အချစ်ရဲ့ အလိုအတိုင်း

By Silas3110

10.7K 311 2

ချစ်မိသွားတဲ့အခါ အရာအားလုံး အလိုအလျောက် ဖြစ်တည်လာတတ်တယ် ချစ်ရသူကို ပျော်ရွှင်မှု စိတ်ကျေနပ်မှု ကြည်လင်အေးမြမှ... More

part-1
Part-2
Part-4!!!
Part-5!!!
Part-6
Part-7
Part-8
Part-9
Part-10 Final

Part-3

876 32 0
By Silas3110

အချိန်ရာသီတွေတရွေ့ရွေ့ပြောင်းလဲနေခဲ့တော့သည်။

အလုပ်တွေများတဲ့ ကျွန်မဟာ မောင့်ကို ညဘက်ရောက်မှ ဖုန်းပြောရင်းပဲ အချိန်ပေးနိုင်တော့သည်။မောင်ကလည်း ကျွန်မကို စောင့်နေပါမည်တဲ့လေ...
တချို့နေ့တွေဆို အလုပ်တွေများပြီး ဖုန်းတောင်မခေါ်နိုင်ဘဲ အိပ်ပျော်သွားတဲ့ ညတွေမှာတောင် မောင်ဟာ message လေးတစ်စောင်တော့ ကျွန်မဆီ ရအောင်ပို့ပေးခဲ့ပါသည်။
တစ်လလောက်ကြာတော့ company မှာဖြစ်သွားတဲ့ ပြသနာတွေလည်းရှင်းပြီး အလုပ်တွေ ပုံမှန်လည်ပတ်သွားတော့ ညနေရုံးဆင်းရင် မောင်ဆီသွားတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။
မောင့်ဆီသွားခွင့်ရတော့မယ့် ကျွန်မတော့ နာရီတကြည့်ကြည့်နဲ့ နေလာမိတယ်...
နေ့လည်စာလည်းမစားဖြစ် အလုပ်ပီးဖို့သာ ဦးတည်နေတယ်လေ...
နေ့လည် ၁နာရီခန့်...
"တောက် တောက်
"မမ ဧည့်ခန်းရောက်နေလို့ လွှတ်လိုက်ရမလားဟင် appointment တော့ မယူထားဘူးပြောတယ်"
"ဟုတ်သလား ရပါတယ် အလုပ်လည်းနည်းနည်းပါးနေပြီးပဲ တွေ့လိုက်မယ်"
-------
"အို.... မောင်"
"ကျွန်မသိပ်လွမ်းနေခဲ့တာ ညနေတောင် မောင်ဆီ လာတော့မလို့... မ ပစ်ထားတာများသွားလို့ မောင်စိတ်ပျက်သွားသလားဟင် ခုတော့ အားပြီမို့ မောင့်ကိုအချိန်ပေးတော့မှာမို့ စိတ်မဆိုးပါနဲ့နော်...မ တောင်းပန်ပါတယ်နော်..."

"ရေသောက်ပါဦး မောင့်သက်ထားရေ... မောနေရော့မယ် မောင် စိတ်မဆိုးပါဘူး ဘာလို့ တစ်ယောက်ထဲ အတွေးတွေလွန်ပြီး စကားတွေ အဆက်မပြတ်ပြောနေရတာလည်း ပင်ပန်းနေရော့မယ်"
"ခုရော နေ့လည်စာစားပြီးပြီလား မောင် စောစောထွက်လာပေမယ့် လမ်းမှာ မီးပွိုင့်တွေ ပျက်တော့ လမ်းပိတ်နေလို့ပါ"
"နောက်ကျသွားလားဟင်"

"ဟင်းအင်း"
"မ ဘာမှ မစားရသေးဘူး မောင့်ဆီလာဖို့ တာဆူနေတာနဲ့ ဗိုက်လည်းမဆာမိပါဘူး"

"ဒီလိုလုပ်လို့ ဖြစ်မလားဗျ ကျန်းမာရေးထိခိုက်ရင် မောင်ရင်ကျိုးမှာပေါ့ အစာတော့ ပုံမှန်စားရမယ်လေနော်"

"ပုံမှန်စားစေချင်ရင် မောင်လာကျွေးပေါ့"

"ကဲ... မောင့်ကလေးလေးနဲ့တော့ အချွဲပိုပြီ ဒါဆိုလည်း အခု‌ စားရအောင် မောင်ဟင်းတွေချက်လာတယ် ထမင်းတူတူစားရအောင်နော်"

"မောင်---
မကို ထမင်းခွံ့ကျွေး မ အရမ်းပင်ပန်းနေလို့ မောင် ပုခုံးပေါ်မှီရင်း‌ဝါးတဲ့အလုပ်ပဲ လုပ်တော့မယ်"

"အယ်ဗျာ company ရဲ့ CEO တစ်ယောက်လုပ်နေပြီး ထမင်းခွံ့ကျွေးခိုင်းနေတာ ရှက်ဘူးလားဗျာ"

