-"အဝါ!"
-"ညီမလေး!"
-"အဝါတွေ ဘာတေွလုပ်မနေနဲ့ ဖယ်လိုက်။"
ကျွနုပ်ကိုအမြင် အံ့ဩနေသည့်မနုကို အားမနာနိုင်တော့ပါ။
ပုခုံးမှကိုင်၍ ဘေးသို့ဆွဲချလိုက်သည်။
ထို့နောက် မေ့နေသူ လူယုတ်မာရဲ့ရင်၀ေနရာသို့
ခြေတစ်ဖက်ဖြင့်နင်းလျှက် သူ့ဆံပင်ကိုပါကိုင်ဆွဲ၍ ။
-"မအေဘေး!"
-"မှတ်ထား၊ဒါက ငါ့ကိုခွေးကျင့်ခွေးကြံကြံချင်လို့"
-"ဖြန်း!"
-"ဒါကကျ နင့်ပါးကိုေပးခဲ့မိတဲ့ အနမ်းတစ်ချက်အတွက်"
-"ဖြန်း!"
-"ဒါက ဟိုဘုန်းကြီးကျောင်းသားကို
ခွေးကျင့်ခွေးကြံတွေသင်ပေးလို့!"
-"ဖြန်း!"
-"အိမ်း..မကျေနပ်သေးပေမယ့်လို့
နင့်ကသေတော့မှာမို့
ဒီလောက်ပါပဲ။
ဟိုဘက်က ငါ့မယားကို ကြာခိုသူ
မယားခိုးကိုတော့
ဒီထက်ကြမ်းရမယ်"
-"ဟို..ဟို"
-"အမယ်..နင်က သတိရသေးတာပဲ။
ဒါဆို ခံနိုင်ရည်ရှိသေးတယ်ပေါ့။
အဟင်းဟင်း..."
-"တောင်း..တောင်းပန်ပါတယ်"
-"အဟက်ဟက်.."
-"ဟားဟားဟား"
-"တောင်းပန်တယ်တဲ့လား။
စိတ်ေတာင်မေကာင်းဘူး။
မင်းလိုလူကိုခွင့်လွှတ်နိုင်တဲ့အထိ
ငါသဘောထားကြီးမနေဘူး။
အခုချိန် ငါသိတာတစ်ခုပဲရှိတယ်။
အဲ့တာ ဘာလဲသိလား။
နင့်ကြောင့် အနိုင်ရိုက်ခဲ့တဲ့ ပါးတစ်ချက်အတွက်
နင့်ဆီက တန်ရာတန်ကြေးပြန်ယူဖို့ပဲ။"
ကျွနုပ် သိုက်ညီကိုရိုက်ပြီးသည်နှင့် မယားခိုးသူထံ ဦးတည်မိတော့ ကံကောင်းသည်က သူကသတိရသေး၏။
ဆံပင်ကိုကိုင်ဆွဲမလိုက်သည်နှင့် မိမိကို ကြောက်ကြောက်လန့်လန့် တောင်းပန်လာသည်ေကြာင့်
မိမိ ဟက်ဟက်ပက်ပက်ပင်ရယ်မိသည်။
သူတောင်းပန်ရံုနှင့် ကွဲသွားတဲ့အသည်းက
ပြန်ဆက်မှာတဲ့လား။
ပြိုလဲသွားတဲ့အိမ်ထောင်ရေးကရော
ပြန်အဆင်ပြေမှာတဲ့လား။
မြတ်နိုးရတဲ့ပန်းတစ်ပွင့်ကရော
အရင်လို ရနံ့မွှေးလာမှာတဲ့လား။
သိပ်ကိုရယ်ချင်မိပါရဲ့လေ။
သည်လိုလူမျိုးကိုမှ ခွင့်လွှတ်ရအောင်
တရားပေါက်နေသည့် ပုဂ္ဂိုလ်မှ မဟုတ်ဘဲ။
ထို့ကြောင့် ပြောစရာရှိတာပြောပြီးသည်နှင့် သူ့ရင်ဘတ်သို့ ခြေဖေနာင့်ဖြင့်ဖိနင်းချေလိုက်သည်။
-"အာ့..မ..မလုပ်ပါနဲ့..
ခ.ခနလေး။"
-"ဘာပြောချင်ေသးလို့လဲ။
အချိန်မရှိဘူး မြန်မြန်ပြော
ငါနင့်ကို လုပ်သတ်ချင်နေပြီမို့။"
-"ဟိုလေ..
