(🆉)
"ေနာက္ဆံုးေတာ့ မင္းကို ႐ွာေတြ႔ၿပီ အခ်စ္..."
"ဟမ္...အဲ့တာက "
တံခါးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတဲ့သူေၾကာင့္ အလ်င္အျမန္တံခါးကိုပိတ္လိုက္ေပမဲ့ လက္နဲ႔တားလိုက္သူေၾကာင့္ မေအာင္ျမင္လိုက္ ။
"ဘယ္အခ်ိန္ထိ ကိုယ့္ကိုရက္စက္ေနေတာ့မွာလဲ "
"ေက်းဇူးျပဳၿပီး ျပန္ေပးပါ အဲ့ဘက္ကလူက နာမည္ႀကီးမဟုတ္လား သတင္းေတြထြက္ကုန္ပါဦးမယ္ ရင္းလည္းမရင္းႏွီးၾကတာမလို႔ ျပန္လွည့္ေပးပါ "
"မရင္းႏွီးဘူး? လူမိမွာစိုးလို႔ ခိုးDate ခဲ့တာေတြ ခ်စ္တယ္လို႔ေျပာခဲ့တာေတြ ကိုယ့္လက္ေတြကို ျပဳတ္မွာစိုးလို႔ ဆုပ္ကိုင္ခဲ့တာေတြ အဲ့တာေတြကို မသိေတာ့ဘူးလား "
"မသိဘူး..."
မာဆက္ဆက္ေအာ္လိုက္ေပမဲ့ ငိုသံေႏွာေနတဲ့ ေကာင္ေလးက ခံစားခ်က္ေတြကိုအတင္းဖံုးကြယ္ေနေသးသည္ ။ မင္းအေၾကာင္းေကာင္းေကာင္းသိတာေပါ့ အခ်စ္ရယ္ ။
"ျပန္လိုက္ခဲ့ပါေနာ္ မင္းရဲ႕ ခ်စ္ခ်စ္ေလကြာ ခ်စ္ခ်စ္လို႔ေခၚခဲ့တဲ့သူကို ဒီလိုပဲ ရက္စက္ေတာ့မွာလား "
"ဂြၽန္ေဂ်ာင္ကု...မုန္းစရာေကာင္ ခုခ်က္ခ်င္း ျပန္ေတာ့လို႔ "
"မုန္းရင္ ဘာလို႔ တံခါးကိုမပိတ္ပစ္ေသးတာလဲ သဲသဲရဲ႕အခ်စ္ကို လက္မနာေစခ်င္လို႔မဟုတ္ဘူးလား "
အငိုက္ဖမ္းလာတဲ့သူေၾကာင့္ ဘာျပန္ေျပာရမလဲမသိေတာ့ ၊ တကယ္လည္း လက္ကို ၾကားထဲခံထားတဲ့သူေၾကာင့္ ညပ္မွာစိုးလို႔မပိတ္မိတာပဲ ။ မ်က္ရည္တင္းခံေနတဲ့ၾကားက က်သြားေသးတာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္မုန္းသည္ ။
ကြၽန္ေတာ္နဲ႔ပတ္သက္ရင္ သူပဲ ထိခိုက္နစ္နာမွာ ။ အေျပာေတြကိုေပ်ာ့သြားလို႔မျဖစ္ဘူး ။
"ကုန္ဆံုးခဲ့တဲ့ အခ်စ္ညေတြကိုေကာ ေမ့ပစ္တာလား ကိုယ္တို႔ဘယ္ေလာက္ရင္းႏွီးလဲဆို တစ္ႀကိမ္မက ၾကဴးလြန္ဖူးတာပဲမလား "
ေျပာလာတဲ့စကားေၾကာင့္ ထယ္ေယာင္းပါးမ်ားရဲတက္သြားရၿပီး ႐ွက္ရမ္းရမ္းကာ ေအာ္ေတာ့သည္ ။ကြၽန္ေတာ့္မွာ အခ်စ္ဦးေလးကို ေကာင္လို႔ေတာင္မသံုးႏႈန္းဖူးဘူး ။
"ဒီ အ႐ွက္မ႐ွိတဲ့ေကာင္ကေတာ့! "-Th
"သြားေတာ့လို႔ ေျပာေနတယ္မလား စိတ္ညစ္စရာေကာင္းေအာင္ ဒုကၡလာေပးေနတယ္...သြား! "-Th
အသံကုန္ေအာ္ဟစ္ၿပီး ေမာင္းထုတ္ေပမဲ့ တံခါးကိုခံထားတဲ့လက္ကိုမဖယ္ေပးသလို ထယ္ေယာင္းအေနာက္က အသံေသးေသးေလးတစ္သံကလည္းထြက္လာသည္ ။
"ပါ့ပ "
အျငင္းပြားသံေၾကာင့္ထင္ 2နွစ္အရြယ္ကေလးေလးမွာ မ်က္ရည္မ်ားဝဲေနၿပီး ႏို႔ဘူးေလးကိုကိုင္ထားေသး၏။
"ဒါက..."
