အခန်း(၁၀)-(ခ)
-"အနိုင်..အနိုင်ကလေး"
-"အင်း"
-"တို့ကို ခုနကလိုလေးခေါ်..."
-"ယောက်ျား"
-"အဟိ"
ဘုန်ကြီးကျောင်ကန်ဘေးတွင် လက်မောင်းအားတွဲ၍ ခပ်ချွဲချွဲခေါ်စဉ် ခန။
မကြည်နေသည့်စိတ်/ရှက်သည့်စိတ်/ မျက်နှာပူသည့်စိတ်အစဉ်တို့သည် အငွေ့ပျံကုန်သည်ထင်။
ကြက်ပျောက်ငှက်ပျောက် ပျောက်လေပြီ။
ကိုယ်တိုင်က မညုဘဲရူးနေပါလျှက် ညုလာစဉ်
သွက်သွက်ခါရသည်က မဆန်းပါလေ။
သူ့အား ခေါ်သည့်နာမ်စားကြောင့် အပျော်ကြီးပျော်ကာ ကြောင်ပေါက်ကလေးလို လည်ပင်းအားတိုးဝှေ့လာစဉ် အသည်းအူကလေး ပြုတ်ကျရပြန်သည်။
-"ဝါ"
-"ဟော..ခုနကလိုခေါ်ပါဆို"
-"အဲ..ယောက်ျား"
-"ရှင်"
-"ဟိုလေ.."
-"ပြော ဝါ့မိန်းမ ဘာလိုချင်လဲ။ ဘာရချင်လဲ။
ဘာစားချင်လဲ။ ဘာဖြစ်ချင်လဲ ပြောကွယ်"
-"ဘာမှမလိုချင်သလို ဘာမှမရချင်ဘူး။
ဘာမှလည်းမစားချင်ဘူး။
ဘာမှလည်းမဖြစ်ချင်ပါဘူး"
-"ဟော အဲ့ဆိုပြောကွယ် ဝါ့မိန်းမကို ဘယ်သူက
အနိုင်ကျင်လို့လဲပြော။ ခုနက ကောင်ကြောင့်လား။
နေဦး အဲ့ကောင်ကို တို့ သွားလုပ်စမ်းဦးမယ်"
-"အမလေး ဝါရယ်။
ဒါကဘယ်လဲ။
ကျုပ်ပြောတာလည်းဆုံးအောင် နားထောင်စမ်းပါဦး"
-"အင်း..အင်းပါ"
လက်သီးလက်မောင်းကြီးတန်းလျှက် မရှိသည့်ဗလထုတ်ပြနေသည့် သူ့ကို ဆွဲကာ ပြန်ထိုင်ခိုင်းရသည်။
ဗလမရှိပေမယ့် ဇရှိသည့်ပုံနှင့်သူက တကယ်လုပ်မည့်ဟန်ရှိသည်။
သို့သော် သူ့ကိုအထင်သေး၍မဟုတ်။
ဟိုဘက်ကပြန်လုပ်၍ သူတစ်ခုခုဖြစ်ခဲ့လျှင်
ကျွနုပ် ရင်ကျိုးရပါမည်။
ဖြစ်ချင်းဖြစ် ကိုယ်သာဖြစ်ချင်မိသည်။
တွေး၍သာ တွေးပူရပါသည်။
သူတို့မောင်နှမကို ရွှေကျေးပင်တစ်ရွာလုံးရှိ
မည်သူကများ ထိပါးစော်ကားရဲမည်တဲ့လဲ။
-"ဝါ"
-"ပြော"
-"အာ့ ဘာဖြစ်တာလဲ ယောက်ျား"
-"ဘာမှဖြစ်ပါဘူး မိန်းမကလဲ။
အဟီး"
အခေါ်အဝေါ် တစ်ခုအစွမ်းသည်ကား တကယ်ကြီးပေသည်။
တသက်လုံးခေါ်လာသည့် နာမည်ခေါ်တာတောင်
နှာကောက်နေပြီ မဟုတ်ပါလား။
ကြားချင်နေသည့် အမည်ခေါ်မှ မျက်နှာတို့ပြုံးဖြီးလာသည်။
အပျောင်းအလဲ တယ်လည်းမြန်လှသည်။
-"ဘာလို့ အဲ့လိုတွေဖြစ်နေရတာလဲ"
-"ဟင်။ ကိုယ်ဘာမှလည်းမဖြစ်မိပါလား"
-"ဘာကို ဘာမှမဖြစ်ရမှာ။
ခုပဲကြည့် အမြဲ တို့ လို့သုံးရာကနေ ကိုယ်ဖြစ်သွားပြီ။ နဂို ဝါ လို့ခေါ်တာလည်း မကြိုက်။
ယောက်ျား ခေါ်မှကြိုက်တာလေ။
အာ့ ဘာမှမဖြစ်ဘူးလား"
-"ဪ..အဲ့ကိစ္စလား"
-"အင်းပေါ့"
-"အာ့ကကွာ။
ဘယ်လိုပြောရမလဲ။
ဖွေးဖွေးဉဉ နုနုနယ်နယ်မိန်းမကလေးရထားတော့ ဘ၀င်လေဟပ်ပြီး ကာကွယ်လိုစိတ်ပြင်းပြသွားတာနေမာပေါ့"
-"ဘယ်လို!"
