(OS Collection)

By AyeMon687

10.1K 1K 181

Kookmin OS Collection.. More

Boyfriend is Jeon Guggie
သစ်ခက်အိမ်
Station Lover
Houd Van Je(ချစ်တယ်)
Seven
Plot Twist-1
Plot Twist-2
Hyung!Hold My Hand
ရှိသည်..ဖြစ်သည်.. ချစ်သည်
REPLAY
February-14

Loved One

428 51 1
By AyeMon687

( Unicode )

( Loved One )

ဟယ်လို!ကျွန်တော့်နာမည် ဂျွန်ဂျောင်ကုပါ။တောင်ကိုရီးယားရဲ့အာဏာရ ရဲမှူးချုပ်၏တစ်ဦးတည်းသော သားတစ်ယောက်ပဲဆိုပါတော့။အခုမှ အထက်တန်းကျောင်းသားလေးဆိုပေမယ့် မဟားတရားဆိုးသွမ်းလွန်းလို့ " ဆရာမနိုင်နှစ်ဆောင် "ပြိုင်ဟုပင် အမည်တွင်နေတဲ့ ခပ်ဆိုးဆိုးကောင်လေးဟာ
ကျွန်တော်ဂျွန်ဂျောင်ကုပါပဲ။

အဖေလည်းမနိုင် အမေလည်းမနိုင် ဘယ်ဆွေမျိုးမှလည်းထိန်းမနိုင်ပါဘူး။ကျောင်းလည်းတက်ချင်တဲ့အချိန်သွားတက်လိုက်ပြီး တက်ချင်တဲ့အတန်းကျမှ အတန်းထဲဝင်ထိုင်နေလိုက်ရုံပါ။ဒါပေမယ့်...!တစ်ပတ်မှာ တစ်ရက်လေးတောင် စာသင်ခန်းထဲအချိန်ပြည့်ရှိမနေပါဘူး။

ဘယ်ဘဝက ရန်ငြိုးတွေကြောင့်လည်း
မသိပေမယ့် စာအုပ်ကိုင်လိုက်တာနဲ့ကို အိပ်ပျော်တော့တာပါပဲ။ကြည့်ရတာ ဟိုဘဝက စာကျက်ရင်းနဲ့သေခဲ့ရလို့ အခုဘဝမှာ
ဒီလောက်ထိဓာတ်မတည့်နေသလားပဲနော်။
စာကျက်ရတာကိုမုန်းတယ်။အိမ်စာလုပ်ရတာကိုလည်းမုန်းတယ်။စာမြင်တာနဲ့ကို မုန်းနေမိတော့တာပဲဗျာ။

စာမကြိုးစားလည်းထမင်းကောင်းကောင်းစားပြီး ကောင်းကောင်းသုံးဖြုန်းနေနိုင်နေတာပဲကို ဘာကိစ္စနဲ့အပင်ပန်းခံပြီးစာလုပ်နေရဦးမလဲ?အဲ့တော့ စာမလုပ်ချင်ရင် စာမလုပ်နဲ့!
စာမလုပ်လို့ ထမင်းမငတ်သွားဘူး။

ကျွန်တော်ဆို ဘယ်တစ်နှစ်ကမှ စာသေချာ
မကြိုးစားခဲ့ပါဘူး။စာမေးပွဲတွေ မဖြေခဲ့ဘူးလားဆိုတော့ ​ဖြေခဲ့ဘူးပါတယ်။ဒါပေမယ့်ဗျာ အောင်မှတ်မပြောပါနဲ့ ဘဲဥကွဲ သုညကွဲရင်တောင်ကံကောင်း...!အဲ့လိုစာမလုပ်တဲ့ ကျွန်တော်လိုကောင်က တစ်နှစ်တစ်တန်းတော့ မှန်မှန်အောင်သတဲ့။

ဒါကလည်း မိဘတွေရဲ့အရှိန်အဝါကြောင့်ပဲဖြစ်မှာပေါ့။ကျွန်တော်ဘာပဲလုပ်လုပ် ဘယ်လိုပဲသောင်းကျန်းသောင်းကျန်း စိတ်တိုင်းမကျရင် တွေ့သမျှကိုဇောက်ထိုးပဲဆွဲလှန်လှန် အကုန်လိုက်ရှင်းပေးမယ့်မိဘတွေ
ရှိနေသရွေ့တော့ ကျွန်တော်ဟာစိတ်တိုင်းကျဆိုးသွမ်းနေဦးမှာပါပဲ။

ကျောင်းသားတွေကို တစ်ခုလောက်တော့စေတနာနဲ့သတိပေးစကားပြောလိုက်ဦးမယ်။
စာလုပ်ရမှာစိတ်မပါရင် စာမလုပ်ကြနဲ့!
အဲ့အစား မင်းတို့မိဘတွေမင်းတို့ကိုရိုက်ရင်ငြိမ်ခံနေလိုက် ထိုးရင်ငြိမ်ခံနေလိုက်ကြ...! ရိုက်နှက်ရုံအပြင် ဘယ်မိဘကမှအသေမသတ်ရက်ကြပါဘူး။

ကိုယ့်ကိုကိုယ်ဖိအားတွေပေးနေမယ့်အစား! အချိန်သာကုန်ပြီးအိပ်ငိုက်နေမယ့်အစား ကိုယ်စိတ်ချမ်းသာရာတွေလုပ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းသွားသင့်တာပေါ့လို့။ဒါကျွန်တော်ရဲ့ အကြီးမားဆုံးသော မဟာစီမံကိန်းပါပဲ။စာမလုပ်ရရေး ကျွန်တော့်အရေး!အဟက်...။

ပြီးတော့...ပတ်ဝန်းကျင်ဟာ ကျွန်တော့်အတွက်တော့ ဂရုစိုက်စရာမလိုတဲ့ အမိှုက်တစ်ခုသာသာပဲဗျ။ဟိုဟာလုပ်ရင် ဟိုဟာ
ဖြစ်လို့! ဒါလုပ်ရင်ဒါဖြစ်လို့နဲ့နေရာတကာမျက်စိဒေါက်ထောက်ကြည့်နေသလားမှတ်ရအောင် သောက်ရမ်းပွားလွန်းတယ်။

အဲ့ပတ်ဝန်းကျင်ဆိုတဲ့ဟာကြီးကို လုံးချေပြီးတိပ်နဲ့ကပ်ပစ်လို့ရကောင်းသား...!ပြီးရင်
ဘောစကတ်ဘောလုံးအဖြစ်နဲ့ ခပ်နာနာလေး
ပုတ်ပစ်ပေးလိုက်ဦးမည်။ဒါမှမဟုတ်လည်း လောင်စာဖြည့်ပြီး မီးပုံရှို့ပစ်လိုက်သင့်သလား?အလကား ကိုယ့်ထမင်းကိုယ်စားပြီး အာပေါက်ချောင်လွန်းတဲ့လူတွေ။

သူတို့ပါးစပ်ပေါက်ကနေ ကျွန်တော့်ကို အမျိုးမျိုးကင်ပွန်းတပ်ပေးထားလိုက်ကြတာများ အဟက်...ဘာတဲ့!လူကိုများ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကောင်ဆိုပဲ။မိဘပိုက်ဆံထိုင်ဖြုန်းနေတဲ့ကောင်လို့လည်း အတင်းတုပ်ကြသေးသဗျ။

ငါ့မိဘပိုက်ဆံငါဖြုန်းတာလေ ဘယ်သူ့ကိုဂရုစိုက်နေရမှာတုန်း?။မိဘအရှိန်အဝါနဲ့
လွတ်ချင်တိုင်းလွတ်နေတော့ရော ဘာဖြစ်သေးလဲ။လောကမှာ အာဏာတွေရာထူးတွေကို လူတွေက ဘာအတွက်ကြောင့်နဲ့ ငမ်းငမ်းတက်လိုချင်နေကြတာလဲ?။

မင်းတို့မသိပေမယ့်ငါကတော့ အဲ့အာဏာ
ဆိုတဲ့အသုံးအနှုန်းကိုကောင်းကောင်းကြီးနားလည်တယ်လို့ထင်တယ်။ဘာလို့ဆို ငါကိုယ်တိုင်ကလည်း ငါ့မိဘအရိှန်အဝါ...!
သူတို့အာဏာနဲ့ကိုင်ပေါက်ပြီး ထင်တိုင်းကြဲနေတဲ့ကောင်မို့လို့ပဲ။

ကြွယ်ဝမှုလား?မလိုဘူး ငွေပုံကိုဖင်ခုထိုင်ပြီးကြီးပြင်လာတဲ့ကောင်မို့။အခြွေအရံလား?
မလိုဘူး ဂျွန်ဂျောင်ကုနား ခစားရဖို့အရေးကပ်ဖားနေကြတဲ့ကောင်တွေများ ရိုက်သတ်ရင်တောင်ကုန်မှာမဟုတ်လို့။ငါ့ကိုချစ်ပေးမယ့်သူတွေလား?အဲ့ဒါလည်းမလိုအပ်ဘူး။

ငွေရှိနေသရွေ့ငါ့ကိုချစ်ပေးမယ့်အလှပဂေးလေးတွေမှ အများကြီးပဲမို့အချစ်ရေးလည်းသောကရောက်မနေဘူး လစ်လိုက်တော့ပဲ!
ငါ့အနားကလူတွေအားလုံး မျက်နှာဖုံးတပ်ထားကြတာမှန်းငါသိတယ်။သိသိကြီးနဲ့ကို ပလီပလာ၊ကူလီကူမာဇာတ်တွေ ခင်းနေရွှေ့နေတာရပြီလား။

ဒီလောကမှာငါအတောင်တဆုံးရဆုံးက အချစ်ပဲ...။အဲ့အချစ်ကိုရဖို့ ငါပိုက်ဆံတွေဖြုန်းပြီးလိုက်ရှာနေခဲ့တာ။ဘာလို့အချစ်ကိုမှ တောင့်တရသလဲဆို အာဏာသိပ်ပြင်းလွန်းတဲ့ ငါ့မိဘတွေကငါ့ကို မေတ္တာမပေးကြလို့ပဲ။သူတို့စည်းစိမ်နဲ့ ငါလိုချင်တာရဖို့အတွက်
ငါရမ်းကားတယ် အဲ့တော့ဘာဖြစ်သေးလဲ။

ဟန်ဆောင်မျက်နှာဖုံးတပ်ပြီး သကာရည်လောင်းထားတဲ့ ချိုချိုအီအီစကားတွေကို
ကြားရပါများလွန်းလို့ ဘယ်အချိန်မှာပေါက်ကွဲထွက်မိမလဲပဲ။သူတို့က သကာရည်လောင်းပေးတယ် ငါကရွံစရာစကားတွေပြန်ပြောပေးတယ်။အဲ့မှာ ကီးကိုက်နေပြီလေ
အပိုတွေဘာထပ်လိုဦးမလဲ။

အချစ်တွေ ကရုဏာတွေ မုဒိတာတွေလာလုပ်မနေနဲ့ ဘယ်တစ်ကောင်မှလည်း ငါ့အပေါ်
အဲ့လိုစိတ်မထားခဲ့ကြဘူးလေ။ငါ့ကိုချစ်တဲ့
လူထက် ငါကချစ်ရတဲ့လူကိုပဲ လိုချင်ခဲ့တာ။ငါကပဲချစ်မယ် ငါ့ကိုပြန်မချစ်နဲ့!အပေါ်ယံတွေများလွန်းလို့ ဘယ်သူကိုမှလွယ်လွယ်မယုံတတ်ဘူး။

ချစ်ရတဲ့သူတစ်ယောက်လောက်တော့ တောင့်တောင့်တတလိုအပ်နေပါတယ်။ဘယ်မှာတုန်း
ငါချစ်ရမယ့်သူ...!။
ချစ်ရတဲ့သူ(Loved One).......

အဟမ်း...!ဒါနဲ့ ကျွန်တော့်ရည်ရွယ်ချက်က ဘာလဲ?သိကြမလားမသိပေမယ့် ကြုံတုန်းလေးကြွားလုံးထုတ်ပြချင်လို့ပါ။အဖေက
ဆိုးလ်မြို့နယ်တစ်ခုလုံးရဲ့ရဲမှုးချုပ်လေ...
ဆိုတော့ကာ ကျွန်တော်ဘာလုပ်လုပ်ရတယ်ဆိုတဲ့သဘောပဲပေါ့။

ကျွန်တော် ကားပြိုင်မယ်။ဆိုင်ကယ်စတန့်ပြိုင်မယ်။အီဆန်မြို့နယ်မှာအကြီးဆုံး ဘားတစ်ခုနဲ့ကလပ်တစ်ခုဖွင့်ချပစ်မယ်။ကာစီနိုရုံတွေထောင်ပစ်မယ်။နောက်ဆုံးအကုန်ကုန်ပြောရရင်ဗျာ အမိုက်စားမိုတယ်တွေပါဖွင့်ပစ်ဦးမှာ။

ဒါတွေလုပ်ဖို့ဆို ငွေအင်အားအတွက်ပူနေစရာမလိုပါဘူး။ပြီးတော့ အာဏာကိုလည်း အိတ်ထောင်ထဲထည့်ထားတဲ့ ကိုယ့်အဖေ
တစ်ယောက်လုံးရှိနေတာပဲကို ဘာဥပဒေတွေတွေးကြောက်နေရဦးမလဲ အဟား...!။

အဲ့လိုတွေပေပေတေတေနေတတ်တဲ့ကျွန်တော်လိုလူဆီမှာ သဘောကျရတဲ့သူတစ်ယောက်တော့ရှိပါတယ်။ဘဝမှာ ပထမဆုံးသဘောကျရတဲ့လူ...!ပထမဆုံးမြတ်နိုးချင်တဲ့လူ...!ပထမဆုံး ရင်ခုန်ရတဲ့လူ...!။

သူ့ရဲ့ချိုချိုသာသာအသံလေးကို ကျွန်တော်သဘောကျတယ်။ထပ်ခါထပ်ခါနားထောင်ချင်တဲ့အထိပဲဗျာ။တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်နေရမယ်ဆိုရင်တောင် ငြီးငွေ့မယ်မထင်ဘူး။

လမင်းလေးလိုမျိုး အေးအေးချမ်းချမ်းဖြစ်တည်နေတဲ့ အဲ့ဒီတစ်ယောက်တည်းသောသူကို ကျွန်တော်ချစ်နေမိပြီထင်တယ်။အချစ်ကို
လက်တွေ့မြည်းစမ်းကြည့်ဖို့ငယ်လွန်းအားကြီးတာမှန်ပေမယ့်လည်း သူ့ဆီကမေတ္တာကိုတော့ အဟုတ်ပင်လိုချင်၏။

စမ်းရေလေးပမာ ငြိမ်ညောင်းလှသောအသံပိုင်ရှင်လေးဟာ ကျွန်တော့်အတွက်တော့
အိန်ဂျယ်လေးပါပဲ။ဒူးထောက်ခစားပေးရမယ်ဆိုလည်း ပြုံးပြုံးကြီးနာခံပေးဖို့အသင့်။
သူသာလျှင် လမ်းပြပေးမယ်ဆို သူ့စကားကိုနားထောင်ပေးပြီး ငြိမ်ကုပ်ပေးမှာပါ။

* ကြိုဆိုပါတယ်ခင်ဗျာ *

​ြကိုဆိုပါတယ်ခင်ဗျာတဲ့...။အသံလေးနဲ့တင် လူကိုအရည်ဖျော်ချပစ်နိုင်စွမ်းရှိတယ်ပေါ့။
ခက်ထန်ခြင်းအလျဥ်းမရှိ နူးညံခြင်းအလျဥ်းမရှိပေမယ့် သိမ်မွေ့လွန်းတဲ့အသံလေးကြောင့် ရင်ခွင်ထဲဆွဲဖွက်ပြီး အားရှိပါးရှိ
အနမ်းပေးလိုက်ချင်တဲ့အထိတွေ။

လူကိုရူးရအောင် လာပြုစားနေတာလားဟင်။ခင်ဗျားက စုန်းကဝေလေးပဲ ဒီကောင့်နှလုံးသားကို ခုန်တတ်အောင်သင်ပေးခဲ့လို့
ခင်ဗျားသိပ်ဆိုးလွန်းတယ် အချစ်ကဝေလေးရယ်။ရင်ဘက်မှာစက်ပျက်နေတဲ့ကောင်မို့ ကျွန်တော့်အချစ်မှာဘရိတ်မရှိဘူး။

ဒီအသံလေးကို ကြားချင်နေခဲ့ရတာ။ဒီနေ့တစ်နေ့လုံး ဘယ်လောက်ထိတောင်များလွမ်းနေခဲ့ရသလဲ သူသိမည်မထင်။စာသင်ခန်းထဲက လစ်ထွက်လို့မရလို့ တစ်နေကုန်ပိန်လိန်နေခဲ့ရတဲ့ဝဋ်ကြွေးကြီးဟာဆိုရင်ဖြင့် သိပ်ကိုပူလောင်ပြင်းပြစွာ။

စိတ်ရှုပ်ရလွန်းလို့ ဒေါသတွေလွှတ်မထွက်မိအောင် အောင့်အီးသည်းခံခဲ့ရတာက မျက်စိရှေ့က အိန်ဂျယ်လေးရဲ့စကားတစ်ခွန်းကြောင့်ပါ။ဒီလူသားသာ ကျွန်တော့်ကိုပဲ့ပြင်ပေးမယ်ဆို လိမ္မာပါ့မယ်လို့ကျွန်တော် ကတိပေးတယ်။.......

           ----------LOVED ONE-----------

ကောင်တာမှာထိုင်နေတဲ့လူသားလေးကို
ခိုးခိုးရှိုးရတာလည်းအမော။ဘာလဲဗျာ လူကိုမြင်ရဲ့သားနဲ့ တစ်ချက်တောင်ဂရုမစိုက်ဘူး။ပြုံးပြဖို့နေနေသာ မျက်လုံးချင်းတောင်ဆုံအောင်မကြည့်ဘူးတဲ့လား။စိတ်ညစ်ညစ်နဲ့
မျက်စိရှေ့ရှိသမျှကို ခြင်းထဲပစ်ထည့်လိုက်ရင်းဆွဲယူခဲ့မိကာ... ။

ကျွန်တော့်မှာတော့ ခင်ဗျားမျက်နှာလေးကို မော်ဖူးချင်လို့ပြေးလာရလိုက်တာ။ခင်ဗျား ဂရုမစိုက်တော့လည်းဘာအရေးလဲ?ဂျွန်ဂျောင်ကုက မှု့နေရမှာတဲ့လား။ဝေးသေး
ခင်ဗျားလည်းနေချင်သလိုနေ ကျွန်တော်လည်းတစ်ဝကြီးငမ်းမယ် အိုခေ...။

စတိုးဆိုင်သေးသေးလေးထဲတွင် ကောင်တာ၌ထိုင်နေသူလေးကို ရှယ်ပလန်နဲ့ငမ်းကြောဆွဲနေသည့်လူငယ်လေးမှာ မိန့်မိန့်စားစားကြီးနှင့်ပြုံးလျှက်။အကြည့်တွေမှာရီရီဝေဝေနှင့် မသိလျှင် မျက်လုံးထဲကအသည်းပုံတွေခုန်ထွက်လာတော့မလားပါပဲ။

* ဒါတွေကို စာရင်းတွက်ပေးပါ *

ငွေရှင်းကောင်တာလေးပေါ်သို့ ယူထားသမျှအား ပစ်တင်ပေးလေတော့ အထူးအဆန်းမျက်ဝန်းလေးတစ်စုံနဲ့ လူကိုမော့ကြည့်ခဲ့လာတယ်။အခုမှပဲ အကြည့်ချင်းစုံဖို့သတိရတယ်နော်။ခင်ဗျား သိပ်ဆိုးလွန်းလိုက်တာ။

* ယူမှာသေချာပြီလား ကျောင်းသား...၊ *

ထိုအခေါ်အဝေါ်ကြောင့် ကျွန်တော့်မျက်ခုံးတွေမှာ ပင့်မြှောက်သွားရပါပြီ။ဘာကို ကျောင်းသားတုန်း?ခင်ဗျားကို ပိုးပန်းမလို့ပါဆို ဘာကိုကျောင်းသားလဲ။အခုလူကိုငချွတ်လေးဇာတ်သွင်းလိုက်တာလား။

မရဘူးနော်။အသက်ဖြင့် သိပ်မကွာဘဲနဲ့ကို။သေချာပေါက်(၅)နှစ်ပဲ ကွာတာမဟုတ်ဘူးလား။ကျွန်တော့်ထက်(၅)နှစ်လေး ပိုကြီးတာကိုများ လူကြီးသိပ်လုပ်ချင်နေလို့ရမလားဗျ။

အခဲမကြေဖြစ်ရလွန်းလို့ ဒီလူကြီးပေါက်စလေးကို ဖက်နမ်းပစ်မိတော့မယ်။
ကောင်တာပေါ် လက်နှစ်ဖက်နဲ့စုံထောက်ပစ်ပြီး ကိုယ်ကိုအနည်းငယ်ကိုင်းချကာ ချစ်ရသူ၏မျက်နှာနုထွေးထွေးအား စွဲစွဲညို့ညို့စိုက်ကြည့်ပေးဖြစ်တယ်။

သို့သော်ငြား ကျောင်းတွင်းလူမိုက်လေးပေမို့ ဂျစ်ကန်ကန်ဂျစ်တူးတူးဟန်ပန်လေးဟာ ပျောက်ရှမသွားခဲ့။မျက်ခုံးနှစ်ဖက်ကို ခပ်တွန့်တွန့်ဖြစ်သည်အထိ တွန့်ကွေးထားလေပြီး
ရှစ်ခေါက်ချိုးမျက်နှာထားကြီးနဲ့မို့ သူ့သဏ္ဍာန်မှာ မှုန်ကုပ်ကုပ်တည်တင်းတင်းဖြစ်နေခဲ့၏။

ဒါကို အိန်ဂျယ်ကဘယ်လိုထင်သွားသလဲတော့မသိ။မသိမသာနှာခေါင်းလေးရှုံ့လေပြီးအကြည့်လွှဲသွားခဲ့တာမို့ ကျွန်တော့်မှာခပ်ဟဟရယ်မောလိုက်မိတဲ့ အထိပါပဲဗျာ...။

* မျက်နှာက~~သက်သာရဲ့လား *

* ဗျာ? *

ပစ္စည်းတွေရဲ့ဈေးနှုန်းကို Scanဖတ်နေရာကနေ လူကိုမကြည့်ဘဲပြောလာခဲ့တဲ့စကားကြောင့် ဘာကိုဆိုလိုလိုက်မှန်း ကျွန်တော်ဖြင့်နားမလည်ခဲ့ပါ။

* မျက်နှာလေ?ဒဏ်ရာတွေဆေးမထည့်ဘူးလား *

အိန်ဂျယ်ဟာ မျက်နှာတည်တည်လေးနဲ့စိုက်ကြည့်လာခဲ့ပြီး ကျွန်တော့်မျက်နှာ​ပေါ်က ဒဏ်ရာတွေကို မေးငေါ့ပြလာခဲ့တယ်။အဲ့ကျမှပဲ ကိုယ့်မျက်နှာပေါ် ကိုယ်ပြန်စမ်းကြည့်မိလိုက်ရင်း!။

ဟုတ်သားပဲ။ဟိုတစ်နေ့ညက ရန်ပွဲကောင်းမှုကြောင့် ကျွန်တော်အတော်လေးအထိနာခဲ့ရတာလေ။မျက်ခုံးလည်းကွဲသွားခဲ့သေးတာကို။ပြီးတော့ ပါးရိုးတွေမှာလည်း ပွန်းပဲ့ဒဏ်ရာတွေရခဲ့ပြီး နှုတ်ခမ်းထောင့်လည်းပေါက်ပြဲသွားခဲ့တယ်လေ။

ငါ့ရဲ့ဒီမျက်နှာ ဒီအခွက်ကြီး!မြင်လို့မကောင်းအောင်ကို စုတ်ပြတ်သတ်ခဲ့ရတာ ဘယ်နှရက်များကြာသေးလို့ မေ့ပစ်နိုင်ရတာပါလိမ့်။ကြည့်ရတာ အိန်ဂျယ်ကိုဖွန်ကြောင်ဖို့မွှန်နေရတာနဲ့ပဲ တစ်လောကလုံးကိုမေ့ထားနိုင်တဲ့ပုံစံပေါက်နေပြီ ဟဟ...။

ပလာဆတာသေးသေးလေးများကို မျက်နှာတစ်ပြင်လုံး မွစိတတ်နေအောင်ကပ်ထားလိုက်တာများ ကျောင်းတွင်းလူဆိုးလေးမဟုတ်ဘူးလို့ ဘယ်သူကပြောမှာကျနေတာပဲ။

* ထည့်ပါတယ် *

မျက်နှာထီထီ လေသံတင်းတင်းနဲ့ ပြန်ဖြေခဲ့မိတာကြောင့်ထင်ပါရဲ့ အိန်ဂျယ်ဟာခေါင်းညိတ်ပြရုံကလွဲပြီး ဘာစကားမှထပ်မပြောလာခဲ့တော့။လူကို မြင်လိုက်ရလို့ စိတ်ရှုပ်သွားလို့များလားဟင်။မှတ်မိနေပေးလို့ ကျေးဇူးတင်ရချည်ရဲ့ဗျာ။

အိန်ဂျယ်ထုပ်ပိုးပေးလိုက်တဲ့ အထုတ်လေးကိုအသာဆွဲရင်း ဆိုင်ပြင်သို့ နောက်ပြန်ခြေလှမ်း​ကျဲကြီးများဖြင့်ထွက်လိုက်မိတယ်။ကျွန်တော်က သိပ်ယွလွန်းတယ်ဟုတ်...!။
အချစ်နဲ့စစ်မှာမတရားတာမရှိဟု ခံယူထားတဲ့ကောင်မလို့ အိန်ဂျယ်နဲ့ပတ်သတ်လာရင်
ယွယွထထပါပဲ အဟွန်း...!။

             ----------LOVED ONE----------

* အားရှီ!ဘာတုန်းကွာ~ အိန်ဂျယ်ရှေ့မှာ
ဒီလိုအရှက်ကွဲလာတာ ငါတဲ့လား။ဒါဘာတွေလဲ!!ဘယ်ပါးစပ်နဲ့စားဖို့ ဝယ်လာခဲ့တာလဲ
ဟမ် ဟာကွာ *

အိတ်ထဲမှာပါလာသမျှဟာ ဂျယ်လီထုပ်အများအပြားနှင့်စုတ်လုံး!Candyထုပ်တွေဖြစ်နေခဲ့တယ်လေ။ဒါကြောင့်မို့ အိန်ဂျယ်က ထူးထူးဆန်းဆန်းစိုက်ကြည့်ခဲ့တဲ့နေမှာပေါ့။

ဒါတွေကို ကလေးပိစိလေးတွေပဲစားချင်စားလိမ့်မယ် ငါတော့သေတောင်မစားဘူး။ရှက်ဖို့ကောင်းလိုက်တာကွာ။သူ ငါ့ကိုဘယ်လိုထင်သွားမလဲ။နဂိုကတည်းကမှကျောင်းသားဆိုပြီး အထင်မကြီးချင်နေတာကို...။

ချစ်လို့ကြိုက်လို့ အတည်ပိုးပန်းမယ်ဆိုကာမှ
သူ့ရှေ့သောက်တစ်လွဲတွေသွားလုပ်မိတော့ အေးပြီပေါ့ကွာ!။တကယ် နားကားတော့မယ်ထင်တယ် ရှီး...။

လက်ထဲတွင်ကိုင်ထားသောအထုတ်ကို ဖွင့်ကြည့်ပြီးသကာလ စိတ်တိုတိုဖြင့် ကိုင်ပေါက်ဖို့ပြင်လိုက်မိတယ်။သို့သော်ငြားလည်း ထိုသို့မလုပ်နိုင်ခဲ့ပါဘူး။ရမ်းရမ်းကားကားအမူအကျင့်တွေကို အိန်ဂျယ်များမြင်သွားခဲ့ရင် စိတ်ညိုသွားမလားတွေးပူမိလို့။

စိတ်ပိန်စွာပဲ အိန်ဂျယ်တို့စတိုးဆိုင်လေးရှေ့တွင် ခင်းကျင်းပေးထားလေသောစားပွဲ၌​
ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ဆိုင်ထဲကအလှလေးကို တစ်ချက်ထိုင်ရှိုးလိုက်သည်။
လှတယ်!သောက်ရမ်းတွေ လှလွန်းလို့မက်မက်စက်စက်တွေ ချစ်စကားဆိုပစ်ချင်တဲ့အထိပါဗျာ။

ပြီးနောက်တွင်တော့ အိတ်ထဲကJ'Cupတစ်ဗူးကိုထုတ်လိုက်ပြီး ပိုက်တံနဲ့စူစူအောက့်အောက့်ပဲ ထိုးဖောက်ပစ်တယ်။ဒီအစုတ်အပြတ်တွေစားရအောင် သူငယ်နာမစင်တဲ့ကလေးလားလို့ကွာ။ချစ်ရသူရှေ့ ရှိုးပဲ့အောင် သောက်ရမ်းကမြင်းလွန်းတဲ့ ဟော့ဒီလက် နောက်မှရိုက်ချိုးပေးပစ်ဦးမယ်...ကတောက်စ်!။

အိန်ဂျယ်ဆိုတာ ဘယ်သူများလဲသိကြလား?အဟမ်း အိန်ဂျယ်ဆိုတာ ကျွန်တော်ချစ်ရတဲ့သူလေ။ကျွန်တော့်တွယ်တာရာလေး...၊ကျွန်တော့်နတ်သူငယ်လေးဟာ အိန်ဂျယ်ပဲပေါ့။
အိန်ဂျယ်နာမည်က ပတ်ခ်ဂျီမင်တဲ့။နာမည်လေးကအစ လှလိုက်တာဗျာ So sweet!။

အိန်ဂျယ်နဲ့ဆုံတွေ့ခဲ့တာက ဒီလိုဗျ.....
လွန်ခဲ့တဲ့၅ရက်လောက်ကဖြစ်လိမ့်မယ်။
အဲ့ညက ကျွန်တော်ဖားသားကြီးနဲ့ကွိုင်တက်ပြီး အိမ်ကနေလစ်ထွက်ခဲ့မိတယ်။စိတ်လေနေတာနဲ့ပဲ ခြေဦးပေါက်ရာလျှောက်သွားရင်း
ဆင်ခြေဖုံးရပ်ကွက်တစ်ခုထဲရောက်ခဲ့မိတယ်ဆိုပါတော့။

ဆင်းရဲသားရပ်ကွက်ဆိုတဲ့အတိုင်း လမ်းမီးရောင်ကျို့တို့ကြဲတဲမှလွဲ၍ ဘာဆိုဘာမှမရိှ။ဖြစ်ချင်တော့ ဓာတ်မီးတိုင်မှုန်ပြပြအောက်မှာစတိုးဆိုင်တစ်ခုရှိနေခဲ့တယ်လေ။ကံကောင်းသလားမပြောတတ်ပေမယ့် စီးကရတ်လေးခဲဖို့အတွက်တော့ မဟာအခွင့်အရေးကြီးလို့ပဲ ပြောလို့ရတယ်မလား။

အဲ့လိုနဲ့ပဲ စတိုးဆိုင်ထဲခပ်တည်တည်နဲ့ဝင်ချသွားလိုက်ပြီး ဘီယာနှစ်ဗူးနဲ့ရေဘဝဲခြောက်ကိုဆွဲယူလိုက်ရင်း ကောင်တာပေါ်ပစ်တင်လိုက်ကာ တစ်ဆတ်တည်းဆိုသလိုစီးကရတ်ဗူးပါ ဝယ်ချပစ်လိုက်တာပေါ့။

ပါချီပါချဲ့ဆိုင်လေးပဲမို့ မှတ်ပုံတင်တောင်း
ကြည့်တာတွေဟိုမေးဒီမေးတွေတော့ မရှိနိုင်လောက်ဘူးထင်ခဲ့မိတာ တကယ့်သောက်တစ်လွဲကိုဖြစ်ရလို့။ကောင်တာမှာမျက်နှာသေနဲ့
တစ်ချိန်ကုန်ငြိမ်နေခဲ့တဲ့ အဲ့ဒီလူဟာ လူကိုစစ်ဆေးရုံနဲ့အားမရဘူးထင်ပါ့ဗျာ မချေမငံတွေပါပြောဆိုလာခဲ့တယ်လေ။

* ဒီမှာကျောင်းသား မင်းမှတ်ပုံတင်ပြမှ ရောင်းပေးနိုင်မယ် *

ကလေးလိုဆက်ဆံခံလိုက်ရ၍ဒေါသတွေဟာ ထိန်းသိမ်းလို့မရခဲ့။အလယ်တန်းကျောင်းသားလောက်ပဲရှိမယ့်ကောင်ကများ
အခုငါ့ကို သောက်ဆရာလာလုပ်နေတယ်ပေါ့လေဟုတ်လား။အသိဝင်သွားအောင် နှစ်ချက်လောက်နရင်းပိတ်တီးပေးလိုက်ရ ဟာကွာ!!။

* ကျောင်းသား?အခု ဘယ်သူ့ကိုဆရာလာလုပ်နေတာလဲရော မင်းသိလား *

* ဧည့်သည်... အရမ်းကြီးမဆူညံပါနဲ့။ကျေးဇူးပြုပြီး မှတ်ပုံတင်ပြပေးပါ *

* ဒီမှာ ဘာတွေအရေးမပါတာလာပြောနေတာလဲ။ဘယ်သူကရော မှတ်ပုံကြီးတကားကားထည့်ပြီး လမ်းသွားနေတာမြင်ဖူးလို့လဲဟမ်။အသက်ပြည့်ပြီးပြီဗျ။ခင်ဗျားဆိုင်ကဟာကို ရောင်းမှာလား မရောင်းဘူးလားဒါပဲပြော *

မှုန်ကုပ်ကုပ်ဂျစ်ကန်ကန်မျက်နှာပေးနဲ့ဧည့်သည်ကို ကောင်တာရှိလူသားလေးခမျာ ဝိုင်းဖန့်ဖန့်မျက်ဝန်းလေးတွေနဲ့ အတန်ကြာအောင်မော့ကြည့်လာခဲ့ပြီးနောက်....။

* မမြင်ဖူးပေမယ့် အခုလိုကန့်သတ်ထားတာကိုဝယ်မယ်ဆိုရင်တော့ မှတ်ပုံတင်ပြသင့်တယ်လေ။မဟုတ်ရင်တော့ မရောင်းပေးနိုင်ပါဘူး *

* ဟာကွာ အရစ်ရှည်လိုက်တာ!ကျုပ်ရုပ်က အသက်မပြည့်တဲ့ပုံပေါက်နေလို့လား ရောင်းစရာရှိတာမရောင်းဘူး အာရုံပဲ ကျစ် !*

* ဒီမှာ ကျောင်းသား...မင်းလိုကလေးတွေ ငါအများကြီးမြင်ဖူးနေကျမို့ ထပ်ပြီးဆူဆူညံညံမလုပ်မိပါစေနဲ့ *

* လက်ပေါက်ကပ်တဲ့လူပဲကွာ *

* ကြည့်ရတာ စတိုးဆိုင်မှာ ဒါမျိုးတွေမဝယ်ဖူးဘူးထင်တယ်။ဘာလဲ?အရင်က မင်းအစားဝယ်ပေးမယ့်သူ ရှိနေခဲ့တာလား *

ထိုလူ့စကားကြောင့် သူ့မျက်နှာမှာအတော်လေးပင် နီမြန်းသွားရ၏။ဟုတ်ပါတယ်။
ဒီလိုမျိုးတစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မဝယ်ဖူးပါဘူး။ဖေဖေ့တပည့်တွေထဲကပဲဖြစ်ဖြစ် အတန်းထဲက ငကြောက်ကလေးတွေကိုပဲဖြစ်ဖြစ် အကြပ်ကိုင်ပြီး ဝယ်ခိုင်းနေကြမဟုတ်ပေလား။အခုဟာကပထမဆုံးဝယ်မိပါတယ် ပထမဆုံးကိုအရှက်ကွဲရပြီ။

* ခင်ဗျားနဲ့ဘာဆိုင်တုန်းဟမ်?ဒီအတိုင်းရောင်းပေးလိုက်လို့မရဘူးလား *

* မရပါဘူး!ဥပဒေကိုချိုးဖောက်နေမယ့်အစား အိမ်ပြန်ပြီး စာပဲသွားကျက်နေလိုက်တော့ ဟုတ်ပြီလား *

* ဘယ်လောက်ပိုပေးရင်ရမလဲပြော *

* စော်ကားနေတာပဲ... မင်းကိုရောင်းမှာမဟုတ်လို့ ဆိုင်ထဲကနေ ထွက်သွားပေးပါ *

တကယ် လက်ပေါက်ကပ်နေတာပဲ။ပြောရ
ဆိုရကြပ်လိုက်တာ။ပုံမှန်ချိန်တွေမှာဆို ဆိုင်ထဲကလှည့်ထွက်ပေးကောင်းပေးနိုင်ပေမယ့် အခုနေတော့အဲ့လိုလုပ်ပေးဖို့မဖြစ်နိုင်ဘူး။စီးကရက်ခဲချင်လွန်းလို့ ပါးစပ်တစ်ခုလုံးချဥ်တူးနေပြီ။

