ဘာဒါ မနက်စောစောထလိုက်တယ်။
ပြတင်းပေါက်က အိပ်ခန်းထဲဝင်နေတဲ့နေရောင်ဖျဖျလေးက California ရဲ့ အကောင်းဆုံးရာသီဥတုမှာရောက်လာခဲ့ကြောင်း ပြောပြနေသလို။
ဒီနေ့ မနက် ဂျူဟျော့လာတွေ့မယ်ဆိုလို့
စောစောလာဖို့ပြောထားလိုက်တယ်။
Maryနဲ့လည်း အပြင်သွားရဦးမယ်မလား။
မနက်စာ Breakfastကိုတော့ အဘွားခေါ်လို့ အဘွားအိမ်ကို သွားစားရတယ်။
ဘေးအခန်းကို တချက်ကြည့်မိတော့
ပြတင်းပေါက်ဖွင့်ထားပေမယ့်
လူရိပ်တော့မမြင်ခဲ့ရ။
ကြည့်မိပြီးမှ ကိုယ့်ဘာသာပြုံးမိတယ်။
Maryဆီမှာ Brainwashခံထားရပြီပဲ။
ဘာတွေမျှော်လင့်နေတာလဲ။
ချောတယ်ဆိုလို့ မြင်ဖူးချင်တာလား။
ကိုယ့်ကိုကိုယ်တောင် ရယ်ချင်သွားတယ်။
ပတ်ချယ်ယောင်းများသိရင် ဗိုက်ခေါက်ဆွဲလိမ်ခံရမလား။
''Mary ငါအပြင်ခဏသွားမယ်နော်''
''အင်း နင့်ဧည့်သည်က ဘယ်အချိန်လာမှာလဲ''
''ခဏနေပေါ့''
''အင်း ပြန်ရောက်မှ သွားကြမယ်လေ
ဒါနဲ့ နင်Arielကို တွေ့ပြီးပြီလား''
''ဟင့်အင်း''
''သူရုံးပိတ်ရက်ထင်တာပဲ
နော် အဘွား''
''အခုတလော အလုပ်များတယ်ထင်တယ်
ဟိုရက်ကဆို ညတောင်ပြန်မအိပ်ရဘူး''
''ငါ မိတ်ဆက်ပေးဖို့ လိုက်ခဲ့မယ်''
''အာာ ဘာလို့မိတ်ဆက်မှာလဲ''
''နင်တို့ koreanအချင်းချင်းလေ''
''မလိုဘူး ရတယ်''
အခုအချိန်မှာ ပတ်ချယ်ယောင်းကလွဲပြီး တခြားမိန်းကလေးတွေနဲ့ ပက်သက်ချင်စိတ်လည်းမရှိ။
လိုလည်းမလိုအပ်။
အဘွားအိမ်က ပြန်လာတော့
ဂျူဟျော့က သူရောက်ပြီလို့ဖုန်းဆက်တယ်။
ခြံထဲဆင်းလာရင်း
အိတ်က အခန်းထဲမှာကျန်ခဲ့တော့
ခြံဝက ဂျူဟျော့ကို လှမ်းပြောရတယ်။
''ဂျူဟျော့ ခဏလေးနော်
အိတ်ယူလိုက်ဦးမယ်''
''အင်း ရတယ်''
အစွန်က တိုက်ခန်းဆိုတော့ ခြံဝနဲ့နီးပေမယ့်
အသံမြှင့်ပြီးပြောလိုက်ရတယ်။
ခြံထဲခေါ်ပြီး မိတ်ဆက်ပေးသင့်ပေမယ့်
အရမ်းအရေးတယူလုပ်သလိုများဖြစ်နေမလားလို့
ဒီတိုင်းပဲ ထွက်လာခဲ့လိုက်တယ်။
Maryပြောတဲ့ အိမ်နားက ဆိုင်တစ်ဆိုင်မှာပဲ ထိုင်လိုက်ကြတော့တယ်။
''မတွေ့တာကြာပြီ ဘာဒါ''
အမေ့ရဲ့နွေရာသီလက်ဆောင်မာဖလာကိုထုတ်ပေးရင်း ဂျူဟျော့ကပြောတယ်။
''အင်း မတွေ့တာကြာပြီ ''
''အဆင်ပြေလား''
''ပြေပါတယ်''
''အင်းးး''
ဂျူဟျော့က မမနဲ့ဘာဒါကွဲသွားကြတာသိမယ်ထင်တယ်။
နာဟီးတို့ကတဆင့်ပေါ့။
''နာဟီးတို့ကိုပြောခဲ့သေးလား''
''မပြောခဲ့ဘူး
မသိစေချင်တာလားလို့''
''အင်းးး''
''အမေတို့ကတော့ ခဏခဏတွေ့ဖြစ်ကြတယ်''
''အင်းး''
တွေ့ဖြစ်မှာပေါ့..
အီဂျူဟျော့ကို အမေက မမေ့နိုင်သေးဘူးလေ..
သားမက်တော်ချင်နေတုန်းပဲထင်တယ်..
''Texasမှာ အလုပ်လုပ်ရတာဘယ်လိုလဲ''
''အဆင်ပြေနေပါပြီ
ရောက်ကတည်းက လုပ်နေတာဆိုတော့''
''အင်းး''
''ဘွဲ့လွန်ဆက်တက်မှာလား''
''မသိသေးဘူး''
''မတက်ရင် ပြန်တော့မှာပေါ့''
''မပြန်ဖြစ်လောက်သေးဘူး''
''အင်းး ချစ်သူအသစ်ရနေပြီလား''
ဂျူဟျော့ကို ခေါင်းငုံ့နေရာကနေ မျက်လုံးလှန်ကြည့်လိုက်ရင်း
''ဟင့်အင်း''
''သြော်..''
''ပတ်ချယ်ယောင်းကိုရှာဖို့ထွက်လာတာလေ''
မပြောချင်ပေမယ့်
ရှင်းအောင်တော့ပြောထားရမယ်မလား။
အံ့သြသွားပုံရတဲ့ ဂျူဟျော့က ဘာဒါကိုအစွဲအလန်းကြီးမယ်လို့မထင်ထားတဲ့ပုံပဲ။
''မတွေ့သေးတဲ့သဘောပေါ့''
''အင်း''
ဂျူဟျော့နဲ့ တွေ့ပြီးပြန်လာတော့
Maryနဲ့အတူတူ မြို့ထဲပြန်ထွက်ကြတယ်။
........
ချယ်ယောင်း မနက်စောစောနိုးနေပြီး
မနက်စာပြင်နေတုန်း
အပြင်ကိုကြည့်မိတော့ရာသီဥတုလေးက သာယာလိုက်တာလို့တွေးမိတယ်။
မနက်ဆို
အိပ်ခန်းပြတင်းပေါက်လေးဖွင့်ထားပြီး
ငှက်သံလေးတွေနားထောင်ရတာ
တကယ်ကိုကောင်းတယ်။
မြို့ထဲနဲ့နည်းနည်းလှမ်းပေမယ့်
မပြောင်းဖြစ်တဲ့အထဲ ဒီလိုအကြောင်းလေးတွေလည်းပါတာပေါ့။
မနက်စာစားရင်း
သတင်းကြည့်နေတုန်း
အသံသဲ့သဲ့ကြားလိုက်တာက
ဘာဒါ့အသံနဲ့တူလိုက်တာ..
ဒီခြံထဲမှာ ဘာဒါ့အသံကြားစရာအကြောင်းရှိလို့လား..
အခုတလော အရမ်းသတိရနေလို့များလား..
ဘေးအခန်းက ခြေသံကြားလိုက်ရပြီးတဲ့နောက်
မဖြစ်နိုင်ဘူးလို့တွေးနေရင်းက မနေနိုင်စွာထကြည့်မိသေးတယ်။
အိမ်ရှေ့က ကားတစ်စီးထွက်သွားတာပဲ မြင်လိုက်ရပြီး ခေါင်းကိုယမ်းပြီး အခန်းထဲပြန်ဝင်လာလိုက်ရတယ်။
လမ်းမှာ အရပ်ရှည်ရှည်နဲ့ လမ်းလျှောက်ပုံလေးအထာကျရင် ဘာဒါများလားလို့ လိုက်လိုက်ခေါ်နေမိတာ မနည်းတော့ဘူး။
တွေ့သမျှကို တောင်းပန်လိုက်ရပြီး
အခုဆို လိုက်မခေါ်မိအောင် တော်တော်ထိန်းထားရတယ်။
ကြာတော့လည်း စိတ်ရောဂါလို့တောင် ထင်လာမိတယ်။
လက်က လက်စွပ်လေးကို ငုံ့နမ်းမိတယ်။
တစ်နေ့တော့ တွေ့မှာပါ။
မင်းရဲ့coupleလေးကို တွေ့အောင်ရှာပေးမယ်နော်။
ဒီနေ့တော့ ရှားရှားပါးပါး နားရက်လေးရတယ်။
မနက်ဖြန်က Sundayဆိုပေမယ့်
အသံလွှင့်ရုံကို ခဏသွားရဦးမယ်။
ဒီနေ့တော့ တစ်နေကုန်အိမ်မှာပဲ..။
SNSက ဘာဒါ့accလေးကိုဝင်ကြည့်မိတော့
ချယ်ယောင်းထွက်မသွားခင်တင်ထားတဲ့
ပုံလေးတွေ postလေးတွေပဲရှိပြီး
နောက်ပိုင်းမသုံးဖြစ်တော့တာထင်တယ်။
ဝင်ကြည့်ရလွန်းလို့ အလွတ်တွေတောင်ရနေပြီ။
နေ့လည်လောက်အဘွားဆီကို စာအုပ်ဖတ်ပြဖို့သွားတော့
Maryလည်းမရှိဘူး
သူငယ်ချင်းနဲ့အပြင်ထွက်သွားတယ်တဲ့။
တနေကုန် အဘွားကို ကဗျာစာအုပ်လေးဖတ်ပြပြီး
အတူတူဆွေးနွေးရင်း
အဘွားပြောပြတဲ့ အဘိုးအကြောင်းတွေနားထောင်ရင်း
ချစ်ရတဲ့သူ့ကို ခါတိုင်းထက်ပိုသတိရနေမိတော့တာပဲ..။
ညနေစောင်းတော့ အခန်းကိုပြန်ခဲ့လိုက်တယ်။
အခန်းတံခါးဖွင့်ပြီးဝင်မယ်လုပ်တော့ Maryကားလေး ခြံထဲဝင်လာတာတွေ့ရတယ်။
တချက်ကြည့်ပြီး
အခန်းထဲ ဝင်ခဲ့လိုက်တော့တယ်။
.......
