(OS Collection)

By AyeMon687

13.3K 1.2K 206

Kookmin OS Collection.. More

Boyfriend is Jeon Guggie
Station Lover
Houd Van Je(ချစ်တယ်)
Seven
Loved One
Plot Twist-1
Plot Twist-2
Hyung!Hold My Hand
ရှိသည်..ဖြစ်သည်.. ချစ်သည်
REPLAY
February-14
Fan Boy

သစ်ခက်အိမ်

887 75 4
By AyeMon687

ကြိုတင်ပြီးအသိပေးချင်တာကလေ..ဒီဇာတ်လမ်းရဲ့Plotဟာ ဒီစာရေးသူရဲ့မူပိုင်မဟုတ်ပါဘူး။2000ခုနစ်ပိုင်းလောက်က
ထွက်ရှိခဲ့တဲ့ "ဒုတိယမြှောက်ရိုမီယို"ရုပ်ရှင်ဇာတ်ကားကြီးကို မှီငြမ်းထားရှိခြင်းပါ။
Copy Plotဖြစ်သည့်အတွက် အဆင်မပြေရင်မဖတ်ပါနဲ့နော်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

( Unicode Version )

( သစ်ခက်အိမ် )

သစ်ခက်အိမ်တဲ့ ခိုင်ခံ့မှုလည်းမရှိဘူး။
လုံခြုံမှုလည်းမရှိဘူး။ဒါပေမယ့်တော့
နွေးထွေးတယ်။သူ့မေတ္တာဓာတ်ကြောင့်ဖြစ်မှာပါ။.............................။

သက္ကရာဇ်၂၀၀၀ခုနစ်၊ဒီဇင်ဘာ(၂၆)ရက်တွင်
ချစ်ရသူကိုတွေ့ရှိခဲ့သည်။အအေးဓာတ်ပိုသောဒီဇင်ဘာ၏ ဆောင်းအငွေ့အသက်တွေကြားမှာ နှလုံးသားတစ်စုံကိုကောက်ရခဲ့သည်။

"ရိပ်မြုံ ဂေဟာ"ဆိုသည့်မိဘမဲ့ကျောင်းသည် အကြောင်းအရာအမျိုးမျိုးကြောင့် မိဘတွေရဲ့အဝေးမှာ ရှင်သန်ကြရတော့မည့်ကလေးတွေအတွက်တော့ အနွေးထွေးဆုံးရင်ခွင်တစ်ခုသာဖြစ်လေသည်။

မျက်စောင်းထိုးရှိ ဘုရားကျောင်းလေးထဲမှနေ ဓမ္မတေးသီချင်းသံကြောင့် ဂျောင်ကု
သူ့မျက်လုံးတွေမှိတ်ချပစ်ပြီး နှလုံးသားကိုအေးမြမှုပေးသည်။လုပ်လက်စ တံမြတ်စည်းလှည်းခြင်းအမှုကိုပင် ဆိုင်းငံထားလိုက်သေး၏။

ဂေဟာအတွင်းမှာ သူအပါအဝင် လူလားမမြောက်သေးတဲ့ကလေးတွေရယ်၊အစ်ကိုယွန်းဂီရယ်၊ဆရာမကြီးရယ်သာရှိသည်။
တစ်ချို့ကလေးတွေသည်ကတော့ ဘုရားကျောင်းဘက်မှာနေကြသည်လေ။

သွက်လက်လွန်းပြီး လိမ္မာရေးခြားရှိတဲ့သူ့ကို ဆရာမကြီးသာမက အစ်ကိုယွန်းဂီလည်းချစ်တယ်။သွေးသားအရင်းက ပေးတဲ့မေတ္တာတွေမှနွေးသည်မဟုတ်..တစ်ချို့သံယောဇဥ္ကြိုးတွေက ပိုလိုတောင် ခိုင်မာသေးတယ်။

* အငယ်လေး ဒါပြီးရင် ဈေးသွားလိုက်ဦး *

* အစ်ကိုသွားလေ *

* ဆရာမကြီးက မင်းကိုသွားခိုင်းတာ *

ထမင်းကြော်ထား၍ ချိုးကပ်နေသည့်အိုးကို
ကျောက်ရေကန်တွင် အားရပါးရထိုင်ပြီး တခွမ်းခွမ်းမြည်မတတ်တိုက်ချွတ်နေသည့်ဂျောင်ကုအနား အစ်ကိုယွန်းဂီဟာ ရောက်လာခဲ့ပြီး
ဈေးသို့လွှတ်ပြန်သည်။

ဂျောင်ကုသာလျှင် အမြဲတမ်းလိုလို ဈေးဝယ်သွားဖြစ်ပြီး အစ်ကိုယွန်းဂီသည် ဘယ်တော့မဆို ဂေဟာအပြင်သို့မထွက်တတ်ပါ။ဒါသည်လည်း အကြောင်းရှိတယ်။ဂျောင်ကုလောက်အစ်ကိုကမသွက်လက်သလို တည့်တိုး(ဒဲ့တိုး)
ဆန်တဲ့စိတ်ကလည်း လက်တစ်ဆစ်။

သူ့ကိုသာ ဈေးအဝယ်တော်လွှတ်လိုက်လျှင်
မှာလိုက်သည့်ပစ္စည်းအစား ပြဿနာတွေသာ
ဂေဟာထဲ သွင်းလာတတ်လို့ဖြစ်သည်။ကြာတော့ ဆရာမကြီးလည်း ကြောက်ရှာပြီပေါ့။

* အစ်ကို အဲ့လိုဒေါသလက်တစ်ဆစ်ဖြစ်နေလို့ ကလေးတွေကအစ အစ်ကို့အနားကပ်ရမှာကြောက်နေကြတာ *

* ဘယ်ကလေးက အဲ့လိုပြောရဲတာလဲ *

* ဘယ်ကလေးမှတော့မဟုတ်ဘူး ကျွန်တော်ပြောတာဗျ *

​ဆေးကြောလို့ပြီးမှ လက်တွေကိုရေဆေးချလိုက်ပြီး ဘောင်းဘီဖင်နဲ့ဖြစ်သလိုသုတ်ပစ်ရင်း အစ်ကိုယွန်းဂီရဲ့လက်ထဲကပိုက်ဆံနှင့်စာရွက်ကိုဆွဲယူသွားပြီး ဟွန်းခနဲရယ်ရှာ၏။
လက်တစ်ဆစ်အစ်ကိုက ဒါလေးစမိတာကို
ရုပ်ကြီးက တည်တင်းနေပြီ။

ကျောက်ကန်အနားကနေ လှစ်ခနဲထွက်ပြေးသွားတော့ အစ်ကိုဆီက"ခွေးကောင်လေး"ဟု
ဆဲရေးသံကိုကြားလိုက်ရတယ်။

မီးခိုးရောင်ဂျပန်ဘီးကလေးကိုခွပြီး တောင်ကုန်းလေး၏လျှောဆင်းလေးအတိုင်း စက်ဘီးကိုနင်းချသွားသဖြင့် ကလေးအုပ်စုကနောက်ကနေပြေးလိုက်ကြသေးတယ်။
ထိုခေတ်ထိုအခါက ကလေးတွေသည်သိပ်အဆောသန်ကြသည်လေ။

..... သစ်ခက်အိမ် .....

"ရိပ်မြုံဂေဟာ"သည် လူနေအိမ်တွေနဲ့အနည်းငယ်မျှအလှမ်းဝေးကွာသည့် တောင်ကုန်းတစ်ခုပေါ်မှာသီးသီးသန့်သန့်
ဆောက်လုပ်ထားတာဖြစ်ပြီး ထိုဝန်းထဲမှာပဲ ဘုရားကျောင်းလေးတစ်ခုလည်းရိှသေး၏။

ဂေဟာမှ လျှောမတ်မတ်လူသွားလမ်းကလေးအတိုင်းဆင်းလာလျှင် ခြံတံခါးဝ၌ မိုးမခပင်အိုကြီးတစ်ပင်လည်းရှိသေးသလို၊အပင်အိုရဲ့
အခက်အလက်တွေက ခန်စီးသဖွယ်၊နွယ်ဒန်းသဖွယ် မြေပြင်၌ ငိုက်ဆန်းကျနေသည်။

ပြီးတော့ ထိုမိုးမခပင်၌သစ်သားပြားဒန်းကလေးတစ်ခုဆင်ထားသေး၏။

ဈေးကနေ ပြန်လာသော မီးခိုးရောင်ဂျပန်ဘီးလေးသည် အသွားတုန်းက တောင်ဆင်းလမ်းလေးအတိုင်းပြန်နင်းတက်ရတာမို့ ခန္ဓာကိုယ်ရဲ့အားကိုစိုက်ထုတ်ရသည်ဖြစ်၍နဖူးစပ်တွင်ချွေးစလေးတွေပင် ထွက်လာရသည်။

* ကိုကိုဂျောင်ကု ! *

* ဟေး *

မိုးမခပင်အောက်က ကလေးအုပ်စုသည် ဂျောင်ကုကိုမြင်လိုက်ကြသည်နှင့် တစ်ညီတစ်ညွှတ်တည်းအော်ခေါ်ကြသည်။သို့သော်
မျက်နှာလေးတွေကို မမြင်ရပါ။မိုးမခရွက်တွေကြောင့် တစ်ကိုယ်လုံးမြှုပ်နေကြပြီး ခြေတံတိုတိုလေးတွေကိုသာမြင်ရသည်။

ငဂျစ်ကလေးတွေကြောင့် သူ့နှုတ်ခမ်းလွှာလေးတွေမှာ ပိရိ့စွာအနားကော့သွားရသည်။
စက်ဘီးကို ဘရိတ်ဆွဲညှစ်လိုက်ပြီး ခြံဝင်းထဲ
မဝင်သွားသေးဘဲ မိုးမခပင်နားလျှောက်သွားလေတော့ ညစ်တီးညစ်စုတ်မျက်နှာလေးတစ်ခုမှာ အရွက်တွေကြားကနေ ထွက်လာခဲ့၏။

* မင်းတော့ ဆရာမကြီးဆီ အဆူခံရတော့မယ် *

ရေချိုးပေးပြီးသားဖြစ်ပေမယ့် မွန်းတက်ပင်မရောက်သေး ပြန်ပြီးညစ်ပေနေကြတဲ့မျက်နှာလေးတွေကြောင့် စနောက်လိုဇောနဲ့
ခြိမ်းခြောက်လိုက်သော်လည်း သူ့စကားမှာအရေးလုပ်ခြင်းမခံရပါ။ခါတိုင်းဆို ဆရာမကြီးအသံကြားတာနဲ့ ရောက်ရာအရပ်ကပြေးကြသည့်ကလေးတွေမှ ဟုတ်ရဲ့လား။

* ကိုကိုဂျောင်ကု အဲ့တာက နောက်မှစပါ။အခုကအရေးကြီးတယ် လိုက်ခဲ့ပေးဦး *

ကြီးကြီးကျယ်ကျယ်အပြောခံလိုက်ရ၍ထင်သည်။ဂျောင်ကု့မျက်ခုံးတွေမှာ ပင့်တက်သွားရသည်။လူနဲ့စကားနဲ့လိုက်အောင်ရွေးမပြောဘူး။စကားလုံးပိပြီးသေမှာကို သူတကယ်စိုးရိမ်သွားတာရယ်။

* အေးပါ အေးပါ။မင်းတို့ ဘာဖြစ်နေကြတာလဲ ငါ့ကိုပြောကြဦးလေ *

* ဒီမှာ လူတစ်ယောက်ရှိနေတယ် ကိုကိုဂျောင်ကု *

* ဖယ်ပေးကြဦး *

ကလေးတွေမှာ စကားဆုံးအောင်မပြောလိုက်ရ။ဘေးကိုဆွဲဖယ်ခံလိုက်ကြရပြီး အရှေ့ဆုံးကို သူရောက်သွားခဲ့သည်။

မိုးမခပင်စည်ကို ကျောမှီထားပြီးမျက်လုံးတွေမှိတ်ထားသည့် ကောင်လေးတစ်ယောက်ကြောင့် သူ့မျက်လုံးဝိုင်းကြီးတွေမှာစူးစမ်းလိုစိတ်နဲ့ အရောင်ပင်တောက်လာသည်။

သူ့ထက်ပင် ငယ်လောက်မည့်ကောင်လေးတစ်ယောက်က ဘယ်လိုဖြစ်ပြီး သူတို့ဂေဟာရှေ့ရောက်လာရတာလဲ..။သူက ၁၆နှစ်ရရှိပြီဆိုတော့ဒီကောင်လေးက ၁၅နှစ်လောက်များ
ဖြစ်မလား။

နှင်းလိုဖြူနုသောအသားအရည်နှင့် နဖူးထက်မှာတိတိပပဝဲကျနေသည့် ဆံပင်ပုံစံဆန်းဆန်းကြောင့် ဂျောင်ကု့သူ့လက်ကိုသူပြန်ငုံ့ကြည့်မိသွားပြီး တစ်ဆတ်တည်းမှာပဲ
သူ့ခေါင်းက တိုစစဆံပင်တွေကိုပွတ်မိသွားသည်။

ဆရာမကြီးလက်ချက်နဲ့ ဂေဟာရှိယောကျာ်းလေးတိုင်းမှာ ဗိုလ်လောင်းကေဟုတ်ရင်ဟုတ်
မဟုတ်ရင် စစ်သားကေတဲ့လေ။နှစ်ခုလုံးက ဘာများကွာလို့လဲ။

အနက်ရောင်တန်ဖိုးကြီးဂျာကင်နဲ့အရောင်စိုစိုဂျင်းဘောင်းဘီရယ် တန်ဖိုးကြီးရှုးဖိနပ်ကိုဝတ်ထားသည့်ကောင်လေးမှာ ချမ်းသာတဲ့အိမ်ကဖြစ်ရမယ်မှန်း သူသိလိုက်တယ်။ထိုကောင်လေးနဲ့ဆန့်ကျင်စွာ သူ့ကိုယ်သူငုံ့ကြည့်မိပြီး ပြုံးမိသွားတယ်ထင်တယ်။

* ကိုကိုဂျောင်ကုနဲ့ သိတဲ့လူလား *

* မသိပါဘူး *

* ဒါဆို ဘာလို့ပြုံးနေတာလဲ *

* ကြည့်ကောင်းလို့ *
ထိုစကားကို တိုးတိုးလေးပဲရေရွတ်မိ၏။

ထို့နောက်ခေါင်းသာခါပြမိပြီး ဆရာမကြီးကိုသွားခေါ်ဖို့ အကုန်လုံးကိုပြန်လွှတ်လိုက်ရသည်။ရယ်မိတယ်ဆိုတာက သဘောကျချင်စရာလေးမို့လို့ပါ။

..... သစ်ခက်အိမ် .....

* ဒါဆို ကောင်လေးက ကောင်လေးဘာတွေဖြစ်ခဲ့လဲ ဘာတစ်ခုမှမမှတ်မိဘူးပေါ့ *

ဆန်ပြုတ်ပန်းကန်ကိုသယ်ပြီး အခန်းထဲဝင်လာသောဂျောင်ကုမှာ ဆရာမကြီးရဲ့စကားကြောင့် အခန်းရှေ့မှာရပ်နေမိပြီး သူ့ခုတင်ထက်မှာ ငြိမ်သက်စွာထိုင်နေသည့်ကောင်လေးကိုသေချာကြည့်နေမိတယ်။

* စဥ်းစားလို့မရရင်လည်း ထားပါ။ဆရာမကြီးတို့ဂေဟာမှာ သားမှတ်ဉာဏ်တွေပြန်ရတဲ့အထိနေလို့ရတယ်နော်.. ဟုတ်ပြီလား *

သတိပြန်လည်လာကတည်းက ဘာစကားတစ်ခွန်းမှမပြောသေးသလို၊​သူရောက်နေတဲ့ပတ်ဝန်းကျင်ကိုသာ စူးစမ်းလိုဟန်မျက်လုံးလေးတွေနဲ့လိုက်ကြည့်နေပြီး ခေါင်းချည်းခါနေခဲ့သည်။

ဆန်ပြုတ်ပန်းကန်ဝင်ပေးတဲ့ဂျောင်ကုကို ဆရာမကြီးက တစ်ခါတည်းစောင့်ခေါ်သွားပြီး အစ်ကိုယွန်းဂီကိုပါ မီးဖိုချောင်ဘက်ခေါ်သွားခဲ့သည်။ဂျောကုသည် သူပြင်ပေးတဲ့ဆန်ပြုတ်ကိုစားပါ့မလားသိချင်စိတ်ကြောင့်
အခန်းဘက်ကို မကြာခဏမျှော်ကြည့်သည်။

ထို့နောက် ဆရာမကြီးပြောလာမည့်စကားကိုသူတို့နှစ်ယောက်အာရုံစိုက်လိုက်ကြနှင့် သက်ပြင်းချသံကိုအရင်ကြားလိုက်ကြရပြီး..

* အတိတ်မေ့တဲ့လက္ခဏာပဲ။ *

* ငယ်ငယ်လေးရှိသေးတာကို *

အစ်ကိုယွန်းဂီသည် တည်တင်းနေသောမျက်နှာကြီးနဲ့မှမလိုက် ကရုဏာသပ်ဖွယ်ရေရွတ်တော့ ဆရာမကြီးပင် မျက်လုံးလှန်ကြည့်လေပြီး မျက်နှာကတော့ပြုံးစစနှင့်။

* ဂျောင်ကုက ကောင်လေးကိုအဖော်လုပ်ပေးလိုက်နော် မင်းအစ်ကိုနဲ့အတူတူနေခိုင်းဖို့မဖြစ်ပါဘူး။ဒီရုပ်တည်ကြီးကိုမြင်မှ ပိုပြီးအတိတ်မေ့သွားဦးမယ် *

ဆရာမကြီးက ခပ်ပြုံးပြုံးဆိုတော့ အစ်ကိုမျက်နှာမှာပို၍မှုန်ကုပ်သွားတယ်။

* ဆရာမကြီးကလည်း မသိရင် ကျွန်တော်ကပဲ လူဆိုးကြီးဖြစ်လို့ *

* ကိုကိုယွန်းဂီကရော မဟုတ်လို့လား *

မီးဖိုချောင်ထဲ​ သုတ်ခနဲပြေးဝင်လာသော ကလေးလေးတစ်ဦးက ထိုသို့လှမ်းအော်ကာ
ဆရာမကြီးနောက် ပြေးပုန်းရှာတော့သည်။
မကြောက်တာလည်းမဟုတ်ဘူး။အလကား။

အစ်ကိုယွန်းဂီက မျက်နှာသေကြီးနဲ့ကလေးနေရခက်အောင်ကြည့်သွားရုံကလွဲလို့ ဘာမှမပြောသလို သူ့လက်ထဲက ဖက်နဲ့ထုပ်ထားသည့်ဆန်မုန့်ကလေးကိုတောင် ကလေးကိုပစ်ပေးသွားသေည်။

နွေးထွေးမှုကိုပေါ်ပေါ်ထင်ထင်ထုတ်မပြတတ်ပေမယ့် သူ့နည်းသူဟန်နဲ့တော့ချစ်ခြင်းမေတ္တာသဘောတရားကို လှစ်ဟပြတတ်၏။

..... သစ်ခက်အိမ် .....