"ကိုယ့်ချစ်တဲ့သူကို ဒါတောင်မလုပ်ပေးနိုင်ဘူးလားမောင်""ရှက်နေသလား မောင်က"
ဆက်ပြောနေရင် ရွှေစိတ်တော် ညိုးတော့မယ်မဟုတ်လား အသံတိတ်ပြီး ထမင်းကျွေးတဲ့အလုပ်ဟာ အခုချိန် ပနံအသင့်ဆုံးဖြစ်ပါလိမ့်မည်။
ရုံးဆင်းချိန်ထိ စာအုပ်ဖတ်ရင်းသူ့ရုံးခန်းမှာပဲ ထိုင်စောင့်နေမိတယ်။အလုပ်လုပ်နေရင် သိပ်တည်ငြိမ်တဲ့ ကျွန်တော့်သက်ထားပါလေ ချွဲတတ်တယ်လို့ ဘယ်သူထင်ပါ့မလဲ....
------
အိမ်ရောက်တော့
သူမအတွက် သံပုရာရေလေး ဖျော်ပေးနေတုန်း မကတော့ အမေနဲ့ ဘာတွေ လေတည့်နေသလဲမသိပါဘူး မနားတမ်းပြောနေပြန်သည်။အမေပြောတာထောက်ခံပေးလိုက် မ ပြောတာ အမေပြန်ထောက်ခံပေးလိုက်နဲ့ ကျွန်တော့်ကိုတောင် မေ့နေပြီ ထင်ရဲ့...

"မ"
"အအေးလေးသောက်ပါဦး"
" မေမေ ကျွန်တော် ဘာကူလုပ်ပေးရဦးမလဲဟင်
ဖေဖေရော ခြံထဲမှာပဲလား နားနားနေနေနေဖို့ ပြောပါဦးမေရယ်"

"နေနေ ဖေ့ကိုလည်း နားတော့လို့ မေပဲ ပြောလိုက်မယ် ကိုယ့်ဘာသာ အဝတ်သွားထုပ်ချေ"

"ဟောဗျာ ဘာအဝတ်ထုပ်ရမှာလဲ မေမေ ခရီးသွားရမာလား ဘယ်လောက်ကြာမှာလဲဟင် မနဲ့ တစ်ရက်နှစရက်လောက်ထပ်နေလို့မရဘူးလား ခုမှ အားတာလေ မ က"🥹

"မဟုတ်က ဟုတ်ကကွယ် မင်း မမ က သူခေါ်သွားမယ်တဲ့ မင်းကို အလုပ်သင်ပေးမယ်ပြောနေတာပဲ""မလိုက်ချင်လည်းနေချေ"

"ဗျာ"
"မေတို့ လက်တိုလက်တောင်းခိုင်းစရာလူမရှိတော့ဘဲနေမျာပေါ့ ဒါမယ့် မ နောက်ကလည်း လိုက်သွားချင်တယ်"

"မင်းကို အမျိုးမျိုးကွယ် သွားပါ အဝတ်ထည့်ချေ ရုံးပိတ်ရက်ကျ နှစ်ယောက်အတူ အိမ်လာခဲ့ကျပေါ့ ဟုတ်ပြီလား"

"ဟီးးးးဟီး"
"ဟုတ် ဟုတ်"

"အမလေး ကလေးရယ် ‌ဖြေးဖြေးပါကွယ် မင်းသွားတွေလည်း ကျွတ်ကုန်ပါဦးမယ်"

"မေမေ မောင်က ကလေးလေးလိုပဲနော်"

"အွန်း တအိမ်လုံးမှာ အငယ်ဆုံးသမီးလေ အသက်ကလည်း နှစ်ဆယ်ကျော်ပဲ ရှိသေးတာမဟုတ်လား မောင်နှမတွေ ဝိုင်းချစ်ကြတော့ နည်းနည်း နွဲ့ဆိုးတော့ ဆိုးတာပေါ့"
"မေ့ မျက်လုံးထဲ သားသမီးတွေအကုန်လုံး ကလေးလေးတွေလို့ပဲ မြင်မိတုန်းပါပဲ"

မောင်တို့ မိသားစုသိပ်နွေးထွေးကြတာပဲ ဒါကြောင့်လည်း မောင်ဆီက အကြင်နာ တရားဟာ ကျွန်မအတွက် လုံလောက်တာ ထင်ပါရဲ့။
မောင်က ကျွန်မအတွက် အိမ်လေး တစ်လုံး ဟုတ်တယ် ကျွန်မ ခိုလှုံရာ အိမ်ငယ်လေး တစ်လုံး‌ဖြစ်ခဲ့သည်။
--------

"မောင် ရုံးမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လားဟင်"
"မောင့်ကို ခက်ခဲအောင် လုပ်တဲ့သူ ရှိရင် မကို ပြောနော် ချက်ချင်းအလုပ်ထုတ်ပစ်မယ်"

"ဟိုး stop ဟိုး stop အဆင်ပြေတယ် အားလုံး မောင့်အပေါ် ကောင်းကြပါတယ် မနဲ့ တမိုးအောက်ထဲ အလုပ်လုပ်နေရပြီပဲ မောင်အတွက် တခြားမလိုအပ်တော့ပါဘူး"

