ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

By jellyflower1

29K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... More

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အခန်း(၁၈)

345 36 0
By jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၁၈)

ပုံမှန်စျေးနှုန်းထက် ၅ဆပေးမည်ဆိုလျှင်  တစ်ပွဲလျှင် ယွမ်၁၀၀၀
နီးပါးဖြစ်ပြီး နှစ်ပွဲလျှင် သည် ယွမ်၂၀၀၀ နီးပါး ဖြစ်သွားလိမ့်မည်။ ယွမ်ကျိုးသည် ငွေနှင့်ပတ်သက်‌သော သင်္ချာဘာသာရပ်တွင် ထူးချွန်သည်။

သို့သော်လည်း  ယွမ်ကျိုးက ဟန်ကိုယ့်သည်။

"တောင်းပန်ပါတယ်။ ထမင်းကြော် ထပ်ရောင်းပေးလို့ မရပါဘူး"

"ဟေး မင်းက ဘာသဘောလဲ စျေး ၅ဆ ထပ်တိုးပေးတာတောင် မကျေနပ်နိုင်ဘူးလား"
ဇောင်းဟန်က အငြင်းခံရ၍ မယုံကြည်ဟန်ဖြင့် ယွမ်ကျိုးကို  ဒေါသတကြီး ပြောဆိုသည်။

ယွမ်ကျိုးက နာကျင်သော အမူအရာဖြင့် ဇောင်းဟန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေခဲ့သည်။ တကယ်တမ်း ယွမ်ကျိုး ဇောင်းဟန်၏ငွေကို ကြည့်နေခြင်း ဖြစ်သည်။ သူ ဆုံးရှုံးနစ်နာခဲ့ရသော ငွေကြေးများကို နှမြောတဿ ဖြစ်မိသည်။ ထို့အပြင် သူက အလကားရ‌နိုင်သော ငွေများကို စွန့်လွှတ်ခဲ့သူ ဖြစ်သည်။

သို့တိုင် စနစ်က ချမှတ်ထားသော စည်းကမ်း ဖြစ်နေ၍ သူ လိုက်နာရမည်။

ယင်ယာ၏ အတွေးထဲ ယွမ်ကျိုးက  ဇောင်းဟန်၏စော်ကားသောအပြုအမူကြောင် ဒေါသထွက်‌နေဟု ထင်နေသည်။ သူမ၏အမြင်တွင် ယွမ်ကျိုးက လူထူးဆန်း ဖြစ်နေသော်လည်း ကြီးမြတ်သော နှလုံးသားရှိသူဟု ခံယူထားသည်။

"သူဌေး ကျွန်မ တောင်းပန်ပါတယ်။ တကယ် စိတ်မကောင်းပါဘူး။ သူ ဒီနေ့ နည်းနည်း စိတ်ပင်ပန်းနေလို့ပါ” ယင်ယာက တခြား ဘာမှမတွေးနေဘဲ ဇောင်းဟန်ကို တံခါးအထိ  ဆွဲ‌ခေါ်ထုတ်လာသည်။

"ယင်ယာ ဘာလို့ အတင်းအပြင်ဘက်ဆွဲခေါ်လာတာလဲ။  ဒီကနေ့ ကုန်ကျစရိတ်ကို ကျွန်‌တော် ရှင်းမှာပါ။ မင်းကို ဗိုက်မပြည့်မချင်း စားခွင့်ပေးမယ်” ဇောင်းဟန် စိတ်ရှုပ်သွားသည်။ သူသည် နောက်ထပ် တစ်ပွဲကို ငွေပိုပေး၍ ဝယ်ချင်သည်။ ဤလောကကြီးထဲ ငွေပုံပေး၍ မရနိုင်သော အရာဝတ္ထု မရှိဟု လက်ခံထားသူဖြစ်သည်။

စည်းကမ်းဟူသော သတ်မှတ်ချက်ကို ဆင်းရဲသာများ လိုက်နာရမည်။

ဇောင်းဟန် သည် ချမ်းသာသောမိသားစု၏ ဒုတိယမျိုးဆက် ကဲ့သို့ မချမ်းသာသော်လည်း သူသည် သူ့ဌာန၏ ထိပ်တန်းအရောင်းသမား နှစ်ဦးအနက် တစ်ဦးဖြစ်သောကြောင့် လစာကောင်းမွန်သည်။