* ဂျောင်ကုရေ...၊ကောင်လေးကို ထမင်းစားဖို့အပြင်ခေါ်ထုတ်ခဲ့ပါဦး *

ဂေဟာအတူနေ အစ်မတစ်ယောက်က အခန်းရှေ့ကနေဖြတ်လျှောက်သွားရင်း လူသစ်ကောင်လေးကိုပါ အပြင်ထွက်ခဲ့ဖို့ မြည်တွန်သွားသည်။ဟုတ်သည်။အသစ်ရောက်လာတဲ့လူသစ်လေးကို အားလုံးက "ကောင်လေး"ဟုသာခေါ်ကြသည်။

ဆရာမကြီးကအစပြု၍ကလေးတွေကတော့ "ကိုကိုကောင်လေး"လို့ခေါ်ကြသည်။ဂေဟာကို ရောက်လာတာနှစ်ရက်ရှိပြီဖြစ်တာကြောင့် အားလုံးက ရင်းနှီးမှုပြကြပေမယ့် ထိုကောင်လေးကတော့ စိမ်းနေပုံရကာ ဂျောင်ကုခုတင်တွင်သာ ရှိနေတတ်သည်။

* ဂျီဂျီ ထမင်းသွားစားမယ် ထတော့ *

အိပ်နေသူရဲ့ လက်မောင်းသားတွေကိုဖွဖွတွန်းထိုးလျက် နှိုးနေသဖြင့် မျက်လုံးလေးတွေပွင့်လာခဲ့သည်။နေမကောင်းလို့ပဲလား
မသိပေမယ့် အမြဲလိုလိုခွေအိပ်နေတတ်သူအား အပြင်ခေါ်ထုတ်ချင်တာသည် ဂျောင်ကုရဲ့ဆန္ဒဖြစ်သည်။

* ဘာလို့ ဂျီဂျီလဲ *

* ဟမ် *

* တစ်ခြားသူတွေက ကောင်လေးလို့ခေါ်ပေမယ့် မင်းက ဘာလို့ဂျီဂျီလို့ခေါ်ရတာလဲ *

ဂျောင်ကုရဲ့မျက်အိမ်ကျယ်ကျယ်လေးတွေမှာဝိုင်းဖန့်သွားရပြီး နှုတ်ခမ်းလေးပင်ဟသွား
ရသည်။ဘာ​ပြန်ဖြေရမလဲ ကြောင်အ နေကာခေါင်းပဲ သူကုတ်နေသည်။

* ငါ့ကို သိနေတာလား *

* မသိပါဘူး ဂေဟာရှေ့မှာပထမဆုံးမြင်ဖူးတာ *

* ဒါဆို ဘာလို့ဂျီဂျီလို့ခေါ် ခေါ်နေတာလဲ *

* မင်းအင်္ကျီကော်လံတွေမှာ "J"ဆိုတဲ့အက္ခရာကို ချည်ထိုးထားကြလို့လေ။ဘောင်းဘီမှာရောပဲ။ပြီးတော့ ဖိနပ်ထဲကအဝတ်စမှာလည်းထိုးထားသေးတယ်။အဲ့ဒါကြောင့် *

* အဲ့လိုလား *

သံသေတ္တာပေါ်မှာ ခေါက်ရက်ကလေးထပ်တင်ထားတဲ့အဝတ်အစားတွေနဲ့ ဘီဒိုအောက်ကဖိနပ်လေးကို တစ်လှည့်စီလက်ညိုးထိုးပြသွားသည့် ဂျောင်ကုမှာ "ငါက ဘယ်နားကမှားနေလို့လဲ"လို့ပြန်မေးနေသယောင်ရှိတယ်။

* တကယ်ပဲ ငါ့ကိုမသိဘူးပေါ့ *

ချက်ချင်းမျှော်လင့်ချက်မဲ့သွားသည့် မျက်နှာလေးက ဘယ်လိုအကြောင်းတွေကိုတွေးမိလို့ပါလိမ့်။အဲ့ဒီအဖြေကို သူလည်းတကယ်မသိသဖြင့်ပခုံးလေးနှစ်ဖက်ကိုနောက်ကနေ ထိန်းကိုင်ထားလိုက်ပြီး အခန်းပြင်ထွက်ခဲ့ရတယ်။

ပါလာတဲ့တန်ဖိုးကြီးအဝတ်အစားတွေအစား ဆရာမကြီးထုတ်ပေးထားတဲ့ ဂေဟာက အဝတ်အစားအကြမ်းထည်တွေနဲ့ဆိုပေမယ့်
မျိုးရိုးမြင့်အရှိန်အဝါကတော့ကွယ်ပျောက်မသွားပါဘူး။ရတနာမှန်ရင် နွံမနစ်ဘူးဆိုတဲ့စကားကသိပ်မှန်လွန်းလိုက်တာ။

..... သစ်ခက်အိမ် .....

ဂေဟာရောက်လာပြီးရက်ကြာလာတော့ အခန်းထဲချည်းမနေနိုင်တော့၍ ကလေးတွေနည်းတူ ကူလုပ်ပေးချင်သော်လည်း ဆရာမကြီးက ပင်ပန်းတာမျိုးတွေမလုပ်ခိုင်းပေ။
ကလေးသေးသေးလေးတွေနည်းတူ နိုင်တာလေးတွေပဲလုပ်စေသည်။

မီးဖိုဆောင်ထဲမှာ ဟိုဟာလေးကူ ဒီဟာလေးကူနဲ့ မအူမလည်လေးဖြစ်နေတဲ့ကောင်လေးကြောင့် ဂျောင်ကု့နှုတ်ခမ်းလေးမှာပြုံးသွားလျက် စက်ဘီးကိုဒေါက်ဖြုတ်ပြီး ခြံရှေ့ထိနင်းချသွားလေသည်။

ပြီးကာမှ လမ်းမပေါ်တွင်ဆော့နေသော ကလေးတစ်ယောက်ကိုတိုးတိုးလေးကပ်ပြောပြီး ဂေဟာထဲအတင်းသွားခိုင်းပြန်သည်။
ကလေးသည် စူပုတ်ပုတ်မျက်နှာလေးနဲ့ "မုန့်ဝေရင် ကိုကိုဂျောင်ကုဝေစုပေးရမယ်နော်"လို့ညစ်တစ်တစ်လေးပြောသွားသေး၏။

စက်ဘီးကိုခွထားပြီး ခြေထောက်တွေကိုမြေကြီးမှာထိထားကာ သူ့ပုံစံကတစ်ခုခုကို
စိတ်ရှည်ရှည်ထားပြီးစောင့်နေသည့်ပုံ..။
သိပ်မကြာ အထဲဝင်သွားတဲ့ကလေးနဲ့အတူ
ပါလာသည့်အရိပ်လေးကြောင့် ဂျောင်ကုကခေါင်းလေးထောင်ကြည့်သည်။

* ကိုကိုကောင်လေးကို ခေါ်တာ ကိုကိုဂျာင်ကုပဲ။ကိုကို မုန့်နော် *

* ပေးမယ်ဆို *

ထိုသို့​အော်ပြောလိုက်တော့မှ မျက်စောင်းလေးထိုးပြီး ကစားနေကြတဲ့အုပ်စုထံပြေးဝင်သွားတော့သည်။

* တက်။ *

နောက်ခုံကို လက်နဲ့ပုတ်ပြသည့်အခါ မျက်ခုံးလေးတွေတွန့်ပြီးပြန်ကြည့်လာသည်။ဘာလို့လဲ။ဘာလို့အဲ့လိုကြည့်ရတာလဲ။စက်ဘီးလေးအတူတူစီးချင်ရုံလေးကို။

* အနီးအနားက လယ်ကွင်းတွေဆီလိုက်ပို့မယ်။မရောက်ဖူးဘူးမလား လာခဲ့ သိပ်လှတာပါဆို *

* လယ်ကွင်းများ အဆောင်ထဲကနေလှမ်းကြည့်ရင်တောင် မြင်နေရတာပဲ မတက်ဘူး *

* မတူဘူးလေ။ပန်းစိုက်တဲ့ခြံတွေဆီပါ ငါလိုက်ပို့ပေးဦးမှာ။နေကြာရိုင်းတွေရောရှိတယ်။အရမ်းလှတာ မကြည့်ချင်ဘူးလား *

စည်းရုံးတာ အောင်မြင်တယ်လို့ပြောရမယ်။
ထပ်ပြီး မေးခွန်းတွေထုတ်မနေတော့ဘဲ နောက်ခုံမှာ တက်ထိုင်လိုက်တာကြောင့် စက်ဘီးလက်ကိုင်ကိုမယိုင်သွားစေဖို့ ထိန်းမတ်ထားလိုက်ရသည်။

သူညွှန်းထားသည့်အတိုင်း အနီးအနားကစပါးစိုက်သည့်လယ်ကွင်းတွေဆီလိုက်ပို့ပေးရင်း၊
လမ်းတစ်လျှောက်က တောပန်းလေးတွေအကြောင်းလည်း ရှင်းပြရှာသည်။လိုက်ပြစရာ အထွေအထူးဘာမှမရှိဘူးလေ။ဒါတွေပဲရှိလို့ ဒါတွေပဲလိုက်ပြပေးဖြစ်တယ်။

ပြောပြသမျှကို အရောင်တလက်လက်မျက်လုံးလေးတွေနဲ့သေချာနားထောင်ပေးနေတာကို မြင်မိတိုင်း သူ့နှုတ်ခမ်းမှာအခါခါပြုံးရသည်။တစ်နေ့တည်းနဲ့တင် ဘယ်နှစ်ကြိမ်တောင်ပြုံးနေမိသလဲ မသိတော့တဲ့အထိ..။

မြေညီလမ်းလေး၏တစ်ဖက်တစ်ချက်ဆီ၌ အလေ့ကျ(သဘာဝအတိုင်း)ပေါက်ရောက်နေကြသည့်နေကြာရိုင်းတွေရဲ့ အကိုင်းအခတ်တွေနှင့်ပန်းဝါဝါများဟာလမ်းမအလယ်အထိထိုးထောင်နေကျသလို၊ထိုလမ်းတစ်လျှောက်
ပန်းရနံ့တို့ဖြင့် ထုံသင်းနေသေးသည်။

ပန်းရုံတွေအမြောက်အမြားရှိတဲ့လမ်းကျဥ္းလေးထဲ စက်ဘီးကိုကွေ့ချလိုက်သည်နှင့်
အဝါရောင်ပန်းပွင့်ငယ်များသည် အတုံးအရုံးထိုလူသားလေးရဲ့မျက်နှာထံအလုအယက်ပြေးအပ်ကြသည်။နောက်ပါးဆီကနေကြားနေရတဲ့ရယ်သံတိုးတိုးလေးကြောင့် စက်ဘီးဘရိတ်ကိုယောင်ယမ်းစွာညှစ်မိသွားတယ်။

လှည့်ကြည့်ခိုက် ဖြတ်ခနဲမြင်လိုက်ရတဲ့အပြုံးလေးကအစ ကျွန်တော်သတိလက်လွတ်ပေးမိတယ်...မညာဘူး။ထိုမျိုးရိုးမြင့်လေးကိုမြင်တိုင်း တစ်စိမ့်စိမ့်ထိုင်ကြည့်နေချင်တဲ့စိတ်ကို အတတ်နိုင်ဆုံးတားဆီးကြည့်သေးသော်လည်း လက်တွေ့မှာအံချော်ရစမြဲ။

ကျွန်တော် ရူးနေပြီထင်တယ်။
မျိုးတူယောကျာ်းလေးတစ်ယောက်ကို
အချိန်တိုင်း ငေးကြည့်နေချင်ပြီး သူ့ရယ်သံလေးကိုအမြဲတမ်းကြားချင်နေတာ ဘာရောဂါများလဲ။တကယ်ရူးများနေပြီလား

နေကြာတစ်ခက်ကို ချိုးယူလိုက်ရင်း ရင်ခုန်ဖက်တမ်းချင်းလေးဆီ ကမ်းလင့်ပေးတော့
မျက်လုံးကြည်ကြည်လေးတွေနဲ့ပြန်ကြည့်လာခဲ့သည်။ပထမဆုံးရင်ခုန်သံက သိပ်လှတာပဲ။သူလိုကိုယ်လိုယောကျာ်းလေးဖြစ်နေပေမယ့် မြတ်နိုးယုယပေးချင်မိတယ်။

​ေမမေသာရှိခဲ့မယ်ဆိုလျှင် သူက သိပ်လှတာပဲဗျာလို့ မေမေ့ထံအရင်ဆုံး ဝန်ခံချင်တယ်။

လူတစ်ချို့ကပြောကြတယ်။ပန်းပေးတယ်ဆိုတာအရှုံးပေးတာပါတဲ့။ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ရဲ့ချစ်ခြင်းမေတ္တာကိုထုတ်ပြခဲ့ရုံပါ။ကျွန်တော်ချစ်မိသွားခဲ့ပြီပဲ။

..... သစ်ခက်အိမ် .....

ရင်ခုန်သံတွေမြဲဖို့၊အချစ်တစ်ခုမြဲဖို့အတွက် ဘယ်ဘုရားကျောင်းမှာ တောင်းဆုပြုရမလဲ။
................။

ပြတင်းပေါက်လေးအနား ပုံပြင်စာအုပ်ထိုင်ဖတ်နေတဲ့ ရင်ခုန်ဖက်တမ်းချင်းလေးကို မပျင်းမရိ့ထိုင်ကြည့်တတ်တာက တာဝန်တစ်ခုဆိုတာထက် ပိုသာလာခဲ့တယ်။

အကြည့်တွေ အပြုံးတွေကအစ သူနဲ့ဆို
လေးလေးနက်နက်ဖြစ်နေတတ်တဲ့ဂျောင်ကုခံစားချက်တွေကို အစ်ကိုယွန်းဂီကရိပ်မိလာခဲ့တယ်။ဒီလောက်ထိ သိသာနေတာကို မရိပ်မိတာကမှ ထူးဆန်းနေဦးမှာ။

* လိုက်ခဲ့ *

အခန်းအပြင် ကုလားထိုင်လေးမှာငုတ်တုတ်ထိုင်ပြီး အခန်းထဲကိုချည်းကြည့်နေသည်မို့ ်ခံစားနိုင်တော့သည် အစ်ကိုဟာ ထိုသို့ခေါ်ပြီး အဆောင်ပြင်ကိုထွက်သွားလေသည်။အတော်ဝေးဝေးထိလျှောက်နေပြီးမှ ဂျောင်ကုဘက်ကို ပြန်လှည့်လာပြီး အဓိပ္ပာယ်ပါပါစိုက်ကြည့်လာသည်။

* သစ်ခက်အိမ်မဆောက်ချင်စမ်းနဲ့ ဂျောင်ကု။အဓိကပင်ပန်းရမှာ အဲ့ဒီအိမ်ကိုမှ သောက်ရူးလိုဆောက်ချင်နေတဲ့ မင်းကိုယ်တိုင်ဖြစ်လိမ့်မယ် နားလည်လား။ *

အဆက်အစပ်မရိှသောစကားကြောင့် ခဏတော့တွေဝေသွားခဲ့ပေမယ့် အစ်ကိုဘာကိုပြောချင်သလဲသိသွားခဲ့သည်။

* ဒါဆို အစ်ကိုကရော..၊အစ်ကိုလည်း သူ့ကိုချစ်နေတာပဲလေ။ဘာလို့မကြိုးစားချင်ရတာလဲ *

* မီးတောက်ဆိုတာ အဝေးကကြည့်နေရင်သာ လှချင်လှလိမ့်မယ်။အနီးကပ်တိုးကြည့်ရင်တော့ အပူဟပ်ခံရမှာပဲ။ငါက အလှပဲချစ်တာ အဲ့အချစ်ကလည်းတစ်ဒင်္ဂလေးပဲ!အပိုင်မလိုချင်ဘူးအငယ်လေး။ပူမယ်မှန်းသိရက်နဲ့မီးပုံထဲကိုအတင်းမတိုးချင်စမ်းနဲ့ ရပ်လိုက်တော့ *

* သူရဲဘောကြောင်လိုက်တာ *

အဟုတ်ပင်။အချစ်တစ်ခုအပေါ်အစ်ကိုခံယူထားတဲ့အမှန်တရားကို ရှုံ့ချလိုသည်။

* တော်တော့ကွ။ထုံထုံအအလုပ်မနေနဲ့ သောက်ရူးလေးရ။နောက်ဆုံး မင်းဆောက်ထားတဲ့အိမ်မှာ မင်းပဲကျန်ခဲ့ရမှာ *

ယွန်းဂီသည် ဂျောင်ကု့မျက်နှာကိုတစ်ချက်သာစိုက်ကြည့်သွားပြီး တည်တင်းသောမျက်နှာမျိုးဖြင့် လှည့်ထွက်သွားတော့သည်။

တကယ်ချစ်ရင် အဆင့်အတန်းဆိုတာဘာအရေးလဲလို့ လူတစ်ချို့ကပြောချင်ပြောကြလိမ့်မယ်။ဒါပေမယ့် ချစ်သူတွေကိုခွဲနိုင်တာကလည်းအဲ့ဒီအဆင့်အတန်းဆိုတဲ့စကားလုံးလေးကပဲ။

..... သစ်ခက်အိမ် .....

တရိပ်ရိပ်လှိုက်တက်လာသော တိမ်ဆိုင်မည်းမည်းတွေကြောင့် များမကြာမှီတွင် မိုးရွာချမည်မှာသေချာသလောက်ကိုရှိ၍ ဝါးလုံးတန်းတွင်ချိတ်ထားသည့်ထီးကိုဆွဲယူသွားပြီး မြန်ဆန်သောခြေလှမ်းတွေနဲ့ ဂေဟာအပြင်ဘက်ကို ဂျောင်ကုကပြေးထွက်သွားသည်။

မိုးမခပင်အောက်မှာ အမြဲလိုလိုထိုင်နေတတ်တဲ့ကောင်လေးကို မိုးမစိုစေချင်ပါ။အပြည့်အဝမကာကွယ်ပေးနိုင်သေးပေမယ့် မိုးမစိုအောင်ထီးဆောင်ပေးတာပဲဖြစ်ဖြစ်၊ပန်းတစ်ပွင့်ခူးပေးခွင့်ရတာပဲဖြစ်ဖြစ် ကျွန်တော်ပျော်ပါတယ်။

* မိုးရွာတော့မယ် ဂျီဂျီ *

* မိုးရွာတော့မှာလား။ကောင်းသားပဲ။ *

ခေါင်းလေးငဲ့ကြည့်ရုံသာကြည့်ပြီး သူထိုင်နေတဲ့ဒန်းကလေးကို ခြေထောက်နဲ့ခပ်ဖြည်းဖြည်းချင်းလှုပ်ယမ်းနေပြန်သည်။ဘာရယ်မဟုတ် ငေးမိသွားတဲ့အချိန်ကိုက်မှာပဲ
မိုးစက်တို့ကျဆင်းလာသံကိုကြားလိုက်ရ၍
အပြေးအလွှားထီးမိုးပေးလိုက်ရတယ်။

သို့သော် သိပ့်သည်းစွာထူထူထပ်ထပ်ဖြစ်နေတဲ့မိုးမခရွက်တွေကြောင့် ပင်စည်အောက်ကသူတို့ထံ မိုးစက်များကျရောက်ခြင်းမရိှသလိုရှား၏။မျက်စိရှေ့မှာထပ်မြင်လိုက်ရတဲ့နှုတ်ခမ်းလေးထက်ကအပြုံးကြောင့် ထီးကိုဆုပ်ကိုင်ထားတဲ့သူ့လက်တွေမှာတင်းကြပ်သွားရသည်။

* ဂျီဂျီ မင်းကိုသဘောကျတယ် *

ဖွင့်ပြောပြီးသွားမှ နှုတ်ခမ်းကိုက်ထားလိုက်ပေမယ့် အမှားကိုကျူးလွန်ပြီးသွားတာပါပဲ။

* ဟို..ဒီခံစားချက်ကို မင်းနားလည်မှာမဟုတ်ဘူး။ငါ့ခံစားချက်ကိုသိထားပေးနော် *

ပြန်ကြည့်လာတဲ့မျက်ဝန်းလေးကြောင့် မျက်ခွံတွေကိုလျှပ်တပြတ်စိုက်ချလိုက်ပေမယ့် ပခုံးထက်ရောက်လာသော ညင်သာမှုလေး။လူသည် ဘာဖြစ်သွားသလဲမသိတော့စွာခပ်ကြောင်ကြောင်ဖြစ်သွားရသော်ငြား
အသိစိတ်နဲ့ကပ်နေဆဲပါ။

ဂျီဂျီက အခုသူ့ကိုဖက်ထားတာ။လိပ်ပြာလေးပခုံးထက်မှာ ဖွဖွလာနားနေသလိုခံစားချက်လေး။လောကမှာရှိရှိသမျှသောပန်းတွေရဲ့ရနံ့သင်းသင်းကိုပါ နှာခေါင်းဝဆီမှာရလိုက်သလိုခံစားချက်လေး။နူးညံ့တယ်။သိမ်မွေ့တယ်။ဒါ အိမ်မက်တော့မဟုတ်ဘူးမလား။

* ဂျီ..ဂျီဂျီ *

* မင်းရဲ့ခံစားချက်ဆိုတာ ဒီလိုခံစားချက်ကိုပြောတာလား။ငါ့လိုပဲ မင်းလည်းဖက်ထားချင်နေခဲ့တာလား *

* ဘယ်လိုပြောပြရမလဲ ငါမသိတော့ဘူး *

* ဒါဆိုမပြောနဲ့တော့။ငါလည်း မင်းကို သဘောကျတယ်ဂျောင်ကု *

အဲ့ဒီနေ့က ကျွန်တော့်ကောင်းကင်မှာ အလှဆုံးသောကြယ်လေးတစ်ပွင့်ထွန်းလာတယ်။
ပြီးတော့ ကျွန်တော်ပဲရှိမယ့် ကျွန်တော့်ကမ္ဘာမှာ အမွှေးပျံ့ဆုံးသော ပန်းလေးတစ်ပွင့်ပွင့်ခဲ့သလို၊မြင်မြင်သမျှဟာ လှပလွန်းနေခဲ့တယ်။

ကျွန်တော့်ရဲ့ အပျော်ရဆုံးသောနေ့လေးက သူကြောင့်ဖြစ်တည်လာခဲ့တယ်။

..... သစ်ခက်အိမ် .....

