(OS Collection)

By AyeMon687

10.2K 899 146

Kookmin OS Collection.. More

Boyfriend is Jeon Guggie
သစ်ခက်အိမ်
Station Lover
Houd Van Je(ချစ်တယ်)
Seven
Loved One
Plot Twist-1
Hyung!Hold My Hand
ရှိသည်..ဖြစ်သည်.. ချစ်သည်
February-14

Plot Twist-2

288 36 0
By AyeMon687

( Unicode Version )

( Plot Twist- 2 )

ရှန်ပိန်တစ်ခွက်ဖြင့် ဆိုဖာကိုခပ်လျောလျှော
မှီထိုင်ထားကာ မျက်ဝန်းတွေဟာတော့အရှေ့တည့်တည့်မှာရှိနေလေတဲ့ တီဗ္ီွစခရင်ထက်၌သာကပ်ညှိနေလေသည်။တီဗ္ီမှာလာနေတာက လူတစ်ယောက်ရဲ့လှုပ်ရှားနေမှုတွေဖြစ်ပြီး တစ်စုံတစ်ယောက်ကကင်မရာနဲ့ခိုးရိုက်ထားပုံရလည်းရသည်။

ခိုးရိုက်ထားသော်လည်း မြင်ကွင်းတွေသည်ကြည်လင်သည်၊ပြတ်သားသည်။များသောအားဖြင်တော့ ဈေးဝယ်ထွက်နေပုံတွေဖြစ်ပြီး
တက္ကစီပေါ်တက်သွားတဲ့ပုံတွေကအစ မျက်လုံးလေးတွေပျောက်တဲ့အထိရယ်မောနေတဲ့ပုံလေးတွေလည်းပါသည်။

ရှန်ပိန်ကို တစိမ့်စိမ့်အရသာခံသောက်နေရင်း
လူသားလှလှလေးကိုတစိမ့်စိမ့်ထိုင်ကြည့်နေရတာက သူ့အတွက်တော့လောကစည်းစိမ်တစ်ခုဖြစ်နေခဲ့လောက်မည်။တကယ်လည်းနိဗ္ဗာန်ဘုံဆိုတာ မျက်စိရှေ့ကလူသားလေးကသက်သေပဲလေ။

လှတယ်။ချစ်ဖို့ကောင်းတယ်။မက်မောစရာလည်းကောင်းတယ်။ဖယောင်းရုပ်လှလှလေးဖြစ်တည်မှုနဲ့ကိုယ့်ချစ်သူလေးကို ပွေ့ဖက်ထားချင်တယ်။ပြီးတော့ တရှိုက်မက်မက်နမ်းပေးချင်တယ်။သုံးနေခဲ့တဲ့ဆေးတွေထက်ပိုစွဲလန်းစေတယ်။

အရှေ့တည့်တည့်ရှိမြင်ကွင်းပေါ်ကပုံရိပ်လေးတွေကိုကြည့်နေမိရင်း သဘောကျစိတ်နဲ့ပြုံးလိုက်လေသောအခါ အောက်နှုတ်ခမ်းလွှာထက်က မှဲ့နက်ကလေးသည်ပင် ကိုယ့်ချစ်သူကိုကြိုဆိုပေးရသည်။မစွန့်လွှတ်နိုင်တဲ့အထိကိုယ်ချစ်ရတယ်...။

* ပါ့ခ်ဂျီမင်းကိုချစ်တယ် *

* * * * * * * * * * * * * * * *

လတစ်လ၏နောက်ဆုံးရက်ဟာ ပါ့ခ်ဂျီမင်း၏အလုပ်နားရက်ဖြစ်သဖြင့် ပါ့ခ်ဂျီမင်းသည်အိမ်ပြန်သွားခဲ့သလို မာမီဟာလည်းအလုပ်ကိစ္စဟုအကြောင်းပြပြီး ဒီမနက်မှာတင် Over Seaထွက်သွားခဲ့သည်။ဆိုတော့ကာ ဒီနေ့သည် ကူး(ခေါ်)ဂျွန်ဂျောင်ကုရဲ့စိတ်ကြိုက်နေ့ပဲပေါ့။

လုပ်ချင်တာတွေ ရွေးလုပ်နေခဲ့ရင်း နေချင်သလိုတွေနေနေခဲ့တဲ့အချိန် လော့ခ်ခြင်းမရှိတဲ့သူ့အခန်းတံခါးမှာ တစ်စုံတစ်ယောက်၏တွန်းဖွင့်မှုကြောင့် ပွင့်သွားခဲ့လေသည်။

* Hyungပြန်လာတာကူး...အန်တီခရီးသွားတယ်ပြောလို့။မနက်က ထမင်းစားရဲ့လား *

ထုံးစံမပြတ် ပွစိပွစိအပြောလေးတွေကိုအရင်ကြားလိုက်ရပြီး လူကိုယ်တိုင်ကတော့ တံခါးကြားထဲကနေထွက်လာခြင်းမရှိသေးပါဘူး။ပြုံးစိစိမျက်နှာလေးနဲ့တံခါးကြားထဲကနေထွက်လာလေပြီး ခုတင်ပေါ်ကိုအရင်ဆုံးအကြည့်ရောက်သွားပြီးမှ အခန်းထောင့်မှာရှိနေသူကိုမြင်သွားပုံရသည်။

* ကူးက ဘာလဲ *

မတ်တတ်ရပ်ရင်း ဆေးလိပ်သောက်မပျက်တဲ့လူကို မေးခွန်းပေါင်းများစွာပါနေတဲ့မျက်လုံးလေးတွေနဲ့သေချာကြည့်သွားပြီးမှ
ဘာစကားမှထပ်မပြောလာတော့ဘဲ ချက်ချင်းအခန်းထဲကပြန်ထွက်သွားတော့သည်။ပါ့ခ်ဂျီမင်းက အရိပ်အကဲဖမ်းတတ်ပြီး သိပ်လည်တာ။

မေးခွန်းတွေအများကြီးမမေးသလို ပြဿနာတွေလည်းမရှာသွားဘူး။ဒါပေမယ့်စိတ်ဆိုးသွားတော့သေချာတယ်။ပြီးတော့တစ်ခါတည်းအလုပ်ထွက်ဖို့လုပ်တော့မှာ။သောက်လို့မကုန်သေးတဲ့ဆေးလိပ်ကိုမီးသတ်ပစ်လိုက်ကာ ပါ့ခ်ဂျီမင်းနောက်ပြေးလိုက်ရတော့သည်။

အနားရောက်သည်နှင့် လက်ကလေးတွေကိုလှမ်းဆွဲထားလိုက်ပြီး ရင်ခွင်ထဲတင်းနေအောင်ဖက်ပစ်ထားလိုက်တော့သည်။ဝင်လာပြီးရင်လည်းနေတော့ပေါ့..ဘယ်ကိုထွက်ပြေးဖို့ကြံစည်နေတာလဲ ကိုယ့်ဂျီမင်းက။

ဂျီမင်းက သူ့စိတ်လုံခြုံရာလေးဖြစ်နေလို့လည်းမသိဘူး ဂျီမင်ရဲ့ကိုယ်သင်းနံ့လေးက သူ့အသက်ရှုသံတွေထိန်းညှိပေးတယ်။ပုခုံးနုနုလေးထံခေါင်းမှိတ်ချပစ်လိုက်ပြီး သိုင်းဖက်ထားတဲ့လူတွေကိုပိုတင်းပစ်လိုက်သည်။

* ဘာမှမမေးတော့ဘူးလား *

* မမေးဘူး *

* ပြောပြချင်တယ် ဂျီမင်းကနားထောင်ပေးမလား *

ဆိတ်ဆိတ်နေခြင်းက ဝန်ခံတာပါဆို ဒီလိုလေး ငြိမ်ပေးနေတာက သိချင်တယ်လို့ မှတ်ယူလို့ဖြစ်တယ်မလား။ထားပါ သိချင်တယ်လို့ပဲ ကိုယ်ကသတ်မှတ်လိုက်ပြီ။

ဂျီမင်းက နားထောင်ပေးလို့ပြောပြီး အတော်ကြာတဲ့အထိ ဘာစကားမှပြောမလာတာမို့
ပုခုံးကိုလှုပ်ယမ်းပစ်လိုက်ရကာ ပုခုံးပေါ်မေးတင်ပြီးမျက်လုံးမှိတ်ဇိမ်ခံနေသူကို အဲ့လိုလည်းသတိပေးလိုက်ရသေးသည်။

* ဘယ်အချိန်က မှတ်ဉာဏ်တွေပြန်ရနေတာလဲ *

* ဟက်..!ဘယ်တုန်းကမှ ကိုယ့်မှတ်ဉာဏ်တွေမပျောက်ခဲ့ဘူး *

* ဟင် ဒါဆို ခြေထောက်ကရော *

* အတူတူပဲ *

ဂျီမင်းရဲ့တိုးတိုးညှင်းညှင်းစကားသံလေးဟာ တစ်ဖန်ပြန်တိတ်ဆိတ်သွားရသည်။ဒါ့အပြင် ဂျီမင်း၏မျက်နှာလေးသည် ကာလာစုံတွေဖြတ်ပြေးနေလျက်ရှိပြီး တစ်ခဏအတွင်းမှာကိုအမျိုးစုံကိုပြောင်းလဲနေရတယ်။

ဘေးတစ်စောင်းလေးမြင်နေရတဲ့မျက်နှာလေးက အရိုးရှင်းဆုံးနဲ့အခမ်းအနားဆုံးလှပနေတဲ့အခါ အကြည့်တွေမလွှဲနိုင်ခဲ့သူကလည်း တစိမ့်စိမ့်ယစ်မူးတေနေခဲ့၏။

ထပ်ခါထပ်ခါပိုင်ဆိုင်ချင်စိတ်တွေဝင်လာမိပြန်တော့ ကိုယ့်လက်တွင်းမှာဖက်ထားဆဲကိုယ်ငယ်လေးကို ပိုတင်းကြပ်စွာဖက်ထားပစ်လိုက်သည်။

* ချစ်တယ် ဂျီမင်း !*

* ဟင်! *

သို့သော်ဂျီမင်းဆီကနေ ဘယ်လိုအဖြေမျိုးမှပြန်မရခဲ့ဘူး။ငြင်းလိုက်တယ်လို့လည်းမဟုတ်ခဲ့သလို လက်ခံပေးလိုက်တယ်လည်းမဟုတ်ပြန်ဘူး။သေချာပြောရရင် ပါ့ခ်ဂျီမင်းကိုမငြင်းခဲ့ပါဘူး။

နှုတ်ဆိတ်နေခြင်းဟာ ဝန်ခံတာဆို...ဂျီမင်း
ဒီလိုစကားပြန်မပြောတာကလည်း လက်ခံလိုက်တာနဲ့အတူတူပဲလား။ငြင်းမှမငြင်းတာကို စိတ်ထဲဂျွန်ဂျောင်ကုနေရာပေးထားလို့ပဲဖြစ်မှာ။

လက်ကိုင်တာရော ဖက်တာရော လုပ်ကြတယ်ဆို အဲ့လူနှစ်ယောက်က အတွဲတွေဖြစ်နေုကြလို့လေ?..။

ပါးပြင်လေးတွေရဲရဲစွေးနေတဲ့ဂျီမင်းကို အနမ်းဖွဖွပေးပစ်ရမယ်။တကယ်လည်းနမ်းပစ်လိုက်တယ်။ပုခုံးလေးတွေတွန့်ပြီး ခန္ဓာကိုယ်လေးနည်းနည်းယိမ်းသွားတာကလွဲရင် ဂျီမင်းက ကိုယ့်ကိုမငြင်းဆန်ခဲ့ဘူး။

နမ်းတာရော...ဒီလိုတင်းတင်းကြပ်ကြပ်ဖက်ထားတာကိုရောမငြင်းဘူးဆိုမှတော့ ဂျီမင်းကကိုယ့်ချစ်သူဖြစ်သွားပြီလေ။ဟုတ်တယ်ဟုတ်!။ပြန်မဖြေသေးလည်းရတယ်။ချစ်တယ်လို့ပြန်မပြောချင်သေးလည်းရတယ်။ဘယ်လိုဖြစ်ဖြစ် ပါ့ခ်ဂျီမင်းက ကိုယ့်ချစ်သူ။

တစ်ကနေ သုံးအထိရေလို့မှ မငြင်းသေးဘူးဆို တကယ်ချစ်သူလုပ်ပစ်လိုက်တော့မယ်။
အဲ့လိုလုပ်လိုက်ရမလား..?။

* ဟို..ကူး ငါသိချင်တာဒါတွေမဟုတ်ဘူးလေမေးလည်းမမေးပါဘူး *

* အခုကစပြီး ဂျောင်ကုလို့ပဲခေါ် *

နံရံကပ်မှန်ထဲကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြ၏။ဖက်ထားတာကိုမရုန်းပစ်သေးတဲ့ဂျီမင်းသည် သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဂျောင်ကုအားပြူးပြူးလေးစိုက်ကြည့်နေတာမို့ ဂျောင်ကုကလည်းထိုမျက်ဝန်းလေးတွေကိုပြန်စိုက်ကြည့်နေခဲ့တယ်။

ပုခုံးသေးသေးလေးပေါ်တင်ထားဆဲမျက်နှာကြီးကို လည်တိုင်လေးကြားတိုးဝင်ပစ်လိုက်ပြီး နှာတံကြီးဖြင့်တရှုံ့ရှုံနမ်းနေလျက်ကျီစယ်ပြန်တော့ လက်သေးသေးလေးများက ဖွဖွတွန်းထုတ်လာခဲ့သည်။

အဲ့ဒီတွန်းထုတ်လာတဲ့လက်ကလေးတွေကိုပါ ဆွဲယူပစ်ပြီးနှုတ်ခမ်းလွှာတွေနဲ့တဖွဖွထိတွေ့နမ်းပစ်လိုက်တော့"ဟာ"ခနဲ အသံသေးသေးလေးကြားလိုက်တယ်။

အဲ့ဒီနောက်တွင်တော့ ပြန်ပြောဖို့မဆိုထားနှင့်ပြန်တွေးကြည့်ရင်တောင် ကောင်းစရာမရှိတဲ့ငယ်ဘဝအတိတ်ကို ပြောပြလာပါတော့တယ်။တစ်ချို့လူတွေရဲ့အတိတ်ဟာ တစ်ချို့လူတွေအတွက်တော့ ဘာရယ်မဟုတ်ကြပေမယ့် ပြန်တွေးကြည့်တာနဲ့တင် နာကျင်စရာတွေပြည့်နှက်လာရတာကို သိကြရဲ့လား။

....................................။

လွန်ခဲ့တဲ့(၇)နှစ်ခန့်က ဒီဇင်ဘာလရဲ့နောက်ဆုံးညကို ဘယ်တော့မှမေ့မှာမထင်ဘူး။မေ့နိုင်မှာလည်းမဟုတ်ဘူး။ထိုညက
နွေလယ်ညရဲ့အိမ်မက်ဆိုးတွေလိုပဲ ဘဝတစ်လျှောက်လုံးကိုထိတ်လန့်စေခဲ့တယ်။

ဒဏ်ရာသင့်နေဆဲနှလုံးသားဟာ အနာဖီးပြန်ပြန်တက်ရသလိုမျိုး ဒီဇင်ဘာရဲ့ညတွေကိုရောက်တိုင်း နာကျင်နေရတုန်းပဲ။အသည်းနာရတယ်ဆိုတာ ဂျွန်ဂျောင်ကုရဲ့ဘဝကမှတကယ့်လက်တွေ့။

နာကျင်စရာတွေပြီးရင် ပျော်စရာတွေလာလိမ့်မယ်ဆိုတာ တကယ်တော့အဲ့လိုမဟုတ်ခဲ့ဘူးပဲ..အဲ့ဒါလူတစ်ချို့ကြားကောင်းအောင်လျှောက်ပြောခဲ့ကြတဲ့ယုံတမ်းစကားသပ်သပ်လေ။နာကျင်မှုပြီးရင် ရက်က်မှုတွေထပ်လာတတ်တာကမှ တကယ့်အမှန်တရားမို့ ကြမ္မာကြီးကိုတောင် စိန်ခေါ်လိုက်ချင်သေးတယ်။

အဲ့ဒီနေ့ရောက်မလာခင်အထိ ဂျွန်ဂျောင်ကုရဲ့ဘဝဟာ သာမာန်ကလေးတွေလိုမျိုးလွတ်လပ်ပေါ့ပါးခြင်းတွေနဲ့..အဆိပ်သင့်ရတယ်ဆိုတာ ဘာမှန်းတောင်သေချာမသိသေးတဲ့အရွယ်လေးအဖြစ်ပဲရှိခဲ့သေးတာ။

၁၄နှစ်သားအရွယ်ဂျွန်ဂျောင်ကုဘဝမှာ ဒက်ဒီရယ် မာမီရယ်နဲ့ မာမီညီမအန်တီလေးက အရေးပါဆုံးဖြစ်တည်မှုတွေဖြစ်ခဲ့ဖူးတယ်။အဲ့ညမတိုင်ခင်အထိပေါ့။အရာအားလုံးပျက်စီးသွားရတော့မယ့်အဲ့ဒီညက သူ့တို့မိသားစုဝင်တွေချည်းပါတဲ့ နှစ်သစ်ကူးပါတီအသေးစားလေးလုပ်ခဲ့ကြတယ်။

ဘာတွေကနေဘယ်လိုစမှားခဲ့သလဲသူတကယ်မသိခဲ့ဘူး။ပါတီကြောင့် ညဥ့္အတော်နက်မှ အိမ်ပေါ်တက်ခဲ့ကြတာပဲမှတ်မိခဲ့ပြီး
မနက်ခင်းမိုးလင်းခါနီးမှ သူတစ်ရေးပြန်နိုးလာခဲ့တာ။အဲ့ဒါကလည်း နားထဲမှာဆူညံ့နေတဲ့အသံတွေကြောင့်။

ဒီလောက်ဆူနေတာကိုဒက်ဒီတို့မနိုးဘူးလားဆိုတဲ့ဂျစ်တစ်တစ်စိတ်လေးနဲ့ မြေညီထပ်ကိုဆင်းလာခဲ့သော်လည်း တွေ့လိုက်ရတဲ့မြင်ကွင်းဟာသူလို၁၄နှစ်သားအရွယ်ကလေးတစ်ယောက်အဖို့ ကမ္ဘာပျက်စေခဲ့သလို တုန်လှုပ်တာထက်လည်းပိုခဲ့တယ်။

ဧည့်ခန်းရဲ့အလယ်မှာ မာမီ့ညီမအန်တီလေးဟာ သွေးသံတရဲရဲဖြင့်သွေးစက်များစွာတစ်ပေါက်ချင်းစီးကျနေတဲ့ ဓားတစ်ချောင်းကိုကိုင်ထားပြီး တွေဝေမှုကင်းမဲ့စွာဖြင့်ရပ်နေခဲ့ပြီး ဆိုဖာပေါ်မှာတော့ဒက်ဒီရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ဟာရှိနေခဲ့တယ်။

ကြမ်းပြင်ပေါ်မှာတော့ မာမီကငြိမ်သက်စွာလှဲလျောင်နေရင်း....!အဲ့ဒါဘာတွေဖြစ်ကုန်ကြတာလဲ။

* သေ!သေ...!သွားသေလိုက်ကြ!နင်တို့တွေအကုန်သေလိုက်ကြ *

ထို့နေ့ ထိုညမှာ ဂျွန်ဂျောင်ကုကမ္ဘာပြိုခဲ့ရတယ်။

ေသွးစွန်းနေတဲ့ဓားကိုခပ်တင်းတင်းဆုပ်ကိုင်ထားပြီးအန်တီလေးက အသက်မရှိတော့တဲ့သူ့မိဘခန္ဓာကိုယ်တွေကို တစ်လှည့်စီလှုပ်ယမ်းကြည့်နေခဲ့ပြီး အဲ့ဒီနောက်မှာတော့ သွေးများစွာ ဒလဟောစီးကျနေတဲ့ဒက်ဒီရင်ဘက်ကို ဓားနဲ့အချက်ပေါင်းများစွာထိုးစိုက်နေခဲ့တယ်။

* ဘယ်လိုလဲ ငါ့ဆီ ဓားနဲ့အထိုးခံလိုက်ရတော့နင်တို့တွေပျော်ကြတယ်မလား *

အန်တီလေးစကားတွေဟာ မူမမှန်တော့သလို အပြုအမူတွေ ရယ်သံတွေက အရမ်းကြောက်စရာကောင်းလွန်းခဲ့တယ်။

​မြင်ကွင်းဟာ အကျဥ္းတန်လွန်းတာထက်ပိုခဲ့တယ်။အလွန်အမင်းကို ကြောက်စရာကြီးဖြစ်ခဲ့ရတယ်။မိဘတွေကို ကူညီပေးချင်သော်လည်း ကိုယ်ကိုယ်တိုင်ပင်ကြောက်လွန်းလို့အသံမထွက်ခဲ့တဲ့ဘဝဟာ တကယ့်လောကငရဲတစ်ခုဖြစ်ခဲ့မယ်ထင်တယ်။

စဥ္းစားကြည့်ကြစမ်းပါဦး ၁၄နှစ်သားတစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လောက်ထိအကြောက်တရားတွေနဲ့ပြည့်နှက်နေခဲ့မလဲတွေးပေးကြည့်ကြစမ်းပါ။

အဲ့ဒီအချိန်တုန်းကအိမ်ကနေထွက်ပြေးဖို့တစ်ခုပဲ သူဦးနှောက်ထဲရှိခဲ့ပြီး ရဲစခန်းအကြောင်းကြားဖို့ရော၊မိဘတွေကိုကူညီပေးဖို့ရော ဘာတစ်ခုမှမလုပ်နိုင်ခဲ့ဘူး။
မျက်ရည်တွေစီးကျရင်းနဲ့သာ အိမ်အပြန်ကိုထွက်ပြေးလာခဲ့ပေမယ့် ခြံတခါးရဲ့အပြင်ဘက်ထိတောင် ထွက်မပြေးနိုင့်ခဲ့ပါဘူး။

ဘာကြောင့်ဆို အန်တီလေးကိုယ်တိုင်က ကားနဲ့တိုက်ပစ်ခဲ့လို့လေ။အသေသတ်ဖို့အထိရည်ရွယ်ချက်နဲ့​လား..?ဒီအတိုင်းထွက်မပြေးစေချင်လို့ခြောက်ခဲ့တာလားဆိုတာကို အန်တီလေးပဲ သိပါလိမ့်မယ်။အန်တီလေးက ဘာလို့အခုလိုလုပ်ရတာလဲ?...။

ဆေးရုံမှာရက်အတော်ကြပြီး ကုသမှုတွေခံယူရင်း သူသတိလစ်နေခဲ့ရတာက သုံးပတ်မြှောက်တော့မယ့်အချိန်မှာမျက်လုံးပြန်ဖွင့်နိုင်ခဲ့တယ်။ကိုယ့်ကိုကိုယ်သေသွားပြီလို့တောင်ထင်ခဲ့တာကိုမသေသေဘူးပဲ။

သူပြန်နိုးလာတဲ့အချိန် အနားမှာအန်တီလေးမရှိခဲ့တာမို့ သူအိပ်ပျော်ချင်ယောင်ဆက်ဆောင်နေခဲ့တာ အန်တီလေးတကယ်မသိခဲ့ဘူး။သူအိပ်နေသေးတဲ့အထင်နဲ့ အခန်းထဲမှာဖုန်းပြောနေခဲ့တဲ့ အန်တီလေးအသံကိုသူကြားခွင့်ရခဲ့တယ်။အဲ့ဒါကဒက်ဒီတို့ကို သတ်ခဲ့တဲ့အကြောင်းတွေဖြစ်နေခဲ့ရုံလေးပါ။

အန်တီလေးက မူးယစ်ဆေးတွေအလွန်အကျွံသုံးခဲ့ပြီး မှောက်မှားလာတဲ့စိတ်နဲ့လူသတ်ခဲ့မိတဲ့အကြောင်းတွေရော..၊မာမီ့ထက်အရင်ဒက်ဒီကိုအရင်တွေ့ခဲ့ပြီး ကျန်ရစ်ဖြစ်ခဲ့ရလို့မာမီကို မနာလိုဖြစ်ခဲ့ရတဲ့အကြောင်းတွေအပြင်၊ဒက်ဒီရဲ့တရားမဝင်လုပ်ငန်းတွေအကြောင်းအထိဆက်ပြောနေခဲ့တာမို့ သူခုတင်ပေါ်မှာသာမလှုပ်ယက်ဖြင့်ငြိမ်ပြီးနားထောင်ခဲ့ရတယ်။

ဒီအကြောင်းတွေကိုနားထောင်ပေးနေတဲ့တစ်ဖက်လူက သူ့ရဲ့အဖွားဖြစ်နေလေတော့ဂျောင်ကု အရာအားလုံးကိုမုန်းတီးသွားတာထက် နာကျဥ္းရွံရှာသွားတာကပိုပါတယ်။
သူ့အနေနဲ့ဘာဆိုဘာမှမတတ်နိုင်တော့တဲ့အနေအထားတစ်ခုမှာ သူတို့ရဲ့လက်ခုပ်ထဲကရေအဖြစ်နေမလား..?သေမလား..?ရွေးချယ်မှုတွေလုပ်ရတော့သည်။

သေချာတာတော့ အသေခံမှာမဟုတ်ဘူး။မိဘတွေအတွက်လက်စားချေပေးရဦးမှာမို့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်အသက်ဆက်ရှင်နိုင်ဖို့လိုအပ်ခဲ့တယ်။ထို့ကြောင့် နဂိုကတည်းက ဉာဏ်ကောင်းသူပြီပြီ တစ်ခဏအတွင်းမှာပဲသူဘာလုပ်သင့်သလဲဆိုတာကိုဆုံးဖြတ်ချက်တွေ အခိုင်အမာသူချနိုင်ခဲ့ပါသည်။

အရာအားလုံးကို မမှတ်မိတော့တဲ့လူတစ်ယောက်အဖြစ် သူရှင်သန်သွားဖို့ရွေးချယ်လိုက်ရပေမယ့် ကံကောင်းထောက်မစွာ သူ့ခြေထောက်တွေသည် တကယ်ကြီးအလုပ်
မလုပ်နိုင်ခဲ့တော့ဘူးလေ။ယာယီအောက်ပိုင်းတွေမလှုပ်ရှားနိုင်တော့တာမို့ အန်တီလေးတို့ရဲ့ သံသယတွေကနေကင်းလွတ်ခဲ့ရတယ်။

အဲ့ဒီအချိန်ကစပြီး သူဝှီးချဲပေါ်ထိုင်နေရတာက ယနေ့အချိန်အထိပဲလေ။ခြေထောက်တွေပြန်ကောင်းလာရင် မှတ်ဉာဏ်တွေပြန်ရလာရင် ဂျွန်ဂျောင်ကုဟာ ငြိမ်းလို့မနိုင်မယ့်တောမီးတစ်ခုဆိုတာသိနေတော့ သောက်ရမယ့်ဆေးတွေနေရာမှာမှတ်ဉာဏ်ဖျောက်ပစ်တဲ့ဆေးတွေနှင့်အစားထိုးသောက်စေခဲ့တယ် မဟုတ်လား။

ကားနဲ့တိုက်ပစ်ခဲ့စဥ္တုန်းက တစ်ခါတည်းသေပါစေလို့ရည်ရွယ်ချက်ထားခဲ့ပုံရပေမယ့်
မှတ်ဉာဏ်တွေပျောက်ပြီး သတိပြန်ရလာတာကိုတော့ ဝမ်းသာအားရဖြစ်လွန်းလို့အသက်ဆက်ရှင်ခွင့်ပေးထားခြင်းမျိုးမဟုတ်ဘဲ ဂျွန်ဂျောင်ကုသေခဲ့ရင် ဂျောင်ကုနာမည်နဲ့စည်းစိမ်တွေကို ဆုံးရှုံးရမှာစိုးလို့ မသတ်ပစ်ခဲ့ကြတာပဲရှိမယ်။ကျန်တာကတော့ အကျင့်တွေက ကောင်းမှမကောင်းကြတာကို...။

မာမီသည်တစ်အိမ်လုံးကိုမောင်ပိုင်းစီးရုံမက လုပ်ငန်းတွေထိပါခြယ်လှယ်ခဲ့ကြပေမယ့် တရားမဝင်လုပ်ငန်းတွေကိုဖြင့် ဆက်မလုပ်ခဲ့ပါဘူး။ဒီအိမ်ကြီးထဲကရှိရှိသမျှလူတွေအားလုံးသည်သူမရဲ့လူတွေချည်းဖြစ်ပြီး ငှားပေးထားတဲ့ဆရာဝန်တွေကအစ သူမ လူတွေနဲ့သာဖြစ်စေခဲ့တယ်။

ဝှီးချဲပေါ်မှာထိုင်ခဲ့ပြီး လပိုင်းအကြာမှာပဲလမ်းပြန်လျှောက်နိုင်ခဲ့တယ်။အဲ့ဒါကလည်း ဒီအိမ်ကြီးထဲ ဒက်ဒီတို့လက်ထက်ကတည်းရှိနေခဲ့တဲ့ သူ့သက်တော်စောင့်ကြောင့်လို့ပြောရမည်။မဟုတ်ရင် ဂျွန်ဂျောင်ကုဟာ အောက်ပိုင်းချည့်ရပြီး တကယ်ဒုက္ခိဖြစ်ရတော့မလို့။

နောက်ဆုံး သက်တော်စောင့်ရဲ့အကူအညီနဲ့ပဲ ဒက်ဒီလက်ထပ်က တရားမဝင်လုပ်ငန်းတွေကိုပြန်ရပ်တည်လာနိုင်ခဲ့ပြီး ကူးဟာဂျောင်ကုဖြစ်လာခဲ့ရတယ်။အမွေတွေကြောင့်မသတ်ပစ်သေးဘဲ ရှင်နေရက်နဲ့သေနေတဲ့ဘဝမျိုးမှာ အန်တီလေးသူ့ကိုရှင်သန်စေခဲ့သလို သူကလည်း အန်တီလိုချင်တဲ့အတိုင်းဖြစ်ခွင့်မပေးခဲ့ပါဘူး။

လက်ရှိအချိန်တွင်တော့ သူ့အနေနဲ့ အန်တီလေးကနေရာမရွေး အချိန်မရွေးရှင်းပစ်လိုက်ဖို့ အခြေအနေတွေ အခွင့်အရေးတွေရှိတယ်ဆိုတာမှန်ပေမယ့် သူရှင်းပစ်မှာမဟုတ်ဘူး။
အန်တီလေးကို သူမသတ်ဘူး။မာမီသာရှိဦးမယ်ဆိုလည်း သူ့ညီမကိုသတ်ဖို့ခွင့်ပြုမယ်မထင်ဘူး။

သတ်ပစ်လိုက်ဖို့ကလွယ်ပေမယ့် နောက်ဆက်တွဲကြုံလာရမှာတွေကမလွယ်ဘူး။ရုတ်တရပ်ကြီးမာမီသေဆုံးခဲ့လျှင် မာမီ့လူတွေက အငြိမ်နေမှာမဟုတ်ဘူး။အဲ့ဒါဆို
ရဲတွေနဲ့ပတ်သတ်ရလိမ့်မယ်။

ရဲတွေကလည်းမီးခိုးတန်းကြွက်လျှောက်သလို သူ့နောက်ကြောင်းတွေပါအကုန်လိုက်ဖော်ရင်ဘာမဟုတ်တာလေးနဲ့ ဇယားတွေအကုန်ရှုပ်ကုန်တော့မှာ။ထိုအကြောင်းတွေကြောင့် လက်စဖျောက်မယ့်အစား ဒီလိုလေးရွေးလိုက်တယ်။

မာမီမြန်မြန်သေခွင့်ပေးခွင့်မပေးတော့ဘဲ မျှော်လင့်ချက်တွေကိုပဲတစစီရိုက်ချိုးပေးမယ်။ဂျွန်ဂျောင်ကုကိုသတ်ပြီး လက်မှာသွေးစွန်းခံမယ့်အစား မာမီဆိုတဲ့နာမည်ခံလှလှလေးကိုယူသုံးထားပြီး သူ့ကိုဆေးတွေနဲ့ကိစ္စတုံးဖို့စီစဥ္ထားတဲ့အန်တီလေးဆန္ဒတွေဖြစ်မလာစေရဘူး။

တမလွန်က မိဘတွေဝိဉာဏ်စိတ်အေးစေဖို့ အန်တီလေးကို ကြိမ်းသေပေါက် ထောင်ချပစ်မှာ။ထောင်ချမယ်လို့လည်းတေးထားတယ်။သက်သေတွေကို အဲ့ဒီလိုဖျောက်ဖျက်ထားရင်နိုင်တောင်..၊သူမ လူတွေနဲ့ တိရိစ္ဆာန်တစ်ကောင်ကိုစောင့်ကြည့်ခိုင်းထားသလိုမျိုးစောင်ကြည့်ခံနေရတော့ရော ဘာကိစ္စလဲ။

ဂျွန်ဂျောင်ကုက ဆေးဆေးပဲလေ အမြဲစင်ပေါ်ကလူ...!။

....................................။

ေမ့ထားချင်ခဲ့တဲ့ငယ်ဘဝအတိတ်ကို ပြောပြသွားပြီတဲ့အခါ ဂျောင်ကုရဲ့အသံတွေသည်တိုးဖျော့ကျသွားလေပြီး အဖျားခတ်မှာတုန်ယင်သွားသေးတာမို့ ဂျီမင်းမျက်လုံးလေးတွေ သူ့ဆီကျရောက်လာခဲ့ပြီး အကဲခတ်သလိုစိုက်ကြည့်သည်။

သူ့ကြည့်နေတာကို ရိပ်မိသွားတဲ့ဂျောင်ကုက သူ့အားတစ်ဖန်ပြန်လှည့်ကြည့်လာခဲ့ပြီး သွေးတန်းဖြူဖြူလေးတွေပေါ်သည့်အထိပြုံးပြလာခဲ့၏။သို့သော် ဂျောင်ကုမျက်ဝန်းမှာမျက်ရည်စတွေက ဝေ့ကာသီကာဖြင့်။

မျက်တောင်တစ်ခက်ခပ်လိုက်ရင်ကို ကြွေဆင်းကျတော့မည့်နှင်းစက်ပွင့်ကလေးမျိုး
ဂျီမင်းဟာစိတ်ဝင်တစား စိုက်ကြည့်နေပြန်ပါသည်။မျက်ရည်စတွေနဲ့ဝေ့သီနေတဲ့မျက်လုံးတွေကို လက်ချောင်းတွေဖြင့်ပဲ ဖိအုပ်ပေးလိုက်မိပြီး ကျဆင်းမလာသေးတဲ့မျက်ရည်စတွေကို သုတ်ပေးမိသည်။

ငြိမ်ငြိမ်လေးကြည့်နေရင်းနဲ့မှ ဂျောင်ကုအဆင်မပြေဘူးဆိုတာကိုသိသွား၍ ဂျောင်ကု့အနားကိုတိုးကပ်သွားလေပြီး ဦးခေါင်းလေးကိုရင်ခွင်သေးသေးလေးထဲထည့်ဖက်ပေးထားကာ နဖူးပေါ်ကဆံစတစ်ချို့ကိုလည်းသပ်တင်ပေးလိုက်သည်။

လူကြီးတစ်ယောက်ကိုဘယ်လိုခေါ်ရမယ်မှန်းမသိတာမို့ ငါ့ဟာငါ ချောတတ်သလိုချော့ကြည့်ပါ့မယ်...

