူ့မျက်နှာလေးကတစ်ကယ်ပဲ နူးညံ့တယ်။ နမ်းချင်တယ်။
ဝက်ဝံအရေခွံကြီးကခြောက်သွားပြီမို့ရိပေါ်ခေါက်သိမ်းလိုက်တယ်။ ကလေးတစ်ယောက်မွေးထားရတာထက်ကို တစ်ကယ်ပင်ပန်းပါတယ်။ တစ်နေ့တစ်နေ့သူ့ဝေယာဝစ္စလုပ်ရတာနဲ့ သူတစ်ခုခုဖြစ်မှာစိုးရိမ်ရတာနဲ့ အရမ်းပင်ပန်းတယ်။ ဒါညည်းငွေ့လို့ပြောနေတာမဟုတ်ပါဘူး။ ကိုယ်သူ့အပေါ်ထားတဲ့စေတနာလေးကိုမြင်စေချင်သေးတာ။
"ရိပေါ်....ရိပေါ်..."
"ဗျာသခင်လေး။ "
"ငါရေချိုးချင်တယ်။"
"ကျွန်တော့်မှာ အဝတ်စားအပိုရှိတယ်။"
"ဟွန်း။"
"မဝတ်ရသေးပါဘူး။ "
အညိုရောင်ဖျော့ဖျော့ဖျင်ကြမ်းအဝတ်က မြင်ရတာမလှပေမယ့် သပ်သပ်ရပ်ရပ်လေး။
"ငါရေချိုးရင် ငါ့အဝတ်တွေလျှော်ပေးထား။ငါ့ကိုမကြည့်နဲ့။"
"ဟုတ်ကဲ့ သခင်လေး။"
ရိပေါ်က သူချွတ်ထားတဲ့အင်္ကျီကို မြန်မြန်ပဲယူသွားတယ်။ ရှောင်းကျန့်ကတော့ ရေပူထဲထိုင်ကာစိမ်ရင်း
"အား......ကောင်းလိုက်တာ။"
ရိပေါ်ကသူ့အဝတ်တွေကိုတယုတယ ပြဲမသွားအောင် ဂရုစိုက် လျှော်တယ်။ လျှော်နေတုန်းမှာပဲ
"အား.....ရိပေါ်။"
"ဘာလို့လဲ။ သခင်လေး။"
"မြွေ မြွေငါ့ကိုကိုက်သွားတယ်။ ငါမသေချင်သေးဘူး။လုပ်ပါဦး။"
ရိပေါ်လည်း စိုးရိမ်ပြီးပြေးလာတော့ ရှောင်းကျန့်ကခြေထောက်တစ်ချောင်းမြှောက်ကာအော်နေတယ်။
"လုပ်ဦး။ အဆိပ်တွေပျံ့တော့မယ်။"
ရိပေါ်သူ့ခြေသလုံးနုနုကိုမကာ ဒါဏ်ရာကိုပါးစပ်နဲ့စုပ်ပစ်လိုက်တယ်။ မကောင်းတဲ့သွေးတွေအကုန်ထွက်ပါစေ။ အဲ့မှာပဲ သူ့ကိုကိုက်သွားတဲ့မြွေကို ရိပေါ်မြင်လိုက်ရချိန်မှာတော့ အဆိပ်မရှိတဲ့မြွေမှန်းသိသွားခဲ့ပြီး သူ့ရင်ထဲကအလုံးကြီးကပြုတ်ကျသွားတယ်။ ဒါပေမယ့် ရှောင်းကျန့်ခြေသလုံးကိုစုပ်နေတာရပ်မပေးခဲ့ဘူး။ ခြေသလုံးကိုစုပ်နေရင်း ရေထဲကရှောင်းကျန့်ရဲ့ မမြင်ဖွယ်ရာကိုသူ ထင်ထင်ရှားရှားမြင်ပြီးငေးမိသွားတယ်။
"ဝုန်း"
"အ့"
ရိပေါ် အနောက်ကိုတွန်းချခံလိုက်ရတယ်။
"မြွေကအဆိပ်မရှိဘူးထင်တယ်။ ငါဘာမှ မဖြစ်ဘူး။"
"ဟုတ်....ဟုတ်ကဲ့။"
