ရန်သူမှကြင်ယာတော်သို့ { Compl...

By nayyihlawin

22.9K 2.7K 545

အချစ်ကြီး၍အမျက်ကြီးခဲ့သူနှင့် နှလုံးသားနှင့်ရင်းကာချစ်ခဲ့ပြီးအသက်ဖြင့်ရင်းကာမုန်းတီးခဲ့သူ More

1(uni+Zg)
2(uni+Zg)
3(uni+Zg)
4(uni+Zg)
6(uni+Zg)
7(uni+Zg)
8(uni+Zg)
9(uni+Zg)
10(uni+Zg)
11(uni+Zg)
12(uni+Zg)
13(uni+Zg)
14(uni+Zg)
15(uni+Zg)
16(uni+Zg)
17(uni+Zg)
18(uni+Zg)
Final - 19(uni+Zg)

5(uni+Zg)

1K 149 14
By nayyihlawin

Jimin အိမ်အပေါ်ပြန်ရောက်တော့ ကုတင်ခြေရင်းတွင်စားပွဲခုံအပုလေးဖြင့် မနက်စာစားသောက်နေသောJungkookကိုတွေ့ရသည်။ Jungkookသည် သူ့အားတစ်ချက်သာမော့ကြည့်ပြီး စားစရာရှိသည်ကိုဆက်စားနေသည်။

သစ်သားစားပွဲအနိမ့်ပေါ်တွင် ဟင်းလျာအစုံအလင်ဖြင့် ထမင်းပန်းကန်ကနှစ်လုံးဖြစ်နေသည့်အတွက်Jiminကအနားသို့လျှောက်သွားလိုက်ကာ

"ဟို.......ဒါကကျွန်ုပ်အတွက်လား"

မစားရသေးသောထမင်းအဖြူပန်းကန်လုံးကိုညွှန်ကာမေးလိုက်တော့ ပလုတ်ပလောင်းဖြင့်သူကမော့ကြည့်လာပြီး ထိုပန်းကန်ကိုသူ၏အရှေ့သို့ယူလိုက်ကာ

"ကျုပ်စားဖို့.....တစ်ပန်းကန်ထဲမဝလို့"

Jiminသည် ထမင်းတွေအားအတင်းထိုးသွတ်နေသောသူကိုကြည့်၍အားနာစိတ်ဝင်လာပြီး

"ဟို.......မနက်ကဗိုက်ဆာနေတာနဲ့ Han Moကိုခေါ်ပြီးစျေးထဲသွားကြည့်ရင်းမနက်စာစားလာခဲ့လိုက်တယ်........တောင်းပန်ပါတယ်"

"စားပေါ့ ကျုပ်ကဘာလုပ်ပေးရမှာလဲ"

"အဲ့ဒါဆိုလည်း အခုHan Moနဲ့အပြင်ခနလိုက်သွားလိုက်ပါဦးမယ်"

"နေဦး!!"

Jimin သည် လှည့်ထွက်တော့မည့်အချိန်တွင် အလျင်စလိုခေါ်လိုက်သူကြောင့်အနောက်သို့ပြန်လှည့်ကြည့်တော့ Jungkookက သူ၏နှုတ်ခမ်းတွင်ပေပွနေသည်များကိုဝတ်ရုံလက်အနားစဖြင့် သုတ်ပြီးသူ့ဆီသို့လျှောက်လာသည်။ ထို့နောက်လက်နှစ်ဖက်ကိုအနောက်သို့ပစ်လိုက်ကာ ချောင်းဟန့်၍

"အိမ်ထောင်သည်ဖြစ်ပြီးသူစိမ်းယောကျာ်းသားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်နေတာမသင့်တော်ဘူး........ကျုပ်က အိန္ဒြေရရနေတယ့်သူမို့ မျက်နှာပျက်စရာတွေမဖြစ်စေနဲ့"

"ဘာ!!"

Jiminသည် လက်နောက်ပစ်ကာလေယူလေသိမ်းနှင့်ပြောနေသောသူ၏စကားကိုနားထောင်နေရင်းမှ သူ့ကိုအိမ်ထောင်ရေးဖောက်ပြန်မည့်သူလိုလိုပြောလာသည့်စကားကြောင့်

"ဒီမှာ! ကျွန်ုပ်ကဘာလုပ်နေလို့လဲ မရောက်ဖူးတယ့်ဒေသမို့လို့ ဒေသခံကိုလိုက်ပို့ခိုင်းတာဘာမှားလို့လဲ!!!"

ရွှမ်း!!!!

Jimin သည် စကားလည်းဆုံးJungkook၏လည်ပင်းကိုလည်း ဓားဖြင့်ချ်ိန်ရွယ်ပြီးသားဖြစ်သွားသည်။ Jungkookသည်သူ၏အရှေ့ရှိ တစိတ်ရှိဓားသာဆွဲထုတ်နေသောသူကို မြင်ပြင်းကပ်လှစွာကြည့်၍

"ကျုပ်လည်းဒေသခံပဲ ကျုပ်လိုက်ပြမယ် လာ!!"

"မလိုဘူး!! ကျွန်ုပ်ဘာသာ သွားနိုင်တယ်!!!"

"ဟို စမ်းချောင်းကိုလိုက်ပို့ပေးမယ် မသွားဘူးလား!!!"

Jungkookသည် ရောက်လာသည့်နေ့ကတည်းက စမ်းချောင်းကိုသာတငေးငေးဖြစ်နေသည့်ကိုသူကိုမေးလိုက်တော့ သူ၏ဒေါသအိုးရွှေပန်းသီးကမျက်လုံးအရောင်လက်သွားပြီး သူ၏ဓားကိုဓားအိမ်ထဲသို့ပြန်သိမ်းလိုက်ကာ

"အင်း.........အသင်ကအတင်းလိုက်ပို့ပေးဖို့တောင်းဆိုနေမှတော့ လူကြီး လူ​ကောင်း ဆန်စွာနဲ့လက်ခံပါတယ်.......အရှေ့ကသွားပါ"

တကယ်တမ်းအရှေ့ကထွက်သွားသူမှာ Jiminကိုယ်တိုင်ဖြစ်ပြီး Jungkookကအနောက်မှလိုက်လာခဲ့သည်။ ရပ်စောင့်နေသောHan Moနှင့်Ae Suuကိုတွေ့တော့ Jiminကအနောက်သို့လှည့်ကြည့်သည်။ Jungkookက သူ့အားလှည့်ကြည့်နေသောသူကိုမျက်မှောင်ကျုံ့၍

"ဘာလဲ"

"သူတို့နဲ့သွားမယ်ဆိုပြီးစောင့်ခိုင်းထားမိတာကို"

Jiminက အားနာဟန်ဖြင့်ပြောသည်။ Jungkookက မျက်နှာမဲ့လိုက်ကာ Han Moအရှေ့သို့လျှောက်သွားပြီး

"ကျုပ်ကြင်ယာနဲ့ လမ်းလျှောက်ထွက်လိုက်ဦးမယ် အသင်မသွားခင်အဖေ့ကိုစကားပါးပေးထားဦး"