တနေကုန် Maryနဲ့ လျှောက်သွားနေကြတယ်။
San Francisco Modern Museum Artကို သွားကြတယ်။
Golden Gate Park ကိုသွားကြတယ်။
အဲ့နှစ်ခုက နည်းနည်းလှမ်းတယ်။
ကြားမှာ မုန့်ဝင်စားကြတယ်။
''ဘာဒါ ညကျ Clubသွားရအောင်''
''ဟင်''
''ငါ Henryနဲ့ချိန်းထားတယ်''
''အဲ့တော့??''
''အဲ့တော့ နင်လိုက်ခဲ့လေ''
''နင် သူ့နောက်လိုက်သွားမှာကို ငါက ဘာလိုက်လုပ်ရမှာလဲ''
''သူ့နောက်မလိုက်ဖြစ်အောင် နင်ပါမှ ဖြစ်မယ်လေ
မဟုတ်ရင် ငါလိုက်အိပ်မိလိမ့်မယ်''
''မသွားနဲ့လေ''
''တွေ့ချင်တယ်လေ''
တကယ် မနိုင်ဘူး။
''ဒါနဲ့ နင် မနက်ဖြန် ပြန်မှာလား''
''အင်းး''
''တစ်ရက်နှစ်ရက်လောက်နေပါဦးဆိုတာကို''
''မရလို့ပေါ့ Maryရဲ့''
အဲ့လိုနဲ့ ပြန်လာကြပြီး ခြံရှေ့ရောက်တော့
''ဟဲ့ ဟဲ့ ဟိုမှာ Ariel''
ဘာဒါ ဘယ်ကိုလိုက်ကြည့်ရမှနိးမသိ
Maryကို ပြန်ကြည့်မိတော့
''အခန်းရှေ့မှာ အခန်းရှေ့မှာ''
လိုက်ကြည့်လိုက်တော့
အခန်းထဲဝင်သွားလို့ ဘာမှမမြင်လိုက်ရ။
လက်ဖျားလေးပဲ ရိပ်ခနဲ။
''နင်ဟာလေ ငါပြတာနဲ့ လိုက်မကြည့်ဘူး''
နေရင်းထိုင်ရင်းစွတ်အော်နေပြန်ပြီ။
''ဝင် ဝင် ခြံထဲမဝင်တော့ဘူးလား''
အထဲရောက်တော့
ဘာဒါအခန်းရှေ့မှာ ဆင်းကျန်ခဲ့လိုက်တယ်။
Maryကတော့ ညဘက်ကဲဖို့သွားဖို့အတွက် ပြင်ဆင်ရအောင် တက်ကြွလို့။
ညမှောင်စပြုတာနဲ့
Maryက zero quarterနဲ့ ဆွဲသားလည်ဟိုက် ကျောပြောင်ဝတ်ပြီး နားကွင်းအကြီးကြီးဆွဲပြီး ထွက်လာတော့တယ်။
ဘာဒါ့ကိုကြည့်ပြီး Maryက ရယ်တယ်။
ဘာဒါက Graphic Teeနဲ့ Cargo pantနဲ့ပဲ ဝတ်ထားပြီး အပေါ်က ဂျာကင်တစ်ထပ်ဝတ်ထားတော့
သူနဲ့က ရာသီဥတုတော်တော်လွဲနေကြတာ။
ဘာဒါပုခုံးတွန့်ပြလိုက်တယ်။
ဘဝမှာတော့ girly ဆန်ဆန်ဝတ်ဖြစ်ဖို့ဆိုတာ မွေးကတည်းကကိုမရှိ။
ဝတ်လည်း အဝတ်တခြား လူတခြား။
ဘယ်လိုမှ မလိုက်ဖက်သလို
နေလည်းမနေတတ်ဘူး။
Clubရောက်တော့
Maryကောင်လေးက မရောက်သေးဘူး။
နှစ်ယောက်သားထိုင်သောက်နေကြရင်း
ဘာဒါ့အနားကို အဖြူမလေးတွေ လာပွတ်သီးပွတ်သပ်လုပ်ရင်
Maryက သဘောတွေကျနေတတ်တယ်။
''နင် တစ်ယောက်တွဲလိုက်''
''မဟုတ်တာတွေ''
''ခုနက ကပ်တဲ့ကောင်မလေးက ချောတယ်နော်
ခန္ဓာကိုယ်လေးလည်းကိတ်တယ်
နင်မကြိုက်ဘူးလား''
ကိတ်တယ်တဲ့။
ကြည့်တောင်မကြည့်မိဘူး။
''ဟဲ့ ဒီတခေါက်တစ်ယောက်လာရင်
လက်ခံလိုက်
ငါလည်း Henryနဲ့အိပ်မယ်
နင်လည်းတစ်ယောက်ခေါ်လိုက်
မနက်မှ ပြန်ရအောင်''
အတင်းကို အိပ်ခိုင်းနေတော့တာပဲ။
တွေ့ရာလူနဲ့အိပ်ဖြစ်ဖို့က
တစ်ဖက်လူက ပတ်ချယ်ယောင်းဖြစ်နေရင်တော့
မပြောတတ်ဘူး။
ဘာဒါခေါင်းခါပြီး ရှေ့က ဖန်ခွက်ကိုမော့ချလိုက်တယ်။
အနားကို ထပ်ကပ်လာတဲ့ ကောင်မလေးက
လက်ချောင်းရှည်ရှည်တွေနဲ ဘာဒါပေါင်ပေါ်ပွတ်သပ်တယ်။
ဟိုက်တာထက်ပိုတဲ့ အင်္ကျီကိုဝတ်ထားပြီး ရင်သားထွားထွားတွေက မျက်စိအောက်မှာ ဝဲနေတယ်။
Maryကို လှည့်ကြည့်မိတော့
ဘဲရောက်လာလို့ ကောက်ကောက်ပါအောင်လိုက်သွားပြီး ကနေပြီ။
ပေါင်ပေါ်က လက်ကိုဖယ်လိုက်ပြီး
Maryတို့ဆီ အကြည့်ပို့လိုက်တော့လည်း
နှစ်ယောက်သားက ကရင်း နမ်းနေလိုက်တာ
လူလယ်ခေါင်မှာ တခုခုထလုပ်ကြတော့မယ့်ပုံ။
ငါတော့လိုက်လာမိတာမှားပြီ။
ခုနက ကောင်မလေးက ဘာဒါရုန်းပေမယ့်မထွက်သွားသေးဘူး။
''Are you korean?''
နည်းနည်းတော့အာရုံစိုက်မိသွားတယ်။
''ကျမလည်း ကိုရီယားကပဲ
ကျောင်းလာတက်တာလား''
နားနားကပ်ပြီး စကားလာပြောပြီး
မေးခွန်းမေးတာဆိုတော့လည်း
ပြန်ဖြေရတယ်။
''မဟုတ်ဘူး အလည်''
''ဟိုသူငယ်ချင်းဆီ လာတာလား''
''အင်း''
''သူက အိမ်ပြန်မယ့်ပုံမပေါ်ဘူး
ရှင်ရော ကျမအိမ်လိုက်ခဲ့မလား''
ရဲတင်းလွန်းတဲ့အမေးကို ချက်ချင်းပဲ ခေါင်းခါပြပြီး ဖြေလိုက်တယ်။
ကောင်မလေးက ခေါင်းမော့ရယ်လိုက်ပြီး
''တို့ ရှင့်ကို ကြိုက်တယ်
ဒီည
တို့တွေအတူဖြတ်သန်းကြည့်ချင်တယ်
ရှင့်ကိုကြည့်ရုံနဲ့ အရမ်းhotနေလို့''
''ငါ့မှာ ကောင်မလေးရှိတယ်''
''အခုပါလား''
''..''
