"အနိုင့်ဉယျာဉ်မှူး"

By Mun-Wint

44.8K 2.1K 70

#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့် More

အခန်း(၁)-Uni
အခန်း(၁)-Zawgyi
အခန်း(၂)-Uni
အခန်း(၂)-Zawgyi
အခန်း(၃)-Uni
အခန်း(၃)-Zawgyi
အခန်း(၄)-Uni
အခန်း(၄)-Zawgyi
အခန်း(၅)-Uni
အခန်း(၅)-Zawgyi
အခန်း(၆)-Uni
အခန်း(၇)-Uni
အခန်း(၇)-Zawgyi
အခန်း(၈)-Uni
အခန်း(၈)-Zawgyi
အခန်း(၉)-Uni
အခန်း(၉)-Zawgyi
အခန်း(၁၀)-(က)/Uni
အခန်း(၁၀)-(က)/Zawgyi
အခန်း(၁၀)-(ခ)/Uni
အခန်း(၁၀)-(ခ)/Zawgyi
အခန်း(၁၁)-Uni
အခန်း(၁၁)-Zawgyi
အခန်း(၁၂)-Uni
အခန်း(၁၂)-Zawgyi
အခန်း(၁၃)-Uni
အခန်း(၁၃)-Zawgyi
အခန်း(၁၄)-Uni
အခန်း(၁၄)-Zawgyi
အခန်း(၁၅)-(က)/Uni
အခန်း(၁၅)-(က)/Zawgyi
အခန်း(၁၅)-(ခ)/Uni
အခန်း(၁၅)-(ခ)/Zawgyi
အခန်း(၁၆)-Uni
အခန်း(၁၆)-Zawgyi
အခန်း(၁၇)-Uni
အခန်း(၁၇)-Zawgyi
အခန်း(၁၈)-Uni
အခန်း(၁၈)-Zawgyi
အခန်း(၁၉)-Uni
အခန်း(၁၉)-Zawgyi
အခန်း(၂၀)-Uni
အခန်း(၂၀)-Zawgyi
အခန်း(၂၁)-Uni
အခန်း(၂၁)-Zawgyi
အခန်း(၂၂)-Uni
အခန်း(၂၂)-Zawgyi
အခန်း(၂၃)Uni
အခန်း(၂၃)Zawgyi
အခန်း(၂၄)-Uni
အခန်း(၂၄)-Zawgyi
အခန်း(၂၅)-Uni
အခန်း(၂၅)-Zawgyi
အခန်း(၂၆)-Uni
အခန်း(၂၆)-Zawgyi
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Uni
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Zawgyi

အခန်း(၆)-Zawgyi

243 6 0
By Mun-Wint

အခန်း(၆)

        *ငါဘယ်ရောက်နေတာလဲ*

     ကျွနုပ်ဘေးရှိ အရာအားလုံးသည် အမှောင်အတိဖြစ်နေခဲ့သည်။ မြင်ကွင်းများသည် ဝေဝေဝါးဝါးလေးသာ မြင်ရသည်။
ထို့ကြောင့် ပတ်ဝန်းကျင်အား သေချာစွာ စူးစမ်းကြည့်မိတော့။

*ဘုရားရေ*

*ဒါကြီးက..*

  ဘေးတွင် အုပ်ဂူဖြူဖြူလေးများကို မြင်ရသည်နှင့် အတော်ပင် ထိတ်လန့်သွားမိသည်။
ဟုတ်သည်။
ကျွနုပ် သုဿာန်တစ်ခုထဲသို့ရောက်နေခြင်းဖြစ်သည်။ ရွာက သုဿာန်တော့မဟုတ်တန်ရာ။
       ရွာတွင် ရိုးရိုးသာ မြေမြှုပ်၍ အသုဘချတတ်သည်။ ဘုရားဒါယိကာ/မ တို့သာ
ဂူတည်လေ့ရှိသည်။ဂူအရေအတွက်သည်ကားမည်သို့ပင်‌ရေ‌တွက်စေကာမူ ၅လုံးသာရှိပါသည်။
အခုသည် ထိုသို့မဟုတ်ပါ။
ဂူဖြူဖြူများသည် လေး-ငါးဆယ် လောက်ရှိမည်ထင်သည်။

*ဘုရားဘုရား ငါသေပြီလား*

-"မသေသေးပါဘူး သမီးရဲ့"

-"အမေ့!"