Han Mo သည် သူ့အား အားတုံ့အားနာဟန်ဖြင့်ပြုံးပြနေသောသူကိုတစ်ချက်ကြည့်ကာ

"ကောင်းပါပြီ သခင်လေး"

"Ae Suu..... ကျွန်ုပ်နဲ့လိုက်ခဲ့ချင်လား"

Ae Suu သည် Jiminနှင့်အတူလိုက်ချင်ပါသော်လည်း မျက်မှောင်ကျုံ့၍အောက်နှုတ်ခမ်းကို ကိုက်ထားသော မန်ချူးအနောက်ဒေသ၏သခင်လေးကို ကြောက်ရွံသဖြင့်

" မ မလိုက်တော့ပါဘူး သခင်လေး........ဂရုစိုက်သွားပါ"

Jiminက ခေါင်းည်ိတ်ပြလိုက်သည်။ ဤသို့ဖြင့် မန်ချူးအနောက်ဒေသ၏ တစ်ခုတည်းသောစမ်းချောင်းရှိရာသို့ထွက်လာခဲ့ကြသည်။

Jiminသည် အရှေ့မှ လက်နောက်ပစ်ကာမော်ကြွားစွာလျှောက်နေသောသူကို ကြည့်ကာမနက်က ထမင်းစားပွဲကိုပြန်၍တွေးမိသွားသည်။

သေချာပေါက် သူ့အတွက်ပါယူလာခဲ့သည်ကိုသိသဖြင့်အားနာစိတ်တို့ကဝင်ရောက်နေသည်။

"ကြင်ယာတော်ပန်းကလေး.........သခင်လေးနဲ့အတူထွက်လာတာလား"

အတွေးထဲနစ်မြောနေစဥ် ဘေးမှအသံကြောင့်ကြည့်လိုက်တော့ အိုမင်းရင့်ရော်နေပြီဖြစ်သောအဖွားအိုတစ်ဦးကိုတွေ့ရသည်။

"ကျုပ်က ကြင်ယာတော်ပန်းကလေးကအရမ်းလှတယ်ဆိုပြီးပြောနေကြတာနဲ့တွေ့ချင်လို့ ထွက်လာခဲ့တာ.......တကယ်တမ်းကြတော့ကျုပ်မျက်လုံးကသေချာလည်းမမြင်ရတော့ပါဘူး ဒီအဖွားအိုကြီးကအိုနေပြီလေ........."

Jiminသည် သူ့အားတရင်းတနှီးပြောနေသောအဖွားအိုကို ဘယ်လိုပြန်ပြောရမလဲမသိဖြစ်နေသဖြင့် မျက်မှောင်ကျုံ့ထားသောသူကိုသာလှမ်းကြည့်မိသည်။

Jungkookသည် စကားပြန်ပြောရန်အခက်တွေ့နေသည့်သူအနားသို့ပြန်၍လျှောက်လာပြီး

"အဖွားကြီးကလည်း ဘာလို့ထွက်လာတာလဲ ဒီရုပ်ကိုမြင်ရတော့ရော ဘာထူးမှာမို့လို့လဲ မတော်တဆ လမ်းလျှောက်ရလို့ အမောဖောက်ပြီးသေသွားရင်ဘယ်လိုလုပ်မလဲ"

Jungkook၏ စကားကြောင့် Jiminက ပြူးပြူးပြာပြာဖြစ်သွားကာအဖွားအိုကိုတောင်းပန်ရန်ပြင်လိုက်သော်လည်း အဖွားအိုကတခစ်ခစ်ပြုံး၍

"သခင်လေးရယ်......ကျုပ်သေနေ့မစေ့သေးပါဘူး.......ကြင်ယာတော်လေးကလှတယ်ဆိုလို့ မြင်ဖူးချင်တာပါ"

"အသင်မျက်လုံးမကောင်းတော့တာ သာသွားတယ်........."

Jungkook၏စကားကိုJiminကနားမလည်သော်လည်း အဖွားအိုကသဘောကျစွာ အသံထွက်သည်အထိရီနေပြီး ဖြတ်သွားဖြတ်လာရွာသူရွာသားတစ်ချို့ကလည်း ပြုံးစိစိဖြစ်သွားကြသည်။

"ဒါဆိုကျုပ်တို့သွားလိုက်ဦးမယ်.......အသင်လည်းအိမ်ကိုသေချာပြန် ချော်လဲလို့အရိုးကျိုးပြီးသေနေမယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ "

Jiminသည် အဖွားအိုကို နှုတ်ဆက်၍ အရှေ့မှထွက်သွားသူအနောက်ကိုအမှီလိုက်ရသည်။

"အသက်ကြီးတယ့်သူတစ်ယောက်ကိုပြောတယ့်အသင့်စကားတွေက ကြားရတာနားဝင်ဆိုးစေတယ်"

"နားပိတ်ထား"

"အသင် အသိပညာပေးစာအုပ်ကိုမဖတ်ဖူးဘူးလား အဲ့ဒီစာအုပ်ထဲမှလူကြီးသူမတွေကိုဘယ်လိုဆက်ဆံပြောဆိုရမလဲဆိုတာ သင်ကြားပြသထားတယ်"

Jungkookသည် လမ်းလျှောက်နေရင်းမှ သူ၏ဘေးတွင်ဆရာတော်လေသံဖြင့် စာတစ်သံပေတစ်သံလုပ်နေသောသူကို တစ်ချက်ငဲ့ကြည့်၍

"အသင်ပြောတယ့်စာအုပ်ကိုကျုပ်မသိဘူး ဒါပင်မယ့် လူကြီးတစ်ယောက်ကလမ်းမှာနှုတ်ဆက်လာရင်တော့ဘယ်လိုစကားပြန်ပြောရမလဲဆိုတာတော့သိတယ်........သူများတွေလို ခွေးအကြီးလည်နင်နေသလို အိန်!အိန်!အိန်!နဲ့ဖြစ်မနေဘူး"

Jiminသည် သူ့အားခွေးအနှင့်နှိုင်းသောသူကို လက်ထဲတွင်ကိုင်ထားသော ဓားနှင့်အဆက်မပြတ်ထိုးသတ်ချင်စိတ်ဖြစ်လာသော်လည်း သည်းခံ၍သာငြိမ်နေလိုက်ပြီး

"အသင်တို့မန်ချူးတွေကတကယ့်လူရိုင်းတွေ"

Jungkookက မကြားဟန်သာဆောင်နေလိုက်သည်။

=======================

ရေစီးကျသံတငြိမ့်ငြိမ့်လေးဖြင့် လေပြေတဖြူးဖြူးတိုက်နေသည်မှာ အလွန်ပင်သာယာလှသည်။ ခြေလှမ်းဆယ်လှမ်းလောက်သာကျယ်သော စမ်းချောင်းလေးသည် ကြည်ကာသန့်ရှင်းနေပြီး အောက်ခြေမှကျောက်စကျောက်နများကိုတောင်မြင်နေရသေးသည်။စမ်းချောင်းလေးသည် တောင်မှမြောက်သို့စီးဆင်းသည့်အနေအထားဖြစ်ပြီး စမ်းချောင်းဖြစ်တည်ရာနေရာသည် အမြစ်အခက်ပေါင်းများစွာဖြင့်တည်ရှိနေသော သစ်ပင်ကြီး၏အောက်ခြေမှသဘာဝအတိုင်းစိမ့်ထွက်ကာစီးဆင်းနေခြင်းဖြစ်သည်။ စမ်းချောင်းလေး၏ဘေးဘက်ဘေးရံတွင်လည်း သဘာဝပန်းရိုင်းပေါက်ပင်လေးများက အရောင်စုံစွာဟိုတစ်စုဒီတစ်စုပေါက်ရောက်နေသည်။