သားသားကိုေငးၾကည့္ေနတုန္း အိမ္ထဲဇြတ္ဝင္သြားတဲ့ ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္း ပ်ာယာခတ္သြားသည္ ။
ေဂ်ာင္ကုက ကေလးအေ႐ွ႕မွာေတာင္ထိုင္ခ်ၿပီးေနၿပီ ။ ကေလးကိုၾကည့္ေနသည္မလို႔ ထယ္ေယာင္းရင္ထဲ ေဆာက္တည္ရာမရ။
"ဘာလုပ္တာလဲ! သူမ်ားအိမ္ထဲ အဲ့လိုဇြတ္ဝင္ရေအာင္အထိ ႐ိုင္းစိုင္းတာလား အခုထြက္သြားေပးပါ ဂြၽန္ေဂ်ာင္ကု႐ွီး..."
ထယ္ေယာင္း ခပ္စြာစြာပင္ ေအာ္ေျပာၿပီး ျမန္ျမန္လမ္းေလ်ွာက္ကာ ကေလးကိုေကာက္ခ်ီလိုက္သည္ ။ အခုထိ ကေလးရပ္ထားခဲ့သည့္ေနရာကိုပဲ ထိုင္ေငးၾကည့္ေနတဲ့ ေဂ်ာင္ကုက ႐ူးသြားတာေတာ့မဟုတ္ဘူးမလား။
"ဘာလုပ္ေနတာလဲ ျပန္ေတာ့ေလ "
ထိုင္ေနတဲ့ေဂ်ာင္ကုကို ပုခံုးလႈပ္ကာငံု႔ၾကည့္လိုက္ေတာ့ ထယ္ေယာင္းလန္႔သြားရတယ္ ။ မဟုတ္ေသးပါဘူး ႐ုတ္တရက္ႀကီး ဘာလို႔ငိုေနတာလဲ ေဂ်ာင္ကုက ။
"မဟုတ္...ဘာလို႔ငို...အခုထပါေတာ့ ေဂ်ာင္ကု႐ွီး..."