     ကျွနုပ်တွေးနေစဉ် အနောက်မှကပ်လျှက် ထွက်လာသည့် အသံကြောင့်  ထခုန်မိတော့မတတ်
လန့်မိသည်။ ထို့ကြောင့် ကြောက်ကြောက်
လန့်လန့် ကြားက နောက်သို့လှည့်ကြည့်မိ‌တော့။

*ဟူး တော်သေးတာပေါ့*

      ပုံဆိုးပန်းဆိုး သရဲတစ်ကောင်မဟုတ်မှသက်မချမိသည်။
သို့သော် လုံးလုံးကြီးဖြင့် စိတ်မအေးနိုင်ပါ။
သည်မိန်းမကို ကျွနုပ်မသိ၍ဖြစ်သည်။
ထို့ကြောင့် အရှေ့မှ မိန်းမအား ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပါသည်။

   ဤမိန်းမသည် ဂျမ်းထဘီအစိမ်းအား ရင်ခေါင်းတင်အနေအထားဖြင့်  ၀န်ဆင်ထားသည်မှာ ထူးဆန်းသည်။ ထို့ထက်ထူးဆန်းသည်မှာ
ညလယ်ကြီးတွင် ဆံနွယ်များ ဖါးလျားချထားခြင်းဖြစ်သည်။

-"ဟို ရေချိုးသွားမလို့လား"

      ကျွနုပ်တွေးနေသည့်အရာအား နှုတ်မှလွှတ်ကနဲထွက်သွားရသည်။
အားနာမိပါရဲ့။

သို့ရာတွင် ထိုမိန်းမသည် စိတ်မဆိုးဟန်ဖြင့်နှစ်ခြိုက်စွာပြုံးလျှက်။

-"မဟုတ်ပါဘူးကွယ်။"

-"အော်..ဟိုလေ..ဟို"

-"ပြောလေ သမီး"

     ထိုမိန်းမဆီမှ ထူးဆန်းသည့် အခေါ်အဝေါ်အကြား မျက်လုံးများပင် ပြူးကျယ်မိပါရဲ့။
သူနှင့်ကျွနုပ်မှာ မည်သို့ကြည့်ကြည့် အလွန်ဆုံးကွာမှ ၅နှစ်ခန့်မျှသာဖြစ်သည်။

*ဒီမိန်းမ ရူးများနေသလား*

-"မေမေ မရူးပါဘူး သမီးရယ်။
ကိုယ့်အမေကို မမှတ်မိပါဘဲ အဲ့လိုသာ လျှောက်တွေးနေရင် သမီးအပြစ်ဖြစ်လိမ့်မယ်"

-"ဟင်!မေ...မေ.. မေမေ!"

-"ဟုတ်ပါတယ်ကွယ်။ သည်မိန်းမက မင်းမေမေမှ မင်းမေမေ စစ်စစ်ပါကွယ်။ မဖြူနွယ်ပါကွဲ့"

-"ဘယ်လို!"

**မေမေက သေပြီးပြီ မဟုတ်ဘူးလား။
ဒါဆို ငါသေသွားတာ သေချာနေပြီပေါ့။
ဖေဖေကရော။
ဖေဖေရော အသက်ရှင်နေတာလား။
ဖေဖေနဲ့ မေမေ အတူမတွေ့ရတော့။
ဒါနဲ့ နေဦး။
ငါသေလို့မရ‌သေးဘူးလေ။
ဝါ။
ငါ့ပန်းကလေး။
အဲ့ပန်း‌လေးကို ထပ်ငေးကြည့်ရဦးမယ်။
အဲ့ထက်ပိုပြီး အခွင့်‌ရေးရရင် နမ်းရှိုက်ခွင့်ရချင်သေးတယ်။
မဟုတ်ဘူး။ ငါမသေရဘူး။ငါသေလို့မဖြစ်ဘူး။**

     ‌မေမေဟုဆိုသည့်တိုင် ၀မ်းမသာနိုင်ခဲ့ပါ။
အတွေးတို့သည် တောင်ပြေးမြောက်ပြေး ပြေးလေပြီ။ ထို့အတူ ကမ္ဘာကြီးပင် ပျက်သလိုခံစားရသည်။
ထိုသည်ကို သိသည့်အလား မေမေသည် ပုခုံးထက်သို့ လက်နှစ်ဖက်ဖြင့် ကိုင်တွယ်ရင်းက။

