အချစ်ရဲ့ အလိုအတိုင်း

By Silas3110

10K 298 2

ချစ်မိသွားတဲ့အခါ အရာအားလုံး အလိုအလျောက် ဖြစ်တည်လာတတ်တယ် ချစ်ရသူကို ပျော်ရွှင်မှု စိတ်ကျေနပ်မှု ကြည်လင်အေးမြမှ... More

part-1
Part-2
Part-3
Part-4!!!
Part-5!!!
Part-6
Part-7
Part-8
Part-9

Part-10 Final

1.5K 40 0
By Silas3110

အသက်ကြီးလာတော့ မောင့်စိတ်ကူးလေးထဲကအတိုင်း နယ်မြို့လေးမှာ ကော်ဖီဆိုင်လေးဖွင့်ဖြစ်သည်။ မောင်စာအုပ်တွေကတော့ ဆိုင်ကို လူငယ်တွေလာဖို့ စွဲဆောင်ချက် တစ်ခုဖြစ်ခဲ့သည်။သားလေးက တက္ကသိုလ် တက်ဖို့ မန္တလေးမှာပဲ မောင့်မိဘတွေနဲ့ဆက်နေသည်။

နယ်မြို့လေးက ဆောင်းတွင်းဆို ရေခဲသည်အထိ အေးတတ်သည်။ ရှမ်းအစားအစာကြိုက်တတ်သည့်မောင့်အတွက် ဒီမြို့လေးက နိဗ္ဗာန်ဘုံတစ်ခုအလား....

"မ"

"ညနေ ကန်ဘောင်လမ်းလျှောက်ထွက်ရင်း မောင်တို့ ညဈေးမှာပဲ တစ်ခုခု စားလိုက်ကြစို့နော့"

"ဟုတ်ပြီရှင်"

အခုလို ရာသီဥတုအေးလာပြီဆို ညနေစာ သိပ်မချက်စားဖြစ်ဘူး။ ညဈေးမှာ ပူပူနွေးနွေးစားလို့ရတဲ့ တစ်မျိုးမျိုးကိုပဲ အလျဉ်းသင့်သလိုစားဖြစ်ကြသည်။တစ်ယောက်အင်္ကျီအိတ်ကပ်ထဲ တစ်ယောက်လက်ထည့်ရင်း အနွေးဓာတ်ဖလှယ်ကြသည်။ထုံးစံအတိုင်း အိပ်ရာဝင်ခါနီးတိုင်း မ ကိုကျွန်တော် စာဖတ်ပြဖြစ်ပါသေးသည်။

တစ်ယောက်ဘဝထဲ တစ်ယောက်ခိုဝင်စ ကာလလေးအတိုင်း ဘဝကိုဖြတ်သန်းဖြစ်ပါသည်။ ကျွန်တော်ချစ်ရတဲ့ ကြည်ပြာရောင်တိမ်တိုက်လေးတစ်ခုကို ကျွန်တော့်ကောင်းကင်ထဲ အမြဲခေါ်ထားရသည်မှာ ကျွန်တော်လိုချင်ခဲ့သောဘဝတစ်ခုဖြစ်ခဲ့ရပါသည်။

------

"Happy Birthday မ"

"ရော့ ဒါက မောင်ပေးတဲ့မွေးနေ့လက်ဆောင်"

အသက်တွေကြီးတဲ့အထိ မောင်မပျက်ကွက်ခဲ့သော တာဝန်တစ်ခုဟာ ကျွန်‌မအတွက် စာလေး ကဗျာလေး ရေးပေးတတ်တာပါပဲ။

အခုဆို မောင်ပေးတဲ့ ၁၀ကြိမ်မြောက်သော လက်ဆောင်လေးလက်ခံရရှိခဲ့သည်။ 

"ချမ်းသာကြီးဘုရားပဲ သွားမှာမလား မ"

"ဟုတ်တယ် မောင် ချမ်းသာကြီးမှာပဲ ရွှေဆိုင်းကပ်ပြီး အပြန်ဈေးဝင်ကြတာပေါ့"

"မောင်အတွက် ဟင်းချက်ပေးမည်လေ"

ပုံမှန် ကျွန်တော်ကပဲ ထမင်းဟင်း ချက်ကျွေးတတ်ပေမယ့် သူမ မွေးနေ့ရောက်တိုင်းတော့ ကျွန်တော်ကြိုက်တတ်တဲ့ဟင်းကို သူမ ကိုယ်တိုင်ချက်ကျွေးတတ်သည်။