"ဖြစ်နိုင်ရင် မောင့်ကို ရုံးခန်းထဲခေါ်ပြီး တနေကုန် ထိုင်ကြည့်ချင်တာ မောင်က အလုပ်လုပ်ချင်တယ် ဆိုလို့သာ ခွင့်ပြုထားရတယ် စိတ်ကိုမချဘူး"

ဘယ်လိုလူစားလေးပါလိမ့် သိပ်ချစ်မိပြန်တယ်။
ဒါမယ့် ကိုယ်ချစ်ရတဲ့လူကို ကိုယ်ရှာတဲ့ ငွေလေးနဲ့ ဖြည့်ဆည်းပေးချင်မိတာတွေ ရှိတယ်လေ ...
ပြီးတော့ ဖေနဲ့မေကိုလဲ ‌သဲတစ်ပွင့်စာလောက် ထောက်ပံ့ပေးချင်မိသေးတယ်လေ အငယ်‌ဆုံးလုပ်ပြီး ထိုင်စားလာတာ ကြာခဲ့ပြီ မဟုတ်လား...

မောင်ကိုလေ အလုပ်ထဲရောက်မှ ပိုအူတိုလာမိတယ်။ကလေး ကလေး နဲ့ခေါ်ခေါ်နေတဲ့ ရုံးက ကလေးမတွေကြောင့်လည်း စိတ်တိုရတယ်။မောင့်ကိုယုံပေမယ့် ဆုံးရှုံးရမာတော့ ကြောက်မိတယ်လေ။ မောင့်မိဘတွေကိုပါ ထောက်ပံ့ပေးနိုင်တယ်ဆိုပေမယ့် မောင့်မာနတွေ ကျွန်မ ချနင်းလို့ မဖြစ်ဘူးလေ ကျွန်‌မ ချစ်ရသူရဲ့ စိတ်သဘောကို ကျွန်မ အပြည့်အဝ နားလည်ပေးရမည်။
--------
တ‌နင်္လာကနေ သောကြာနေ့ထိ မနဲ့ အတူနေတဲ့ တိုက်ခန်းမှာ မ အတွက် မနက်စာ နေ့လည်စာ ညစာ တတ်စွမ်းသလောက် ပြင်ဆင်ပေးဖြစ်သည်။
တစ်ခါတလေ အရသာ‌ပျက်လောက်တဲ့ထိ ဖြစ်သွားခဲ့ရင်တောင် ကျွန်တော် ကိုယ်တိုင် ချက်ပေးထားတာမို့ မပစ်ရက်နိုင်ဘူးပြောပြီး ဖြစ်အောင်စားပေးတတ်သေးသည်။ စနေ တနင်္ဂနွေ ရက်များကတော့ ကျွန်တော်တို့ နှစ်ယောက်လုံး အလှူအိမ်ရောက်သလိုပဲပေါ့ မေမေလက်ရာကောင်းကောင်းစားကြရသည်။အဲ့လိုရက်မျိုးကြ သူမရော ကျွန်တော်ရော ဂျင်းထောင်းခွေးမောင်းလောက်သာ လုပ်ကြရသည်လေ...

"မောင်"
"ဒီတပတ် Sunday ကျ မ တို့ ဘုရားသွားကြမယ်နော် ပြီးမှ အိမ်အတွက် လိုတာလေးဝယ်ပြီး မေမေတို့ဆီ သွားကြမယ် ဖြစ်ရဲ့..."

"မောင့်သက်ထားအလိုကျပါခဗျာ"

ကျွန်မမွေးနေ့လေ မောင်နဲ့ အတူဖြတ်သန်းရမယ့် ဒုတိယအကြိမ်မြောက် မွေးနေ့လေးပါ့ သိပ်သဘောမိသည်။ကျွန်မတို့ စာအုပ်ဆိုင်သွားမည် မောင်အကြိုက်ဆုံးစာအုပ်တွေဝယ်ပြီး ညကျ မောင်ရင်ခွင်သေးသေးလေးထဲ နေရင်း မောင်ဖတ်ပြတဲ့ အသံလေးနားထောင်ရင်း နေမည်။နောက်တော့ မောင်ရေးပေးမယ့် ကဗျားလေး တစ်ပုဒ် ရှိမယ် ဒါမောင်ပေးတဲ့ ကျွန်မ အကြိုက်ဆုံး မွေးနေ့လက်ဆောင်ပေါ့။

