အခန်း(၁၅)-(က)
-"အဝါ"
-"အင်း"
-"ငါမနေနိုင်လို့မေးမယ်နော်"
-"အင်း မေးလေ မနု။"
-"နင် အဇူလေးကို ဘယ်အချိန်အထိ
ဒီလိုဆက်ဆံနေမှာလဲ။"
-"အာ့ကလား!"
-"အင်း"
-"ကျွန်မရင်ထဲကအမုန်းတွေ
နာကျည်းမှုတွေပြေတဲ့အထိပေါ့"
-"ဟုတ်ပြီ။ ဒါဆို
ငါနောက်တစ်ခုထပ်မေးချင်တယ်။"
-"အင်း"
-"အခုလိုသူ့ကို ဆက်ဆံခဲ့တဲ့လတွေမှာ
နင့်အမုန်းတွေ နာကျည်းမှုတွေ
တကယ်ပြေခဲ့ရဲ့လား။
ပြီးတော့ နင်ကျေနပ်ရဲ့လား"
-"အာ..အဲ့တာကကျ။
ဘာပဲဖြစ်ဖြစ်ပါ။
သူခံသင့်တာ သူခံရတာမို့။
ပျော်တယ်လို့ပြောရမှာပါပဲ'
-"အင်းပါ။
နင်ပျော်ရင်တော့ ပြီးတာပါပဲ။
ဒါပေမယ့် ငါသတိပေးချင်တာတော့တစ်ခုရှိတယ်။
မိန်းမတွေက သူတို့တကယ်ချစ်တဲ့သူကိုသာ
အရာရာအောက်ကျခံတာ အဝါ။
မချစ်မနှစ်သက်တဲ့သူဆို စကားကအစ
တင်စီးမခံတတ်ကြဘူး။
သူတစ်ခွန်းဆို ကိုယ်နှစ်ခွန်းပြောတတ်တယ်။
အင်း အဲ့လိုပဲ။
သူတို့အောက်ကျခံချစ်ထားပါလျှက်
စော်ကားခံရရင်လည်း
ပုံမှန်လူတွေနာကျည်းတာထက် အဆများစွာပေါ့။"
-"ဟူး...မနု။
မနု ဘာကိုဆိုလိုချင်တာလဲ"
မိမိနှင့် ခင်မင်ခဲ့သည့်တလျှောက်လုံး စကားကိုလိုတာထက်ပိုမပြောတတ်သည့် မနုသည် ယခုမူ များစွာထူးဆန်းနေ၏။
အလုပ်အားချိန်ခနကိုပင် အလွတ်မပေးဘဲ
သူများအတွင်းရေးကို စွက်ဖက်လာခဲ့လေပြီ။
ကျွန်ပ်ပင် မဖြေကြားနိုင်သည့် မေးခွန်းခက်ခက်တွေလည်း မေးလာခဲ့၏။
ထိုတွင်မပြီးသေး။
အဓိပ္ပာယ်ပါသည့် စကားခက်ခက်တွေကိုပါဆိုလာသည့်အခါမှာတော့ နားမလည်နိုင်စွာ ဖွင့်ဟမေးရတော့သည်။
-"ဘာကိုမှမဆိုလိုပါဘူး။
အချို့အရာတွေ နင်သိေအာင်ပြောပြတာပါ။
ဘာလို့လဲသိလား
ငါက အဇူ့ဘက်ေတာ်သားေလ အဝါ။
နင့်လို၁၅၀၀အချစ်နဲ့မဟုတ်ပေမယ့်
ငါသူ့ကိုချစ်တဲ့အချစ်က နင့်ထက်မလျော့ဘူး။
ပိုရင်တောင် ပိုနေဦးမယ်။
ဘာလို့လဲသိလား။
ခုချိန် နင်သူ့ကိုမယုံတော့ပေမယ့်
ငါကေတာ့သူ့ကို အကြွင်းမဲ့ယုံေနတုန်းပဲ"
-"အဟက်..ယုံတယ်တဲ့လား။
ကျွန်မလို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရင်ေရာ။
ထားပါ။
မနုသူ့ကိုယုံတာ မနုရဲ့အပိုင်းေလ။
