Lotteria မှာနေ့လည်စာစားပြီး အထွက်
"ဟယ် ဝါ...ဝါဟုတ်တယ်မလားဟင်"
"ဟင်...သူဇာ နင် ဘယ်တွေပျောက်"
"အမလေး ပြောင်းပြန်ပါအေ တက္ကသိုလ်ပြီးကတည်းက ညည်းက ကျွန်မတို့ကို အဆက်သွယ်ဖြတ်ပြီး ပြောင်းပြေးတာလေ"
"မစွပ်စွဲစမ်းနဲ့အေ... Daddy တို့ပြောင်းလို့ လိုက်လာရတာပေါ့ နင်တို့မသိတဲ့ ခြေနေတွေ အလှည့်အပြောင်းတွေ ကျွန်မ အများကြီး ကြုံခဲ့ရတာလေ"
"ကဲပါ လျှောက်လမ်းမှာချည်းရောက်နေတယ် တဆိုင်ဆိုင်ထိုင်ပြီး အေးဆေးစကားပြောကြပေါ့"
"ဟဲ့ သူတို့နှစ်ယောက်က နင့်သားတွေလား""နင် ယောင်္ကျားယူလိုက်တယ်လို့ မကြားမိပါဘူး"
"အလိုတော်..."
ကော်ဖီဆိုင်လေးတစ်ဆိုင် ဝင်ထိုင်ပြီး မောင်နဲ့သားလေးကို မိတ်ဆက်ပေးရသည်။ထင်လဲ ထင်ချင်စရာပါ မနက်က မောင်ပေါ့ပေါ့ပါးပါးဖြစ်အောင်ဆိုပြိး ဘောင်းဘီအတိုလေးတစ်ထည်နဲ့ t shirt လေးတွဲဝတ်ပေးမိသည်။ ခန္ဓာကိုယ်ခပ်သေးသေးဆိုတော့ သားနဲ့ အနည်းငယ်သာ ကွာသလိုလိုဖြစ်နေသည်။
"ယောင်္ကျားယူလိုက်တယ်လို့ ဘယ်ကြားမလဲ ငါက မိန်းမယူလိုက်တာလေ"
"အိုးမိုင်ဂုတ်! ငါနားကြားမှားတာတော့ မဟုတ်ဘူးမလား"
"နင်ကြားတဲ့အတိုင်းပဲ ဒီဘက်က ငါ့ရဲ့ အိမ်ထောင်ဦးစီး *တုနှိုင်းခန့်*တဲ့ ဟိုဘက်ကတော့ ငါတို့နှစ်ယောက်ရဲ့တစ်ဦးတည်းသော သား *ခန့်ထည်ဝါ*တဲ့"
"ဝက်ဒယ်ဟဲ လက်တွေ့မြင်ရလို့သာ ယုံရတယ်။နင့်လို straight စစ်စစ်ကလေ..."
"ဟဲ့ နင်မုန့်ပေးပြီးကြိုက်တာလား ဒါမှမဟုတ် ကားတင်ပြေးတာလား"
"ကော်ဖီနဲ့ကောက်မပက်ခင် နင့်စွပ်စွဲချက်တွေပြင်လိုက်တော့"
"*ပိတောက်ဝါ* ပီသပါပေတယ်အေ... မထင်ထားတာတွေချည်း လုပ်ချပစ် သိလား"
ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး မောင်ကြိတ်ပြုံးနေကို ကျွန်မ လှစ်ခနဲ မြင်လိုက်ပါသည်။ ဗိုက်ခေါက်လေးဆွဲပစ်လိုက်သည်။
"အာ့...ဘာလုပ်တာလဲလို့ နာတယ်လေ"
"ရှင်ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းအောင်နေလဲ အခုတော့ကြည့် ကျွန်မကို ကလေးနှစ်ယောက်အမေလို့ ထင်ကုန်ကြပြီ။"
"ဒါတော့ မောင့်ကုသိုလ်လေ" "ဟဲ ဟဲ"
"အာ့ နာတယ် လွတ်ပါတော့ ဗိုက်ခေါက်တွေပြတ်ပြီလားမသိ"