"ဒါက ဘာအပင်လဲ"

Jiminသည် ထူးခြားစွာအမြစ်အောက်ခြေ
မှရေစိမ့်ကာတရဝေါထွက်နေသော သစ်ပင်ကြီးကိုကြည့်ကာမေးလိုက်သည်။

"မသိဘူး"

Jungkook၏ ပုံစံသည်တကယ်မသိသောပုံစံဖြစ်နေသောကြောင့် ထပ်၍မမေးတော့ပေ။

"ဒီရွာက ရေကို ဒီကနေသုံးကျတာလား"

Jungkookသည် စမ်းချောင်းကမ်းဘေးတွင်ထိုင်ချလ်ိုက်ပြီး စမ်းချောင်းအားစိတ်ဝင်တစားကြည့်နေသော သူကိုမော့ကြည့်ကာ

"မဟုတ်ဘူး ရေကရေတွင်းရှ်ိတယ် ဒါကဒီတိုင်းပဲ"

"သဘောကျလိုက်တာ.......ကျွန်ုပ်တို့အရှေ့ဒေသမှာဒီလောက်လှတယ့်စမ်းချောင်းမတွေ့ဖူးဘူး.........ကျွန်ုပ်ဆင်းကြည့်လို့ရလား"

"ဆင်းပေါ့"

Jungkookထံမှ ခွင့်ပြုချက်ရသည်နှင့် ဖိနပ်နှင့်ခြေအိတ်ကိုချွတ်ကာ ဝတ်ရုံဘောင်းဘီစကိုခြေသလုံးအထိလိပ်တင်လိုက်သည်။ ထို့နောက် စမ်းချောင်းထဲသို့ခြေတစ်ဖက်အရင်ချကြည့်လိုက်သည်။

"အိုး.......အေးနေတာပဲ "

စမ်းချောင်းလေး၏အနက်သည် Jimin၏ ခြေသလုံးနီးပါးသာရှိသည်။ Jiminသည် ကြည်လင်နေသောစမ်းချောင်းထဲမှသူ၏ခြေထောက်ကိုပြန်မြင်နေရသည်ကို သဘောကျနေသည်။

လေပြေတဖြူးဖြူးတိုက်ခတ်မှုကြောင့် ကြွေကျလာသောသစ်ရွက်စိမ်းလေးတွေက တလွင့်လွင့်လူးနေသောဆံနွယ်နက်နက်တို့နှင့်ရောနှောကာ လေနှင်ရာလွင့်မြောနေသည်။ ရေစီးသံတသိမ့်သိမ့်က အနီနှင့်အနက်ရောထားသော ပိုးသားဝတ်ရုံကိုကျော့ရှင်းစွာဝတ်ဆင်ထားသည့်သူထံမှ ရီသံတခစ်ခစ်နှင့်ပေါင်းစည်းနေသည်။ ကြည်ပြာရောင်စမ်းချောင်းရေသည် ဖွေးအုကြည်လင်နေသောအသားအရေအပေါ်မှဖြတ်သန်းစီးဆင်းနေသည့်အသံက သူ၏နားအတွင်းသို့တစိမ့်စိမ့်ဝင်လာသလို သဘောတကျရီသံတခစ်ခစ်ကလည်း သူ၏နှလုံးသားအတွင်းသို့တသိမ့်သိမ့်တိုးဝင်နေသည်။

Jungkookသည် ထိုင်နေရာမှထ၍ ထွက်လာခဲ့ပြီး ခပ်လှမ်းလှမ်း၍ သစ်ပင်အရိပ်အောက်တွင်သာထိုင်ကာ စမ်းချောင်းထဲမှသူကိုလှမ်းကြည့်နေမိလိုက်သည်။

"ဘာတွေရီစရာပါနေလို့ရီနေလဲလည်းမသိ.........ဦးနှောက်ရောမှန်ရဲ့လားမသ်ိဘူး"

ထို့နောက် သူ၏ဘယ်ဘက်ရင်အုံသို့လက်ဖဝါးဖြင့်ပွတ်သပ်နေပြီး

"ဘာအကောင်ကိုက်လိုက်တာလဲ ယားကျိကျိနဲ့"

စမ်းချောင်းထဲမှ သူကိုမျက်မှောင်ကျုံ့ကာကြည့်နေပြီး သူ၏ယားယံနေသောရင်ဘက်ကိုလည်းလက်ဖြင့်တဗျင်းဗျင်းကုတ်နေလေသည်။သို့သော်ထိုယားယံမှုက ပျောက်မသွားပေ။

========================

စမ်းချောင်းမှပြန်လာသည့်နေ့ကတည်းက သူတို့နှစ်ယောက်၏အခြေအနေသည်အနည်းငယ်ရင်းနှီးလာသည်ဟု Jimin ခံစားမိလာသည်။ သူ၏အိမ်ထောင်ဦးစီးသည်အပြောသာဆိုး၍သဘောကောင်းသည်ကို သိလာရသော်လည်း တခြားသောJeonမျိုးနွယ်တွေကတော့ သူ့အားတွေ့သည်နှင့်ထိကပါးရိကပါးရန်စတတ်ကြသည်။ အထူးသဖြင့် Jeonသခင်ကြီး.......... ။

Jungkookသည် မနက်စာ၊နေ့လည်စာ၊ညစာတို့ကို သူ၏အိမ်သို့လာပို့စေပြီးJiminနှင့်အတူ စားသောက်သည်ကို Jeon သခင်ကြီးက မကျေမနပ်ဖြစ်နေလေသည်။ ထို့ကြောင့်Jungkook မရှိသည့်အခါမျိုးတွင် Jimin အား ရေခတ်၊ထင်းခွဲမှုများစေခိုင်းတတ်သည်။ Jiminသည် သန်မာသည့်ယောက်ျားသားတစ်ယောက်ဖြစ်တာကြောင့် အခုလိုစေခိုင်းမှုမျိုးက သူ့အတွက်ထိခိုက်စေခြင်းမရှိသဖြင့် စိတ်ထဲမထားပေ။