* တော်တယ်..။ဂျောင်ကုအများကြီးဖြတ်သန်းပြီးသွားပြီ အခုကစပြီး မနာကျင်တော့ရင်ကောင်းမယ်။အရင်ကလိုဂျောင်ကုတစ်ယောက်တည်းမဟုတ်တော့ပါဘူး ငါရှိတယ်နော် *

ရှိနေပေးရင်လည်း တစ်သက်လုံးရှိနေပေး
ဝင်လာပြီးရင်ထွက်သွားခွင့်မပေးတော့ဘူး
ကိုယ့်ဂျီမင်။

ရင်ခွင်လေးထံမျက်နှာအပ်ထားရင်း အသက်ရှုသံမှန်မှန်လေးနဲ့တည်ငြိမ်ပုံရသွားတဲ့ဂျောင်ကုက သူ့လက်တွေကိုဆွဲထုတ်သွားပြီးဂျီမင်း၏ခါးသေးသေးလေးကို အားမာန်အပြည့်ဖက်တွယ်ပစ်လိုက်တော့သည်။အဲ့ဒီနောက်ဂျီမင်းလည်တိုင်လေးဆီ မျက်နှာကပ်လေပြီးတရှုးရှုးဖိနမ်းပစ်နေရင်း နှစ်ခြိုက်စွာပြုံးရယ်နေတော့သည်လေ..။

* * * * * * * * * * * * * *

ဂျီမင်းက တော်တယ်။ဂျီမင်းမှာ အရည်အချင်းတွေလည်းအများကြီးရှိတယ်။ဂျောင်ကုကိုယ်တိုင်က ဂုဏ်ယူရတဲ့အထိ
ဂျီမင်းအရည်အချင်းတွေက တအားခမ်းနားတာ။ဂျီမင်းအကူအညီနဲ့ပဲ ကူးမာမီကိုအရေးယူနိုင်ခဲ့တယ်လေ။

ဂျွန်အိမ်တော်ရဲ့နှစ်လောင်းပြိုင်လူသေမှာဟာ ယခုအချိန်ထိအမှုစစ်ဌာနမှာရှိနေသေးဆဲဖြစ်လို့ ချက်ချင်းကြီးအမှုပြင်ဆင်တဲ့အခါအခက်အခဲသိပ်မရှိခဲ့ပါဘူး။ဂျောင်ကုပေးတဲ့သက်သေတွေအပြင် ဂျီမင်းရှာတွေ့ထားတဲ့သက်သေတွေနဲ့ထပ်ပေါင်းပြီး အမှုတစ်ခုကိုစွဲချက်တင်နိုင်ခဲ့တယ်။

ရှိနေပြီးသား..၊ဖွင့်ဆိုပြီးသား..၊ရပ်ဆိုင်းထားခြင်းမရှိခဲ့တဲ့အမှုမို့ အမှုတွေပြန်ဆင် စွဲချက်တွေပြန်တင်တဲ့အခါ အလွယ်တကူနှင့်ပဲ ရလဒ်ကောင်းတစ်ခုကို သူတို့ရရှိခဲ့ကြတယ်။

ကိုရီးယားပြည်နယ် ဆိုးလ်ခရိုင်တရားရုံးမှာတိုးတိုးကြိတ်ကြိတ်ဖြင့်ပဲ အမှုတွေပြန်လိုက် သက်သေတွေပြန်စုံစမ်းခဲ့ပေမယ့် နိုင်ငံရပ်ခြားရောက်နေခဲ့တော့ ကူးမာမီမှာ တစ်ချက်လေးတောင်မသိခဲ့ရပါဘူး။အဲ့ဒါကြောင့်မို့လည်း လေဆိပ်ဆင်းတဲ့နေ့လေယာဥ္ကွင်းထဲမှာပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

* မာမီကို ကျွန်တော်ချစ်တယ်နော် *

အဲ့ဒါသည် ကူးမာမီလေဆိပ်ဆင်းမယ့်ညမှာဂျောင်ကုဘက်ကနေVCခေါ်ရင်း နောက်ဆုံးပြောခဲ့တဲ့စကားတစ်ခွန်း။စိတ်ရင်းနဲ့ပြောခဲ့တာမို့ ဂျောင်ကုစိတ်ထဲ အရင်လိုမွန်းကြပ်မနေခဲ့ဘူး။

ဘယ်လောက်ပဲနာကျဥ္းရတယ်ဖြစ်ဖြစ် မာမီ့အပေါ်သွေးသားသံယောဇဥ္ရှိသေးတယ်ထင်ပါရဲ့။မျက်နှာကိုတစ်ခါလောက်ထပ်မြင်ချင်ခဲ့ပြီး ချစ်တယ်လို့လည်းသေချာပေါက်ပြောပြချင်ခဲ့တဲ့သူ့စိတ်တွေကို လှစ်ဟပြခွင့်ရခဲ့တယ်။ချစ်တယ်ဆိုတာ ကျွန့်တော်စိတ်ရင်းနဲ့စကားတစ်ခွန်းပါမာမီ။.........................။

ဖမ်းဆီးအရေးယူပြီးတဲ့နောက် ချက်ချင်းတရားခွင့်ပို့နိုင်ခဲ့၍ လွန်ခဲ့သော(၇)နှစ်က နှစ်လောင်းပြိုင်လူသတ်မှု၊ကြိုတင်ကြံစည်မှုအပြင် တစ်ခြားသောပြစ်မှုများစွာနဲ့ကူးမာမီဟာ အရေးခံဝင်ခွင့်ပင်မရခဲ့ဘဲ တရားခွင်ဖြစ်ပြီးနှစ်ပတ်အကြာမှာပင် သူမကိုထောင်ဒဏ်နှစ်(၃၀)ချမှတ်နိုင်ခဲ့ပါတယ်။

အရာအားလုံးဟာ ကိုယ်သိပ်ချစ်ရတဲ့ဂျီမင်းကြောင့်လိုပြောရင် မင်းက နှာခေါင်းလေးပြဦးမှာလားသိချင်တယ်။ဂျီမင်းကြောင့်သာမဟုတ်ရင် ဒီလိုနေ့ကိုရောက်လာဦးမယ်မထင်ဘူး။

ဒွန်တွဲနေတဲ့စိတ် ဝေခွဲမရတဲ့စိတ်တွေနဲ့ပဲ မာမီနဲ့ကိုယ်တို့အဖြစ်ကသံသရာလည်နေကြဦးမှာ။ဂျီမင်းသာမရှိခဲ့ရင် ကိုယ်တော့ မဖြစ်တော့ဘူး။ရပ်တည်ဖို့တောင်အဖြစ်ရိှတော့မယ်မထင်ဘူး။

အဲ့ဒါကြောင့် ဂျီမင်းက ကိုယ့်အနားရှိနေပေးမှဖြစ်မယ်..။

ဒါ့အပြင်ဂျီမင်းနဲ့ပတ်သတ်လာရင် ဂျောင်ကုရဲ့ယုံကြည်ခြင်းတွေဟာ အလွန်အကျွံပါပဲ
အကန့်အသတ်နဲ့မဲ့လွန်းခဲ့တယ်။ဂျီမင်းအပေါ်မှာလွန်လွန်ကဲကဲတွေယုံကြည်ခြင်းတွေထားရှိပြီး တစ်ခါလေးတောင်သံသယစိတ်မဖြစ်ခဲ့ပါဘူး။တစ်ခါဆို တစ်ခါလေးတောင်မှပေါ့။

ဘဝမှာနှစ်ယောက်ထပ်မရှိနိုင်တော့သောချစ်သူ့အဖြစ် အလွန်အကျူးတွေချစ်ပြနေခဲ့ကာ
သူ့ရဲ့အယုံကြည်ရဆုံးနဲ့အချစ်ရဆုံးသူအဖြစ်
မှတ်ယူခဲ့ရင်း သူ့ရဲ့အမှောင်ဘက်ခြမ်းကိုရောအလင်းဘက်ခြမ်းကိုပါ ထုတ်ပြဖို့မတွန့်ဆုတ်ခဲ့ဘူး။ထိုမျှလောက်ထိကိုချစ်ရပြီး ဂျီမင်းဟာသူ့ဘဝဖြစ်လာခဲ့တယ်။

* * * * * * * * * * * *

ခြံထဲကိုမောင်းဝင်လာတဲ့အနက်ရောင်ကားအကောင်းစားကြီးကို ဂျောင်ကုအိပ်ခန်းထဲကနေပဲ သူလှမ်းကြည့်နေလိုက်သည်။ရပ်သွားတဲ့ကားထဲကနေ ဂျောင်ကုဆင်းလာတာကိုမြင်လည်း သူဆက်ပြီးပဲရပ်ကြည့်နေလိုက်တယ်။

ပြဿနာတွေအားလုံးရှင်းပြီးသွားတော့ဂျောင်ကုသည် လူထုအရှေ့ကို လူကောင်းပုံစံနဲ့ပြန်ထွက်ခွင့်ရခဲ့ပြီမို့ အခုဆို သူ့ဒက်ဒီချန်ထားခဲ့တဲ့အလုပ်တွေကိုတောင်ပြန်ဦးစီးနေခဲ့ပြီ။တရားမဝင်လုပ်ငန်းတွေလည်းပါကောင်းပါမှာပေါ့။

၁၄နှစ်သားအယောင်ဆောင်လေးမဟုတ်တော့တဲ့ဂျောင်ကုမှာ အခုလိုမူးယစ်ရာဇာကြီးဖြစ်သွားတဲ့အချိန်မှာတောင် ခန့်ငြားမှုကပျောက်ပျက်မသွားခဲ့ပါ။ယခုလိုမီးခိုရောင်
Suitနှင့်ပင် အလွန်အမင်းကိုလိုက်ဖက်နေသလိုလိုမို့ သူပင် အားကျရတဲ့အထိ ဂျောင်ကုဟာချောမောလွန်းပါတယ်။

တည်တင်းခက်ထန်နေသောမျက်နှာကြီးနဲ့လိုဖက်စွာ နှုတ်ခမ်းလွှာတွေကိုလည်းတင်းတင်းစေ့ထားပြီး မျက်ခုံးတွေကိုလည်းငှက်အတောင်ပျံကြီးလို ခပ်တွန့်တွန့်လုပ်ထားသေးသည်မို့ သူ့မှာရယ်လိုက်မိသေး၏။

မူးယစ်ရာဇာကြီးဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ အိမ်ထဲကိုလျှောက်ဝင်လာတဲ့ဂျောင်ကုဟန်နဲ့ခြေလှမ်းတွေဟာ မာန်အပြည့်ပါရှိနေသလို ကြီးမြတ်သောအရှိန်အဝါတစ်ခုကိုလည်း
သင့်တို့စိတ်ထဲမှာခံစားရပေဦးမည်။

* ဂျီမင်း *

ခေါ်သံကြောင့်လှည့်ကြည့်ဖြစ်တော့ အခန်းဝမှာရပ်နေလေပြီး ချိုချိုမြမြမျက်နှာလေးဖြင့်ပြုံးပြနေရှာတယ်။စတွေ့စတုန်းကလို၁၄နှစ်သားအပြုံးလေးဖြင့် ဂျွန်ဂျောင်ကုဟာ မူးယစ်ရာဇာဆိုတဲ့ဂုဏ်နဲ့ပင် မလိုက်ဖက်လိုက်တာ။

ဂျီမင်း တအားသဘောကျရတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေအကူနဲ့ အနူးညံ့ဆုံးလေးကြည့်နေပြန်တော့ သူ့နှလုံးသားလေးမှာနွေးရပြန်တယ်။လူတစ်ယောက်ရဲ့ခံစားချက်တွေ၊ရင်ခုန်သံတွေကို ဘယ်လိုနွေးအောင်လုပ်ရမလဲ သိတယ်ထင်တယ်။

ပျားရည်အိုင်မျက်လုံးလေးတွေနဲ့စိုက်ကြည့်ခံနေရတာဖြစ်လို့ ဂျီမင်း၏ပါးပြင်လေးတွေနဲ့နားရွက်လေးတွေမှာ ရဲရဲစွေးစွေးလေးဖြစ်နေရှာလိမ့်မည်။ဒါကိုပင် အချစ်ပိုမိသလိုမျက်လုံးတွေဖြင့်စူးရဲစွာထပ်စိုက်ကြည့်လာရင်း ဂျီမင်ရှိရာဆီကို တည့်တည့်မတ်မတ်လျှောက်သွားလေတော့သည်။

အနားကိုရောက်သည်နှင့် ဂျီမင်းတစ်ကိုယ်လုံးကို သိမ်းကျုံးယူသွားကာခပ်တင်းတင်းလေးဆွဲဖက်ပစ်တယ်။ပြီးတော့ နားရွက်ရဲရဲလေးကိုလည်း နှုတ်ခမ်းပါးဖြင့်အကြိမ်များစွာထိတွေ့စေရင်း သက်ပြင်းတွေလည်းမကြာခဏဆိုသလိုချနေခဲ့တယ်။

* လွမ်းတယ်..ဂျီမင်းရော လွမ်းနေရဲ့လား *

ပွေ့ဖက်ပေးထားပြီး ရင်ခွင်ထဲပိုပိုဆွဲသွင်းကာ ချိုချိုအီအီလေသံလေးနဲ့ချွဲလာခဲ့တော့
ဂျီမင်းသည် ခန္ဓာကိုယ်လေးကိုနည်းနည်းရုန်းကြည့်လိုက်ရင်း ဂျောင်ကုအားတိုးညှင်းလွန်းသောအသံဖြင့်စကားပြောဖို့​ပြင်လာသည်။

* ဂျောင်ကု *

* ဗျာ *

ပြန်ထူးတဲ့အသံလေးကြောင့် ပါ့ခ်ဂျီမင်းရဲ့ကမ္ဘာတစ်ခြမ်းမှာ လိပ်ပြာလေးတွေပျံ့ဝဲသွားလေသည်။မြူထူးလာတဲ့နှလုံးသားတစ်စုံကို"ငြိမ်ငြိမ်နေစမ်း"လို့ အသံတိတ်ငေါက်ငမ်းလိုက်ရသေးတယ်။ထူးသံလေးတစ်ခုနဲ့ရင်ခုန်နေရတယ်ဆိုတာ မဟုတ်တော့ဘူး။ဒါပေမယ့်လည်းတကယ်ကြီးကိုရင်ခုန်သွားခဲ့ရတာပါ..။

မျက်လုံးဝိုင်းလေးတွေနဲ့ ပြူးပြူးလေးမော့ကြည့်နေလေပြီး ဘာစကားမှထပ်မပြောတော့တဲ့ဂျီမင်းအဖြစ်ကို အူတယားယားနဲ့ငုံ့ကြည့်နေခဲ့ပြီးမှ ဂျီမင်းကိုယ်လုံးလေးကို ခါးလေးမှနေဆွဲချီသွားကာ ခုတင်ပေါ်သို့ ဖွဖွကလေးချပေးလိုက်ပါသည်။

အထိအတွေ့တွေက ကြမ်းတမ်းဖို့ဝေးစွ မြတ်နိုးရသောအရုပ်ကလေးကိုကိုင်တွေ့နေသလိုပင် နူးညံ့လွန်းပါဘိ။

ချက်ချင်းဆိုသလို ဂျီမင်းပေါ်အုပ်မိုးပစ်လာပြီး ဂျီမင်းနဖူးစပ်ကဆံစလေးတွေနဲ့ မျက်နှာလေးထက်က အစိတ်အပိုင်းလေးတွေကိုဖွဖွလိုက်ထိကြည့်နေတာမို့ ဂျောင်ကုမျက်နှာကိုပြန်မော့ကြည့်နေလိုက်ရပြီး ဂျောင်ကု့နားရွက်အား အနေရခက်စွာကုတ်နေမိ၏။

* ကိုယ့်ကိုပြောစရာရှိနေတယ်မလား *

* ငါအလုပ်ထွက်ချင်တယ် ခွင့်ပြုပေးပါလား *

ဂျောင်ကုရဲ့လှုပ်ရှားမှုတွေကရပ်တန့်သွားလျက် လေးနက်သောမျက်လုံးတွေဖြင့်သာစိုက်ကြည့်လာသည်။ပြီးတော့ ပြင်းရှသောအသက်ရှုသံတွေနဲ့အတူ သက်ပြင်းတွေလည်းအကြမ်းပတမ်းချနေခဲ့တယ်။

* ဘာလို့လဲ ကိုယ့်နဲ့အတူနေရတာ မပျော်လို့လား *

* ဂျောင်ကုနဲ့နေရတာပဲ ငါပျော်တာပေါ့။ဒါပေမယ့် ဂျောင်ကုကအရင်လိုလူတစ်ယောက် မဟုတ်တော့ဘူးလေ။ငါ့အကူအညီယူစရာမှမလိုတော့တာ.. ငါ​က ဂျောင်ကုအတွက်အလုပ်ပိုနေမလားတွေးမိရင် ငါအိပ်လို့တောင်မပျော်တော့ဘူး *

* ကိုယ့်အတွက်ဂျီမင်းကိုလိုအပ်တယ်..၁၄နှစ်သားဖြစ်စဥ္တုန်းကလည်းဂျီမင်းကိုလိုအပ်ခဲ့တယ် အခုလည်းလိုအပ်တယ်...။ကိုယ် ဂျီမင်းကိုချစ်တယ်လေ ကိုယ်ချစ်ပါတယ်လို့ဝန်ခံထားရက်နဲ့ ဂျီမင်းက ထားခဲ့ဖို့မလုပ်ပါနဲ့ *

* ငါ...ငါ ဆက်ပြီးတာဝန်ယူနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး *

အနည်းငယ်မူမမှန်ချင်တော့တဲ့ဂျီမင်းက ပျက်ယွင်းလုဆဲမျက်နှာလေးကို အနိုင်နိုင်ထိန်းထားရရင်းဂျောင်ကု့ကိုမော့ကြည့်လာတဲ့မျက်နက်စံလေးတွေမှာ တလှုပ်လှုပ်ဖြင့် တည်ငြိမ်မှုရှိမနေခဲ့ဘူးလေ။

ဤသို့နှင့် စကားများကြဖို့အကြောင်းဖန်လာပြီမို့ ဂျောင်ကုကအရင်စိတ်လျှော့ချလိုက်ပုံရပြီး ဂျီမင်းအားပြုံးပြလာလေသည်။ပြီးသည်နှင့် ဂျောင်ကုဘက်ကပဲ နှာခေါင်းထိပ်လေးတွေချင်းထိပစ်လိုက်ကာ အသာအယာပွတ်ထိပစ်လိုက်ရင်း ကျီစယ်တော့၏။

ပါ့ခ်ဂျီမင်းကို သူမွေးထားတဲ့ကြောင်ကလေးလို့များထင်နေတာလားပဲ။ပါ့ခ်ဂျီမင်းကိုမြင်ရင် ပွတ်သီးပွတ်လုပ်ချင်ရတာနဲ့ ရင်ခွင်သေးသေးလေးထဲခေါင်းတိုးပြီးချွဲချင်ရတာနဲ့..။

* ဂျီမင်းအလုပ်ထွက်ချင်တာမလား ရတယ်ထွက်ခွင့်ပြုမယ်...ပြီးရင်တော့ ဂျီမင်းကကိုယ်နဲ့လက်ထပ်ပေးပါ *

* ငါ့ကြောင့် ဂျောင်ကုမှာဆုံးရှုံးစရာတွေရှိလာရင်ရော ငါနဲ့လက်ထပ်နိုင်ဦးမှာပဲလား..?ငါ့ကြောင့် ဂျောင်ကုထိခိုက်ရမယ်ဆိုရင်ရော..?ငါ့ကြောင့်နဲ့ နောင်တရစရာတွေဖြစ်လာခဲ့ရင်ရော အရူးလိုဆက်ချစ်နေဦးမှာလား *

ဆက်လုပ်နိုင်တော့မယ်မထင်ဘူး။ရပ်တန်းကရပ်ချင်ပြီ။အမှတ်တရတွေ ရင်ခုန်သံတွေအားလုံးကို ဒီအိမ်ကြီးမှာပဲ ချန်ရစ်ခဲ့ပြီးထွက်သွားလိုက်ချင်ပြီ။ဂျောင်ကုကိုမထိခိုက်စေချင်တာ ဘယ်လိုပြောမှ နားလည်ပေးမှာလဲ။

* ထားလိုက်ပါ ဂျီမင်းကဘာတွေကိုတွေးပူနေလဲမသိဘူး..။ဂျီမင်းကိုချစ်လို့ နောင်တရမယ်ဆိုရင်တောင် ကိုယ်ကျေနပ်တယ် *

* ဟင် *

မဝံမရဲမျက်လုံးလေးတွေနဲ့ပြန်ကြည့်လာတဲ့ပါ့ခ်ဂျီမင်အလှက ဘာနဲ့မှခိုင်းနှိုင်းလို့မရတော့ဘူး။ဒီမှာ ရူးတော့မယ်။

* ဟုတ်တယ် ကိုယ့်ဘဝအတွက် ဂျီမင်းကိုပဲလိုအပ်တယ် *

စကားဆုံးတာနဲ့ ပါ့ခ်ဂျီမင်း၏နဖူးလေးကိုနမ်းလိုက်တော့သည်။ထိုအပြုအမူကြောင့် ဂျီမင်းသည်သူ့ရဲ့ရှက်ဝဲဝဲမျက်နှာလေးကို အတင်းကြီးငုံ့ချထားပြီး ဂျောင်ကုရဲ့ရင်ဘက်ကြီးကို ပေါက်ထွက်တော့မည့်အလားစိုက်ကြည့်နေခဲ့မိတယ်။

* ဘာတွေကိုစိုက်ကြည့်နေတာလဲ ကြယ်သီးဖြုတ်ပေးချင်လို့လား *

ရယ်သံစွတ်နေတဲ့ စနောက်မှုလေးမှာဂျီမင်း မျက်နှာလေးသည် ရဲနေပေလိမ့်ဦးမည်။

ဂျောင်ကု့မျက်နှာကြီးဟာ သူ့မျက်နှာထံငုံကျလာလေပြီးသူ့နှာခေါင်းလေးကိုအရင်နမ်း၏။

နှာတံပိစိလေးတစ်လျှောက်ကို ဟိုတို့တို့ဒီတို့တို့အနမ်းများဖြင့် မထိတထိစနောက်လို့ကျေနပ်တော့မှ သူ့ပါးပြင်ထံနှာခေါင်းကြီးကိုနစ်ချလာပြီး ရှုးခနဲဆိုသောအသံကျယ်ကြီးမြည်သည်အထိ ဖိကာထားကာနမ်းရှိုက်နေခဲ့တယ်။

ဂျီမင်းလည်း ထိုအနမ်းနွေးနွေးတွေကိုမလွန်ဆန်နိုင်ခဲ့ဘူးထင်တယ်။ရုန်းခွင့်ရှိရင်တောင် ရုန်းမှာမဟုတ်ပါဘူး။သူကိုယ်တိုင်က ဂျောင်ကုရဲ့အနမ်းတွေကိုလိုချင်နေတာမို့မရုန်းပါဘူး။

အဲ့ဒါအပြင် လက်သေးသေးလေးတွေနဲ့ ဂျောင်ကုရင်ဘက်ကအင်္ကျီစကိုခပ်တင်းတင်းဆွဲဆုပ်ချေထားပြီး အနမ်းနွေးနွေးတွေကိုခံယူဖို့ မျက်နှာလေးပင်မော့ပေးထားသေးသည်။

* ဂျီမင်း.....။ကိုယ်ချစ်တယ်နော် *

နှုတ်ခမ်းဖူးလေးကို ဖြတ်ခနဲနမ်းပစ်လာပြီး
ငုံထွေးလာကာ ကျွမ်းကျင်သောအနမ်းတွေနဲ့
ပါ့ခ်ဂျီမင်းက ဂျွန်ဂျောင်ကုကိုမလွန်ဆန်ဝံအောင် ရဲရဲတင်းတင်းအနမ်းတွေနဲ့ခြယ်လှယ်တော့သည်။ဂျောင်ကုနှုတ်ခမ်းတွေနဲ့အတူ ဂျီမင်းနှုတ်ခမ်းလေးဟာလည်း ပြုံးနေလေ၏။

ထို့နောက် ဂျောင်ကုလက်တစ်ဖက်ဟာဂျီမင်းဝတ်ထားတဲ့တီရှပ်လေးကို ခါးမှနေတရွေ့ရွေ့ဆွဲလှန်ပစ်လာခဲ့ပြီး ခေါင်းထိရောက်အောင်တွန်းပို့ကာ အင်္ကျီကလေးကိုပိုင်ပိုင်နိုင်နိုင်ပဲဆွဲချွတ်ပစ်လိုက်ရင်း ခုတင်အောက်ပစ်ချလိုက်သည်။

အင်္ကျီမကပ်တော့တဲ့ဝင်းမို့မို့အပေါ်ပိုင်းကိုယ်လုံးလေးကိုမြတ်နိုးစွာ တစိမ့်စိမ့်စိုက်ကြည့်လို့နေရစ်ပြီးမှ လက်ချောင်းတွေနဲ့ခါးသိမ်သိမ်လေးကိုဖမ်းဆုပ်ကိုင်ထားလိုက်ပြီး မပြီးပြတ်သေးသောနမ်းခြင်းအလုပ်ကိုဆက်လုပ်နေခဲ့သလို အဲ့ဒီနောက် အဲ့ဒီနောက် အဲ့ဒီနောက်...။

* * * * * * * * * * * *

ယမန်နေ့ညက အိပ်ရာဝင်နောက်ကျခဲ့ကြပေမယ့် ဒီမနက်မှာအရင်ဆုံးအိပ်ရာနိုးလာသူကဂျောင်ကုပါ။မျက်လုံးဖွင့်တာနဲ့သူ့နံဘေးသူ့ရင်ခွင်ထဲမှာအိပ်မောကျနေဆဲဂျီမင်းမျက်နှာလေးကို အချစ်ပိုစွာငေးနေမိပြီး နဖူးပြင်လေးကိုနှုတ်ခမ်းလွှာတွေနဲ့ထပ်မံထိကပ်ပြစ်သည်။

ကြည့်နေရင်း အသည်းယားစိတ်ကိုမတွန်းနိုင်တဲ့အဆုံး သူ့ခေါင်းသူ အနည်းငယ်ထူပစ်လိုက်ကာ ဂျီမင်းပါးပြင်တစ်ဖက်ကိုငုံပစ်လိုက်ရင်း သွားတွေဖြင့်ဖွဖွခဲထားသလို
အနမ်းတွေလည်း သူ့စိ်တ်ကျေနပ်သည့်အထိမက်မက်မောမောကိုပေးပစ်လိုက်သည်။

ဘယ်လောက်နမ်းနမ်း ဂျီမင်းရဲ့ဖြစ်တည်မှုဟာ ရိုးအီသွားတယ်ဆိုတာမရှိဘူး။တစ်သက်လုံးမရိုးအီနေသရွေ့ တစ်သက်လုံးစွဲစွဲမြဲမြဲအနမ်းပေးနေရလိမ့်မည်။သောက်ရမ်းချစ်တာမို့ဂျီမင်းကမငြင်းနဲ့။