သွား ၃၂ချောင်းပေါ်အောင် ပြုံးနေတာတော့ ဘေးဝိုင်းက ကလေးမလေးက မောင့်ကိုပဲငေးနေသည်။ကျွန်မလဲ ပိုင်ဆိုင်ကြောင်းပြချင်တာနဲ့ မောင့်ဗိုက်ကို ရန်ရှာမိသည်။နာလို့အော်မှ လွှတ်ပေးပြီး မောင့်နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။
"ဟဲ့... နင့်သားနဲ့ ငါ့ကို အားနာပါဦး"
"အမလေးတော် သူတို့ကိုသူတို့ ပန်းခြံထဲ ရောက်နေတယ် ထင်နေကြလားမသိ"
"ဘာဖြစ်လဲ ကိုယ့်လင် ကိုယ်နမ်းတာ မင်း အားကျမနေနဲ့"
"ဖြစ်မှဖြစ်ရလေတော်"
"နင့်ဖုန်းနံပါတ်လေးပေးထားဦး အဆက်အသွယ်လုပ်ရအောင်"
"အွန်း 09********* missed call ပေးလိုက်"
"အိုခီ... မားသားကြီးကို ကြိုချိန်ရောက်နေလို့ သွားဦးမယ်"
"သားလေး တီတီ ပြန်တော့မယ်နော် ဟိုဘက်က သားကြီးရော ပြန်တော့မယ်ရှင့်"
"ပေါက်လွတ်ပဲစားမရယ် မြန်မြန် ကြွပါတော့"
ငယ်သူငယ်ချင်းမို့သာ သည်းခံနေရသည်။အကြောက တစက်ကလေးမှ မတည့်ပါ။
တစ်ခါမှ မမြင်ဖူးတဲ့ သူမရဲ့ ပေါ့ပါးငယ်ရွယ်မှုမျိုးပါ။ထပ်ပြီး မှတ်ထားရမယ့် ပုံရိပ်အသစ်တစ်ခုပေါ့...
-----
နောက်တစ်နေ့ မနက် သူမ မထခင် အရင်ထဖြစ်သည်။အဝတ်မြန်မြန်ထုတ်ပြီး ရေချိုးခန်းထဲ ယူသွားပြီး ရေပန်းနဲ့ တခါထဲရေချိုးလိုက်သည်။လက်လှမ်းမိသလောက် ကျောကို ဆပ်ပြာတိုက်လိုက်သည်။ရေပန်းနဲ့ဆပ်ပြာပြောင်အောင်ချိုးလိုက်ပြီး လက်တစ်ဖက်နဲ့ အဝတ်ရအောင် ဝတ်ပြီး ထွက်လာသည်။
"အမေ့!"
"သရဲမြင်မိလို့လားမောင်"
"မဟုတ် ..မဟုတ်ပါဘူး မ မနိုးသေးဘူးထင်လို့"
"ရှင့်လောက်တော့ အအိပ်မမက်ပါဘူးနော်"
" ဒါက ဘယ်လိုပုံစံဖြစ်နေတာလဲ အဝတ်အစားလဲ ဖရိုဖရဲနဲ့ ခေါင်းကလဲ ရေတွေကို ရွဲလို့"
"ဟို..ဟို ရေချိုးခေါင်းလျှော်ထားတာလေ ခေါင်းမသုတ်ရသေးလို့ပါ"
"ကဲ လာ လာ ကျွန်မကို ခေါင်းလေးတော့ သုတ်ခွင့်ပြု"
အမှန်ဆိုသူ အိပ်ရာထဲက ထသွားကတည်းက ကျွန်မ နိုးနေပါပြီ။သူ့လက်သူ့ခြေ မလုပ်ရပြန်ရင်လည်း ဒါလေးတောင် မလုပ်နိုင်ဘူးလားဆိုပြီး စိတ်အားငယ်နေမှာစိုးလို့ အိပ်ချင်ယောင်ဆောင်ပေးခဲ့သည်။ဒါကို သကောင့်ကလေးက အကြာကြီး ရေးချိုးနေလို့ တံခါးလာခေါက်ဖို့အရောက် သူလည်းအထွက်တွေ့ကြသည်။
