"အနိုင့်ဉယျာဉ်မှူး"

Від Mun-Wint

34.2K 1.6K 67

#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့် Більше

အခန်း(၁)-Uni
အခန်း(၁)-Zawgyi
အခန်း(၂)-Uni
အခန်း(၂)-Zawgyi
အခန်း(၃)-Uni
အခန်း(၃)-Zawgyi
အခန်း(၄)-Uni
အခန်း(၄)-Zawgyi
အခန်း(၅)-Uni
အခန်း(၅)-Zawgyi
အခန်း(၆)-Uni
အခန်း(၆)-Zawgyi
အခန်း(၇)-Uni
အခန်း(၇)-Zawgyi
အခန်း(၈)-Uni
အခန်း(၈)-Zawgyi
အခန်း(၉)-Uni
အခန်း(၉)-Zawgyi
အခန်း(၁၀)-(က)/Uni
အခန်း(၁၀)-(က)/Zawgyi
အခန်း(၁၀)-(ခ)/Uni
အခန်း(၁၀)-(ခ)/Zawgyi
အခန်း(၁၁)-Uni
အခန်း(၁၁)-Zawgyi
အခန်း(၁၂)-Uni
အခန်း(၁၂)-Zawgyi
အခန်း(၁၃)-Uni
အခန်း(၁၃)-Zawgyi
အခန်း(၁၄)-Uni
အခန်း(၁၄)-Zawgyi
အခန်း(၁၅)-(က)/Uni
အခန်း(၁၅)-(က)/Zawgyi
အခန်း(၁၅)-(ခ)/Uni
အခန်း(၁၅)-(ခ)/Zawgyi
အခန်း(၁၆)-Uni
အခန်း(၁၆)-Zawgyi
အခန်း(၁၇)-Zawgyi
အခန်း(၁၈)-Uni
အခန်း(၁၈)-Zawgyi
အခန်း(၁၉)-Uni
အခန်း(၁၉)-Zawgyi
အခန်း(၂၀)-Uni
အခန်း(၂၀)-Zawgyi
အခန်း(၂၁)-Uni
အခန်း(၂၁)-Zawgyi
အခန်း(၂၂)-Uni
အခန်း(၂၂)-Zawgyi
အခန်း(၂၃)Uni
အခန်း(၂၃)Zawgyi
အခန်း(၂၄)-Uni
အခန်း(၂၄)-Zawgyi
အခန်း(၂၅)-Uni
အခန်း(၂၅)-Zawgyi
အခန်း(၂၆)-Uni
အခန်း(၂၆)-Zawgyi
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Uni
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Zawgyi

အခန်း(၁၇)-Uni

840 46 2
Від Mun-Wint


အခန်း(၁၇)

မိုးကုတ်မြို့

မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု တွင်သည်။
(ဤသည် ကိုးကားချက်ဖြစ်၏။)

မိုးကုတ်မြို့၀န်းကျင်ရှိ ရွာများတွင်အချို့က တောင်ယာစိုက်ပျိုးလုပ်ကိုင်ကြလျှက်ရှိပြီး အချို့ကမူ တွင်းလုပ်သားအဖြစ်လုပ်ကိုင်ကြသည်။
ေကျာက်တွင်းအများစုတည်ရှိနေရာသည်
ကင်းရွာအနီးတွင် အများဆုံးရှိကြပြီး မိုးကုတ်မြို့မှ သူဌေးများမှာ ထိုကျောင်းတွင်းများကို အပိုင်၀ယ်ယူ၍လုပ်ကိုင်လျှက်ရှိသည်။
တွင်းသားများအတွက်မူ အလုပ်နှင့်ပက်သက်၍ စရိတ်အပြင် စားစရိတ်မှန်သမျှအတွက်ပါ
သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း
သူဌေးတို့က ထုတ်ပေးလုပ်ကိုင်ကြ‌ေလသည်။
အချိုကမူ ၃စု ၁စု ရှယ်ရာအရ လုပ်ကိုင်ကြသလို
အချို့ကမူ လစာဖြင့်လည်း လုပ်သူကလုပ်၏။

