HE

By Jeon-Angle-Min

5.4K 517 81

အိပ်မက်တွေထဲကတစ်စုံတစ်ယောက်ဟာခင်ဗျားသာဖြစ်နေခဲ့ရင်... More

Intro
Part-1
Part-2
Part -3
Part-4
Part -5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part -12
Part-13
Part-14
Part-15
Part-16
Part-18
Part-19
Part-20
Part-21

Part-17

214 24 9
By Jeon-Angle-Min

ဘယ်ဆီပြေးရမလဲမသိနေတဲ့နှလုံးသားတွေဟာ အချစ်ခံရတာလေးကိုအားနာမိတဲ့အချိန်တိုင်းအသက်ရှူနေရတာတောင်မှားနေသလို။ အားငယ်နေချိန်မှာဆုပ်ကိုင်ပေးခဲ့တဲ့လက်ကလေးတွေ နာကျင်ပါစေတော့ဆိုပြီးအသည်းတွေမာကျောမနေခဲ့ဘူး။ မေ့လိုက်ကြရအောင်လို့ ဇာတ်လမ်းတွေကိုအဆုံးသတ်ရအောင်လည်း ကျွန်တော်ကသာတစ်ဖက်သတ်။

လက်ရှိလူကိုသိပ်ချစ်ပါတယ်ဆိုသောစကားဟာ အတိတ်တွေကိုလွတ်ပစ်လိုက်တော့လို့ပြောလိုက်တဲ့သဘောပါပဲ။ ဘာတစ်ခုမှတောင်ပြန်မပြောနိုင်ခဲ့ဘူး။ ရိုးရှင်းစွာပဲအမှတ်ရနေခြင်းတွေအပေါ်စစ်မှန်စွာဖွင့်ဟခဲ့ပါတယ်။ ကျွန်တော်ပြုမူခဲ့သလိုတွေထက်အဆတစ်ရာပြင်းထန်သောတန်ပြန်ရိုက်ချက်။ ဘယ်အမြင့်ကနေပြုတ်ကျကျသေပါတယ်ခင်ဗျားရယ်။ အနီးကပ်ရိုက်ချက်ဟာတော့အသည်းတွေအစိတ်စိတ်မြွာမြွာပေါ့။ ဘယ်နေရာတွေနာပြီးဘာတွေလုပ်ရတော့မှန်းမသိအောင်ကို စကားလေးတစ်ခွန်းနဲ့သူသတ်ချခဲ့တာ။

မောင်တို့ဘယ်လမ်းတွေမှာ လွဲနေကြသလဲကလေးရယ်။ ဘယ်စီရင်ချက်တွေကဘဝအဆက်ဆက်ဝေးကွာစေဖို့အမိန့်ချမှတ်စေခဲ့လဲ။ ပြေးမရလေတဲ့အကြောင်းရင်းတွေမရှိပါပဲနဲ့မောင်တို့ဘာကြောင့်များ ဝေးဝေးကိုပြေးချင်နေမိတာလဲ။ ဘာကြောင့်များ မင်းရပ်ဝန်းဆီပဲမောင်တွယ်ကပ်ချင်နေမိရတာလဲ။

Maung🥀
____

အိပ်မရတဲ့ညကို ဝရံတာမှာထိုင်ကာ ဘီယာပုလင်းမော့ရင်းဖြတ်သန်းနေမိတယ်။အသက်တွေတောင်ရှူနေရဲ့လားမသိတဲ့လူတစ်ယောက်ရဲ့တိတ်ဆိတ်နေခြင်းပါပဲ။ တစ်ချက်တစ်ချက်အသက်ရှူသံမျှင်းမျှင်းလေးကြားရပေမဲ့ အချိန်မရှိတော့တဲ့ညခင်းမှာမျက်လုံးဝိုင်းဝိုင်းလေးတွေကြေကွဲနေတယ်။တတီတီမြည်နေတဲ့ဖုန်းသံကိုတောင်မကြားရတော့အထိသူဟာမလှုပ်မယှက်ငူငိုင်နေဆဲ။

မိနစ်တွေကြာလာတဲ့အထိဖုန်းခေါ်ဆိုမှုကရပ်တန့်မသွားတဲ့အခါမှကောက်ကိုင်လိုက်သည်။ဘယ်သူဘယ်ဝါမှန်းကြည့်မနေတော့။အခု ဘာကိုမှအာရုံစူးစိုက်မနေချင်ပါ။

"ဟယ်လို"

"ကိုကိုဘယ်မှာလဲဟင်"

တစ်ဖက်ဆီမှတိုးညှင်းစွာထွက်ကျလာသောအသံလေး။ လေတိုက်ခတ်မှုတောင်မှရှိမနေတဲ့ပတ်ဝန်းကျင်မှာ ထိုမိန်းကလေးရဲ့ဝမ်းနည်းဟန်အသံငယ်တစ်ခုကအက်ကွဲစွာ။

"အိမ်မှာလေ"

"Nariဆီလာပေးပါလား ကိုကို"

"ကိုယ်ပင်ပန်းနေတယ်Nari"

"ဒါဆို..ဒါဆို Nariလာပါ့မယ်"

အပြိုလဲဆုံးသောအသက်ရှူသံတွေရဲ့မှီတည်ချင်မိရာတွေဟာတူညီမနေခဲ့။ လိုအပ်နေသောရင်ခွင်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်နေသည်။ သမီးရည်းစားဆိုတဲ့ခေါင်းစဥ်အောက်ကကြိုးနှစ်ချောင်းဟာခပ်တဲတဲလေးပဲကျန်တော့သလို။

"မလာပါနဲ့..အချိန်မရှိတော့ဘူးလေNari"

"Nari..ကိုကို့ ကိုအရမ်းလွမ်းနေလို့ပါ"

သိမ်ငယ်ရတယ်ဆိုတာကိုခံစားဖူးပါရဲ့နဲ့ကိုယ်ချင်းစာမနေနိုင်သောအချိန်တွေပါ။ ကျွန်တော် Nariကိုတွေ့လဲမတွေ့ချင်သလို အသံကိုတောင်မကြားနိုင်တဲ့အထိအားနာမှုတွေကြီးမားနေတယ်။ ကျွန်တော်ကိုယ်တိုင်လဲ လက်ထောက်ထားရတာတောင်ယိုင်နဲ့နဲ့ နဲ့။

"လွမ်းရင်နောက်နေ့လာတွေ့ပါ့မယ်"

"ကိုကို..Nariကိုစိတ်ဆိုးနေတုန်းလားဟင်"

"ကိုယ့်ကိုစိတ်ရှုပ်အောင်မလုပ်ပါနဲ့လား..ကိုယ်တကယ်ပင်ပန်းနေလို့"

"Nariတောင်းပန်ပါတယ်..ကိုကို့ ကိုစိတ်ရှုပ်အောင်လုပ်နေတာမဟုတ်ပါဘူး..Nariရုတ်တရက်ကြီးအိပ်မက်ဆိုးမက်လို့ပါ"

"ရေလေးသောက်ပြီးပြန်အိပ်လိုက်လေ..ကိုယ်စကားမပြောချင်တော့ဘူး"

ရှေ့ဆက်နေရခြင်းအားဟာ ကိုကိုဖြစ်နေလို့ ကိုကိုကလက်လွတ်ပစ်တဲ့အခါ၊ ကိုကို့ ဆန္ဒဟာသေမိန့်ပါပဲ။ ဘယ်ဘဝဆီရောက်ရောက်ကိုကို ထားခဲ့ရင်သေချင်ခဲ့ပြီး၊ကိုကိုမရှိတော့ရင်သေဆုံးခဲ့တဲ့စိတ်ဝိဉာဥ်တွေပါ။ ကိုကိုက စိတ်ကုန််​ပြီလို့ပြောလာရင် စိတ်တွေအကုန်လွတ်ချပြီးထာဝရနောက်ဆုတ်ပေးမည့်မေတ္တာတွေပါ။ကိုကိုနှင်ရင်သေဖို့ကိုဝန်မလေးတော့တဲ့မိန်းကလေးပါကိုကိုရယ်။

"အိပ်မက်ထဲမှာ ကိုကိုကNariကိုထားသွားလို့.."

ငြိမ်သက်သွားလို့ဖုန်းချပစ်တော့မည့်ဆဲဆဲမှထပ်မံပြောကြားလာသောစကား။ အိပ်မက်တွေအကြောင်းမကြားချင်တော့တဲ့အချိန်၊ အိပ်မက်တွေကြောင့်ရုန်းမထွက်နိုင်ဖြစ်နေရတဲ့လူမို့ အိပ်မက်ကြောင့်ဆိုတဲ့စကားတွေကြားတဲ့အခါစိတ်သည်အလှုပ်ခတ်ဆုံးဖြစ်ခဲ့သည်။

"အိပ်မက်တွေကြောင့်နဲ့ဖုန်းဆက်တာလား"

"အရင်ကလဲဆက်ဖူးတယ်လေ..ကိုကိုကနှစ်သိမ့်ပေးခဲ့ဖူးတော့ မျှော်လင့်မိလို့ပါ"

"အရင်က ကိုယ်ကအလုပ်မရှိအကိုင်မရှိမို့မင်းကိုအချိန်ပေးနိုင်ပေမဲ့ အခုက ကိုယ်အလုပ်နဲ့လေ"

"Nariကိုမချစ်တော့တာလားကိုကို"

"ကျစ်!Nari"

စိတ်မရှည်သလိုအသံကိုကြားလာရတဲ့အခါ အစွန်းအစလေးလောက်ရှိနေသောအားတင်းမှုလေးကပြတ်တောက်သွားခဲ့သည်။ ကိုကို့ ကိုသူမ သိမ်းမထားနိုင်ပါဘူး။ သူမ ချည်တဲ့ကြိုးတွေဟာခဏတာမြဲမြံခဲ့ပုံပဲ။အသွားအပြန်ဆိုတဲ့စကားကိုတောင် မယုံရဲယုံရဲနှင့်ယုံခဲ့မိသေးတာ။ တကယ်တမ်းကျအချစ်မှာအသွားအပြန်မရှိဘူး။

ဘယ်နှဘဝလောက်မှ၊ ဘယ်ဘဝဆီရောက်မှသူမ ကိုကို့ ကိုပိုင်ဆိုင်ရမှာလဲ။ကိုကို့အချစ်တွေကိုဘယ်ဘဝလောက်မှပိုင်ဆိုင်ရမှာပါ
လိမ့်။ ဒီဘဝမှာလည်း ဒီဘဝမှာလည်းပဲထပ်ပြီးငိုရပြန်တာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါကိုကို့ နှလုံးသားလေးကိုခဏတော့သိမ်းထားခဲ့ဖူးပါတယ်လေ။ တစ်သက်လုံးမဟုတ်ခဲ့ရင်တောင်ထိုခဏကတော့သူမဘဝအတွက်တောင်းဆုကောင်းလေးပါပဲ။

"ကိုကို့ ကိုချစ်ရတာပင်ပန်းတယ်..Nariသိပ်ကိုပင်ပန်းတယ်ကိုကို"

အထီးကျန်မှုတွေကိုနေသားနေကျနေပြီမလို့ ညီးညူးစွာပြောလာသောထိုစကားဟာ ဒီအချိန်မှာတော့ဘယ်လိုမှပင်ခံစားလို့မရခဲ့။ တစ်ခုပဲ အားနာမှုတွေအားလုံးကိုဖျော်ချပစ်ချင်နေတာလေးတစ်ခုပဲ။

"ကိုယ်မင်းကို အတင်းမတောင်းဆိုပါဘူး..ချစ်ခဲ့ကြပြီးပြီပဲ..ပင်ပန်းလာရင်မင်းထွက်သွားနိုင်ပါတယ်"

အရင်တစ်ခါလိုတုန်တုန်လှုပ်လှုပ်နဲ့အံ့သြတကြီးဖြစ်မနေတော့ဘူး။ အတတ်နိုင်ဆုံးတော့ကောင်းမွန်တဲ့မေတ္တာဓာတ်ကလေးမို့အတ္တကြီးပြီးဆွဲထားဦးမလို့ပါပဲ။ ဒါပေမဲ့သူလည်းပင်ပန်းတာကိုဘယ်ကြိုက်ပါ့မလဲလေ။ကျွန်တော်တို့ချစ်ခြင်းမေတ္တာတွေအပေါ်တော့အရမ်းကြီးအတ္တမကြီးသင့်ဘူးမလား။

"ဆွဲမထားတော့ဘူးလားကိုကို..Nariကသိပ်ချစ်တတ်တဲ့မိန်းမပါ"

"ကိုယ်မင်းကိုမပင်ပန်းစေချင်ဘူး"

ညသည်အဆွေးဆုံးနဲ့အဝေးဆုံးဖြစ်မည့်လမ်းတွေကိုပဲဦးတည်နေသည်။

"ကိုကိုNariကို ချစ်မှချစ်ခဲ့ရဲ့လား"

"မင်းနဲ့ပတ်သက်ခဲ့တဲ့အချိန်တွေတိုင်းကအစစ်အမှန်တွေပါ..ကိုယ်မညာပါဘူးNari..ကိုယ်မင်းကိုချစ်ခဲ့ပါတယ်..ကိုယ့်ရဲ့ပထမဆုံးအချစ်ဟာမင်းပါ"

"ဒါဆိုထာဝရအထိမြဲနေဖို့ ကိုကိုဘာလို့မကြိုးစားရတာလဲ"

"ကိုယ်တောင်းပန်ပါတယ်Nari..ကတိတွေအတွက်ရော ကြီးမားတဲ့အချစ်တစ်ခုအပေါ်ပေါ့ပျက်ခဲ့မိတဲ့အတွက်ပါ တောင်းပန်ပါတယ်..ကိုယ့်ကြောင့်နဲ့ပင်ပန်းနေတဲ့မင်းကို ကိုယ်ဆက်ပြီးဆွဲမထားချင်တော့ဘူး"

"လမ်းခွဲဖို့စကားတွေကိုဘာလို့အားတက်သရော်ပြောနေရတာလဲကိုကိုရယ်..Nariရင်တွေနာလိုက်တာ"

ပင်ပန်းတယ်ပဲပြောမိတာ ပြတ်စဲချင်နေတဲ့တစ်ဖက်လူကိုအခွင့်အရေးပေးလိုက်တာမှမဟုတ်ပဲ။အတိတ်တွေကိုမှတ်မိနေလားမှတ်မိမနေဘူးလားတော့ သူမ မသိဘူး။ ဒါပေမဲ့အဲ့အနမ်းတွေ၊အဲ့အကြည့်တွေကိုသူမ မှတ်မိနေတယ်။ တစ်ခါတုန်းကအသည်းအသန်ချစ်မြတ်နိုးခဲ့ကြတဲ့လူနှစ်ယောက်ရဲ့ဇာတ်ကြောင်းကိုပြန်ပြီးသတိရစေနိုင်တဲ့အကြည့်တွေ။ ကိုကိုဟာဘယ်လောက်ဆွဲထုတ်ထုတ်အဲ့အမျိုးသမီးရဲ့အချစ်တွေထဲကဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ဘူး။