-"ကဲပါ သမီးရယ်။
အဲ့လောက်အထိ အတွေးမများစမ်းနဲ့။
ဒီမယ် မေမေပြောမယ် နားထောင်"

-"ဟုတ်"

-"သမီး မသေသေးပါဘူး။
မေမေ ပြောစရာရှိလို့ပဲ ခနခေါ်လိုက်တာ။"

-"ဟုတ်"

-"သမီး‌လေး"

-"ရှင်"

-"သမီး ဖေဖေမရှိဘဲလည်း သမီး သတ္တိရှိရှိနဲ့
အသက်ရှင်ရပ်တည်ရမယ်နော်"

-"ဟုတ်..။ဟင်!"

-"အင်း..သမီး ဖေဖေက သမီးဘေးမရှိနိုင်တော့ဘူး သမီး"

-"မဟုတ်တာ။
ဘာလို့မရှိရမှာလဲ။
မေမေ အဲ့လိုမနောက်ပါနဲ့။ သမီး..သမီး"

-"မေမေကဘာလို့နောက်ရမှာလဲ။
ဟိုမှာ ကြည့်လိုက်လေ။ သမီးဖေဖေကို"
     
      မေမေ့‌လက်ညှိုးထိုးပြသည့် နေရာသို့ ကျွနုပ်လှမ်းကြည့်မိတော့ ဖေဖေ့ကိုတွေ့ရ‌လေပြီ။
   ဖေဖေသည် မလှမ်းမကမ်းရှိ အုပ်ဂူတစ်လုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျှက် နေသည်။
မျက်နှာသည်လည်း များစွာညှိုးငယ်လျှက်ရှိသည်။

-"ဖေဖေ!"

      ကျွနုပ် ဖေဖေ့ကိုမြင်သည်နှင့် သွားရန် ပြင်လိုက်သော်ငြား ခြေလှမ်းတို့လှမ်းမရခဲ့။

-"ဖေဖေ! ဖေဖေ!"

-"သမီး။‌ဖေ‌ဖေ့ဆီ မလာနဲ့ သမီး။
ဖေဖေတို့ ဘ၀ခြားနေပြီ‌လေကွယ်။"

-"မဟုတ်ဘူး ဖေဖေရယ်။
အမှန်မဟုတ်ဘူးလို့ ပြောစမ်းပါ။
ဘာလို့လဲ..ဘာလို့လဲ ဖေဖေရယ်..။အဟင့်"

-"သမီးရယ်။ "

     မေမေသည် ကျွနုပ်အား ဖက်တွယ်‌လေသည်။ပြီး နဖူးထံသို့ အနမ်းတစ်ပွင့်‌ပေး‌လိုက်‌သေးသည်။

"ပြန်တော့‌နော်..သမီးလေး။
ဒီကိုလာဖို့ အချိန်မတန်သေးဘူးကွဲ့။
အချိန်တန်ရင်‌တော့ မေမေ လာခေါ်ပါ့မယ်။
ဒီကြားထဲ မေမေတို့ သမီးလေးအနား မရှိနိုင်တာကို‌တော့ ခွင့်လွှတ်ပါ‌နော်။
မေမေတို့ တတ်နိုင်သလောက်
အဝေးက စောင့်ရှောက်ပေးနေပါ့မယ်။နော်။"

-"အဟင့်! မေမေ! ဖေဖေ!"

         ကျွနုပ် ဘာကိုမှမတွေးနိုင်တော့ပါ။
ရင်တွင်းနာကျင်ခံစားမှုတို့ကြောင့် မေမေ့ကိုသာ
ဖက်တွယ်ရင်းဖြင့် ရှိုက်ငိုမိတော့သည်။
ထိုအချိန်တွင်-

-"အ..အနိုင်.."