ပြီးတော့ ဒီအနားအနားပတ်ဝန်းကျင်မှာလည်း ဈေးဆိုင်နဲ့တူတာဆိုလို့ဒီတစ်ဆိုင်ပဲရှိတာ။ခြောက်တိခြောက်ကပ်စတိုးဆိုင်လေးဖွင့်စားထားပြီးတော့များ ကြီးကြီးကျယ်ကျယ်တွေ လာပြောနေရသေးတယ်လို့။

ဘီယာဗူးတွေပြန်ဆွဲသိမ်းဖို့ပြင်နေသူရဲ့
လက်ကို အားမနာတမ်းဘဲအကြမ်းပတမ်းဖမ်းဆုတ်ပစ်လိုက်သည်မှာ ဘယ်နည်းနဲ့မှလွှတ်ပေးဖို့ အစီအစဥ်မရှိတဲ့ပုံဖြင့်။ထိုလူ့နည်းတူ မှင်သေသေမျက်ဝန်းတွေနဲ့ပဲ တန်ပြန်စိုက်ကြည့်ပေးခဲ့မိတယ်။

မုန်ယိုနေတဲ့ သားရဲကောင်ပမာ စူးစူးနစ်နစ်စိုက်ကြည့်ပေးလိုက်တဲ့အခါမှာတော့ လက်တွေကိုဆောင့်ရုန်းလာ၏။

* ဒီတစ်ခါပဲ မသိချင်ယောင်ဆောင်ပေးလိုက်လို့မရဘူးလား *

* အင်း မရဘူး *

* ခင်ဗျား ကျွန်တော်ဘယ်သူလဲမသိလို့တကယ်ပဲ လာတားရဲနေတာလား *

* မင်းဘယ်သူလဲငါစိတ်မဝင်စားဘူး။သိလည်းမသိချင်ဘူး။ငါ့ဆိုင်ကိုလာရင်တော့ လုပ်ထုံးလုပ်တမ်းနဲ့အညီ အတည်ပြုရမှာပဲ *

* အဟားးးး!ဆိုင်ပိတ်ချင်နေပြီထင်တယ် *

* မပိတ်နိုင်သေးလို့ လာရာလမ်းအတိုင်း
ပြန်ကြွလိုက်ပါတော့။ထပ်ပြီးလည်းမရစ်ပါနဲ့
အဲ့လောက်ထိတောင် သောက်ချင်နေသပါ့ဆိုလည်း တစ်ခြားရောင်းပေးနိုင်မယ့်ဆိုင်ဆီကိုပဲ ဒိုးလိုက်ပါတော့ ဟုတ်ပြီလား *

* တောက်စ်...! ခင်ဗျား ကျွန်တော်နဲ့တွေ့ဦးမယ် *

* အေး နောက်လည်းလမ်းကြုံရင်တောင် ငါ့ဆိုင်ထဲဝင်မလာခဲ့နဲ့ *

* ဘာပြောတယ်ဗျ!! *

* ဆားနဲ့ပတ်မထုတ်မိခင် အေးအေးဆေးဆေးထွက်သွားပေးပါ ဧည်သည့် *

မျက်နှာထီမျက်နှာထားဖြင့် ဆွဲထုတ်တော့မတတ်မောင်းထုတ်ခံလိုက်ရတာကို ခံပြင်းလွန်းလို့ ဒီတစ်ဆိုင်လုံးဖြိုမရိုက်မိတာပဲကံကောင်းလှပြီမှတ်ပါ။ထပ်ပြီး အတင့်ရဲစကားဆိုကြည့် သူ့ကိုပါကျွန်တော်အတည်ရိုက်ပစ်မိတော့မှာ။

ပထမဆုံးတွေ့ဆုံမှုမှာတင် ကတောက်ကဆလေးတွေနဲ့စတင်ခဲ့ရပြီး အခဲမကြေပေးနိုင်ခဲ့ပါ။

          -----------LOVED ONE----------

ထိုနေ့ညကမှ စတွေ့ဖူးခဲ့တဲ့မျက်နှာကြောကြီးကြီးနဲ့အဲ့ဒီလူကို စိတ်ထဲမှာအငြိုးကြီးကြီးထားပစ်ခဲ့ပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာကိုယ့်ခွင်ထဲရောက်လာခဲ့ရင် အရေခွံနွှာဖို့ထိတေးမှတ်ထားခဲ့ပါသည်။

စိတ်အစုံဟာ အမှန်တကယ်ပင် မကြည်နေခဲ့ပါ။မောက်မာလွန်းတဲ့ထို့လူမျက်နှာကို ဒီတစ်သက်မေ့မယ်မထင်။တစ်သက်လုံး လူတွေမော်မကြည့်ဝံခဲ့တဲ့သူလိုလူကိုမှ ရာရာစစနှင်ထုတ်ရဲသတဲ့လား။

မကောင်းဆိုးဝါးတစ်ကောင်ကို နှင်သလိုမျိုးဆားနဲ့တောင် ပတ်ထုတ်မယ်ဆိုပဲ။သိပ်မိုက််မဲလွန်းတဲ့လူ!ကိုယ့်အန္တရာယ်ကိုယ်မသိတာလောက် မိုက််မဲလွန်းတာမရှိတော့...။

လူကြည့်တော့ ငါ့တစ်ကိုင်ပေါက်စာတောင်
မရှိဘူး။သောက်ကြောကြီးလွန်းနေတဲ့ အဲ့လူရဲ့ဘဝင်ကို တစ်စီဆွဲစုတ်ပစ်ဦးမယ်။ပထမဆုံးမောင်းထုတ်ခံရတဲ့အဖြစ်သနှစ်ပေမို့ တော်တော့်လေးကိုဒေါသထွက်ရပါတယ်။

ကြိတ်မနိုင်ခဲမရဖြစ်ရလွန်းလို့ ငါသာ!မီးခိုးတိုင်တစ်ခုဆို အငွေ့တွေဘယ်လောက်တောင်များထွက်နေမလဲ စဥ်းစားကြည့်လိုက်ကြတော့။ရှက်ရှက်နဲ့ ဆိုင်ပြင်ပြေးထွက်လာခဲ့မိတယ်။

* အဲ့ဒါဂျွန်ဂျောင်မလား? *

အခုငါ့နာမည်ကိုခေါ်လိုက်တာလား?။မှောင်ရိပ်ကျနေသည့်လမ်းချိုးတစ်ခုထဲကနေစကားသံတွေနဲ့အတူ ခပ်သုတ်သုတ်ချဥ်းကပ်လာကြတဲ့ခြေသံတစ်ရှပ်ရှပ်ကြောင့် သူ့မျက်မှောင်တွေကိုအလိုလိုကျုံ့လိုက််မိပြီး
ဝိုးတဝါးမှောင်ရိပ်ထဲသို့ စိုက်ကြည့်ဖြစ်၏။

* ဟုတ်တယ် ဂျွန်ဂျောင်ကုပဲဟ!မှန်နေတာပဲ...ဝါး ဒါနည်းတဲ့တိုက်ဆိုင်မှုလားဟမ် *

ကိုယ့်ထံတည့်တည့်ပြေးဝင်လာတဲ့ကောင်တွေလက်မှနေ အလျင်အမြန်ရှောင်ဖယ်လိုက်ရပြီး ထိုးသင့်တဲ့ကောင်ကိုဆွဲထိုးကာ
ကန်သင့်တဲ့ကောင်ကိုလည်း ပိတ်ကန်ပစ်ပေးလိုက်တယ်။အများနဲ့တစ်ယောက်မို့
ချွေးပျံ့နေအောင် ထိုးကြိတ်ရတဲ့အခိုက်လောက် သောက်သည်းနာတာမရှိတော့။

အားရှီ!ခွေးလိုကောင်တွေ...။

ငါးယောက်ခြောက်ယောက်ခန့်လောက်ရှိမယ့်
ထိုအုပ်စုကို ငါမသိတာအမှန်။ဘယ်သူတွေလဲ?ဘာကောင်တွေမို့ ငါ့ကိုတားရဲရတာလဲ။ညိဖူးတဲ့ကောင်တွေမှများလွန်းလို့ ရိုက်သတ်ရင်တောင် ဒီတစ်သက်စာရင်းကုန်မှာမဟုတ်ဘူး။မြင်ဖူးသလိုတော့ရှိပေမယ့် အဟုတ်ကို
မမှတ်မိတော့တာ။

နွှဲဖူးတဲ့ရန်ပွဲတွေက နည်းနည်းနောနောတဲ့လား?။ခွေးတစ်ကောင်ကို ချောင်ပိတ်ရိုက်သလိုမျိုးကို အုပ်စုဖွဲ့ပြီးအသေ​ကျွေးနေကျတာဟ။ငါမိမိရရတစ်ချက်ပြန်ထိုးလိုက်နိုင်ရင် ငါ့ပေါ် ကျရောက်လာတဲ့လက်သီးက
တစ်ရဆတ်ပဲ!ခပ်ကြမ်းကြမ်းကန်ချက်တွေကြား အလူးအလှီမ့်ခံနေရတာပေါ့။

မခံနိုင်တဲ့အဆုံး ငါ့ရှေ့ကကောင်ရဲ့ဝမ်းဗိုက်ကို လက်နှစ်ဖက်နဲ့စုံကိုင်ဖက်တွယ်လိုက်ပြီး ခေါင်းနဲ့ဗိုက်ကြွက်သားကိုတည်(တယ်)ထားလေကာ ခပ်လှမ်းလှမ်းကနံရံရှိရာဆီ အားကုန်ဆောင့်တိုက်ပစ်သည်။အဲ့ကောင်ဗိုက်ကိုပဲ ဒူးနဲ့တစ်ချက်ပစ်ဆောင့်ပေးလိုက်ပြီးနောက််မှာတော့ ငါလည်းခွေးပြေးဝက်ပြေးထွက်ပြေးခဲ့ရပြီလေ။

မပြေးလို့လည်းမရဘူး။ဒီအချိန်မှာ ငါကတစ်ယောက်တည်းခံနေရတာ။စူပါဟီးရိုးကြီးလုပ်ပြီး ပေခံနေရင်ငါပဲသေကိန်းဆိုက်ရမှာ။အသက်ကိုဉာဏ်စောင့်တယ်တဲ့ ဆိုတော့ကာ
ငါထွက်ပြေးခဲ့ရပြီပေါ့ကွာ။

ဒါပေမယ့်... ဒီအစုတ်အပြတ်ရပ်ကွက်ကို
ငါအခုမှ ပထမဆုံးရောက်ဖူးတာလေ။ပြေးနေရင်း ပြေးနေရင်းနဲ့ကို ဘယ်လမ်းကထွက်ရင် ဘယ်နေရာရောက်သလဲ ငါမသိတာမို့အုတ်တံတိုင်းတွေခတ်ထားတဲ့ လမ်းဆုံးတစ်နေရာမှာပဲ အဲ့ကောင်တွေလက်ထဲချောင်ပိတ်မိခဲ့တော့တယ်။

သို့သော် ခွေးရူးတစ်သိုက်ကို ရေနဲ့ပတ်ဖြန်းလိုက်သလိုပါပဲ တဂီးဂီးရန်လိုသံတွေမှာ တိတ်ကျသွားလေသည်။ငါ့အင်္ကျီရဲ့ကော်လံစမှနေ ဆောင့်ဆွဲထားတဲ့သူတို့လက်တွေကို လွှတ်ချလိုက်ကြပြီး အနောက်ကို တစ်စုတစ်တည်းလှည့်ကြည့်လိုက်ကြတော့၏။

* ဒီနေရာက ဒုံမြောင်ရပ်ကွက်ဟုတ်ပါတယ်။စောဏကပြောပြထားတဲ့လမ်းအတိုင်းပဲ လာပေးရင်ရပါပြီခင်ဗျ။မြန်မြန်လေးလာပေးစေချင်ပါတယ်။ဟုတ်ပါတယ် ကျွန်တော်ကမျက်မြင်သက်သေလုပ်ပေးသွားမှာပါ *

ရဲစခန်းကို ဖုန်းဆက်နေခဲ့သူမှာ စတိုးဆိုင်မှာတွေ့ခဲ့တဲ့ မျက်နှာသေနဲ့လူ ဖြစ်နေခဲ့သည်။

* ရားရား...ဘယ်ကိုဖုန်းဆက်နေတာလဲ အခုချက်ချင်းချထားလိုက်စမ်း *

ထိုကောင်တွေသည် ချက်ချင်းဆိုသလိုပဲ
လှည့်ကာမည်းကျပြန်သည်။မျက်နှာသေနဲ့
အဲ့ဲဒီလူဟာ ဘယ်တစ်ကောင်ကိုမှအရေးပြန်ပေးခဲ့ခြင်းမရှိ။အဲ့အစား ပုံခနဲပစ်လဲကျသွားပြီး အုတ်တံတိုင်းမှာကျောမှီနေခဲ့တဲ့ကောင်လေးကိုသာ တစ်ချက်လှမ်းကြည့်လာခဲ့ပြီး...

* မင်း အဆင်ပြေရဲ့လား *

* ခင်ဗျားမမြင်ဘူးလား *

လာကယ်ပေးတဲ့လူကို ပြန်ရန်လုပ်တာဆိုလို့
ဒီလောကမှာ ငါပဲရှိလိမ့်မယ်။ဒါပေမယ့်လည်း ငါ့မှာဆက်ပြီးမည်းဖို့အခွင့်အရေးမသာခဲ့။ဘာလို့ဆို ဟိုကောင်တွေက မျက်နှာသေနဲ့လူကိုပြေးထိုးခဲ့ကြပြီလေ။

ငါလိုကောင်တောင်မရှု့မလှခံနေရတာ ဒီလူဆို အရေးပေါ်ပဲပို့ပေးရမလား?ဟူး။ဗိုက်ကို
ဖိလိုက်ပြီး မျက်စိရှေ့ကမြင်ကွင်းကို ဖြေ​ဖျော်ရေးတစ်ခုအနေနဲ့ငါထိုင်ကြည့်နေခဲ့မိတယ်။အဲ့ဒီလိုကြည့်နေရင်းမှာပဲ ဟာခနဲဟင်ခနဲအံဩရတဲ့လူက ငါကိုယ်တိုင်ပဲလေကွာ။

လျှပ်တစ်ပြက်အတွင်းမှာကို ထို့လူ့လက်ချက်နဲ့ ဟိုကောင်တွေမှာ မှောက်ကွဲကုန်တာများ ပြန်တောင်မထနိုင်ကြတော့ဘူး။ကြည့်ရတာ
ဒီမျက်နှာသေနဲ့လူက ကရာတေးတွေဘာတွေတတ်နေတာများလားပဲ။ရှင်းစရာရှိတာရှင်းပြီးတာနဲ့ ငါ့ကိုလာထူပေးပြန်တယ်လေ။

* မျက်နှာကတော်တော်ထိသွားတာပဲရလားဆေးခန်းသွားမလား *

* မလိုပါဘူး ရန်ဖြစ်တာလောက်နဲ့ဆေးခန်းသွားစရာဘာလိုမလဲ *

* အင်း ဆေးတော့ထည့်ရမယ် *

ဒီလို ဂရုစိုက်ခံရတာ ပထမဆုံးပဲဗျာ။ပျာပျာသလဲ ဂရုစိုက်ခံရဖူးပါတယ်။ဖူးဖူးမှုတ်လည်း အလိုလိုက်ခံနေကျပါ။ဒါပေမယ့် သူတို့ပေးနေကျတာက အပေါ်ယံတွေမှန်းသိပြီးသား။ဒီလူကျ အဲ့လိုမဟုတ်ဘူး။

အမြင်မတော်လို့ ကူညီတယ်ဆိုတာထက်
ရင်ထဲကပါလို့စေတနာထားနေမှန်း ခံစားလို့ရနေလို့ပါ။ဒီလိုနဲ့ပဲ အဲ့ဒီလူစီးလာတဲ့စက်ဘီးရဲ့ကယ်ရီယာခုံမှာ ကျွန်တော်ဟာထိုင်ခွင့်ရခဲ့ပြီး၊သူကတော့ကျွန်တော့်ကိုယ်လုံးကြီးကို
မနိုင်မနင်းနဲ့တင်နင်းပေးခဲ့ရပြီး သူ့စတိုးဆိုင်လေးဆီသို့နောက်တစ်ခေါက်ပြန်ရောက်လာခဲ့ရပြီ။

သူ့ဆိုင်ကို ခေါ်လာခဲ့တာက ဆေးထည့်ပေးချင်လို့တဲ့လေ။အခုမှဆုံတွေဖူးတဲ့လူတစ်ယောက်အပေါ်မှာ စေတနာတွေထားနေလိုက်တာဗျာ။အနီးကပ်ကြည့်မိတော့မှ ဒီလူဟာ
သောက်ရမ်းချောလှတဲ့လူဖြစ်နေခဲ့တယ်။
မျက်နှာသေတွေအစား ပြုံးရယ်နေလိုက်မယ်ဆို ဘယ်လောက်တောင်များ ကြည့်ကောင်းပြီးချောနေလိုက်မလဲ?။

နွေးထွေးမှုကို ဒီလူနဲ့မှပထမဆုံးစသိခွင့်ရလိုက်တာ။အိန်ဂျယ်လေးလိုပဲ။စိတ်ထားအရမ်းကောင်းလွန်းနေတာမဟုတ်ဘူးလား။မဟုတ်မှ....!အတောင်ပံလှလှလေးတွေကို
ဖွက်ထားတာမဟုတ်လောက်ပါဘူးနော်။

* ခုဏက ခင်ဗျားတကယ်ပဲ ရဲခေါ်လိုက်တာလား *

* ဟင့်အင်း ငါမခေါ်ခဲ့ပါဘူး *

* ဒါပေမယ့် ခင်ဗျားပဲ အဲ့လိုတွေပြောခဲ့ပြီးတော့ *

* ဒီမှာကျောင်းသား ငါတို့မယှဥ်နိုင်တဲ့လက်ရုံးပွဲတွေမှာဆို ဉာဏ်ရည်ကိုအသုံးချတတ်ရတယ် *

* ဘာဆိုင်လို့လဲဗျာ *

* မင်းအရွယ်ရောက်လာတဲ့တစ်နေ့
ဒါတွေကိုသိချင်သိလာမှာပေါ့ အခုထိမင်းက ကလေးပဲရှိသေးတာကို *

* ကျွန်တော်ကလေးမဟုတ်ဘူး *

* အင်း သိတယ်။ဒါပေမယ့် ကျောင်းသားပဲရှိသေးတာမလား အသက်မပြည့်သေးရင်
ကလေးပဲပေါ့ *

* ရှီး!လက်ပေါက်ကပ်လိုက်တဲ့လူ *

* ဆေးတွေယူသွားဦး ဒဏ်ရာတွေမကျန်စေနဲ့ *

* အိမ်မှာ အဲ့ထက်ကောင်းတဲ့ဆေးတွေရှိတယ်
မလိုဘူး~!အပိုတွေ *

* သဘောပဲလေ *

မလိုဘူးအပိုတွေလို့ ပြောပြီး လှစ်ခနဲဆွဲယူပြေးလာခဲ့တာလည်း ကျွန်တော်ပါပဲ။ကလေးအရမ်းများဆန်သွားသလားဟင်။မသိတော့ဘူးကွာ။သူက ငါ့အိန်ဂျယ်လေးလိုပဲ။သူ့ကို
သဘောကျတာထက်ပိုတယ်။ကျွန်တော့်အိန်ဂျယ်လေးမို့ အိန်ဂျယ်လို့ပဲခေါ်ချင်တော့တယ်ဗျာ။

ပထမဆုံး ကျွန်တော့်ကိုဆေးထည့်ပေးတဲ့လူက အိန်ဂျယ်ပါ။မတောင်းဆိုဘဲနဲ့ ဂရုစိုက်မှုတွေပေးခဲ့တာလည်း သူပါပဲ။ဆေးထည့်ပေးနေရင်း ဒဏ်ရာတွေစပ်မှာစိုးလို့ လေနဲ့မှုတ်ပေးခဲ့သေးတာဗျ။

ဘယ်လိုလူလဲ အခုမှတွေ့ဖူးကြတာကို အဲ့လောက်ထိဂရုစိုက်မှုတွေပေးနေလို့ဘယ်ဖြစ်မလဲ။ကျွန်တော်က တွယ်တာတက်ပါဘိ့နဲ့ ခင်ဗျားကို လက်မလွှတ်ပေးချင်တော့ရင်ဘယ်လိုလုပ်ကြမလဲ။ရှေ့လျှောက် အိန်ဂျယ်ကို ကျွန်တော့်ဘဝထဲဆွဲခေါ်မိတော့မယ်ထင်တယ်။

ပြန်ချစ်ပေးစရာမလိုဘူး!ကျွန်တော်ကပဲချစ်နေမယ်။အခုထိ ချစ်တယ်လို့ဖွင့်ပြောဖို့က အရမ်းစောလွန်းနေသေးတယ်မလား။တွေ့တာဖြင့် နာရီပိုင်းပဲရှိသေးတာကို။ဒါပေမယ့်
ကျွန်တော့်ဘဝအတွက် အိန်ဂျယ်ကိုတကယ်လိုအပ်လို့ပါ။

            ----------LOVED ONE----------

အဲ့နေ့ညက တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။မျက်လုံးမှိတ်ဖို့ကြိုးစားလိုက်တိုင်း သူ့မျက်နှာကိုပဲမြင်ယောင်နေမိလို့။သူ့အသံလေးကိုပဲခဏခဏကြားချင်နေမိပြီး သူ့ကိုသိပ်လွမ်းခဲ့ရတယ်။အချစ်တဲ့လား?တဒင်္ဂလေးအတွင်းမှာ ဘယ်လို့လုပ်ဖြစ်နိုင်မှာလဲ။

တစ်လောကလုံးမချစ်ရင်နေပါစေ သူ့ဖက်ကမေတ္တာပြန်ရှိပေးရင်ရပါပြီ။ဘဝမှာပထမဆုံးအကြိမ်လောဘတက်ဖူးခြင်းပဲ။ဒီလိုနဲ့ပဲ
အိန်ဂျယ်မှအိန်ဂျယ်...၊ ဒီလူမှဒီလူရူးခဲ့ရပြီ။
မနေနိုင်မနထိုင် စုံစမ်းကြည့်မိတော့သူ့အကြောင်းတွေသိခဲ့ရတယ်။

အဲ့စတိုးဆိုင်ပိစိလေးက အိန်ဂျယ်ပိုင်တဲ့တစ်ခုတည်းသော ပိုင်ဆိုင်မှုတဲ့လေ။အာ!ပြီးတော့
ထိုစုတ်ချာချာရပ်ကွက်လေးထဲက ခေါင်းမိုးထပ်အခန်းလေးကိုလည်း ပိုင်ဆိုင်သေးတယ်ဆိုပဲ။နုံနုံချာချာအခန်းလေးက ဆပ်ပြာခွက်သာသာပဲရှိလိမ့်မယ်။

အိန်ဂျယ်လိုနတ်သားလေးက ဘာလို့ချို့ချို့တဲ့တဲ့နေရမှာလဲ။ကြမ္မာကြီးက မတရားလိုက်တာ။ရှိတဲ့သူများကျ ငွေကိုရေလိုဖြုန်းနိုင်ကျပြီး မရှိတဲ့သူများကျတော့လည်း ခက်ခဲရုန်းကန်လိုက်ရတာ။ဒါကြီးက ဟုတ်တော့ဟုတ်မနေပါဘူး။

ဘယ်နှယ့်တွေဗျာ!သိပ်ကိုဘက်လိုက်လွန်းနေတာမဟုတ်ဘူးလား။ကြည့်နေ အိန်ဂျယ်ကို
ငါ့လူဖြစ်အောင်လုပ်ပြီး တင့်တင့်တယ်တယ်ထားပြမယ်။အိန်ဂျယ်ကတော့ ငါ့ကိုမေတ္တာတွေပြန်ပေးပေါ့။

အယ်!ပြီးတော့ ရှိသေးတယ်။အိန်ဂျယ်က
ဒီနှစ်စပိုင်းကပဲ ကျောင်းပြီးသွားခဲ့ပြီတဲ့။
ကြာသပတေးနေ့တိုင်းတော့ ကရာတေးသင်တန်းကျောင်းမှာ နည်းပြအဖြစ်နဲ့အလုပ်ဝင်ထားသေးတယ်ဆိုပဲ။အဲ့ဒါကြောင့်ဖြစ်ရမယ်အိန်ဂျယ်ရဲ့တိုက်ခိုက်ရည်က တော်သင့်ရုံစကေးမဟုတ်ပါဘူးလို့။

ဆိုတော့ကာ အိန်ဂျယ်ကကျောင်းပြီးသွားပြီတော့ သေချာပေါက်အသက်လည်းပြည့်ပြီးသွားပြီပေါ့။အိမ်ထောင်ပြုမယ်ဆို ပြုသင့်တဲ့အရွယ်ရောက်နေပြီမလား။ငါနဲ့လက်ထပ်မယ်ဆိုလည်း အဆင်ပြေနေတာပဲ။နောက်သုံးလနေပြီးရင် ငါလည်းအသက်ပြည့်ပြီလေ အဟင်း...!။

အကျဥ်းချုပ်ပြောရရင် အိန်ဂျယ်ကရုပ်လည်းချောတယ်၊ဆိုးလ်တက္ကသိုလ်ကနေလည်း ဘွဲ့တစ်ခုရထားသေးတယ်။ပြီးတော့ စတိုးဆိုင်
ပိစိလေးတစ်ခုလည်းပိုင်ထားသေးတယ်လေကွာ။ငါနဲ့ယူဖို့ကို ငါ့မိဘတွေကခွင့်မပြုရင်
ငါက အိန်ဂျယ်နောက်လိုက်နေလိုက်ရုံပဲပေါ့။

နေဖို့အိမ်လည်းအဆင့်သင့်ရှိပြီး လတ်တလောမပူမပင် ထိုင်စားလို့ရလောက်မယ့် ခပ်ချာချာစတိုးဆိုင်လေးလည်းရှိနေတာကို ဘာတွေတွေးပူနေရဦးမလဲ။လက်ထပ်ပြီးသွားလို့ ငါတက္ကသိုလ်ဆက်တက်လည်းရနေတာပဲ။

ကျောင်းပြီးသွားမှ အိန်ဂျယ်ကိုတစ်လှည့်
ပြန်ကြည့်မယ်ဆိုလည်းအရမ်းကြီးနောက်
မကျသေးပါဘူး။အရေးကြီးတာက အိန်ဂျယ်ကငါ့ကိုလက်ခံနိုင်ဖို့ပဲလိုတော့တာ။အိန်ဂျယ်ကတော့မသိပေမယ့် ငါကတော့နှစ်ယောက်တွဲလျှောက်မယ့်ဘဝလမ်းကို ပလန်တွေကြိုဆွဲထားပြီးသွားပြီ။

​ေယာင်နောက် ဆံထုံးပါတဲ့...အိန်ဂျယ်လျှောက်ရာနောက် ငါပါမယ်!အိန်ဂျယ်ရှိရာအရပ်မျက်နှာမူပြီး အိန်ဂျယ်ရှိရာအရပ်ပဲ
ငါလိုက်မယ်။အိပ်လည်း အိန်ဂျယ်ပဲ စားလည်းအိန်ဂျယ်ပဲ အကုန်ကုန်ပြောရရင်
အိန်ဂျယ်ရှိရာဘက်ပဲလှည့်ပြီး ငါရေချိုးမှာ။

စိတ်ကူးယဥ်နေရုံနဲ့ လက်တွေ့မှာဘာမှဖြစ်လာမှာမဟုတ်ဘူး။လေထဲမှာတိုက်ဆောက်တတ်တဲ့ကောင်မဟုတ်လို့ ထိုစိတ်ကူးအတိုင်းငါအကောင်အထည်စဖော်ခဲ့တယ်။
အိန်ဂျယ်ရှိနေတတ်တဲ့နေရာတွေကိုငါလိုက်ခဲ့တယ်။

မသိရင် သူ့အရိပ်လေးလိုလို ဘာလိုလိုညာလိုလိုနဲ့။ကရာတေးသင်တန်းကျောင်းထိလိုက်ပိုးတာ။တစ်ခုဆိုးတာက ငါ့ဘက်က
ဘာစကားကိုဘယ်လိုစပြောရမလဲမသိလို့ နောက်ကလိုက်နေရုံကလွဲပြီး ငါမနှောက်ယှက်ခဲ့ပါဘူး။

တစ်နေကုန်ခြေတိုအောင်ပဲ လျှောက်လိုက်နေခဲ့မိတာ။ဒါနဲ့တင် မပြီးသေးဘူးနော် သူ့စတိုးဆိုင်ရှေ့ထိသွားသွားပြီးချောင်းရတာလည်း အမော။မျက်နှာထားတင်းတင်းလေးကိုမြင်ရတဲ့အခိုက် ဘာနဲ့မှမလဲနိုင်ခဲ့ဘူးဗျာ။

ချောင်းပေါက်မတတ်သွားခဲ့လည်း လူကိုတစ်ချက်တောင်အရေးမစိုက်လာပါဘူး။
ဒီလိုနဲ့ပဲ စတိုးဆိုင်လေးရဲ့ပုံမှန်ဈေးဝယ်သူတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့ဆိုင်ရှေ့က စားပွဲလေးမှာပဲ နေ့နေ့ညညလာထိုင်ကြည့်ခဲ့တာတောင် ရင်းနှီးမှုဟာ ထင်ထားသလောက်ပိုမလာခဲ့။

ဘဝတစ်လျှောက်လုံးပေါ့ပျက်ပျက်တွေချည်းနေခဲ့တဲ့ကောင်မို့လားတော့မသိ
အခု!အတည်တွေချစ်ပြီး အတည်တွေပိုးပန်းတော့မယ်ဆိုတော့မှ ငါ့မှာကတုန်ကယင်တွေဖြစ်လိုဖြစ်နဲ့။ဘာတွေပြောရမယ်မှန်းလည်း
မသိ၊ဘာတွေလုပ်ရမယ်မှန်းလည်းမသိဘဲနဲ့တကယ့်ကို သောက်တစ်လွဲတွေဖြစ်ရလို့။

ချစ်မိကာမှပဲ အရူးချီးပမ်းဖြစ်ရတဲ့ဘဝပါလား။သူရှိရာဆီ လိုက်သွား!
နောက်ကနေ တကောက်ကောက်လျှောက်လိုက်နေခဲ့တာကဒီနေ့ဒီအချိန်အထိပါပဲ။
ငါးရက်မှနေ...
ခြောက်ရက်....
ခုနစ်ရက်....
ရှစ်ရက်....

ဆယ့်ခြောက်ရက်....နေ့ထိတိုင် ဘာဆိုဘာမှထူးမလာခဲ့ပါ။တကယ်ပဲလက်လျော့ပေးလိုက်ရတော့မှာလား။အဲ့လိုထင်နေကြရင်မှားသွားမှာပေါ့လို့။ချစ်ရသူကို လွယ်လွယ်နဲ့လက်လျော့ပေးရအောင် ဂျွန်ဂျောင်ကုကို ဘာကောင်ထင်နေကြတာလဲ။

တစ်ရက်ကျတော့ ကံကြမ္မာကငါ့ဘက်ပါလာတယ်လို့ပဲပြောရမယ်...။

အိန်ဂျယ့်ဆိုင်ရောက်တိုင်း ချိစ့်ခေါက်ဆွဲပြုတ်တစ်ပွဲကိုစားလိုက်ရမှနေသာထိုင်သာရှိတာမို့ ခေါက်ဆွဲစားနေတုန်း!။ရက်တွေနဲ့ချီပြီး တွေ့နေမြင်နေကြတာတောင် တစ်ချက်ပြုံးပြဖော်မရတဲ့ငါ့အိန်ဂျယ်က ငါခေါက်ဆွဲစားနေတုန်း မုန်လာဥချဥ်ဗူးလေးချပေးလာခဲ့တယ်။

အဟား...!ဂျွန်ဂျောင်ကုတို့ ကံတက်လာပြီပဲကွ။တွေ့ကြပြီပေါ့ အိန်ဂျယ်ရယ်။ရင်ထဲက
အချစ်ကဗျာတွေ အပြီအပြင်ရွတ်ပြပြီးတဖြုတ်ဖြုတ်ကြွေကျလာအောင် တော်ကီလွှတ်ပြီလေ။

* စားကြည့်လေ ကျောင်းသား?ခေါက်ဆွဲနဲ့လိုက်တယ် အအီပြေတာပေါ့ *

* ဘာလို့ကျွေးတာလဲ *

* ဘာလို့မှမဟုတ်ပါဘူး။ဒီအတိုင်းပဲ ကျွေးချင်စိတ်ပေါက်လာလို့ *

* ဘယ်မှာဒီအတိုင်းပဲ ကျွေးချင်စိတ်ပေါက်တာရှိလို့လဲ။တိတိကျကျတော့ဖြေပေးမှပေါ့ *

မေးသာမေး အဖြေပြန်မလာတာ ငါ့အိန်ဂျယ်မှအစစ်။ခေါင်းသာယမ်းပြပြီး ငါ့အနားကထွက်သွားခဲ့ပြီမို့ အလျင်အမြန်လှမ်းတားမိသွားတယ်။

အခုက အခြေအနေကောင်းတယ်လို့ပြောလို့ရတယ်မလား။ငါ့ဘက်ကနည်းနည်းပါးပါး
လှုပ်ရှားကြည့်မလားလို့လေ နာမည်မိတ်ဆတ်တာဖြစ်ဖြစ် ဟိုဟိုဒီဒီစကားထိုင်​ပြောတာပဲဖြစ်ဖြစ်။

* ကျွန်တော့်နာမည် ဂျွန်ဂျောင်ကု *

* အစ်ကို့နာမည်က...*

* ပတ်ခ်ဂျီမင် ဟုတ်တယ်ဟုတ် *

* ဘယ်လိုသိလဲ *

* နာမည်ကအစ ခင်ဗျားအကြောင်းအကုန်သိတယ်လို့ပြောရင် အံဩမလား *

* မအံဩပါဘူး...ဒါပေမယ့် စိတ်ထဲတော့ နည်းနည်းတစ်မျိုးပဲ။ဘာလဲ?မင်းက စတော်ကာလား *

* ခင်ဗျားတစ်ယောက်တည်းကိုပဲ စတော်ကာတာပါဗျာ *

ရင်နှီးဖို့ကျတော့လည်းလွယ်နေပြန်တယ်။ရယ်ရယ်မောမောနဲ့ပဲ လူရင်းတွေဖြစ်ခဲ့ကြတာပေါ့။သေချာတာကတော့ အိန်ဂျယ်က
လူအေးတစ်ယောက်ပါ။နှစ်ယောက်ဆုံတိုင်းမှာကျွန်တော်ကပဲ စကားတွေဖောင်ဖွဲ့နေတတ်ပြီးသူကတော့ နားထောင်ပေးတဲ့လူအဖြစ်ပဲရှိပေးခဲ့တယ်။

ကျွန်တော်ပြောသမျှကို ပြုံးပြုံးလေးပဲသူနားထောင်ပေးတတ်တယ်။ဟိုဟာဒီဟာ
အထွန့်မတတ်တတ်ဘူးထင်ပါ့ဗျာ။အိမ်ပြန်ချိန်တွေဆို အိန်ဂျယ်ရဲ့စက်ဘီးလေးကို ကျွန်တော်ကိုယ်တိုင်နင်းပြီး သူ့ကိုအိမ်တိုင်ရာရောက်ပြန်ပို့ပေးတတ်တာ
ညစဥ်ညတိုင်းပါပဲ။ဒါကိုအိန်ဂျယ်ကိုယ်တိုင်ကလည်းမငြင်းဆန်ခဲ့ဘူးလေ။

            ----------LOVED ONE----------

ကျောင်းဆင်းချိန်တိုင်း အရင်လိုအုပ်စုဖွဲ့ရန်ဖြစ်မယ့်အစား၊ဂိမ်းဆိုင်ထိုင်မယ့်အစား၊ဆိုင်ကယ်စတန့်သွားပြိုင်မယ့်အစား၊မိန်းကလေးတွေနောက်တကောက်ကောက်လိုက်ပြီး ဖွန်လိုက်ကြောင် အထာရွှေ့ချစ်တမ်းကစားမယ့်အစား....၊အိန်ဂျယ်ဆိုင်မှာပဲလိမ်လိမ်မာမာလေးငြိမ်နေတတ်ပါပြီ။

မိုးလင်းတာနဲ့ အိန်ဂျယ်တို့အိမ်ရှေ့ထိသွား မျက်နှာလေးကိုတစ်ခေါက်ငေး~~ညနေတွေဆို အိန်ဂျယ်ပြင်ပေးတဲ့ခေါက်ဆွဲတစ်ပွဲကို
စားပြီး ပေါ်ပေါ်ထင်ထင်ထိုင်ငေးရတာကလည်း ကျွန်တော့်ဘဝရဲ့အနှစ်သာရတွေပဲပေါ့။ကျွန်တော့်စာမျက်နှာရဲ့တစ်ဖက်ခြမ်းကပတ်ခ်ဂျီမင်ပဲဖြစ်လိမ့်မယ်။