ဤအကြောင်းများကို ကျွန်ုပ်မိုးကုတ်မြို့ရောက်ပြီး
၃လအကြာတွင် နှံ့နှံ့စပ်စပ်သိခဲ့ရ၏။
ဖိုးဖိုးဖွားဖွားတို့ အကူအညီကြောင့်လည်း ပါသည်။ ဖိုးဖွားတို့မှ အသက်ကြီးလာသည်နှင့် လက်လွှဲဦးစီးရန် ကျွန်ုပ်တစ်ယောက်တည်းသာရှိသဖြင့်
အားကိုလိုသည်ထင်။
တွင်းထွက်ပစ္စည်း ပတ္တမြားနှင့်ပက်သက်သည့် အကြောင်းအရာများနှင့် ဈေးကွက်အစရှိသည်များကို သင်ကြားပေးသည်။တခါတရံ ကင်းရွာမှ ဖိုးဖွားတို့အပိုင်တွင်းသို့ပါ သွားရောက်လေ့လာ၍ အဖိုးကိုယ်တိုင် စီမံခန့်ခွဲရေးကိုပြသည်။
သိပ်တော့ မခက်ခဲလှပါချေ။
နောင်တချိန်၌ မိမိအသက်မွေးကြောင်းဖြစ်မည့်
အလုပ်ဖြစ်သည်ကြောင့် အာရုံပိုစိုက်ရာ လွယ်လွယ်ဖြင့် တတ်မြောက်ခဲ့၏။ ကျွန်ုပ်တင်မက ဘေးမှဟိုကြည့်သည်ကြည့်ရင်းက ပါလာသည့် ချစ်လင်သည်လည်း အနည်းငယ်နားလည်စပြုနေပြီ။

ဟုတ်သည်။
ကျွန်ုပ်တို့ဇနီးမယားနှစ်ဦးစလံုးမှာ ဖိုးဖိုးဖွားဖွားတို့ပြန်သည်နှင့် မိုးကုတ်သို့လိုက်ပါလာရခြင်းဖြစ်သည်။
ကျွန်ုပ်အတွက်မူ နဂိုကတည်းက ရွာတွင် စီးပွားရေးလုပ်ထားသည့်အရာမရှိသဖြင့် ကိစ္စမရှိ‌။သို့သော်ငြား ကလေးများ ပညာရေးကို တန်းလန်းကြီးထားခဲ့ရသဖြင့် စိတ်တော့မကောင်းပေ။ သို့ပေသိ ထိုကိစ္စအတွက် ဆရာတော်မှ သူ့အသိထဲမှ ဆရာတစ်ယောက်အကူ‌ယူမည်ဟုတော့ မိန့်၏။
ထို့ကြောင့် စိတ်အနည်းငယ်အေးကာ လိုက်ပါခဲ့ရခြင်းပင်။
သို့ရာတွင် ကျွန်ုပ်အတွက် ကိစ္စမရှိသော်ငြား
ရွာရှိအက်များတွင် လူမနိုင်သည့်ကြားက လိုက်ပါလာသည့် ဝါ့အတွက်မူ များစွာကိစ္စရှိ၏။
မိန်းမနှင့်မခွဲနိုင်သည်ဟုဆိုကာ ကောက်ကောက်ပါလိုက်ဖို့ပြင်စဉ်က ခြေသလုံးဖက်မတတ် တားသည့် ကိုဖိုးထောင်နှင့်မနုအား မျက်လုံးထဲကပင်မထွက်။
ရယ်လည်းရယ်ချင့်စဖွယ်ပင်။
ထိုသို့တားသည့်တိုင် မရသည့်အခါမှ မျက်ရည်စက်လက်ဖြင့် ကျန်ခဲ့သည့် ထိုလင်မယားသည် သနားစဖွယ်လည်း‌ေကာင်း၏။