ခင်ဗျား ကျွန်တော့်ကိုမရိုက်ပါနဲ့ဗျာ။
အဲ့အတွက် အရေးကြီးတဲ့အရာကို
အလဲအလှယ်အနေနဲ့ ပြန်ပြောပြပေးပါ့မယ်။
စိတ်ချပါ။
ခင်ဗျား နောင်တမရစေရဘူး"
-" အမယ်..အလာကြီးပဲ။
နောင်တမရအောင်အထိဆိုတော့
နည်းနည်းတော့ စိတ်၀င်စားမိသား။
ပြောကြည့်လေ..ဘာအကြောင်းများလဲ။
တကယ်ပဲ အရေးကြီးတယ်ဆိုရင်တော့
ငါစဉ်းစားပေးရမှာပေါ့။"
-" ဟုတ်..အဲ့တာက
ခင်ဗျားမသိသေးတဲ့ မဇ္ဇူရဲ့အကြောင်းပါ။
အဲ့လောက်ဆိုရလား"
-"အင်း..ရမရကတော့
အကြောင်းအရာပေါ်မူတည်ဦးမယ်။
အဲ့တော့ပြောစရာရှိတာသာပြော"
-"အခု ရွာဦးကျောင်းမှာ မဇ္ဇူရဲ့အဖိုးအဖွားတွေ
ရောက်နေကြတယ်။
မဇ္ဇူကို ပြန်လာခေါ်တာတဲ့။
သူကလည်း သူ့အဖိုးအဖွားတွေနဲ့ပြန်လိုက်
မယ်လို့ ကြားတယ်"
-"ဘာ! အနိုင်ကလား!"
-"ဟုတ်..ဟုတ်ကဲ့"
-" အဟက်
အဲ့တာလဲ ကောင်းသားပဲ။
အနီးမရှိတော့ အမြင်ကပ်ရသက်သာတာပေါ့။
မင်းပြောချင်တာ ဒါပဲလား။
အဲ့ဆိုရင်တော့ မင်းကိုမရိုက်ရေအာင်ထိ
အရေးမကြီးသေးဘူးပဲ။"
-"ဖြန်း!"
-"အာ့..နေ..နေပါဦးဗျာ"
-"လုပ်ပြန်ပြီ။
မင်းဘာပြောဦးမလို့လဲ"
-"ဟုတ်..ခုနကထက်အရေးကြီးတာ
ပြောဖို့ကျန်နေသေးလို့ပါ"
_"အော်..ကျန်သေးတာလား"
-"ဟုတ်ကဲ့။
ကျန်သေးတယ်။
ဒါပေမယ့် ကျွန်ေတာ်မပြောသေးခင်
ခင်ဗျား ကတိတစ်ခုတော့ပေးရမယ်"
-"ကတိလား..
အဲ့ဆို ထားလိုက်တော့
ငါမသိချင်တော့ဘူး"
-"တကယ်ပြောတာပါဗျ။
အဲ့ကိစ္စက ခင်ဗျားကျွန်တော်ကို
ဆွဲထိုးခဲ့တဲ့နေ့ကအမှန်တရားမို့
သေချာပေါက် ခင်ဗျားအတွက်အရေးကြီးမှာ"
-"ဟင်! အဲ့နေ့ကအမှန်တရားလား။
ဘာလဲပြောစမ်း!
အခုချက်ချင်းပြောစမ်း ငါ့ကို!"
-"ဟုတ်..ဟုတ်။
ပြော..ေပြာပါ့မယ်။
ဒါမယ့် မပြောရင် ခင်ဗျား ကျုပ်ကို
ပါးထပ်မရိုက်တော့ဘူးလို့ ကတိပေးပါ"
-"အေး ပေးတယ်ဟာ။
ပေးတယ်။
ပြောမယ့်ဟာသာပြော။"
-"ဟုတ်ပြီ။
ကျွန်ေတာ် ပြောမယ်။
အဲ့နေ့က မဇ္ဇူက ကျွန်တော့်ရင်ခွင်ထဲကို
မှီနေတယ်လို့ ခင်ဗျားမြင်ခဲ့တယ်မလား။"
-"အေး...ဘာလဲ
မင်းက ဂုဏ်လာယူပြနေတာလား"
-"မဟုတ်ဘူး။
ဂုဏ်လာယူပြရအောင်
အဲ့တာ အမှန်မှမဟုတ်ခဲ့တာ"
-"ဘယ်လို!"
-"ဟုတ်တယ် အမှန်မဟုတ်ဘူး။
တကယ်က သူခေါင်းမူးပြီး လဲကျမလို
ဖြစ်သွားတာ။
အဲ့တာေကြာင့် ကျွန်တော်ကလှမ်ဆွဲထိမ်းေပးခဲ့တာ။
ဒါပေမယ့် မဇ္ဇူ ကံဆိုးတယ်ထင်တယ်။
အဲ့အချိန်ကိုက်မှ ခင်ဗျားကရောက်လာတယ်လေ။
ပြီးေတာ့ ကျွန်တော်ကို ဖြေရှင်းချိန်ေတာင်
မေပးဘဲ အတင်း ဆွဲထိုးရော။
ပြောရရင် ခင်ဗျားဘာသာ
တစ်ဖက်သတ်အထင်လွဲပြီး
လုပ်ချင်ရာလုပ်ချသွားတာပဲဗျ။
ကြားထဲ ကျွန်တော်က အချောင်နာတာပေါ့နော်။
အဲ ပြောဦးမယ်ဗျ။
ခင်ဗျားပြန်သွားေတာ့ေလ
အချောင်နာထားတဲ့ကျွန်ေတာ့်ကို
သူကပါ ပါးထချလိုက်သေးဗျာ။
ပြီးေတာ့ သတ်ပစ်ပါမယ်ေတာင်
ချိန်ခြောက်သေးတာ။
ဘုရားစူးရပါစေ့ဗျာ..
