(OS Collection)
By AyeMon687
10.1K 1K 181
Kookmin OS Collection.. More
Boyfriend is Jeon Guggie
သစ်ခက်အိမ်
Station Lover
Houd Van Je(ချစ်တယ်)
Seven
Loved One
Plot Twist-1
Plot Twist-2
ရှိသည်..ဖြစ်သည်.. ချစ်သည်
REPLAY
February-14
Hyung!Hold My Hand
536 59 0
By AyeMon687
( Unicode Version)
( Hyung!My Hand )
Ding Dong!!!
Ding Dong!!!!
* လာပြီ...လာပြီဟ!stop ဘဲလ်ကိုစွတ်နှိပ်မနေနဲ့ *
တိုက်ခန်းလေးထဲမှနေ ဟိန်းခနဲထွက်လာသောငြူငြူစူစူအော်သံလေးဟာ ဂျွန်ဆီကနေထွက်လာသော အလိုမကျတဲ့အသံလေးပါ။
ထိုဘဲလ်​တီးသံကြောင့် ဂျွန်ဟာအိပ်နေရာကနေ လူးလှိမ့်ထလာရတဲ့အထိပါပဲ။ကောင်းစွာမပွင့်နိုင်သေးတဲ့မျက်လုံးအစုံကို လက်ဖနောင့်နှင့်ပဲ အကြမ်းပတမ်းပွတ်ပစ်လိုက်ပြီး
ခပ်ကျဲကျဲခြေလှမ်းအကူတွေနဲ့ အခန်းဝဆီကိုရောက်အောင်သွားသည်။
တစ်လတ်စတည်းသူတွေးလိုက်မိတာက
သူ့အခန်းရှေ့မှာ ဘယ်သူကများ မနားမနေအလုပ်တွေထပ်ခိုင်းဖို့ရောက်နေပြန်ပြီလဲ?ပေါ့။ရှားရှားပါးပါးနားရက်တွေရတုန်းရခိုက်မှာ ဘာအလုပ်ကိုမှ ထပ်မလုပ်ချင်တော့ဘူး။
အဲ့ဒီနောက် ဒီဂျွန်ဂျောင်ကုဟာ အလွန်အမင်းကိုစိတ်ရှုပ်ထွေးသွားပုံဖြင့် သူ၏မညှပ်သင်ရသေးတဲ့ ဆံနွယ်ရှည်ရှည်တွေကို လက်ချောင်းတွေအကူနဲ့ထိုးဖွပစ်လိုက်သည်အိပ်ယာပေါ်ကနေ အခုမှထလာခြင်းပေမို့
ဂျွန်တစ်ခေါင်းလုံးဟာ ဖရိုဖရဲဖြစ်နေလျှက်။
နံရံပေါ်ရှိ ၄"၆"ပတ်လည်ဖန်သားပြင်လေးကို ဂျွန်ကအလိုမကျဖြစ်စွာနဲ့ စူးစိုက်ကြည့်လိုက်သည်။ဒါပေမယ့် မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရပြန်တော့ ပို၍စိတ်ရှုပ်သွားရ၏။
Ding Dong!!!
ကြည့်နေရင်းမှာပဲ ထပ်မံထွက်ပေါ်လာတဲ့
ဘဲလ်သံကြောင့် မျက်ခုံးတန်းတွေကို တွန့်ချိုးပစ်ပြီး စိတ်ရှုပ်ထွေးသွားဟန်နဲ့ စုတ်တစ်ချက်သပ်လိုက်ကာ ငြီးတွားပြန်သည်။
* ကျစ်...!!အာရုံတွေပဲ *
ထိုသို့နှင့် ဂျွန်သည်တံခါးမကြီးထက်က မှန်ဘီလူးပေါက်ရှိရာဆီသို့ အလောတကြီးပဲပြေးသွားလိုက်ကာ အပြင်ကိုအကဲခတ်ပြန်၏။ဂျွန်ထင်လိုက်တာက ယခင်လတွေတုန်းကအတိုင်း သူ့နောက်ကိုတောက်လျှောက်လိုက်နေတတ်တဲ့Sasaeng Fanပဲပေါ့။
တကယ်တော့။အဲ့လိုမဟုတ်ခဲ့ပြန်ပါဘူး။သူ့အခန်းရှေ့မှာ ခြေစုံရပ်နေခဲ့သူက Sasaeng fanထက်ပိုဆိုးတဲ့ သူ့ဘဝအက္ခရာလေးပါ။