မိန်းကလေးတွေများ ရဲလိုက်တာ။
''မပါဘူးမလား
တို့လည်းတွဲဖို့မပြောပါဘူး
လူတိုင်းနဲ့လိုက်အိပ်နေတာလည်းမဟုတ်ဘူး
တို့လည်း သူငယ်ချင်းတွေနဲ့လာတာ
ဒီမှာကျောင်းတက်နေတာလေ''
မသိချင်ပေမယ့် သူ့အကြောင်းတွေအတင်းပြောနေတယ်။
ဘာဒါ Maryကိုလှမ်းကြည့်လိုက်တော့
ဘာဒါ့ကို လှမ်းကြည့်တာနဲ့ဆုံတယ်။
အကြည့်ချင်းဆုံတော့ မျက်စိတစ်ဖက်မှိတ်ပြတယ်။
သိလိုက်ပါပြီ
ဒီည ဒင်းအိမ်မပြန်ဘူးပေါ့။
ဒါနဲ့များ အတင်းခေါ်လာသေးတယ်။
ကားသော့က ဘာဒါ့ဆီမှာဆိုတော့
ကိုယ့်ဘာသာအိမ်ပြန်ဆိုတဲ့သဘောပေါ့။
''ကိုယ်ပြန်တော့မယ်''
ဘာဒါထရပ်ပြီး
အပြင်ကိုထွက်ကာ ကားပါကင်ဆီလျှောက်လာခဲ့တယ်။
ကားထဲဝင်မယ်လုပ်တော့
နောက်က လျှောက်လိုက်လာတဲ့ ဒေါက်ဖိနပ်ကြောင့် လှည့်ကြည့်လိုက်မိတယ်။
ခုနက ကောင်မလေး။
ဘာဒါ့ဆီ တန်းတန်းမတ်မတ်လျှောက်လာပြီး
ဘာဒါကြောင်နေတုန်း
ရင်ခွင်ထဲဝင်ရပ်ကာ
လည်ပင်းကို သိုင်းချပြီး ခြေဖျားထောက်နမ်းမယ်လုပ်တော့တယ်။
ဝီစကီနံ့သင်းနေတဲ့ နှုတ်ခမ်းလှလှလေးက
ဘာဒါ့ကိုဆွဲဆောင်နိုင်မယ်လို့ထင်ပုံရတယ်။
ဘာဒါ သူ့လက်တွေကို အတင်းဆွဲဖြုတ်တော့
ဘာဒါ ဘယ်ဘက်ရင်အုံပေါ်မှာ နှုတ်ခမ်းဖိကပ်ပြီး နမ်းတယ်။
သေစမ်း တီရှပ်အဖြူကိုမှ ဒီကလေးမ။
''ဟေးး Emma''
ဘုရားသခင်မစလို့ သူ့သူငယ်ချင်းတွေက သူပျောက်လို့ရှာနေကြရာက ဘာဒါတို့ကိုတွေ့သွားတယ်။
''မင်းတို့သူငယ်ချင်းလား အရမ်းမူးနေပြီထင်တယ်''
သူငယ်ချင်းတွေလက်ထဲ အတင်းထည့်ပေးပြီး
ကားပေါ်တက်ပြီး မောင်းပြေးခဲ့ရတယ်။
Night lifeက တကယ်မလွယ်ဘူး။
အိမ်ကိုပြန်မောင်းခဲ့တော့ ည၁နာရီ ကျော်နေပြီ။
Maryတို့အိမ်ကတော့ လွတ်လွတ်လပ်လပ်နေလည်း ဘာမှမပြောတော့
၁နာရီပြန်လာလည်း အေးဆေးပဲ။
အိမ်ပြန်မလာလည်းရိုးနေပြီထင်တယ်။
ဘာဒါသုံးခန်းတွဲလေးဆီ ပြန်လာပြီး လှေကားထစ်လေးတွေကိုတက်ပြီး အခန်းထဲဝင်မယ်လုပ်တော့
မှိန်ဖျဖျ အလင်းရောင်နဲ့ ဟိုဘက်အခန်းရှေ့က ဝရန်တာမှာ
လူတစ်ယောက်ထိုင်နေတာကို တွေ့ရတယ်။
ထိုင်နေတယ်ဆိုတာထက် အိပ်ပျော်နေတာလား။
ခေါင်းက ဟိုဘက်ကိုစောင်းကျနေပြီး
ကွေးကွေးလေးဆိုတော့။
Arielဆိုတာပေါ့..
ဒီအချိန်ကြီး ဝရန်တာမှာ ထွက်အိပ်နေရလား။
ခေါင်းခါလိုက်ပြီး အခန်းထဲဝင်လိုက်တယ်။
အင်္ကျီကလည်း နှုတ်ခမ်းနီရာ ဗရပွနဲ့ဖြစ်နေပြီး
အရက်လည်းတော်တော်သောက်ခဲ့တော့
အနံ့ကလည်း တော်တော်မွှန်နေပြီ။
ရေချိုးလိုက်မယ်လို့စိတ်ကူးလိုက်ပြီး
ရေချိုးခန်းထဲဝင်ပြီး ခပ်မြန်မြန်ပဲ ချိုးလိုက်တယ်။
Maryကတော့ ဘဲနဲ့ ငြိမ့်နေလောက်ပြီပေါ့။
အပြင်ထွက်လာပြီး အဝတ်အစားလဲကာ အိပ်မယ်ပြင်ပြီးမှ
ဝရန်တာကတစ်ယောက်ကို သတိရတယ်။
အိပ်နေတုန်းလား။
လေဖြတ်ကုန်တော့မှာပဲ။
သွားနှိုးရမလား။
တံခါးဖွင့်ပြီး အပြင်ကိုချောင်းကြည့်တော့
တကယ်ကို အိပ်နေတုန်းဗျာ..။
မဖြစ်သေးဘူး နှိုးမယ်ဆိုပြီး
အနားလျှောက်သွားပြီး ငုံ့ကြည့်လိုက်တော့
ရှိသမျှ အကြောတွေအကုန်ဆိုင်းသွားသလို..
ကမ္ဘာက လည်နေရာက ခဏပဲ ရပ်သွားသလိုလို
လေတိုးသံတွေကပါ မရှိတော့သလို..
Universe တစ်ခုလုံး
သူမနဲ့ကိုယ်နဲ့ပဲရှိတော့သလို..
တကယ်ကြီးလား..
အဲလောက်ခက်ခက်ခဲခဲရှာနေခဲ့ရပြီး
တွေ့ရတော့ ဒီလိုလွယ်လွယ်ကူကူလား..
တကယ့်ကို Arielဆိုတဲ့ကောင်မလေးဖြစ်နေခဲ့တာလား။
အပြစ်ကင်းစွာအိပ်မောကျနေတဲ့ ပတ်ချယ်ယောင်းက သူ့ရှေ့မှာ ဘာဒါရပ်နေတာကို
စိတ်ကူးမိဖူးပါ့မလား။
လွတ်အောင်ပြေးခဲ့တာတောင် လွယ်လွယ်မိရက်လေခြင်းလို့ ယူကျုံးမရဖြစ်နေဦးမလား။
နှိုးလိုက်ရင်ကောင်းမလား။
မနှိုးရင်လည်း ဒီမှာ တစ်ညလုံးအိပ်တော့မယ့်ပုံ။
စောင်လာခြုံပေးလိုက်ရမလား။
ပိတ်ထားတဲ့မျက်လုံးလေးက မျက်တောင်ရှည်တွေရယ်
နှုတ်ခမ်းလုံးလုံးလေးရယ် နှာတံစင်းကော့ကော့လေးရယ်..
အနည်းငယ်ပိန်သွားတဲ့ ကိုယ်လုံးလေး။
ပိုလှလာပေမယ့်
ဘာလို့ပင်ပန်းသလိုလေးဖြစ်နေတာလဲ..။
လက်ပိုက်ပြီး ခွေခွေလေးအိပ်ပျော်နေပုံက ကောက်သိမ်းပြီး အိတ်ထဲ ထည့်သွားချင်စရာ။
ချီပြီး အထဲထည့်ပေးရင်တော့ နိုးသွားတော့မှာပဲ။
မတတ်နိုင်ဘူး
ပွေ့ချီလိုက်ပြီး
သူမအခန်းထဲဝင်ခဲ့လိုက်တယ်။
အခန်းထဲလည်း မီးရောင်က ဖျော့ဖျော့လေးပဲ ထွန်းထားတော့
ကိုယ်နေတဲ့အခန်းနဲ့ အခန်းဖွဲ့တူလို့တော်သေးတယ်။
အိပ်ခန်းထဲဝင်ပြီး အိပ်ယာပေါ်ချပေးလိုက်ကာ စောင်ခြုံပေးလိုက်တယ်။
မနိုးဘူးပေါ့။
ဘာဒါပါးလေးကို ငုံ့နမ်းတော့
သူမလေးက အိပ်နေရင်းနဲ့ ဘာဒါ့အင်္ကျီစကို ဆွဲပြီး ကြုံရာနေရာကို နမ်းနေသေးတယ်။
မျက်စိကိုထိလိုထိ နှာခေါင်းကိုထိလိုထိ။
စိတ်မရှည်လို့ နှုတ်ခမ်းကို ဖိကပ်ပြီး နမ်းပေးခဲ့လိုက်တယ်။
လူလုပ်သွားလို့တောင် သိမှာမဟုတ်ဘူး
ပတ်ချယ်ယောင်းရဲ့။
အပြင်ရောက်တော့ ဝရန်တာက ခုံပေါ်မှာတင်ထားတဲ့ ရေခွက်နဲ့ဆေးဘူးလေးကိုတွေ့တော့
ယူကြည့်မိတယ်။
အိပ်ဆေးလား။
သေချာမမြင်ရလို့ ကိုယ့်အခန်းထဲ ယူကြည့်မိတော့
တကယ်ကို အိပ်ဆေးဘူးဖြစ်နေတာပဲ။
ဘူးဖွင့်ကြည့်တော့
သောက်နေကျဖြစ်မယ်ထင်တယ်။
သိပ်မကျန်တော့တာကို တွေ့ရတယ်။
ဘာတွေကြောင့်များ အိပ်မရဖြစ်နေလဲ မမရယ်။
ဘာပဲပြောပြော
ပတ်ချယ်ယောင်းကိုတွေ့ပြီ။
ဘဝမှာ အကြီးကျယ်ဆုံးအခိုက်အတန့်။
ဘယ်လိုလုပ်ရမလဲ။
ဒီကိုအပြီးပြောင်းခဲ့ရတော့မလား။
ဘာဒါရောက်နေတာသိရင်တော့ ထွက်ပြေးသွားမလား။
ဖြတ်ပြီး ထားခဲ့တဲ့ exက နိုင်ငံခြားထိ လိုက်လာတာလောက်ဆိုးတာ ရှိမလားနော်။
နေဦး လက်စွပ်လေးရှိလားတောင် မကြည့်ခဲ့ရဘူး။
သြော် မရှိလောက်ပါဘူးလေ။
ဘာတွေမျှော်လင့်နေတာလဲ။
ဘာပဲပြောပြော မနက်ဖြန်ကတော့ ပြန်ရမယ်။
ဒါပေမယ့် Maryကိုတော့ အကူအညီတောင်းရမယ်။
ပတ်ချယ်ယောင်းကို မျက်ခြည်မပြတ်ဖို့။ထပ်ပြီးပြောင်းပြေးသွားရင် ရင်ကွဲရဦးမယ်။
ဒါပေမယ့် ကျောင်းပြီးရင်တော့ ဒီမှာပဲ လာပြီး အခြေချလိုက်တော့မယ်။
ပတ်ချယ်ယောင်းကို အဝေးကပဲ စောင့်ရှောက်ရ စောင့်ရှောက်ရ
တစ်မြေထဲ နေရရင် ကျေနပ်ပြီ။
ညကြီးမင်းကြီး ပျော်လွန်းလို့
ခြေမကိုင်မိ လက်မကိုင်မိ။
တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်
ဘယ်သူမှလည်းအနားမှာမရှိတာ တော်တော်ဆိုးတယ်။
ကိုယ်လိုက်လာမယ်လို့ပြောသားပဲ မမရယ်..