"ဟို မောင်အဝတ်တော့ မလျှော်နိုင်သေးလို့ ဝတ်ပြီးသားတွေ လျှော်မယ့်ခြင်းထဲဘဲ ထည့်ခဲ့လိုက်တယ်နော်"
"အလို ရှင်မလျှော်နိုင်ရင် အဝတ်မဝတ်ဘဲ နေပေါ့ ဘယ်နှယ့် မိန်းမကို ခိုင်းစားနေရသလား"
ကျွန်မ တမင်စ လိုက်ခြင်းဖြစ်ပါသည်။ဒါကို မျက်ရည်တွေဝဲရင်းက
"မခိုင်းစားပါဘူး အဲ့လို ဖြစ်စေမိရင် မောင် မေမေတို့နဲ့ ခဏသွားနေလိုက်မယ်လေ ပတ်တီးဖြေပြီးမှ ပြန်လာခဲ့မယ်"
"ကိုယ့်အိမ်ထောင်ဦးစီးကိုတောင် မပြုစုနိုင်တဲ့လူကို ကျွန်မကို လူတွေထင်ကုန်မှာပေါ့"
"မောင် တောင်းပန်ပါတယ်... မောင်မြန်မြန်နေကောင်းအောင်ကြိုးစားပါ့မယ်"
မျက်ရည်တွေ ကျနေပြီ ကျွန်မ မစရက်တော့ပါ။
"အိုရ်... ငိုနေသလားမောင်/ မောင်ငိုနေခဲ့တာလား"
"မောင်က မ ကိုချစ်လို့ လက်ထပ်ခဲ့တာလေ အခုလိုတွေ ဒုက္ခတွင်းထဲ ဆွဲခေါ်ဖို့မှမဟုတ်တာ"
"ဘယ်သူပြောသလဲ ဒုက္ခတွင်းလို့ မောင်နဲ့သာဆိုရင် အဲ့ဒုက္ခတွင်း ဘယ်လောက်နက်နက် ကျွန်မ ခုန်ချမိမှာပါပဲ အခုကလည်း ကျွန်မ ရှင့်ပုံစံကို အူယားလို့ စနေတာပါ ဘယ်နှယ့် ကလေးလည်းမဟုတ် နှပ်ချေးထွက်အောင် ငိုစရာလား"
"မ နော်! ဘယ်မှာ နှပ်ချေးထွက်လို့လဲ"
ကြည့် မစ စချင်အောင် ဆွဲဆောင်နေသလိုပဲ မောင့်ပုံစံက ရဲနေတဲ့ နှာခေါင်းထိပ်လေးကို ဆွဲညစ်လိုက်သည်။ပြီးနောက် မောင့်နှုတ်ခမ်းလေးကိုပါ ဖိကပ်နမ်းပစ်လိုက်သည်။
ဒေါက်ဒေါက်...
"ဒယ်ဒီ!မာမီ! သားဗိုက်ဆာပြီ"
ပြောပြောဆိုဆို အခန်းထဲ ဝင်လာပြီး လာချွဲနေသည်။ဟုတ်ရဲ့ ချစ်ကြည်တူး တစ်တီတူးနေတာနဲ့ သားကို မေ့နေမိသည်။🤣
တစ်နေကုန် သားကိုအကြိုအပို့လိုက်ရအောင်လိုက်သည်။ မ ကားမောင်းနေသည်ကို ထိုင်ငေးရတာက ကျွန်တော့်အတွက် သိပ်ကိုအကျိုးရှိသည်။
ဒီလိုအဖိုးတန်လူသားလေးကို ပိုင်ဆိုင်ခွင့်ရတာဟာ ကျွန်တော့်ဘဝအတွက် ပြည့်စုံခြင်းကံကောင်းမှုလေးတစ်ခုပဲဖြစ်ပါသည်။
"မောင် ဘာဝယ်စရာရှိသေးလဲ"
"သားရော ဘာလိုချင်သေးလဲ"
"အိမ်မပြန်ခင် လိုတာဝယ်သွားကြမယ်လေ"
"မောင်တော့ ဘာမှမလိုတော့ဘူး"
"သား TV ကြည့်ရင်းစားဖို့ မုန့်ဝယ်ပေး မာမီ"