ဒီနေ့တွင်တော့ ခါတိုင်းနေ့များထက်ခြံထဲတွင်ရော ရွာထဲတွင်ပါလူတွေအကုန်အလုပ်ရှုပ်နေကြသည်။ မန်ချူးတို့၏ရိုးရာ ပွဲတော်တစ်ခုဖြစ်သည့်ဘိုးဘွားဝိဥာဥ် ပူဇော်ပွဲရှိကြောင်း Jungkookက​ပြောပြထားသည်။ ညနေနေဝင်ချိန်တွင်သေဆုံးသွားပြီဖြစ်ကြသော မိမိတို့အိမ်၏အိမ်သူအိမ်သားဝိဥာဥ်များအတွက် ဆုတောင်းပွဲပြုလုပ်ပေးပြီး ဓားရေးပြပွဲ ၊ အဆိုအကပြိုင်ပွဲ ၊ စသည့်ပျော်ပွဲရွှင်ပွဲအသေးစားလေးတွေကျင်းပမှာဖြစ်ကြောင်းကိုလည်းသိထားသည်။

အရှေ့ဒေသတွင် အခုလိုပွဲတော်မျိုးမရှိသည့်အတွက်Jiminသည် နေဝင်မည့်အချိန်ကိုရင်ခုန်စွာစောင့်ဆိုင်းလျက်ရှိသည်။

အိမ်၏လသာဆောင်မှ ခြံဝိုင်းထဲတွင်အလုပ်ရှုပ်နေသူများကိုငေးကြည့်နေရင်း အိမ်အပေါ်သို့အငွေ့တစ်ထောင်းထောင်းထွက်နေသည့် အိုးကြီးအားအဝတ်စဖြင့်ကိုင်ကာ လှေကားမှတက်လာသောJungkook။

အိမ်အတွင်းသို့ဝင်လာပြီး ပိတ်အဖြူဖြင့်ကာထားသော အခန်းလေးထဲသို့ဝင်သွားသဖြင့် Jiminသည်လည်းအနောက်မှလိုက်သွားကြည့်သည်။ Jungkookဝင်သွားသည့်အခန်းထဲ၌ လူ၏ဒူးခေါင်းအမြင့်ရှိသော လူတစ်ယောက်ဝင်စာသစ်သားစည်ပိုင်းကြီးတစ်ခုရှိနေပြီး ထိုအထဲသို့ သယ်လာသည့်ရေနွေးတို့ကိုလောင်းထည့်လိုက်သည်။ ထို့နောက်Jiminဘက်သို့လှည့်ကြည့်၍

"အချိန်ရောက်တော့မယ် သန့်စင်ထားလိုက် အသင်ဝတ်ဖို့ကျုပ်ဝတ်ရုံသွားယူလိုက်ဦးမယ်"

Jiminသည် တစ်ယောက်ထဲပြောချင်ရာပြောကာ အလုပ်ရှုပ်နေသော Jungkook၏ ဝတ်ရုံအစကိုလှမ်းဆွဲလိုက်၍

"ပူဇော်ပွဲကို ကျွန်ုပ်လိုက်ကြည့်လို့ရတယ်လား"

ထိုသို့မေးတော့ မျက်မှောင်ကျုံ့လိုက်သည့်သူက

"ကျုပ်ရဲ့​သေသွားတယ့်ဘိုးဘွားတွေနဲ့ အသင့်ကိုမိတ်ဆက်ပေးရဦးမယ်လေ"

"ဒါပင်မယ့် ကျွန်ုပ်က မန်ချူးလူမျိုးမှမဟုတ်တာ........ပူဇော်ပွဲက"

"မြန်မြန်သန့်စင်စမ်းပါ ရေတွေပြန်အေးသွားရင်ထပ်မကျိုပေးဘူး!!"

Jiminသည် သူ၏စကားမဆုံးခင် ဖြတ်၍ ဆူအောင့်အောင့်ပြောကာ ထွက်သွားသူကိုကြည့်၍ သက်ပြင်းချလိုက်ပြီး ပိတ်အဖြူလိုက်ကာစအား အပြည့်ဆွဲပိတ်လိုက်သည်။ ထို့နောက်သူ၏ဝတ်ရုံတို့အားတစ်လွှာချင်းစီချွတ်ချလိုက်ပြီး ဆံနွယ်ရှည်ကိုစည်းနှောင်ထားသောဖဲကြိုးအနီရောင်လေးကိုလည်းဖြည်လိုက်ကာ ကိုယ်လုံးတီးအနေအထားဖြင့် သစ်သားစည်ပိုင်းထဲသို့ဝင်ကာရေစိမ်လိုက်သည်။ နွေးတေးတေးခံစားချက်ကြောင့် ငြီးငြူနေသောစိတ်တို့ပြေလျော့သွားသလိုခံစားရသည်။

မီးအိမ်ဝါကျင့်ကျင့်အရောင်ကြောင့် ကာရံထားသောပိတ်အဖြူလိုက်ကာစအပေါ်တွင် ထင်ဟပ်နေသောပုံရိပ်သည် ကျောတစ်ဝက်မှမြင်နေရပြီး ပျော့ဆင်းနေသောဆံနွယ်တို့ကလည်း ပခုံးထက်ဝယ် ကျဆင်းနေသည်။ ပိတ်အဖြူအပေါ်ထင်ဟပ်နေသောပုံရိပ်ကိုကြည့်ကာ လက်ထဲတွင်ကိုင်ထားသော ဝတ်ရုံတို့ကိုတင်းကြပ်စွာဆုပ်ကိုင်မိလိုက်ပြီး အသက်ရှုသံတို့ပြင်းထန်လာရသည်။ မူမမန်သော ရင်ဘက်ဘယ်အုံကိုခံစားမိလာသောကြောင့် လက်ထဲရှိဝတ်ရုံအဖြူကို အိပ်ရာပေါ်ပစ်တင်၍ အိမ်ထဲမှပြေးထွက်လာမိခဲ့သည်။

လှေကားအတိုင်းတောက်လျှောက်ဆင်းလာခဲ့ပြီး ထပ်၍ယားကျိကျိဖြစ်လာသော ရင်ဘက်ဘယ်အုံကိုလက်ဖြင့်ပွတ်ကာ ငြိမ်သက်နေမိခဲ့သည်။

ကျုပ်ရင်ဘက်က တကယ်ပဲဘာကောင်ကိုက်မိသွားတာလဲ..........။

===================================
Jimin အိမ္အေပၚျပန္ေရာက္ေတာ့ ကုတင္ေျခရင္းတြင္စားပြဲခုံအပုေလးျဖင့္ မနက္စာစားေသာက္ေနေသာJungkookကိုေတြ႕ရသည္။ Jungkookသည္ သူ႔အားတစ္ခ်က္သာေမာ့ၾကည့္ၿပီး စားစရာရွိသည္ကိုဆက္စားေနသည္။

သစ္သားစားပြဲအနိမ့္ေပၚတြင္ ဟင္းလ်ာအစုံအလင္ျဖင့္ ထမင္းပန္းကန္ကႏွစ္လုံးျဖစ္ေနသည့္အတြက္Jiminကအနားသို႔ေလွ်ာက္သြားလိုက္ကာ

"ဟို.......ဒါကကြၽႏ္ုပ္အတြက္လား"

မစားရေသးေသာထမင္းအျဖဴပန္းကန္လုံးကိုၫႊန္ကာေမးလိုက္ေတာ့ ပလုတ္ပေလာင္းျဖင့္သူကေမာ့ၾကည့္လာၿပီး ထိုပန္းကန္ကိုသူ၏အေရွ႕သို႔ယူလိုက္ကာ

"က်ဳပ္စားဖို႔.....တစ္ပန္းကန္ထဲမဝလို႔"

Jiminသည္ ထမင္းေတြအားအတင္းထိုးသြတ္ေနေသာသူကိုၾကည့္၍အားနာစိတ္ဝင္လာၿပီး

"ဟို.......မနက္ကဗိုက္ဆာေနတာနဲ႔ Han Moကိုေခၚၿပီးေစ်းထဲသြားၾကည့္ရင္းမနက္စာစားလာခဲ့လိုက္တယ္........ေတာင္းပန္ပါတယ္"

"စားေပါ့ က်ဳပ္ကဘာလုပ္ေပးရမွာလဲ"

"အဲ့ဒါဆိုလည္း အခုHan Moနဲ႔အျပင္ခနလိုက္သြားလိုက္ပါဦးမယ္"

"ေနဦး!!"