သူချစ်သော မိန်းကလေးအတွက် ယွမ်ရာနှင့်ချီသော ထမင်းကြော်ကို ဝယ်ကျွေးချင်သည်။ သူမ နှစ်သက်သော ကြက်ဥထမင်းကြော်ကို ထပ်မဝယ်ပေးနိုင်လျှင် သူ့ကို အသုံးမကျသူဟု ထင်သွားနိုင်သည်။

"ဇောင်းဟန် ပြန်မယ်။ မနက်ဖြန်မှပဲ အလုပ်ကိစ္စပြောလို့ရမလား" ဇောင်းဟန်ကို  ဆွဲခေါ်သွားစဥ် ယင်ယာက ဇောင်းဟန်၏ မေးမြန်းမှုကို လျစ်လျူရှုလိုက်သည်။

"ယင်ယာ ခဏစောင့်"

ဇောင်းဟန်က သူမ၏လက်ကို ခါထုတ်လိုက်၍ ယင်ယာ ဒေါသထောင်းခနဲ ထွက်သွားသည်။

"စိတ်မပူနဲ့ ယင်ယာ ခဏနေရင် အားလုံးအဆင်ပြေသွားမှာပါ” ဇောင်းဟန်က သဘောရိုးဖြင့် ပြောဆိုသည်။ ယင်ယာ ဒေါသထွက်နေမှန်း သိသော်လည်း အရေးတယူ တောင်းပန်လိုက်လျှင် အဆင်ပြေသွားမည်ဟု ထင်ခဲ့သည်။

ယွမ်ကျိုး က ဘေးနားမှာ မတ်တတ်ရပ်ပြီး သူတို့နှစ်ယောက် ငြင်းခုံနေတာကို ကြည့်နေသည်။ ထိုစဉ် ဇောင်းဟန်က သူ့အနား ချဉ်းကပ်လာပြီး စကားပြောသည်။

"သူဌေး၊ စားသောက်ဆိုင်တွေ အားလုံးက စီးပွားရေး လုပ်ချင်ကြတာပဲ မဟုတ်လား။ ဒါပေမဲ့ ဒီလိုစည်းမျဉ်းတွေ ထားနေရင် မင်းရဲ့လုပ်ငန်းက တိုးတက်မှာမဟုတ်ဘူး"

‌ဇောင်းဟန်က သူ့ကို စိတ်ဝင်တစား ငေးကြည့်နေသောယွမ်ကျိုးကို  အာသွက်လျှာသွက်ဖြင့် ဆက်လက် ဆွဲဆောင်ခဲ့သည်။

"ဒီလိုဆိုရင် ငါ ပြောတာကို လက်သင့်ခံပြီလား။ ငါတို့ကို နောက်ထပ်တစ်ပွဲစီ ရောင်းပေးပါ။ ငါက မင်းကို အခွင့်ကောင်းမယူဘဲ သာမာန်ဈေးထက် ၅ဆ ပေးမယ်။ ဒီအပြင် ဖောက်သည်တချို့ကို မင်းရဲ့ စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်"

ထို့နောက် ဇောင်းဟန်က ယွမ်ကျိုး ၏စားသောက်ဆိုင်ကို ကြည့်ပြီး ဆက်ပြောသည်။
“နောက်ပြီးတော့ မင်းရဲ့ စားသောက်ဆိုင်က မကြီးဘူး။ မင်းရဲ့ ကြက်ဥထမင်းကြော်က ဘယ်လောက်ပဲ အရသာရှိရှိ မင်းရဲ့ စားသောက်ဆိုင်ကို ဘယ်သူကမှ မကြော်ငြာပေးရင် ဧည့်သည်တော်တော်များများက မမြည်းစမ်းခင်မှာ စျေးနှုန်းတွေ့တာနဲ့  ဝေးဝေးရှောင်သွားလိမ့်မယ်”