-----

"မောင်"

"ဆိုင်အတွက် ဝန်ထမ်းငှားလိုက်ပါလားဟင်"

ဝါသနာအရဖွင့်ထားသည်မို့ ဆိုင်က သေးသေးလေးပါ။အလုပ်လည်းသိပ်မများပေမယ့် ကောင်မလေးတွေ ဓာတ်ပုံလာရိုက်တတ်တာများသည်။မောင်က ၃၀စွန်းစွန်း အသက်ရသည့်တိုင် ချစ်ဖို့ကောင်းနေမြဲဖြစ်နေလို့ မောင့်ကို လာကြည့်တတ်တဲ့ မျက်ဝန်းတွေကို ကျွန်မအူတိုနေမိသည်။

"မ ကလည်း မောင်နဲ့မ စိတ်ပြေလက်ပျောက်အပျင်းပြေအောင် ဖွင့်ထားကြတာမဟုတ်လား"

"ဝန်းထမ်းငှားပြီး သူတို့ပဲ အလုပ်လုပ်နေရင် မောင်တို့စိတ်ကူးထဲကအတိုင်းမနေရတော့ဘူးပေါ့"

"အိုရ်...ဒဲ့ပဲပြောမယ်ရှင် ကျွန်မ ရှင့်ကိုဆိုင်မှာ ပြထားရတာ စိတ်မချဘူး"

"ဟားဟား... မောင့်ဘဝမှာ မ တစ်ယောက်သာ ပြီးပြည့်စုံခြင်းပါနော် ရွေးစရာတွေရှိလာရင်တောင် မောင်အကြိမ်ကြိမ်ရွေးမိတဲ့လူက မ ပဲဖြစ်လိမ့်မယ်"

ဒီလိုဆိုတော့လည်း ကျေနပ်မိသားလေနော်။ကျွန်မကိုယ်တိုင် ဒီအဖြေကြားချင်ခဲ့တာပဲမဟုတ်လား။အချိန်ဘယ်လောက်ကြာကြာမောင်က ကျွန်မစိတ်အစဉ်ကို စိုးမိုးနိုင်ဆုံးလူတစ်ယောက်ဖြစ်နေဆဲပါပဲ။

"မောင်"

"ကျွန်မတော့ သိပ်ချစ်မိနေပြန်တယ်"

"ဟောဗျာ ဘာတွေတွေးနေမိတာလဲ‌နော် မောင်ကလည်း သိပ်ချစ်ခဲ့ရပြီး အခုလည်းချစ်နေဆဲ သံသရာအဆုံးထိလည်း ချစ်နေမှာပါနော်"

"မောင်တို့ သားဆီသွားလည်ကြမလား? မေမေတို့နဲ့လည်း မတွေ့ဖြစ်တာကြာပြီဆိုတော့လေ"

"ကောင်းသားပဲ မောင် အခုတလော ကျွန်မစိတ်တွေလေနေသလိုရှိတော့ ခရီးထွက်ကြတာပေါ့"

-------

သားက ကျောင်းတက်နေရင်း ကျွန်မအလုပ်တွေကူပေးသည်။ငယ်ပေမယ့် စီးပွားရေးစိတ်ဝင်စားတဲ့သားကို ပိုင်ဆိုင်ခဲ့တော့ company နဲ့ပတ်သက်သမျှ ကျွန်မအေးဆေးနေနိုင်သည်။ ဦးလေးက သားကိုသင်ပေးတော့ လူငယ်ပီပီ အတတ်မြန်သည်။

မန္တလေးရောက်ကတည်းက သားနဲ့မောင်က ပြောစရာတွေမနိုင်မနင်းထမ်းထရသလို စကားကို အစပ်မပြတ်ပြောနေသည်။ကျွန်မကတော့ မောင့်မေမေနဲ့ ဟင်းအတူကူချက်ပေူသည်။မောင့်ဖေဖေကတော့ သူ့ခြံဝိုင်းလေးထဲက အပင်လေးတွေကို ရေလောင်းပေါင်းသင်လုပ်ပေးနေသည်။

"ဒယ်ဒီ...ဒယ်ဒီအတွက် မာမီက ဘယ်လိုဖြစ်တည်မှုမျိုးလဲဟင်"