မဇ္ဇူနဲ့ကျွန်တော် ဘာမှမပက်သက်ရပါဘူး။။ ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား
သူက ခင်ဗျားအေပါ် တကယ်သစ္စာရှိတာ။
ပြီးတော့ ချစ်လည်းအရမ်းချစ်ပုံပဲ။
အင်း..အရင်ကပေါ့နော်။
အခုတော့ မပြောတတ်ဘူး။ အဟင်း..
နေ့ခင်းက ဆရာ့တော်ဆီလျှောက်နေတာ
ကြားတာတော့ ခင်ဗျားကို လက်လွှတ်တော့မယ်တဲ့။
ကျွန်တော်အထင် သူခင်ဗျားအေပါ်
မချစ်လောက်တော့ဘူး။
ပြောရရင် စိတ်ပါကုန်သွားလောက်ပြီ။
ခင်ဗျားအတွက် စိတ်မကောင်းပေမယ့်။
အဟဲ..ကျုပ်အတွက်မျှော်လင့်ချက်ရှိ..."
-"ခွပ်!"
-"ခွေးသား! လေကိုရှည်တယ်!"
ပိုင်ရှင်ေရှ့မှာ သူ့မယားကိုကြာခိုသည့်စကား
ပြောရဲသည့် သကောင့်သားအား အားကုန်ထည့်၍ ထိုးထည့်လိုက်သည်။
ထိုကိုအားမရ၍ နောက်တစ်ချက်ထပ်လုပ်ရန်ပြင်လိုက်ေတာ့ လေကျယ်သည့် သကောင့်သားကသတိမေ့ေနပြီ။
ထို့ကြောင့် စိတ်ကိုလျော့၍ ထိုင်ရမှ ထလိုက်သည်။
-"ဟား..ခုမှပဲ နေသာထိုင်သာရှိသွားတော့တယ်။
ဒီကောင် ယောက်ျားတန်မဲ့
ပရမ်းပတာသိပ်ပြောတာပဲ။
အနိုင်က တို့ကိုမချစ်ေတာ့ဘူးတဲ့ေလ။
အပိုစကားအနေနဲ့က
စိတ်ကုန်သွားပြီဆိုတာကပါေသး။
နောက်ရှိသေးတယ်။
ဘာတဲ့ လက်လွှတ်ဦးမယ်ဆိုလား။
အဟက်..ရယ်ရတယ်နော်။
ဟုတ်တယ်မလား အစ်ကို
ရယ်ရတယ်။
ကျွန်မမိန်းမက ကျွန်မကို ဒီလောက်ချစ်တာကို
သူ ဟာသတွေပြောသွားတယ်။
မနုရော ဘယ်လိုထင်လဲဟင်။
ရယ်စရာလို့ မထင်ဘူးလား။
အဟက်ဟက်"
ကျွန်ုပ် ရယ်လျှက်ဖြင့်သာ အစ်ကိုတလှည့်မနုကိုတစ်လှည့်အဖော်ညှိလိုက်ပါရဲ့။ သို့ရာတွင် သူတို့နှစ်ဦးလုံးသည် အတူလိုက်မရယ်ပေးပါ။
ပိုဆိုးသည်ကမျက်နှာငယ်ငယ်ဖြင့် ကြည့်လာကြေသးသည်။
-"ဘာလဲ!
ဘာလို့လူကို အဲ့လိုလာကြည့်နေကြသလဲ
လူမှအားမရှိပါဘူးဆို
ဟန်ဆောင်ဟန်ဆောင်ေတာ့ ရယ်ပေးကြဦးမှပေါ့။
ခုတော့ ရွှတ်...အဟင့်...
အဟင့်...ဗြဲ!
တို့..တို့မှားခဲ့ပြီ ကလေးငယ်ရယ်
တို့အမှားကြီးမှားခဲ့ပြီ အချစ်ရဲ့။
အဟင့်ဟင့်..
တို့မှားမှန်းသိပြီမို့ တို့ကိုအရင်လိုမမုန်းဘဲ
လက်ခံပေးမယ်မလားဟင်...
လက်ခံပေးမယ်မလားလို့...အား!
ငါမကောင်းလိုက်တာ!