ထယ္ေယာင္းေျပာလိုက္ေတာ့ ေျဖးေျဖးခ်င္းထကာ ကြၽန္ေတာ္တို႔သားဖႏွစ္ေယာက္ကိုေငးၾကည့္ေနေလသည္။
"ဒီကေလးက...ဒီကေလးက "
ေၾကကြဲအက္ေနသည့္အသံႏွင့္ေျပာလာသည့္လူေၾကာင့္ ထယ္ေယာင္းေဂ်ာင္ကုမ်က္ႏွာကို စိတ္လႈပ္႐ွားစြာ ျပဴးၾကည့္ေနမိသည္ ။ရိပ္မိသြားတာလား ဘယ္လိုလုပ္ရမလဲ တကယ္႐ူးေတာ့မွာပဲ။
"မင္းကေလးလား ဒီၾကားထဲ မိန္းမရသြားေသးတာလား ကုိယ့္ကိုခ်စ္တယ္ဆို အခုေလာက္ထိ ရက္စက္မွျဖစ္မွာလား ဟင္...သဲသဲ ကိုယ့္တစ္ေယာက္တည္းပဲ တစ္သက္လံုးခ်စ္မွာဆို အခုေတာ့-"
မ်က္ရည္ေတြစီးက်ကာ ဆက္တိုက္ေျပာသြားတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းေျပာစရာစကားေတြေပ်ာက္႐ွကုန္သည္ ။
ဒါက ဘယ္လိုေတာင္တုံးလွတဲ့ ကြၽန္ေတာ့္ Exလဲ ။ ကေလးေရ မင္းအေဖကအရမ္းတုံးတာပဲ မင္းကေတာ့ ငါ့လိုဉာဏ္ေကာင္းမွရမယ္ေနာ္ ။
"ဘယ္မွာလဲ အဲ့ကေလးရဲ႕ အေမက! "
အရင္ကစိတ္ဆိုးသည့္အခ်ိန္တိုင္း ဆူေအာင့္သံႏွင့္ေမးတတ္တဲ့အက်င့္ေလးက အခုထိမေပ်ာက္ေသးဘူးပဲ ။ ငိုသံကလည္းပါလိုက္ေသး ၊ အရင္ကပံုစံေလးေၾကာင့္ ရင္ခုန္စိတ္လႈပ္႐ွားသြားမိတာေတာ့အမွန္ ။
"ဒါ့! "
ေအာ္သံေလးႏွင့္အတူ ေဂ်ာင္ကုဖက္ကို လွမ္းေနသည့္ သားေၾကာင့္ ထယ္ေယာင္းျပန္ထိန္းလိုက္ရသည္ ။
"ငါ ဒါ မဟုတ္ပါဘူးေနာ္ ဂြၽန္ေဂ်ာင္ကုလို႔ေခၚတယ္ မင္းအေဖ ရည္းစား"
"ဂြၽန္ေဂ်ာင္ကု..."-Th
"ရည္းစားေဟာင္း အခုသူက ငါ့ကိုသစၥာေဖာက္ၿပီး မိန္းမေတာင္ယူသြားၿပီ မင္းေတာင္ထြက္လာေနတာေပါ့ "
"ေပါက္ကရေတြေျပာမေနပါနဲ႔ေတာ့ ကေလးကို"
မ်က္လံုးစိမ္းႀကီးနဲ႔ မ်က္ေစာင္းထိုးၿပီးၾကည့္ေနသည္မလို႔ ထယ္ေယာင္းလန္႔ေတာင္သြားတယ္ ။ အဲ့အၾကည့္ကိုမွ မခံႏိုင္ပဲ။
"ဘယ္မလဲ မင္းအေမ..."
အိမ္ထဲပတ္ၿပီး႐ွာေတာ့မဲ့ပံုေၾကာင့္ ထယ္ေယာင္း ေဂ်ာင္ကုရင္ဘတ္ကိုတားလိုက္သည္ ။
"အလုပ္သြားတယ္ သူကဒီေန႔အလုပ္႐ွိလို႔ ငါ့မိန္းမကိုၾကည့္ၿပီးဘာလုပ္မွာလဲ ဒီတိုင္းျပန္လိုက္ေတာ့..."
မထူးေတာ့ဘူး သူကအဲ့လိုအထင္လြဲသြားလည္းေကာင္းတာပဲ ကြၽန္ေတာ့္ေၾကာင့္ ဒုကၡမေရာက္ရေတာ့ဘူးေပါ့ ။
"တစ္ခါေလာက္ေတာ့ျမင္သြားရမွာေပါ့ ငါ့ႏွလံုးသားကိုခိုးသြားတဲ့ဟာ..."
"မဟုတ္ေသး..."