"အွန်း ဟိုသီချင်းလေးလိုပေါ့ နေ့ဘက်မှာဆို နေ ညဘက်မှာဆို လမင်းပေါ့ အဲ့လိုမျိုးဖြစ်မယ်"

"လကွယ်ညတွေဆိုရင်ရော...မောင်"

"ကြယ်တာရာလေးတစ်လုံးဖြစ်မှာပေါ့ မ ရယ်"

"သားအဖတွေ ဘာများတိုင်ပင်နေကြတာလဲလို့"

"ဒါနဲ့ သားမှာရော ချစ်သူရှိပြီလား"

"သားချစ်တဲ့လူကို ဘယ်လိုလူမျိုးဖြစ်နေပါစေ လက်ခံပေးမှာမို့ မာမီတို့ကိုတော့ သတိပေးရမယ်နော်"

"ဟုတ်ကဲ့ပါ မာမီ သား ချစ်သူရှာတွေ့တဲ့အခါ မာမီတို့ အရင်ဆုံးသိရမှာပါနော်"

"ကလေးငယ်...ခြံထဲက ဖိုးဖိုးကို သွားခေါ်ချေ ထမင်းစားရအောင်!"

"ဟုတ်ကဲ့ ဖွားဖွား"

ဒီလောက်ဆို ဘဝရဲ့ပြည့်စုံခြင်းကို ကျွန်တော်တို့ ရှာတွေ့ခဲ့ကြပြီ ထင်ပါရဲ့။ဒီမေတ္တာရပ်ဝန်းလေးကို ဘဝရဲ့ နောက်ဆုံးအချိန်ထိ ခေါ်ဆောင်သွားဖို့က ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံးရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါသည်။

ထမင်းစားပြီးသွားတော့....

"သမီးတို့ ဘယ်လောက်ကြာကြာနေမယ်လို့စိတ်ကူးထားလဲကွဲ့"

"တစ်ပတ် ဆယ်ရက် ကျွန်တော့်အမျိုးသမီးလေး စိတ်ပျော်သလောက်ပေါ့ ဖေဖေ"

"ဟားဟား ဒါဆိုလည်း ပြန်ပြောင်းလာကြပေါ့ ဖေဖေတို့လည်းအသက်ကြီးပြီဆိုတော့ သားတွေသမီးတွေကို အလာမျှော်ရတာမောတာပေါ့"

"သမီးတို့ တလတစ်ခါတော့ ပုံမှန်လာပါ့မယ်ဖေဖေ။မောင့်စီးပွားရေးကလည်းရှိသေးတော့ ‌ပြန်ပြောင်းဖို့က....."

"ဒီလိုလုပ်လေ နွေရာသီကျ မေတို့က ကျွန်တော်တို့ဆီလာနေ ဆောင်းရာသီကျ ကျွန်တော်တို့က မေတို့ဆီ လာနေမှာပေါ့"

"အတတ်ကလေး"

ကျွန်မဖြေရခက်နေသည့်စကားကို မောင်ကအဲ့လို ကြားဝင်ဖြေပေးတတ်သည်။အခုလည်း အူးယားဖို့ကောင်းအောင် ပြန်ဖြေနေပေမယ့် မေမေတို့ရှေ့မို့ ထနမ်းချင်စိတ်ကို သည်းခံနေရသည်။

"ကဲပါ ဒါဆိုလည်း ရောက်တုန်း အေးဆေးနားကြ လည်စရာရှိတာတွေ တရက်ချင်း‌ဖြည်းဖြည်းလည်ကြပေါ့"

"ဟုတ်ကဲ့မေမေ/ဖွားဖွား"

ကျွန်တော်တို့ သားမိသားဖသုံးယောက် ပြိုင်တူဖြေလိုက်ကြသည်။ညဘက်ရောက်တော့...

"မောင်"

"ကျွန်မတို့လည်း အသက်ကြီးလာတဲ့အခါ သားကိုမျှော်ပြီး အထီးကျန်ရမှာထင်တယ်နော်"

"မောင်ရှိနေမှာလေ...မအတွက် အမြဲထာဝရမောင်ရှိနေမှာပေါ့...လုံလောက်ရဲ့မဟုတ်လား"

"ဒါပေါ့...မောင်သာ အနားမှာရှိနေပေးရင်အထီးကျန်ခြင်းတွေလည်း ကျွန်မထံ သက်ရောက်နိုင်မှာမဟုတ်ဘူး"