သူ့နောက်ကိုStalkerလိုက်တတ်တဲ့Fanမျိုးမဟုတ်ဘဲ သူကပြန်stalkerလိုက်နေရတဲ့လူသားဖြစ်နေသတဲ့လေ။
ဟွတ်ဒီပွပွကြီးနဲ့ အားကစားဘောင်းဘီပွပွကြီးကြားထဲမှာ နစ်မြုပ်နေလျှက်ရှိတဲ့
ထိုလူသားဟာ တစ်ကိုယ်လုံးကို အလုံထုတ်ထားခဲ့သည့်တိုင်...၊မျက်နှာတစ်ခုလုံးကို ကွယ်ဝှက်ထားလိုက်တာများ မျက်လုံးလေးတွေပင်မမြင်ရတော့သည့်တိုင် ကျွန်တော်ဂျွန်ဂျောင်ကုဟာ သူနဲ့ပတ်သတ်လာရင် မမှတ်မိစရာဘာအကြောင်းများရှိပါ့မလဲ။
* မောင့်ကို လွမ်းလို့လိုက်လာတာလား ဂျီမင်ရှီ *
ဂျွန်ဟာ အပြုံးရေးရေးလေးများထင်းနေတဲ့ပြုံးစစမျက်နှာလေးနဲ့ သူ၏လှစွာသောလေးကို ဧည့်ဝတ်ပြုလိုက်ပေမယ့်လည်း သူပြန်ရလိုက်တာက ခပ်လှလှမျက်စောင်းလေးတစ်ချက်တဲ့။
* ဖယ်ပါ!! *
ဖက်ထုပ်လေးအလား တစ်ကိုယ်လုံးပတ်ထုတ်ထားသူလေးသည် ဂျွန့်ကိုမျက်စောင်းတစ်ချက်ရွယ်သွားခဲ့ပြီး အိပ်ခန်းထဲထိတန်းတန်းမတ်မတ်ဝင်ချသွားခဲ့လေသည်။
သူ့အိမ်..သူအိမ်ရာလိုမျိုးပဲ။အားနာခြင်းမျိုးလည်း အလျဥ္းမရှိပါ။
ထို့နောက် ထိုသက်ရှိစူပုတ်လေးဟာဖြင့်
ဂျွန့်အငွေ့အသက်များမပျက်ပြယ်သေးတဲ့
မွေ့ယာထူထူထက်၌ ပစ်လှဲချလိုက်ရင်း မျက်လုံးလေးများကို တောင်ကြည့်မြောက်ကြည့်လုပ်လိုက်ပြီးမှ အခန်းအပြင်ကလူကိုပြန်လှည့်ကြည့်ဖို့သတိရတော့၏။
အခန်းအပြင်ကဂျွန့်မှာသာ ဒီအခြေအနေကြီး​ကိုလိုက်မမှီတော့တဲ့ပုံလေးနဲ့ ဂျီမင်နောက်ကိုဆက်မလိုက်ရဲခဲ့ပါ။အဲ့အစား ရေလေးတစ်ခွက်လောက် ခပ်တိုက်ရန်သာစိတ်လောနေခဲ့လိမ့်မည်။
ဘာကိုအလိုမကျဖြစ်လာပြန်ပြီလဲ ဂျွန်မသိချင်ပါဘူး။သူသိတာက ပတ်ခ်ဂျီမင်ကိုပါပဲ။
* ပင်ပန်းလာတာလား မောင့်ဂျီမင် *
* အဲ့မျက်နှာကြီးကိုမမြင်ချင်ဘူး ထွက်သွား *
အာ...တကယ်ကြီး တင်းနေတာပဲ။ဘာကြောင်လဲဘေဘီ?ဝှိုင်း..ဝှိုင်း။
* ဒါမောင့်အခန်းလေ *
* ဒါဆိုလည်း ငါကို်ယ်တိုင်ပဲသွားမယ် *
ဂျီမင်ရှီတို့ စိတ်တိုလာရင် အဲ့လိုပါပဲ။မောင်သည် ဂျီမင်အကြောင်းကိုအထာနပ်နေသူပြီပြီ ခုတင်အနားအမြန်ရောက်ချလာခဲ့ပြီး ဘာမှမသိနားမလည်သလို မျက်နှာလေးနဲ့ချွဲဖို့လုပ်ငန်းစလာတော့သည်။
* ဘယ်ကိုသွားဦးမလို့လဲ ဒီတစ်ပတ်လုံး
မောင့်မှာလွမ်းနေရတာဗျ *
မောင်ဟာ စကားဆုံးသည်နှင့် ဂျီမင်ထိုင်နေရာခုတင်ဇောင်းလေးမှာ မျက်နှာလေးကို