     နားထဲတွင်ပဲ့တင်ထပ်လာသည့် ချိုသာသည့်အသံတစ်ခု။
ထိုအသံကြောင့်ပင် မိမိမျက်လုံးများကို ဖွင့်ဟကြည့်လိုက်ပါသည်။

-"ဟယ်.. အဇူ‌လေး သတိရလာပြီ"

-"အမလေး ။ မိဇူရယ်
ခုမှပဲ စိတ်အေးရတော့တယ်"

   ကျွန်ုပ်စတင်မြင်တွေ့ရသည်က မမနု။
မမနုဘေးတွင်မှ အရီးတင်မြနှင့်အတူ မခိုင်တို့ရှိသည်။သူတို့ကိုမြင်မှသာ ကျွနုပ်စိတ်အေးရသည်။

-"ဟူး တော်သေးတာပေါ့ အိမ်မက်ဖြစ်နေလို့"

-"အနိုင်"

    ကျွန်ုပ် သက်မချရင်းထိုသို့ဆိုမိတော့ အနီးမှ အသံသေးသေးလေး တစ်သံကြားလိုက်ရသည်။
ထို့ကြောင့် အလန့်တကြားဖြင့် ကြည့်မိစဉ်ခန။

-"အယ်..ဝါ..ဝါက ဘယ်လိုလုပ်..ကျုပ် ကျုပ်ကို..ဖက်..ဖက်ထား"

-"အို!"

         ကျွနုပ်အပြောကြောင့် သူမသည် ဆတ်ကနဲပင်ရုန်းထွက်လိုက်သည်။
ရင်မှအနွေးဓတ်ကလေး လှစ်ဟာသွား‌လေပြီ။

-"ဟယ် မိနိုင်ရယ်။
နင်ကပဲ ဆွဲဖက်ပြီး အဝါ့ကို ပြန်မေးရတယ်လို့"

-"ကျုပ်ကလား"

-"အေးလေ"

        စပ်စုစိန်ပီပီ မနေနိုင်စွာ ၀င်ပြောလာသည့်
မခိုင်ပင်။
ထိုအခါမှ ကျွနုပ် ကိုယ့်အဖြစ်ကို ပြန်သတိရသည်။
ဟုတ်ပါရဲ့။ ကျွန်ုပ် အိမ်မက်ထဲမှာ မေမေ့ကို  ဖက်လိုက်‌သေးသည်။
ထိုကို အပြင်မှာပါ ဖက်ထားမိတဲ့ပုံ။

-"အာ..ဝါ။ ကျုပ်..ကျုပ် တောင်းပန်ပါတယ်"

-"ရ..ရပါတယ်။"

သူမသည် ထိုသို့ ပြန်ပြောသည့်တိုင် ကျွနုပ်ကို
ကြည့်မနေပါ။ ခေါင်းငုံ့ကာနေသည်။
သို့တိုင် နားရွက်ဖျားကလေးများ ရဲနေသည်ကိုတွေ့သည်ကြောင့် ကျွနုပ်ပြုံးလိုက်မိသည်။

ကျွနုပ် ပန်းကလေးမှာ ရှက်နေလေပြီ။
ချစ်စဖွယ်ပင်။
မြတ်နိုးဖွယ်အတိ။
ကျွနုပ် နှလုံးသားထဲတွင် ဖလင်ကလေးများ
ပါလျှင်‌ကောင်းမည်။ဒါမှသာ ယခုပုံလေးအား ဓာတ်ပုံရိုက်ထားလို့ရမည်။ ပြီးပါက ခနခန ထုတ်ကြည့်ကာငေးပါမည်။

-"ဒါနဲ့လေ အဇူ‌လေး။ မင်း သတိရလာပျော်ပေမယ့် ဟို ဟိုဦးလေးအောင်မြင့်က..."

-"မနု!"

    မနုဆိုလာသည်ကို ဝါက ကပြာကယာတားသည်။ ထို့နောက် ကျွနုပ်အနီးမှထလျှက် မနုလက်ကို ဆွဲ၍
တဲပြင် ထွက်သွားသည်။

-"အဝါရယ်..သူ့ကိုမပြောလို့မှမရဘဲ"

-"မပြောလို့မရလည်း အခုချိန်က.."