-----

နောက်တစ်နေ့မနက် မိသားစုလိုက် မဟာမြတ်မုနိဘုရားသွားကြသည်။ကျွန်မနဲ့ မောင့်မေမေက မြန်မာဝတ်စုံဝမ်းဆက်ကလေး ဝတ်ကြသည်။ မောင်တို့သားအဖ မြေးဖိုး သုံးယောက်ကလည်း shirt အဖြူနဲ့ ပုဆိုး ဝတ်ကြသည်။ သုံးယောက်ထဲမှာတော့ မောင်က အသေးဆုံးဖြစ်သည်။ ပုဆိုးဝတ်လေ့မရှိတဲ့မောင့်ပုံစံ က အမြင်ဆန်းနေသလို အူယားစွာချစ်ဖို့ကောင်းနေပြန်သည်။ 

သားအရွယ်ရောက်လာတော့ အရပ်ကြီးရှည်လာတာ မောင့်ဖေဖေထပ်တောင် အနည်းငယ်ပိုရှည်နေသည်။gym တွေဘာတွေလည်းဆော့ပုံပေါ်သည့်သားခန္ဓာကိုယ်‌က တောင့်တောင့်ဖြောင့်ဖြောင့်‌ရှိသည်။

"မာမီ....ရောက်တုန်း company အ‌ခြေအနေလေးဝင်ကြည့်သွားပါဦးလား"

"အွန်း နောက်နေ့ မင်းဒယ်ဒီကို ခေါ်ပြီး ခဏဝင်ခဲ့မယ်လေ"

"ဟုတ်ကဲ့ မာမီ"

သားက ရုံးသွားရင်း သူ့အဖိုးအဖွားကို ပြန်‌ပို့လိုက်မည်ဆို၍ မောင်နဲ့ ကျွန်မကားတစ်စီး နဲ့ ကျုံးဘေး ထွက်လာကြသည်။

"ကားကို ဒီနားတင် ရပ်လိုက်တော့တယ် မောင်တို့ လမ်းဆင်းလျှောက်ရအောင်"

"ဟုတ်ပြီရှင်"

မောင့်လက်ဖဝါးနဲ့ ကျွန်မလက်ဖဝါး‌‌ေလးယှက်၍ ကျုံးဘေး လမ်းလျှောက်ကြသည်။ ‌ညောင်းလာပြီဆို  စုံတွဲခုံလေးတွေမှာ ဝင်ထိုင်ပစ်လိုက်ကြတာပဲ။

နောက်ပြီး ‌ဈေးချိုထဲ သွားကြတယ်။မောင်ကပြောဖူးတယ် မန္တလေးက အစားအသောက် နိဗ္ဗာန်ပဲတဲ့။ဈေးချိုထဲ မုန့်တွေပတ်စားကြတယ်။ဗိုက်တင်းသွားပေမယ့် စားချင်တာတွေရှိသေးလို့ ပါဆယ်ထုတ်ပြီး ပြန်ခဲ့ရတယ်။

------

"မောင်ရေ...အဝတ်ထုတ်ထားပြီနော်... company လိုက်သွားကြမှာဆိုတော့ ကျွန်မရွေးပေးထားတာပဲ ဂျစ်မတိုက်ပဲဝတ်လိုက်နော့်"

"ဟုတ်ကဲ့ပါခဗျာ"

သူမရွေးပေးတဲ့ အဝတ်ဆို ဘယ်တုန်းကမှ တချက်မညင်းခဲ့ဖူးပေမယ့် အခုလို ကလေးတစ်ယောက်လို ဂျစ်မတိုက်နဲ့လို့ မှာရင်လည်း ဟုတ်ကဲ့လို့ ပြန်‌ဖြေပေးရတာပဲ။ချစ်ရသူမဟုတ်လား စိတ်ချမ်းသာစေမယ့်စကားရွေးပြောပေးတာက ချစ်ခြင်းသင်္ကေတ တစ်ခု ဖြစ်ပါလိမ့်မယ်။

"သွားကြမယ်မောင်"

"ဟုတ်ကဲ့"

Company ထဲဝင်တော့လည်း လက်ကိုတွဲထားသေးသည်။ သူမပိုင်ဆိုင်မှုဟာ ကျွန်တော်ဖြစ်သလို ကျွန်တော့်ပိုင်ဆိုင်မှုဟာလည်း သူမ ပါပဲ။

ဒေါက် ဒေါက်....