ကျွန်မကတော့ သူ့ကိုမယုံေပးနိုင်ဘူး။
ကိုယ့်မျက်စိနဲ့မြင်ခဲ့တာကိုပဲ ယုံပေးနိုင်တယ်မနု။"
-"အင်း..အဲ့တာဆိုရင်
ငါတစ်ခုလောက်ထပ်ပြောဦးမယ် အဝါ။
ပြောမှာထက် လုပ်ခိုင်းချင်တာ။
မနက်နေထွက်ထွက်ချင်း
အပြင်သွားထွက်ရပ်လိုက်။
ပြီးရင် ပေါ်လာတဲ့အရိပ်ကိုကြည့်။
နင့်လက်ရှိအရပ်ထက်
တော်တော်လေး ပိုရှည်နေလိမ့်မယ်။
ဒါမယ့် ခုနေချိန်နင်သွားရပ်မယ်ဆို
နင့်ရဲ့ပုံမှန်အရပ်ထက် ပုေနတာကိုမြင်ရလိမ့်မယ်။
အဲ့တော့ နင်ပြောကြည့်
နင့်အရိပ်ကိုတောင် နင်ယုံလို့ရရဲ့လား။
ဒါထဲကမှ မျက်စိနဲ့မြင်လို့ယုံချင်သပါ့ဆိုရင်
နင့်အရပ်က နေထွက်ချိန်ကျအရှည်ကြီး
မွန်းတည့်ချိန်ကျ အပုလေးဆိုပြီးေတာ့
နင်လက်ခံလိုက်ပေါ့!။"
-"ဟူး..မနုရယ်
ဘာလို့များကျွန်မကို လာရွဲ့နေရသလဲ။
အကြောင်းအရာချင်းတူမှမတူတဲ့ဟာကို။"
-"ဘာကိုမတူတာလဲ။
အဲ့အရာတွေအကုန်နင့်မျက်စိနဲ့မြင်တာချည်းပဲလေ!။"
-"တော်ပြီ မနုရယ်။
ကျွန်မ ဘာမှပြောချင်စိတ်မရှိတော့လို့။
အစ်ကိုရေ! အစ်ကို!
အစ်ကိုဖိုးထောင်ရေ!"
အစပိုင်းတွင် ချိုချိုလေးဖြင့် နား၀င်သာအောင်ပြောေနသည့် မနုစကားများသည် တဖြည်းဖြည်း နား၀င်ဆိုးလာခဲ့၏။
ကျွန်ုပ်အပေါ်သို့ ရန်လိုသည့်ဟန်ဖြင့်
တင်းမာလာသည့်မနုသည် မိမိရဲ့အနိုင့်အေပါ်ထားသည့်ချစ်ခြင်းကိုပါယှဉ်၍ ပုတ်ခတ်လာခဲ့သည်။
ခံပြင်းမိပါ၏။
ဒီလိုသာ ဆက်ပြောေနလျှင်အခြေအနေတွေ
ရှုပ်ေထွးလာနိုင်သည်။
ထို့ကြောင့် အစ်ကိုဖြစ်သူကို အော်ခေါ်မိတော့။
-"ဟေ! ဟေဟ!
ဘယ့်နှယ်တွေ စွတ်အော်နေတာလဲ။
ငါက ဒီနားတင်ထိုင်ကွမ်းယာနေတာကို။"
လူမိုက်ကြီးကိုဖိုးထောင်မှာ သူအကြောက်ရဆုံး
သူများဖြစ်သည့် မိန်းမဖြစ်သူနှင့်နှမဖြစ်သူတို့ရဲ့
စကားဝိုင်းကို အစောကပင်ကြား၏။
သို့ရာတွင် ၀င်မပါရဲသဖြင့် တဲအနောက်ပေါက်မှ တိတ်တိတ်ကလေး၀င်၍ ကွမ်းယာမိမှ အသံဗြဲဖြင့်အော်ခေါ်လာသည့်နှမကြောင့် ပါးစပ်ထဲသွပ်မည့်ကွမ်းယာပင် လွတ်ကျရသည့်အဖြစ်ပေ။
-"အဲ့ကွမ်းနောက်မှဝါး!
အခု ထန်းရည်သွား၀ယ်ပေး!"
-"ဟာ ဒီကွမ်းလေးယာတာ
ဘယ်လောက်ကြာမှာမို့လို့လဲဟာ
ခန..."
-"အစ်ကို့!"