တိတ်ဆိတ်သွားတဲ့တစ်ဖက်ခြမ်းကို အပြစ်တွေမတင်ရက်ခဲ့ပါဘူး။ချစ်မိတာတွေများရူးလိုက်တာဟေ့ဆို အဆတစ်ရာမကတဲ့ရူးရခြင်းတွေမို့ဂရုစိုက်မနေတော့ဘူး။အဓိက ကကိုကိုဖြစ်နေခဲ့လို့ ကိုကိုမနေချင်တော့ရင်ဆွဲမထားချင်တော့သောစိတ်ကလေးသည်ထားခဲ့ဖူးသမျှအတ္တတွေကိုလှောင်ရယ်ကြသည်။ ဒီအမျိုးသမီးသိပ်ကိုအတ္တကြီးတတ်ခဲ့ပါတယ်ဆိုရင်တောင်ကိုကိုရဲ့ မျက်နှာလေးမှမဟုတ်ဘူးအသံကလေးက အဆင်မပြေတော့တာနဲ့သူမလက်လွတ်ပေးမည်။

"တစ်ခုခုတော့ပြောပါဦးလားကိုကို..တစ်ခုခုပဲဖြစ်ဖြစ်"

"လမ်းခွဲကြရအောင်..ကိုယ်တို့ဒီလောက်ထိပဲ"

ချစ်သူမိန်းကလေးရှိနေရက်နဲ့ အမျိုးသားတစ်ယောက်အပေါ်ခံစားချက်ရှိနေတာနဲ့တင်JeonJungKookတို့ဆိုးသွမ်းလွန်းနေပြီမလား။မျက်နှာမပူတတ်တာမဟုတ်ပဲ ထားခဲ့ရမှာကိုအားနာနေခဲ့တာ။ဒီမိန်းကလေးသူ့ကိုဘယ်လောက်ထိချစ်ပေးခဲ့သလဲ။

နှစ်တွေအကြာကြီး စကားကြမ်းကြမ်းမပြောခဲ့ဖူးတဲ့မေတ္တာတွေပါ။ ဘယ်လောက်ထိနက်ရှိုင်းလဲနှစ်ခါတွေးနေစရာမလိုခဲ့ဘူး။ဒါပေမဲ့လည်းရှေ့ဆက်မည့်ကာလတွေအထိတော့မစစ်မှန်တာတွေကိုဟန်ဆောင်မပေးချင်တော့ပါဘူး။ ကျွန်တော်ချစ်မိခဲ့ပါတယ်ဒါပေမဲ့ အတိတ်ကရုန်းမထွက်နိုင်တဲ့အခါဒီဘဝမှာတော့ဒီလောက်ထိပဲပေါ့။

"ကိုကိုတကယ်ကိုမချစ်တော့တာပဲ"

"ကိုယ်တောင်းပန်ပါတယ်"

"ဘာကြောင့်လမ်းခွဲစကားပြောတာလဲကိုကို..Nariပင်ပန်းတယ်လို့ပြောတာကြောင့်တော့မဟုတ်ဘူးထင်တာပဲ..ဘယ်သူ့ကြောင့်များလဲ"

"ဘယ်သူ့ကြောင့်နဲ့မှမဟုတ်ဘူးNari..ဒီတိုင်း..ကိုယ်တို့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးထင်လို့"

"ဟက်!"

တစ်ဖက်မိန်းကလေးရဲ့လှောင်ရယ်သံကိုကြားလိုက်ရသည်။ဘယ်သူ့ကြောင့်ရယ်မှမဟုတ်ဘူးလေ ကျွန်တော့်စိတ်တွေမတည်ငြိမ်နေတာကြောင့်ပဲ။ တခြားဘာမှမရှိဘူး။ သူ့ဘဝနဲ့သူလှနေတဲ့လူကိုလည်းဝင်မရှုပ်ချင်သလို ကျွန်တော့်ဘဝကိုလည်းထပ်မနာချင်တော့လို့ တခြားမရှိဘူး။

"ParkJiminကြောင့်များလား"

"မဆိုင်တာတွေမပြောစမ်းနဲ့Nari..ကိုယ်ပြောတာရှင်းရှင်းလေးပါပဲ..ကိုယ်ရှေ့မဆက်ချင်တော့လို့"

"ဘာလို့လဲ..ဘာလို့လဲပြောပါဦး..Nariက ကိုကို့ကြောင့်ပင်ပန်းနေပြီဆို ကိုကိုက နှစ်သိမ့်ပေးရမှာလေ အခုလိုလမ်းခွဲစကားပြောရမှာမှမဟုတ်ပဲ"

"မင်းကအရင်လမ်းခွဲဖို့ပြောခဲ့တာပါNari"

"Nariကိုကို့ စိတ်ကိုစမ်းသပ်ချင်ခဲ့ရုံပဲ..Nariလိုမိန်းမက ရှင့်ကိုလမ်းခွဲနိုင်မယ်ထင်ခဲ့တာလား"

မထင်ခဲ့ပါဘူး။ ဒါပေမဲ့လည်းရှေ့မဆက်ချင်တော့ဘူး။

"ပြောလေ..ကိုကိုထားခဲ့ရင်Nariသေပစ်လိုက်တော့မှာနော်"

"ကိုယ်တကယ်တောင်းပန်တယ်Nari..အခုကိုယ်စိတ်တွေလည်းရှုပ်နေတယ်..ဘာဆိုဘာမှလည်းလုပ်မနေချင်ဘူး..လက်တစ်ချောင်းတောင် ရွေ့ကြည့်ဖို့ခက်ခဲ​နေတာမို့ကိုယ့်ကိုနားလည်ပေးပါကွာ..ကိုယ်တကယ်တောင်းပန်ပါတယ်"

စိတ်တွေအကုန်ပြိုလဲနေခဲ့တာမလို့ တစ်ဖက်ကမိန်းကလေးရဲ့စကားကိုလည်း နားမဝင်ခဲ့ပါ။ ဖုန်းချပြီးတိတ်တဆိတ်ပဲနေချင်နေသောစိတ်တွေ။ တဖြည်းဖြည်းချမ်းစိမ့်လာတဲ့လေထုကြောင့်ခပ်ကွေးကွေးလေးပဲနေချင်နေတယ်။ ပြီးရင်အသံတိတ်ငိုချကြည့်မယ်။ ဘာလို့မေ့ချင်ယောင်ဆောင်နေရသလဲဆိုပြီး တစ်ချို့သောတွေကိိုခိုးလွမ်းမယ်။

ပိုင်ရှင်နဲ့မလို့၊သူလည်းပျော်နေခဲ့ပြီမလို့ အဓိက ကတော့အတိတ်တွေထဲကလိုပတ်သက်မှုတွေမဟုတ်တဲ့အပြင်တစ်ယောက်တည်းလဲဟုတ်မနေတော့တဲ့အခါ ဇာတ်လမ်းကငိုရရုံကလွဲ ဘာမှမတတ်သာတော့ပါဘူး။ ဘယ်ဘဝမှာမှအလှဆုံးပေါင်းစပ်နိုင်တော့မလဲမသိတဲ့ကံကြမ္မာတွေမို့ကျွန်တော်တို့ဒီဘဝလည်းမသာယာခဲ့ရပြန်ပါဘူး။ဖြစ်နိုင်ရင်တော့လေ ဒီဘဝမှာပဲအရာအားလုံးကိုအဆုံးသတ်ချင်မိတယ်။

အိပ်ခန်းဆီတောင်မလှမ်းနိုင်တော့တဲ့ခြေလှမ်းတွေကြောင့် ထိုနေရာတွင်ပင်လဲချပစ်ခဲ့သည်။ငဲ့ကြည့်စရာတွေလည်းမရှိတော့ပြီမို့ မနက်ဖြန်မှာတော့အရာအားလုံးကိုအသစ်အနေနဲ့ပဲ...။

____

"မတွေ့တာကြာတော့ပိန်သွားသလားလို့Leoရယ်"

အလွမ်းကြီးလွမ်းနေရပါတယ်ဆိုသောအသံမျိုးနဲ့ချွဲ့နွဲ့နေခြင်းလေးကအဖြူရောင်ရှပ်လေးနဲ့သိပ်ကိုလှနေခဲ့သည်။ငွေရောင်ဆွဲကြိုးမျှင်မျှင်လေးဟာ မနှစ်က velatimedays မှာသူပေးထားခဲ့သောလက်ဆောင်လေး။အကြာကြီးနေမှ လန်းဆန်းနေတဲ့မျက်နှာလေးနဲ့ရိုးရှင်းသောအပြုအမူလေးတွေကိုပြန်တွေ့ရတာမို့ သူလုပ်နေသောကိစ္စတချို့ဖြစ်မြောက်သွားပြီထင်ပါရဲ့။

"Hyung ကိုလွမ်းရလွန်းလို့ထင်ပါရဲ့"

"ကိုယ့်ကြောင့်ဆို ကိုယ်ကတာဝန်ယူပါ့မယ်"

"ကျွန်တော့်ဆီပြန်လာတော့မှာမလားHyung"

အသေအချာပဲပေါ့။ပျက်စေချင်တဲ့လူတွေအပြိုအပျက်ဖြစ်ပြီးသွားပြီဆိုတော့အခုချိန်မှာသူအချိန်ပေးရမည့်လူဟာဒီကောင်လေးတစ်ယောက်တည်းပဲ။

"ကိုယ်ညကျအိမ်မှာပစ္စည်းတွေသွားပြန်သိမ်းပြီးမင်းနဲ့ပြန်လာနေတော့မှာ..အများကြီးလွမ်းရအောက်ထပ်မလုပ်တော့ဘူးကွာ..ကတိ"

"ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"နေပါစေ..ညကျတွေ့ရမည့်ဟာပဲ..အခုတော့ပိုမနေပါနဲ့ဦးဗျာ"

"Hyungနဲ့ပတ်သက်ရင် လိုပဲလိုနေခဲ့တာ"

"အိုကေအိုကေ..လိုနေရင်လဲလာမည့်နေ့တွေမှာဖြည့်စွက်ပေးပေါ့ကွာ..အခုတော့ကိုယ့်ကို
ခွင့်ပြုဦးနော်..ကိုယ်လဲအစည်းအဝေးရှိသေးလို့"

"ဟုတ်ကဲ့ဗျ"

ကိုယ်စီတာဝန်တွေနဲ့မအားလပ်ကြသူတွေမို့ရတဲ့အချိန်လေးမှာတော့ တစ်ယောက်နဲ့တစ်ယောက်လိုအပ်နေဆဲဖြစ်ကြောင်းအသိတွေပေးရသည်။ မဟုတ်ရင်ခိုးငိုနေမည့်ကောင်လေးအားသူစိတ်မချပါ။

___

"ပျော်နေတာပဲ..ဘာမှမဖြစ်ခဲ့သလိုမျိုး"

ရုံးခန်းထဲအဝင်ပိတ်ဆို့ပြောကြားလာသောစကား။ မော့ကြည့်လိုက်တော့မျက်လုံးဝိုင်းဝိုင်းတွေရဲ့မကျေမနပ်အကြည့်တွေ။ သူပဲမပတ်သတ်ချင်ခဲ့တာမလား။ ရှောင်ကြရအောင်ဆိုတော့လည်းဘာတွေအလိုမကျဖြစ်နေမှန်းမသိ။

"ငါတို့ဘာမှမဖြစ်ခဲ့ကြဖူးလေJungkook..အိပ်မက်တွေကြောင့်နဲ့ဆိုရင်တော့ ငါမရူးတော့ဘူး"

အိပ်မက်တွေကိုလွန်ဆန်နိုင်ခဲ့တာဟာအတိအကျပဲ။ တိုက်ဆိုင်လွန်းမှသာ၊ သူ့မေတ္တာတွေကိုမလွန်ဆန်နိုင်မှသာကျွန်တော်ရောယောင်စီးမျောသွားခဲ့ရတာ။ကိုယ့်အသိစိတ်နဲ့ကိုယ်ဆို သူ့ကိုမပတ်သက်ချင်တော့တာအမှန်။

"အတိတ်မေ့မနေတာကိုLeoသိရဲ့လား"

"မသိတော့လည်းဘာမှဖြစ်မနေပါဘူး..Leoငါ့ကိုချစ်တာမှာအလုံးစုံသံသယကင်းတယ်"

"ကျွန်တော့်ကိုချဥ်းကပ်ခဲ့တာကရော..သိသိရက်နဲ့ကျွန်တော်ကိုယ်တိုင်တိုးဝင်လာမိအောင်ခင်ဗျားဘာကြောင့်မာယာများခဲ့ရတာလဲ"

"မင်းစိတ်ကိုစမ်းကြည့်ချင်ခဲ့ရုံပဲ..ငါ့ဝန်ခံခြင်းကိုအကြီးအကျယ်လှောင်ခဲ့တဲ့မင်း..ဘယ်လိုတွေများတုံ့ပြန်လိမ့်မလဲလို့သိချင်ခဲ့လို့..အပြောပဲကြီးခဲ့မှန်းသိရတော့..မင်းကငါ့ထက်တောင်ရယ်စရာကောင်းနေခဲ့တာပဲ"

"ParkJimin!"

ပုခုံးနှစ်ဖက်ကိုဆောင့်ဆွဲကာအခန်းထဲဆွဲသွင်းခဲ့ပုံသည်ကြမ်းတမ်းလွန်းသည်။အရှိန်နဲ့မို့မထိန်းနိုင်စွာသူ့ရင်ဘက်နဲ့ပြေးဆောင့်တော့ပါးပြင်တစ်ဖက်နာကျင်သွားသည်။တည်ငြိမ်နေသောစိတ်တွေသည်ထိုအပြုအမူကြောင့်မတည်ငြိမ်နိုင်တော့။

"မင်းဘာလုပ်တာလဲ!"

"ခင်ဗျားကရောဘာလုပ်ခဲ့တာလဲ..ဘာလို့လဲ!"

