အခန်း(၄)
-"လှတယ်နော်"
-"အင်း"
-"ကြာပန်းကလေးတွေ သိပ်လှတယ်"
-"အင်း"
သူမနှင့်ကျွနုပ်တို့ အိမ်မပြန်ဖြစ်သေးပါ။ ကျောင်းအရှေ့ရှိ ရေကန်တွင် ခနထိုင်ချင်သေးသည်ဟု ဆိုလာသည်ကြောင့် ကန်ဘေးတွင် ပုံ့ပုံ့ကလေး
လာထိုင်နေရခြင်းဖြစ်သည်။
"ကန်ရဲ့တန်ဆာ ကြာ"ဆိုသည့်အတိုင်း ကြာပန်းများ ရဲရဲနီအောင်ပွင့်နေသည့် ဤကန်ကြီးသည်
မြင်သူတိုင်း စိတ်ကိုအေးချမ်းေစမည်သာ။
သို့သော် ကျွနုပ်စိတ်တွေတော့ အေးချမ်းမနေခဲ့ပါ။ ကြာနွယ်များကဲ့သို့ ရှုပ်ပွေလီခတ်လျှက် ရှိသည်။ ထို့ကြောင့် သူမ ပြောသမျှကို ဟက်ဟက်ပက်ပက်မရှိဘဲ ပြန်ပြောနေမိခြင်း။
-"အနိုင်.."
သူမခေါ်သည်ကြောင့် ကျွနုပ်အရှေ့မှ မြင်ကွင်းလှလှလေးများကို လျစ်လျူရှုလိုက်သည်။
ကျွနုပ်ကမ္ဘာ၌ အလှဆုံးဖြစ်သည့် ပန်းတစ်ပွင့်ကိုသာ ငေးပါမည်။
အပြင်ကမ္ဘာပေါ်ရှိ မြင်ကွင်းလှလှဟူသမျှသည်
ထိုပန်းကလေးလောက် စိတ်မအေးချမ်းနိုင်ပေ။
အေးချမ်းသည့် အလှပိုင်ရှင် ပန်းကလေးမှာမူ
သူ့လောက်မှ မလှပသည့် ပန်းများကိုပင် လှသည်ဟုဆိုေနသေးသည်။
လေတစ်ချက်အေ၀့တွင် နက်မှောင်သည့် ဆံနွယ်တို့သည် ကျွနုပ်အနီးသို့ လာရိုက်ခတ်သည်။
မိမိနှာဖျားတွင် ဆယ်နှစ်ရာသီပန်းရနံ့တို့ ကြိုင်လှိုင်သွားရပြန်သည်။
ရှုပ်နေသည့် စိတ်အစဉ်သည်လည်း အဝေးသို့ပြေးလေပြီ။
-"အနိုင် အချစ်ကို ဘယ်လိုမြင်လဲဟင်"
ထိုစကားကို ကျွနုပ်ထံမကြည့်ဘဲဆိုလေသည်။
အချစ်သည် ယခုကဲ့သို့ အသည်းပန်းတစ်ပွင့်အား
တသက်လုံးပဲ ငေးကြည့်ခွင့်ရချင်သည့် ဆန္ဒတစ်ခုပါ
ဟု ဖြေလိုက်ချင်သည်။
သို့သော် မဖြေနိုင်ခဲ့ပါ။
-"ဟင့်အင်း။ မသိပါဘူး။"
-"တို့တော့သိခဲ့ပြီ အနိုင်။"
-"......"
သူမစကားကြောင့် ကျွနုပ် ကျောရိုးများပင် တောင့်တင်းသွားသေယာင်ရှိသည်။
မယုံကြည်စွာ သူမကို ငေးစိုက်ကြည့်နေသည့်တိုင် သူမသည် ကျွနုပ်ဘက်သို့ အကြည့်တို့ကို ပေးသနား မလာပါ။
_"အချစ်ဟာ ပူလောင်ေစတဲ့အရာတစ်ခုဆိုတာ
တို့တော့သိခဲ့ပြီ။"
-"......"