ရိပေါ်ဖျားချင်သလိုကြီးဖြစ်လာတယ်။ သူဖျားလို့မဖြစ်ဘူး။ သူဖျားရင် သခင်လေးကိုပြုစုမယ့်သူမရှိဘူး။ ရှိရင်တောင်သူပဲပြုစုမှာ။
သခင်လေးရဲ့အရှိန်ဝါက ဖျင်ကြမ်းအင်္ကျီနဲ့တောင် ပေါ်လွင်နေတာဖြစ်တယ်။
"ရိပေါ် ငါဆက်သားခြောက်စားချင်တယ်။"
အဲ့လောက်အကောင်ကြီးရိပေါ်ဖမ်းမစားဖူးဘူး။ သူကမျှားနဲ့ပစ်ဖမ်းရမှာ သူတို့ကအရမ်းလျှင်တာ။
"ဒါ နဲ့ သခင်လေး။ "
"ဘာလဲ။"
"တစ်ချို့သခင်လေးတောင်းဆိုတဲ့အရာတွေက ကျွန်တော့်အတွက် စိန်ခေါ်မှုလိုပဲ။ ဒါကြောင့် အားရှိအောင်သခင်လေးကဆုမချချင်ဘူးလား။"
"ငါ့မှာပေးစရာဘာမှမရှိဘူး။"
*ဟုတ်လို့လား သခင်လေးရာယ်။ သခင်လေးရဲ့ခေါင်းစခြေဆုံးက ကျွန်တော်မက်မောတာတွေပဲ။*
"သခင်လေးပေးနိုင်တာကိုပဲ တောင်းမှာပါ။"
"ပြောကြည့်လေ။"
"သခင်လေးရဲ့ပါးကိုနမ်းခွင့်ပြု...."
"ဖြန်း...."
စကားမဆုံးခင်ရိပေါ်ရဲ့ပါးပေါ် ရိုက်ချက်ကျလာတယ်။
"အတင့်ရဲနေပါလား။ မင်းရဲ့ဆန္ဒကိုပြန်ပြင်လိုက်စမ်း။ ငါကမင်း မရှိရင်မဖြစ်ဘူးထင်လို့လား။ "
"သခင်လေးတောင်းပန်ပါတယ်။"
ရိပေါ်ချက်ချင်းဒူးကိုထောက်ချလိုက်တယ်။
"ငါမင်းကို အရောဝင်တာနဲ့ မင်းကငါ့အပေါ်ကရောင့်တတ်လို့ရမယ်ထင်နေတာလား။"
"ကျွန်တော်မှားသွားတယ်။ ကျွန်တော် အထင်မှားသွားတယ်။"
"ဘာ....ဘယ်အရာလဲ ဘယ်အရာကမင်းကိုအထင်မှားစေတာလဲ။"
"ခု ခုနကရေထဲမှာ သခင်လေး..."
"ဟေ့ကောင် ငါယောက်ျားကွ။ ငါ့ပစ္စည်းကဘယ်အခြေနေမဆို ရှိချင်တဲ့အခြေနေရှိမယ်။ ဘာလဲ မင်းကြောင့်လို့ထင်နေတာလား။ ရွံစရာကောင်းလိုက်တာ။ ငါမင်းမျက်နှာကိုမမြင်ချင်ဘူး။"
ရှောင်းကျန့် ပြန်သွားပြီးအိမ်ထဲဝင်နေတယ်။ စိတ်တိုလွန်းလို့ ထုထောင်းပစ်လိုက်ချင်တယ်။ အရင်ထဲကညစ်ပတ်တဲ့အတွေးရှိနေတာပဲ။ သူတွေးတာမမှားဘူး။ မုန်းလိုက်တာ သူ့ကိုကျားချောင်းချောင်းနေတယ်။
ရှောင်းကျန့်စိတ်စိုးလို့ ရိပေါ်လည်းမဝင်ရဲပဲအပြင်မှာ ဝက်ဝံအရေခွံကြီးခြုံပြီးထိုင်နေတယ်။ မိုးချုပ်တဲ့အထိဝင်မလာတာကြောင့် ရှောင်းကျန့်အပြင်လိုက်ထွက်လာခဲ့တယ်။
"ရိပေါ်...."
