အခန်း(၅)
ဝါ
ကျွနုပ်အသည်းပန်း ဝါ။
ထိုပန်းကလေးသည် ခြေလှမ်းကြွကြွရွရွကလေးဖြင့် အက်ဘောင်ပေါ်တွင် တစ်လှမ်းချင်းလှမ်းကာနေသည်။လံုချည်ကေလးတစ်ဖက်မကာ
လာနေသည့် ပန်းဘုရင်မေခြရင်းတွင် ဘောင်ပေါ်ရှိ ထနောင်းပွင့်ဝါတို့သည် ခယ၀ပ်လျိုးကုန်သည်။
ကျွန်ုပ်နှလံုးသားေလးသည်လည်း ထိုပန်းများနည်းတူ အဝါရောင်ခြေရင်း၌ ခယ၀ပ်လျိုးလေပြီ။
အခွင့်ရလျှင် မည်မျှအထိ လွမ်းဆွတ်နေမိကြောင်း
ထိုခြေရင်းမှာ၀ပ်ဆင်းရင်းက ပြောပြချင်ပါရဲ့။
မလှုပ်မရှက်ပင် မျှော်ကာငေးနေမိတော့
လက်မောင်းကို လှုပ်ကာခေါ်လာသည့် မမနုပင်။
-"အဇူလေး"
-"ဟင်..ရှင်။ရှင်"
-"ဘာငေးနေတာလဲ လာလေ အထဲသွားရအောင်"
-"အာ..ဟုတ်"
အဝါရောင်ကလေးကို ငေးရင်းဖြင့်ပင်
မမနုခေါ်ရာနောက်သို့ ယက်ကန်ယက်ကန်ဖြင့် ပါသွားရသည်။
ကျွနုပ်တို့ တဲဆီသို့ အရောက်တွင် ဝါသည်လည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ၀င်လာလေသည်။
သူမတစ်ယောက်တည်းမဟုတ်ခဲ့ပါ။
အနောက်တွင် ထန်းေခါက်ေတာင်းကို ထမ်းလျှက် ၀င်လာသည့် ကိုကျော်အေးလည်းပါသည်။
-"အဝါရယ် ခုမှပဲပေါ်လာတော့မယ်။
ငါတို့ဖြင့် ညည်းကိုမျှော်လိုက်ရတာအေ"
-"ဟုတ်ပါ့အေ။
ပျောက်ချက်သားကောင်းချက်တော်။
တော်သေးတာပေါ့ အချိန်မီ ရောက်လာေသးလို့။ မဟုတ်ရင် ဒီငါးတွေကို ကျုပ်တို့ ဘယ်နားထားရမယ်မှန်းကို မသိဘူးတော့"
သူမကိုမြင်လျှင်မြင်ချင်း အရီးတင်မြနှင့် မခိုင်
တို့မှာ တဲထဲရှိ များစွာသော ငါးေသတ္တာများသို့ လက်ညှိုးထိုးလျှက် စီးကာ ပြောကြသည်။ သူမ မရှိသည့်
ရက်များတွင် အလုပ်တွေအစီအစဉ်မကျ ရှိသည့်ပုံပင်။
-"ဟုတ်ကဲ့ပါ အရီးရဲ့။ ကျွန်မ ဒီရက်ပိုင်း အလုပ်ကလေးနည်းနည်းရှုပ်သွားလို့မလာဖြစ်တာပါ။"
-"အမယ်လေးတော် ညည်းအလုပ်မရှုပ်တဲ့အချိန်ရော ရှိလို့လား။ ဒါနဲ့ ဟိုငမူး ဖိုးထောင်ရောမပါဘူးလားဟဲ့"
-"မပါပါဘူး အရီးရယ်။ သူ့အကြောင်းသိသားနဲ့။
ကဲပါပြောမနေနဲ့ ဒီမယ် မှာလိုက်တဲ့ပစ္စည်းေတွနဲ့လိုအပ်တဲ့စရိတ်တွေ ပါလာ။
ဟော်တော် ကိုကျော်ေအး!။
အခုထိ မချဘဲနဲ့ ဘာလုပ်နေတာလဲ။
အလေးခံတယ်တော်"