"Ok ဒါဆို ရှေ့နားက စတိုးဆိုင်မှာရပ်ပေးမယ် သားစားချင်တဲ့မုန့်ဝယ်လိုက်နော်"
"ဟုတ်ကဲ့မာမီ"
ညနေစာစားကြပြီးနောက် မိသားစုလိုက် TV ထိုင်ကြည့်နေမိသည်။ကျွန်တော့်ပုံစံက နဲနဲ ကို့ရို့ကားယားနိုင်နေသည်။အကြောင်းမှာ ညအိပ်ဝတ် အင်္ကျီနဲ့ အပြင်သွားတုန်းက ဝတ်ထားသည့် ဘောင်းဘီရှည်မှာ မနံမသင့်စွာ ဝတ်စားထားခြင်းကြောင့်ဖြစ်သည်။
ညဘက်ရောက်တော့ ကျွန်တော် ဒုက္ခရောက်သည်။ညအိပ်ဝတ်ပေါ့ပေါ့ပါးပါး ဝတ်တတ်သည့်ကျွန်ေတာ်က မနက်က ဝတ်မိသည့် အင်္ကျီက T shirt မှာ ချွတ်ရလွယ်ပေမယ့် ဘောင်းဘီရှည်ကို လျှာရှည်ပြီး ဝတ်လိုက်မိခြင်းက အခုမှ ဒုက္ခရောက်သည်။ ခြေသလုံးနားတင် တစ်နေသည်။ အနည်းငယ် ဝလာတာကြောင့်လည်းဖြစ်မည်။ ကြိုးစားချွတ်ပေမယ့် မရတာကြောင့် အဲ့ဘောင်းဘီပဲ ပြန်ဝတ်ထားလိုက်သည်။
သားက ကာတွန်းကားကြည့်ရင်း သန်းနေတာနဲ့ အိပ်ဖို့ ပြောပြီးသားအခန်းထဲ သွားသိပ်လိုက်သည်။ မောင့်ကိုလဲ အခန်းထဲ အိပ်နှင့်ဖို့ မှာလိုက်သည်။သားအိပ်ပျော်သွားမှ အခန်းထဲ ပြန်လာတော့
"မအိပ်သေးဘူးလား မောင်"
"မောင် အိပ်မပျော်လို့"
"အဝတ်တွေက ဘယ်လိုဖြစ်နေပြန်တာလဲမောင် သားရှေ့မို့ ဘာမှမပြောတာကို ဘယ်လိုတွေ ဝတ်ထားသလဲ မလိုက်မဖက်"
"ဟို... မောင်မလဲချင်တော့လို့ပါ"
"မနက်ဖန် ဆေးရုံသွားရမာ စိတ်ပူနေတာလားမောင်"
"နည်းနည်းတော့ စိတ်လှုပ်ရှားနေမိတယ်"
"အိပ်ပျော်အောင်အိပ်ရမယ်မောင် ကျန်းမာရေးထိခိုက်မယ်"
ဟုတ်လို့သာပြန်ဖြေလိုက်ရပေမယ့် အိပ်မရပါ။ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ သာဖြစ်နေသည်။ မနက်ဖန် ပတ်တီးဖြေရတော့မာ တမျိုး အဝတ်ကြောင့် စိတ်ကျဉ်းကျပ်နေသည်က တမျိုးဖြစ်နေသည်။
"သက်ပြင်းပဲ ချနေတော့မှာလားမောင် ကျွန်မ ရှင့်လေပူ ပြင်းပြင်းတွေကြောင့် အိပ်မရတော့ဘူး သိလား"
"ဟိုလေ မောင်အဝတ်လဲချင်တယ်"
"အွန်း" ပြောရင်း အဝတ်ဘီဒိုထဲက ညဝတ် ဘောင်းဘီတစ်ထည်ထုတ်ပေးလိုက်သည်။
"ရော့ ပေါ့ပေါ့ပါးပါးနေမှ အိပ်ပျော်တတ်တာကို ပဲများပြီး မလဲတာကိုး"
"မဟုတ်... ဟိုလေ ...ဟို"
"တဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ မောင် ဘာလိုချင်နေတာလဲ"
"မောင်ဝလာတာ ထင်တယ် အဲ့တာလေ ဘောင်းဘီက ခြေသလုံးမှာ တင်တစ်နေတယ် ချွတ်မရလို့ "
"ဟားဟား ဒါများ စောစောက ပြောရောပေါ့ ရှင်ရယ် အခုတော့ အိပ်ရေးတွေပျက်ရပြီ"
ရှက်နေလို့ ဘောင်းဘီကူချွတ်ပေးဖို့ မပြောမှန်းအခုမှသိရသည်။ အခုလည်း ခရမ်းချဉ်သီးလို ပါးတွေနီနေလို့ ပိုစချင်လာသဖြင့် ခါးရင်းကနေ မောင့်ဘောင်းဘီကို နှစ်ထည်လုံးပါလာအောင် တမင်ဆွဲချွတ်ပေးလိုက်သည်။ မျက်နှာ ဟိုဘက်လှည့်ထားတဲ့မောင်က အောက်ပိုင်းအေးစက်သွားမှုကို သတိထားမိသွားတော့ အနီလွန်ပြီး ပေါက်ကွဲတော့မယ့် မျက်နှာအပြင် နားရွက်တွေကပါ ရဲနေသည်။
အဲ့လို လက်ရဲဇက်ရဲလုပ်တတ်လွန်းလို့ အပိုမခိုင်းမိရဲခြင်းကို သိရက်နှင့် တမင်လုပ်မှန်း သိပါသည်။ မနက်ဖန်ဆိုရင် ကိုယ့်လက်ကိုယ့်ခြေလုပ်နိုင်ပြိဆိုတဲ့ စိတ်နဲ့ အားတင်းပြီး သူမ ထုတ်ပေးတဲ့ ဘောင်းဘီကိုပဲ အမြန်လျှိုဝတ်လိုက်သည်။*စိတ်လျော့ စိတ်လျော့*ကိုယ့်ကိုကိုယ် အားပေးရင်း အိပ်ရာဝင်ခဲ့တော့သည်။
------
ဒီနေ့ မောင်ဆေးရုံရက်ချိန်းရှိတော့ သားကို သင်တန်းပို့ပြီး ဆေးရုံသို့ ဦးတည်မောင်းနှင်လာခဲ့သည်။မောင့်လက်လည်း ပတ်တီးဖြေရတော့မည်။မောင်ညကတောင် ကောင်းကောင်းမအိပ်နိုင်ပါ စိတ်လှုပ်ရှားပြီး ဟိုလှည့် ဒီလှည့် လုပ်နေသည်။ကြည့်မိလိုက်သည့်အခါ အိပ်ချင်ယောင်ဆောင်နေတတ်သည်။တလမ်းလုံးလည်း လွတ်လပ်နေတဲ့လက်တဖက်နဲ့ တံခါးမှန်ဘောင်ကို တတောက်တောက်ခေါက်နေခဲ့သည်။
"မောင်... အဆင်ပြေသွားမှာပါ မ လည်းဘေးနားမှာရှိနေမှာမို့ မကြောက်နဲ့နော်"
"ဟုတ်ကဲ့"
အဲ့တာမောင့်ပုံစံအမှန်ပါ စိတ်လှုပ်ရှားရင် ခြေထောက်လေး ယမ်းနေတတ်တာတို့ တခုခုကို တတောက်ခေါက်နေတတ်တာလို့ လုပ်တတ်ပြီး ကြောက်နေတဲ့အခါ မေးသမျှ ပြောသမျှ ဟုတ်ကဲ့ တခွန်းသာ တုံပြန်သည်။မောင့်ပါးလေး တဖက် ရွှတ်ကနဲ မြည်အောင် နမ်းပေးလိုက်သည်။ဒါကလည်း ကျွန်မ မောင့်ကို အားပေးတဲ့ နည်းတစ်ခုပါပဲ။
"အားလုံးကောင်းသွားပြီ လတ်တလောတော့ ဒီလက်နဲ့အလေးအပင် သိပ်မ မ နဲ့ဦးပေါ့"