"Happy Birthday မောင့်သက်ထားရေ...
ထတော့နော် မောင်တို့ ဘုရားသွားကြမယ်ဆို ပြင်ရအောင်နော် မ အတွက် သွားတိုက်ဆေး အဆင်သင့် ပြင်ထားလိုက်မယ် ခဏ နှပ်ပြီး ထလာတော့ *မွ*."
အဲ့လို နဖူးလေး အနမ်းခံရပြီး နိုးထရတဲ့ မနက်ခင်းတွေက အလှဆုံးဖြစ်ပါသည်။ ကျေးငှက်လေးတွေလည်း ချစ်သူနှစ်ဦးနဲ့အတူ မနက်ခင်းတေးသံထဲ ကြည်နူးမှုများ ထည့်ဆိုနေလိမ့်မည်။
တနေကုန် သူမ စိတ်ကြိုက်နောက်က တကောက်ကောက်လိုက်သည့်အလုပ် ကျွန်တော်လုပ်ပါသည်။ကျွန်တော့် မွေးနေ့ရှင်မလေး အလိုတော်ဟာ ကျွန်တော့် အလိုတော်ပဲမဟုတ်လား...
မေမေတို့နဲ့ ညစာအတူးစားပြီး တိုက်ခန်းပြန်ရောက်တော့သူမ မျက်နှာမသစ်ဘဲ အိပ်ရာထဲ ဝင်ခွေနေလေသည်။ ညောင်းနေပြီ ကျွန်တော် သိတာပေါ့ ချစ်ရသူလေးကို အရိပ်တကြည့်ကြည့်နေလာခဲ့သည်လေ....
ရေချိုးခန်းထဲ ဝင် မျက်နှာသစ်ကာ ရေဖလားထဲ ရေထည့် ချစ်ရသူလေးအတွက် သွားတိုက်ဆေးကအစ ပြင်ဆင်လာခဲ့သည်။
"မရေ... ခဏထ မောင် မျက်နှာသစ်ပေးမယ်နော် သွားလည်းတိုက်ရအောင်လေ ဒါပြီးမှ အိပ်နော် လိမ္မာတယ်"
"အင်းးးး"
အိပ်ချင်နေသည့် လူကြီးလေးကို ကြည့်ရတာ အူယားမိတယ်။
သန့်ရှင်းရေးလုပ်ပြီးတော့ ချစ်ရသူ နားလေး ဝင်ထိုင်ကာ ‌ခြေထောက်လေးတွေ နှိပ်ပေးသည်။
"အိုရ်....မောင်ရယ် ငရဲတွေ ကြီးနေရော့မယ် ဘယ်နှယ့်""မ နားချင်ပြီ မောင်လည်း ပင်ပန်းရောပေါ့ မတို့ အိပ်ကြရအောင်နော် လာပါ"

"ငရဲမကြီးပါဘူး မောင့်သက်ထားရဲ့ မျက်လုံးလေး မှိတ်ပြီး နေနော် မောင်နှိပ်ပေးချင်လို့ပါ"

"တစ်ချက်နှစ်ချက်ဆိုရပြီလေ မောင်ရယ် ကျွန်မ အညောင်းပြေပါပြီ အနားလာပြီး  ကျွန်မ ကို မွေးနေ့‌လက်ဆောင်ပေးတော့"

ဟုတ်သည် ရေးထားတဲ့ ကဗျာလေး ပေးရဦးမည်လေ
"ရော့
ဒါလေးက မောင်ကိုယ်တိုင်ရေးထားပေးတဲ့ကဗျာ
ဒါက မောင့်သက်ထားလေးအတွက် မွေးနေ့အထူးသီးသန့်"

"မောင်းကွင်းလေး.... ကြည့်စမ်းမောင် ကျွန်မနဲ့ အတော်ပဲနော်"

"ဒါပေါ့ မောင်သေချာ မှာပေးထားတာကိုး"
"မောင့်ကို နမ်းပါဦး မောင့်သက်ထားရေ"

အနမ်းတပွင့် ဟုတ်ရဲ့ အိပ်မက်တွေ လှနိုင်ဖို့အတွက် အနမ်းတပွင့်စာ လိုအပ်ခဲ့သည်။
------
ဒီနေ့ မက အစည်းအဝေးရှိလို့ ကျွန်တော့်ကို သူ့ အတွင်းရေးမှူးမလေး အိမ်လိုက်ပို့သည်။
ကျွန်တော်လည်း မ အတွက် ညစာချက်ပေးချင်သည့်အတွက် မစောင့်ဘဲ ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ညနေစာ ပြင်နေရင်း စာဝင်လာသည်။
"Hi...
နေကောင်းလား
တွေ့ပြီး စကားပြောရအောင်လေ
မနက်ဖန် နေ့လည် 12နာရီ ### cafe မှာ"

အချစ်ဦး သိပ်မှတ်မိတာပေါ့ ဒီဖုန်းနံပါတ်ကိုလေ ဒါမယ့် ပြီးခဲ့တာတွေ ကြာခဲ့ပြီမဟုတ်လား ကျွန်တော် စိတ်ပြတ်သားခဲ့တာ ကြာပြီလေ သူငယ်ချင်းအဖြစ်တွေ့ဆုံနိုင်သည်။ ဒါကြောင့် ‌မ ကိုပြန်မပြောဖစ်ခဲ့ပါ။