သူမသည် အရီးတင်မြကို ပြောရင်းဆိုရင်းဖြင့် ကိုကျော်အေးထမ်းလာသည့် တောင်းကိုချကူသည်။
တဆက်တည်း ကိုကျော်အေးအား စိတ်ပူသလို
ဆိုလိုက်သေးသည်။
အရိုးခံ ကိုကျော်အေးသည် ခိုင်းလျှင်ခိုင်းသည့်အရာသာလုပ်တတ်သည့် လူဖြစ်သည်။အလိုက်တသိဖြင့် စဉ်းစားတွေးခေါ်ရန်လည်း စိတ်မလည်သည်ကြောင့် သနားစရာလူပင်။
-"ဟုတ်ပါ့ ကျော်အေးရယ်။ နင့်မလဲ
ချဆိုမှချတော့တာပဲ။ ငါတို့လည်း အဝါ့ကို ပြောနေတာနဲ့ နင်ထမ်းထားတာကို သတိမရတာဟေ့"
-"ရပါတယ် အရီးရ။ ကျုပ်က ထမ်းထားဆိုလည်း
တနေကုန်ထမ်းထားမှာပါ။"
-"အမလေး ကျော်အေးရယ် နင့်ကိုဘယ်သူမှ နေကုန်မထမ်းခိုင်းပါဘူးဟဲ့။ သူများကြားရင် ငါတို့ပဲ လူဆိုးမတွေဖြစ်ကုန်ပါဦးမယ်"
-"အဲ့လို သဘောမျိုးမဟုတ်ပါဘူးဗျာ မခိုင်ကလည်း။
အဟီး"
မနေနိုင်တော့သည့် မခိုင်၀င်ကာပြောမှ သွားကြီးဖြီးကာ ခေါင်းကုတ်နေသည့် ကိုကျော်အေးပါလေ။
ကျွနုပ်တို့ အကုန်လုံးမှာ သူ့ကိုကြည့်ကာဖြင့် တပြိုင်နက်တည်း ပြုံးမိကြသည်။
ဒီလူရိုးကြီးကို စနောက်ရသည်က ပျော်စရာကြီးဖြစ်သည်။
-"ဒါနဲ့အရီး ဒီကိုလာကြည့်ပါဦး။
မှာလိုက်တဲ့ပစ္စည်းတွေ အကုန်ပါရဲ့လားလို့"
-"အော်..အေးအေး"
ကျွနုပ်ရဲ့ပန်းကလေးသည် သူ့အလုပ်နှင့်သူ
ရှုပ်နေရသည်မှာ ကျွနုပ်ကိုပင် မမြင်ဟန်ရှိသည်။
သို့သော် ကျွနုပ်၀မ်းမနည်းမိပါ။
ကျွနုပ်ပျော်ပါသည်။
တောင်းထဲမှ ပါလာသောပစ္စည်းများကို တစ်ခုချင်းထုတ်ပြနေသည့် ကျွနုပ်ရဲ့ ပန်းကလေးအား အားပါးတရေငးကာ ကျွနု်ပ်ပျော်ေနမိသည်။
သူမသည် အဝါရောင် ခါးတိုဇာအကျီနှင့်အတူ အဝါဆင်ပေါ် အဖြူပွင့်ကလေးများပါသည့် လုံချည်တို့ကို တွဲဖက် ၀တ်ဆင်ကာ ထားသည်။
ထို့အတူ ခြေဖဝါးတွင် တစ်လက်မထုရှိ အဝါရောင်ကတ္တီပါ ဖိနပ်ကိုစီးလျှက် ပုံ့ပုံ့ကလေးထိုင်နေေသည်မှာ ဖျစ်ညှစ်ပစ်လိုက်ချင်စရာ ကောင်းသည်။
တစ်ချက်တစ်ချက် အရီးတင်မြတို့နှင့် စကားပြောဆိုရင်းဖြင့် ဆံနွယ်များ သပ်ကာတင်လိုက်လျှင် ကျွနုပ်မှာ အလိုလို ပင့်သက်တို့ရှိုက်ရသည်။
ပြုံးချိုစွာဆိုတိုင်း လက်ကနဲဖြစ်သွားတတ်သည့် နှုတ်ခမ်းဒေါင့်မှ မှဲ့စိမ်းေလးသည်ပင် မြတ်နိုးဖွယ် ကောင်းသည်။ ထို့အတူ ဘယ်ဘက်ပါးမို့မို့ရှိ