သည်တွင် အခြေကျမှသာ ရွာကအလုပ်များအတွက်
သူနှင့်တကွ ပြန်စီစဉ်‌ေပးရမည်။
မိမိတို့မလုပ်နိုင်သည့် အက်များကို ရောင်းသည့်ဟာရောင်း မရောင်းသည့်ဟာ အဝိုင်းချစသည်ဖြင့်စီစဉ်ရပေမည်။
မည်သို့ဆိုပါလေ ငါးလုပ်ငန်းနှင့် ကျောက်လုပ်ငန်းသည်က အကွာကြီးမဟုတ်ပေလား။
အက်ရောင်း၍ရသည့်ပိုက်ဆံနှင့်တကွ စုမိဆောင်းမိထားသည့်ဟာဖြင့် သူ့ကို ကျောက်တွင်းတစ်တွင်း ၀ယ်ပေးဖို့ပြင်ရမည်။
ဒါမှသာ အလုပ်လုပ်ချင်သည့် သူလည်း ခြေကုတ်မိပါလိမ့်မည်။
သည်နေ့တော့ မိုးကောင်းနေသဖြင့် တွင်းရှိရာမသွားနိုင်ပါ။ ချမ်းအေးလှသည့်ရာသီတွင် အိမ်ထဲနေ၍
ချစ်သူရင်ခွင်‌ေနွး‌ေနွး၌ ခိုလှုံရသည်။
သည်အိမ်ကလေးကို ‌အဖွားက မဂ်လာလက်ဖွဲ့ဟုဆိုကာ ရောက်သည်နှင့် ၀ယ်ပေးခဲ့သည်။ အိမ်ကလေးသည် 3ခန်းပတ်လည် 2ထပ်အိမ်ကလေးဖြစ်ပြီး
ခြံ၀င်းပါကျယ်သဖြင့် အတော်လေးအသက်ရှူ‌ေချာင်သည်။သို့သော် ဤသို့
ခြံအကျယ် အိမ်အကြီးထဲ၌ မိမိတို့ ဇနီးမယားနှစ်ဦးရယ် ခြံစောင့် ဦးဖိုးနီနှင့် ထမင်းချက်ဒေါ်ဖြူတို့ လင်မယားရယ်သာရှိသည်ကြောင့် ပျင်းတော့ပျင်းမိ၏။ အလည်အပတ်သွားရအောင်လည်း ကားရှိလျှက် ကားမမောင်းတတ်ကြသဖြင့် အဆင်မပြေလှ။
နောက်များမှ ဖိုးဖိုးကို သင်ခိုင်းရဦးမည်။

-"ဖျောက် ဖျောက် ဖျောက် ‌"

-"မိုးဆွေနေတာပဲနော်။
  ရာသီဉတုလည်း အရမ်းအေးတယ်။"

-"ဟုတ်တယ်
အရမ်းအေးတာပဲ။
အိပ်ယာတောင်မထချင်ဘူး"

-"ဟုတ်ပါပြီ နိုင်ကလေးရယ်။
  အိပ်ယာမထချင်လည်း တနေကုန်အိပ်တော်မူပါ။
  တို့တော့ အိပ်ယာထတော့မယ်နော်"

-"ဟွန့် ဘာလို့လဲ။
အနိုင်က ကိုယ့်ယောက်ျားရင်ခွင်ထဲအိပ်ချင်တာကို
ဘာလဲ ဝါက အနိုင်နဲ့မအိပ်ချင်လို့လား"

ကျွနုပ်ရဲ့ အလိုမကျဟန်ဖြင့် နှုတ်သီးဆူအပြောကို
သူက စိုက်ကြည့်၍ ပြုံးသည်။
နှုတ်ခမ်းထက်သို့ ဖြတ်ကနဲနမ်းလျှက်ဖြင့်။

-"ရွှတ်"

-"တို့ကလေးငယ်နဲ့ တို့အိပ်ရမယ်ဆို
  ထမင်းမစားရေမသောက်ဘဲတောင်
  တို့နေနိုင်ပါတယ် အချစ်ငယ်လေးရဲ့။
  ခုက တို့ကလေး အိပ်ယာထရင်စားဖို့
  သွားပြင်ဆင်မလို့ထတာပါ"

ပြောရင်းဆိုရင်း ထဟန်ပြင်နေသည့် သူ့ရဲ့အ၀တ်မပါသည့် ကိုယ်ကလေးကို စောင်ခြုံထဲမှ ခါးသို့လှမ်းဖက်တွယ်လိုက်သည်။

-"ဟင့်အင်းကွာ ဟင့်အင်း
  ထနဲ့ကွာ ထမင်းလည်းမစားရချင်နေ
  အချိန်တန်ရင် လေးလေးဖြူချက်လိမ့်မယ်။
  မရဘူးနော် ဝါ။
  အနိုင်က ဝါ့ရင်ခွင်ထဲပဲအိပ်ချင်တာ ဟွန့်"

-"ဟော...ကလေးငယ်ကလဲကွာ။
  အဲ့လိုမဆိုးရဘူးလေ။
  တို့က တို့မိန်းမကို တို့လက်ရာကလွဲပြီး
  မစားစေချင်လို့ပေါ့ကွယ်။
  နော် နိုင်ကလေး။
  ခနပဲ အလွန်ဆုံးကြာ ၁နာရီပဲနော်။
  တို့ပြန်တက်လာခဲ့မယ်"

-"ဟင့်အင်း..မရ..အွင့်"