ထိုစကားသံသည် ကျွနုပ်နားထဲ၌ မိုးကြိုး
တစ်ရာထက်ပင် ကျယ်လောင်ခဲ့ပါသည်။
ကျွနုပ် တစိုက်မတ်မတ်ငေးကြည့်ခဲ့ရသည့် ပန်းကလေးသည် ကျွနုပ်ပင်မသိလိုက်ပါဘဲ အချစ်ဟူေသာ နေရောင်ကို ေတွ့ရှိခဲ့နှင့်ပြီးဖြစ်သည်။
ထို့ပြင် ထိုနေရောင်ေကြာင့်ပင် ပူလောင်နေခဲ့လေပြီ။
စိတ်အစဉ်တို့သည် ထပ်မံရှုပ်ထွေးရလေပြီ။
-"သိလားအနိုင်။အချစ်ကြောင့် တို့ပူလောင်နေရပြီ။ အနိုင် အဲ့တာကို သိရဲ့လားလို့"
-"....."
ထိုစကားအား ဖြာကျနေသည့် ဆံနွယ်များကိုလက်ဖြင့် စိတ်မရှည်ဟန် သပ်တင်ပစ်လိုက်ရင်းက ဆိုသည်။ ပုလဲဉတို့ပြိုဆင်းတော့မည့် မျက်၀န်းညိုညိုတို့ဖြင့်လည်း ကျွနုပ်ကို စိုက်ကြည့်လာေသးသည်။
ကျွနုပ် မည့်သည့်စကားမှပင် မဆိုနိုင်ပါ။
အချစ်ဒဏ်ကြောင့် နွမ်းနေသည့် ပန်းကလေးကိုသာ
နှမျောတသစွာ ငေးမြဲငေးရသည်။
ခံနိုင်ရည်မရှိပါ။
တစ်ပွင့်တည်းရှိသည့် အသည်းပန်းေလးကို
ထိုသို့ မြင်ရခြင်းက ကျွနုပ်သေသွားသည်ထက်ပင် ဆိုးလှသည်။
ရူးသွားနိုင်သည်။
ရူးရပါတော့မည်။
ထို့ကြောင့် ကျွနုပ် ပန်းကလေးအား ရင်တွင်ထွေးပွေ့ထားလိုက်မိေတာ့သည်။
သည်ပန်းကလေး သည့်ထက် မနွမ်းအောင်
ကျွနုပ် တတ်နိုင်သမျှ ကာကွယ်ချင်သေးသည်။
-"အဟင့်.."
ပန်းကလေးရဲ့ မျက်ရည်တစ်စက်သည် ပန်းချစ်သူနှလံုးသားထက်သို့ ကြွေစင်းကျလေပြီ။
ရင်ခွင်ဆီမှ ခပ်ဖွဲဖွဲကျလာသည့် ပန်းရဲ့ရိုက်သံများကိုပင် ကျွနုပ်ကျေနပ်စွာ ခံယူပစ်လိုက်သည်။
လောကရှိ အရာရာတိုင်းထက် သည်ပန်းကလေး
မနွမ်းဖို့က ပို၍ သာ၍ အရေးကြီးပါသည်။
-"ဟင့်..ပူလောင်တယ် အနိုင်ရယ်။
.အရမ်း..အရမ်း ပူလောင်ပြီး..နာကျင်နေရတယ်။
သိရဲ့လား.။ အဲ့တာကိုသိရဲ့လားလို့!..ဟင့်"
ပန်းရဲ့ငိုရှိုက်သံကို ပန်းချစ်သူခံနိုင်ရည်မရှိပါ။
ပန်းကလေးကိုသာ ပိုမိုတင်းကျပ်စွာ ထွေးပွေ့ထားလိုက်သည်။
-"တောင်းပန်ပါတယ် ဝါ။"
-"ရွတ်"
-"အနိုင် တောင်းပန်ပါတယ်။"
-"ဟင့်..."
-"မငိုပါနဲ့ ။ကျေးဇူးပြုပြီး မငိုပါနဲ့တော့။
အနိုင် ခံနိုင်ရည်မရှိလို့ပါ။
အသည်းပန်းကလေးနွမ်းရင် ဒီက ဉယျာဉ်မှူး
ပန်းချစ်သူကြီးက ခံနိုင်ရည်မရှိလို့ပါဗျ!"