"ဟုတ်ကဲ့ ဒေါက်တာ"
ဆေးရုံကိစ္စပြီးသွားတော့ သားကိုကြိုဖို့ နာရီဝက်လောကိသာ လိုသည်နဲ့ သားကျောင်းကိုပဲ ပြန်လာခဲ့ကြသည်။
"OMG! ဒယ်ဒီလက်က အသဲပုံ ပတ်တီးတွေရော"
သားမေးခွန်းကြားမှ ကျွန်မရှက်မိသည်။ မောင်မနိုးလာတဲ့ ရက်မှာ ပျင်းတာနဲ့ မာကာနဲ့ မောင့်ကျောက်ပတ်တီးပေါ် လျှောက်ခြစ်ခဲ့မိသည်။
"ဒယ်ဒီခု လုံးဝနေကောင်းသွားပြီမို့ အဲ့ပတ်တီးတွေလည်း ပစ်လိုက်ပြီ"
"ယေ့ အိုyes ! ဒါဆို သားကို ကစားကွင်းလိုက်ပို့လို့ရပြီပေါ့နော်"
"တိတ်လိုက် ခန့်ထည်ဝါ မင်းဒယ်ဒီ ကားထပ်မောင်းပြီးလျှောက်လည်ကြမယ်ဆိုရင်တော့ နှစ်ယောက်လုံး အိမ်အပြင်ထွက်ခွင့်ပိတ်ပစ်မယ်"
"ဟွန်း"
သားအဖ နှစ်ယောက်သက်ပြင်းပြိုင်တူချနေကြသည်။
"မောင့်လက်က တကယ်သက်သာနေပါပြီ ဟို ဆရာဝန်ကတောင် အလေးအပင်မ မနဲ့ပဲပြောတာလေ ကားမမောင်းနဲ့လို့မှ မမှာလိုက်တာ"
"တုနှိုင်းခန့်ရော ခန့်ထည်ဝါရောက ကြက်မွှေးစားချင်လို့ထင်ရဲ့ လာစမ်းနေကြတယ်"
"သတ္တိရှိတဲ့သူ ပြောစကားနားမထောင်ကြည့်လိုက်လေ ဖင်ချွတ်ပြီးကို ရိုက်ပစ်မယ်"
"မာမီကလည်း မသွားနဲ့ဆိုလည်း မသွားတော့ပါဘူး အဲ့လိုကြောက်စရာကောင်းတာတွေမပြောပါနဲ့တော့"
"သားတို့က လိမ္မာပါတယ် နော့ ဒယ်ဒီရယ်"
"အေ အေးလေ ဟုတ်ပ"
အပြောနဲ့တောင် ဖင်ကြိမ်းနေပြီ မိန်းမလက်စ ကို ကျွန်တော် အသိဆုံးလေ...
"သားသွားချင်ရင် ဒယ်ဒီကိုပါခေါ်ပြီး မာမီ လိုက်ပို့မှာပါ ဒီမိသားစုကို အချိန်ပေးဖို့အတွက် အလုပ်ကတောင် နားလိုက်တာမလား ဒါမယ့် မင်းဒယ်ဒီ ကားမောင်းတဲ့ ကိစ္စကတော့ မာမီလုံးဝ ခွင့်မပြုနိုင်ဘူး"
ဟုတ်သည်လည်း မောင့်ကို နောက်ထပ် ဘယ်လို အထိအခိုက်မျိုးမှ အဖြစ်မခံနိုင်တော့ဘူး။ချော့၍လည်းထိန်းမည် ခြောက်၍လည်းထိန်းရမည်။သားဆန္ဒတွေလိုက်လျောပေးတတ်တဲ့ မောင့်ကို ကျွန်မ မယုံပါ။အသိကားပွဲစားအကိုကို ဆက်သွယ်ပြီး မောင် ၂၅နှစ်ပြည့်မွေးနေ့တုန်းက ဝယ်ထားပေးခဲ့သည့် မောင့်ကားကို ရောင်းပစ်လိုက်သည်။
"မ ဒါနဲ့ ကားဆိုလို့ မောင့်ကားရော မတွေ့ပါလား ဝပ်ရှော့မှာလား"
"မဟုတ်ဘူး ကျွန်မရောင်းစားပစ်လိုက်ပြီ ဒီမှာလေ ဆွဲကြိုးဝယ်ဝတ်လိုက်တာ မမြင်ဘူးလား"