Jimin သည္ လွည့္ထြက္ေတာ့မည့္အခ်ိန္တြင္ အလ်င္စလိုေခၚလိုက္သူေၾကာင့္အေနာက္သို႔ျပန္လွည့္ၾကည့္ေတာ့ Jungkookက သူ၏ႏႈတ္ခမ္းတြင္ေပပြေနသည္မ်ားကိုဝတ္႐ုံလက္အနားစျဖင့္ သုတ္ၿပီးသူ႔ဆီသို႔ေလွ်ာက္လာသည္။ ထို႔ေနာက္လက္ႏွစ္ဖက္ကိုအေနာက္သို႔ပစ္လိုက္ကာ ေခ်ာင္းဟန္႔၍

"အိမ္ေထာင္သည္ျဖစ္ၿပီးသူစိမ္းေယာက်ာ္းသားတစ္ေယာက္နဲ႔တြဲသြားတြဲလာလုပ္ေနတာမသင့္ေတာ္ဘူး........က်ဳပ္က အိေျႏၵရရေနတယ့္သူမို႔ မ်က္ႏွာပ်က္စရာေတြမျဖစ္ေစနဲ႔"

"ဘာ!!"

Jiminသည္ လက္ေနာက္ပစ္ကာေလယူေလသိမ္းႏွင့္ေျပာေနေသာသူ၏စကားကိုနားေထာင္ေနရင္းမွ သူ႔ကိုအိမ္ေထာင္ေရးေဖာက္ျပန္မည့္သူလိုလိုေျပာလာသည့္စကားေၾကာင့္

"ဒီမွာ! ကြၽႏ္ုပ္ကဘာလုပ္ေနလို႔လဲ မေရာက္ဖူးတယ့္ေဒသမို႔လို႔ ေဒသခံကိုလိုက္ပို႔ခိုင္းတာဘာမွားလို႔လဲ!!!"

႐ႊမ္း!!!!

Jimin သည္ စကားလည္းဆုံးJungkook၏လည္ပင္းကိုလည္း ဓားျဖင့္ခ်္ိန္႐ြယ္ၿပီးသားျဖစ္သြားသည္။ Jungkookသည္သူ၏အေရွ႕ရွိ တစိတ္ရွိဓားသာဆြဲထုတ္ေနေသာသူကို ျမင္ျပင္းကပ္လွစြာၾကည့္၍

"က်ဳပ္လည္းေဒသခံပဲ က်ဳပ္လိုက္ျပမယ္ လာ!!"

"မလိုဘူး!! ကြၽႏ္ုပ္ဘာသာ သြားႏိုင္တယ္!!!"

"ဟို စမ္းေခ်ာင္းကိုလိုက္ပို႔ေပးမယ္ မသြားဘူးလား!!!"

Jungkookသည္ ေရာက္လာသည့္ေန႔ကတည္းက စမ္းေခ်ာင္းကိုသာတေငးေငးျဖစ္ေနသည့္ကိုသူကိုေမးလိုက္ေတာ့ သူ၏ေဒါသအိုးေ႐ႊပန္းသီးကမ်က္လုံးအေရာင္လက္သြားၿပီး သူ၏ဓားကိုဓားအိမ္ထဲသို႔ျပန္သိမ္းလိုက္ကာ

"အင္း.........အသင္ကအတင္းလိုက္ပို႔ေပးဖို႔ေတာင္းဆိုေနမွေတာ့ လူႀကီး လူ​ေကာင္း ဆန္စြာနဲ႔လက္ခံပါတယ္.......အေရွ႕ကသြားပါ"

တကယ္တမ္းအေရွ႕ကထြက္သြားသူမွာ Jiminကိုယ္တိုင္ျဖစ္ၿပီး Jungkookကအေနာက္မွလိုက္လာခဲ့သည္။ ရပ္ေစာင့္ေနေသာHan Moႏွင့္Ae Suuကိုေတြ႕ေတာ့ Jiminကအေနာက္သို႔လွည့္ၾကည့္သည္။ Jungkookက သူ႔အားလွည့္ၾကည့္ေနေသာသူကိုမ်က္ေမွာင္က်ဳံ႕၍

"ဘာလဲ"

"သူတို႔နဲ႔သြားမယ္ဆိုၿပီးေစာင့္ခိုင္းထားမိတာကို"

Jiminက အားနာဟန္ျဖင့္ေျပာသည္။ Jungkookက မ်က္ႏွာမဲ့လိုက္ကာ Han Moအေရွ႕သို႔ေလွ်ာက္သြားၿပီး

"က်ဳပ္ၾကင္ယာနဲ႔ လမ္းေလွ်ာက္ထြက္လိုက္ဦးမယ္ အသင္မသြားခင္အေဖ့ကိုစကားပါးေပးထားဦး"

Han Mo သည္ သူ႔အား အားတုံ႔အားနာဟန္ျဖင့္ၿပဳံးျပေနေသာသူကိုတစ္ခ်က္ၾကည့္ကာ

"ေကာင္းပါၿပီ သခင္ေလး"

"Ae Suu..... ကြၽႏ္ုပ္နဲ႔လိုက္ခဲ့ခ်င္လား"

Ae Suu သည္ Jiminႏွင့္အတူလိုက္ခ်င္ပါေသာ္လည္း မ်က္ေမွာင္က်ဳံ႕၍ေအာက္ႏႈတ္ခမ္းကို ကိုက္ထားေသာ မန္ခ်ဴးအေနာက္ေဒသ၏သခင္ေလးကို ေၾကာက္႐ြံသျဖင့္

" မ မလိုက္ေတာ့ပါဘူး သခင္ေလး........ဂ႐ုစိုက္သြားပါ"

Jiminက ေခါင္းည္ိတ္ျပလိုက္သည္။ ဤသို႔ျဖင့္ မန္ခ်ဴးအေနာက္ေဒသ၏ တစ္ခုတည္းေသာစမ္းေခ်ာင္းရွိရာသို႔ထြက္လာခဲ့ၾကသည္။

