Epi 2: I Love Jungkook

2.8K 205 110
                                    

(🆉)

"ဒါ့! "

ကိုယ့်လည်ပင်းဆီလက်လှမ်းနေသည့် က​လေးက ​သွားအကုန်မစုံသေးပဲ ရယ်နေသေးသည် ။ ထယ်ယောင်းကပြန်ဆွဲသော်လည်း လည်ပင်းကအင်္ကျီစကိုအားနဲ့ ဆုတ်ကိုင်ထားသည်ကြောင့် ထယ်ယောင်းဖက်မပါသွား ။

"ဟင်အင့်..."

ပါးပါးက သူ့ဖင်တုံးလေးကနေဆွဲလိုက်သည်ကြောင့် ငိုသံပြုကာငြင်းဆန်လေသည် ။

မျက်ဝန်းဝိုင်းဝိုင်း​လေးထဲတွင် မျက်ရည်များ​ဝေ့​နေသည်ကိုကြည့်ပြီး ​ဂျောင်ကုရင်ထဲ ဝမ်းနည်းလာသလိုလိုပင် ။ သူက ကလေးလေးကို ချီပြီး မျက်နှာသေးသေးလေးကို ငေးကြည့်မိသည် ။

ကလေးကလည်း သူ့အဖေကိုမော့ကာကြည့်နေသည်မှာ ပြူးကြောင်ကြောင်နှင့်တမေ့တမော ။ သားဖနှစ်ယောက်အကြည်စိုက်နေသည်ကို ထယ်ယောင်းကကြည့်ပြီး ဘယ်လိုလုပ်ရမလဲမပြောတတ်တော့။ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေသည်မှာ ကျောက်ရုပ်ကြီးတွေအတိုင်းငြိမ်သက်နေလေသည် ။

ထယ်ကို လေးမှာ သူ့အဖေကိုမော့ကြည့်နေရင်းမှ သဘောကျပြီး သွားမစုံမလင်ဖြင့်ရယ်ပြသည်မှာ တခစ်ခစ်အသံထွက်လို့ ။

"ဒါ့! ဒါ့! ရှစ်! "

ကလေး၏ချစ်စရာပုံလေးကြောင့် ဂျောင်ကုမှာပြုံးတုံးတုံး ။ သားဖနှစ်ယောက်၏ ချစ်စရာလိုက်ဖက်မှုလေးကိုကြည့်ရင်း ထယ်ယောင်းရင်ထဲတစ်မျိုးလေးခံစားရတယ် ။ သူတို့သားဖနှစ်​ယောက်ရယ်တဲ့ပုံခြင်းက ဆင်တူတာပဲ ။

ဘယ်လိုလုပ်ရပါ့ သားဖနှစ်ယောက်ကိုခွဲသလိုများဖြစ်နေမလား ။ အဲ့လိုမှမလုပ်ရင်လည်း ဂျောင်ကုကို ဝိုင်းပြီးဝေဖန်ကြရင် ဘယ်လိုလုပ်မလဲ ။

အရင်က ​ဂျောင်ကုကိုယ်တိုင် သူ့မှာ ကောင်လေးရှိပါတယ်ဆိုပြီးဝန်ခံခဲ့ဖူးလို့ အများကြီး ဝေဖန်ခံခဲ့ရပြီးပြီ ၊ အဲ့တုန်းကလည်းတိုက်ခိုက်မှုတွေကြောင့် ​ဂျောင်ကုမှာအသက်​တောင်မရှူရ ။ အခု သူထားခဲ့တဲ့ကောင်လေးက ကလေးတောင်မွေးထားခဲ့ပြီး ဂျောင်ကုနဲ့ပြန်တွေ့နေပြီဆိုတဲ့ သတင်းပွသွားခဲ့ရင် အာ ထယ်ယောင်းစိတ်တောင်မကူးရဲတော့ ။ တကယ် ဘယ်လိုမှ မဖြစ်ဘူး ဂျောင်ကုက ကမ္ဘာကျော်အနုပညာရှင် ကျွန်တော်က ဒီတိုင်းသာမန် fan Boy တစ်ယောက် ဘယ်လိုမှကိုမဖြစ်တာပါ။ ဂျောင်ကုကိုထိခိုက်စေမဲ့အရာဆို ဘာမှမလုပ်ချင်ဘူး ။ ကျွန်တော်ကဘာပဲဖြစ်ဖြစ်အရေးကြီးတာမှမဟုတ်တာ။

Together {Completed}Where stories live. Discover now