မင်းရှိတဲ့နေရာတိုင်းကို ကိုယ်လိုက်လာမှာ..
မင်းအငွေ့အသက်တွေရှိတဲ့နေရာမှာပဲ ကိုယ်အသက်ရှင်နိုင်မယ်..
တစ်ညလုံး ပျော်ပြီး အိပ်မရလို့ သူမရဲ့ဆေးဘူးလေးကိုတောင်မျက်စောင်းထိုးမိသေးတယ်။
တစ်လုံးလောက်ယူသောက်လိုက်ရမလားလို့။
မိုးလင်းခါနီးမှ အိပ်ပျော်သွားတော့တယ်။
.......
မနက် ချယ်ယောင်းနိုးလာတော့
ဒီနေ့ရုံးသွားရမှာကို အရင်သတိရတယ်။
အိပ်ယာက ကမန်းကတမ်းထပြီး ရေချိုးအလှပြင်နေရင်း
ညက ကိစ္စကို သတိရမိတယ်။
ညက လူကဘယ်လိုမှအိပ်မပျော်။
မနက်ခင်း ဘာဒါ့အသံလိုလိုကြားမိပြီးကတည်းက
စိတ်က ဂဏာမငြိမ်။
တချိန်လုံးသတိရနေပြီး
ငိုလည်းငိုချင်နေပြီး
ဘာမှမဖြစ်သလိုလည်း ဟုန်လုပ်ပြီးနေဖြစ်တော့
ညကတော့ အခြေအနေကပိုဆိုးလာတယ်။
အခုနှစ်တွေမှာ ဘာဒါကျော်ငးထွက်သွားတာသိကတည်းက
ငါထွက်လာတာမှားပြီဆိုတဲ့စိတ်က အမြဲလိုလိုဝင်လာတတ်တာကြောင့်
သူများနိူင်ငံမှာ အလုပ်တဖက်နဲ့ကျောင်းတက်ရင်း တောင့်ခံရတာ တကယ်မလွယ်ပါ။
ဘာအတွက် ထွက်ပြေးနေခဲ့တာလဲ။
ဘာအတွက်ကြိုးစားနေခဲ့တာလဲ..
ကြိုးစားမှုတွေအောင်မြင်တော့ရော
ဘာဒါနဲ့ပြန်တွေ့နိုင်မှာမို့လို့လား။
ပြန်တွေ့တော့ရော ဘာဒါက ချစ်နေဦးမှာတဲ့လား။
ဟုတ်တယ် အတွေးလွန်တတ်တယ်..
ဒါပေမယ့် ဘယ်လိုလုပ်မလဲ..
အတွေးလွန်တဲ့လူတွေကို လူတွေကို မချစ်ပေမယ့်
အတွေးလွန်တဲ့လူကိုယ်တိုင်ကလည်း တကယ်ကိုခံစားနေရတာဆိုတာ အဲဒီလူတွေက သိပါ့မလား။
အချိန်မှန်အိပ်မပျော်တတ်တာကြောင့်
အိပ်ဆေးဆောင်ထားရတယ်။
ဆရာဝန်ကတော့ အိပ်မပျော်ရင်သောက်လို့ပြောတာပဲ..
အိပ်မပျော်တာကလည်း ညတိုင်းဆိုတော့..
မနက်ဖြန်လည်း အလုပ်သွားရမယ်ဆိုတော့ မအိပ်လို့လည်းမရဘူးလေ။
ဝရန်တာမှာ ထိုင်တွေးနေရင်း ညဥ့်နက်သွားတယ်။
ဆေးမသောက်ချင်လို့တင်းခံနေပေမယ့်
နောက်ဆုံးမှာ သောက်လိုက်ရတာပါပဲ။
ခဏလေးပဲ ဆက်ထိုင်ဦးမယ်ဆိုပြီး ထိုင်နေရာက အိပ်ပျော်သွားတာလား။
ဟုတ်တယ်..
အိပ်ပျော်သွားတယ်..
နိုးတော့အခန်းထဲမှာ..
အိပ်ချင်မူးတူးနဲ့လျှောက်လာခဲ့တာလား..
မဟုတ်ဘူး တစ်ယောက်ယောက်ချီလာတာ..
မဟုတ်ဘူး အဲဒါအိပ်မက်ဖြစ်မယ်..
ဘာလို့ဆို ချီတဲ့လူဆီက ဘာဒါ့ကိုယ်သင်းနံ့ရလို့..
တကယ်လို့လည်း ထင်ရတယ်..
အဲ့ဒီလူက နမ်းသွားသေးတယ်..
ငါလည်းပြန်နမ်းလိုက်တယ်လေ..
ဘုရား..
အီဘာဒါ အိပ်မက်ထဲလာတယ်ထင်လို့လေ..
အီဘာဒါမဟုတ်ဘူးလား..
မဟုတ်ဘူး အိပ်မက်ပဲ..
ငါ့ဘာသာဝင်လာတာဖြစ်မှာ..
ဒီအိမ်မှာ ငါ့ကိုဘယ်သူက ချီပြီးအထဲကို ပို့နေမှာလဲ..
ဘေးအခန်းကလည်း မိန်းကလေး..။
မသိတော့ဘူး..
အလုပ်သွားခါနီး
ဘေးအခန်းကို ချောင်းကြည့်မိသေးတယ်။
တိတ်ဆိတ်နေတော့ အိပ်နေတာလား။
မနေ့က Maryနဲ့ သူ့သူငယ်ချင်းက
Clubသွားတက်ကြတာတဲ့။
အပြန်နောက်ကျမှာပဲမလား။
ချယ်ယောင်းအိပ်နေတာတွေ့ခဲ့သေးလား မေးချင်တာကို..။
ပြတင်းပေါက်နားကပ်ပြီး ကြည့်ခဲ့ပေမယ့်
နိုးပုံမပေါ်သေး။
အပြန်မှ မေးကြည့်ဦးမယ်..။
နောက်တပိုင်းမျှော်
(အီဘာဒါကိုပေးတွေ့လိုက်တယ်နော်
သာသာ စိတ်အဆင်မပြေလို့
အီဘာဒါ ပတ်ချယ်ယောင်းကိုတွေ့တာ ပျော်တဲ့moodက မဝင်ဘူးဖြစ်နေတယ် မီယားနဲ
ပတ်ချယ်ယောင်းကိုတွေ့ပြီး ငိုချင်နေတာ
သာသာဝမ်းနည်းနေလို့ပါလို့ သည်းခံကြပါ😭
အများကြီးရေးပေးမယ်စိတ်ကူးထားပေမယ့် ဒီလောက်ပဲUpလိုက်မယ်နော်)
ချစ်တဲ့
လင်း
(ဒါဒါတွေရဲ့မန့်တွေကို replyပြန်ဖြစ်ချင်မှ ပြန်ဖြစ်ပါလိမ့်မယ် စိတ်မဆိုးကြဖို့ ကြိုပြောထားမယ်နော်)
Zawgyi
ဘာဒါ မနက္ေစာေစာထလိုက္တယ္။
ျပတင္းေပါက္က အိပ္ခန္းထဲဝင္ေနတဲ့ေနေရာင္ဖ်ဖ်ေလးက California ရဲ႕ အေကာင္းဆုံးရာသီဥတုမွာေရာက္လာခဲ့ေၾကာင္း ေျပာျပေနသလို။
ဒီေန႕ မနက္ ဂ်ဴေဟ်ာ့လာေတြ႕မယ္ဆိုလို႔
ေစာေစာလာဖို႔ေျပာထားလိုက္တယ္။
Maryနဲ႕လည္း အျပင္သြားရဦးမယ္မလား။
မနက္စာ Breakfastကိုေတာ့ အဘြားေခၚလို႔ အဘြားအိမ္ကို သြားစားရတယ္။
ေဘးအခန္းကို တခ်က္ၾကည့္မိေတာ့
ျပတင္းေပါက္ဖြင့္ထားေပမယ့္
လူရိပ္ေတာ့မျမင္ခဲ့ရ။
ၾကည့္မိၿပီးမွ ကိုယ့္ဘာသာၿပဳံးမိတယ္။
Maryဆီမွာ Brainwashခံထားရၿပီပဲ။
ဘာေတြေမွ်ာ္လင့္ေနတာလဲ။
ေခ်ာတယ္ဆိုလို႔ ျမင္ဖူးခ်င္တာလား။
ကိုယ့္ကိုကိုယ္ေတာင္ ရယ္ခ်င္သြားတယ္။
ပတ္ခ်ယ္ေယာင္းမ်ားသိရင္ ဗိုက္ေခါက္ဆြဲလိမ္ခံရမလား။
''Mary ငါအျပင္ခဏသြားမယ္ေနာ္''
''အင္း နင့္ဧည့္သည္က ဘယ္အခ်ိန္လာမွာလဲ''
''ခဏေနေပါ့''
''အင္း ျပန္ေရာက္မွ သြားၾကမယ္ေလ
ဒါနဲ႕ နင္Arielကို ေတြ႕ၿပီးၿပီလား''
''ဟင့္အင္း''
''သူ႐ုံးပိတ္ရက္ထင္တာပဲ