"အင်း....ဟင်း....ချမ်းတယ်။"
"ဟင်! အဖျားတွေတတ်နေပါလား။ မဟုတ်တာလုပ်တဲ့ကောင် ချက်ချင်းဘုရားကရိုက်တာပဲ။"
ရှောင်းကျန့်ရိပေါ်ကို အိမ်ထဲသို့တွဲခေါ်ပြီး ကွပ်ပျစ်ပေါ်အိပ်စေလိုက်တယ်။ လိုအပ်ရင်သုံးဖို့ ဆေးမြစ်ခြောက်တွေ ရှိတာမို့ဆေးကိုကျိုလိုက်တယ်။ ရေပြေးခပ်လိုက် မီးမွှေးလိုက်ဆေးကြိုလိုက်နဲ့ ရှောင်းကျန့် အေးတာတောင်သတိမရပဲ ချွေးထွက်လာတယ်။ ညတွေဆို ရိပေါ်မအေးတာ ဒါကြောင့်ဖြစ်မယ်။သူ့ကိုတစ်ချိန်လုံးပြုစုနေရလို့။
"ငါမင်းကိုတစ်ခါခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ထပ်မပြောမိစေနဲ့..."
"ဟင်း.....သခင်လေး သခင်လေး ကျွန်တော်လုပ်ပေးမယ်။ သခင်လေး။"
အိပ်နေရင်းနဲ့တောင်ယောင်နေသူကိုရှောင်းကျန့်ကရုဏာသက်သွားမိတယ်။ သူသေချာလေးဆေးတိုက်ပြီးတော့ ရိပေါ်ပြန်အိပ်ပျော်သွားတယ်။ သူလည်းအောက်မှာအိပ်ဖို့ အဆင်မပြေတော့ ရိပေါ်ဘေးနားလေးကပ်အိပ်လိုက်တယ်။ နွေးတယ်။ နှစ်ယောက်အိပ်ရတာ တစ်ယောက်တည်းအိပ်ရတာထက်စာရင် နွေးပြီးသက်တောင့်သက်သာ ဖြစ်တယ်။
Zawgyi
ညသန္းေခါင္ေလာက္မွာ အသက္ရႈသံမမွန္တဲ့ေရွာင္းက်န႔္ေၾကာင့္ ေမွးကနဲအိပ္ေပ်ာ္ရာမွ ရိေပၚနိုးလာတယ္။
"သခင္ေလး...."
"အသက္ရႈက်ပ္တယ္။"
အသက္ရႈရာမွာ တ႐ႊီ႐ႊီျမည္ၿပီးရင္ဘက္ကေတာ္ေတာ္ေလး ခ်ိဳင့္လာတယ္။
ရိေပၚကျမန္ျမန္ပဲ ေဆး႐ြက္တစ္ခ်ိဳ႕ခူးၿပီးေရေႏြးတည္ကာ ေရွာင္းက်န႔္ကို တိုက္ေစတယ္။
"သခင္ေလး။"
ရိေပၚမ်က္ရည္ေတြစီးက်လာၿပီး ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနတယ္။ ေဆးေသာက္ၿပီးနံရံမွာက်ဳံ႕က်ဳံ႕ေလးထိုင္ေနတဲ့ သခင္ေလးရဲ႕ပုံစံကရိေပၚအသဲေတြကိုေၾကမြဖို႔လုံေလာက္တယ္။
"ဒီမွာဆက္ေနလို႔မျဖစ္ဘူး။ ၾကာလာရင္သခင္ေလးဒုကၡေရာက္မယ္။"
"ဒါဆိုျပန္သြားမွာလား။ ဒီတိုင္းသြားေသလိုက္ၾကတာေပါ့။ ေရာဂါခံစားေနတာထက္စာရင္...အဟြက္ ဟြက္..."