"ဧည့်သည်တွေရောက်နေတယ်...အန်ကယ်လ်"

"အေ... အထဲဝင်ခိုင်းလိုက်လေ ပြီးတော့ သောက်စရာ တခုခု ယူခဲ့ပေး"

"ဟုတ်ကဲ့ အန်ကယ်လ်"

........

"ထိုင်ကြဦး သမီးတို့ ... ဘယ်လိုလဲ နယ်မြို့လေးမှာ ပြောင်းနေတော့ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ဦး သမီးတို့ အဆင်ပြေပါတယ်။ ဦးရော နေကောင်းရဲ့လားရှင့်"

"ကောင်းပါ့ဗျာ ... သားလေးကလည်း အလုပ်တော်တော် ကျွမ်းနေပြီဆိုတော့ ဦး အကူအညီ သိပ်ပေးစရာမလိုတော့ပါဘူး တော်တ်ောများများ လက်လွှတ်လို့ ရနေပြီ"

"သားကို ဦးလက်ထဲအပ်ပါတယ်ဗျာ စောင့်ရှောက်ပေးပါဦး ငယ်သေးတော့ တချို့အရာတွေ ‌ဆုံးဖြတ်ချက်မှားမှာစိုးလို့ပါ"

"လူငယ်တွေဆိုတာ အမှားအမှန်ပိုခွဲတတ်ကြတယ်ကွဲ့  ခေတ်ပညာတတ်တွေဖြစ်နေတော့ တချို့အရာတွေဆို ဦးကတောင် အကြံပြန်တောင်းနေရတယ်"

ဟားဟား....

ရုံးခန်းထဲ အသံလွင်သွားအောင် ရယ်မိကြသည်။ သားကိုလည်း စိတ်ချရတာ သေချာသွားပြီလေ။

"ဒါဆို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်ခဗျ"

"ဟေ...သားကိုဝင်မတွေ့တော့ဘူးလား"

"အိမ်ရောက်မှ တွေ့ပြီးစကားအေးဆေးပြောလိုက်ပါ့မယ်ခဗျ"

"ကောင်းပြီ ဦး တူမလေးကိုလည်း မင်းလက်ထဲ အပ်ထားတာဆိုတော့ ဂရုစိုက်ပေးပါဦးနော့်"

"ဟုတ်ကဲ့ ကျွန်တော် တန်ဖိုးထားစောင့်ရှောက်ပါ့မယ်ခဗျ"

ကျွန်မကို တူမအရင်းလို စိတ်ပူပေးတတ်သည်။Daddyရော Mommy ရော နှစ်ယောက်စလုံးရဲ့ ငယ်သူငယ်ချင်းဖြစ်ခဲ့သည့် ဦးက မိဘတွေမရှိတော့တဲ့နောက်ပိုင်း ကျွန်မအတွက် လုပ်ငန်းကိုရော မိဘနေရာကရော စောင့်ရှောက်ပေးသည်။ အခုလည်း ကျွန်မကို ဂရုစိုက်ဖို့ ချစ်ပေးဖို့ မောင့်ကို မှာနေပြန်သည်။

"*သူရိန်နဲ့ မြ ရေ* မင်းတို့ ငါ့အပေါ်ကောင်းခဲ့တာတွေ ကျေးဇူးရှိခဲ့ဖူးတာတွေကို ငါက မင်းတို့အပေါ် မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် အမြဲ နောင်တရနေခဲ့တာ။ အခုလို မင်းတို့ သမီးလေးကို ကြည့်ရှုပေးဖို့ ကံကြမ္မာစီမံခဲ့တော့ ငါတတ်စွမ်းသလောက်ထိ ကာကွယ်ပေးချင်မိပါတယ်။ ကာကွယ်ပေးနိုင်အောင်လည်း မင်းတို့ကျေးဇူးနဲ့ ဒီနေရာထိ ရပ်တည်ခဲ့ရတယ် အမြဲအမှတ်ရနေမှာပါ"

ဒီစကားတွေကိုတော့ အန်ကယ်လ် ဦးနေထွန်း တစ်ယောက်တည်း ပြောနေခြင်းပဲဖြစ်ပါသည်။တစ်နည်းအားဖြင့် ငယ်သူငယ်ချင်းများကို သတိရမိတိုင်း သမီးငယ်လေးကို တွေ့တိုင်း သူ‌တစ်ယောက်ထဲ ရေရွတ်မိတတ်သည့် စကားပင် ဖြစ်သည်။