စိတ်ကြိုက်နမ်းလို့ဝမှ ခေါင်းဦးတွေ အဝတ်တွေတစ်စစီပြန့်ကျဲနေသော ကြမ်ခင်းထက်ခြေထောက်ချလိုက်ပြီး ညကချွတ်ပစ်ခဲ့တဲ့ဂျီမင်း၏တီရှပ်ပွပွကို ပြန်ကောက်ဝတ်ပစ်လိုက်ပြီး ရေချိုးခန်းထဲဝင်သွားလေသည်။

ရေချိုးခန်းသုံးပြီးပြီးပြန်ထွက်လာတော့ဂျီမင်းက အိပ်ရာနိုးနှင့်နေပါပြီ။အိပ်ရာဝထားပုံရတဲ့မျက်လုံးလေးတွေနဲ့လှမ်းကြည့်နေပုံလေးမှာ ဂျောင်ကုအဖို့တော့အိပ်ရေးဝသွားတဲ့ကြောင်စုတ်ဖွားလေးတစ်ကောင်ကို မြင်နေရတဲ့အတိုင်းပါပင်။

စောင်ပုံကြီးထဲမျက်နှာလေးပဲဖော်ထားကာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေသူလေးကို ခပ်ဖွဖွဆွဲထူပေးကာ ရင်ခွင်ထဲထည့်ဖက်ပေးထားသဖြင်ဂျီမင်းကလည်း သူ့မျက်ရှေ့ကမြင်နေရသောလည်တိုင်ကြီးကို သိုင်းဖက်ပစ်လိုက်တယ်။

ရင်ခွင်ထဲဝင်ပြီး ဘာတွေချွဲသွားပြန်သလဲမသိပေမယ့် မကြာလိုက်ပါ ဂျောင်ကုကိုယ်ပေါ်ကထသွားတော့သည်။ဂျီမင်းအင်္ကျီကိုဝတ်ထားတဲ့ဂျောင်ကုနဲ့ဆန့်ကျင်စွာ သူသည် ညတုန်းကဂျောင်ကုဝတ်ပေးထားပုံရတဲ့ညအိပ်ဝတ်စုံလှလှလေးဖြင့်။

တစ်စစီပြန့်ကျဲနေတာတွေကိုပြန်သိမ်းလိုက်ရပြီး ခုတင်ပေါ်တက်ကာ လက်ကိုနောက်ပစ်ခုထားပြီး ရေချိုးခန်းထဲကပြန်ထွက်မယ့်အသည်းညှာကို မျှော်နေမိတဲ့အခိုက် တစ်စုံတစ်ယောက်ကြောင့် သူတို့အိပ်ခန်းတံခါးမှာကြမ်းတမ်းစွာ ဆောင့်တွန်းဖွင့်ခြင်းကိုခံလိုက်ရသည်။

* မင်းတို့ဘာကောင်တွေလဲ *

သတိကြီးလွန်းသောဂျောင်ကုသည် ခုတင်ပေါ်ကနေ အချိန်မဆွဲပဲဆင်းသွားလေပြီး
သူ့အခန်းထဲကျူးကျောင်ဝင်ရောက်လာသူအရေအတွက်ကို စိတ်မှန်းနဲ့တွတ်ချက်လိုက်ပြီး ဘာကောင်တွေလဲလို့အကဲခတ်နေပုံလည်းရတယ်။

* ကိုယ်တို့က C.I.Aက မင်းကိုဖမ်းဆီးဖို့ဝရမ်းလည်းပါတယ်။ငြိမ်ငြိမ်နေပြီးလိုက်ခဲ့ပေးပါ *

* ဘာကွ *

ဂျောင်ကု အမှန်တကယ်ကိုထိတ်လန့်သွားရတယ်။C.I.Aကလိုကောင်တွေကိုယ်တိုင်
ဆင်းဖမ်းတယ်ဆိုတော့ သူ့အမှုဟာ မသေးလောက်ဘူး။အစကတည်းကလည်း
မသေးပါဘူး။

အခုဟာက ရုတ်တရပ်ကြီးသတင်းသဲ့သဲ့လေးတောင်မကြားလိုက်ရပဲ အိမ်ထဲထိဝင်လာနိုင်တာကိုပဲ အံဩတာ။အခုလောက်ဆို သူ့ကိုခုံရုံးတင်ဖို့သေချာအစီအစဥ္ဆွဲထားခဲ့မှာပဲ..။ဒီလိုကြွက်ကောင်တွေက လျှော့တွက်ထားလို့ကိုမရဘူး။

အေးအေးဆေးဆေးစကားပြောနေကြတဲ့C.I.Aကကောင်တွေနဲ့ခြားနားစွာ ဂျောင်ကုကတော့မတုန်လှုပ်သောမျက်နှာဖြင့် ခုတင်ခေါင်းရင်းကဘီဒိုအပုလေး၏အံဝှက်ကို ဆွဲဖွင့်လိုက်ကာ သူကိုင်နေကြသေနတ်ကိုထုတ်ယူလျက် ခေါင်းဆောင်ဖြစ်ဟန်ရသောကောင်၏နထင်ကို ထောက်ထားလိုက်သည်။

ကွက်တိဆိုသလို ရေချိုးခန်းတံခါးမှာပွင့်သွားလေပြီး ရုတ်ရုတ်သဲသဲလူတစ်စု၏ဖြစ်ပျက်နေပုံတွေကို မထူးဆန်းသည့်မျက်လုံးတွေနဲ့တစ်ချက်စိုက်ကြည့်သွားပြီး.......။

* မလုပ်နဲ့ဂျောင်ကု *

* ဂျီမင်းသိလား ဒီကောင်တွေကကိုယ့်ကိုလာဖမ်းတာတဲ့ ဟက်..!သတ္တိတွေသိပ်ကောင်းနေကြတာ *

* အရာရိှပါ့ခ်ဂျီမင်း တာဝန်ကြေပါတယ် *

* အရာရှိပါ့ခ်ဂျီမင်း ? *

ဂျောင်ကုသည် နားမလည်နိုင်မျက်ဝန်းတွေဖြင့် မေးခွန်းထုတ်သလိုကြည့်လာခဲ့သည်။

သေနတ်ထောက်ထားတဲ့လက်ကိုပင် ဖြုတ်ချသွားပြီး ဂျီမင်းဘက်ကို ခန္ဓာကိုယ်တစ်လုံးလှည့်လိုက်သဖြင့် တစ်ဖန်ပြန်ပြီးသေနတ်ဖြင့်ချိန်ကြသူတွေမှာ C.I.Aကလူတွေဖြစ်သည်။

* မင်းအနားမှာအခုထိရှိနေတဲ့လူက ဘယ်သူလဲ တကယ်မသိသေးတာလား..?။ည့ံလိုက်တာ ကိုယ်တို့ထင်ထားတာထက် ပိုညံ့ဖျင်းနေတာပဲ မူးယစ်ရာဇာကြီးက *

လှောင်ရယ်သံစွတ်နေသည့်စကားလုံးတွေကို တစ်လုံးချင်းပြောပြီး အခန်းထဲဝင်ချလာသူမှာ ဆိုးလ်ခရိုင်ကရဲမှူးချုပ်ဖြစ်နေလေပြီး ထိုရဲမှူးချုပ်ကို ဂျောင်ကုကိုယ်တိုင်လည်းသိနေပါသည်။

ထိုရဲမှူးချုပ်ဆိုသူဟာ ဂျောင်ကုကိုကျော်ပြီးဂျီမင်းနားကိုလျှောက်သွားလိုက်ကာ ဂျီမင်း၏လည်တိုင်ထက် ဝန်ထမ်းဓာတ်ပုံပါသောလည်ဆွဲတစ်ခုကိုဆွဲပေးနေခဲ့ပြီး ဂျီမင်းကိုလည်းချီးကျူးစကားပြောနေပြန်ကာ
သူမြတ်နိုးရတဲ့ပုခုံးလေးကိုတောင်ပုတ်သွားသေးတယ်။

အဲ့ဒီနောက် ရဲမှူးချုပ်သည်လှောင်ရိပ်စွန်းနေဟန်မျက်လုံးတွေဖြင့် ဂျောင်ကုကိုစိုက်ကြည့်သွားပြီး C.I.Aကလူတွေနဲ့စကားသွားပြောနေတော့သည်။ဒါကနောက်ဆုံးအနေနဲ့နှုတ်ဆက်ဖို့အချိန်ပေးတာလား။

ကိုယ် ဂျီမင်းနဲ့မခွဲနိုင်ပါဘူးလို့ အတန်တန်ပြောထားရက်နဲ့ ကိုယ့်ကိုထားပစ်ခဲ့ဖို့အထိရက်စက်ရသလား...ပါ့ခ်ဂျီမင်း။

* ကိုယ့်အနားကိုရောက်လာခဲ့တာ ကိုယ့်ကိုဖမ်းချင်လို့လား *

ဂျောင်ကုမျက်လုံးတွေက အလွန်အမင်းကိုနာကျင်နေပုံရပြီး ကျကွဲလုလုနီးပါး နှလုံးသားတစ်စုံကိုလည်း ဂျီမင်းထံလှစ်ပြဖို့ကြိုးစားခဲ့သော်လည်း ပိုတိုးသောနာကျင်မှုကိုသာရသွားခဲ့၏။

* အဲ့ဒါတစ်ခုတည်းကြောင့်နဲ့ ကိုယ့်အနားရောက်လာခဲ့တာလားလို့ ဂျီမင်းဖြေပါ *

* တောင်းပန်ပါတယ် *

* ဟက့်..!ကိုယ်အဖမ်းခံတာကိုလိုချင်တာလား ကိုယ်ဒီလိုလုပ်ရင် ဂျီမင်းကျေနပ်မှာလား *

အရောင်မဲ့သွားတဲ့မျက်လုံးလေးတွေနဲ့ ခုတင်ပေါ်ထိုင်ချလိုက်ကာ သေနတ်ကိုခုတင်ပေါ်ပစ်တင်လိုက်ပြီး လက်ဖဝါးကျယ်ကျယ်တွေဖြင့်မျက်နှာတစ်ပြင်လုံးကိုပွတ်သပ်လိုက်ကာ နာကျင်နေသောနှလုံးသားတစ်စုံဖြင့်ပြုံးနေခဲ့ပြန်တယ်။

အရုပ်ကြိုးပျက်ဆိုတာ ဒါကိုပြောတာလား။

ဒါဆိုရင်တော့ သူ့ခံစားချက်တွေအလုပ်မလုပ်ချင်တော့ဘူး။နှလုံးသားလည်းသေဆုံးသွားရပြီ။ဘဝမှာတစ်ကြိမ်တစ်ခါတော့ဖြင့်အသည်းကွဲဖူးရမယ်ဆိုတာ ဒီအချိန်ကိုပြောတာများလား။

ဂျီမင်းလိုချင်တာ ဒီလိုဆို ကိုယ်အရှုံးပေးပါတယ်။ကိုယ့်ဘဝထက်တောင် ဂျီမင်းကို ကိုယ်ပိုယုံကြည်ခဲ့တယ်။ဂျီမင်းက ဒီလိုတွေလိုချင်တယ်ဆိုတော့လည်း ကိုယ်ဟာသေပေးရုံပဲပေါ့။ကိုယ်မရှိတော့တဲ့အခါ ပြုံးနေပေးပါ။

တစ်ဖက်ကဂျီမင်မှာလည်း မျက်ရည်ဥတွေရစ်ဝိုင်းလာပြီမို့ ဒါကို ရိပ်မိသွားသည့်ရဲမှူးချုပ်ဟာချက်ချင်းရောက်လာခဲ့ပြီး သူတို့အားကိုးရသောအရာရှိလေးကို အခန်းပြင်ဆွဲထုတ်ခေါ်သွားတော့သည်။

* မင်းတို့က ဘာတွေလဲ *

ရဲမှူးချုပ်နမ်ဂျွန်း၏မျက်နှာကို ကြည့်ရုံသာကြည့်လာခဲ့ပြီး ဘာစကားမှပြန်မပြောလာပါ။

* ငါမေးနေတယ့် မင်းတို့ဘယ်အဆင့်အထိရောက်ခဲ့ကြတာလဲဟမ် *

* အစ်ကို မြင်တဲ့အတိုင်းပဲ *

* တာဝန်အတွက်နဲ့ ဒီလောက်ထိမင်းလုပ်စရာလို့လားဟမ် *

* တာဝန်ကြောင့်မဟုတ်ဘူး *

* ဘာလဲ အဲ့ဒီကောင်ကို မင်းချစ်နေတာလား *

သို့သော်ဂျီမင်းသည် အရည်လဲ့နေသောမျက်ဝန်းတွေနဲ့သာမော့ကြည့်လာခဲ့သည်။ပါ့ခ်ဂျီမင်းမဖြေလည်းအဖြေကို သိသွားပြီ။

ညီအစ်ကိုလို အတူတူဖြတ်သန်းလာကြတဲ့
လူတွေဖြစ်၍ စီနီယာ ဂျူနီယာဆကိဆံရေးထက်လည်းပိုတဲ့သူတို့ဟာ တကယ့်သွေးသားအရင်းတွေလိုဖြစ်တည်နေခဲ့ပြီမို့ ဒီအခြေအနေမှာ ပါ့ခ္ဂျီမင်းကိုနှမြောတာထက်ပိုကောင်းပိုလိမ့်မည်။

* ရူးသွားတာလားကွ!!ဒီလိုကောင်နဲ့ချစ်ဖို့ထိ မင်းက တန်သလားပြန်စဥ္းစား *

* သူ့ကိုလွှတ်ပေးလိုက်ပါ *

* ပါ့ခ်ဂျီမင်း...!!! *

* ကျွန်တော်အဲ့လိုမလုပ်နိုင်ဘူး...သူ့ကိုမဖမ်းနိုင်တော့ဘူးလို့ *

အားမလိုအားမရအော်သံဆုံးမော့ကြည့်လာခဲ့သောမျက်လုံးလေးတွေဟာဖြင့် သက်ဝင်လှုပ်ရှားခြင်းတွေကင်းမဲ့နေခဲ့လေသည်။ပြန်ပြောလာတဲ့စကားဟာလည်း ရဲမှူးချုပ်ကိုပင် စိတ်အတိုလွန်ပြီးခေါက်ခနဲသေသွားစေနိုင်တဲ့စကားတွေပါ။

* မင်းရူးနေသွားတာလားဟမ် *

* အင်း ကျွန်တော်လည်းရူးသွားချင်တယ် *

* မဟုတ်တာတွေလျှောက်လုပ်မယ်မကြံနဲ့
ဒီကောင့်ကိုဖမ်းနိုင်ဖို့ ငါတို့ဘက်ကအချိန်တွေလူတွေ ဘယ်လောက်ထိရင်းနှီးခဲ့ရလဲ မင်းမမေ့နဲ့ဦး *

* ကျွန်တော်မှမလုပ်နိုင်တော့တာအစ်ကိုရာ။သူ့ကိုဖမ်းဖို့ ကျွန်တော် ကျွန်တော့်မှာသတ္တိမရှိဘူး *

ဆယ်စုနှစ်တစ်ခုစာနီးပါးအတူဖြတ်သန်းလာခဲ့ကြတာမို့ လေသံတွေပိုနားထောင်လိုက်ရုံမျှပင် တကယ်ကြီးလက်လျှော့ချင်နေမှန်းသိရှိသွားရပြီးပြီ။ချစ်တာကအပြစ်မဟုတ်ပေမယ့် မချစ်သင့်တဲ့လူကိုတော့ သွားချစ်လို့မဖြစ်ဘူးလေ။

* အဲ့ဒီကောင်က ဘယ်လိုကောင်လဲငါ့ထက်မင်းပိုသိမှာပါ။သူတစ်ယောက်တည်းအဆင်ပြေဖို့အတွက် တရားမဝင်အလုပ်တွေလုပ်တယ်။ဒါနဲ့တင် မပြီးသေးပဲ နိုင်ငံထဲထိမူးယစ်ဆေးတွေခိုးသွင်းနေတဲ့ကောင်က မင်းကိုတကယ်ချစ်တာဖြစ်နိုင်ပါ့မလား!...မင်းမှာသာတကယ်ဦးနှောက်ပါရင် ငါပြောတာမင်းသိမှာပါ *

* ဂျောင်ကုအတွက် ကျွန်တော်အယူခံဝင်မှာ *

* ဒါကလေးကစားနေတာမဟုတ်ဘူး ဒီကိစ္စမှာနှောက်ယှက်တဲ့သူမှန်သမျှငါအကုန်အရေးယူပစ်မှာ အဲ့ဒါက မင်းဆိုရင်တောင်မှပေါ့ *

နောက်ဆုံးထိကို ခေါင်းမာပြနေတဲ့ဂျီမင်းကိုအဟုတ်ပဲ စိတ်ပျက်ရတယ်။သူသိခဲ့တဲ့ပါ့ခ်ဂျီမင်းက အခုမျက်စိရှေ့ကအချစ်ရူးလေးမဟုတ်တာတော့သေချာတယ်။စကားဆက်ပြောနေရင် အဲ့ဒီကလေးအပေါ်လက်ပါမိတော့မှာမို့ အခန်းရှေ့ထားပစ်ခဲ့လိုက်မိတယ်။

* ဂျွန်ဂျောင်ကုကို လက်ထိပ်ခတ်လိုက်ပါ *

ရဲမှူးချုပ်၏အမိန့်ပေးသံအဆုံးမလှမ်းမကမ်းမှာရှိနေကြသည့် ရဲသားနှစ်ဦးကလက်ထိပ်ခတ်ဖို့တိုးလာခဲ့ပြပေမယ့် ဂျောင်ကုကတော့ အဲ့လိုလုပ်ချင်ပုံမရဘူး။

* ကိုယ့်ကိုဂျီမင်းကိုယ်တိုင်ဖမ်းပေးပါ..မင်းလက်ထဲမှာပဲ ကိုယ်အဖမ်းခံချင်တယ် *

အခန်းရှေ့မှာတွေတွေလေးရပ်နေသူကို
ဂျောင်ကုကချိုချိုမြမြအပြုံးမျက်နှာလေးနှင့်
လှမ်းကြည့်ရင်းပြုံးပြနေသလို လက်တွေကိုလည်းမြှောက်ပြလိုက်သေး၏။အဖမ်းခံရမယ်သူကတက်ကြွနေခဲ့သလောက် အရာရှိကတော့ တစ်ချက်လေးတောင်လှုပ်ရှားလာခြင်းမရှိဘူးလေ။

* လုပ်ပါ ဂျီမင်းမှာ ကိုယ့်ကိုဖမ်းဆီးပိုင်ခွင့်ရှိတယ် *

ဂျီမင်းရှေ့ ကိုယ်တိုင်လျှောက်သွားပြီး လက်နှစ်ဖက်ကိုထိုးပေးလာတော့မှ လှုပ်ရှားလာတော့တဲ့လက်ကလေးတွေကိုကြည့်ပြီး ဂျောက်ကုဘက်က ထပ်မံပြုံးနေခဲ့ပြန်တာပါ။လက်ထိပ်ခတ်နေစဥ္တစိလျှောက်လုံး တုန်ယင်နေတဲ့လက်ကလေးတွေကို ထွေးဆုပ်ထားပေးချင်ပေမယ့်...ဘယ်လိုလုပ်မလဲ?ကိုယ့်မှာအဲ့ဒီလိုအခွင့်အရေးမရှိတော့ဘူး။

* * * * * * * * * * * * *

အစ်ကိုနမ်ဂျွန်းက သူနဲ့ဂျောင်ကုကိုပေးတွေ့ခွင့်မပြုထားဘူး။သူတို့တစ်ခုခုကျူးလွန်လိုက်မှာကို အရမ်းကြောက်နေကြတာလား။

ဂျောင်ကုထပ်နစ်နာမှာစိုးလို့ စိုးရိမ်နေကြသလိုမျိုးမလုပ်ပါဘူး။နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်တစ်ခါလောက်တွေ့ခွင့်ပေးပါလို့ အတင်းတောင်းဆိုထားလို့သာ အစ်ကိုကခွင့်ပြုပေးခဲ့တာ။

အမှုစစ်အခန်းထဲသူဝင်သွားပြီးမကြာ အစ်ကိုနမ်ဂျွန်းသည် သူ့တပည့်တွေကိုခေါ်ပြီးခေါ်ထွက်ပေးခဲ့လေသည်။စောင့်များကြည့်နေကြဦးမလားလို့ အခန်းအပြင်ကိုပြန်ကြည့်လိုက်သော်လည်း ဘယ်သူမှရှိမနေတော့ဘူးလေ။

အမှုစစ်ခုံရဲတစ်ဖက်ခြမ်းမှာဂျောင်ကုကရှိနေလေပြီး သူတို့နှစ်ယောက်ကြားမှာတော့ တွဲကျနေတဲ့ မီးလုံးတစ်ခုသာရှိနေခဲ့ပြီး ခေါင်းမူးရလောက်မည့်အထိ လှုပ်လိလှုပ်လဲ့ဖြင့်။မတွေ့ရတဲ့ရက်ကလေးအတွင်းမှာကို ဂျောင်ကုကပိန်ကျသွားလိုက်တာ။

* ဂျောင်ကု အရေးခံဝင်ဖို့ ငါလျှောက်ထားတယ်သိလား..ခဏပဲစောင့်နေပေးနော် *

* ကိုယ်အယူခံမဝင်ဘူး *

မျက်လုံးလက်လက်လေးတွေနဲ့အားတက်သလိုလေးပြောလာတဲ့စကားကို ဂျောင်ကုက လေသံတင်းတင်းဖြင့်ငြင်းပစ်လိုက်သည်မှာတကယ့်ကိုမယုံနိုင်စရာလေ။

* ဟုတ်တယ် ကိုယ်အယူခံမဝင်ဘူး။ဂျီမင်းလည်းသိနေတာပဲ ကိုယ့့်ပြစ်မှုတွေကဒီလောက်များနေတာ ကိုယ့်အခြေအနေကိုယ်သိတယ် *

* ငါတစ်ယောက်လုံး ဂျောင်ကုဘက်ကရှိတယ်လေ။ဂျောင်ကုလွတ်တဲ့အထိ ..... *

* နေပါစေတော့ ကိုယ်ကြောင့် ဂျီမင်းပင်ပန်းရလိမ့်မယ် *

မျက်နှာလွှဲသွားကာ ပြန်ဖြေလာသောစကားအဆုံးမှာ ပါ့ခ်ဂျီမင်းကမ္ဘာပြိုကျသွားရသည်။

သူထိုင်နေရာဘက်ခြမ်းကနေ ဂျောင်ကုရှိရာဘက်ထသွားလိုက်ပြီး မျက်ရည်အရွဲသားဖြင့် ဂျောင်ကုကို ဖက်ထားပစ်လိုက်တော့သည်။လမ်းနေခဲ့ရတာ။ဂျောင်ကုသာမရှိတော့ရင် သူ့ကမ္ဘာအတည်ပြိုရလိမ့်မယ်။

* ငါ့ကိုနမ်းပါ...ဂျောင်ကု ငါ့ကိုနမ်းပေးပါ *

ဂျောင်ကုဝတ်ထားရတဲ့ထောင်သားဝတ်စုံ၏လည်ပင်းကော်လံထောင့်တွေကို
ခပ်တင်းတင်းဆုပ်ဆွဲထားလိုက်ပြီး ဂျောင်ကုများ ပြန်နမ်းမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့တောင်းဆိုမိတဲ့အခါ ဂျောင်ကုကလည်းလက်ထိပ်ခတ်ခြင်းခံထားရတဲ့အနေအထားဖြင့်ပဲ လက်နှစ်ဖက်လုံးအကူအညီကိုယူပြီး
ဂျီမင်းမျက်နှာလေးကိုထိတွေ့လာကာ နှုတ်ခမ်းတွေချင်းအရူးအမူးနမ်းပစ်တော့သည်။

အဲ့ဒီနောက် နှစ်ယောက်လုံးမှာ အားမလိုအားမရအနေအထားတွေဖြင့် တစ်ယောက်ကိုတစ်ယောက်ပြိုင်တူမော့ကြည့်လိုက်ကြတယ်။

ဂျောင်ကုကလက်ထိပ်ခတ်ခံထားရတဲ့သူ့လက်တွေကိုအဝိုင်းပုံသဏ္ဍာန်ဝိုက်ပစ်လိုက်ပြီး ဂျီမင်းခန္ဓာကိုယ်လေးကိုဖက်ထားဖို့ ခေါင်းမှစွပ်၍ ခါးလေးနားကိုရောက်တော့ဆွဲဖက်ပစ်လိုက်သည်။

ပြီးသည်နှင့် စက္ကန့်ပိုင်းမျှကင်းကွာသွားတဲ့နှုတ်ခမ်းတွေကိုပြန်အလုပ်ပေးလိုက်ပုံမှာတော်ရုံနှင်ရပ်တန်ကြဖို့ အစီအစဥ္လည်းမရှိခဲ့ကြပါဘူး။ကျဥ္းကျဥ္းကြပ်ကြပ်အမှု့စစ်အခန်းလေးထဲမှာ နမ်းနေနိုင်သေးသတဲ့လား။

* * * * * * * * * * * * * *

* ဆရာ...! *

အစည်းအဝေးအခန်းထဲကို အလောတကြီးပြေးဝင်လာတဲ့ တပည့်ဖြစ်သူကြောင့် အစောတလျင်ဆွေးနွေးမှုတွေလုပ်နေရသည့် ရဲမှူးချုပ်နမ်ဂျွန်းမှာ မျက်ခုံးများပင့်သွားရသည်။ထို့အတူ အခန်းတွင်း၏လေထုမှာချက်ချင်းကြီးအေးစက်သွားသယောင်ခံစားလိုက်ရပြီး ရဲမှူးချုပ်ရဲ့မျက်နှာထားမှာလည်းတင်းမာလျက်ရှိတယ်။

* ဆရာကိုယ်တိုင်လိုက်ကြည့်သင့်တယ် တယ် *

မကောင်းတာတစ်ခုခုဖြစ်နေပြီမှန်းခံစားလိုက်ရတာမို့ ရဲမှူးချုပ်နမ်ဂျွန်း၏စိတ်တွေမှာညစ်ထွေးသွားလေပြီး တပည့်ဖြစ်သူနှင့်အတူထိုMeeting Roomမှနေထွက်သွားခဲ့တယ်။
ခြေလှမ်းတွေဟာလည်း အလျင်စလိုဖြင့်ခပ်သွက်သွက်ပါပဲ။

တရားခံစစ်မေးရာအခန်းတစ်ခုရှေ့ကိုရဲမှူးချုပ်နဲ့အတူတပည့်ဖြစ်သူတို့ဟာ ရောက်လာခဲ့ကြပြီး ပွင့်ဟထားတဲ့တံခါးကိုအလိုမကျသလိုစိုက်ကြည့်သွားရင်း အခန်းတွင်းသို့လောနေဟန်အမူအရာတွေနဲ့ ဝင်ချသွားလေတော့သည်။

* ဆရာ ဒီအခြေအနေကိုကြည့်ဦး *

ကြမ်းခင်းပေါ် နေရာယူထားတဲ့လက်ထိပ်တစ်ခုကြောင့် ဒီအခန်းထဲမှာ ဘာတွေဖြစ်ပျက်သွားသိိရှိပြီးသွားပါပြီ။ခဏလေးပေါ့လျှော့မိလိုက်တာနဲ့စီစဥ္ထားသမျှဟာ ကမောက်ကမဖြစ်ကုန်ရပြီ။

ရဲမှူးချုပ်နမ်ဂျွန်းသည် မျက်လုံးတွေကိုမှိတ်ချပစ်လိုက်သလို ခါးပေါ်လက်တစ်ဖက်ထောက်စေထားလိုက်ပြီးမှ အဆုတ်တစ်ခုလုံးလေအလုံအလောက်ရမည့်အထိ အသက်ကို ပြင်းပြင်းတစ်ချက်ရှုကာ ဆုံးဖြတ်ချက်တစ်ခုကို မိနစ်ပိုင်းအတွင်းမှာပင် ပိုင်ပိုင်နိုင်နိုင်ချမှတ်လိုက်တော့သည်။

* အရာရှိပါ့ခ်ဂျီမင်နဲ့ အကျဥ်းသားဂျွန်ဂျောင်ကုတို့ကိုအခုပဲဖမ်းဝရမ်းထုတ်လိုက်ပြီ *

ြပတ်သားလွန်းသည့်စကားသံအဆုံး လက်အောက်သားတပည့်ဖြစ်သူတွေမှာလှုပ်လှုပ်ရှားရှားဖြစ်သွားကြရပြီး အချင်းချင်းပြန်ကြည့်လိုက်ကြကာ ဘာလုပ်ရမယ်မှန်းဝေခွဲမရတော့သောပုံစံတွေဖြင့်ရှိ၏။သို့သော် ရဲမှူးချုပ်ရဲ့"အခုချက်ချင်းထွက်!"ဆိုသောအော်သံအဆုံးမှာတော့ ကိုယ်စီပြေးထွက်သွားကြလေသည်။

အရာရှိပါ့ခ်ဂျီမင်ကို ဒီလောက်ထိမိုက်ရူးရဲဆန်မယ်လို့မထင်ထားခဲ့ဘူး။ဌာနတိုင်းက အားကိုးရတဲ့အရာရှိတစ်ယောက်က ဘယ်လိုလုပ်ပြီးများ ရူးရူးမိုက်မိုက်အလုပ်ကိုကျူးလွန်းရတာလဲ..?ကိုယ်ဖြင့် အံဩမဆုံးဘူး။

ဘာလဲ ဒီလိုရူးမိုက်တာကိုလည်း အချစ်လို့ခေါင်းစဥ္တပ်ကြဦးမှာလား။

* * * * * * * * * * * * *

ယာဥ္ရပ်နားစခန်းတစ်ခု၏၂၄နာရီစတိုးဆိုင်တစ်ခုတွင်တော့ ကိုယ်စီဦးထုပ်အမည်းတွေကိုခပ်ငိုက်ငိုက်ဆောင်းထားကြပြီး ခေါက်ဆွဲဗူးစားနေကြသောကောင်လေးနှစ်ယောက်သည် လိုအပ်မယ်လို့ထင်ရသည့်ပစ္စည်းတစ်ချို့ကိုလည်းတစ်ခါတည်းဝယ်နေကြရသည်။

မည်သူကမျှ သူတို့နှစ်ဦးကို ရိပ်မိလိမ့်မယ်မထင်ဘူး။ညဥ့္နက်ပိုင်းထဲရောက်နေပြီမို့ သူတို့ရောက်နေသောစတိုးဆိုင်ထဲတွင်အမျိုးသမီးဝန်ထမ်းနှစ်ယောက်လောက်သာရှိ၍ သူတို့အဖို့အသက်ရှုချောင်ရသည်လို့ပြောရမလား။

" မူးယစ်ရာဇာဂျွန်ဂျောင်ကုနဲ့အတူ အရာရှိပါ့ခ်ဂျီမင်းပါပျောက်ဆုံး "

တယ်လီဗီွးရှင်းတွင်လာနေသောသတင်းတစ်ပုဒ်ကြောင့် နှစ်ယောက်သားရဲ့မျက်ဝန်းအိမ်တွေမှာပြူးကျယ်သွားရသလို မျက်စံတွေမှာလည်းမတည်ငြိမ်ကြတော့ပါ။နှစ်ယောက်သားတစ်ယောက်မျက်နှာကိုတစ်ယောက်ပြိုင်တူကြည့်မိလိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။