ငါမကောင်းလို့ ဟော့ဒီလက်နဲ့
ခုတင်ပေါ်ကတွန်းချခဲ့တာ"
-"ဒုံး ဒုံး"
-"ငါမကောင်းလို့ ဟော့ဒီပါးစပ်ကြီးနဲ့
အနိုင့်ကို ခပ်ဆိုးဆိုးစကားတေပြောခဲ့တာ။
ငါမကောင်းလို့ အနိုင်စိတ်နာေအာင်အထိ
ဟိုလူယုတ်မာကောင်ကိုနမ်းပြခဲ့တာ"
-"ဖြန်း!
ဖြန်း!"
-"ညီမလေးရယ်
စိတ်ထိမ်းပါဦးကွာ"
-"အစ်ကို အစ်ကိုမြင်တယ်မလား။
အနိုင့်ကို ညီမလေးဘယ်လို
ဆက်ဆံခဲ့တယ်ဆိုတာလေ"
-"မြင်..မြင်ပါတယ် ညီမလေးရယ်"
-"မြင်တယ်ဆို အဲ့အရာတွေအတွက်
တန်ရာတန်ကြေး အပြစ်ပေးပေးပါ အစ်ကို
ညီမလေးကို အပြစ်ပေးစမ်းပါလို့!
ရူးတော့မယ်။
ယူကျိုးမရဖြစ်လွန်းလို့ ရူးတော့မယ်။
ကိုယ်ပျိုးခဲ့တဲ့ ပန်းကိုမှ ကိုယ်ကိုယ်တိုင်
ေခြနဲ့ ရက်ရက်စက်စက် ချနင်းခဲ့မိတာ။
အစ်ကိုေရ့!
ဒီက စောက်သုံးမကျတဲ့ညီမကို
အပြစ်ပေးလှည့်စမ်းပါတော့လား"
-"ညီမလေးရယ်"
ကိုဖိုးထောင် အရှေ့မှမြေကြီးကိုလက်သီးနဲ့ထိုးလိုက်
ကိုယ့်ပါးစပ်ကိုယ် တဖြန်းဖြန်းရိုက်လိုက်ဖြင့်
အရူးတပိုင်း ဖြစ်နေသည့် ညီမငယ်ကို မည်သို့နှစ်သိမ့်ရမည်မသိတော့ပါ။
တတ်နိုင်သမျှ ဖက်တွယ်ဖေးမထားလိုက်ရသည်။
ယူကျိုးမရဖြစ်နေသည့် သူ့ပုံစံကြောင့် ကိုယ်ပါ ပူလောင်ရပါရဲ့။
မဖြစ်ချေပါ။
မိဇူနဲ့သာ ခွဲရပါက သူ့ညီမတကယ်ရူးသွားနိုင်သည်။
ဒီက အစ်ကိုကြီးအဖရာလူမိုက်ကြီးကပဲ မိုက်လက်စနဲ့ ဆက်မိုက်ရတော့မှာပေါ့။
စိတ်ချပါ ညီမငယ်ရယ်။
ငါ့ညီမအတွက်ဆို မိုးပေါ်ကဓူဝံကြယ်တောင်မရမက
လှေကားနဲ့တက်ခူးပေးဦးမှာ။
အခုက မိုးပေါ်ကကြယ်မှမဟုတ်ဘဲ။
မြေပြင်ပေါ်က ပန်းကလေးပဲကို
မလုပ်နိုင်စရာရှိပါ့မလား။
************
ကံကြမ္မာအလှည့်အပျောင်းသည် မြန်ဆန်လွန်းသဖြင့်
မိမိ လိုက်မမီအောင်ရှိသည်။
အခုကြည့်ပါလေ။
တသက်လုံး သေသည်ရှင်သည်မသိခဲ့သည့်
အဖိုးအဖွားသည် ကျွန်ုပ်ဆီရောက်ရှိလာခဲ့ပြီ။
ထို့ပြင် ဝါ့ရဲ့အကူမပါလျှင် ခြံ၀င်းလေးသာပိုင်ဆိုင်သည့် နုံချာချာအနိုင်ဘ၀မှ မိုးကုတ်မြို့၌အချမ်းသာဆံုး သူဌေးလင်မယားရဲ့ တစ်ဦးတည်းသောမြေးဘ၀သို့ရောက်ရပြန်သည်။
ဘ၀င်မြင့်သည်လားဆို။
ဟင့်အင်း မမြင့်မိပါ။
ငွေပုံပေါ်ထိုင်ရလျှင်တောင် အတူပျော်နိုင်မည့်