ကျယ်လောင်စွာအော်ငေါက်လာသံသည်အပြင်ဘက်ရှိဝန်ထမ်းတွေကိုလှုံ့ဆော်လိုက်သလိုဖြစ်သွားကာအားလုံးသည်သူတို့ဆီသို့လှမ်းကြည့်လာခဲ့သည်။ အနေအထားကရင်ခွင်ထဲဆွဲသွင်းခံထားရတာမို့ကြည့်လို့တော့မကောင်းခဲ့။ အတင်းတိုးထွက်မိတော့အားသုံးကာဆွဲဖက်ထားသေးသည်။ဒီကောင်ဘာဖြစ်ချင်နေမှန်းမသိ။

"ငါ့ကိုလွတ်စမ်း..ငါ့ရုံးခန်းထဲမှာငါ့ကိုမလေးမစားလာမလုပ်နဲ့..ဖယ်"

"လေးစားခံချင်သေးတယ်ပေါ့..အရင်ကငါ့ကိုအလုပ် လုပ်ဖို့အတွက်အတင်းကြိုးစားတောင်းဆိုခဲ့တာဘယ်သူလဲ..ဟမ်! ငါ့ကိုတမင်သက်သက်ကြီးအနားကိုပြန်ဆွဲခေါ်ခဲ့တာဘယ်သူလဲ"

"ဘာတွေလာပြောနေတာလဲ..ငါမင်းကိုဘယ်တုန်းကမှဆွဲမခေါ်ခဲ့ဘူး"

"ParkJimin"

မခိုင်မခံ့နှလုံးသားကိုအဆုံးထိကျိုးကျအောင်လုပ်လိုက်သောစကား။ ရင်အစုံသည်နိမ့်ချည်မြင့်ချည်ဖြစ်ကာဒေါသတွေလား၊ဝမ်းနည်းစိတ်တွေလားမသဲကွဲခဲ့။အရာအားလုံးကိုခဝါချချင်မိသောစိတ်တွေနဲ့ သူ့ဆီကရုန်းထွက်ချင်သောစိတ်တွေသာရှိခဲ့ပေမဲ့ တကယ်တမ်းမျက်နှာကလေးမြင်တဲ့အခါကျ ကျွန်တော်မတတ်နိုင်ခဲ့ပြန်ဘူး။

"လွတ်စမ်းငါ့ကို..ငါ့ကုမ္ပဏီမှာငါ့ကိုမဆင်မခြင်.."

"ဆင်ခြင်အောင်နေခဲ့သလားJimin..နေတတ်နေတာကို ခံစားချက်တွေပြန်နိုးလာအောင်နှိုးဆွခဲ့ပြီးမှ အခုလိုတစ်ယောက်တည်းတည်ငြိမ်နေသင့်လား"

"နေသင့်တယ်..မင်းကိုချစ်ခဲ့မိလို့နာပြီးတဲ့ဇာတ်မှာ ငါထပ်ပြီးအနာမကျက်တဲ့ဇာတ်ကောင်မဖြစ်ချင်တော့ဘူး..ချစ်ပေးနေတဲ့နှလုံးသားတွေကိုပဲငဲ့မယ်..ငါ့ကိုလှောင်ခဲ့တဲ့နှုတ်ခမ်းတွေအတွက်ငါပြန်ပြီးကစား
ကြည့်တာ ငါဘာတစ်ခုမှမမှားခဲ့ဘူးJeonJungKook"

လှောင်ခဲ့တာဟာ လှောင်ချင်လို့မှမဟုတ်ခဲ့ပဲ။ကျွန်တော်ဘာတစ်ခုမှသိမနေတဲ့အကြောင်းတရားကြီးဖြစ်တဲ့အပြင် အဆန်းတကြယ်ခင်ဗျားက ဒီဘဝမှာကျွန်တော့်လိုအမျိုးသားတစ်ယောက်လေ။

"တမင်သက်သက်လက်စားချေတဲ့သဘောပဲပေါ့"

"ငါမင်းကိုမချစ်တော့​တာကြာပြီ..အခုပစ္စုပ္ပါန်မှာငါ့အချစ်ဟာ Leoတစ်ယောက်တည်းပဲ"

ဖြစ်ခဲ့ပြီးတဲ့အတိတ်တွေကိုမေ့ပစ်ခဲ့ပြီးသူကတော့လှလှလေးရှေ့ဆက်သွားပြီတဲ့။ မချစ်တော့ရင် ကိုဘဝတွေကြေနေပြီဟာ သူကသူ့အချစ်ကိုတောင်နာမတပ်ပြောပြလိုက်သေး။မနာလိုလိုက်တာလို့ဖွင့်ဟပြီးပေါက်ကွဲမပြနိုင်ခဲ့ဘူး။ ကျွန်တော်တို့ပတ်သက်မှုဟာဟိုးဟိုး အတိတ်တွေမှာပဲရှိခဲ့တာ။ ဒီဘဝမှာတော့သူရောကျွန်တော်ရောက ပကတိသူစိမ်းသာသာတွေပဲ။

"စာရင်းတွေရှင်းချင်နေခဲ့တာ..မင်းငါ့ကိုချစ်နေသေးတယ်လို့တွေးမိလို့..အခုတော့သိလိုက်ပါပြီ..တန်ပြန်မှုကိုစိတ်ကျေနပ်ခဲ့တယ်ဆိုရင်..နောက်နောင်တော့ဝေးဝေးမှာနေပေးပါ..ပတ်သက်မှုတစ်စုံတစ်ရာကိုတောင်မှတ်မထားပဲနဲ့ ဝေးနိုင်သမျှဝေးဝေးမှာပဲနေပေး..ငါ့မျက်စိရှေ့မှာပုံသဏ္ဍာန်မမှန်တဲ့ပုံစံနဲ့နောက်ထပ်တစ်ခေါက်ပြန်ပြီးပေါ်လာရင်..အဲ့နေ့မင်းအသေပဲ..ထပ်ပြီးတော့မှတ်ထားလိုက်ParkJimin..မင်းကစားခဲ့တဲ့ဘဝအဆက်ဆက်တွေအတွက် မင်းချစ်မိသမျှကဘယ်တော့မှမစစ်မှန်စေရဘူး..ငါချစ်ပေးခဲ့တဲ့လျော်ကြေးအတွက် ငါ့နှလုံးသားအတွက်ငါထပ်ပြီးကျိန်တယ်..ငါမင်းကိုတစ်ခါလွမ်းတိုင်း မင်းရင်တွေအဆမတန်အောင့်မျက်နေစေရမယ်..ဒါကငါ့မေတ္တာတွေကိုအမြဲတမ်းမှာကစားရက်ခဲ့လို့မင်းသေချာပေါက်ဆူးကိုဆူးရမယ်"

မောင်သည်ထပ်မံပြီးကျိန်စာစကားတွေဆိုခဲ့ပြန်သည်။ မထိရောက်ဘူး ထင်လို့များခဏခဏရစ်ပတ်ရမည့်ခံစားချက်တွေကိုဖန်တီးနေတာလား။ သူမောင့်ကိုသိပ်ချစ်ခဲ့တုန်းကတောင်မေတ္တာတွေဆူးလွန်းခဲ့တာ။ပေါ့ပျက်နေမိတဲ့လက်ရှိခံစားချက်တွေနဲ့သာဆို မောင်တခါလွမ်းရင်သူက တခါငိုရဦးမည်။မချစ်တော့ဘူးဆိုကာမှ။

မောင်သည်ရူးကြောင်ကြောင်းသိပ်လုပ်တတ်ပြီး မချစ်တော့ဖို့ကိုပြောတိုင်းမှာမုန်းစရာကောင်းအောင်လည်းလုပ်တတ်သေးသည်။ ဒီဘဝတင်ပါပဲဆိုပြီးရောက်ရှိသမျှဘုရားတွေတိုင်းမှာဆုတွေတောင်းခဲ့ရတာ။မောင်က ထပ်ပြီးသံကြိုးတွေနဲ့ချည်ပြန်သည်။

တောက်တစ်ချက်အကျယ်ကြီးခေါက်ကာ ဝုန်းကနဲပိတ်သွားသောတံခါးနောက်မှာ သူတစ်ယောက်တည်းငူငိုင်စွာကျန်ခဲ့သည်။နောက်ပြီး မချစ်တော့ဘူးဆိုတဲ့မျက်ရည်တွေနဲ့။
____

လုပ်ချင်တာတွေလုပ်ခဲ့ပြီးအစီအစဥ်တကျကိုဖြစ်မြောက်ခဲ့သော အသည်းကွဲဇာတ်လမ်းလေးကိုကောင်းကောင်းဇာတ်သိမ်းခဲ့ပြီးပြီဆိုတော့ သူလဲအခုအရေးပါတဲ့လူကိုပဲကြည့်ရတော့မှာမလား။ ဘယ်ကျိန်စာတွေဘယ်လိုလာစမ်းပါစေတော့ ကျွန်တော်တော့မမူတော့ပါဘူး။ ယောင်းနည်းတူပေးနေတဲ့အကြင်နာတွေနဲ့တင် ကျိန်စာတွေကိုလျှော်ပစ်လို့ရတယ်။ JeonJungKook ရဲ့တစ်ယူသန်မှုသည်ဘဝအဆက်ဆက်မှာသူသာလျှင်နာကျင်တတ်သောဘွဲ့ကိုခံယူပစ်သည်။

"မုန်းစရာကောင်းလိုက်တာများ"

နှုတ်ကနေထွက်ကျတဲ့အထိအသည်းတယားယားနဲ့အခဲမကျေနေမှုသည် အခန်းတံခါးခပ်ဟဟကိုမြင်တဲ့အခါအနည်းငယ်တော့ငြိမ်ကျသွားသည်။ တစ်အိမ်လုံးမီးရောင်တွေလင်းနေပေမဲ့ချွင်းချက်မဲ့စွာထိုအခန်းကတော့အမှောင်အတိ။ဘာဖြစ်နေသလဲတွေးစရာမလိုပါဘူး။နှလုံးသားတွေနာကျင်နေလို့ဖြစ်မှာပေါ့။ တိတ်တဆိတ်ငိုနေတာလဲဖြစ်မှာပဲ။သူ့လိုမိန်းကလေးကအတ္တကိုဘုရားလိုကိုးကွယ်တဲ့လူမလို့ပေါ်တင်ကြီးကြေကွဲပြမှာတော့မဟုတ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အသည်းကွဲရခြင်းရဲ့အဓိပ္ပါယ်လေးကိုသူမဘယ်လိုနားလည်သွားပြီလဲ၊ ကျွန်တော့်ရင်တွေကွဲခဲ့ရတာဟာဘယ်လောက်ထိကိုမှ ယူကျုံးမရဖြစ်ခဲ့ရသလဲဆိုတာကိုရင်ကွဲနာကျနေသူလေးအားသွားပြောပြချင်သေးသည်။ နာကျင်မှုတွေအကြောင်း၊ ချစ်ရသူကိုဆုံးရှုံးရတဲ့အကြောင်း၊ ကိုယ့်အပိုင်ဖြစ်ခဲ့ပြီးမှတခြားတစ်ယောက်အပေါ်စိတ်ယိုင်သွားတဲ့ချစ်သူကြောင့်ရင်တွေဘယ်လိုကွဲကြောင်းမေးကြည့်ချင်သေးသည်။

ဆတူနာကျင်မှုပဲလား၊ ကျွန်တော့်ထပ်ပိုရူးသွပ်တဲ့လူမို့နှလုံးသားတွေ အစိတ်စိတ်အမြွာမြွှာပဲဖြစ်နေပြီလားပေါ့။ မလှောင်ချင်ပါဘူး ဒါလှောင်နေတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့မှီတည်ရာသံယောစဥ်တစ်ခုကိုရက်ရက်စက်စက်ဆွဲထုတ်ရဲခဲ့တဲ့သူမရဲ့စိတ်ကို မွချေပစ်ချင်ခဲ့တာ။အလားတူဆိုတဲ့အသိစိတ်ကိုခေါင်းထဲထည့်ပေးချင်ခဲ့တာ။

မျက်နှာထက်အပြုံးတုတစ်ခုကိုဖန်တီးရင်းတံခါးကိုခေါက်ကြည့်လိုက်သည်။

အော့!!!

လက်တွေရုတ်ခနဲတန့်သွားခဲ့သည်။အခန်းတွင်းမှမခံမရပ်နိုင်လောက်အောင်ပျို့အန်ချသံသည် စိတ်ပျက်စရာကောင်းစွာ။တံခါးကိုဆွဲဖွင့်ကာဝင်သွားလိုက်တော့ ကုတင်ခြေရင်းနှင့်ပြတင်းတံခါးနားတွင်ပြန့်ကျဲနေသောအရက်ပုလင်းတွေ။သုံးရက်တိတိအပြင်မထွက်ပဲအခန်းအောင်းကာအရက်တွေသောက်နေခဲ့သည်ပေါ့။ အစာတောင်မစားပဲအယ်လ်ကိုဟောတွေချည်းပြည့်နေတဲ့အစာအိမ်ရယ်၊ဆုတ်ပြတ်သတ်နေတဲ့အခန်းတစ်ခုနဲ့ဖရိုဖရဲနိုင်လွန်းသောပုံစံနဲ့သူမ။

"ဘာလဲ..ငါ့အခန်းထဲဘာလာလုပ်တာလဲ"

သူမအသည်းကွဲပုံကတစ်မျိုး။ ဖြစ်ပျက်နေတာတွေကိုမြင်ရမယ်ဆိုတာကြိုသိထားပေမဲ့ဒီလောက်ကြီးထိတော့မထင်ထားခဲ့။ParkNariသည်ရူးမိုက်လွန်းသည်။ဘဝအဆက်ဆက်တိုင်းကိုအဆိုးဝါးဆုံးသောစတိုင်တွေနဲ့။

"ထွက်သွား"

"အခြေအနေကိုလာကြည့်တာပါ..ငါ့လိုမျိုးပဲလားဆိုတာ..ဒါပေမဲ့နင်ကပိုပြီးပျက်စီးနေတော့တာပဲParkNariရဲ့..စိတ်မကောင်းဘူးလို့တော့ရွဲ့မပြောချင်ပါဘူး.."

"နင့်ကိုထွက်သွားလို့ပြောနေတာ"

အေးစက်စက်အသံသည်ရှုပ်ပွနေတဲ့ဆံပင်ကြားထဲမှကြောက်စရာကောင်းနေသည်။

"မနှင်ပါနဲ့လား..အစ်ကိုဆိုတော့ညီမတစ်ယောက်အခုလိုဖြစ်နေတဲ့အပေါ်နည်းနည်းလေးစိတ်ကျေနပ်မိပေမဲ့ ဝမ်းသာမနေပါဘူး..ဘာပဲဖြစ်ဖြစ်နင်လဲရင်ကွဲနာဆိုတာကိုကိုယ်တိုင်ကြုံရတာပေါ့"

ကြုံလာရတာဘဝတိုင်းဆိုထပ်ပြီးအလှောင်ခံရဦးမှာမို့စိုက်ပဲကြည့်နေလိုက်သည်။အခန်းထဲကဖြစ်ပျက်နေသမျှကိုအသေအချာလိုက်ကြည့်ပြီး ကျွန်မဘယ်လောက်ပြိုလဲသွားပြီဆိုတာကိုအရသာခံကျေနပ်နေတာ။

"ငါ့ကိစ္စပါ နင်ဖြစ်ချင်သလိုဖြစ်ပြီဆိုတော့ပျော်နေရောပေါ့"

"မပျော်ပါဘူး..ငါကနင့်လောက်မှမယုတ်မာတတ်တာ"

"ParkJimin"

ယောကျ်ားလေးဖြစ်ပြီးဆိုတဲ့ ခေါင်းစဥ်တွေတပ်ချင်တပ်လို့ရတယ်။ဝေဒနါဆိုတာအစားဝင်ကြည့်မှသိတာ။ ဒဏ်ရာတွေနဲ့နောင်တတွေကိုဘယ်သူမှအစားထိုးဝင်ခံစားပေးမှာမဟုတ်ဘူး။

"နင်လည်းသိလောက်ပြီပေါ့မပိုင်နိုင်တဲ့အရာတစ်ခုကို ဘယ်လိုမှစွဲလန်းလို့မရဖူးဆိုတာ"

"ငါကိုကို့ ကိုချစ်ခဲ့တာအခုမှမဟုတ်ဘူး!"