အစ်ကိုမကြည်ဖြူတဲ့ကြားကနေ ကျွန်တော်သူ့ကိုပဲ ရှေးရှုခဲ့တယ်။ကျွန်တော်နားလည်ထားတဲ့ ချစ်ခြင်းမေတ္တာတွေအတိုင်းသူ့ကိုပဲပေးဖြစ်ခဲ့တယ်။ငယ်ရွယ်လွန်းတဲ့အချစ်တစ်ခုမို့ လက်မကိုင်ရလည်း ကျွန်တော်သိပ်ချစ်ခဲ့တယ်။

အသားချင်းထိဖို့တောင် မရဲတင်းခဲ့ပေမယ့် ကျွန်တော်နားလည်ထားသလို ချစ်ပြခဲ့တယ်။
ချစ်ပြဖို့ကို ကျွန်တော်တစ်ခါလေးတောင်မတွန့်ဆုတ်ခဲ့ဘူး။ဘာဖြစ်ဖြစ် ကျွန်တော်ကတော့ချစ်နေမှာပဲ။ချစ်တဲ့အကြောင်းကို မလိမ်ညာဘဲ ရိုးရိုးလေးချစ်ပြခဲ့တယ်။

ကျွန်တော်သူ့ကို သိပ်ချစ်ခဲ့တာ။
သူ့မျိုးရိုးကဘာလဲ။သူကချမ်းသာတဲ့အိမ်ကလား။သူကချောနေလို့လား။လှနေလို့လား။
ဘယ်လိုသဘောတရားနဲ့မှချစ်ခဲ့တာမဟုတ်ဘူး။သူဖြစ်နေလို့ကို ရိုးရိုးလေးချစ်မိခဲ့တာ။
အကြောင်းပြချက်က "သူ"ဖြစ်နေတာမျိုး။

* ငါ ဂျောင်ကုနဲ့ အသက်တွေကြီးသွားတဲ့အထိနေချင်တယ် *

* မင်းသာဆန္ဒရှိရင် ငါလိုက်လျောပေးမှာပေါ့ မင်းသာ ငါ့အနားကထွက်မသွားနဲ့ *

စက်ဘီးလေးတစ်စီးရယ်
မြေနီလမ်းကလေးရယ်
ရယ်သံတိုးတိုးလေးတွေရယ်..
ရင်ခုန်သံတွေ ပြန့်ကျဲကျန်ခဲ့တဲ့ ထိုလမ်းမှာ
အချစ်ရဲ့ခြေရာလေးတွေ ကျန်ရစ်ခဲ့ကြတယ်။​..................။

စက်ဘီးတစ်စီးနဲ့ လယ်ကွင်းပြင်ကျယ်တွေအထိ လျှောက်နင်းခဲ့ကြပြီး ဂေဟာသို့ပြန်လာခဲ့ကြပေမယ့် မထင်မှတ်ထားသည့်သတင်းဟာ သူတို့နှစ်ဦးလုံး၏သည်းခြေစိုင်တွေကို
အရှိန်အဟုန်ပြင်းပြင်းနဲ့ထိုးစွခံလိုက်ရသည်။
အဓိကကတော့ ဂျောင်ကုရင်ကိုပေါ့။

* ကောင်လေး..။ *

သူ့ကိုကျော်ပြီး လှမ်းခေါ်လိုက်သည့်နမ်စားလေးကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ပြီးမှ အပြုံးတွေနဲ့ဆရာမကြီးမျက်နှာကိုပြန်ကြည့်နေလိုက်သည်။

* ကောင်လေးရဲ့ မိဘတွေတဲ့။ကောင်လေးကိုပြန်လာခေါ်ကြတာ *

စက်ဘီးလက်ကိုင်ကိုကိုင်ထားသည့်လက်တွေမှာ တင်းကြပ်သွားသလို၊အသက်ပါအောင့်မိသွားသည်။စည်းချက်မညီတော့တဲ့ရင်ခုန်သံကိုလျစ်လျူရှုရင်း သူ့နောက်က ကောင်လေးရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေမိသည်။

* တကယ် မိဘတွေလား *

ထိုစကားလေးနဲ့တင် သူ့နှလုံးသားတစ်ခုလုံးချောက်နက်နက်ထဲ တွန်းချခံလိုက်ရတာ..။

မမျှော်လင်ထားဆုံးအကြောင်းအရာက အသိပေးခြင်းတစ်စုံတစ်ရာမရှိခဲ့ဘဲရောက်ချလာခဲ့တာ။ပြင်ဆင်ချိန်လေးတောင် မရလိုက်ဘူး။အဲ့လိုမလုပ်ကြပါနဲ့လို့ သူ့စိတ်ထဲမှာအကြိမ်ပေါင်းများစွာအော်ဟစ်နေခဲ့တယ်။
သို့သော် သူထုတ်မပြခဲ့ဘူး။

တားမြစ်ပိုင်ခွင့်ကိုယ့်မှာ တစ်စုံတစ်ရာရိှမနေတဲ့အခါ ရင်နာနာနဲ့နောက်ဆုတ်လိုက်ရတာမျိုး။နှလုံးသား၏ဟိုးအောက်ခြေအထိအေးစက်သွားရတာကို ကျွန်တော်သာလျှင်သိခဲ့တယ်။

မနက်တုန်းက ဈေးကဝယ်လာခဲ့တဲ့ချည်ကြိုးနှင့်ကျစ်ထားသည့်လက်ပတ်ကလေးကို သူ့လက်ကလေးမှာ ဝတ်ပေးတော့ သူကပြုံးနေခဲ့တယ်။မဆိုးပါဘူး။ဒီလိုနည်းနဲ့လည်းဆင်တူဝတ်ထားလို့ရသေးတာပဲကို..ဝမ်းနည်းစရာတော့မရိှပါဘူး။

* ငါပြန်လာခဲ့မယ်နော်။ဂျောင်ကုဆီ ငါပြန်လာခဲ့မယ်။စောင့်နေနော် *

ထိုစကားလေးကလွဲလို့ ကိုယ့်အတွက်သူချန်ခဲ့တာ အလွမ်းတွေအပြင် ဘာဆိုဘာမှမရှိခဲ့ဘူး။အင်း...သူပေးတဲ့နှုတ်ဆတ်လက်ဆောင်အပြုံးလေးကိုတော့ ကိုယ့်ရင်ထဲသိမ်းဆည်းထားမှာပါ။

..... သစ်ခက်အိမ် .....

လွမ်းတယ်။မျက်နှာလေးကိုတွေ့ချင်သေးတယ်။လွမ်းလွန်းလို့ ပြေးတွေ့ရမလားစဥ္းစားကြည့်ခဲ့ပေမယ့် သူဘယ်မှာနေလဲတောင်
ကျွန်တော်မသိဘူး။ရယ်စရာကောင်းတယ်မလား။ဒါပေမယ့် ကျွန်တော်မရယ်နိုင်ခဲ့ဘူး။

မိုးရွာတဲ့နေ့တွေဆို ဂေဟာရှေ့ကမိုးမခပင်ကို အကြောင်းမဲ့စိုက်ကြည့်နေတတ်သလို၊တစ်ခါတစ်ရံ ရေစိုနေတဲ့လမ်းတွေမှာပါ သူ့ကိုလိုက်ရှာနေမိတတ်တယ်။ပြန်လာမယ်လို့ပြောသွားခဲ့ပေမယ့် သူပြန်မလာတော့ဘူးဆိုတာကို ကျွန်တော့်နှလုံးသားကသိနေခဲ့ပြန်တယ်။

ကျေးဇူးပြုပြီး ညာပြီးတော့ဖြစ်ဖြစ် ပြောပေးလို့ရမလား။"သူပြန်လာမှာပါနော်။"

* ဂျွန်ဂျောင်ကု မင်းလုပ်ပုံကမဟုတ်တော့ဘူး ကွ၊မိုးရွာထဲ ဘယ်အချိန်ထိထိုင်နေမှာလဲဟမ်။ဟိုကပြန်မလာခင် မင်းကအရင်ဖျားပြီသေတော့မှာ *

မိုးမခပင်အောက်က သစ်သားပြားဒန်းကလေးတွင် နေ့လယ်ကတည်းကထွက်ထိုင်နေတဲ့ကောင်လေးဟာ ညနေမိုးတွေစွေတဲ့အထိ အထဲပြန်ဝင်မလာတော့ အစ်ကိုကိုယ်တိုင်ထွက်ခေါ်ရသည်။

ပါးစပ်ကလည်း ပွစိပွစိပြောနေရင်း"ငါ့ကိုအလုပ်ရှုပ်နေတာပဲလို့လည်း အစ်ကိုက မကြားတကြား"ညဥ္းတွားတတ်သေးတယ်။

* အစ်ကို...သူပြန်လာမှာပါနော် *

* မင်း သောက်ရူးလား။ရူးမနေနဲ့ ရပ်လိုက်တော့ *

* သူကတိပေးသွားတယ် *

မိုးရေစက်တွေကြောင့်လား အမြင်မသည်းကွဲလို့ပဲလား အတပ်မပြောနိုင်သော်လည်း ထိုကောင်လေးမျက်နှာထက်မှာ လိုတာထက်ပိုပြီး ရေစက်တွေဖြင့်ရွဲနေခဲ့သည်။

တစ်ရက်ကနေ တစ်ပတ်
တစ်ပတ်ကနေ တစ်လ...
သူ ပြန်မလာတော့တာသေချာပြီပဲ။

..... သစ်ခက်အိမ် .....

အအေးမိပြီး ဖျားနေတာသုံးရက်လောက်ရှိနေပြီ။ဒီလောက်အကြာကြီး အဖျားကြောမရှည်ဖူးတဲ့ကလေးမို့ ဆရာမကြီးကလည်း စိတ်ပူလှပြီဆိုပေမယ့် ဂျောင်ကုကတော့ အပြုံးပင်မပျက်ခဲ့..။

ရင်ထဲကဝေဒနာကိုမပြချင်လို့ပဲလား?ပင်ကိုစရိုက်ကလေးကိုက ပျော်ပျော်နေတတ်တဲ့ကောင်လေးမို့ပဲလား သေချာမပြောပြတတ်ပေမယ့် အိပ်ရာထဲခွေနေတယ်ဆိုတာကိုမရှိဘူး။ဆရာမကြီးအနားကပ်လိုက်၊ကလေးတွေနားကပ်လိုက်နဲ့။

လောကကြီးအပေါ် အကောင်းမြင်တတ်တဲ့လူ၊ဘာဖြစ်ဖြစ်ပြုံးပြဖို့ဝန်မလေးတတ်တဲ့လူကိုဆို ကံကြမ္မာကသိပ်အခွင့်အရေးယူချင်ကြတယ်။အနာပေါ်ကိုအနာဆင့်ပြီး ဆားသိပ့်ဖို့လည်း ဝန်မလေးတတ်ဘူးထင်သည်။

သူ့ရင်ထဲကလူသားလေးကို ဆွဲထုတ်သွားပြီးပျောက်ချင်းမလှပျောက် သွားခဲ့တဲ့ဂျီဂျီမိခင်ဆိုသူဟာ တစ်ရက်တွင်တော့ သူတို့ဂေဟာကိုအလှူရှင်အဖြစ်နဲ့ပြန်ရောက်လာခဲ့တယ်။အလှူရှင်တွေလာတဲ့ရက်ဆို ကလေးတွေမှာတအားပျော်ကြတာပဲ။

* ဂျောင်ကုလေး ဝင်လာခဲ့လေ *

ဂျီဂျီမိခင်နဲ့ဘာတွေများပြောနေကြသလဲသိချင်သဖြင့် ဆရာမကြီးရုံးခန်းထဲ တိတ်တိတ်လေးချောင်းကြည့်ခဲ့ပေမယ့် လူမိသွားခဲ့၏။
လူကြီးတွေစကားဝိုင်းထဲ သူမပါချင်ခဲ့ဘူး။သိချင်တာ ဂျီဂျီအကြောင်းတစ်ခုတည်းရှိတယ်။

ထိုစကားဝိုင်းထဲ ကြိုရောက်နေသောအစ်ကိုက နဂိုတည်တည်တင်းတင်းမျက်နှာမျိုးနဲ့ထိုင်နေတယ်ဆိုပေမယ့် ဒေါသထွက်နေတယ်ဆိုတာကိုတော့ အစ်ကို့ယွန်းဂီရဲ့နားရွက်ရဲရဲတွေကိုကြည့်ရုံဖြင့် သိနိုင်ခဲ့သည်။

ရုံးခန်းထဲဂျောင်ကုဝင်လာတော့ အစ်ကိုယွန်းဂီက ထိုင်နေရာမှထလာပြီး ဂျောင်ကုကိုပါ အပြင်ကိုခေါ်ထုတ်သွားခဲ့သည်။သူ့ထံတစ်ခဏသာအကြည့်ရောက်လာတဲ့ အမျိုးသမီးကြီးဆီကနေဂျီဂျီအကြောင်းသိချင်သေးတာကို။

ဂေဟာနဲ့မျက်နှာချင်းဆိုင်ရှိ ဘုရားကျောင်းနားထိခေါ်သွားခြင်းခံရတာကြောင့် ဘာတွေဖြစ်နေသလဲ?သူ့မှာ ဘူမသိကိုးမသိနဲ့လိုက်သွားပေးရသည်။ခပ်မြင့်မြင့်တောင်ကုန်းလေးပေါ် အစ်ကိုယွန်းဂီပြေးတက်သွားလျှင်
သူ့ပါ​​ အငြိမ်မနေရပါ။

ထို့နောက်တွင်တော့ သူ့လက်ထဲ ရွှေရောင်ဖိတ်စာတစ်ခု အစ်ကိုက ထည့်ပေးပြန်သည်။
ကြောင်အစွာမော့ကြည့်ဖြစ်တော့ အစ်ကိုက
မကြည့်ရက်သလို မျက်နှာလွှဲသွားလေသည်။

* မင်းရဲ့ဂျီဂျီ မင်္ဂလာဆောင်တော့မယ်တဲ့ *

သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားရတယ်။ပြီးတာနဲ့တစ်ဆက်တည်း သူ့စိတ်ဓာတ်တွေပါ အေးစက်တောင့်ခဲနေတဲ့ကြမ်းပြင်ထက် ပစ်ချခံလိုက်ရသလို အရိှန်ပြင်းပြင်းနဲ့ပြုတ်ကျသွားရတော့သည်။

မျက်ခမ်းထောင့်၌ဝေ့သီလာတဲ့ မျက်ရည်စတစ်ချို့ဟာ စိတ်၏အေးခဲမှုကြောင့် အပြင်သို့လျှံကျလာခြင်းမရှိ။ခံစားချက်တွေကြောင့် သူ့နှလုံးသားတစ်လုံးထုံထိုင်းသွားလို့ဖြစ်မည်။ငိုချင်တာတောင် မျက်ရည်ကမကျဘူးဆိုတော့..။

* ငါပြောခဲ့တယ်မလား သောက်ရူးလို လွမ်းမနေနဲ့လို့။အဲ့သောက်ကလေး ဘာအချိုး ချိုးသွားတာလဲကွာ။ *

* ဖိတ်စာတောင်ဝေပြီးပြီဆိုတော့ သူနေကောင်းသွားလို့ဖြစ်မယ်။ကောင်းပါတယ်။
သူ့အတွက် ကျွန်တော်ပျော်ပါတယ် *

အစ်ကိုယွန်းဂီက သူ့ကို တစ်ချက်သာစိုက်ကြည့်သွားပြီး တောင်ကုန်းလေးပေါ်ကဆင်းသွားတော့သည်။အရူးလိုမျိုး ဖိတ်စာကိုကြည့်ပြီးပြုံးနေတဲ့ကောင်ကို စိတ်ကုန်သွားလို့ဖြစ်ရင်လည်းဖြစ်မှာပေါ့။

* သား..။အန်တီနဲ့စကားခဏပြောမလား *

အမျိုးသမီးကြီး၏အသံသည် အေးမြတယ်။
ဂျီဂျီလိုပဲ ချိုသာတဲ့အသံလေးကိုပိုင်ဆိုင်ထားတာပဲ။မတ်တတ်ရပ်နေတဲ့သူ့အနားကို လာရပ်ပြီး အဝေးကလယ်ကွင်းပြင်စိမ်းစိမ်းတွေကိုသေချာကြည့်နေရှာသည်။

* သားကို အန်တီတောင်းပန်ချင်လို့ပါ *

* ဘာအတွက်လဲခင်ဗျ *

* အန်တီသားကို မချစ်ပါနဲ့ *

သူတကယ် မွန်းကြပ်သွားရသည်။အသက်ရှုတွေပင်မမှန်ချင်တော့ပါ။အဲ့လောက်ထိမရက်စက်ကြဖို့ ဘယ်လိုစကားလုံးနဲ့တောင်းဆိုသင့်သလဲ၊သူ့ဦးနှောက်က အလုပ်မလုပ်တတ်
တော့ဘူး။

ဂျောင်ကုသည် သူ့မျက်လုံးတွေကိုမှိတ်ချပစ်ပြီး ခဲယဥ္းစွာ အားတစ်ခုယူလိုက်ပြီးစကားပြောဖို့ကြိုးစားပြန်သည်။

* ဒါတော့... *

* အန်တီသားလေးက အခုမှ နေပြန်ကောင်းခါစပဲရှိသေးတာပါ။ထပ်ပြီး သူ့စိတ်ကိုပင်ပန်းရမယ့်ကိစ္စမျိုးတွေနဲ့မကြုံစေချင်တော့ဘူး။မိသားစုပြဿနာတစ်ခုကြောင့် အန်တီသားမှာစိတ်ဒဏ်ရာတွေရှိခဲ့တယ်။အဲ့ဒီပြဿနာကနေစပြီး စိတ်ကစဥ့္ကလျားဆိုတဲ့ဝေဒနာဆိုးကြီးဖြစ်လာတဲ့အထိပဲ။အန်တီတို့လည်း သားကိုကုသပေးပါတယ်။ဒါပေမယ့် လူကြီးတွေအလစ်မှာ သားကပျောက်သွားခဲ့တယ်လေ။နေရာအနှံ့လိုက်ရှာခဲ့ပေမယ့် နောက်ဆုံးသားတို့ဂေဟာမှာ အတိတ်မေ့ဝေဒနာနဲ့ရောက်နေတယ်ဆိုတာကို သိခဲ့ရတာပဲ။ကြားထဲမှာ သားကဘာတွေနဲ့ကြုံခဲ့သေးလဲ အန်တီတို့မသိရသေးဘူး။အဲ့ဒါကြောင့် သားကပဲ နေသားကျနေပြီဖြစ်တဲ့အန်တီသားကိုလက်လွှတ်ပေးပါ။သူ့မှတ်ဉာဏ်တွေကို အစပြန်မဖော်ပါနဲ့လားကွယ် *

* သူ ကျွန်တော်ကို မှတ်မိလား *

* အန်တီပြောရမှာတော့အားနာပါတယ်။
ဒီဂေဟာနဲ့ပတ်သတ်ပြီး သားမှာ ဘယ်လိုမှတ်ဉာဏ်မျိုးမှမရှိတော့ဘူး *

ကျွန်တော့်မှာ ပြောစရာစကားလုံးတွေမရှိတော့ဘူး။ကျွန်တော့်ချစ်သူပင်ပန်းမယ်ဆိုတာသိရက်နဲ့ ကျွန်တော့်ကို ဘာပြောစေချင်သေးတာလဲ။

* အန်တီကို နားလည်ပေးရင်သိပ်ကောင်းမှာပဲ။အတ္တဆိုရင်တောင် မိခင်တစ်ယောက်ရဲ့အတ္တကြီးမှုပါ။ *

သစ်ခက်တွေနဲ့ ယိုင်နဲ့နဲ့ဆောက်ထားတဲ့အိမ်လေးတစ်လုံးသည်လည်း နောက်ဆုံးတွင်တော့မုန်တိုင်းဒဏ်ကြောင့်ပြိုပျက်ရစမြဲပါ။
အစကတည်းက သူဟာ သစ်ခက်အိမ်လေးတစ်လုံးပဲကို။ထွက်ပြေးချင်တာ ဘာအဆန်းလဲ။နားလည်ပေးပြီးသားပါ။

မင်းဖြစ်နေလို့ကို အကြွင်းမရှိနားလည်ပေးထားပါတယ်။မင်းပျော်ပါစေ ...။

..... သစ်ခက်အိမ် .....