အနိုင့်ရဲ့တစ်စုံတစ်ယောက်မှ အနီးမရှိနိုင်တော့သည်ပဲ။
သိုပေသိ အနိုင်မပျော်လျှင်တောင် သူတော့ပျော်မည်။
အနိုင်မရှိလေ သူ့ဘ၀အဆင်ပြေလေဖြစ်မည်။
အနိုင့်ကြောင့်သာ သူပျက်ဆီးခဲ့ရခြင်းပင်။
ယခု အနိုင်မရှိပါက သူ့အနာဂတ်မည်မျှတောက်ပလိုက်မည်လဲ။
ကိုယ်မရှိဘဲတောက်ပမယ့် သူ့အနာဂတ်သို့ မျှော်တွေးကာ ၀မ်းသာစိတ်ဖြင့် ပြုံးမိတော့အလိုက်ကမ်းဆိုးမသိသည့် မျက်ရည်တို့က စီးကျလာပြန်သည်။
ခက်တာပဲ။
သူပျော်မှတော့ အနိုင်လည်းပျော်ပေးရမှာ မဟုတ်ဘူးလား။
-"မြေးလေး"
-"ရှင် ဖွားဖွား"
ခရေပင်ရိပ်မှာပင် ဟိုတွေးသည်တွေးဖြင့်
ငေးငေးငူငူထိုင်နေမိတော့ အနီးသို့ရောက်လာသည့်
အဖွားဖြစ်သူ။
ပုခုံးထက်သို့ လက်တစ်ဖက်ဖြင့် ကိုင်တွယ်လာသည်ကြောင့် မျက်ရည်များကို ကပြာကယာသုတ်လိုက်ရ၏။
သို့သော် ထိုကိုသိဟန်ဖြင့် အဖွားသည်
ခပ်ယဲ့ယဲ့ပြုံးပြလျှက်။
-"ဖွားဖွား ဆရာတော့်ဆီကနေ
အကုန်ကြားခဲ့ပြီးပါပြီ။
လူသိရှင်ကြားပါ လက်ထပ်ထားပြီးမှ
အခုလိုဖြစ်ကြတော့
ဖွားဖွားလည်းစိတ်မကောင်းဘူး။
တကယ်ဆို မြေးလေးဒီလိုဖြစ်ရတာ
ဖွားဖွားတို့ အတ္တတွေပါကွယ်။
တစ်ဦးတည်းသောသားကိုမှ
ရက်ရက်စက်စက် စွန့်ပစ်ခဲ့မိလို့
မြေးလေး ဒီလို စိတ်ဆင်းရဲကိုယ်ဆင်းရဲ
ဒုက္ခတွေ ကြုံခဲ့ရတာ"
-"မဟုတ်ပါဘူး ဖွားဖွားရယ်။
ကံတရားေကြာင့်ပါ။
ကံကိုက ဒီလိုဖြစ်ချိန်တန်လာလို့"
-"မဟုတ်ဘူးမြေးလေး။
အချို့ကိစ္စတွေက
ကံတရားကြောင့်မဟုတ်ဘူး။
အခုကြည့်လေ ဖွားဖွားတို့အမှားကို
သိလို့လာခဲ့တော့
မြေးလေးနဲ့တွေ့ရပြီ မဟုတ်လား။
ဒါတောင် နောက်ကျခဲ့လို့ သားဖြစ်သူကို
မတွေ့လိုက်ရဘူးလေ။
ဒီမယ်မြေးလေး ဖွားဖွားပြောမယ်"
-"ဟုတ် "
-"မြေးလေးမှာ သူ့ကိုမြင်တွေ့ခွင့်
နှုတ်ဆက်ခွင့် ရှိပါသေးတယ်ကွယ်။
ဖွားဖွားတို့လို အချိန်မလွန်ခင်ပေါ့။
အဲ့တော့ နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်
တွေ့ဖို့ကြိုးစားကြည့်ဦးမလား"
-"မသိတော့ဘူးဖွားဖွားရယ်။
အနိုင် တကယ်မသိတော့ပါဘူး ..အဟင့်..ဟင့်
အနိုင်လေ သူ့ကို ချစ်သေးရဲ့လားတောင်
မသိချင်တော့ဘူး။
အနိုင်ကြောက်တယ်ဖွားဖွား..