"ငါကရော! ငါနင့်ထက်အရင်သူ့ကိုတွေ့ပြီးနင့်ထက်အရင်သူနဲ့အတူဘဝဆိုတာကိုလေ့လာခဲ့ပြီး အချစ်ဆိုတာရဲ့ဒဿနတွေကိုအတူတူရှာဖွေခဲ့ကြပြီး ချစ်လိုက်ငိုလိုက်တခါတလေလွမ်းနေရက်နဲ့တောင်ကျောတွေခိုင်းခဲ့ကြပြီးငါတို့နှလုံးသားတွေဘယ်လိုမျိုးပဲကြုံကြုံသစ္စာမပျက်ချစ်ခဲ့ကြပြီးမှ နင်ဆိုတာပေါ်လာခဲ့တာParkNari..နောက်ကျမှဝင်လာပြီးနင့်အချစ်ကပဲထာဝရဆိုတာလာမလုပ်နဲ့..ငါ့ရင်တွေကွဲတာဒီဘဝမှမဟုတ်ဘူး..အဲ့တာနင်နားလည်ထား"

နှစ်ဦးစလုံးမေတ္တာတွေသည်ဘယ်သူ့ကိုမှပိုသာအမှတ်ပေးလို့မရ။နောက်ကျမှဝင်လာခဲ့လည်းအချစ်ဟာနက်ရှိုင်းတတ်သလိုစောစီးစွာဝင်ရောက်ခဲ့သောအချစ်တွေသည်လည်းခမ်းနားခဲ့သည်။ ထပ်တူကျခဲ့ခြင်းမကျခဲ့ခြင်းမှာသာကွဲလွဲခဲ့ရတာ။တကယ်တမ်းသနားစရာဆို ParkNariဟာဘယ်ဘဝမှာမှလှလှ​လေးအချစ်မခံခဲ့ရပါဘူး။

"ကိုကိုက..ကိုကိုက ငါ့ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးလေ..နင်နဲ့ငါမတူခဲ့ပါဘူးParkJiminရဲ့..နင်ရင်နာတယ်ဆိုငါသိပ်ရယ်ချင်တာပဲ..ကိုကို့နှလုံးသားကိုထာဝရပိုင်ဆိုင်နေရက်နဲ့ နင်ကဇာတ်တွေဝင်နာတိုင်းငါသိပ်ရယ်ချင်တာ"

အရုပ်လှလှလေးတစ်ရုပ်လိုဖြစ်တည်မှုရဲ့ကံကြမ္မာက ဒီလိုလေး။ချစ်ခဲ့ကြတာပါပဲ အတူတူချစ်ပေးခဲ့ကြတာပါပဲ။နောက်မှရောက်လာလို့ဆိုပြီး အရံဇာတ်သွင်းဗီလိန်လုပ်ခိုင်းတာကျတော့ ငါတို့သူ့ကိုဗီလိန်လို့ခေါင်းစဥ်တပ်လို့မရခဲ့ပါဘူး။

"နင့်နှုတ်ခမ်းတွေကိုသိပ်ကြိုက်တဲ့ကိုကိုက ငါ့နှုတ်ခမ်းတွေဆိုထိတောင်မထိခဲ့ဘူး..ငါအလိုချင်ဆုံးယုယမှုတွေဆိုတာလေ..နင့်ကို ကိုကို ပေါ့ပျက်ပျက်ပြောဆိုတာလောက်ပဲရှိခဲ့တာ..ဝန်မခံချင်ဘူးParkJimin ငါဝန်မခံချင်ပေမဲ့လေ..ကိုကိုနဲ့ပတ်သက်ရင် ငါ့မှာနင့်​ခြေဖဝါးတစ်မှုန်စာလောက်တောင်အရေးမပါခဲ့ဖူးဘူး"

အလှောင်ကြီးလှောင်ချင်ခဲ့လို့ဝင်လာမိတဲ့အခန်းထဲမှာ မျက်ရည်တဝဲဝဲနဲ့ဇာတ်လမ်းတစ်ပုဒ်နားထောင်ရလိမ့်မယ်လို့တော့မထင်ခဲ့။တစ်ကိုယ်လုံးတုန်ရီလာကာ ငိုချခဲ့သောမျက်စိရှေ့ကမိန်းကလေးရဲ့စွဲလန်းမှုသည်သူပင်ဆိတ်ငြိမ်နေမိတဲ့အထိ။နားလည်ပါတယ် တစ်ဖက်သတ်မေတ္တာတွေအကြောင်းနဲ့နက်နဲစွာချစ်မိရတဲ့အပူတွေအကြောင်း။

"နှစ်တွေအကြာကြီးဆိုပြီး နင်ကတော့အတော်ငြိုးနေခဲ့မှာပေါ့..အဲ့အချိန်တွေဆိုတာလေ ကိုကို့အချစ်တွေနဲ့တွက်ကြည့်လို့မရဘူး..သံယောစဥ်တွေ၊အားနာမှုတွေ..သနားစရာကောင်းနေခဲ့လို့သာ..ကိုကို့မျက်စိထဲမှာငါကသနားစရာမိန်းကလေးအပြင်မပိုခဲ့ဘူး..အဲ့တာနင်သိလား..နင်ကဘယ်သိပါ့မလဲ..အသွားအပြန်ဆိုတဲ့မေတ္တာတွေကနင့်အတွက်ဆိုအဆင်သင့်လေ..အဲ့တာကြောင့်မလို့..အဲ့တာကြောင့်မလို့ ငါ
Kim TaeHyungကိုသတ်ခိုင်းလိုက်တာ..ဟဟ..ဟက်!"

"ယောင်းနဲ့ဘာမှမဆိုင်ခဲ့ဘူးParkNari..နင်လုပ်ရက်ခဲ့တဲ့အဲ့အမျိုးသားက ငါနဲ့နင့်ရဲ့ဘဝထဲဘာတစ်ခုမှဆက်နွယ်ခြင်းမရှိခဲ့ဘူး"

"ရှိတာပေါ့..သူကနင့်ကိုချစ်တဲ့လူလေ..နင့်ကိုချစ်တဲ့လူတွေချည်းရှိနေတာဖြစ်သင့်လား..ငါမကြိုက်လို့ပေါ့..ကိုကိုမှမဟုတ်ရင် အဲ့KimTaehyungမှမဟုတ်ရင် နင့်ဘဝကိုလှလှလေးပျိုးထောင်နိုင်မည့်လူကမရှိလောက်တော့ဘူးလေ..ယောကျ်ားလေးဖြစ်ပြီးသိပ်လှနေတဲ့နင့်ကိုတခြားယောကျ်ားတွေကသူတို့လိုအလှကြည့်မှာမဟုတ်ဘူး..ကိုကို့ ကိုငါသိမ်းထားခဲ့တော့ KimTaehyung သာမရှိရင်နင်လဲလှလှလေးရှင်သန်နိုင်ပါ့မလားပဲလေ.."

"နင်..နင်ယုတ်မာလိုက်တာ"

"ဒါပေမဲ့နောက်ထပ်အရူးတစ်ကောင်ပေါ်လာပြန်တယ်လေ"

Leoကိုပါဖျက်စီးပစ်ဖို့ကြံနေတာတော့မဟုတ်ဘူးမလား။ သနားမိသောစိတ်တွေကိုစက္ကန့်ပိုင်းအတွင်း ရိုက်ချိုးပစ်သည်။အမူအယာတွေသည်အမှောင်ချထားတဲ့အခန်းထဲမကောင်းတဲ့အငွေ့အသက်တွေအများကြီးရနေခဲ့သည်။

"ဒါပေမဲ့ အဲ့လူက ကိုကို့ အတွက်အရေးပါတဲ့လူတစ်ယောက်ဖြစ်နေခဲ့လို့ငါထိတောင်မထိရဲခဲ့ဘူး..ကိုကိုဝမ်းနည်းမှာကို ငါလုံးဝမလိုလားဘူးလေ ငါ့ကြောင့်နဲ့ကိုကိုစိတ်ဆင်းရဲမှာကိုဟန်ဆောင်ပြီးတောင်မလုပ်နိုင်ဘူး"

သြော်..သူချစ်တဲ့လူကိုကျစိတ်လေးတောင်အညှိုးမခံချင်ဘူးတဲ့။အတ္တချစ်ခြင်းတွေသည်ကြောက်စရာကောင်းပါဘိ။

"အခုလည်းကိုကို့ ကိုငါဘာလို့လမ်းခွဲပေးခဲ့လည်းသိလား..ကိုကို့အသံလေးတွေအများကြီးတုန်လှုပ်နေခဲ့လို့"

"နင့်မေတ္တာတွေကသူ့အတွက်ပဲဖြူစင်ခဲ့တာတခြားလူတွေအတွက်ဆိုးဝါးလွန်းတဲ့ အတ္တတွေက နင့်အတွက်ကောင်းမွန်တဲ့အချစ်တစ်ခုကိုဘယ်တော့မှရအောင်လုပ်ပေးနိုင်မှာမဟုတ်ဘူး"

"မလိုချင်ပါဘူး..ငါလိုချင်တာကိုကို့ ကိုပဲ..ကိုကိုကမနေချင်ရင်အတင်းဆွဲမထားဘူး..ကိုကိုပျော််မယ်ဆို ငါသေရသေရ"

"စိတ်ပျက်စရာကောင်းလိုက်တာ..နင့်လိုမိန်းကလေးမျိုးကလူတစ်ယောက်အတွက်နဲ့ဒီလိုအဖြစ်ခံနေတာသိပ်ကိုစိတ်ပျက်ဖို့ကောင်းတယ်"

"ဟားဟား..ပျက်လေ..ပျက်ပေါ့..အချစ်မခံရတဲ့လူမလို့ ဘယ်လိုပျက်ပျက်ငါကလွဲဂရုစိုက်နေမည့်လူမရှိဘူး"

"Nari..အစ်ကိုမင်းကိုပြောပြမယ်နော်.."

"ထွက်သွား!"

မိခင်​ကြီးအနားမှာ​ရှိနေခဲ့ရပြီးတစ်ယောက်တည်းဆိုတဲ့စိတ်တွေဝင်လာတဲ့အထိအထီးကျန်ခဲ့ရသောသူမရဲ့စိတ်လေးကိုအနုနည်းနဲ့ဖြောင်းဖြကြည့်ရန်ဆိုတော့ကျယ်လောင်စွာနှင်လွတိလာသည်။

"နင့်ပါးစပ်ကအစ်ကိုလို့ ဘယ်တော့မှမသုံးနှုန်းနဲ့..ထွက်သွား..အခုချက်ချင်းငါ့အခန်းထဲကထွက်သွား!!!"

"အစ်ကို.."

အား!!!!

ဘယ်နားကလှမ်းဆွဲလိုက်မှန်းမသိတဲ့အရက်ပုလင်းအားပစ်ခွဲပစ်ကာအသံကုန်ထအော်ခဲ့ပြီးထွက်သွားဖို့ချည်းအော်ပြောနေခဲ့သည်။ဆက်နေလျှင်သွေးဆူနေတဲ့အချိန်မို့ပိုဆိုးတာတွေပဲဖြစ်လာမှာမို့

"ဟုတ်ပြီ..ငါထွက်သွားပေးမယ်..စိတ်ကိုလျှော့လိုက်ပါ..ငါထွက်သွားပေးမယ်"

ငြိမ်သက်အောင်ပြောဆိုကာ အခန်းပြင်ပြန်ထွက်လာလိုက်သည်။ အပြင်ရောက်တော့အထုတ်တွေအများကြီးနဲ့simonကိုတွေ့ပေမဲ့နှုတ်ပင်မဆက်ဖြစ်ခဲ့။ဝင်သွားလျှင်အ​ခြေအနေတွေအားလုံးကိုသိရမှာပဲမို့မှာကြားမနေတော့ပါ။simonကတော့ Nariအခန်းထဲကထွက်လာတဲ့ကျွန်တော့်ကိုအံ့သြသောမျက်လုံးများဖြင့်။

_____

ဘယ္ဆီေျပးရမလဲမသိေနတဲ့ႏွလုံးသားေတြဟာ အခ်စ္ခံရတာေလးကိုအားနာမိတဲ့အခ်ိန္တိုင္းအသက္ရႉေနရတာေတာင္မွားေနသလို။ အားငယ္ေနခ်ိန္မွာဆုပ္ကိုင္ေပးခဲ့တဲ့လက္ကေလးေတြ နာက်င္ပါေစေတာ့ဆိုၿပီးအသည္းေတြမာေက်မေနခဲ့ဘူး။ ေမ့လိုက္ၾကရေအာင္လို႔ ဇာတ္လမ္းေတြကိုအဆုံးသတ္ရေအာင္လည္း ကြၽန္ေတာ္ကသာတစ္ဖက္သတ္။

လက္ရွိလူကိုသိပ္ခ်စ္ပါတယ္ဆိုေသာစကားဟာ အတိတ္ေတြကိုလြတ္ပစ္လိုက္ေတာ့လို႔ေျပာလိုက္တဲ့သေဘာပါပဲ။ ဘာတစ္ခုမွေတာင္ျပန္မေျပာနိုင္ခဲ့ဘူး။ ရိုးရွင္းစြာပဲအမွတ္ရေနျခင္းေတြအေပၚစစ္မွန္စြာဖြင့္ဟခဲ့ပါတယ္။ ကြၽန္ေတာ္ျပဳမူခဲ့သလိုေတြထက္အဆတစ္ရာျပင္းထန္ေသာတန္ျပန္ရိုက္ခ်က္။ ဘယ္အျမင့္ကေနျပဳတ္က်က်ေသပါတယ္ခင္ဗ်ားရယ္။ အနီးကပ္ရိုက္ခ်က္ဟာေတာ့အသည္းေတြအစိတ္စိတ္ႁမြာႁမြာေပါ့။ ဘယ္ေနရာေတြနာၿပီးဘာေတြလုပ္ရေတာ့မွန္းမသိေအာင္ကို စကားေလးတစ္ခြန္းနဲ႕သူသတ္ခ်ခဲ့တာ။

ေမာင္တို႔ဘယ္လမ္းေတြမွာ လြဲေနၾကသလဲကေလးရယ္။ ဘယ္စီရင္ခ်က္ေတြကဘဝအဆက္ဆက္ေဝးကြာေစဖို႔အမိန့္ခ်မွတ္ေစခဲ့လဲ။ ေျပးမရေလတဲ့အေၾကာင္းရင္းေတြမရွိပါပဲနဲ႕ေမာင္တို႔ဘာေၾကာင့္မ်ား ေဝးေဝးကိုေျပးခ်င္ေနမိတာလဲ။ ဘာေၾကာင့္မ်ား မင္းရပ္ဝန္းဆီပဲေမာင္တြယ္ကပ္ခ်င္ေနမိရတာလဲ။