“ဒီခေတ်မှာ ‌ဆိုင်ကောင်းကောင်းက လမ်းကြိုလမ်းကြားထဲမှာမရှိသင့်ဘူးလေ။ သူဌေးရော အဲဒီလို မထင်ဘူးလား"

ဇောင်းဟန် သည် အရောင်းဝန်ထမ်းကောင်းတစ်ဦး ဖြစ်သည်။ ခဏလေးအတွင်းမှာပင်   စားသောက်ဆိုင်၏ ပြဿနာအားလုံးကို ထောက်ပြသွားခဲ့သည်။ သို့သော်လည်း ယွမ်ကျိုး ၏စားသောက်ဆိုင်က သူ ထင်မြင်ယူဆချက် အတိုင်း မဟုတ်ဘဲ နောက်ကွယ်မှ ပံ့ပိုးနေသော  ကျွမ်းကျင်စားဖိုမှူးစနစ် ရှိသည်။

ယွမ်ကျိုးက ငတုံးငအ မဟုတ်ပေ။ ဇောင်းဟန် ထောက်ပြခဲ့သော ကိစ္စအားလုံးကို သူ ကြိုတင် တွက်ဆထားပြီးသား ဖြစ်သည်။ စနစ်က မည်သည့်ကြော်ငြာအမျိုးအစားကိုမှ ခွင့်မပြုထားခြင်းက အဓိက ပြဿနာရပ် ဖြစ်သည်။

စနစ်က "ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေနဲ့ အ‌ရောင်းမြှင့်တင်ရခြင်းက မင်းရဲ့လက်ရာကို စော်ကားတာနဲ့အတူတူပါပဲ။ စားသုံးသူများ၏ နှုတ်မှထွက်
သော ချီးမွမ်းစကားဖြင့်သာ လူသိများအောင် လုပ်ပါ"

စနစ်မှ ပြောကြားချက်ကို ဖတ်ရှုပြီးနောက် ဇောင်းဟန်နှင့် ငြင်းခုံချင်သော အတွေးကို  စွန့်လွှတ်ခဲ့သည်။

ယွမ်ကျိုးသည် ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် မတ်တတ် ရပ်နေခဲ့သည်။ ထို့နောက် သူက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
"နိုး.....မရဘူး"

“ဟမ်…”  လေများလွန်းသော ဇောင်းဟန် ချက်ချင်း နှုတ်ဆိတ်သွားသည်။

“အခု တော်တော်နောက်ကျနေပြီ မိန်းမလှ‌လေး။ ဆိုင်ပိတ်တော့မယ်။ ဒါကြောင့်မို့..."

အချိန်ကို တစ်ချက်ကြည့်ပြီးနောက် ယွမ်ကျိုးက ဇောင်းဟန်ကို လျစ်လျူရှုကာ ယင်ယာကို ပြောလိုက်သည်။

"ရှင့်ရဲ့အချိန်တွေကိုဖြုန်းမိလို့ အားနာမိပါတယ်။ ရှင့်ရဲ့ ကြက်ဥထမင်းကြော်က အရမ်းအရသာရှိတယ်။ တစ်ခုတည်းသောပြဿနာက ဟင်းရည်မရှိတာပဲ။ ကျွန်မက ဟင်းရည် အရမ်းကြိုက်တယ်လေ"

ယင်ယာက  ပြုံးပြုံးရွှင်ရွှင်ဖြင့်ယွမ်ကျိုးကို ချီးမွမ်းလိုက်သည်။

ဇောင်းဟန်၏တောင်းဆိုချက်ကို ငြင်းပယ်လိုက်၍ ယင်ယာ ဝမ်းသာသွားသည်။ မာန်တက်နေသော ကောင်စုတ်ကို သူ လုံးဝ သဘောမကျပေ။ သူ့ဖိတ်ခေါ်ချက်ကို မငြင်းပယ်နိုင်အောင် အလုပ်ကိစ္စကိုအကြောင်းပြ၍ ပိုးပန်းရန် အမြဲကြိုးစားခဲ့သည်။ ထို့အပြင် သူ၏ ရှက်ဖွယ်ကောင်းသော အပြုအမူက သူမကို သွယ်ဝိုက်သောနည်းအားဖြင့် အရှက်ကွဲစေခဲ့သည်။ ထို့ကြောင့် သူမဘက်မှ ရပ်တည်ပေးသည်ဟု ယုံကြည်သော  ယွမ်ကျိုးကို ပို၍ သဘောကျနှစ်ခြိုက်မိသည်။