ေနာ္ အဘြား''
''အခုတေလာ အလုပ္မ်ားတယ္ထင္တယ္
ဟိုရက္ကဆို ညေတာင္ျပန္မအိပ္ရဘူး''
''ငါ မိတ္ဆက္ေပးဖို႔ လိုက္ခဲ့မယ္''
''အာာ ဘာလို႔မိတ္ဆက္မွာလဲ''
''နင္တို႔ koreanအခ်င္းခ်င္းေလ''
''မလိုဘူး ရတယ္''
အခုအခ်ိန္မွာ ပတ္ခ်ယ္ေယာင္းကလြဲၿပီး တျခားမိန္းကေလးေတြနဲ႕ ပက္သက္ခ်င္စိတ္လည္းမရွိ။
လိုလည္းမလိုအပ္။
အဘြားအိမ္က ျပန္လာေတာ့
ဂ်ဴေဟ်ာ့က သူေရာက္ၿပီလို႔ဖုန္းဆက္တယ္။
ၿခံထဲဆင္းလာရင္း
အိတ္က အခန္းထဲမွာက်န္ခဲ့ေတာ့
ၿခံဝက ဂ်ဴေဟ်ာ့ကို လွမ္းေျပာရတယ္။
''ဂ်ဴေဟ်ာ့ ခဏေလးေနာ္
အိတ္ယူလိုက္ဦးမယ္''
''အင္း ရတယ္''
အစြန္က တိုက္ခန္းဆိုေတာ့ ၿခံဝနဲ႕နီးေပမယ့္
အသံျမႇင့္ၿပီးေျပာလိုက္ရတယ္။
ၿခံထဲေခၚၿပီး မိတ္ဆက္ေပးသင့္ေပမယ့္
အရမ္းအေရးတယူလုပ္သလိုမ်ားျဖစ္ေနမလားလို႔
ဒီတိုင္းပဲ ထြက္လာခဲ့လိုက္တယ္။
Maryေျပာတဲ့ အိမ္နားက ဆိုင္တစ္ဆိုင္မွာပဲ ထိုင္လိုက္ၾကေတာ့တယ္။
''မေတြ႕တာၾကာၿပီ ဘာဒါ''
အေမ့ရဲ႕ႏြေရာသီလက္ေဆာင္မာဖလာကိုထုတ္ေပးရင္း ဂ်ဴေဟ်ာ့ကေျပာတယ္။
''အင္း မေတြ႕တာၾကာၿပီ ''
''အဆင္ေျပလား''
''ေျပပါတယ္''
''အင္းးး''
ဂ်ဴေဟ်ာ့က မမနဲ႕ဘာဒါကြဲသြားၾကတာသိမယ္ထင္တယ္။
နာဟီးတို႔ကတဆင့္ေပါ့။
''နာဟီးတို႔ကိုေျပာခဲ့ေသးလား''
''မေျပာခဲ့ဘူး
မသိေစခ်င္တာလားလို႔''
''အင္းးး''
''အေမတို႔ကေတာ့ ခဏခဏေတြ႕ျဖစ္ၾကတယ္''
''အင္းး''
ေတြ႕ျဖစ္မွာေပါ့..
အီဂ်ဴေဟ်ာ့ကို အေမက မေမ့နိုင္ေသးဘူးေလ..
သားမက္ေတာ္ခ်င္ေနတုန္းပဲထင္တယ္..
''Texasမွာ အလုပ္လုပ္ရတာဘယ္လိုလဲ''
''အဆင္ေျပေနပါၿပီ
ေရာက္ကတည္းက လုပ္ေနတာဆိုေတာ့''
''အင္းး''
''ဘြဲ႕လြန္ဆက္တက္မွာလား''
''မသိေသးဘူး''
''မတက္ရင္ ျပန္ေတာ့မွာေပါ့''
''မျပန္ျဖစ္ေလာက္ေသးဘူး''
''အင္းး ခ်စ္သူအသစ္ရေနၿပီလား''
ဂ်ဴေဟ်ာ့ကို ေခါင္းငုံ႕ေနရာကေန မ်က္လုံးလွန္ၾကည့္လိုက္ရင္း
''ဟင့္အင္း''
''ေၾသာ္..''
''ပတ္ခ်ယ္ေယာင္းကိုရွာဖို႔ထြက္လာတာေလ''
မေျပာခ်င္ေပမယ့္
ရွင္းေအာင္ေတာ့ေျပာထားရမယ္မလား။
အံ့ၾသသြားပုံရတဲ့ ဂ်ဴေဟ်ာ့က ဘာဒါကိုအစြဲအလန္းႀကီးမယ္လို႔မထင္ထားတဲ့ပုံပဲ။
''မေတြ႕ေသးတဲ့သေဘာေပါ့''
''အင္း''
ဂ်ဴေဟ်ာ့နဲ႕ ေတြ႕ၿပီးျပန္လာေတာ့
Maryနဲ႕အတူတူ ၿမိဳ႕ထဲျပန္ထြက္ၾကတယ္။
........
ခ်ယ္ေယာင္း မနက္ေစာေစာနိုးေနၿပီး
မနက္စာျပင္ေနတုန္း
အျပင္ကိုၾကည့္မိေတာ့ရာသီဥတုေလးက သာယာလိုက္တာလို႔ေတြးမိတယ္။
မနက္ဆို
အိပ္ခန္းျပတင္းေပါက္ေလးဖြင့္ထားၿပီး
ငွက္သံေလးေတြနားေထာင္ရတာ
တကယ္ကိုေကာင္းတယ္။
ၿမိဳ႕ထဲနဲ႕နည္းနည္းလွမ္းေပမယ့္
မေျပာင္းျဖစ္တဲ့အထဲ ဒီလိုအေၾကာင္းေလးေတြလည္းပါတာေပါ့။
မနက္စာစားရင္း
သတင္းၾကည့္ေနတုန္း
အသံသဲ့သဲ့ၾကားလိုက္တာက
ဘာဒါ့အသံနဲ႕တူလိုက္တာ..
ဒီၿခံထဲမွာ ဘာဒါ့အသံၾကားစရာအေၾကာင္းရွိလို႔လား..
အခုတေလာ အရမ္းသတိရေနလို႔မ်ားလား..
ေဘးအခန္းက ေျခသံၾကားလိုက္ရၿပီးတဲ့ေနာက္
မျဖစ္နိုင္ဘူးလို႔ေတြးေနရင္းက မေနနိုင္စြာထၾကည့္မိေသးတယ္။
အိမ္ေရွ႕က ကားတစ္စီးထြက္သြားတာပဲ ျမင္လိုက္ရၿပီး ေခါင္းကိုယမ္းၿပီး အခန္းထဲျပန္ဝင္လာလိုက္ရတယ္။
လမ္းမွာ အရပ္ရွည္ရွည္နဲ႕ လမ္းေလွ်ာက္ပုံေလးအထာက်ရင္ ဘာဒါမ်ားလားလို႔ လိုက္လိုက္ေခၚေနမိတာ မနည္းေတာ့ဘူး။
ေတြ႕သမွ်ကို ေတာင္းပန္လိုက္ရၿပီး
အခုဆို လိုက္မေခၚမိေအာင္ ေတာ္ေတာ္ထိန္းထားရတယ္။
ၾကာေတာ့လည္း စိတ္ေရာဂါလို႔ေတာင္ ထင္လာမိတယ္။
လက္က လက္စြပ္ေလးကို ငုံ႕နမ္းမိတယ္။
တစ္ေန႕ေတာ့ ေတြ႕မွာပါ။
မင္းရဲ႕coupleေလးကို ေတြ႕ေအာင္ရွာေပးမယ္ေနာ္။
ဒီေန႕ေတာ့ ရွားရွားပါးပါး နားရက္ေလးရတယ္။
မနက္ျဖန္က Sundayဆိုေပမယ့္
အသံလႊင့္႐ုံကို ခဏသြားရဦးမယ္။
ဒီေန႕ေတာ့ တစ္ေနကုန္အိမ္မွာပဲ..။
SNSက ဘာဒါ့accေလးကိုဝင္ၾကည့္မိေတာ့
ခ်ယ္ေယာင္းထြက္မသြားခင္တင္ထားတဲ့
ပုံေလးေတြ postေလးေတြပဲရွိၿပီး
ေနာက္ပိုင္းမသုံးျဖစ္ေတာ့တာထင္တယ္။
ဝင္ၾကည့္ရလြန္းလို႔ အလြတ္ေတြေတာင္ရေနၿပီ။
ေန႕လည္ေလာက္အဘြားဆီကို စာအုပ္ဖတ္ျပဖို႔သြားေတာ့
Maryလည္းမရွိဘူး
သူငယ္ခ်င္းနဲ႕အျပင္ထြက္သြားတယ္တဲ့။
တေနကုန္ အဘြားကို ကဗ်ာစာအုပ္ေလးဖတ္ျပၿပီး
အတူတူေဆြးႏြေးရင္း
အဘြားေျပာျပတဲ့ အဘိုးအေၾကာင္းေတြနားေထာင္ရင္း
ခ်စ္ရတဲ့သူ႕ကို ခါတိုင္းထက္ပိုသတိရေနမိေတာ့တာပဲ..။
ညေနေစာင္းေတာ့ အခန္းကိုျပန္ခဲ့လိုက္တယ္။
အခန္းတံခါးဖြင့္ၿပီးဝင္မယ္လုပ္ေတာ့ Maryကားေလး ၿခံထဲဝင္လာတာေတြ႕ရတယ္။
တခ်က္ၾကည့္ၿပီး
အခန္းထဲ ဝင္ခဲ့လိုက္ေတာ့တယ္။
.......