Maung
____

အိပ္မရတဲ့ညကို ဝရံတာမွာထိုင္ကာ ဘီယာပုလင္းေမာ့ရင္းျဖတ္သန္းေနမိတယ္။အသက္ေတြေတာင္ရႉေနရဲ႕လားမသိတဲ့လူတစ္ေယာက္ရဲ႕တိတ္ဆိတ္ေနျခင္းပါပဲ။ တစ္ခ်က္တစ္ခ်က္အသက္ရႉသံမွ်င္းမွ်င္းေလးၾကားရေပမဲ့ အခ်ိန္မရွိေတာ့တဲ့ညခင္းမွာမ်က္လုံးဝိုင္းဝိုင္းေလးေတြေၾကကြဲေနတယ္။တတီတီျမည္ေနတဲ့ဖုန္းသံကိုေတာင္မၾကားရေတာ့အထိသူဟာမလႈပ္မယွက္ငူငိုင္ေနဆဲ။

မိနစ္ေတြၾကာလာတဲ့အထိဖုန္းေခၚဆိုမႈကရပ္တန့္မသြားတဲ့အခါမွေကာက္ကိုင္လိုက္သည္။ဘယ္သူဘယ္ဝါမွန္းၾကည့္မေနေတာ့။အခု ဘာကိုမွအာ႐ုံစူးစိုက္မေနခ်င္ပါ။

"ဟယ္လို"

"ကိုကိုဘယ္မွာလဲဟင္"

တစ္ဖက္ဆီမွတိုးညွင္းစြာထြက္က်လာေသာအသံေလး။ ေလတိုက္ခတ္မႈေတာင္မွရွိမေနတဲ့ပတ္ဝန္းက်င္မွာ ထိုမိန္းကေလးရဲ႕ဝမ္းနည္းဟန္အသံငယ္တစ္ခုကအက္ကြဲစြာ။

"အိမ္မွာေလ"

"Nariဆီလာေပးပါလား ကိုကို"

"ကိုယ္ပင္ပန္းေနတယ္Nari"

"ဒါဆို..ဒါဆို Nariလာပါ့မယ္"

အၿပိဳလဲဆုံးေသာအသက္ရႉသံေတြရဲ႕မွီတည္ခ်င္မိရာေတြဟာတူညီမေနခဲ့။ လိုအပ္ေနေသာရင္ခြင္ေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ဆန့္က်င္ေနသည္။ သမီးရည္းစားဆိုတဲ့ေခါင္းစဥ္ေအာက္ကႀကိဳးႏွစ္ေခ်ာင္းဟာခပ္တဲတဲေလးပဲက်န္ေတာ့သလို။

"မလာပါနဲ႕..အခ်ိန္မရွိေတာ့ဘူးေလNari"

"Nari..ကိုကို႔ ကိုအရမ္းလြမ္းေနလို႔ပါ"

သိမ္ငယ္ရတယ္ဆိုတာကိုခံစားဖူးပါရဲ႕နဲ႕ကိုယ္ခ်င္းစာမေနနိုင္ေသာအခ်ိန္ေတြပါ။ ကြၽန္ေတာ္ Nariကိုေတြ႕လဲမေတြ႕ခ်င္သလို အသံကိုေတာင္မၾကားနိုင္တဲ့အထိအားနာမႈေတြႀကီးမားေနတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လဲ လက္ေထာက္ထားရတာေတာင္ယိုင္နဲ႕နဲ႕ နဲ႕။

"လြမ္းရင္ေနာက္ေန႕လာေတြ႕ပါ့မယ္"

"ကိုကို..Nariကိုစိတ္ဆိုးေနတုန္းလားဟင္"

"ကိုယ့္ကိုစိတ္ရႈပ္ေအာင္မလုပ္ပါနဲ႕လား..ကိုယ္တကယ္ပင္ပန္းေနလို႔"

"Nariေတာင္းပန္ပါတယ္..ကိုကို႔ ကိုစိတ္ရႈပ္ေအာင္လုပ္ေနတာမဟုတ္ပါဘူး..Nari႐ုတ္တရက္ႀကီးအိပ္မက္ဆိုးမက္လို႔ပါ"

"ေရေလးေသာက္ၿပီးျပန္အိပ္လိုက္ေလ..ကိုယ္စကားမေျပာခ်င္ေတာ့ဘူး"

ေရွ႕ဆက္ေနရျခင္းအားဟာ ကိုကိုျဖစ္ေနလို႔ ကိုကိုကလက္လြတ္ပစ္တဲ့အခါ၊ ကိုကို႔ ဆႏၵဟာေသမိန့္ပါပဲ။ ဘယ္ဘဝဆီေရာက္ေရာက္ကိုကို ထားခဲ့ရင္ေသခ်င္ခဲ့ၿပီး၊ကိုကိုမရွိေတာ့ရင္ေသဆုံးခဲ့တဲ့စိတ္ဝိဉာဥ္ေတြပါ။ ကိုကိုက စိတ္ကုန္္ၿပီလို႔ေျပာလာရင္ စိတ္ေတြအကုန္လြတ္ခ်ၿပီးထာဝရေနာက္ဆုတ္ေပးမည့္ေမတၱာေတြပါ။ကိုကိုႏွင္ရင္ေသဖို႔ကိုဝန္မေလးေတာ့တဲ့မိန္းကေလးပါကိုကိုရယ္။

"အိပ္မက္ထဲမွာ ကိုကိုကNariကိုထားသြားလို႔.."

ၿငိမ္သက္သြားလို႔ဖုန္းခ်ပစ္ေတာ့မည့္ဆဲဆဲမွထပ္မံေျပာၾကားလာေသာစကား။ အိပ္မက္ေတြအေၾကာင္းမၾကားခ်င္ေတာ့တဲ့အခ်ိန္၊ အိပ္မက္ေတြေၾကာင့္႐ုန္းမထြက္နိုင္ျဖစ္ေနရတဲ့လူမို႔ အိပ္မက္ေၾကာင့္ဆိုတဲ့စကားေတြၾကားတဲ့အခါစိတ္သည္အလႈပ္ခတ္ဆုံးျဖစ္ခဲ့သည္။

"အိပ္မက္ေတြေၾကာင့္နဲ႕ဖုန္းဆက္တာလား"

"အရင္ကလဲဆက္ဖူးတယ္ေလ..ကိုကိုကႏွစ္သိမ့္ေပးခဲ့ဖူးေတာ့ ေမွ်ာ္လင့္မိလို႔ပါ"

"အရင္က ကိုယ္ကအလုပ္မရွိအကိုင္မရွိမို႔မင္းကိုအခ်ိန္ေပးနိုင္ေပမဲ့ အခုက ကိုယ္အလုပ္နဲ႕ေလ"

"Nariကိုမခ်စ္ေတာ့တာလားကိုကို"

"က်စ္!Nari"

စိတ္မရွည္သလိုအသံကိုၾကားလာရတဲ့အခါ အစြန္းအစေလးေလာက္ရွိေနေသာအားတင္းမႈေလးကျပတ္ေတာက္သြားခဲ့သည္။ ကိုကို႔ ကိုသူမ သိမ္းမထားနိုင္ပါဘူး။ သူမ ခ်ည္တဲ့ႀကိဳးေတြဟာခဏတာၿမဲၿမံခဲ့ပုံပဲ။အသြားအျပန္ဆိုတဲ့စကားကိုေတာင္ မယုံရဲယုံရဲႏွင့္ယုံခဲ့မိေသးတာ။ တကယ္တမ္းက်အခ်စ္မွာအသြားအျပန္မရွိဘူး။

ဘယ္ႏွဘဝေလာက္မွ၊ ဘယ္ဘဝဆီေရာက္မွသူမ ကိုကို႔ ကိုပိုင္ဆိုင္ရမွာလဲ။ကိုကို႔အခ်စ္ေတြကိုဘယ္ဘဝေလာက္မွပိုင္ဆိုင္ရမွာပါ
လိမ့္။ ဒီဘဝမွာလည္း ဒီဘဝမွာလည္းပဲထပ္ၿပီးငိုရျပန္တာပါပဲ။ ဘာပဲျဖစ္ျဖစ္ပါကိုကို႔ ႏွလုံးသားေလးကိုခဏေတာ့သိမ္းထားခဲ့ဖူးပါတယ္ေလ။ တစ္သက္လုံးမဟုတ္ခဲ့ရင္ေတာင္ထိုခဏကေတာ့သူမဘဝအတြက္ေတာင္းဆုေကာင္းေလးပါပဲ။

"ကိုကို႔ ကိုခ်စ္ရတာပင္ပန္းတယ္..Nariသိပ္ကိုပင္ပန္းတယ္ကိုကို"

အထီးက်န္မႈေတြကိုေနသားေနက်ေနၿပီမလို႔ ညီးၫူးစြာေျပာလာေသာထိုစကားဟာ ဒီအခ်ိန္မွာေတာ့ဘယ္လိုမွပင္ခံစားလို႔မရခဲ့။ တစ္ခုပဲ အားနာမႈေတြအားလုံးကိုေဖ်ာ္ခ်ပစ္ခ်င္ေနတာေလးတစ္ခုပဲ။

"ကိုယ္မင္းကို အတင္းမေတာင္းဆိုပါဘူး..ခ်စ္ခဲ့ၾကၿပီးၿပီပဲ..ပင္ပန္းလာရင္မင္းထြက္သြားနိုင္ပါတယ္"

အရင္တစ္ခါလိုတုန္တုန္လႈပ္လႈပ္နဲ႕အံ့ၾသတႀကီးျဖစ္မေနေတာ့ဘူး။ အတတ္နိုင္ဆုံးေတာ့ေကာင္းမြန္တဲ့ေမတၱာဓာတ္ကေလးမို႔အတၱႀကီးၿပီးဆြဲထားဦးမလို႔ပါပဲ။ ဒါေပမဲ့သူလည္းပင္ပန္းတာကိုဘယ္ႀကိဳက္ပါ့မလဲေလ။ကြၽန္ေတာ္တို႔ခ်စ္ျခင္းေမတၱာေတြအေပၚေတာ့အရမ္းႀကီးအတၱမႀကီးသင့္ဘူးမလား။

"ဆြဲမထားေတာ့ဘူးလားကိုကို..Nariကသိပ္ခ်စ္တတ္တဲ့မိန္းမပါ"

"ကိုယ္မင္းကိုမပင္ပန္းေစခ်င္ဘူး"

ညသည္အေဆြးဆုံးနဲ႕အေဝးဆုံးျဖစ္မည့္လမ္းေတြကိုပဲဦးတည္ေနသည္။

"ကိုကိုNariကို ခ်စ္မွခ်စ္ခဲ့ရဲ႕လား"

"မင္းနဲ႕ပတ္သက္ခဲ့တဲ့အခ်ိန္ေတြတိုင္းကအစစ္အမွန္ေတြပါ..ကိုယ္မညာပါဘူးNari..ကိုယ္မင္းကိုခ်စ္ခဲ့ပါတယ္..ကိုယ့္ရဲ႕ပထမဆုံးအခ်စ္ဟာမင္းပါ"

"ဒါဆိုထာဝရအထိၿမဲေနဖို႔ ကိုကိုဘာလို႔မႀကိဳးစားရတာလဲ"

"ကိုယ္ေတာင္းပန္ပါတယ္Nari..ကတိေတြအတြက္ေရာ ႀကီးမားတဲ့အခ်စ္တစ္ခုအေပၚေပါ့ပ်က္ခဲ့မိတဲ့အတြက္ပါ ေတာင္းပန္ပါတယ္..ကိုယ့္ေၾကာင့္နဲ႕ပင္ပန္းေနတဲ့မင္းကို ကိုယ္ဆက္ၿပီးဆြဲမထားခ်င္ေတာ့ဘူး"

"လမ္းခြဲဖို႔စကားေတြကိုဘာလို႔အားတက္သေရာ္ေျပာေနရတာလဲကိုကိုရယ္..Nariရင္ေတြနာလိုက္တာ"

ပင္ပန္းတယ္ပဲေျပာမိတာ ျပတ္စဲခ်င္ေနတဲ့တစ္ဖက္လူကိုအခြင့္အေရးေပးလိုက္တာမွမဟုတ္ပဲ။အတိတ္ေတြကိုမွတ္မိေနလားမွတ္မိမေနဘူးလားေတာ့ သူမ မသိဘူး။ ဒါေပမဲ့အဲ့အနမ္းေတြ၊အဲ့အၾကည့္ေတြကိုသူမ မွတ္မိေနတယ္။ တစ္ခါတုန္းကအသည္းအသန္ခ်စ္ျမတ္နိုးခဲ့ၾကတဲ့လူႏွစ္ေယာက္ရဲ႕ဇာတ္ေၾကာင္းကိုျပန္ၿပီးသတိရေစနိုင္တဲ့အၾကည့္ေတြ။ ကိုကိုဟာဘယ္ေလာက္ဆြဲထုတ္ထုတ္အဲ့အမ်ိဳးသမီးရဲ႕အခ်စ္ေတြထဲကဘယ္ေတာ့မွ လြတ္ေျမာက္မွာမဟုတ္ဘူး။

တိတ္ဆိတ္သြားတဲ့တစ္ဖက္ျခမ္းကို အျပစ္ေတြမတင္ရက္ခဲ့ပါဘူး။ခ်စ္မိတာေတြမ်ား႐ူးလိုက္တာေဟ့ဆို အဆတစ္ရာမကတဲ့႐ူးရျခင္းေတြမို႔ဂ႐ုစိုက္မေနေတာ့ဘူး။အဓိက ကကိုကိုျဖစ္ေနခဲ့လို႔ ကိုကိုမေနခ်င္ေတာ့ရင္ဆြဲမထားခ်င္ေတာ့ေသာစိတ္ကေလးသည္ထားခဲ့ဖူးသမွ်အတၱေတြကိုေလွာင္ရယ္ၾကသည္။ ဒီအမ်ိဳးသမီးသိပ္ကိုအတၱႀကီးတတ္ခဲ့ပါတယ္ဆိုရင္ေတာင္ကိုကိုရဲ႕ မ်က္ႏွာေလးမွမဟုတ္ဘူးအသံကေလးက အဆင္မေျပေတာ့တာနဲ႕သူမလက္လြတ္ေပးမည္။

"တစ္ခုခုေတာ့ေျပာပါဦးလားကိုကို..တစ္ခုခုပဲျဖစ္ျဖစ္"

"လမ္းခြဲၾကရေအာင္..ကိုယ္တို႔ဒီေလာက္ထိပဲ"

ခ်စ္သူမိန္းကေလးရွိေနရက္နဲ႕ အမ်ိဳးသားတစ္ေယာက္အေပၚခံစားခ်က္ရွိေနတာနဲ႕တင္JeonJungKookတို႔ဆိုးသြမ္းလြန္းေနၿပီမလား။မ်က္ႏွာမပူတတ္တာမဟုတ္ပဲ ထားခဲ့ရမွာကိုအားနာေနခဲ့တာ။ဒီမိန္းကေလးသူ႕ကိုဘယ္ေလာက္ထိခ်စ္ေပးခဲ့သလဲ။

ႏွစ္ေတြအၾကာႀကီး စကားၾကမ္းၾကမ္းမေျပာခဲ့ဖူးတဲ့ေမတၱာေတြပါ။ ဘယ္ေလာက္ထိနက္ရွိုင္းလဲႏွစ္ခါေတြးေနစရာမလိုခဲ့ဘူး။ဒါေပမဲ့လည္းေရွ႕ဆက္မည့္ကာလေတြအထိေတာ့မစစ္မွန္တာေတြကိုဟန္ေဆာင္မေပးခ်င္ေတာ့ပါဘူး။ ကြၽန္ေတာ္ခ်စ္မိခဲ့ပါတယ္ဒါေပမဲ့ အတိတ္က႐ုန္းမထြက္နိုင္တဲ့အခါဒီဘဝမွာေတာ့ဒီေလာက္ထိပဲေပါ့။

"ကိုကိုတကယ္ကိုမခ်စ္ေတာ့တာပဲ"

"ကိုယ္ေတာင္းပန္ပါတယ္"

"ဘာေၾကာင့္လမ္းခြဲစကားေျပာတာလဲကိုကို..Nariပင္ပန္းတယ္လို႔ေျပာတာေၾကာင့္ေတာ့မဟုတ္ဘူးထင္တာပဲ..ဘယ္သူ႕ေၾကာင့္မ်ားလဲ"

"ဘယ္သူ႕ေၾကာင့္နဲ႕မွမဟုတ္ဘူးNari..ဒီတိုင္း..ကိုယ္တို႔ေရွ႕ဆက္ဖို႔မျဖစ္နိုင္ေတာ့ဘူးထင္လို႔"

"ဟက္!"