-----

"သားကိုလည်း စိတ်ချရပြီ ကျွန်တော့်အမျိုးသမီးကလည်း လုပ်စရာရှိတာတွေ ပြီးပြီဆိုတော့ ကျွန်တော်တို့ သဘက်ခါလောက် ပြန်ဖို့ စဉ်းစားထားတယ် ဖေဖေ"

"အေးပါ မကြာမကြာလာပေါ့ မင်းမေမေ လွမ်းနေလိမ့်မယ်"

"ဟုတ်ကဲ့ တလတခါ လာနိုင်အောင် ကြိုးစားပါ့မယ် မေမေ"

"အိုကွယ် ရှင်လည်း ရှင့်ကလေးကို လွမ်းတာပဲမဟုတ်လား ကျွန်မ တစ်ယောက်ထဲ နာမည်တပ်ရသလား"

"ကဲပါ ကျွန်တော်က အဖေနဲ့အမေ နှစ်ယောက်လုံးကို ချစ်ပါတယ် လွမ်းလည်းလွမ်းတယ် လာလည်းတွေ့ပါ့မယ်"

"ကတိတည်ပါစေနော်....ကလေးငယ်"

"ဟုတ်ကဲ့မေမေ"

သားမိသားအဖတွေ စကားပြောပြီး အခန်းထဲ ဝင်လာတော့ မ ကအိပ်ပျော်နေပြီ။ သားကတော့ သူငယ်ချင်းတွေအိမ်မှာ မုန့်လုပ်စားကြမယ်ဆိုတော့ ဒီနေ့ပြန်မလာပါ။ စီးပွားရေးဘက်လည်း အလိုက်တသိလုပ်တတ်သလို သူငယ်ချင်းတွေနဲ့လည်း မိတ်ဆွေမပျက်ရှိတတ်သည့် သားကိုဘယ်စကားလုံးနဲ့မှ မချုပ်ချယ်ချင်ပါ။

ခွေခွေကလေး အိပ်ပျော်နေသည့် အမျိုးသမီးလေးကို ရင်ခွင်ထဲ အသာဆွဲထည့်ပြီး စောင်ပါးပါးလေး တစ်ထည် ခြုံလိုက်သည်။ company သွားလိုက် စာအုပ်ဆိုင်သွားလိုက် မေမေနဲ့ ဈေးလိုက်ကူလိုက်နဲ့ဆိုတော့ သူမ ပင်ပန်းနေလောက်မည်။ ဒါပေမယ့် တချက်မညည်းပါ... အဲ့လို ကျွန်တော့်ရပ်ဝန်းတွေထဲလည်း အလွယ်တကူပျော်ဝင်ပေးတတ်သည့် အမျိုးသမီးလေးကို ချစ်ခွင့်ရခြင်းက ဘဝတစ်ခုလုံးစာ ကံကောင်းမှုမျိုးပါ။

------

တစ်နေကုန် ဈေးဝယ်စရာရှိတာ ဝယ်သည်။မေမေကလည်း ဟိုရောက်ရင် အဆင်သင့်စားရအောင်ဆိုပြီး ဟင်းတွေကြော်ပေးသည်။ သားနဲ့စကားပြောလိုက် အဝတ်ထုတ်လေးပြင်လိုက်နဲ့ မ တစ်ယောက်အလုပ်ရှုပ်နေသည်။ကျွန်တော်ကတော့ ခြံထဲဆင်းပြီး ဖေဖေနဲ့ အပင်လေးတွေ ရေလောင်း ပေါင်းသင်ပေးနေသည်။

"ကလေးငယ်.... အိမ်ထောင်တစ်ခု ထူထောင်တော့ မလွယ်ဘူးမဟုတ်လား။ အထူးသဖြင့် မင်းတို့လို လူနည်းစုလက်ခံတဲ့ အိမ်ထောင်ရေးမျိုးက ပိုပြီး သတိထားတည်ဆောက်ရမှာပေါ့"

"ဟုတ်တယ် ဖေဖေ ကိုယ့်အလျော့ပေးလိုက် သူအလျော့ပေးလိုက်နဲ့ ဒီလိုပဲ တည်ဆောက်ရ‌တာပေါ့ ဒါပေမယ့် ကျွန်တော်တို့က ချစ်ခြင်းမေတ္တာသက်ဝင်ယုံကြည်သူတွေဆိုတော့ ခဲခက်တယ်လို့ မမှတ်ယူပါဘူးဖေဖေ"