-"အေး..အေးလို့!။
ငါသွားမယ်။
အခုပဲ ငါသွားပေးမယ်"
ဤသို့ဖြင့် လူမိုက်ကြီးမှာ နှမဖြစ်သူရဲ့ဆောင့်အောင့် ေအာ်သံကြောင့် လက်ထဲမှ ထုံးသုတ်ပြီးသား
ကွမ်းကလေးပင် ပြီးအောင်မဝါးနိုင်ေချ။
ထန်းတောသို့ ဦးတည်လိုက်ရပေတော့သည်။
ဒါကိုပင်သောက်ချင်သည်ဟု ဆိုကာ အမောသေကာ လိုက်လာသည့် တဲကကပ်ပါးေကာင်အချို့ကပါလာသေး။
-"ငါ့နှယ်နော်
၀ဋ်ကြီးပါပေ့
ကွမ်းတစ်ယာတောင် ဇိမ်ရှိရှိ ဝါးခွင့်မရှိတဲ့ဘ၀။
ဟူး..!
ဘာပဲဖြစ်ဖြစ်ပါလေ။
မိနုကို မကျေနပ်တာနဲ့
ငါ့လာမဲတာထက်တော့ မဆိုးေသးပါဘူး။"
********
- "ကဲ..ဘယ့်နှယ့်လဲကျော်ကျော်အောင်
ငါပေးတဲ့အကြံကြောင့် မင်းအဆင်ပြေသွားပြီ
ဟုတ်စ"
-"ဟာ..ကိုသိုက်ညီရယ်
ကျွန်တော့်မျက်နှာလေး တစ်ချက်ကြည့်ပြီးမှ
အဆင်ပြေလားမေးစမ်းပါဗျာ။"
-"ဟမ် အဆင်မပြေဘူးလားဟ။"
-"ဘယ်လိုလုပ်အဆင်ပြေမှာလဲဗျာ။
နဂိုကထက်တောင် ဝေးသွားေသး။
ပိုဆိုးတာက ပါးတောင်အချခံလိုက်ရသေးဗျာ"
-"ဟာ..အဲ့တာ မင်းမနိပ်လို့ေပါ့ကွ။
ငါဆို မင်းလိုပါးချမခံရတဲ့အပြင်
အာဘွားတောင်အဆစ်ရလိုက်သေး"
-"အဲ့တာတွေကြောင့် ပြောတာပဲအစ်ကိုရယ်။
လုပ်ပါဦး။
ကျနော်တို့နီးစပ်အောင် အကြံဉာဏ်လေး။
အခုဆို မိုးကုတ်ကသူ့အဖိုးအဖွားဆိုလား ဘာလား
အဲ့လူတွေပါရောက်နေတယ်။
ပြန်ခေါ်သွားမယ်တောင် ကြားနေတာဗျာ။
ဖြစ်နိုင်ရင် အမြန်ဆုံးနီးစပ်လေ ကောင်းလေပဲ"
-"ဟင် အဲ့လောက်တောင်လား"
-"ဟုတ်ပါတယ်ဆို အစ်ကိုကလည်း။"
ကျော်ကျော်အောင် ပြောရင်းဆိုရင်း အိန္ဒြေမဲ့စွာထန်းရည်အိုးကို အလောတကော မော့သောက်သည်။
နေ့ခင်းမှ မဇ္ဇူတို့ပြောဆိုနေသည့်အသံများကြားပြီးခြေမကိုင်မိ လက်မကိုင်မိဖြင့် အားကိုးမိသည့်
ဆရာဖြစ်သူ ကိုသိုက်ညီရှိရာ ထန်းတောသို့ အပြေးကလေး လာခဲ့ရခြင်းပင်။
-"ကွတ်..ကွတ် အား!"
-"ဖြည်းဖြည်းသောက်ပါဟာ။
မင်းကလည်း။
စိတ်ကိုအေးအေးထား။
ဒီမယ် ငါ့မှာနောက်ဆုံးအကြံရှိတယ်"
-"တကယ်လား"
-"အေး"
-"အဲ့ဆို ပြောလေအစ်ကိုရာ"
-"အေး ဒီလိုကွာ။
ခနနေကျရင် ချစ်လွန်း ဒီကို
ထန်းရည်လာသောက်လိမ့်မယ်"
-"ဟုတ်"
-"အေး..အဲ့ဒီအခါကျရင် ငါသူ့ကို
လူမှန်းသူမှန်းမသိအောင်ထိတိုက်မယ်ကွာ။
ပြီးရင်တော့ အိမ်ခေါ်သွားပြီး အဟဲဟဲ"
-"ဟာ..အစ်ကိုကလည်း
အစ်ကို့ဟာက အစ်ကို့အတွက် အကြံကြီးလေ။
ကျွန်တော့အတွက်ကရော"
-"ဟ..မင်းကလည်း ဒုံးဝေလိုက်တာကွာ။
ချစ်လွန်း ပြန်မလာမှတော့ အိမ်မှာ
ဘယ်သူကျန်ခဲ့မလဲ"
-"မဇ္ဇူလေ"
-"အေးလေ!