“ကောင်းပြီ‌လေ။ ရက်နည်းနည်းကြာရင် ကြက်ဥထမင်းကြော် ကိုအစုံလိုက်ရောင်းမယ်။ အစုံလိုက်မှာ ဟင်းရည်ပါမယ်။ ရောင်းဖို့အဆင်သင့်ဖြစ်ရင် လာစားဖို့ မမေ့နဲ့နော်”
ယွမ်ကျိုး သည် အနှစ်နှစ်ဆယ်ကျော် FAအဖြစ်နေထိုင်ခဲ့၍  ချောမောလှပသော အမျိုးသမီးများကို စိတ်ရှည်သည်းခံစွာ ဆက်ဆံတတ်သည်။

“ဒီလိုဆိုရင်တော့ တကယ်ပြီးပြည့်စုံသွားပြီ။ ဒါဆိုရင် နောက်မှတွေ့မယ် သူဌေး" ထိုသို့ပြောပြီးနောက် ယင်းယာ သည် လှည့်ထွက်လာခဲ့ပြီး တားဆီးမရသော လုပ်ဖော်ကိုင်ဖက် ဇောင်းဟန်ကို ထားရစ်ခဲ့သည်။

"နောက်မှတွေ့မယ်။"

“ဧည့်သည်၊ ဆိုင်ပိတ်ချိန်ရောက်နေပြီ။ နှုတ်ဆက်ပါတယ်"

“...”

ယွမ်ကျိုး၏စကားသံကို ကြားပြီးနောက် သတိပြန်လည်လာသည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ ယင်ယာနောက်သို့ ပြေးလိုက်သွားသည်။

...

ယနေ့ခေတ်တွင် နှုတ်ထွက်စကားကို ယုံကြည်သူ နည်းပါးသော်လည်း စွန်းမင်းတို့၏ အစားအသောက်Gp နှင့် ယင်ယာ၏ လမ်းညွှန်မှုကြောင့် ယွမ်ကျိုး စားသောက်ဆိုင်သို့ လာရောက်သော ဧည့်သည်အားလုံး ကျေနပ်သော ခံစားချက်ရရှိသည်။

သူ့စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင် နေထိုင်သော  နှုတ်ခမ်းမွေးက ဆိုင်၏ပင်တိုင် ဖောက်သည်ဖြစ်လာပြီး နေ့စဉ် တစ်နေ့ ၃ ကြိမ် ခန့် ထမင်းကြော်လာစားသည်။

ဧည့်သည်များက ထူးဆန်းသော စည်းမျဉ်းကို မကျေမနပ်ဖြစ်ပြီး အစပိုင်းတွင် ရိုင်းစိုင်းစွာ တုံ့ပြန်ကြသော်လည်း  ကြက်ဥထမင်းကြော်ကို မြည်းစမ်းကြည့်ပြီးနောက် နားလည်‌သွားသည်။

နောက်တစ်နေ့တွင်၊ ယွမ်ကျိုးက နံရံပေါ်ရှိ စျေးနှုန်းစာရင်းဘေးတွင် အရေးကြီးသော အချက်အလက်များ ဖြည့်စွက်ပေးရန် စနစ်အား တောင်းဆိုခဲ့သည်။

"အခုလောလောဆယ်တွင် ကြက်ဥကြော်ကလွဲလို့ တခြားဘာမှ မ‌ရောင်းပါ"

“ဧည့်သည်တစ်ဦးစီသည် ဟင်းလျာတစ်မျိုးကို တစ်ပွဲစီသာ မှာယူနိုင်ပါတယ်။ နောက်ထပ်တောင်းဆိုတာကို လက်မခံပါဘူး”