တေနကုန္ Maryနဲ႕ ေလွ်ာက္သြားေနၾကတယ္။
San Francisco Modern Museum Artကို သြားၾကတယ္။
Golden Gate Park ကိုသြားၾကတယ္။
အဲ့ႏွစ္ခုက နည္းနည္းလွမ္းတယ္။
ၾကားမွာ မုန့္ဝင္စားၾကတယ္။
''ဘာဒါ ညက် Clubသြားရေအာင္''
''ဟင္''
''ငါ Henryနဲ႕ခ်ိန္းထားတယ္''
''အဲ့ေတာ့??''
''အဲ့ေတာ့ နင္လိုက္ခဲ့ေလ''
''နင္ သူ႕ေနာက္လိုက္သြားမွာကို ငါက ဘာလိုက္လုပ္ရမွာလဲ''
''သူ႕ေနာက္မလိုက္ျဖစ္ေအာင္ နင္ပါမွ ျဖစ္မယ္ေလ
မဟုတ္ရင္ ငါလိုက္အိပ္မိလိမ့္မယ္''
''မသြားနဲ႕ေလ''
''ေတြ႕ခ်င္တယ္ေလ''
တကယ္ မနိုင္ဘူး။
''ဒါနဲ႕ နင္ မနက္ျဖန္ ျပန္မွာလား''
''အင္းး''
''တစ္ရက္ႏွစ္ရက္ေလာက္ေနပါဦးဆိုတာကို''
''မရလို႔ေပါ့ Maryရဲ႕''
အဲ့လိုနဲ႕ ျပန္လာၾကၿပီး ၿခံေရွ႕ေရာက္ေတာ့
''ဟဲ့ ဟဲ့ ဟိုမွာ Ariel''
ဘာဒါ ဘယ္ကိုလိုက္ၾကည့္ရမွနိးမသိ
Maryကို ျပန္ၾကည့္မိေတာ့
''အခန္းေရွ႕မွာ အခန္းေရွ႕မွာ''
လိုက္ၾကည့္လိုက္ေတာ့
အခန္းထဲဝင္သြားလို႔ ဘာမွမျမင္လိုက္ရ။
လက္ဖ်ားေလးပဲ ရိပ္ခနဲ။
''နင္ဟာေလ ငါျပတာနဲ႕ လိုက္မၾကည့္ဘူး''
ေနရင္းထိုင္ရင္းစြတ္ေအာ္ေနျပန္ၿပီ။
''ဝင္ ဝင္ ၿခံထဲမဝင္ေတာ့ဘူးလား''
အထဲေရာက္ေတာ့
ဘာဒါအခန္းေရွ႕မွာ ဆင္းက်န္ခဲ့လိုက္တယ္။
Maryကေတာ့ ညဘက္ကဲဖို႔သြားဖို႔အတြက္ ျပင္ဆင္ရေအာင္ တက္ႂကြလို႔။
ညေမွာင္စျပဳတာနဲ႕
Maryက zero quarterနဲ႕ ဆြဲသားလည္ဟိုက္ ေက်ာေျပာင္ဝတ္ၿပီး နားကြင္းအႀကီးႀကီးဆြဲၿပီး ထြက္လာေတာ့တယ္။
ဘာဒါ့ကိုၾကည့္ၿပီး Maryက ရယ္တယ္။
ဘာဒါက Graphic Teeနဲ႕ Cargo pantနဲ႕ပဲ ဝတ္ထားၿပီး အေပၚက ဂ်ာကင္တစ္ထပ္ဝတ္ထားေတာ့
သူနဲ႕က ရာသီဥတုေတာ္ေတာ္လြဲေနၾကတာ။
ဘာဒါပုခုံးတြန့္ျပလိုက္တယ္။
ဘဝမွာေတာ့ girly ဆန္ဆန္ဝတ္ျဖစ္ဖို႔ဆိုတာ ေမြးကတည္းကကိုမရွိ။
ဝတ္လည္း အဝတ္တျခား လူတျခား။
ဘယ္လိုမွ မလိုက္ဖက္သလို
ေနလည္းမေနတတ္ဘူး။
Clubေရာက္ေတာ့
Maryေကာင္ေလးက မေရာက္ေသးဘူး။
ႏွစ္ေယာက္သားထိုင္ေသာက္ေနၾကရင္း
ဘာဒါ့အနားကို အျဖဴမေလးေတြ လာပြတ္သီးပြတ္သပ္လုပ္ရင္
Maryက သေဘာေတြက်ေနတတ္တယ္။
''နင္ တစ္ေယာက္တြဲလိုက္''
''မဟုတ္တာေတြ''
''ခုနက ကပ္တဲ့ေကာင္မေလးက ေခ်ာတယ္ေနာ္
ခႏၶာကိုယ္ေလးလည္းကိတ္တယ္
နင္မႀကိဳက္ဘူးလား''
ကိတ္တယ္တဲ့။
ၾကည့္ေတာင္မၾကည့္မိဘူး။
''ဟဲ့ ဒီတေခါက္တစ္ေယာက္လာရင္
လက္ခံလိုက္
ငါလည္း Henryနဲ႕အိပ္မယ္
နင္လည္းတစ္ေယာက္ေခၚလိုက္
မနက္မွ ျပန္ရေအာင္''
အတင္းကို အိပ္ခိုင္းေနေတာ့တာပဲ။
ေတြ႕ရာလူနဲ႕အိပ္ျဖစ္ဖို႔က
တစ္ဖက္လူက ပတ္ခ်ယ္ေယာင္းျဖစ္ေနရင္ေတာ့
မေျပာတတ္ဘူး။
ဘာဒါေခါင္းခါၿပီး ေရွ႕က ဖန္ခြက္ကိုေမာ့ခ်လိဳက္တယ္။
အနားကို ထပ္ကပ္လာတဲ့ ေကာင္မေလးက
လက္ေခ်ာင္းရွည္ရွည္ေတြနဲ ဘာဒါေပါင္ေပၚပြတ္သပ္တယ္။
ဟိုက္တာထက္ပိုတဲ့ အကၤ်ီကိုဝတ္ထားၿပီး ရင္သားထြားထြားေတြက မ်က္စိေအာက္မွာ ဝဲေနတယ္။
Maryကို လွည့္ၾကည့္မိေတာ့
ဘဲေရာက္လာလို႔ ေကာက္ေကာက္ပါေအာင္လိုက္သြားၿပီး ကေနၿပီ။
ေပါင္ေပၚက လက္ကိုဖယ္လိုက္ၿပီး
Maryတို႔ဆီ အၾကည့္ပို႔လိုက္ေတာ့လည္း
ႏွစ္ေယာက္သားက ကရင္း နမ္းေနလိုက္တာ
လူလယ္ေခါင္မွာ တခုခုထလုပ္ၾကေတာ့မယ့္ပုံ။
ငါေတာ့လိုက္လာမိတာမွားၿပီ။
ခုနက ေကာင္မေလးက ဘာဒါ႐ုန္းေပမယ့္မထြက္သြားေသးဘူး။
''Are you korean?''
နည္းနည္းေတာ့အာ႐ုံစိုက္မိသြားတယ္။
''က်မလည္း ကိုရီယားကပဲ
ေက်ာင္းလာတက္တာလား''
နားနားကပ္ၿပီး စကားလာေျပာၿပီး
ေမးခြန္းေမးတာဆိုေတာ့လည္း
ျပန္ေျဖရတယ္။
''မဟုတ္ဘူး အလည္''
''ဟိုသူငယ္ခ်င္းဆီ လာတာလား''
''အင္း''
''သူက အိမ္ျပန္မယ့္ပုံမေပၚဘူး
ရွင္ေရာ က်မအိမ္လိုက္ခဲ့မလား''
ရဲတင္းလြန္းတဲ့အေမးကို ခ်က္ခ်င္းပဲ ေခါင္းခါျပၿပီး ေျဖလိုက္တယ္။
ေကာင္မေလးက ေခါင္းေမာ့ရယ္လိုက္ၿပီး
''တို႔ ရွင့္ကို ႀကိဳက္တယ္
ဒီည
တို႔ေတြအတူျဖတ္သန္းၾကည့္ခ်င္တယ္
ရွင့္ကိုၾကည့္႐ုံနဲ႕ အရမ္းhotေနလို႔''
''ငါ့မွာ ေကာင္မေလးရွိတယ္''
''အခုပါလား''
''..''