"ေနပါဦး ဟိုဟာက Cooky မဟုတ္ဘူးလား...အခုထိ ကိုယ့္ရဲ႕ Fan ပဲလား...အဟ"
"မဟုတ္ပါဘူးေနာ္ အဲ့တာ ကေလးအတြက္အ႐ုပ္ဝယ္ေပးထားတာ "
"ဘယ္အသံုးအေဆာင္ၾကည့္ၾကည့္ Cookyေတြႀကီးပဲေလ လိမ္ခ်င္ေနေသးတာပဲ "
"ထပ္ၿပီး လိုက္စပ္စုေနရင္ ရဲေခၚလိုက္မွာေနာ္ "
အိပ္ခန္းထဲကိုဝင္သြားလို႔ကေတာ့ ပြဲသိမ္းၿပီပဲ တကယ္။ ကြၽန္ေတာ္ကအခုထိ ေဂ်ာင္ကုေျပာသလို ေဂ်ာင္ကု နဲ႔ပတ္သက္တာေတြနဲ႔ျပည့္ေနေသးတဲ့ Fan တစ္ေယာက္ျဖစ္ေနေသးတာ ။
ထယ္ေယာင္းက ခပ္စြာစြာနဲ႔ေျပာေနေပမဲ့ အဲ့ေထာ္ေနတဲ့ႏႈတ္ခမ္းေၾကာင့္ပဲ ေဂ်ာင္ကုကအေ႐ွ႕ေျဖးေျဖးတိုးလာသည္ ။
"ေႏွာင့္ယွက္ေနရင္...အဲ့တာဆိုရင္...အမ္မ္း..."
ဘာလို႔တိုးလာတာလဲ အ႐ူးေကာင္ ရင္ခုန္ေအာင္လို႔ ယုန္သြားေကာင္ထပ္မတိုးလာနဲ႔ေလ...
ႏွာေခါင္းခ်င္းထိလုမတက္တိုးလာတာမလို႔ အေနာက္ကိုဆုတ္လိုက္ရသည္ ၊ ခက္တာက အေနာက္ဆုတ္ေလ တိုးေလပဲ ေဂ်ာင္ကုက ။ ဘာလို႔အရမ္းဆိုးရတာလဲ ကေလးအေဖေတာင္ျဖစ္ေနၿပီကို ။
ေၾကာင္ေၾကာင္ေလးၾကည့္ေနသည့္ ထယ္ေယာင္းက အရင္အတိုင္း သိပ္လွတုန္းပဲ ဘာမွမေျပာင္းလဲဘူး ပိုေတာင္လွလာသလိုခံစားရတယ္။
မ်က္စံေလးေတြကေရြ႔ေနၿပီး ေမာ့ၾကည့္ေနသည္က ရင္းႏွီးတဲ့ျမင္ကြင္းတစ္ခုေလးပင္ ။
ဒါဆို ေရတြက္ၾကည့္လိုက္ၾကမလား ။ မ်က္လံုးခ်င္းစံုၿပီး
တစ္စကၠန္႔ ၊ ႏွစ္စကၠန္႔ ၊ သံုးစကၠန္႔
မ်က္လံုးအားေဘးကိုလႊဲၾကည့္လိုက္ၿပီး မ်က္ေတာင္သံုးခ်က္ခက္တာ အခုထိ လုပ္ေနေသးတုန္းပဲ ၊ ကြၽန္ေတာ့္အၾကည့္ကိုအခုထိမခံႏိုင္ေသးဘူး ။ လ်ွာခဏခဏသပ္ေနပံုအရ စိတ္လႈပ္႐ွားေနတာ အရမ္းသိသာတယ္ အခ်စ္ကေလး ။
"အခုထိ ကိုယ့္အၾကည့္ကိုမခံႏိုင္ေသးဘူးပဲ..."
"ငါတကယ္ရဲေခၚေတာ့မွာ...ေနာ္ တကယ္ေခၚေတာ့မွာ...မင္း...မင္း အႏိုင္လာမက်င့္နဲ႔...သူမ်ားအိမ္ထဲ...ဇြတ္ဝင္တာနဲ႔တင္ တရားစြဲလို႔ရေနၿပီ "
"ေအာ? စိတ္လႈပ္႐ွားၿပီး စကားထစ္တာလည္း ႐ွိေသးသားပဲေနာ္ ပါးကဘာလို႔အဲေလာက္ရဲေနတာပါလိမ့္..."