     သူမတို့သည် တဲပြင်တွင် အကြောင်းအရာတစ်ခုကို အချေအတင် ပြောဆိုနေကြသည်။
တစ်ချက်တစ်ချက် ကျယ်ကာထွက်လာသည့်
စကားသံကိုတော့ ကျွနုပ်နားမထောင်ဘဲနှင့် ကြားနေရသည်။
သေချာသည်က ဖေဖေ့အကြောင်းပင်ဖြစ်မည်။
ရင်ထဲတွင် လေးပင်နေ‌လေသည်။
   များမကြာမီ သူမတို့နှစ်ယောက်မှာ အထဲသို့ ပြန်ဝင်လာခဲ့သည်။သို့သော် မျက်နှာတို့ ကောင်းမ‌နေပါ။
ဝါဆိုလျှင် ခေါင်းကိုပင်ငုံ့ထားလေရဲ့။

-"အဇူလေး"

-"ဟုတ်"

     မနုသည် ကျွနုပ်နာမည်အား ခေါ်စဉ် ဝါက မနုမျက်နှာအား ဖြတ်ကနဲလှမ်းကြည့်သည်။
ကျွနုပ် လက်သီးကိုတင်းတင်း ဆုတ်လိုက်သည်။

-"ပြော..‌ပြောပါ။ မမနု"

-"ဟို..ဟို။ မင်းဖေဖေကလေ..ဟို..ဟို ဆုံး..ဆုံး"

-"ရပြီ မမနု။ ဘာမှမပြောတော့ပါနဲ့။
ကျွန်မ ဖေဖေ့ကိုတွေ့ချင်တယ်။
အခုအချိန် မမနုတို့ဘာပြောပြော
ကျွန်မ လက်ခံနိုင်မှာမဟုတ်လို့။
ကောင်းကောင်းဆိုးဆိုး မျက်စိနဲ့တပ်အပ်
မြင်တာကိုပဲ ယုံချင်လို့ပါ"

-"အင်း..အင်းပါ..အဇူ။
အဲ့ဆို မမတို့ သွားကြရအောင်နော်။
ဟိုနားမှာ မင်းဖေဖေရှိတယ်"

        ကျွနုပ် သတ္တိမရှိ‌သော်လည်း တတ်နိုင်သမျှအားထင်းထားမိသည်။‌ အမှန်တရားဆိုတာကို ကောင်းကောင်းဆိုးဆိုး လက်ခံတတ်ရမည်‌။
ကျွနုပ်အပြစ်မရှိစေကာမူ ကံကြမ္မာက အပြစ်ဒဏ်‌ခတ်လာလျှင် ခံယူရမည်သာ။

-"ဖေဖေ"

-"ဖေဖေရယ်"

-"အနိုင်!"

-"အဇူလေး!  သတိထားပါကွယ်"

     ကျွနုပ် အားတင်းလာခဲ့သော်လည်း
ဝါးကွပ်ပြစ်ပေါ် ပက်လက်ကလေးအိပ်နေသည့်
ဖေဖေ့ကိုမြင်ရုံဖြင့် ခြေလှမ်းတို့ မခိုင်ချင်တော့ပါ။
ဘေးသို့ ဝါနှင့်မမနုတို့ လာတွဲဖေးမ၍တော်သေးသည်။
အံကိုတင်းတင်းကြိတ်ထားလိုက်သည်။
သူတို့လက်ထဲမှလည်း အသာရုန်းထွက်လိုက်သည်။ ထို့နောက် လဲနေသည့်ဖေဖေ့အနီးသို့
တဖြေး‌ဖြေးချင်း တိုးကပ်သွားလိုက်ပါသည်။

-"ဖေဖေ။"

ဖေ့ဖေ့အနီးတွင် ထိုင်လျှက် သူ့လက်များကို ထပ်မံဆုပ်ကိုင်ကာ ခေါ်ရသည်။
အမြဲနွေးထွေးနေတတ်သည့် ဖေဖေလက်က‌လေးများသည် များစွာ အေးစက်ကာ‌နေသည်။
ဖွေးဉသည့် အသားအရည်သည်လည်း ပြာသည့်ဘက်သန်း‌နေလေပြီ။ နီရဲရဲနှုတ်ခမ်းများသည်ပင် ဖြူစွတ်နေခဲ့သည့် ဖေဖေသည် ယခင်ကဲ့သို့ ကျွန်ပ်ခေါ်သည်ကို ပြန်ထူးမလာ‌တော့ပါ။မထူးနိုင်တော့သည် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
ရင်တွင် အပူလုံးများ တစ်လိမ့်ချင်းတက်လာသည်။
အာခေါင်ပင် ခြောက်လာသလိုရှိသည်။
သို့ရာတွင် ဖေဖေ့ကို စကားလုံးများစွာ ပြောချင်
‌သေးသည်ကြောင့်။