မင်္ဂလာဆောင်မယ့်နေ့တွင် ဂေဟာတစ်ခုလုံးက ကလေးတွေအားလုံး အဝတ်အစားအသစ်လေးတွေနဲ့သစ်လွင်နေကြသည်။ဒါသည် ဂျီဂျီရဲ့မိခင်ပို့ပေးတဲ့ လက်ဆောင်တွေပြောရမလား။

ဂေဟာအတွက် လစဥ္တိုင်းအလှူရှင်အဖြစ်ထောက်ပံ့ပေးမယ်ပြောခဲ့တုန်းကဆို
ဆရာမကြီးက ဝမ်းသာမျက်ရည်လည်ခဲ့သေးတာ။သည်အတွက် လူတစ်ယောက်ရဲ့နှလုံးသားနဲ့အလဲအထပ်လေးလုပ်ခဲ့ရုံလေးပါ။သာမန်နာကျင်မှုထက်မပိုပါဘူး...။

* သား ဘာကြည့်နေတာလဲ *

* မေမေ ဟိုသစ်ပင် *

* ဪ သားက ဒီမှာနေခဲ့ဖူးတာပဲ သားမသိစိတ်ကရင်းနှီးနေလို့ဖြစ်မှာပါ *

* အဲ့ထက်ပိုတယ် *

ထိုစကားကို မေမေဟာ မကြားသွားခဲ့ပါ။
မပြီမပြင်ပေါ်လာသည့်မှတ်ဉာဏ်တစ်စကြောင့် ထိုသစ်ပင်ကြီးဆီသူလျှောက်သွားခဲ့သည်။
အကြောင်းပြချက်ရေရေရာရာမရှိပါဘဲနဲ့ ထိုအပင်အောက်မှမခွာနိုင်တာ ဘာကြောင့်လဲ သူတကယ်မတွေးတတ်ခဲ့ဘူး။

* အခမ်းအနားစတော့မယ်လေ ငါတို့ဝင်ရအောင် *

သူ့ထက် ခေါင်းတစ်လုံးလေးပဲအရပ်ပိုမြင်တဲ့ကောင်လေးက ကလေးမျက်နှာလေးနဲ့။ကြည့်လို့ကောင်းတယ်။ပြုံးနေသည်လည်းမဟုတ် မပြုံးဘူးလည်းမဟုတ် ပြုံးပြနေတဲ့သူ့အပြုံးလေးက အားလျော့နေတာကိုတော့သိတယ်။

ဖျော့တော့တော့မျက်လုံးလေးတွေကိုအားမရဘူး။ဘာကို ညိုးငယ်နေတာလဲ။

* ငါနဲ့သိတာလား *

ခေါင်းလေးပဲ ညိတ်ပြတယ်။

* ပါ့ခ်ဂျီမင်း...ငါ့နာမည်ကိုပြောတာနော်။သိပြီးသားဆိုလည်းထပ်မှတ်ထားလိုက် *

* ပါ့ခ်ဂျီမင်း...နာမည်ကလှသားပဲ *

နီးကပ်စွာမြင်နေရတဲ့ကိုယ်ငယ်လေးကိုဖက်ထားချင်ခဲ့တယ်။ခေါင်းလေးကို ဖွဖွပုတ်ပေးချင်ခဲ့တယ်။သို့သော် ဒါတွေဟာစိတ်ကူးယဥ်ဖို့ကောင်းတဲ့ဆန္ဒသပ်သပ်အဖြစ်ပဲရှိနေတော့မှာ။

* လက်ဖွဲ့ပေးမယ် ယူမလား။တန်ဖိုးကြီးတော့မဟုတ်ဘူး။ငါတန်ဖိုးထားတဲ့အရာကိုပေးမှာ *

ကိုယ်ထံ ကျန်ရှိနေသေးတဲ့လက်ပတ်ကြိုးလေးကို လက်ကောက်ဝတ်လေးထံဝတ်ပေးတော့ပါ့ခ်ဂျီမင်းက မငြင်းခဲ့ဘူး။ချည်ကြိုးချည်းသပ်သပ်ပေးလိုက်တာမဟုတ်ဘဲ ကိုယ့်နှလုံးသားကိုပါ ဒီချည်ကြိုးနဲ့တွဲချည်ထားတာ ဂျီဂျီရ။

..... သစ်ခက်အိမ် .....

မင်္ဂလာဆောင်ကပြန်လာကတည်းက ပါ့ခ်ဂျီမင်းရဲ့စိတ်တွေအနည်းငယ်နောက်ကျိနေရသည်။ဘာမှန်းမသိတဲ့ခံစားချက်တွေကြောင့်
သူ့ရင်ထဲ မွန်းကြပ်နေသလိုခံစားရသဖြင့်၊အိမ်ကိုပြန်ရောက်တာနဲ့ အခန်းထဲတန်းဝင်သွားသည်။

ဘာကြောင့်ဆို သူ့တွင် လက်ကောက်ဝတ်ပေါ်ကလက်ပတ်ကြိုးမျိုး နောက်တစ်ခုရှိနေသေးလို့။နှစ်ခုကို သေချာတိုက်ကြည့်ပြီးသွားသည့်အချိန်၌ သူ့အာရုံထဲ မရှင်းမလင်းပုံရိပ်တွေက
ထင်ဟင်လာခဲ့တော့သည်။သေချာသိလိုက်တဲ့အဖြေတစ်ခုကြောင့် အခန်းထဲလိုက်ဝင်လာသောသတို့သမီးရဲ့လက်ကို​ဆောင့်ဆွဲမိသွား၏။

* အကုန်လုံးကို နင်သိတယ်မဟုတ်လား *

* ငါတကယ်မသိဘူး *

* နင်မညာနဲ့။မေမေနဲ့နင်ပေါင်းကြံတာ ငါ့ကိုခုတုံးလုပ်ခဲ့ကြတာပဲ *

ထိုမျှသာ စကားပြောနိုင်ခဲ့ပြီးမင်္ဂလာဝတ်စုံပင်မလဲနိုင်၊ကုတ်ကို ဆွဲချွတ်ပစ်ခဲ့ပြီး
တစ်စုံတစ်ယောက်စောင့်ဆိုင်းနေမယ့်နေရာဆီကို ပြေးထွက်လာခဲ့လိုက်သည်။

နောက်ကိစ္စကို နောက်မှဖြေရှင်းယူမည်။သူ
မမုန်းသွားဖို့၊မနာကျဥ္းနေဖို့၊ထပ်ပြီးစောင့်ဆိုင်းနေစရာမလိုတော့ဘူးဆိုတဲ့အကြောင်းကို ပြောပြရပေဦးမည်။

..... သစ်ခက်အိမ် .....

သို့သော် တစ်ဖက်ခြမ်းက ကောင်လေးသည်လည်း အခမ်းအနားပြီးဆုံးသွားကတည်းက
အနားယူဦးမည်ဆိုပြီး အခန်းထဲဝင်သွားရာကနေ ညစာစားတဲ့အချိန်ထိထွက်မလာသည်မို့ အစ်ကိုယွန်းဂီမှာ မကြည်သာသောမျက်နှာနဲ့အခန်းထဲဝင်ရောက်လာခဲ့တယ်။

ဒါပေမယ့် သူမြင်တွေ့လိုက်ရတာက ခုတင်ထက်မှာငေးငိုင်ပြီးထိုင်နေမယ့်အငယ်လေးအစား ငြိမ်သက်လျက်အိပ်မောကျနေသူကိုသာမြင်တွေ့လိုက်ရတာကြောင့် မျက်လုံးတွေမှာစိုးရိမ်စိတ်နဲ့ပြူးကျယ်ကုန်သည်။

* အငယ်လေး။ဒါကအဖြေထုတ်တဲ့နည်းမှားနေတယ်ကွ။ထဦး ဟိတ်ကောင်။ငါခေါ်နေတယ် ထဦးလို့ *

ယွန်းဂီက သူ့ညီငယ်ရဲ့မျက်နှာကို တမင်နာအောင်အကြိမ်ကြိမ်ရိုက်ကြည့်ပြီး မျက်လုံးပွင့်လာဖို့ကြိုးစားနေသည်။တစ်ခဏအတွင်းမှာပဲ ငြိမ်သက်နေခဲ့တဲ့အခန်းငယ်လေးဟာဆူညံ့သွားခဲ့တော့သည်။

စားပွဲခုံပုလေးပေါ်က အိပ်ဆေးဗူးလေးနဲ့စာရွက်ခေါက်လေးကို တုန်ယင်နေသည့်လက်တွေနဲ့ ယွန်းဂီကခပ်ဖြည်းဖြည်းယူပြီးဘောင်းဘီအိတ်ကပ်ထဲ စာရွက်ခေါက်ကိုထိုးထည့်လိုက်လေသည်။............။

* ဂျောင်ကု! *

ဝမ်းနည်းနေကြသောလူအုပ်ကြီးသည် ထိုအသံငယ်လေးကြောင့်ပြိုင်တူလှည့်ကြည့်လာကြပေမယ့် ယွန်းဂီရဲ့မျက်နှာကတော့
နဂိုထက်ပင် ပိုကာတည်တင်းလို့နေ၏။

လူတွေအားလုံးကအနက်ရောင်ဝမ်းဆက်များနှင့်ဖြစ်ကြသလို ဘုရားကျောင်းရှေ့မှာထောင်ထားတဲ့ ဂျောင်ကုနာမည်နဲ့သင်ပုန်းကဘာအတွက်လဲ။အဲ့လိုမဟုတ်ဘူးမလား။မဖြစ်ရဘူးလေ။အဲ့လို့ဖြစ်လို့မှမရတာ။

* လာတာနောက်ကျတယ် ပါ့ခ်ဂျီမင်း။ဒီထပ်ပိုပြီးစောစောလေးရောက်လာသင့်တာကို
ဒါဆို ငါ့ညီက... *

ယွန်းဂီကစကားကို တစ်ဝက်နဲ့ရပ်ပြီးရှိုက်သည်။မျက်လုံးတွေနီရဲမို့အစ်နေတာက ဆုံးရှုံးမှုအတွက်ဘယ်လောက်ထိ နာကျင်နေသလဲသိသာစေတယ်။ဘုရားကျောင်းထဲပြေးဝင်လာသူသည် အင်္ကျီတွေဖရိုဖရဲဖြင့်။

သူ့အိမ်ကနေ ဒီနေရာအထိ ပြေးလာတာတော့မဟုတ်ဘူးမလား။

* ဂျောင်ကုကို ဘာလုပ်ကြမလို့လဲ *

ကြောင်လေးလို မျက်လုံးကြည့်ကြည့်လေးတွေထဲ များစွာသောမျက်ရည်ဥတွေရစ်သိုင်းနေကာ ခေါင်းတလားရှိရာဆီရောက်ချသွားပြီး အထဲကဂျောင်ကုကို သေချာစိုက်ကြည့်နေရှာသည်။ဘာစကားမှတော့ ပြောခြင်းမရှိပါ။

* သူဘာဖြစ်လို့ အိပ်ပျော်နေတာလဲ *

အသံတိုးတိုးလေးနဲ့ မေးလာပုံက ဂျောင်ကုအိပ်ရေးပျက်သွားမှာကို ​စိုးရွံနေပုံရသည်။
ထိုစကားက ဘာမှမဟုတ်ပေမယ့် ယွန်းဂီ၏ မျက်အိမ်တွေမှာ ပြူးကျယ်သွားရပြီးဘေးနားလာရပ်နေတဲ့ကောင်လေးကို မယုံကြည်နိုင်စွာ ငုံ့ကြည်နေလိုက်မိသည်။

ဒီကောင်လေးရဲ့ကျန်းမာရေးကို အငယ်လေးဆီကနေ သူကြားထားပြီးသားမို့ မအံဩမိပေမယ့် တုန်လှုပ်သွားရသည်။စိတ်လှုပ်ရှားတာများရင် စိတ်ခံစားချက်တွေရောထွေးသွားတတ်တာကို သူ့အနေနဲ့သိထားခဲ့၍ ကရုဏာသပ်မိသွားရုံလေးပါ။

* အင်း အိပ်ပျော်နေတာ။ငါ့ညီလေးက ထာဝရအိပ်ပျော်သွားရုံပါ *

* နှိုးလိုက်တော့လေ။အကြာကြီးအိပ်နေရင် နေမကောင်းဖြစ်တတ်တယ် သူ့ကို နှိုးပေးပါလား *

* အိပ်ပါစေ။သူအရမ်းပင်ပန်းနေပြီ *

အလိုက်တသိနဲ့ပါးစပ်လေးပိတ်သွားပုံက
ချစ်စရာကောင်းနေသလို တစ်ပြိုင်နက်တည်းသနားဖို့လည်းကောင်းနေ၏။ဂျောင်ကုကိုသာလှမ်းလှမ်းကြည့်နေတတ်တဲ့မျက်လုံးလေးတွေက အရောင်တလက်လက်တောက်လို့။

* ခေါင်းလောင်းတီးဖို့လား...ကျွန်တော်တီးပေးမယ်နော်။ဒါမှ သူ့အိမ်မက်လေးတွေလှနေမှာ *

အသိစိတ်နဲ့မသိစိတ်ကြားရောက်ရှိနေတဲ့
ပါ့ခ်ဂျီမင်းမျက်နှာလေးသည် ဘယ်လိုဝမ်းနည်းခြင်းမျိုးမှမခံစားနေရသလို ပြုံးပျော်နေသည်။

* ပြုတ်ကျမယ် သတိထားပြီးတက် *

ခရစ်ယာန်ဘာသာဝင်တို့လုပ်နည်းအတိုင်း လုပ်စရာရှိသည်များကိုဆက်လုပ်ရမည်က
ဘုရားကျောင်း၏ ခေါင်ထိပ်မှာရှိတဲ့ခေါင်းလောင်းကိုတက်ထိုးဖို့နဲ့အမိန့်စာပြန်ဖို့သာရှိတော့သည်။အမိန့်စာပြန်သည့်အခါ
ပါ့ခ်ဂျီမင်းတစ်ယောက်မခံစားနိုင်မှာစိုး၍ ခေါင်းလောင်းထိုးခိုင်းလိုက်ရသည်။

ခေါင်းလောင်းမှအသံမြည်တော့ ဂျီမင်းနှုတ်ခမ်းလေးမှာ ပိုလို့ပင်ပြုံးသွားရှာသည်။
သံလှေကားလေးအတိုင်း သူပြန်ဆင်းလာခဲ့ပြီး ယွန်းဂီဘေးမှာငြိမ်ငြိမ်ကလေးသွားပြန်ရပ်နေကာ ဂျောင်ကုကိုပဲကြည့်နေသည်။

* လုပ်ဦး။သူတို့ဘာလို့ အဲ့တာကိုပိတ်နေကြတာလဲ။အထဲမှာဂျောင်ကုရှိတယ် တားပေးဦး။သူတို့လုပ်လို့ ဂျောင်ကုအသက်ရှုကြပ်တော့မယ် *

ခေါင်းတလားကိုပိတ်ဖို့ပြင်သည့်အခါ ဂျီမင်းကအတင်းထိုးထိုးရုန်းကန်ပြီး အဲ့ဒီလိုမလုပ်ဖို့တားမြစ်သဖြင့် ယွန်းဂီကပဲ ပါ့ခ်ဂျီမင်း၏ပခုံးလေးကိုဖွဖွဖက်ပေးထားလိုက်ရသည်။ဂျီမင်းအသံတွေမှာ တဖြည်းဖြည်းတုန်ယင်ကွဲအက်လာခဲ့ပြီး ဘုရားကျောင်းလေးထဲပဲ့တင်အပ်ရသည်။

* ဂျောင်ကုအိပ်ဖို့ အစ်ကိုတို့ခေါ်သွားရတော့မှာ။ဂျောင်ကုကိုချစ်တယ်ဆို နားလည်ပေးမယ်မလား *

ပါ့ခ်ဂျီမင်းက နားလည်မှုရှိတဲ့ကောင်လေးအဖြစ်ရှိနေဆဲပါ။ငိုကြွေးခြင်းတွေ ရုန်းကန်တွန်းထိုးခြင်းတွေမလုပ်တော့ဘဲ အဲ့ဒီအစား
ဂျောင်ကုနားကိုသာ တိုးကပ်သွားပြီး အိပ်နေသူရဲ့နဖူးလေးထံ အနမ်းလေးတစ်ပွင့်ဖူးပွင့်ပေးသည်။

* အိပ်ရာက နိုးလာရင် ငါ့ကို အရင်ဆုံးလာတွေ့နော်။ချစ်တယ်ဂျောင်ကု *

" မိုးလင်းတိုင်း
ချစ်ခဲ့ခြင်းကိုခံစား
ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ...။
မိုးချုပ်သွားတော့
မင်းမရှိတဲ့နေရာလေး
ပြန်တမ်းတတယ် လွမ်းလိုက်တာ...။ "

သစ်ခက်အိမ်ဆီ တစ်စုံတစ်ယောက်ပြန်လာတာကိုလည်း ပိုင်ရှင်လေးကမသိသွားခဲ့ဘူး။
အနမ်းလေးတစ်ပွင့်အကြောင်းလည်းမသိသွားခဲ့ရှာဘူး။

x x x x x x x x x x x x x x x x x x x x x x

(ဖတ်ပေးကြသူအားလုံးကျေးဇူးတင်ပါသည်။)

Song Recommendedပေးချင်တာက စိုင်းစိုင်းခမ်းလှိုင်ရဲ့" ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ "၊Enyaရဲ့Only Timeကိုညွှန်းပေးချင်ပါတယ်။

x x x x x x x x x x x x x x x x x x x x x x

.
.
.
.
( ZAWGYI Version)

ႀကိဳတင္ၿပီးအသိေပးခ်င္တာကေလ..ဒီဇာတ္လမ္းရဲ႕Plotဟာ ဒီစာေရးသူရဲ႕မူရင္းမဟုတ္ပါဘူး။2000ခုနစ္ပိုင္းေလာက္က
ထြက္ရွိခဲ့တဲ့ "ဒုတိယျမႇောက္ရိုမီယို"႐ုပ္ရွင္ဇာတ္ကားႀကီးကို မွီျငမ္းထားရွိျခင္းပါ။
Copy Plotျဖစ္သည့္အတြက္ အဆင္မေျပရင္မဖတ္ပါနဲ႕ေနာ္။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

( UNICODE Version )

သစ္ခက္အိမ္တဲ့ ခိုင္ခံ့မႈလည္းမရွိဘူး။
လုံၿခဳံမႈလည္းမရွိဘူး။ဒါေပမယ့္ေတာ့
ေႏြးေထြးတယ္။သူ႕ေမတၱာဓာတ္ေၾကာင့္ျဖစ္မွာပါ။.............................။

သကၠရာဇ္၂၀၀၀ခုနစ္၊ဒီဇင္ဘာ(၂၆)ရက္တြင္
ခ်စ္ရသူကိုေတြ႕ရွိခဲ့သည္။အေအးဓာတ္ပိုေသာဒီဇင္ဘာ၏ ေဆာင္းအေငြ႕အသက္ေတြၾကားမွာ ႏွလုံးသားတစ္စုံကိုေကာက္ရခဲ့သည္။

"ရိပ္ၿမဳံ ေဂဟာ"ဆိုသည့္မိဘမဲ့ေက်ာင္းသည္ အေၾကာင္းအရာအမ်ိဳးမ်ိဳးေၾကာင့္ မိဘေတြရဲ႕အေဝးမွာ ရွင္သန္ၾကရေတာ့မည့္ကေလးေတြအတြက္ေတာ့ အေႏြးေထြးဆုံးရင္ခြင္တစ္ခုသာျဖစ္ေလသည္။

မ်က္ေစာင္းထိုးရွိ ဘုရားေက်ာင္းေလးထဲမွေန ဓမၼေတးသီခ်င္းသံေၾကာင့္ ေဂ်ာင္ကု
သူ႕မ်က္လုံးေတြမွိတ္ခ်ပစ္ၿပီး ႏွလုံးသားကိုေအးျမမႈေပးသည္။လုပ္လက္စ တံျမတ္စည္းလွည္းျခင္းအမႈကိုပင္ ဆိုင္းငံထားလိုက္ေသး၏။

ေဂဟာအတြင္းမွာ သူအပါအဝင္ လူလားမေျမာက္ေသးတဲ့ကေလးေတြရယ္၊အစ္ကိုယြန္းဂီရယ္၊ဆရာမႀကီးရယ္သာရွိသည္။
တစ္ခ်ိဳ႕ကေလးေတြသည္ကေတာ့ ဘုရားေက်ာင္းဘက္မွာေနၾကသည္ေလ။

သြက္လက္လြန္းၿပီး လိမၼာေရးျခားရွိတဲ့သူ႕ကို ဆရာမႀကီးသာမက အစ္ကိုယြန္းဂီလည္းခ်စ္တယ္။ေသြးသားအရင္းက ေပးတဲ့ေမတၱာေတြမွေႏြးသည္မဟုတ္..တစ္ခ်ိဳ႕သံေယာဇၪၠျိုးေတြက ပိုလိုေတာင္ ခိုင္မာေသးတယ္။

* အငယ္ေလး ဒါၿပီးရင္ ေဈးသြားလိုက္ဦး *

* အစ္ကိုသြားေလ *

* ဆရာမႀကီးက မင္းကိုသြားခိုင္းတာ *

ထမင္းေၾကာ္ထား၍ ခ်ိဳးကပ္ေနသည့္အိုးဟာ
ေက်ာက္ေရကန္တြင္ အားရပါးရထိုင္ၿပီး တခြမ္းခြမ္းျမည္မတတ္တိုက္ခြၽတ္ေနသည့္ေဂ်ာင္ကုအနား အစ္ကိုယြန္းဂီဟာ ေရာက္လာခဲ့ၿပီး
ေဈးသို႔လႊတ္ျပန္သည္။