ရွာပြင်တဲထဲမှာ တစ်ယောက်တည်းကျန်ခဲ့မယ့်
မိဇူလေးကို မင်းက အဟဲဟဲလုပ်ပေါ့။
ဘယ်လိုလဲ ငါပြောတဲ့အကြံ"
-"ဟာ မိုက်တယ် အစ်ကိုရာ။
အာ့ကြောင့် အားကိုးနေရတာ"
-"အဟင်းဟင်း..ငါပါဟ
မပိုင်ရင် ခြင်ကို မရိုက်ဘူး"
-"ဪ..ဟုတ်လား"
-"ဟုတ်တာေပါ့ကွာ"
-".ဟင်!"
ကိုယ့်အကြံဖြင့်ကိုယ် သေဘာကျလျှက်
တဖြီးဖြီးလုပ်နေကြသည့် သိုက်ညီတို့နှစ်ယောက်သည် အနောက်ဘက်မှ ကပ်လျှက်ထွက်လာသည့် စကားသံအပြင် ပုခုံးပေါ်တင်လိုက်သည့် လက်တစ်ဖက်ကြောင့်။
-"ဟင်...ယောက်..ယောက်ဖကြီး
ဖိုး...ဖိုးထောင်"
-"အဟက် ယောက်ဖကြီးတဲ့လား။
မင်းအမငါ့ယူလို့ ငါ့နှမကိုမင်းကကြံတာပေါ့လေ။
ဘာတဲ့ မပိုင်ရင်ခြင်မရိုက်ဘူးတဲ့ ဟုတ်လား။
ဟဟပဲ သိုက်ညီရာ။
မင်းပြောသလို ဒီကဖိုးထောင်က ပြောရရင်
ငါဆိုတဲ့ကောင်ကလေ
မပိုင်ရင် ဂေါ်ဇီလာကို မဖမ်းဘူးကွ ရှင်းလား!"
-"ဟို..ယောက်ဖရာ မင်းအထင်လွဲ..လွဲ"
သိုက်ညီစကားတို့မဆုံးနိုင်တော့ပါချေ။
လည်ဂုတ်မှဆွမ၍ လက်သီးဖြင့် ထိုးခြင်းခံရေပတော့သည်။
ထိုမြင်ကွင်းကြောင့် ကျော်ကျော်အောင်ခဗျာ
အမြှီးတန်းအောင် ထပြေးလေေတာ့။
-"ဟျောင့် ဖိုးချဲ"
-"ဗျာ"
-"အဲ့ ဘုန်းကြီးကျောင်းသားကို လိုက်ဖမ်းစမ်းကွာ။
သူများလှူတာတန်းတာ ကပ်စားထားတဲ့
အဲ့ ကျေးဇူးကမ်းဟင်းလေးအိုးစားကို
ရေပါမမြိုနိုင်အောင်လုပ်ပေးမလို့"
-"ဟုတ်!"
****************
-"မဝါ!
မဝါ!"
-"ကျစ်!
ဖိုးပုရယ် ဘာတွေများထိပ်ပြာနေရသလဲ"
-"ဟို..ဟို"
-"ပြောမယ့်ဟာ ပြောစမ်း!"
-"ဟုတ် ကိုဖိုးထောင်လေ
ထန်းတောမှာရန်ဖြစ်နေလို့"
-"ကျစ်! လုပ်ပြီ ဒီအစ်ကိုကလဲ
ငါ့ကို စိတ်အေးအေးချမ်းချမ်းကို နေခွင့်မပေးဘူး။
ထန်းရည်လေး ခန သွား၀ယ်ခိုင်းမိပါတယ်
ရန်ဖြစ်နေပြန်သတဲ့။
စိတ်လေတယ်။
လာ လာသွားမယ် ဖိုးပု"
-"ဟုတ်..ဒါနဲ့လေ
ဟို..မနုရော လိုက်ခဲ့ရင်ပိုကောင်းမယ်ထင်တယ်"
-"ဘာလို့လဲ ဖိုးပုရဲ့"(မနု)
-"ဟို..ကိုဖိုးထောင်ရန်ဖြစ်နေတာကလေ
မနုရဲ့မောင်နဲ့မို့ မနုပါမှ ပိုကောင်းမယ်ထင်လို့"
-"ဗုဒ္ဓေါ!