-"ဖေဖေ"

-"ဖေဖေ ထပါဦး‌"

-"ထပါဖေဖေရယ်။
အနိုင် တောင်းပန်ပါတယ်နော်။
ဖေဖေ့ကို စိတ်ဆိုးမိလို့ အနိုင်တောင်းပန်ပါတယ်။
အနိုင် ဒီတစ်ခါပဲ ဂျစ်တိုက်ဖူးတာပါ။
ဒါကိုမှ ဖေဖေ စိတ်ဆိုးသပါ့ဆိုလည်း ခါတိုင်းလို ခေါင်းကိုခေါက်လှည့်ပါ။ဒါမှမဟုတ်
စကားမပြောဘဲ နေချင်သပါ့ဆိုလည်းနေပါ။
ဒီလိုကြီးတော့...ဒီလိုကြီးတော့"

-"အနိုင်ရယ်"

-"အဇူကလေး"

    သူမတို့နှစ်ယောက်သည် ကျွနုပ်ဘေးတွင်
လာရပ်ကာ မျက်နှာမကောင်းစွာ ကြည့်‌နေကြသည်။ ပုခုံးတစ်ဖက်တစ်ချက်ကိုလည်း လာရောက်ကိုင်တွယ်ကြ‌သေးသည်။

-"အဇူ အားတင်းထားပါကွယ်။
မမနုတို့ရှိတယ်နော်"

-"အနိုင်ဘာမှမဖြစ်ပါဘူး မမနုရဲ့ အဟီး"

ကျွနုပ်ရင်ထဲတွင် ဗလာဖြစ်နေခဲ့ပြီ။
ခံစားချက်တွေများလို့ ထုံသွားခဲ့လေသလားမသိ။ မမနုနှင့်ဝါတို့ မျက်နှာမကောင်းသည်ကိုပင်
ရယ်ပြလိုက်‌သေးသည်။

-"အနိုင်ရယ် ။တို့ရှိပါတယ်ကွယ်။
တို့ရှိပါသေးတယ်ကွ...ငိုချင်ငိုလိုက်နော်။
ငိုချလိုက်စမ်းပါကွဲ့"

-"ဟင့်အင်း။
ဘာလို့ငိုရမှာလဲ။
ဖေဖေမှ ဘာမှမဖြစ်တာကို။
ဟုတ်တယ်နော် ဖေဖေ။
အနိုင့်ကို စိတ်ဆိုးလို့ စကားပြန်မပြောတာလို့။
ထပြော‌စမ်းပါဦး။
အနိုင့်ကို ပြုံးပြပြီးတော့ ခါတိုင်းလိုပဲ -
"ဟုတ်ပါ့ဗျာ ငါ့သမီးရဲ့ သဘောရှိ သဘောရှိပါ"-ဆိုပြီး ပြောစမ်းပါဦး ဖေဖေရဲ့!"

        ကျွနုပ် ဖေဖေ့လက်ကလေးကို လှုပ်ရမ်းကာ
ကယောင်ကတမ်းဆိုမိပါတော့သည်။
အမှန်တရားကိုလက်ခံနိုင်ဖို့ ခွန်အားမည်မျှလိုအပ်မည်လဲ။
သိသိကြီးနှင့်ပင် လက်မခံနိုင်ခဲ့ပါ။
ရူးတော့မည်ထင်သည်။

-"အနိုင်ရယ်"

အဝါရောင်ပန်းတစ်ပွင့်သည် ကျွနုပ်ကိုထွေးပွေ့ခဲ့ပါသည်။။ ရင်ခွင်နွေးနွေးတွင် ထွေးပွေ့လျှက်မှ တသိမ်သိမ့်ရှိုက်ကာ ငိုနေလေရဲ့။

-"နိုင်ကလေးရယ်။ အဟင့်"

ကျွနုပ်မှာမူ သူမနည်းတူ လိုက်ငို၍မရခဲ့ပါ။
ရင်တွင်းမှရှိုက်ငိုသံတို့သည် အပြင်သို့ဖွင့်ဟမလာခဲ့ပါ။