စပါးတင် မှည့်ကလေးသည်လည်း တမျိုး
နှစ်သက်စရာကောင်းေနသည်။ နားကြားတွင်
အမြဲပန်ဆင်ထားတတ်သည့် အဝါရောင်ပန်းပွင့်ကလေးသည်လည်း ယနေ့မှ နမ်းရှိုက်ပစ်ချင်စရာ
ေကာင်းေနေသးသည်။
-"ဒီမယ် အရီးရဲ့ အရီးမှာလိုက်တဲ့ လက်ဖက်နဲ့အကြော်ဆံလေ"
-"အေးပါအေ။ ဒါနဲ့ ဆေးလိပ်ရောပါသလား။"
-"ဟုတ် ပါတယ်အရီး။
ကျွန်မ သေချာကို ၀ယ်ထည့်လာတယ်။
ခနနော်။"
-"အေးပါ"
-"အယ်..တွေ့ပြီေတာ့..တွေ့ပြီ။ ဒီမှာအရီး"
-"အေးပါအေ။ "
-"ဒါနဲ့ အဝါရေ။ ငါမှာလိုက်တဲ့ ကြမ်းလုံချည်လေးရောပါရဲ့လား။"
-"ပါတာပေါ့ မခိုင်ရယ်။ ဒီမှာရော့"
-"ကျေးဇူးပါအေ။ဒါ ငါကထိန်ကျရင် ၀တ်ရမှာအေ့။"
_"ဟုတ်ပါပြီတော် အဲ့တာသိလို့ ကျွန်မလည်း
အဆင်လှလှလေး ရွေးလာပါတယ်"
-"ဟင်.. ဟုတ်သား။ လှတယ်တော့
ငါကြိုက်တယ်ဟေ့။ ကျေးဇူးပဲအေ"
-"အမယ်လေး ပြောရမယ့်လူတွေကျနေတာပဲ မခိုင်ရယ်"
-"ဒါနဲ့ မနုရေ ပစ္စည်းတွေ လာမယူတော့ဘူးလား။
အဲ့နားမှာပဲထိုင်နေေတာ့မလို့လား"
သူမသည် အလှုပ်ရှုပ်လျှက်ကြားက မမနုကို ထိုသို့ခေါ်လာသည်။ ကျွနုပ်ထံသို့ အကြည့်မမည်သည့် အကြည့်တစ်ချက် ဖြတ်ကနဲ ဝေ့လာသည်။
ထိုကို အမိအရ သွားကလေးဖြီးကာ ပြုံးပြမိစဉ် ဆံနွယ်ကလေးကို နားရွက်ကြားညှပ်ရင်းက တောင်းဆီ အကြည့်လွှဲလေသည့်သူမ။
ချစ်စဖွယ်ပင်။
-"အဇူလေး ခနနော်။ မမနု ပစ္စည်းသွားယူဦးမယ်"
-"ရပါတယ် မမရဲ့ သွား"
ကျွနုပ် လက်တစ်ဖက်အား ဖြစ်ညှစ်ကိုင်တွယ်ပြီးသည်နှင့် မမနုက ထသွားေလသည်။
-"လာသေးတယ်နော်။ ချစ်ညီမအနား အလွမ်း
သယ်နေလို့ မလာများ မလာတော့ဘူးလားလို့"
တောင်းမှပစ္စည်များကိုရှာေဖွဟန်ဖြင့်
ခပ်ထေ့ထေ့ ထိုစကားကိုဆိုသည့် သူမ။
ကျွနုပ် မျက်လုံးများပင် ပြူးကျယ်သွားရသည်။
ဒါ မနုနဲ့ကျွနုပ်ကို အူတိုသမုတ်ခြင်းပေလား။
-"မဟုတ်ပါဘူး အဝါရယ်။
အဇူကလေး နေမကောင်းလို့ ထိုင်နေေပးတာပါ။
ပြီးတော့ နင်ကဘာမှမပြောတော့ ငါမှာတာများ
မပါလို့လားလို့။"
ထိုသည်ကိုမသိသည့် မနုမှာ ဝါ့ကိုပြုံးလျှက်ဖြင့် ထိုသို့ဆိုသည်။ ထိုအခါမှ စိတ်ပူဟန်ရှိသည့် မျက်၀န်းညိုညိုကလေးသည် ကျွနုပ်မျက်နှာမှ ခြေဖျားအထိ ဝေ့တော့သည်။ ကျွနုပ်ပြုံးလျှက် ခေါင်ငြိမ့်ပြလိုက်မှ