တစ္ဖက္မိန္းကေလးရဲ႕ေလွာင္ရယ္သံကိုၾကားလိုက္ရသည္။ဘယ္သူ႕ေၾကာင့္ရယ္မွမဟုတ္ဘူးေလ ကြၽန္ေတာ့္စိတ္ေတြမတည္ၿငိမ္ေနတာေၾကာင့္ပဲ။ တျခားဘာမွမရွိဘူး။ သူ႕ဘဝနဲ႕သူလွေနတဲ့လူကိုလည္းဝင္မရႈပ္ခ်င္သလို ကြၽန္ေတာ့္ဘဝကိုလည္းထပ္မနာခ်င္ေတာ့လို႔ တျခားမရွိဘူး။

"ParkJiminေၾကာင့္မ်ားလား"

"မဆိုင္တာေတြမေျပာစမ္းနဲ႕Nari..ကိုယ္ေျပာတာရွင္းရွင္းေလးပါပဲ..ကိုယ္ေရွ႕မဆက္ခ်င္ေတာ့လို႔"

"ဘာလို႔လဲ..ဘာလို႔လဲေျပာပါဦး..Nariက ကိုကို႔ေၾကာင့္ပင္ပန္းေနၿပီဆို ကိုကိုက ႏွစ္သိမ့္ေပးရမွာေလ အခုလိုလမ္းခြဲစကားေျပာရမွာမွမဟုတ္ပဲ"

"မင္းကအရင္လမ္းခြဲဖို႔ေျပာခဲ့တာပါNari"

"Nariကိုကို႔ စိတ္ကိုစမ္းသပ္ခ်င္ခဲ့႐ုံပဲ..Nariလိုမိန္းမက ရွင့္ကိုလမ္းခြဲနိုင္မယ္ထင္ခဲ့တာလား"

မထင္ခဲ့ပါဘူး။ ဒါေပမဲ့လည္းေရွ႕မဆက္ခ်င္ေတာ့ဘူး။

"ေျပာေလ..ကိုကိုထားခဲ့ရင္Nariေသပစ္လိုက္ေတာ့မွာေနာ္"

"ကိုယ္တကယ္ေတာင္းပန္တယ္Nari..အခုကိုယ္စိတ္ေတြလည္းရႈပ္ေနတယ္..ဘာဆိုဘာမွလည္းလုပ္မေနခ်င္ဘူး..လက္တစ္ေခ်ာင္းေတာင္ ေ႐ြ႕ၾကည့္ဖို႔ခက္ခဲေနတာမို႔ကိုယ့္ကိုနားလည္ေပးပါကြာ..ကိုယ္တကယ္ေတာင္းပန္ပါတယ္"

စိတ္ေတြအကုန္ၿပိဳလဲေနခဲ့တာမလို႔ တစ္ဖက္ကမိန္းကေလးရဲ႕စကားကိုလည္း နားမဝင္ခဲ့ပါ။ ဖုန္းခ်ၿပီးတိတ္တဆိတ္ပဲေနခ်င္ေနေသာစိတ္ေတြ။ တျဖည္းျဖည္းခ်မ္းစိမ့္လာတဲ့ေလထုေၾကာင့္ခပ္ေကြးေကြးေလးပဲေနခ်င္ေနတယ္။ ၿပီးရင္အသံတိတ္ငိုခ်ၾကည့္မယ္။ ဘာလို႔ေမ့ခ်င္ေယာင္ေဆာင္ေနရသလဲဆိုၿပီး တစ္ခ်ိဳ႕ေသာေတြကိိုခိုးလြမ္းမယ္။

ပိုင္ရွင္နဲ႕မလို႔၊သူလည္းေပ်ာ္ေနခဲ့ၿပီမလို႔ အဓိက ကေတာ့အတိတ္ေတြထဲကလိုပတ္သက္မႈေတြမဟုတ္တဲ့အျပင္တစ္ေယာက္တည္းလဲဟုတ္မေနေတာ့တဲ့အခါ ဇာတ္လမ္းကငိုရ႐ုံကလြဲ ဘာမွမတတ္သာေတာ့ပါဘူး။ ဘယ္ဘဝမွာမွအလွဆုံးေပါင္းစပ္နိုင္ေတာ့မလဲမသိတဲ့ကံၾကမၼာေတြမို႔ကြၽန္ေတာ္တို႔ဒီဘဝလည္းမသာယာခဲ့ရျပန္ပါဘူး။ျဖစ္နိုင္ရင္ေတာ့ေလ ဒီဘဝမွာပဲအရာအားလုံးကိုအဆုံးသတ္ခ်င္မိတယ္။

အိပ္ခန္းဆီေတာင္မလွမ္းနိုင္ေတာ့တဲ့ေျခလွမ္းေတြေၾကာင့္ ထိုေနရာတြင္ပင္လဲခ်ပစ္ခဲ့သည္။ငဲ့ၾကည့္စရာေတြလည္းမရွိေတာ့ၿပီမို႔ မနက္ျဖန္မွာေတာ့အရာအားလုံးကိုအသစ္အေနနဲ႕ပဲ...။

____

"မေတြ႕တာၾကာေတာ့ပိန္သြားသလားလို႔Leoရယ္"

အလြမ္းႀကီးလြမ္းေနရပါတယ္ဆိုေသာအသံမ်ိဳးနဲ႕ခြၽဲ႕ႏြဲ႕ေနျခင္းေလးကအျဖဴေရာင္ရွပ္ေလးနဲ႕သိပ္ကိုလွေနခဲ့သည္။ေငြေရာင္ဆြဲႀကိဳးမွ်င္မွ်င္ေလးဟာ မႏွစ္က velatimedays မွာသူေပးထားခဲ့ေသာလက္ေဆာင္ေလး။အၾကာႀကီးေနမွ လန္းဆန္းေနတဲ့မ်က္ႏွာေလးနဲ႕ရိုးရွင္းေသာအျပဳအမူေလးေတြကိုျပန္ေတြ႕ရတာမို႔ သူလုပ္ေနေသာကိစၥတခ်ိဳ႕ျဖစ္ေျမာက္သြားၿပီထင္ပါရဲ႕။

"Hyung ကိုလြမ္းရလြန္းလို႔ထင္ပါရဲ႕"

"ကိုယ့္ေၾကာင့္ဆို ကိုယ္ကတာဝန္ယူပါ့မယ္"

"ကြၽန္ေတာ့္ဆီျပန္လာေတာ့မွာမလားHyung"

အေသအခ်ာပဲေပါ့။ပ်က္ေစခ်င္တဲ့လူေတြအၿပိဳအပ်က္ျဖစ္ၿပီးသြားၿပီဆိုေတာ့အခုခ်ိန္မွာသူအခ်ိန္ေပးရမည့္လူဟာဒီေကာင္ေလးတစ္ေယာက္တည္းပဲ။

"ကိုယ္ညက်အိမ္မွာပစၥည္းေတြသြားျပန္သိမ္းၿပီးမင္းနဲ႕ျပန္လာေနေတာ့မွာ..အမ်ားႀကီးလြမ္းရေအာက္ထပ္မလုပ္ေတာ့ဘူးကြာ..ကတိ"

"ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ"

"ေနပါေစ..ညက်ေတြ႕ရမည့္ဟာပဲ..အခုေတာ့ပိုမေနပါနဲ႕ဦးဗ်ာ"

"Hyungနဲ႕ပတ္သက္ရင္ လိုပဲလိုေနခဲ့တာ"

"အိုေကအိုေက..လိုေနရင္လဲလာမည့္ေန႕ေတြမွာျဖည့္စြက္ေပးေပါ့ကြာ..အခုေတာ့ကိုယ့္ကို
ခြင့္ျပဳဦးေနာ္..ကိုယ္လဲအစည္းအေဝးရွိေသးလို႔"

"ဟုတ္ကဲ့ဗ်"

ကိုယ္စီတာဝန္ေတြနဲ႕မအားလပ္ၾကသူေတြမို႔ရတဲ့အခ်ိန္ေလးမွာေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္လိုအပ္ေနဆဲျဖစ္ေၾကာင္းအသိေတြေပးရသည္။ မဟုတ္ရင္ခိုးငိုေနမည့္ေကာင္ေလးအားသူစိတ္မခ်ပါ။

___

"ေပ်ာ္ေနတာပဲ..ဘာမွမျဖစ္ခဲ့သလိုမ်ိဳး"

႐ုံးခန္းထဲအဝင္ပိတ္ဆို႔ေျပာၾကားလာေသာစကား။ ေမာ့ၾကည့္လိုက္ေတာ့မ်က္လုံးဝိုင္းဝိုင္းေတြရဲ႕မေက်မနပ္အၾကည့္ေတြ။ သူပဲမပတ္သတ္ခ်င္ခဲ့တာမလား။ ေရွာင္ၾကရေအာင္ဆိုေတာ့လည္းဘာေတြအလိုမက်ျဖစ္ေနမွန္းမသိ။

"ငါတို႔ဘာမွမျဖစ္ခဲ့ၾကဖူးေလJungkook..အိပ္မက္ေတြေၾကာင့္နဲ႕ဆိုရင္ေတာ့ ငါမ႐ူးေတာ့ဘူး"

အိပ္မက္ေတြကိုလြန္ဆန္နိုင္ခဲ့တာဟာအတိအက်ပဲ။ တိုက္ဆိုင္လြန္းမွသာ၊ သူ႕ေမတၱာေတြကိုမလြန္ဆန္နိုင္မွသာကြၽန္ေတာ္ေရာေယာင္စီးေမ်ာသြားခဲ့ရတာ။ကိုယ့္အသိစိတ္နဲ႕ကိုယ္ဆို သူ႕ကိုမပတ္သက္ခ်င္ေတာ့တာအမွန္။

"အတိတ္ေမ့မေနတာကိုLeoသိရဲ႕လား"

"မသိေတာ့လည္းဘာမွျဖစ္မေနပါဘူး..Leoငါ့ကိုခ်စ္တာမွာအလုံးစုံသံသယကင္းတယ္"

"ကြၽန္ေတာ့္ကိုခ်ဥ္းကပ္ခဲ့တာကေရာ..သိသိရက္နဲ႕ကြၽန္ေတာ္ကိုယ္တိုင္တိုးဝင္လာမိေအာင္ခင္ဗ်ားဘာေၾကာင့္မာယာမ်ားခဲ့ရတာလဲ"

"မင္းစိတ္ကိုစမ္းၾကည့္ခ်င္ခဲ့႐ုံပဲ..ငါ့ဝန္ခံျခင္းကိုအႀကီးအက်ယ္ေလွာင္ခဲ့တဲ့မင္း..ဘယ္လိုေတြမ်ားတုံ႕ျပန္လိမ့္မလဲလို႔သိခ်င္ခဲ့လို႔..အေျပာပဲႀကီးခဲ့မွန္းသိရေတာ့..မင္းကငါ့ထက္ေတာင္ရယ္စရာေကာင္းေနခဲ့တာပဲ"

"ParkJimin!"

ပုခုံးႏွစ္ဖက္ကိုေဆာင့္ဆြဲကာအခန္းထဲဆြဲသြင္းခဲ့ပုံသည္ၾကမ္းတမ္းလြန္းသည္။အရွိန္နဲ႕မို႔မထိန္းနိုင္စြာသူ႕ရင္ဘက္နဲ႕ေျပးေဆာင့္ေတာ့ပါးျပင္တစ္ဖက္နာက်င္သြားသည္။တည္ၿငိမ္ေနေသာစိတ္ေတြသည္ထိုအျပဳအမူေၾကာင့္မတည္ၿငိမ္နိုင္ေတာ့။

"မင္းဘာလုပ္တာလဲ!"

"ခင္ဗ်ားကေရာဘာလုပ္ခဲ့တာလဲ..ဘာလို႔လဲ!"

က်ယ္ေလာင္စြာေအာ္ေငါက္လာသံသည္အျပင္ဘက္ရွိဝန္ထမ္းေတြကိုလႈံ႕ေဆာ္လိုက္သလိုျဖစ္သြားကာအားလုံးသည္သူတို႔ဆီသို႔လွမ္းၾကည့္လာခဲ့သည္။ အေနအထားကရင္ခြင္ထဲဆြဲသြင္းခံထားရတာမို႔ၾကည့္လို႔ေတာ့မေကာင္းခဲ့။ အတင္းတိုးထြက္မိေတာ့အားသုံးကာဆြဲဖက္ထားေသးသည္။ဒီေကာင္ဘာျဖစ္ခ်င္ေနမွန္းမသိ။

"ငါ့ကိုလြတ္စမ္း..ငါ့႐ုံးခန္းထဲမွာငါ့ကိုမေလးမစားလာမလုပ္နဲ႕..ဖယ္"

"ေလးစားခံခ်င္ေသးတယ္ေပါ့..အရင္ကငါ့ကိုအလုပ္ လုပ္ဖို႔အတြက္အတင္းႀကိဳးစားေတာင္းဆိုခဲ့တာဘယ္သူလဲ..ဟမ္! ငါ့ကိုတမင္သက္သက္ႀကီးအနားကိုျပန္ဆြဲေခၚခဲ့တာဘယ္သူလဲ"

"ဘာေတြလာေျပာေနတာလဲ..ငါမင္းကိုဘယ္တုန္းကမွဆြဲမေခၚခဲ့ဘူး"

"ParkJimin"

မခိုင္မခံ့ႏွလုံးသားကိုအဆုံးထိက်ိဳးက်ေအာင္လုပ္လိုက္ေသာစကား။ ရင္အစုံသည္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ကာေဒါသေတြလား၊ဝမ္းနည္းစိတ္ေတြလားမသဲကြဲခဲ့။အရာအားလုံးကိုခဝါခ်ခ်င္မိေသာစိတ္ေတြနဲ႕ သူ႕ဆီက႐ုန္းထြက္ခ်င္ေသာစိတ္ေတြသာရွိခဲ့ေပမဲ့ တကယ္တမ္းမ်က္ႏွာကေလးျမင္တဲ့အခါက် ကြၽန္ေတာ္မတတ္နိုင္ခဲ့ျပန္ဘူး။

"လြတ္စမ္းငါ့ကို..ငါ့ကုမၸဏီမွာငါ့ကိုမဆင္မျခင္.."