ကျွနုပ် ခံနိုင်ရည်မဲ့စွာဖြင့် တတွတ်တွတ်တောင်းပန်မိပါသည်။
ပန်းချစ်သူေတာင်းပန်စကားေကြာင့် ထင်။
ပန်းရဲ့ငိုရှိုက်သံတို့မှာ အနည်းငယ် စဲလာသည်။
ရှိုက်ကာ တုန်ေနသည့် ကိုယ်ကလေးပင် တဖြည်းဖြည်း ငြိမ်ကာလာသည်။
အချိန်အားဖြင့် ၅မိနစ်ခန့်ရှိမည်။
အခြေအေနအားလုံးတို့သည် ငြိမ်သက်သွားေလပြီ။ထို့ကြောင့် ကျွနုပ် ရင်ခွင်ထဲရှိ ပန်းတစ်ပွင့်ကို ငုံ့မိုးကာ မရဲတရဲကြည့်မိေတာ့ မျက်၀န်းညိုလေးနှင့် ဆုံသည်။
ဆုံသည်ဆိုရုံမျှသာပင်။
တဆက်တည်း ခေါင်ကိုငုံ့ချလျှက် မျက်နှာကို ကျွနုပ်ရင်တွင် ဖွက်ကာထားသည်။ထို့ပြင် ရင်ဘတ်ရှိ အကျီစတို့ကို လက်သွယ်သွယ်ဖြင့် ဆုတ်ေချေနလိုက်ေသးသည်။
ကျွနုပ်အသည်းထက် ခူေကာင်တို့ တက်လေပြီ။
-"အနိုင်"
-"ဟင်"
-"တို့..တို့ ချစ်ချင်လို့။"
ခပ်တိုးတိုးစကားသံသည် နားစည်မှတစ်ဆင့် နှလုံးဆီသို့ ဒိန်းကနဲ၀င်ဆောင့်သည်။ မျက်လုံးအိမ်ထဲတွင် မီးပွင့်သွားသယောင်ရှိသည်။
ကျွနုပ် လက်မခံချင်ေသာ်ငြား ပန်းကလေးသည် ပိုင်ရှင်တွေ့ရှိသွားလေပြီ ထင်သည်။
လှိုက်ခနဲနေအောင် ၀မ်းနည်းရသည်။
-"ဘယ်..ဘယ်သူ့ကိုလဲဟင်"
အသံများ အဖျားခတ်အထိ မတုန်အောင်ပင်ထိမ်းေမးရသည်။
ပန်းကလေးကိုပိုင်ဆိုင်မည့် လောက၌ ကံအကောင်းဆုံးလူသားကို ကျွနုပ်သိချင်မိသည်။
ကျွနုပ် မပိုင်ရေတာ့လျှင်ေတာင်/ထပ်မံငေးကြည့်ခွင့်မရတော့လျှင်တောင်မှလေ။
ကျွနုပ်အမေးကြောင့်ထင် ရင်ထဲမှ ကိုယ်ကလေးသည် ဆတ်ကနဲ တုန်သွားသည်။
ထို့အတူ ကျွနုပ်ကမ္ဘာကြီးသည်လည်း ပြိုမယောင် တုန်ခါနေလေပြီ။
သူမသည် မျက်နှာဖွက်ထားသည်မှ မရဲတရဲဟန်ဖြင့်မော့ကြည့်လာသည်။
ခန့်မှန်းရခက်လှသည့် မျက်၀န်းများကြောင့်
အမြင်အာရုံများပင် ဝေဝါးလာရသည်။
မေး၍သာမေးမိပါသည်။
ဖြေကြားလာမည့် အမည်နာမကို ကြားနိုင်ဖို့/ နားထောင်နိုင်ဖို့အတွက် မည်မျှ ခံနိုင်ရည်တို့
လိုအပ်သည်လဲ ကျွနုပ်မသိခဲ့ပါ။
ကျွနုပ်ရဲ့ပါးပြင်တွင် စိုစွတ်သွားခဲ့ေလပြီ။
ကျခွင့်မပေးဘဲ လိမ့်ဆင်းလာသည့် မျက်ရည်စက်
တို့ကို ကျွနုပ် မသုတ်မိပါ။
ထိုစဉ် လက်ဖြူဖြူသွယ်သွယ်လေးသည် ညာဘက်ပါးပြင်သို့ ဝဲကာပင် သက်ဆင်းသည်။
ကျွနု်ပ် စိတ်ဝိဉာဉ်တို့ ယိုင်နဲ့သွားလေပြီ။
-"ဘာလို့ ငိုနေရသလဲကွယ်။ဟင်"
-"...."
-"တို့ ဘယ်သူပါလို့
မပြောရသေးပါဘဲ ဘာလို့ငိုနေရသလဲ"
-"....."
-"အနိုင်တကယ်မသိလို့လားဟင်။
တို့ဘယ်သူ့ကို ချစ်ချင်နေတယ်ဆိုတာ အနိုင်တကယ်ပဲမသိလို့လား"
-"မ..မသိ"
-"အနိုင့်ကိုလေ.."