မိန္းကေလးေတြမ်ား ရဲလိုက္တာ။
''မပါဘူးမလား
တို႔လည္းတြဲဖို႔မေျပာပါဘူး
လူတိုင္းနဲ႕လိုက္အိပ္ေနတာလည္းမဟုတ္ဘူး
တို႔လည္း သူငယ္ခ်င္းေတြနဲ႕လာတာ
ဒီမွာေက်ာင္းတက္ေနတာေလ''
မသိခ်င္ေပမယ့္ သူ႕အေၾကာင္းေတြအတင္းေျပာေနတယ္။
ဘာဒါ Maryကိုလွမ္းၾကည့္လိုက္ေတာ့
ဘာဒါ့ကို လွမ္းၾကည့္တာနဲ႕ဆုံတယ္။
အၾကည့္ခ်င္းဆုံေတာ့ မ်က္စိတစ္ဖက္မွိတ္ျပတယ္။
သိလိုက္ပါၿပီ
ဒီည ဒင္းအိမ္မျပန္ဘူးေပါ့။
ဒါနဲ႕မ်ား အတင္းေခၚလာေသးတယ္။
ကားေသာ့က ဘာဒါ့ဆီမွာဆိုေတာ့
ကိုယ့္ဘာသာအိမ္ျပန္ဆိုတဲ့သေဘာေပါ့။
''ကိုယ္ျပန္ေတာ့မယ္''
ဘာဒါထရပ္ၿပီး
အျပင္ကိုထြက္ကာ ကားပါကင္ဆီေလွ်ာက္လာခဲ့တယ္။
ကားထဲဝင္မယ္လုပ္ေတာ့
ေနာက္က ေလွ်ာက္လိုက္လာတဲ့ ေဒါက္ဖိနပ္ေၾကာင့္ လွည့္ၾကည့္လိုက္မိတယ္။
ခုနက ေကာင္မေလး။
ဘာဒါ့ဆီ တန္းတန္းမတ္မတ္ေလွ်ာက္လာၿပီး
ဘာဒါေၾကာင္ေနတုန္း
ရင္ခြင္ထဲဝင္ရပ္ကာ
လည္ပင္းကို သိုင္းခ်ၿပီး ေျခဖ်ားေထာက္နမ္းမယ္လုပ္ေတာ့တယ္။
ဝီစကီနံ႕သင္းေနတဲ့ ႏႈတ္ခမ္းလွလွေလးက
ဘာဒါ့ကိုဆြဲေဆာင္နိုင္မယ္လို႔ထင္ပုံရတယ္။
ဘာဒါ သူ႕လက္ေတြကို အတင္းဆြဲျဖဳတ္ေတာ့
ဘာဒါ ဘယ္ဘက္ရင္အုံေပၚမွာ ႏႈတ္ခမ္းဖိကပ္ၿပီး နမ္းတယ္။
ေသစမ္း တီရွပ္အျဖဴကိုမွ ဒီကေလးမ။
''ေဟးး Emma''
ဘုရားသခင္မစလို႔ သူ႕သူငယ္ခ်င္းေတြက သူေပ်ာက္လို႔ရွာေနၾကရာက ဘာဒါတို႔ကိုေတြ႕သြားတယ္။
''မင္းတို႔သူငယ္ခ်င္းလား အရမ္းမူးေနၿပီထင္တယ္''
သူငယ္ခ်င္းေတြလက္ထဲ အတင္းထည့္ေပးၿပီး
ကားေပၚတက္ၿပီး ေမာင္းေျပးခဲ့ရတယ္။
Night lifeက တကယ္မလြယ္ဘူး။
အိမ္ကိုျပန္ေမာင္းခဲ့ေတာ့ ည၁နာရီ ေက်ာ္ေနၿပီ။
Maryတို႔အိမ္ကေတာ့ လြတ္လြတ္လပ္လပ္ေနလည္း ဘာမွမေျပာေတာ့
၁နာရီျပန္လာလည္း ေအးေဆးပဲ။
အိမ္ျပန္မလာလည္းရိုးေနၿပီထင္တယ္။
ဘာဒါသုံးခန္းတြဲေလးဆီ ျပန္လာၿပီး ေလွကားထစ္ေလးေတြကိုတက္ၿပီး အခန္းထဲဝင္မယ္လုပ္ေတာ့
မွိန္ဖ်ဖ် အလင္းေရာင္နဲ႕ ဟိုဘက္အခန္းေရွ႕က ဝရန္တာမွာ
လူတစ္ေယာက္ထိုင္ေနတာကို ေတြ႕ရတယ္။
ထိုင္ေနတယ္ဆိုတာထက္ အိပ္ေပ်ာ္ေနတာလား။
ေခါင္းက ဟိုဘက္ကိုေစာင္းက်ေနၿပီး
ေကြးေကြးေလးဆိုေတာ့။
Arielဆိုတာေပါ့..
ဒီအခ်ိန္ႀကီး ဝရန္တာမွာ ထြက္အိပ္ေနရလား။
ေခါင္းခါလိုက္ၿပီး အခန္းထဲဝင္လိုက္တယ္။
အကၤ်ီကလည္း ႏႈတ္ခမ္းနီရာ ဗရပြနဲ႕ျဖစ္ေနၿပီး
အရက္လည္းေတာ္ေတာ္ေသာက္ခဲ့ေတာ့
အနံ႕ကလည္း ေတာ္ေတာ္မႊန္ေနၿပီ။
ေရခ်ိဳးလိုက္မယ္လို႔စိတ္ကူးလိုက္ၿပီး
ေရခ်ိဳးခန္းထဲဝင္ၿပီး ခပ္ျမန္ျမန္ပဲ ခ်ိဳးလိုက္တယ္။
Maryကေတာ့ ဘဲနဲ႕ ၿငိမ့္ေနေလာက္ၿပီေပါ့။
အျပင္ထြက္လာၿပီး အဝတ္အစားလဲကာ အိပ္မယ္ျပင္ၿပီးမွ
ဝရန္တာကတစ္ေယာက္ကို သတိရတယ္။
အိပ္ေနတုန္းလား။
ေလျဖတ္ကုန္ေတာ့မွာပဲ။
သြားႏွိုးရမလား။
တံခါးဖြင့္ၿပီး အျပင္ကိုေခ်ာင္းၾကည့္ေတာ့
တကယ္ကို အိပ္ေနတုန္းဗ်ာ..။
မျဖစ္ေသးဘူး ႏွိုးမယ္ဆိုၿပီး
အနားေလွ်ာက္သြားၿပီး ငုံ႕ၾကည့္လိုက္ေတာ့
ရွိသမွ် အေၾကာေတြအကုန္ဆိုင္းသြားသလို..
ကမၻာက လည္ေနရာက ခဏပဲ ရပ္သြားသလိုလို
ေလတိုးသံေတြကပါ မရွိေတာ့သလို..
Universe တစ္ခုလုံး
သူမနဲ႕ကိုယ္နဲ႕ပဲရွိေတာ့သလို..
တကယ္ႀကီးလား..
အဲေလာက္ခက္ခက္ခဲခဲရွာေနခဲ့ရၿပီး
ေတြ႕ရေတာ့ ဒီလိုလြယ္လြယ္ကူကူလား..
တကယ့္ကို Arielဆိုတဲ့ေကာင္မေလးျဖစ္ေနခဲ့တာလား။
အျပစ္ကင္းစြာအိပ္ေမာက်ေနတဲ့ ပတ္ခ်ယ္ေယာင္းက သူ႕ေရွ႕မွာ ဘာဒါရပ္ေနတာကို
စိတ္ကူးမိဖူးပါ့မလား။
လြတ္ေအာင္ေျပးခဲ့တာေတာင္ လြယ္လြယ္မိရက္ေလျခင္းလို႔ ယူက်ဳံးမရျဖစ္ေနဦးမလား။
ႏွိုးလိုက္ရင္ေကာင္းမလား။
မႏွိုးရင္လည္း ဒီမွာ တစ္ညလုံးအိပ္ေတာ့မယ့္ပုံ။
ေစာင္လာၿခဳံေပးလိုက္ရမလား။
ပိတ္ထားတဲ့မ်က္လုံးေလးက မ်က္ေတာင္ရွည္ေတြရယ္
ႏႈတ္ခမ္းလုံးလုံးေလးရယ္ ႏွာတံစင္းေကာ့ေကာ့ေလးရယ္..
အနည္းငယ္ပိန္သြားတဲ့ ကိုယ္လုံးေလး။
ပိုလွလာေပမယ့္
ဘာလို႔ပင္ပန္းသလိုေလးျဖစ္ေနတာလဲ..။
လက္ပိုက္ၿပီး ေခြေခြေလးအိပ္ေပ်ာ္ေနပုံက ေကာက္သိမ္းၿပီး အိတ္ထဲ ထည့္သြားခ်င္စရာ။
ခ်ီၿပီး အထဲထည့္ေပးရင္ေတာ့ နိုးသြားေတာ့မွာပဲ။
မတတ္နိုင္ဘူး
ေပြ႕ခ်ီလိုက္ၿပီး
သူမအခန္းထဲဝင္ခဲ့လိုက္တယ္။
အခန္းထဲလည္း မီးေရာင္က ေဖ်ာ့ေဖ်ာ့ေလးပဲ ထြန္းထားေတာ့
ကိုယ္ေနတဲ့အခန္းနဲ႕ အခန္းဖြဲ႕တူလို႔ေတာ္ေသးတယ္။
အိပ္ခန္းထဲဝင္ၿပီး အိပ္ယာေပၚခ်ေပးလိုက္ကာ ေစာင္ၿခဳံေပးလိုက္တယ္။
မနိုးဘူးေပါ့။
ဘာဒါပါးေလးကို ငုံ႕နမ္းေတာ့
သူမေလးက အိပ္ေနရင္းနဲ႕ ဘာဒါ့အကၤ်ီစကို ဆြဲၿပီး ႀကဳံရာေနရာကို နမ္းေနေသးတယ္။
မ်က္စိကိုထိလိုထိ ႏွာေခါင္းကိုထိလိုထိ။
စိတ္မရွည္လို႔ ႏႈတ္ခမ္းကို ဖိကပ္ၿပီး နမ္းေပးခဲ့လိုက္တယ္။
လူလုပ္သြားလို႔ေတာင္ သိမွာမဟုတ္ဘူး
ပတ္ခ်ယ္ေယာင္းရဲ႕။
အျပင္ေရာက္ေတာ့ ဝရန္တာက ခုံေပၚမွာတင္ထားတဲ့ ေရခြက္နဲ႕ေဆးဘူးေလးကိုေတြ႕ေတာ့
ယူၾကည့္မိတယ္။
အိပ္ေဆးလား။
ေသခ်ာမျမင္ရလို႔ ကိုယ့္အခန္းထဲ ယူၾကည့္မိေတာ့
တကယ္ကို အိပ္ေဆးဘူးျဖစ္ေနတာပဲ။
ဘူးဖြင့္ၾကည့္ေတာ့
ေသာက္ေနက်ျဖစ္မယ္ထင္တယ္။
သိပ္မက်န္ေတာ့တာကို ေတြ႕ရတယ္။
ဘာေတြေၾကာင့္မ်ား အိပ္မရျဖစ္ေနလဲ မမရယ္။
ဘာပဲေျပာေျပာ
ပတ္ခ်ယ္ေယာင္းကိုေတြ႕ၿပီ။
ဘဝမွာ အႀကီးက်ယ္ဆုံးအခိုက္အတန့္။
ဘယ္လိုလုပ္ရမလဲ။
ဒီကိုအၿပီးေျပာင္းခဲ့ရေတာ့မလား။
ဘာဒါေရာက္ေနတာသိရင္ေတာ့ ထြက္ေျပးသြားမလား။
ျဖတ္ၿပီး ထားခဲ့တဲ့ exက နိုင္ငံျခားထိ လိုက္လာတာေလာက္ဆိုးတာ ရွိမလားေနာ္။
ေနဦး လက္စြပ္ေလးရွိလားေတာင္ မၾကည့္ခဲ့ရဘူး။
ေၾသာ္ မရွိေလာက္ပါဘူးေလ။
ဘာေတြေမွ်ာ္လင့္ေနတာလဲ။
ဘာပဲေျပာေျပာ မနက္ျဖန္ကေတာ့ ျပန္ရမယ္။
ဒါေပမယ့္ Maryကိုေတာ့ အကူအညီေတာင္းရမယ္။
ပတ္ခ်ယ္ေယာင္းကို မ်က္ျခည္မျပတ္ဖို႔။ထပ္ၿပီးေျပာင္းေျပးသြားရင္ ရင္ကြဲရဦးမယ္။
ဒါေပမယ့္ ေက်ာင္းၿပီးရင္ေတာ့ ဒီမွာပဲ လာၿပီး အေျခခ်လိဳက္ေတာ့မယ္။
ပတ္ခ်ယ္ေယာင္းကို အေဝးကပဲ ေစာင့္ေရွာက္ရ ေစာင့္ေရွာက္ရ
တစ္ေျမထဲ ေနရရင္ ေက်နပ္ၿပီ။
ညႀကီးမင္းႀကီး ေပ်ာ္လြန္းလို႔
ေျခမကိုင္မိ လက္မကိုင္မိ။
တစ္ေယာက္ေယာက္ကို ေျပာျပခ်င္ေပမယ့္
ဘယ္သူမွလည္းအနားမွာမရွိတာ ေတာ္ေတာ္ဆိုးတယ္။
ကိုယ္လိုက္လာမယ္လို႔ေျပာသားပဲ မမရယ္..