-"အဇူရယ်..ငိုချလိုက်တော့နော်။
မမနု တောင်းဆိုတာပါကွယ်။
ဒါမှ ရင်ထဲနေလို့ ထိုင်လို့ကောင်းသွားမှာကွဲ့"

    မေး‌ကျောကြီးထောင်သည်အထိ အံကိုကြိတ်ထားမိသည်ကို မြင်သည့် မမနုမှ ကျွနုပ်ခေါင်းကို ဖွဖွပုတ်၍ ထိုသို့ဆိုသည်။

ဖေဖေလည်း ထိုသို့လုပ်တတ်သည်ပဲ။

ထို့ကြောင့် ဦးခေါင်းကို ရှောင်ထွက်လိုက်ရင်း။

-"မမနု အနိုင့်ခေါင်းကိုမပုတ်ပါနဲ့။
ဒီကမ္ဘာမှာ အနိုင့်ခေါင်းပုတ်လို့ရတာ
ဖေဖေပဲရှိတယ်။
ဟုတ်တယ်နော်ဖေဖေ"

-"အဇူရယ်"

-"အနိုင်။အဟင့်
နိုင်ကလေး.ရယ်။
ရွှတ်.တို့တောင်းပန်ပါတယ်။
တို့တကယ်တောင်းပန်ပါရဲ့။အဟင့်။
မင်းအဲ့လိုဖြစ်နေရင် ရွှတ် မင်းကိုအဲ့လိုမြင်ရင်
တို့..တို့ မခံစားနိုင်ဘူး အနိုင်။အဟင့်ဟင့်
တို့ တကယ်မခံစားနိုင်‌တော့ဘူး။
ဟင့်..စဉ်းစားလှည့်ပါဦး ။
ပန်းချစ်သူဉယျာဉ်မှူးနာကျင်‌နေရင် ပန်းကလေး‌ပါ လိုက်နွမ်းရမယ့်အဖြစ်ကို ဟင့်.. အနိုင်စဉ်းစားလှည့်ပါ။တို့ကို အနိုင်သနားလှည့်ပါဦးကွယ် အဟင့်!"

   ရှိုက်ငိုလျှက်ကြားက ပလုံးပထွေးဖြင့် အသနားခံလာသည့် ပန်းကလေး‌ကြောင့် ဘာကိုမှမမြင်နိုင်‌တော့ပါ‌ချေ။
တွေးလည်းမတွေးနိုင်တော့သလို
တွေးလည်းမတွေးချင်တော့ပါ။
ဝါ့ရဲ့ကျောပြင်‌ဆီသို့သာ ပြန်လည်သိုင်းဖက်ထားလိုက်သည်။လွှတ်ထွက်သွားမှာ စိုးသည့်အလား
ဖက်တွယ်ထားမိသည်။
ကျွန်ုပ်၌ ဘာမှမရှိတော့သည့်တိုင် ငေးစရာပန်းကလေးတော့ ရှိနေခဲ့သည်မဟုတ်လား။
ဒါကို ကျွနုပ်ဘာကြောင့် မေ့သွားရသလဲ။
တော်သေးသည်။
ဝါရှိနေ၍ တော်ပါသေးသည်။
မဟုတ်ရင် ကျွန်ုပ်ရူးသွားနိုင်သည်။

-"ဝါ.. ။အနိုင့်ရဲ့ဝါရယ်"

-"ဟုတ်တယ် အနိုင်။
တို့ အနိုင်ရဲ့ဝါပါ။
အနိုင့်အပိုင် ဝါ ပါကွယ်။
ဝါရှိနေတာမို့...ဝါရှိနေ‌သေးတာမို့ ။
အနိုင် အားမငယ်ပါနဲ့။
ဝါ ကာကွယ်ပေးစမ်းမယ် အနိုင်။
နူးနူးညံ့ညံ့ ပွင့်ဖတ်‌လေးပင်ဖြစ်ပါစေ။
အကြွေခံပြီး အနိုင့်ရှေ့က ကာကွယ်ပေးစမ်းမယ်"

-"ဝါရယ်.."