ပြန်လည်ပြုံးပြလာသည့်သူမက တဆက်တည်း
မမနုကို မော့ကြည့်ပြန်သည်။
-"ဟော်တော် မပါစရာလားတော့။
ကိုယ့်ယောက်မလောင်းေလးအတွက်ပဲ။
ဒီမှာပါတော် ရေစိုမိတ်ကပ်နဲ့နှုတ်ခမ်းနီရယ်။
ပြီးတော့ ရှင်တို့နှစ်ယောက်အတွက် မဂ်လာအကြို ချိတ်ထဘီနဲ့ ဦးကြမ်းပုဆိုးပါပါသေး။"
-"ဟယ် အဝါ။ ဘာတေပြောနေတာလဲ လူကြားထဲမှာ"
မမနုသည် သူမကို မျက်စောင်းထိုးလျှက် ရှက်ရမ်းရမ်းေလသည်။
ဝါသည်လည်း ဘယ်အကြောင်းကြောင့် လူကြားထဲတွင် ထိုသို့ပြောရသလဲ ကျွနုပ်မသိပါ။
ယောက်မချောချောလေးကို အများရှေ့ထုတ်ကြွားခြင်းပေလား။
-"ဝိုး...မိနု မိနု။ ငါတို့အချင်းချင်းကို လျိုတယ်နော်။"
-"ဟုတ်ပါ့ မိနုမရယ်။ စားရတော့မယ်ဆိုလည်း
ကြိုပြောဦးမှပေါ့"
-"ဟာ အရီးတို့ကလည်း ဘာမှန်းမသိဘူး"
သူမစကားကြောင့် ဘေးရှိလူများကပါ မနုကို
ဝိုင်းကာစနောက်ကြလေသည်။ ဒီပုံနှင့်ဆို မကြာခင်တွင် မမနုတို့ မဂ်လာသီတင်းကြားရတော့မည် ထင်သည်။
-"အမလေး ရှက်မနေပါနဲ့ အခုမှတော့။
ရော့ ဒီဟာယူ ယောက်မလေးရဲ့"
-"အေးယူမယ်ဟေ့ ယူမယ်။
မပြောချင်ဘူးနော်မိဝါ။
နင်ငါ့ကို အချွန်နဲ့သိပ် မတာပဲ"
မမနုသည် သူမဆီမှ အဖြူေရာင်လက်ဆောင်အိတ်ကလေးကို ယူရင်းဖြင့် တစ်ဆက်တည်း သူမကို ထိုအိတ်နှင့် ထုချလိုက်သည်ကြောင့် ကျွနုပ်တို့ မှာ မတိုင်ပင်ပါဘဲ ပြံုးမိကြေသးသည်။
-"ကဲဟယ် ကဲဟယ်။ အကျင့်ပုတ် အဝါရောင်မ"
-"ဟော်တော်အေ ခိခိ ။
ဘာအကျင့်ပုတ်လို့လဲ ယောက်မလေးရဲ့
အမှန်ပြောတာပဲကို"
-"တော်ပြီမပြောေတာ့နဲ့ "
-"ခိခိ"
-"မစပါနဲ့ အဝါရယ်။
ဟိုမှာ မျက်နှာကိုကြည့်ဦး။ ရဲဖောက်နေပြီ"
-"ဟုတ်ပါ့ အရီးရယ်။ ခိခိ"
-"ဟိဟိ"
-"ဟားဟားဟား"
အပျိုကြီးမနု ရှက်ရမ်းရမ်းနေပံုေကြာင့် ကျွနုပ်တို့ တစ်ဖွဲ့လုံးမှာ စရင်းနောက်ရင်း ပွဲကျရတော့သည်။ ထိုအခါ မမနုမှာမူ မျက်နှာမထားတတ်သည့် ပုံဖြင့် ဟိုကြည့်သည်ကြည့် အနေရခက်နေရဲ့။
-"ကဲပါ ကဲပါ။
မစကြပါနဲ့တော့။
ကျွန်မ ယောက်မလေး အနေခက်နေပြီ။
ဒါဆို ပစ္စည်းတွေ အကုန်စုံပြီနော်။"
-"အေး တို့မှာတဲ့ပစ္စည်းတွေတော့ စုံပါပြီ။
ဒါနဲ့ ဒါေလးက ဘယ်သူ့အတွက်တုန်း။ ဟယ်! ချစ်စရာလေးတော့!"