ခပ်မော့မော့လေးစောင်းတင်လိုက်ပြီး သနားစဖွယ်မျက်နှာလေးနဲ့ အမျိုးမျိုးချော့ယူဖို့ပြင်လာသည်။ဒီလိုဆိုပြန်တော့ လျှော့ရပြန်သူကဂျီမင်ကိုယ်တိုင်ပဲလေ။မဟုတ်ပေဘူးလား။
* အပိုတွေ... အနားကသွားစမ်းပါ *
* တကယ်လွမ်းနေခဲ့တာ...နေ့ရော ညရော
အချိန်းတိုင်းလိုလို မောင် ဂျီမင်ကို လွမ်းဖြစ်တယ်။ဂျီမင်ရောမောင့်ကိုလွမ်းရဲ့လား *
မော့ကြည့်လာတဲ့ မောင့်မျက်ဝန်းအိမ်လေးတွေက ကြည်တောက်တောက်နဲ့ရယ်။ဒီလိုလေးတွေတစ်မျိုးဆန်းပြီး အရောင်တောက်ပြပြန်တော့ သူ့မှာ အရှုံးပေးရပြန်ပြီ။
မောင့်ရဲ့ရီဝေဝေဆန်သောအကြည့်ဖျော့လေးတွေကြောင့် ဂျီမင်ခမျာ အနည်းငယ်အို့တမ်းအမ်းတမ်းဖြစ်သွားရလျှက်ရှိပြီး အကြည့်လေးတွေကိုဆက်ခနဲလွှဲပစ်သည်။
* ခေါက်ဆွဲစားမယ်မလားဂျီမင်ရှီ *
မောင် ဘာအဓိပ္ပာယ်နဲ့မေးသလဲ ဂျီမင်တကယ်မသိခဲ့ဘူး။မောင့်ကို မျက်နှာလွှဲထားရက်နဲ့ပင် ခေါင်းခါပြလာခဲ့ပြီး ဂျီမင်ရဲ့လက်ချောင်းလေးများကတော့ မောင့်ဆံနွယ်တွေကြားထဲတိုးဝင်လျှက်ရှိပြီး တမြတ်တနိုးပွတ်သပ်ပေးနေခဲ့ပြီပေါ့။
ချစ်သူရည်းစားတွေဆိုတာ အမြဲလိုလိုဒီလိုချည်းပါပဲ။
* ခေါက်ဆွဲမစားချင်လည်းရတယ် ဂျီမင်ညစာမစားရသေးဘူးဟုတ်...!အခု မောင် တစ်ခုခုချက်ပေးမယ်... *
* မောင်!!ငါဒီကိုလာတာ ညစာစားဖို့အတွက်မဟုတ်ဘူးနော်~~ပြီးတော့ ငါပြီးခဲ့တဲ့တနလင်္ာတုန်းကမှ overseasကပြန်ရောက်ရောက်ချင်းပဲ မင်းနဲ့အတူခေါက်ဆွဲစားခဲ့ပြီးပြီကို အခုထပ်စားစရာလား *
ဒီစကားကို ဂျီမင်က ဒေါသထွက်
နေသယောင် အရိပ်အစွန်းအပြည့်နဲ့ပြန်ဖြေလိုက်တာပါ။လေသံတွေကအေးဆေးတယ်လို့ထင်ရပေမယ့် ခေါင်းပေါ်ကတင်းကြပ်သွားတဲ့လက်တွေရဲ့အထိအတွေ့ဘာသာစကားကို မောင်ပဲဖတ်တတ်ပါလိမ့်မယ်။
* ဘာလို့စိတ်ဆိုးနေရတာလဲ မောင့်ကိုပြောလေ...ဂျီမင်ကပြောပြရင် မောင်ကဆင်ခြင်ပေးမှာပေါ့ *
* မောင်ဘာလို့ အဲ့လိုဟာတွေရိုက်တာလဲ *
* ဘာကိုလဲ သေချာပြောပြလေ *
* ဂျောင်ကု!! *
* ဗျာ..ဗျာ မောင်ဘာလုပ်မိလို့လဲ *
ဂျီမင်ဘာကို စိတ်ဆိုးနေရတာလဲ?သူမှ တကယ်မသိတာကို။တကယ်မသိလို့ပြောပြပါလား။ဒီလိုတွေထပ်မေးရင် ပိုစိတ်ဆိုးပြီး
မောင့်ဗိုက်ခေါက်ရှပ်ရှပ်တွေကို ပြတ်နေအောင်ဆွဲလိမ်တော့မှာမလား။
အူလည်လည်လေးပြန်မော့ကြည့်လာတဲ့
မောင့်ပုံစံကို မကြည့်ရက်နိုင်တော့စွာပဲ ဂျီမင်ကထိုင်နေရာမှထထွက်သွားဖို့ပြင်သည်နှင့် မောင့်လက်ဖဝါးကြီးကြီးတွေဟာ ပခုံးသားနုနုလေးကိုဆွဲကိုင်ပြီးသားဖြစ်နှင့်နေပြီးပြီ။