* ဂျီမင်း ကိုယ်တို့ထွက်ရအောင် *

အခုထိဘယ်သူမှရိပ်မိပုံမရသေးတဲ့တာမို့ အနီးပါးတစ်ဝှိုက်ကို ဂျောင်ကုကမျက်လုံးကစားလိုက်ရင်း ဦးနှောက်ကိုယခင်ကထက်ပိုငိုက်ငိုက်ဆောင်းလိုက်သလို ဂျီမင်းလက်ကိုဆွဲပြီး နေရာမှထသွားဖို့လုပ်တော့သည်။

ထိုအချိန်တွင် မျက်ကွင်းထဲထိုးဆိုက်လာကြသောရဲကားနှစ်စီးကြောင့် နှစ်ဦးသားရဲ့အကြည့်တွေမှာပြူးပျာဆိုက်သွားရလေပြီး အချိန်ထပ်ဆွဲလို့မဖြစ်တော့ဘူးဆိုတာကိုသိတာမို့
ခြေထောက်တွေကိုအလုပ်ပေးလိုက်ရတော့တယ်။

သို့သော် သူတို့သတိမထားမိလိုက်တာက
မူမှန်မနေတဲ့သူတို့နှစ်ယောက်ကို စတိုးဆိုင်ဝန်ထမ်းအမျိုးသမီးဟာ တစ်ချိန်လုံးလိုက်ကြည့်နေခဲ့တယ်ဆိုတာပါပဲ။ဂျောင်ကုသည်ဂျီမင်းရဲ့လက်ကိုမလွှတ်တမ်းဆွဲထားရင်း
ဆိုင်အနောက်ဘက်ကနေ ထွက်ဖို့လုပ်သည်။

" Bang!!! "

ဆိုင်ထဲကိုရုတ်ချည်းရောက်ချလာသောရဲတွေသည် ဝန်ထမ်းအမျိုးသမီး၏လက်ညိုးထိုးပြရာနောက်ကို အသည်းအသန်ပြေးလိုက်သွားကြပြီး ဆိုင်အနောက်လမ်းမပေါ်​ကပြေးလွှားနေပုံရသော လူရိပ်နှစ်ခုကိုမှန်းဆပြီးသေနတ်ဖြင့် စတင်ပစ်ခတ်ကြတော့သည်။

* အာ S**t!!! အကုန်သေကုန်တော့မှာပဲ *

ဂျောင်ကုရဲ့ဆဲဆိုသံဟာညမှောင်မှောင်လမ်းမကြီးထက် ပဲ့တင်ထပ်သလိုတိုးထွက်လာရသည်။ဒါ့အပြင် ကျယ်လောင်လွန်းသောသေနတ်သံကြောင့်ဂျီမင်းကလန့်သွားပုံရကာ ခန္ဓာကိုယ်လေးတုန်ယင်ရင်းမြေပြင်ထက်ဝပ်ချလိုက်တာမို့ဂျောင်ကုပါ မြေပြင်ပေါ်ဝပ်ချလိုက်ပြီး ဂျီမင်းကိုရင်ခွင်ထဲဆွဲဖက်ထားလိုက်လေသည်။

* ဂျောင်ကု ငါတို့ဒီလိုထွက်ပြေးနေလို့မရဘူးငါတို့တစ်ယောက် တစ်လမ်းဆီပြေးရအောင် ငါလည်းလွတ်အောင်ပြေးမယ်...ဂျောင်ကုလည်းဒဏ်ရာမရစေနဲ့ *

* ဘာတွေပြောနေတာလဲ အဓိပ္ပာယ်မရှိလိုက်တာ *

အမှောင်ထဲမှာတောင် ဂျောင်ကုရဲ့ချောမောခြင်းတွေဟာ မှေးမှိန်သွားခြင်းမလျဥ္းမရှိပါပဲနဲ့ ထိုမျက်နှာချောချောသည် မျက်မှောင်ကြီးကုပ်ထားရင်း တစ်ချိန်ကအရာရှိဟောင်းလေးရဲ့မျက်နှာကို စိတ်တိုင်းမကျတွေဖြစ်စွာငုံကြည့်နေခဲ့တယ်။

* ငါ့ကိုထားခဲ့ပြီး ဂျောင်ကုကအရင်ပြေးတော့..သူတို့လိုချင်နေတာ ငါမဟုတ်တဲ့ဂျောင်ကုကိုပါ ငါကျန်ခဲ့ရလည်းစိတ်မပူနဲ့ သူတို့ကငါ့အတွက်အန္တာရယ်မရှိဘူး ဒါပေမယ့် ဂျောင်ကုကတော့မတူဘူးလေ *

* ကျစ်...!အဲ့လောက်ဖြစ်တာ ကိုယ်လည်းမပြေးဘူး မင်းကိုလည်းမထားခဲ့ဘူး...!အဲ့လိုဆိုအတူရိှနေလို့ဖြစ်ပြီဟုတ်!! *

ဂျီမင်း၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပေးပြီး အပေါ်ထပ်အင်္ကျီရဲ့အတွင်းအိပ်ကပ်ထဲက သေနတ်တစ်လတ်ကိုဆွဲထုတ်လိုက်ပြီး မောင်းချိန်သည်။ပြီးသည်နှင့် သူတို့ကိုတရပ်စပ်လိုက်ပစ်နေသော သေနတ်သမားတစ်ယောက်ကိုရုတ်ချည်းပစ်ချလိုက်တော့သည်။

ဂျောင်ကုရဲ့သေနတ်စွမ်းရည်ကတော့ တကယ့်အံမခန်းပင်။အမှောင်ထဲမှာတောင် ပစ်မှတ်ကိုတည့်တည့်ချိန်ပစ်နိုင်ခဲ့သည်။အဲ့ဒီနောက်
တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ဆိုသလိုဆက်ပစ်နေခဲ့သည်။

တည်တည်တင်းတင်းဂျောင်ကုရဲ့မျက်နှာက ဒီညမှာအပြတ်သားဆုံးပြတ်သားမှုတစ်ခုလို့ရောင်ပြန်နေခဲ့တယ်။ဂျောင်ကုဟာသေနတ်တစ်လက်ဖြင့် ဒိုင်ခံပစ်ပေးနေရင်း ဂျီမင်းကိုအရင်ဆုံးပြေးစေကာ သူကတော့ဂျီမင်း၏ဒိုင်းကာလေးအဖြစ် ဖြစ်ပေးခဲ့တယ်။

* လက်နက်ချလိုက်ပါဂျွန်ဂျောင်ကု မဟုတ်ရင် မင်းချစ်ရတဲ့လူကိုဆုံးရှုံးရလိမ့်မယ်...
တစ်ခုရွေးချယ်ပါ။လက်နက်ချပြီးအဖမ်းခံမလားသူ့ကိုပစ်လိုက်ရမလား..!။ *

ဘယ်ကမှန်းမသိကြားလိုက်ရသောအသံကြောင့် ခြေလှမ်းတွေမှာရပ်တန့်သွားလေပြီးဂျီမင်းကိုလှည့်ကြည့်လိုက်တော့သည်။ဂျီမင်း၏နားထင်စပ်လေးမှာ အနီရောင်မီးစက်လေးတစ်ခုရှိနေခဲ့တယ်။

ချစ်ရသူနာကျင်ရမယ်ဆို မြူတစ်မှုန်စာတောင်မကြည်ဖြူပေးနိုင်တဲ့လူမို့ သေနတ်ကိုထိုအယုတ်တမာတွေအလိုကျအတိုင်းလွှင့်လိုက်ကာ ဂျီမင်းအားမကာမကွယ်ပေးလိုက်နိုင်လို့နောက်တရသွားသော မျက်လုံးတွေနဲ့စိုက်ကြည့်လို့နေရစ်ကာ ထိုညမှာပဲထပ်မံကာအဖမ်းခံလိုက်ရသည်။

* * * * * * * * * * * * *

စစ်ဆေးခန်းထဲမှာ ရဲမှူးချုပ်နမ်ဂျွန်းကိုယ်တိုင်ပင်ရှိနေခဲ့ပြီး အစစ်ဆေးခံနေရသူသည် မူးယစ်ရာဇာကြီးဟုတ်မနေတော့ပါဘူး။လွန်ခဲ့တဲ့နာပိုင်းကတင် အရာရှိအဖြစ်ရှိနေခဲ့သေးတဲ့လူက မျက်စိတစ်မှိတ်လေးအတွင်းမှာကို တရားခံအဖြစ်ရောက်ရှိနေခဲ့ရသည်။

တစ်ဖက်ကအခန်းမှာတော့ မူးယစ်ရာဇာကြီးရှိနေသည်။သို့သော် စစ်ဆေးမေးမြန်းခြင်းတော့မခံနေရပါ။ထွက်ပြေးသွားသော ဝရမ်းပြေးနှစ်ယောက်ကို ရဲမှူးချုပ်ကိုယ်တိုင်းစစ်ဆေးမည်ပြောထား၍ ဘယ်သူက စစ်ဆေးမေးမြန်းမှုကိုစဆင်တင်ကြရဲပေ။

* သေချာပြန်စဥ္းစားစေချင်တယ်။အခုအထက်က အရာရှိပါ့ခ်ဂျီမင်းကိုဟိုကောင်တစာခံလုပ်သွားတယ်လို့ပဲ ထင်နေကြတာ...။ကိုယ်ပြောချင်တာက ဒီအခွင့်အရေးကနှစ်ခါပြန်မရဘူး။ကမ်းပေးထားတဲ့ကိုယ့်လက်ကိုဆွဲလိုက်ပါမင်းဘဝအတွက် မင်းအနာဂတ်အတွက် ကိုယ်ပြောနေတာ နားလည်လားဟမ် *

စစ်ဆေးတာထက် ညှိးနှိုင်မှုကိုလုပ်နေတာဆိုပိုမှန်လိမ့်မည်။

* ကျွန်တော့်ဘဝအတွက်?ကျွန်တော့်အနာဂတ်အတွက်လား စိတ်မပူပါနဲ့အစ်ကို
သူမရှိရင်ကျွန်တော်ဟာသေလူပါပဲ အဲ့တော့ကျွန်တော်သူနဲ့အတူတူကြိုးမိန့်ပေးခံချင်တယ် *

* ပါ့ခ်ဂျီမင်း..!!မင်းရူးသွားပြီလား မွှန်နေတယ်ဆိုလည်းရပ်တန်းကရပ်ပါ မင်းဘဝကိုပဲမင်းကြည့်..။ *

* ကျွန်တော့်ဘဝ?ဟက့်..!စိတ်ကုန်ဖို့ကောင်းလွန်းလို့မကြည့်ချင်တော့ဘူး ဂျောင်ကုမရှိပဲအသက်ရှင်ရမှာတာထက်စာရင် သူ့ကိုချစ်ပြီးပဲ အသေခံလိုက်တော့မယ် *

* မင်းတော်တော်မွှန်ထူနေပြီ ပါ့ခ်ဂျီမင်း။ငါတကယ်စိတ်ပျက်တယ် *

နောင်တတရားတွေကင်းမဲ့နေတဲ့မျက်လုံးလေးတွေကြောင့် ရဲမှူးချုပ်မှာသာယူကျုံးမရတဲ့စိတ်တွေ အပြစ်မကင်းတဲ့စိတ်တွေ နောက်ဆုံးဒေါသဖြစ်စိတ်တွေနဲ့သာ တစ်ဖက်ခန်းကိုထွက်လာခဲ့ရသည်။ဂျီမင်းကတော့ ဘယ်လိုမှဖျဖြောင်းဖျလို့ရတော့မှာမဟုတ်ဘူး။

* ဒီမှာ ငါစကားတွေအများကြီးမပြောချင်ဘူး ပါ့ခ်ဂျီမင်းကို မင်းပဲဖြောင်းဖျလို့ရတော့မှာ။မင်းတားပေး အဲ့ကလေးတစ်ဇွတ်ထိုးလုပ်ရင်ဘယ်သူမှတားနိုင်တာမဟုတ်ဘူး။အခုမင်းပဲရှိတော့တယ် *

* နေစမ်းပါဦး ခင်ဗျားဘာကိုပြောချင်နေတာလဲ *

ပထမခုံကိုခပ်လျောလျောမှီပြီးထိုင်နေရာကနေ ဂျီမင်းမကြောင်းလည်းကြားရော ဆက်ခနဲကုန်းထလာခဲ့ပြီး စားပွဲပေါ်လက်ထိပ်ခတ်ခြင်းခံထားရတဲ့လက်တွေကိုတင်လာခဲ့၏။
ကြည်လင်ရှင်းတောက်နေသောမျက်လုံးတွေထဲမှာ ဂျီမင်းကိုထိခိုက်အောင်မလုပ်လိုတဲ့ဆန္ဒတွေမြင်နေတာမို့ ရဲမှူးချုုပ်ဟာပြုံးသွားခဲ့သည်။

ပါ့ခ်ဂျီမင်းကို ကယ်တင်နိုင်တာဆိုလို့ မင်းပဲရှိတော့တယ်ကွ။

* မင်းကြောင့်နဲ့မင်းချစ်တဲ့လူသေတာကိုလိုချင်နေတာလား။ပါ့ခ်ဂျီမင်းလိုလူနဲ့ ကြိုးမိန့်ပေးခံဖို့ကမတန်ဘူးကွ။မင်းကြောင့်သာမဟုတ်ခဲ့ရင် ပါ့ခ်ဂျီမင်းက ငါတို့လေးစားရတဲ့ပါ့ခ်ဂျီမင်းဖြစ်နေဦးမှာ *

* ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ *

* မင်း ဝန်ခံလိုက်ပါ..။ပါ့ခ်ဂျီမင်းကို ပြန်ဆွဲသွားတာအမှန်ပါပဲလို့ဝန်ခံလိုက်ရင် အားလုံးပြီးပြီ *

* အဲ့လိုလုပ်ပေးရင် ဂျီမင်းအန္တာရယ်ကင်းမှာသေချာလား *

* ငါ ကျိန်တယ်။ပါ့ခ်ဂျီမင်းခန္ဓာကိုယ်မှာ အပ်ရှရာလေးတောင်မရှိစေရဘူး ဒါပေမယ့်မင်းကတော့ ချက်ချင်းကြိုးမိန့်ပေးခံရလိမ့်မယ် *

* ကိစ္စမရှိပါဘူး။အစကတည်းကကြိုးမိန့်ပေးခံရမယ့်ကောင်ပဲ ကျွန်တော်က ဖြစ်တယ်။သူ့ကိုသာ ဘေးကင်းပါစေ *

မူးယစ်ရာဇာသာပြောတာ သူ့ချစ်သူဘေးကင်းမယ်လည်းဆိုရော ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ပြလာခဲ့ပြီး နမ်ဂျွန်းတောင်းသမှကတိတွေကို ချွင်းချက်မရှိအကုန်ပေးရှာပါသည်။

......................................။

နောက်တစ်နေ့မှာတော့ အတူတူထွက်ပြေးသွားကြတဲ့ဝရမ်းပြေးနှစ်ယောက်ကို တစ်ခန်းတည်းမှာပဲ ဘေးချင်းကပ်နေရာချထားပေးပြီး နမ်ဂျွန်းအပါအဝင်ဆိုးလ်ခရိုင်ရုံးကရှေ့နေတစ်ဦးပါအတူရှိနေခဲ့ပြီး သူတို့နှုတ်ကထွက်သမျှးစကားလုံးတိုင်းကို အကုန်မှတ်တမ်းရေးသည်။

* ဘာတွေလျှောက်လုပ်လိုက်တာလဲဟမ် *

* ကိုယ်သေရမယ်ဆိုရင်တောင် ဂျီမင်းကတော့ ဘေးကင်းနေမှဖြစ်မယ် ကိုယ့်ရင်ထဲကဆန္ဒပါ ဂျီမင်းကလိုက်လျောပေးလေ *

* ရူးနေလို့လိုက်လျောရမှာလား...!ငါတို့အတူတူနေခွင့်မရရင်တောင် အတူတူတော့သေခွင့်ရသေးတာကို မင်း ဘာတွေလျှောက်လုပ်ပစ်လိုက်တာလဲဂျောင်ကုရဲ့။မင်းနဲ့သာအတူဆို ငါနောင်တမရဘူး *

အလွတ်ကျက်ထားသောစကားလုံးတွေကို တစ်လုံးမကျန်ပြောခဲ့သော်လည်း ဂျီမင်းသည်စက္ကန့်ပိုင်းအတွင်းမှာကိုဖျက်ဆီးမှု့ပြုလိုက်လေသည်။စောဏကအထိပြုံးနေခဲ့သော နမ်ဂျွန်းမျက်နှာထားမှာချက်ချင်းပင်တည်တင်းသွားရလေတယ်။ဒီတစ်ခါတော့ဖြင့် ပါ့ခ်ဂျီမင်းအပေါ်တကယ်စိတ်ပျက်သွားခဲ့လေပြီ။

* * * * * * * * * * * * * * *

လက်ထိပ်တစ်စုံကို တစ်ယောက်တစ်ဖက်ဖြင့် တစ်ယောက်ကဘယ်ဆို တစ်ယောက်က ညာအနေအထားဖြင့် ပူးတွဲခတ်ခံရထားပြီး ဖမ်းဆီးမိသောတရားခံတွေအဖြစ် သတင်းစာတိုင်း၏စာမျက်နှာတိုင်းလိုလိုမှာဖော်ပြခြင်းခံနေရတဲ့ ထိုနှစ်ယောက်မှာ ကမ္ဘာကျော်တွေထက်ပင် ကမ္ဘာကျော်သွားခဲ့ရသည်။

" မူးယစ်ရာဇာဂျွန်ဂျောင်ကုနှင့်အတူ အရာရှိဟောင်းပါ့ခ်ဂျီမင်းတို့ ကြိုးမိန့်ပေးခံရ၍သေးဆုံးကြောင်းသတင်းရ...။"

သတင်းထဲကလိုပဲ တကယ်ကြီးကြိုးမိန့်ပေးခံလိုက်ရလို့ သေဆုံးသွားရပြီဖြစ်တဲ့ရုပ်အလောင်းနှစ်ခုကို ရဲမှူးချုပ်နမ်ဂျွန်းကပဲ
ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ပြီး အရိုးပြာအိုးတွေသီးသန့်သိမ်းပေးထားတတ်သည့်ပြခန်းထဲက အရိုးပြာအိုးလေးနှစ်ခုရှေ့ထံအဖြူအောင်ဂန္ဓမာပန်းတစ်ပွင့်စီကိုတင်ထားပေးလိုက်သည်။

ပြာအိုးလေးတွေရှေ့ကဓာတ်ပုံကိုကြည့်ပြီးတိတ်တဆိတ်နှုတ်ဆိတ်နေမိစဥ္ ထပ်အင်္ကျီအပေါ်ကုတ်ထဲမှ တုန်ခါနေသောဖုန်းကြောင့််
ယူစစ်ကြည့်လိုက်တော့ Unknown Numberဖြစ်နေခဲ့သည်။

* ကျေးဇူးတက်ပါတယ် အစ်ကို *

သိသိရက်နဲ့မျက်ကွယ်ပြုထားပေးလိုက်ရတဲ့အချိန်တွေလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ရိှလာတတ်သေးတာပဲလား။

ဒီလိုတွေမဖြစ်လာခင် ခရိုင်ရုံးကရှေ့နေ့ပြန်သွားပြီးကြာချိန်မှာ အလွန်အမင်းစိတ်ပျက်နေဟန်မျက်နှာကြီးဖြင့် ရဲမှူးချုပ်ကအခန်းထဲပြန်ဝင်လာခဲ့ပြီးသော့တွဲတစ်တွဲနှင့်အတူ ကားသော့တစ်ချောင်းရယ် လက်ထိပ်သော့တစ်ခုကို ပစ်ချပေးလာသည်။

* မိနစ်(၂၀)အချိန်ရမယ် ဒီအချိန်တွင်းမှာ လွတ်အောင်ပြေးရမှာက မင်းတို့တာဝန်ဖြစ်သွားပြီ။လွတ်အောင်ပြေးပါ...အကယ်၍ပြန်ဖမ်းမိသွားခဲ့ရင် အဲ့အခါကျ ငါလည်း ဘာမှတတ်နိုင်တော့မှာမဟုတ်ဘူး *

အဲ့နေ့က ဘာတွေဖြစ်ခဲ့ကြသလဲကိုနမ်ဂျွန်းမှာပြန်တွေးမိသွားပုံရပြီး နှုတ်ခမ်းတွေကိုပြုံးလိုက်မိကာ မျက်ဝန်းတွေမှာလည်းကြည်ကြည်သာသာပါပဲ။မှန်ဘောင်ထဲကဓာတ်ပုံတွေကိုနောက်ထပ်တစ်ခေါက်ငေးကြည့်ပြီးသွားတဲ့အချိန်မှာ ဖုန်းထဲဝင်လာသည့်စာတိုကိုပင်ဖျက်ပြီးသွားပြီဖြစ်ပြီး ဖုန်းကိုအင်္ကျီအိတ်ကပ်ထဲပြန်ထည့်ကာ ထိုအဆောက်အဦးထဲမှနေ
ထွက်ခွာသွားတော့သည်။

............................။

ပင်လယ်ရေလှိုင်းတွေ၏ အော်သံကျယ်ကျယ်ကို ခပ်ဆိတ်ဆိတ်ငြိမ်သက်ကာနားထောင်နေခဲ့ကြပြီး စာပြန်ခြင်းမရှိသော ဖုန်းကလေးကို တစ်နေရာမှာချထားလိုက်ဖို့လိုက်ခဲ့ပေမယ့် တစ်စုံတစ်ယောက်ဟာဆွဲယူသွားလေပြီး ကောင်းကင်ပြာပြာနှင့်တိမ်ဆိုင်ဖြူဖြူတို့၏ လိုက်ဖက်နေမှုကိုမှတ်တမ်းတင်ပစ်လိုက်သည်။

ထိုသို့ကလေးဆန်ဆန်လုပ်ရပ်လေးကြောင့်
သူ၏မျက်ဝန်းတွေကိုလခြမ်းသဏ္ဍန်ပေါ်သည့်အထိ ပြုံးရယ်မိလိုက်ကာ ခေါင်းယမ်းပြမိတော့ သူ့ဘေးကလူသည် ဖုန်းကိုပိတ်လိုက်ပြီး သဘေင်္ာကုန်းပတ်ပေါ်မှာလှဲချပစ်လိုက်ကာ သူ့ကိုလည်းလှဲစေပြီး ခေါင်းအောက်လက်မောင်းကြီးကိုခုပေးလာခဲ့သည်လေ။

အဲ့ဒီနောက် တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်မိလိုက်ကြပြီး အကြည့်ချင်းဆုံသွားတဲ့အခါ ချိုချို့မြမြရယ်သံတွေနဲ့ပတ်ဝန်းကျင်ကိုဖုံးကွယ်သွားစေတော့သည်။
ဖုန်းကလေးကိုမိုးပေါ်ထောင်ပြီး ရောက်တက်ရာရာပုံတွေပိုလည်းလျှောက်ရိုက်ဖြစ်ခဲ့ကြသေးသည်။

တကယ်တော့ ထိုနှစ်ယောက်လိုက်ပါသွားတဲ့သဘေင်္ာဟာ မှောင်ခိုသဘေင်္ာတဲ့လေ။ဂျပန်မှာကမ်းကပ်ရင်ဆင်းကြမှာလား?ဆွစ်ဇာလန်မှာကမ်းကပ်ရင်ဆင်းကြမှာလား?ဒါမှဟုတ် နယ်သာလန်အထိများလား။မသိသေးပါဘူး
အခုလောလောဆယ်တော့ သဘေင်္ာစီးနေရတာကို သူတို့တအားပျော်နေကြတယ်။

* ချစ်တယ်

ဒီစကားလေးတစ်ခွန်းကို ပြိုင်တူရေရွတ်မိလိုက်ကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် အံဩသွားသောမျက်လုံးလေးတွေနဲ့
အပြန်ပြန်အလှန်လှန်ငေးလို့နေရစ်ပြီးမှ ထိုနှစ်ယောက်ထံကနေ ရယ်သံလေးတွေထပ်ထွက်လာကြသည်။

ပြီးတော့ လခြမ်းကွေးမျက်ဝန်းလေးတွေကိုပိုင်ဆိုင်ထားတဲ့လူသားလေးမှာ မျက်ခွံလေးတွေကိုဖိကပ်နမ်းခံလိုက်ရပြီးမကြာပါ မျက်နှာလေးထက်အစိတ်အပိုင်းလေးတွေတစ်ခုစီချင်းတိုင်းအနမ်းခံလိုက်ရတော့သည္။

x x x x x x x x x x x x x x x x x x x x x x

(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)

x x x x x x x x x x x x x x x x x x x x x x.
.
.
.
.

( Zawgyi )

(PLOST TWIST )

ရွန္ပိန္တစ္ခြက္ျဖင့္ ဆိုဖာကိုခပ္ေလ်ာေလွ်ာ
မွီထိုင္ထားကာ မ်က္ဝန္းေတြဟာေတာ့အေရွ႕တည့္တည့္မွာရွိေနေလတဲ့ တီဗ္ီြစခရင္ထက္၌သာကပ္ညွိေနေလသည္။တီဗ္ီမွာလာေနတာက လူတစ္ေယာက္ရဲ႕လႈပ္ရွားေနမႈေတြျဖစ္ၿပီး တစ္စုံတစ္ေယာက္ကကင္မရာနဲ႕ခိုးရိုက္ထားပုံရလည္းရသည္။

ခိုးရိုက္ထားေသာ္လည္း ျမင္ကြင္းေတြသည္ၾကည္လင္သည္၊ျပတ္သားသည္။မ်ားေသာအားျဖင္ေတာ့ ေဈးဝယ္ထြက္ေနပုံေတြျဖစ္ၿပီး
တကၠစီေပၚတက္သြားတဲ့ပုံေတြကအစ မ်က္လုံးေလးေတြေပ်ာက္တဲ့အထိရယ္ေမာေနတဲ့ပုံေလးေတြလည္းပါသည္။

ရွန္ပိန္ကို တစိမ့္စိမ့္အရသာခံေသာက္ေနရင္း
လူသားလွလွေလးကိုတစိမ့္စိမ့္ထိုင္ၾကည့္ေနရတာက သူ႕အတြက္ေတာ့ေလာကစည္းစိမ္တစ္ခုျဖစ္ေနခဲ့ေလာက္မည္။တကယ္လည္းနိဗၺာန္ဘုံဆိုတာ မ်က္စိေရွ႕ကလူသားေလးကသက္ေသပဲေလ။

လွတယ္။ခ်စ္ဖို႔ေကာင္းတယ္။မက္ေမာစရာလည္းေကာင္းတယ္။ဖေယာင္း႐ုပ္လွလွေလးျဖစ္တည္မႈနဲ႕ကိုယ့္ခ်စ္သူေလးကို ေပြ႕ဖက္ထားခ်င္တယ္။ၿပီးေတာ့ တရွိုက္မက္မက္နမ္းေပးခ်င္တယ္။သုံးေနခဲ့တဲ့ေဆးေတြထက္ပိုစြဲလန္းေစတယ္။

အေရွ႕တည့္တည့္ရွိျမင္ကြင္းေပၚကပုံရိပ္ေလးေတြကိုၾကည့္ေနမိရင္း သေဘာက်စိတ္နဲ႕ၿပဳံးလိုက္ေလေသာအခါ ေအာက္ႏႈတ္ခမ္းလႊာထက္က မွဲ႕နက္ကေလးသည္ပင္ ကိုယ့္ခ်စ္သူကိုႀကိဳဆိုေပးရသည္။မစြန့္လႊတ္နိုင္တဲ့အထိကိုယ္ခ်စ္ရတယ္...။

* ပါ့ခ္ဂ်ီမင္းကိုခ်စ္တယ္ *

* * * * * * * * * * * * * * * *

လတစ္လ၏ေနာက္ဆုံးရက္ဟာ ပါ့ခ္ဂ်ီမင္း၏အလုပ္နားရက္ျဖစ္သျဖင့္ ပါ့ခ္ဂ်ီမင္းသည္အိမ္ျပန္သြားခဲ့သလို မာမီဟာလည္းအလုပ္ကိစၥဟုအေၾကာင္းျပၿပီး ဒီမနက္မွာတင္ Over Seaထြက္သြားခဲ့သည္။ဆိုေတာ့ကာ ဒီေန႕သည္ ကူး(ေခၚ)ဂြၽန္ေဂ်ာင္ကုရဲ႕စိတ္ႀကိဳက္ေန႕ပဲေပါ့။

လုပ္ခ်င္တာေတြ ေ႐ြးလုပ္ေနခဲ့ရင္း ေနခ်င္သလိုေတြေနေနခဲ့တဲ့အခ်ိန္ ေလာ့ခ္ျခင္းမရွိတဲ့သူ႕အခန္းတံခါးမွာ တစ္စုံတစ္ေယာက္၏တြန္းဖြင့္မႈေၾကာင့္ ပြင့္သြားခဲ့ေလသည္။

* Hyungျပန္လာတာကူး...အန္တီခရီးသြားတယ္ေျပာလို႔။မနက္က ထမင္းစားရဲ႕လား *

ထုံးစံမျပတ္ ပြစိပြစိအေျပာေလးေတြကိုအရင္ၾကားလိုက္ရၿပီး လူကိုယ္တိုင္ကေတာ့ တံခါးၾကားထဲကေနထြက္လာျခင္းမရွိေသးပါဘူး။ၿပဳံးစိစိမ်က္ႏွာေလးနဲ႕တံခါးၾကားထဲကေနထြက္လာေလၿပီး ခုတင္ေပၚကိုအရင္ဆုံးအၾကည့္ေရာက္သြားၿပီးမွ အခန္းေထာင့္မွာရွိေနသူကိုျမင္သြားပုံရသည္။

* ကူးက ဘာလဲ *

မတ္တတ္ရပ္ရင္း ေဆးလိပ္ေသာက္မပ်က္တဲ့လူကို ေမးခြန္းေပါင္းမ်ားစြာပါေနတဲ့မ်က္လုံးေလးေတြနဲ႕ေသခ်ာၾကည့္သြားၿပီးမွ
ဘာစကားမွထပ္မေျပာလာေတာ့ဘဲ ခ်က္ခ်င္းအခန္းထဲကျပန္ထြက္သြားေတာ့သည္။ပါ့ခ္ဂ်ီမင္းက အရိပ္အကဲဖမ္းတတ္ၿပီး သိပ္လည္တာ။

ေမးခြန္းေတြအမ်ားႀကီးမေမးသလို ျပႆနာေတြလည္းမရွာသြားဘူး။ဒါေပမယ့္စိတ္ဆိုးသြားေတာ့ေသခ်ာတယ္။ၿပီးေတာ့တစ္ခါတည္းအလုပ္ထြက္ဖို႔လုပ္ေတာ့မွာ။ေသာက္လို႔မကုန္ေသးတဲ့ေဆးလိပ္ကိုမီးသတ္ပစ္လိုက္ကာ ပါ့ခ္ဂ်ီမင္းေနာက္ေျပးလိုက္ရေတာ့သည္။