အိမ်ပြန်ရောက်တော့ မောင်ဟင်းချက်ပြီး ရေချိုးနေသည်ထင်သည်။ ရေသံကြားတာနဲ့ မောင့်အတွက် အဝတ်အစား ထုတ်ပေးထားမိသည်။ ကျွန်မ လည်းရေချိုးဖို့ ပြင်နေတုန်း မောင့်ဖုန်း message သံကြားမိသည်။ "သေချာပေါက်လာခဲ့နော်" ကျွန်မ ဝင်ကြည့်မိလိုက်သည်လေ။ မောင် ကျွန်မကို ပြောပြမှာပါ ဆိုတဲ့ စိတ်နဲ့ သိလိုစိတ်ကို ဖြေပျောက်ပစ်ခဲ့သည်။
မောင်ရေချိုးခန်းထဲက ထွက်လာတော့ ကျွန်မ ရေချိုးဖို့ ‌ရေချိုးခန်းထဲ ဝင်လိုက်သည်။
"အဝတ်ထုတ်ပြီးသားနော် မောင်  မလည်းရေချိုးဦးမယ် ပြီမှ အတူ ညစာစားကြစို့"
"ဟုတ်ကဲ့ပါ မောင့်သက်ထား‌ရေ"
------
နောက်တနေ့ မနက်ထိ မောင်က ဘာမှ မပြောပြခဲ့ပါ ဒီတကြိမ်တော့ ကျွန်မ သံသယ ဝင်မိသည်။
ဘာအကြောင်းလေးပဲ ဖြစ်ဖြစ် ကျွန်မနဲ့ တိုင်ပင်ခဲ့သည့် မောင်ဟာ ဒီတစ်ခါ ဘာမှ မပြောတော့ ကျွန်မ စိတ်တိုမိသည်။
နေ့လည် ကျွန်မ အလုပ်ကိစ္စနဲ့ အပြင်ထွက်ရတော့ မောင့်ကို ရုံးရှေ့က ကော်ဖီဆိုင်မှာ မောင့်အချစ်ဦးနဲ့ ထိုင်နေတာ တွေ့ခဲ့သည်။ ကျွန်မ ဒေါသတွေဟာ ထိန်းမရခဲ့တော့ပါ...
ညနေ မောင့်ကို အတွင်းရေးမှူးမလေးကိုပဲ အိမ်ပြန်ဖို့ပေးဖို့ ဖုန်းဆက်မှာလိုက်သည်။
ကျွန်မ မရောက်တာ ကြာပြီဖစ်တဲ့ bar မှာ အရက်‌ထိုင်သောက်နေမိသည်။ ဘာလို့မပြောပြလည်းဆိုတဲ့ အကြောင်းထပ် မောင့်ကို ဆုံးရှုံးရမှာ ကျွန်မ ကြောက်မိသည်က ပိုမှန်သည်။

ညမိုးချုပ်နေပြီလေ  ဟင်းတွေ ထမင်းတွေ အဆင်သင့် ခူးပြီး စောင့်နေပါရက်နဲ့ အတူးစားမည့်သူဟာ ပေါ်မလာခဲ့ပါ။ ဖုန်းတွေ အဆက်မပြတ်ခေါ်မိပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသည့်အတွက် စိတ်ပူမိသည်က ပိုသည်။ မနေနိုင်တဲ့အဆုံး ရုံးက မရဲ့ အတွင်းရေးမှူး မလေးကို ဖုန်းခေါ်ကြည့်ဖို့ တွေးလိုက်မိသည်။ ဖုန်းဝင်သွားသည်နဲ့ အိမ်တံခါး ဖွင့်လာသည်ကြောင့်
"Sorry အမ ဖုန်းမှားနှိပ်မိလို့လေ အလုပ်မှာ တွေ့ကြတာပေါ့" ပြောချင်ရာပြောပြီး ဖုန်းချမိသည်။

"အရက်တွေအများကြီး သောက်လာတာလား မရဲ့ သိပ်ပင်ပန်းနေလားဟင် မောင့်ကို ပြောရောပေါ့ မောင်မကူပေးနိုင်တော့ အနားမှာတော့ ရှိပေးနိုင်တယ်လေမရဲ့"
"နားငြီးတယ်ကွာ မင်းကဘာလဲ မူးလာတဲ့ ငါ့ကို ငြိုငြင်တာလား"
" မင်းတွေ ငါတွေ မပြောပါနဲ့  မရယ် မူးနေလည်း အိပ်‌လိုက်တော့နော် မောင် အခန်းထဲ ခေါ်သွားပေးမယ်"
အခန်းထဲ ရောက်တော့ အတင်းလာနမ်းတယ် အရက်နံ့ရော ဆေးလိပ်နံ့တွေပါ ရနေသည်။
"တော်တော့လေနော် အိပ်ရအောင် မနက်ကျ ခေါင်းကိုက်နေလိမ့်မယ်"