"ဆင္ျခင္ေအာင္ေနခဲ့သလားJimin..ေနတတ္ေနတာကို ခံစားခ်က္ေတြျပန္နိုးလာေအာင္ႏွိုးဆြခဲ့ၿပီးမွ အခုလိုတစ္ေယာက္တည္းတည္ၿငိမ္ေနသင့္လား"

"ေနသင့္တယ္..မင္းကိုခ်စ္ခဲ့မိလို႔နာၿပီးတဲ့ဇာတ္မွာ ငါထပ္ၿပီးအနာမက်က္တဲ့ဇာတ္ေကာင္မျဖစ္ခ်င္ေတာ့ဘူး..ခ်စ္ေပးေနတဲ့ႏွလုံးသားေတြကိုပဲငဲ့မယ္..ငါ့ကိုေလွာင္ခဲ့တဲ့ႏႈတ္ခမ္းေတြအတြက္ငါျပန္ၿပီးကစား
ၾကည့္တာ ငါဘာတစ္ခုမွမမွားခဲ့ဘူးJeonJungKook"

ေလွာင္ခဲ့တာဟာ ေလွာင္ခ်င္လို႔မွမဟုတ္ခဲ့ပဲ။ကြၽန္ေတာ္ဘာတစ္ခုမွသိမေနတဲ့အေၾကာင္းတရားႀကီးျဖစ္တဲ့အျပင္ အဆန္းတၾကယ္ခင္ဗ်ားက ဒီဘဝမွာကြၽန္ေတာ့္လိုအမ်ိဳးသားတစ္ေယာက္ေလ။

"တမင္သက္သက္လက္စားေခ်တဲ့သေဘာပဲေပါ့"

"ငါမင္းကိုမခ်စ္ေတာ့တာၾကာၿပီ..အခုပစ္စုပ္ပါန်မှာငါ့အချစ်ဟာ Leoတစ္ေယာက္တည္းပဲ"

ျဖစ္ခဲ့ၿပီးတဲ့အတိတ္ေတြကိုေမ့ပစ္ခဲ့ၿပီးသူကေတာ့လွလွေလးေရွ႕ဆက္သြားၿပီတဲ့။ မခ်စ္ေတာ့ရင္ ကိုဘဝေတြေၾကေနၿပီဟာ သူကသူ႕အခ်စ္ကိုေတာင္နာမတပ္ေျပာျပလိုက္ေသး။မနာလိုလိုက္တာလို႔ဖြင့္ဟၿပီးေပါက္ကြဲမျပနိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ပတ္သက္မႈဟာဟိုးဟိုး အတိတ္ေတြမွာပဲရွိခဲ့တာ။ ဒီဘဝမွာေတာ့သူေရာကြၽန္ေတာ္ေရာက ပကတိသူစိမ္းသာသာေတြပဲ။

"စာရင္းေတြရွင္းခ်င္ေနခဲ့တာ..မင္းငါ့ကိုခ်စ္ေနေသးတယ္လို႔ေတြးမိလို႔..အခုေတာ့သိလိုက္ပါၿပီ..တန္ျပန္မႈကိုစိတ္ေက်နပ္ခဲ့တယ္ဆိုရင္..ေနာက္ေနာင္ေတာ့ေဝးေဝးမွာေနေပးပါ..ပတ္သက္မႈတစ္စုံတစ္ရာကိုေတာင္မွတ္မထားပဲနဲ႕ ေဝးနိုင္သမွ်ေဝးေဝးမွာပဲေနေပး..ငါ့မ်က္စိေရွ႕မွာပုံသ႑ာန္မမွန္တဲ့ပုံစံနဲ႕ေနာက္ထပ္တစ္ေခါက္ျပန္ၿပီးေပၚလာရင္..အဲ့ေန႕မင္းအေသပဲ..ထပ္ၿပီးေတာ့မွတ္ထားလိုက္ParkJimin..မင္းကစားခဲ့တဲ့ဘဝအဆက္ဆက္ေတြအတြက္ မင္းခ်စ္မိသမွ်ကဘယ္ေတာ့မွမစစ္မွန္ေစရဘူး..ငါခ်စ္ေပးခဲ့တဲ့ေလ်ာ္ေၾကးအတြက္ ငါ့ႏွလုံးသားအတြက္ငါထပ္ၿပီးက်ိန္တယ္..ငါမင္းကိုတစ္ခါလြမ္းတိုင္း မင္းရင္ေတြအဆမတန္ေအာင့္မ်က္ေနေစရမယ္..ဒါကငါ့ေမတၱာေတြကိုအၿမဲတမ္းမွာကစားရက္ခဲ့လို႔မင္းေသခ်ာေပါက္ဆူးကိုဆူးရမယ္"

ေမာင္သည္ထပ္မံၿပီးက်ိန္စာစကားေတြဆိုခဲ့ျပန္သည္။ မထိေရာက္ဘူး ထင္လို႔မ်ားခဏခဏရစ္ပတ္ရမည့္ခံစားခ်က္ေတြကိုဖန္တီးေနတာလား။ သူေမာင့္ကိုသိပ္ခ်စ္ခဲ့တုန္းကေတာင္ေမတၱာေတြဆူးလြန္းခဲ့တာ။ေပါ့ပ်က္ေနမိတဲ့လက္ရွိခံစားခ်က္ေတြနဲ႕သာဆို ေမာင္တခါလြမ္းရင္သူက တခါငိုရဦးမည္။မခ်စ္ေတာ့ဘူးဆိုကာမွ။

ေမာင္သည္႐ူးေၾကာင္ေၾကာင္းသိပ္လုပ္တတ္ၿပီး မခ်စ္ေတာ့ဖို႔ကိုေျပာတိုင္းမွာမုန္းစရာေကာင္းေအာင္လည္းလုပ္တတ္ေသးသည္။ ဒီဘဝတင္ပါပဲဆိုၿပီးေရာက္ရွိသမွ်ဘုရားေတြတိုင္းမွာဆုေတြေတာင္းခဲ့ရတာ။ေမာင္က ထပ္ၿပီးသံႀကိဳးေတြနဲ႕ခ်ည္ျပန္သည္။

ေတာက္တစ္ခ်က္အက်ယ္ႀကီးေခါက္ကာ ဝုန္းကနဲပိတ္သြားေသာတံခါးေနာက္မွာ သူတစ္ေယာက္တည္းငူငိုင္စြာက်န္ခဲ့သည္။ေနာက္ၿပီး မခ်စ္ေတာ့ဘူးဆိုတဲ့မ်က္ရည္ေတြနဲ႕။
____

လုပ္ခ်င္တာေတြလုပ္ခဲ့ၿပီးအစီအစဥ္တက်ကိဳျဖစ္ေျမာက္ခဲ့ေသာ အသည္းကြဲဇာတ္လမ္းေလးကိုေကာင္းေကာင္းဇာတ္သိမ္းခဲ့ၿပီးၿပီဆိုေတာ့ သူလဲအခုအေရးပါတဲ့လူကိုပဲၾကည့္ရေတာ့မွာမလား။ ဘယ္က်ိန္စာေတြဘယ္လိုလာစမ္းပါေစေတာ့ ကြၽန္ေတာ္ေတာ့မမူေတာ့ပါဘူး။ ေယာင္းနည္းတူေပးေနတဲ့အၾကင္နာေတြနဲ႕တင္ က်ိန္စာေတြကိုေလွ်ာ္ပစ္လို႔ရတယ္။ JeonJungKook ရဲ႕တစ္ယူသန္မႈသည္ဘဝအဆက္ဆက္မွာသူသာလွ်င္နာက်င္တတ္ေသာဘြဲ႕ကိုခံယူပစ္သည္။

"မုန္းစရာေကာင္းလိုက္တာမ်ား"

ႏႈတ္ကေနထြက္က်တဲ့အထိအသည္းတယားယားနဲ႕အခဲမေက်ေနမႈသည္ အခန္းတံခါးခပ္ဟဟကိုျမင္တဲ့အခါအနည္းငယ္ေတာ့ၿငိမ္က်သြားသည္။ တစ္အိမ္လုံးမီးေရာင္ေတြလင္းေနေပမဲ့ခြၽင္းခ်က္မဲ့စြာထိုအခန္းကေတာ့အေမွာင္အတိ။ဘာျဖစ္ေနသလဲေတြးစရာမလိုပါဘူး။ႏွလုံးသားေတြနာက်င္ေနလို႔ျဖစ္မွာေပါ့။ တိတ္တဆိတ္ငိုေနတာလဲျဖစ္မွာပဲ။သူ႕လိုမိန္းကေလးကအတၱကိုဘုရားလိုကိုးကြယ္တဲ့လူမလို႔ေပၚတင္ႀကီးေၾကကြဲျပမွာေတာ့မဟုတ္။

ဘယ္လိုပဲျဖစ္ျဖစ္ပါ အသည်းကွဲရခြင်းရဲ့အဓိပ္ပါယ်လေးကိုသူမဘယ်လိုနားလည်သွားပြီလဲ၊ ကြၽန္ေတာ့္ရင္ေတြကြဲခဲ့ရတာဟာဘယ္ေလာက္ထိကိုမွ ယူက်ဳံးမရျဖစ္ခဲ့ရသလဲဆိုတာကိုရင္ကြဲနာက်ေနသူေလးအားသြားေျပာျပခ်င္ေသးသည္။ နာက်င္မႈေတြအေၾကာင္း၊ ခ်စ္ရသူကိုဆုံးရႈံးရတဲ့အေၾကာင္း၊ ကိုယ့္အပိုင္ျဖစ္ခဲ့ၿပီးမွတျခားတစ္ေယာက္အေပၚစိတ္ယိုင္သြားတဲ့ခ်စ္သူေၾကာင့္ရင္ေတြဘယ္လိုကြဲေၾကာင္းေမးၾကည့္ခ်င္ေသးသည္။

ဆတူနာက်င္မႈပဲလား၊ ကြၽန္ေတာ့္ထပ္ပို႐ူးသြပ္တဲ့လူမို႔ႏွလုံးသားေတြ အစိတ္စိတ္အႁမြာႁမႊာပဲျဖစ္ေနၿပီလားေပါ့။ မေလွာင္ခ်င္ပါဘူး ဒါေလွာင္ေနတာမဟုတ္ဘူး။ လူတစ္ေယာက္ရဲ႕မွီတည္ရာသံေယာစဥ္တစ္ခုကိုရက္ရက္စက္စက္ဆြဲထုတ္ရဲခဲ့တဲ့သူမရဲ႕စိတ္ကို မြေခ်ပစ္ခ်င္ခဲ့တာ။အလားတူဆိုတဲ့အသိစိတ္ကိုေခါင္းထဲထည့္ေပးခ်င္ခဲ့တာ။

မ်က္ႏွာထက္အၿပဳံးတုတစ္ခုကိုဖန္တီးရင္းတံခါးကိုေခါက္ၾကည့္လိုက္သည္။

ေအာ့!!!

လက္ေတြ႐ုတ္ခနဲတန့္သြားခဲ့သည္။အခန္းတြင္းမွမခံမရပ္နိုင္ေလာက္ေအာင္ပ်ိဳ႕အန္ခ်သံသည္ စိတ္ပ်က္စရာေကာင္းစြာ။တံခါးကိုဆြဲဖြင့္ကာဝင္သြားလိုက္ေတာ့ ကုတင္ေျခရင္းႏွင့္ျပတင္းတံခါးနားတြင္ျပန့္က်ဲေနေသာအရက္ပုလင္းေတြ။သုံးရက္တိတိအျပင္မထြက္ပဲအခန္းေအာင္းကာအရက္ေတြေသာက္ေနခဲ့သည္ေပါ့။ အစာေတာင္မစားပဲအယ္လ္ကိုေဟာေတြခ်ည္းျပည့္ေနတဲ့အစာအိမ္ရယ္၊ဆုတ္ျပတ္သတ္ေနတဲ့အခန္းတစ္ခုနဲ႕ဖရိုဖရဲနိုင္လြန္းေသာပုံစံနဲ႕သူမ။

"ဘာလဲ..ငါ့အခန္းထဲဘာလာလုပ္တာလဲ"

သူမအသည္းကြဲပုံကတစ္မ်ိဳး။ ျဖစ္ပ်က္ေနတာေတြကိုျမင္ရမယ္ဆိုတာႀကိဳသိထားေပမဲ့ဒီေလာက္ႀကီးထိေတာ့မထင္ထားခဲ့။ParkNariသည္႐ူးမိုက္လြန္းသည္။ဘဝအဆက္ဆက္တိုင္းကိုအဆိုးဝါးဆုံးေသာစတိုင္ေတြနဲ႕။

"ထြက္သြား"

"အေျခအေနကိုလာၾကည့္တာပါ..ငါ့လိုမ်ိဳးပဲလားဆိုတာ..ဒါေပမဲ့နင္ကပိုၿပီးပ်က္စီးေနေတာ့တာပဲParkNariရဲ႕..စိတ္မေကာင္းဘူးလို႔ေတာ့႐ြဲ႕မေျပာခ်င္ပါဘူး.."

"နင့္ကိုထြက္သြားလို႔ေျပာေနတာ"

ေအးစက္စက္အသံသည္ရႈပ္ပြေနတဲ့ဆံပင္ၾကားထဲမွေၾကာက္စရာေကာင္းေနသည္။

"မႏွင္ပါနဲ႕လား..အစ္ကိုဆိုေတာ့ညီမတစ္ေယာက္အခုလိုျဖစ္ေနတဲ့အေပၚနည္းနည္းေလးစိတ္ေက်နပ္မိေပမဲ့ ဝမ္းသာမေနပါဘူး..ဘာပဲျဖစ္ျဖစ္နင္လဲရင္ကြဲနာဆိုတာကိုကိုယ္တိုင္ႀကဳံရတာေပါ့"

ႀကဳံလာရတာဘဝတိုင္းဆိုထပ္ၿပီးအေလွာင္ခံရဦးမွာမို႔စိုက္ပဲၾကည့္ေနလိုက္သည္။အခန္းထဲကျဖစ္ပ်က္ေနသမွ်ကိုအေသအခ်ာလိုက္ၾကည့္ၿပီး ကြၽန္မဘယ္ေလာက္ၿပိဳလဲသြားၿပီဆိုတာကိုအရသာခံေက်နပ္ေနတာ။

"ငါ့ကိစၥပါ နင္ျဖစ္ခ်င္သလိုျဖစ္ၿပီဆိုေတာ့ေပ်ာ္ေနေရာေပါ့"

"မေပ်ာ္ပါဘူး..ငါကနင့္ေလာက္မွမယုတ္မာတတ္တာ"

"ParkJimin"

ေယာက်္ားေလးျဖစ္ၿပီးဆိုတဲ့ ေခါင္းစဥ္ေတြတပ္ခ်င္တပ္လို႔ရတယ္။ေဝဒနါဆိုတာအစားဝင္ၾကည့္မွသိတာ။ ဒဏ္ရာေတြနဲ႕ေနာင္တေတြကိုဘယ္သူမွအစားထိုးဝင္ခံစားေပးမွာမဟုတ္ဘူး။

"နင္လည္းသိေလာက္ၿပီေပါ့မပိုင္နိုင္တဲ့အရာတစ္ခုကို ဘယ္လိုမွစြဲလန္းလို႔မရဖူးဆိုတာ"

"ငါကိုကို႔ ကိုခ်စ္ခဲ့တာအခုမွမဟုတ္ဘူး!"