"အေးကွ...ဒါမှ ဖေဖေ့ အမွေရတယ်ခေါ်တာ ဖေဖေဆို မင်းမေမေတစ်ခွန်းပြောရင် တစ်ခွန်းပဲ"

" မင်းမေမေက ဘယ်လောက်ဆူနေဆူနေ ဘယ်လောက်စိတ်ဆိုးစိတ်ဆိုး *အေးပါ မိန်းမရယ် ‌ကိုယ်မှားပါတယ်*လို့ ဒီလို တစ်ခွန်းထဲ ပြောလွှတ်တာ မင်းမေမေဆို ပါးစပ်ကိုပိတ်သွားရော"

"ဪ...အဟုတ်မှတ်လို့"😒

"ဖေကြီးရေ... ကလေးကို မဟုတ်တာတွေ သင်ပေးမနေနဲ့ လာရေလေးဘာလေးသောက်ပြိး နားတော့"

"ကလေးငယ်လည်း ကိုယ့်မိန်းမကို ကူပေးလိုက်ဦးလေ ဟိုမှာ တစ်ယောက်ထဲ အထုပ်တွေနဲ့ဗျာများနေရတယ်"

"ဟုတ်ကဲ့"

ဖေဖေရော ကျွန်တော်ရော ပြိုင်တူဖြေမိသည်။အိမ်မှာ မေမေက အာဏာအရှိဆုံးဖြစ်ပါသည်။မေမေ စကားဆို ဟုတ်ကဲ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် တအိမ်လုံး နာခံတတ်ကြသည်။

------------

"ကျန်းမာရေးဂရုစိုက်ကြနော် မေနဲ့ဖေ"

"အေးပါ သမီးရယ်... မင်းတို့လည်း ဂရုစိုက်ကြဦး ရာသီဥတုက အေးတယ်မဟုတ်လား... ကလေးငယ်ကိုလည်း မလိမ္မာတာ ရှိရင် ဆုံးမ"

"ဒါပေါ့ မေမေရဲ့ ပြောစကားနားမထောင်ရင် လက်ပါသင့်ရင် ပါလို့ရတယ် မဟုတ်လား"

"အမလေး ချစ်လို့ယူထားပြီး စကားနားမထောင်ရင် ရိုက်ပစ်"

မေမေက သူကိုယ်တိုင်သာ လက်ဖျားနဲ့မထိဖူးပေမယ့် မိန်းမလက်ထဲကျ ရိုက်ပစ်ဆိုပြီး မှာနေသည်။ ဘယ်လောက်များ ချစ်စရာကောင်းပါပေ့။ ကြားထဲဖေဖေကပါ တိုးတိုးကပ်ပြောသေးသည်။

"မင်းက ငါ့ထပ်ရာထူးကြီးတာပဲကွ မယကကိုမှ ဥက္ကဌ"

"အဲ့တာ ဖေဖေသတ္တိမရှိခဲ့လို့လေ ဖေဖေ့သွေးအပြည့် ကျွန်တော့်ကိုယ်ထဲ စီးဝင်နေမှတော့ ဒီရာထူးရတာ မဆန်းပါဘူး"

မေမေနဲ့ သားနဲ့ မိန်းမနဲ့က တဖက် ဖေဖေနဲ့ ကျွန်တော်နဲ့က တဖက် စကားတပြောပြောနဲ့ မနက်စာထမင်းဝိုင်းလေးက ပြီးပြည့်စုံနေသည်။

"ကဲ ‌ဖြည်းဖြည်း ခရီးဆက်ကြ ရောက်ရင်လည်းဖုန်းဆက်ဖို့မမေ့နဲ့ဦး"

"ဟုတ်ကဲ့ မေမေ"

"သား... ဖိုးတို့ ဖွားတို့ကို ဂရုစိုက်နော် ဒယ်ဒီတို့ဆီလည်း အားရင်လာလည်ပေါ့ သူငယ်ချင်းတွေလည်း ခေါ်ခဲ့ ဒယ်ဒီတို့ စိတ်ချမယ်နော်"

"ဟုတ်ကဲ့ ဒယ်ဒီ"

"မာမီ တာ့တာနော် ချစ်တယ် မွ"