အနားေရာက္သည္ႏွင့္ လက္ကေလးေတြကိုလွမ္းဆြဲထားလိုက္ၿပီး ရင္ခြင္ထဲတင္းေနေအာင္ဖက္ပစ္ထားလိုက္ေတာ့သည္။ဝင္လာၿပီးရင္လည္းေနေတာ့ေပါ့..ဘယ္ကိုထြက္ေျပးဖို႔ႀကံစည္ေနတာလဲ ကိုယ့္ဂ်ီမင္းက။

ဂ်ီမင္းက သူ႕စိတ္လုံၿခဳံရာေလးျဖစ္ေနလို႔လည္းမသိဘူး ဂ်ီမင္ရဲ႕ကိုယ္သင္းနံ႕ေလးက သူ႕အသက္ရႈသံေတြထိန္းညွိေပးတယ္။ပုခုံးႏုႏုေလးထံေခါင္းမွိတ္ခ်ပစ္လိုက္ၿပီး သိုင္းဖက္ထားတဲ့လူေတြကိုပိုတင္းပစ္လိုက္သည္။

* ဘာမွမေမးေတာ့ဘူးလား *

* မေမးဘူး *

* ေျပာျပခ်င္တယ္ ဂ်ီမင္းကနားေထာင္ေပးမလား *

ဆိတ္ဆိတ္ေနျခင္းက ဝန္ခံတာပါဆို ဒီလိုေလး ၿငိမ္ေပးေနတာက သိခ်င္တယ္လို႔ မွတ္ယူလို႔ျဖစ္တယ္မလား။ထားပါ သိခ်င္တယ္လို႔ပဲ ကိုယ္ကသတ္မွတ္လိုက္ၿပီ။

ဂ်ီမင္းက နားေထာင္ေပးလို႔ေျပာၿပီး အေတာ္ၾကာတဲ့အထိ ဘာစကားမွေျပာမလာတာမို႔
ပုခုံးကိုလႈပ္ယမ္းပစ္လိုက္ရကာ ပုခုံးေပၚေမးတင္ၿပီးမ်က္လုံးမွိတ္ဇိမ္ခံေနသူကို အဲ့လိုလည္းသတိေပးလိုက္ရေသးသည္။

* ဘယ္အခ်ိန္က မွတ္ဉာဏ္ေတြျပန္ရေနတာလဲ *

* ဟက္..!ဘယ္တုန္းကမွ ကိုယ့္မွတ္ဉာဏ္ေတြမေပ်ာက္ခဲ့ဘူး *

* ဟင္ ဒါဆို ေျခေထာက္ကေရာ *

* အတူတူပဲ *

ဂ်ီမင္းရဲ႕တိုးတိုးညွင္းညွင္းစကားသံေလးဟာ တစ္ဖန္ျပန္တိတ္ဆိတ္သြားရသည္။ဒါ့အျပင္ ဂ်ီမင္း၏မ်က္ႏွာေလးသည္ ကာလာစုံေတြျဖတ္ေျပးေနလ်က္ရွိၿပီး တစ္ခဏအတြင္းမွာကိုအမ်ိဳးစုံကိုေျပာင္းလဲေနရတယ္။

ေဘးတစ္ေစာင္းေလးျမင္ေနရတဲ့မ်က္ႏွာေလးက အရိုးရွင္းဆုံးနဲ႕အခမ္းအနားဆုံးလွပေနတဲ့အခါ အၾကည့္ေတြမလႊဲနိုင္ခဲ့သူကလည္း တစိမ့္စိမ့္ယစ္မူးေတေနခဲ့၏။

ထပ္ခါထပ္ခါပိုင္ဆိုင္ခ်င္စိတ္ေတြဝင္လာမိျပန္ေတာ့ ကိုယ့္လက္တြင္းမွာဖက္ထားဆဲကိုယ္ငယ္ေလးကို ပိုတင္းၾကပ္စြာဖက္ထားပစ္လိုက္သည္။

* ခ်စ္တယ္ ဂ်ီမင္း !*

* ဟင္! *

သို႔ေသာ္ဂ်ီမင္းဆီကေန ဘယ္လိုအေျဖမ်ိဳးမွျပန္မရခဲ့ဘူး။ျငင္းလိုက္တယ္လို႔လည္းမဟုတ္ခဲ့သလို လက္ခံေပးလိုက္တယ္လည္းမဟုတ္ျပန္ဘူး။ေသခ်ာေျပာရရင္ ပါ့ခ္ဂ်ီမင္းကိုမျငင္းခဲ့ပါဘူး။

ႏႈတ္ဆိတ္ေနျခင္းဟာ ဝန္ခံတာဆို...ဂ်ီမင္း
ဒီလိုစကားျပန္မေျပာတာကလည္း လက္ခံလိုက္တာနဲ႕အတူတူပဲလား။ျငင္းမွမျငင္းတာကို စိတ္ထဲဂြၽန္ေဂ်ာင္ကုေနရာေပးထားလို႔ပဲျဖစ္မွာ။

လက္ကိုင္တာေရာ ဖက္တာေရာ လုပ္ၾကတယ္ဆို အဲ့လူႏွစ္ေယာက္က အတြဲေတြျဖစ္ေနုၾကလို႔ေလ?..။

ပါးျပင္ေလးေတြရဲရဲေစြးေနတဲ့ဂ်ီမင္းကို အနမ္းဖြဖြေပးပစ္ရမယ္။တကယ္လည္းနမ္းပစ္လိုက္တယ္။ပုခုံးေလးေတြတြန့္ၿပီး ခႏၶာကိုယ္ေလးနည္းနည္းယိမ္းသြားတာကလြဲရင္ ဂ်ီမင္းက ကိုယ့္ကိုမျငင္းဆန္ခဲ့ဘူး။

နမ္းတာေရာ...ဒီလိုတင္းတင္းၾကပ္ၾကပ္ဖက္ထားတာကိုေရာမျငင္းဘူးဆိုမွေတာ့ ဂ်ီမင္းကကိုယ့္ခ်စ္သူျဖစ္သြားၿပီေလ။ဟုတ္တယ္ဟုတ္!။ျပန္မေျဖေသးလည္းရတယ္။ခ်စ္တယ္လို႔ျပန္မေျပာခ်င္ေသးလည္းရတယ္။ဘယ္လိုျဖစ္ျဖစ္ ပါ့ခ္ဂ်ီမင္းက ကိုယ့္ခ်စ္သူ။

တစ္ကေန သုံးအထိေရလို႔မွ မျငင္းေသးဘူးဆို တကယ္ခ်စ္သူလုပ္ပစ္လိုက္ေတာ့မယ္။
အဲ့လိုလုပ္လိုက္ရမလား..?။

* ဟို..ကူး ငါသိခ်င္တာဒါေတြမဟုတ္ဘူးေလေမးလည္းမေမးပါဘူး *

* အခုကစၿပီး ေဂ်ာင္ကုလို႔ပဲေခၚ *

နံရံကပ္မွန္ထဲကေနတစ္ဆင့္ တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ေနမိၾက၏။ဖက္ထားတာကိုမ႐ုန္းပစ္ေသးတဲ့ဂ်ီမင္းသည္ သူ႕မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ ေဂ်ာင္ကုအားျပဴးျပဴးေလးစိုက္ၾကည့္ေနတာမို႔ ေဂ်ာင္ကုကလည္းထိုမ်က္ဝန္းေလးေတြကိုျပန္စိုက္ၾကည့္ေနခဲ့တယ္။

ပုခုံးေသးေသးေလးေပၚတင္ထားဆဲမ်က္ႏွာႀကီးကို လည္တိုင္ေလးၾကားတိုးဝင္ပစ္လိုက္ၿပီး ႏွာတံႀကီးျဖင့္တရႈံ႕ရႈံနမ္းေနလ်က္က်ီစယ္ျပန္ေတာ့ လက္ေသးေသးေလးမ်ားက ဖြဖြတြန္းထုတ္လာခဲ့သည္။

အဲ့ဒီတြန္းထုတ္လာတဲ့လက္ကေလးေတြကိုပါ ဆြဲယူပစ္ၿပီးႏႈတ္ခမ္းလႊာေတြနဲ႕တဖြဖြထိေတြ႕နမ္းပစ္လိုက္ေတာ့"ဟာ"ခနဲ အသံေသးေသးေလးၾကားလိုက္တယ္။

အဲ့ဒီေနာက္တြင္ေတာ့ ျပန္ေျပာဖို႔မဆိုထားႏွင့္ျပန္ေတြးၾကည့္ရင္ေတာင္ ေကာင္းစရာမရွိတဲ့ငယ္ဘဝအတိတ္ကို ေျပာျပလာပါေတာ့တယ္။တစ္ခ်ိဳ႕လူေတြရဲ႕အတိတ္ဟာ တစ္ခ်ိဳ႕လူေတြအတြက္ေတာ့ ဘာရယ္မဟုတ္ၾကေပမယ့္ ျပန္ေတြးၾကည့္တာနဲ႕တင္ နာက်င္စရာေတြျပည့္ႏွက္လာရတာကို သိၾကရဲ႕လား။

....................................။

လြန္ခဲ့တဲ့(၇)ႏွစ္ခန့္က ဒီဇင္ဘာလရဲ႕ေနာက္ဆုံးညကို ဘယ္ေတာ့မွေမ့မွာမထင္ဘူး။ေမ့နိုင္မွာလည္းမဟုတ္ဘူး။ထိုညက
ေႏြလယ္ညရဲ႕အိမ္မက္ဆိုးေတြလိုပဲ ဘဝတစ္ေလွ်ာက္လုံးကိုထိတ္လန့္ေစခဲ့တယ္။

ဒဏ္ရာသင့္ေနဆဲႏွလုံးသားဟာ အနာဖီးျပန္ျပန္တက္ရသလိုမ်ိဳး ဒီဇင္ဘာရဲ႕ညေတြကိုေရာက္တိုင္း နာက်င္ေနရတုန္းပဲ။အသည္းနာရတယ္ဆိုတာ ဂြၽန္ေဂ်ာင္ကုရဲ႕ဘဝကမွတကယ့္လက္ေတြ႕။

နာက်င္စရာေတြၿပီးရင္ ေပ်ာ္စရာေတြလာလိမ့္မယ္ဆိုတာ တကယ္ေတာ့အဲ့လိုမဟုတ္ခဲ့ဘူးပဲ..အဲ့ဒါလူတစ္ခ်ိဳ႕ၾကားေကာင္းေအာင္ေလွ်ာက္ေျပာခဲ့ၾကတဲ့ယုံတမ္းစကားသပ္သပ္ေလ။နာက်င္မႈၿပီးရင္ ရက္က္မႈေတြထပ္လာတတ္တာကမွ တကယ့္အမွန္တရားမို႔ ၾကမၼာႀကီးကိုေတာင္ စိန္ေခၚလိုက္ခ်င္ေသးတယ္။

အဲ့ဒီေန႕ေရာက္မလာခင္အထိ ဂြၽန္ေဂ်ာင္ကုရဲ႕ဘဝဟာ သာမာန္ကေလးေတြလိုမ်ိဳးလြတ္လပ္ေပါ့ပါးျခင္းေတြနဲ႕..အဆိပ္သင့္ရတယ္ဆိုတာ ဘာမွန္းေတာင္ေသခ်ာမသိေသးတဲ့အ႐ြယ္ေလးအျဖစ္ပဲရွိခဲ့ေသးတာ။

၁၄ႏွစ္သားအ႐ြယ္ဂြၽန္ေဂ်ာင္ကုဘဝမွာ ဒက္ဒီရယ္ မာမီရယ္နဲ႕ မာမီညီမအန္တီေလးက အေရးပါဆုံးျဖစ္တည္မႈေတြျဖစ္ခဲ့ဖူးတယ္။အဲ့ညမတိုင္ခင္အထိေပါ့။အရာအားလုံးပ်က္စီးသြားရေတာ့မယ့္အဲ့ဒီညက သူ႕တို႔မိသားစုဝင္ေတြခ်ည္းပါတဲ့ ႏွစ္သစ္ကူးပါတီအေသးစားေလးလုပ္ခဲ့ၾကတယ္။

ဘာေတြကေနဘယ္လိုစမွားခဲ့သလဲသူတကယ္မသိခဲ့ဘူး။ပါတီေၾကာင့္ ညၪ့္အေတာ္နက္မွ အိမ္ေပၚတက္ခဲ့ၾကတာပဲမွတ္မိခဲ့ၿပီး
မနက္ခင္းမိုးလင္းခါနီးမွ သူတစ္ေရးျပန္နိုးလာခဲ့တာ။အဲ့ဒါကလည္း နားထဲမွာဆူညံ့ေနတဲ့အသံေတြေၾကာင့္။

ဒီေလာက္ဆူေနတာကိုဒက္ဒီတို႔မနိုးဘူးလားဆိုတဲ့ဂ်စ္တစ္တစ္စိတ္ေလးနဲ႕ ေျမညီထပ္ကိုဆင္းလာခဲ့ေသာ္လည္း ေတြ႕လိုက္ရတဲ့ျမင္ကြင္းဟာသူလို၁၄ႏွစ္သားအ႐ြယ္ကေလးတစ္ေယာက္အဖို႔ ကမာၻပ်က္ေစခဲ့သလို တုန္လႈပ္တာထက္လည္းပိုခဲ့တယ္။

ဧည့္ခန္းရဲ႕အလယ္မွာ မာမီ့ညီမအန္တီေလးဟာ ေသြးသံတရဲရဲျဖင့္ေသြးစက္မ်ားစြာတစ္ေပါက္ခ်င္းစီးက်ေနတဲ့ ဓားတစ္ေခ်ာင္းကိုကိုင္ထားၿပီး ေတြေဝမႈကင္းမဲ့စြာျဖင့္ရပ္ေနခဲ့ၿပီး ဆိုဖာေပၚမွာေတာ့ဒက္ဒီရဲ႕အသက္မဲ့ေနတဲ့ခႏၶာကိုယ္ဟာရွိေနခဲ့တယ္။

ၾကမ္းျပင္ေပၚမွာေတာ့ မာမီကၿငိမ္သက္စြာလွဲေလ်ာင္ေနရင္း....!အဲ့ဒါဘာေတြျဖစ္ကုန္ၾကတာလဲ။

* ေသ!ေသ...!သြားေသလိုက္ၾက!နင္တို႔ေတြအကုန္ေသလိုက္ၾက *

ထို႔ေန႕ ထိုညမွာ ဂြၽန္ေဂ်ာင္ကုကမာၻၿပိဳခဲ့ရတယ္။

​ေသြးစြန္းေနတဲ့ဓားကိုခပ္တင္းတင္းဆုပ္ကိုင္ထားၿပီးအန္တီေလးက အသက္မရွိေတာ့တဲ့သူ႕မိဘခႏၶာကိုယ္ေတြကို တစ္လွည့္စီလႈပ္ယမ္းၾကည့္ေနခဲ့ၿပီး အဲ့ဒီေနာက္မွာေတာ့ ေသြးမ်ားစြာ ဒလေဟာစီးက်ေနတဲ့ဒက္ဒီရင္ဘက္ကို ဓားနဲ႕အခ်က္ေပါင္းမ်ားစြာထိုးစိုက္ေနခဲ့တယ္။

* ဘယ္လိုလဲ ငါ့ဆီ ဓားနဲ႕အထိုးခံလိုက္ရေတာ့နင္တို႔ေတြေပ်ာ္ၾကတယ္မလား *

အန္တီေလးစကားေတြဟာ မူမမွန္ေတာ့သလို အျပဳအမူေတြ ရယ္သံေတြက အရမ္းေၾကာက္စရာေကာင္းလြန္းခဲ့တယ္။

​ျမင္ကြင္းဟာ အက်ၪ္းတန္လြန္းတာထက္ပိုခဲ့တယ္။အလြန္အမင္းကို ေၾကာက္စရာႀကီးျဖစ္ခဲ့ရတယ္။မိဘေတြကို ကူညီေပးခ်င္ေသာ္လည္း ကိုယ္ကိုယ္တိုင္ပင္ေၾကာက္လြန္းလို႔အသံမထြက္ခဲ့တဲ့ဘဝဟာ တကယ့္ေလာကငရဲတစ္ခုျဖစ္ခဲ့မယ္ထင္တယ္။

စၪ္းစားၾကည့္ၾကစမ္းပါဦး ၁၄ႏွစ္သားတစ္ေယာက္ရဲ႕ရင္ထဲမွာ ဘယ္ေလာက္ထိအေၾကာက္တရားေတြနဲ႕ျပည့္ႏွက္ေနခဲ့မလဲေတြးေပးၾကည့္ၾကစမ္းပါ။

အဲ့ဒီအခ်ိန္တုန္းကအိမ္ကေနထြက္ေျပးဖို႔တစ္ခုပဲ သူဦးေႏွာက္ထဲရွိခဲ့ၿပီး ရဲစခန္းအေၾကာင္းၾကားဖို႔ေရာ၊မိဘေတြကိုကူညီေပးဖို႔ေရာ ဘာတစ္ခုမွမလုပ္နိုင္ခဲ့ဘူး။
မ်က္ရည္ေတြစီးက်ရင္းနဲ႕သာ အိမ္အျပန္ကိုထြက္ေျပးလာခဲ့ေပမယ့္ ၿခံတခါးရဲ႕အျပင္ဘက္ထိေတာင္ ထြက္မေျပးနိုင့္ခဲ့ပါဘူး။

ဘာေၾကာင့္ဆို အန္တီေလးကိုယ္တိုင္က ကားနဲ႕တိုက္ပစ္ခဲ့လို႔ေလ။အေသသတ္ဖို႔အထိရည္႐ြယ္ခ်က္နဲ႕​လား..?ဒီအတိုင္းထြက္မေျပးေစခ်င္လို႔ေျခာက္ခဲ့တာလားဆိုတာကို အန္တီေလးပဲ သိပါလိမ့္မယ္။အန္တီေလးက ဘာလို႔အခုလိုလုပ္ရတာလဲ?...။

ေဆး႐ုံမွာရက္အေတာ္ၾကၿပီး ကုသမႈေတြခံယူရင္း သူသတိလစ္ေနခဲ့ရတာက သုံးပတ္ျမႇောက္ေတာ့မယ့္အခ်ိန္မွာမ်က္လုံးျပန္ဖြင့္နိုင္ခဲ့တယ္။ကိုယ့္ကိုကိုယ္ေသသြားၿပီလို႔ေတာင္ထင္ခဲ့တာကိုမေသေသဘူးပဲ။

သူျပန္နိုးလာတဲ့အခ်ိန္ အနားမွာအန္တီေလးမရွိခဲ့တာမို႔ သူအိပ္ေပ်ာ္ခ်င္ေယာင္ဆက္ေဆာင္ေနခဲ့တာ အန္တီေလးတကယ္မသိခဲ့ဘူး။သူအိပ္ေနေသးတဲ့အထင္နဲ႕ အခန္းထဲမွာဖုန္းေျပာေနခဲ့တဲ့ အန္တီေလးအသံကိုသူၾကားခြင့္ရခဲ့တယ္။အဲ့ဒါကဒက္ဒီတို႔ကို သတ္ခဲ့တဲ့အေၾကာင္းေတြျဖစ္ေနခဲ့႐ုံေလးပါ။

အန္တီေလးက မူးယစ္ေဆးေတြအလြန္အကြၽံသုံးခဲ့ၿပီး ေမွာက္မွားလာတဲ့စိတ္နဲ႕လူသတ္ခဲ့မိတဲ့အေၾကာင္းေတြေရာ..၊မာမီ့ထက္အရင္ဒက္ဒီကိုအရင္ေတြ႕ခဲ့ၿပီး က်န္ရစ္ျဖစ္ခဲ့ရလို႔မာမီကို မနာလိုျဖစ္ခဲ့ရတဲ့အေၾကာင္းေတြအျပင္၊ဒက္ဒီရဲ႕တရားမဝင္လုပ္ငန္းေတြအေၾကာင္းအထိဆက္ေျပာေနခဲ့တာမို႔ သူခုတင္ေပၚမွာသာမလႈပ္ယက္ျဖင့္ၿငိမ္ၿပီးနားေထာင္ခဲ့ရတယ္။

ဒီအေၾကာင္းေတြကိုနားေထာင္ေပးေနတဲ့တစ္ဖက္လူက သူ႕ရဲ႕အဖြားျဖစ္ေနေလေတာ့ေဂ်ာင္ကု အရာအားလုံးကိုမုန္းတီးသြားတာထက္ နာက်ၪ္း႐ြံရွာသြားတာကပိုပါတယ္။
သူ႕အေနနဲ႕ဘာဆိုဘာမွမတတ္နိုင္ေတာ့တဲ့အေနအထားတစ္ခုမွာ သူတို႔ရဲ႕လက္ခုပ္ထဲကေရအျဖစ္ေနမလား..?ေသမလား..?ေ႐ြးခ်ယ္မႈေတြလုပ္ရေတာ့သည္။

ေသခ်ာတာေတာ့ အေသခံမွာမဟုတ္ဘူး။မိဘေတြအတြက္လက္စားေခ်ေပးရဦးမွာမို႔ဘယ္လိုနည္းနဲ႕ျဖစ္ျဖစ္အသက္ဆက္ရွင္နိုင္ဖို႔လိုအပ္ခဲ့တယ္။ထို႔ေၾကာင့္ နဂိုကတည္းက ဉာဏ္ေကာင္းသူၿပီၿပီ တစ္ခဏအတြင္းမွာပဲသူဘာလုပ္သင့္သလဲဆိုတာကိုဆုံးျဖတ္ခ်က္ေတြ အခိုင္အမာသူခ်နိဳင္ခဲ့ပါသည္။

အရာအားလုံးကို မမွတ္မိေတာ့တဲ့လူတစ္ေယာက္အျဖစ္ သူရွင္သန္သြားဖို႔ေ႐ြးခ်ယ္လိုက္ရေပမယ့္ ကံေကာင္းေထာက္မစြာ သူ႕ေျခေထာက္ေတြသည္ တကယ္ႀကီးအလုပ္
မလုပ္နိုင္ခဲ့ေတာ့ဘူးေလ။ယာယီေအာက္ပိုင္းေတြမလႈပ္ရွားနိုင္ေတာ့တာမို႔ အန္တီေလးတို႔ရဲ႕ သံသယေတြကေနကင္းလြတ္ခဲ့ရတယ္။

အဲ့ဒီအခ်ိန္ကစၿပီး သူဝွီးခ်ဲေပၚထိုင္ေနရတာက ယေန႕အခ်ိန္အထိပဲေလ။ေျခေထာက္ေတြျပန္ေကာင္းလာရင္ မွတ္ဉာဏ္ေတြျပန္ရလာရင္ ဂြၽန္ေဂ်ာင္ကုဟာ ၿငိမ္းလို႔မနိုင္မယ့္ေတာမီးတစ္ခုဆိုတာသိေနေတာ့ ေသာက္ရမယ့္ေဆးေတြေနရာမွာမွတ္ဉာဏ္ေဖ်ာက္ပစ္တဲ့ေဆးေတြႏွင့္အစားထိုးေသာက္ေစခဲ့တယ္ မဟုတ္လား။

ကားနဲ႕တိုက္ပစ္ခဲ့စၪၱဳန္းက တစ္ခါတည္းေသပါေစလို႔ရည္႐ြယ္ခ်က္ထားခဲ့ပုံရေပမယ့္
မွတ္ဉာဏ္ေတြေပ်ာက္ၿပီး သတိျပန္ရလာတာကိုေတာ့ ဝမ္းသာအားရျဖစ္လြန္းလို႔အသက္ဆက္ရွင္ခြင့္ေပးထားျခင္းမ်ိဳးမဟုတ္ဘဲ ဂြၽန္ေဂ်ာင္ကုေသခဲ့ရင္ ေဂ်ာင္ကုနာမည္နဲ႕စည္းစိမ္ေတြကို ဆုံးရႈံးရမွာစိုးလို႔ မသတ္ပစ္ခဲ့ၾကတာပဲရွိမယ္။က်န္တာကေတာ့ အက်င့္ေတြက ေကာင္းမွမေကာင္းၾကတာကို...။

မာမီသည္တစ္အိမ္လုံးကိုေမာင္ပိုင္းစီး႐ုံမက လုပ္ငန္းေတြထိပါျခယ္လွယ္ခဲ့ၾကေပမယ့္ တရားမဝင္လုပ္ငန္းေတြကိုျဖင့္ ဆက္မလုပ္ခဲ့ပါဘူး။ဒီအိမ္ႀကီးထဲကရွိရွိသမွ်လူေတြအားလုံးသည္သူမရဲ႕လူေတြခ်ည္းျဖစ္ၿပီး ငွားေပးထားတဲ့ဆရာဝန္ေတြကအစ သူမ လူေတြနဲ႕သာျဖစ္ေစခဲ့တယ္။

ဝွီးခ်ဲေပၚမွာထိုင္ခဲ့ၿပီး လပိုင္းအၾကာမွာပဲလမ္းျပန္ေလွ်ာက္နိုင္ခဲ့တယ္။အဲ့ဒါကလည္း ဒီအိမ္ႀကီးထဲ ဒက္ဒီတို႔လက္ထက္ကတည္းရွိေနခဲ့တဲ့ သူ႕သက္ေတာ္ေစာင့္ေၾကာင့္လို႔ေျပာရမည္။မဟုတ္ရင္ ဂြၽန္ေဂ်ာင္ကုဟာ ေအာက္ပိုင္းခ်ည့္ရၿပီး တကယ္ဒုကၡိျဖစ္ရေတာ့မလို႔။

ေနာက္ဆုံး သက္ေတာ္ေစာင့္ရဲ႕အကူအညီနဲ႕ပဲ ဒက္ဒီလက္ထပ္က တရားမဝင္လုပ္ငန္းေတြကိုျပန္ရပ္တည္လာနိုင္ခဲ့ၿပီး ကူးဟာေဂ်ာင္ကုျဖစ္လာခဲ့ရတယ္။အေမြေတြေၾကာင့္မသတ္ပစ္ေသးဘဲ ရွင္ေနရက္နဲ႕ေသေနတဲ့ဘဝမ်ိဳးမွာ အန္တီေလးသူ႕ကိုရွင္သန္ေစခဲ့သလို သူကလည္း အန္တီလိုခ်င္တဲ့အတိုင္းျဖစ္ခြင့္မေပးခဲ့ပါဘူး။

လက္ရွိအခ်ိန္တြင္ေတာ့ သူ႕အေနနဲ႕ အန္တီေလးကေနရာမေ႐ြး အခ်ိန္မေ႐ြးရွင္းပစ္လိုက္ဖို႔ အေျခအေနေတြ အခြင့္အေရးေတြရွိတယ္ဆိုတာမွန္ေပမယ့္ သူရွင္းပစ္မွာမဟုတ္ဘူး။
အန္တီေလးကို သူမသတ္ဘူး။မာမီသာရွိဦးမယ္ဆိုလည္း သူ႕ညီမကိုသတ္ဖို႔ခြင့္ျပဳမယ္မထင္ဘူး။

သတ္ပစ္လိုက္ဖို႔ကလြယ္ေပမယ့္ ေနာက္ဆက္တြဲႀကဳံလာရမွာေတြကမလြယ္ဘူး။႐ုတ္တရပ္ႀကီးမာမီေသဆုံးခဲ့လွ်င္ မာမီ့လူေတြက အၿငိမ္ေနမွာမဟုတ္ဘူး။အဲ့ဒါဆို
ရဲေတြနဲ႕ပတ္သတ္ရလိမ့္မယ္။

ရဲေတြကလည္းမီးခိုးတန္းႂကြက္ေလွ်ာက္သလို သူ႕ေနာက္ေၾကာင္းေတြပါအကုန္လိုက္ေဖာ္ရင္ဘာမဟုတ္တာေလးနဲ႕ ဇယားေတြအကုန္ရႈပ္ကုန္ေတာ့မွာ။ထိုအေၾကာင္းေတြေၾကာင့္ လက္စေဖ်ာက္မယ့္အစား ဒီလိုေလးေ႐ြးလိုက္တယ္။

မာမီျမန္ျမန္ေသခြင့္ေပးခြင့္မေပးေတာ့ဘဲ ေမွ်ာ္လင့္ခ်က္ေတြကိုပဲတစစီရိုက္ခ်ိဳးေပးမယ္။ဂြၽန္ေဂ်ာင္ကုကိုသတ္ၿပီး လက္မွာေသြးစြန္းခံမယ့္အစား မာမီဆိုတဲ့နာမည္ခံလွလွေလးကိုယူသုံးထားၿပီး သူ႕ကိုေဆးေတြနဲ႕ကိစၥတုံးဖို႔စီစၪၳားတဲ့အန္တီေလးဆႏၵေတြျဖစ္မလာေစရဘူး။

တမလြန္က မိဘေတြဝိဉာဏ္စိတ္ေအးေစဖို႔ အန္တီေလးကို ႀကိမ္းေသေပါက္ ေထာင္ခ်ပစ္မွာ။ေထာင္ခ်မယ္လို႔လည္းေတးထားတယ္။သက္ေသေတြကို အဲ့ဒီလိုေဖ်ာက္ဖ်က္ထားရင္နိုင္ေတာင္..၊သူမ လူေတြနဲ႕ တိရိစာၦန္တစ္ေကာင္ကိုေစာင့္ၾကည့္ခိုင္းထားသလိုမ်ိဳးေစာင္ၾကည့္ခံေနရေတာ့ေရာ ဘာကိစၥလဲ။

ဂြၽန္ေဂ်ာင္ကုက ေဆးေဆးပဲေလ အၿမဲစင္ေပၚကလူ...!။

....................................။

​ေမ့ထားခ်င္ခဲ့တဲ့ငယ္ဘဝအတိတ္ကို ေျပာျပသြားၿပီတဲ့အခါ ေဂ်ာင္ကုရဲ႕အသံေတြသည္တိုးေဖ်ာ့က်သြားေလၿပီး အဖ်ားခတ္မွာတုန္ယင္သြားေသးတာမို႔ ဂ်ီမင္းမ်က္လုံးေလးေတြ သူ႕ဆီက်ေရာက္လာခဲ့ၿပီး အကဲခတ္သလိုစိုက္ၾကည့္သည္။

သူ႕ၾကည့္ေနတာကို ရိပ္မိသြားတဲ့ေဂ်ာင္ကုက သူ႕အားတစ္ဖန္ျပန္လွည့္ၾကည့္လာခဲ့ၿပီး ေသြးတန္းျဖဴျဖဴေလးေတြေပၚသည့္အထိၿပဳံးျပလာခဲ့၏။သို႔ေသာ္ ေဂ်ာင္ကုမ်က္ဝန္းမွာမ်က္ရည္စေတြက ေဝ့ကာသီကာျဖင့္။

မ်က္ေတာင္တစ္ခက္ခပ္လိုက္ရင္ကို ေႂကြဆင္းက်ေတာ့မည့္ႏွင္းစက္ပြင့္ကေလးမ်ိဳး
ဂ်ီမင္းဟာစိတ္ဝင္တစား စိုက္ၾကည့္ေနျပန္ပါသည္။မ်က္ရည္စေတြနဲ႕ေဝ့သီေနတဲ့မ်က္လုံးေတြကို လက္ေခ်ာင္းေတြျဖင့္ပဲ ဖိအုပ္ေပးလိုက္မိၿပီး က်ဆင္းမလာေသးတဲ့မ်က္ရည္စေတြကို သုတ္ေပးမိသည္။

ၿငိမ္ၿငိမ္ေလးၾကည့္ေနရင္းနဲ႕မွ ေဂ်ာင္ကုအဆင္မေျပဘူးဆိုတာကိုသိသြား၍ ေဂ်ာင္ကု႔အနားကိုတိုးကပ္သြားေလၿပီး ဦးေခါင္းေလးကိုရင္ခြင္ေသးေသးေလးထဲထည့္ဖက္ေပးထားကာ နဖူးေပၚကဆံစတစ္ခ်ိဳ႕ကိုလည္းသပ္တင္ေပးလိုက္သည္။

လူႀကီးတစ္ေယာက္ကိုဘယ္လိုေခၚရမယ္မွန္းမသိတာမို႔ ငါ့ဟာငါ ေခ်ာတတ္သလိုေခ်ာ့ၾကည့္ပါ့မယ္...