* ဗိုက်ဆာနေပြီလား *

* အွန်းဆာနေပြီ~ ဂျီမင်ရှီက ပစ်ထားတယ်ဗျာ *

ဆိုင်မှာ လူပါးတဲ့အချိန်ထိ ဂျောင်ကုဟာ တစ်ခွန်းတောင် ဂျီကျခြင်းအလျဥ္းမပြုဘဲအပြင်က စားပွဲမှာမေးလေးထောက်ပြီး ငြိမ်နေခဲ့၏။
ဆိုးလို့ရမှန်းသိရင် အဲ့ဒီကလေးတွေဟာပိုဆိုးပိုရစ်တတ်ကြတာကသဘာဝပါပဲ။မချစ်ဘူးလားလို့မေးရင် ခေါင်းခါပြပါလိမ့်မယ်။

တစ်သက်လုံးမရခဲ့ဘူးတဲ့ ဂရုစိုက်ခြင်းတွေကို
ကျွန်တော့်အိန်ဂျယ်ဆီကပဲတောင်တောင့်တတလိုချင်တာပါ။နှုတ်ခမ်းဆူပြရင်း ချွဲပြမိပြန်တော့ ထုံးစံအတိုင်းအိန်ဂျယ်ဟာဘာစကားမှပြန်မပြောလာဘဲ ပြုံးနေခဲ့သည်။

ဒါဟာကျွန်တော်တို့ကြားက သီးသန့်ဆက်နွယ်မှုလို့တောင်ပြောလို့ရနေပြီမလို့
ဒီအခြေကိုနေသားကျနေကြပါပြီ။ခေါက်ဆွဲထုတ်ရွေးနေတဲ့အိန်ဂျယ်နောက် အသာဝင်ရပ်လိုက်ပြီး ကိုယ့်ထက်အရပ်အနည်းငယ်နိမ့်တဲ့ချစ်ရသူလေးကို သဘောတကျငေးကြည့်ဖြစ်တယ်။

ဘေးတစောင်းမြင်နေရတာတောင်မှ အိန်ဂျယ်အလှဟာ သိပ်ကိုပြီးပြည့်စုံလွန်းတယ်ဗျာ။ပါးအို့ရဲရဲလေးတွေများ ဆွဲကိုက်ပစ်ချင်စရာပေါ့။ဖူးဖူးဥဥနှုတ်ခမ်းဖူးလေးကိုလည်း ခပ်ဖွဖွထိတွေ့ချင်တယ် အိန်ဂျယ်ရယ်။

အခုတော့မဖြစ်သေးပါဘူး တော်ကြာအသားယူရမလားဆိုပြီးပါးရိုက်လွှတ်ရင် ကျွန်တော့်အသည်းလေးပဲ နာကျင်ရမှာ...။

* ဒါမဟုတ်ဘူး ဒါစားချင်တာ *

အိန်ဂျယ်လက်ထဲက ခေါက်ဆွဲထုတ်ကိုပြန်ချထားလိုက်ပြီး အစပ်သုံးဆပါတဲ့spicy
ထုတ်ကိုထည့်လေးတော့ သူ့မျက်အိမ်လေးတွေမှာ ဝိုင်းခနဲဖြင့် လူကိုမော့ကြည့်လာခဲ့တယ်။ချစ်ဖို့ကောင်းအောင်လို့ဗျာ။ကျွန်တော်မှ မချစ်မိရင်ဘယ်ကောင်ကများ ရူးမှာတဲ့လဲ။

* စားနိုင်တာ သေချာလို့လား *

* ဂျီမင်ရှီသာ ပြင်ပေးမယ်ဆို ကျွန်တော်အကုန်ကြိုက်တယ်။စားနိုင်ပါတယ်ဆို လုပ်ပေးပါ *

မယုံသလိုလေး ခပ်စွေစွေကြည့်ရုံကလွဲ ထပ်မတားခဲ့ပြန်။အဲ့လိုပါပဲ အိန်ဂျယ်က ကျွန်တော်နဲ့ပတ်သတ်လာရင် ကောင်း၏ဆိုး၏ဘာတစ်ခုမှ မဝေဖန်ခဲ့ပါဘူး။အခုလည်းကြည့် ပေးလိုက်တဲ့အထုတ်ကိုယူသွားပြီးပြုတ်ပေးဖို့ပြင်နေပြန်ပြီလေ။

အမှန်တိုင်းပြောရရင် ကျွန်တော်အစပ်တစ်ခါမှမစားဖူးပါဘူး။ငယ်ငယ်ကစားဖူးပေမယ့်
အရသာကတော်တော်ဆိုးရွားလို့ ထပ်မထိခဲ့တော့တာ ဒီနေ့ဒီအရွယ်ထိရှိနေပါပြီ။ငယ်ငယ်ကအစပ်တွေစားမိပြီး လည်ချောင်းတွေကွဲမတတ်သီးခဲ့ရတာတောင် ရေခပ်တိုက်မယ့်သူတစ်ယောက်မှအနားမှာမရှိခဲ့ဘူး။

စပ်လွန်းလို့သေမလိုခံစားခဲ့ရပေမယ့် ဘယ်သူကမှဂရုမစိုက်ခဲ့ကြတာဘာကြောင့်များလဲ?ကိုယ့်သားတစ်ယောက်လုံးကို အိမ်ထိန်းတွေလက်ထဲစိတ်ချလက်ချနဲ့ ဘာကြောင့်များထည့်ထားနိုင်ရတာလဲ။

ကျွန်တော်ကဆိုးလွန်းလို့ အနားမကပ်ဝံပါဘူးဆိုတဲ့ ဗရမ်းဗတာစကားတစ်ခွန်းနဲ့ ရေတစ်ခွက်ကိုစားပွဲပေါ်တင်ပေးတာကလွဲရင် ကြင်ကြင်နာနာနဲ့ဘယ်သူကမှအစပ်ပြေအောင် မလုပ်ပေးခဲ့ကြဘူး...အဟက်!ပြန်တွေးကြည့်လိုက်ရင် ငါ့အပေါ်ကောင်းပေးခဲ့တာဘယ်သူမှမရှိဘူးပဲ။ငါ့မိဘအပါအဝင် အားလုံးဟာ အပေါ်ယံတွေချည်းပဲ။

* ရပြီ~အရမ်းပူသေးတာမို့ ဖြည်းဖြည်းစား
မလောနဲ့ *

အငွေ့တထောင်းထောင်းနဲ့ ခေါက်ဆွဲပန်းကန်ဟာ သရေယိုချင်စရာပဲကွ။ဘာတုန်း?ခေါက်ဆွဲကဘာလို့အဲ့လောက်ထိ နီရဲနေရတာလဲ။ဒါကိုစားလိုက်ရင် ငါ့ပါးစပ်ဘာမှတော့မဖြစ်လောက်ပါဘူးနော်။

* ဗိုက်ဆာပြီဆို စားတော့လေ ဒီကလေးစိတ်ကောက်ပြန်ပြီလား *

* မဟုတ်ပါဘူးနော် *

ပတ်ခနဲ ပြန်စွာပေးရင်း နှုတ်ခမ်းတွေကိုခဲရာခဲဆစ်ပြုံးပြလိုက်ရသည်။ဘေးကထိုင်ကြည့်နေတဲ့ အိန်ဂျယ်ရှေ့သန်မာပြချင်တာမို့တုန်ရီချင်နေတဲ့ လက်ကိုအသာထိန်းရင်း
တူကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲအသွင်းမှာ အရသာကဆိုးဝါးလွန်းလို့ မျက်ရည်ပင်ဝဲမတတ်။

* ဖ္ီ္ွး အဟွတ် အဟွတ်!!ရေသောက်ချင်တယ်အစ်ကို... စပ်တယ် စပ်တယ်လို့ ဟူး~! *

* စပ်တယ်!နေဦး နေဦး ...ချိုတာကျွေးမယ်နော် ခဏလေး *

ဟန်ဆောင်ပြီးတောင်မဝါးနိုင်ပါ။ပါးစပ်ထဲ
အပြည့် ခေါက်ဆွဲတွေကို ဗူးထဲပြန်ထွေးပစ်ပြီး လျှာရဲရဲလေးကိုတစ်လစ်ထုတ်ထားရင်းဝူးဝူးဝါးဝါးအော်ရှာသည့်ကောင်လေးကြောင့်
ဆိုင်ရှင်ခမျာ ဘာထဆွဲလို့ဆွဲရမှန်းမသိ ပျာယာခတ်ရလေပြီ။

* ရော့ရော့ နွားနို့ဗူး! *

မျက်နှာတစ်ခုလုံးနီရဲနေပြီး ကတုန်ကယင်ဖြစ်နေသောကောင်လေးလက်ထဲ ထိုနွားနို့ဗူးလေးကို ထည့်ပေးလိုက်ရတော့သည်။

* မရဘူး ဖွင့်ပေး *

* ဟုတ်ပြီ ဟုတ်ပြီမငိုနဲ့ *

ပြန်ပေးလာတဲ့နို့ဗူးကို အဖုံးအမြန်ပေးလိုက်ရတော့သည်။ပြီးသည်နှင့် မျက်ရည်တွေတသွင်သွင်ကျနေဆဲမျက်နှာလေးကို ခပ်ဖွဖွအုပ်ကိုင်ပစ်ရင်း မျက်ရည်တွေနဲ့အတူနှာရည်တွေပါ သုတ်ပေးလိုက်ရသည်။

* ဖြည်းဖြည်းသောက်လေ နင်မယ် *

ပါးစပ်တစ်ဝိုက်နဲ့ လည်တိုင်တစ်လျှောက်စီးကျလာသည့်နို့စက်တွေကို တစ်သျှူးတစ်ရွက်နဲ့ဆွဲပွတ်ပေးပြီး ကလေးချော့သလိုချော့ရှာပြန်သည်။ထုတ်မပြောလည်းသိနိုင်မှာပါ။သံယောဇဥ်တွေ ထပ်တူကျနေမှန်းကိုလေ။

* အဆင်ပြေသွားပြီလား *

ဆိုင်ရှင်လေးဟာ သူ့မျက်စိရှေ့ကခေါင်းလုံးလုံးလေးကို ယုယုယယပွတ်ပေးပြန်၏။
အစပ်မစားနိုင်ဘဲနဲ့ ဘာတွေကြောင့်များ အစပ်စားဖို့ဆန္ဒက ပြင်းပြနေရသလဲဟင်?။

* မစားနိုင်ပဲနဲ့ကို ဘာတွေအရူးထတာတုန်း
မတော်တဆ ဒုက္ခရောက်သွားရင်ဘယ်လိုလုပ်မလဲ *

* ဂျီမင်ရှီကြိုက်လို့လေ *

* ဟမ် *

* ဟုတ်တယ် ဂျီမင်ရှီကြိုက်တဲ့အရာမို့ ကျွန်တော်လည်းကြိုက်နိုင်အောင်.... *

စကားတွေဟာ ရှေ့ဆက်မထွက်ခဲ့။

* ဒါနဲ့ပဲအရူးထမယ်ပေါ့လေ ငါကြိုက်တိုင်းလိုက်ကြိုက်ရမယ်လို့ ဘယ်မှာရှိလို့လဲ။မင်းမှာလည်း မင်းအကြိုက် မင်းသဘောကျတဲ့အရာရှိမှာပဲ။မင်းကြိုက်တိုင်း ငါလိုက်မကြိုက်ပေးနိုင်ဘူး အဲ့လိုပဲ မင်းလည်းငါလိုလိုက်လုပ်စရာမလိုဘူးဂျောင်ကုရဲ့ *

* ပြောလိုက်ရင် ခင်ဗျားကအဲ့အတိုင်းချည်းပဲ။တစ်ခါလောက်လေးပဲဖြစ်ဖြစ် ကျွန်တော်နဲ့ပတ်သတ်ပြီး ဝင်စွတ်ဖက်ကြည့်ပါလား *

* ဟင့်အင်း ငါလုပ်နိုင်မယ်မထင်ဘူး။လူနှစ်ယောက်ရဲ့စိတ် ရင်းနှီးရုံနဲ့ သူ့ဘဝကြီးကို
ဒါဒါလုပ်ရမယ် ငါစွတ်ဖက်မှာမဟုတ်ဘူး။
လူတိုင်းမှာလွတ်လပ်ခွင့်အပြည့်ရှိတယ်။ငါ့ကြောင့်နဲ့တော့ အဲ့လူကိုစိတ်မကြဥ်းကြပ်စေချင်ဘူး *

* စွတ်ဖက်စမ်းပါဗျာ ခင်ဗျားဆုံးမတာကို
ခံချင်နေတဲ့ကောင်မို့ပါ...ဒါမလုပ်နဲ့ငါမကြိုက်ဘူးပြောရင်​ပြင်ပေးမယ့်ကောင်ပါ။ခင်ဗျားစကားကိုနားထောင်ပေးချင်လွန်းလို့ စိတ်ရူးပေါက်ပြီး လူရမ်းကားလုပ်မိတော့မယ် *

ထိုညက သူတို့နှစ်ယောက်လုံးရှေ့ဆက်စကားမပြောဖြစ်ခဲ့ပါဘူး။ဆိုင်ပိုင်ရှင်ဟာ
ခပ်တွေတွေမျက်နှာထားတစ်ခုနဲ့ ငြိမ်ကျသွားခဲ့သလို သူဟာလည်း သူ့စကားတွေလွန်မိသွားပြီအထင်နဲ့ အောက်နှုတ်ခမ်းလေးကိုကိုက်ထားရင်းနှင့်ငြိမ်ကျသွားခဲ့လေသည်။
အဲ့ဒီနောက်မှာတော့ ယခင်ညတွေကအတိုင်းပဲ သူ့အိန်ဂျယ်လေးရဲ့စက်ဘီးကိုနင်းရင်း
အိမ်လိုက်ပို့ပေးခဲ့ပြန်သည်။

* ဂျီမင်ရှီ~~တောင်းပန်ပါတယ် *

တစ်ချို့အချစ်ဇာတ်လမ်းတွေက အဲ့လိုပါပဲ
ရင်ထဲမှာ တအုံ့နွေးနွေးနဲ့ဘယ်လိုအနေအထားမှာ ရောက်နေကြမှန်းသူတို့မသိကြပါ။

          ----------LOVED ONE----------

ဒီလိုပါပဲ ဘာမဟုတ်တာလေးနဲ့စကားမပြောဖြစ်ကြတဲ့ညတွေရှိသလို။အကြောင်းပြချက်ရေရေရာရာမရှိပါဘဲနဲ့လေ ပြန်အဆင်ပြေသွားတဲ့နေ့တွေရှိပါတယ်။သေချာတာကတော့ အိန်ဂျယ်ဟာ ကျွန်တော့်အပေါ်မှာစိတ်ရင်းနဲ့မေတ္တာပေးခဲ့တဲ့ တစ်ဦးတည်းသောသူပါ။

ရှေ့ရက်က ကျွန်တော်တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တုန်းက အိန်ဂျယ်ကကျွန်တော့်ကို
သိုးမွေးဦးထုတ်လေးတစ်လုံးလက်ဆောင်ပေးခဲ့တယ်။သူ့လက်နဲ့ သူကိုယ်တိုင်ထိုးပေးထားတာတဲ့။ကျွန်တော့်မွေးနေ့ကို စိတ်ရင်းနဲ့အထူးတလည်ကြိုဆိုပေးခဲ့တဲ့သူဆိုလို့
အိန်ဂျယ်တစ်ယောက်ပဲရှိခဲ့တာ။

မိဘတွေက ပါတီလုပ်ပေးခဲ့ပေမယ့် ကျွန်တော်မပျော်နိုင်ခဲ့ဘူး။အကုန်လုံးက မျက်နှာဖုံးတပ်ထားတာကြကိုး။မွေးနေ့ကို
ခုတုံးလုပ်ပြီး လုပ်ငန်းရှင်တွေနဲ့အာဏာပိုင်တွေအချင်းချင်း စီးပွားရေးလမ်းကြောင်းဖောက်နေကြတာမဟုတ်ဘူးလား။

မွေးနေ့ကိုဂုဏ်ပြုပါတယ်ဆိုတာ အမည်ခံသပ်သပ်!နောက်ကွယ်မှာ လက်မည်းတွေချင်းလက်သန်းချိတ်ကြတဲ့ပွဲမို့ ကျွန်တော်ဖြင့်အသက်ရှုလို့ပင်မဝခဲ့။မွေးနေ့ရှင်မလိုတဲ့ပါတီပွဲမှာဘာလုပ်ဖို့အချိန်ကုန်ခံနေရမလဲ?အဲ့ညကပါတီပြီးအောင်ထိနေမနေတော့ဘဲ အိန်ဂျယ်ရှိရာဆီခိုးထွက်ခဲ့ပြီး နှစ်ယောက်တည်းမွေးနေ့ကျင်းပခဲ့တာပေါ့။

အိန်ဂျယ်ပြင်ပေးတဲ့ကိတ်လေးမှာ ဖယောင်းတိုင်အတူထွန်းပြီး ကျွန်တော်ဆုတောင်းတာကို အိန်ဂျယ်ကပြုံးပြုံးလေးနဲ့ထိုင်စောင့်ပေးခဲ့တယ်။ပြီးတော့ ကိတ်မုန့်အပြန်အလှန်ခွံ​ွေကျွးကြရင်း ရယ်မောသံတွေမှာထပ်တူကျခဲ့လျှက်။

အခုထိချစ်ပါတယ်လို့ ဝန်မခံထားကြတာကလွဲရင် ဒီအနေအထားက ချစ်နေတာကြနဲ့သိပ်မကွာဘူးမလား။.......

* ဂျီမင်ရှီ ကျွန်တော့်ကိုကြည့် *

အပေါ်ထပ်သရေဂျာကင်ကိုချွတ်ပစ်လိုက်ပြီး
အမြောင်းလိုက်တင်းရင်းနေတဲ့လက်မောင်းကြွက်သွားတွေကို တောင့်ပြရင်းကြွားမိပြန်တော့ အိန်ဂျယ်ဟာ ပြုံးနေခဲ့လေသည်။

* လူကြီးဖြစ်နေပြီပေါ့လေ အဲ့တော့ငါက
ဘာလုပ်ပေးရမလဲ?ကြွားနေတာကို ရပ်လိုက်ပါတော့ဗလကောင်ရဲ့ *

* ကြွားတာမဟုတ်ပါဘူး ဒါနဲ့ကျွန်တော်မိုက်တယ်မလား *

* အင်းမိုက်တော့မမိုက်ဘူး...ဒါပေမယ့် ချစ်ဖို့တော့ကောင်းတယ် ခွေးပေါက်လေးလိုပဲ *

* ဘာကိုချစ်ဖို့ကောင်းတာလဲ!ကလေးလို ဆက်ဆံပြန်ပြီလားဗျာ ဂျီမင်ရှီကမမိုက်ဘူး *

မကြိုက်လို့ မကြိုက်ဘူးပြောပြရုံပဲကို ဘာတွေကများ အိန်ဂျယ်ကို ရယ်စေရတာလဲ။ထုံးစံအတိုင်းဘာစကားမှမ​ပြောလာတော့ဘဲ ပြုံးမြဲအတိုင်းသာပြုံးခဲ့တဲ့အိန်ဂျယ်ကိုဖက်နမ်းပစ်ချင်တာပဲသိတော့တယ်ဗျာ။အဲ့အပြုံးကဘာအဓိပ္ပာယ်လဲ?ကျွန်တော့်ကို ကလေးတစ်ယောက်လို့ပဲမြင်နေသေးတာလား။

* ဘာလို့ပြုံးနေတာလဲ?မပြုံးနဲ့တော့ ဆက်မပြုံးပါနဲ့ဆို *

* ချစ်ဖို့ကောင်းလို့ *

* ကလေးလိုပဲသဘောထားနေတာဆို မချစ်ပါနဲ့ဗျာ။ကျွန်တော်လူကြီးဖြစ်နေပြီ။အခုကစ ဂျီမင်ရှီကို ကာကွယ်ပေးတော့မှာမို့  ကျွန်တော့်ကိုပဲ ယုံကြည်ပြီးအားကိုးလိုက်လို့မရဘူးလား  *

မျက်လုံးချင်းစုံခဲ့ကြတယ်။ဒီကောင့်ရင်ထဲမှာဘာရှိနေမလဲ အိန်ဂျယ်သိမှာပါ။ဒါပေမယ့်
သွေးအေးလွန်းသူအိန်ဂျယ်ဟာ စကားသံတွေတိတ်နေခဲ့ပြန်တယ်။

* ဒီခေါင်းကို ဘာလုပ်လိုက်ရမလဲ?ခေါက်ပစ်လိုက်သင့်လား *

ကောင်တာမှာထိုင်နေသည့် အိန်ဂျယ်ရှေ့ထံ
သို့ ကျွန်တော့်ခေါင်းကို ငုံ့ချပေးမိသောအခါ
ထိုသို့ ဘုကလန့်အသံလေးကိုကြားလိုက်ရပါတော့သည်။မသိတာလည်း မဟုတ်ဘဲနဲ့ကို
တမင်မသိချင်ယောင်ဆောင်နေသတဲ့လား။ခင်ဗျား သိပ်ဆိုးလွန်းတယ်။

* ပွတ်ပေးလေ *

* မပွတ်ပေးပါဘူး *

* ပွတ်ပေးပါဆို ဘာခက်လို့လဲ *

* ခေါင်းပွတ်ခိုင်းရအောင် မင်းကခွေးလား *

* ဟုတ်မှာပေါ့ ခင်ဗျားအတွက် သီးသန်ပါပီလေး *

* အဟက်...!တစ်ချိန်ကုန်လာချွဲနေတော့တာပါလား *

* ချွဲလို့မရဘူးလား~ဘာဖြစ်လို့လဲ အဲ့လိုလုပ်ပြရင် ကျွန်တော်ကချစ်ဖို့မကောင်းလို့လားဟင် ဂျီမင်ရှီ,,,။ကျွန်တော်က အငယ်ပဲ ချွဲတာအပြစ်လားဗျာ *

* မင်းကို ငါမနိုင်ပါဘူး အရှုံးပေးပြီးသားပါ *

ဘယ်လိုပင်တင်းခံနေပါစေ။အချွဲကောင်းသည့် ကလေးဆိုးလေးကြောင့် တင်းသမျှဟာ အရည်ပျော်ရစမြဲပါပဲ။ညာပြောခြင်းမဟုတ်ပါ ဒီအချွဲလေးကို ဆိုင်ပိုင်ရှင်လေးခမျာ အဟုတ်ပင်အရှံးပေးထားသလိုနှယ် ဘာဆိုဘာမှအပြစ်မမြင်သည့်ပုံပါ။

နောက်ဆုံးတော့လည်း အချွဲတာလေး၏တိုကပ်ကပ်ဆံသားလေးတွေကို လက်ဖဝါးလေးဖြင့်အသာအယာပွတ်ပေးလိုက်ရပြီး လက်ချောင်းထိပ်လေးတွေနဲ့ပါ ဖွဖွယယကုတ်ပေးလိုက်ရပါတော့သည်။ထိုအခါမျက်လုံးလေးကို အသာမှိတ်ထားလေပြီး
ဇိမ်ယစ်နေပါသောအချွဲတာဟာ သူ့ရင်ခွင်ကိုခေါင်းအတင်းတိုးဝှေ့လာသည်။

အစွန်းဆုံထိ အလိုလိုက်ပေးထားမှန်း တကယ်ကိုသိသိသာသာပါလား။

* တကယ့်ကလေးလေးပါလားဂျောင်ကုကီ *

* ကလေးမဟုတ်တော့ပါဘူးဗျာ ကျွန်တော်အသက်ပြည့်ပြီးပြီ *

* မယုံပါဘူး မင်းဒီလောက်ထိအချွဲသန်နေတာ ကလေးစိတ်မကုန်သေးလို့ပဲဖြစ်ရမယ် *

* ဒီမှာ ဂျီမင်ရှီ!လူကိုဘယ်အချိန်ထိကလေးလိုဆက်ဆံနေဦးမှာလဲ *

* အွန်း...မပြောတတ်ပါဘူး။ဘာနေနေ မင်းကငါ့ကလေးလေးပဲကို *

* ဟာဗျာ...!ကျွန်တော်လူကြီးတစ်ယောက်ဖြစ်နေပါပြီဆို ဂျီမင်ရှီကိုကာကွယ်ပေးနိုင်နေပြီ။ယောကျာ်းတစ်ယောက်လို သန်မာနေပြီမို့ ကျွန်တော့်ကို အားကိုးလိုက်စမ်းပါ။ပါပီလေးလိုခေါင်းဖွပေးနေမယ့်အစား ကောင်လေးကို
ဆံပင်သပ်ပေးသလိုမျိုး ကျွန်တော့်ကိုလည်းဆံပင်သပ်ပေးလို့မရဘူးလား။ဘယ်အချိန်ထိကလေးလိုဆက်ဆံနေဦးမှာလဲ?ဒီအတိုင်း
ဂျီမင်ရှီချစ်ရမယ့် ယောကျာ်းတစ်ယောက်လိုမျိုး သဘောထားပေးလို့မရဘူးလား?အဲ့လိုမြင်ပေးလို့မရဘူးလားဗျာ *

ရင်ထဲမှာဝှက်ထားရလွန်းလို့ ကျွန်တော်မခံစားနိုင်တော့ဘူးအိန်ဂျယ်ရယ်။ချစ်ရတဲ့လူကိုချစ်တဲ့အကြောင်းရင်ဖွင့်ပြရုံပါဗျာ။ခင်ဗျားလည်း ကျွန်တော့်အပေါ်စိတ်ယိုင်နေတာပဲ။တစ်ခါလောက် အတူတူရူးမိုက်ကြရင်ရော။

အတည်ပေါက်ကြီးတွေဖွင့်ပြောတဲ့အခါ မျက်ဝန်းအိမ်လေးတွေမှာ ဝိုင်းခနဲ။ရှက်သွားတာလား။ရှက်နေလို့ အခုလိုမျက်နှာလေးကချစ်ဖို့ကောင်းအောင် ရဲတွတ်နေတာမလား။

ကျွန်တော့်ဘက်ကအဆင့်တက်ချင်တယ်ဆို သူ့ဘက်က ခွင့်ပြုပေးမှာနော်။မထူးတော့ပါဘူး ရင်ဖွင့်လက်စနဲ့ချစ်သူတွေဖြစ်တဲ့အထိ တစ်ခါတည်းရင်ဖွင့်လိုက်ပါတော့မယ်။

* ချစ်တယ် *

* ဟင် ဘယ်သူ့ကိုလဲ *

* ခင်ဗျားကိုလေ *

* ငါ ငါတော့မချစ်ဘူး *

* ညာနေတာ ခင်ဗျားလည်းချစ်နေရဲ့သားနဲ့ အဲ့လိုတွေမပြောနဲ့ဗျာ *

* မင်းဘက်ကငါ့ကိုချစ်တယ်လို့ပြောတယ်မလား ငါစိတ်မဆိုးပါဘူး။လူတစ်ယောက်က
လူတစ်ယောက်ကိုချစ်ခွင်ရှိပါတယ်။ဒါပေမယ့် ငါ့အနေနဲ့လည်းမချစ်တဲ့လူကို မချစ်ဘူးလို့ငြင်းခွင့်ရှိတယ်ဂျောင်ကု *

* ညာနေတာ ကျွန်တော့်ကိုမချစ်ဘူးဆိုတာ ဘယ်လိုယုံရမှာလဲ *

* Sorryကွာ ဒီကြားထဲငါ့အပြုအမူတွေက
တစ်မျိုးထင်စေခဲ့ရင်! မင်းကပဲနားလည်ပေးလိုက်လို့မရဘူးလား *

* မရဘူး!!အဲ့လိုမျိုးဘယ်မှာရှိကြလို့လဲ *

* တောင်းပန်ပါတယ် ငါမင်းကိုဖြူဖြူစင်စင်ချစ်ခဲ့တာ ငါ့ကလေးလေးလို *

* ဘာကိုငါ့ကလေးလဲ!အခုဒါကိုစကားလုပ်ပြောနေတာလား။အဟက်...!ဖြူဖြူစင်စင်အချစ်ဟုတ်လား!လက်ကိုင်တာကလည်းဖြူစင်တယ်ပေါ့။ရင်ခွင်ထဲခေါင်းတိုးချွဲလည်းဖြူစင်တာပဲလား!ခင်ဗျားပေးတဲ့ဆင်ခြင်တွေက ဘာသောက်အဓိပ္ပါယ်ရှိနေလို့လဲ...။ယုတ္တိမဟုတ်တာကို အခုမှဘာတွေလာအရူးထချင်နေရတာလဲ *

ပေါက်ကွဲထွက်မိပြန်တော့ သူဟာမတားပြန်ပါဘူး။စတွေ့ခါစတုန်းလိုပဲ မျက်နှာသေတစ်ခုနဲ့တွေတွေလေးငေးနေခဲ့တယ်။ခင်ဗျားရင်ထဲဘာတွေရှိနေမလဲ ကျွန်တော်မသိဘူး။ဒါပေမယ့်ခင်ဗျားရင်ထဲတော့ ကျွန်တော်မြင်နေရတယ်။ခင်ဗျားလည်း ကျွန်တော့်ကိုချစ်နေတာပဲလေဗျာ။ရူးရတော့မယ် ခင်ဗျားရယ်။

* ကျွန်တော် ခင်ဗျားကိုချစ်တာသိတယ်မလား *

* မသိဘူး *

* မငြင်းပါနဲ့~~ကျွန်တော့်စိတ်ကမရိုးသားနေမှန်း ခင်ဗျားကတော့သိခဲ့ပါတယ်။ဒီကြားထဲ
ကျွန်တော့်ခံစားချက်တွေကို မရိပ်မိခဲ့ဘူးဆိုတာဖြစ်နိုင်လို့လား?ကျွန်တော်တော့မထင်ဘူး ။မချစ်ရဲလို့ညာနေတာပါလို့ သဘောထားလိုက်ပါ့မယ်။အဲ့အစား အခုကစပြီးပဲဖြစ်ဖြစ်
စဥ္းစားပေးပါနော် ကျွန်တော်သိပ်ချစ်နေလို့ပါ *

* ပြန်တော့ *

* ဗျာ !! *

* ပြန်တော့လို့ ထပ်ပြီးလည်းငါ့ကိုလာမရှာနဲ့
မင်းအိမ်မှာအရင်အတိုင်းဘုရင်လိုပြန်နေ၊ဒုက္ခခံပြီးလည်း ငါ့ဆိုင်မှာ ခေါက်ဆွဲဗူးတွေလာမစားနဲ့တော့ ဒီလောက်နဲ့ပဲရပ်လိုက်ကြရအောင်။အချိန်တန်ရင် မိဘပေးစားမယ့်
မိန်းကလေးကိုပဲယူ သူတို့ဖောက်ပေးတဲ့လမ်းကိုပဲလျှောက် မင်းငယ်ပါသေးတယ်မင်းဘဝကိုမဖျက်စီးချင်စမ်းပါနဲ့ *

အတင်းအကြပ်တွန်းထုတ်ပြီး ဆိုင်တံခါးကိုပိတ်ချပစ်လိုက်တဲ့အိန်ဂျယ်ကြောင့် လူတစ်ကိုယ်လုံးအားအင်ချိ့နဲ့ရစွာ။အခုဘာတွေပြောသွားမှန်း ကျွန်တော်ဖြင့်နားမလည်ခဲ့ပါ။

ဒီပုံအတိုင်းဆို ကျွန်တော့်မိဘတွေသူ့ကိုခေါ်တွေ့ပြီးသွားပြီထင်တယ်။ဒါအိန်ဂျယ်ရဲ့ပုံစံအစစ်မှမဟုတ်တာ။သူတို့ဘာတွေခေါ်ပြောလိုက်တာလဲ။ကျွန်တော့်ဘဝအထိ ဝင်စွတ်ဖတ်စရာဘာလိုမလဲ။

အဲ့လိုလုပ်စရာ ဘာအကြောင်းတွေရှိနေလို့မိဘတွေကသူတို့စိတ်ကြိုက်ခြယ်လှယ်ဖို့ကြိုးစားချင်ရတာလဲ။သူတို့သိပ်မှားသွားပြီ။ဖန်လှောင်အိမ်ထဲက လိပ်ပြာတစ်ကောင်မှမဟုတ်ဘဲ။ငါအလိုရှိရာကောင်းကင်သစ်ဆီ ငါ့စိတ်ကြိုက်ပျံသန်းနိုင်ဖို့ပဲ ရှင်သန်သွားမှာ။

* ဂျီမင်ရှှီတံခါးလာဖွင့်!ဖွင်ပေးလို့ပြောနေတယ်လေဗျာ *

* ဒုန်းဒုန်း!! *

မှန်တံခါးတွေကို အဆက်မပြတ်ထုရိုက်နေခဲ့ပေမယ့် အိန်ဂျယ်ကတော့ နားကြပ်ကလေးကိုတပ်ထားရင်း ကောင်တာမှာစာအုပ်ထိုင်ဖတ်နေခဲ့တယ်။ကမ္ဘာပျက်နေတဲ့ကျွန်တော့်ထံအကြည့်တစ်ချက်လေးတောင် ရောက်မလာခဲ့။အသည်းမာလိုက်ပုံများ မသိကျေးကျို့ပြုထားနိုင်ပြီတဲ့လေ။ဒီကောင့်ကိုရင်နာရအောင်
တကယ်ပဲသွေးအေးပြတော့မလို့လား။

* ဖွင့်ပေးပါဗျာ ~~ *

သို့သော် ထိုသွေးအေးလွန်းသူဟာ တုပ်တုပ်မျှမလှုပ်ပေ။

* ကောင်းပြီလေ ကျွန်တော်ပြန်ပေးမယ်။
ဒီပြသနာပြီးသွားပြီမထင်နဲ့ ခင်ဗျားဆီ ကျွန်တော်ပြန်လာခဲ့မှာ အဟက်...!ကျွန်တော်ပြန်လာမယ့်အချိန်ထိမျက်နှာသေနဲ့ထိုင်​ေစာင့်နေပေးပါ *

အားမလိုအားမရဖြစ်စွာနဲ့ အံကိုတင်းတင်းကြိတ်ပြီး သူ့ရှေ့ကနေလှည့်ပြန်ခဲ့ရတဲ့နေ့တွေမှ မရေမတွက်နိုင်ပါပဲ။ဒီပုံအတိုင်းသာဆို
ခင်ဗျားအာရုံစိုက်လာအောင်ဘယ်လိုများလုပ်ရပါ့မလဲ?...။

          ----------LOVED ONE----------

ထင်ထားခဲ့တဲ့အတိုင်းပါပဲ။ဒါတွေအားလုံးဟာ ကျွန်တော့်မိဘတွေစနပ်မကင်းခဲ့ပါဘူး။သူတို့ကျတော့လည်း မေတ္တာမပေးနိုင်!ပေးနေတဲ့လူကျတော့လည်း မရှု့စိတ်တွေနဲ့အဝေးကိုနှင်လွှတ်ခဲ့ကြတယ်။

ဂရုစိုက်မှုတွေပေးသလားဆိုတော့လည်း
ဟင့်အင်းပေါ့!အရင်အတိုင်း ပစ်ပယ်ထားကြဆဲလေ။ဒါဆိုဘာကြောင့်နဲ့များ အိန်ဂျယ်နဲ့
ငါ့နဲ့ကိုခွဲဖို့ကြံစည်ခဲ့ကြတာလဲ?ငါဖြင့်သောက်ရမ်းတွေ အံဩတယ်ကွာ။

နေချင်သလိုနေချင်ကြတယ်မလား နေကြလေ!ဘာကိစ္စငါ့ကိုသူတို့အရှုပ်ထဲဆွဲသွင်းဖို့ကြိုးစားနေကြရတာလဲ။လက်မည်းတွေချင်း လက်သန်းချိတ်ကြတဲ့ပွဲမှာ အရှုံးပေါ်တာနဲ့
ကိုယ့်သားသမီးကိုထိကျွေးကြတာက ထုံးစံတစ်ခုလိုဖြစ်နေပြီ။အခုငါ့အလှည့်တဲ့လား။

သူတို့အာဏာတည်မြဲနိုင်ဖို့အတွက်နဲ့ငါ့ကိုအတင်းလက်ထပ်ခိုင်းမယ်တဲ့လား?ဟမ်။
သောက်ရေးမပါတာတွေလာလုပ်နေကြတာပဲ။အိန်ဂျယ်လည်း သောက်လုပ်ဟုတ်မနေဘူး။ငါ့မိဘတွေခေါ်တွေ့တိုင်း သွားတွေ့စရာဘာရှိမလဲ။

ဟိုကပြောသမျှကို ခေါင်းညိတ်ပေးလိုက်ရောလား။ဒါတွေ ငါ့ကိုအစောကြီးကတည်းက ပြောပြခဲ့ရင်ဒီလိုအရှုပ်တွေဖြစ်လာစရာဘာအကြောင်းရှိမလဲ။ကာကွယ်ပေးပါ့မယ်လို့ပြောထားရက်နဲ့ ငါ့ကိုအားမကိုးတာ ဘာအထာလဲကွာ...တောက်စ်။

အိန်ဂျယ်ကိုချစ်လို့ သူ့ရှေ့လိမ္မာပြနေတာကို
ငါ့မိဘတွေက မကြည့်နိုင်ကြဘူးပဲ။ရတယ်လေ အရင်လိုဆိုးပြရသေးတာပေါ့။အဟွန်း!ဒါပေမယ့် အရင်ထက်နှစ်ဆပိုဆိုးပြီး ပိုမိုက်ကမ်းပြမယ်။

ပါတီပွဲတွေတက်မှ လူရာဝင်မယ်လို့ထင်နေကြတာမလား!တက်ပြခဲ့တာပေါ့ တစ်ပွဲပြီးတစ်ပွဲ။ပါတီတက်ပေးတယ် အလျော်အစားအနေနဲ့ပါတီတစ်ခုလုံးကို ရိုက်ခွဲသောင်းကျန်းပြီးပွဲဖျက်ပေးလိုက်တယ်လေ။

ငါ့အဖေကအာဏာပိုင်လူကြီးတစ်ယောက်ပဲ နောက်ကနေ ငွေထုတ်ပိုက်ပြီးလိုက်ရှင်းပေးပေါ့။ကားထည်လည်းစီးတာကိုသဘောကျတယ်မလား?တစ်ရက်ကို တစ်စီးနှုန်းနဲ့စီးပစ်ပေးဦးမှာ။သူတို့သားကအဲ့လိုလုပ်ပြရင် သူတို့အတွက်ဂုဏ်ပိုတက်တယ်လို့ထင်နေတယ်ဟုတ်!