ဤသတိပေးချက်နှစ်ခုကို လှပ‌သပ်ရပ်စွာ ရေးသားထားသည်။ ဧည့်သည်များက နောက်ထပ် ဝန်ဆောင်မှုပေးရန် တောင်းဆိုသည့်အခါတိုင်း ယွမ်ကျိုးက စျေးနှုန်းစာရင်းဘေးရှိ သတိပေးချက်ကို ပြသနိုင်သည်။ ထိုမှသာ ယွမ်ကျိုးက ထပ်ခါထပ်ခါ ရှင်းပြခြင်းဖြင့် အချိန်မကုန်တော့ပေ။

ထို့အပြင် စနစ်က သောက်ရေ ပေးသော နည်းပညာ ပံ့ပိုးပေး၍ ကျေးဇူးတင်ရမည်။ သို့တိုင် ဆိုင်အပြင်ဘက်သို့ ယူဆောင်သွားခွင့် မရှိပေ။

နိုင်ငံခြား အမှတ်တံဆိပ် သောက်ရည်များထက် အရည်အသွေး ကောင်းမွန်သောကြောင့် ဧည်သည်များကို ဧည့်ခံရန် စနစ်အား ခွင့်ပြုချက် တောင်းခံခဲ့သည်။

သို့တိုင် စနစ်က ပုံမှန်အတိုင်း အေးတိအေးစက် လေသံဖြင့် တုံ့ပြန်သည်။
"မင်းရဲ့အဆင့်က အရမ်းနိမ့်သေးတယ်"

လူအများစု၏ အားပေးထောက်ခံမှုကြောင့် ယွမ်ကျိုးစားသောက်ဆိုင်၏ စီးပွားရေးတိုးတက်လာခဲ့သည်။ နေ့လည်ဘက်တွင်လူများပြီး တန်းစီ စောင့်ဆိုင်းရ‌သောကြောင့် ဧည့်သည်များက ပါဆယ်ဝယ်ယူချင်သော တောင်းဆိုမှု ပိုများလာသည်။

ထို့ကြောင့် ယွမ်ကျိုးက  စားသောက်ဆိုင်၏ အတွင်း နံရံတွင် နောက်ထပ် သတိပေးချက်တစ်ခု ထပ်ထည့်ရပြန်သည်။

"ပါဆယ်ထုပ်ခြင်း ဝန်ဆောင်မှု မရပါ"

အပိုင်း(၁၈)

ပြီးပါပြီ။

Continue Reading

You'll Also Like

4K 424 14
zawgyi ပိုင်ယွမ်ယွမ် ဆိုတာ သူမ ကျွမ်းကျင်ဆံုး သရုပ်ဆောင်မှု အပေါ် အသက်ဆက်နေရသူပါ ပိုင်ယွမ်ယွမ်တယောက် မကောင်းဆိုးဝါးတွေ ပြိုင်ဆိုင်သူတွေ ကြားက အသက်ရှင...
12.6K 1.2K 53
ရီပင်းဆိုတဲ့လူငယ်လေးက ဒီဘက်ခေတ်ကနေ ကျင့်ကြံခြင်းလောကထဲရောက်ခဲ့တယ်။ ဒါမဲ့အဲ့လူငယ်လေးက ကျင့်ကြံခြင်းလောကမှန်းမသိပဲ စာပေပညါ ပန်းချီပညာစတဲ့ပညာတွေကိုသာလေ့...
171K 5.6K 200
❝ 𝒲𝑒𝓁𝒸𝑜𝓂𝑒 𝓉𝑜 ❞ ♯𝐒𝐭𝐫𝐚𝐲𝐤𝐢𝐝𝐬 𝐢𝐧𝐜𝐨𝐫𝐫𝐞𝐜𝐭 𝐪𝐮𝐨𝐭𝐞𝐬ꜟꜝ ⌇ 〟ϯσԹίɕ σηε ᷈𖡺🍓 T...
9.5K 163 10
Satoru Gojo and Y/n have been married for four years. Both of them are busy sorcerers with hectic schedules, so they rarely spend time together, go o...