ဘာတေွဖြစ်ကုန်တာလဲ ဒုက္ခပါပဲ!"
ဖိုးပုအပြောအဆုံး မနုသည် တဲပြင်သို့ ပြေးထွက်လျှက် ထန်းတောဆီဦးတည်လေတော့သည်။
လင်ဖြစ်သူသည် လူမိုက်မို့ ကိစ္စမရှိသော်ငြား
မောင်ဖြစ်သူတစ်ခုခုဖြစ်မှာတော့ စိုးရိမ်ရသည်။
သူ့မောင်က သူ့အမြင် မောင်အလိမ်မာလေး
မဟုတ်လား။
*************
-"အမလေး သေပါပြီတော့။
ကိုဖိုးထောင် တော်ဘယ်လိုလုပ်လိုက်တာလဲ။
ဒါကျုပ်မောင်တော့ ကျုပ်မောင်။
တော်က ကျုပ်မောင်မှန်းသိရက်နဲ့
ဒီလောက်လုပ်ရသလား"
-"အေး!
မင်းမောင်ဖြစ်နေလို့ကို ငါဒီလောက်ပဲလုပ်တာ။
အခြားလူဆို အသေသတ်ပစ်ပြီးပီ"
မနု ထန်းတောသို့အရောက် သွေးအလိမ်းလိမ်းဖြင့်
လဲနေသည့် မောင်ဖြစ်သူကို အမြင်မှာပင်
စိုးရိမ်ဒေါသောဖြင့် အတင်းပြေးပွေ့၍ လင်ကိုရန်လုပ်သည်။
မောင်ဖြစ်သူဘေးတွင်လဲနေသည့် နောက်တစ်ကောင်လည်းရှိသေး၏။
သို့တိုင် ထိုသူ့ကို သူမ ဂရုမစိုက်အားပါ။
ကိုယ့်အပြောကို နောင်တမရဟန်ဖြင့်
ပြန်လည်ချေပလာခဲ့သည့်လင်ဖြစ်သူကိုသာ
ဒေါသထွက်လွန်းသဖြင့်။
-"ဖြန်း!"
-"ဟာ! မိနု!
နင်တော့ ငါလုပ်ရင်သေတော့မှာပဲ!"
-"လုပ်စမ်းပါ ဖိုးထောင်
လုပ်လိုက်စမ်းပါဟဲ့။
ဘာလဲ ငါ့ကိုသတ်ချင်တာလား။
အသေသတ်ပစ်လိုက်စမ်း။
နင့်လို လူဆိုးလူမိုက်ကို တစ်ချိန်ပြင်မှာပဲဆိုပြီး
ယူမိတဲ့ ဒီအမိုက်မပဲ အပြစ်ရှိတာမို့။
ပွဲချင်းပြီးသာ လုပ်ထည့်လိုက်စမ်းပါဟယ်"
-"ဟာ ဒီမိန်းမတော့ကွာ!
တောက်!"
မနုသည် ကိုဖိုးထောင်ရှေ့သို့ ရင်ကိုပါကော့၍
စိန်ေခါ်လေသည်။ ထိုသည်ကို လူဆိုးလူမိုက်ကြီး
ဖိုးထောင်မှာ မျက်လုံးကြီးနီရဲစွာဖြင့် စိုက်ကြည့်နေလေရဲ့။
သိပ်ချစ်ခဲ့ကြသည့် လင်မယားနှစ်ဦးသည်
သက်ဆိုင်ရာ မိသားစု၀င်များေကြာင့်
အခြေအနေများ တင်းမာခဲ့လေပြီ။
ထိုသည်ကို ဘေးမှမကြည့်နိုင်တော့သည့်
မောင်ဖိုးချဲက။
-"ဟိုေလ မနု။
တကယ်ဆို ကိုဖိုးထောင်မလွန်ဘူးဗျ"
-"ဘာရယ်!"