* ပြောပါ...မောင်ချော့ပါ့မယ် *
* ဒါတွေ..ဒါတွေကငါ့အပိုင်လို့...ငါတွန့်တိုတတ်တယ်မောင်ရဲ့ *
ထိုအခါချက်ချင်းပဲ မောင့်ကိုမျက်စောင်းထိုးလာပြီး မောင့်ရင်အုပ်ကျယ်ကျယ်တွေကို ဖြောင်းခနဲမြည်အောင်ရိုက်ပစ်လိုက်ပြီးမှ မောင့်ရဲ့Nippleစူစူတွေကို အဆတ်မပြတ်စိတ်စွဲလိုက်တာမှ အားရတဲ့အထိ!ကျေနပ်တဲ့အထိပါပဲ။
သေလောက်အောင်နာနေလည်း မောင့်မှာတစ်ချက်မရုန်းဆန်ခဲ့ပါဘူး။နာလွန်းလို့ တွန့်တွန့်သွားခဲ့ပေမယ့် မောင်ဟာ ပေတေခံပြီးကိုဆွဲစိတ်ခံပေးခဲ့ပါတယ်။အဲ့လောက်ထိကို မောင်ချစ်တတ်တာမသိဘူးလား။
* ဒါကတော့ ဂျီမင်ရယ်...ဒါကတော့ *
ပူထူနေအောင် ဆွဲလိမ်ခံလိုက်ရတဲ့ရင်အုပ်ကျယ်ကျယ်တွေကို မောင်ဟာ သူ့လက်ဖဝါးနဲ့ပဲအထက်အောက်ပွတ်သပ်နေခဲ့ရင်း ဘယ်လိုတွေအဖြေပြန်ပေးရမလဲ စကားစရှာနေခိုက်ရှိသေး...?ဂျီမင်က တရားခံဖမ်းနေဟန်မျက်လုံးတွေနဲ့စိုက်ကြည့်လာတာမို့ မောင့်ခမျာပြူးပြူးပျာပျာဖြစ်ရလျှက်..။
* ဆက်ပြောလေ *
* အဲ့ဒါက အလုပ်သဘောအရပါ ဟီး *
* တစ်ကိုယ်လုံးကျွတ်ကျမတတ် ဖော်ချွတ်ထားတာက အလုပ်သဘောအရလား!!! *
* တကယ်အလုပ်သဘောအရပါဆို *
ခေါင်းလေးကုတ်ရင်း သွားလေးစိပြရှာသူမောင်နဲ့ဆန့်ကျင်စွာ ဂျီမင်ကတော့ဟန်လုပ်ပြီးတောင် မရယ်နိုင်ခဲ့ဘူးလေ။မောင့်ကိုနှမြောတာပဲသိတာမို့ မျက်လုံးကြည်ကြည်လေးတွေခမျာ မျက်ရည်အဝိုင်းသားဖြင့်။
* မောင် တကယ် မလွန်လွန်းဘူးလား...ငါအူတိုတယ်လို့ အူတိုတယ်လို့!! ငါ့ကိုအသက်တိုရအောင် မောင်ပဲလုပ်နေတာ *
မျက်ရည်လေးတွေကိုမြင်ပြန်တော့မောင့်မှာ မနေသာခဲ့ပြန်ဘူး။ချက်ချင်းဆိုသလို ပြေးဖက်ပေးလာခဲ့ပြီး ရင်ခွင်ထဲမှာအသားကျစေကာ ပွေ့ထက်ပေးရင်းနဲ့တယုတယချော့ခဲ့တယ်။ကျောပြင်သေးသေးလေးကို မောင့်စိတ်တိုင်းကျပုတ်ပေးခဲ့ပြီးချော့မော့ခဲ့ပါတယ်။
* ဂျီမင်ဘက်ကို မောင်မတွေးလိုက်မိဘူး *
တဖွဖွတောင်းပန်ပေးရင်း ရှိုက်သံငယ်တွေကို မောင်က တိတ်စေခဲ့တယ်။ပွေ့ဖက်ပေးထားဆဲ မောင့်ရင်ခွင်နွေးနွေးကြားမှာ ဂျီမင်ကငြိမ်ငြိမ်လေးရှိနေခဲ့ပြီး မောင်ကတော့သူ့ပခုံးလေးတစ်ဖက်ပေါ်မှာ မေးလေးအသာစောင်းတင်းထားလျှက်ရှိကာ သူတို့ပတ်ဝန်းကျင်ကိုသူတို့ကိုယ်တိုင်ကပဲရပ်တန့်ထားခဲ့ကြ၏။