ရတာပေါ့ သူတို့စိတ်ကြိုက်ပဲနေပြပေးပါ့မယ်။ကားပြိုင်မောင်းပြီးတိုင်း စိတ်တိုင်းမကျလို့ဆိုတဲ့ခေါင်းစဥ္နဲ့ တစ်ဖက်ကပြိုင်ဘက်ကောင်ရဲ့ကားတွေကို ခေါင်းကြေမတတ်ဖြတ်ဖြတ်တိုက်ပစ်ပြီးကို အောင်ပွဲခံခဲ့တာမို့ လိုက်ရှင်းပေးကြပါဦး!။

လိမ္မာတာမကြိုက်တဲ့ မိဘတွေကိုနည်းနည်းပါးပါးပညာပြပေးတဲ့အနေနဲ့ ဆိုးပြရုံပဲရှိသေးတာပါကွာ။ငါမရမ်းကားသေးပါဘူး။အဟွင်း...!ဘားလ်တွေကို ဓာတ်ဆီလောင်းမီးရှို့ပစ်ရုံပါပဲ။ဒါလည်း ငါ့စိတ်ထဲအခန့်မသင့်လို့လေ။

လိမ္မာတာကိုသဘောမကျဘူးမလား?
အဲ့ထက်ပိုရမ်းကားပြဦးမှာမို့ သားမိုက်လို့မဆဲကြနဲ့ဦး။မိဘတွေတိုင်းက ဒီလိုပဲလား။သူတို့ကြိုးဆွဲရာ"က"ရင်တစ်မျိုးဆက်ဆံတတ်ကြပြီး သားသမီးတွေကအစွယ်ထုတ်ပြလာရင်တော့ လူမိုက်လို့ခေါ်တတ်ကြတယ်လေ။ဒါလားမိဘတွေ?။

နောက်ဆုံးတော့ ဘာဖြစ်သွားတယ်လို့ထင်လဲ။မိဘတွေကို အရှက်လိုက်ခွဲနေတဲ့ကောင်လို့သမုတ်ခံရပြီး ငါ့အဖေဆီမှာ ပါးတစ်ခြမ်းပုတ်မတတ်အရိုက်ခံခဲ့ရတာပေါ့။ရိုက်ချင်သပဆိုလည်းရိုက်ကြလေ...သားသမီးနဲ့မိဘကြား ဘာများပြန်လုပ်ခွင့်ရှိမှာမို့လို့လဲ။

ဒီလိုပဲမျက်နှာထားတင်းတင်းပြောင်ချော်ချော်နဲ့ပဲ ပေတေရပ်ပြီး အဖေ့စိတ်ကြိုက်လက်တင်ဖို့အတွက် မျက်နှာထိုးပေးရုံပဲရှိခဲ့တာကို။ငါကိုယ်တိုင်ကလည်း သားဆိုးတစ်ယောက်ဖြစ်နေခဲ့တာပဲလေ။အမှန်တွေပြောသွားကြတာမို့ စိတ်လည်းမနာခဲ့ပါဘူး။ဒါပေမယ့် အိမ်ပေါ်ကနေတော့ဆင်းခဲ့တယ်။

ဆင်းဖို့ကိုငါ့ဘက်ကရွေးချယ်ခဲ့တာဆိုပေမယ့် ငါ့မိဘတွေကတော့ ပိုပြတ်သားခဲ့ကြတယ်။အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ကို
အိမ်ပေါ်ကနှင်ချခဲ့ကြတာ။ဘာဆိုဘာမှပေးလိုက်ကြတာမဟုတ်ဘူး။

အဟွန်း...!မပေးလည်းနေကြပေါ့။ငါကမက်မောနေမှာတဲ့လား။ငွေမည်းတွေကို မက်စရာဘာရှိလို့လဲ။မောင်းချတော့လည်း ဘောင်းဘီအိတ်ထဲလက်ထည့်ပြီးခပ်တည်တည်နဲ့ဆင်းချလာကာ လေလေးတစ်ချွန်ချွန်နဲ့။

ပလတ်ဖောင်းခေါင်းအုံးလုပ်ပြရသေးတာပေါ့လို့ မဟုတ်ဘူးလား။အခုကစပြီး ဒီအိမ်နဲ့ငါနဲ့အပြီးတိုင်ပြတ်ပြီ!သူတို့ဆုံးရင်တောင် ငါလာမှာမဟုတ်တော့ဘူး။

သူတို့ကလည်း ငါ့ကိုသားတစ်ယောက်လိုမျိုးဘယ်တုန်းကတွေးဖူးကြလို့လဲ။စီးပွားရေးအရလက်ထပ်ခဲ့ကြပြီး စီးပွားရေးအရယူခဲ့ကြတဲ့ကလေးတဲ့ဗျာ။ဂရုစိုက်မှုကိုသေးသေးလေးတောင်ပေးခဲ့ကြလို့လား။

သူတို့အာဏာဆက်ခံဖို့ ငါ့ကိုသားရဲတစ်ကောင်မွေးသလိုမွေးခဲ့ကြပြီး ဒီနေ့အထိ
ငါ့စိတ်ကြိုက်ပြုမူခွင့်ပေးခဲ့ကြတာက ချစ်လို့မှမဟုတ်ခဲ့ဘဲ။စစ်တုရင်ကစားကွက်ပေါ်က နယ်ရုပ်လေးလိုမျိုးဖြစ်တည်မှုမျိုးနဲ့လူဖြစ်လာရတဲ့ကောင်မို့!အခုတော့လည်းတစ်တောငြိမ်းသွားရပြီ။

အဲ့နောက်မှာတော့ ပလတ်ဖောင်းမင်းသားလုပ်မယ်ဆိုပြီး ခြေဦးတည့်ရာလျှောက်သွားလိုက်တာ ဘယ်ကနေဘယ်လို အိန်ဂျယ်တို့ရပ်ကွက်ထဲပိတ်မိနေသလဲ ငါဖြင့်မသိတော့ပါဘူး။

ငါ့မှာပါတာဆိုလို့ ကျောပိုးအိတ်တစ်လုံးပဲရှိမယ်။ဒါလည်း အိတ်ထဲမှာဘာတစ်ခုမှမပါပါဘူး အခွံချည်းသပ်သပ်ရယ်။ငါ့ဟာငါလှချင်လို့ စတိုင်ထုတ်ပြီးကောက်လွယ်လာခဲ့တာမဟုတ်လား။......

* ဘာထိုင်လုပ်နေတာလဲ *

ဒါဟာ ဘယ်သူ့အသံလေးလဲ?မော့မကြည်ရင်တောင် အသိသာကြီးမို့ ခဲလက်စစီးကရက်ကိုပဲ ဆက်ခဲနေလိုက်သည်။သို့သော်ထိုစီးကရတ်တိုဟာ လက်ချောင်းလှလှလေးတွေရဲ့ဆွဲနုတ်ခြင်းကိုခံလိုက်ရလေပြီး မြေပြင်တွင်ဝပ်တွားခဲ့ရလေတော့သည်။

* ဆေးလိပ်တွေသောက်ပြန်ပြီလား အသက်ကငယ်ငယ်လေးရှိသေးတာကို *

* အခုမှဘာတွေလာစိတ်ပူပြနေတာလဲ *

အိန်ဂျယ်ရှေ့ရောက်တိုင်း ဘုကလန့်ကပြောနေမိဆဲပါ။ဘယ်အခန့် ပါးဖြတ်ရိုက်ခံရမလဲ
မသိပေမယ့် အိန်ဂျယ်ကငါ့ကိုမရိုက်ရက်ပါဘူး။

* မျက်နှာမော့ *

ပေတိပေကပ်နဲ့မျက်နှာလွှဲဖို့ကြိုးစားခဲ့တယ်။
ဒါပေမယ့် အိန်ဂျယ်နဲ့တွေ့ရင် ဖယောင်းကို
မီးနဲ့အပူပေးခံလိုက်ရသူလိုမျိုး အရည်ပျော်ပြီးသားကောင်ဟာ ငါပဲလေကွာ။ကြာကြာမမူနိုင်ပါဘူး။

* အဲ့လောက်ထိရန်ဖြစ်ရတာကိုပျော်နေတာလား ဂျောင်ကု *

* ဘယ်သူကရော ပျော်လွန်းလို့ရန်ဖြစ်နေပါ့မလဲ အသက်ရှင်ချင်စိတ်မရှိတော့လို့ပေါ့ *

* ငါရင်နာရအောင် မင်းဆိုးနေတော့မှာလား *

* အပိုတွေ!ကျွန်တော့်ကိုမချစ်ပေးနိုင်ဘဲနဲ့များ အခုမှလာကောင်းပြမနေနဲ့ *

* အိမ်ပြန်ကြရအောင် ထတော့ *

* ဘယ်အိမ်ကိုပြန်ပို့ဦးမလို့လဲ?အိမ်ပေါ်ကအပြီးဆင်းလာတာပါဆို မပြန်ဘူး *

* ငါလည်း ပြန်မပို့ပါဘူး *

ဘာတွေစားသောက်ပြီး နင်းကန်ထွားကြိုင်းနေမှန်းမသိတဲ့ ထိုအဆိုးအပေချာတူးလံကောင်ကို လက်မောင်းတွေမှနေ မရမကဆွဲထူနိုင်ဖို့ကြိုးစားပြန်တယ်။သို့သော် အကြောကပ်နေတာကြောင့်မို့ အချည်းနှီးဖြစ်ရပြန်ပါပြီ။

* ဒါဆို ဂျီမင်ရှီအိမ်ကိုခေါ်သွားမလို့လားဟင် *

* ဘာဖြစ်ရဦးမှာလဲ...ငါ့ကလေးကို လမ်းဘေးမှာပစ်ထားစရာလား အတူတူပြန်ကြမယ်ထ *

ဒါမျိုးကျ သိပ်တတ်လွန်းနေတာပါလား။
တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်အပြည့်နဲ့စုတ်ပြတ်နေသူကို မျက်စောင်းလှည့်ထိုးလိုက်ပြီး စက်ဘီးဒေါက်ကိုဖြုတ်ရှာလေသည်။

* ကျွန်တော်လိမ္မာပါ့မယ် ကိုကို့စကားလည်းနားထောင်မယ်နော် *

* ငချွဲလေး...!မင်း မတွန်းပါနဲ့ တစ်ကိုယ်လုံးဒဏ်ရာတွေပြည့်နေတာကို *

သူ့လက်ထဲက စက်ဘီးကိုလုဖို့ပြင်နေတာကြောင့် မာန်မည်းပေးရသေးတယ်။ထိုအခါ
ထိုအချွဲတာကောင်သည် သူချစ်ရသူရဲ့လက်မောင်းပိစိလေးတစ်ဖက်ကိုခပ်ဖွဖွဆုပ်ကိုင်လာပြီး ပခုံးသေးသေးလေးထက်
ခေါင်းဝှေ့ချွဲ့လေတော့သည်။

* စိတ်ပူလို့လား *

* ပူတာပေါ့ *

* ချစ်ရောမချစ်ဘူးလားဟင် *

ခေါင်းလေးနဲ့ဝှေ့ပြီးချွဲပြလေ ဟိုတစ်ယောက်မှာပိုအသည်းယားလေးပါပဲ။ဘေးတိုက်မြင်နေရတဲ့ ခပ်ချောချောမျက်နှာနုနုလေးကိုလှည့်ငေးရှာပြီးနောက်မှာတော့ စိတ်မကောင်းဖြစ်ရပြန်ပါပြီ။အဲ့လောက်ထိ ထိုးနှက်ရက်ကြတယ်တဲ့လား။ကလေးတစ်ယောက်ကို မေတ္တာမပေးနိုင်လိုက်ကြပုံများ သိပ်ပြီးကိုရက်စက်လွန်းပါတယ်။

* မချစ်ဘဲနဲ့ အိမ်ပေါ်ခေါ်တင်ပါ့မလားငချွဲလေးရဲ့ *

* ကျွန်တော့်ကို တကယ်ချစ်တာသေချာပါတယ်နော် *

အဖြေရလိုက်သည်နှင့် လက်မောင်းပေါ်ကလက်တွေမှာ ခါးသိမ်သိမ်လေးပေါ်သို့ရောက်သွားခဲ့ကြပြီး မချင့်မရဲဖြစ်ရစွာခပ်ဖွဖွဖျစ်ညစ်ရှာ၏။ဂျွန်ဂျောင်ကုကတကယ်ကိုရဲရဲတင်းတင်းလေးပါလား။လက်တွေကို
အငြိမ်မနေခဲ့ဘဲ တို့ထိတို့ထိလေးဖြင့်ကဏာ
မငြိမ်ခဲ့ပါ။

* အခုကတည်းက ကြိုပြောထားမယ်နော်
ငါ့လူအဖြစ်နေမယ်ဆို ဒီနေ့ကစပြီးမင်းအိမ်ကိုမပြန်ရတော့ဘူး။မဟုတ်ဘူး...!ဘယ်တော့မှပြန်ခွင့်မပေးတော့မှာ *

* ကျွန်တော်ကလည်း မပြန်ပါဘူး~မနေချင်လို့ ကဏ္ဍတွေတောင်အပြီးဖြတ်ခဲ့ပြီးပြီ *

* အေးပါ ပြီးမှအိမ်ပြန်ချင်လို့ငိုယိုကြည့်
ငါနဲ့တွေ့မယ် *

* ငိုမှာ ခင်ဗျားနဲ့တွေ့ချင်လွန်းလို့ကိုငိုဦးမှာ
ဒါပေမယ့် အိမ်ပြန်ဖို့မဟုတ်ဘူးနော် ကိုကိုနဲ့ချစ်ဖို့ ငိုပြီးပူဆာမှာ *

* နှာဗူး!! *

* ချစ်လို့ပါ *

ခါးလေးကို ခပ်ယွယွပွတ်ရင်း ယုတ်ယုတ်ကမ်းကမ်းစကားတွေဆိုကြည့်တော့ သူ့အိန်ဂျယ်ခမျာ ရှက်သွားလိုက်တာများမျက်နှာနီနီလေးနဲ့လေ။လှတဲ့သူတွေများ ရှက်နေတာတောင်သိပ်လှသတဲ့။ရှက်လို့နီနေတဲ့ မျက်နှာဥဥလေးကို ဘယ်ပြန်ညာပြန်အနမ်းပေးချင်တယ်ဗျာ။တစ်ဝကြီးပေါ့။

* ဒါနဲ့ မင်းအိမ်ကဘာတွေယူလာသေးတာလဲ *

* ဟင့်အင်း အဲ့အိမ်ကဘာတစ်ခုမှမသယ်လာဘူး ဇယားရှုပ်မှာစိုးလို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့မှတ်ပုံတင်ပဲယူလာခဲ့တာ *

* ဟိုကတ်ဒီကတ်ရော ယူလာခဲ့မိသေးလား *

* ဘာကတ်တွေလဲ *

* ဘလဲ့ပ်ကတ်ဆိုလား ဘာဆိုလားပဲ?...
အဲ့ဒါတွေကို မယူလာတာသေချာပါတယ်နော် *

* ပေးလိုက်ကြပါဦးမယ်!!အကုန်ပြန်သိမ်းပြီး လူချည်းသပ်သပ် နှင်ချခံလိုက်ရတာပါဆို~အလကား စကားလုပ်ပြီးလာမေးနေရတယ်လို့ကိုကိုရယ် *

* ကြည်ကြည်ဖြူဖြူပေးရင်တောင် မယူလာခဲ့နဲ့ကြားလား *

ဘာတွေစိုးရိမ်နေပြန်သလဲမသိပါဘူးဗျာ။
လူတစ်ကိုယ်လုံးတောင်သူ့ရင်ခွင်ထဲရောက်နေပြီ။ကျွန်တော်မပြန်ပါဘူး။အဲ့အိမ်ရိပ်ကိုဘယ်တော့မှ ခြေပြန်ချမှာမဟုတ်လို့သပ်သပ်မဲ့စိတ်ပူမနေစေချင်ဘူးကိုကိုရယ်။

ကိုကိုမသိလိုက်ခင်ကတည်းက အစွဲကြီးစွဲပြီးသိပ်ချစ်ခဲ့ရတဲ့ကောင်က ကျွန်တော်ပါ။နေရစ်ခဲ့လို့ ကိုကိုကအမိန့်ပေးရင်တောင် ဘောင်းဘီစဆွဲပြီးလိုက်နေမှာပါဗျ။

* ကျွန်တော်တကယ် ကိုကိုနဲ့လက်ထပ်နိုင်မှာပါနော် *

* မင်းဘက်ကသေချာရင် ငါ့ဘက်ကအတည်လက်ထပ်နိုင်ပါတယ် *

* အတည်လက်ထပ်နိုင်ပါတယ်ဟုတ်လား?မရေမရာနဲ့ကိုကိုရာ...။အဲ့စကားကိုဘယ်လိုတောင် လွယ်လွယ်ပြောထွက်နိုင်ရတာလဲ *

* ဝမ်းနည်းသွားတာလား *

* ကျွန်တော့်ကိုပစ်မသွားဘူးလို့ကတိပေးပါ *

ကလေးတွေကတိတောင်းသလိုမျိုး လက်သန်းချင်းချိတ်ဖို့ပူဆာနေတာမို့ လိုက်လျောပေးရပြန်ပါသည်။တစ်လတ်စတည်းဆိုသလို စွာစိလွန်းတဲ့နှုတ်ခမ်းပါးတွေကိုပါ ဖိနမ်းပေးလိုက်ရင်း ချော့ခဲ့ရ၏။

* အာရီဂူး မနက်ကျရင်ဈေးထဲခေါ်သွားပြီး
ငါ့ကလေးကို အင်္ကျီဝယ်ပေးဦးမှပဲ *

* ပိုက်ဆံကုန်အောင်လို့ဝယ်ပေးမနေပါနဲ့တော့ နှစ်ကိုယ့်တစ်စိတ်ပဲဖြစ်တော့မှာကို
ကိုကိုအင်္ကျိတွေယူဝတ်ထားမယ်လေ *

* မင်းနဲ့တော်မလား!အတင်းဖြဲရဲဝတ်လို့ ပြဲသွားရင် မင်းရောငါရော ကိုယ်တုံးလုံးဘဝနဲ့ငုတ်တုတ်မေ့ရမှ *

* ဒါလည်းကောင်းတာပဲ *

* နှာဗူး! *

ရင်ခုန်သံတွေတဒိတ်ဒိတ်ညံဆူလို့ ဘယ်သူဆီကများပါလိမ့်...။

* အခုတက္ကသိုလ်ဝင်ခွင့်ဖြေထားတာမလား~~ရှေ့နှစ်ကျောင်းထားပေးနိုင်ဖို့ ပြင်ဆင်ထားရမယ်ထင်တယ် *

အိန်ဂျယ်စကားကြောင့် ခါးသိမ်သိမ်လေးကို အားမလိုအားမရဖျစ်ညှစ်လိုက်မိတယ်။

ဘာကိုကျောင်းတက်ရမှာလဲ။ယောကျာ်းယူဖို့ အိမ်ပေါ်ကတောင်ဆင်းလာတာကို ဘာလုပ်ဖို့ကျောင်းတက်ရမှာလဲ။ပြီးတော့ငါကိုယ်တိုင်က ကျောင်းတက်ဖို့ထိအဲ့လောက်ထိတွေးထားတာမရှိဘူး။

အခုအနေအထားအရဆို ယူပြီးသွားလည်း
အိန်ဂျယ်လုပ်စာကို ငါကပဲ ထိုင်စားနေရဦးမှာ။ဒီလောက်နဲ့တင်ရှက်ဖို့ကောင်းနေပြီကို ကျောင်းပါတက်ခိုင်းဦးမလို့လား။ဘယ်ဖြစ်မလဲ ငါကပဲ အိန်ဂျယ်ကိုရှာကျွေးချင်တာ။

* ကျွန်တော်ကျောင်းဆက််မတတ်တော့ဘူး *

* ဟင်ဘာလို့လဲ *

* ကိုကို့ကို ကာကွယ်ပေးနိုင်ဖို့ဆို အချိန်ဖြုန်းနေလို့မရဘူးလေ မြန်မြန်အလုပ်ခွင်ဝင်ရမှာပေါ့ *

* မဟုတ်တာ~!ငါ့ကိုကာကွယ်ပေးချင်တယ်ဆို ဘွဲ့တစ်ခုလောက်တော့ရအောင်လုပ်သင့်တယ်လေဂျောင်ကုရယ် ။ဒီအရွယ်လေးနဲ့
မင်းလုပ်တတ်ဘာများရှိလို့လဲ ငါ့စကားကိုပဲနားထောင်စမ်းပါ *

* ကိုကိုကလည်း *

* ဘာကျောင်းတက်ချင်လဲ ရွေးပြီးပြီလား *

* အဲ့လိုတွေးထားတာမရှိဘူး ဒီတိုင်းကြုံရာပဲတက်မှာ *

* ဟုတ်ပါပြီ ငါ့ကလေးကြီးသဘော *

* ကျောင်းတက်ရင် စရိတ်တွေအများကြီးကုန်မှာ။ကိုကိုနဲ့ကျွန်တော်ဒီလိုပဲနေသွားလို့
မရဘူးလားဟင် *

* မရပါဘူး!မင်းပြောသလို ငါ့ဆိုင်လေးက အနုတ်စုတ်ဂုတ်စုတ်လေးဆိုတာမှန်ပေမယ့်
လူနှစ်ယောက်ထမင်းဝအောင်စားဖို့အတွက်
တော့ လုံလောက်တာထက်ပိုပါတယ်ဂျောင်ကုလေးရဲ့။ငါတုန်းကလည်း ဒီဆိုင်လေးနဲ့ပဲ
ဘွဲ့တစ်ခုရခဲ့သေးတာကို အဆင်ပြေသွားမှာပါ စိတ်မပူပါနဲ့ *

သူ့ဘဝလေးနဲ့သူ အေးအေးချမ်းချမ်းရှိနေတဲ့အိန်ဂျယ်ဘဝလေးကို ငါကအဆိပ်ခတ်သလိုဖြစ်နေပြီလား။ရှုပ်ထွေးစေဖို့ထိ ကျွန်တော်မရည်ရွယ်ပါဘူး။သိပ်ချစ်လွန်းလို့ အဲ့အချစ်ကိုပုံဖော်မိရုံပါဗျာ။

* ကျွန်တော်က တကယ်ဆိုးတယ်မလားဟင် ချစ်တာတစ်ခုတည်းပဲသိပြီး ဒုက္ခတွေလိုက်ပေးနေသလိုဖြစ်နေပြီ *

* မဟုတ်တာ~~အခုကစပြီး ဘယ်သူ့လောင်းရိပ်မှမသင့်စေရဘူးနော် ဘယ်သူ့မျက်နှာမှကြည့်စရာလည်းမလိုဘူး။မင်းမျက်နှာမငယ်ရအောင် အများကြီးဂရုစိုက်ပေးမယ်...မင်းလိုချင်တဲ့မေတ္တာတွေလည်း
ပေးမှာမလို့ အိမ်ပြန်ဖို့နဲ့ထားခဲ့မယ့်စကားကလွဲရင် အကုန်ပြောခွင့်ရှိတယ်ကြားလား *

* ကိုကို~!!ဘာလို့အဲ့လောက်ထိ ကောင်းပေးနေရတာလဲဗျာ ကျွန်တော်ငိုမိတော့မယ် အစ်အစ်...*

တကယ်ရင်ထဲထိသွားပုံပါပဲ။ထိုကလေးကြီး၏မျက်လုံးဝိုင်းဝိုင်းကြီးတွေဆို မျက်ရည်စတွေနဲ့တောက်လဲ့လာခဲ့တော့သည်။အခုဖြစ်နေတဲ့သူ့ပုံစံလေးမှာ နားရွက်လေးတွေးညိုးကျနေတဲ့ ယုန်ကလေးနှင့်သိပ်တူနေလွန်းတယ်။

ချက်ချင်းဆိုသလို မျက်ရည်တွေတလှိမ့်လှိမ့်စီးကျလာခဲ့ပြီး ရှိုက်ရှိုက်ပြီးကိုငိုတော့သည်။
အဲ့လောက်ထိ ရင်ထဲထိသွားမယ်မထင်ထားလို့ပြောထွက်မိသွားတာ။အပြင်းအထန်ကို အူလိှုက်သည်းလှိုက်ဖြင့်ငိုနေရှာတာကြောင့် ဆက်၍မကြည့်နိုင်တော့ဘဲ ပွေ့ဖက်ကာချော့ဖို့ကြိုးစားခဲ့ရလေသည်။

* ငါ့အိမ်က ခေါင်မိုးထပ်ဖြစ်လို့မင်းအမြင်မှာနည်းနည်းကျဥ္းနေမလားမသိပေမယ့် ငါတို့နှစ်ယောက်နေဖို့တော့ ကောင်းကောင်းဆန့်ပါတယ်...အဲ့အတွက်တော့ဂျီးမများဘူးမလား ဂျောင်ကုကီ *

* ကျဥ္းလည်းကျွန်တော်နေမှာ။အခန်းကျဥ္းလေကျွန်တော်ကြိုက်လေပဲ အဟွန်း...! *

အခုငိုလိုက် အခုပြုံးလိုက်နဲ့ သူပဲအမျိုးမျိုးတတ်နေလိုက်ပါတော့။ရုပ်ပြောင်းရုပ်လွဲသိပ်တတ်တဲ့ကောင်။

* ဘာလို့လဲဟင် *

* ဒါမှ ကျွန်တော်ကမွေ့ရာပေါ်မှာအိပ်ပြီး ကိုကိုကကျွန်တော့်အပေါ်မှာ မှောက်ရက်လေးနဲ့ထပ်အိပ်ရမှာလေ~~! ကိုကိုပြုတ်ကျမှာ
စိုးလို့ကျွန်တော်က ကိုကို့ကိုယ်လုံးလေးကို
ခွပြီးဖက်...!ဟာဗျာ ဘယ်လောက်တောင်နွေးနွေးထွေးထွေးရှိလိုက်မလဲ ထပ်ပြီးမခွဲချင်တော့ဘူးဟင့်...! *

* ဘာ!!ပလီပလာနဲ့နှာဗူးစကားတွေ ဒီနှာဗူးကတော့ လက်ထပ်မသေးခင် ကွာရှင်းစာချုပ်မှာ လက်မှတ်အရင်ထိုးထားချင်ပြီထင်တယ် *

* မလုပ်ပါနဲ့ကိုကိုရယ် ကျွန်​ေတာ့်အသည်းလေး တဆတ်ဆတ်ခါ နာရလို့ပါ *

* ဟွန့် သတိထားနေ *

* မနက်တရားရုံးသွားကြမယ်နော် *

* သွားမှာပါ ဘာလို့လောနေတာလဲဂျောင်ကုရှှီ *

* ကျွန်တော့်စိတ်ကူးကို အကောင်အထည်ဖော်ချင်လို့ *

* ဘာစိတ်ကူးလဲ?မင်း ယုတ်ကမ်းပြန်ပြီ *

* ခွပြီးဖက်အိပ်မယ့်စိတ်ကူး...ဟီး အခုသိသွားပြီလား *

* နှာဗူး! *

* ချစ်လို့ပါဗျာ *

လမ်းသွယ်လေးထက်မှာ စက်ဘီးလေးတစ်စီးကိုအတူတူတွန်းကြရင်း နီယွန်းလမ်းမီးတိုင်တွေရဲ့ နီကျင့်ကျင့်မီးရောင်ငယ်ကိုအားပြုကာ အချစ်အိမ်လေးဆီသို့ ခြေလှမ်းခဲ့ကြပါပြီ။

ရှက်နေသည့်မျက်နှာလေးကိုမော့ငေးနေခဲ့တဲ့မျက်နှာလေးဟာ တကယ်ကိုသောကတွေကင်ဝေးနေသည့်နှယ် အေးအေးချမ်းချမ်းရှိနေခဲ့ကြပါသည်။

ချစ်ရသူရဲ့ပခုံးသေးသေးလေးကို မှီခိုလိုက်ရင်း ကျွန်တော်ဂျွန်ဂျောင်ကုဟာ အနာဂတ်တွင် အိန်ဂျယ်ရဲ့အမျိုးသားဖြစ်လာမည်ကို ကြိုတွေးမိပြီး ညစ်ကျယ်ကျယ်ဖြင့်Smirkတစ်ခုကိုခပ်ထေ့ထေ့ပဲပုံဖော်ခဲ့လိုက်တော့၏။

ရယ်သံတွေဟာ ထပ်တူကျလျှက်.....။
အချစ်တွေဟာလည်း ထပ်တူကျလျှက်.....။ရင်ခုန်သံလည်းပါတာပေါ့.....။

         -----------LOVED ONE------------

ပြီးပါပြီ။

Enhypenရဲ့10 monthsသီချင်းနားထောင်ရင်းနဲ့ ရေးချင်စိတ်ပေါက်လာလို့ထရေးလိုက်မိတာပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(Zawgyi)

(Loved One)

ဟယ္လို!ကြၽန္ေတာ့္နာမည္ ဂြၽန္ေဂ်ာင္ကုပါ။ေတာင္ကိုရီးယားရဲ႕အာဏာရ ရဲမႉးခ်ဳပ္၏တစ္ဦးတည္းေသာ သားတစ္ေယာက္ပဲဆိုပါေတာ့။အခုမွ အထက္တန္းေက်ာင္းသားေလးဆိုေပမယ့္ မဟားတရားဆိုးသြမ္းလြန္းလို႔ " ဆရာမနိုင္ႏွစ္ေဆာင္ "ၿပိဳင္ဟုပင္ အမည္တြင္ေနတဲ့ ခပ္ဆိုးဆိုးေကာင္ေလးဟာ
ကြၽန္ေတာ္ဂြၽန္ေဂ်ာင္ကုပါပဲ။

အေဖလည္းမနိုင္ အေမလည္းမနိုင္ ဘယ္ေဆြမ်ိဳးမွလည္းထိန္းမနိုင္ပါဘူး။ေက်ာင္းလည္းတက္ခ်င္တဲ့အခ်ိန္သြားတက္လိုက္ၿပီး တက္ခ်င္တဲ့အတန္းက်မွ အတန္းထဲဝင္ထိုင္ေနလိုက္႐ုံပါ။ဒါေပမယ့္...!တစ္ပတ္မွာ တစ္ရက္ေလးေတာင္ စာသင္ခန္းထဲအခ်ိန္ျပည့္ရွိမေနပါဘူး။

ဘယ္ဘဝက ရန္ၿငိဳးေတြေၾကာင့္လည္း
မသိေပမယ့္ စာအုပ္ကိုင္လိုက္တာနဲ႕ကို အိပ္ေပ်ာ္ေတာ့တာပါပဲ။ၾကည့္ရတာ ဟိုဘဝက စာက်က္ရင္းနဲ႕ေသခဲ့ရလို႔ အခုဘဝမွာ
ဒီေလာက္ထိဓာတ္မတည့္ေနသလားပဲေနာ္။
စာက်က္ရတာကိုမုန္းတယ္။အိမ္စာလုပ္ရတာကိုလည္းမုန္းတယ္။စာျမင္တာနဲ႕ကို မုန္းေနမိေတာ့တာပဲဗ်ာ။

စာမႀကိဳးစားလည္းထမင္းေကာင္းေကာင္းစားၿပီး ေကာင္းေကာင္းသုံးျဖဳန္းေနနိုင္ေနတာပဲကို ဘာကိစၥနဲ႕အပင္ပန္းခံၿပီးစာလုပ္ေနရဦးမလဲ?အဲ့ေတာ့ စာမလုပ္ခ်င္ရင္ စာမလုပ္နဲ႕!
စာမလုပ္လို႔ ထမင္းမငတ္သြားဘူး။

ကြၽန္ေတာ္ဆို ဘယ္တစ္ႏွစ္ကမွ စာေသခ်ာ
မႀကိဳးစားခဲ့ပါဘူး။စာေမးပြဲေတြ မေျဖခဲ့ဘူးလားဆိုေတာ့ ​ေျဖခဲ့ဘူးပါတယ္။ဒါေပမယ့္ဗ်ာ ေအာင္မွတ္မေျပာပါနဲ႕ ဘဲဥကြဲ သုညကြဲရင္ေတာင္ကံေကာင္း...!အဲ့လိုစာမလုပ္တဲ့ ကြၽန္ေတာ္လိုေကာင္က တစ္ႏွစ္တစ္တန္းေတာ့ မွန္မွန္ေအာင္သတဲ့။

ဒါကလည္း မိဘေတြရဲ႕အရွိန္အဝါေၾကာင့္ပဲျဖစ္မွာေပါ့။ကြၽန္ေတာ္ဘာပဲလုပ္လုပ္ ဘယ္လိုပဲေသာင္းက်န္းေသာင္းက်န္း စိတ္တိုင္းမက်ရင္ ေတြ႕သမွ်ကိုေဇာက္ထိုးပဲဆြဲလွန္လွန္ အကုန္လိုက္ရွင္းေပးမယ့္မိဘေတြ
ရွိေနသေ႐ြ႕ေတာ့ ကြၽန္ေတာ္ဟာစိတ္တိုင္းက်ဆိဳးသြမ္းေနဦးမွာပါပဲ။

ေက်ာင္းသားေတြကို တစ္ခုေလာက္ေတာ့ေစတနာနဲ႕သတိေပးစကားေျပာလိုက္ဦးမယ္။
စာလုပ္ရမွာစိတ္မပါရင္ စာမလုပ္ၾကနဲ႕!
အဲ့အစား မင္းတို႔မိဘေတြမင္းတို႔ကိုရိုက္ရင္ၿငိမ္ခံေနလိုက္ ထိုးရင္ၿငိမ္ခံေနလိုက္ၾက...! ရိုက္ႏွက္႐ုံအျပင္ ဘယ္မိဘကမွအေသမသတ္ရက္ၾကပါဘူး။

ကိုယ့္ကိုကိုယ္ဖိအားေတြေပးေနမယ့္အစား! အခ်ိန္သာကုန္ၿပီးအိပ္ငိုက္ေနမယ့္အစား ကိုယ္စိတ္ခ်မ္းသာရာေတြလုပ္ၿပီး ဘဝကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ပဲ ျဖတ္သန္းသြားသင့္တာေပါ့လို႔။ဒါကြၽန္ေတာ္ရဲ႕ အႀကီးမားဆုံးေသာ မဟာစီမံကိန္းပါပဲ။စာမလုပ္ရေရး ကြၽန္ေတာ့္အေရး!အဟက္...။

ၿပီးေတာ့...ပတ္ဝန္းက်င္ဟာ ကြၽန္ေတာ့္အတြက္ေတာ့ ဂ႐ုစိုက္စရာမလိုတဲ့ အမိႈက္တစ္ခုသာသာပဲဗ်။ဟိုဟာလုပ္ရင္ ဟိုဟာ
ျဖစ္လို႔! ဒါလုပ္ရင္ဒါျဖစ္လို႔နဲ႕ေနရာတကာမ်က္စိေဒါက္ေထာက္ၾကည့္ေနသလားမွတ္ရေအာင္ ေသာက္ရမ္းပြားလြန္းတယ္။

အဲ့ပတ္ဝန္းက်င္ဆိုတဲ့ဟာႀကီးကို လုံးေခ်ၿပီးတိပ္နဲ႕ကပ္ပစ္လို႔ရေကာင္းသား...!ၿပီးရင္
ေဘာစကတ္ေဘာလုံးအျဖစ္နဲ႕ ခပ္နာနာေလး
ပုတ္ပစ္ေပးလိုက္ဦးမည္။ဒါမွမဟုတ္လည္း ေလာင္စာျဖည့္ၿပီး မီးပုံရွို႔ပစ္လိုက္သင့္သလား?အလကား ကိုယ့္ထမင္းကိုယ္စားၿပီး အာေပါက္ေခ်ာင္လြန္းတဲ့လူေတြ။

သူတို႔ပါးစပ္ေပါက္ကေန ကြၽန္ေတာ့္ကို အမ်ိဳးမ်ိဳးကင္ပြန္းတပ္ေပးထားလိုက္ၾကတာမ်ား အဟက္...ဘာတဲ့!လူကိုမ်ား တစ္ရာ့ကိုးတစ္ရာ့တစ္ဆယ္ေကာင္ဆိုပဲ။မိဘပိုက္ဆံထိုင္ျဖဳန္းေနတဲ့ေကာင္လို႔လည္း အတင္းတုပ္ၾကေသးသဗ်။

ငါ့မိဘပိုက္ဆံငါျဖဳန္းတာေလ ဘယ္သူ႕ကိုဂ႐ုစိုက္ေနရမွာတုန္း?။မိဘအရွိန္အဝါနဲ႕
လြတ္ခ်င္တိုင္းလြတ္ေနေတာ့ေရာ ဘာျဖစ္ေသးလဲ။ေလာကမွာ အာဏာေတြရာထူးေတြကို လူေတြက ဘာအတြက္ေၾကာင့္နဲ႕ ငမ္းငမ္းတက္လိုခ်င္ေနၾကတာလဲ?။

မင္းတို႔မသိေပမယ့္ငါကေတာ့ အဲ့အာဏာ
ဆိုတဲ့အသုံးအႏႈန္းကိုေကာင္းေကာင္းႀကီးနားလည္တယ္လို႔ထင္တယ္။ဘာလို႔ဆို ငါကိုယ္တိုင္ကလည္း ငါ့မိဘအရိွန္အဝါ...!
သူတို႔အာဏာနဲ႕ကိုင္ေပါက္ၿပီး ထင္တိုင္းႀကဲေနတဲ့ေကာင္မို႔လို႔ပဲ။

ႂကြယ္ဝမႈလား?မလိုဘူး ေငြပုံကိုဖင္ခုထိုင္ၿပီးႀကီးျပင္လာတဲ့ေကာင္မို႔။အေႁခြအရံလား?
မလိုဘူး ဂြၽန္ေဂ်ာင္ကုနား ခစားရဖို႔အေရးကပ္ဖားေနၾကတဲ့ေကာင္ေတြမ်ား ရိုက္သတ္ရင္ေတာင္ကုန္မွာမဟုတ္လို႔။ငါ့ကိုခ်စ္ေပးမယ့္သူေတြလား?အဲ့ဒါလည္းမလိုအပ္ဘူး။

ေငြရွိေနသေ႐ြ႕ငါ့ကိုခ်စ္ေပးမယ့္အလွပေဂးေလးေတြမွ အမ်ားႀကီးပဲမို႔အခ်စ္ေရးလည္းေသာကေရာက္မေနဘူး လစ္လိုက္ေတာ့ပဲ!
ငါ့အနားကလူေတြအားလုံး မ်က္ႏွာဖုံးတပ္ထားၾကတာမွန္းငါသိတယ္။သိသိႀကီးနဲ႕ကို ပလီပလာ၊ကူလီကူမာဇာတ္ေတြ ခင္းေနေ႐ႊ႕ေနတာရၿပီလား။

ဒီေလာကမွာငါအေတာင္တဆုံးရဆုံးက အခ်စ္ပဲ...။အဲ့အခ်စ္ကိုရဖို႔ ငါပိုက္ဆံေတြျဖဳန္းၿပီးလိုက္ရွာေနခဲ့တာ။ဘာလို႔အခ်စ္ကိုမွ ေတာင့္တရသလဲဆို အာဏာသိပ္ျပင္းလြန္းတဲ့ ငါ့မိဘေတြကငါ့ကို ေမတၱာမေပးၾကလို႔ပဲ။သူတို႔စည္းစိမ္နဲ႕ ငါလိုခ်င္တာရဖို႔အတြက္
ငါရမ္းကားတယ္ အဲ့ေတာ့ဘာျဖစ္ေသးလဲ။

ဟန္ေဆာင္မ်က္ႏွာဖုံးတပ္ၿပီး သကာရည္ေလာင္းထားတဲ့ ခ်ိဳခ်ိဳအီအီစကားေတြကို
ၾကားရပါမ်ားလြန္းလို႔ ဘယ္အခ်ိန္မွာေပါက္ကြဲထြက္မိမလဲပဲ။သူတို႔က သကာရည္ေလာင္းေပးတယ္ ငါက႐ြံစရာစကားေတြျပန္ေျပာေပးတယ္။အဲ့မွာ ကီးကိုက္ေနၿပီေလ
အပိုေတြဘာထပ္လိုဦးမလဲ။

အခ်စ္ေတြ က႐ုဏာေတြ မုဒိတာေတြလာလုပ္မေနနဲ႕ ဘယ္တစ္ေကာင္မွလည္း ငါ့အေပၚ
အဲ့လိုစိတ္မထားခဲ့ၾကဘူးေလ။ငါ့ကိုခ်စ္တဲ့
လူထက္ ငါကခ်စ္ရတဲ့လူကိုပဲ လိုခ်င္ခဲ့တာ။ငါကပဲခ်စ္မယ္ ငါ့ကိုျပန္မခ်စ္နဲ႕!အေပၚယံေတြမ်ားလြန္းလို႔ ဘယ္သူကိုမွလြယ္လြယ္မယုံတတ္ဘူး။

ခ်စ္ရတဲ့သူတစ္ေယာက္ေလာက္ေတာ့ ေတာင့္ေတာင့္တတလိုအပ္ေနပါတယ္။ဘယ္မွာတုန္း
ငါခ်စ္ရမယ့္သူ...!။
ခ်စ္ရတဲ့သူ(Loved One).......