-"ဟုတ်တယ်အမ။
ကျွန်တော်ဆိုလည်း ကိုယ့်ညီမကိုအဲ့လိုကြံရင်
လုပ်မိမှာပဲ။"
-"ဘယ်လို ဖိုးထောင်ညီမ
အဝါ့ကိုပြောတာလား"
-"ဟုတ်တယ်ဗျ။
ကိုဖိုးထောင်နဲ့ ကျွန်တော်တို့ ဒီလာတော့
ကိုသိုက်ညီရယ် ဒီကဘုန်းကြီးကျောင်းသားရယ်က
ခွေးကျင့်ခွေးကြံ ကြံနေပြီ"
-"ဟယ် ဖိုးချဲရယ်။
ငါ့မောင်ကိုခွေးလို့ ပြောချင်ရင်လည်း
ငါ့မျက်နှာေလးတော့ ထောက်ပါဦး"
-"ဟုတ်အမ..တောင်းပန်တယ်နော်။
သူတို့ကြံစည်နေတဲ့အရာတွေက တကယ်လူမဆန်လို့ပြောမိသွားတာပါ။"
-"အင်း ဟုတ်ပါပြီ။
ကဲပြော! ငါ့မောင်က အဝါ့ကိုဘယ်လိုကြံတာလဲ"
-"ဟျောင့်ဖိုးချဲ အသာနေတော့ ငါပဲပြောတော့မယ်။
မင်းလုပ်တာ လိုရင်းကိုမရောက်တော့ဘူး"
-"ဟုတ် ဟုတ်ကဲ့"
-"ဒီမယ် မိနု
ငါ့အခုလိုလုပ်လို့ နင်နဲ့ကွဲရလည်း
ငါမလွမ်းသလို
နောင်တလည်းရမှာမဟုတ်ဘူး။
ဘာလို့လဲသိလား။
နင့်မောင်လို ငါ့ညီမကို ထန်းရည်အမူးတိုက်ပြီး
ခွေးဇာတ်ခင်းချင်နေတဲ့ခွေးမျိုးနဲ့
ပက်သက်တဲ့လူမှန်သမျှ
ငါမပက်သက်ချင်ေတာ့လို့ပဲ။
ဒါထဲက ဟိုဘက်က ဘုန်းကြီးကျောင်းသားကလည်း
အလိုတူ အလိုပါပဲ။
မိဇူကို ဒီည အပီကြံမလို့တဲ့ေလ။
အဲ့တာတွေ ငါကြားလို့ ဆော်ထည့်လိုက်တာ"
-"ဘယ်လို!
ကိုဖိုးထောင် ဒါအမှန်လား!"
-"အေး မင်းချစ်မောင်မို့ လက်မခံချင်လည်း
ဒါအမှန်တရားပဲ မင်းကြိုက်သလိုထင်တော့"
-"တောက်!
ဒီခွေးသားက!"
-"ဖြန်း!
ဖြန်း!"
-"ဟင် မနု လွန်မယ်လေ။
ဟိုကမေ့နေပြီ
မလုပ်ပါနဲ့တော့"
-"ဖယ် ငါ့လာမဆွဲစမ်းနဲ့။
ဒီလို လူစိတ်မရှိတဲ့အမျိုးတစ်ခြမ်းယုတ်ကို
ငါကိုယ်တိုင်သတ်ရမှ ကျေနပ်မှာ။"
-"ဖြန်း!
ဖြန်း!"
-"တော်တော့ မနု!"
ကိုဖိုးထောင်စကားဆုံးသည်နှင့် တဆက်တည်း မောင်ဖြစ်သူ ဗိုက်ပေါ်တက်ခွ၍ ပါးကိုဘယ်ပြန်ညာပြန်ရိုက်လိုက်သည့် မနု။
ကြားလူဖြစ်သည့် ဖိုးချဲတားသည်ကိုပင်
လက်မခံ၊ရိုက်မြဲရိုက်နေသည်။
ထို့ကြောင့် ဒီပွဲရဲ့ကာယကံရှင်ကြီး မိမိမှ မနေနိုင်စွာအသံကျယ်ကျယ်ဖြင့်တားရေလေတာ့သည်။
ဟုတ်တာေပါ့။
ဒီယုတ်မာေတွကို သူတို့ချည်းလုပ်လို့ဖြစ်မတဲ့လား။
ကိုယ်လည်း အမှုန့်ကြိတ်ရဦးမည်။
ဖြစ်နိုင်ရင် အမှုန့်ထက် လုပ်လို့ရရင် လုပ်ပစ်ချင်၏။
+++++အခန်း(၁၅)-(ခ)ဆက်ရန်+++++++