ဒီလိုပုံစံမျိုးနဲ့ အတော်ကြာအောင်ဒရမ်မာချိုးခဲ့ကြပြီးမှ မောင့်ခမျာ ဂျီမင်အား ခပ်တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည်ကို လွှတ်ပေးဖို့ရန်သတိဝင်လာတော့တယ်လေ။တကယ်ပါပဲ။
လွှတ်လို့ပြီးကာမှ ဂျီမင်ကို ပခုံးဖျားလေးမှနေဆွဲလှည့်စေလိုက်ရင်း နဖူးလေးကိုတစ်ချက်နမ်းစေသည်။ပြီးတော့မျက်ခွံလေးတွေကို ဘယ်ပြန်ညာပြန်ထပ်နမ်းလိုက်သည်။
ပြီးတော့ နှာခေါင်းသေးသေးလေး...!ပြီးတော့ ပါးမို့မို့လေးနှစ်ဖက်...!မျက်နှာလေးထက်ကအစိတ်အပိုင်းတွေများစွာကို သူ့စိတ်ကြိုက်ထိတွေ့နမ်းရှိုက်လို့ဝတော့မှပဲ နှုတ်ခမ်းဖူးဖူးလေးကို ခပ်ကြာကြာလေးဖိနမ်းစေလိုက်ပြီး ထိုအနမ်းစီးချင်းကိုရပ်တန့်ပစ်လိုက်တော့သည်။
* ခဏစောင့်...ဂျီမင်အတွက် ညစာကို မောင်ကိုယ်တိုင်စပါယ်ရှယ်ပြင်ပေးမယ် *
* အင်း ကောင်းကောင်းလေးပြင်ပေး *
မီးဖိုခန်းထဲမှာ အေပရွန်တကားကားနဲ့စတင်အလုပ်ရှုပ်နေပြီဖြစ်တဲ့မောင့်ကြောင့် ဂျီမင်လည်း နှုတ်ခမ်းလေးကိုအနူးညံဆုံးပြုံးလိုက်ပြီးမှ ရေချိုးခန်းထဲသို့ဝင်လိုက်ကာ ကိုယ်လက်ဆေးကြောခြင်းအမှုကိုပြုလိုက်ရတော့သည်။
မိနစ်အချို့ကုန်လွန်ခဲ့ပြီး ဂျီမင်ပြန်ထွက်လာခဲ့သည့်တိုင် မောင်ဟာ မီးဖိုခန်းထဲမှာအလုပ်များနေတုန်းရှိဆဲပါပဲ။ချက်ပြုတ်နေဆဲမောင့်နောက်ကျောတစ်နေရာမှာ ဂျီမင်ကနေရာဝင်ယူလိုက်ပြီး သူ့မမှီနိုင်တဲ့မောင့်ဆံနွယ်ဖျားတွေကို ထိခတ်နိုင်ဖို့ရန် ခြေဖျားအသာထောက်လိုက်ရတော့သည်။
ထိုအခါ သူ့ရဲ့အထိအတွေ့ အပြုအမူတွေနဲ့အသားတကျရှိလှတဲ့မောင်ဟာ တစ်ချက်လေးမှတွန့်သွားခြင်းမရှိခဲ့ပါဘူး။ဟင်းချက်ရာမှာသာ လက်တွေကိုအလုပ်ဆက်ပေးနေခဲ့ပြီး ဂျီမင်ကြောင့်မို့မောင့်နှုတ်ခမ်းလေးဟာတော့ ပြုံးနေခဲ့ပါတယ်။
* မောင်က ဒီလို စာခြောက်ရုပ်စတိုင်လ်နဲ့မှ
ပိုမိုက်တာ ဟီး!ငါ့ရဲ့မောင်ကတကယ်ချစ်စရာကြီးပါဆို...။ဒါနဲ့များကွာ ဘာကိုCKတွေလုပ်နေမှာလဲ?ဆက်မရိုက်နဲ့တော့
ငါသဝန်တိုတယ် *
ဒါလည်း မောင်က ဘာမှပြန်မပြောပါဘူး။
ဂျီမင်အလိုကျ ငြိမ်ငြိမ်လေးပဲနေပေးခဲ့ပြီး မောင့်နှုတ်ခမ်းလေးကတော့ ခပ်ပြုံးပြုံးပါပဲ။
* မောင့်ဆံပင်တွေကို ငါစည်းပေးချင်လာလို့ *
* သဘောပါဗျာ *
မောင့်ဆီကခွင့်ပြုချက်ရလိုက်ပြီမို့ သူ့လက်မှာအမြဲဆောင်ထားလေ့ရှိတဲ့ ခေါင်းစည်းကွင်းအနက်ကလေးကို ဆွဲဖြုတ်ယူလိုက်ပြီး