တောသူပီပီ စပ်စုသည့် မခိုင်သည် တောင်းထဲတွင် ကျန်နေသေးသည့် အဝါရောင်အထုတ်တစ်ခုကို ကိုင်ကာမေးတော့သည်။ တဆက်တည်း ထိုအိတ်ကိုဟကာ ကြည့်နေလိုက်သေးသည်။
ထိုအချိန်တွင် ပြုံးနေသည့် သူမမျက်နှာထားသည် ချက်ချင်းပင် တည်သွားေလပြီ။
တဆက်တည်းမခိုင်လက်ထဲမှ အထုတ်အား ဆတ်ကနဲ ပြန်လုယူလိုက်ရင်းက။
-"အာ ဘာမှမဟုတ်ပါဘူး မခိုင်ရဲ့။
ကျွန်မအတွက် ၀ယ်လာတဲ့ဟာပါ။"
-"ဟင်! ဟုတ်လို့လားဟယ်။
ငါမြင်တာဖြင့် အနီရောင်လေးပါ။
နင် ဘယ်တုန်းက အနီရောင်ကြိုက်ဖူးလို့လဲ"
-"ဟိုဟို အာ အဲ့တာက ကထိန်အတွက် ချုပ်ထားတဲ့ ၀တ်စုံနဲ့ ဆင်တူဖြစ်အောင်လို့ပါ မခိုင်ရဲ့"
-"ဒါမယ့် ဖိနပ်ဆိုက်က သေးနေသလို"
-"အာ...အဲ..အဲ့တာ"
-"ဟဲ့..မိခိုင်။ညည်းမလဲ လျှာကလေးက
သူများထက်ကိုတစ်လက်မလောက်ရှည်လိုက်ရမှ။
သူ့ဖိနပ်ဆို သူ့ဖိနပ်ပေါ့အေ။
ဘာတေပြောနေတာလဲ"
-"မဟုတ်ပါဘူး အရီးရယ်။
ကတ္တိပါဖိနပ်လှလှလေးမို့ပါ။
ကဲပါ မမေးနဲ့ဆိုလည်း မမေးတော့ပါဘူး။"
မခိုင်သည် သူ့အရီးက လှမ်းဆူလာတော့မှ တောင်းနားက ထသွားပါတော့သည်။
ထိုအခါ၀ါသည် ရှို့တို့ရှန့်တန့်ဟန်ဖြင့် ခေါင်းကိုကုတ်သည်။ထို့ပြင် ေခါင်းကိုဘယ်လှည့် ညာလှည့်လုပ်ေနရင်းမှ ဘေးတွင်ချထားသည့် အတန်ငယ်ကြီးသည့် အထုတ်တစ်ခုအား ကောက်ကိုင်လိုက်ေတာ့သည်။
-"အဲ မေ့တော့မလို့ ။ဒီမှာလေ
ဒီကလူတွေစားဖို့ ရွှေဘို မြို့ပြန်လက်ဆောင်
၀င်း ကိတ်မုန့်လေးတွေ ပါေသးတယ်တော့။
ကဲ လာကြလာကြ အကုန်ဝိုင်းဖွဲ့စားကြရအောင်။
ကိုကျော်အေး!"