မယုံပါ သူမအခြေအနေက လက်ဝတ်လက်စားဝယ်ချင်ရင်တောင်ကားရောင်းပြီး ဝယ်ရမယ့်အနေအထားမှမဟုတ်တာ။
"ပိုတဲ့ဟာ ရှင့်ကို ဖုန်းအသစ်တစ်လုံးရယ် သား ၇နှစ်ပြည့်မွေးနေ့အတွက် ဆွဲကြိုး တကွင်းရယ် ဝယ်လိုက်တယ်လေ"
စာရင်းအတိအကျ ပြောပြနေတော့လည်း လက်မခံချင်ပေမယ့် လက်ခံရမည်။ကားကို နှမြောသည်ထပ် သူမ နားကလက်ဆောင် ရခဲ့သည့်ပစ္စည်းမို့ တန်ဖိုးထားမိခြင်းဖြစ်သည်။
"မောင့်သက်ထားစိတ်အလိုကျပါခဗျာ"
"အခုလို ဇိမ်နဲ့သူများမောင်းတာ လိုက်စီးရတော့လည်း အကောင်းသား နော့ သားရေ"
"ဒါပေါ့ ဒယ်ဒီရဲ့"
သားအဖနှစ်ယောက်ကတဂိုဏ်းဆို ကျွန်မက သူတို့အတွက် လူဆိုးဂိုဏ်းတစ်ခုဖြစ်ပါလိမ့်မည်။
နေ့လည်စာအပြင်မှာစားပြီး သားကို လျှောက်လည်ပေးပြီး ညစာပါ တခါတည်း အပြင်မှာ စားခဲ့လိုက်ကြသည်။
-----
"မ"
"ဒီမှာကြည့်ဦး မောင့်ဗိုက်ကို နဲတာကြီးမဟုတ်ဘူး"
အိမ်မှာ ဘာမှမလုပ်ရဆိုတဲ့ ကျွန်မ အမိန့်ကြောင့် မောင်က အိပ်တယ် စားတယ် စာဖတ်တယ် ဒီကာလအတွင်း ဒီလိုသာဖြတ်သန်းသည်။
"ပြစမ်းပါဦး မောင်ရဲ့"
အဟုတ်မှတ်ပြီး အနားတိုးလာတဲ့မောင့်ကိုချစ်မြတ်နိုးမိသည်။ဗိုက်သားဖွေးဖွေးလေး လှန်ပြနေတော့ အသည်းယားတာနဲ့ လက်မနဲ့ လက်ညိုးလေးသုံးပြီး ဆွဲလိမ်လိုက်သည်။
"အာ့...နာတယ်လေလို့"
သားကတော့ ဒယ်ဒီဗိုက်ပူလို့ခေါ်ပြီး စနေသည်။မောင်ကတော့ တကယ်နာသွားသလို မျက်ရည်ဝဲပြနေသည်။သားကပါ သူ့ဘက်မလိုက်လို့ စိတ်ကောက်ချင်နေမှန်းသိသာပါသည်။သားမမြင်အောင် တဖက်ကိုဆွဲလှည့်လိုက်ပြီး မောင့်ပါးနှစ်ဖက်ကို လက်ဖဝါးနဲ့ ညစ်လိုက်သည်။ထော်လာတဲ့ နှုတ်ခမ်းတစ်စုံကို အပိုင်စားလိုက်သည်။ကာတွန်းကားထဲ စိတ်ရောက်နေလို့ သားက ကျွန်မတို့ကို ဂရုမစိုက်အားပါ။
#စိတ်ကူးတည့်ရာ ဖွင့်လှစ်မိတဲ့ အခန်းငယ် တစ်ခန်းပါ ပြတင်းတံခါးတစ်ချပ်ပါ စိတ်ကူးယဉ်သပ်သပ် ဖြစ်ပါ၍ သဘောထားကွဲလွဲမှုများ အကြောင်းတိုက်ဆိုင်မှုများ ရှိခဲ့ပါက သာသာ၏ အမှားသာ ဖြစ်ပါသောကြောင့် ချစ်သော နှလုံးသားဖြင့်သာ ဖတ်ပါ ချစ်သော စိတ်ဖြင့် ခွင့်လွှတ်ပါ....
ကြိုးစားပါဦးမည်