သူ အနိုင့်ကိုအပြစ်မရှိပါဘဲနဲ့
ဖြေရှင်းခွင့်မပေးပါဘဲနဲ့ အရမ်းအနိုင်ယူခဲ့တယ်
အနိုင့်ကို ရင်နာရအောင်လည်း လုပ်သေးတယ်။
ဟင့်အင်း..အနိုင်မသိပါရစေနဲ့တော့။
ဒီထက်သာ နာကျင်ရရင်
အနိုင်သေမှာပဲ"
-"ဟူး..တိတ်ပါမြေးလေးရယ်။
လူတိုင်းမှ အမှားမကင်းကြဘဲ။
ဒါမယ့် မှားတဲ့လူတိုင်းကို
မှားသလိုကြည့်တဲ့အမြင်နဲ့
မှားနေတာကို
ခွင့်လွှတ်ပေးတဲ့အမြင်ပေါ်မူတည်ပြီး
လူဆိုးလူကောင်းလို့
ပတ်၀န်းကျင်ကခွဲခြားသွားတာပါကွယ်။
လူတိုင်းအပေါ်သာ မေတ္တာထားနိုင်ရင်
လူတိုင်းက လူကောင်းတွေချည်းပါပဲ။
ကြိုးမိန့်ကျတဲ့ လူတစ်ယောက်တောင်
ဆုတောင်းခွင့်ဆိုတာရှိတယ် ကလေးရဲ့။
လူတိုင်းမှာ နောက်ဆုံးအခွင့်အရေးဆိုတာ
ရှိသင့်တာပေါ့။
တကယ်လို့လေ သူ့အပြစ်တွေက
သူအရင်ကောင်းခဲ့သမျှအကုန်နဲ့
လဲရတဲ့အထိကြီးမားနေခဲ့ရင်ေတာ့
တစ်မျိုးပေါ့ မြေးလေးရယ်"
-"မသိဘူး ဖွားဖွားရယ်။
အနိုင်မသိတော့ပါဘူး အဟင့်ဟင့်"
-"ဟူး"
အဖွားရဲ့ဖျောင်ဖျစကားများသည် ထိရောက်သည်ဟု ဆိုနိုင်ပါသည်။
ရင်ထဲကဒဏ်ရာအချို့ကိုပါ ကျက်သွားစေသည်ဟုပဲ ပြောရမည်လား။
အမှန်ဆို အတိတ်မှအချစ်ခံအနိုင့်ဘ၀ကို ပြန်သွားချင်သည်။
သို့တိုင် လက်ရှိအနိုင်သည်က အပြစ်ပယ်ခံေလ။
သူကလည်း အရင်အနိုင်ရဲ့သူလည်း မဟုတ်တော့ဘူး။
တော်ပါပြီ ဝါရယ်။
အနိုင် ထပ်မချစ်ပါရစေနဲ့တော့။
ဖွားဖွားပြောသလို အတိတ်ကဝါ့ရဲ့ကောင်းကွက်တွေကိုလည်း အနိုင်တွေးပါမယ်။
ဒါေပမယ့်ဝါ အတိတ်မှာပဲအနိုင်ပိတ်မိနေပါရစေ။
လက်ရှိဝါ့ကိုတော့ အနိုင်မသက်ဆိုင်ချင်တော့ဘူး။
အခွင့်အရေးပေးတဲ့လား။
အခွင့်အရေးထက်ပိုတဲ့ နှလုံးသားကြီးတစ်ခုလုံးကို
ဝါ့ထံအပ်ထားခဲ့မယ် ဝါ။
အနိုင့်ကတော့ အတိတ်က အနိုင်နဲ့ဝါတို့ရဲ့
အချစ်မှတ်ဉာဏ်လေးကိုပဲ သယ်သွားမယ်။
ဒါလေးတော့ အနိုင့်ကိုကြည်ဖြူပေးပါ အချစ်ရယ်။
-"အနိုင်!"
-"ဟင်!"
ဖွားဖွားရင်ခွင်ထဲ၌ တစ်၀ရှိုက်ငိုမိစဉ် မိမိအမည်ခေါ်သံကြောင့် ရုန်းထွက်ကြည့်မိသည်။
ဟုတ်သည်။
အနိုင့်ရဲ့တစ်ဦးတည်း ဝါပါလေ။
အနိုင့်ထံသို့ ကမောကသော ပြေးလာေနသည့်ဝါ။
ရင်ထဲတွင် လှိုက်ကနဲဖြစ်သွားရသည်။
ဒါကနောက်ဆုံးနှစ်သိမ့်မှုလား ဝါ။
ဟင့်အင်း ဒါဆို အနိုင်မလိုချင်ဘူး။
နာကျင်လက်စနဲ့သာ နာပါရစေတော့။
-"ဟင် မြေးလေး မပြေးနဲ့လေ"
-"အနိုင်!
ဟာ!"
မိမိအနီးသူမရောက်ခင်ပင် ရင်မဆိုင်ရဲစွာ
ကျောင်းဘက်သို့ ပြေးခဲ့မိတော့။
-"ဒါက ဘယ်လဲ!"
-"ဟင် အကိုကြီးတို့။
ဘာ..ဘာလုပ်ကြတာလဲ ဖယ်ေပးပါရှင်။"
ကျောင်းေဆာင်ပေါက်မှ ရိပ်ကနဲရှေ့ကပိတ်ရပ်လာသည့် ကိုဖိုးထောင်နှင့် ကိုဖိုးချဲ။
ပြေးပေါက် ပိတ်သွားသည်ကြောင့် ကြံရာမရစွာ
ဟိုကြည့်သည်ကြည့် ကြည့်မိစဉ်မှာပင် သူက အနီးရောက်လာလေပြီ။
-"ဘယ်ပြေးချင်လို့
အပေါက်ရှာနေတာလဲ
တို့ကူရှာရဦးမလားဟင်"
-"ကျစ်!