မောင့်ဆံနွယ်ရှည်ရှည်တွေကို အနောက်ကနေပဲ တယုတယနဲ့ချည်နှောင်ပေးမိတယ်။ဒါလည်းမောင်က လိုလိုချင်ချင်နဲ့ကို ပြုံးနေတုန်းပဲလေ။
* ဒါနဲ့မောင် ငါ့ရဲ့Performanceရှိုးဒီညလွှင့်မှာနော် *
* မောင်ကြည့်မှာမဟုတ်ဘူး *
မောင့်လှုပ်ရှားမှုတွေမှာ ရပ်တန့်သွားခဲ့လေပြီး
အလိုမကျသံကြီးနဲ့ ပက်ခနဲပြန်ပြောလာတာက တကယ့်ကလေးလေးလို။
* ဘာလို့လဲ..?အဲ့ဒါငါ့ရဲ့ပထမဆုံးရှိုးလေ *
* သိတယ်...မင်းရဲ့တစ်ခြားသီချင်းတွေPerformanceလုပ် မောင်တစ်ညလုံးထိုင်ကြည့်နိုင်ပေမယ့် ဒီသီချင်းတော့မပါဘူးလေကွာ *
* ဘာလို့လဲဆို...?အလုပ်သဘောအရ Skinshipရုံလေးကို မောင်ကပိုလိုက်တာ *
* ပိုတယ် ပိုတယ်...ဒါ့ထက်မကတောင် မောင်ကပိုလိုက်ချင်သေးတာ မင်းနဲ့ပတ်သတ်လာရင် မောင်ဥစ္စာခြောက်တတ်တာကို မင်းမမေ့သွားနဲ့ဦး *
* ငါ ကြိုပြီးခွင့်တောင်းခဲ့ပါတယ်နော်။မောင်ပဲ မင်းသဘောဆို အင်းပါဆို အခုမှ မောင်ငါ့ကိုလာမဆူနဲ့ *
* ဪ..!!မောင်က မအင်းလို့ မဲ့ပြခဲ့ရမှာလား။လူကြားထဲမောင်သည်းရင် မင်းပဲတားတာ။မင်းအတွက် မောင့်ဘက်ကကြည့်ပေးခဲ့ရတာကို မင်းမစာမနာလာမပြောနဲ့ကွာ မောင်ငိုလိုက်တော့မှာ *
မောင်က တကယ်ကလေးလေး။အခုထိ
ပတ်ခ်ဂျီမင်ရဲ့ကလေးလေးအဖြစ်ရှိနေဆဲ။တက်တူးတွေ လက်တစ်ချောင်းလုံးဝါးမြိုမတတ်ထိုးထားခဲ့ပြီးတာတောင် စိတ်ကကောက်တတ်တုန်းလေ။
ရန်ဖြစ်ကြတိုင်းစိတ်ကောက်သွားတတ်သလို မထင်ရင်မထင်သလိုအော်ငိုနေဆဲမို့ ဂျီမင်မှာသည်းသည်းလှုပ်ဦးစားပေးပြီး ချော့နေရဆဲပါ။
စိတ်​ေကာက်သွားတာနဲ့ ဟင်းချက်နေတာကိုလည်း ဂရုမစိုက်တော့ပါဘူး။လျှပ်စစ်မီးဖိုခလုတ်တွေကို ကောက်ပိတ်ပြီး ဧည့်ခန်းထဲသို့ ဖင်လိမ်ပြီးပြေးဝင်းသွားတော့တာပဲကြည့်ကြပါတော့။
* ငါပြောတာ အဲ့လိုမဟုတ်ဘူးလေမောင်ရာ...ဒါက အလုပ်သဘောအရ
ဒီလောက်လေးSkinshipခဲ့တာပါဆို တကယ်ပိစိလေးပဲထိခဲ့တာလို့ မောင်ကမယုံဘူးလား
*
* မယုံတာတော့မဟုတ်ပေမယ့် မောင်သဝန်တယ်လေ *
* အဲ့ဒါကြောင့် ငါမောင့်ကိုချော့တဲ့အနေနဲ့ သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့တာကို မောင်ပဲအဲ့တုန်းက ပျော်ပျော်ကြီးလက်ခံပေးခဲ့ပြီးတော့ အခုမှမောင်မေ့သွားတာတော့မဟုတ်ဘူးမလား *
ဒီလိုကျတော့လည်း မောင့်မှာအင်တင်တင်မျက်နှာကြီးနဲ့။အဲ့တုန်းက ချော့တာကိုလက်ခံခဲ့တာက ဟုတ်ပါတယ်။တကယ်လည်းသဘောကျတယ်လေ။သဘောတွေကျရလွန်းလို့ မောင်ကိုယ်တိုင်ကပဲ Background vocalတွေ ဘာတွေဆိုပေးခဲ့သေးတာပါ။