"မင္း...! "
"ဒါ့! "
လူႀကီးႏွစ္ေယာက္ဘာျဖစ္ေနလဲမသိပဲ ျပံဳးေနတဲ့ေဂ်ာင္ကုလည္ပင္းဆီလွမ္းၿပီး တက္ႂကြစြာ ေခၚလိုက္သည့္ ေဘဘီယုန္ေလး ။
ဂြၽန္ေဂ်ာင္ကု အခုထိ ငါ့ကိုအေနခက္ေအာင္လုပ္တုန္းပဲ...။
.
_
.
#TBC
shortေလး
6ရက္ေန႔ကေမြးေန႔႐ွင္အတြက္ေရးေပးတာေပမဲ့ ကိုယ့္ေမြးေန႔ထိၾကာသြားတယ္ အပိုင္း ၃ ၄ပိုင္းေလာက္ပဲ႐ွိမယ္ေနာ္...။
Happy Birthday ပါ မမဂ်ဳးျမစ္ ေနာက္က်သြားတယ္
(🆄)
"နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ အချစ်..."
"ဟမ်...အဲ့တာက "
တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့သူကြောင့် အလျင်အမြန်တံခါးကိုပိတ်လိုက်ပေမဲ့ လက်နဲ့တားလိုက်သူကြောင့် မအောင်မြင်လိုက် ။
"ဘယ်အချိန်ထိ ကိုယ့်ကိုရက်စက်နေတော့မှာလဲ "
"ကျေးဇူးပြုပြီး ပြန်ပေးပါ အဲ့ဘက်ကလူက နာမည်ကြီးမဟုတ်လား သတင်းတွေထွက်ကုန်ပါဦးမယ် ရင်းလည်းမရင်းနှီးကြတာမလို့ ပြန်လှည့်ပေးပါ "
"မရင်းနှီးဘူး? လူမိမှာစိုးလို့ ခိုးDate ခဲ့တာတွေ ချစ်တယ်လို့ပြောခဲ့တာတွေ ကိုယ့်လက်တွေကို ပြုတ်မှာစိုးလို့ ဆုပ်ကိုင်ခဲ့တာတွေ အဲ့တာတွေကို မသိတော့ဘူးလား "
"မသိဘူး..."
မာဆက်ဆက်အော်လိုက်ပေမဲ့ ငိုသံနှောနေတဲ့ ကောင်လေးက ခံစားချက်တွေကိုအတင်းဖုံးကွယ်နေသေးသည် ။ မင်းအကြောင်းကောင်းကောင်းသိတာပေါ့ အချစ်ရယ် ။
"ပြန်လိုက်ခဲ့ပါနော် မင်းရဲ့ ချစ်ချစ်လေကွာ ချစ်ချစ်လို့ခေါ်ခဲ့တဲ့သူကို ဒီလိုပဲ ရက်စက်တော့မှာလား "
"ဂျွန်ဂျောင်ကု...မုန်းစရာကောင် ခုချက်ချင်း ပြန်တော့လို့ "
"မုန်းရင် ဘာလို့ တံခါးကိုမပိတ်ပစ်သေးတာလဲ သဲသဲရဲ့အချစ်ကို လက်မနာစေချင်လို့မဟုတ်ဘူးလား "
အငိုက်ဖမ်းလာတဲ့သူကြောင့် ဘာပြန်ပြောရမလဲမသိတော့ ၊ တကယ်လည်း လက်ကို ကြားထဲခံထားတဲ့သူကြောင့် ညပ်မှာစိုးလို့မပိတ်မိတာပဲ ။ မျက်ရည်တင်းခံနေတဲ့ကြားက ကျသွားသေးတာကြောင့် ကိုယ့်ကိုယ်ကိုယ်မုန်းသည် ။