-"ဟုတ်တယ်လေ။ နိုင်ကလေးရဲ့။
ကိုယ့်မိန်းမကလေးက လေတိုက်ရင်တောင်
ပဲ့မှာစိုးရတဲ့အထိ ဖြူဉနုဖတ်ပြီး လှပကျော့မော့နေတာကွာ။အဲ့တာကြောင့် ကိုယ်မှာအရင်ကတည်းက
အရိပ်တကြည့်ကြည့် ချစ်လာရတာလေ။"
-"အင်း ထားပါတော့"
-"တကယ်ပြောတာ နိုင်ကလေးရဲ့။
နိုင့်ကို ကိုယ်က စတွေ့ကတည်းက ချစ်မ၀ဖြစ်ခဲ့ရတာ။"
-"အပိုတွေပြော။
အဲ့တုန်းကဖြင့် နိုင်မှ ၅နှစ်တောင် မပြည့်သေးဘူး။ ဟုတ်လို့လား"
-"ဟုတ်တာပေါ့။ နိုင်ပိစိကလေးရဲ့။နိုင့်ကိုလေ
ဟော့ဒီထိပ်ကလေးကြက်တောင်စီးထားပြီး
ဇယ်တောက်နေတဲ့ ကလေးသေးသေးလေးကတည်းက ကိုယ် ဦးထားခဲ့တာ။
ချစ်မ၀ခဲ့တာ။
အဲ့မို့လည်း မင်းဆီလာခဲ့တာပေါ့ကွယ်။
အဲ့နောက်ပိုင်း ဦးလေး အဲ အခုဆို ဖေဖေပေါ့။
ဖေဖေ့ကို ကိုယ့်အက်မှာ အလုပ်သွင်းပေးခဲ့ပြီး မင်းနဲ့အနေနီးစေအောင်လုပ်ခဲ့တာတွေ။
နည်းနည်းအရွယ်ရောက်တော့လည်း ကျောင်းစရိတ်လိုရင်ကအစ ကိုယ်ဒီတိုင်း ဦးလေးလိုသလောက် ထုတ်ပေးခဲ့တာတွေ။ ကုန်ကုန်ပြောရရင်
နိုင်ကလေးရယ် ။
မင်းနဲ့ပက်သက်တဲ့ ကိစ္စအ၀၀ကို ငယ်ငယ်လေးကတည်းက ကိုယ်နဲ့ဦးလေး သဘောတူညီမှုတစ်ခုယူပြီး မင်းလေးကိုတာဝန်ယူပေးခဲ့တာကွယ်။"
-"ဟင်! ဒါဆိုဝါက"
-"ဟုတ်ပါရဲ့ကွယ်။
မင်းလေးကို အရိပ်တကြည့်ကြည့် ချစ်လာခဲ့တာ
ရှေ့လဆို ၁၄နှစ်တောင်ပြည့်ပီ။"
-"ဟင်!"