"အင်းဟင်း မအိပ်ချင်ဘူး မင်းကို ငါပိုင်ချင်တယ် မင်းကို ဆုံးရှုံးရမှာ ငါ သိပ်ကြောက်တယ် အဲ့တာ မင်းသိလား"
သူမ ပြောနေသည့် အဓိပ္ပာယ်များ ကျွန်တော် နားမလည်တော့‌ပါ။
"ခုလည်း မောင်ကို မ တစ်ယောက်တည်းပဲ ပိုင်တာပါ မ ရဲ့ လိမ္မာတယ်နော် အဝတ်လှဲပြီ အိပ်ကြစို့"
သယမအတွက် ညဝတ်အင်္ကျီသွားထုတ်ပေးသည့် ကျွန်တော့်ကို လက်ကောက်ဝတ်ကနေဆွဲပြီး ကုတင်ပေါ် ပစ်ချသည်။ အရှိန်နဲ့ ကျတော့ ကျောပင် အောင့်သွားရသည်။ ကျွန်တော့်ကိုယ်ပေါ် အတင်းအုပ်မိုးနေသည့် မ ဘာဖြစ်လာခဲ့မှန်း တကယ်မသိတော့ပါ။
"မင်းကို ငါ ပိုင်ချင်တယ်"
ဒီစကားကိုသာ ထပ်ခါ ပြောရင်း မျက်နှာအနှံ့ ‌နမ်းသည်။လည်တိုင်ကိုပါ နမ်းလာပြန်သည်။ ကျွန်တော် အံ့ဩမိ၍ ကြောင်အမ်းအမ်းဖြစ်နေခဲ့ရသည်။တားထားတဲ့ စည်းတွေ မ ကိုယ်‌တိုက် ချိုးဖောက်တော့မည်လား မသိနိုင်တော့ပါ။
နမ်းနေရင်း ခွေးစိတ်ပေါက်သွားသလားမသိ ကျွန်တော့် ညှပ်ရိုးလေးအား ကိုက်ပြန်သည်။နာပေမယ့် မခေါ်မိအောင် ထိန်းထားရသည်။ နောက် ညဝတ်အင်္ကျီ‌ကြယ်သီးများအားဖြုတ်နေပြန်သည်။
ကျွန်တော် ကြက်သီးမွှေးညင်းများပင် ထနေသည်။
ကျွန်တော်ဝတ်ထားတဲ့ binder အောက် လက်လျှိုဝင်လာသည်။
Binder ချိတ်များ ဖြုတ်သည်မှာ စိတ်မရှည်ဖြစ်ကာ အပြင်ပြန်ထွက်သွားသည်။
လွတ်မြောက်သွားပြီထင်ပြီး သက်ပြင်းချနေမိစဉ် အခန်းထဲ တဖန် ပြန်ဝင်လာသူကြောင့် မျက်လုံးပါ ပြူးသွားရသည်
"မ ကတ်ကြေးကြီးနဲ့ ဘာလုပ်မလို့လဲ စိတ်ထိန်းပါဦး ဘာတွေ ခံစားနေရလဲ မောင့်ကိုပြောပြ မောင် ရှိတယ်လေကွာနော်"
ပြောစကားများ သူမနားထဲ တိုးမပေါက်တော့ပါ
စိတ်လွတ်ပြီး သူ့ကိုယ့်သူ ထိုးမယ်မှတ်နေတာ အထင်နဲ့အမြင် တပ်တပ်စင်အောင် လွှဲခဲ့သည်လေ။
ကျွန်တော့် အင်္ကျီ လိုက်ကိုက်နေလို့ မနဲတားပြီး ချွတ်ပေးမယ်ပြောလိုက်ရတယ်။
ကုတင်တဖက်စွန်း သွားထိုင်ရင်း binder ချိတ်ဖြုတ်‌ေပးမိသည်။‌စဉ်းစား၍မရပါ ဆေး‌မိလာရင်တောင် လိုချင်တဲ့ သူပဲ ရှိကြသည်မဟုတ်လား ခုတော့ အိမ်မှာအလကားနေရင်း အစားခံရမည်တဲ့လား...
ဟော အတွေးတောင်မဆုံးလိုက်ပါ အနောက်ကနေ သိုင်းဖက်ပြီး ကျွန်တော့် ရင်ဘတ်တွေ လာညစ်နေပြန်သည်။ တဖန် ကျွန်တော့်ကို လှဲချပစ်ပြီး အုပ်မိုးလာပြန်သည်။ဒီည သူမ ပြုသမျှ နုရုံသာ တတ်နိုင်တော့သည်လေ‌ မေးလို့လည်း နားဝင်မည်မဟုတ်။
ရင်ဘတ်တွေအား ပွတ်သပ်လိုက် ကိုက်လိုက် လုပ်နေသည်။နာနေပေမယ့် အသံမထွက်ရဲပါ ကျွန်တော် ရှက်သည်လေ အသက်တမျှ ထိန်းသိမ်းခဲ့တဲ့ ကျွန်တော့် ခန္ဓာကိုယ်ကို စိတ်ကြိုက်စားသုံးခံ‌နေရသည်။အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ကျွန်တော့်ကို အားမနာပါ ဘောင်းဘီ ပါဆွဲချွတ်နေချေပြီ။ boxer လေးတောင် ချန်မထားခဲ့ပေးပါ။လက်‌ေချာင်းများဟိုဒိ ပြေးလွှားနေရင်းအစိမ်းသက်သက်ဝင်လာသည့် လက်ချောင်းများကြောင့် မျက်ရည်စတွေနဲ့အတူ ‌နာကျင်မှု အော်သံများပင် ထွက်မိတော့သည်။ ခဏအကြာမှ ညလည်စာ စားသုံးခြင်းအား ရပ်တန့်သွားခဲ့သည်။
အဝတ်ဗလာ ဖြစ်နေသည့်တိုင် ချစ်ရသူလေးမှာ အရက်နံ့ပြင်းနေသည့်အတွက် နာကျင်မှုကို သည်းခံရင်း ရေပတ်တိုက် အဝတ်အစား‌လဲပေးရသည်။ပြီးမှကိုယ်တိုင်သန့်ရှင်းရေးလုပ်ည အိပ်ဝတ် အဝတ်များ ပြန်လဲ၍ဘေးနားတိုးအိပ်ရပြန်သည်။ ပင်ပန်းနေပေမမယ့် အိပ်မပျော်ပါ ချစ်ရသူကို စိတ်ပူနေမိသည်။
-------