-"...."
-"အနိုင်ကိုပေါ့ကွယ်"
-"...."
-"တို့ချစ်ချင်နေမိတာ ဟော့ဒီက အနိုင်တစ်ယောက်တည်းကိုပေါ့ကွယ်"
သူမသည် လေသံတိုးတိုးဖြင့် ဖွင့်ဟပြီးသည်နှင့်
ယခင်ကဲ့သို့ မျက်နှာကို ဖွက်ထားလိုက်တော့သည်။
နှလုံးသွေးတို့ပင် ဆောင့်တိုးသွားသေယာင်ရှိသည်။
စိတ်ဝိဉာဉ်ကေလးသည် ရှေ့မှကန်ကို တစ်ပတ်ပြီးတစ်ပတ် ပြေးကာေနေလပြီ။
လောက၌ ကံအကောင်းဆုံး လူသားကလေးမှာ ကျွနုပ်ပါဟု သူမဖွင့်ဟသည့်တိုင် မယုံနိုင်သေးပါ။
အိမ်မက်လေလား။
တကယ်ပင်လား။
ထို့ကြောင့် ရင်ထဲမှ ဘေးတစောင်းမြင်ရသည့်မျက်နှာကလေးသို့ တစိုက်မတ်မတ်စူးစိုက်ကြည့်လျှက်။
-"တ..တကယ်.."
-"ဘာမှထပ်မမေးတော့နဲ့ကွယ်။
ဒီထက်သာပြောရရင် ရှက်လွန်းလို့ ကန်ထဲခုန်ချမိလိမ့်မယ်"
-"ဟုတ်..ဟုတ်ကဲ့"
ကျွနုပ်သူမကို ထပ်မမေးရဲတော့ပါ။
ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သည့်
သူမကို ကြောက်မိသည်။
တကယ်ခုန်ချသွားမှ အခက်ေပ။
ထို့ကြောင့် ကန်အလယ်မှ ကြာပန်းကလေးများ
ဆီသို့ မျှော်ကာငေးရသည်။
အနီရောင်ကြာပန်းများသည် ယခင်ကထက်ပင်
ပိုမိုေတာက်ပလျှက်ရှိသည်။ ထိုမျှမကပါ ။
ကန်ဘေးပတ်လည်တွင် ပေါက်နေသည့် ထန်းပင်များသည်လည်း တစ်မျိုးတစ်ဖုံ လှပသည်။
ထိုးထိုးထောင်ထောင် ဖြစ်နေသည့် ပေါင်းပင်များသည်ပင် လှပနေတုန်းပင်။
သည်မျှနှင့်သာ လုံလောက်ပေပြီ။
ကျွနုပ် ရင်ခွင်ထဲတွင် အသည်းပန်းကလေးရှိသည်။
ရှေ့တွင် မြင်ကွင်းလှလှကလေးများ ရှိသည်။
ထို့ထက် မည်သည့်အရာမှ မလိုအပ်တော့သည်အထိ ကျွနုပ်ကမ္ဘာတွင် ပြီးပြည့်စုံစေခဲ့ပြီ။
***********
၅ရက်ခန့်မျှပင်ရှိလေပြီ။
ကျွနုပ် အသည်းပန်းကလေးကို မငေးရသည်မှာ အတိအကျအားဖြင့် ၅ရက်နှင့် ၆နာရီစွန်းခဲ့လေပြီ။ တွေ့ချင်စိတ်ဖြင့် ဖေဖေ့နောက်သို့လိုက်ကာ နှောက်ယှက်စေကာမူ ယခုအချိန်အထိ အရိပ်အယောင်ပင်
မတွေ့ရအောင် အပုန်းကောင်းလှသည်။
ကန်ဘေး၌ ချစ်စကားတို့အား ဖွင့်ဟပြီးနောက် ပျောက်သားကောင်းနေသည့် အသည်းပန်းပွင့်သည် ဆောင်းညတွင်မက်သည့် အိမ်မက်သဖွယ် ဖြစ်ရလေပြီ။
သို့သော် ကျွနုပ်အား တမင်ပင် လှည့်စားရက်လေသလားဟုပင် အပြစ်မတင်ရက်ပါ။ သူမအကြောင်းနှင့်သူမရှိလိမ့်မည်ဟု ဖြည့်စွက်နားလည်ပေးပါမည်။
ထို့ကြောင့် သူမမလာတော့ ကျွန်ုပ်လာတွေ့မိပါသည်။
သို့သော် ချစ်သူ့ အရိပ်အယောင်ပင် မတွေ့မိ၍
ရင်တွင် ပူလောင်မိပါရဲ့။
သို့ရာတွင် သည်နေ့မှရာသီဉတုသည် ကိုယ့်ဘက်တွင်မပါနေေချ။ ရင်တွင်းအပူနည်းတူ အပြင်အပူပါ ထပ်ဆင့်ခဲ့ပါေသးသည်။