ဝါသည် ငြင်းမရတော့အောင် ချုပ်သည်ဟန်ပင်။
ကျွနုပ်နှုတ်ခမ်းသားများထံသို့ မွတ်သိပ်စွာ နမ်းလာသည်ကြောင့် ကိုယ်တွင်းရှိရမက်တို့ နှိုးထကုန်သည်။
သူကလည်း ထမင်းချက်မည်သာဆိုသည်။
လက်ကဖြင့် မိမိရဲ့ ချယ်ရီသီးက‌ေလး‌ေလးနားသို့ တရစ်ဝဲဝဲလုပ်လာပြန်၏။
ခက်တာပဲ ဝါရယ်။
ဒီပုံနှင့်ဆို အနိုင့်ကိုယ်မှာ နောက်ထပ် အနီအရာတွေ
ထပ်တိုးကုန်တော့မယ်။

-"အွင့်..ဝါ..ဟို..ထမင်းချက်မှာဆို
  သွား..သွားချက်တော့လေနော်"

-"အင်း..သွားချက်တော့မယ် ။
  ဒါပေမယ့်..အရင်ဆုံး"

-"အင့်"

တဖြည်းဖြည်းနယ်လွန်လာသည့် ဝါကို ရင်ဘတ်သို့ လက်ဖြင့်တွန်းရင်းက သတိပေးမိတော့ သူက မသွားသည့်အပြင် အပေါ်သို့ပါ နေရာယူလေသည်။
ထို့ကြောင့် ကျွန်ုပ်အလန့်တကြားဖြစ်မိတော့ သူက။

-"မလန့်ပါနဲ့ ကလေးငယ်ရယ်။
  တို့လည်းမနက်စာကျွေးဖို့ပြင်မယ်လေ။
  တို့ကိုလည်း အရင်ဆုံးမနက်စာကျွေးပါဦး"

-"အိ"

ဤသို့ဖြင့် မိမိမနက်စာမစားခင် ဝါသည် သူ့ရဲ့မနက်စာကို ခပ်သွယ်သွယ်လက်များဖြင့် နှိုက်ယူစားသောက်လေတော့သည်။
နှုတ်ခမ်းဖျားမှလည်း ပွင့်ဖတ်နှင့်၀တ်ရည်တို့ကို မြိန်‌ရည်ရှက်ရည်ဖြင့် တ၀ကြီးစားသုံးသည်ကြောင့် ကျွန်ုပ်ကိုယ်တွင်းမှ အရိုးမှန်သမျှ ပျော့ခွေကာ အားအင်တို့ကုန်ခမ်းရလေပြီ။
ဒီလိုသာ အမြဲမနက်စာကျွေးရလျှင်ဖြင့် လုံးပါးပါး နိုင်သည်။
မဖြစ်ချေတော့။
သူ့ကို မနက်စာချက်ကျွေးခိုင်းလို့ဖြင့် မဖြစ်ခေ‌ျတော့ပါ။
လေးလေးဖြူရေ အနိုင့်ကို လာကယ်ပါဦး။

*********

-"တီတီ..တီတီ"

  ခြံ၀မှ ကားဟွန်းသံကြား၍ မီးဖိုခန်းမှလှမ်းကြည့်မိတော့ အပေါက်သို့ရပ်နေသည့် အဖိုးရဲ့အနက်‌ေရာင်ကားပင်။
မိုးရွာနေသည်ကို အိမ်အထိရောက်လာသည်ကြောင့် ဘာအရေးကြီးလဲဟု စိတ်ထဲမှတွေးမရဖြစ်မိသည်။ထို့ကြောင့် ချက်လက်စ ကြက်သားအိုးကလေးကို
ခနအဖံုးပိတ်၍ ဧည့်ခန်းဆီထွက်လာလိုက်တော့သည်။
အဖိုးဦးအောင်အောင်သည် လက်ထဲမှ အထုတ်အနက်ကလေးကို ဆွဲလျှက် အိမ်သို့၀င်လာသည်နှင့်။

-"ဟော ငါ့မြေးလေး အဝါ နိုးပြီးလား။"

-"ဟုတ် အဖိုး နိုးပြီရှင့်။
  ထိုင်ပါဦး အဖိုး။
  ဘာစားခဲ့ပြီလဲဟင် ။
  သမီးဘာပြင်ပေးရမလဲ။"

-"နေနေ မပြင်ပါနဲ့။
အဖိုး ဆန်‌ေစးစားခဲ့ပါပြီကွယ်"

-"ဟုတ်ကဲ့ အဖိုး။
ဟို ဒါနဲ့လေအဖိုး မိုးရွာကြီးထဲလာတာဆိုတော့
ဘာများအရေးကြီးလို့လဲဟင်"

-"အော် အေး ဘာအရေးကြီးဆို
  ဒီမယ်လေ ဒါလေးတွေ လာပေးချင်တာနဲ့။"
 