-"ကဲ အဲ့တော့ပြောကြည့် နိုင်ပိစိလေးရဲ့။
တို့ဘ၀င်လေဟတ်တာ လွန်ရဲ့လားလို့လေ။
မင်းကို ပိုင်ဖို့အရေး တို့ဒီလောက်စောင့်ခဲ့ပြီး
ပြုစုခဲ့ပြီးမှ ရလာတာမို့ ကိုယ်မှမပျော်ရင် ဘယ်သူပျော်တော့မှာလဲ။ ပြောကြည့်စမ်းပါကွယ်"
သူ့ရဲ့ရှည်လျားလှသည့် ဖြေရှင်းသံကြားပြီးမှ ဇာတ်ရည်လည်လာရတော့သည်။ တဆက်တည်း
ဖေဖေထုတ်ထုတ်ပေးလာတဲ့ ငွေပမာဏများကိုလည်း မျက်လုံးထဲမြင်မိသည်။
ထို့ထက် မွေးနေ့ရောက်တိုင်း အခြားလူများပင် မ၀ယ်နိုင်သည့် တန်ဖိုးကြီးပစ္စည်း( လက်ပတ်နာရီကဲ့သို့)များကို လက်ဆောင်ပေးခဲ့သည့် ဖေဖေ့အကြောင်းကို ပြန်တွေးမိတော့။
-"ဒါဆို နိုင် နိုင်သုံးခဲ့တာ။
ရခဲ့တာတွေက ဝါ့ ပိုက်ဆံတွေနဲ့ပေါ့လေ။
ဟုတ်လား"
-"အဲ အကုန်လုံးတော့မဟုတ်ဘူးလေ နိုင်ရဲ့။
ဦးလေးပိုက်ဆံလည်း ပါပါတယ်။
ဦးလေးမနိုင်မှ မင်းလေးကို လူတန်းစေ့ဖို့အတွက်
သူကတစ်ဆင့် ထောက်ပံ့ခဲ့ရုံပါ။"
-"...."
ကျွနုပ် အံ့ဩလွန်း၍ စကားပင်မဆိုနိုင်တော့ပါ။
ပြုံးနေသည့် သူ့မျက်နှာကိုသာ ငေးနေမိသည်။
ကျွနုပ်သည် ကိုယ့်ဘာသာ ဉယျဉ်မှူးထင်နေခဲ့သော်ငြား အမှန်မဟုတ်ခဲ့ပုံ။
အမှန်စစ်စစ် သူ့ရဲ့အရိပ်အောက်တွင် ငွါးငွါးစွင့်
ပွင့်ခဲ့သည့် ပန်းကလေးတစ်ပွင့်ပင် ဖြစ်ခဲ့ရသည်။
သူကသာ ကျွနုပ်ဟူသော ပန်းကလေးကို အဘက်ဘက်မှစောက်ရှောက်ခဲ့ခြင်းဖြစ်နေသည်။
"ချစ်တတ်ပါပေ့။ ချစ်နိုင်လွန်းပါပေ့
အနိုင့်ဉယျာဉ်မှူးလေးရယ်" ဟုသာ
ပြောလိုက်ချင်ပါရဲ့။
သူ့ထံမှ မိမိတစ်ဘ၀လုံး အချစ်ခံခဲ့ရသည်ကို
ပြန်ကြားသိရသည်ကြောင့် တသိမ့်သိမ့် ကြည်နူးစိတ်ကလေးဖြင့် မျက်ရည်လေးပါ လည်မိသည်။
ထိုသည်ကို သူမြင်တော့ လက်တကာကာဖြင့်
ပြာယာတွေပါ ခတ်လေပြီ။
-"ဟော ဘာလို့မျက်ရည်ကဝိုင်းရသလဲ နိုင်ကလေးရယ်။ ကိုယ် ရှိတယ်လေကွယ်။
ကိုယ်တစ်ယောက်ရှိသေးတာကို ဘာဖြစ်.."
ကျွနုပ် စကားအဆုံးအထိ မစောင့်နိုင်တော့ပါ။
သူ့ရင်ခွင်ကျယ်သို့ ယုံယုံကြည်ကြည် ခိုဝင်ပစ်လိုက်တော့သည်။ ပြန်ဖက်တွယ်လာသည့် ချစ်သူ့ရင်ခွင်ရိပ်သည် တစ်သက်လုံးအတွက် အေးမြလုံခြုံပေစွ။
ပန်းပျိုးသူရဲ့ လက်ထဲတွင် အသည်းပန်းတစ်ပွင့်ကို ပေးအပ်ခဲ့ရသည်မှာ ထိုက်တန်ခဲ့ပြီ။
ထို့ထက်ပင် ပိုပါဦးမည်။
လုံလောက်ခဲ့ပါပြီ။
ဉယျာဉ်မှူးဝါ့ထံမှ ပြုစုယုယမှုသည်
ပန်းကလေးအနိုင့်အတွက် များစွာလုံလောက်ခဲ့ချေပြီ။
29-12-2023
**********