ေဂ်ာင္ကုသာလွ်င္ အၿမဲတမ္းလိုလို ေဈးဝယ္သြားျဖစ္ၿပီး အစ္ကိုယြန္းဂီသည္ ဘယ္ေတာ့မဆို ေဂဟာအျပင္သို႔မထြက္တတ္ပါ။ဒါသည္လည္း အေၾကာင္းရွိတယ္။ေဂ်ာင္ကုေလာက္အစ္ကိုကမသြက္လက္သလို တည့္တိုး(ဒဲ့တိုး)
ဆန္တဲ့စိတ္ကလည္း လက္တစ္ဆစ္။

သူ႕ကိုသာ ေဈးအဝယ္ေတာ္လႊတ္လိုက္လွ်င္
မွာလိုက္သည့္ပစၥည္းအစား ျပႆနာေတြသာ
ေဂဟာထဲ တြင္းလာတတ္လို႔ျဖစ္သည္။ၾကာေတာ့ ဆရာမႀကီးလည္း ေၾကာက္ရွာၿပီေပါ့။

* အစ္ကို အဲ့လိုေဒါသလက္တစ္ဆစ္ျဖစ္ေနလို႔ ကေလးေတြကအစ အစ္ကို႔အနားကပ္ရမွာေၾကာက္ေနၾကတာ *

* ဘယ္ကေလးက အဲ့လိုေျပာရဲတာလဲ *

* ဘယ္ကေလးမွေတာ့မဟုတ္ဘူး ကြၽန္ေတာ္ေျပာတာဗ် *

​ေဆးေၾကာလို႔ၿပီးမွ လက္ေတြကိုေရေဆးခ်လိဳက္ၿပီး ေဘာင္းဘီဖင္နဲ႕ျဖစ္သလိုသုတ္ပစ္ရင္း အစ္ကိုယြန္းဂီရဲ႕လက္ထဲပိုက္ဆံႏွင့္စာ႐ြက္ကိုဆြဲယူသြားၿပီး ဟြန္းခနဲရယ္ရွာ၏။
လက္တစ္ဆစ္အစ္ကိုက ဒါေလးစမိတာကို
႐ုပ္ႀကီးက တည္တင္းေနၿပီ။

ေက်ာက္ကန္အနားကေန လွစ္ခနဲထြက္ေျပးသြားေတာ့ အစ္ကိုဆီက"ေခြးေကာင္ေလး"ဟု
ဆဲေရးသံကိုၾကားလိုက္ရတယ္။

မီးခိုးေရာင္ဂ်ပန္ဘီးကေလးကိုခြၿပီး ေတာင္ကုန္းေလး၏ေလွ်ာဆင္းေလးအတိုင္း စက္ဘီးကိုနင္းခ်သြားသျဖင့္ ကေလးအုပ္စုကေနာက္ကေနေျပးလိုက္ၾကေသးတယ္။
ထိုေခတ္ထိုအခါက ကေလးေတြသည္သိပ္အေဆာသန္ၾကသည္ေလ။

..... သစ္ခက္အိမ္ .....

"ရိပ္ၿမဳံေဂဟာ"သည္ လူေနအိမ္ေတြနဲ႕အနည္းငယ္မွ်အလွမ္းေဝးကြာသည့္ ေတာင္ကုန္းတစ္ခုေပၚမွာသီးသီးသန့္သန့္
ေဆာက္လုပ္ထားတာျဖစ္ၿပီး ထိုဝန္းထဲမွာပဲ ဘုရားေက်ာင္းေလးတစ္ခုလည္းရိွေသး၏။

ေဂဟာမွ ေလွ်ာမတ္မတ္လူသြားလမ္းကေလးအတိုင္းဆင္းလာလွ်င္ ၿခံတံခါးဝ၌ မိုးမခပင္အိုႀကီးတစ္ပင္လည္းရွိေသးသလို၊အပင္အိုရဲ႕
အခက္အလက္ေတြက ခန္စီးသဖြယ္၊ႏြယ္ဒန္းသဖြယ္ ေျမျပင္၌ ငိုက္ဆန္းက်ေနသည္။

ၿပီးေတာ့ ထိုမိုးမခပင္၌သစ္သားျပားဒန္းကေလးတစ္ခုဆင္ထားေသး၏။

ေဈးကေန ျပန္လာေသာ မီးခိုးေရာင္ဂ်ပန္ဘီးေလးသည္ အသြားတုန္းက ေတာင္ဆင္းလမ္းေလးအတိုင္းျပန္နင္းတက္ရတာမို႔ ခႏၶာကိုယ္ရဲ႕အားကိုစိုက္ထုတ္ရသည္ျဖစ္၍နဖူးစပ္တြင္ေခြၽးစေလးေတြပင္ ထြက္လာရသည္။

* ကိုကိုေဂ်ာင္ကု ! *

* ေဟး *

မိုးမခပင္ေအာက္က ကေလးအုပ္စုသည္ ေဂ်ာင္ကုကိုျမင္လိုက္ၾကသည္ႏွင့္ တစ္ညီတစ္ၫႊတ္တည္းေအာ္ေခၚၾကသည္။သို႔ေသာ္
မ်က္ႏွာေလးေတြကို မျမင္ရပါ။မိုးမခ႐ြက္ေတြေၾကာင့္ တစ္ကိုယ္လုံးျမႇုပ္ေနၾကၿပီး ေျခတံတိုတိုေလးေတြကိုသာျမင္ရသည္။

ငဂ်စ္ကေလးေတြေၾကာင့္ သူ႕ႏႈတ္ခမ္းလႊာေလးေတြမွာ ပိရိ႕စြာအနားေကာ့သြားရသည္။
စက္ဘီးကို ဘရိတ္ဆြဲညွစ္လိုက္ၿပီး ၿခံဝင္းထဲ
မဝင္သြားေသးဘဲ မိုးမခပင္နားေလွ်ာက္သြားေလေတာ့ ညစ္တီးညစ္စုတ္မ်က္ႏွာေလးတစ္ခုမွာ အ႐ြက္ေတြၾကားကေန ထြက္လာခဲ့၏။

* မင္းေတာ့ ဆရာမႀကီးဆီ အဆူခံရေတာ့မယ္ *

ေရခ်ိဳးေပးၿပီးသားျဖစ္ေပမယ့္ မြန္းတက္ပင္မေရာက္ေသး ျပန္ၿပီးညစ္ေပေနၾကတဲ့မ်က္ႏွာေလးေတြေၾကာင့္ စေနာက္လိုေဇာနဲ႕
ၿခိမ္းေျခာက္လိုက္ေသာ္လည္း သူ႕စကားမွအေရးလုပ္ျခင္းမခံရပါ။ခါတိုင္းဆို ဆရာမႀကီးအသံၾကားတာနဲ႕ ေရာက္ရာအရပ္ကေျပးၾကသည့္ကေလးေတြမွ ဟုတ္ရဲ႕လား။

* ကိုကိုေဂ်ာင္ကု အဲ့တာက ေနာက္မွစပါ။အခုကအေရးႀကီးတယ္ လိုက္ခဲ့ေပးဦး *

ႀကီးႀကီးက်ယ္က်ယ္အေျပာခံလိုက္ရ၍ထင္သည္။ေဂ်ာင္ကု႔မ်က္ခုံးေတြမွာ ပင့္တက္သြားရသည္။လူနဲ႕စကားနဲ႕လိုက္ေအာင္ေ႐ြးမေျပာဘူး။စကားလုံးပိၿပီးေသမွာကို သူတကယ္စိုးရိမ္သြားတာရယ္။

* ေအးပါ ေအးပါ။မင္းတို႔ ဘာျဖစ္ေနၾကတာလဲ ငါ့ကိုေျပာၾကဦးေလ *

* ဒီမွာ လူတစ္ေယာက္ရွိေနတယ္ ကိုကိုေဂ်ာင္ကု *

* ဖယ္ေပးၾကဦး *

ကေလးေတြမွာ စကားဆုံးေအာင္မေျပာလိုက္ရ။ေဘးကိုဆြဲဖယ္ခံလိုက္ၾကရၿပီး အေရွ႕ဆုံးကို သူေရာက္သြားခဲ့သည္။

မိုးမခပင္စည္ကို ေက်ာမွီထားၿပီးမ်က္လုံးေတြမွိတ္ထားသည့္ ေကာင္ေလးတစ္ေယာက္ေၾကာင့္ သူ႕မ်က္လုံးဝိုင္းႀကီးေတြမွာစူးစမ္းလိုစိတ္နဲ႕ အေရာင္ပင္ေတာက္လာသည္။

သူ႕ထက္ပင္ ငယ္ေလာက္မည့္ေကာင္ေလးတစ္ေယာက္က ဘာ္လိုျဖစ္ၿပီး သူတို႔ေဂဟာေရွ႕ေရာက္လာရတာလဲ..။သူက ၁၆ႏွစ္ရရွိၿပီဆိုေတာ့ဒီေကာင္ေလးက ၁၅ႏွစ္ေလာက္မ်ား
ျဖစ္မလား။

ႏွင္းလိုျဖဴႏုေသာအသားအရည္ႏွင့္ နဖူးထက္မွာတိတိပပဝဲက်ေနသည့္ ဆံပင္ပုံစံဆန္းဆန္းေၾကာင့္ ေဂ်ာင္ကု႔သူ႕လက္ကိုသူျပန္ငုံ႕ၾကည့္မိသြားၿပီး တစ္ဆတ္တည္းမွာပဲ
သူ႕ေခါင္းက တိုစစဆံပင္ေတြကိုပြတ္မိသြားသည္။

ဆရာမႀကီးလက္ခ်က္နဲ႕ ေဂဟာရွိေယာက်ာ္းေလးတိုင္းမွာ ဗိုလ္ေလာင္းေကဟုတ္ရင္ဟုတ္
မဟုတ္ရင္ စစ္သားေကတဲ့ေလ။ႏွစ္ခုလုံးက ဘာမ်ားကြာလို႔လဲ။

အနက္ေရာင္တန္ဖိုးႀကီးဂ်ာကင္နဲ႕အေရာင္စိုစိုဂ်င္းေဘာင္းဘီရယ္ တန္ဖိုးႀကီးရႈးဖိနပ္ကိုဝတ္ထားသည့္ေကာင္ေလးမွာ ခ်မ္းသာတဲ့အိမ္ကျဖစ္ရမယ္မွန္း သူသိလိုက္တယ္။ထိုေကာင္ေလးနဲ႕ဆန့္က်င္စြာ သူ႕ကိုယ္သူငုံ႕ၾကည့္မိၿပီး ၿပဳံးမိသြားတယ္ထင္တယ္။

* ကိုကိုေဂ်ာင္ကုနဲ႕ သိတဲ့လူလား *

* မသိပါဘူး *

* ဒါဆို ဘာလို႔ၿပဳံးေနတာလဲ *

* ၾကည့္ေကာင္းလို႔ *
ထိုစကားကို တိုးတိုးေလးပဲေရ႐ြတ္မိ၏။

ထို႔ေနာက္ေခါင္းသာခါျပမိၿပီး ဆရာမႀကီးကိုသြားေခၚဖို႔ အကုန္လုံးကိုျပန္လႊတ္လိုက္ရသည္။ရယ္မိတယ္ဆိုတာက သေဘာက်ခ်င္စရာေလးမို႔လို႔ပါ။

..... သစ္ခက္အိမ္ .....

* ဒါဆို ေကာင္ေလးက ေကာင္ေလးဘာေတြျဖစ္ခဲ့လဲ ဘာတစ္ခုမွမမွတ္မိဘူးေပါ့ *

ဆန္ျပဳတ္ပန္းကန္ကိုသယ္ၿပီး အခန္းထဲဝင္လာေသာေဂ်ာင္ကုမွာ ဆရာမႀကီးရဲ႕စကားေၾကာင့္ အခန္းေရွ႕မွာရပ္ေနမိၿပီး သူ႕ခုတင္ထက္မွာ ၿငိမ္သက္စြာထိုင္ေနသည့္ေကာင္ေလးကိုေသခ်ာၾကည့္ေနမိတယ္။

* စဥ္းစားလို႔မရရင္လည္း ထားပါ။ဆရာမႀကီးတို႔ေဂဟာမွာ သားမွတ္ဉာဏ္ေတြျပန္ရတဲ့အထိေနလို႔ရတယ္ေနာ္.. ဟုတ္ၿပီလား *

သတိျပန္လည္လာကတည္းက ဘာစကားတစ္ခြန္းမွမေျပာေသးသလို၊​သူေရာက္ေနတဲ့ပတ္ဝန္းက်င္ကိုသာ စူးစမ္းလိုဟန္မ်က္လုံးေလးေတြနဲ႕လိုက္ၾကည့္ေနၿပီး ေခါင္းခ်ည္းခါေနခဲ့သည္။

ဆန္ျပဳတ္ပန္းကန္ဝင္ေပးတဲ့ေဂ်ာင္ကုက ဆရာမႀကီးက တစ္ခါတည္းေစာင့္ေခၚသြားၿပီး အစ္ကိုယြန္းဂီကိုပါ မီးဖိုေခ်ာင္ဘက္ေခၚသြားခဲ့သည္။ေဂ်ာကုသည္ သူျပင္ေပးတဲ့ဆန္ျပဳတ္ကိုစားပါ့မလားသိခ်င္စိတ္ေၾကာင့္
အခန္းဘက္ကို မၾကာခဏေမွ်ာ္ၾကည့္သည္။

ထို႔ေနာက္ ဆရာမႀကီးေျပာလာမည့္စကားကိုသူတို႔ႏွစ္ေယာက္အာ႐ုံစိုက္လိုက္ၾကႏွင့္ သက္ျပင္းခ်သံကိုအရင္ၾကားလိုက္ၾကရၿပီး..

* အတိတ္ေမ့တဲ့လကၡဏာပဲ။ *

* ငယ္ငယ္ေလးရွိေသးတာကို *

အစ္ကိုယြန္းဂီသည္ တည္တင္းေနေသာမ်က္ႏွာႀကီးနဲ႕မွမလိုက္ က႐ုဏာသပ္ဖြယ္ေရ႐ြတ္ေတာ့ ဆရာမႀကီးပင္ မ်က္လုံးလွန္ၾကည့္ေလၿပီး မ်က္ႏွာကေတာ့ၿပဳံးစစႏွင့္။

* ေဂ်ာင္ကုက ေကာင္ေလးကိုအေဖာ္လုပ္ေပးလိုက္ေနာ္ မင္းအစ္ကိုနဲ႕အတူတူေနခိုင္းဖို႔မျဖစ္ပါဘူး။ဒီ႐ုပ္တည္ႀကီးကိုျမင္မွ ပိုၿပီးအတိတ္ေမ့သြားဦးမယ္ *

ဆရာမႀကီးက ခပ္ၿပဳံးၿပဳံးဆိုေတာ့ အစ္ကိုမ်က္ႏွာမွာပို၍မႈန္ကုပ္သြားတယ္။

* ဆရာမႀကီးဗ်ာ။မသိရင္ ကြၽန္ေတာ္ကပဲ လူဆိုးႀကီးျဖစ္လို႔ *

* ကိုကိုယြန္းဂီကေရာ မဟုတ္လို႔လား *

မီးဖိုေခ်ာင္ထဲ​ သုတ္ခနဲေျပးဝင္လာေသာ ကေလးေလးတစ္ဦးက ထိုသို႔လွမ္းေအာ္ကာ
ဆရာမႀကီးေနာက္ ေျပးပုန္းရွာေတာ့သည္။
မေၾကာက္တာလည္းမဟုတ္ဘူး။အလကား။

အစ္ကိုယြန္းဂီက မ်က္ႏွာေသႀကီးနဲ႕ကေလးေနရခက္ေအာင္ၾကည့္သြား႐ုံကလြဲလို႔ ဘာမွမေျပာသလို သူ႕လက္ထဲက ဖက္နဲ႕ထုပ္ထားသည့္ဆန္မုန့္ကေလးကိုေတာင္ ကေလးကိုပစ္ေပးသြားေသည္။

ေႏြးေထြးမႈကိုေပၚေပၚထင္ထင္ထုတ္မျပတတ္ေပမယ့္ သူ႕နည္းသူဟန္နဲ႕ေတာ့ခ်စ္ျခင္းေမတၱာသေဘာတရားကို လွစ္ဟျပတတ္၏။

..... သစ္ခက္အိမ္ .....

* ေဂ်ာင္ကုေရ...၊ေကာင္ေလးကို ထမင္းစားဖို႔အျပင္ေခၚထုတ္ခဲ့ပါဦး *

ေဂဟာအတူေန အစ္မတစ္ေယာက္က အခန္းေရွ႕ကေနျဖတ္ေလွ်ာက္သြားရင္းပါ လူသစ္ေကာင္ေလးကိုပါ အျပင္ထြက္ခဲ့ဖို႔ ျမည္တြန္သြားသည္။ဟုတ္သည္။အသစ္ေရာက္လာတဲ့လူသစ္ေလးကို အားလုံးက "ေကာင္ေလး"ဟုသာေခၚၾကသည္။

ဆရာမႀကီးကအစျပဳ၍ကေလးေတြကေတာ့ "ကိုကိုေကာင္ေလး"လို႔ေခၚၾကသည္။ေဂဟာကို ေရာက္လာတာႏွစ္ရက္ရွိၿပီျဖစ္တာေၾကာင့္ အားလုံးက ရင္းႏွီးမႈျပၾကေပမယ့္ ထိုေကာင္ေလးကေတာ့ စိမ္းေနပုံရကာ ေဂ်ာင္ကုခုတင္တြင္သာ ရွိေနတတ္သည္။

* ဂ်ီဂ်ီ ထမင္းသြားစားမယ္ ထေတာ့ *

အိပ္ေနသူရဲ႕ လက္ေမာင္းသားေတြကိုဖြဖြတြန္းထိုးလ်က္ ႏွိုးေနသျဖင့္ မ်က္လုံးေလးေတြပြင့္လာခဲ့သည္။ေနမေကာင္းလိုပဲလားမသိေပမယ့္ အၿမဲလိုလိုေခြအိပ္ေနတတ္သူအား
အျပင္ေခၚထုတ္ခ်င္တာသည္ ေဂ်ာင္ကုရဲ႕ဆႏၵျဖစ္သည္။

* ဘာလို႔ ဂ်ီဂ်ီလဲ *

* ဟမ္ *

* တစ္ျခားသူေတြက ေကာင္ေလးလို႔ေခၚေပမယ့္ မင္းက ဘာလို႔ဂ်ီဂ်ီလို႔ေခၚရတာလဲ *

ေဂ်ာင္ကုရဲ႕မ်က္အိမ္က်ယ္က်ယ္ေလးေတြမွာဝိုင္းဖန့္သြားရၿပီး ႏႈတ္ခမ္းေလးပင္ဟသြား
ရသည္။ဘာ​ျပန္ေျဖရမလဲ ေၾကာင္အ ေနကာေခါင္းပဲ သူကုတ္ေနသည္။

* ငါ့ကို သိေနတာလား *

* မသိပါဘူး ေဂဟာေရွ႕မွာပထမဆုံးျမင္ဖူးတာပဲ *

* ဒါဆို ဘာလို႔ဂ်ီဂ်ီလို႔ေခၚ ေခၚေနတာလဲ *

* မင္းအကၤ်ီေကာ္လံေတြမွာ "J"ဆိုတဲ့အကၡရာကို ခ်ည္ထိုးထားၾကလို႔ေလ။ေဘာင္းဘီမွာေရာပဲ။ၿပီးေတာ့ ဖိနပ္ထဲကအဝတ္စမွာလည္းထိုးထားေသးတယ္။အဲ့ဒါေၾကာင့္ *

* အဲ့လိုလား *

သံေသတၱာေပၚမွာ ေခါက္ရက္ကေလးထပ္တင္ထားတဲ့အဝတ္အစားေတြနဲ႕ ဘီဒိုေအာက္ကဖိနပ္ေလးကို တစ္လွည့္စီလက္ညိုးထိုးျပသြားသည့္ ေဂ်ာင္ကုမွာ "ငါက ဘယ္နားကမွားေနလို႔လဲ"လို႔ျပန္ေမးေနသေယာင္ရွိတယ္။

* တကယ္ပဲ ငါ့ကိုမသိဘူးေပါ့ *

ခ်က္ခ်င္းေမွ်ာ္လင့္ခ်က္မဲ့သြားသည့္ မ်က္ႏွာေလးက ဘယ္လိုအေၾကာင္းေတြကိုေတြးမိလို႔ပါလိမ့္။အဲ့ဒီအေျဖကို သူလည္းတကယ္မသိသျဖင့္ပခုံးေလးႏွစ္ဖက္ကိုေနာက္ကေန ထိန္းကိုင္ထားလိုက္ၿပီး အခန္းျပင္ထြက္ခဲ့ရတယ္။

ပါလာတဲ့တန္ဖိုးႀကီးအဝတ္အစားေတြအစား ဆရာမႀကီးထုတ္ေပးထားတဲ့ ေဂဟာက အဝတ္အစားအၾကမ္းထည္ေတြနဲ႕ဆိုေပမယ့္
မ်ိဳးရိုးျမင့္အရွိန္အဝါကေတာ့ကြယ္ေပ်ာက္မသြားပါဘူး။ရတနာမွန္ရင္ ႏြံမနစ္ဘူးဆိုတဲ့စကားကသိပ္မွန္လြန္းလိုက္တာ။

..... သစ္ခက္အိမ္ .....