"စကားမေျပာပါနဲ႕ေနာ္။ ကြၽန္ေတာ္ စုန႔္နိုင္ငံမွာ ေနလို႔ရေအာင္ႀကိဳးစားမယ္။ ကြၽန္ေတာ္တို႔အဲ့ကလာတာဆိုေတာ့ လြယ္ေလာက္မွာပါ။ "
"မင္းတို႔ေတာင္ အဆင္မေျပလို႔ ငါတို႔တိုင္းျပည္မွာ အေစခံလာလုပ္တာမဟုတ္လား။ "
"ကြၽန္ေတာ္သခင္ေလးအတြက္ ဘာမဆိုျဖစ္ေအာင္လုပ္မယ္။"
ေရွာင္းက်န႔္ကသက္ျပင္းေလးခ်ကာ မ်က္လုံးေလးမွိတ္ၿပီး အိပ္ယာေပၚလွဲလိုက္ေတာ့ မီးအပူေပးထားတဲ့အ႐ြက္ေလးေတြကိုရင္ဘက္မွာကပ္ေပးတယ္။ အဲ့လိုနဲ႕ရိေပၚ တစ္နာရီနီးပါးေစာင့္ၾကည့္ၿပီး ေရွာင္းက်န႔္ကေကာင္းေကာင္းအိပ္ေပ်ာ္သြားတယ္။
"ဘုရားကိုေက်းဇူးတင္ပါတယ္။"
ရိေပၚရဲ႕အေဖက လယ္သမားတစ္ေယာက္ျဖစ္တယ္။ သူကအၿမဲမူးၿပီး မိန္းမကိုရိုက္တယ္။ ၾကာလာေတာ့ သူ႕အေမလည္းသည္းမခံနိုင္ပဲသူ႕ကိုလက္ဆြဲၿပီး ဦးေလးရွိရာကိုအရဲစြန႔္ထြက္လာခဲ့ရင္းလန္တိုင္းျပည္က ေရွာင္အိမ္ေတာ္ကိုေရာက္လာတာျဖစ္တယ္။ ဘာျဖစ္ျဖစ္ေလာေလာဆယ္ ရိေပၚအိမ္ျပန္ဖို႔လိုတယ္။ အေဖကဘယ္လိုလူျဖစ္ပါေစ ဂ႐ုမစိုက္ဘူး။ သည္းခံမယ္။ သခင္ေလးက်န္းမာေရးကပိုအေရးႀကီးတယ္။ တစ္ခုေတာ့ရွိတယ္။ သည္းခံတယ္ဆိုတာ သခင္ေလးနဲ႕ပတ္သတ္လို႔မပါဘူး။
____________
ျမက္ခင္းငုတ္တိုေလးေတြေပၚမွာ ေတာပန္းေလးေတြကေရာင္စုံေပါက္ေနတယ္။ ေရွာင္းက်န႔္ကအဲ့မွာ လွဲအိပ္ေနၿပီးေနေရာင္ေႏြးေႏြးကိုခံယူေနတယ္။ ေနေရာင္ေအာက္ကသူ႕မ်က္ႏွာေလးကတစ္ကယ္ပဲ ႏူးညံ့တယ္။ နမ္းခ်င္တယ္။
ဝက္ဝံအေရခြံႀကီးကေျခာက္သြားၿပီမို႔ရိေပၚေခါက္သိမ္းလိုက္တယ္။ ကေလးတစ္ေယာက္ေမြးထားရတာထက္ကို တစ္ကယ္ပင္ပန္းပါတယ္။ တစ္ေန႕တစ္ေန႕သူ႕ေဝယာဝစၥလုပ္ရတာနဲ႕ သူတစ္ခုခုျဖစ္မွာစိုးရိမ္ရတာနဲ႕ အရမ္းပင္ပန္းတယ္။ ဒါညည္းေငြ႕လို႔ေျပာေနတာမဟုတ္ပါဘူး။ ကိုယ္သူ႕အေပၚထားတဲ့ေစတနာေလးကိုျမင္ေစခ်င္ေသးတာ။
"ရိေပၚ....ရိေပၚ..."
"ဗ်ာသခင္ေလး။ "
"ငါေရခ်ိဳးခ်င္တယ္။"
"ကြၽန္ေတာ့္မွာ အဝတ္စားအပိုရွိတယ္။"
"ဟြန္း။"
"မဝတ္ရေသးပါဘူး။ "
အညိုေရာင္ေဖ်ာ့ေဖ်ာ့ဖ်င္ၾကမ္းအဝတ္က ျမင္ရတာမလွေပမယ့္ သပ္သပ္ရပ္ရပ္ေလး။
"ငါေရခ်ိဳးရင္ ငါ့အဝတ္ေတြေလွ်ာ္ေပးထား။ငါ့ကိုမၾကည့္နဲ႕။"