Jiminသည္ အေရွ႕မွ လက္ေနာက္ပစ္ကာေမာ္ႂကြားစြာေလွ်ာက္ေနေသာသူကို ၾကည့္ကာမနက္က ထမင္းစားပြဲကိုျပန္၍ေတြးမိသြားသည္။

ေသခ်ာေပါက္ သူ႔အတြက္ပါယူလာခဲ့သည္ကိုသိသျဖင့္အားနာစိတ္တို႔ကဝင္ေရာက္ေနသည္။

"ၾကင္ယာေတာ္ပန္းကေလး.........သခင္ေလးနဲ႔အတူထြက္လာတာလား"

အေတြးထဲနစ္ေျမာေနစဥ္ ေဘးမွအသံေၾကာင့္ၾကည့္လိုက္ေတာ့ အိုမင္းရင့္ေရာ္ေနၿပီျဖစ္ေသာအဖြားအိုတစ္ဦးကိုေတြ႕ရသည္။

"က်ဳပ္က ၾကင္ယာေတာ္ပန္းကေလးကအရမ္းလွတယ္ဆိုၿပီးေျပာေနၾကတာနဲ႔ေတြ႕ခ်င္လို႔ ထြက္လာခဲ့တာ.......တကယ္တမ္းၾကေတာ့က်ဳပ္မ်က္လုံးကေသခ်ာလည္းမျမင္ရေတာ့ပါဘူး ဒီအဖြားအိုႀကီးကအိုေနၿပီေလ........."

Jiminသည္ သူ႔အားတရင္းတႏွီးေျပာေနေသာအဖြားအိုကို ဘယ္လိုျပန္ေျပာရမလဲမသိျဖစ္ေနသျဖင့္ မ်က္ေမွာင္က်ဳံ႕ထားေသာသူကိုသာလွမ္းၾကည့္မိသည္။

Jungkookသည္ စကားျပန္ေျပာရန္အခက္ေတြ႕ေနသည့္သူအနားသို႔ျပန္၍ေလွ်ာက္လာၿပီး

"အဖြားႀကီးကလည္း ဘာလို႔ထြက္လာတာလဲ ဒီ႐ုပ္ကိုျမင္ရေတာ့ေရာ ဘာထူးမွာမို႔လို႔လဲ မေတာ္တဆ လမ္းေလွ်ာက္ရလို႔ အေမာေဖာက္ၿပီးေသသြားရင္ဘယ္လိုလုပ္မလဲ"

Jungkook၏ စကားေၾကာင့္ Jiminက ျပဴးျပဴးျပာျပာျဖစ္သြားကာအဖြားအိုကိုေတာင္းပန္ရန္ျပင္လိုက္ေသာ္လည္း အဖြားအိုကတခစ္ခစ္ၿပဳံး၍

"သခင္ေလးရယ္......က်ဳပ္ေသေန႔မေစ့ေသးပါဘူး.......ၾကင္ယာေတာ္ေလးကလွတယ္ဆိုလို႔ ျမင္ဖူးခ်င္တာပါ"

"အသင္မ်က္လုံးမေကာင္းေတာ့တာ သာသြားတယ္........."

Jungkook၏စကားကိုJiminကနားမလည္ေသာ္လည္း အဖြားအိုကသေဘာက်စြာ အသံထြက္သည္အထိရီေနၿပီး ျဖတ္သြားျဖတ္လာ႐ြာသူ႐ြာသားတစ္ခ်ိဳ႕ကလည္း ၿပဳံးစိစိျဖစ္သြားၾကသည္။

"ဒါဆိုက်ဳပ္တို႔သြားလိုက္ဦးမယ္.......အသင္လည္းအိမ္ကိုေသခ်ာျပန္ ေခ်ာ္လဲလို႔အ႐ိုးက်ိဳးၿပီးေသေနမယ္"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ "

Jiminသည္ အဖြားအိုကို ႏႈတ္ဆက္၍ အေရွ႕မွထြက္သြားသူအေနာက္ကိုအမွီလိုက္ရသည္။

"အသက္ႀကီးတယ့္သူတစ္ေယာက္ကိုေျပာတယ့္အသင့္စကားေတြက ၾကားရတာနားဝင္ဆိုးေစတယ္"

"နားပိတ္ထား"

"အသင္ အသိပညာေပးစာအုပ္ကိုမဖတ္ဖူးဘူးလား အဲ့ဒီစာအုပ္ထဲမွလူႀကီးသူမေတြကိုဘယ္လိုဆက္ဆံေျပာဆိုရမလဲဆိုတာ သင္ၾကားျပသထားတယ္"

Jungkookသည္ လမ္းေလွ်ာက္ေနရင္းမွ သူ၏ေဘးတြင္ဆရာေတာ္ေလသံျဖင့္ စာတစ္သံေပတစ္သံလုပ္ေနေသာသူကို တစ္ခ်က္ငဲ့ၾကည့္၍

"အသင္ေျပာတယ့္စာအုပ္ကိုက်ဳပ္မသိဘူး ဒါပင္မယ့္ လူႀကီးတစ္ေယာက္ကလမ္းမွာႏႈတ္ဆက္လာရင္ေတာ့ဘယ္လိုစကားျပန္ေျပာရမလဲဆိုတာေတာ့သိတယ္........သူမ်ားေတြလို ေခြးအႀကီးလည္နင္ေနသလို အိန္!အိန္!အိန္!နဲ႔ျဖစ္မေနဘူး"

Jiminသည္ သူ႔အားေခြးအႏွင့္ႏႈိင္းေသာသူကို လက္ထဲတြင္ကိုင္ထားေသာ ဓားႏွင့္အဆက္မျပတ္ထိုးသတ္ခ်င္စိတ္ျဖစ္လာေသာ္လည္း သည္းခံ၍သာၿငိမ္ေနလိုက္ၿပီး

"အသင္တို႔မန္ခ်ဴးေတြကတကယ့္လူ႐ိုင္းေတြ"

Jungkookက မၾကားဟန္သာေဆာင္ေနလိုက္သည္။

=======================

ေရစီးက်သံတၿငိမ့္ၿငိမ့္ေလးျဖင့္ ေလေျပတျဖဴးျဖဴးတိုက္ေနသည္မွာ အလြန္ပင္သာယာလွသည္။ ေျခလွမ္းဆယ္လွမ္းေလာက္သာက်ယ္ေသာ စမ္းေခ်ာင္းေလးသည္ ၾကည္ကာသန္႔ရွင္းေနၿပီး ေအာက္ေျခမွေက်ာက္စေက်ာက္နမ်ားကိုေတာင္ျမင္ေနရေသးသည္။စမ္းေခ်ာင္းေလးသည္ ေတာင္မွေျမာက္သို႔စီးဆင္းသည့္အေနအထားျဖစ္ၿပီး စမ္းေခ်ာင္းျဖစ္တည္ရာေနရာသည္ အျမစ္အခက္ေပါင္းမ်ားစြာျဖင့္တည္ရွိေနေသာ သစ္ပင္ႀကီး၏ေအာက္ေျခမွသဘာဝအတိုင္းစိမ့္ထြက္ကာစီးဆင္းေနျခင္းျဖစ္သည္။ စမ္းေခ်ာင္းေလး၏ေဘးဘက္ေဘးရံတြင္လည္း သဘာဝပန္း႐ိုင္းေပါက္ပင္ေလးမ်ားက အေရာင္စုံစြာဟိုတစ္စုဒီတစ္စုေပါက္ေရာက္ေနသည္။