ေဂဟာေရာက္လာၿပီးရက္ၾကာလာေတာ့ အခန္းထဲခ်ည္းမေနနိုင္ေတာ့၍ ကေလးေတြနည္းတူ ကူလုပ္ေပးခ်င္ေသာ္လည္း ဆရာမႀကီးက ပင္ပန္းတာမ်ိဳးေတြမလုပ္ခိုင္းေပ။
ကေလးေသးေသးေလးေတြနည္းတူ နိုင္တာေလးေတြပဲလုပ္ေစသည္။

မီးဖိုေဆာင္ထဲမွာ ဟိုဟာေလးကူ ဒီဟာေလးကူနဲ႕ မအူမလည္ေလးျဖစ္ေနတဲ့ေကာင္ေလးေၾကာင့္ ေဂ်ာင္ကု႔ႏႈတ္ခမ္းေလးမွာၿပဳံးသြားလ်က္ စက္ဘီးကိုေဒါက္ျဖဳတ္ၿပီး ၿခံေရွ႕ထိနင္းခ်သြားေလသည္။

ၿပီးကာမွ လမ္းမေပၚတြင္ေဆာ့ေနေသာ ကေလးတစ္ေယာက္ကိုတိုးတိုးေလးကပ္ေျပာၿပီး ေဂဟာထဲအတင္းသြားခိုင္းျပန္သည္။
ကေလးသည္ စူပုတ္ပုတ္မ်က္ႏွာေလးနဲ႕ "မုန့္ေဝရင္ ကိုကိုေဂ်ာင္ကုေဝစုေပးရမယ္ေနာ္"လို႔ညစ္တစ္တစ္ေလးေျပာသြားေသး၏။

စက္ဘီးကိုခြထားၿပီး ေျခေထာက္ေတြကိုေျမႀကီးမွာထိထားကာ သူ႕ပုံစံကတစ္ခုခုကို
စိတ္ရွည္ရွည္ထားၿပီးေစာင့္ေနသည့္ပုံ..။
သိပ္မၾကာ အထဲဝင္သြားတဲ့ကေလးနဲ႕အတူ
ပါလာသည့္အရိပ္ေလးေၾကာင့္ ေဂ်ာင္ကုကေခါင္းေလးေထာင္ၾကည့္သည္။

* ကိုကိုေကာင္ေလးကို ေခၚတာ ကိုကိုဂ်ာင္ကုပဲ။ကိုကို မုန့္ေနာ္ *

* ေပးမယ္ဆို *

ထိုသို႔​ေအာ္ေျပာလိုက္ေတာ့မွ မ်က္ေစာင္းေလးထိုးၿပီး ကစားေနၾကတဲ့အုပ္စုထံေျပးဝင္သြားေတာ့သည္။

* တက္။ *

ေနာက္ခုံကို လက္နဲ႕ပုတ္ျပသည့္အခါ မ်က္ခုံးေလးေတြတြန့္ၿပီးျပန္ၾကည့္လာသည္။ဘာလို႔လဲ။ဘာလို႔အဲ့လိုၾကည့္ရတာလဲ။စက္ဘီးေလးအတူတူစီးခ်င္႐ုံေလးကို။

* အနီးအနားက လယ္ကြင္းေတြဆီလိုက္ပို႔မယ္။မေရာက္ဖူးဘူးမလား လာခဲ့ သိပ္လွတာပါဆို *

* လယ္ကြင္းမ်ား အေဆာင္ထဲကေနလွမ္းၾကည့္ရင္ေတာင္ ျမင္ေနရတာကို *

* မတူဘူးေလ။ပန္းစိုက္တဲ့ၿခံေတြဆီပါ ငါလိုက္ပို႔မွာ။ေနၾကာရိုင္းေတြေရာရွိတယ္။အရမ္းလွတာပါဆို *

စည္း႐ုံးတာ ေအာင္ျမင္တယ္လို႔ေျပာရမယ္။
ထပ္ၿပီး ေမးခြန္းေတြထုတ္မေနေတာ့ဘဲ ေနာက္ခုံမွာ တက္ထိုင္လိုက္တာေၾကာင့္ စက္ဘီးလက္ကိုင္ကိုမယိုင္သြားေစဖို႔ ထိန္းမတ္ထားလိုက္ရသည္။

သူၫႊန္းထားသည့္အတိုင္း အနီးအနားကစပါးစိုက္သည့္လယ္ကြင္းေတြဆီလိုက္ပို႔ေပးရင္း၊
လမ္းတစ္ေလွ်ာက္က ေတာပန္းေလးေတြအေၾကာင္းလည္း ရွင္းျပရွာသည္။လိုက္ျပစရာ အေထြအထူးဘာမွမရွိဘူးေလ။ဒါေတြပဲရွိလို႔ ဒါေတြပဲလိုက္ျပေပးတယ္။

ေျပာျပသမွ်ကို အေရာင္တလက္လက္မ်က္လုံးေလးေတြနဲ႕ေသခ်ာနားေထာင္ေပးေနတာကို ျမင္မိတိုင္း သူ႕ႏႈတ္ခမ္းမွာအခါခါၿပဳံးရသည္။တစ္ေန႕တည္းနဲ႕တင္ ဘယ္ႏွစ္ႀကိမ္ေတာင္ၿပဳံးေနမိသလဲ မသိေတာ့တဲ့အထိ..။

ေျမညီလမ္းေလး၏တစ္ဖက္တစ္ခ်က္ဆီ၌ အေလ့က်(သဘာဝအတိုင္း)ေပါက္ေရာက္ေနၾကသည့္ေနၾကာရိုင္းေတြရဲ႕ အကိုင္းအခတ္ေတြႏွင့္ပန္းဝါဝါမ်ားဟာလမ္းမအလယ္အထိထိုးေထာင္ေနက်သလို၊ထိုလမ္းတစ္ေလွ်ာက္
ပန္းရနံ႕တို႔ျဖင့္ ထုံသင္းေနေသးသည္။

ပန္း႐ုံေတြအေျမာက္အျမားရွိတဲ့လမ္းက်ၪ္းေလးထဲ စက္ဘီးကိုေကြ႕ခ်လိဳက္သည္ႏွင့္
အဝါေရာင္ပန္းပြင့္ငယ္မ်ားသည္ အတုံးအ႐ုံးထိုလူသားေလးရဲ႕မ်က္ႏွာထံအလုအယက္ေျပးအပ္ၾကသည္။ေနာက္ပါးဆီကေနၾကားေနရတဲ့ရယ္သံတိုးတိုးေလးေၾကာင့္ စက္ဘီးဘရိတ္ကိုေယာင္ယမ္းစြာညွစ္မိသြားတယ္။

လွည့္ၾကည့္ခိုက္ ျဖတ္ခနဲျမင္လိုက္ရတဲ့အၿပဳံးေလးကအစ ကြၽန္ေတာ္သတိလက္လြတ္ေပးမိတယ္...မညာဘူး။ထိုမ်ိဳးရိုးျမင့္ေလးကိုျမင္တိုင္း တစ္စိမ့္စိမ့္ထိုင္ၾကည့္ေနခ်င္တဲ့စိတ္ကို အတတ္နိုင္ဆုံးတားဆီးၾကည့္ေသးေသာ္လည္း လက္ေတြ႕မွာအံေခ်ာ္ရစၿမဲ။

ကြၽန္ေတာ္ ႐ူးေနၿပီထင္တယ္။
မ်ိဳးတူေယာက်ာ္းေလးတစ္ေယာက္ကို
အခ်ိန္တိုင္း ေငးၾကည့္ေနခ်င္ၿပီး သူ႕ရယ္သံေလးကိုအၿမဲတမ္းၾကားခ်င္ေနတာ ဘာေရာဂါမ်ားလဲ။တကယ္႐ူးမ်ားသြားတာလား။

ေနၾကာတစ္ခက္ကို ခ်ိဳးယူလိုက္ရင္း ရင္ခုန္ဖက္တမ္းခ်င္းေလးဆီ ကမ္းလင့္ေပးေတာ့
မ်က္လုံးၾကည္ၾကည္ေလးေတြနဲ႕ျပန္ၾကည့္လာခဲ့သည္။ပထမဆုံးရင္ခုန္သံက သိပ္လွတာပဲ။သူလိုကိုယ္လိုေယာက်ာ္းေလးျဖစ္ေနေပမယ့္ ျမတ္နိုးယုယေပးခ်င္မိတယ္။

​ေမေမသာရွိခဲ့မယ္ဆိုလွ်င္ သူက သိပ္လွတာပဲဗ်ာလို႔ ေမေမ့ထံအရင္ဆုံး ဝန္ခံခ်င္တယ္။

လူတစ္ခ်ိဳ႕ကေျပာၾကတယ္။ပန္းေပးတယ္ဆိုတာအရႈံးေပးတာပါတဲ့။ကြၽန္ေတာ့္အတြက္ကေတာ့ ကြၽန္ေတာ့္ရဲ႕ခ်စ္ျခင္းေမတၱာကိုထုတ္ျပခဲ့႐ုံပါ။ကြၽန္ေတာ္ခ်စ္မိသြားခဲ့ၿပီပဲ။

..... သစ္ခက္အိမ္ .....

ရင္ခုန္သံေတြၿမဲဖို႔၊အခ်စ္တစ္ခုၿမဲဖို႔အတြက္ ဘယ္ဘုရားေက်ာင္းမွာ ေတာင္းဆုျပဳရမလဲ။
................။

ျပတင္းေပါက္ေလးအနား ပုံျပင္စာအုပ္ထိုင္ဖတ္ေနတဲ့ ရင္ခုန္ဖက္တမ္းခ်င္းေလးကို မပ်င္းမရိ႕ထိုင္ၾကည့္တတ္တာက တာဝန္တစ္ခုဆိုတာထက္ ပိုသာလာခဲ့တယ္။

အၾကည့္ေတြ အၿပဳံးေတြကအစ သူနဲ႕ဆိုေလးေလးနက္နက္ျဖစ္ေနတတ္တဲ့ေဂ်ာင္ကုခံစားခ်က္ေတြကို အစ္ကိုယြန္းဂီကရိပ္မိလာခဲ့တယ္။ဒီေလာက္ထိ သိသာေနတာကို မရိပ္မိတာကမွ ထူးဆန္းေနဦးမွာ။

* လိုက္ခဲ့ *

အခန္းအျပင္ ကုလားထိုင္ေလးမွာငုတ္တုပ္ထိုင္ၿပီး အခန္းထဲကိုခ်ည္းၾကည့္ေနသည္မို႔
မခံစားနိုင္ေတာ့သည္ အစ္ကိုဟာ ထိုသို႔ေခၚၿပီး အေဆာင္ျပင္ကိုထြက္သြားေလသည္။
အေတာ္ေဝးေဝးထိေလွ်ာက္ေနၿပီးမွ ေဂ်ာင္ကုဘက္ကို ျပန္လွည့္လာၿပီး အဓိပၸာယ္ပါပါစိုက္ၾကည့္လာသည္။

* သစ္ခက္အိမ္မေဆာက္ခ်င္စမ္းနဲ႕ ေဂ်ာင္ကု။အဓိကပင္ပန္းရမွာ အဲ့ဒီအိမ္ကိုမွ ေသာက္႐ူးလိုေဆာက္ခ်င္ေနတဲ့ မင္းကိုယ္တိုင္ျဖစ္လိမ့္မယ္ နားလည္လား။ *

အဆက္အစပ္မရိွေသာစကားေၾကာင့္ ခဏေတာ့ေတြေဝသြားခဲ့ေပမယ့္ အစ္ကိုဘာကိုေျပာခ်င္သလဲသိသြားခဲ့သည္။

* ဒါဆို အစ္ကိုကေရာ..၊အစ္ကိုလည္း သူ႕ကိုခ်စ္ေနတာပဲေလ။ဘာလို႔မႀကိဳးစားခ်င္ရတာလဲ *

* မီးေတာက္ဆိုတာ အေဝးကၾကည့္ေနရင္သာ လွခ်င္လွလိမ့္မယ္။အနီးကပ္တိုးၾကည့္ရင္ေတာ့ အပူဟပ္ခံရမွာပဲ။ငါက အလွပဲခ်စ္တာ အဲ့အခ်စ္ကလည္းတစ္ဒဂၤေလးပဲ!အပိုင္မလိုခ်င္ဘူးအငယ္ေလး။ပူမယ္မွန္းသိရက္နဲ႕မီးပုံထဲကိုအတင္းမတိုးခ်င္စမ္းနဲ႕ ရပ္လိုက္ေတာ့ *

* သူရဲေဘာေၾကာင္လိုက္တာ *

အဟုတ္ပင္။အခ်စ္တစ္ခုအေပၚအစ္ကိုခံယူထားတဲ့အမွန္တရားကို ရႈံ႕ခ်လိဳသည္။

* ေတာ္ေတာ့ကြ။ထုံထုံအအလုပ္မေနနဲ႕ ေသာက္႐ူးေလးရ။ေနာက္ဆုံး မင္းေဆာက္ထားတဲ့အိမ္မွာ မင္းပဲက်န္ခဲ့ရမွာ *

ယြန္းဂီသည္ ေဂ်ာင္ကု႔မ်က္ႏွာကိုတစ္ခ်က္သာစိုက္ၾကည့္သြားၿပီး တည္တင္းေသာမ်က္ႏွာမ်ိဳးျဖင့္ လွည့္ထြက္သြားေတာ့သည္။

တကယ္ခ်စ္ရင္ အဆင့္အတန္းဆိုတာဘာအေရးလဲလို႔ လူတစ္ခ်ိဳ႕ကေျပာခ်င္ေျပာၾကလိမ့္မယ္။ဒါေပမယ့္ ခ်စ္သူေတြကိုခြဲနိုင္တာကလည္းအဲ့ဒီအဆင့္အတန္းဆိုတဲ့စကားေလးပဲ။

..... သစ္ခက္အိမ္ .....

တရိပ္ရိပ္လွိုက္တက္လာေသာ တိမ္ဆိုင္မည္းမည္းေတြေၾကာင့္ မ်ားမၾကာမွီတြင္ မိုး႐ြာခ်မည္မွာေသခ်ာသေလာက္ကိုရွိ၍ ဝါးလုံးတန္းတြင္ခ်ိတ္ထားသည့္ထီးကိုဆြဲယူသြားၿပီး ျမန္ဆန္ေသာေျခလွမ္းေတြနဲ႕ ေဂဟာအျပင္ဘက္ကို ေဂ်ာင္ကုကေျပးထြက္သြားသည္။

မိုးမခပင္ေအာက္မွာ အၿမဲလိုလိုထိုင္ေနတတ္တဲ့ေကာင္ေလးကို မိုးမစိုေစခ်င္ပါ။အျပည့္အဝမကာကြယ္ေပးနိုင္ေသးေပမယ့္ မိုးမစိုေအာင္ထီးေဆာင္ေပးတာပဲျဖစ္ျဖစ္၊ပန္းတစ္ပြင့္ခူးေပးခြင့္ရတာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ေပ်ာ္ပါတယ္။

* မိုး႐ြာေတာ့မယ္ ဂ်ီဂ်ီ *

* မိုး႐ြာေတာ့မွာလား။ေကာင္းသားပဲ။ *

ေခါင္းေလးငဲ့ၾကည့္႐ုံသာၾကည့္ၿပီး သူထိုင္ေနတဲ့ဒန္းကေလးကို ေျခေထာက္နဲ႕ခပ္ျဖည္းျဖည္းခ်င္းလႈပ္ယမ္းေနျပန္သည္။ဘာရယ္မဟုတ္ ေငးမိသြားတဲ့အခ်ိန္ကိုက္မွာပဲ
မိုးစက္တို႔က်ဆင္းလာသံကိုၾကားလိုက္ရ၍
အေျပးအလႊားထီးမိုးေပးလိုက္ရတယ္။

သို႔ေသာ္ သိပ့္သည္းစြာထူထူထပ္ထပ္ျဖစ္ေနတဲ့မိုးမခ႐ြက္ေတြေၾကာင့္ ပင္စည္ေအာက္ကသူတို႔ထံ မိုးစက္မ်ားက်ေရာက္ျခင္းမရိွသလိုရွား၏။မ်က္စိေရွ႕မွာထပ္ျမင္လိုက္ရတဲ့ႏႈတ္ခမ္းေလးထက္ကအၿပဳံးေၾကာင့္ ထီးကိုဆုပ္ကိုင္ထားတဲ့သူ႕လက္ေတြမွာတင္းၾကပ္သြားရသည္။

* ဂ်ီဂ်ီ မင္းကိုသေဘာက်တယ္ *

ဖြင့္ေျပာၿပီးသြားမွ ႏႈတ္ခမ္းကိုက္လိုက့္ေပမယ္ အမွားကိုက်ဴးလြန္ၿပီးသြားတာပါပဲ။

* ဟို..ဒီခံစားခ်က္ကို မင္းနားလည္မွာမဟုတ္ဘူး။ငါ့ခံစားခ်က္ကိုသိထားေပးေနာ္ *

ျပန္ၾကည့္လာတဲ့မ်က္ဝန္းေလးေၾကာင့္ မ်က္ခြံေတြကိုလွ်ပ္တျပတ္စိုက္ခ်လိဳက္ေပမယ့္ ပခုံးထက္ေရာက္လာေသာ ညင္သာမႈေလး။လူသည္ ဘာျဖစ္သြားသလဲမသိေတာ့စြာခပ္ေၾကာင္ေၾကာင္ျဖစ္သြားရေသာ္ျငား
အသိစိတ္နဲ႕ကပ္ေနဆဲပါ။

ဂ်ီဂ်ီက အခုသူ႕ကိုဖက္ထားတာ။လိပ္ျပာေလးပခုံးထက္မွာ ဖြဖြလာနားေနသလိုခံစားခ်က္ေလး။ေလာကမွာရွိရွိသမွ်ေသာပန္းေတြရ႕ရနံ႕သင္းသင္းကိုပါ ႏွာေခါင္းဝဆီမွာရလိုက္သလိုခံစားခ်က္ေလး။ႏူးညံ့တယ္။သိမ္ေမြ႕တယ္။ဒါ အိမ္မက္ေတာ့မဟုတ္ဘူးမလား။

* ဂ်ီ..ဂ်ီဂ်ီ *

* မင္းရဲ႕ခံစားခ်က္ဆိုတာ ဒီလိုခံစားခ်က္ကိုေျပာတာလား။ငါ့လိုပဲ မင္းလည္းဖက္ထားခ်င္ေနခဲ့တာလား *

* ဘယ္လိုေျပရမလဲ ငါမသိေတာ့ဘူး *

* ဒါဆိုမေျပာနဲ႕ေတာ့။ငါလည္း မင္းကို သေဘာက်တယ္ေဂ်ာင္ကု *

အဲ့ဒီေန႕က ကြၽန္ေတာ့္ေကာင္းကင္မွာ အလွဆုံးေသာၾကယ္ေလးတစ္ပြင့္ထြန္းလာတယ္။
ၿပီးေတာ့ ကြၽန္ေတာ္ပဲရွိမယ့္ ကြၽန္ေတာ့္ကမာၻမွာ အေမႊးပ်ံ့ဆုံးေသာ ပန္းေလးတစ္ပြင့္ပြင့္ခဲ့သလို၊ျမင္ျမင္သမွ်ဟာ လွပလြန္းေနခဲ့တယ္။

ကြၽန္ေတာ့္ရဲ႕ အေပ်ာ္ရဆုံးေသာေန႕ေလးက သူေၾကာင့္ျဖစ္တည္လာခဲ့တယ္။

..... သစ္ခက္အိမ္ .....