အဟမ္း...!ဒါနဲ႕ ကြၽန္ေတာ့္ရည္႐ြယ္ခ်က္က ဘာလဲ?သိၾကမလားမသိေပမယ့္ ႀကဳံတုန္းေလးႂကြားလုံးထုတ္ျပခ်င္လို႔ပါ။အေဖက
ဆိုးလ္ၿမိဳ႕နယ္တစ္ခုလုံးရဲ႕ရဲမႈးခ်ဳပ္ေလ...
ဆိုေတာ့ကာ ကြၽန္ေတာ္ဘာလုပ္လုပ္ရတယ္ဆိုတဲ့သေဘာပဲေပါ့။

ကြၽန္ေတာ္ ကားၿပိဳင္မယ္။ဆိုင္ကယ္စတန့္ၿပိဳင္မယ္။အီဆန္ၿမိဳ႕နယ္မွာအႀကီးဆုံး ဘားတစ္ခုနဲ႕ကလပ္တစ္ခုဖြင့္ခ်ပစ္မယ္။ကာစီနို႐ုံေတြေထာင္ပစ္မယ္။ေနာက္ဆုံးအကုန္ကုန္ေျပာရရင္ဗ်ာ အမိုက္စားမိုတယ္ေတြပါဖြင့္ပစ္ဦးမွာ။

ဒါေတြလုပ္ဖို႔ဆို ေငြအင္အားအတြက္ပူေနစရာမလိုပါဘူး။ၿပီးေတာ့ အာဏာကိုလည္း အိတ္ေထာင္ထဲထည့္ထားတဲ့ ကိုယ့္အေဖ
တစ္ေယာက္လုံးရွိေနတာပဲကို ဘာဥပေဒေတြေတြးေၾကာက္ေနရဦးမလဲ အဟား...!။

အဲ့လိုေတြေပေပေတေတေနတတ္တဲ့ကြၽန္ေတာ္လိုလူဆီမွာ သေဘာက်ရတဲ့သူတစ္ေယာက္ေတာ့ရွိပါတယ္။ဘဝမွာ ပထမဆုံးသေဘာက်ရတဲ့လူ...!ပထမဆုံးျမတ္နိုးခ်င္တဲ့လူ...!ပထမဆုံး ရင္ခုန္ရတဲ့လူ...!။

သူ႕ရဲ႕ခ်ိဳခ်ိဳသာသာအသံေလးကို ကြၽန္ေတာ္သေဘာက်တယ္။ထပ္ခါထပ္ခါနားေထာင္ခ်င္တဲ့အထိပဲဗ်ာ။တစ္ေနကုန္ထိုင္ၿပီး တစ္စိမ့္စိမ့္ၾကည့္ေနရမယ္ဆိုရင္ေတာင္ ၿငီးေငြ႕မယ္မထင္ဘူး။

လမင္းေလးလိုမ်ိဳး ေအးေအးခ်မ္းခ်မ္းျဖစ္တည္ေနတဲ့ အဲ့ဒီတစ္ေယာက္တည္းေသာသူကို ကြၽန္ေတာ္ခ်စ္ေနမိၿပီထင္တယ္။အခ်စ္ကို
လက္ေတြ႕ျမည္းစမ္းၾကည့္ဖို႔ငယ္လြန္းအားႀကီးတာမွန္ေပမယ့္လည္း သူ႕ဆီကေမတၱာကိုေတာ့ အဟုတ္ပင္လိုခ်င္၏။

စမ္းေရေလးပမာ ၿငိမ္ေညာင္းလွေသာအသံပိုင္ရွင္ေလးဟာ ကြၽန္ေတာ့္အတြက္ေတာ့
အိန္ဂ်ယ္ေလးပါပဲ။ဒူးေထာက္ခစားေပးရမယ္ဆိုလည္း ၿပဳံးၿပဳံးႀကီးနာခံေပးဖို႔အသင့္။
သူသာလွ်င္ လမ္းျပေပးမယ္ဆို သူ႕စကားကိုနားေထာင္ေပးၿပီး ၿငိမ္ကုပ္ေပးမွာပါ။

* ႀကိဳဆိုပါတယ္ခင္ဗ်ာ *

​ႀကိဳဆိုပါတယ္ခင္ဗ်ာတဲ့...။အသံေလးနဲ႕တင္ လူကိုအရည္ေဖ်ာ္ခ်ပစ္နိုင္စြမ္းရွိတယ္ေပါ့။
ခက္ထန္ျခင္းအလ်ဥ္းမရွိ ႏူးညံျခင္းအလ်ဥ္းမရွိေပမယ့္ သိမ္ေမြ႕လြန္းတဲ့အသံေလးေၾကာင့္ ရင္ခြင္ထဲဆြဲဖြက္ၿပီး အားရွိပါးရွိ
အနမ္းေပးလိုက္ခ်င္တဲ့အထိေတြ။

လူကို႐ူးရေအာင္ လာျပဳစားေနတာလားဟင္။ခင္ဗ်ားက စုန္းကေဝေလးပဲ ဒီေကာင့္ႏွလုံးသားကို ခုန္တတ္ေအာင္သင္ေပးခဲ့လို႔
ခင္ဗ်ားသိပ္ဆိုးလြန္းတယ္ အခ်စ္ကေဝေလးရယ္။ရင္ဘက္မွာစက္ပ်က္ေနတဲ့ေကာင္မို႔ ကြၽန္ေတာ့္အခ်စ္မွာဘရိတ္မရွိဘူး။

ဒီအသံေလးကို ၾကားခ်င္ေနခဲ့ရတာ။ဒီေန႕တစ္ေန႕လုံး ဘယ္ေလာက္ထိေတာင္မ်ားလြမ္းေနခဲ့ရသလဲ သူသိမည္မထင္။စာသင္ခန္းထဲက လစ္ထြက္လို႔မရလို႔ တစ္ေနကုန္ပိန္လိန္ေနခဲ့ရတဲ့ဝဋ္ေႂကြးႀကီးဟာဆိုရင္ျဖင့္ သိပ္ကိုပူေလာင္ျပင္းျပစြာ။

စိတ္ရႈပ္ရလြန္းလို႔ ေဒါသေတြလႊတ္မထြက္မိေအာင္ ေအာင့္အီးသည္းခံခဲ့ရတာက မ်က္စိေရွ႕က အိန္ဂ်ယ္ေလးရဲ႕စကားတစ္ခြန္းေၾကာင့္ပါ။ဒီလူသားသာ ကြၽန္ေတာ့္ကိုပဲ့ျပင္ေပးမယ္ဆို လိမၼာပါ့မယ္လို႔ကြၽန္ေတာ္ ကတိေပးတယ္။.......

           ----------LOVED ONE-----------

ေကာင္တာမွာထိုင္ေနတဲ့လူသားေလးကို
ခိုးခိုးရွိုးရတာလည္းအေမာ။ဘာလဲဗ်ာ လူကိုျမင္ရဲ႕သားနဲ႕ တစ္ခ်က္ေတာင္ဂ႐ုမစိုက္ဘူး။ၿပဳံးျပဖို႔ေနေနသာ မ်က္လုံးခ်င္းေတာင္ဆုံေအာင္မၾကည့္ဘူးတဲ့လား။စိတ္ညစ္ညစ္နဲ႕
မ်က္စိေရွ႕ရွိသမွ်ကို ျခင္းထဲပစ္ထည့္လိုက္ရင္းဆြဲယူခဲ့မိကာ... ။

ကြၽန္ေတာ့္မွာေတာ့ ခင္ဗ်ားမ်က္ႏွာေလးကို ေမာ္ဖူးခ်င္လို႔ေျပးလာရလိုက္တာ။ခင္ဗ်ား ဂ႐ုမစိုက္ေတာ့လည္းဘာအေရးလဲ?ဂြၽန္ေဂ်ာင္ကုက မႈ႕ေနရမွာတဲ့လား။ေဝးေသး
ခင္ဗ်ားလည္းေနခ်င္သလိုေန ကြၽန္ေတာ္လည္းတစ္ဝႀကီးငမ္းမယ္ အိုေခ...။

စတိုးဆိုင္ေသးေသးေလးထဲတြင္ ေကာင္တာထိုင္၌ေနသူေလးကို ရွယ္ပလန္နဲ႕ငမ္းေၾကာဆြဲေနသည့္လူငယ္ေလးမွာ မိန့္မိန့္စားစားႀကီးႏွင့္ၿပဳံးလွ်က္။အၾကည့္ေတြမွာရီရီေဝေဝႏွင့္
မသိလွ်င္ မ်က္လုံးထဲကအသည္းပုံေတြခုန္ထြက္လာေတာ့မလားပါပဲ။

* ဒါေတြကို စာရင္းတြက္ေပးပါ *

ေငြရွင္းေကာင္တာေလးေပၚသို႔ ယူထားသမွ်အား ပစ္တင္ေပးေလေတာ့ အထူးအဆန္းမ်က္ဝန္းေလးတစ္စုံနဲ႕ လူကိုေမာ့ၾကည့္ခဲ့လာတယ္။အခုမွပဲ အၾကည့္ခ်င္းစုံဖို႔သတိရတယ္ေနာ္။ခင္ဗ်ား သိပ္ဆိုးလြန္းလိုက္တာ။

* ယူမွာေသခ်ာၿပီလား ေက်ာင္းသား...၊ *

ထိုအေခၚအေဝၚေၾကာင့္ ကြၽန္ေတာ့္မ်က္ခုံးေတြမွာ ပင့္ျမႇောက္သြားရပါၿပီ။ဘာကို ေက်ာင္းသားတုန္း?ခင္ဗ်ားကို ပိုးပန္းမလို႔ပါဆို ဘာကိုေက်ာင္းသားလဲ။အခုလူကိုငခြၽတ္ေလးဇာတ္သြင္းလိုက္တာလား။

မရဘူးေနာ္။အသက္ျဖင့္ သိပ္မကြာဘဲနဲ႕ကို။ေသခ်ာေပါက္(၅)ႏွစ္ပဲ ကြာတာမဟုတ္ဘူးလား။ကြၽန္ေတာ့္ထက္(၅)ႏွစ္ေလး ပိုႀကီးတာကိုမ်ား လူႀကီးသိပ္လုပ္ခ်င္ေနလို႔ရမလားဗ်။

အခဲမေၾကျဖစ္ရလြန္းလို႔ ဒီလူႀကီးေပါက္စေလးကို ဖက္နမ္းပစ္မိေတာ့မယ္။
ေကာင္တာေပၚ လက္ႏွစ္ဖက္နဲ႕စုံေထာက္ပစ္ၿပီး ကိုယ္ကိုအနည္းငယ္ကိုင္းခ်ကာ ခ်စ္ရသူ၏မ်က္ႏွာႏုေထြးေထြးအား စြဲစြဲညို႔ညို႔စိုက္ၾကည့္ေပးျဖစ္တယ္။

သို႔ေသာ္ျငား ေက်ာင္းတြင္းလူမိုက္ေလးေပမို႔ ဂ်စ္ကန္ကန္ဂ်စ္တူးတူးဟန္ပန္ေလးဟာ ေပ်ာက္ရွမသြားခဲ့။မ်က္ခုံးႏွစ္ဖက္ကို ခပ္တြန့္တြန့္ျဖစ္သည္အထိ တြန့္ေကြးထားေလၿပီး
ရွစ္ေခါက္ခ်ိဳးမ်က္ႏွာထားႀကီးနဲ႕မို႔ သူ႕သ႑ာန္မွာ မႈန္ကုပ္ကုပ္တည္တင္းတင္းျဖစ္ေနခဲ့၏။

ဒါကို အိန္ဂ်ယ္ကဘယ္လိုထင္သြားသလဲေတာ့မသိ။မသိမသာႏွာေခါင္းေလးရႈံ႕ေလၿပီးအၾကည့္လႊဲသြားခဲ့တာမို႔ ကြၽန္ေတာ့္မွာခပ္ဟဟရယ္ေမာလိုက္မိတဲ့ အထိပါပဲဗ်ာ...။

* မ်က္ႏွာက~~သက္သာရဲ႕လား *

* ဗ်ာ? *

ပစၥည္းေတြရဲ႕ေဈးႏႈန္းကို Scanဖတ္ေနရာကေန လူကိုမၾကည့္ဘဲေျပာလာခဲ့တဲ့စကားေၾကာင့္ ဘာကိုဆိုလိုလိုက္မွန္း ကြၽန္ေတာ္ျဖင့္နားမလည္ခဲ့ပါ။

* မ်က္ႏွာေလ?ဒဏ္ရာေတြေဆးမထည့္ဘူးလား *

အိန္ဂ်ယ္ဟာ မ်က္ႏွာတည္တည္ေလးနဲ႕စိုက္ၾကည့္လာခဲ့ၿပီး ကြၽန္ေတာ့္မ်က္ႏွာ​ေပၚက ဒဏ္ရာေတြကို ေမးေငါ့ျပလာခဲ့တယ္။အဲ့က်မွပဲ ကိုယ့္မ်က္ႏွာေပၚ ကိုယ္ျပန္စမ္းၾကည့္မိလိုက္ရင္း!။

ဟုတ္သားပဲ။ဟိုတစ္ေန႕ညက ရန္ပြဲေကာင္းမႈေၾကာင့္ ကြၽန္ေတာ္အေတာ္ေလးအထိနာခဲ့ရတာေလ။မ်က္ခုံးလည္းကြဲသြားခဲ့ေသးတာကို။ၿပီးေတာ့ ပါးရိုးေတြမွာလည္း ပြန္းပဲ့ဒဏ္ရာေတြရခဲ့ၿပီး ႏႈတ္ခမ္းေထာင့္လည္းေပါက္ၿပဲသြားခဲ့တယ္ေလ။

ငါ့ရဲ႕ဒီမ်က္ႏွာ ဒီအခြက္ႀကီး!ျမင္လို႔မေကာင္းေအာင္ကို စုတ္ျပတ္သတ္ခဲ့ရတာ ဘယ္ႏွရက္မ်ားၾကာေသးလို႔ ေမ့ပစ္နိုင္ရတာပါလိမ့္။ၾကည့္ရတာ အိန္ဂ်ယ္ကိုဖြန္ေၾကာင္ဖို႔မႊန္ေနရတာနဲ႕ပဲ တစ္ေလာကလုံးကိုေမ့ထားနိုင္တဲ့ပုံစံေပါက္ေနၿပီ ဟဟ...။

ပလဆတာေသးေသးေလးမ်ားကို မ်က္ႏွာတစ္ျပင္လုံး မြစိတတ္ေနေအာင္ကပ္ထားလိုက္တာမ်ား ေက်ာင္းတြင္းလူဆိုးေလးမဟုတ္ဘူးလို႔ ဘယ္သူကေျပာမွာက်ေနတာပဲ။

* ထည့္ပါတယ္ *

မ်က္ႏွာထီထီ ေလသံတင္းတင္းနဲ႕ ျပန္ေျဖခဲ့မိတာေၾကာင့္ထင္ပါရဲ႕ အိန္ဂ်ယ္ဟာေခါင္းညိတ္ျပ႐ုံကလြဲၿပီး ဘာစကားမွထပ္မေျပာလာခဲ့ေတာ့။လူကို ျမင္လိုက္ရလို႔ စိတ္ရႈပ္သြားလို႔မ်ားလားဟင္။မွတ္မိေနေပးလို႔ ေက်းဇူးတင္ရခ်ည္ရဲ႕ဗ်ာ။

အိန္ဂ်ယ္ထုပ္ပိုးေပးလိုက္တဲ့ အထုတ္ေလးကိုအသာဆြဲရင္း ဆိုင္ျပင္သို႔ ေနာက္ျပန္ေျခလွမ္း​က်ဲႀကီးမ်ားျဖင့္ထြက္လိုက္မိတယ္။ကြၽန္ေတာ္က သိပ္ယြလြန္းတယ္ဟုတ္...!။
အခ်စ္နဲ႕စစ္မွာမတရားတာမရွိဟု ခံယူထားတဲ့ေကာင္မလို႔ အိန္ဂ်ယ္နဲ႕ပတ္သတ္လာရင္
ယြယြထထပါပဲ အဟြန္း...!။

             ----------LOVED ONE----------

* အားရွီ!ဘာတုန္းကြာ~ အိန္ဂ်ယ္ေရွ႕မွာ
ဒီလိုအရွက္ကြဲလာတာ ငါတဲ့လား။ဒါဘာေတြလဲ!!ဘယ္ပါးစပ္နဲ႕စားဖို႔ ဝယ္လာခဲ့တာလဲ
ဟမ္ ဟာကြာ *

အိတ္ထဲမွာပါလာသမွ်ဟာ ဂ်ယ္လီထုပ္အမ်ားအျပားႏွင့္စုတ္လုံး!Candyထုပ္ေတြျဖစ္ေနခဲ့တယ္ေလ။ဒါေၾကာင့္မို႔ အိန္ဂ်ယ္က ထူးထူးဆန္းဆန္းစိုက္ၾကည့္ခဲ့တဲ့ေနမွာေပါ့။

ဒါေတြကို ကေလးပိစိေလးေတြပဲစားခ်င္စားလိမ့္မယ္ ငါေတာ့ေသေတာင္မစားဘူး။ရွက္ဖို႔ေကာင္းလိုက္တာကြာ။သူ ငါ့ကိုဘယ္လိုထင္သြားမလဲ။နဂိုကတည္းကမွေက်ာင္းသားဆိုၿပီး အထင္မႀကီးခ်င္ေနတာကို...။

ခ်စ္လို႔ႀကိဳက္လို႔ အတည္ပိုးပန္းမယ္ဆိုကာမွ
သူ႕ေရွ႕ေသာက္တစ္လြဲေတြသြားလုပ္မိေတာ့ ေအးၿပီေပါ့ကြာ!။တကယ္ နားကားေတာ့မယ္ထင္တယ္ ရွီး...။

လက္ထဲတြင္ကိုင္ထားေသာအထုတ္ကို ဖြင့္ၾကည့္ၿပီးသကာလ စိတ္တိုတိုျဖင့္ ကိုင္ေပါက္ဖို႔ျပင္လိုက္မိတယ္။သို႔ေသာ္ျငားလည္း ထိုသို႔မလုပ္နိုင္ခဲ့ပါဘူး။ရမ္းရမ္းကားကားအမူအက်င့္ေတြကို အိန္ဂ်ယ္မ်ားျမင္သြားခဲ့ရင္ စိတ္ညိုသြားမလားေတြးပူမိလို႔။

စိတ္ပိန္စြာပဲ အိန္ဂ်ယ္တို႔စတိုးဆိုင္ေလးေရွ႕တြင္ ခင္းက်င္းေပးထားေလေသာစားပြဲ၌​
ေျခပစ္လက္ပစ္ထိုင္ခ်လိဳက္ၿပီး ဆိုင္ထဲကအလွေလးကို တစ္ခ်က္ထိုင္ရွိုးလိုက္သည္။
လွတယ္!ေသာက္ရမ္းေတြ လွလြန္းလို႔မက္မက္စက္စက္ေတြ ခ်စ္စကားဆိုပစ္ခ်င္တဲ့အထိပါဗ်ာ။

ၿပီးေနာက္တြင္ေတာ့ အိတ္ထဲကJ'Cupတစ္ဗူးကိုထုတ္လိုက္ၿပီး ပိုက္တံနဲ႕စူစူေအာက့္ေအာက့္ပဲ ထိုးေဖာက္ပစ္တယ္။ဒီအစုတ္အျပတ္ေတြစားရေအာင္ သူငယ္နာမစင္တဲ့ကေလးလားလို႔ကြာ။ခ်စ္ရသူေရွ႕ ရွိုးပဲ့ေအာင္ ေသာက္ရမ္းကျမင္းလြန္းတဲ့ ေဟာ့ဒီလက္ ေနာက္မွရိုက္ခ်ိဳးေပးပစ္ဦးမယ္...ကေတာက္စ္!။

အိန္ဂ်ယ္ဆိုတာ ဘယ္သူမ်ားလဲသိၾကလား?အဟမ္း အိန္ဂ်ယ္ဆိုတာ ကြၽန္ေတာ္ခ်စ္ရတဲ့သူေလ။ကြၽန္ေတာ့္တြယ္တာရာေလး...၊ကြၽန္ေတာ့္နတ္သူငယ္ေလးဟာ အိန္ဂ်ယ္ပဲေပါ့။
အိန္ဂ်ယ္နာမည္က ပတ္ခ္ဂ်ီမင္တဲ့။နာမည္ေလးကအစ လွလိုက္တာဗ်ာ So sweet!။

အိန္ဂ်ယ္နဲ႕ဆုံေတြ႕ခဲ့တာက ဒီလိုဗ်.....
လြန္ခဲ့တဲ့၅ရက္ေလာက္ကျဖစ္လိမ့္မယ္။
အဲ့ညက ကြၽန္ေတာ္ဖားသားႀကီးနဲ႕ကြိုင္တက္ၿပီး အိမ္ကေနလစ္ထြက္ခဲ့မိတယ္။စိတ္ေလေနတာနဲ႕ပဲ ေျခဦးေပါက္ရာေလွ်ာက္သြားရင္း
ဆင္ေျခဖုံးရပ္ကြက္တစ္ခုထဲေရာက္ခဲ့မိတယ္ဆိုပါေတာ့။

ဆင္းရဲသားရပ္ကြက္ဆိုတဲ့အတိုင္း လမ္းမီးေရာင္က်ိဳ႕တို႔ႀကဲတဲမွလြဲ၍ ဘာဆိုဘာမွမရိွ။ျဖစ္ခ်င္ေတာ့ ဓာတ္မီးတိုင္မႈန္ျပျပေအာက္မွာစတိုးဆိုင္တစ္ခုရွိေနခဲ့တယ္ေလ။ကံေကာင္းသလားမေျပာတတ္ေပမယ့္ စီးကရတ္ေလးခဲဖို႔အတြက္ေတာ့ မဟာအခြင့္အေရးႀကီးလို႔ပဲ ေျပာလို႔ရတယ္မလား။

အဲ့လိုနဲ႕ပဲ စတိုးဆိုင္ထဲခပ္တည္တည္နဲ႕ဝင္ခ်သြားလိုက္ၿပီး ဘီယာႏွစ္ဗူးနဲ႕ေရဘဝဲေျခာက္ကိုဆြဲယူလိုက္ရင္း ေကာင္တာေပၚပစ္တင္လိုက္ကာ တစ္ဆတ္တည္းဆိုသလိုစီးကရတ္ဗူးပါ ဝယ္ခ်ပစ္လိုက္တာေပါ့။

ပါခ်ီပါခ်ဲ့ဆိုင္ေလးပဲမို႔ မွတ္ပုံတင္ေတာင္း
ၾကည့္တာေတြဟိုေမးဒီေမးေတြေတာ့ မရွိနိုင္ေလာက္ဘူးထင္ခဲ့မိတာ တကယ့္ေသာက္တစ္လြဲကိုျဖစ္ရလို႔။ေကာင္တာမွာမ်က္ႏွာေသနဲ႕
တစ္ခ်ိန္ကုန္ၿငိမ္ေနခဲ့တဲ့ အဲ့ဒီလူဟာ လူကိုစစ္ေဆး႐ုံနဲ႕အားမရဘူးထင္ပါ့ဗ်ာ မေခ်မငံေတြပါေျပာဆိုလာခဲ့တယ္ေလ။

* ဒီမွာေက်ာင္းသား မင္းမွတ္ပုံတင္ျပမွ ေရာင္းေပးနိုင္မယ္ *

ကေလးလိုဆက္ဆံခံလိုက္ရ၍ေဒါသေတြဟာ ထိန္းသိမ္းလို႔မရခဲ့။အလယ္တန္းေက်ာင္းသားေလာက္ပဲရွိမယ့္ေကာင္ကမ်ား
အခုငါ့ကို ေသာက္ဆရာလာလုပ္ေနတယ္ေပါ့ေလဟုတ္လား။အသိဝင္သြားေအာင္ ႏွစ္ခ်က္ေလာက္နရင္းပိတ္တီးေပးလိုက္ရ ဟာကြာ!!။

* ေက်ာင္းသား?အခု ဘယ္သူ႕ကိုဆရာလာလုပ္ေနတာလဲေရာ မင္းသိလား *

* ဧည့္သည္... အရမ္းႀကီးမဆူညံပါနဲ႕။ေက်းဇူးျပဳၿပီး မွတ္ပုံတင္ျပေပးပါ *

* ဒီမွာ ဘာေတြအေရးမပါတာလာေျပာေနတာလဲ။ဘယ္သူကေရာ မွတ္ပုံႀကီးတကားကားထည့္ၿပီး လမ္းသြားေနတာျမင္ဖူးလို႔လဲဟမ္။အသက္ျပည့္ၿပီးၿပီဗ်။ခင္ဗ်ားဆိုင္ကဟာကို ေရာင္းမွာလား မေရာင္းဘူးလားဒါပဲေျပာ *

မႈန္ကုပ္ကုပ္ဂ်စ္ကန္ကန္မ်က္ႏွာေပးနဲ႕ဧည့္သည္ကို ေကာင္တာရွိလူသားေလးခမ်ာ ဝိုင္းဖန့္ဖန့္မ်က္ဝန္းေလးေတြနဲ႕ အတန္ၾကာေအာင္ေမာ့ၾကည့္လာခဲ့ၿပီးေနာက္....။

* မျမင္ဖူးေပမယ့္ အခုလိုကန့္သတ္ထားတာကိုဝယ္မယ္ဆိုရင္ေတာ့ မွတ္ပုံတင္ျပသင့္တယ္ေလ။မဟုတ္ရင္ေတာ့ မေရာင္းေပးနိုင္ပါဘူး *

* ဟာကြာ အရစ္ရွည္လိုက္တာ!က်ဳပ္႐ုပ္က အသက္မျပည့္တဲ့ပုံေပါက္ေနလို႔လား ေရာင္းစရာရွိတာမေရာင္းဘူး အာ႐ုံပဲ က်စ္ !*

* ဒီမွာ ေက်ာင္းသား...မင္းလိုကေလးေတြ ငါအမ်ားႀကီးျမင္ဖူးေနက်မိဳ႕ ထပ္ၿပီးဆူဆူညံညံမလုပ္မိပါေစနဲ႕ *

* လက္ေပါက္ကပ္တဲ့လူပဲကြာ *

* ၾကည့္ရတာ စတိုးဆိုင္မွာ ဒါမ်ိဳးေတြမဝယ္ဖူးဘူးထင္တယ္။ဘာလဲ?အရင္က မင္းအစားဝယ္ေပးမယ့္သူ ရွိေနခဲ့တာလား *

ထိုလူ႕စကားေၾကာင့္ သူ႕မ်က္ႏွာမွာအေတာ္ေလးပင္ နီျမန္းသြားရ၏။ဟုတ္ပါတယ္။
ဒီလိုမ်ိဳးတစ္ခါမွ ကိုယ္တိုင္ကိုယ္က် မဝယ္ဖူးပါဘူး။ေဖေဖ့တပည့္ေတြထဲကပဲျဖစ္ျဖစ္ အတန္းထဲက ငေၾကာက္ကေလးေတြကိုပဲျဖစ္ျဖစ္ အၾကပ္ကိုင္ၿပီး ဝယ္ခိုင္းေနၾကမဟုတ္ေပလား။အခုဟာကပထမဆုံးဝယ္မိပါတယ္ ပထမဆုံးကိုအရွက္ကြဲရၿပီ။

* ခင္ဗ်ားနဲ႕ဘာဆိုင္တုန္းဟမ္?ဒီအတိုင္းေရာင္းေပးလိုက္လို႔မရဘူးလား *

* မရပါဘူး!ဥပေဒကိုခ်ိဳးေဖာက္ေနမယ့္အစား အိမ္ျပန္ၿပီး စာပဲသြားက်က္ေနလိုက္ေတာ့ ဟုတ္ၿပီလား *

* ဘယ္ေလာက္ပိုေပးရင္ရမလဲေျပာ *

* ေစာ္ကားေနတာပဲ... မင္းကိုေရာင္းမွာမဟုတ္လို႔ ဆိုင္ထဲကေန ထြက္သြားေပးပါ *

တကယ္ လက္ေပါက္ကပ္ေနတာပဲ။ေျပာရ
ဆိုရၾကပ္လိုက္တာ။ပုံမွန္ခ်ိန္ေတြမွာဆို ဆိုင္ထဲကလွည့္ထြက္ေပးေကာင္းေပးနိုင္ေပမယ့္ အခုေနေတာ့အဲ့လိုလုပ္ေပးဖို႔မျဖစ္နိုင္ဘူး။စီးကရက္ခဲခ်င္လြန္းလို႔ ပါးစပ္တစ္ခုလုံးခ်ဥ္တူးေနၿပီ။

ၿပီးေတာ့ ဒီအနားအနားပတ္ဝန္းက်င္မွာလည္း ေဈးဆိုင္နဲ႕တူတာဆိုလို႔ဒီတစ္ဆိုင္ပဲရွိတာ။ေျခာက္တိေျခာက္ကပ္စတိုးဆိုင္ေလးဖြင့္စားထားၿပီးေတာ့မ်ား ႀကီးႀကီးက်ယ္က်ယ္ေတြ လာေျပာေနရေသးတယ္လို႔။

ဘီယာဗူးေတြျပန္ဆြဲသိမ္းဖို႔ျပင္ေနသူရဲ႕
လက္ကို အားမနာတမ္းဘဲအၾကမ္းပတမ္းဖမ္းဆုတ္ပစ္လိုက္သည္မွာ ဘယ္နည္းနဲ႕မွလႊတ္ေပးဖို႔ အစီအစဥ္မရွိတဲ့ပုံျဖင့္။ထိုလူ႕နည္းတူ မွင္ေသေသမ်က္ဝန္းေတြနဲ႕ပဲ တန္ျပန္စိုက္ၾကည့္ေပးခဲ့မိတယ္။

မုန္ယိုေနတဲ့ သားရဲေကာင္ပမာ စူးစူးနစ္နစ္စိုက္ၾကည့္ေပးလိုက္တဲ့အခါမွာေတာ့ လက္ေတြကိုေဆာင့္႐ုန္းလာ၏။

* ဒီတစ္ခါပဲ မသိခ်င္ေယာင္ေဆာင္ေပးလိုက္လို႔မရဘူးလား *

* အင္း မရဘူး *

* ခင္ဗ်ား ကြၽန္ေတာ္ဘယ္သူလဲမသိလို႔တကယ္ပဲ လာတားရဲေနတာလား *

* မင္းဘယ္သူလဲငါစိတ္မဝင္စားဘူး။သိလည္းမသိခ်င္ဘူး။ငါ့ဆိုင္ကိုလာရင္ေတာ့ လုပ္ထုံးလုပ္တမ္းနဲ႕အညီ အတည္ျပဳရမွာပဲ *

* အဟားးးး!ဆိုင္ပိတ္ခ်င္ေနၿပီထင္တယ္ *

* မပိတ္နိုင္ေသးလို႔ လာရာလမ္းအတိုင္း
ျပန္ႂကြလိုက္ပါေတာ့။ထပ္ၿပီးလည္းမရစ္ပါနဲ႕
အဲ့ေလာက္ထိေတာင္ ေသာက္ခ်င္ေနသပါ့ဆိုလည္း တစ္ျခားေရာင္းေပးနိုင္မယ့္ဆိုင္ဆီကိုပဲ ဒိုးလိုက္ပါေတာ့ ဟုတ္ၿပီလား *

* ေတာက္စ္...! ခင္ဗ်ား ကြၽန္ေတာ္နဲ႕ေတြ႕ဦးမယ္ *

* ေအး ေနာက္လည္းလမ္းႀကဳံရင္ေတာင္ ငါ့ဆိုင္ထဲဝင္မလာခဲ့နဲ႕ *

* ဘာေျပာတယ္ဗ်!! *

* ဆားနဲ႕ပတ္မထုတ္မိခင္ ေအးေအးေဆးေဆးထြက္သြားေပးပါ ဧည္သည့္ *

မ်က္ႏွာထီမ်က္ႏွာထားျဖင့္ ဆြဲထုတ္ေတာ့မတတ္ေမာင္းထုတ္ခံလိုက္ရတာကို ခံျပင္းလြန္းလို႔ ဒီတစ္ဆိုင္လုံးၿဖိဳမရိုက္မိတာပဲကံေကာင္းလွၿပီမွတ္ပါ။ထပ္ၿပီး အတင့္ရဲစကားဆိုၾကည့္ သူ႕ကိုပါကြၽန္ေတာ္အတည္ရိုက္ပစ္မိေတာ့မွာ။