ကျွန်တော်နဲ့ပတ်သက်ရင် သူပဲ ထိခိုက်နစ်နာမှာ ။ အပြောတွေကိုပျော့သွားလို့မဖြစ်ဘူး ။
"ကုန်ဆုံးခဲ့တဲ့ အချစ်ညတွေကိုကော မေ့ပစ်တာလား ကိုယ်တို့ဘယ်လောက်ရင်းနှီးလဲဆို တစ်ကြိမ်မက ကြူးလွန်ဖူးတာပဲမလား "
ပြောလာတဲ့စကားကြောင့် ထယ်ယောင်းပါးများရဲတက်သွားရပြီး ရှက်ရမ်းရမ်းကာ အော်တော့သည် ။ကျွန်တော့်မှာ အချစ်ဦးလေးကို ကောင်လို့တောင်မသုံးနှုန်းဖူးဘူး ။
"ဒီ အရှက်မရှိတဲ့ကောင်ကတော့! "-Th
"သွားတော့လို့ ပြောနေတယ်မလား စိတ်ညစ်စရာကောင်းအောင် ဒုက္ခလာပေးနေတယ်...သွား! "-Th
အသံကုန်အော်ဟစ်ပြီး မောင်းထုတ်ပေမဲ့ တံခါးကိုခံထားတဲ့လက်ကိုမဖယ်ပေးသလို ထယ်ယောင်းအနောက်က အသံသေးသေးလေးတစ်သံကလည်းထွက်လာသည် ။
"ပါ့ပ "
အငြင်းပွားသံကြောင့်ထင် 2နှစ်အရွယ်ကလေးလေးမှာ မျက်ရည်များဝဲနေပြီး နို့ဘူးလေးကိုကိုင်ထားသေး၏။
"ဒါက..."
သားသားကိုငေးကြည့်နေတုန်း အိမ်ထဲဇွတ်ဝင်သွားတဲ့ ဂျောင်ကုကြောင့် ထယ်ယောင်း ပျာယာခတ်သွားသည် ။
ဂျောင်ကုက ကလေးအရှေ့မှာတောင်ထိုင်ချပြီးနေပြီ ။ ကလေးကိုကြည့်နေသည်မလို့ ထယ်ယောင်းရင်ထဲ ဆောက်တည်ရာမရ။
"ဘာလုပ်တာလဲ! သူများအိမ်ထဲ အဲ့လိုဇွတ်ဝင်ရအောင်အထိ ရိုင်းစိုင်းတာလား အခုထွက်သွားပေးပါ ဂျွန်ဂျောင်ကုရှီး..."
ထယ်ယောင်း ခပ်စွာစွာပင် အော်ပြောပြီး မြန်မြန်လမ်းလျှောက်ကာ ကလေးကိုကောက်ချီလိုက်သည် ။ အခုထိ ကလေးရပ်ထားခဲ့သည့်နေရာကိုပဲ ထိုင်ငေးကြည့်နေတဲ့ ဂျောင်ကုက ရူးသွားတာတော့မဟုတ်ဘူးမလား။
"ဘာလုပ်နေတာလဲ ပြန်တော့လေ "
ထိုင်နေတဲ့ဂျောင်ကုကို ပုခုံးလှုပ်ကာငုံ့ကြည့်လိုက်တော့ ထယ်ယောင်းလန့်သွားရတယ် ။ မဟုတ်သေးပါဘူး ရုတ်တရက်ကြီး ဘာလို့ငိုနေတာလဲ ဂျောင်ကုက ။
"မဟုတ်...ဘာလို့ငို...အခုထပါတော့ ဂျောင်ကုရှီး..."