-"ခဗျာ"
-"အက်ထဲက လူတွေကိုလည်း လှမ်းခေါ်လိုက်ပါဦး။
ခနနားရင်း မုန့်စားရအောင်လို့"
-"ဟုတ်ကဲ့"
-"လာလာ အရီးတို့ မခိုင်တို့ရေ။
ဟိုတစ်ယောက်ရော လာ။
ဒီနားမှာပဲ ဖျာခင်းပြီးဝိုင်းလိုက်ကြရအောင်။ အဟိ.ဒါနဲ့ေလ။
ကျွန်မဖြင့် ထန်းရည်သောက်ချင်လာလို့
ရွာပြင်ထန်းတောက ထန်းရည်ချိုပါ ပါသေးတယ်တော့။ "
သူမသည် ထိုသို့ဆိုလျှက် ဘယ်အချိန်ကသယ်လာသည်မသိ ဘေးတွင်ချထားသည့် 1ပိဿာ၀င် ပုံးအဖြူလေးကို ကောက်ကာပြလေသည်။
လက်ကလေးဖြင့်ပင် ပုံးအား ခပ်ဖွဖွတောက်လိုက်ေသးသည့် သူ့ဟန်ပန်သည်က ရူးချင်စဖွယ်။
-"ဟယ် တကယ်"
-"တကယ်ပေါ့ မခိုင်ရဲ့။"
-"အေး ကျေးဇူးတင်တာေအ။
ငါလည်းသောက်ချင်နေတာတော့"
-"ဟုတယ်ဟေ့ ငါရောပဲ"
မခိုင်အေပြာကို အရီးကပါထောက်ခံရင်းအားတက်သရောပြောကာ ဖြာအား ဝိုင်းကူခင်းနေသည်။ သို့ရာတွင် ကျွနုပ်မှာမူ ထိုင်ရမလို
ထရမလို အခက်ကြုံနေရသည်။
သူမမှ ကျွနုပ်အားကြည့်ကာ "ဟိုတစ်ယောက်"
ဟု ေခါ်သည်ကိုေတာ့ ၀မ်းသာမိပါရဲ့။
သို့သော် လူတောမတိုးတတ်သည့် ကျွနုပ်မှာ
မုန့်သွားထိုင်စားရမည်လား အိမ်ပဲပြန်ရမည်လား
မသဲကွဲပါ။
ထို့ထက်ဆိုးသည်က စိတ်ထဲတွင်လေးလံနေခြင်းဖြစ်သည်။ ဘာကို အလိုမကျသည်မှန်း မသိ။
ဝါ ၀ယ်လာသည့် အကြိုက်ဆုံး ၀င်းကိတ်သည်ပင်
မဆွဲဆောင်နိုင်ခဲ့ပါ။ မသိစိတ်အရ တစ်ခုခုအပေါ်၌ များစွာ စိုးရိမ်ကာနေသည်။
ထိုသို့ စိုးရိမ်ခဲ့သည့်အတိုင်း ကံကြမ္မာဆိုးကြီးတစ်ခုသည် ကျွနုပ်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမည်ကိုကြိုသိခဲ့ပါလျှင်။
-"မဝါရေ! မဝါ!"
သူမနှင့်မခိုင်တို့ ဖျာခင်းပြီး ထိုင်ဖို့ပြင်နေစဉ် ကိုေကျာ်အေးမှာ ထိတ်ထိတ်ပြာပြာဖြင့် ၀င်လာခဲ့သည်။
-"ဟင်! ရှင်!။ ပြောလေ ကိုေကျာ်အေး"
ကိုေကျာ်အေး ပြာပုံကြောင့် ဖင်ချမထိုင်ခင်ကေန အထိတ်တလန့်ထူးလာသည့် သူမ။
ထို့အပြင် အခြားလူများကပါ ပြူးပြဲကာကြည့်လာကြသည်။
-"ဟိုလေ..ဟို..ဦးအောင်မြင့်ကြီး။
သူ..သူဘာဖြစ်လဲ မသိဘူး ။
လှေပေါ်မရှိဘဲ ရေထဲပေါလော ပေါေလာ
ကြီး ဖြစ်နေတယ်"
-"ဟင်!"
-" ဘယ်လို!"
-"ဟုတ်တယ် ကျုပ်ခေါ်တာလည်း ပြန်မထူးဘူး။
တစ်ခုခုဖြစ်နေပုံပဲ ဟို ရေ..ရေများနစ်ပြီး..."