"ငါကေရာ! ငါနင့္ထက္အရင္သူ႕ကိုေတြ႕ၿပီးနင့္ထက္အရင္သူနဲ႕အတူဘဝဆိုတာကိုေလ့လာခဲ့ၿပီး အခ်စ္ဆိုတာရဲ႕ဒႆနေတြကိုအတူတူရွာေဖြခဲ့ၾကၿပီး ခ်စ္လိုက္ငိုလိုက္တခါတေလလြမ္းေနရက္နဲ႕ေတာင္ေက်ာေတြခိုင္းခဲ့ၾကၿပီးငါတို႔ႏွလုံးသားေတြဘယ္လိုမ်ိဳးပဲႀကဳံႀကဳံသစၥာမပ်က္ခ်စ္ခဲ့ၾကၿပီးမွ နင္ဆိုတာေပၚလာခဲ့တာParkNari..ေနာက္က်မွဝင္လာၿပီးနင့္အခ်စ္ကပဲထာဝရဆိုတာလာမလုပ္နဲ႕..ငါ့ရင္ေတြကြဲတာဒီဘဝမွမဟုတ္ဘူး..အဲ့တာနင္နားလည္ထား"

ႏွစ္ဦးစလုံးေမတၱာေတြသည္ဘယ္သူ႕ကိုမွပိုသာအမွတ္ေပးလို႔မရ။ေနာက္က်မွဝင္လာခဲ့လည္းအခ်စ္ဟာနက္ရွိုင္းတတ္သလိုေစာစီးစြာဝင္ေရာက္ခဲ့ေသာအခ်စ္ေတြသည္လည္းခမ္းနားခဲ့သည္။ ထပ္တူက်ခဲ့ျခင္းမက်ခဲ့ျခင္းမွာသာကြဲလြဲခဲ့ရတာ။တကယ္တမ္းသနားစရာဆို ParkNariဟာဘယ္ဘဝမွာမွလွလွေလးအခ်စ္မခံခဲ့ရပါဘူး။

"ကိုကိုက..ကိုကိုက ငါ့ကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘူးေလ..နင္နဲ႕ငါမတူခဲ့ပါဘူးParkJiminရဲ႕..နင္ရင္နာတယ္ဆိုငါသိပ္ရယ္ခ်င္တာပဲ..ကိုကို႔ႏွလုံးသားကိုထာဝရပိုင္ဆိုင္ေနရက္နဲ႕ နင္ကဇာတ္ေတြဝင္နာတိုင္းငါသိပ္ရယ္ခ်င္တာ"

အ႐ုပ္လွလွေလးတစ္႐ုပ္လိုျဖစ္တည္မႈရဲ႕ကံၾကမၼာက ဒီလိုေလး။ခ်စ္ခဲ့ၾကတာပါပဲ အတူတူခ်စ္ေပးခဲ့ၾကတာပါပဲ။ေနာက္မွေရာက္လာလို႔ဆိုၿပီး အရံဇာတ္သြင္းဗီလိန္လုပ္ခိုင္းတာက်ေတာ့ ငါတို႔သူ႕ကိုဗီလိန္လို႔ေခါင္းစဥ္တပ္လို႔မရခဲ့ပါဘူး။

"နင့္ႏႈတ္ခမ္းေတြကိုသိပ္ႀကိဳက္တဲ့ကိုကိုက ငါ့ႏႈတ္ခမ္းေတြဆိုထိေတာင္မထိခဲ့ဘူး..ငါအလိုခ်င္ဆုံးယုယမႈေတြဆိုတာေလ..နင့္ကို ကိုကို ေပါ့ပ်က္ပ်က္ေျပာဆိုတာေလာက္ပဲရွိခဲ့တာ..ဝန္မခံခ်င္ဘူးParkJimin ငါဝန္မခံခ်င္ေပမဲ့ေလ..ကိုကိုနဲ႕ပတ္သက္ရင္ ငါ့မွာနင့္ေျခဖဝါးတစ္မႈန္စာေလာက္ေတာင္အေရးမပါခဲ့ဖူးဘူး"

အေလွာင္ႀကီးေလွာင္ခ်င္ခဲ့လို႔ဝင္လာမိတဲ့အခန္းထဲမွာ မ်က္ရည္တဝဲဝဲနဲ႕ဇာတ္လမ္းတစ္ပုဒ္နားေထာင္ရလိမ့္မယ္လို႔ေတာ့မထင္ခဲ့။တစ္ကိုယ္လုံးတုန္ရီလာကာ ငိုခ်ခဲ့ေသာမ်က္စိေရွ႕ကမိန္းကေလးရဲ႕စြဲလန္းမႈသည္သူပင္ဆိတ္ၿငိမ္ေနမိတဲ့အထိ။နားလည္ပါတယ္ တစ္ဖက္သတ္ေမတၱာေတြအေၾကာင္းနဲ႕နက္နဲစြာခ်စ္မိရတဲ့အပူေတြအေၾကာင္း။

"ႏွစ္ေတြအၾကာႀကီးဆိုၿပီး နင္ကေတာ့အေတာ္ၿငိဳးေနခဲ့မွာေပါ့..အဲ့အခ်ိန္ေတြဆိုတာေလ ကိုကို႔အခ်စ္ေတြနဲ႕တြက္ၾကည့္လို႔မရဘူး..သံေယာစဥ္ေတြ၊အားနာမႈေတြ..သနားစရာေကာင္းေနခဲ့လို႔သာ..ကိုကို႔မ်က္စိထဲမွာငါကသနားစရာမိန္းကေလးအျပင္မပိုခဲ့ဘူး..အဲ့တာနင္သိလား..နင္ကဘယ္သိပါ့မလဲ..အသြားအျပန္ဆိုတဲ့ေမတၱာေတြကနင့္အတြက္ဆိုအဆင္သင့္ေလ..အဲ့တာေၾကာင့္မလို႔..အဲ့တာေၾကာင့္မလို႔ ငါ
Kim TaeHyungကိုသတ္ခိုင္းလိုက္တာ..ဟဟ..ဟက္!"

"ေယာင္းနဲ႕ဘာမွမဆိုင္ခဲ့ဘူးParkNari..နင္လုပ္ရက္ခဲ့တဲ့အဲ့အမ်ိဳးသားက ငါနဲ႕နင့္ရဲ႕ဘဝထဲဘာတစ္ခုမွဆက္ႏြယ္ျခင္းမရွိခဲ့ဘူး"

"ရွိတာေပါ့..သူကနင့္ကိုခ်စ္တဲ့လူေလ..နင့္ကိုခ်စ္တဲ့လူေတြခ်ည္းရွိေနတာျဖစ္သင့္လား..ငါမႀကိဳက္လို႔ေပါ့..ကိုကိုမွမဟုတ္ရင္ အဲ့KimTaehyungမွမဟုတ္ရင္ နင့္ဘဝကိုလွလွေလးပ်ိဳးေထာင္နိုင္မည့္လူကမရွိေလာက္ေတာ့ဘူးေလ..ေယာက်္ားေလးျဖစ္ၿပီးသိပ္လွေနတဲ့နင့္ကိုတျခားေယာက်္ားေတြကသူတို႔လိုအလွၾကည့္မွာမဟုတ္ဘူး..ကိုကို႔ ကိုငါသိမ္းထားခဲ့ေတာ့ KimTaehyung သာမရွိရင္နင္လဲလွလွေလးရွင္သန္နိုင္ပါ့မလားပဲေလ.."

"နင္..နင္ယုတ္မာလိုက္တာ"

"ဒါေပမဲ့ေနာက္ထပ္အ႐ူးတစ္ေကာင္ေပၚလာျပန္တယ္ေလ"

Leoကိုပါဖ်က္စီးပစ္ဖို႔ႀကံေနတာေတာ့မဟုတ္ဘူးမလား။ သနားမိေသာစိတ္ေတြကိုစကၠန့္ပိုင္းအတြင္း ရိုက္ခ်ိဳးပစ္သည္။အမူအယာေတြသည္အေမွာင္ခ်ထားတဲ့အခန္းထဲမေကာင္းတဲ့အေငြ႕အသက္ေတြအမ်ားႀကီးရေနခဲ့သည္။

"ဒါေပမဲ့ အဲ့လူက ကိုကို႔ အတြက္အေရးပါတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့လို႔ငါထိေတာင္မထိရဲခဲ့ဘူး..ကိုကိုဝမ္းနည္းမွာကို ငါလုံးဝမလိုလားဘူးေလ ငါ့ေၾကာင့္နဲ႕ကိုကိုစိတ္ဆင္းရဲမွာကိုဟန္ေဆာင္ၿပီးေတာင္မလုပ္နိုင္ဘူး"

ေၾသာ္..သူခ်စ္တဲ့လူကိုက်စိတ္ေလးေတာင္အညွိုးမခံခ်င္ဘူးတဲ့။အတၱခ်စ္ျခင္းေတြသည္ေၾကာက္စရာေကာင္းပါဘိ။

"အခုလည္းကိုကို႔ ကိုငါဘာလို႔လမ္းခြဲေပးခဲ့လည္းသိလား..ကိုကို႔အသံေလးေတြအမ်ားႀကီးတုန္လႈပ္ေနခဲ့လို႔"

"နင့္ေမတၱာေတြကသူ႕အတြက္ပဲျဖဴစင္ခဲ့တာတျခားလူေတြအတြက္ဆိုးဝါးလြန္းတဲ့ အတၱေတြက နင့္အတြက္ေကာင္းမြန္တဲ့အခ်စ္တစ္ခုကိုဘယ္ေတာ့မွရေအာင္လုပ္ေပးနိုင္မွာမဟုတ္ဘူး"

"မလိုခ်င္ပါဘူး..ငါလိုခ်င္တာကိုကို႔ ကိုပဲ..ကိုကိုကမေနခ်င္ရင္အတင္းဆြဲမထားဘူး..ကိုကိုေပ်ာ္္မယ္ဆို ငါေသရေသရ"

"စိတ္ပ်က္စရာေကာင္းလိုက္တာ..နင့္လိုမိန္းကေလးမ်ိဳးကလူတစ္ေယာက္အတြက္နဲ႕ဒီလိုအျဖစ္ခံေနတာသိပ္ကိုစိတ္ပ်က္ဖို႔ေကာင္းတယ္"

"ဟားဟား..ပ်က္ေလ..ပ်က္ေပါ့..အခ်စ္မခံရတဲ့လူမလို႔ ဘယ္လိုပ်က္ပ်က္ငါကလြဲဂ႐ုစိုက္ေနမည့္လူမရွိဘူး"

"Nari..အစ္ကိုမင္းကိုေျပာျပမယ္ေနာ္.."

"ထြက္သြား!"

မိခင္ႀကီးအနားမွာရွိေနခဲ့ရၿပီးတစ္ေယာက္တည္းဆိုတဲ့စိတ္ေတြဝင္လာတဲ့အထိအထီးက်န္ခဲ့ရေသာသူမရဲ႕စိတ္ေလးကိုအႏုနည္းနဲ႕ေျဖာင္းျဖၾကည့္ရန္ဆိုေတာ့က်ယ္ေလာင္စြာႏွင္လြတိလာသည္။

"နင့္ပါးစပ္ကအစ္ကိုလို႔ ဘယ္ေတာ့မွမသုံးႏႈန္းနဲ႕..ထြက္သြား..အခုခ်က္ခ်င္းငါ့အခန္းထဲကထြက္သြား!!!"

"အစ္ကို.."

အား!!!!

ဘယ္နားကလွမ္းဆြဲလိုက္မွန္းမသိတဲ့အရက္ပုလင္းအားပစ္ခြဲပစ္ကာအသံကုန္ထေအာ္ခဲ့ၿပီးထြက္သြားဖို႔ခ်ည္းေအာ္ေျပာေနခဲ့သည္။ဆက္ေနလွ်င္ေသြးဆူေနတဲ့အခ်ိန္မို႔ပိုဆိုးတာေတြပဲျဖစ္လာမွာမို႔

"ဟုတ္ၿပီ..ငါထြက္သြားေပးမယ္..စိတ္ကိုေလွ်ာ့လိုက္ပါ..ငါထြက္သြားေပးမယ္"

ၿငိမ္သက္ေအာင္ေျပာဆိုကာ အခန္းျပင္ျပန္ထြက္လာလိုက္သည္။ အျပင္ေရာက္ေတာ့အထုတ္ေတြအမ်ားႀကီးနဲ႕simonကိုေတြ႕ေပမဲ့ႏႈတ္ပင္မဆက္ျဖစ္ခဲ့။ဝင္သြားလွ်င္အေျခအေနေတြအားလုံးကိုသိရမွာပဲမို႔မွာၾကားမေနေတာ့ပါ။simonကေတာ့ Nariအခန္းထဲကထြက္လာတဲ့ကြၽန္ေတာ့္ကိုအံ့ၾသေသာမ်က္လုံးမ်ားျဖင့္။

_____

Continue Reading

You'll Also Like

34.5K 1K 4
Jikook (Yaoi) one short book 90°bow sorry for bad writing #dardar🐰🐥
57.2K 2.4K 22
Story about a married couple who's life was so toxic to live in. ⚠️ !!!𝗔𝗧𝗧𝗘𝗡𝗧𝗜𝗢𝗡!!!⚠️ ♡ This story is going to contain domēstic abu$e, so r...
14K 1.5K 17
ချစ်ခြင်းမေတ္တာအကြောင်းတွေများ ပြောရင် ခင်ဗျားက ခေါင်းရှောင်တတ်လိုက်တာ တကယ့်ကိုလည်လည်ဝယ်ဝယ်နဲ့....
151K 15.9K 77
මට ඕනේ හැමදාම... නුඹෙ තුරුලටම වී ඉන්න... 🌹 TaeKook Non Fanfiction #1 roses #1 marshmallows #1 nonfic #1 nonfanfiction #1 nonff #1 nonfanfic 2023.1...