"ဒါက ဘာအပင္လဲ"

Jiminသည္ ထူးျခားစြာအျမစ္ေအာက္ေျခ
မွေရစိမ့္ကာတရေဝါထြက္ေနေသာ သစ္ပင္ႀကီးကိုၾကည့္ကာေမးလိုက္သည္။

"မသိဘူး"

Jungkook၏ ပုံစံသည္တကယ္မသိေသာပုံစံျဖစ္ေနေသာေၾကာင့္ ထပ္၍မေမးေတာ့ေပ။

"ဒီ႐ြာက ေရကို ဒီကေနသုံးက်တာလား"

Jungkookသည္ စမ္းေခ်ာင္းကမ္းေဘးတြင္ထိုင္ခ်လ္ိုက္ၿပီး စမ္းေခ်ာင္းအားစိတ္ဝင္တစားၾကည့္ေနေသာ သူကိုေမာ့ၾကည့္ကာ

"မဟုတ္ဘူး ေရကေရတြင္းရွ္ိတယ္ ဒါကဒီတိုင္းပဲ"

"သေဘာက်လိုက္တာ.......ကြၽႏ္ုပ္တို႔အေရွ႕ေဒသမွာဒီေလာက္လွတယ့္စမ္းေခ်ာင္းမေတြ႕ဖူးဘူး.........ကြၽႏ္ုပ္ဆင္းၾကည့္လို႔ရလား"

"ဆင္းေပါ့"

Jungkookထံမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ ဖိနပ္ႏွင့္ေျခအိတ္ကိုခြၽတ္ကာ ဝတ္႐ုံေဘာင္းဘီစကိုေျခသလုံးအထိလိပ္တင္လိုက္သည္။ ထို႔ေနာက္ စမ္းေခ်ာင္းထဲသို႔ေျခတစ္ဖက္အရင္ခ်ၾကည့္လိုက္သည္။

"အိုး.......ေအးေနတာပဲ "

စမ္းေခ်ာင္းေလး၏အနက္သည္ Jimin၏ ေျခသလုံးနီးပါးသာရွိသည္။ Jiminသည္ ၾကည္လင္ေနေသာစမ္းေခ်ာင္းထဲမွသူ၏ေျခေထာက္ကိုျပန္ျမင္ေနရသည္ကို သေဘာက်ေနသည္။

ေလေျပတျဖဴးျဖဴးတိုက္ခတ္မႈေၾကာင့္ ေႂကြက်လာေသာသစ္႐ြက္စိမ္းေလးေတြက တလြင့္လြင့္လူးေနေသာဆံႏြယ္နက္နက္တို႔ႏွင့္ေရာေႏွာကာ ေလႏွင္ရာလြင့္ေျမာေနသည္။ ေရစီးသံတသိမ့္သိမ့္က အနီႏွင့္အနက္ေရာထားေသာ ပိုးသားဝတ္႐ုံကိုေက်ာ့ရွင္းစြာဝတ္ဆင္ထားသည့္သူထံမွ ရီသံတခစ္ခစ္ႏွင့္ေပါင္းစည္းေနသည္။ ၾကည္ျပာေရာင္စမ္းေခ်ာင္းေရသည္ ေဖြးအုၾကည္လင္ေနေသာအသားအေရအေပၚမွျဖတ္သန္းစီးဆင္းေနသည့္အသံက သူ၏နားအတြင္းသို႔တစိမ့္စိမ့္ဝင္လာသလို သေဘာတက်ရီသံတခစ္ခစ္ကလည္း သူ၏ႏွလုံးသားအတြင္းသို႔တသိမ့္သိမ့္တိုးဝင္ေနသည္။

Jungkookသည္ ထိုင္ေနရာမွထ၍ ထြက္လာခဲ့ၿပီး ခပ္လွမ္းလွမ္း၍ သစ္ပင္အရိပ္ေအာက္တြင္သာထိုင္ကာ စမ္းေခ်ာင္းထဲမွသူကိုလွမ္းၾကည့္ေနမိလိုက္သည္။

"ဘာေတြရီစရာပါေနလို႔ရီေနလဲလည္းမသိ.........ဦးေႏွာက္ေရာမွန္ရဲ႕လားမသ္ိဘူး"

ထို႔ေနာက္ သူ၏ဘယ္ဘက္ရင္အုံသို႔လက္ဖဝါးျဖင့္ပြတ္သပ္ေနၿပီး

"ဘာအေကာင္ကိုက္လိုက္တာလဲ ယားက်ိက်ိနဲ႔"

စမ္းေခ်ာင္းထဲမွ သူကိုမ်က္ေမွာင္က်ဳံ႕ကာၾကည့္ေနၿပီး သူ၏ယားယံေနေသာရင္ဘက္ကိုလည္းလက္ျဖင့္တဗ်င္းဗ်င္းကုတ္ေနေလသည္။သို႔ေသာ္ထိုယားယံမႈက ေပ်ာက္မသြားေပ။

========================

စမ္းေခ်ာင္းမွျပန္လာသည့္ေန႔ကတည္းက သူတို႔ႏွစ္ေယာက္၏အေျခအေနသည္အနည္းငယ္ရင္းႏွီးလာသည္ဟု Jimin ခံစားမိလာသည္။ သူ၏အိမ္ေထာင္ဦးစီးသည္အေျပာသာဆိုး၍သေဘာေကာင္းသည္ကို သိလာရေသာ္လည္း တျခားေသာJeonမ်ိဳးႏြယ္ေတြကေတာ့ သူ႔အားေတြ႕သည္ႏွင့္ထိကပါးရိကပါးရန္စတတ္ၾကသည္။ အထူးသျဖင့္ Jeonသခင္ႀကီး.......... ။

Jungkookသည္ မနက္စာ၊ေန႔လည္စာ၊ညစာတို႔ကို သူ၏အိမ္သို႔လာပို႔ေစၿပီးJiminႏွင့္အတူ စားေသာက္သည္ကို Jeon သခင္ႀကီးက မေက်မနပ္ျဖစ္ေနေလသည္။ ထို႔ေၾကာင့္Jungkook မရွိသည့္အခါမ်ိဳးတြင္ Jimin အား ေရခတ္၊ထင္းခြဲမႈမ်ားေစခိုင္းတတ္သည္။ Jiminသည္ သန္မာသည့္ေယာက္်ားသားတစ္ေယာက္ျဖစ္တာေၾကာင့္ အခုလိုေစခိုင္းမႈမ်ိဳးက သူ႔အတြက္ထိခိုက္ေစျခင္းမရွိသျဖင့္ စိတ္ထဲမထားေပ။