ကျွနုပ်အဖြစ်သည် "ကံဆိုးဇူသွားရာ နေထိုးပူလာ" ဆိုသကဲ့သို့ ဖြစ်ရချေပြီကြောင့် ဆောင်းထားသည့် ဝါးခမောက်ကို မော့၍ မကျေနပ်စွာ နေကိုကြည့်မိလိုက်ေတာ့သည်။
ကျွနုပ်နှင့်ေဖေဖသည် အက်ကြီးအလယ်ရှိ
လှေကလေးပေါ်သို့ ေရာက်ရှိေနသည်။
ချစ်သူအားမေတွ့သည်ေကြာင့် ထုံးစံကဲ့သို့
ဖေဖေ့နောက်လိုက်ကာ အရှုပ်ကလေးလုပ်နေခြင်းပင်။
သို့သော် အရှုပ်ကလေးမလုပ်နိုင်ခဲ့ပါ။
ဖြူသည့်အသားပင် ရဲအောင် အပူခံနေရသည်ကြောင့် စိတ်တို့မရှည်တော့ပါ။
-"ပူလိုက်တဲ့နေ။မပြောကို မပြောချင်ဘူး။
အခွန်မဆောင်ရတိုင်းကို အားအားရှိ ပူနေတော့တာပါဘဲ"
-"ဟော သမီးရယ်။ နေပါဆို ပူမပေါ့ကွယ်။
ဘာများထူးဆန်းလို့လဲ"
ဖေဖေသည် ကျွနုပ်ရဲ့မြည်တွန်တောက်တီး ပြောဆိုမှုတို့ကို နားမခံသာရှိသည်ပုံဖြင့် ၀င်ပြောလာသည်။ ကျွနုပ်မှာသာ နေရောင်ကြောင့် မျက်ခုံးရှုံ့လျှက်ကြားက ဖေဖေ့ကို နှုတ်သီးဆူမိသည့်အဖြစ်။
-"ထူးဆန်းတာပေါ့ ဖေဖေရဲ့။ ဒီနေ့မှ သေအောင်ပူနေတာလေ။ အရင်နေ့တွေက ဒီလောက်မပူဘူး"
-"ဟော"
ဖေဖေသည် နေနှင့်ကျွနုပ် ရန်ပွဲကြားတွင် ၀င်မပါလိုတော့ဟန်ဖြင့် မည်သည့်စကားမှ မပြောတော့ပါ။ ခေါင်းကိုသာ တွင်တွင်ခါရမ်းလျှက် ကျန်နေသည့်ပိုက်များအား ရေတွင်တန်းလျှက်ရှိသည်။
-"ဒါနဲ့လေ ဖေဖေ"
-"ဟေ"
-"ဝါ.ဟို.မမဝါကိုလည်း မတွေ့ပါလား"
-"အင်း ဟုတ်တယ်သမီး။ ခါတိုင်းဆိုရင်တော့ ၂ရက်ခြား တစ်ခါလောက် ဖေဖေ့တို့အက်ထဲလာနေကျပါကွယ်။ ခုကျမှ ဘာဖြစ်လို့ပါလိမ့်"
ကျွနုပ် မနေနိုင်စွာ ဖွင့်မေးသည်ကို ဖေဖေမှ ထိုသို့ဖြေလာသည်။ ဖေဖေပင် ထူးဆန်းနေသည့်ကိစ္စကြောင့် နေများမကောင်း၍လားဟု စိတ်ပူရသည်။
-"ဟို နေများမကောင်းလို့လားမသိဘူးနော် ဖေဖေ"
-"အင်း..ဟုတ်မယ်ထင်တယ်သမီးရဲ့။
သူလည်း ပင်ပန်းရှာပါတယ်ကွယ်။
အစ်ကိုလုပ်သူက အက်တွေ တစ်ခုပြီးတစ်ခုသာ၀ယ်နေတာ။ အားရင်ထန်းတောရောက်နေေတာ့
ရှိရှိသမျှအလုပ် သူ့ခေါင်းပေါ်ချည်း ပုံကျတာပေါ့ကွယ်။"
ဖေဖေ့အပြောကြောင့် သူမတစ်ခါက ပြောခဲ့သည်ကို သတိရမိသည်။
ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပါလျှက်ဖြင့် ယခုကဲ့သို့ ပင်ပန်းသည့်အလုပ်တွေလုပ်နေခြင်းမှာ
သူ့အစ်ကိုကြောင့်ဟု တွေးမိသည်နှင့် သနားစိတ်ကေလး ၀င်မိသည်။
-"မမဝါက သနားစရာပဲနော်ဖေဖေ"
-"အင်း။ သနားစရာပေါ့ကွယ်။ အကိုကအသုံးမကျတော့ ပိုဆိုးတယ်။ အဲ့ကြောင့် ဖေဖေတောင် ဟိုတနေ့က ပြောလိုက်သေး။ "
-"ဘာပြောလိုက်တာလဲဟင်"
-"ဪ သူ့အစ်ကိုကလည်း အားမကိုးရ။
သူလည်း အလုပ်ကမနိုင်နဲ့ဆိုတော့ အားကိုးရမယ့်သူနဲ့ အိမ်ထောင်လေးဘာလေးပြုဖို့ပေါ့ သမီးရယ်"
-"ဘာ!"