* ေတာ္တယ္..။ေဂ်ာင္ကုအမ်ားႀကီးျဖတ္သန္းၿပီးသြားၿပီ အခုကစၿပီး မနာက်င္ေတာ့ရင္ေကာင္းမယ္။အရင္ကလိုေဂ်ာင္ကုတစ္ေယာက္တည္းမဟုတ္ေတာ့ပါဘူး ငါရွိတယ္ေနာ္ *

ရွိေနေပးရင္လည္း တစ္သက္လုံးရွိေနေပး
ဝင္လာၿပီးရင္ထြက္သြားခြင့္မေပးေတာ့ဘူး
ကိုယ့္ဂ်ီမင္။

ရင္ခြင္ေလးထံမ်က္ႏွာအပ္ထားရင္း အသက္ရႈသံမွန္မွန္ေလးနဲ႕တည္ၿငိမ္ပုံရသြားတဲ့ေဂ်ာင္ကုက သူ႕လက္ေတြကိုဆြဲထုတ္သြားၿပီးဂ်ီမင္း၏ခါးေသးေသးေလးကို အားမာန္အျပည့္ဖက္တြယ္ပစ္လိုက္ေတာ့သည္။အဲ့ဒီေနာက္ဂ်ီမင္းလည္တိုင္ေလးဆီ မ်က္ႏွာကပ္ေလၿပီးတရႈးရႈးဖိနမ္းပစ္ေနရင္း ႏွစ္ၿခိဳက္စြာၿပဳံးရယ္ေနေတာ့သည္ေလ..။

* * * * * * * * * * * * * *

ဂ်ီမင္းက ေတာ္တယ္။ဂ်ီမင္းမွာ အရည္အခ်င္းေတြလည္းအမ်ားႀကီးရွိတယ္။ေဂ်ာင္ကုကိုယ္တိုင္က ဂုဏ္ယူရတဲ့အထိ
ဂ်ီမင္းအရည္အခ်င္းေတြက တအားခမ္းနားတာ။ဂ်ီမင္းအကူအညီနဲ႕ပဲ ကူးမာမီကိုအေရးယူနိုင္ခဲ့တယ္ေလ။

ဂြၽန္အိမ္ေတာ္ရဲ႕ႏွစ္ေလာင္းၿပိဳင္လူေသမွာဟာ ယခုအခ်ိန္ထိအမႈစစ္ဌာနမွာရွိေနေသးဆဲျဖစ္လို႔ ခ်က္ခ်င္းႀကီးအမႈျပင္ဆင္တဲ့အခါအခက္အခဲသိပ္မရွိခဲ့ပါဘူး။ေဂ်ာင္ကုေပးတဲ့သက္ေသေတြအျပင္ ဂ်ီမင္းရွာေတြ႕ထားတဲ့သက္ေသေတြနဲ႕ထပ္ေပါင္းၿပီး အမႈတစ္ခုကိုစြဲခ်က္တင္နိုင္ခဲ့တယ္။

ရွိေနၿပီးသား..၊ဖြင့္ဆိုၿပီးသား..၊ရပ္ဆိုင္းထားျခင္းမရွိခဲ့တဲ့အမႈမို႔ အမႈေတြျပန္ဆင္ စြဲခ်က္ေတြျပန္တင္တဲ့အခါ အလြယ္တကူႏွင့္ပဲ ရလဒ္ေကာင္းတစ္ခုကို သူတို႔ရရွိခဲ့ၾကတယ္။

ကိုရီးယားျပည္နယ္ ဆိုးလ္ခရိုင္တရား႐ုံးမွာတိုးတိုးႀကိတ္ႀကိတ္ျဖင့္ပဲ အမႈေတြျပန္လိုက္ သက္ေသေတြျပန္စုံစမ္းခဲ့ေပမယ့္ နိုင္ငံရပ္ျခားေရာက္ေနခဲ့ေတာ့ ကူးမာမီမွာ တစ္ခ်က္ေလးေတာင္မသိခဲ့ရပါဘူး။အဲ့ဒါေၾကာင့္မို႔လည္း ေလဆိပ္ဆင္းတဲ့ေန႕ေလယာၪၠြင္းထဲမွာပဲ ဖမ္းဆီးထိန္းသိမ္းနိုင္ခဲ့ပါတယ္။

* မာမီကို ကြၽန္ေတာ္ခ်စ္တယ္ေနာ္ *

အဲ့ဒါသည္ ကူးမာမီေလဆိပ္ဆင္းမယ့္ညမွာေဂ်ာင္ကုဘက္ကေနVCေခၚရင္း ေနာက္ဆုံးေျပာခဲ့တဲ့စကားတစ္ခြန္း။စိတ္ရင္းနဲ႕ေျပာခဲ့တာမို႔ ေဂ်ာင္ကုစိတ္ထဲ အရင္လိုမြန္းၾကပ္မေနခဲ့ဘူး။

ဘယ္ေလာက္ပဲနာက်ၪ္းရတယ္ျဖစ္ျဖစ္ မာမီ့အေပၚေသြးသားသံေယာဇၪ္ရွိေသးတယ္ထင္ပါရဲ႕။မ်က္ႏွာကိုတစ္ခါေလာက္ထပ္ျမင္ခ်င္ခဲ့ၿပီး ခ်စ္တယ္လို႔လည္းေသခ်ာေပါက္ေျပာျပခ်င္ခဲ့တဲ့သူ႕စိတ္ေတြကို လွစ္ဟျပခြင့္ရခဲ့တယ္။ခ်စ္တယ္ဆိုတာ ကြၽန့္ေတာ္စိတ္ရင္းနဲ႕စကားတစ္ခြန္းပါမာမီ။.........................။

ဖမ္းဆီးအေရးယူၿပီးတဲ့ေနာက္ ခ်က္ခ်င္းတရားခြင့္ပို႔နိုင္ခဲ့၍ လြန္ခဲ့ေသာ(၇)ႏွစ္က ႏွစ္ေလာင္းၿပိဳင္လူသတ္မႈ၊ႀကိဳတင္ႀကံစည္မႈအျပင္ တစ္ျခားေသာျပစ္မႈမ်ားစြာနဲ႕ကူးမာမီဟာ အေရးခံဝင္ခြင့္ပင္မရခဲ့ဘဲ တရားခြင္ျဖစ္ၿပီးႏွစ္ပတ္အၾကာမွာပင္ သူမကိုေထာင္ဒဏ္ႏွစ္(၃၀)ခ်မွတ္နိုင္ခဲ့ပါတယ္။

အရာအားလုံးဟာ ကိုယ္သိပ္ခ်စ္ရတဲ့ဂ်ီမင္းေၾကာင့္လိုေျပာရင္ မင္းက ႏွာေခါင္းေလးျပဦးမွာလားသိခ်င္တယ္။ဂ်ီမင္းေၾကာင့္သာမဟုတ္ရင္ ဒီလိုေန႕ကိုေရာက္လာဦးမယ္မထင္ဘူး။

ဒြန္တြဲေနတဲ့စိတ္ ေဝခြဲမရတဲ့စိတ္ေတြနဲ႕ပဲ မာမီနဲ႕ကိုယ္တို႔အျဖစ္ကသံသရာလည္ေနၾကဦးမွာ။ဂ်ီမင္းသာမရွိခဲ့ရင္ ကိုယ္ေတာ့ မျဖစ္ေတာ့ဘူး။ရပ္တည္ဖို႔ေတာင္အျဖစ္ရိွေတာ့မယ္မထင္ဘူး။

အဲ့ဒါေၾကာင့္ ဂ်ီမင္းက ကိုယ့္အနားရွိေနေပးမွျဖစ္မယ္..။

ဒါ့အျပင္ဂ်ီမင္းနဲ႕ပတ္သတ္လာရင္ ေဂ်ာင္ကုရဲ႕ယုံၾကည္ျခင္းေတြဟာ အလြန္အကြၽံပါပဲ
အကန့္အသတ္နဲ႕မဲ့လြန္းခဲ့တယ္။ဂ်ီမင္းအေပၚမွာလြန္လြန္ကဲကဲေတြယုံၾကည္ျခင္းေတြထားရွိၿပီး တစ္ခါေလးေတာင္သံသယစိတ္မျဖစ္ခဲ့ပါဘူး။တစ္ခါဆို တစ္ခါေလးေတာင္မွေပါ့။

ဘဝမွာႏွစ္ေယာက္ထပ္မရွိနိုင္ေတာ့ေသာခ်စ္သူ႕အျဖစ္ အလြန္အက်ဴးေတြခ်စ္ျပေနခဲ့ကာ
သူ႕ရဲ႕အယုံၾကည္ရဆုံးနဲ႕အခ်စ္ရဆုံးသူအျဖစ္
မွတ္ယူခဲ့ရင္း သူ႕ရဲ႕အေမွာင္ဘက္ျခမ္းကိုေရာအလင္းဘက္ျခမ္းကိုပါ ထုတ္ျပဖို႔မတြန့္ဆုတ္ခဲ့ဘူး။ထိုမွ်ေလာက္ထိကိုခ်စ္ရၿပီး ဂ်ီမင္းဟာသူ႕ဘဝျဖစ္လာခဲ့တယ္။

* * * * * * * * * * * *

ၿခံထဲကိုေမာင္းဝင္လာတဲ့အနက္ေရာင္ကားအေကာင္းစားႀကီးကို ေဂ်ာင္ကုအိပ္ခန္းထဲကေနပဲ သူလွမ္းၾကည့္ေနလိုက္သည္။ရပ္သြားတဲ့ကားထဲကေန ေဂ်ာင္ကုဆင္းလာတာကိုျမင္လည္း သူဆက္ၿပီးပဲရပ္ၾကည့္ေနလိုက္တယ္။

ျပႆနာေတြအားလုံးရွင္းၿပီးသြားေတာ့ေဂ်ာင္ကုသည္ လူထုအေရွ႕ကို လူေကာင္းပုံစံနဲ႕ျပန္ထြက္ခြင့္ရခဲ့ၿပီမို႔ အခုဆို သူ႕ဒက္ဒီခ်န္ထားခဲ့တဲ့အလုပ္ေတြကိုေတာင္ျပန္ဦးစီးေနခဲ့ၿပီ။တရားမဝင္လုပ္ငန္းေတြလည္းပါေကာင္းပါမွာေပါ့။

၁၄ႏွစ္သားအေယာင္ေဆာင္ေလးမဟုတ္ေတာ့တဲ့ေဂ်ာင္ကုမွာ အခုလိုမူးယစ္ရာဇာႀကီးျဖစ္သြားတဲ့အခ်ိန္မွာေတာင္ ခန့္ျငားမႈကေပ်ာက္ပ်က္မသြားခဲ့ပါ။ယခုလိုမီးခိုေရာင္
Suitႏွင့္ပင္ အလြန္အမင္းကိုလိုက္ဖက္ေနသလိုလိုမို႔ သူပင္ အားက်ရတဲ့အထိ ေဂ်ာင္ကုဟာေခ်ာေမာလြန္းပါတယ္။

တည္တင္းခက္ထန္ေနေသာမ်က္ႏွာႀကီးနဲ႕လိုဖက္စြာ ႏႈတ္ခမ္းလႊာေတြကိုလည္းတင္းတင္းေစ့ထားၿပီး မ်က္ခုံးေတြကိုလည္းငွက္အေတာင္ပ်ံႀကီးလို ခပ္တြန့္တြန့္လုပ္ထားေသးသည္မို႔ သူ႕မွာရယ္လိုက္မိေသး၏။

မူးယစ္ရာဇာႀကီးဆိုတဲ့ဂုဏ္ပုဒ္နဲ႕အညီ အိမ္ထဲကိုေလွ်ာက္ဝင္လာတဲ့ေဂ်ာင္ကုဟန္နဲ႕ေျခလွမ္းေတြဟာ မာန္အျပည့္ပါရွိေနသလို ႀကီးျမတ္ေသာအရွိန္အဝါတစ္ခုကိုလည္း
သင့္တို႔စိတ္ထဲမွာခံစားရေပဦးမည္။

* ဂ်ီမင္း *

ေခၚသံေၾကာင့္လွည့္ၾကည့္ျဖစ္ေတာ့ အခန္းဝမွာရပ္ေနေလၿပီး ခ်ိဳခ်ိဳျမျမမ်က္ႏွာေလးျဖင့္ၿပဳံးျပေနရွာတယ္။စေတြ႕စတုန္းကလို၁၄ႏွစ္သားအၿပဳံးေလးျဖင့္ ဂြၽန္ေဂ်ာင္ကုဟာ မူးယစ္ရာဇာဆိုတဲ့ဂုဏ္နဲ႕ပင္ မလိုက္ဖက္လိုက္တာ။

ဂ်ီမင္း တအားသေဘာက်ရတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြအကူနဲ႕ အႏူးညံ့ဆုံးေလးၾကည့္ေနျပန္ေတာ့ သူ႕ႏွလုံးသားေလးမွာေႏြးရျပန္တယ္။လူတစ္ေယာက္ရဲ႕ခံစားခ်က္ေတြ၊ရင္ခုန္သံေတြကို ဘယ္လိုေႏြးေအာင္လုပ္ရမလဲ သိတယ္ထင္တယ္။

ပ်ားရည္အိုင္မ်က္လုံးေလးေတြနဲ႕စိုက္ၾကည့္ခံေနရတာျဖစ္လို႔ ဂ်ီမင္း၏ပါးျပင္ေလးေတြနဲ႕နား႐ြက္ေလးေတြမွာ ရဲရဲေစြးေစြးေလးျဖစ္ေနရွာလိမ့္မည္။ဒါကိုပင္ အခ်စ္ပိုမိသလိုမ်က္လုံးေတြျဖင့္စူးရဲစြာထပ္စိုက္ၾကည့္လာရင္း ဂ်ီမင္ရွိရာဆီကို တည့္တည့္မတ္မတ္ေလွ်ာက္သြားေလေတာ့သည္။

အနားကိုေရာက္သည္ႏွင့္ ဂ်ီမင္းတစ္ကိုယ္လုံးကို သိမ္းက်ဳံးယူသြားကာခပ္တင္းတင္းေလးဆြဲဖက္ပစ္တယ္။ၿပီးေတာ့ နား႐ြက္ရဲရဲေလးကိုလည္း ႏႈတ္ခမ္းပါးျဖင့္အႀကိမ္မ်ားစြာထိေတြ႕ေစရင္း သက္ျပင္းေတြလည္းမၾကာခဏဆိုသလိုခ်ေနခဲ့တယ္။

* လြမ္းတယ္..ဂ်ီမင္းေရာ လြမ္းေနရဲ႕လား *

ေပြ႕ဖက္ေပးထားၿပီး ရင္ခြင္ထဲပိုပိုဆြဲသြင္းကာ ခ်ိဳခ်ိဳအီအီေလသံေလးနဲ႕ခြၽဲလာခဲ့ေတာ့
ဂ်ီမင္းသည္ ခႏၶာကိုယ္ေလးကိုနည္းနည္း႐ုန္းၾကည့္လိုက္ရင္း ေဂ်ာင္ကုအားတိုးညွင္းလြန္းေသာအသံျဖင့္စကားေျပာဖို႔​ျပင္လာသည္။

* ေဂ်ာင္ကု *

* ဗ်ာ *

ျပန္ထူးတဲ့အသံေလးေၾကာင့္ ပါ့ခ္ဂ်ီမင္းရဲ႕ကမာၻတစ္ျခမ္းမွာ လိပ္ျပာေလးေတြပ်ံ့ဝဲသြားေလသည္။ျမဴထူးလာတဲ့ႏွလုံးသားတစ္စုံကို"ၿငိမ္ၿငိမ္ေနစမ္း"လို႔ အသံတိတ္ေငါက္ငမ္းလိုက္ရေသးတယ္။ထူးသံေလးတစ္ခုနဲ႕ရင္ခုန္ေနရတယ္ဆိုတာ မဟုတ္ေတာ့ဘူး။ဒါေပမယ့္လည္းတကယ္ႀကီးကိုရင္ခုန္သြားခဲ့ရတာပါ..။

မ်က္လုံးဝိုင္းေလးေတြနဲ႕ ျပဴးျပဴးေလးေမာ့ၾကည့္ေနေလၿပီး ဘာစကားမွထပ္မေျပာေတာ့တဲ့ဂ်ီမင္းအျဖစ္ကို အူတယားယားနဲ႕ငုံ႕ၾကည့္ေနခဲ့ၿပီးမွ ဂ်ီမင္းကိုယ္လုံးေလးကို ခါးေလးမွေနဆြဲခ်ီသြားကာ ခုတင္ေပၚသို႔ ဖြဖြကေလးခ်ေပးလိုက္ပါသည္။

အထိအေတြ႕ေတြက ၾကမ္းတမ္းဖို႔ေဝးစြ ျမတ္နိုးရေသာအ႐ုပ္ကေလးကိုကိုင္ေတြ႕ေနသလိုပင္ ႏူးညံ့လြန္းပါဘိ။

ခ်က္ခ်င္းဆိုသလို ဂ်ီမင္းေပၚအုပ္မိုးပစ္လာၿပီး ဂ်ီမင္းနဖူးစပ္ကဆံစေလးေတြနဲ႕ မ်က္ႏွာေလးထက္က အစိတ္အပိုင္းေလးေတြကိုဖြဖြလိုက္ထိၾကည့္ေနတာမို႔ ေဂ်ာင္ကုမ်က္ႏွာကိုျပန္ေမာ့ၾကည့္ေနလိုက္ရၿပီး ေဂ်ာင္ကု႔နား႐ြက္အား အေနရခက္စြာကုတ္ေနမိ၏။

* ကိုယ့္ကိုေျပာစရာရွိေနတယ္မလား *

* ငါအလုပ္ထြက္ခ်င္တယ္ ခြင့္ျပဳေပးပါလား *

ေဂ်ာင္ကုရဲ႕လႈပ္ရွားမႈေတြကရပ္တန့္သြားလ်က္ ေလးနက္ေသာမ်က္လုံးေတြျဖင့္သာစိုက္ၾကည့္လာသည္။ၿပီးေတာ့ ျပင္းရွေသာအသက္ရႈသံေတြနဲ႕အတူ သက္ျပင္းေတြလည္းအၾကမ္းပတမ္းခ်ေနခဲ့တယ္။

* ဘာလို႔လဲ ကိုယ့္နဲ႕အတူေနရတာ မေပ်ာ္လို႔လား *

* ေဂ်ာင္ကုနဲ႕ေနရတာပဲ ငါေပ်ာ္တာေပါ့။ဒါေပမယ့္ ေဂ်ာင္ကုကအရင္လိုလူတစ္ေယာက္ မဟုတ္ေတာ့ဘူးေလ။ငါ့အကူအညီယူစရာမွမလိုေတာ့တာ.. ငါ​က ေဂ်ာင္ကုအတြက္အလုပ္ပိုေနမလားေတြးမိရင္ ငါအိပ္လို႔ေတာင္မေပ်ာ္ေတာ့ဘူး *

* ကိုယ့္အတြက္ဂ်ီမင္းကိုလိုအပ္တယ္..၁၄ႏွစ္သားျဖစ္စၪၱဳန္းကလည္းဂ်ီမင္းကိုလိုအပ္ခဲ့တယ္ အခုလည္းလိုအပ္တယ္...။ကိုယ္ ဂ်ီမင္းကိုခ်စ္တယ္ေလ ကိုယ္ခ်စ္ပါတယ္လို႔ဝန္ခံထားရက္နဲ႕ ဂ်ီမင္းက ထားခဲ့ဖို႔မလုပ္ပါနဲ႕ *

* ငါ...ငါ ဆက္ၿပီးတာဝန္ယူနိုင္မယ္လို႔ ယုံၾကည္ခ်က္မရွိဘူး *

အနည္းငယ္မူမမွန္ခ်င္ေတာ့တဲ့ဂ်ီမင္းက ပ်က္ယြင္းလုဆဲမ်က္ႏွာေလးကို အနိုင္နိုင္ထိန္းထားရရင္းေဂ်ာင္ကု႔ကိုေမာ့ၾကည့္လာတဲ့မ်က္နက္စံေလးေတြမွာ တလႈပ္လႈပ္ျဖင့္ တည္ၿငိမ္မႈရွိမေနခဲ့ဘူးေလ။

ဤသို႔ႏွင့္ စကားမ်ားၾကဖို႔အေၾကာင္းဖန္လာၿပီမို႔ ေဂ်ာင္ကုကအရင္စိတ္ေလွ်ာ့ခ်လိဳက္ပုံရၿပီး ဂ်ီမင္းအားၿပဳံးျပလာေလသည္။ၿပီးသည္ႏွင့္ ေဂ်ာင္ကုဘက္ကပဲ ႏွာေခါင္းထိပ္ေလးေတြခ်င္းထိပစ္လိုက္ကာ အသာအယာပြတ္ထိပစ္လိုက္ရင္း က်ီစယ္ေတာ့၏။

ပါ့ခ္ဂ်ီမင္းကို သူေမြးထားတဲ့ေၾကာင္ကေလးလို႔မ်ားထင္ေနတာလားပဲ။ပါ့ခ္ဂ်ီမင္းကိုျမင္ရင္ ပြတ္သီးပြတ္လုပ္ခ်င္ရတာနဲ႕ ရင္ခြင္ေသးေသးေလးထဲေခါင္းတိုးၿပီးခြၽဲခ်င္ရတာနဲ႕..။

* ဂ်ီမင္းအလုပ္ထြက္ခ်င္တာမလား ရတယ္ထြက္ခြင့္ျပဳမယ္...ၿပီးရင္ေတာ့ ဂ်ီမင္းကကိုယ္နဲ႕လက္ထပ္ေပးပါ *

* ငါ့ေၾကာင့္ ေဂ်ာင္ကုမွာဆုံးရႈံးစရာေတြရွိလာရင္ေရာ ငါနဲ႕လက္ထပ္နိုင္ဦးမွာပဲလား..?ငါ့ေၾကာင့္ ေဂ်ာင္ကုထိခိုက္ရမယ္ဆိုရင္ေရာ..?ငါ့ေၾကာင့္နဲ႕ ေနာင္တရစရာေတြျဖစ္လာခဲ့ရင္ေရာ အ႐ူးလိုဆက္ခ်စ္ေနဦးမွာလား *

ဆက္လုပ္နိုင္ေတာ့မယ္မထင္ဘူး။ရပ္တန္းကရပ္ခ်င္ၿပီ။အမွတ္တရေတြ ရင္ခုန္သံေတြအားလုံးကို ဒီအိမ္ႀကီးမွာပဲ ခ်န္ရစ္ခဲ့ၿပီးထြက္သြားလိုက္ခ်င္ၿပီ။ေဂ်ာင္ကုကိုမထိခိုက္ေစခ်င္တာ ဘယ္လိုေျပာမွ နားလည္ေပးမွာလဲ။

* ထားလိုက္ပါ ဂ်ီမင္းကဘာေတြကိုေတြးပူေနလဲမသိဘူး..။ဂ်ီမင္းကိုခ်စ္လို႔ ေနာင္တရမယ္ဆိုရင္ေတာင္ ကိုယ္ေက်နပ္တယ္ *

* ဟင္ *

မဝံမရဲမ်က္လုံးေလးေတြနဲ႕ျပန္ၾကည့္လာတဲ့ပါ့ခ္ဂ်ီမင္အလွက ဘာနဲ႕မွခိုင္းႏွိုင္းလို႔မရေတာ့ဘူး။ဒီမွာ ႐ူးေတာ့မယ္။

* ဟုတ္တယ္ ကိုယ့္ဘဝအတြက္ ဂ်ီမင္းကိုပဲလိုအပ္တယ္ *

စကားဆုံးတာနဲ႕ ပါ့ခ္ဂ်ီမင္း၏နဖူးေလးကိုနမ္းလိုက္ေတာ့သည္။ထိုအျပဳအမူေၾကာင့္ ဂ်ီမင္းသည္သူ႕ရဲ႕ရွက္ဝဲဝဲမ်က္ႏွာေလးကို အတင္းႀကီးငုံ႕ခ်ထားၿပီး ေဂ်ာင္ကုရဲ႕ရင္ဘက္ႀကီးကို ေပါက္ထြက္ေတာ့မည့္အလားစိုက္ၾကည့္ေနခဲ့မိတယ္။

* ဘာေတြကိုစိုက္ၾကည့္ေနတာလဲ ၾကယ္သီးျဖဳတ္ေပးခ်င္လို႔လား *

ရယ္သံစြတ္ေနတဲ့ စေနာက္မႈေလးမွာဂ်ီမင္း မ်က္ႏွာေလးသည္ ရဲေနေပလိမ့္ဦးမည္။

ေဂ်ာင္ကု႔မ်က္ႏွာႀကီးဟာ သူ႕မ်က္ႏွာထံငုံက်လာေလၿပီးသူ႕ႏွာေခါင္းေလးကိုအရင္နမ္း၏။

ႏွာတံပိစိေလးတစ္ေလွ်ာက္ကို ဟိုတို႔တို႔ဒီတို႔တို႔အနမ္းမ်ားျဖင့္ မထိတထိစေနာက္လို႔ေက်နပ္ေတာ့မွ သူ႕ပါးျပင္ထံႏွာေခါင္းႀကီးကိုနစ္ခ်လာၿပီး ရႈးခနဲဆိုေသာအသံက်ယ္ႀကီးျမည္သည္အထိ ဖိကာထားကာနမ္းရွိုက္ေနခဲ့တယ္။

ဂ်ီမင္းလည္း ထိုအနမ္းေႏြးေႏြးေတြကိုမလြန္ဆန္နိုင္ခဲ့ဘူးထင္တယ္။႐ုန္းခြင့္ရွိရင္ေတာင္ ႐ုန္းမွာမဟုတ္ပါဘူး။သူကိုယ္တိုင္က ေဂ်ာင္ကုရဲ႕အနမ္းေတြကိုလိုခ်င္ေနတာမို႔မ႐ုန္းပါဘူး။

အဲ့ဒါအျပင္ လက္ေသးေသးေလးေတြနဲ႕ ေဂ်ာင္ကုရင္ဘက္ကအကၤ်ီစကိုခပ္တင္းတင္းဆြဲဆုပ္ေခ်ထားၿပီး အနမ္းေႏြးေႏြးေတြကိုခံယူဖို႔ မ်က္ႏွာေလးပင္ေမာ့ေပးထားေသးသည္။

* ဂ်ီမင္း.....။ကိုယ္ခ်စ္တယ္ေနာ္ *

ႏႈတ္ခမ္းဖူးေလးကို ျဖတ္ခနဲနမ္းပစ္လာၿပီး
ငုံေထြးလာကာ ကြၽမ္းက်င္ေသာအနမ္းေတြနဲ႕
ပါ့ခ္ဂ်ီမင္းက ဂြၽန္ေဂ်ာင္ကုကိုမလြန္ဆန္ဝံေအာင္ ရဲရဲတင္းတင္းအနမ္းေတြနဲ႕ျခယ္လွယ္ေတာ့သည္။ေဂ်ာင္ကုႏႈတ္ခမ္းေတြနဲ႕အတူ ဂ်ီမင္းႏႈတ္ခမ္းေလးဟာလည္း ၿပဳံးေနေလ၏။

ထို႔ေနာက္ ေဂ်ာင္ကုလက္တစ္ဖက္ဟာဂ်ီမင္းဝတ္ထားတဲ့တီရွပ္ေလးကို ခါးမွေနတေ႐ြ႕ေ႐ြ႕ဆြဲလွန္ပစ္လာခဲ့ၿပီး ေခါင္းထိေရာက္ေအာင္တြန္းပို႔ကာ အကၤ်ီကေလးကိုပိုင္ပိုင္နိုင္နိုင္ပဲဆြဲခြၽတ္ပစ္လိုက္ရင္း ခုတင္ေအာက္ပစ္ခ်လိဳက္သည္။

အကၤ်ီမကပ္ေတာ့တဲ့ဝင္းမို႔မို႔အေပၚပိုင္းကိုယ္လုံးေလးကိုျမတ္နိုးစြာ တစိမ့္စိမ့္စိုက္ၾကည့္လို႔ေနရစ္ၿပီးမွ လက္ေခ်ာင္းေတြနဲ႕ခါးသိမ္သိမ္ေလးကိုဖမ္းဆုပ္ကိုင္ထားလိုက္ၿပီး မၿပီးျပတ္ေသးေသာနမ္းျခင္းအလုပ္ကိုဆက္လုပ္ေနခဲ့သလို အဲ့ဒီေနာက္ အဲ့ဒီေနာက္ အဲ့ဒီေနာက္...။

* * * * * * * * * * * *

ယမန္ေန႕ညက အိပ္ရာဝင္ေနာက္က်ခဲ့ၾကေပမယ့္ ဒီမနက္မွာအရင္ဆုံးအိပ္ရာနိုးလာသူကေဂ်ာင္ကုပါ။မ်က္လုံးဖြင့္တာနဲ႕သူ႕နံေဘးသူ႕ရင္ခြင္ထဲမွာအိပ္ေမာက်ေနဆဲဂ်ီမင္းမ်က္ႏွာေလးကို အခ်စ္ပိုစြာေငးေနမိၿပီး နဖူးျပင္ေလးကိုႏႈတ္ခမ္းလႊာေတြနဲ႕ထပ္မံထိကပ္ျပစ္သည္။

ၾကည့္ေနရင္း အသည္းယားစိတ္ကိုမတြန္းနိုင္တဲ့အဆုံး သူ႕ေခါင္းသူ အနည္းငယ္ထူပစ္လိုက္ကာ ဂ်ီမင္းပါးျပင္တစ္ဖက္ကိုငုံပစ္လိုက္ရင္း သြားေတြျဖင့္ဖြဖြခဲထားသလို
အနမ္းေတြလည္း သူ႕စိ္တ္ေက်နပ္သည့္အထိမက္မက္ေမာေမာကိုေပးပစ္လိုက္သည္။

ဘယ္ေလာက္နမ္းနမ္း ဂ်ီမင္းရဲ႕ျဖစ္တည္မႈဟာ ရိုးအီသြားတယ္ဆိုတာမရွိဘူး။တစ္သက္လုံးမရိုးအီေနသေ႐ြ႕ တစ္သက္လုံးစြဲစြဲၿမဲၿမဲအနမ္းေပးေနရလိမ့္မည္။ေသာက္ရမ္းခ်စ္တာမို႔ဂ်ီမင္းကမျငင္းနဲ႕။

စိတ္ႀကိဳက္နမ္းလို႔ဝမွ ေခါင္းဦးေတြ အဝတ္ေတြတစ္စစီျပန့္က်ဲေနေသာ ၾကမ္းျခမ္းထက္ေျခေထာက္ခ်လိဳက္ၿပီး ညကခြၽတ္ပစ္ခဲ့တဲ့ဂ်ီမင္း၏တီရွပ္ပြပြကို ျပန္ေကာက္ဝတ္ပစ္လိုက္ၿပီး ေရခ်ိဳးခန္းထဲဝင္သြားေလသည္။