ဒီလိုနဲ့ ပျော်စရာမိသားစုလေးကို တစ်ခါပြန်ခွဲခဲ့ရပြီး ကျွန်တော်ရယ် ချစ်ရတဲ့ အမျိုးသမီးလေးရယ် နှစ်ယောက်တည်ဆောက်ထားတဲ့ ကမ္ဘာငယ်လေးဆီ ပြန်လာခဲ့ကြသည်။တစ်လမ်းလုံးလည်း သီချင်းတအေးအေးဖြင့် ခရီးဆက်ခဲ့သည်။ အချစ်စွမ်းအား သီချင်းလေး ရေဒီယိုက လွှင့်တော့ နှစ်ယောက်တူတူ လိုက်ညည်းမိသေးသည်။

*အေးစက်သွားတဲ့ ငါ့နှလုံးသား မင်းနဲ့တွေ့မှ နိုးလာတယ်

ကွဲအက်သွားတဲ့ အသည်းဒဏ်ရာ မင်းရဲ့ လက်နဲ့ပျောက်ကုန်ပြီ...

ဟောင်းနွမ်းခဲ့တဲ့ အိပ်မက်များ အေးစက်မည်းမှောင်ငါ့ညများ

အိပ်မက်သစ်တွေ မွေးဖွားလို့ ရင်ကိုနွေးထွေးသွား

အကြင်နာညများ လင်းလက်သွား...

သွေးကြောထဲမှာ လည်ပတ်နေ မင်းလေးပေးတဲ့ အားအင်တွေ

ကိုယ့်ဘဝရဲ့ အနက်အဓိပ္ပာယ်ဟာ မင်းတစ်ယောက်တည်းအတွက် ဖြစ်လာတယ်...

ဘဝရဲ့ ခရီးကို အတူလျှောက်မယ် ဆင်းရဲချမ်းသာ မျှဝေမယ် 

အားပေးနားလည်ချစ်သူရယ် သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်းနဲ့မခွဲတော့ဘူး...*

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြတော့ ပြုံးမိသေးသည်။ အိမ်ထောင်ရေးတစ်ခုမှာ ယောင်္ကျားလေးနဲ့ မိန်ကလေး ထူထောင်မှ မြဲတာ မဟုတ်ဘဲ အခုလို ချစ်ခြင်းမေတ္တာနဲ့ ချည်မိတဲ့ အိမ်ထောင်ရေးတိုင်းမြဲတယ်ဆိုတာပါပဲ။

ချစ်မိတဲ့အခါ အလျော့ပေးချင်လာမယ်...

ချစ်မိတဲ့အခါ ချစ်ရသူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်မယ်...

ချစ်မိတဲ့အခါ ချစ်ရသူရဲ့ ကောင်းခြင်းဆိုးခြင်းအားလုံး လက်ခံပေးတတ်လာမယ်...

အဓိကက ချစ်မိတဲ့အခါ အားလုံးက အချစ်ရဲ့ အလို ကျဖြစ်ခဲ့ကြတာပါပဲ။....

*ပြီးပါပြီ*...♥️♥️♥️

#စိတ်ကူးတည့်ရာ ဖွင့်လှစ်မိတဲ့ အခန်းငယ် တစ်ခန်းပါ ပြတင်းတံခါးတစ်ချပ်ပါ စိတ်ကူးယဉ်သပ်သပ် ဖြစ်ပါ၍ သဘောထားကွဲလွဲမှုများ အကြောင်းတိုက်ဆိုင်မှုများ ရှိခဲ့ပါက သာသာ၏ အမှားသာ ဖြစ်ပါသောကြောင့် ချစ်သော နှလုံးသားဖြင့်သာ ဖတ်ပါ ချစ်သော စိတ်ဖြင့် ခွင့်လွှတ်ပါ....
ကြိုးစားပါဦးမည်

Continue Reading

You'll Also Like

1.5K 111 9
-Mature content-Alternative timeline- Raine Cordero is the sunshine to Bucky Barnes' grumpy stormcloud. That is, until his anger and trauma that she'...
396 149 6
Hi. Hope ya'll like my short stories^^ ⚠Warning ⚠ There are some grammatical errors and wrong grammars you've may encounter on this story. Sorry for...
1.3M 32.6K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.7K 234 13
မျှော်လင့်ခြင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲနွယ်... ကိုယ်ကတော့ ဘာကိုမှ‌မမျှော်လင့်ချင်တော့ဘူး... ပင်ပန်းနေပြီ...