-"ဟဲ့ ပလုတ်တုတ်"
ထိုစကားအကြား ဆတ်ကနဲ ထရပ်မိတော့
ကျွနုပ်တို့လှေကလေးမှာ ရေတွင်လူးသွားရသည်ကြောင့် ဖေဖေသည် အလန့်တကြားဖြစ်သွားရေလပြီ။
-"သမီးရယ် ဘယ့်နှယ်ကြောင့် လှေပေါ် မတ်တပ်ရပ်ရတာလဲ။ ထိုင်ထိုင် ပြန်ထိုင်သမီး။
အန္တရာယ်များတယ်ကွဲ့"
ဖေဖေမှ ထိုသို့ဆိုလာသည့်တိုင် ကျွနုပ်ပြန်မထိုင်ဖြစ်ပါ။ ဖေဖေ့အား အလိုမကျစွာ စိုက်ကြည့်နေမိသည်။
-"ဖေဖေ ဘာလို့ အဲ့လိုပြောရတာလဲ သူ့ကို"
-"ဘာရယ်မဟုတ်ပါဘူး သမီးရယ်။ သူ့ကိုသနား.."
-"သနားတာဟုတ်တယ်လေ။ သနားတာနဲ့ သူအိမ်ထောင်ပြုတာနဲ့ ဘာပက်သက်လို့လဲ"
-"မဟုတ်ပါဘူးသမီးရယ်။ သူများအားကိုးေလးဘာေလးရ..."
-"တော်ပြီ။ မပြောတော့နဲ့ ။
ပြန်မယ်။
အနိုင်ပြန်တော့မယ်။ ပြန်လှည့်ပေး လှေကို"
တစ်သက်နှင့်တစ်ကိုယ် သည်မျှလောက်အထိ
ဖေဖေ့အပေါ် စိတ်မဆိုးခဲ့ဖူးပါ။
ယနေ့အထိ ချစ်ရသူအား မတွေရခြင်းမှာ
ဖေဖေ့ ပေယာဂေကြာင့်သာ ဖြစ်လိမ့်မည်။
သူမခဗျာ ကျွန်ုပ်အားဖွင့်ပြောပြီးသည်နှင့် ယောက္ခမလောင်းမှ ထိုသို့ပြောလာတော့ တမျိုးထင်သွားဟန်ရှိပေသည်။
-"နေပါဦး သမီးရယ်။
ဘာဖြစ်ရပြန်တာလဲ။ ဖေဖေပြီးတော့မှာပါ။
ဒါလေးကျန်.."