ကျွန်ုပ်ပါးပြင်တို့  စိုစွတ်ခဲ့‌လေပြီ။
ချစ်ရသည့် ပန်းကလေးသည် သူ့ရဲ့ လှလှပပပွင့်ဖတ်‌လေးတွေပင် အကြွေခံကာ ကာကွယ်မည်တဲ့။
ပန်းချစ်သူ ကျွန်ုပ် ရှက်မိပါရဲ့။
သိပ်ကို ရှက်မိပါရဲ့လေ။
သည်ပန်းကလေးသာ မိမိကြောင့် နွမ်း‌ကြွေရလျှင်  တစ်သက်လုံး ယူကျိုးမရဖြစ်ရတော့မည်။
ဒါကို မသိ၍ပြောလေသလား။

-"ဝါရယ်..အဟင့်! ။
မသိလို့လားဟင်။
မသိလို့များ ခုလိုစကား ပြောသလား။
ကျုပ်ငေးကြည့်ချင်တဲ့ ဒီပန်းကလေးသာကြွေရရင် ကျုပ် သေဆုံးတာထက်ဆိုးမှာကို မသိလို့လားဗျာ။ တောင်းပန်ပါတယ် ဝါ။
ကျုပ် တောင်းပန်ပါတယ်။
ကျုပ်မှာသာ ပန်းချစ်သူဖြစ်လျှက် အဖြစ်မရှိတာမို့ ကျုပ်အများကြီး တောင်းပန်ပါတယ်"

-"ဟင့်အင်း..ဟင့်အင်း"

-"ကျုပ် ရှင်သန်ပေးပါ့မယ်ဝါ။
ကျုပ်ငေးကြည့်မယ့် ပန်းကလေးရှိနေသမျှ
ကျုပ် ခက်ခဲစမ်းပါစေ  ရှင်သန်ပေးပါ့မယ်"

-"ကျေး..‌ကျေးဇူးတင်ပါတယ် နိုင်ကလေးရယ်"

     ကျွနုပ် ရင်ခွင်ထဲမှ မျက်နှာလေးအား မေးဖျားကလေးမှဆွဲကာမော့မိသည်။
ထို့နောက် ဝါ့ နှုတ်ခမ်းဘေးရှိ မှဲ့ကလေးသို့ လက်မဖြင့် ပွတ်သပ်လိုက်သည်။
ထိုစဉ်  သူမ မျက်လုံးကလေး မှတ်ကျသွားလေပြီ။
တစ်လိမ့်ချင်း‌ပြေးဆင်းလာသည် ပုလဲဉသည်လည်း ကျွနုပ် လက်ပေါ်သို့ ကြွေကျလာသည်။
သည်မျှနှင့် လုံလောက်ပါပြီ။
ကျွနုပ်ပန်းကလေး သည်မျှပင်ပန်းရလျှင်
လုံလောက်ပေပြီ။
ဒီထက် မပင်ပန်းစေလိုတော့ပါ။
ယခုပင် ပွင့်ဖတ်တို့မှာ နွမ်းနေခဲ့ချေပြီ။
ထို့နည်းတူ ကျွနုပ်လည်း ပင်ပန်းနေခဲ့‌လေပြီ။
ပန်းရနံ့အား ရှုရှိုက်မှသာအမောပြေ‌တော့မည်ထင်သည်။
ပန်းချစ်သူအနမ်းတစ်ပွင့်ဖြင့်ဆို ပန်းကလေးလည်းလန်းနိုင်မည်‌ထင်ပါရဲ့။
ကျွနုပ် အရှေ့မှနှင်းဆီဖူးသဖွယ် ရဲရဲစိုနေသည့် နှုတ်ခမ်းသားထံ ငေးစိုက်ကြည့်လိုက်သည်။
ထို့နောက် မရဲတရဲဖြင့် တိုးကပ်မိလိုက်စဉ်ခန။

-"အဟမ်း! .ငါ..ငါရှိ‌သေးတယ်ဟဲ့!"

27-12-2023

*************

Continue Reading

You'll Also Like

2.9M 194K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
11.6M 344K 43
***GirlXGirl Romance*** Living in New York you learn to keep up with the quick pace of the city, myself included. I was never the one to stop and sme...
10.3M 268K 45
Dulce Gavin, a 17 years old girl who doesn't like to watch TV accidentally met and helped a drop dead gorgeous teenager named Glace. They hit it off...
Chemistry By Teddy

Teen Fiction

6M 186K 44
The school knows Ezra as the mysterious badass who always speaks her mind, but the truth is that she is barely holding on. She is forced to work long...