"ဟုတ္ကဲ့ သခင္ေလး။"
ရိေပၚက သူခြၽတ္ထားတဲ့အကၤ်ီကို ျမန္ျမန္ပဲယူသြားတယ္။ ေရွာင္းက်န႔္ကေတာ့ ေရပူထဲထိုင္ကာစိမ္ရင္း
"အား......ေကာင္းလိုက္တာ။"
ရိေပၚကသူ႕အဝတ္ေတြကိုတယုတယ ၿပဲမသြားေအာင္ ဂ႐ုစိုက္ ေလွ်ာ္တယ္။ ေလွ်ာ္ေနတုန္းမွာပဲ
"အား.....ရိေပၚ။"
"ဘာလို႔လဲ။ သခင္ေလး။"
"ေႁမြ ေႁမြငါ့ကိုကိုက္သြားတယ္။ ငါမေသခ်င္ေသးဘူး။လုပ္ပါဦး။"
ရိေပၚလည္း စိုးရိမ္ၿပီးေျပးလာေတာ့ ေရွာင္းက်န႔္ကေျခေထာက္တစ္ေခ်ာင္းျမႇောက္ကာေအာ္ေနတယ္။
"လုပ္ဦး။ အဆိပ္ေတြပ်ံ့ေတာ့မယ္။"
ရိေပၚသူ႕ေျခသလုံးႏုႏုကိုမကာ ဒါဏ္ရာကိုပါးစပ္နဲ႕စုပ္ပစ္လိုက္တယ္။ မေကာင္းတဲ့ေသြးေတြအကုန္ထြက္ပါေစ။ အဲ့မွာပဲ သူ႕ကိုကိုက္သြားတဲ့ေႁမြကို ရိေပၚျမင္လိုက္ရခ်ိန္မွာေတာ့ အဆိပ္မရွိတဲ့ေႁမြမွန္းသိသြားခဲ့ၿပီး သူ႕ရင္ထဲကအလုံးႀကီးကျပဳတ္က်သြားတယ္။ ဒါေပမယ့္ ေရွာင္းက်န႔္ေျခသလုံးကိုစုပ္ေနတာရပ္မေပးခဲ့ဘူး။ ေျခသလုံးကိုစုပ္ေနရင္း ေရထဲကေရွာင္းက်န႔္ရဲ႕ မျမင္ဖြယ္ရာကိုသူ ထင္ထင္ရွားရွားျမင္ၿပီးေငးမိသြားတယ္။
"ဝုန္း"
"အ့"
ရိေပၚ အေနာက္ကိုတြန္းခ်ခံလိုက္ရတယ္။
"ေႁမြကအဆိပ္မရွိဘူးထင္တယ္။ ငါဘာမွ မျဖစ္ဘူး။"
"ဟုတ္....ဟုတ္ကဲ့။"
ရိေပၚဖ်ားခ်င္သလိုႀကီးျဖစ္လာတယ္။ သူဖ်ားလို႔မျဖစ္ဘူး။ သူဖ်ားရင္ သခင္ေလးကိုျပဳစုမယ့္သူမရွိဘူး။ ရွိရင္ေတာင္သူပဲျပဳစုမွာ။
သခင္ေလးရဲ႕အရွိန္ဝါက ဖ်င္ၾကမ္းအကၤ်ီနဲ႕ေတာင္ ေပၚလြင္ေနတာျဖစ္တယ္။
"ရိေပၚ ငါဆက္သားေျခာက္စားခ်င္တယ္။"
အဲ့ေလာက္အေကာင္ႀကီးရိေပၚဖမ္းမစားဖူးဘူး။ သူကမွ်ားနဲ႕ပစ္ဖမ္းရမွာ သူတို႔ကအရမ္းလွ်င္တာ။
"ဒါ နဲ႕ သခင္ေလး။ "
"ဘာလဲ။"
"တစ္ခ်ိဳ႕သခင္ေလးေတာင္းဆိုတဲ့အရာေတြက ကြၽန္ေတာ့္အတြက္ စိန္ေခၚမႈလိုပဲ။ ဒါေၾကာင့္ အားရွိေအာင္သခင္ေလးကဆုမခ်ခ်င္ဘူးလား။"
"ငါ့မွာေပးစရာဘာမွမရွိဘူး။"
*ဟုတ္လို႔လား သခင္ေလးရာယ္။ သခင္ေလးရဲ႕ေခါင္းစေျခဆုံးက ကြၽန္ေတာ္မက္ေမာတာေတြပဲ။*
"သခင္ေလးေပးနိုင္တာကိုပဲ ေတာင္းမွာပါ။"
"ေျပာၾကည့္ေလ။"
"သခင္ေလးရဲ႕ပါးကိုနမ္းခြင့္ျပဳ...."
"ျဖန္း...."