-"တော်ပြီဖေဖေ။ လှည့်ပေးမှာလား မပေးဘူးလား။
မပေးရင် သမီးခုန်ချပစ်မှာဗျ"
-"အမလေး မလုပ်ပါနဲ့ အနိုင်ရယ်။
ဖေဖေပြန်လှည့်ဆို လှည့်ပေးပါ့မယ်ကွယ်။
ဒီကလေးနှယ် ဘာထဖြစ်တယ် မသိပါဘူး"
ဖေဖေသည် ကျွနုပ်အပြောကြောင့် ပြာယာခတ်ကာ လှော်တက်အား ကောက်ကိုင်လေသည်။
ပြီး လှေကို ပြန်လှည့်ကာ ကမ်းဆီသို့ လှော်ခတ်ပေးလေတော့သည်။
ကျွနုပ်အခုထိ မထိုင်ဖြစ်သေးပါ။ မတ်တပ်ရပ်လျှက်သာ ရှိသည်။ ထိုသည်ကို ဖေဖေမြင်သည်နှင့်
ဤသို့ပြောလေသည်။
-"ကဲ သမီးအနိုင် ။
ဖေဖေပြန်ကွေ့ပေးနေပြီကွယ်။
ပြန်ထိုင်စမ်းပါကွဲ့။ ဖေဖေ စိတ်ပူလို့ပါ"
-"ထိုင်ချင်ဘူး"
-"ဟောဗျာ"
ကျွနုပ်တစ်ခါမှ ဤမျှလောက် ဂျစ်မတိုက်ဖူးသည်ကြောင့် ဖေဖေသည် များစွာ အံ့ဩနေဟန်ရှိသည်။ သို့သော် ဖေဖေ့ကို များစွာစိတ်ဆိုးနေသည်ကြောင့်ဂရုမစိုက်မိပါ။
-"ဟူး..ဟုတ်ပြီ။ ဟုတ်ပြီ။
သဘောရှိ သဘောရှိပါဗျာ"
နောက်ဆုံး၌ ဖေဖေသည် သက်ပြင်းရှိုက်ကာ
အလျော့ပေးရတော့သည်။ ကျွနုပ်မှာမူ နှုတ်သီးကို စူလျှက်ဖြင့် ကမ်းဆီငေးမိသည်။
ကမ်းရှိ လူများသည်ပင် ကျွနုပ်အား အထူးတဆန်းကြည့်နေလေသည်။ ထိုသည်ကိုလည်း ကျွနုပ်ဂရုမစိုက်အားပါ။
ယခုအချိန်တွင် ကျွနုပ် မြတ်နိုးရသည့်ပန်းကလေးမှလွဲ၍ မည်သည့်အရာကိုမျှ ဂရုစိုက်လိမ့်မည်မဟုတ်။
မည်သည့်အရာကိုမျှလည်း ကျေနပ်မနေပါ။
မဲမဲမြင်လျှင်ပင် ကိုက်ချင်နေသည်အထိ ဒေါသတို့မှာ ငယ်ထိပ်သို့ ရောက်ရပြီ။
-"ဟဲ့ မိဇူ။ ဘယ်လိုကြောင့် မတ်တပ်ကြီး လှေစီးပြန်လာရသလဲ"
ကမ်းသို့ရောက်လျှင်ရောက်ချင်း ငါးများဖြုတ်ေနသည့် အရီးဒေါ်တင်မြမှ စိတ်ပူဟန်ဖြင့်ေပြာလာသည်။ ကျွနုပ်ပြန်မဖြေမိပါ။
-"မပြောချင်ပါဘူး မတင်မြရယ်။
ဒီကလေး ဘာဖြစ်တယ်မသိဘူး။
ရုတ်တရက်ကြီး ကမ်းပြန်ကပ်ခိုင်းလို့ ပြန်ကပ်ပေးရတာဗျာ။ ထိုင်ခိုင်းလို့လည်း မရဘူး"
အရီးအမေးအား ဖေဖေမှ ညည်းတွားသလိုပြောရင်း ကမ်းပေါ်သို့ တက်လာလေသည်။
ပြီး အရီးတို့ရှိရာ နားနေတဲကလေးထဲကို ၀င်သွား
ေလသည်။ တဲထဲရှိ လူများသည်လည်း ကျွနုပ်ထံ စိတ်ပူဟန်ဖြင့် ကြည့်ေနကြလေပြီ။
ကျွနုပ်မှာသာ သူတို့အား ဂရုမပြု။
တဲထဲသို့ပင်မ၀င်။
ကမ်းပေါ်၌သာ ငူငူကြီး ထိုင်နေမိသည်။
အတွေးအာရုံတို့တွင် ပန်းကလေး အကြောင်းများသာ ထပ်ကာထပ်ကာနေသည်။ ဖေဖေ့အပြောကြောင့် ကျွနုပ်ပန်းကလေးသည် ငေးခွင့်မရအောင်အထိ ရှောင်ပုန်းသွားလေပြီလား။