အဖိုးသည် ကျွန်ုပ်အမေးကြောင့် စက်တင်ခုံသို့၀င်ထိုင်ရင်းက အိတ်အမဲထဲမှ အရာကို စာပွဲပေါ်တင်လျှက် ထုတ်ပြလာသည်။ ထိုအရာကို မြင်လျှင်မြင်ချင်းကျွန်ုပ်အံ့ဩမိပါ၏။

-"ဟို..အဲ့တာ..ဟို ဖုန်းလို့ခေါ်တဲ့ဟာမဟုတ်လား အဖိုး"

-"အော်အေး..ငါ့မြေးက ဘယ်ဆိုးလို့လဲ
  ဒီဟာတောင် သိတယ်ဆိုတော့။
ဟုတ်ပါ့ဗျာ ဒါကဖုန်းလို့ခေါ်တယ်။
တနေရာနဲ့တစ်နေရာ နီးနီးဝေးဝေး
အဆက်အသွယ်လုပ်ဖို့
လွယ်တဲ့အရာပေါ့။ အဲ့တာကြောင့်
ငါ့မြေးတို့ တစ်ခုခုဆို အဖိုးတို့ဆီ
လှမ်းဆက်သွယ်လို့ရအောင် ၀ယ်လာတာ။"

-"အယ်..အဖိုးရယ်
  သမီးတော့ မလိုပါဘူး။
အဲ့ဒီဟာကြီးက အရမ်းတန်ဖိုးကြီးတယ်မလား။
သမီး လွန်ခဲ့တဲ့နှစ်ကမှ သတင်းထဲကြားတာ
ဖုန်းတစ်လုံးကို သိန်း၅၀ဆိုလားလို့။
  သမီးလက်မခံပါရစေနဲ့အဖိုးရယ်။
  ဟို အနိုင့်ကိုပဲပေးလိုက်ပါ"

-"ဘယ်ဟုတ်ပါ့မလဲ ငါ့မြေးရယ်။
  အဖိုးတို့မှာ ဒီမြေးလေးနှစ်ယောက်ရှိတာကို
  ဈေးကြီးလည်း ဘာဖြစ်လဲသမီးရဲ့
  အဖို့တို့ရှိသမျှ ပိုက်ဆံကိုဖြုန်းမယ့်လူဆိုလို့
ငါ့မြေးတို့နှစ်ယောက်ပဲရှိတယ်။
ယူယူ မငြင်းရဘူးကွယ်။
အဖိုးမှာ သုံးစေချင်လွန်းလို့
မန္တလေးကကို တကူးတကသွား၀ယ်ထားရတာ"

-"ဒါပေမယ့်..သမီး မယူ.."

-"မယူလို့မရဘူး ငါ့မြေး
  ယူကိုယူရမယ် ဒါမင်းဖိုးဖိုးအမိန့်ပဲ"

-"ဒါဆိုလည်း..ဟုတ်..ဟုတ်ကဲ့ပါအဖိုး"

-"အဲ့လိုလုပ်စမ်းပါ။
  ကဲ‌ေရာ့ ဒါလေးကိုင်သံုးကြည့်ပါဦး"

-"ဟိုလေ..သမီး မသုံးတတ်တော့လေ"

-"အာ့လား  ဘာမှမခဲယဉ်းပါဘူးသမီးရယ်။
  ဒီမယ်မြင်လား
  ဒီညာဘက်ခလုတ်ကလေး
  အေး အာ့လေးနှိပ်လိုက်ရင် ပါဝါပွင့်ပြီ။
  ပြီးရင်  စခရင်ပွင့်လာတဲ့ ဟော့ဒီလို
  လက်ကလေးနဲ့ ထိပြီးသုံးရုံပဲ"

-"ဟုတ်..ဟို သမီးစမ်းလုပ်ကြည့်မယ်နော်"

-"အေး"

ကျွန်ုပ်မှာ တသက်လုံး တစ်ခါမှမကိုင်ဖူးသည့်
ဖုန်းဆိုတဲ့ တန်ဖိုးကြီးအရာကို အဖိုးဆီမှ လက်ဆောင်ရခဲ့ပြီ။
ဆိုးတော့မဆိုးပါ။
သုံးပုံသုံးနည်းအား အဖိုးထံမှသင်ယူရင်း
လျှောက်ကလိရသည်မှာ စိတ်၀င်စားဖွယ်ပင်။
ဖုန်းဆိုသည့် အရာကြီးသည် ဓာတ်ပုံလည်းရိုက်လို့ရသလို videoတွေလည်း ကြည့်လို့ရ၏။
သီချင်းလည်းနားထောင်လို့ရသည့်အပြင်
ရာသီဉတုကိုပါ ခန့်မှန်းပြသေးသည်။
တကယ့် အံ့ဖွယ်ပါတကား။
တယ်မိုက်ပါ၏။