ထယ်ယောင်းပြောလိုက်တော့ ဖြေးဖြေးချင်းထကာ ကျွန်တော်တို့သားဖနှစ်ယောက်ကိုငေးကြည့်နေလေသည်။
"ဒီကလေးက...ဒီကလေးက "
ကြေကွဲအက်နေသည့်အသံနှင့်ပြောလာသည့်လူကြောင့် ထယ်ယောင်းဂျောင်ကုမျက်နှာကို စိတ်လှုပ်ရှားစွာ ပြူးကြည့်နေမိသည် ။ရိပ်မိသွားတာလား ဘယ်လိုလုပ်ရမလဲ တကယ်ရူးတော့မှာပဲ။
"မင်းကလေးလား ဒီကြားထဲ မိန်းမရသွားသေးတာလား ကိုယ့်ကိုချစ်တယ်ဆို အခုလောက်ထိ ရက်စက်မှဖြစ်မှာလား ဟင်...သဲသဲ ကိုယ့်တစ်ယောက်တည်းပဲ တစ်သက်လုံးချစ်မှာဆို အခုတော့-"
မျက်ရည်တွေစီးကျကာ ဆက်တိုက်ပြောသွားတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းပြောစရာစကားတွေပျောက်ရှကုန်သည် ။
ဒါက ဘယ်လိုတောင်တုံးလှတဲ့ ကျွန်တော့် Exလဲ ။ ကလေးရေ မင်းအဖေကအရမ်းတုံးတာပဲ မင်းကတော့ ငါ့လိုဉာဏ်ကောင်းမှရမယ်နော် ။
"ဘယ်မှာလဲ အဲ့ကလေးရဲ့ အမေက! "
အရင်ကစိတ်ဆိုးသည့်အချိန်တိုင်း ဆူအောင့်သံနှင့်မေးတတ်တဲ့အကျင့်လေးက အခုထိမပျောက်သေးဘူးပဲ ။ ငိုသံကလည်းပါလိုက်သေး ၊ အရင်ကပုံစံလေးကြောင့် ရင်ခုန်စိတ်လှုပ်ရှားသွားမိတာတော့အမှန် ။
"ဒါ့! "
အော်သံလေးနှင့်အတူ ဂျောင်ကုဖက်ကို လှမ်းနေသည့် သားကြောင့် ထယ်ယောင်းပြန်ထိန်းလိုက်ရသည် ။
"ငါ ဒါ မဟုတ်ပါဘူးနော် ဂျွန်ဂျောင်ကုလို့ခေါ်တယ် မင်းအဖေ ရည်းစား"
"ဂျွန်ဂျောင်ကု..."-Th
"ရည်းစားဟောင်း အခုသူက ငါ့ကိုသစ္စာဖောက်ပြီး မိန်းမတောင်ယူသွားပြီ မင်းတောင်ထွက်လာနေတာပေါ့ "
"ပေါက်ကရတွေပြောမနေပါနဲ့တော့ ကလေးကို"
မျက်လုံးစိမ်းကြီးနဲ့ မျက်စောင်းထိုးပြီးကြည့်နေသည်မလို့ ထယ်ယောင်းလန့်တောင်သွားတယ် ။ အဲ့အကြည့်ကိုမှ မခံနိုင်ပဲ။
"ဘယ်မလဲ မင်းအမေ..."
အိမ်ထဲပတ်ပြီးရှာတော့မဲ့ပုံကြောင့် ထယ်ယောင်း ဂျောင်ကုရင်ဘတ်ကိုတားလိုက်သည် ။
"အလုပ်သွားတယ် သူကဒီနေ့အလုပ်ရှိလို့ ငါ့မိန်းမကိုကြည့်ပြီးဘာလုပ်မှာလဲ ဒီတိုင်းပြန်လိုက်တော့..."
မထူးတော့ဘူး သူကအဲ့လိုအထင်လွဲသွားလည်းကောင်းတာပဲ ကျွန်တော့်ကြောင့် ဒုက္ခမရောက်ရတော့ဘူးပေါ့ ။
"တစ်ခါလောက်တော့မြင်သွားရမှာပေါ့ ငါ့နှလုံးသားကိုခိုးသွားတဲ့ဟာ..."
"မဟုတ်သေး..."
"နေပါဦး ဟိုဟာက Cooky မဟုတ်ဘူးလား...အခုထိ ကိုယ့်ရဲ့ Fan ပဲလား...အဟ"
"မဟုတ်ပါဘူးနော် အဲ့တာ ကလေးအတွက်အရုပ်ဝယ်ပေးထားတာ "
"ဘယ်အသုံးအဆောင်ကြည့်ကြည့် Cookyတွေကြီးပဲလေ လိမ်ချင်နေသေးတာပဲ "
"ထပ်ပြီး လိုက်စပ်စုနေရင် ရဲခေါ်လိုက်မှာနော် "
အိပ်ခန်းထဲကိုဝင်သွားလို့ကတော့ ပွဲသိမ်းပြီပဲ တကယ်။ ကျွန်တော်ကအခုထိ ဂျောင်ကုပြောသလို ဂျောင်ကု နဲ့ပတ်သက်တာတွေနဲ့ပြည့်နေသေးတဲ့ Fan တစ်ယောက်ဖြစ်နေသေးတာ ။
ထယ်ယောင်းက ခပ်စွာစွာနဲ့ပြောနေပေမဲ့ အဲ့ထော်နေတဲ့နှုတ်ခမ်းကြောင့်ပဲ ဂျောင်ကုကအရှေ့ဖြေးဖြေးတိုးလာသည် ။
"နှောင့်ယှက်နေရင်...အဲ့တာဆိုရင်...အမ်မ်း..."