ပထမဆုံးေတြ႕ဆုံမႈမွာတင္ ကေတာက္ကဆေလးေတြနဲ႕စတင္ခဲ့ရၿပီး အခဲမေၾကေပးနိုင္ခဲ့ပါ။

          -----------LOVED ONE----------

ထိုေန႕ညကမွ စေတြ႕ဖူးခဲ့တဲ့မ်က္ႏွာေၾကာႀကီးႀကီးနဲ႕အဲ့ဒီလူကို စိတ္ထဲမွာအၿငိဳးႀကီးႀကီးထားပစ္ခဲ့ၿပီး တစ္ေန႕ေန႕တစ္ခ်ိန္ခ်ိန္မွာကိုယ့္ခြင္ထဲေရာက္လာခဲ့ရင္ အေရခြံႏႊာဖို႔ထိေတးမွတ္ထားခဲ့ပါသည္။

စိတ္အစုံဟာ အမွန္တကယ္ပင္ မၾကည္ေနခဲ့ပါ။ေမာက္မာလြန္းတဲ့ထို႔လူမ်က္ႏွာကို ဒီတစ္သက္ေမ့မယ္မထင္။တစ္သက္လုံး လူေတြေမာ္မၾကည့္ဝံခဲ့တဲ့သူလိုလူကိုမွ ရာရာစစႏွင္ထုတ္ရဲသတဲ့လား။

မေကာင္းဆိုးဝါးတစ္ေကာင္ကို ႏွင္သလိုမ်ိဳးဆားနဲ႕ေတာင္ ပတ္ထုတ္မယ္ဆိုပဲ။သိပ္မိုက္္မဲလြန္းတဲ့လူ!ကိုယ့္အႏၲရာယ္ကိုယ္မသိတာေလာက္ မိုက္္မဲလြန္းတာမရွိေတာ့...။

လူၾကည့္ေတာ့ ငါ့တစ္ကိုင္ေပါက္စာေတာင္
မရွိဘူး။ေသာက္ေၾကာႀကီးလြန္းေနတဲ့ အဲ့လူရဲ႕ဘဝင္ကို တစ္စီဆြဲစုတ္ပစ္ဦးမယ္။ပထမဆုံးေမာင္းထုတ္ခံရတဲ့အျဖစ္သႏွစ္ေပမို႔ ေတာ္ေတာ့္ေလးကိုေဒါသထြက္ရပါတယ္။

ႀကိတ္မနိုင္ခဲမရျဖစ္ရလြန္းလို႔ ငါသာ!မီးခိုးတိုင္တစ္ခုဆို အေငြ႕ေတြဘယ္ေလာက္ေတာင္မ်ားထြက္ေနမလဲ စဥ္းစားၾကည့္လိုက္ၾကေတာ့။ရွက္ရွက္နဲ႕ ဆိုင္ျပင္ေျပးထြက္လာခဲ့မိတယ္။

* အဲ့ဒါဂြၽန္ေဂ်ာင္မလား? *

အခုငါ့နာမည္ကိုေခၚလိုက္တာလား?။ေမွာင္ရိပ္က်ေနသည့္လမ္းခ်ိဳးတစ္ခုထဲကေနစကားသံေတြနဲ႕အတူ ခပ္သုတ္သုတ္ခ်ဥ္းကပ္လာၾကတဲ့ေျခသံတစ္ရွပ္ရွပ္ေၾကာင့္ သူ႕မ်က္ေမွာင္ေတြကိုအလိုလိုက်ဳံ႕လိုက္္မိၿပီး
ဝိုးတဝါးေမွာင္ရိပ္ထဲသို႔ စိုက္ၾကည့္ျဖစ္၏။

* ဟုတ္တယ္ ဂြၽန္ေဂ်ာင္ကုပဲဟ!မွန္ေနတာပဲ...ဝါး ဒါနည္းတဲ့တိုက္ဆိုင္မႈလားဟမ္ *

ကိုယ့္ထံတည့္တည့္ေျပးဝင္လာတဲ့ေကာင္ေတြလက္မွေန အလ်င္အျမန္ေရွာင္ဖယ္လိုက္ရၿပီး ထိုးသင့္တဲ့ေကာင္ကိုဆြဲထိုးကာ
ကန္သင့္တဲ့ေကာင္ကိုလည္း ပိတ္ကန္ပစ္ေပးလိုက္တယ္။အမ်ားနဲ႕တစ္ေယာက္မို႔
ေခြၽးပ်ံ့ေနေအာင္ ထိုးႀကိတ္ရတဲ့အခိုက္ေလာက္ ေသာက္သည္းနာတာမရွိေတာ့။

အားရွီ!ေခြးလိုေကာင္ေတြ...။

ငါးေယာက္ေျခာက္ေယာက္ခန့္ေလာက္ရွိမယ့္
ထိုအုပ္စုကို ငါမသိတာအမွန္။ဘယ္သူေတြလဲ?ဘာေကာင္ေတြမို႔ ငါ့ကိုတားရဲရတာလဲ။ညိဖူးတဲ့ေကာင္ေတြမွမ်ားလြန္းလို႔ ရိုက္သတ္ရင္ေတာင္ ဒီတစ္သက္စာရင္းကုန္မွာမဟုတ္ဘူး။ျမင္ဖူးသလိုေတာ့ရွိေပမယ့္ အဟုတ္ကို
မမွတ္မိေတာ့တာ။

ႏႊဲဖူးတဲ့ရန္ပြဲေတြက နည္းနည္းေနာေနာတဲ့လား?။ေခြးတစ္ေကာင္ကို ေခ်ာင္ပိတ္ရိုက္သလိုမ်ိဳးကို အုပ္စုဖြဲ႕ၿပီးအေသ​ေကြၽးေနက်တာဟ။ငါမိမိရရတစ္ခ်က္ျပန္ထိုးလိုက္နိုင္ရင္ ငါ့ေပၚ က်ေရာက္လာတဲ့လက္သီးက
တစ္ရဆတ္ပဲ!ခပ္ၾကမ္းၾကမ္းကန္ခ်က္ေတြၾကား အလူးအလွီမ့္ခံေနရတာေပါ့။

မခံနိုင္တဲ့အဆုံး ငါ့ေရွ႕ကေကာင္ရဲ႕ဝမ္းဗိုက္ကို လက္ႏွစ္ဖက္နဲ႕စုံကိုင္ဖက္တြယ္လိုက္ၿပီး ေခါင္းနဲ႕ဗိုက္ႂကြက္သားကိုတည္(တယ္)ထားေလကာ ခပ္လွမ္းလွမ္းကနံရံရွိရာဆီ အားကုန္ေဆာင့္တိုက္ပစ္သည္။အဲ့ေကာင္ဗိုက္ကိုပဲ ဒူးနဲ႕တစ္ခ်က္ပစ္ေဆာင့္ေပးလိုက္ၿပီးေနာက္္မွာေတာ့ ငါလည္းေခြးေျပးဝက္ေျပးထြက္ေျပးခဲ့ရၿပီေလ။

မေျပးလို႔လည္းမရဘူး။ဒီအခ်ိန္မွာ ငါကတစ္ေယာက္တည္းခံေနရတာ။စူပါဟီးရိုးႀကီးလုပ္ၿပီး ေပခံေနရင္ငါပဲေသကိန္းဆိုက္ရမွာ။အသက္ကိုဉာဏ္ေစာင့္တယ္တဲ့ ဆိုေတာ့ကာ
ငါထြက္ေျပးခဲ့ရၿပီေပါ့ကြာ။

ဒါေပမယ့္... ဒီအစုတ္အျပတ္ရပ္ကြက္ကို
ငါအခုမွ ပထမဆုံးေရာက္ဖူးတာေလ။ေျပးေနရင္း ေျပးေနရင္းနဲ႕ကို ဘယ္လမ္းကထြက္ရင္ ဘယ္ေနရာေရာက္သလဲ ငါမသိတာမို႔အုတ္တံတိုင္းေတြခတ္ထားတဲ့ လမ္းဆုံးတစ္ေနရာမွာပဲ အဲ့ေကာင္ေတြလက္ထဲေခ်ာင္ပိတ္မိခဲ့ေတာ့တယ္။

သို႔ေသာ္ ေခြး႐ူးတစ္သိုက္ကို ေရနဲ႕ပတ္ျဖန္းလိုက္သလိုပါပဲ တဂီးဂီးရန္လိုသံေတြမွာ တိတ္က်သြားေလသည္။ငါ့အကၤ်ီရဲ႕ေကာ္လံစမွေန ေဆာင့္ဆြဲထားတဲ့သူတို႔လက္ေတြကို လႊတ္ခ်လိဳက္ၾကၿပီး အေနာက္ကို တစ္စုတစ္တည္းလွည့္ၾကည့္လိုက္ၾကေတာ့၏။

* ဒီေနရာက ဒုံေျမာင္ရပ္ကြက္ဟုတ္ပါတယ္။ေစာဏကေျပာျပထားတဲ့လမ္းအတိုင္းပဲ လာေပးရင္ရပါၿပီခင္ဗ်။ျမန္ျမန္ေလးလာေပးေစခ်င္ပါတယ္။ဟုတ္ပါတယ္ ကြၽန္ေတာ္ကမ်က္ျမင္သက္ေသလုပ္ေပးသြားမွာပါ *

ရဲစခန္းကို ဖုန္းဆက္ေနခဲ့သူမွာ စတိုးဆိုင္မွာေတြ႕ခဲ့တဲ့ မ်က္ႏွာေသနဲ႕လူ ျဖစ္ေနခဲ့သည္။

* ရားရား...ဘယ္ကိုဖုန္းဆက္ေနတာလဲ အခုခ်က္ခ်င္းခ်ထားလိုက္စမ္း *

ထိုေကာင္ေတြသည္ ခ်က္ခ်င္းဆိုသလိုပဲ
လွည့္ကာမည္းက်ျပန္သည္။မ်က္ႏွာေသနဲ႕
အဲ့ဲဒီလူဟာ ဘယ္တစ္ေကာင္ကိုမွအေရးျပန္မေပးခဲ့ျခင္းမရွိ။အဲ့အစား ပုံခနဲပစ္လဲက်သြားၿပီး အုတ္တံတိုင္းမွာေက်ာမွီေနခဲ့တဲ့ေကာင္ေလးကိုသာ တစ္ခ်က္လွမ္းၾကည့္လာခဲ့ၿပီး...

* မင္း အဆင္ေျပရဲ႕လား *

* ခင္ဗ်ားမျမင္ဘူးလား *

လာကယ္ေပးတဲ့လူကို ျပန္ရန္လုပ္တာဆိုလို႔
ဒီေလာကမွာ ငါပဲရွိလိမ့္မယ္။ဒါေပမယ့္လည္း ငါ့မွာဆက္ၿပီးမည္းဖို႔အခြင့္အေရးမသာခဲ့။ဘာလို႔ဆို ဟိုေကာင္ေတြက မ်က္ႏွာေသနဲ႕လူကိုေျပးထိုးခဲ့ၾကၿပီေလ။

ငါလိုေကာင္ေတာင္မရႈ႕မလွခံေနရတာ ဒီလူဆို အေရးေပၚပဲပို႔ေပးရမလား?ဟူး။ဗိုက္ကို
ဖိလိုက္ၿပီး မ်က္စိေရွ႕ကျမင္ကြင္းကို ေျဖ​ေဖ်ာ္ေရးတစ္ခုအေနနဲ႕ငါထိုင္ၾကည့္ေနခဲ့မိတယ္။အဲ့ဒီလိုၾကည့္ေနရင္းမွာပဲ ဟာခနဲဟင္ခနဲအံဩရတဲ့လူက ငါကိုယ္တိုင္ပဲေလကြာ။

လွ်ပ္တစ္ျပက္အတြင္းမွာကို ထို႔လူ႕လက္ခ်က္နဲ႕ ဟိုေကာင္ေတြမွာ ေမွာက္ကြဲကုန္တာမ်ား ျပန္ေတာင္မထနိုင္ၾကေတာ့ဘူး။ၾကည့္ရတာ
ဒီမ်က္ႏွာေသနဲ႕လူက ကရာေတးေတြဘာေတြတတ္ေနတာမ်ားလားပဲ။ရွင္းစရာရွိတာရွင္းၿပီးတာနဲ႕ ငါ့ကိုလာထူေပးျပန္တယ္ေလ။

* မ်က္ႏွာကေတာ္ေတာ္ထိသြားတာပဲရလားေဆးခန္းသြားမလား *

* မလိုပါဘူး ရန္ျဖစ္တာေလာက္နဲ႕ေဆးခန္းသြားစရာဘာလိုမလဲ *

* အင္း ေဆးေတာ့ထည့္ရမယ္ *

ဒီလို ဂ႐ုစိုက္ခံရတာ ပထမဆုံးပဲဗ်ာ။ပ်ာပ်ာသလဲ ဂ႐ုစိုက္ခံရဖူးပါတယ္။ဖူးဖူးမႈတ္လည္း အလိုလိုက္ခံေနက်ပါ။ဒါေပမယ့္ သူတို႔ေပးေနက်တာက အေပၚယံေတြမွန္းသိၿပီးသား။ဒီလူက် အဲ့လိုမဟုတ္ဘူး။

အျမင္မေတာ္လို႔ ကူညီတယ္ဆိုတာထက္
ရင္ထဲကပါလို႔ေစတနာထားေနမွန္း ခံစားလို႔ရေနလို႔ပါ။ဒီလိုနဲ႕ပဲ အဲ့ဒီလူစီးလာတဲ့စက္ဘီးရဲ႕ကယ္ရီယာခုံမွာ ကြၽန္ေတာ္ဟာထိုင္ခြင့္ရခဲ့ၿပီး၊သူကေတာ့ကြၽန္ေတာ့္ကိုယ္လုံးႀကီးကို
မနိုင္မနင္းနဲ႕တင္နင္းေပးခဲ့ရၿပီး သူ႕စတိုးဆိုင္ေလးဆီသို႔ေနာက္တစ္ေခါက္ျပန္ေရာက္လာခဲ့ရၿပီ။

သူ႕ဆိုင္ကို ေခၚလာခဲ့တာက ေဆးထည့္ေပးခ်င္လို႔တဲ့ေလ။အခုမွဆုံေတြဖူးတဲ့လူတစ္ေယာက္အေပၚမွာ ေစတနာေတြထားေနလိုက္တာဗ်ာ။အနီးကပ္ၾကည့္မိေတာ့မွ ဒီလူဟာ
ေသာက္ရမ္းေခ်ာလွတဲ့လူျဖစ္ေနခဲ့တယ္။
မ်က္ႏွာေသေတြအစား ၿပဳံးရယ္ေနလိုက္မယ္ဆို ဘယ္ေလာက္ေတာင္မ်ား ၾကည့္ေကာင္းၿပီးေခ်ာေနလိုက္မလဲ?။

ေႏြးေထြးမႈကို ဒီလူနဲ႕မွပထမဆုံးစသိခြင့္ရလိုက္တာ။အိန္ဂ်ယ္ေလးလိုပဲ။စိတ္ထားအရမ္းေကာင္းလြန္းေနတာမဟုတ္ဘူးလား။မဟုတ္မွ....!အေတာင္ပံလွလွေလးေတြကို
ဖြက္ထားတာမဟုတ္ေလာက္ပါဘူးေနာ္။

* ခုဏက ခင္ဗ်ားတကယ္ပဲ ရဲေခၚလိုက္တာလား *

* ဟင့္အင္း ငါမေခၚခဲ့ပါဘူး *

* ဒါေပမယ့္ ခင္ဗ်ားပဲ အဲ့လိုေတြေျပာခဲ့ၿပီးေတာ့ *

* ဒီမွာေက်ာင္းသား ငါတို႔မယွဥ္နိုင္တဲ့လက္႐ုံးပြဲေတြမွာဆို ဉာဏ္ရည္ကိုအသုံးခ်တတ္ရတယ္ *

* ဘာဆိုင္လို႔လဲဗ်ာ *

* မင္းအ႐ြယ္ေရာက္လာတဲ့တစ္ေန႕
ဒါေတြကိုသိခ်င္သိလာမွာေပါ့ အခုထိမင္းက ကေလးပဲရွိေသးတာကို *

* ကြၽန္ေတာ္ကေလးမဟုတ္ဘူး *

* အင္း သိတယ္။ဒါေပမယ့္ ေက်ာင္းသားပဲရွိေသးတာမလား အသက္မျပည့္ေသးရင္
ကေလးပဲေပါ့ *

* ရွီး!လက္ေပါက္ကပ္လိုက္တဲ့လူ *

* ေဆးေတြယူသြားဦး ဒဏ္ရာေတြမက်န္ေစနဲ႕ *

* အိမ္မွာ အဲ့ထက္ေကာင္းတဲ့ေဆးေတြရွိတယ္
မလိုဘူး~!အပိုေတြ *

* သေဘာပဲေလ *

မလိုဘူးအပိုေတြလို႔ ေျပာၿပီး လွစ္ခနဲဆြဲယူေျပးလာခဲ့တာလည္း ကြၽန္ေတာ္ပါပဲ။ကေလးအရမ္းမ်ားဆန္သြားသလားဟင္။မသိေတာ့ဘူးကြာ။သူက ငါ့အိန္ဂ်ယ္ေလးလိုပဲ။သူ႕ကို
သေဘာက်တာထက္ပိုတယ္။ကြၽန္ေတာ့္အိန္ဂ်ယ္ေလးမို႔ အိန္ဂ်ယ္လို႔ပဲေခၚခ်င္ေတာ့တယ္ဗ်ာ။

ပထမဆုံး ကြၽန္ေတာ့္ကိုေဆးထည့္ေပးတဲ့လူက အိန္ဂ်ယ္ပါ။မေတာင္းဆိုဘဲနဲ႕ ဂ႐ုစိုက္မႈေတြေပးခဲ့တာလည္း သူပါပဲ။ေဆးထည့္ေပးေနရင္း ဒဏ္ရာေတြစပ္မွာစိုးလို႔ ေလနဲ႕မႈတ္ေပးခဲ့ေသးတာဗ်။

ဘယ္လိုလူလဲ အခုမွေတြ႕ဖူးၾကတာကို အဲ့ေလာက္ထိဂ႐ုစိုက္မႈေတြေပးေနလို႔ဘယ္ျဖစ္မလဲ။ကြၽန္ေတာ္က တြယ္တာတက္ပါဘိ့နဲ႕ ခင္ဗ်ားကို လက္မလႊတ္ေပးခ်င္ေတာ့ရင္ဘယ္လိုလုပ္ၾကမလဲ။ေရွ႕ေလွ်ာက္ အိန္ဂ်ယ္ကို ကြၽန္ေတာ့္ဘဝထဲဆြဲေခၚမိေတာ့မယ္ထင္တယ္။

ျပန္ခ်စ္ေပးစရာမလိုဘူး!ကြၽန္ေတာ္ကပဲခ်စ္ေနမယ္။အခုထိ ခ်စ္တယ္လို႔ဖြင့္ေျပာဖို႔က အရမ္းေစာလြန္းေနေသးတယ္မလား။ေတြ႕တာျဖင့္ နာရီပိုင္းပဲရွိေသးတာကို။ဒါေပမယ့္
ကြၽန္ေတာ့္ဘဝအတြက္ အိန္ဂ်ယ္ကိုတကယ္လိုအပ္လို႔ပါ။

            ----------LOVED ONE----------

အဲ့ေန႕ညက တစ္ညလုံးအိပ္မေပ်ာ္ခဲ့ပါဘူး။မ်က္လုံးမွိတ္ဖို႔ႀကိဳးစားလိုက္တိုင္း သူ႕မ်က္ႏွာကိုပဲျမင္ေယာင္ေနမိလို႔။သူ႕အသံေလးကိုပဲခဏခဏၾကားခ်င္ေနမိၿပီး သူ႕ကိုသိပ္လြမ္းခဲ့ရတယ္။အခ်စ္တဲ့လား?တဒဂၤေလးအတြင္းမွာ ဘယ္လို႔လုပ္ျဖစ္နိုင္မွာလဲ။

တစ္ေလာကလုံးမခ်စ္ရင္ေနပါေစ သူ႕ဖက္ကေမတၱာျပန္ရွိေပးရင္ရပါၿပီ။ဘဝမွာပထမဆုံးအႀကိမ္ေလာဘတက္ဖူးျခင္းပဲ။ဒီလိုနဲ႕ပဲ
အိန္ဂ်ယ္မွအိန္ဂ်ယ္...၊ ဒီလူမွဒီလူ႐ူးခဲ့ရၿပီ။
မေနနိုင္မနထိုင္ စုံစမ္းၾကည့္မိေတာ့သူ႕အေၾကာင္းေတြသိခဲ့ရတယ္။

အဲ့စတိုးဆိုင္ပိစိေလးက အိန္ဂ်ယ္ပိုင္တဲ့တစ္ခုတည္းေသာ ပိုင္ဆိုင္မႈတဲ့ေလ။အာ!ၿပီးေတာ့
ထိုစုတ္ခ်ာခ်ာရပ္ကြက္ေလးထဲက ေခါင္းမိုးထပ္အခန္းေလးကိုလည္း ပိုင္ဆိုင္ေသးတယ္ဆိုပဲ။ႏုံႏုံခ်ာခ်ာအခန္းေလးက ဆပ္ျပာခြက္သာသာပဲရွိလိမ့္မယ္။

အိန္ဂ်ယ္လိုနတ္သားေလးက ဘာလို႔ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရမွာလဲ။ၾကမၼာႀကီးက မတရားလိုက္တာ။ရွိတဲ့သူမ်ားက် ေငြကိုေရလိုျဖဳန္းနိုင္က်ၿပီး မရွိတဲ့သူမ်ားက်ေတာ့လည္း ခက္ခဲ႐ုန္းကန္လိုက္ရတာ။ဒါႀကီးက ဟုတ္ေတာ့ဟုတ္မေနပါဘူး။

ဘယ္ႏွယ့္ေတြဗ်ာ!သိပ္ကိုဘက္လိုက္လြန္းေနတာမဟုတ္ဘူးလား။ၾကည့္ေန အိန္ဂ်ယ္ကို
ငါ့လူျဖစ္ေအာင္လုပ္ၿပီး တင့္တင့္တယ္တယ္ထားျပမယ္။အိန္ဂ်ယ္ကေတာ့ ငါ့ကိုေမတၱာေတြျပန္ေပးေပါ့။

အယ္!ၿပီးေတာ့ ရွိေသးတယ္။အိန္ဂ်ယ္က
ဒီႏွစ္စပိုင္းကပဲ ေက်ာင္းၿပီးသြားခဲ့ၿပီတဲ့။
ၾကာသပေတးေန႕တိုင္းေတာ့ ကရာေတးသင္တန္းေက်ာင္းမွာ နည္းျပအျဖစ္နဲ႕အလုပ္ဝင္ထားေသးတယ္ဆိုပဲ။အဲ့ဒါေၾကာင့္ျဖစ္ရမယ္အိန္ဂ်ယ္ရဲ႕တိုက္ခိုက္ရည္က ေတာ္သင့္႐ုံစေကးမဟုတ္ပါဘူးလို႔။

ဆိုေတာ့ကာ အိန္ဂ်ယ္ကေက်ာင္းၿပီးသြားၿပီေတာ့ ေသခ်ာေပါက္အသက္လည္းျပည့္ၿပီးသြားၿပီေပါ့။အိမ္ေထာင္ျပဳမယ္ဆို ျပဳသင့္တဲ့အ႐ြယ္ေရာက္ေနၿပီမလား။ငါနဲ႕လက္ထပ္မယ္ဆိုလည္း အဆင္ေျပေနတာပဲ။ေနာက္သုံးလေနၿပီးရင္ ငါလည္းအသက္ျပည့္ၿပီေလ အဟင္း...!။

အက်ဥ္းခ်ဳပ္ေျပာရရင္ အိန္ဂ်ယ္က႐ုပ္လည္းေခ်ာတယ္၊ဆိုးလ္တကၠသိုလ္ကေနလည္း ဘြဲ႕တစ္ခုရထားေသးတယ္။ၿပီးေတာ့ စတိုးဆိုင္
ပိစိေလးတစ္ခုလည္းပိုင္ထားေသးတယ္ေလကြာ။ငါနဲ႕ယူဖို႔ကို ငါ့မိဘေတြကခြင့္မျပဳရင္
ငါက အိန္ဂ်ယ္ေနာက္လိုက္ေနလိုက္႐ုံပဲေပါ့။

ေနဖို႔အိမ္လည္းအဆင့္သင့္ရွိၿပီး လတ္တေလာမပူမပင္ ထိုင္စားလို႔ရေလာက္မယ့္ ခပ္ခ်ာခ်ာစတိုးဆိုင္ေလးလည္းရွိေနတာကို ဘာေတြေတြးပူေနရဦးမလဲ။လက္ထပ္ၿပီးသြားလို႔ ငါတကၠသိုလ္ဆက္တက္လည္းရေနတာပဲ။

ေက်ာင္းၿပီးသြားမွ အိန္ဂ်ယ္ကိုတစ္လွည့္
ျပန္ၾကည့္မယ္ဆိုလည္းအရမ္းႀကီးေနာက္
မက်ေသးပါဘူး။အေရးႀကီးတာက အိန္ဂ်ယ္ကငါ့ကိုလက္ခံနိုင္ဖို႔ပဲလိုေတာ့တာ။အိန္ဂ်ယ္ကေတာ့မသိေပမယ့္ ငါကေတာ့ႏွစ္ေယာက္တြဲေလွ်ာက္မယ့္ဘဝလမ္းကို ပလန္ေတြႀကိဳဆြဲထားၿပီးသြားၿပီ။

​ေယာင္ေနာက္ ဆံထုံးပါတဲ့...အိန္ဂ်ယ္ေလွ်ာက္ရာေနာက္ ငါပါမယ္!အိန္ဂ်ယ္ရွိရာအရပ္မ်က္ႏွာမူၿပီး အိန္ဂ်ယ္ရွိရာအရပ္ပဲ
ငါလိုက္မယ္။အိပ္လည္း အိန္ဂ်ယ္ပဲ စားလည္းအိန္ဂ်ယ္ပဲ အကုန္ကုန္ေျပာရရင္
အိန္ဂ်ယ္ရွိရာဘက္ပဲလွည့္ၿပီး ငါေရခ်ိဳးမွာ။

စိတ္ကူးယဥ္ေန႐ုံနဲ႕ လက္ေတြ႕မွာဘာမွျဖစ္လာမွာမဟုတ္ဘူး။ေလထဲမွာတိုက္ေဆာက္တတ္တဲ့ေကာင္မဟုတ္လို႔ ထိုစိတ္ကူးအတိုင္းငါအေကာင္အထည္စေဖာ္ခဲ့တယ္။
အိန္ဂ်ယ္ရွိေနတတ္တဲ့ေနရာေတြကိုငါလိုက္ခဲ့တယ္။

မသိရင္ သူ႕အရိပ္ေလးလိုလို ဘာလိုလိုညာလိုလိုနဲ႕။ကရာေတးသင္တန္းေက်ာင္းထိလိုက္ပိုးတာ။တစ္ခုဆိုးတာက ငါ့ဘက္က
ဘာစကားကိုဘယ္လိုစေျပာရမလဲမသိလို႔ ေနာက္ကလိုက္ေန႐ုံကလြဲၿပီး ငါမေႏွာက္ယွက္ခဲ့ပါဘူး။

တစ္ေနကုန္ေျခတိုေအာင္ပဲ ေလွ်ာက္လိုက္ေနခဲ့မိတာ။ဒါနဲ႕တင္ မၿပီးေသးဘူးေနာ္ သူ႕စတိုးဆိုင္ေရွ႕ထိသြားသြားၿပီးေခ်ာင္းရတာလည္း အေမာ။မ်က္ႏွာထားတင္းတင္းေလးကိုျမင္ရတဲ့အခိုက္ ဘာနဲ႕မွမလဲနိုင္ခဲ့ဘူးဗ်ာ။

ေခ်ာင္းေပါက္မတတ္သြားခဲ့လည္း လူကိုတစ္ခ်က္ေတာင္အေရးမစိုက္လာပါဘူး။
ဒီလိုနဲ႕ပဲ စတိုးဆိုင္ေလးရဲ႕ပုံမွန္ေဈးဝယ္သူတစ္ေယာက္ျဖစ္လာခဲ့ၿပီး သူ႕ဆိုင္ေရွ႕က စားပြဲေလးမွာပဲ ေန႕ေန႕ညညလာထိုင္ၾကည့္ခဲ့တာေတာင္ ရင္းႏွီးမႈဟာ ထင္ထားသေလာက္ပိုမလာခဲ့။

ဘဝတစ္ေလွ်ာက္လုံးေပါ့ပ်က္ပ်က္ေတြခ်ည္းေနခဲ့တဲ့ေကာင္မို႔လားေတာ့မသိ
အခု!အတည္ေတြခ်စ္ၿပီး အတည္ေတြပိုးပန္းေတာ့မယ္ဆိုေတာ့မွ ငါ့မွာကတုန္ကယင္ေတြျဖစ္လိုျဖစ္နဲ႕။ဘာေတြေျပာရမယ္မွန္းလည္း
မသိ၊ဘာေတြလုပ္ရမယ္မွန္းလည္းမသိဘဲနဲ႕တကယ့္ကို ေသာက္တစ္လြဲေတြျဖစ္ရလို႔။

ခ်စ္မိကာမွပဲ အ႐ူးခ်ီးပမ္းျဖစ္ရတဲ့ဘဝပါလား။သူရွိရာဆီ လိုက္သြား!ေနာက္ကေနယတေကာက္ေကာက္ေလွ်ာက္လိုက္ေနခဲ့တာက
ဒီေန႕ဒီအခ်ိန္အထိပါပဲ။
ငါးရက္မွေန...
ေျခာက္ရက္....
ခုနစ္ရက္....
ရွစ္ရက္....

ဆယ့္ေျခာက္ရက္....ေန႕ထိတိုင္ ဘာဆိုဘာမွထူးမလာခဲ့ပါ။တကယ္ပဲလက္ေလ်ာ့ေပးလိုက္ရေတာ့မွာလား။အဲ့လိုထင္ေနၾကရင္မွားသြားမွာေပါ့လို႔။ခ်စ္ရသူကို လြယ္လြယ္နဲ႕လက္ေလ်ာ့ေပးရေအာင္ ဂြၽန္ေဂ်ာင္ကုကို ဘာေကာင္ထင္ေနၾကတာလား။

တစ္ရက္က်ေတာ့ ကံၾကမၼာကငါ့ဘက္ပါလာတယ္လို႔ပဲေျပာရမယ္...။

အိန္ဂ်ယ့္ဆိုင္ေရာက္တိုင္း ခ်ိစ့္ေခါက္ဆြဲျပဳတ္တစ္ပြဲကိုစားလိုက္ရမွေနသာထိုင္သာရွိတာမို႔ ေခါက္ဆြဲစားေနတုန္း!။ရက္ေတြနဲ႕ခ်ီၿပီး ေတြ႕ေနျမင္ေနၾကတာေတာင္ တစ္ခ်က္ၿပဳံးျပေဖာ္မရတဲ့ငါ့အိန္ဂ်ယ္က ငါေခါက္ဆြဲစားေနတုန္း မုန္လာဥခ်ဥ္ဗူးေလးခ်ေပးလာခဲ့တယ္။

အဟား...!ဂြၽန္ေဂ်ာင္ကုတို႔ ကံတက္လာၿပီပဲကြ။ေတြ႕ၾကၿပီေပါ့ အိန္ဂ်ယ္ရယ္။ရင္ထဲက
အခ်စ္ကဗ်ာေတြ အၿပီအျပင္႐ြတ္ျပၿပီးတျဖဳတ္ျဖဳတ္ေႂကြက်လာေအာင္ ေတာ္ကီလႊတ္ၿပီေလ။

* စားၾကည့္ေလ ေက်ာင္းသား?ေခါက္ဆြဲနဲ႕လိုက္တယ္ အအီေျပတာေပါ့ *

* ဘာလို႔ေကြၽးတာလဲ *

* ဘာလို႔မွမဟုတ္ပါဘူး။ဒီအတိုင္းပဲ ေကြၽးခ်င္စိတ္ေပါက္လာလို႔ *

* ဘယ္မွာဒီအတိုင္းပဲ ေကြၽးခ်င္စိတ္ေပါက္တာရွိလို႔လဲ။တိတိက်က်ေတာ့ေျဖေပးမွေပါ့ *

ေမးသာေမး အေျဖျပန္မလာတာ ငါ့အိန္ဂ်ယ္မွအစစ္။ေခါင္းသာယမ္းျပၿပီး ငါ့အနားကထြက္သြားခဲ့ၿပီမို႔ အလ်င္အျမန္လွမ္းတားမိသြားတယ္။

အခုက အေျခအေနေကာင္းတယ္လို႔ေျပာလို႔ရတယ္မလား။ငါ့ဘက္ကနည္းနည္းပါးပါး
လႈပ္ရွားၾကည့္မလားလို႔ေလ နာမည္မိတ္ဆတ္တာျဖစ္ျဖစ္ ဟိုဟိုဒီဒီစကားထိုင္​ေျပာတာပဲျဖစ္ျဖစ္။

* ကြၽန္ေတာ့္နာမည္ ဂြၽန္ေဂ်ာင္ကု *

* အစ္ကို႔နာမည္က...*

* ပတ္ခ္ဂ်ီမင္ ဟုတ္တယ္ဟုတ္ *

* ဘယ္လိုသိလဲ *

* နာမည္ကအစ ခင္ဗ်ားအေၾကာင္းအကုန္သိတယ္လို႔ေျပာရင္ အံဩမလား *

* မအံဩပါဘူး...ဒါေပမယ့္ စိတ္ထဲေတာ့ နည္းနည္းတစ္မ်ိဳးပဲ။ဘာလဲ?မင္းက စေတာ္ကာလား *

* ခင္ဗ်ားတစ္ေယာက္တည္းကိုပဲ စေတာ္ကာတာပါဗ်ာ *

ရင္ႏွီးဖို႔က်ေတာ့လည္းလြယ္ေနျပန္တယ္။ရယ္ရယ္ေမာေမာနဲ႕ပဲ လူရင္းေတြျဖစ္ခဲ့ၾကတာေပါ့။ေသခ်ာတာကေတာ့ အိန္ဂ်ယ္က
လူေအးတစ္ေယာက္ပါ။ႏွစ္ေယာက္ဆုံတိုင္းမွာကြၽန္ေတာ္ကပဲ စကားေတြေဖာင္ဖြဲ႕ေနတတ္ၿပီးသူကေတာ့ နားေထာင္ေပးတဲ့လူအျဖစ္ပဲရွိေပးခဲ့တယ္။

ကြၽန္ေတာ္ေျပာသမွ်ကို ၿပဳံးၿပဳံးေလးပဲသူနားေထာင္ေပးတတ္တယ္။ဟိုဟာဒီဟာ
အထြန့္မတတ္တတ္ဘူးထင္ပါ့ဗ်ာ။အိမ္ျပန္ခ်ိန္ေတြဆို အိန္ဂ်ယ္ရဲ႕စက္ဘီးေလးကို ကြၽန္ေတာ္ကိုယ္တိုင္နင္းၿပီး သူ႕ကိုအိမ္တိုင္ရာေရာက္ျပန္ပို႔ေပးတတ္တာ
ညစဥ္ညတိုင္းပါပဲ။ဒါကိုအိန္ဂ်ယ္ကိုယ္တိုင္ကလည္းမျငင္းဆန္ခဲ့ဘူးေလ။

            ----------LOVED ONE----------

ေက်ာင္းဆင္းခ်ိန္တိုင္း အရင္လိုအုပ္စုဖြဲ႕ရန္ျဖစ္မယ့္အစား၊ဂိမ္းဆိုင္ထိုင္မယ့္အစား၊ဆိုင္ကယ္စတန့္သြားၿပိဳင္မယ့္အစား၊မိန္းကေလးေတြေနာက္တေကာက္ေကာက္လိုက္ၿပီး ဖြန္လိုက္ေၾကာင္ အထာေ႐ႊ႕ခ်စ္တမ္းကစားမယ့္အစား....၊အိန္ဂ်ယ္ဆိုင္မွာပဲလိမ္လိမ္မာမာေလးၿငိမ္ေနတတ္ပါၿပီ။

မိုးလင္းတာနဲ႕ အိန္ဂ်ယ္တို႔အိမ္ေရွ႕ထိသြား မ်က္ႏွာေလးကိုတစ္ေခါက္ေငး~~ညေနေတြဆို အိန္ဂ်ယ္ျပင္ေပးတဲ့ေခါက္ဆြဲတစ္ပြဲကို
စားၿပီး ေပၚေပၚထင္ထင္ထိုင္ေငးရတာကလည္း ကြၽန္ေတာ့္ဘဝရဲ႕အႏွစ္သာရေတြပဲေပါ့။ကြၽန္ေတာ့္စာမ်က္ႏွာရဲ႕တစ္ဖက္ျခမ္းကပတ္ခ္ဂ်ီမင္ပဲျဖစ္လိမ့္မယ္။