အစ္ကိုမၾကည္ျဖဴတဲ့ၾကားကေန ကြၽန္ေတာ္သူ႕ကိုပဲ ေရွးရႈခဲ့တယ္။ကြၽန္ေတာ္နားလည္ထားတဲ့ ခ်စ္ျခင္းေမတၱာေတြအတိုင္းသူ႕ကိုပဲေပးျဖစ္ခဲ့တယ္။ငယ္႐ြယ္လြန္းတဲ့အခ်စ္တစ္ခုမို႔ လက္မကိုင္ရလည္း ကြၽန္ေတာ္သိပ္ခ်စ္ခဲ့တယ္။

အသားခ်င္းထိဖို႔ေတာင္ မရဲတင္းခဲ့ေပမယ့္ ကြၽန္ေတာ္နားလည္ထားသလို ခ်စ္ျပခဲ့တယ္။
ခ်စ္ျပဖို႔ကို ကြၽန္ေတာ္တစ္ခါေလးေတာင္မတြန့္ဆုတ္ခဲ့ဘူး။ဘာျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ခ်စ္ေနမွာပဲ။ခ်စ္တဲ့အေၾကာင္းကို မလိမ္ညာဘဲ ရိုးရိုးေလးခ်စ္ျပခဲ့တယ္။

ကြၽန္ေတာ္သူ႕ကို သိပ္ခ်စ္ခဲ့တာ။
သူ႕မ်ိဳးရိုးကဘာလဲ။သူကခ်မ္းသာတဲ့အိမ္ကလား။သူကေခ်ာေနလို႔လား။လွေနလို႔လား။
ဘယ္လိုသေဘာတရားနဲ႕မွခ်စ္ခဲ့တာမဟုတ္ဘူး။သူျဖစ္ေနလို႔ကို ရိုးရိုးေလးခ်စ္မိခဲ့တာ။
အေၾကာင္းျပခ်က္က "သူ"ျဖစ္ေနတာမ်ိဳး။

* ငါ ေဂ်ာင္ကုနဲ႕ အသက္ေတြႀကီးသြားတဲ့အထိေနခ်င္တယ္ *

* မင္းသာဆႏၵရွိရင္ ငါလိုက္ေလ်ာေပးမွာေပါ့ မင္းသာ ငါ့အနားကထြက္မသြားနဲ႕ *

စက္ဘီးေလးတစ္စီးရယ္
ေျမနီလမ္းကေလးရယ္
ရယ္သံတိုးတိုးေလးေတြရယ္..
ရင္ခုန္သံေတြ ျပန့္က်ဲက်န္ခဲ့တဲ့ ထိုလမ္းမွာ
အခ်စ္ရဲ႕ေျခရာေလးေတြ က်န္ရစ္ခဲ့ၾကတယ္။​..................။

စက္ဘီးတစ္စီးနဲ႕ လယ္ကြင္းျပင္က်ယ္ေတြအထိ ေလွ်ာက္နင္းခဲ့ၾကၿပီး ေဂဟာသို႔ျပန္လာခဲ့ၾကေပမယ့္ မထင္မွတ္ထားသည့္သတင္းဟာ သူတို႔ႏွစ္ဦးလုံး၏သည္းေျခစိုင္ေတြကို
အရွိန္အဟုန္ျပင္းျပင္းနဲ႕ထိုးစြခံလိုက္ရသည္။
အဓိကကေတာ့ ေဂ်ာင္ကုရင္ကိုေပါ့။

* ေကာင္ေလး..။ *

သူ႕ကိုေက်ာ္ၿပီး လွမ္းေခၚလိုက္သည့္နမ္စားေလးေၾကာင့္ အေနာက္ကိုလွည့္ၾကည့္လိုက္ၿပီးမွ အၿပဳံးေတြနဲ႕ဆရာမႀကီးမ်က္ႏွာကိုျပန္ၾကည့္ေနလိုက္သည္။

* ေကာင္ေလးရဲ႕ မိဘေတြတဲ့။ေကာင္ေလးကိုျပန္လာေခၚၾကတာ *

စက္ဘီးလက္ကိုကိုကိုင္ထားသည့္လက္ေတြမွာ တင္းၾကပ္သြားသလို၊အသက္ပါေအာင့္မိသြားသည္။စည္းခ်က္မညီေတာ့တဲ့ရင္ခုန္သံကိုလ်စ္လ်ဴရႈရင္း သူ႕ေနာက္က ေကာင္ေလးရဲ႕တုံ႕ျပန္မႈကို ေစာင့္ဆိုင္းေနမိသည္။

* တကယ္ မိဘေတြလား *

ထိုစကားေလးနဲ႕တင္ သူ႕ႏွလုံးသားတစ္ခုလုံးေခ်ာက္နက္နက္ထဲ တြန္းခ်ခံလိုက္ရတာ..။

မေမွ်ာ္လင္ထားဆုံးအေၾကာင္းအရာက အသိေပးျခင္းတစ္စုံတစ္ရာမရွိခဲ့ဘဲေရာက္ခ်လာခဲ့တာ။ျပင္ဆင္ခ်ိန္ေလးေတာင္ မရလိုက္ဘူး။အဲ့လိုမလုပ္ၾကပါနဲ႕လို႔ သူ႕စိတ္ထဲမွာအႀကိမ္ေပါင္းမ်ားစြာေအာ္ဟစ္ေနခဲ့တယ္။
သို႔ေသာ္ သူထုတ္မျပခဲ့ဘူး။

တားျမစ္ပိုင္ခြင့္ကိုယ့္မွာ တစ္စုံတစ္ရာရိွမေနတဲ့အခါ ရင္နာနာနဲ႕ေနာက္ဆုတ္လိုက္ရတာမ်ိဳး။ႏွလုံးသား၏ဟိုးေအာက္ေျခအထိေအးစက္သြားရတာကို ကြၽန္ေတာ္သာလွ်င္သိခဲ့တယ္။

မနက္တုန္းက ေဈးကဝယ္လာခဲ့တဲ့ခ်ည္ႀကိဳးႏွင့္က်စ္ထားသည့္လက္ပတ္ကေလးကို သူ႕လက္ကေလးမွာ ဝတ္ေပးေတာ့ သူကၿပဳံးေနခဲ့တယ္။မဆိုးပါဘူး။ဒီလိုနည္းနဲ႕လည္းဆင္တူဝတ္ထားလို႔ရေသးတာပဲကို..ဝမ္းနည္းစရာေတာ့မရိွပါဘူး။

* ငါျပန္လာခဲ့မယ္ေနာ္။ေဂ်ာင္ကုဆီ ငါျပန္လာခဲ့မယ္။ေစာင့္ေနေနာ္ *

ထိုစကားေလးကလြဲလို႔ ကိုယ့္အတြက္သူခ်န္ခဲ့တာ အလြမ္းေတြအျပင္ ဘာဆိုဘာမွမရွိခဲ့ဘူး။အင္း...သူေပးတဲ့ႏႈတ္ဆတ္လက္ေဆာင္အၿပဳံးေလးကိုေတာ့ ကိုယ့္ရင္ထဲသိမ္းဆည္းထားမွာပါ။

..... သစ္ခက္အိမ္ .....

လြမ္းတယ္။မ်က္ႏွာေလးကိုေတြ႕ခ်င္ေသးတယ္။လြမ္းလြန္းလို႔ ေျပးေတြ႕ရမလားစၪ္းစားၾကည့္ခဲ့ေပမယ့္ သူဘယ္မွာေနလဲေတာင္
ကြၽန္ေတာ္မသိဘူး။ရယ္စရာေကာင္းတယ္မလား။ဒါေပမယ့္ ကြၽန္ေတာ္မရယ္နိုင္ခဲ့ဘူး။

မိုး႐ြာတဲ့ေန႕ေတြဆို ေဂဟာေရွ႕ကမိုးမခပင္ကို အေၾကာင္းမဲ့စိုက္ၾကည့္ေနတတ္သလို၊တစ္ခါတစ္ရံ ေရစိုေနတဲ့လမ္းေတြမွာပါ သူ႕ကိုလိုက္ရွာေနမိတတ္တယ္။ျပန္လာမယ္လို႔ေျပာသြားခဲ့ေပမယ့္ သူျပန္မလာေတာ့ဘူးဆိုတာကို ကြၽန္ေတာ့္ႏွလုံးသားကသိေနခဲ့ျပန္တယ္။

ေက်းဇူးျပဳၿပီး ညာၿပီးေတာ့ျဖစ္ျဖစ္ ေျပာေပးလို႔ရမလား။"သူျပန္လာမွာပါေနာ္။"

* ဂြၽန္ေဂ်ာင္ကု မင္းလုပ္ပုံကမဟုတ္ေတာ့ဘူး ကြ၊မိုး႐ြာထဲ ဘယ္အခ်ိန္ထိထိုင္ေနမွာလဲဟမ္။ဟိုကျပန္မလာခင္ မင္းကအရင္ဖ်ားၿပီေသေတာ့မွာ *

မိုးမခအင္ေအာက္က သစ္သားျပားဒန္းကေလးတြင္ ေန႕လယ္ကတည္းကထြက္ထိုင္ေနတဲ့ေကာင္ေလးဟာ ညေနမိုးေတြေစြတဲ့အထိအထဲျပန္ဝင္မလာေတာ့ အစ္ကိုကိုယ္တိုင္ထြက္ေခၚရသည္ေလ။

ပါးစပ္ကလည္း ပြစိပြစိေျပာေနရင္း"ငါ့ကိုအလုပ္ရႈပ္ေနတာပဲလို႔လည္း အစ္ကိုက မၾကားတၾကား"ညၪ္းတြားတတ္ေသးတယ္။

* အစ္ကို...သူျပန္လာမွာပါေနာ္ *

* မင္း ေသာက္႐ူးလား။႐ူးမေနနဲ႕ ရပ္လိုက္ေတာ့ *

* သူကတိေပးသြားတယ္ *

မိုးေရစက္ေတြေၾကာင့္လား အျမင္မသည္းကြဲလို႔ပဲလား အတပ္မေျပာနိုင္ေသာ္လည္း ထိုေကာင္ေလးမွာမ်က္ႏွာထက္မွာ လိုတာထက္ပိုၿပီး ေရစက္ေတြျဖင့္႐ြဲေနခဲ့သည္။

တစ္ရက္ကေန တစ္ပတ္
တစ္ပတ္ကေန တစ္လ...
သူဟာ ျပန္မလာေတာ့ၿပီပဲ။

..... သစ္ခက္အိမ္ .....

အေအးမိၿပီး ဖ်ားေနတာသုံးရက္ေလာက္ရွိေနၿပီ။ဒီေလာက္အၾကာႀကီး အဖ်ားေၾကာမရွည္ဖူးတဲ့ကေလးမို႔ ဆရာမႀကီးကလည္း စိတ္ပူလွၿပီဆိုေပမယ့္ ေဂ်ာင္ကုကေတာ့ အၿပဳံးပင္မပ်က္ခဲ့..။

ရင္ထဲကေဝဒနာကိုမျပခ်င္လို႔ပဲလား?ပင္ကိုစရိုက္ကေလးကိုက ေပ်ာ္ေပ်ာ္ေနတတ္တဲ့ေကာင္ေလးမို႔ပဲလား ေသခ်ာမေျပာျပတတ္ေပမယ့္ အိပ္ရာထဲေခြေနတယ္ဆိုတာကိုမရွိဘူး။ဆရာမႀကီးအနားကပ္လိုက္၊ကေလးေတြနားကပ္လိုက္နဲ႕။

ေလာကႀကီးအေပၚ အေကာင္းျမင္တတ္တဲ့လူ၊ဘာျဖစ္ျဖစ္ၿပဳံးျပဖို႔ဝန္မေလးတတ္တဲ့လူကိုဆို ကံၾကမၼာကသိပ္အခြင့္အေရးယူခ်င္ၾကတယ္။အနာေပၚကိုအနာဆင့္ၿပီး ဆားသိပ့္ဖို႔လည္း ဝန္မေလးတတ္ဘူးထင္သည္။

သူ႕ရင္ထဲကလူသားေလးကို ဆြဲထုတ္သြားၿပီးေပ်ာက္ခ်င္းမလွေပ်ာက္ သြားခဲ့တဲ့ဂ်ီဂ်ီမိခင္ဆိုသူဟာ တစ္ရက္ေတာ့ သူတို႔ေဂဟာကိုအလႉရွင္အျဖစ္နဲ႕ေရာက္လာခဲ့တယ္။အလႉရွင္ေတြလာတဲ့ရက္ဆို ကေလးေတြမွာတအားေပ်ာ္ၾကတာပဲ။

* ေဂ်ာင္ကုေလး ဝင္လာခဲ့ေလ *

ဂ်ီဂ်ီမိခင္နဲ႕ဘာေတြမ်ားေျပာေနၾကသလဲသိခ်င္သျဖင့္ ဆရာမႀကီး႐ုံးခန္းထဲ တိတ္တိတ္ေလးေခ်ာင္းၾကည့္ခဲ့ေပမယ့္ လူမိသြားခဲ့၏။
လူႀကီးေတြစကားဝိုင္းထဲ သူမပါခ်င္ခဲ့ဘူး။သိခ်င္တာ ဂ်ီဂ်ီအေၾကာင္းတစ္ခုတည္းရွိတယ္။

ထိုစကားဝိုင္းထဲ ႀကိဳေရာက္ေနေသာအစ္ကိုက နဂိုတည္တည္တင္းတင္းမ်က္ႏွာမ်ိဳးနဲ႕ထိုင္ေနတယ္ဆိုေပမယ့္ ေဒါသထြက္ေနတယ္ဆိုတာကိုေတာ့ အစ္ကို႔ယြန္းဂီရဲ႕နား႐ြက္ရဲရဲေတြကိုၾကည့္႐ုံျဖင့္ သိနိုင္ခဲ့သည္။

႐ုံးခန္းထဲေဂ်ာင္ကုဝင္လာေတာ့ အစ္ကိုယြန္းဂီက ထိုင္ေနရာမွထလာၿပီး ေဂ်ာင္ကုကိုပါ အျပင္ကိုေခၚထုတ္သြားခဲ့သည္။သူ႕ထံတစ္ခဏသာအၾကည့္ေရာက္လာတဲ့ အမ်ိဳးသမီးႀကီးဆီကေနဂ်ီဂ်ီအေၾကာင္းသိခ်င္ေသးတာကို။

ေဂဟာနဲ႕မ်က္ႏွာခ်င္းဆိုင္ရွိ ဘုရားေက်ာင္းနားထိေခၚသြားျခင္းခံရတာေၾကာင့္ ဘာေတြျဖစ္ေနသလဲ?သူ႕မွာ ဘူမသိကိုးမသိနဲ႕လိုက္သြားေပးရသည္။ခပ္ျမင့္ျမင့္ေတာင္ကုန္းေလးေပၚ အစ္ကိုယြန္းဂီေျပးတက္သြားလွ်င္
သူ႕ပါ​​ အၿငိမ္မေနရပါ။

ထို႔ေနာက္တြင္ေတာ့ သူ႕လက္ထဲ ေ႐ႊေရာင္ဖိတ္စာတစ္ခု အစ္ကိုက ထည့္ေပးျပန္သည္။
ေၾကာင္အစြာေမာ့ၾကည့္ျဖစ္ေတာ့ အစ္ကိုက
မၾကည့္ရက္သလို မ်က္ႏွာလႊဲသြားေလသည္။

* မင္းရဲ႕ဂ်ီဂ်ီ မဂၤလာေဆာင္ေတာ့မယ္တဲ့ *

သူ႕ႏွလုံးသားတစ္ခုလုံး ေအးစက္သြားရတယ္။ၿပီးတာနဲ႕တစ္ဆက္တည္း သူ႕စိတ္ဓာတ္ေတြပါ ေအးစက္ေတာင့္ခဲ့ေနတဲ့ၾကမ္းျပင္ထက္ ပစ္ခ်ခံလိုက္ရသလို အရိွန္ျပင္းျပင္းနဲ႕ျပဳတ္က်သြားေလသည္။

မ်က္ခမ္းေထာင့္ေဝ့သီလာတဲ့ မ်က္ရည္စတစ္ခ်ိဳ႕ဟာ စိတ္၏ေအးခဲမႈေၾကာင့္ အျပင္သို႔
လွ်ံက်လာျခင္းမရွိေပ။ခံစားခ်က္ေတြေၾကာင့္ သူ႕ႏွလုံးသားတစ္လုံးထုံထိုင္းသြားလို႔ျဖစ္မည္။ငိုခ်င္တာေတာင္ မ်က္ရည္ကမက်ဘဴးဆိုေတာ့..။

* ငါေျပာခဲ့တယ္မလား ေသာက္႐ူးလို လြမ္းမေနနဲ႕လို႔။ဟဲ့ေသာက္ကေလး ဘာအခ်ိဳး ခ်ိဳးသြားတာလဲကြာ။ *

* ဖိတ္စာေတာင္ေဝၿပီးၿပီဆိုေတာ့ သူေနေကာင္းသြားလို႔ျဖစ္မယ္။ေကာင္းပါတယ္။သူ႕အတြက္ ကြၽန္ေတာ္ေပ်ာ္ပါတယ္ *

အစ္ကိုယြန္းဂီက သူ႕ကို တစ္ခ်က္သာစိုက္ၾကည့္သြားၿပီး ေတာင္ကုန္းေလးေပၚကဆင္းသြားေတာ့သည္။အ႐ူးလိုမ်ိဳး ဖိတ္စာကိုၾကည့္ၿပီးၿပဳံးေနတဲ့ေကာင္ကို စိတ္ကုန္သြားလို႔ျဖစ္ရင္လည္းျဖစ္မွာေပါ့။

* သား..။အန္တီနဲ႕စကားခဏေျပာမလား *

အမ်ိဳးသမီးႀကီး၏အသံသည္ ေအးျမတယ္။
ဂ်ီဂ်ီလိုပဲ ခ်ိဳသာတဲ့အသံေလးကိုပိုင္ဆိုင္ထားတာပဲ။မတ္တတ္ရပ္ေနတဲ့သူ႕အနားကို လာရပ္ၿပီး အေဝးကလယ္ကြင္းျပင္စိမ္းစိမ္းေတြကိုေသခ်ာၾကည့္ေနရွာသည္။

* သားကို အန္တီေတာင္းပန္ခ်င္လို႔ပါ *

* ဘာအတြက္လဲခင္ဗ် *

* အန္တီသားကို မခ်စ္ပါနဲ႕ *

သူတကယ္ မြန္းၾကပ္သြားရသည္။အသက္ရႈေတြပင္မမွန္ခ်င္ေတာ့ပါ။အဲ့ေလာက္ထိမရက္စက္ၾကဖို႔ ဘယ္လိုစကားလုံးနဲ႕ေတာင္းဆိုသင့္သလဲ၊သူ႕ဦးေႏွာက္က အလုပ္မလုပ္တတ္
ေတာ့ဘူး။

ေဂ်ာင္ကုသည္ သူ႕မ်က္လုံးေတြကိုမွိတ္ခ်ပစ္ၿပီး ခဲယၪ္းစြာ အားတစ္ခုယူလိုက္ၿပီးစကားေျပာဖို႔ႀကိဳးစားျပန္သည္။

* ဒါေတာ့... *

* အန္တီသားေလးက အခုမွ ေနျပန္ေကာင္းခါစပဲရွိေသးတာပါ။ထပ္ၿပီး သူ႕စိတ္ကိုပင္ပန္းရမယ့္ကိစၥမ်ိဳးေတြနဲ႕မႀကဳံေစခ်င္ေတာ့ဘူး။အန္တီသားက အရင္ကတည္းက
က်န္းမာတဲ့ကေလးမဟုတ္ဘူးကြယ္။မိသားစုျပႆနာတစ္ခုေၾကာင့္ အန္တီသားမွာစိတ္ဒဏ္ရာေတြရွိခဲ့တယ္။အဲ့ဒီျပႆနာကေနစၿပီး စိတ္ကစၪ့္ကလ်ားဆိုတဲ့ေဝဒနာဆိုးႀကီးျဖစ္လာတဲ့အထိပဲ။အန္တီတို႔လည္း သားကိုကုသေပးပါတယ္။ဒါေပမယ့္ လူႀကီးေတြအလစ္မွာ သားကေပ်ာက္သြားခဲ့တယ္ေလ။ေနရာအႏွံ႕လိုက္ရွာခဲ့ေပမယ့္ ေနာက္ဆုံးသားတို႔ေဂဟာမွာ အတိတ္ေမ့ေဝဒနာနဲ႕ေရာက္ေနတယ္ဆိုတာကို သိခဲ့ရတာပဲ။အဲ့ဒါေၾကာင့္ သားကပဲ ေနသားက်ေနၿပီျဖစ္တဲ့အန္တီသားကိုလက္လႊတ္ေပးပါ။သူ႕မွတ္ဉာဏ္ေတြကို အစျပန္မေဖာ္ပါနဲ႕လားကြယ္ *

* သူ ကြၽန္ေတာ္ကို မွတ္မိလား *

* အန္တီေျပာရမွာေတာ့အားနာပါတယ္။
ဒီေဂဟာနဲ႕ပတ္သတ္ၿပီး သားမွာ ဘယ္လိုမွတ္ဉာဏ္မ်ိဳးမွမရွိေတာ့ဘူး *

ကြၽန္ေတာ့္မွာ ေျပာစရာစကားလုံးေတြမရွိေတာ့ဘူး။ကြၽန္ေတာ့္ခ်စ္သူပင္ပန္းမယ္ဆိုတာသိရက္နဲ႕ ကြၽန္ေတာ့္ကို ဘာေျပာေစခေင္ေသးတာလဲ။

* အန္တီကို နားလည္ေပးရင္သိပ္ေကာင္းမွာပဲ။အတၱဆိုရင္ေတာင္ မိခင္တစ္ေယာက္ရဲ႕အတၱႀကီးမႈပါ။ *

သစ္ခက္ေတြနဲ႕ ယိုင္နဲ႕ေဆာက္ထားတဲ့အိမ္ေလးတစ္လုံးသည္လည္း ေနာက္ဆုံးတြင္ေတာ့မုန္တိုင္းဒဏ္ေၾကာင့္ၿပိဳပ်က္ရစၿမဲပါ။
အစကတည္းက သူဟာ သစ္ခက္အိမ္ေလးတစ္လုံးပဲကို။ထြက္ေျပးခ်င္တာ ဘာအဆန္းလဲ။နားလည္ေပးၿပီးသားပါ။

္မင္းျဖစ္ေနလို႔ကို အႂကြင္းမရွိနားလည္ေပးထားပါတယ္။မင္းေပ်ာ္ပါေစ ...။

..... သစ္ခက္အိမ္ .....