ဒါပေမယ့် အခုက တိုတယ်လေ။ဘာနဲ့ပဲချော့ချော့ ဘယ်နှခါပဲချော့ချော့တိုရပါတယ်။
* ဒါပေမယ့် မောင်မခံစားနိုင်ဘူးလေဗျာ။
ဂျီမင်ဘက်က အလုပ်သဘောအရပါ Performanceပါဆိုပြီး ဒီနိုင်ငံက Dancerမလေးတွေနဲ့လည်းက...!နိုင်ငံခြားက Dancerတွေနဲ့လည်းကဆိုတော့ ဒီမှာမောင်ရူးရပြီပေါ့ *
* ဟုတ်ပြီ ထားလိုက်တော့ မောင်ရော ငါရောကြေပြီ..!ငါလည်းထပ်ပြီး မပါဖောင့်မန့်တော့ဘူး မောင်လည်း မစီကေနဲ့တော့ *
* ကြိုက်ပြီလေဗျာ...စိန်လိုက်တော့ *
အခုမှပြန်ပြီး ရွှင်ရွှင်ပပလေးဖြစ်လာတဲ့
မောင့်အနားမှာ သူ့ကိုယ်လုံးလေးကိုအသာကျုံ့ပြီးဝင်ထိုင်လိုက်တော့ မောင်ကသူ့ကိုပွေ့ဖက်လာခဲ့ပြီး ထိုင်နေရာမှအနည်းငယ် ထစေလိုက်ကာ မောင်ကပေါင်ကြားထဲနေရာယူစေလာသည်။အဲ့တော့လည်း မောင့်ရင်ခွင်ထဲဝင်ထိုင်နေလိုက်ရုံပဲပေါ့။
မောင်က သူ့ပါးတစ်ဖက်ကိုခပ်ရွှတ်ရွှတ်ကလေးနမ်းရှုံ့ပစ်လာပြီး ဘယ်ချိန်ကတည်းက ယူထားခဲ့မှန်းမသိတဲ့ဂစ်တာလေးကို မောင့်လက်ချောင်းသွယ်သွယ်တွေက ကြိုးညှိနေခဲ့ပါပြီ။မောင်ကတီးပေးရင်
ငါကဆိုပြရဦးမှာ အစဥ္အလာပဲလေ။
ငါမောင့်ကိုချစ်တယ်။
ငါ့အသက်ထပ် ပိုရင်တောင်ပိုနေဦးမလားပဲ။အဲ့လိုပဲ မောင်လည်းငါ့ကို ထိုသို့နည်းဖြင့်ချစ်ပါလိမ့်မည်။
ငါ့ကိုတင်းတင်းကြပ်ကြပ်လေးပွေ့ဖက်ထားပေးပြီး ငါ့တစ်ဘဝလုံးကိုကာကွယ်သွားပေးမယ့်သူက မောင့်အပြင်ဘယ်သူများရှိပါဦးမလဲ။
ဂစ်တာတီးပြီးကြတော့ သူတို့တွေ Youtubeချန်နယ်တစ်ချို့ကို ဆက်ကြည့်ခဲ့ကြပါသေးတယ်။အဲ့လိုကြည့်နေကြရင်းနဲ့
ရန်ဖြစ်သံပိစိလေးများကလည်း တိုက်ခန်းလေးထဲမှာ ပျံ့လွှင့်လျှက်ရှိခဲ့ကြသေး၏။
* မောင် ဂျီမင်ရဲ့Like Crazy Performanceကို ဘယ်တော့မှထပ်မကြည့်တော့ဘူး စိတ်နာတယ် *
* ငါလည်း မင်းနဲ့မင်းရဲ့CKကြီးကိုထပ်မကြည့်ပါဘူးနော် လုံးဝပဲ!!!ဒီတစ်ခါ နောက်ဆုံးတစ်ခေါက်အနေနဲ့ကြည့်တာ ဟမ့် *
* အလုပ်သဘောအရပါလို့မောင်ရှင်းပြနေရက်နဲ့ကွာ *
* ငါလည်း အလုပ်သဘောအရပဲ *
​ြပီးပါပြီ။
x x x x x x x x x x x x x x x x x x x x
(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။ဒါက ဘာဇတ်ကွက်မှမရှိတဲ့တကယ့်ကို အတိုအထွာပိစိလေးပါနော်)
x x x x x x x x x x x x x x x x x x x x x x
.