ဒီေန႔တြင္ေတာ့ ခါတိုင္းေန႔မ်ားထက္ၿခံထဲတြင္ေရာ ႐ြာထဲတြင္ပါလူေတြအကုန္အလုပ္ရႈပ္ေနၾကသည္။ မန္ခ်ဴးတို႔၏႐ိုးရာ ပြဲေတာ္တစ္ခုျဖစ္သည့္ဘိုးဘြားဝိဥာဥ္ ပူေဇာ္ပြဲရွိေၾကာင္း Jungkookက​ေျပာျပထားသည္။ ညေနေနဝင္ခ်ိန္တြင္ေသဆုံးသြားၿပီျဖစ္ၾကေသာ မိမိတို႔အိမ္၏အိမ္သူအိမ္သားဝိဥာဥ္မ်ားအတြက္ ဆုေတာင္းပြဲျပဳလုပ္ေပးၿပီး ဓားေရးျပပြဲ ၊ အဆိုအကၿပိဳင္ပြဲ ၊ စသည့္ေပ်ာ္ပြဲ႐ႊင္ပြဲအေသးစားေလးေတြက်င္းပမွာျဖစ္ေၾကာင္းကိုလည္းသိထားသည္။

အေရွ႕ေဒသတြင္ အခုလိုပြဲေတာ္မ်ိဳးမရွိသည့္အတြက္Jiminသည္ ေနဝင္မည့္အခ်ိန္ကိုရင္ခုန္စြာေစာင့္ဆိုင္းလ်က္ရွိသည္။

အိမ္၏လသာေဆာင္မွ ၿခံဝိုင္းထဲတြင္အလုပ္ရႈပ္ေနသူမ်ားကိုေငးၾကည့္ေနရင္း အိမ္အေပၚသို႔အေငြ႕တစ္ေထာင္းေထာင္းထြက္ေနသည့္ အိုးႀကီးအားအဝတ္စျဖင့္ကိုင္ကာ ေလွကားမွတက္လာေသာJungkook။

အိမ္အတြင္းသို႔ဝင္လာၿပီး ပိတ္အျဖဴျဖင့္ကာထားေသာ အခန္းေလးထဲသို႔ဝင္သြားသျဖင့္ Jiminသည္လည္းအေနာက္မွလိုက္သြားၾကည့္သည္။ Jungkookဝင္သြားသည့္အခန္းထဲ၌ လူ၏ဒူးေခါင္းအျမင့္ရွိေသာ လူတစ္ေယာက္ဝင္စာသစ္သားစည္ပိုင္းႀကီးတစ္ခုရွိေနၿပီး ထိုအထဲသို႔ သယ္လာသည့္ေရေႏြးတို႔ကိုေလာင္းထည့္လိုက္သည္။ ထို႔ေနာက္Jiminဘက္သို႔လွည့္ၾကည့္၍

"အခ်ိန္ေရာက္ေတာ့မယ္ သန္႔စင္ထားလိုက္ အသင္ဝတ္ဖို႔က်ဳပ္ဝတ္႐ုံသြားယူလိုက္ဦးမယ္"

Jiminသည္ တစ္ေယာက္ထဲေျပာခ်င္ရာေျပာကာ အလုပ္ရႈပ္ေနေသာ Jungkook၏ ဝတ္႐ုံအစကိုလွမ္းဆြဲလိုက္၍

"ပူေဇာ္ပြဲကို ကြၽႏ္ုပ္လိုက္ၾကည့္လို႔ရတယ္လား"

ထိုသို႔ေမးေတာ့ မ်က္ေမွာင္က်ဳံ႕လိုက္သည့္သူက

"က်ဳပ္ရဲ႕​ေသသြားတယ့္ဘိုးဘြားေတြနဲ႔ အသင့္ကိုမိတ္ဆက္ေပးရဦးမယ္ေလ"

"ဒါပင္မယ့္ ကြၽႏ္ုပ္က မန္ခ်ဴးလူမ်ိဳးမွမဟုတ္တာ........ပူေဇာ္ပြဲက"

"ျမန္ျမန္သန္႔စင္စမ္းပါ ေရေတြျပန္ေအးသြားရင္ထပ္မက်ိဳေပးဘူး!!"

Jiminသည္ သူ၏စကားမဆုံးခင္ ျဖတ္၍ ဆူေအာင့္ေအာင့္ေျပာကာ ထြက္သြားသူကိုၾကည့္၍ သက္ျပင္းခ်လိုက္ၿပီး ပိတ္အျဖဴလိုက္ကာစအား အျပည့္ဆြဲပိတ္လိုက္သည္။ ထို႔ေနာက္သူ၏ဝတ္႐ုံတို႔အားတစ္လႊာခ်င္းစီခြၽတ္ခ်လိုက္ၿပီး ဆံႏြယ္ရွည္ကိုစည္းေႏွာင္ထားေသာဖဲႀကိဳးအနီေရာင္ေလးကိုလည္းျဖည္လိုက္ကာ ကိုယ္လုံးတီးအေနအထားျဖင့္ သစ္သားစည္ပိုင္းထဲသို႔ဝင္ကာေရစိမ္လိုက္သည္။ ေႏြးေတးေတးခံစားခ်က္ေၾကာင့္ ၿငီးျငဴေနေသာစိတ္တို႔ေျပေလ်ာ့သြားသလိုခံစားရသည္။

မီးအိမ္ဝါက်င့္က်င့္အေရာင္ေၾကာင့္ ကာရံထားေသာပိတ္အျဖဴလိုက္ကာစအေပၚတြင္ ထင္ဟပ္ေနေသာပုံရိပ္သည္ ေက်ာတစ္ဝက္မွျမင္ေနရၿပီး ေပ်ာ့ဆင္းေနေသာဆံႏြယ္တို႔ကလည္း ပခုံးထဲဝယ္ က်ဆင္းေနသည္။ ပိတ္အျဖဴအေပၚထင္ဟပ္ေနေသာပုံရိပ္ကိုၾကည့္ကာ လက္ထဲတြင္ကိုင္ထားေသာ ဝတ္႐ုံတို႔ကိုတင္းၾကပ္စြာဆုပ္ကိုင္မိလိုက္ၿပီး အသက္ရႈသံတို႔ျပင္းထန္လာရသည္။ မူမမန္ေသာ ရင္ဘက္ဘယ္အုံကိုခံစားမိလာေသာေၾကာင့္ လက္ထဲရွိဝတ္႐ုံအျဖဴကို အိပ္ရာေပၚပစ္တင္၍ အိမ္ထဲမွေျပးထြက္လာမိခဲ့သည္။

ေလွကားအတိုင္းေတာက္ေလွ်ာက္ဆင္းလာခဲ့ၿပီး ထပ္၍ယားက်ိက်ိျဖစ္လာေသာ ရင္ဘက္ဘယ္အုံကိုလက္ျဖင့္ပြတ္ကာ ၿငိမ္သက္ေနမိခဲ့သည္။

က်ဳပ္ရင္ဘက္က တကယ္ပဲဘာေကာင္ကိုက္မိသြားတာလဲ..........။

===================================

Continue Reading

You'll Also Like

247K 12.5K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
331K 19.2K 41
You live in a different time zone Think I know what this is It's just the time's wrong
549K 919 21
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