"ကျစ် ခေါင်းကိုက်လိုက်တာ..."
အသောက်များသွားသည့်ကိုယ့်အပြစ်နဲ့ကိုယ်မို့ မထချင်ထချင်ထရသည်။
"အိုရ်... မောင်အိပ်နေသေးတာပဲ ကလေးလေးတစ်ယောက်လို အိပ်ပျော်နေတာ အူယားမိပါရဲ့"
နဖူးပေါ် အနမ်းတပွင့်ချွေမိတော့ မောင်ကိုယ်တွေ ကျစ်ကျစ်တောက် ပူနေခဲ့မှန်းသိခဲ့သည်။
"မောင်ဖျားနေပြီ ချက်ချင်း ဘယ်လိုများဖျားသွားပါလိမ့် မနေ့က အကောင်းကြီးပါ"
ခေါင်းကိုက်တာနဲ့ ဘာမှဆက်မတွေးတော့ပဲ ရေချိုးလိုက်သည်။
မောင့်ကို ရေပတ်တိုက်ပေးဖို့ ပြင်ခဲ့လိုက်သည်။
မျက်နှာကို ရေစိုဝတ်နဲ့ ခပ်ဖွဖွ သုတ်ပေးပြီးတော့ ညဝတ်အင်္ကျီလေး ကြယ်သီး နှစ်လုံးလောက်ဖြုတ်မိတဲ့ချိန် လည်ပင်းက အနီကွက်တွေ တွေ့ရသည်။ပိုထူးဆန်းသည်က binder ဝတ်အိပ်နေကျ မောင်ဟာ ညဝတ်အင်္ကျီ တထည်တည်းကိုသာ ဝတ်ဆင်ထားြခင်းကြောင့်ပင်....
ခုမှ ညကျ အကြောင်းတွေ တရေးရေး ခေါင်းထဲ တိုးဝင်လာသည်။ မောင့်ကို အားနာမိသည် အတင်းယူခဲ့မိသည့်မိမိကိုယ့်ကိုကိုယ်လည်း ရှက်မိသည်။တကယ်‌ဆို မောင့်ကို တိုက်ရိုက်မေးရင် အဖြေရမည့်ကိစ္စကို တဖက်သတ် သံသယဝင်ခဲ့သည်မဟုတ်လား။
"တောင်ပန်းပါတယ် ကလေးရယ်..."
ရေပတ်တိုက်ပြီး အဝတ်အစားလဲပေးလိုက်သည်။ဆရာဝန်ပြရမည်လေ အရှက်သည်းသည့်မောင့်ကို အဝတ်အစားလဲပေးမိသည်ကို စိတ်ကောက်မှာ သိပေမယ့် နောင်ဘေးနောင်မှပြေးတွေ့ရမည်။
-----
"ပင်ပန်းပြီးဖျားသွားတာနေမှာ ကျွန်မ ဆေးထိုးခဲ့ပေးမယ် သောက်ရမယ့် ဆေးလည်းပေးခဲ့မယ် လူနာကို ဂရုစိုက်လိုက်ပါနော်"
"ဟုတ်ကဲ့"
ပြောရင်းဆေးထိုးဖို့ အဆင်ပြေအောင် ‌မောင့်ဘောင်းဘီလေး တင်ပါးပေါ်အောင်ထိ ဆွဲချပေးလိုက်တယ်။နာလို့ထင်ပါရဲ့ မောင့်ကိုယ်လေး ျချက်တွန့်သွားတယ်။

နိုးတာကြာပါပြီး ရေပတ်တိုက်ပေးနေကတည်းက မနေ့ညကအကြောင်း တွေးမိတော့ ရှက်လို့ မျက်နျာချင်းမဆိုင်ရဲတာနဲ့ အိပ်ချင်ယောင်ဆောင်နေခဲ့ကာမှ အဝတ်ပါ ထပ်လဲပေးနေပြန်တယ်။ ဒီနေရာမှာပဲ သေးသေးလေး ဖြစ်ပြီးပျောက်ကွယ်သွားချင်မိတော့သည်။ဆရာဝန်မကလည်း ဆေးထိုးသွားပြန်တယ် အကြိမ်ကြိမ်ရှက်ရပြန်သည်။