မင္းရွိတဲ့ေနရာတိုင္းကို ကိုယ္လိုက္လာမွာ..
မင္းအေငြ႕အသက္ေတြရွိတဲ့ေနရာမွာပဲ ကိုယ္အသက္ရွင္နိုင္မယ္..
တစ္ညလုံး ေပ်ာ္ၿပီး အိပ္မရလို႔ သူမရဲ႕ေဆးဘူးေလးကိုေတာင္မ်က္ေစာင္းထိုးမိေသးတယ္။
တစ္လုံးေလာက္ယူေသာက္လိုက္ရမလားလို႔။
မိုးလင္းခါနီးမွ အိပ္ေပ်ာ္သြားေတာ့တယ္။
.......
မနက္ ခ်ယ္ေယာင္းနိုးလာေတာ့
ဒီေန႕႐ုံးသြားရမွာကို အရင္သတိရတယ္။
အိပ္ယာက ကမန္းကတမ္းထၿပီး ေရခ်ိဳးအလွျပင္ေနရင္း
ညက ကိစၥကို သတိရမိတယ္။
ညက လူကဘယ္လိုမွအိပ္မေပ်ာ္။
မနက္ခင္း ဘာဒါ့အသံလိုလိုၾကားမိၿပီးကတည္းက
စိတ္က ဂဏာမၿငိမ္။
တခ်ိန္လုံးသတိရေနၿပီး
ငိုလည္းငိုခ်င္ေနၿပီး
ဘာမွမျဖစ္သလိုလည္း ဟုန္လုပ္ၿပီးေနျဖစ္ေတာ့
ညကေတာ့ အေျခအေနကပိုဆိုးလာတယ္။
အခုႏွစ္ေတြမွာ ဘာဒါေက်ာ္ငးထြက္သြားတာသိကတည္းက
ငါထြက္လာတာမွားၿပီဆိုတဲ့စိတ္က အၿမဲလိုလိုဝင္လာတတ္တာေၾကာင့္
သူမ်ားနိူင္ငံမွာ အလုပ္တဖက္နဲ႕ေက်ာင္းတက္ရင္း ေတာင့္ခံရတာ တကယ္မလြယ္ပါ။
ဘာအတြက္ ထြက္ေျပးေနခဲ့တာလဲ။
ဘာအတြက္ႀကိဳးစားေနခဲ့တာလဲ..
ႀကိဳးစားမႈေတြေအာင္ျမင္ေတာ့ေရာ
ဘာဒါနဲ႕ျပန္ေတြ႕နိုင္မွာမို႔လို႔လား။
ျပန္ေတြ႕ေတာ့ေရာ ဘာဒါက ခ်စ္ေနဦးမွာတဲ့လား။
ဟုတ္တယ္ အေတြးလြန္တတ္တယ္..
ဒါေပမယ့္ ဘယ္လိုလုပ္မလဲ..
အေတြးလြန္တဲ့လူေတြကို လူေတြကို မခ်စ္ေပမယ့္
အေတြးလြန္တဲ့လူကိုယ္တိုင္ကလည္း တကယ္ကိုခံစားေနရတာဆိုတာ အဲဒီလူေတြက သိပါ့မလား။
အခ်ိန္မွန္အိပ္မေပ်ာ္တတ္တာေၾကာင့္
အိပ္ေဆးေဆာင္ထားရတယ္။
ဆရာဝန္ကေတာ့ အိပ္မေပ်ာ္ရင္ေသာက္လို႔ေျပာတာပဲ..
အိပ္မေပ်ာ္တာကလည္း ညတိုင္းဆိုေတာ့..
မနက္ျဖန္လည္း အလုပ္သြားရမယ္ဆိုေတာ့ မအိပ္လို႔လည္းမရဘူးေလ။
ဝရန္တာမွာ ထိုင္ေတြးေနရင္း ညဥ့္နက္သြားတယ္။
ေဆးမေသာက္ခ်င္လို႔တင္းခံေနေပမယ့္
ေနာက္ဆုံးမွာ ေသာက္လိုက္ရတာပါပဲ။
ခဏေလးပဲ ဆက္ထိုင္ဦးမယ္ဆိုၿပီး ထိုင္ေနရာက အိပ္ေပ်ာ္သြားတာလား။
ဟုတ္တယ္..
အိပ္ေပ်ာ္သြားတယ္..
နိုးေတာ့အခန္းထဲမွာ..
အိပ္ခ်င္မူးတူးနဲ႕ေလွ်ာက္လာခဲ့တာလား..
မဟုတ္ဘူး တစ္ေယာက္ေယာက္ခ်ီလာတာ..
မဟုတ္ဘူး အဲဒါအိပ္မက္ျဖစ္မယ္..
ဘာလို႔ဆို ခ်ီတဲ့လူဆီက ဘာဒါ့ကိုယ္သင္းနံ႕ရလို႔..
တကယ္လို႔လည္း ထင္ရတယ္..
အဲ့ဒီလူက နမ္းသြားေသးတယ္..
ငါလည္းျပန္နမ္းလိုက္တယ္ေလ..
ဘုရား..
အီဘာဒါ အိပ္မက္ထဲလာတယ္ထင္လို႔ေလ..
အီဘာဒါမဟုတ္ဘူးလား..
မဟုတ္ဘူး အိပ္မက္ပဲ..
ငါ့ဘာသာဝင္လာတာျဖစ္မွာ..
ဒီအိမ္မွာ ငါ့ကိုဘယ္သူက ခ်ီၿပီးအထဲကို ပို႔ေနမွာလဲ..
ေဘးအခန္းကလည္း မိန္းကေလး..။
မသိေတာ့ဘူး..
အလုပ္သြားခါနီး
ေဘးအခန္းကို ေခ်ာင္းၾကည့္မိေသးတယ္။
တိတ္ဆိတ္ေနေတာ့ အိပ္ေနတာလား။
မေန႕က Maryနဲ႕ သူ႕သူငယ္ခ်င္းက
Clubသြားတက္ၾကတာတဲ့။
အျပန္ေနာက္က်မွာပဲမလား။
ခ်ယ္ေယာင္းအိပ္ေနတာေတြ႕ခဲ့ေသးလား ေမးခ်င္တာကို..။
ျပတင္းေပါက္နားကပ္ၿပီး ၾကည့္ခဲ့ေပမယ့္
နိုးပုံမေပၚေသး။
အျပန္မွ ေမးၾကည့္ဦးမယ္..။
ေနာက္တပိုင္းေမွ်ာ္
(အီဘာဒါကိုေပးေတြ႕လိုက္တယ္ေနာ္
သာသာ စိတ္အဆင္မေျပလို႔
အီဘာဒါ ပတ္ခ်ယ္ေယာင္းကိုေတြ႕တာ ေပ်ာ္တဲ့moodက မဝင္ဘူးျဖစ္ေနတယ္ မီယားနဲ
ပတ္ခ်ယ္ေယာင္းကိုေတြ႕ၿပီး ငိုခ်င္ေနတာ
သာသာဝမ္းနည္းေနလို႔ သည္းခံၾကပါ
အမ်ားႀကီးေရးေပးမယ္စိတ္ကူးထားေပမယ့္ ဒီေလာက္ပဲUpလိုက္မယ္ေနာ္)
ခ်စ္တဲ့
လင္း
(ဒါဒါေတြရဲ႕မန့္ေတြကို replyျပန္ျဖစ္ခ်င္မွ ျပန္ျဖစ္ပါလိမ့္မယ္ စိတ္မဆိုးၾကဖို႔ ႀကိဳေျပာထားမယ္ေနာ္)