* ဗိုက္ဆာေနၿပီလား *

* အြန္းဆာေနၿပီ~ ဂ်ီမင္ရွီက ပစ္ထားတယ္ဗ်ာ *

ဆိုင္မွာ လူပါးတဲ့အခ်ိန္ထိ ေဂ်ာင္ကုဟာ တစ္ခြန္းေတာင္ ဂ်ီက်ျခင္းအလ်ၪ္းမျပဳဘဲအျပင္က စားပြဲမွာေမးေလးေထာက္ၿပီး ၿငိမ္ေနခဲ့၏။
ဆိုးလို႔ရမွန္းသိရင္ အဲ့ဒီကေလးေတြဟာပိုဆိုးပိုရစ္တတ္ၾကတာကသဘာဝပါပဲ။မခ်စ္ဘူးလားလို႔ေမးရင္ ေခါင္းခါျပပါလိမ့္မယ္။

တစ္သက္လုံးမရခဲ့ဘူးတဲ့ ဂ႐ုစိုက္ျခင္းေတြကို
ကြၽန္ေတာ့္အိန္ဂ်ယ္ဆီကပဲေတာင္ေတာင့္တတလိုခ်င္တာပါ။ႏႈတ္ခမ္းဆူျပရင္း ခြၽဲျပမိျပန္ေတာ့ ထုံးစံအတိုင္းအိန္ဂ်ယ္ဟာဘာစကားမွျပန္မေျပာလာဘဲ ၿပဳံးေနခဲ့သည္။

ဒါဟာကြၽန္ေတာ္တို႔ၾကားက သီးသန့္ဆက္ႏြယ္မႈလို႔ေတာင္ေျပာလို႔ရေနၿပီမလို႔
ဒီအေျခကိုေနသားက်ေနၾကပါၿပီ။ေခါက္ဆြဲထုတ္ေ႐ြးေနတဲ့အိန္ဂ်ယ္ေနာက္ အသာဝင္ရပ္လိုက္ၿပီး ကိုယ့္ထက္အရပ္အနည္းငယ္နိမ့္တဲ့ခ်စ္ရသူေလးကို သေဘာတက်ေငးၾကည့္ျဖစ္တယ္။

ေဘးတေစာင္းျမင္ေနရတာေတာင္မွ အိန္ဂ်ယ္အလွဟာ သိပ္ကိုၿပီးျပည့္စုံလြန္းတယ္ဗ်ာ။ပါးအို႔ရဲရဲေလးေတြမ်ား ဆြဲကိုက္ပစ္ခ်င္စရာေပါ့။ဖူးဖူးဥဥႏႈတ္ခမ္းဖူးေလးကိုလည္း ခပ္ဖြဖြထိေတြ႕ခ်င္တယ္ အိန္ဂ်ယ္ရယ္။

အခုေတာ့မျဖစ္ေသးပါဘူး ေတာ္ၾကာအသားယူရမလားဆိုၿပီးပါးရိုက္လႊတ္ရင္ ကြၽန္ေတာ့္အသည္းေလးပဲ နာက်င္ရမွာ...။

* ဒါမဟုတ္ဘူး ဒါစားခ်င္တာ *

အိန္ဂ်ယ္လက္ထဲက ေခါက္ဆြဲထုတ္ကိုျပန္ခ်ထားလိုက္ၿပီး အစပ္သုံးဆပါတဲ့spicy
ထုတ္ကိုထည့္ေလးေတာ့ သူ႕မ်က္အိမ္ေလးေတြမွာ ဝိုင္းခနဲျဖင့္ လူကိုေမာ့ၾကည့္လာခဲ့တယ္။ခ်စ္ဖို႔ေကာင္းေအာင္လို႔ဗ်ာ။ကြၽန္ေတာ္မွ မခ်စ္မိရင္ဘယ္ေကာင္ကမ်ား ႐ူးမွာတဲ့လဲ။

* စားနိုင္တာ ေသခ်ာလို႔လား *

* ဂ်ီမင္ရွီသာ ျပင္ေပးမယ္ဆို ကြၽန္ေတာ္အကုန္ႀကိဳက္တယ္။စားနိုင္ပါတယ္ဆို လုပ္ေပးပါ *

မယုံသလိုေလး ခပ္ေစြေစြၾကည့္႐ုံကလြဲ ထပ္မတားခဲ့ျပန္။အဲ့လိုပါပဲ အိန္ဂ်ယ္က ကြၽန္ေတာ္နဲ႕ပတ္သတ္လာရင္ ေကာင္း၏ဆိုး၏ဘာတစ္ခုမွ မေဝဖန္ခဲ့ပါဘူး။အခုလည္းၾကည့္ ေပးလိုက္တဲ့အထုတ္ကိုယူသြားၿပီးျပဳတ္ေပးဖို႔ျပင္ေနျပန္ၿပီေလ။

အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္အစပ္တစ္ခါမွမစားဖူးပါဘူး။ငယ္ငယ္ကစားဖူးေပမယ့္
အရသာကေတာ္ေတာ္ဆိုး႐ြားလို႔ ထပ္မထိခဲ့ေတာ့တာ ဒီေန႕ဒီအ႐ြယ္ထိရွိေနပါၿပီ။ငယ္ငယ္ကအစပ္ေတြစားမိၿပီး လည္ေခ်ာင္းေတြကြဲမတတ္သီးခဲ့ရတာေတာင္ ေရခပ္တိုက္မယ့္သူတစ္ေယာက္မွအနားမွာမရွိခဲ့ဘူး။

စပ္လြန္းလို႔ေသမလိုခံစားခဲ့ရေပမယ့္ ဘယ္သူကမွဂ႐ုမစိုက္ခဲ့ၾကတာဘာေၾကာင့္မ်ားလဲ?ကိုယ့္သားတစ္ေယာက္လုံးကို အိမ္ထိန္းေတြလက္ထဲစိတ္ခ်လက္ခ်နဲ႕ ဘာေၾကာင့္မ်ားထည့္ထားနိုင္ရတာလဲ။

ကြၽန္ေတာ္ကဆိုးလြန္းလို႔ အနားမကပ္ဝံပါဘူးဆိုတဲ့ ဗရမ္းဗတာစကားတစ္ခြန္းနဲ႕ ေရတစ္ခြက္ကိုစားပြဲေပၚတင္ေပးတာကလြဲရင္ ၾကင္ၾကင္နာနာနဲ႕ဘယ္သူကမွအစပ္ေျပေအာင္ မလုပ္ေပးခဲ့ၾကဘူး...အဟက္!ျပန္ေတြးၾကည့္လိုက္ရင္ ငါ့အေပၚေကာင္းေပးခဲ့တာဘယ္သူမွမရွိဘူးပဲ။ငါ့မိဘအပါအဝင္ အားလုံးဟာ အေပၚယံေတြခ်ည္းပဲ။

* ရၿပီ~အရမ္းပူေသးတာမို႔ ျဖည္းျဖည္းစား
မေလာနဲ႕ *

အေငြ႕တေထာင္းေထာင္းနဲ႕ ေခါက္ဆြဲပန္းကန္ဟာ သေရယိုခ်င္စရာပဲကြ။ဘာတုန္း?ေခါက္ဆြဲကဘာလို႔အဲ့ေလာက္ထိ နီရဲေနရတာလဲ။ဒါကိုစားလိုက္ရင္ ငါ့ပါးစပ္ဘာမွေတာ့မျဖစ္ေလာက္ပါဘူးေနာ္။

* ဗိုက္စာၿပီဆို စားေတာ့ေလ ဒီကေလးစိတ္ေကာက္ျပန္ၿပီလား *

* မဟုတ္ပါဘူးေနာ္ *

ပတ္ခနဲ ျပန္စြာေပးရင္း ႏႈတ္ခမ္းေတြကိုခဲရာခဲဆစ္ၿပဳံးျပလိုက္ရသည္။ေဘးကထိုင္ၾကည့္ေနတဲ့ အိန္ဂ်ယ္ေရွ႕သန္မာျပခ်င္တာမို႔တုန္ရီခ်င္ေနတဲ့ လက္ကိုအသာထိန္းရင္း
တူေကာက္ကိုင္လိုက္ၿပီး ပါးစပ္ထဲအသြင္းမွာ အရသာကဆိုးဝါးလြန္းလို႔ မ်က္ရည္ပင္ဝဲမတတ္။

* ဖ္ီ္ြး အဟြတ္ အဟြတ္!!ေရေသာက္ခ်င္တယ္အစ္ကို... စပ္တယ္ စပ္တယ္လို႔ ဟူး~! *

* စပ္တယ္!ေနဦး ေနဦး ...ခ်ိဳတာေကြၽးမယ္ေနာ္ ခဏေလး *

ဟန္ေဆာင္ၿပီးေတာင္မဝါးနိုင္ပါ။ပါးစပ္ထဲ
အျပည့္ ေခါက္ဆြဲေတြကို ဗူးထဲျပန္ေထြးပစ္ၿပီး လွ်ာရဲရဲေလးကိုတစ္လစ္ထုတ္ထားငရင္းဝူးဝူးဝါးဝါးေအာ္ရွာသည့္ေကာင္ေလးေၾကာင့္
ဆိုင္ရွင္ခမ်ာ ဘာထဆြဲလို႔ဆြဲရမွန္းမသိ ပ်ာယာခတ္ရေလၿပီ။

* ေရာ့ေရာ့ ႏြားနို႔ဗူး! *

မ်က္ႏွာတစ္ခုလုံးနီရဲေနၿပီး ကတုန္ကယင္ျဖစ္ေနေသာေကာင္ေလးလက္ထဲ ထိုႏြားနို႔ဗူးေလးကို ထည့္ေပးလိုက္ရေတာ့သည္။

* မရဘူး ဖြင့္ေပး *

* ဟုတ္ၿပီ ဟုတ္ၿပီမငိုနဲ႕ *

ျပန္ေပးလာတဲ့နို႔ဗူးကို အဖုံးအျမန္ေပးလိုက္ရေတာ့သည္။ၿပီးသည္ႏွင့္ မ်က္ရည္ေတြတသြင္သြင္က်ေနဆဲမ်က္ႏွာေလးကို ခပ္ဖြဖြအုပ္ကိုင္ပစ္ရင္း မ်က္ရည္ေတြနဲ႕အတူႏွာရည္ေတြပါ သုတ္ေပးလိုက္ရသည္။

* ျဖည္းျဖည္းေသာက္ေလ နင္မယ္ *

ပါးစပ္တစ္ဝိုက္နဲ႕ လည္တိုင္တစ္ေလွ်ာက္စီးက်လာသည့္နို႔စက္ေတြကို တစ္သ်ႉးတစ္႐ြက္နဲ႕ဆြဲပြတ္ေပးၿပီး ကေလးေခ်ာ့သလိုေခ်ာ့ရွာျပန္သည္။ထုတ္မေျပာလည္းသိနိုင္မွာပါ။သံေယာဇဥ္ေတြ ထပ္တူက်ေနမွန္းကိုေလ။

* အဆင္ေျပသြားၿပီလား *

ဆိုင္ရွင္ေလးဟာ သူ႕မ်က္စိေရွ႕ကေခါင္းလုံးလုံးေလးကို ယုယုယယပြတ္ေပးျပန္၏။
အစပ္မစားနိုင္ဘဲနဲ႕ ဘာေတြေၾကာင့္မ်ား အစပ္စားဖို႔ဆႏၵက ျပင္းျပေနရသလဲဟင္?။

* မစားနိုင္ပဲနဲ႕ကို ဘာေတြအ႐ူးထတာတုန္း
မေတာ္တဆ ဒုကၡေရာက္သြားရင္ဘယ္လိုလုပ္မလဲ *

* ဂ်ီမင္ရွီႀကိဳက္လို႔ေလ *

* ဟမ္ *

* ဟုတ္တယ္ ဂ်ီမင္ရွီႀကိဳက္တဲ့အရာမို႔ ကြၽန္ေတာ္လည္းႀကိဳက္နိုင္ေအာင္.... *

စကားေတြဟာ ေရွ႕ဆက္မထြက္ခဲ့။

* ဒါနဲ႕ပဲအ႐ူးထမယ္ေပါ့ေလ ငါႀကိဳက္တိုင္းလိုက္ႀကိဳက္ရမယ္လို႔ ဘယ္မွာရွိလို႔လဲ။မင္းမွာလည္း မင္းအႀကိဳက္ မင္းသေဘာက်တဲ့အရာရွိမွာပဲ။မင္းႀကိဳက္တိုင္း ငါလိုက္မႀကိဳက္ေပးနိုင္ဘူး အဲ့လိုပဲ မင္းလည္းငါလိုလိုက္လုပ္စရာမလိုဘူးေဂ်ာင္ကုရဲ႕ *

* ေျပာလိုက္ရင္ ခင္ဗ်ားကအဲ့အတိုင္းခ်ည္းပဲ။တစ္ခါေလာက္ေလးပဲျဖစ္ျဖစ္ ကြၽန္ေတာ္နဲ႕ပတ္သတ္ၿပီး ဝင္စြတ္ဖက္ၾကည့္ပါလား *

* ဟင့္အင္း ငါလုပ္နိုင္မယ္မထင္ဘူး။လူႏွစ္ေယာက္ရဲ႕စိတ္ ရင္းႏွီး႐ုံနဲ႕ သူ႕ဘဝႀကီးကို
ဒါဒါလုပ္ရမယ္ ငါစြတ္ဖက္မွာမဟုတ္ဘူး။
လူတိုင္းမွာလြတ္လပ္ခြင့္အျပည့္ရွိတယ္။ငါ့ေၾကာင့္နဲ႕ေတာ့ အဲ့လူကိုစိတ္မၾကဥ္းၾကပ္ေစခ်င္ဘူး *

* စြတ္ဖက္စမ္းပါဗ်ာ ခင္ဗ်ားဆုံးမတာကို
ခံခ်င္ေနတဲ့ေကာင္မို႔ပါ...ဒါမလုပ္နဲ႕ငါမႀကိဳက္ဘူးေျပာရင္​ျပင္ေပးမယ့္ေကာင္ပါ။ခင္ဗ်ားစကားကိုနားေထာင္ေပးခ်င္လြန္းလို႔ စိတ္႐ူးေပါက္ၿပီး လူရမ္းကားလုပ္မိေတာ့မယ္ *

ထိုညက သူတို႔ႏွစ္ေယာက္လုံးေရွ႕ဆက္စကားမေျပာျဖစ္ခဲ့ပါဘူး။ဆိုင္ပိုင္ရွင္ဟာ
ခပ္ေတြေတြမ်က္ႏွာထားတစ္ခုနဲ႕ ၿငိမ္က်သြားခဲ့သလို သူဟာလည္း သူ႕စကားေတြလြန္မိသြားၿပီအထင္နဲ႕ ေအာက္ႏႈတ္ခမ္းေလးကိုကိုက္ထားရင္းႏွင့္ၿငိမ္က်သြားခဲ့ေလသည္။
အဲ့ဒီေနာက္မွာေတာ့ ယခင္ညေတြကအတိုင္းပဲ သူ႕အိန္ဂ်ယ္ေလးရဲ႕စက္ဘီးကိုနင္းရင္း
အိမ္လိုက္ပို႔ေပးခဲ့ျပန္သည္။

* ဂ်ီမင္ရွီ~~ေတာင္းပန္ပါတယ္ *

တစ္ခ်ိဳ႕အခ်စ္ဇာတ္လမ္းေတြက အဲ့လိုပါပဲ
ရင္ထဲမွာ တအုံ႕ေႏြးေႏြးနဲ႕ဘယ္လိုအေနအထားမွာ ေရာက္ေနၾကမွန္းသူတို႔မသိၾကပါ။

          ----------LOVED ONE----------

ဒီလိုပါပဲ ဘာမဟုတ္တာေလးနဲ႕စကားမေျပာျဖစ္ၾကတဲ့ညေတြရွိသလို။အေၾကာင္းျပခ်က္ေရေရရာရာမရွိပါဘဲနဲ႕ေလ ျပန္အဆင္ေျပသြားတဲ့ေန႕ေတြရွိပါတယ္။ေသခ်ာတာကေတာ့ အိန္ဂ်ယ္ဟာ ကြၽန္ေတာ့္အေပၚမွာစိတ္ရင္းနဲ႕ေမတၱာေပးခဲ့တဲ့ တစ္ဦးတည္းေသာသူပါ။

ေရွ႕ရက္က ကြၽန္ေတာ္တစ္ဆယ့္ရွစ္ႏွစ္ျပည့္ေမြးေန႕တုန္းက အိန္ဂ်ယ္ကကြၽန္ေတာ့္ကို
သိုးေမြးဦးထုတ္ေလးတစ္လုံးလက္ေဆာင္ေပးခဲ့တယ္။သူ႕လက္နဲ႕ သူကိုယ္တိုင္ထိုးေပးထားတာတဲ့။ကြၽန္ေတာ့္ေမြးေန႕ကို စိတ္ရင္းနဲ႕အထူးတလည္ႀကိဳဆိုေပးခဲ့တဲ့သူဆိုလို႔
အိန္ဂ်ယ္တစ္ေယာက္ပဲရွိခဲ့တာ။

မိဘေတြက ပါတီလုပ္ေပးခဲ့ေပမယ့္ ကြၽန္ေတာ္မေပ်ာ္နိုင္ခဲ့ဘူး။အကုန္လုံးက မ်က္ႏွာဖုံးတပ္ထားတာၾကကိုး။ေမြးေန႕ကို
ခုတုံးလုပ္ၿပီး လုပ္ငန္းရွင္ေတြနဲ႕အာဏာပိုင္ေတြအခ်င္းခ်င္း စီးပြားေရးလမ္းေၾကာင္းေဖာက္ေနၾကတာမဟုတ္ဘူးလား။

ေမြးေန႕ကိုဂုဏ္ျပဳပါတယ္ဆိုတာ အမည္ခံသပ္သပ္!ေနာက္ကြယ္မွာ လက္မည္းေတြခ်င္းလက္သန္းခ်ိတ္ၾကတဲ့ပြဲမို႔ ကြၽန္ေတာ္ျဖင့္အသက္ရႈလို႔ပင္မဝခဲ့။ေမြးေန႕ရွင္မလိုတဲ့ပါတီပြဲမွာဘာလုပ္ဖို႔အခ်ိန္ကုန္ခံေနရမလဲ?အဲ့ညကပါတီၿပီးေအာင္ထိေနမေနေတာ့ဘဲ အိန္ဂ်ယ္ရွိရာဆီခိုးထြက္ခဲ့ၿပီး ႏွစ္ေယာက္တည္းေမြးေန႕က်င္းပခဲ့တာေပါ့။

အိန္ဂ်ယ္ျပင္ေပးတဲ့ကိတ္ေလးမွာ ဖေယာင္းတိုင္အတူထြန္းၿပီး ကြၽန္ေတာ္ဆုေတာင္းတာကို အိန္ဂ်ယ္ကၿပဳံးၿပဳံးေလးနဲ႕ထိုင္ေစာင့္ေပးခဲ့တယ္။ၿပီးေတာ့ ကိတ္မုန့္အျပန္အလွန္ခြံ​ြေကြၽးၾကရင္း ရယ္ေမာသံေတြမွာထပ္တူက်ခဲ့လွ်က္။

အခုထိခ်စ္ပါတယ္လို႔ ဝန္မခံထားၾကတာကလြဲရင္ ဒီအေနအထားက ခ်စ္ေနတာၾကနဲ႕သိပ္မကြာဘူးမလား။.......

* ဂ်ီမင္ရွီ ကြၽန္ေတာ့္ကိုၾကည့္ *

အေပၚထပ္သေရဂ်ာကင္ကိုခြၽတ္ပစ္လိုက္ၿပီး
အေျမာင္းလိုက္တင္းရင္းေနတဲ့လက္ေမာင္းႂကြက္သြားေတြကို ေတာင့္ျပရင္းႂကြားမိျပန္ေတာ့ အိန္ဂ်ယ္ဟာ ၿပဳံးေနခဲ့ေလသည္။

* လူႀကီးျဖစ္ေနၿပီေပါ့ေလ အဲ့ေတာ့ငါက
ဘာလုပ္ေပးရမလဲ?ႂကြားေနတာကို ရပ္လိုက္ပါေတာ့ဗလေကာင္ရဲ႕ *

* ႂကြားတာမဟုတ္ပါဘူး ဒါနဲ႕ကြၽန္ေတာ္မိုက္တယ္မလား *

* အင္းမိုက္ေတာ့မမိုက္ဘူး...ဒါေပမယ့္ ခ်စ္ဖို႔ေတာ့ေကာင္းတယ္ ေခြးေပါက္ေလးလိုပဲ *

* ဘာကိုခ်စ္ဖို႔ေကာင္းတာလဲ!ကေလးလို ဆက္ဆံျပန္ၿပီလားဗ်ာ ဂ်ီမင္ရွီကမမိုက္ဘူး *

မႀကိဳက္လို႔ မႀကိဳက္ဘူးေျပာျပ႐ုံပဲကို ဘာေတြကမ်ား အိန္ဂ်ယ္ကို ရယ္ေစရတာလဲ။ထုံးစံအတိုင္းဘာစကားမွမ​ေျပာလာေတာ့ဘဲ ၿပဳံးၿမဲအတိုင္းသာၿပဳံးခဲ့တဲ့အိန္ဂ်ယ္ကိုဖက္နမ္းပစ္ခ်င္တာပဲသိေတာ့တယ္ဗ်ာ။အဲ့အၿပဳံးကဘာအဓိပၸာယ္လဲ?ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို႔ပဲျမင္ေနေသးတာလား။

* ဘာလို႔ၿပဳံးေနတာလဲ?မၿပဳံးနဲ႕ေတာ့ ဆက္မၿပဳံးပါနဲ႕ဆို *

* ခ်စ္ဖို႔ေကာင္းလို႔ *

* ကေလးလိုပဲသေဘာထားေနတာဆို မခ်စ္ပါနဲ႕ဗ်ာ။ကြၽန္ေတာ္လူႀကီးျဖစ္ေနၿပီ။အခုကစ ဂ်ီမင္ရွီကို ကာကြယ္ေပးေတာ့မွာမို႔  ကြၽန္ေတာ့္ကိုပဲ ယုံၾကည္ၿပီးအားကိုးလိုက္လို႔မရဘူးလား  *

မ်က္လုံးခ်င္းစုံခဲ့ၾကတယ္။ဒီေကာင့္ရင္ထဲမွာဘာရွိေနမလဲ အိန္ဂ်ယ္သိမွာပါ။ဒါေပမယ့္
ေသြးေအးလြန္းသူအိန္ဂ်ယ္ဟာ စကားသံေတြတိတ္ေနခဲ့ျပန္တယ္။

* ဒီေခါင္းကို ဘာလုပ္လိုက္ရမလဲ?ေခါက္ပစ္လိုက္သင့္လား *

ေကာင္တာမွာထိုင္ေနသည့္ အိန္ဂ်ယ္ေရွ႕ထံ
သို႔ ကြၽန္ေတာ့္ေခါင္းကို ငုံ႕ခ်ေပးမိေသာအခါ
ထိုသို႔ ဘုကလန့္အသံေလးကိုၾကားလိုက္ရပါေတာ့သည္။မသိတာလည္း မဟုတ္ဘဲနဲ႕ကို
တမင္မသိခ်င္ေယာင္ေဆာင္ေနသတဲ့လား။ခင္ဗ်ား သိပ္ဆိုးလြန္းတယ္။

* ပြတ္ေပးေလ *

* မပြတ္ေပးပါဘူး *

* ပြတ္ေပးပါဆို ဘာခက္လို႔လဲ *

* ေခါင္းပြတ္ခိုင္းရေအာင္ မင္းကေခြးလား *

* ဟုတ္မွာေပါ့ ခင္ဗ်ားအတြက္ သီးသန္ပါပီေလး *

* အဟက္...!တစ္ခ်ိန္ကုန္လာခြၽဲေနေတာ့တာပါလား *

* ခြၽဲလို႔မရဘူးလား~ဘာျဖစ္လို႔လဲ အဲ့လိုလုပ္ျပရင္ ကြၽန္ေတာ္ကခ်စ္ဖို႔မေကာင္းလို႔လားဟင္ ဂ်ီမင္ရွီ,,,။ကြၽန္ေတာ္က အငယ္ပဲ ခြၽဲတာအျပစ္လားဗ်ာ *

* မင္းကို ငါမနိုင္ပါဘူး အရႈံးေပးၿပီးသားပါ *

ဘယ္လိုပင္တင္းခံေနပါေစ။အခြၽဲေကာင္းသည့္ ကေလးဆိုးေလးေၾကာင့္ တင္းသမွ်ဟာ အရည္ေပ်ာ္ရစၿမဲပါပဲ။ညာေျပာျခင္းမဟုတ္ပါ ဒီအခြၽဲေလးကို ဆိုင္ပိုင္ရွင္ေလးခမ်ာ အဟုတ္ပင္အရွံးေပးထားသလိုႏွယ္ ဘာဆိုဘာမွအျပစ္မျမင္သည့္ပုံပါ။

ေနာက္ဆုံးေတာ့လည္း အခြၽဲတာေလး၏တိုကပ္ကပ္ဆံသားေလးေတြကို လက္ဖဝါးေလးျဖင့္အသာအယာပြတ္ေပးလိုက္ရၿပီး လက္ေခ်ာင္းထိပ္ေလးေတြနဲ႕ပါ ဖြဖြယယကုတ္ေပးလိုက္ရပါေတာ့သည္။ထိုအခါမ်က္လုံးေလးကို အသာမွိတ္ထားေလၿပီး
ဇိမ္ယစ္ေနပါေသာအခြၽဲတာဟာ သူ႕ရင္ခြင္ကိုေခါင္းအတင္းတိုးေဝွ႕လာသည္။

အစြန္းဆုံထိ အလိုလိုက္ေပးထားမွန္း တကယ္ကိုသိသိသာသာပါလား။

* တကယ့္ကေလးေလးပါလားေဂ်ာင္ကုကီ *

* ကေလးမဟုတ္ေတာ့ပါဘူးဗ်ာ ကြၽန္ေတာ္အသက္ျပည့္ၿပီးၿပီ *

* မယုံပါဘူး မင္းဒီေလာက္ထိအခြၽဲသန္ေနတာ ကေလးစိတ္မကုန္ေသးလို႔ပဲျဖစ္ရမယ္ *

* ဒီမွာ ဂ်ီမင္ရွီ!လူကိုဘယ္အခ်ိန္ထိကေလးလိုဆက္ဆံေနဦးမွာလဲ *

* အြန္း...မေျပာတတ္ပါဘူး။ဘာေနေန မင္းကငါ့ကေလးေလးပဲကို *

* ဟာဗ်ာ...!ကြၽန္ေတာ္လူႀကီးတစ္ေယာက္ျဖစ္ေနပါၿပီဆို ဂ်ီမင္ရွီကိုကာကြယ္ေပးနိုင္ေနၿပီ။ေယာက်ာ္းတစ္ေယာက္လို သန္မာေနၿပီမို႔ ကြၽန္ေတာ့္ကို အားကိုးလိုက္စမ္းပါ။ပါပီေလးလိုေခါင္းဖြေပးေနမယ့္အစား ေကာင္ေလးကို
ဆံပင္သပ္ေပးသလိုမ်ိဳး ကြၽန္ေတာ့္ကိုလည္းဆံပင္သပ္ေပးလို႔မရဘူးလား။ဘယ္အခ်ိန္ထိကေလးလိုဆက္ဆံေနဦးမွာလဲ?ဒီအတိုင္း
ဂ်ီမင္ရွီခ်စ္ရမယ့္ ေယာက်ာ္းတစ္ေယာက္လိုမ်ိဳး သေဘာထားေပးလို႔မရဘူးလား?အဲ့လိုျမင္ေပးလို႔မရဘူးလားဗ်ာ *

ရင္ထဲမွာဝွက္ထားရလြန္းလို႔ ကြၽန္ေတာ္မခံစားနိုင္ေတာ့ဘူးအိန္ဂ်ယ္ရယ္။ခ်စ္ရတဲ့လူကိုခ်စ္တဲ့အေၾကာင္းရင္ဖြင့္ျပ႐ုံပါဗ်ာ။ခင္ဗ်ားလည္း ကြၽန္ေတာ့္အေပၚစိတ္ယိုင္ေနတာပဲ။တစ္ခါေလာက္ အတူတူ႐ူးမိုက္ၾကရင္ေရာ။

အတည္ေပါက္ႀကီးေတြဖြင့္ေျပာတဲ့အခါ မ်က္ဝန္းအိမ္ေလးေတြမွာ ဝိုင္းခနဲ။ရွက္သြားတာလား။ရွက္ေနလို႔ အခုလိုမ်က္ႏွာေလးကခ်စ္ဖို႔ေကာင္းေအာင္ ရဲတြတ္ေနတာမလား။

ကြၽန္ေတာ့္ဘက္ကအဆင့္တက္ခ်င္တယ္ဆို သူ႕ဘက္က ခြင့္ျပဳေပးမွာေနာ္။မထူးေတာ့ပါဘူး ရင္ဖြင့္လက္စနဲ႕ခ်စ္သူေတြျဖစ္တဲ့အထိ တစ္ခါတည္းရင္ဖြင့္လိုက္ပါေတာ့မယ္။

* ခ်စ္တယ္ *

* ဟင္ ဘယ္သူ႕ကိုလဲ *

* ခင္ဗ်ားကိုေလ *

* ငါ ငါေတာ့မခ်စ္ဘူး *

* ညာေနတာ ခင္ဗ်ားလည္းခ်စ္ေနရဲ႕သားနဲ႕ အဲ့လိုေတြမေျပာနဲ႕ဗ်ာ *

* မင္းဘက္ကငါ့ကိုခ်စ္တယ္လို႔ေျပာတယ္မလား ငါစိတ္မဆိုးပါဘူး။လူတစ္ေယာက္က
လူတစ္ေယာက္ကိုခ်စ္ခြင္ရွိပါတယ္။ဒါေပမယ့္ ငါ့အေနနဲ႕လည္းမခ်စ္တဲ့လူကို မခ်စ္ဘူးလို႔ျငင္းခြင့္ရွိတယ္ေဂ်ာင္ကု *

* ညာေနတာ ကြၽန္ေတာ့္ကိုမခ်စ္ဘူးဆိုတာ ဘယ္လိုယုံရမွာလဲ *

* Sorryကြာ ဒီၾကားထဲငါ့အျပဳအမူေတြက
တစ္မ်ိဳးထင္ေစခဲ့ရင္! မင္းကပဲနားလည္ေပးလိုက္လို႔မရဘူးလား *

* မရဘူး!!အဲ့လိုမ်ိဳးဘယ္မွာရွိၾကလို႔လဲ *

* ေတာင္းပန္ပါတယ္ ငါမင္းကိုျဖဴျဖဴစင္စင္ခ်စ္ခဲ့တာ ငါ့ကေလးေလးလို *

* ဘာကိုငါ့ကေလးလဲ!အခုဒါကိုစကားလုပ္ေျပာေနတာလား။အဟက္...!ျဖဴျဖဴစင္စင္အခ်စ္ဟုတ္လား!လက္ကိုင္တာကလည္းျဖဴစင္တယ္ေပါ့။ရင္ခြင္ထဲေခါင္းတိုးခြၽဲလည္းျဖဴစင္တာပဲလား!ခင္ဗ်ားေပးတဲ့ဆင္ျခင္ေတြက ဘာေသာက္အဓိပၸါယ္ရွိေနလို႔လဲ...။ယုတၱိမဟုတ္တာကို အခုမွဘာေတြလာအ႐ူးထခ်င္ေနရတာလဲ *

ေပါက္ကြဲထြက္မိျပန္ေတာ့ သူဟာမတားျပန္ပါဘူး။စေတြ႕ခါစတုန္းလိုပဲ မ်က္ႏွာေသတစ္ခုနဲ႕ေတြေတြေလးေငးေနခဲ့တယ္။ခင္ဗ်ားရင္ထဲဘာေတြရွိေနမလဲ ကြၽန္ေတာ္မသိဘူး။ဒါေပမယ့္ခင္ဗ်ားရင္ထဲေတာ့ ကြၽန္ေတာ္ျမင္ေနရတယ္။ခင္ဗ်ားလည္း ကြၽန္ေတာ့္ကိုခ်စ္ေနတာပဲေလဗ်ာ။႐ူးရေတာ့မယ္ ခင္ဗ်ားရယ္။

* ကြၽန္ေတာ္ ခင္ဗ်ားကိုခ်စ္တာသိတယ္မလား *

* မသိဘူး *

* မျငင္းပါနဲ႕~~ကြၽန္ေတာ့္စိတ္ကမရိုးသားေနမွန္း ခင္ဗ်ားကေတာ့သိခဲ့ပါတယ္။ဒီၾကားထဲ
ကြၽန္ေတာ့္ခံစားခ်က္ေတြကို မရိပ္မိခဲ့ဘူးဆိုတာျဖစ္နိုင္လို႔လား?ကြၽန္ေတာ္ေတာ့မထင္ဘူး ။မခ်စ္ရဲလို႔ညာေနတာပါလို႔ သေဘာထားလိုက္ပါ့မယ္။အဲ့အစား အခုကစၿပီးပဲျဖစ္ျဖစ္
စၪ္းစားေပးပါေနာ္ ကြၽန္ေတာ္သိပ္ခ်စ္ေနလို႔ပါ *

* ျပန္ေတာ့ *

* ဗ်ာ !! *

* ျပန္ေတာ့လို႔ ထပ္ၿပီးလည္းငါ့ကိုလာမရွာနဲ႕
မင္းအိမ္မွာအရင္အတိုင္းဘုရင္လိုျပန္ေန၊ဒုကၡခံၿပီးလည္း ငါ့ဆိုင္မွာ ေခါက္ဆြဲဗူးေတြလာမစားနဲ႕ေတာ့ ဒီေလာက္နဲ႕ပဲရပ္လိုက္ၾကရေအာင္။အခ်ိန္တန္ရင္ မိဘေပးစားမယ့္
မိန္းကေလးကိုပဲယူ သူတို႔ေဖာက္ေပးတဲ့လမ္းကိုပဲေလွ်ာက္ မင္းငယ္ပါေသးတယ္မင္းဘဝကိုမဖ်က္စီးခ်င္စမ္းပါနဲ႕ *

အတင္းအၾကပ္တြန္းထုတ္ၿပီး ဆိုင္တံခါးကိုပိတ္ခ်ပစ္လိုက္တဲ့အိန္ဂ်ယ္ေၾကာင့္ လူတစ္ကိုယ္လုံးအားအင္ခ်ိ့နဲ႕ရစြာ။အခုဘာေတြေျပာသြားမွန္း ကြၽန္ေတာ္ျဖင့္နားမလည္ခဲ့ပါ။

ဒီပုံအတိုင္းဆို ကြၽန္ေတာ့္မိဘေတြသူ႕ကိုေခၚေတြ႕ၿပီးသြားၿပီထင္တယ္။ဒါအိန္ဂ်ယ္ရဲ႕ပုံစံအစစ္မွမဟုတ္တာ။သူတို႔ဘာေတြေခၚေျပာလိုက္တာလဲ။ကြၽန္ေတာ့္ဘဝအထိ ဝင္စြတ္ဖတ္စရာဘာလိုမလဲ။

အဲ့လိုလုပ္စရာ ဘာအေၾကာင္းေတြရွိေနလို႔မိဘေတြကသူတို႔စိတ္ႀကိဳက္ျခယ္လွယ္ဖို႔ႀကိဳးစားခ်င္ရတာလဲ။သူတို႔သိပ္မွားသြားၿပီ။ဖန္ေလွာင္အိမ္ထဲက လိပ္ျပာတစ္ေကာင္မွမဟုတ္ဘဲ။ငါအလိုရွိရာေကာင္းကင္သစ္ဆီ ငါ့စိတ္ႀကိဳက္ပ်ံသန္းနိုင္ဖို႔ပဲ ရွင္သန္သြားမွာ။

* ဂ်ီမင္ရွွီတံခါးလာဖြင့္!ဖြင္ေပးလို႔ေျပာေနတယ္ေလဗ်ာ *

* ဒုန္းဒုန္း!! *

မွန္တံခါးေတြကို အဆက္မျပတ္ထုရိုက္ေနခဲ့ေပမယ့္ အိန္ဂ်ယ္ကေတာ့ နားၾကပ္ကေလးကိုတပ္ထားရင္း ေကာင္တာမွာစာအုပ္ထိုင္ဖတ္ေနခဲ့တယ္။ကမာၻပ်က္ေနတဲ့ကြၽန္ေတာ့္ထံအၾကည့္တစ္ခ်က္ေလးေတာင္ ေရာက္မလာခဲ့။အသည္းမာလိုက္ပုံမ်ား မသိေက်းက်ိဳ႕ျပဳထားနိုင္ၿပီတဲ့ေလ။ဒီေကာင့္ကိုရင္နာရေအာင္
တကယ္ပဲေသြးေအးျပေတာ့မလို႔လား။

* ဖြင့္ေပးပါဗ်ာ ~~ *

သို႔ေသာ္ ထိုေသြးေအးလြန္းသူဟာ တုပ္တုပ္မွ်မလႈပ္ေပ။

* ေကာင္းၿပီေလ ကြၽန္ေတာ္ျပန္ေပးမယ္။
ဒီျပသနာၿပီးသြားၿပီမထင္နဲ႕ ခင္ဗ်ားဆီ ကြၽန္ေတာ္ျပန္လာခဲ့မွာ အဟက္...!ကြၽန္ေတာ္ျပန္လာမယ့္အခ်ိန္ထိမ်က္ႏွာေသနဲ႕ထိုင္​ေစာင့္ေနေပးပါ *

အားမလိုအားမရျဖစ္စြာနဲ႕ အံကိုတင္းတင္းႀကိတ္ၿပီး သူ႕ေရွ႕ကေနလွည့္ျပန္ခဲ့ရတဲ့ေန႕ေတြမွ မေရမတြက္နိုင္ပါပဲ။ဒီပုံအတိုင္းသာဆို
ခင္ဗ်ားအာ႐ုံစိုက္လာေအာင္ဘယ္လိုမ်ားလုပ္ရပါ့မလဲ?...။

          ----------LOVED ONE----------

ထင္ထားခဲ့တဲ့အတိုင္းပါပဲ။ဒါေတြအားလုံးဟာ ကြၽန္ေတာ့္မိဘေတြစနပ္မကင္းခဲ့ပါဘူး။သူတို႔က်ေတာ့လည္း ေမတၱာမေပးနိုင္!ေပးေနတဲ့လူက်ေတာ့လည္း မရႈ႕စိတ္ေတြနဲ႕အေဝးကိုႏွင္လႊတ္ခဲ့ၾကတယ္။

ဂ႐ုစိုက္မႈေတြေပးသလားဆိုေတာ့လည္း
ဟင့္အင္းေပါ့!အရင္အတိုင္း ပစ္ပယ္ထားၾကဆဲေလ။ဒါဆိုဘာေၾကာင့္နဲ႕မ်ား အိန္ဂ်ယ္နဲ႕
ငါ့နဲ႕ကိုခြဲဖို႔ႀကံစည္ခဲ့ၾကတာလဲ?ငါျဖင့္ေသာက္ရမ္းေတြ အံဩတယ္ကြာ။

ေနခ်င္သလိုေနခ်င္ၾကတယ္မလား ေနၾကေလ!ဘာကိစၥငါ့ကိုသူတို႔အရႈပ္ထဲဆြဲသြင္းဖို႔ႀကိဳးစားေနၾကရတာလဲ။လက္မည္းေတြခ်င္း လက္သန္းခ်ိတ္ၾကတဲ့ပြဲမွာ အရႈံးေပၚတာနဲ႕
ကိုယ့္သားသမီးကိုထိေကြၽးၾကတာက ထုံးစံတစ္ခုလိုျဖစ္ေနၿပီ။အခုငါ့အလွည့္တဲ့လား။

သူတို႔အာဏာတည္ၿမဲနိုင္ဖို႔အတြက္နဲ႕ငါ့ကိုအတင္းလက္ထပ္ခိုင္းမယ္တဲ့လား?ဟမ္။
ေသာက္ေရးမပါတာေတြလာလုပ္ေနၾကတာပဲ။အိန္ဂ်ယ္လည္း ေသာက္လုပ္ဟုတ္မေနဘူး။ငါ့မိဘေတြေခၚေတြ႕တိုင္း သြားေတြ႕စရာဘာရွိမလဲ။

ဟိုကေျပာသမွ်ကို ေခါင္းညိတ္ေပးလိုက္ေရာလား။ဒါေတြ ငါ့ကိုအေစာႀကီးကတည္းက ေျပာျပခဲ့ရင္ဒီလိုအရႈပ္ေတြျဖစ္လာစရာဘာအေၾကာင္းရွိမလဲ။ကာကြယ္ေပးပါ့မယ္လို႔ေျပာထားရက္နဲ႕ ငါ့ကိုအားမကိုးတာ ဘာအထာလဲကြာ...ေတာက္စ္။

အိန္ဂ်ယ္ကိုခ်စ္လို႔ သူ႕ေရွ႕လိမၼာျပေနတာကို
ငါ့မိဘေတြက မၾကည့္နိုင္ၾကဘူးပဲ။ရတယ္ေလ အရင္လိုဆိုးျပရေသးတာေပါ့။အဟြန္း!ဒါေပမယ့္ အရင္ထက္ႏွစ္ဆပိုဆိုးၿပီး ပိုမိုက္ကမ္းျပမယ္။

ပါတီပြဲေတြတက္မွ လူရာဝင္မယ္လို႔ထင္ေနၾကတာမလား!တက္ျပခဲ့တာေပါ့ တစ္ပြဲၿပီးတစ္ပြဲ။ပါတီတက္ေပးတယ္ အေလ်ာ္အစားအေနနဲ႕ပါတီတစ္ခုလုံးကို ရိုက္ခြဲေသာင္းက်န္းၿပီးပြဲဖ်က္ေပးလိုက္တယ္ေလ။

ငါ့အေဖကအာဏာပိုင္လူႀကီးတစ္ေယာက္ပဲ ေနာက္ကေန ေငြထုတ္ပိုက္ၿပီးလိုက္ရွင္းေပးေပါ့။ကားထည္လည္းစီးတာကိုသေဘာက်တယ္မလား?တစ္ရက္ကို တစ္စီးႏႈန္းနဲ႕စီးပစ္ေပးဦးမွာ။သူတို႔သားကအဲ့လိုလုပ္ျပရင္ သူတို႔အတြက္ဂုဏ္ပိုတက္တယ္လို႔ထင္ေနတယ္ဟုတ္!