ဘာလို့တိုးလာတာလဲ အရူးကောင် ရင်ခုန်အောင်လို့ ယုန်သွားကောင်ထပ်မတိုးလာနဲ့လေ...
နှာခေါင်းချင်းထိလုမတက်တိုးလာတာမလို့ အနောက်ကိုဆုတ်လိုက်ရသည် ၊ ခက်တာက အနောက်ဆုတ်လေ တိုးလေပဲ ဂျောင်ကုက ။ ဘာလို့အရမ်းဆိုးရတာလဲ ကလေးအဖေတောင်ဖြစ်နေပြီကို ။
ကြောင်ကြောင်လေးကြည့်နေသည့် ထယ်ယောင်းက အရင်အတိုင်း သိပ်လှတုန်းပဲ ဘာမှမပြောင်းလဲဘူး ပိုတောင်လှလာသလိုခံစားရတယ်။
မျက်စံလေးတွေကရွေ့နေပြီး မော့ကြည့်နေသည်က ရင်းနှီးတဲ့မြင်ကွင်းတစ်ခုလေးပင် ။
ဒါဆို ရေတွက်ကြည့်လိုက်ကြမလား ။ မျက်လုံးချင်းစုံပြီး
တစ်စက္ကန့် ၊ နှစ်စက္ကန့် ၊ သုံးစက္ကန့်
မျက်လုံးအားဘေးကိုလွှဲကြည့်လိုက်ပြီး မျက်တောင်သုံးချက်ခက်တာ အခုထိ လုပ်နေသေးတုန်းပဲ ၊ ကျွန်တော့်အကြည့်ကိုအခုထိမခံနိုင်သေးဘူး ။ လျှာခဏခဏသပ်နေပုံအရ စိတ်လှုပ်ရှားနေတာ အရမ်းသိသာတယ် အချစ်ကလေး ။
"အခုထိ ကိုယ့်အကြည့်ကိုမခံနိုင်သေးဘူးပဲ..."
"ငါတကယ်ရဲခေါ်တော့မှာ...နော် တကယ်ခေါ်တော့မှာ...မင်း...မင်း အနိုင်လာမကျင့်နဲ့...သူများအိမ်ထဲ...ဇွတ်ဝင်တာနဲ့တင် တရားစွဲလို့ရနေပြီ "
"အော? စိတ်လှုပ်ရှားပြီး စကားထစ်တာလည်း ရှိသေးသားပဲနော် ပါးကဘာလို့အဲလောက်ရဲနေတာပါလိမ့်..."
"မင်း...! "
"ဒါ့! "
လူကြီးနှစ်ယောက်ဘာဖြစ်နေလဲမသိပဲ ပြုံးနေတဲ့ဂျောင်ကုလည်ပင်းဆီလှမ်းပြီး တက်ကြွစွာ ခေါ်လိုက်သည့် ဘေဘီယုန်လေး ။
ဂျွန်ဂျောင်ကု အခုထိ ငါ့ကိုအနေခက်အောင်လုပ်တုန်းပဲ...။
.
_
.
#TBC
shortလေး
6ရက်နေ့ကမွေးနေ့ရှင်အတွက်ရေးပေးတာပေမဲ့ ကိုယ့်မွေးနေ့ထိကြာသွားတယ် အပိုင်း ၃ ၄ပိုင်းလောက်ပဲရှိမယ်နော်...။
Happy Birthday ပါ မမဂျုးမြစ် နောက်ကျသွားတယ်