ဒါဘာလုပ်တာလဲ မဝါ
ဖယ်ပေးပါ။"
-"မဖယ်ပေးနိုင်ပေါင်နော်။
အနိုင်ကတို့ဇနီး
တို့ဇနီးကို တို့အမိဖမ်းတာ
ရွှေေကျးပင်တစ်ရွာလုံး ဘယ်သူတားရဲမှာတဲ့လဲ"
-"အဟက်..
သိပါတယ်။
သိပါရဲ့။
ရှင်အဲ့လောက် အာဏာေငြာင်းမှန်းကျွန်မသိပါ့ရဲ့ရှင်။
အခုလည်း အာဏာပြဖမ်းဆီးပြီး
အိမ်မှာ သေတဲ့အထိနှိပ်စက်ဖို့ရောက်လာတာမလား။
အာ့လည်း ကောင်းပါတယ်။
လူမသေလည်း နှလုံးသားကသေနေပြီးသားပဲကို။"
-"အနိုင်ရယ် အဲ့လိုမဟုတ်..."
-"မခေါ်နဲ့ အဲ့နာမည်ကို။
နားထဲမှာ တစ်မျိုးကြီးဖြစ်နေလို့
အရင်လို မိနိုင်လို့ပဲခေါ်ပေးပါ။"
-"အနိုင်ရယ်
တို့ကို ဖြေရှင်းခွင့်ကလေးပေးပါဦးလားဟင်။
တို့ရှင်းပြပါစေ"
-"ဖြေရှင်းခွင့်ဟုတ်လား..အဟက်။
ကျွန်မတုန်းကရော ရှင်ပေးခဲ့လို့လား။
ရှင့်အထင်နဲ့ရှင်စွတ်စွဲပြီး တွေ့ကရသမုတ်ခဲ့တာ။
ဒါမယ့် ချစ်တဲ့စိတ်နဲ့ကျွန်မကလေ
အရာရာသည်းခံပြီး အနီးမှာနေပေးခဲ့တယ်။
သမုတ်သမျှ စော်ကားသမျှအကုန်ကို
အော်..တရားနတ်စောင့်ပါတယ်လေ
အမှန်တရားသိတဲ့နေ့ကျရင်တော့
သူငါ့ကို အရင်လိုချစ်ကောင်းပါရဲ့ဆိုပြီး
အားတင်းနေခဲ့တယ်။
ဒါပေမယ့်ပေါ့နော် ကျွန်မတရားက
နတ်မစောင့်ဘူးထင်တယ်ရှင်
ကျွန်မကနီးဖို့ကြိုးစားလေ ဝေးလေဖြစ်ခဲ့တာ။
နောက်ဆုံးမှာ ကျွန်မသည်းခံချစ်ခဲ့လို့
ရတဲ့အကျိုးခံစားခွင့်က ဘာလဲသိလား။
ချူနေသူကျွန်မပါးထက် ကြွေရမယ့်နှုတ်ခမ်းက
မချူဘဲ ဘေးမှာအသင့်ရပ်နေသူရဲ့
ပါးထက်ကို လိုလိုချင်ချင် ကြွေကျခဲ့တာမျိုးပဲ။
နီးချင်သူကျွန်မကို မနီးနိုင်ေတာ့အောင်အထိ
တမင်လုပ်ပစ်ခဲ့တာ ရှင်ပါ။
ကျွန်မနဲ့မကွဲခင်မှာတင် အခြားလူနဲ့
ကျွန်မရှေ့မှာတင် အနမ်းတစ်ပွင့်နဲ့
စေ့စပ်ပြသွားခဲ့တာလေ။
အဲ့ဒါထဲက အခုကျွန်မကို လာအမိဖမ်းတယ်ဆိုတော့
ဘာလဲ အဟက်
ရှင်တို့ဖဲမွေ့ယာထက် ပျော်ပါးမယ့်မြင်ကွင်းကိုပါ
ကြည့်ခိုင်းစေချင်သေးလို့လားဟင်"
-"အနိုင်ရယ်"
-"ဖယ်! ကျွန်မကိုမထိစမ်းနဲ့!။
ရွံတယ်ဆို။
ရွံတယ်မလား။
ကျွန်မလို ယောက်ျားတကာနဲ့ ပတ်ရှုတ်တဲ့
မိန်းမတစ်ယောက်ရဲ့အသားကိုထိဖို့
ရှင်သိပ်ရွံတာမလား။
ထိဖို့မပြောပါနဲ့လေ
အတူအိပ်ရတာတောင် ရွံနေလို့
အမူးပြေတာနဲ့ တန်းပြီး
ဧည့်ခန်းမှာ သွားေပျာင်းအိပ်ခဲ့တာမလားရှင်။
မထိပါနဲ့တော့။
ရှင် ဝဲကျမှာစိုးလို့ စေတနာနဲ့ပါ"
-"အနိုင်..အဟင့်..
အနိုင်..တို့..တို့လေ..