.
.
.
.
( zawgyi )
Ding Dong!!!
Ding Dong!!!!
Ding Dong!!!
* ကျစ်...!!အာရုံတွေပဲ *
* ဖယ်ပါ!! *
* ဒါမောင့်အခန်းလေ *
* ဒါဆိုလည်း ငါကိုယ်တိုင်ပဲသွားမယ် *
* မောင်!!ငါဒီကိုလာတာ ညစာစားဖို့အတွက်မဟုတ်ဘူးနော်~~ပြီးတော့ ငါပြီးခဲ့တဲ့တနင်္လာတုန်းကမှ overseasကပြန်ရောက်ရောက်ချင်းပဲ မင်းနဲ့အတူခေါက်ဆွဲစားခဲ့ပြီးပြီကို အခုထပ်စားစရာလား *
* ဂျောင်ကု!! *
* ဆက်ပြောလေ *
ပြီးတော့ နှာခေါင်းသေးသေးလေး...!ပြီးတော့ ပါးမို့မို့လေးနှစ်ဖက်...!မျက်နှာလေးထက်ကအစိတ်အပိုင်းတွေများစွာကို သူ့စိတ်ကြိုက်ထိတွေ့နမ်းရှိုက်လို့ဝတော့မှပဲ နှုတ်ခမ်းဖူးဖူးလေးကို ခပ်ကြာကြာလေးဖိနမ်းစေလိုက်ပြီး ထိုအနမ်းစီးချင်းကိုရပ်တန့်ပစ်တော့သည်။
* မောင်က ဒီလို စာဖြောက်ရုပ်စတိုင်လ်နဲ့မှ
ငါသဝန်တိုတယ် *
* သဘောပါဗျာ *
* သိတယ်...မင်းရဲ့တစ်ခြားသီချင်းတွေPerformanceလုပ် မောင်တစ်ညလုံးထိုင်ကြည့်နိုင်ပေယ့် ဒီသီချင်းတော့မပါဘူးလေကွာ *
* ပိုတယ် ပိုတယ်...ဒါ့ထက်မကတောင် မောင်ကပိုလိုက်ချင်သေးတာကို မင်းနဲ့ပတ်သတ်လာရင် မောင်ဥစ္စာခြောက်တတ်တာကို မင်းမမေ့သွားနဲ့ဦး *
မောင်က တကယ်ကလေးလေး။အခုထိ
*
* အဲ့ဒါကြောင့် ငါမောင့်ကိုချော့တဲ့အနေနဲ့ သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့တာကို မောင်ပဲအဲ့တုန်းက ပျော်ပျော်ကြီးလက်ခံပေးခဲ့ပြီးတော့ အခုမှမောင်မေ့သွားတာတော့မဟုတ်မလား *
ငါကဆိုပြရဦးမှာ အစဉ်အလာပဲလေ။
ငါမောင့်ကိုချစ်တယ်။
* ငါလည်း အလုပ်သဘောအရပဲ *
ပြီးပါပြီ။
Continue Reading
You'll Also Like
150K 2.3K 30
˚₊‧꒰ა ☆ ໒꒱ ‧₊˚ in which lando norris falls for oscar piastri's sister. or an upcoming rookie joins mclaren and his sister causes a stir.
33.2K 169 4
Dee Dee 🐑 အပြာစာပေ
79.5K 5.6K 60
Shubish oneshots because why not. Mainly fluff with a little angst on the side. Ps- I wanted to write like a long story but I lack a good main plot a...