-"ရွန့် ရွှန့်..ငါ့မြေး ဘာအိုးတည်ထားသလဲ။
  အဖိုး တူးနံ့ရသလိုပဲ"

-"အယ်..ဒုက္ခပဲအဖိုးရေ။
  သမီးကြက်သားအိုးကြီးတည်ထားတာ
  တူးပြီထင်တယ်"

-"ဟေ"

ဤသို့ဖြင့် ဖုန်း‌ေကာင်းမှု အကြောင်းပြု၍ အနိုင့်အတွက်ချက်ထားသည့် ကြက်သားအိုးမှာ အဖိုးအနံ့ရမှ  မီးတူးမှန်းသိပြီ။
မီးထမ‌ေလာင်သည်က တော်သေး၏။
မဖြစ်ချေပါ။
ဖုန်းထက် ကျွန်ုပ်အနိုင်ကလေး မနက်စာမငတ်ဖို့အရေးကြီးသည်။ ထို့ကြောင့်  မိုးရွာကြီးထဲထီးစောင်းထွက်၍ ဟင်းသွား၀ယ်ရန်ပြင်တော့-

-"ဟေ့ ငါ့မြေး အာ့ဘယ်တုန်း
  မိုးရွာနေတယ်လေကွယ်"

-"ဟို ဟင်းအိုးတူးသွားတော့လေ။
  အနိုင့်အတွက် မနက်စာဟင်းမရှိတော့လို့
  သမီး ဒီနားကဈေးကိုသွားပြီး
  ဟင်းထပ်၀ယ်မလို့ အဖိုး"

-"ဟေ..အဲ့အတွက်နဲ့လား။
  နေနေ ငါ့မြေး မ၀ယ်နဲ့တော့။
  ဖိုးဖိုး ဖုန်းဆက်မှာပေးမယ်"

-"အဲ့..အဲ့လိုရလား အဖိုး"

-"ရတာပေါ့ ငါ့မြေးရယ်။
  ခနပဲစောင့်နော်"

-"ဟယ်လို (....)ဆိုင်ကပါလားခင်ဗျာ။
  ဟုတ်ကဲ့ မြို့မဈေးတောင်ဘက်လေ
  အိမ်နံပါတ်(...)ကို ကြက်ကုန်းဘောင်(၂)ပွဲ/
  ‌ဒံပေါက်(၂)ပွဲ လာပို့ပေးပါ။
  ဟုတ်ပြီ ဟုတ်ပြီ မြန်မြန်လေးလာပို့ပေး"

အဖိုးသည် ကျွန်ုပ်အားပြောပြီးသည်နှင့် ဖုန်းကောက်ဆက်၍ ဟင်းများမှာနေသည်။
၁၅မိနစ်နေတော့ တကယ်လည်းရောက်လာသည်ကြောင့် ဖုန်းအသုံး၀င်ပုံကြီးကိုကြည့်၍ မအံ့ဩပဲ
မနေနိုင်ပါ။
တယ်လည်းတိုးတက်တဲ့ ခေတ်ပါလေ။
ဪ ဒါ့ကြောင့် လူတွေပိုက်ဆံအများကြီးအကုန်ခံပြီး ဖုန်း၀ယ်ကိုင်နေကြတာကိုး။

********

-"ဝါ"

-"အို့"

နောက်ကျောဘက်မှ ခါးသို့လာရောက်ဖက်တွယ်မှုနှင့်အတူ ခပ်တိုးတိုးခေါ်သံကြောင့် နားရင်းမွှေးပါထောင်သွားသည့်အခိုက်အတန့်။
ဒီကလေးငယ် ထူးထူးဆန်းဆန်းချွဲလေပြီ။
ထိုသည်ကို သာယာမိသော်ငြား ဧည့်ခန်းမှအဖိုးက လှမ်းမြင်နိုင်သည်ကြောင့် ခါးမှလက်ကိုဖြုတ်လျှက်-

-"နိုင်ကလေး နိုးပြီလား။
  အဲ့ဆို မနက်စာစားတော့မလားဟင်။
  ဒီမှာ ဒန်ပေါက်မှာ..."