မင်းကို ဘယ်လိုတောင်းပန်ရမယ်မှန်းကို
မသိတော့ဘူး အနိုင်။
အဲ့မို့ ပြောပြပေးလို့ရမလားဟင်။
မင်းကျေနပ်အောင်အထိ
ဘယ်လိုတောင်းပန်ပါဆိုပြီး
တိတိကျကျ ပြောပြပေးလို့ရမလား။
မင်းသာပြောပြရင် သေသေရှင်ရှင်
တို့အကုန်လုပ်မှာပါပဲ အနိုင်ရယ်။
တို့အကုန်ကိုလုပ်မှာပါ။
အဲ့မို့ ပြောပြပါနော်။ "
-"မလိုပါဘူး မဝါ။
ရှင်တောင်းပန်ရအောင်
ရှင်ဘာမှမမှားခဲ့တာမို့ မလိုပါဘူး။
တကယ်ဆို ကျွန်မကပဲ မှားခဲ့မိတာ။
ကျွန်မကသာ တောင်းပန်ရမှာပါ။
အဲ့ဒါကြောင့် မဝါ
ကျွန်မ တောင်းပန်ပါတယ်နော်။
ဒီ၆လအတွင်းမှာ စိတ်ဒုက္ခအမျိုးမျိုးပေးခဲ့မိလို့
မသတီစေခဲ့လို့ အရှက်ရစေခဲ့လို့
သိမ်ငယ်စေခဲ့လို့
စတဲ့အရာရာတိုင်းအတွက်ကို
ကျွန်မ တောင်းပန်ခဲ့ပါတယ်။
ခွင့်လွှတ်ဖို့တော့ မတောင်းဆိုတော့ပါဘူး။
ဘာလို့လဲဆိုတော့။
အဲ့အပြစ်အတွက် မနက်ဖြန်ကစပြီး
မဝါအရှေ့ကရော မဝါနဲ့ပက်သက်သမျှ
အရာရာအရှေ့ကပါ ထာ၀ရအတွက်
အနိုင်ပျောက်ကွယ်သွားပေးတော့မှာမို့လို့ပဲ"
-"ဟင့်အင်း..
အနိုင်။
မလုပ်ပါနဲ့။ဟင့်အင်း"
-"ဘာလုပ်တာလဲ.မ၀ါ။
ထ..ထပါ။"
-"ဟင့်အင်း။
အနိုင်မသွားရဘူး။
အနိုင်ဘယ်ကိုမှမသွားရဘူး ။
တို့ခွင့်မပြုဘူး။
တို့ လုံး၀ခွင့်မပြုနိုင်ဘူး အနိုင်။"
-"ဟူး...
ရှင့်ကိုကျွန်မနားကိုမလည်နိုင်တော့ဘူး မဝါ။
မနေ့ညကပဲ အခြားလူနဲ့ ကျွန်မရှေ့စေ့စပ်ပြတယ်
အခုကျ ကျွန်မကို ဘယ်မှမသွားဖို့
ဒူးထောက်ဆွဲထားတယ်။
ရှင် ကျွန်မကို ဘာဖြစ်စေချင်နေတာလဲဟင်။
ကျွန်မ ဘာမှကို မတွေးတတ်တော့ဘူး
ကျွန်မရူးတော့မယ်..
ကျွန်မရူးတော့မယ် သိ..."
-"ဟာ အနိုင်!
အနိုင့်!
သတိထားပါဦး အနိုင်ရယ်!
အနိုင် အနိုင့်!
အစ်ကိုရေ လုပ်ပါဦး!"
ရင်ထဲမှခံစားချက်အကုန်ဖွင့်ဟပြောဆုိမိ၍ထင်။စေပြာစဉ်ကတည်းက ၆လတိတိ ဆေးမသောက်ဘဲပစ်ထားခဲ့သည့် မိမိနှလုံးသည် စူးကနဲ့ေအာင့်ေလ၏။ သို့ရာတွင် သေသေရှင်ရှင်
အရေးမကြီးတော့သည်ကြောင့် နာကျင်နေပါလျှက်ေပြာလိုသည်များကို ဆက်လက်ပြောဆိုမိသည်။သို့ေသာ် ခံနိုင်ရည်မရှိသည့်နှလုံးရယ်ကြောင့် စကားတွေကမဆုံးနိုင်တော့ပါချေ။
ဦးေနှာက်မှဒိန်းကနဲ ဆောင့်တိုးသွားသည့်
သွေးများနှင့်အတူ နှလုံးမှဆူးကနဲ ပြင်းပြင်းထန်ထန်
ထိုးအောင့်သည့် ဒဏ်ရာကြောင့်ကမ္ဘာကြီးသည်
အမှောင်ကျသွားခဲ့ပြီ။
ဒါလည်း ကောင်းတာပါပဲ ဝါရယ်။
ဒီကစပြီး အမြဲအမှောင်ကျသွားရင် ပိုကောင်းမယ်။
3-1-2024
**********