ေရခ်ိဳးခန္းသုံးၿပီးၿပီးျပန္ထြက္လာေတာ့ဂ်ီမင္းက အိပ္ရာနိုးႏွင့္ေနပါၿပီ။အိပ္ရာဝထားပုံရတဲ့မ်က္လုံးေလးေတြနဲ႕လွမ္းၾကည့္ေနပုံေလးမွာ ေဂ်ာင္ကုအဖို႔ေတာ့အိပ္ေရးဝသြားတဲ့ေၾကာင္စုတ္ဖြားေလးတစ္ေကာင္ကို ျမင္ေနရတဲ့အတိုင္းပါပင္။

ေစာင္ပုံႀကီးထဲမ်က္ႏွာေလးပဲေဖာ္ထားကာ ဟိုလွိမ့္ဒီလွိမ့္လုပ္ေနသူေလးကို ခပ္ဖြဖြဆြဲထူေပးကာ ရင္ခြင္ထဲထည့္ဖက္ေပးထားသျဖင္ဂ်ီမင္းကလည္း သူ႕မ်က္ေရွ႕ကျမင္ေနရေသာလည္တိုင္ႀကီးကို သိုင္းဖက္ပစ္လိုက္တယ္။

ရင္ခြင္ထဲဝင္ၿပီး ဘာေတြခြၽဲသြားျပန္သလဲမသိေပမယ့္ နၾကာလိုက္ပါ ေဂ်ာင္ကုကိုယ္ေပၚကထသြားေတာ့သည္။ဂ်ီမင္းအကၤ်ီကိုဝတ္ထားတဲ့ေဂ်ာင္ကုနဲ႕ဆန့္က်င္စြာ သူသည္ ညတုန္းကေဂ်ာင္ကုဝတ္ေပးထားပုံရတဲ့ညအိပ္ဝတ္စုံလွလွေလးျဖင့္။

တစ္စစီျပန့္က်ဲေနတာေတြကိုျပန္သိမ္းလိုက္ရၿပီး ခုတင္ေပၚတက္ကာ လက္ကိုေနာက္ပစ္ခုထားၿပီး ေရခ်ိဳးခန္းထဲကျပန္ထြက္မယ့္အသည္းညွာကို ေမွ်ာ္ေနမိတဲ့အခိုက္ တစ္စုံတစ္ေယာက္ေၾကာင့္ သူတို႔အိပ္ခန္းတံခါးမွာၾကမ္းတမ္းစြာ ေဆာင့္တြန္းဖြင့္ျခင္းကိုခံလိုက္ရသည္။

* မင္းတို႔ဘာေကာင္ေတြလဲ *

သတိႀကီးလြန္းေသာေဂ်ာင္ကုသည္ ခုတင္ေပၚကေန အခ်ိန္မဆြဲပဲဆင္းသြားေလၿပီး
သူ႕အခန္းထဲက်ဴးေက်ာင္ဝင္ေရာက္လာသူအေရအတြက္ကို စိတ္မွန္းနဲ႕တြတ္ခ်က္လိုက္ၿပီး ဘာေကာင္ေတြလဲလို႔အကဲခတ္ေနပုံလည္းရတယ္။

* ကိုယ္တို႔က C.I.Aက မင္းကိုဖမ္းဆီးဖို႔ဝရမ္းလည္းပါတယ္။ၿငိမ္ၿငိမ္ေနၿပီးလိုက္ခဲ့ေပးပါ *

* ဘာကြ *

ေဂ်ာင္ကု အမွန္တကယ္ကိုထိတ္လန့္သြားရတယ္။C.I.Aကလိုေကာင္ေတြကိုယ္တိုင္
ဆင္းဖမ္းတယ္ဆိုေတာ့ သူ႕အမႈဟာ မေသးေလာက္ဘူး။အစကတည္းကလည္းမေသးပါဘူး။

အခုဟာက ႐ုတ္တရပ္ႀကီးသတင္းသဲ့သဲ့ေလးေတာင္မၾကားလိုက္ရပဲ အိမ္ထဲထိဝင္လာနိုင္တာကိုပဲ အံဩတာ။အခုေလာက္ဆို သူ႕ကိုခုံ႐ုံးတင္ဖို႔ေသခ်ာအစီအစၪၦြဲထားခဲ့မွာပဲ..။ဒီလိုႂကြက္ေကာင္ေတြေလွ်ာ့တြက္ထားလို႔ကိုမရဘူး။

ေအးေအးေဆးေဆးစကားေျပာေနၾကတဲ့C.I.Aကေကာင္ေတြနဲ႕ျခားနားစြာ ေဂ်ာင္ကုကေတာ့မတုန္လႈပ္ေသာမ်က္ႏွာျဖင့္ ခုတင္ေခါင္းရင္းကဘီဒိုအပုေလး၏အံဝွက္ကို ဆြဲဖြင့္လိုက္ကာ သူကိုင္ေနၾကေသနတ္ကိုထုတ္ယူလ်က္ ေခါင္းေဆာင္ျဖစ္ဟန္ရေသာေကာင္၏နထင္ကို ေထာက္ထားလိုက္သည္။

ကြက္တိဆိုသလို ေရခ်ိဳးခန္းတံခါးမွာပြင့္သြားေလၿပီး ႐ုတ္႐ုတ္သဲသဲလူတစ္စု၏ျဖစ္ပ်က္ေနပုံေတြကို မထူးဆန္းသည့္မ်က္လုံးေတြနဲ႕တစ္ခ်က္စိုက္ၾကည့္သြားၿပီး.......။

* မလုပ္နဲ႕ေဂ်ာင္ကု *

* ဂ်ီမင္းသိလား ဒီေကာင္ေတြကကိုယ့္ကိုလာဖမ္းတာတဲ့ ဟက္..!သတၱိေတြသိပ္ေကာင္းေနၾကတာ *

* အရာရိွပါ့ခ္ဂ်ီမင္း တာဝန္ေၾကပါတယ္ *

* အရာရွိပါ့ခ္ဂ်ီမင္း ? *

ေဂ်ာင္ကုသည္ နားမလည္နိုင္မ်က္ဝန္းေတြျဖင့္ ေမးခြန္းထုတ္သလိုၾကည့္လာခဲ့သည္။

ေသနတ္ေထာက္ထားတဲ့လက္ကိုပင္ ျဖဳတ္ခ်သြားၿပီး ဂ်ီမင္းဘက္ကို ခႏၶာကိုယ္တစ္လုံးလွည့္လိုက္သျဖင့္ တစ္ဖန္ျပန္ၿပီးေသနတ္ျဖင့္ခ်ိန္ၾကသူေတြမွာ C.I.Aကလူေတြျဖစ္သည္။

* မင္းအနားမွာအခုထိရွိေနတဲ့လူက ဘယ္သူလဲ တကယ္မသိေသးတာလား..?။ည့ံလိုက္တာ ကိုယ္တို႔ထင္ထားတာထက္ ပိုညံ့ဖ်င္းေနတာပဲ မူးယစ္ရာဇာႀကီးက *

ေလွာင္ရယ္သံစြတ္ေနသည့္စကားလုံးေတြကို တစ္လုံးခ်င္းေျပာၿပီး အခန္းထဲဝင္ခ်လာသူမွာ ဆိုးလ္ခရိုင္ကရဲမႉးခ်ဳပ္ျဖစ္ေနေလၿပီး ထိုရဲမႉးခ်ဳပ္ကို ေဂ်ာင္ကုကိုယ္တိုင္လည္းသိေနပါသည္။

ထိုရဲမႉးခ်ဳပ္ဆိုသူဟာ ေဂ်ာင္ကုကိုေက်ာ္ၿပီးဂ်ီမင္းနားကိုေလွ်ာက္သြားလိုက္ကာ ဂ်ီမင္း၏လည္တိုင္ထက္ ဝန္ထမ္းဓာတ္ပုံပါေသာလည္ဆြဲတစ္ခုကိုဆြဲေပးေနခဲ့ၿပီး ဂ်ီမင္းကိုလည္းခ်ီးက်ဴးစကားေျပာေနျပန္ကာ
သူျမတ္နိုးရတဲ့ပုခုံးေလးကိုေတာင္ပုတ္သြားေသးတယ္။

အဲ့ဒီေနာက္ ရဲမႉးခ်ဳပ္သည္ေလွာင္ရိပ္စြန္းေနဟန္မ်က္လုံးေတြျဖင့္ ေဂ်ာင္ကုကိုစိုက္ၾကည့္သြားၿပီး C.I.Aကလူေတြနဲ႕စကားသြားေျပာေနေတာ့သည္။ဒါကေနာက္ဆုံးအေနနဲ႕ႏႈတ္ဆက္ဖို႔အခ်ိန္ေပးတာလား။

ကိုယ္ ဂ်ီမင္းနဲ႕မခြဲနိုင္ပါဘူးလို႔ အတန္တန္ေျပာထားရက္နဲ႕ ကိုယ့္ကိုထားပစ္ခဲ့ဖို႔အထိရက္စက္ရသလား...ပါ့ခ္ဂ်ီမင္း။

* ကိုယ့္အနားကိုေရာက္လာခဲ့တာ ကိုယ့္ကိုဖမ္းခ်င္လို႔လား *

ေဂ်ာင္ကုမ်က္လုံးေတြက အလြန္အမင္းကိုနာက်င္ေနပုံရၿပီး က်ပြဲလုလုနီးပါး ႏွလုံးသားတစ္စုံကိုလည္း ဂ်ီမင္းထံလွစ္ျပဖို႔ႀကိဳးစားခဲ့ေသာ္လည္း ပိုတိုးေသာနာက်င္မႈကိုသာရသြားခဲ့၏။ဗ

* အဲ့ဒါတစ္ခုတည္းေၾကာင့္နဲ႕ ကိုယ့္အနားေရာက္လာခဲ့တာလားလို႔ ဂ်ီမင္းေျဖပါ *

* ေတာင္းပန္ပါတယ္ *

* ဟက့္..!ကိုယ္အဖမ္းခံတာကိုလိုခ်င္တာလား ကိုယ္ဒီလိုလုပ္ရင္ ဂ်ီမင္းေက်နပ္မွာလား *

အေရာင္မဲ့သြားတဲ့မ်က္လုံးေလးေတြနဲ႕ ခုတင္ေပၚထိုင္ခ်လိဳက္ကာ ေသနတ္ကိုခုတင္ေပၚပစ္တင္လိုက္ၿပီး လက္ဖဝါးက်ယ္က်ယ္ေတြျဖင့္မ်က္ႏွာတစ္ျပင္လုံးကိုပြတ္သပ္လိုက္ကာ နာက်င္ေနေသာႏွလုံးသားတစ္စုံျဖင့္ၿပဳံးေနခဲ့ျပန္တယ္။

အ႐ုပ္ႀကိဳးပ်က္ဆိုတာ ဒါကိုေျပာတာလား။

ဒါဆိုရင္ေတာ့ သူ႕ခံစားခ်က္ေတြအလုပ္မလုပ္ခ်င္ေတာ့ဘူး။ႏွလုံးသားလည္းေသဆုံးသြားရၿပီ။ဘဝမွာတစ္ႀကိမ္တစ္ခါေတာ့ျဖင့္အသည္းကြဲဖူးရမယ္ဆိုတာ ဒီအခ်ိန္ကိုေျပာတာမ်ားလား။

ဂ်ီမင္းလိုခ်င္တာ ဒီလိုဆို ကိုယ္အရႈံးေပးပါတယ္။ကိုယ့္ဘဝထက္ေတာင္ ဂ်ီမင္းကို ကိုယ္ပိုယုံၾကည္ခဲ့တယ္။ဂ်ီမင္းက ဒီလိုေတြလိုခ်င္တယ္ဆိုေတာ့လည္း ကိုယ္ဟာေသေပး႐ုံပဲေပါ့။ကိုယ္မရွိေတာ့တဲ့အခါ ၿပဳံးေနေပးပါ။

တစ္ဖက္ကဂ်ီမင္မွာလည္း မ်က္ရည္ဥေတြရစ္ဝိုင္းလာၿပီမို႔ ဒါကို ရိပ္မိသြားသည့္ရဲမႉးခ်ဳပ္ဟာခ်က္ခ်င္းေရာက္လာခဲ့ၿပီး သူတို႔အားကိုးရေသာအရာရွိေလးကို အခန္းျပင္ဆြဲထုတ္ေခၚသြားေတာ့သည္။

* မင္းတို႔က ဘာေတြလဲ *

ရဲမႉးခ်ဳပ္နမ္ဂြၽန္း၏မ်က္ႏွာကို ၾကည့္႐ုံသာၾကည့္လာခဲ့ၿပီး ဘာစကားမွျပန္မေျပာလာပါ။

* ငါေမးေနတယ့္ မင္းတို႔ဘယ္အဆင့္အထိေရာက္ခဲ့ၾကတာလဲဟမ္ *

* အစ္ကို ျမင္တဲ့အတိုင္းပဲ *

* တာဝန္အတြက္နဲ႕ ဒီေလာက္ထိမင္းလုပ္စရာလို႔လားဟမ္ *

* တာဝန္ေၾကာင့္မဟုတ္ဘူး *

* ဘာလဲ အဲ့ဒီေကာင္ကို မင္းခ်စ္ေနတာလား *

သို႔ေသာ္ဂ်ီမင္းသည္ အရည္လဲ့ေနေသာမ်က္ဝန္းေတြနဲ႕သာေမာ့ၾကည့္လာခဲ့သည္။ပါ့ခ္ဂ်ီမင္းမေျဖလည္းအေျဖကို သိသြားၿပီ။

ညီအစ္ကိုလို အတူတူျဖတ္သန္းလာၾကတဲ့
လူေတြျဖစ္၍ စီနီယာ ဂ်ဴနီယာဆကိဆံေရးထက္လည္းပိုတဲ့သူတို႔ဟာ တကယ့္ေသြးသားအရင္းေတြလိုျဖစ္တည္ေနခဲ့ၿပီမို႔ အေျခအေနမွာ ပါ့ခၢ်ီမင္းကိုႏွေျမာတာထက္ပိုေကာင္းပိုလိမ့္မည္။

* ႐ူးသြားတာလားကြ!!ဒီလိုေကာင္နဲ႕ခ်စ္ဖို႔ထိ မင္းက တန္သလားျပန္စၪ္းစား *

* သူ႕ကိုလႊတ္ေပးလိုက္ပါ *

* ပါ့ခ္ဂ်ီမင္း...!!! *

* ကြၽန္ေတာ္အဲ့လိုမလုပ္နိုင္ဘူး...သူ႕ကိုမဖမ္းနိုင္ေတာ့ဘူးလို႔ *

အားမလိုအားမရေအာ္သံဆုံးေမာ့ၾကည့္လာခဲ့ေသာမ်က္လုံးေလးေတြဟာျဖင့္ သက္ဝင္လႈပ္ရွားျခင္းေတြကင္းမဲ့ေနခဲ့ေလသည္။ျပန္ေျပာလာတဲ့စကားဟာလည္း ရဲမႉးခ်ဳပ္ကိုပင္ စိတ္အတိုလြန္ၿပီးေခါက္ခနဲေသသြားေစနိုင္တဲ့စကားေတြပါ။

* မင္း႐ူးေနသြားတာလားဟမ္ *

* အင္း ကြၽန္ေတာ္လည္း႐ူးသြားခ်င္တယ္ *

* မဟုတ္တာေတြေလွ်ာက္လုပ္မယ္မႀကံနဲ႕
ဒီေကာင့္ကိုဖမ္းနိုင္ဖို႔ ငါတို႔ဘက္ကအခ်ိန္ေတြလူေတြ ဘယ္ေလာက္ထိရင္းႏွီးခဲ့ရလဲ မင္းမေမ့နဲ႕ဦး *

* ကြၽန္ေတာ္မွမလုပ္နိုင္ေတာ့တာအစ္ကိုရာ။သူ႕ကိုဖမ္းဖို႔ ကြၽန္ေတာ္ ကြၽန္ေတာ့္မွာသတၱိမရွိဘူး *

ဆယ္စုႏွစ္တစ္ခုစာနီးပါးအတူျဖတ္သန္းလာခဲ့ၾကတာမို႔ ေလသံေတြပိုနားေထာင္လိုက္႐ုံမွ်ပင္ တကယ္ႀကီးလက္ေလွ်ာ့ခ်င္ေနမွန္းသိရွိသြားရၿပီးၿပီ။ခ်စ္တာကအျပစ္မဟုတ္ေပမယ့္ မခ်စ္သင့္တဲ့လူကိုေတာ့ သြားခ်စ္လို႔မျဖစ္ဘူးေလ။

* အဲ့ဒီေကာင္က ဘယ္လိုေကာင္လဲငါ့ထက္မင္းပိုသိမွာပါ။သူတစ္ေယာက္တည္းအဆင္ေျပဖို႔အတြက္ တရားမဝင္အလုပ္ေတြလုပ္တယ္။ဒါနဲ႕တင္ မၿပီးေသးပဲ နိုင္ငံထဲထိမူးယစ္ေဆးေတြခိုးသြင္းေနတဲ့ေကာင္က မင္းကိုတကယ္ခ်စ္တာျဖစ္နိုင္ပါ့မလား!...မင္းမွာသာတကယ္ဦးေႏွာက္ပါရင္ ငါေျပာတာမင္းသိမွာပါ *

* ေဂ်ာင္ကုအတြက္ ကြၽန္ေတာ္အယူခံဝင္မွာ *

* ဒါကေလးကစားေနတာမဟုတ္ဘူး ဒီကိစၥမွာေႏွာက္ယွက္တဲ့သူမွန္သမွ်ငါအကုန္အေရးမွာ မင္းဆိုရင္ေတာင္မွေပါ့ *

ေနာက္ဆုံးထိကို ေခါင္းမာျပေနတဲ့ဂ်ီမင္းကိုအဟုတ္ပဲ စိတ္ပ်က္ရတယ္။သူသိခဲ့တဲ့ပါ့ခ္ဂ်ီမင္းက အခုမ်က္စိေရွ႕ကအခ်စ္႐ူးေလးမဟုတ္တာေတာ့ေသခ်ာတယ္။စကားဆက္ေျပာေနရင္ အဲ့ဒီကေလးအေပၚလက္ပါမိေတာ့မွာမို႔ အခန္းေရွ႕ထားပစ္ခဲ့လိုက္မိတယ္။

* ဂြၽန္ေဂ်ာင္ကုကို လက္ထိပ္ခတ္လိုက္ပါ *

ရဲမႉးခ်ဳပ္၏အမိန့္ေပးသံအဆုံးမလွမ္းမကမ္းမွာရွိေနၾကသည့္ ရဲသားႏွစ္ဦးကလက္ထိပ္ခတ္ဖို႔တိုးလာခဲ့ျပေပမယ့္ ေဂ်ာင္ကုကေတာ့ အဲ့လိုလုပ္ခ်င္ပုံမရဘူး။

* ကိုယ့္ကိုဂ်ီမင္းကိုယ္တိုင္ဖမ္းေပးပါ..မင္းလက္ထဲမွာပဲ ကိုယ္အဖမ္းခံခ်င္တယ္ *

အခန္းေရွ႕မွာေတြေတြေလးရပ္ေနသူကို
ေဂ်ာင္ကုကခ်ိဳခ်ိဳျမျမအၿပဳံးမ်က္ႏွာေလးႏွင့္
လွမ္းၾကည့္ရင္းၿပဳံးျပေနသလို လက္ေတြကိုလည္းျမႇောက္ျပလိုက္ေသး၏။အဖမ္းခံရမယ္သူကတက္ႂကြေနခဲ့သေလာက္ အရာရွိကေတာ့ တစ္ခ်က္ေလးေတာင္လႈပ္ရွားလာျခင္းမရွိဘူးေလ။

* လုပ္ပါ ဂ်ီမင္းမွာ ကိုယ့္ကိုဖမ္းဆီးပိုင္ခြင့္ရွိတယ္ *

ဂ်ီမင္းေရွ႕ ကိုယ္တိုင္ေလွ်ာက္သြားၿပီး လက္ႏွစ္ဖက္ကိုထိုးေပးလာေတာ့မွ လႈပ္ရွားလာေတာ့တဲ့လက္ကေလးေတြကိုၾကည့္ၿပီး ေဂ်ာက္ကုဘက္က ထပ္မံၿပဳံးေနခဲ့ျပန္တာပါ။လက္ထိပ္ခတ္ေနစၪၱစိေလွ်ာက္လုံး တုန္ယင္ေနတဲ့လက္ကေလးေတြကို ေထြးဆုပ္ထားေပးခ်င္ေပမယ့္...ဘယ္လိုလုပ္မလဲ?ကိုယ့္မွာအဲ့ဒီလိုအခြင့္အေရးမရွိေတာ့ဘူး။

* * * * * * * * * * * * *

အစ္ကိုနမ္ဂြၽန္းက သူနဲ႕ေဂ်ာင္ကုကိုေပးေတြ႕ခြင့္မျပဳထားဘူး။သူတို႔တစ္ခုခုက်ဴးလြန္လိုက္မွာကို အရမ္းေၾကာက္ေနၾကတာလား။

ေဂ်ာင္ကုထပ္နစ္နာမွာစိုးလို႔ စိုးရိမ္ေနၾကသလိုမ်ိဳးမလုပ္ပါဘူး။ေနာက္ဆုံးအေနနဲ႕ျဖစ္ျဖစ္တစ္ခါေလာက္ေတြ႕ခြင့္ေပးပါလို႔ အတင္းေတာင္းဆိုထားလို႔သာ အစ္ကိုကခြင့္ျပဳေပးခဲ့တာ။

အမႈစစ္အခန္းထဲသူဝင္သြားၿပီးမၾကာ အစ္ကိုနမ္ဂြၽန္းသည္ သူ႕တပည့္ေတြကိုေခၚၿပီးေခၚထြက္ေပးခဲ့ေလသည္။ေစာင့္မ်ားၾကည့္ေနၾကဦးမလားလို႔ အခန္းအျပင္ကိုျပန္ၾကည့္လိုက္ေသာ္လည္း ဘယ္သူမွရွိမေနေတာ့ဘူးေလ။

အမႈစစ္ခုံရဲတစ္ဖက္ျခမ္းမွာေဂ်ာင္ကုကရွိေနေလၿပီး သူတို႔ႏွစ္ေယာက္ၾကားမွာေတာ့ တြဲက်ေနတဲ့ မီးလုံးတစ္ခုသာရွိေနခဲ့ၿပီး ေခါင္းမူးရေလာက္မည့္အထိ လႈပ္လိလႈပ္လဲ့ျဖင့္။မေတြ႕ရတဲ့ရက္ကေလးအတြင္းမွာကို ေဂ်ာင္ကုကပိန္က်သြားလိုက္တာ။

* ေဂ်ာင္ကု အေရးခံဝင္ဖို႔ ငါေလွ်ာက္ထားတယ္သိလား..ခဏပဲေစာင့္ေနေပးေနာ္ *

* ကိုယ္အယူခံမဝင္ဘူး *

မ်က္လုံးလက္လက္ေလးေတြနဲ႕အားတက္သလိုေလးေျပာလာတဲ့စကားကို ေဂ်ာင္ကုက ေလသံတင္းတင္းျဖင့္ျငင္းပစ္လိုက္သည္မွာတကယ့္ကိုမယုံနိုင္စရာေလ။

* ဟုတ္တယ္ ကိုယ္အယူခံမဝင္ဘူး။ဂ်ီမင္းလည္းသိေနတာပဲ ကိုယ့့္ျပစ္မႈေတြကဒီေလာက္မ်ားေနတာ ကိုယ့္အေျခအေနကိုယ္သိတယ္ *

* ငါတစ္ေယာက္လုံး ေဂ်ာင္ကုဘက္ကရွိတယ္ေလ။ေဂ်ာင္ကုလြတ္တဲ့အထိ ..... *

* ေနပါေစေတာ့ ကိုယ္ေၾကာင့္ ဂ်ီမင္းပင္ပန္းရလိမ့္မယ္ *

မ်က္ႏွာလႊဲသြားကာ ျပန္ေျဖလာေသာစကားအဆုံးမွာ ပါ့ခ္ဂ်ီမင္းကမာၻၿပိဳက်သြားရသည္။

သူထိုင္ေနရာဘက္ျခမ္းကေန ေဂ်ာင္ကုရွိရာဘက္ထသြားလိုက္ၿပီး မ်က္ရည္အ႐ြဲသားျဖင့္ ေဂ်ာင္ကုကို ဖက္ထားပစ္လိုက္ေတာ့သည္။လမ္းေနခဲ့ရတာ။ေဂ်ာင္ကုသာမရွိေတာ့ရင္ သူ႕ကမာၻအတည္ၿပိဳရလိမ့္မယ္။

* ငါ့ကိုနမ္းပါ...ေဂ်ာင္ကု ငါ့ကိုနမ္းေပးပါ *

ေဂ်ာင္ကုဝတ္ထားရတဲ့ေထာင္သားဝတ္စုံ၏လည္ပင္းေကာ္လံေထာင့္ေတြကို
ခပ္တင္းတင္းဆုပ္ဆြဲထားလိုက္ၿပီး ေဂ်ာင္ကုမ်ား ျပန္နမ္းမလားဆိုတဲ့ေမွ်ာ္လင့္ခ်က္ေလးနဲ႕ေတာင္းဆိုမိတဲ့အခါ ေဂ်ာင္ကုကလည္းလက္ထိပ္ခတ္ျခင္းခံထားရတဲ့အေနအထားျဖင့္ပဲ လက္ႏွစ္ဖက္လုံးအကူအညီကိုယူၿပီး
ဂ်ီမင္းမ်က္ႏွာေလးကိုထိေတြ႕လာကာ ႏႈတ္ခမ္းေတြခ်င္းအ႐ူးအမူးနမ္းပစ္ေတာ့သည္။

အဲ့ဒီေနာက္ ႏွစ္ေယာက္လုံးမွာ အားမလိုအားမရအေနအထားေတြျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ၿပိဳင္တူေမာ့ၾကည့္လိုက္ၾကတယ္။

ေဂ်ာင္ကုကလက္ထိပ္ခတ္ခံထားရတဲ့သူ႕လက္ေတြကိုအဝိုင္းပုံသ႑ာန္ဝိုက္ပစ္လိုက္ၿပီး ဂ်ီမင္းခႏၶာကိုယ္ေလးကိုဖက္ထားဖို႔ ေခါင္းမွစြပ္၍ ခါးေလးနားကိုေရာက္ေတာ့ဆြဲဖက္ပစ္လိုက္သည္။

ၿပီးသည္ႏွင့္ စကၠန့္ပိုင္းမွ်ကင္းကြာသြားတဲ့ႏႈတ္ခမ္းေတြကိုျပန္အလုပ္ေပးလိုက္ပုံမွာေတာ္႐ုံႏွင္ရပ္တန္ၾကဖို႔ အစီအစၪႅည္းမရွိခဲ့ၾကပါဘူး။က်ၪ္းက်ၪ္းၾကပ္ၾကပ္အမႈ႕စစ္အခန္းေလးထဲမွာ နမ္းေနနိုင္ေသးသတဲ့လား။

* * * * * * * * * * * * * *

* ဆရာ...! *

အစည္းအေဝးအခန္းထဲကို အေလာတႀကီးေျပးဝင္လာတဲ့ တပည့္ျဖစ္သူေၾကာင့္ အေစာတလ်င္ေဆြးေႏြးမႈေတြလုပ္ေနရသည့္ ရဲမႉးခ်ဳပ္နမ္ဂြၽန္းမွာ မ်က္ခုံးမ်ားပင့္သြားရသည္။ထို႔အတူ အခန္းတြင္း၏ေလထုမွာခ်က္ခ်င္းႀကီးေအးစက္သြားသေယာင္ခံစားလိုက္ရၿပီး ရဲမႉးခ်ဳပ္ရဲ႕မ်က္ႏွာထားမွာလည္းတင္းမာလ်က္ရွိတယ္။

* ဆရာကိုယ္တိုင္လိုက္ၾကည့္သင့္တယ္ တယ္ *

မေကာင္းတာတစ္ခုခုျဖစ္ေနၿပီမွန္းခံစားလိုက္ရတာမို႔ ရဲမႉးခ်ဳပ္နမ္ဂြၽန္း၏စိတ္ေတြမွာညစ္ေထြးသြားေလၿပီး တပည့္ျဖစ္သူႏွင့္အတူထိုMeeting Roomမွေနထြက္သြားခဲ့တယ္။
ေျခလွမ္းေတြဟာလည္း အလ်င္စလိုျဖင့္ခပ္သြက္သြက္ပါပဲ။

တရားခံစစ္ေမးရာအခန္းတစ္ခုေရွ႕ကိုရဲမႉးခ်ဳပ္နဲ႕အတူတပည့္ျဖစ္သူတို႔ဟာ ေရာက္လာခဲ့ၾကၿပီး ပြင့္ဟထားတဲ့တံခါးကိုအလိုမက်သလိုစိုက္ၾကည့္သြားရင္း အခန္းတြင္းသို႔ေလာေနဟန္အမူအရာေတြနဲ႕ ဝင္ခ်သြားေလေတာ့သည္။

* ဆရာ ဒီအေျခအေနကိုၾကည့္ဦး *

ၾကမ္းခင္းေပၚ ေနရာယူထားတဲ့လက္ထိပ္တစ္ခုေၾကာင့္ ဒီအခန္းထဲမွာ ဘာေတြျဖစ္ပ်က္သြားသိိရွိၿပီးသြားပါၿပီ။ခဏေလးေပါ့ေလွ်ာ့မိလိုက္တာနဲ႕စီစၪၳားသမွ်ဟာ ကေမာက္ကမျဖစ္ကုန္ရၿပီ။

ရဲမႉးခ်ဳပ္နမ္ဂြၽန္းသည္ မ်က္လုံးေတြကိုမွိတ္ခ်ပစ္လိုက္သလို ခါးေပၚလက္တစ္ဖက္ေထာက္ေစထားလိုက္ၿပီးမွ အဆုတ္တစ္ခုလုံးေလအလုံအေလာက္ရမည့္အထိ အသက္ကို ျပင္းျပင္းတစ္ခ်က္ရႈကာ ဆုံးျဖတ္ခ်က္တစ္ခုကို မိနစ္ပိုင္းအတြင္းမွာပင္ ပိုင္ပိုင္နိုင္နိုင္ခ်မွတ္လိုက္ေတာ့သည္။

* အရာရွိပါ့ခ္ဂ်ီမင္နဲ႕ အက်ဥ္းသားဂြၽန္ေဂ်ာင္ကုတို႔ကိုအခုပဲဖမ္းဝရမ္းထုတ္လိုက္ၿပီ *

​ျပတ္သားလြန္းသည့္စကားသံအဆုံး လက္ေအာက္သားတပည့္ျဖစ္သူေတြမွာလႈပ္လႈပ္ရွားရွားျဖစ္သြားၾကရၿပီး အခ်င္းခ်င္းျပန္ၾကည့္လိုက္ၾကကာ ဘာလုပ္ရမယ္မွန္းေဝခြဲမရေတာ့ေသာပုံစံေတြျဖင့္ရွိ၏။သို႔ေသာ္ ရဲမႉးခ်ဳပ္ရဲ႕"အခုခ်က္ခ်င္းထြက္!"ဆိုေသာေအာ္သံအဆုံးမွာေတာ့ ကိုယ္စီေျပးထြက္သြားၾကေလသည္။