စကားမဆုံးခင္ရိေပၚရဲ႕ပါးေပၚ ရိုက္ခ်က္က်လာတယ္။
"အတင့္ရဲေနပါလား။ မင္းရဲ႕ဆႏၵကိုျပန္ျပင္လိုက္စမ္း။ ငါကမင္း မရွိရင္မျဖစ္ဘူးထင္လို႔လား။ "
"သခင္ေလးေတာင္းပန္ပါတယ္။"
ရိေပၚခ်က္ခ်င္းဒူးကိုေထာက္ခ်လိဳက္တယ္။
"ငါမင္းကို အေရာဝင္တာနဲ႕ မင္းကငါ့အေပၚကေရာင့္တတ္လို႔ရမယ္ထင္ေနတာလား။"
"ကြၽန္ေတာ္မွားသြားတယ္။ ကြၽန္ေတာ္ အထင္မွားသြားတယ္။"
"ဘာ....ဘယ္အရာလဲ ဘယ္အရာကမင္းကိုအထင္မွားေစတာလဲ။"
"ခု ခုနကေရထဲမွာ သခင္ေလး..."
"ေဟ့ေကာင္ ငါေယာက္်ားကြ။ ငါ့ပစၥည္းကဘယ္အေျခေနမဆို ရွိခ်င္တဲ့အေျခေနရွိမယ္။ ဘာလဲ မင္းေၾကာင့္လို႔ထင္ေနတာလား။ ႐ြံစရာေကာင္းလိုက္တာ။ ငါမင္းမ်က္ႏွာကိုမျမင္ခ်င္ဘူး။"
ေရွာင္းက်န႔္ ျပန္သြားၿပီးအိမ္ထဲဝင္ေနတယ္။ စိတ္တိုလြန္းလို႔ ထုေထာင္းပစ္လိုက္ခ်င္တယ္။ အရင္ထဲကညစ္ပတ္တဲ့အေတြးရွိေနတာပဲ။ သူေတြးတာမမွားဘူး။ မုန္းလိုက္တာ သူ႕ကိုက်ားေခ်ာင္းေခ်ာင္းေနတယ္။
ေရွာင္းက်န႔္စိတ္စိုးလို႔ ရိေပၚလည္းမဝင္ရဲပဲအျပင္မွာ ဝက္ဝံအေရခြံႀကီးၿခဳံၿပီးထိုင္ေနတယ္။ မိုးခ်ဳပ္တဲ့အထိဝင္မလာတာေၾကာင့္ ေရွာင္းက်န႔္အျပင္လိုက္ထြက္လာခဲ့တယ္။
"ရိေပၚ...."
"အင္း....ဟင္း....ခ်မ္းတယ္။"
"ဟင္! အဖ်ားေတြတတ္ေနပါလား။ မဟုတ္တာလုပ္တဲ့ေကာင္ ခ်က္ခ်င္းဘုရားကရိုက္တာပဲ။"
ေရွာင္းက်န႔္ရိေပၚကို အိမ္ထဲသို႔တြဲေခၚၿပီး ကြပ္ပ်စ္ေပၚအိပ္ေစလိုက္တယ္။ လိုအပ္ရင္သုံးဖို႔ ေဆးျမစ္ေျခာက္ေတြ ရွိတာမို႔ေဆးကိုက်ိဳလိုက္တယ္။ ေရေျပးခပ္လိုက္ မီးေမႊးလိုက္ေဆးႀကိဳလိုက္နဲ႕ ေရွာင္းက်န႔္ ေအးတာေတာင္သတိမရပဲ ေခြၽးထြက္လာတယ္။ ညေတြဆို ရိေပၚမေအးတာ ဒါေၾကာင့္ျဖစ္မယ္။သူ႕ကိုတစ္ခ်ိန္လုံးျပဳစုေနရလို႔။
"ငါမင္းကိုတစ္ခါခြင့္လႊတ္ေပးလိုက္မယ္။ ေနာက္တစ္ခါ ထပ္မေျပာမိေစနဲ႕..."
"ဟင္း.....သခင္ေလး သခင္ေလး ကြၽန္ေတာ္လုပ္ေပးမယ္။ သခင္ေလး။"
အိပ္ေနရင္းနဲ႕ေတာင္ေယာင္ေနသူကိုေရွာင္းက်န႔္က႐ုဏာသက္သြားမိတယ္။ သူေသခ်ာေလးေဆးတိုက္ၿပီးေတာ့ ရိေပၚျပန္အိပ္ေပ်ာ္သြားတယ္။ သူလည္းေအာက္မွာအိပ္ဖို႔ အဆင္မေျပေတာ့ ရိေပၚေဘးနားေလးကပ္အိပ္လိုက္တယ္။ ေႏြးတယ္။ ႏွစ္ေယာက္အိပ္ရတာ တစ္ေယာက္တည္းအိပ္ရတာထက္စာရင္ ေႏြးၿပီးသက္ေတာင့္သက္သာ ျဖစ္တယ္။