မဂၤလာေဆာင္မယ့္ေန႕တြင္ ေဂဟာတစ္ခုလုံးကကေလးေတြအားလုံး အဝတ္အစားအသစ္ေလးေတြနဲ႕သစ္လြင္ေနၾကသည္။ဒါသည္ ဂ်ီဂ်ီရဲ႕မိခင္ပို႔ေပးတဲ့ လက္ေဆာင္ေတြေျပာရမလား။

ေဂဟာအတြက္ လစၪၱိဳင္းအလႉရွင္အျဖစ္ေထာက္ပံ့ေပးမယ္ေျပာခဲ့တုန္းကဆို
ဆရာမႀကီးက ဝမ္းသာမ်က္ရည္လည္ခဲ့ေသးတာ။သည္အတြက္ လူတစ္ေယာက္ရဲ႕ႏွလုံးသားနဲ႕အလဲအထပ္ေလးလုပ္ခဲ့႐ုံေလးပါ။သာမန္နာက်င္မႈထက္မပိုပါဘူး...။

* သား ဘာၾကည့္ေနတာလဲ *

* ေမေမ ဟိုသစ္ပင္ *

* ဪ သားက ဒီမွာေနခဲ့ဖူးတာပဲ သားမသိစိတ္ကရင္းႏွီးေနလို႔ျဖစ္မွာပါ *

* အဲ့ထက္ပိုတယ္ *

ထိုစကားကို ေမေမဟာ မၾကားသြားခဲ့ပါ။
မၿပီမျပင္ေပၚလာသည့္မွတ္ဉာဏ္တစ္စေၾကာင့္ ထိုသစ္ပင္ႀကီးဆီသူေလွ်ာက္သြားခဲ့သည္။
အေၾကာင္းျပခ်က္ေရေရရာရာမရွိပါဘဲနဲ႕ ထိုအပင္ေအာက္မွခြာနိုင္တာ ဘာေၾကာင့္လဲ သူတကယ္မေတြးတတ္ခဲ့ဘူး။

* အခမ္းအနားစေတာ့မယ္ေလ ငါတို႔ဝင္ရေအာင္ *

သူ႕ထက္ ေခါင္းတစ္လုံးေလးပဲအရပ္ပိုျမင္တဲ့ေကာင္ေလးက ကေလးမ်က္ႏွာေလးနဲ႕။ၾကည့္လို႔ေကာင္းတယ္။ၿပဳံးေနသည္လည္းမဟုတ္ မၿပဳံးဘူးလည္းမဟုတ္ ၿပဳံးျပေနတဲ့သူ႕အၿပဳံးေလးက အားေလ်ာ့ေနတာကိုေတာ့သိတယ္။

ေဖ်ာ့ေတာ့ေတာ့မ်က္လုံးေလးေတြကိုအားမရဘူး။ဘာကို ညိုးငယ္ေနတာလဲ။

* ငါနဲ႕သိတာလား *

ေခါင္းေလးပဲ ညိတ္ျပတယ္။

* ပါ့ခ္ဂ်ီမင္း...ငါ့နာမည္ကိုေျပာတာေနာ္။သိၿပီးသားဆိုလည္းထပ္မွတ္ထားလိုက္ *

* ပါ့ခ္ဂ်ီမင္း...နာမည္ကလွသားပဲ *

နီးကပ္စြာျမင္ေနရတဲ့ကိုယ္ငယ္ေလးကိုဖက္ထားခ်င္ခဲ့တယ္။ေခါင္းေလးကို ဖြဖြပုတ္ေပးခ်င္ခဲ့တယ္။သို႔ေသာ္ ဒါေတြဟာစိတ္ကူးယဥ္ဖို႔ေကာင္းတဲ့ဆႏၵသပ္သပ္အျဖစ္ပဲရွိေနေတာ့မွာ။

* လက္ဖြဲ႕ေပးမယ္ ယူမလား။တန္ဖိုးႀကီးေတာ့မဟုတ္ဘူး။ငါတန္ဖိုးထားတဲ့အရာကိုေပးမွာ *

ကိုယ္ထံ က်န္ရွိေနေသးတဲ့လက္ပတ္ႀကိဳးေလးကို လက္ေကာက္ဝတ္ေလးထံဝတ္ေပးေတာ့ပါ့ခ္ဂ်ီမင္းကို မျငင္းခဲ့ဘူး။ခ်ည္ႀကိဳးခ်ည္းသပ္သပ္ေပးလိုက္တာမဟုတ္ဘဲ ကိုယ့္ႏွလုံးသားကိုပါ ဒီခ်ည္ႀကိဳးနဲ႕တြဲခ်ည္ထားတာ ဂ်ီဂ်ီရ။

..... သစ္ခက္အိမ္ .....

မဂၤလာေဆာင္ကျပန္လာကတည္းက ပါ့ခ္ဂ်ီမင္းရဲ႕စိတ္ေတြအနည္းငယ္ေနာက္က်ိေနရသည္။ဘာမွန္းမသိတဲ့ခံစားခ်က္ေတြေၾကာင့္
သူ႕ရင္ထဲ မြန္းၾကပ္ေနသလိုခံစားရသျဖင့္၊အိမ္ကိုျပန္ေရာက္တာနဲ႕ အခန္းထဲတန္းဝင္သြားသည္။

ဘာေၾကာင့္ဆို သူ႕တြင္ လက္ေကာက္ဝတ္ေပၚကလက္ပတ္ႀကိဳးမ်ိဳး ေနာက္တစ္ခုရွိေနေသးလို႔။ႏွစ္ခုကို ေသခ်ာတိုက္ၾကည့္ၿပီးသြားသည့္အခ်ိန္၌ သူ႕အာ႐ုံထဲ မရွင္းမလင္းပုံရိပ္ေတြက
ထင္ဟင္လာခဲ့ေတာ့သည္။ေသခ်ာသိလိုက္တဲ့အေျဖတစ္ခုေၾကာင့္ အခန္းထဲလိုက္ဝင္လာေသာသတို႔သမီးရဲ႕လက္ကို​ေဆာင့္ဆြဲမိသြား၏။

* အကုန္လုံးကို နင္သိတယ္မဟုတ္လား *

* ငါတကယ္မသိဘူး *

* နင္မညာနဲ႕။ေမေမနဲ႕နင္ေပါင္းႀကံတာ ငါ့ကိုခုတုံးလုပ္ခဲ့ၾကတာ *

ထိုမွ်သာ စကားေျပာနိုင္ခဲ့ၿပီးမဂၤလာဝတ္စုံပင္မလဲနိုင္၊ကုတ္ကို ဆြဲခြၽတ္ပစ္ခဲ့ၿပီး
တစ္စုံတစ္ေယာက္ေစာင့္ဆိုင္းေနမယ့္ေနရာဆီကို ေျပးထြက္လာခဲ့လိုက္သည္။

ေနာက္ကိစၥကို ေနာက္မွေျဖရွင္းယူမည္။သူ
မမုန္းသြားဖို႔၊မနာက်ၪ္းေနဖို႔၊ထပ္ၿပီးေစာင့္ဆိုင္းေနစရာမလိုေတာ့ဘူးဆိုတဲ့အေၾကာင္းကို ေျပာျပရေပဦးမည္။

..... သစ္ခက္အိမ္ .....

သို႔ေသာ္ တစ္ဖက္ျခမ္းက ေကာင္ေလးသည္လည္း အခမ္းအနားၿပီးဆုံးသြားကတည္းက
အနားယူဦးမည္ဆိုၿပီး အခန္းထဲဝင္သြားရာကေန ညစာစားတဲ့အခ်ိန္ထိထြက္မလာသည္မို႔ အစ္ကိုယြန္းဂီမွာ မၾကည္သာေသာမ်က္ႏွာနဲ႕အခန္းထဲဝင္ေရာက္လာခဲ့တယ္။

ဒါေပမယ့္ သူျမင္ေတြ႕လိုက္ရတာက ခုတင္ထက္မွာေငးငိုင္ၿပီးထိုင္ေနမယ့္အငယ္ေလးအစား ၿငိမ္သက္လ်က္အိပ္ေမာက်ေနသူကိုသာျမင္ေတြ႕လိုက္ရတာေၾကာင့္ မ်က္လုံးေတြမွာစိုးရိမ္စိတ္နဲ႕ျပဴးက်ယ္ကုန္သည္။

* အငယ္ေလး။ဒါကအေျဖထုတ္တဲ့နည္းမွားေနတယ္ကြ။ထဦး ဟိတ္ေကာင္။ငါေခၚေနတယ္ ထဦးလို႔ *

ယြန္းဂီက သူ႕ညီငယ္ရဲ႕မ်က္ႏွာကို တမင္နာေအာင္အႀကိမ္ႀကိမ္ရိုက္ၾကည့္ၿပီး မ်က္လုံးပြင့္လာဖို႔ႀကိဳးစားေနသည္။တစ္ခဏအတြင္းမွာပဲ ၿငိမ္သက္ေနခဲ့တဲ့အခန္းငယ္ေလးဟာဆူညံ့သြားခဲ့ေတာ့သည္။

စားပြဲခုံပုေလးေပၚက အိပ္ေဆးဗူးေလးနဲ႕စာ႐ြက္ေခါက္ေလးကို တုန္ယင္ေနသည့္လက္ေတြနဲ႕ ယြန္းဂီကခပ္ျဖည္းျဖည္းယူၿပီးေဘာင္းဘီအိတ္ကပ္ထဲ စာ႐ြက္ေခါက္ကိုထိုးထည့္လိုက္ေလသည္။

* ေဂ်ာင္ကု! *

ဝမ္းနည္းေနၾကေသာလူအုပ္ႀကီးသည္ ထိုအသံငယ္ေလးေၾကာင့္ၿပိဳင္တူလွည့္ၾကည့္လာၾကေပမယ့္ ယြန္းဂီရဲ႕မ်က္ႏွာကေတာ့
နဂိုထက္ပင္ ပိုကာတည္တင္းလို႔ေန၏။

လူေတြအားလုံးကအနက္ေရာင္ဝမ္းဆက္မ်ားႏွင့္ျဖစ္ၾကသလို ဘုရားေက်ာင္းေရွ႕မွာေထာင္ထားတဲ့ ေဂ်ာင္ကုနာမည္နဲ႕သင္ပုန္းကဘာအတြက္လဲ။အဲ့လိုမဟုတ္ဘူးမလား။မျဖစ္ရဘူးေလ။အဲ့လို႔ျဖစ္လို႔မွမရတာ။

* လာတာေနာက္က်တယ္ ပါ့ခ္ဂ်ီမင္း။ဒီထပ္ပိုၿပီးေစာေစာေလးေရာက္လာသင့္တာကို
ဒါကို ငါ့ညီက... *

ယြန္းဂီကစကားကို တစ္ဝက္နဲ႕ရပ္ၿပီးရွိုက္သည္။မ်က္လုံးေတြနီရဲမို႔အစ္ေနတာက ဆုံးရႈံးမႈအတြက္ဘယ္ေလာက္ထိ နာက်င္ေနသလဲသိသာေစတယ္။ဘုရားေက်ာင္းထဲေျပးဝင္လာသူသည္ အကၤ်ီေတြကိုဖရိုဖရဲျဖင့္။

သူ႕အိမ္ကေန ဒီေနရာအထိ ေျပးလာတာေတာ့မဟုတ္ဘူးမလား။

* ေဂ်ာင္ကုကို ဘာလုပ္ၾကမလို႔လဲ *

ေၾကာင္ေလးလို မ်က္လုံးၾကည့္ၾကည့္ေလးေတြထဲ မ်ားစြာေသာမ်က္ရည္ဥေတြရစ္သိုင္းေနကာ ေခါင္းတလားရွိရာဆီေရာက္ခ်သြားၿပီး အထဲကေဂ်ာင္ကုကို ေသခ်ာစိုက္ၾကည့္ေနရွာသည္။ဘာစကားမွေတာ့ ေျပာျခင္းမရွိပါ။

* သူဘာျဖစ္လို႔ အိပ္ေပ်ာ္ေနတာလဲ *

အသံတိုးတိုးေလးနဲ႕ ေမးလာပုံက ေဂ်ာင္ကုအိပ္ေရးပ်က္သြားမွာကို ​စိုး႐ြံေနပုံရသည္။
ထိုစကားက ဘာမွမဟုတ္ေပမယ့္ ယြန္းဂီ၏ မ်က္အိမ္ေတြမွာ ျပဴးက်ယ္သြားရၿပီးေဘးနားလာရပ္ေနတဲ့ေကာင္ေလးကို မယုံၾကည္နိုင္စြာ ငုံ႕ၾကည္ေနလိုက္မိသည္။

ဒီေကာင္ေလးရဲ႕က်န္းမာေရးကို အငယ္ေလးဆီကေန သူၾကားထားၿပီးသားမို႔ မအံဩမိေပမယ့္ တုန္လႈပ္သြားရသည္။စိတ္လႈပ္ရွားတာမ်ားရင္ စိတ္ခံစားခ်က္ေတြေရာေထြးသြားတတ္တာကို သူ႕အေနနဲ႕သိထားခဲ့၍ က႐ုဏာသပ္မိသြား႐ုံေလးပါ။

* အင္း အိပ္ေပ်ာ္ေနတာ။ငါ့ညီေလးက ထာဝရအိပ္ေပ်ာ္သြား႐ုံပါ *

* ႏွိုးလိုက္ေတာ့ေလ။အၾကာႀကီးအိပ္ေနရင္ ေနမေကာင္းျဖစ္တတ္တယ္ သူ႕ကို ႏွိုးေပးပါလား *

* အိပ္ပါေစ။သူအရမ္းပင္ပန္းေနၿပီ *

အလိုက္တသိနဲ႕ပါးစပ္ေလးပိတ္သြားပုံက
ခ်စ္စရာေကာင္းေနသလို တစ္ၿပိဳင္နက္တည္းသနားဖို႔လည္းေကာင္းေန၏။ေဂ်ာင္ကုကိုသာလွမ္းလွမ္းၾကည့္ေနတတ္တဲ့မ်က္လုံးေလးေတြက အေရာင္တလက္လက္ေတာက္လို႔။

* ေခါင္းေလာင္းတီးဖို႔လား...ကြၽန္ေတာ္တီးေပးမယ္ေနာ္။ဒါမွ သူ႕အိမ္မက္ေလးေတြလွေနမွာ *

အသိစိတ္နဲ႕မသိစိတ္ၾကားေရာက္ရွိေနတဲ့
ပါ့ခ္ဂ်ီမင္းမ်က္ႏွာေလးသည္ ဘယ္လိုဝမ္းနည္းျခင္းမ်ိဳးမွမခံစားေနရသလို ၿပဳံးေပ်ာ္ေနသည္။

* ျပဳတ္က်မယ္ သတိထားၿပီးတက္ *

ခရစ္ယာန္ဘာသာဝင္တို႔လုပ္နည္းအတိုင္း လုပ္စရာရွိသည္မ်ားကိုဆက္လုပ္ရမည္က
ဘုရားေက်ာင္း၏ ေခါင္ထိပ္မွာရွိတဲ့ေခါင္းေလာင္းကိုတက္ထိုးဖို႔နဲ႕အမိန့္စာျပန္ဖို႔သာရွိေတာ့သည္။အမိန့္စာျပန္သည့္အခါ
ပါ့ခ္ဂ်ီမင္းတစ္ေယာက္မခံစားနိုင္မွာစိုး၍ ေခါင္းေလာင္းထိုးခိုင္းလိုက္ရသည္။

ေခါင္းေလာင္းမွအသံျမည္ေတာ့ ဂ်ီမင္းႏႈတ္ခမ္းေလးမွာ ပိုလို႔ပင္ၿပဳံးသြားရွာသည္။
သံေလွကားေလးအတိုင္း သူျပန္ဆင္းလာခဲ့ၿပီး ယြန္းဂီေဘးမွာၿငိမ္ၿငိမ္ကေလးသြားျပန္ရပ္ေနကာ ေဂ်ာင္ကုကိုပဲၾကည့္ေနသည္။

* လုပ္ဦး။သူတို႔ဘာလို႔ အဲ့တာကိုပိတ္ေနၾကတာလဲ။အထဲမွာေဂ်ာင္ကုရွိတယ္ တားေပးဦး။သူတို႔လုပ္လို႔ ေဂ်ာင္ကုအသက္ရႈၾကပ္ေတာ့မယ္ *

ေခါင္းတလားကိုပိတ္ဖို႔ျပင္သည့္အခါ ဂ်ီမင္းကအတင္းထိုးထိုး႐ုန္းကန္ၿပီး အဲ့ဒီလိုမလုပ္ဖို႔တားျမစ္သျဖင့္ ယြန္းဂီကပဲ ပါ့ခ္ဂ်ီမင္း၏ပခုံးေလးကိုဖြဖြဖက္ေပးထားလိုက္ရသည္။ဂ်ီမင္းအသံေတြမွာ တျဖည္းျဖည္းတုန္ယင္ကြဲအက္လာခဲ့ၿပီး ဘုရားေက်ာင္းေလးထဲပဲ့တင္အပ္ရသည္။

* ေဂ်ာင္ကုအိပ္ဖို႔ အစ္ကိုတို႔ေခၚသြားရေတာ့မွာ။ေဂ်ာင္ကုကိုခ်စ္ဆို နားလည္ေပးမယ္မလား *

ပါ့ခ္ဂ်ီမင္းက နားလည္မႈရွိတဲ့ေကာင္ေလးအျဖစ္ရွိေနဆဲပါ။ငိုေႂကြးျခင္းေတြ ႐ုန္းကန္တြန္းထိုးျခင္းေတြမလုပ္ေတာ့ဘဲ အဲ့ဒီအစား
ေဂ်ာင္ကုနားကိုသာ တိုးကပ္သြားၿပီး အိပ္ေနသူရဲ႕နဖူးေလးထံ အနမ္းေလးတစ္ပြင့္ဖူးပြင့္ေပးသည္။

* အိပ္ရာက နိုးလာရင္ ငါ့ကို အရင္ဆုံးလာေတြ႕ေနာ္။ခ်စ္တယ္ေဂ်ာင္ကု *

" မိုးလင္းတိုင္း
ခ်စ္ခဲ့ျခင္းကိုခံစား
ကမာၻျခားခဲ့တာ မင္းနဲ႕ငါ...။
မိုးခ်ဳပ္သြားေတာ့
မင္းမရွိတဲ့ေနရာေလး
ျပန္တမ္းတတယ္ လြမ္းလိုက္တာ...။ "

သစ္ခက္အိမ္ဆီ တစ္စုံတစ္ေယာက္ျပန္လာတာကိုလည္း ပိုင္ရွင္ေလးကမသိသြားခဲ့ဘူး။
အနမ္းေလးတစ္ပြင့္အေၾကာင္းလည္းမသိသြားခဲ့ရွာဘူး။

x x x x x x x x x x x x x x x x x x x x x x

(ဖတ္ေပးၾကသူအားလုံးေက်းဇူးတင္ပါသည္။

Song Recommendedေပးခ်င္တာက စိုင္းစိုင္းခမ္းလွိုင္ရဲ႕" ကမာၻျခားခဲ့တာ မင္းနဲ႕ငါ "၊Enyaရဲ႕Only Timeကိုၫႊန္းေပးခ်င္ပါတယ္။

x x x x x x x x x x x x x x x x x x x x x x

Continue Reading

You'll Also Like

57.7K 566 38
Imagines abt notti,ddot,nd dd Cussing, and some smut for the freaks🫵🏾
4.1K 94 13
Y/n and Gustav are best friend and always have been she's never noticed the crush Gustav has on her. What happens when she dates one of his best frie...
81.3K 644 17
This story will have Skase and Marest.(Skye and Chase,Marshal and Everest.)So I hope you enjoy it. The Paw Patrol are just doing there usual things.P...