အရာရွိပါ့ခ္ဂ်ီမင္ကို ဒီေလာက္ထိမိုက္႐ူးရဲဆန္မယ္လို႔မထင္ထားခဲ့ဘူး။ဌာနတိုင္းက အားကိုးရတဲ့အရာရွိတစ္ေယာက္က ဘယ္လိုလုပ္ၿပီးမ်ား ႐ူး႐ူးမိုက္မိုက္အလုပ္ကိုက်ဴးလြန္းရတာလဲ..?ကိုယ္ျဖင့္ အံဩမဆုံးဘူး။

ဘာလဲ ဒီလို႐ူးမိုက္တာကိုလည္း အခ်စ္လို႔ေခါင္းစၪၱပ္ၾကဦးမွာလား။

* * * * * * * * * * * * *

ယာၪ္ရပ္နားစခန္းတစ္ခု၏၂၄နာရီစတိုးဆိုင္တစ္ခုတြင္ေတာ့ ကိုယ္စီဦးထုပ္အမည္းေတြကိုခပ္ငိုက္ငိုက္ေဆာင္းထားၾကၿပီး ေခါက္ဆြဲဗူးစားေနၾကေသာေကာင္ေလးႏွစ္ေယာက္သည္ လိုအပ္မယ္လို႔ထင္ရသည့္ပစၥည္းတစ္ခ်ိဳ႕ကိုလည္းတစ္ခါတည္းဝယ္ေနၾကရသည္။

မည္သူကမွ် သူတို႔ႏွစ္ဦးကို ရိပ္မိလိမ့္မယ္မထင္ဘူး။ညၪ့္နက္ပိုင္းထဲေရာက္ေနၿပီမို႔ သူတို႔ေရာက္ေနေသာစတိုးဆိုင္ထဲတြင္အမ်ိဳးသမီးဝန္ထမ္းႏွစ္ေယာက္ေလာက္သာရွိ၍ သူတို႔အဖို႔အသက္ရႈေခ်ာင္ရသည္လို႔ေျပာရမလား။

" မူးယစ္ရာဇာဂြၽန္ေဂ်ာင္ကုနဲ႕အတူ အရာရွိပါ့ခ္ဂ်ီမင္းပါေပ်ာက္ဆုံး "

တယ္လီဗီြးရွင္းတြင္လာေနေသာသတင္းတစ္ပုဒ္ေၾကာင့္ ႏွစ္ေယာက္သားရဲ႕မ်က္ဝန္းအိမ္ေတြမွာျပဴးက်ယ္သြားရသလို မ်က္စံေတြမွာလည္းမတည္ၿငိမ္ၾကေတာ့ပါ။ႏွစ္ေယာက္သားတစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ၿပိဳင္တူၾကည့္မိလိုက္ၾကၿပီး ေခါင္းညိတ္ျပလိုက္ၾကသည္။

* ဂ်ီမင္း ကိုယ္တို႔ထြက္ရေအာင္ *

အခုထိဘယ္သူမွရိပ္မိပုံမရေသးတဲ့တာမို႔ အနီးပါးတစ္ဝွိုက္ကို ေဂ်ာင္ကုကမ်က္လုံးကစားလိုက္ရင္း ဦးေႏွာက္ကိုယခင္ကထက္ပိုငိုက္ငိုက္ေဆာင္းလိုက္သလို ဂ်ီမင္းလက္ကိုဆြဲၿပီး ေနရာမွထသြားဖို႔လုပ္ေတာ့သည္။

ထိုအခ်ိန္တြင္ မ်က္ကြင္းထဲထိုးဆိုက္လာၾကေသာရဲကားႏွစ္စီးေၾကာင့္ ႏွစ္ဦးသားရဲ႕အၾကည့္ေတြမွာျပဴးပ်ာဆိုက္သြားရေလၿပီး အခ်ိန္ထပ္ဆြဲလို႔မျဖစ္ေတာ့ဘူးဆိုတာကိုသိတာမို႔
ေျခေထာက္ေတြကိုအလုပ္ေပးလိုက္ရေတာ့တယ္။

သို႔ေသာ္ သူတို႔သတိမထားမိလိုက္တာက
မူမွန္မေနတဲ့သူတို႔ႏွစ္ေယာက္ကို စတိုးဆိုင္ဝန္ထမ္းအမ်ိဳးသမီးဟာ တစ္ခ်ိန္လုံးလိုက္ၾကည့္ေနခဲ့တယ္ဆိုတာပါပဲ။ေဂ်ာင္ကုသည္ဂ်ီမင္းရဲ႕လက္ကိုမလႊတ္တမ္းဆြဲထားရင္း
ဆိုင္အေနာက္ဘက္ကေန ထြက္ဖို႔လုပ္သည္။

" Bang!!! "

ဆိုင္ထဲကို႐ုတ္ခ်ည္းေရာက္ခ်လာေသာရဲေတြသည္ ဝန္ထမ္းအမ်ိဳးသမီး၏လက္ညိုးထိုးျပရာေနာက္ကို အသည္းအသန္ေျပးလိုက္သြားၾကၿပီး ဆိုင္အေနာက္လမ္းမေပၚ​ကေျပးလႊားေနပုံရေသာ လူရိပ္ႏွစ္ခုကိုမွန္းဆၿပီးေသနတ္ျဖင့္ စတင္ပစ္ခတ္ၾကေတာ့သည္။

* အာ S**t!!! အကုန္ေသကုန္ေတာ့မွာပဲ *

ေဂ်ာင္ကုရဲ႕ဆဲဆိုသံဟာညေမွာင္ေမွာင္လမ္းမႀကီးထက္ ပဲ့တင္ထပ္သလိုတိုးထြက္လာရသည္။ဒါ့အျပင္ က်ယ္ေလာင္လြန္းေသာေသနတ္သံေၾကာင့္ဂ်ီမင္းကလန့္သြားပုံရကာ ခႏၶာကိုယ္ေလးတုန္ယင္ရင္းေျမျပင္ထက္ဝပ္ခ်လိဳက္တာမို႔ေဂ်ာင္ကုပါ ေျမျပင္ေပၚဝပ္ခ်လိဳက္ၿပီး ဂ်ီမင္းကိုရင္ခြင္ထဲဆြဲဖက္ထားလိုက္ေလသည္။

* ေဂ်ာင္ကု ငါတို႔ဒီလိုထြက္ေျပးေနလို႔မရဘူးငါတို႔တစ္ေယာက္ တစ္လမ္းဆီေျပးရေအာင္ ငါလည္းလြတ္ေအာင္ေျပးမယ္...ေဂ်ာင္ကုလည္းဒဏ္ရာမရေစနဲ႕ *

* ဘာေတြေျပာေနတာလဲ အဓိပၸာယ္မရွိလိုက္တာ *

အေမွာင္ထဲမွာေတာင္ ေဂ်ာင္ကုရဲ႕ေခ်ာေမာျခင္းေတြဟာ ေမွးမွိန္သြားျခင္းမလ်ၪ္းမရွိပါပဲနဲ႕ ထိုမ်က္ႏွာေခ်ာေခ်ာသည္ မ်က္ေမွာင္ႀကီးကုပ္ထားရင္း တစ္ခ်ိန္ကအရာရွိေဟာင္းေလးရဲ႕မ်က္ႏွာကို စိတ္တိုင္းမက်ေတြျဖစ္စြာငုံၾကည့္ေနခဲ့တယ္။

* ငါ့ကိုထားခဲ့ၿပီး ေဂ်ာင္ကုကအရင္ေျပးေတာ့..သူတို႔လိုခ်င္ေနတာ ငါမဟုတ္တဲ့ေဂ်ာင္ကုကိုပါ ငါက်န္ခဲ့ရလည္းစိတ္မပူနဲ႕ သူတို႔ကငါ့အတြက္အႏၲာရယ္မရွိဘူး ဒါေပမယ့္ ေဂ်ာင္ကုကေတာ့မတူဘူးေလ *

* က်စ္...!အဲ့ေလာက္ျဖစ္တာ ကိုယ္လည္းမေျပးဘူး မင္းကိုလည္းမထားခဲ့ဘူး...။အခုခ်ိန္ကစၿပီး လာရႈပ္တဲ့ေကာင္မွန္သမွ်အကုန္ရွင္းပစ္မယ္ အဲ့လိုဆိုအတူရိွေနလို႔ျဖစ္ၿပီဟုတ္!! *

ဂ်ီမင္း၏လက္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားေပးၿပီး အေပၚထပ္အကၤ်ီရဲ႕အတြင္းအိပ္ကပ္ထဲက ေသနတ္တစ္လတ္ကိုဆြဲထုတ္လိုက္ၿပီး ေမာင္းခ်ိန္သည္။ၿပီးသည္ႏွင့္ သူတို႔ကိုတရပ္စပ္လိုက္ပစ္ေနေသာ ေသနတ္သမားတစ္ေယာက္ကို႐ုတ္ခ်ည္းပစ္ခ်လိဳက္ေတာ့သည္။

ေဂ်ာင္ကုရဲ႕ေသနတ္စြမ္းရည္ကေတာ့ တကယ့္အံမခန္းပင္။အေမွာင္ထဲမွာေတာင္ ပစ္မွတ္ကိုတည့္တည့္ခ်ိန္ပစ္နိုင္ခဲ့သည္။အဲ့ဒီေနာက္
တစ္ေယာက္ၿပီးတစ္ေယာက္ဆက္တိုက္ဆိုသလိုဆက္ပစ္ေနခဲ့သည္။

တည္တည္တင္းတင္းေဂ်ာင္ကုရဲ႕မ်က္ႏွာက ဒီညမွာအျပတ္သားဆုံးျပတ္သားမႈတစ္ခုလို႔ေရာင္ျပန္ေနခဲ့တယ္။ေဂ်ာင္ကုဟာေသနတ္တစ္လက္ျဖင့္ ဒိုင္ခံပစ္ေပးေနရင္း ဂ်ီမင္းကိုအရင္ဆုံးေပးေစကာ သူကေတာ့ဂ်ီမင္း၏ဒိုင္းကာေလးအျဖစ္ ျဖစ္ေပးခဲ့တယ္။

* လက္နက္ခ်လိဳက္ပါဂြၽန္ေဂ်ာင္ကု မဟုတ္ရင္ မင္းခ်စ္ရတဲ့လူကိုဆုံးရႈံးရလိမ့္မယ္...
တစ္ခုေ႐ြးခ်ယ္ပါ။လက္နက္ခ်ၿပီးအဖမ္းခံမလားသူ႕ကိုပစ္လိုက္ရမလား။ကဲစေတာ့ ေ႐ြးလို႔ရၿပီ *

ဘယ္ကမွန္းမသိၾကားလိုက္ရေသာအသံေၾကာင့္ ေျခလွမ္းေတြမွာရပ္တန့္သြားေလၿပီးဂ်ီမင္းကိုလွည့္ၾကည့္လိုက္ေတာ့သည္။ဂ်ီမင္း၏နားထင္စပ္ေလးမွာ အနီေရာင္မီးစက္ေလးတစ္ခုရွိေနခဲ့တယ္။

ခ်စ္ရသူနာက်င္ရမယ္ဆို ျမဴတစ္မႈန္စာေတာင္မၾကည္ျဖဴေပးနိုင္တဲ့လူမို႔ ေသနတ္ကိုထိုအယုတ္တမာေတြအလိုက်အတိုင္းလႊင့္လိုက္ကာ ဂ်ီမင္းအားမကာမကြယ္ေပးလိုက္နိုင္လို႔ေနာက္တရသြားေသာ မ်က္လုံးေတြနဲ႕စိုက္ၾကည့္လို႔ေနရစ္ကာ ထိုညမွာပဲထပ္မံကာအဖမ္းခံလိုက္ရသည္။

* * * * * * * * * * * * *

စစ္ေဆးခန္းထဲမွာ ရဲမႉးခ်ဳပ္နမ္ဂြၽန္းကိုယ္တိုင္ပင္ရွိေနခဲ့ၿပီး အစစ္ေဆးခံေနရသူသည္ မူးယစ္ရာဇာႀကီးဟုတ္မေနေတာ့ပါဘူး။လြန္ခဲ့တဲ့နာပိုင္းကတင္ အရာရွိအျဖစ္ရွိေနခဲ့ေသးတဲ့လူက မ်က္စိတစ္မွိတ္ေလးအတြင္းမွာကို တရားခံအျဖစ္ေရာက္ရွိေနခဲ့ရသည္။

တစ္ဖက္ကအခန္းမွာေတာ့ မူးယစ္ရာဇာႀကီးရွိေနသည္။သို႔ေသာ္ စစ္ေဆးေမးျမန္းေတာ့မခံေနရပါ။ထြက္ေျပးသြားေသာ ဝရမ္းေျပးႏွစ္ေယာက္ကို ရဲမႉးခ်ဳပ္ကိုယ္တိုင္းစစ္မည္ေျပာထား၍ ဘယ္သူက စစ္ေဆးေမးျမန္းမႈကိုစဆင္တင္ၾကရဲေပ။

* ေသခ်ာျပန္စၪ္းစားေစခ်င္တယ္။အခုအထက္က အရာရွိပါ့ခ္ဂ်ီမင္းကိုဟိုေကာင္တစာခံလုပ္သြားတယ္လို႔ပဲ ထင္ေနၾကတာ...။ကိုယ္ေျပာခ်င္တာက ဒီအခြင့္အေရးကႏွစ္ခါျပန္မရဘူး။ကမ္းေပးထားတဲ့ကိုယ့္လက္ကိုဆြဲလိုက္ပါမင္းဘဝအတြက္ မင္းအနာဂတ္အတြက္ ကိုယ္ေျပာေနတာ နားလည္လားဟမ္ *

စစ္ေဆးတာထက္ ညွိးႏွိုင္မႈကိုလုပ္ေနတာဆိုပိုမွန္လိမ့္မည္။

* ကြၽန္ေတာ့္ဘဝအတြက္?ကြၽန္ေတာ့္အနာဂတ္အတြက္လား စိတ္မပူပါနဲ႕အစ္ကို
သူမရွိရင္ကြၽန္ေတာ္ဟာေသလူပါပဲ အဲ့ေတာ့ကြၽန္ေတာ္သူနဲ႕အတူတူႀကိဳးမိန့္ေပးခံခ်င္တယ္ *

* ပါ့ခ္ဂ်ီမင္း..!!မင္း႐ူးသြားၿပီလား မႊန္ေနတယ္ဆိုလည္းရပ္တန္းကရပ္ပါ မင္းဘဝကိုပဲမင္းၾကည့္..။ *

* ကြၽန္ေတာ့္ဘဝ?ဟက့္..!စိတ္ကုန္ဖို႔ေကာင္းလြန္းလို႔မၾကည့္ခ်င္ေတာ့ဘူး ေဂ်ာင္ကုမရွိပဲအသက္ရွင္ရမွာတာထက္စာရင္ သူ႕ကိုခ်စ္ၿပီးပဲ အေသခံလိုက္ေတာ့မယ္ *

* မင္းေတာ္ေတာ္မႊန္ထူေနၿပီ ပါ့ခ္ဂ်ီမင္း။ငါတကယ္စိတ္ပ်က္တယ္ *

ေနာင္တတရားေတြကင္းမဲ့ေနတဲ့မ်က္လုံးေလးေတြေၾကာင့္ ရဲမႉးခ်ပ္မွာသာယူက်ဳံးမရတဲ့စိတ္ေတြ အျပစ္မကင္းတဲ့စိတ္ေတြ ေနာက္ဆုံးေဒါသျဖစ္စိတ္ေတြနဲ႕သာ တစ္ဖက္ခန္းကိုထြက္လာခဲ့ရသည္။ဂ်ီမင္းကေတာ့ ဘယ္လိုဖ်ေျဖာင္းဖ်လိဳ႕ရေတာ့မွာမဟုတ္ဘူး။

* ဒီမွာ ငါစကားေတြအမ်ားႀကီးမေျပာခ်င္ဘူး ပါ့ခ္ဂ်ီမင္းကို မင္းပဲေျဖာင္းဖ်လိဳ႕ရေတာ့မွာ။မင္းတားေပး အဲ့ကေလးတစ္ဇြတ္ထိုးလုပ္ရင္ဘယ္သူမွတားနိုင္တာမဟုတ္ဘူး။အခုမင္းပဲရွိေတာ့တယ္ *

* ေနစမ္းပါဦး ခင္ဗ်ားဘာကိုေျပာခ်င္ေနတာလဲ *

ပထမခုံကိုခပ္ေလ်ာေလ်ာမွီၿပီးထိုင္ေနရာကေန ဂ်ီမင္းမေၾကာင္းလည္းၾကားေရာ ဆက္ခနဲကုန္းထလာခဲ့ၿပီး စားပြဲေပၚလက္ထိပ္ခတ္ျခင္းခံထားရတဲ့လက္ေတြကိုတင္လာခဲ့၏။
ၾကည္လင္ရွင္းေတာက္ေနေသာမ်က္လုံးေတြထဲမွာ ဂ်ီမင္းကိုထိခိုက္ေအာင္မလုပ္လိုတဲ့ဆႏၵေတြျမင္ေနတာမို႔ ရဲမႉးခ်ဳုပ္ဟာၿပဳံးသြားခဲ့သည္။

ပါ့ခ္ဂ်ီမင္းကို ကယ္တင္နိုင္တာဆိုလို႔ မင္းပဲရွိေတာ့တယ္ကြ။

* မင္းေၾကာင့္နဲ႕မင္းခ်စ္တဲ့လူေသတာကိုလိုခ်င္ေနတာလား။ပါ့ခ္ဂ်ီမင္းလိုလူနဲ႕ ႀကိဳးမိန့္ေပးခံဖို႔ကမတန္ဘူးကြ။မင္းေၾကာင့္သာမဟုတ္ခဲ့ရင္ ပါ့ခ္ဂ်ီမင္းက ငါတို႔ေလးစားရတဲ့ပါ့ခ္ဂ်ီမင္းျဖစ္ေနဦးမွာ *

* ကြၽန္ေတာ္ ဘာလုပ္ေပးနိုင္မလဲ *

* မင္း ဝန္ခံလိုက္ပါ..။ပါ့ခ္ဂ်ီမင္းကို ျပန္ဆြဲသြားတာအမွန္ပါပဲလို႔ဝန္ခံလိုက္ရင္ အားလုံးၿပီးၿပီ *

* အဲ့လိုလုပ္ေပးရင္ ဂ်ီမင္းအႏၲရယ္ကင္းမွာေသးခ်ာလား *

* ငါ က်ိန္တယ္။ပါ့ခ္ဂ်ီမင္းခႏၶာကိုယ္မွာ အပ္ရွရာေလးေတာင္မရွိေစရဘူး ဒါေပမယ့္မင္းကေတာ့ ခ်က္ခ်င္းႀကိဳးမိန့္ေပးခံရလိမ့္မယ္ *

* ကိစၥမရွိပါဘူး။အစကတည္းကႀကိဳးမိန့္ေပးခံရမယ့္ေကာင္ပဲ ကြၽန္ေတာ္က ျဖစ္တယ္။သူ႕ကိုသာ ေဘးကင္းပါေစ *

မူးယစ္ရာဇာသာေျပာတာ သူ႕ခ်စ္သူေဘးကင္းမယ္လည္းဆိုေရာ ေခါင္းေလးကိုတဆတ္ဆတ္ၿငိမ့္ျပလာခဲ့ၿပီး နမ္ဂြၽန္းေတာင္းသမွကတိေတြကို ခြၽင္းခ်က္မရွိအကုန္ေပးရွာပ္သည္။

......................................။

ေနာက္တစ္ေန႕မွာေတာ့ အတူတူထြက္ေျပးသြားၾကတဲ့ဝရမ္းေျပးႏွစ္ေယာက္ကို တစ္ခန္းတည္းမွာပဲ ေဘးခ်င္းကပ္ေနရာခ်ထားေပးၿပီး နမ္ဂြၽန္းအပါအဝင္ဆိုးလ္ခရိုင္႐ုံးကေရွ႕ေနတစ္ဦးပါအတူရွိေနခဲ့ၿပီး သူတို႔ႏႈတ္ကထြက္သမွ်းစကားလုံးတိုင္းကို အကုန္မွတ္တမ္းေရးသည္။

* ဘာေတြေလွ်ာက္လုပ္လိုက္တာလဲဟမ္ *

* ကိုယ္ေသရမယ္ဆိုရင္ေတာင္ ဂ်ီမင္းကေတာ့ ေဘးကင္းေနမွျဖစ္မယ္ ကိုယ့္ရင္ထဲကဆႏၵပါ ဂ်ီမင္းကလိုက္ေလ်ာေပးေလ *

* ႐ူးေနလို႔လိုက္ေလ်ာရမွာလား...!ငါတို႔အတူတူေနခြင့္မရရင္ေတာင္ အတူတူေတာ့ေသခြင့္ရေသးတာကို မင္း ဘာေတြေလွ်ာက္လုပ္ပစ္လိုက္တာလဲေဂ်ာင္ကုရဲ႕။မင္းနဲ႕သာအတူဆို ငါေနာင္တမရဘူး *

အလြတ္က်က္ထားေသာစကားလုံးေတြကို တစ္လုံးမက်န္ေျပာခဲ့ေသာ္လည္း ဂ်ီမင္းသည္စကၠန့္ပိုင္းအတြင္းမွာကိုဖ်က္ဆီးမႈ႕ျပဳလိုက္ေလသည္။ေစာဏကအထိၿပဳံးေနခဲ့ေသာ နမ္ဂြၽန္းမ်က္ႏွာထားမွာခ်က္ခ်င္းပင္တည္တင္းသြားရေလတယ္။ဒီတစ္ခါေတာ့ျဖင့္ ပါ့ခ္ဂ်ီမင္းအေပၚတကယ္စိတ္ပ်က္သြားခဲ့ေလၿပီ။

* * * * * * * * * * * * * * *

လက္ထိပ္တစ္စုံကို တစ္ေယာက္တစ္ဖက္ျဖင့္ တစ္ေယာက္ကဘယ္ဆို တစ္ေယာက္က ညာအေနအထားျဖင့္ ပူးတြဲခတ္ခံရထားၿပီး ဖမ္းဆီးမိေသာတရားခံေတြအျဖစ္ သတင္းစာတိုင္း၏စာမ်က္ႏွာတိုင္းလိုလိုမွာေဖာ္ျပျခင္းခံေနရတဲ့ ထိုႏွစ္ေယာက္မွာ ကမာၻေက်ာ္ေတြထက္ပင္ ကမာၻေက်ာ္သြားခဲ့ရသည္။
" မူးယစ္ရာဇာဂြၽန္ေဂ်ာင္ကုႏွင့္အတူ အရာရွိေဟာင္းပါ့ခ္ဂ်ီမင္းတို႔ ႀကိဳးမိန့္ေပးခံရ၍ေသးဆုံးေၾကာင္းသတင္းရ...။"

သတင္းထဲကလိုပဲ တကယ္ႀကီးႀကိဳးမိန့္ေပးခံလိုက္ရလို႔ ေသဆုံးသြားရၿပီျဖစ္တဲ့႐ုပ္အေလာင္းႏွစ္ခုကို ရဲမႉးခ်ဳပ္နမ္ဂြၽန္းကပဲ
ေကာင္းမြန္စြာ မီးသၿဂိဳလ္ေပးခဲ့ၿပီး အရိုးျပာအိုးေတြသီးသန့္သိမ္းေပးထားတတ္သည့္ျပခန္းထဲက အရိုးျပာအိုးေလးႏွစ္ခုေရွ႕ထံအျဖဴေအာင္ဂႏၶမာပန္းတစ္ပြင့္စီကိုတင္ထားေပးလိုက္သည္။

ျပာအိုးေလးေတြေရွ႕ကဓာတ္ပုံကိုၾကည့္ၿပီးတိတ္တဆိတ္ႏႈတ္ဆိတ္ေနမိစၪ္ ထပ္အကၤ်ီအေပၚကုတ္ထဲမွ တုန္ခါေနေသာဖုန္းေၾကာင့္္
ယူစစ္ၾကည့္လိုက္ေတာ့ Unknown Numberျဖစ္ေနခဲ့သည္။

* ေက်းဇူးတက္ပါတယ္ အစ္ကို *

သိသိရက္နဲ႕မ်က္ကြယ္ျပဳထားေပးလိုက္ရတဲ့အခ်ိန္ေတြလည္း တစ္ခ်ိန္မဟုတ္တစ္ခ်ိန္မွာေတာ့ရိွလာတတ္ေသးတာပဲလား။

ဒီလိုေတြမျဖစ္လာခင္ ခရိုင္႐ုံးကေရွ႕ေန႕ျပန္သြားၿပီးၾကာခ်ိန္မွာ အလြန္အမင္းစိတ္ပ်က္ေနဟန္မ်က္ႏွာႀကီးျဖင့္ ရဲမႉးခ်ဳပ္ကအခန္းထဲျပန္ဝင္လာခဲ့ၿပီးေသာ့တြဲတစ္တြဲႏွင့္အတူ ကားေသာ့တစ္ေခ်ာင္းရယ္ လက္ထိပ္ေသာ့တစ္ခုကို ပစ္ခ်ေပးလာသည္။

* မိနစ္(၂၀)အခ်ိန္ရမယ္ ဒီအခ်ိန္တြင္းမွာ လြတ္ေအာင္ေျပးရမွာက မင္းတို႔တာဝန္ျဖစ္သြားၿပီ။လြတ္ေအာင္ေျပးပါ...အကယ္၍ျပန္ဖမ္းမိသြားခဲ့ရင္ အဲ့အခါက် ငါလည္း ဘာမွတတ္နိုင္ေတာ့မွာမဟုတ္ဘူး *

အဲ့ေန႕က ဘာေတြျဖစ္ခဲ့ၾကသလဲကိုနမ္ဂြၽန္းမွာျပန္ေတြးသြားပုံရၿပီး ႏႈတ္ခမ္းေတြကိုၿပဳံးလိုက္မိကာ မ်က္ဝန္းေတြမွာလည္းၾကည္ၾကည္သာသာပါပဲ။မွန္ေဘာင္ထဲကဓာပုံေတြကိုေနာက္ထပ္တစ္ေခါက္ေငးၾကည့္ၿပီးသြားတဲ့အခ်ိန္မွာ ဖုန္းထဲဝင္လာသည့္စာတိုကိုပင္ဖ်က္ၿပီးသြားၿပီျဖစ္ၿပီး ဖုန္းကိုအကၤ်ီအိတ္ကပ္ထဲျပန္ထည့္ကာ ထိုအေဆာက္အဦးထဲမွေန
ထြက္ခြာသြားေတာ့သည္။

............................။

ပင္လယ္ေရလွိုင္းေတြ၏ ေအာ္သံက်ယ္က်ယ္ကို ခပ္ဆိတ္ဆိတ္ၿငိမ္သက္ကာနားေထာင္ေနခဲ့ၾကၿပီး စာျပန္ျခင္းမရွိေသာ ဖုန္းကေလးကို တစ္ေနရာမွာခ်ထားလိုက္ဖို႔လိုက္ခဲ့ေပမယ့္ တစ္စုံတစ္ေယာက္ဟာဆြဲယူသြားေလၿပီး ေကာင္းကင္ျပာျပာႏွင့္တိမ္ဆိုင္ျဖဴျဖဴတို႔၏ လိုက္ဖက္ေနမႈကိုမွတ္တမ္းတင္ပစ္လိုက္သည္။

ထိုသို႔ကေလးဆန္ဆန္လုပ္ရပ္ေလးေၾကာင့္
သူ၏မ်က္ဝန္းေတြကိုလျခမ္းသ႑န္ေပၚသည့္အထိ ၿပဳံးရယ္မိလိုက္ကာ ေခါင္းယမ္းျပမိေတာ့ သူ႕ေဘးကလူသည္ ဖုန္းကိုပိတ္လိုက္ၿပီး သေဘၤာကုန္းပတ္ေပၚမွာလွဲခ်ပစ္လိုက္ကာ သူ႕ကိုလည္းလွဲေစၿပီး ေခါင္းေအာက္လက္ေမာင္းႀကီးကိုခုေပးလာခဲ့သည္ေလ။

အဲ့ဒီေနာက္ တစ္ေယာက္ကိုတစ္ေယာက္လွည့္ၾကည့္မိလိုက္ၾကၿပီး အၾကည့္ခ်င္းဆုံသြားတဲ့အခါ ခ်ိဳခ်ိဳ႕ျမျမရယ္သံေတြနဲ႕ပတ္ဝန္းက်င္ကိုဖုံးကြယ္သြားေစေတာ့သည္။
ဖုန္းကေလးကိုမိုးေပၚေထာင္ၿပီး ေရာက္တက္ရာရာပုံေတြပိုလည္းေလွ်ာက္ရိုက္ျဖစ္ခဲ့ၾကေသးသည္။

တကယ္ေတာ့ ထိုႏွစ္ေယာက္လိုက္ပါသြားတဲ့သေဘၤာဟာ ေမွာင္ခိုသေဘၤာတဲ့ေလ။ဂ်ပန္မွာကမ္းကပ္ရင္ဆင္းၾကမလား?ဆြစ္ဇာလန္မွာကမ္းကပ္ရင္ဆင္းၾကမ်ာလား?ဒါမွဟုတ္ နယ္သာလန္အထိမ်ားလား။မသိေသးပါဘူး
အခုေလာေလာဆယ္ေတာ့ သေဘၤာစီးေနရတာကို သူတို႔တအားေပ်ာ္ေနၾကတယ္။

* ခ်စ္တယ္

ဲဒီစကားေလးတစ္ခြန္းကို ၿပိဳင္တူေရ႐ြတ္မိလိုက္ၾကၿပီးေနာက္ တစ္ေယာက္ကိုတစ္ေယာက္ အံဩသြားေသာမ်က္လုံးေလးေတြနဲ႕
အျပန္ျပန္အလွန္လွန္ေငးလို႔ေနရစ္ၿပီးမွ ထိုႏွစ္ေယာက္ထံကေန ရယ္သံေလးေတြထပ္ထြက္လာၾကသည္။ၿပီးေတာ့ လျခမ္းေကြးမ်က္ဝန္းေလးေတြကိုပိုင္ဆိုင္ထားတဲ့လူသားေလးမွာ မ်က္ခြံေလးေတြကိုဖိကပ္နမ္းခံလ

x x x x x x x x x x x x x x x x x x x x x x

(ဖတ္ေပးၾကသူအားလုံးကို ေက်းဇူးတင္ပါသည္။)

x x x x x x x x x x x x x x x x x x x x x x

Continue Reading

You'll Also Like

433 62 5
ကောင်းကင်ကသတ်မှတ်ပေးထားတဲ့ ကံကြမ္မာ ဆိုတာကိုယုံသလား။ နောက်ပြီးတော့ ချစ်ခြင်းမေတ္တာကိုရောယုံကြည်လား။
4.9K 474 6
"နောက်တစ်ခေါက်လောက် ထပ်နမ်းရအောင်...ချိုလို့" "ဘာ!"
2.5M 191K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်
1.7K 83 5
kinn and Vegas both belonged from two wealthy families. Their father's were rivals and when kinn got to know that vegas's father was responsible for...