ရတာေပါ့ သူတို႔စိတ္ႀကိဳက္ပဲေနျပေပးပါ့မယ္။ကားၿပိဳင္ေမာင္းၿပီးတိုင္း စိတ္တိုင္းမက်လိဳ႕ဆိုတဲ့ေခါင္းစၪၷဲ့ တစ္ဖက္ကၿပိဳင္ဘက္ေကာင္ရဲ႕ကားေတြကို ေခါင္းေၾကမတတ္ျဖတ္ျဖတ္တိုက္ပစ္ၿပီးကို ေအာင္ပြဲခံခဲ့တာမို႔ လိုက္ရွင္းေပးၾကပါဦး!။

လိမၼာတာမႀကိဳက္တဲ့ မိဘေတြကိုနည္းနည္းပါးပါးပညာျပေပးတဲ့အေနနဲ႕ ဆိုးျပ႐ုံပဲရွိေသးတာပါကြာ။ငါမရမ္းကားေသးပါဘူး။အဟြင္း...!ဘားလ္ေတြကို ဓာတ္ဆီေလာင္းမီးရွို႔ပစ္႐ုံပါပဲ။ဒါလည္း ငါ့စိတ္ထဲအခန့္မသင့္လို႔ေလ။

လိမၼာတာကိုသေဘာမက်ဘဴးမလား?
အဲ့ထက္ပိုရမ္းကားျပဦးမွာမို႔ သားမိုက္လို႔မဆဲၾကနဲ႕ဦး။မိဘေတြတိုင္းက ဒီလိုပဲလား။သူတို႔ႀကိဳးဆြဲရာ"က"ရင္တစ္မ်ိဳးဆက္ဆံတတ္ၾကၿပီး သားသမီးေတြကအစြယ္ထုတ္ျပလာရင္ေတာ့ လူမိုက္လို႔ေခၚတတ္ၾကတယ္ေလ။ဒါလားမိဘေတြ?။

ေနာက္ဆုံးေတာ့ ဘာျဖစ္သြားတယ္လို႔ထင္လဲ။မိဘေတြကို အရွက္လိုက္ခြဲေနတဲ့ေကာင္လို႔သမုတ္ခံရၿပီး ငါ့အေဖဆီမွာ ပါးတစ္ျခမ္းပုတ္မတတ္အရိုက္ခံခဲ့ရတာေပါ့။ရိုက္ခ်င္သပဆိုလည္းရိုက္ၾကေလ...သားသမီးနဲ႕မိဘၾကား ဘာမ်ားျပန္လုပ္ခြင့္ရွိမွာမို႔လို႔လဲ။

ဒီလိုပဲမ်က္ႏွာထားတင္းတင္းေျပာင္ေခ်ာ္ေခ်ာ္နဲ႕ပဲ ေပေတရပ္ၿပီး အေဖ့စိတ္ႀကိဳက္လက္တင္ဖို႔အတြက္ မ်က္ႏွာထိုးေပး႐ုံပဲရွိခဲ့တာကို။ငါကိုယ္တိုင္ကလည္း သားဆိုးတစ္ေယာက္ျဖစ္ေနခဲ့တာပဲေလ။အမွန္ေတြေျပာသြားၾကတာမို႔ စိတ္လည္းမနာခဲ့ပါဘူး။ဒါေပမယ့္ အိမ္ေပၚကေနေတာ့ဆင္းခဲ့တယ္။

ဆင္းဖို႔ကိုငါ့ဘက္ကေ႐ြးခ်ယ္ခဲ့တာဆိုေပမယ့္ ငါ့မိဘေတြကေတာ့ ပိုျပတ္သားခဲ့ၾကတယ္။အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႕ကို
အိမ္ေပၚကႏွင္ခ်ခဲ့ၾကတာ။ဘာဆိုဘာမွေပးလိုက္ၾကတာမဟုတ္ဘူး။

အဟြန္း...!မေပးလည္းေနၾကေပါ့။ငါကမက္ေမာေနမွာတဲ့လား။ေငြမည္းေတြကို မက္စရာဘာရွိလို႔လဲ။ေမာင္းခ်ေတာ့လည္း ေဘာင္းဘီအိတ္ထဲလက္ထည့္ၿပီးခပ္တည္တည္နဲ႕ဆင္းခ်လာကာ ေလေလးတစ္ခြၽန္ခြၽန္နဲ႕။

ပလတ္ေဖာင္းေခါင္းအုံးလုပ္ျပရေသးတာေပါ့လို႔ မဟုတ္ဘူးလား။အခုကစၿပီး ဒီအိမ္နဲ႕ငါနဲ႕အၿပီးတိုင္ျပတ္ၿပီ!သူတို႔ဆုံးရင္ေတာင္ ငါလာမွာမဟုတ္ေတာ့ဘူး။

သူတို႔ကလည္း ငါ့ကိုသားတစ္ေယာက္လိုမ်ိဳးဘယ္တုန္းကေတြးဖူးၾကလို႔လဲ။စီးပြားေရးအရလက္ထပ္ခဲ့ၾကၿပီး စီးပြားေရးအရယူခဲ့ၾကတာတဲ့ကေလးတဲ့ဗ်ာ။ဂ႐ုစိုက္မႈကိုေသးေသးေလးေတာင္ေပးခဲ့ၾကလို႔လား။

သူတို႔အာဏာဆက္ခံဖို႔ ငါ့ကိုသားရဲတစ္ေကာင္ေမြးသလိုေမြးခဲ့ၾကၿပီး ဒီေန႕အထိ
ငါ့စိတ္ႀကိဳက္ျပဳမူခြင့္ေပးခဲ့ၾကတာက ခ်စ္လို႔မွမဟုတ္ခဲ့ဘဲ။စစ္တုရင္ကစားကြက္ေပၚက နယ္႐ုပ္ေလးလိုမ်ိဳးျဖစ္တည္မႈမ်ိဳးနဲ႕လူျဖစ္လာရတဲ့ေကာင္မို႔!အခုေတာ့လည္းတစ္ေတာၿငိမ္းသြားရၿပီ။

အဲ့ေနာက္မွာေတာ့ ပလတ္ေဖာင္းမင္းသားလုပ္မယ္ဆိုၿပီး ေျခဦးတည့္ရာေလွ်ာက္သြားလိုက္တာ ဘယ္ကေနဘယ္လို အိန္ဂ်ယ္တို႔ရပ္ကြက္ထဲပိတ္မိေနသလဲ ငါျဖင့္မသိေတာ့ပါဘူး။

ငါ့မွာပါတာဆိုလို႔ ေက်ာပိုးအိတ္တစ္လုံးပဲရွိမယ္။ဒါလည္း အိတ္ထဲမွာဘာတစ္ခုမွမပါပါဘူး အခြံခ်ည္းသပ္သပ္ရယ္။ငါ့ဟာငါလွခ်င္လို႔ စတိုင္ထုတ္ၿပီးေကာက္လြယ္လာခဲ့တာမဟုတ္လား။......

* ဘာထိုင္လုပ္ေနတာလဲ *

ဒါဟာ ဘယ္သူ႕အသံေလးလဲ?ေမာ့မၾကည္ရင္ေတာင္ အသိသာႀကီးမို႔ ခဲလက္စစီးကရက္ကိုပဲ ဆက္ခဲေနလိုက္သည္။သို႔ေသာ္ထိုစီးကရတ္တိုဟာ လက္ေခ်ာင္းလွလွေလးေတြရဲ႕ဆြဲႏုတ္ျခင္းကိုခံလိုက္ရေလၿပီး ေျမျပင္တြင္ဝပ္တြားခဲ့ရေလေတာ့သည္။

* ေဆးလိပ္ေတြေသာက္ျပန္ၿပီလား အသက္ကငယ္ငယ္ေလးရွိေသးတာကို *

* အခုမွဘာေတြလာစိတ္ပူျပေနတာလဲ *

အိန္ဂ်ယ္ေရွ႕ေရာက္တိုင္း ဘုကလန့္ကေျပာေနမိဆဲပါ။ဘယ္အခန့္ ပါးျဖတ္ရိုက္ခံရမလဲ
မသိေပမယ့္ အိန္ဂ်ယ္ကငါ့ကိုမရိုက္ရက္ပါဘူး။

* မ်က္ႏွာေမာ့ *

ေပတိေပကပ္နဲ႕မ်က္ႏွာလႊဲဖို႔ႀကိဳးစားခဲ့တယ္။
ဒါေပမယ့္ အိန္ဂ်ယ္နဲ႕ေတြ႕ရင္ ဖေယာင္းကို
မီးနဲ႕အပူေပးခံလိုက္ရသူလိုမ်ိဳး အရည္ေပ်ာ္ၿပီးသားေကာင္ဟာ ငါပဲေလကြာ။ၾကာၾကာမမူနိုင္ပါဘူး။

* အဲ့ေလာက္ထိရန္ျဖစ္ရတာကိုေပ်ာ္ေနတာလား ေဂ်ာင္ကု *

* ဘယ္သူကေရာ ေပ်ာ္လြန္းလို႔ရန္ျဖစ္ေနပါ့မလဲ အသက္ရွင္ခ်င္စိတ္မရွိေတာ့လို႔ေပါ့ *

* ငါရင္နာရေအာင္ မင္းဆိုးေနေတာ့မွာလား *

* အပိုေတြ!ကြၽန္ေတာ့္ကိုမခ်စ္ေပးနိုင္ဘဲနဲ႕မ်ား အခုမွလာေကာင္းျပမေနနဲ႕ *

* အိမ္ျပန္ၾကရေအာင္ ထေတာ့ *

* ဘယ္အိမ္ကိုျပန္ပို႔ဦးမလို႔လဲ?အိမ္ေပၚကအၿပီးဆင္းလာတာပါဆို မျပန္ဘူး *

* ငါလည္း ျပန္မပို႔ပါဘူး *

ဘာေတြစားေသာက္ၿပီး နင္းကန္ထြားႀကိဳင္းေနမွန္းမသိတဲ့ ထိုအဆိုးအေပခ်ာတူးလံေကာင္ကို လက္ေမာင္းေတြမွေန မရမကဆြဲထူနိုင္ဖို႔ႀကိဳးစားျပန္တယ္။သို႔ေသာ္ အေၾကာကပ္ေနတာေၾကာင့္မို႔ အခ်ည္းႏွီးျဖစ္ရျပန္ပါၿပီ။

* ဒါဆို ဂ်ီမင္ရွီအိမ္ကိုေခၚသြားမလို႔လားဟင္ *

* ဘာျဖစ္ရဦးမွာလဲ...ငါ့ကေလးကို လမ္းေဘးမွာပစ္ထားစရာလား အတူတူျပန္ၾကမယ္ထ *

ဒါမ်ိဳးက် သိပ္တတ္လြန္းေနတာပါလား။
တစ္ကိုယ္လုံးဒဏ္ရာဒဏ္ခ်က္အျပည့္နဲ႕စုတ္ျပတ္ေနသူကို မ်က္ေစာင္းလွည့္ထိုးလိုက္ၿပီး စက္ဘီးေဒါက္ကိုျဖဳတ္ရွာေလသည္။

* ကြၽန္ေတာ္လိမၼာပါ့မယ္ ကိုကို႔စကားလည္းနားေထာင္မယ္ေနာ္ *

* ငခြၽဲေလး...!မင္း မတြန္းပါနဲ႕ တစ္ကိုယ္လုံးဒဏ္ရာေတြျပည့္ေနတာကို *

သူ႕လက္ထဲက စက္ဘီးကိုလုဖို႔ျပင္ေနတာေၾကာင့္ မာန္မည္းေပးရေသးတယ္။ထိုအခါ
ထိုအခြၽဲတာေကာင္သည္ သူခ်စ္ရသူရဲ႕လက္ေမာင္းပိစိေလးတစ္ဖက္ကိုခပ္ဖြဖြဆုပ္ကိုင္လာၿပီး ပခုံးေသးေသးေလးထက္
ေခါင္းေဝွ႕ခြၽဲ႕ေလေတာ့သည္။

* စိတ္ပူလို႔လား *

* ပူတာေပါ့ *

* ခ်စ္ေရာမခ်စ္ဘူးလားဟင္ *

ေခါင္းေလးနဲ႕ေဝွ႕ၿပီးခြၽဲျပေလ ဟိုတစ္ေယာက္မွာပိုအသည္းယားေလးပါပဲ။ေဘးတိုက္ျမင္ေနရတဲ့ ခပ္ေခ်ာေခ်ာမ်က္ႏွာႏုႏုေလးကိုလွည့္ေငးရွာၿပီးေနာက္မွာေတာ့ စိတ္မေကာင္းျဖစ္ရျပန္ပါၿပီ။အဲ့ေလာက္ထိ ထိုးႏွက္ရက္ၾကတယ္တဲ့လား။ကေလးတစ္ေယာက္ကို ေမတၱာမေပးနိုင္လိုက္ၾကပုံမ်ား သိပ္ၿပီးကိုရက္စက္လြန္းပါတယ္။

* မခ်စ္ဘဲနဲ႕ အိမ္ေပၚေခၚတင္ပါ့မလားငခြၽဲေလးရဲ႕ *

* ကြၽန္ေတာ့္ကို တကယ္ခ်စ္တာေသခ်ာပါတယ္ေနာ္ *

အေျဖရလိုက္သည္ႏွင့္ လက္ေမာင္းေပၚကလက္ေတြမွာ ခါးသိမ္သိမ္ေလးေပၚသို႔ေရာက္သြားခဲ့ၾကၿပီး မခ်င့္မရဲျဖစ္ရစြာခပ္ဖြဖြဖ်စ္ညစ္ရွာ၏။ဂြၽန္ေဂ်ာင္ကုကတကယ္ကိုရဲရဲတင္းတင္းေလးပါလား။လက္ေတြကို
အၿငိမ္မေနခဲ့ဘဲ တို႔ထိတို႔ထိေလးျဖင့္ကဏာ
မၿငိမ္ခဲ့ပါ။

* အခုကတည္းက ႀကိဳေျပာထားမယ္ေနာ္
ငါ့လူအျဖစ္ေနမယ္ဆို ဒီေန႕ကစၿပီးမင္းအိမ္ကိုမျပန္ရေတာ့ဘူး။မဟုတ္ဘူး...!ဘယ္ေတာ့မွျပန္ခြင့္မေပးေတာ့မွာ *

* ကြၽန္ေတာ္ကလည္း မျပန္ပါဘူး~မေနခ်င္လို႔ က႑ေတြေတာင္အၿပီးျဖတ္ခဲ့ၿပီးၿပီ *

* ေအးပါ ၿပီးမွအိမ္ျပန္ခ်င္လို႔ငိုယိုၾကည့္
ငါနဲ႕ေတြ႕မယ္ *

* ငိုမွာ ခင္ဗ်ားနဲ႕ေတြ႕ခ်င္လြန္းလို႔ကိုငိုဦးမွာ
ဒါေပမယ့္ အိမ္ျပန္ဖို႔မဟုတ္ဘူးေနာ္ ကိုကိုနဲ႕ခ်စ္ဖို႔ ငိုၿပီးပူဆာမွာ *

* ႏွာဗူး!! *

* ခ်စ္လို႔ပါ *

ခါးေလးကို ခပ္ယြယြပြတ္ရင္း ယုတ္ယုတ္ကမ္းကမ္းစကားေတြဆိုၾကည့္ေတာ့ သူ႕အိန္ဂ်ယ္ခမ်ာ ရွက္သြားလိုက္တာမ်ားမ်က္ႏွာနီနီေလးနဲ႕ေလ။လွတဲ့သူေတြမ်ား ရွက္ေနတာေတာင္သိပ္လွသတဲ့။ရွက္လို႔နီေနတဲ့ မ်က္ႏွာဥဥေလးကို ဘယ္ျပန္ညာျပန္အနမ္းေပးခ်င္တယ္ဗ်ာ။တစ္ဝႀကီးေပါ့။

* ဒါနဲ႕ မင္းအိမ္ကဘာေတြယူလာေသးတာလဲ *

* ဟင့္အင္း အဲ့အိမ္ကဘာတစ္ခုမွမသယ္လာဘူး ဇယားရႈပ္မွာစိုးလို႔ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႕မွတ္ပုံတင္ပဲယူလာခဲ့တာ *

* ဟိုကတ္ဒီကတ္ေရာ ယူလာခဲ့မိေသးလား *

* ဘာကတ္ေတြလဲ *

* ဘလဲ့ပ္ကတ္ဆိုလား ဘာဆိုလားပဲ?...
အဲ့ဒါေတြကို မယူလာတာေသခ်ာပါတယ္ေနာ္ *

* ေပးလိုက္ၾကပါဦးမယ္!!အကုန္ျပန္သိမ္းၿပီး လူခ်ည္းသပ္သပ္ ႏွင္ခ်ခံလိုက္ရတာပါဆို~အလကား စကားလုပ္ၿပီးလာေမးေနရတယ္လို႔ကိုကိုရယ္ *

* ၾကည္ၾကည္ျဖဴျဖဴေပးရင္ေတာင္ မယူလာခဲ့နဲ႕ၾကားလား *

ဘာေတြစိုးရိမ္ေနျပန္သလဲမသိပါဘူးဗ်ာ။
လူတစ္ကိုယ္လုံးေတာင္သူ႕ရင္ခြင္ထဲေရာက္ေနၿပီ။ကြၽန္ေတာ္မျပန္ပါဘူး။အဲ့အိမ္ရိပ္ကိုဘယ္ေတာ့မွ ေျချပန္ခ်မွာမဟုတ္လို႔သပ္သပ္မဲ့စိတ္ပူမေနေစခ်င္ဘူးကိုကိုရယ္။

ကိုကိုမသိလိုက္ခင္ကတည္းက အစြဲႀကီးစြဲၿပီးသိပ္ခ်စ္ခဲ့ရတဲ့ေကာင္က ကြၽန္ေတာ္ပါ။ေနရစ္ခဲ့လို႔ ကိုကိုကအမိန့္ေပးရင္ေတာင္ ေဘာင္းဘီစဆြဲၿပီးလိုက္ေနမွာပါဗ်။

* ကြၽန္ေတာ္တကယ္ ကိုကိုနဲ႕လက္ထပ္နိုင္မွာပါေနာ္ *

* မင္းဘက္ကေသခ်ာရင္ ငါ့ဘက္ကအတည္လက္ထပ္နိုင္ပါတယ္ *

* အတည္လက္ထပ္နိုင္ပါတယ္ဟုတ္လား?မေရမရာနဲ႕ကိုကိုရာ...။အဲ့စကားကိုဘယ္လိုေတာင္ လြယ္လြယ္ေျပာထြက္နိုင္ရတာလဲ *

* ဝမ္းနည္းသြားတာလား *

* ကြၽန္ေတာ့္ကိုပစ္မသြားဘူးလို႔ကတိေပးပါ *

ကေလးေတြကတိေတာင္းသလိုမ်ိဳး လက္သန္းခ်င္းခ်ိတ္ဖို႔ပူဆာေနတာမို႔ လိုက္ေလ်ာေပးရျပန္ပါသည္။တစ္လတ္စတည္းဆိုသလို စြာစိလြန္းတဲ့ႏႈတ္ခမ္းပါးေတြကိုပါ ဖိနမ္းေပးလိုက္ရင္း ေခ်ာ့ခဲ့ရ၏။

* အာရီဂူး မနက္က်ရင္ေဈးထဲေခၚသြားၿပီး
ငါ့ကေလးကို အကၤ်ီဝယ္ေပးဦးမွပဲ *

* ပိုက္ဆံကုန္ေအာင္လို႔ဝယ္ေပးမေနပါနဲ႕ေတာ့ ႏွစ္ကိုယ့္တစ္စိတ္ပဲျဖစ္ေတာ့မွာကို
ကိုကိုအကၤ်ိေတြယူဝတ္ထားမယ္ေလ *

* မင္းနဲ႕ေတာ္မလား!အတင္းၿဖဲရဲဝတ္လို႔ ၿပဲသြားရင္ မင္းေရာငါေရာ ကိုယ္တုံးလုံးဘဝနဲ႕ငုတ္တုတ္ေမ့ရမွ *

* ဒါလည္းေကာင္းတာပဲ *

* ႏွာဗူး! *

ရင္ခုန္သံေတြတဒိတ္ဒိတ္ညံဆူလို႔ ဘယ္သူဆီကမ်ားပါလိမ့္...။

* အခုတကၠသိုလ္ဝင္ခြင့္ေျဖထားတာမလား~~ေရွ႕ႏွစ္ေက်ာင္းထားေပးနိုင္ဖို႔ ျပင္ဆင္ထားရမယ္ထင္တယ္ *

အိန္ဂ်ယ္စကားေၾကာင့္ ခါးသိမ္သိမ္ေလးကို အားမလိုအားမရဖ်စ္ညွစ္လိုက္မိတယ္။

ဘာကိုေက်ာင္းတက္ရမွာလဲ။ေယာက်ာ္းယူဖို႔ အိမ္ေပၚကေတာင္ဆင္းလာတာကို ဘာလုပ္ဖို႔ေက်ာင္းတက္ရမွာလဲ။ၿပီးေတာ့ငါကိုယ္တိုင္က ေက်ာင္းတက္ဖို႔ထိအဲ့ေလာက္ထိေတြးထားတာမရွိဘူး။

အခုအေနအထားအရဆို ယူၿပီးသြားလည္း
အိန္ဂ်ယ္လုပ္စာကို ငါကပဲ ထိုင္စားေနရဦးမွာ။ဒီေလာက္နဲ႕တင္ရွက္ဖို႔ေကာင္းေနၿပီကို ေက်ာင္းပါတက္ခိုင္းဦးမလို႔လား။ဘယ္ျဖစ္မလဲ ငါကပဲ အိန္ဂ်ယ္ကိုရွာေကြၽးခ်င္တာ။

* ကြၽန္ေတာ္ေက်ာင္းဆက္္မတတ္ေတာ့ဘူး *

* ဟင္ဘာလို႔လဲ *

* ကိုကို႔ကို ကာကြယ္ေပးနိုင္ဖို႔ဆို အခ်ိန္ျဖဳန္းေနလို႔မရဘူးေလ ျမန္ျမန္အလုပ္ခြင္ဝင္ရမွာေပါ့ *

* မဟုတ္တာ~!ငါ့ကိုကာကြယ္ေပးခ်င္တယ္ဆို ဘြဲ႕တစ္ခုေလာက္ေတာ့ရေအာင္လုပ္သင့္တယ္ေလေဂ်ာင္ကုရယ္ ။ဒီအ႐ြယ္ေလးနဲ႕
မင္းလုပ္တတ္ဘာမ်ားရွိလို႔လဲ ငါ့စကားကိုပဲနားေထာင္စမ္းပါ *

* ကိုကိုကလည္း *

* ဘာေက်ာင္းတက္ခ်င္လဲ ေ႐ြးၿပီးၿပီလား *

* အဲ့လိုေတြးထားတာမရွိဘူး ဒီတိုင္းႀကဳံရာပဲတက္မွာ *

* ဟုတ္ပါၿပီ ငါ့ကေလးႀကီးသေဘာ *

* ေက်ာင္းတက္ရင္ စရိတ္ေတြအမ်ားႀကီးကုန္မွာ။ကိုကိုနဲ႕ကြၽန္ေတာ္ဒီလိုပဲေနသြားလို႔
မရဘူးလားဟင္ *

* မရပါဘူး!မင္းေျပာသလို ငါ့ဆိုင္ေလးက အႏုတ္စုတ္ဂုတ္စုတ္ေလးဆိုတာမွန္ေပမယ့္
လူႏွစ္ေယာက္ထမင္းဝေအာင္စားဖို႔အတြက္
ေတာ့ လုံေလာက္တာထက္ပိုပါတယ္ေဂ်ာင္ကုေလးရဲ႕။ငါတုန္းကလည္း ဒီဆိုင္ေလးနဲ႕ပဲ
ဘြဲ႕တစ္ခုရခဲ့ေသးတာကို အဆင္ေျပသြားမွာပါ စိတ္မပူပါနဲ႕ *

သူ႕ဘဝေလးနဲ႕သူ ေအးေအးခ်မ္းခ်မ္းရွိေနတဲ့အိန္ဂ်ယ္ဘဝေလးကို ငါကအဆိပ္ခတ္သလိုျဖစ္ေနၿပီလား။ရႈပ္ေထြးေစဖို႔ထိ ကြၽန္ေတာ္မရည္႐ြယ္ပါဘူး။သိပ္ခ်စ္လြန္းလို႔ အဲ့အခ်စ္ကိုပုံေဖာ္မိ႐ုံပါဗ်ာ။

* ကြၽန္ေတာ္က တကယ္ဆိုးတယ္မလားဟင္ ခ်စ္တာတစ္ခုတည္းပဲသိၿပီး ဒုကၡေတြလိုက္ေပးေနသလိုျဖစ္ေနၿပီ *

* မဟုတ္တာ~~အခုကစၿပီး ဘယ္သူ႕ေလာင္းရိပ္မွမသင့္ေစရဘူးေနာ္ ဘယ္သူ႕မ်က္ႏွာမွၾကည့္စရာလည္းမလိုဘူး။မင္းမ်က္ႏွာမငယ္ရေအာင္ အမ်ားႀကီးဂ႐ုစိုက္ေပးမယ္...မင္းလိုခ်င္တဲ့ေမတၱာေတြလည္း
ေပးမွာမလို႔ အိမ္ျပန္ဖို႔နဲ႕ထားခဲ့မယ့္စကားကလြဲရင္ အကုန္ေျပာခြင့္ရွိတယ္ၾကားလား *

* ကိုကို~!!ဘာလို႔အဲ့ေလာက္ထိ ေကာင္းေပးေနရတာလဲဗ်ာ ကြၽန္ေတာ္ငိုမိေတာ့မယ္ အစ္အစ္...*

တကယ္ရင္ထဲထိသြားပုံပါပဲ။ထိုကေလးႀကီး၏မ်က္လုံးဝိုင္းဝိုင္းႀကီးေတြဆို မ်က္ရည္စေတြနဲ႕ေတာက္လဲ့လာခဲ့ေတာ့သည္။အခုျဖစ္ေနတဲ့သူ႕ပုံစံေလးမွာ နား႐ြက္ေလးေတြးညိုးက်ေနတဲ့ ယုန္ကေလးႏွင့္သိပ္တူေနလြန္းတယ္။

ခ်က္ခ်င္းဆိုသလို မ်က္ရည္ေတြတလွိမ့္လွိမ့္စီးက်လာခဲ့ၿပီး ရွိုက္ရွိုက္ၿပီးကိုငိုေတာ့သည္။
အဲ့ေလာက္ထိ ရင္ထဲထိသြားမယ္မထင္ထားလို႔ေျပာထြက္မိသြားတာ။အျပင္းအထန္ကို အူလိႈက္သည္းလွိုက္ျဖင့္ငိုေနရွာတာေၾကာင့္ ဆက္၍မၾကည့္နိုင္ေတာ့ဘဲ ေပြ႕ဖက္ကာေခ်ာ့ဖို႔ႀကိဳးစားခဲ့ရေလသည္။

* ငါ့အိမ္က ေခါင္မိုးထပ္ျဖစ္လို႔မင္းအျမင္မွာနည္းနည္းက်ၪ္းေနမလားမသိေပမယ့္ ငါတို႔ႏွစ္ေယာက္ေနဖို႔ေတာ့ ေကာင္းေကာင္းဆန့္ပါတယ္...အဲ့အတြက္ေတာ့ဂ်ီးမမ်ားဘူးမလား ေဂ်ာင္ကုပီ *

* က်ၪ္းလည္းကြၽန္ေတာ္ေနမွာ။အခန္းက်ၪ္းေလကြၽန္ေတာ္ႀကိဳက္ေလပဲ အဟြန္း...! *

အခုငိုလိုက္ အခုၿပဳံးလိုက္နဲ႕ သူပဲအမ်ိဳးမ်ိဳးတတ္ေနလိုက္ပါေတာ့။႐ုပ္ေျပာင္း႐ုပ္လြဲသိပ္တတ္တဲ့ေကာင္။

* ဘာလို႔လဲဟင္ *

* ဒါမွ ကြၽန္ေတာ္ကေမြ႕ရာေပၚမွာအိပ္ၿပီး ကိုကိုကကြၽန္ေတာ့္အေပၚမွာ ေမွာက္ရက္ေလးနဲ႕ထပ္အိပ္ရမွာေလ~~! ကိုကိုျပဳတ္က်မွာ
စိုးလို႔ကြၽန္ေတာ္က ကိုကို႔ကိုယ္လုံးေလးကို
ခြၿပီးဖက္...!ဟာဗ်ာ ဘယ္ေလာက္ေတာင္ေႏြးေႏြးေထြးေထြးရွိလိုက္မလဲ ထပ္ၿပီးမခြဲခ်င္ေတာ့ဘူးဟင့္...! *

* ဘာ!!ပလီပလာနဲ႕ႏွာဗူးစကားေတြ ဒီႏွာဗူးကေတာ့ လက္ထပ္မေသးခင္ ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္အရင္ထိုးထားခ်င္ၿပီထင္တယ္ *

* မလုပ္ပါနဲ႕ကိုကိုရယ္ ကြၽန္​ေတာ့္အသည္းေလး တဆတ္ဆတ္ခါ နာရလို႔ပါ *

* ဟြန့္ သတိထားေန *

* မနက္တရား႐ုံးသြားၾကမယ္ေနာ္ *

* သြားမွာပါ ဘာလို႔ေလာေနတာလဲေဂ်ာင္ကုရွွီ *

* ကြၽန္ေတာ့္စိတ္ကူးကို အေကာင္အထည္ေဖာ္ခ်င္လို႔ *

* ဘာစိတ္ကူးလဲ?မင္း ယုတ္ကမ္းျပန္ၿပီ *

* ခြၿပီးဖက္အိပ္မယ့္စိတ္ကူး...ဟီး အခုသိသြားၿပီလား *

* ႏွာဗူး! *

* ခ်စ္လို႔ပါဗ်ာ *

လမ္းသြယ္ေလးထက္မွာ စက္ဘီးေလးတစ္စီးကိုအတူတူတြန္းၾကရင္း နီယြန္းလမ္းမီးတိုင္ေတြရဲ႕ နီက်င့္က်င့္မီးေရာင္ငယ္ကိုအားျပဳကာ အခ်စ္အိမ္ေလးဆီသို႔ ေျခလွမ္းခဲ့ၾကပါၿပီ။

ရွက္ေနသည့္မ်က္ႏွာေလးကိုေမာ့ေငးေနခဲ့တဲ့မ်က္ႏွာေလးဟာ တကယ္ကိုေသာကေတြကင္ေဝးေနသည့္ႏွယ္ ေအးေအးခ်မ္းခ်မ္းရွိေနခဲ့ၾကပါသည္။

ခ်စ္ရသူရဲ႕ပခုံးေသးေသးေလးကို မွီခိုလိုက္ရင္း ကြၽန္ေတာ္ဂြၽန္ေဂ်ာင္ကုဟာ အနာဂတ္တြင္ အိန္ဂ်ယ္ရဲ႕အမ်ိဳးသားျဖစ္လာမည္ကို ႀကိဳေတြးမိၿပီး ညစ္က်ယ္က်ယ္ျဖင့္Smirkတစ္ခုကိုခပ္ေထ့ေထ့ပဲပုံေဖာ္ခဲ့လိုက္ေတာ့၏။

ရယ္သံေတြဟာ ထပ္တူက်လွ်က္.....။
အခ်စ္ေတြဟာလည္း ထပ္တူက်လွ်က္.....။ရင္ခုန္သံလည္းပါတာေပါ့.....။

         -----------LOVED ONE------------

ၿပီးပါၿပီ။

Enhypenရဲ႕10 monthsသီခ်င္းနားေထာင္ရင္းနဲ႕ ေရးခ်င္စိတ္ေပါက္လာလို႔ထေရးလိုက္မိတာပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

(ဖတ္ေပးၾကသူအားလုံးကို ေက်းဇူးတင္ပါသည္။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Continue Reading

You'll Also Like

8.7K 195 67
Harry Potter and Draco Malfoy are a married couple. They have been Married since the young age of Eighteen and have traveled the world in the last tw...
4.2K 1K 13
သားကိုကို့က အရမ်းလှတယ်။ တအားကို လှတာ။
155K 6.2K 72
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩶Coming up [Ignore grammatical mistakes. I will improve my writing gradual...
96.5K 211 7
Emily is your classic good girl. Shes 18 years old. Her life seems all planned out but what happens when she is taken and forced into diapers? Will s...