"မောင်...
မ ဆန်ပြုတ်လေး ပြုတ်လာတယ် နွားနို့လေးလည်းနွေးလာတယ် အစာစားပြီးဆေးသောက်ရအောင်နော်"
ကျွန်မဘက် လှည့်မလာပါ အိပ်နေသေးသည်ထင်ပြီး ခန္ဓာကိုယ်လေး လှုပ်နိုးတော့ မောင်ဟာ ငိုနေခဲ့တာပါတဲ့.....
"မောင်...
မသက်သာလို့လား ဘယ်နားနေလို့မကောင်းသေးလဲ
မတို့ ဆေးရုံပဲ သွားကြမလား မငိုပါနဲ့တော့ မ ဘာလုပ်ပေးရမလဲ မကိုပြော..."
အ‌ဖြေမလာပါ
"မောင်ရေ....
လူသေးသေးလေးရေ....
မရဲ့ တိမ်စိုင်လေးရေ...."
ကျွန်မ ချော့ရတော့မည်လေ ကိုယ့်အပြစ်နဲ့ကိုယ်တောင်းပန်ရတော့မည်။
"မခွံ့ကျွေးမယ်လေ မ ကလေးလေးကို ...
အာ...စားနော် နေကောင်းမှရမယ်လေနော်"

"မ"
"မနေ့က ဘာဖြစ်ခဲ့တာလဲဟင် မောင့်ကိုလည်း အတင်းအကျပ်လုပ်တယ် အရက်တွေရော ဆေးလိပ်တွေရော သောက်လာတယ် ပြောပြသင့်ပြီလို့ ထင်ရဲ့"

-----
"မ!
"ကျွန်တော်စိတ်ဆိုးလာပြီနော်"

"တောင်းပန်ပါတယ် မ မနေ့က မှားသွားတယ် မူးပြီး မှားသွားတယ် အသေးလေးရယ် ပြီးတော့ အထင်လွှဲမိသွားတယ် တောင်းပန်ပါတယ် မောင့်ကို မ တာဝန်ယူပါ့မယ် "

ကြက်သီးထမိတယ် ဘယ်နှယ့်ခဏခဏ အသေးလေး ခေါ်နေပြန်လဲမသိ မေ့ထားသည်ကို တမင် သတိရအောင် လုပ်နေသူကြောင့် အရှက်သည်းရပြန်သည်။

"အလုပ်မသွားရမယ့်အတူတူ မောင်တို့ ကော်ဖီဆိုင်သွားကြမယ်နော် နှစ်ယောက်လုံး စိတ်အေးသွားတဲ့ အခါ မ ရှင်းပြတာ နားထောင် ကြတာပေါ့ "

" မဖြစ်ဘူးလေ!

"နေမကောင်းတဲ့မောင့်ကို အော်လိုက်တာလား မ?"

"ဟို မင်းသွားလို့ အဆင်မပြေလောက်ဘူးထင်တယ် အိမ်မှာပဲ နားပြီး နေရအောင်ပါနော်"

"ဖြစ်တယ် အခု အဝတ်စားလဲလိုက်မယ် သွားရအောင်"
စိတ်ပြေလက်ပျောက် ဖြစ်မည်ထင်ပြီး ပြောမိကာမှ လွှဲသွားပြန်တယ်
နာကျင်မှုကြောင့် အိပ်ရာပေါ် ပြန်လဲနေမိတယ်။ဟန်ဆောင်ပြီး အိပ်ရေးမဝသေးဘူး လို့ ညာရသေးတယ်။

သိတာပေါ့ ကလေးငယ် အဆင်မပြေမှန်း"ဟီးးး"
မေးမိရင်လည်း ရွှေစိတ်တော် အတော်နဲ့ ပြေမည်မဟုတ်သဖြင့် မသိကျေးကျွန်ပြုရသည်။

#စိတ်ကူးတည့်ရာ ဖွင့်လှစ်မိတဲ့ အခန်းငယ် တစ်ခန်းပါ ပြတင်းတံခါးတစ်ချပ်ပါ စိတ်ကူးယဉ်သပ်သပ် ဖြစ်ပါ၍ သဘောထားကွဲလွဲမှုများ အကြောင်းတိုက်ဆိုင်မှုများ ရှိခဲ့ပါက သာသာ၏ အမှားသာ ဖြစ်ပါသောကြောင့် ချစ်သော နှလုံးသားဖြင့်သာ ဖတ်ပါ ချစ်သော စိတ်ဖြင့် ခွင့်လွှတ်ပါ....

ကြိုးစားပါဦးမည်

Continue Reading

You'll Also Like

17.9K 887 20
မောင်က ကျွန်မကောက်ရခဲ့တဲ့ ကော်ရုပ်လေးတစ်ရုပ်ဖြစ်ခဲ့သလို ကျွန်မအပိုင်းသိမ်းချင်မိတဲ့ ရပ်ဝန်းငယ်လေးဆိုလည်း ဟုတ်တယ်..... မမကို ကျွန်တော်က၅၂၈မေတ္တာနဲ့ မဟ...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.7M 125K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
702K 16.4K 44
Broken by soul, broken by heart. Valeria is Alpha's daughter who has been through lot of loss. She's in no rush finding her mate, so you can imagine...