ကိုကျော်အေး စကားအဆံုးအထိ ကျန်ုပ်
နားေထာင်မေနေတာ့ပါ။ တဲပြင်သို့ေပြးထွက်ကာ အက်လယ်မှ ဖေဖေလှေရှိရာသို့ ကမန်းကတမ်းကြည့်ရသည်။
ခပ်လှမ်းလှမ်းမှာ ဖေဖေေလှဟု ထင်ရသည့် လှေတစ်စီးတော့တွေ့ပါပြီ။
သို့သော် လှေပေါ်တွင်လူရှိမနေခဲ့ပါ။
-"ဗွမ်း"
-"အနိုင်!"
-"အဇူ!"
-"ဟဲ့ မိဇူ!။
ဟယ် ဒုက္ခပါပဲ။
ကျော်အေးရေ! အခြားလူတေွခေါ်စမ်းပါ။
ဘာဖြစ်လဲမသိဘူး။ "
ကျွနုပ် လှေဘေးမှ လူရိပ်မြင်ရုံဖြင့် ရေသို့ခုန်ဆင်းကာ ကူးခပ်၍သွားလိုက်သည်။
ပေ ၁၀၀၀လောက်သာ ကျယ်သည့် အက်သည်
ဖေဖေ့အတွက်ဆို မကူးဝံ့စရာ မရှိပါ။
ထို့ထက်ပိုသည့် အက်ဆိုလျှင်တောင် ဖေဖေ့အတွက်သာဆိုလျှင် အနိုင် လက်ပစ်ကူးဦးမည်ဖြစ်သည်။
-"ဖေဖေ!"
-"ဖေဖေရေ!။"
ကျွနုပ် လှေအနီးအရောက် အစိမ်းရောင်ကွက်စိတ်အကျီကေလးကို မြင်ရံုနှင့် ထိပ်လန့်မိပါသည်။
ဖေဖေ ၀တ်ထားသည့် အကျီမဟုတ်လား။
သို့ေသာ် မသေချာပါ။
ထို့ကြောင့် အနီးအထိ ကူးခတ်ရင်းက ဖေဖေဟု သေချာသည်နှင့်-
-"ဖေဖေ ဖေဖေရေ!"။
အဟင့်...ဘယ်လိုဖြစ်ရတာလဲ ဖေဖေရယ်"
ကျွနုပ်ရှေ့မှ ရေတွင်ပေါ်နေသည့် ဖေဖေ့အား အလွန်စိုးရိမ်သွားသည်ကြောင့် မျက်ရည်တို့စီးကျမိသည်။
သို့သော် ကျွနုပ်အသိတို့ မလစ်ခဲ့ပါ။
ဖေဖေကို ဂုတ်မှဆွဲလျှက် ကမ်းဆီပြန်ကူးခဲ့သည်။
မိမိကိုယ်အပြင် ဖေဖေ့ကိုပါကယ်လာရသည်ကြောင့် လွယ်ေတာ့ မလွယ်ကူပါ။
ကမ်းမရောက်ခင် ဝါးနှစ်ရိုက်အလိုမှာပင်
ကိုကျော်အေးနှင့်အတူ အခြားရေလုပ်သားများဖြစ်သည့် ကိုဖိုးချဲနှင့် ကိုဖိုးပုတို့ ကျွနုပ်တို့ထံ ကူးခပ်
ေရာက်ရှိလာ၍ တော်သေးသည်။
-"မိဇူ။အဆင်ေပြလား"
ကျွန်ုပ်စကားပင်မဆိုနိုင်ပါ။
မောဟိုက်နေပြီမို့ ခေါင်းသာငြိမ့်ပြလိုက်သည်။
ထိုအခါမှ ကျွနုပ်ထံက ဖေဖေ့ကို ကမန်းကတမ်း လက်လွှဲယူလာကြသည်။
ထို့နောက် ကမ်းသို့ ရောက်လျှင်ရောက်ချင်း
ကိုေကျာ်ေအးတို့အဖွဲ့သည် ဖေဖေ့အား သတိပြန်ရရန် လုပ်ကြလေပြီ။ကိုဖိုးချဲသည် ဖေဖေ့ကိုခါးမှ တက်ခွ၍ လက်ဖြင့် ရင်ဘတ်ကိုဖိနေသည်။