-"ပြွတ်"

-"ဝါက ကြာလေ အဖွားအိုပေါက်လေးလိုပဲ။
သိပ်စကားများတယ်။
အနိုင်က မနက်စာစားချင်လို့ဝါ့ကိုကပ်တာမှ
မဟုတ်ဘဲ။
ဝါ့ဆီက မောနင်းကစ်ကလေးရချင်လို့ကို"

-"ဟုတ်..ဟုတ်ပါပြီ နိုင်ကလေးရယ်
အခု မောနင်ကစ်လည်းရပြီဆိုတော့
မနက်စာစားတော့..အွင့်..အနိုင့်!"

-"မောနင်းကစ်ရပေမယ့် အနိုင်ကမ၀သေးဘူးကွယ်
ဒီထက်ပိုတာရချင်သေးတာ"

-"ဟိုလေ..အဲ..အနိုင်..အာ့ကလေ..အို့"

-"အဟွတ် အဟွတ်..ငါ့မြေးရေ..
မင်းဖိုးဖိုးကြီး ဒီမှာထိုင်နေသေးတာမို့
ဒီလောက်ပဲကဲပါကွယ်။
ကြာရင် ဖိုးဖိုးလည်းအိမ်ပြန်ချင်လာပြီ"

-"အိ..ဖိုး..ဖိုးဖိုး
  ဘယ်..ဘယ်တုန်းကရောက်"

-"အင်း..သိပ်မကြာသေးပါဘူး
လွန်ခဲ့တဲ့ ၂နာရီလောက်ကတည်းကပဲ။
ပြောရရင် ငါ့မြေးရဲ့ ဝါဆိုပြီး
ခါးဖက်မချွဲခင်ကတည်းကပေါ့"

-"အိ!
  ဝါမကောင်းဘူး။
  ဖိုးဖိုးလည်းမကောင်းဘူး။
  တော်ပြီ မနက်စာလည်းမစားတော့ဘူး။
  သွားတော့မယ်"

-"ခိခိ ရှက်တာနဲ့ မနက်စာအငတ်ခံတာနဲ့
ဘာမှမှမဆိုင်ဘဲ နိုင်ကလေးရယ်။
လာပါ (....)ဆိုင်ကနေ အဖိုးမှာပေးထားတဲ့
ဒံပေါက်ကလေးနဲ့ ကြက်ကုန်‌းဘောင်အရသာလေး
တို့နဲ့ မြည်းစမ်းကြရအောင်လေ"

-"ဟင်! ဒံပေါက် ဟုတ်လား။
  မှာစားတယ်‌။
ဒါဆို ဝါချက်တဲ့ ထမင်းနဲ့ဟင်းကရော"

-"အဲ..ဟိုလေ..အာ့က"

-"ကဲပါ ငါ့မြေးရယ်။
  အဖိုးမှာထားတာလည်းစားကောင်းပါတယ်ကွယ်။
ငါ့မြေးမိန်းမချက်တဲ့ဟာမှစားကောင်းတာမဟုတ်ပါဘူး။
ကဲ မြေးလေး အဝါ။
အနိုင်ကလေးလည်း အိပ်ယာထပြီဆိုတော့
စားဖို့ပြင်ပေးလိုက်တော့လေ။"

-"ဟုတ်ဟုတ် အဖိုး။
  လာအနိုင် တို့တွေ မနက်စာစားကြစို့"

*ဟွန်း ဒီမြေးအဖိုးတွေ တစ်ခုခုတော့တစ်ခုခုပဲ"

  အနိုင်မူမမှန်နေသည့်အဝါနှင့် ဝိုင်းကာဖုံးကူသည့် အဖိုးကိုကြည့်ကာ သံသယဖြစ်မိသည်။
သို့ပေသိ အများကြီးတွေးမနေနိုင်ပါ။
ဖော့ဘူးအဖြူလေးအဖွင့် ဒံပေါက်မှရသည့်
မွှေးပျံ့သောမဆလာရနံ့နှင့်အတူ ဗိုက်ထဲမှ သံစုံတီးဝိုင်းရယ်ကြောင့် အစားကိုသာ ခေါင်းမဖော်တမ်းစားတော့သည်။
ထိုသည်ကိုမြင်မှ သက်မကိုယ်စီချရသည့် ဝါနှင့်အဖိုးဖြစ်သူ ဦးအောင်အောင်။

ဦးအောင်အောင်သည် ဝါဖျော်ပေးထားသည့် လက်ဖက်ရည်ကို တကြိုက်မော့သောက်ပြီးသည်နှင့် အရှေ့မှ ဒံပေါက်ကို လက်ဖြင့်အားရပါးရနယ်စားနေသည့် မြေးဖြစ်သူတို့အတွဲကိုကြည့်ကာပြုံးရသည်။