ကျွနုပ်ကိုပင် မပက်သက်ချင်တော့ပြီလား။
ဖေဖေပေးသည့်အကြံေကြာင့် တကယ်ပင် အိမ်ထောင်ပြုတော့မည်လား။
စသည့် လားပေါင်းများစွာသော မေးခွန်းတွေဖြင့် ကျွနုပ် အားအင်တို့ ကုန်ခမ်းရလေပြီ။ထိုစဉ်-
-"အဇူလေး။ နေမကောင်းလို့လား။
မောလို့လား"
တဲထဲမှ ထွက်လာသည့် မမနုမှာ ကျွနုပ်ဘေးသို့ လာထိုင်ရင်း မေးလာသည်။ နဖူးဆီသို့လက်ဖြင့် စမ်းကြည့်လိုက်သေးသည်။
မမနုဆိုသည် ကိုဖိုးထောင်ရဲ့ငယ်ရည်းစားဖြစ်သည်။လူကြမ်းကြီးကိုဖိုးထောင်နှင့် မလိုက်ဖက်အောင်ပင် မမနုမှာ နုနုရွရွ လှလှပပကလေးဖြစ်သည်။ မည်သို့တွေ့ဆုံကာ ကြိုက်လုိက်သည်ပင်မသိပါ။ ဘယ်လိုမှ လိုက်ဖက်မနေသည်ကိုတော့ ကျွနု်ပ်သိပါရဲ့။
စိတ်သဘောထား ပြည့်၀သည့် မမနုမှာမူ
ပန်းကလေးပြီးလျှင် ကျွနုပ် အခင်တွယ်ရဆုံး
သူတစ်ယောက် မဟုတ်လား။
-"ကောင်းပါတယ် မမနုရယ်။ ဟူး"
ကျွနုပ် နဖူးထက်မှ လက်ကိုဖယ်လျှက် မမနုအမေးကို စိတ်မပါစွာဖြေလိုက်သည်။ မမနုသည်
ကျွနုပ်အမူအရာကိုကြည့်ကာ နားမလည်သည့်ဟန်ဖြင့်။
-"အဲ့ဆို ဘာဖြစ်လို့များ သက်ပျင်းချနေရသလဲ။ အဆင်မပြေတာ တစ်ခုခုရှိလို့လား"
-"မရှိပါဘူး မမရယ်။ ဒီအတိုင်း"
-"အေးပါကွယ်။ အဲ့ဆိုလည်း မမနုမမေးတော့ပါဘူး။
ဒါမယ့် တစ်ခုခုအဆင်မပြေတာနဲ့ တန်းပြောနော်။
ပြန်ချင်ရင်လည်း ဦးလေးမအားရင်ေတာင်
မမနုလိုက်ပို့ပေးမယ်"
-"ဟုတ်ကဲ့ မမနု"
-"ကဲ ဒါဆို မြေကြီးပေါ် ထိုင်မနေနဲ့တော့ ။
ပူကပူနဲ့။
လာ တဲအရိပ်ဆီ သွားရအောင်"
မမနုသည် ထိုသို့ဆိုရင်း မြက်ခင်းပေါ်သို့ ပေတိပေကပ်ဖြင့် ထိုင်နေသူ ကျွနုပ်အား တွဲထူလာသည်။ ကျွနုပ် စိတ်မပါစွာပင် ထရပ်လိုက်ရပါေတာ့သည်။
သို့ရာတွင် သူမခေါ်ရာ တဲသို့မရောင်ခင်တွင် မျက်၀န်းဒေါင့်မှ အဝါရိပ်ေလးကို ဖြတ်ကနဲ မြင်တွေ့လိုက်သည်ကြောင့် ခြေလှမ်းတို့ အလိုလိုရပ်တန့်မိသည်။
မယုံနိုင်စွာ ချာကနဲ လှမ်းကြည့်မိစဉ်ခန။
-"ဝါ"
အက် ဘောင်ကလေးပေါ်မှ အဝါရောင်ပန်းကလေးတစ်ပွင့်အားမြင်တွေ့ရသည်နှင့် ရင်ဘတ်ထဲမှအကောင်ကေလးသည် ထခုန်လာေလသည်။
ထိုပန်းကေလးသည် အခြားမဟုတ်ပါ။
ကျွနုပ်ရဲ့မူပိုင် အသည်းပန်းကလေးသာဖြစ်သည်။
အမြဲငေးကြည့်ခွင့်ရချင်သည့် တပွင့်တည်းသော ပန်းကလေးသာပင် ဖြစ်ပေတော့သည်။
25-12-2023
*************
(ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးဖြစ်ပါစေ)