ကိုဖိုးပုသည်လည်း ဖေဖေ့ပါးစပ်ထဲ လေမှုတ်ထည့်လျှက် နေသည်။
ကျွနုပ် မလှုပ်မရှက်ဖြစ်နေသေးသည့် အေးစက်စက်ဖေဖေ့လက်များကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ထို့နောက် ဖြူစွတ်နေသည့် ဖေဖေ့မျက်နှာကို မျှော်ငေးရင်းဖြင့်။
-"ဖေဖေ"
-"ဖေဖေ"
-"ဖေဖေ ဘာမှမဖြစ်ပါနဲ့။
ဖေဖေ ဘာမှမဖြစ်ရဘူးနော်။
အနိုင် တောင်းပန်ပါတယ်။
အနိုင် ခုနကစိတ်ဆိုးမိလို့ပါ ဖေဖေရဲ့"
-"ဖေဖေ"
-"ဖေဖေ"
ကျွနုပ် ဖေဖေ့ကို တစိုက်မတ်မတ် ေခါ်ပါသည်။
ဖေဖေသာ ပြန်ထူးမည်ဆိုလျှင် အသံအိုးကွဲစေကာမူ ကျွနုပ်ေခါ်မည်။
-"ဖေဖေရေ!'
ထိုစဉ် ကျွနုပ် ပခုံးထက်သို့ လက်တစ်ဖက်ဖြင့်
လာရောက် ကိုင်တွယ်ခြင်းခံရသည်။
-"အနိုင် "
-"ဝါ...ဖေဖေ့ကိုကယ်ပါဦး။ကျုပ်လေ ကျုပ်။
အဟင့်!"
ကျွနုပ် သူမကို မြင်လျှင်မြင်ချင်း ၀မ်းနည်းစိတ်တို့ လှိုက်ကာတက်လာသည်။
မျက်ရည်တို့ ထပ်မံတာကျိုးခဲ့လေပြီ။
-"အနိုင်ရယ်"
သူမ ကျွနုပ်အား ထွေးပွေ့လာခဲ့လေပြီ။
အဝါရောင် ပန်းတစ်ပွင့်အရိပ်အောက်တွင်
အနွေးဓာတ်တို့ အပြည့်အ၀ရရှိသည်။
မည်သည့်နှစ်သိမ့်စကားမျှပင်မလိုပါ။
ချစ်သူရင်ခွင်သည် တာကျိုးနေသည့် မျက်ရည်များကိုပင် ခမ်းစေနိုင်သည်။
ကျွနုပ် သူမေကျာပြင်ဆီသို့ ပြန်ဖက်တွယ်ရင်းဖြင့်
တင်းထားသည့် စိတ်တို့အား လျော့ပစ်လိုက်ပါသည်။
ထို့နောက် ကမ္ဘာကြီးသည်လည်း အမှောင်ကျသွားခဲ့တော့သည်။
-"အနိုင်..အနိုင့်! ။ဟယ် လုပ်ကြပါဦး!
အရီးရေ! မနုရေ! မခိုင်ရေ!"
အက်ကြီးရဲ့ေဘးနှုတ်ခမ်း၌ ချစ်ရသူရင်ခွင်ထဲတွင် သတိလစ်သွားသူ ကောင်မလေးတစ်ယောက်
ရှိသကဲ့သို့ ထိုကောင်မလေးကိုပွေ့ထားရင်းက အနီးအနားရှိနေသည့် လူများပင်မမြင်သည်အထိ
ပြာယာခတ်နေသည့် အဝါရောင်လေးလည်းရှိသည်။
ထိုအချိန်၌ ရေနစ်သူကို သတိရအောင်လုပ်သူများက လုပ်နေရင်း အလုပ်ရှုပ်သူကရှုပ်သကဲ့သို့ ရိုးရိုးသတိလစ်သူအား ပွေ့သူကပွေ့ဖြင့် မည်သူမှ အားမနေကြတော့ပေ။
26-12-2023
**********