သည်ကလေးတွေ တောမှာနေပြီး ဆင်းဆင်းရဲရဲကြီးပြင်းခဲ့သည်ကြောင့် ရိုးတာကနေ အ သည့်ဘက်ပျောင်းသွားရပြီ။ လူနေမှုကအစ မြို့ထက်များစွာ
နိမ့်ကျခဲ့သဖြင့် မိမိတို့စော်ဘွားမျိုးနွယ်ရဲ့အမွေဆက်ခံသူနှင့် မည်သည့်နေရာမှတူမနေပါ။
ထို့ကြောင့် ဤ‌ေတာသူလင်မယားကို မိုးကုတ်စော်ဘွားရဲ့မြေးပီပီ  အထက်တန်းစားဖြစ်ဖို့ရန်
ကုန်ချင်သလောက်ကုန်ပါစေ ပြုပြင်ပစ်ရဦးမည်။
ဒါမှ ကိုယ့်မြေးအတွဲကို မော်မကြည့်ရဲမှာလေ။

-"စားကောင်းရဲ့လား ငါ့မြေးတို့"

-"အဟီး စားကောင်းသလားဆို
  မေးမနေပါနဲ့ဖိုးဖိုးရယ်။
ရွာက ဟင်းသူကြီး ဦး၀င်းမြင့်ချက်တဲ့
၀က်သားကြော်ချက်နဲ့ကို
ဒီအရသာက ဘာမှမဆိုင်သလိုပဲ
ကောင်းမှကောင်းပဲ"

-"ဟုတ်ပါပြီဗျာ ငါ့မြေးလေးအနိုင်အဲ့လို
  စားကောင်းတာမြင်ရတော့၀မ်းသာပါတယ်။
ဒါနဲ့ မြေးလေး အဝါကရော
စားမကောင်းဘူးလား။
ဘာမှလည်းမပြောဘူး"

-"ကောင်းပါတယ်အဖိုးရယ်
အဟင်း...သမီးက ဘယ်လိုပြောရမှန်းကိုမသိလို့
တိတ်နေတာ.."

-"ဟုတ်ပါပြီကွယ် ဟုတ်ပါပြီကွယ်။
  စားကောင်းသပါ့ဆိုလည်း စားပါဗျာ။
  မ၀သေးရင်လည်းပြော
အဖိုးထပ်မှာပေးမယ်"

-"တကယ်လား ဖိုးဖိုး"

-"တကယ်ပေါ့ ငါ့မြေးရယ်။
  ဘာလဲ ထပ်စားချင်သေးလို့လား"

-"အဟီး ထပ်စားချင်ဆို
  အနိုင်ကလေ စားနိုင်မစားနိုင်ထက်
  ဘေးနား လိုက်ပွဲရှိနေမှ အားရ‌တာ။
  အဲ့တာကြောင့်လေ ဖိုးဖိုး အဟီး"

-"ရပြီ ငါ့မြေး ဖိုးဖိုး သိပြီ
  ခနပဲစောင့်။"

-"တီ ..တီ..တီ"

-"ဟယ်လို...(...)ဆိုင်ကပါလား။
  ဟုတ် ခုနကပို့ထားတဲ့ မြို့မဈေးတောင်ဘက်
  အိမ်နံပါတ်(...)ကို နောက်ထပ် ဒံပေါက်
  ၅ပွဲ လာပို့ပေးပါ။
  ဟုတ်တယ် ဟုတ်တယ်။
  ကြက်ကုန်းဘောင်ရော ၅ပွဲပဲ"

-"အဟွတ်ဟွတ်"

ဤသို့ဖြင့် ဦးအောင်အောင်သည် သူ့မြေးအတွဲစားရန်
ဒံပေါက်၅ပွဲနှင့် ကုန်းဘောင်၅ပွဲကို ထပ်ခါမှာလိုက်တော့သည်။ ထိုသည်ကိုကြားသည့် အတွဲမှာသာ
သဒ္ဒါကျွေးလား ဘရာကျွေးလားမကွဲဘဲ သီးရတော့သည့်အဖြစ်ပါလေ။
သို့ပေသိ သဒ္ဒါလို့ကျွေးကျွေး ဘာလို့ကျွေးကျွေး
ထိုလင်မယားကတော့ ဗိုက်ခွေးနမ်းအောင် စားမည်သာပင်။

8-1-2024
***********
 

Продовжити читання

Вам також сподобається

Alina Від ihidethisapp

Сучасна проза

1.6M 40.3K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
My subconscious desire Від varushi

Сучасна проза

1.7M 142K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
451K 17.8K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
87.7K 1.1K 12
Disclaimer: I DONT OWN ANY OF CHARACTERS. Except for my own character and her own plot that I add.