"အနိုင့်ဉယျာဉ်မှူး"

By Mun-Wint

44.8K 2.1K 70

#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့် More

အခန်း(၁)-Uni
အခန်း(၁)-Zawgyi
အခန်း(၂)-Uni
အခန်း(၂)-Zawgyi
အခန်း(၃)-Uni
အခန်း(၄)-Uni
အခန်း(၄)-Zawgyi
အခန်း(၅)-Uni
အခန်း(၅)-Zawgyi
အခန်း(၆)-Uni
အခန်း(၆)-Zawgyi
အခန်း(၇)-Uni
အခန်း(၇)-Zawgyi
အခန်း(၈)-Uni
အခန်း(၈)-Zawgyi
အခန်း(၉)-Uni
အခန်း(၉)-Zawgyi
အခန်း(၁၀)-(က)/Uni
အခန်း(၁၀)-(က)/Zawgyi
အခန်း(၁၀)-(ခ)/Uni
အခန်း(၁၀)-(ခ)/Zawgyi
အခန်း(၁၁)-Uni
အခန်း(၁၁)-Zawgyi
အခန်း(၁၂)-Uni
အခန်း(၁၂)-Zawgyi
အခန်း(၁၃)-Uni
အခန်း(၁၃)-Zawgyi
အခန်း(၁၄)-Uni
အခန်း(၁၄)-Zawgyi
အခန်း(၁၅)-(က)/Uni
အခန်း(၁၅)-(က)/Zawgyi
အခန်း(၁၅)-(ခ)/Uni
အခန်း(၁၅)-(ခ)/Zawgyi
အခန်း(၁၆)-Uni
အခန်း(၁၆)-Zawgyi
အခန်း(၁၇)-Uni
အခန်း(၁၇)-Zawgyi
အခန်း(၁၈)-Uni
အခန်း(၁၈)-Zawgyi
အခန်း(၁၉)-Uni
အခန်း(၁၉)-Zawgyi
အခန်း(၂၀)-Uni
အခန်း(၂၀)-Zawgyi
အခန်း(၂၁)-Uni
အခန်း(၂၁)-Zawgyi
အခန်း(၂၂)-Uni
အခန်း(၂၂)-Zawgyi
အခန်း(၂၃)Uni
အခန်း(၂၃)Zawgyi
အခန်း(၂၄)-Uni
အခန်း(၂၄)-Zawgyi
အခန်း(၂၅)-Uni
အခန်း(၂၅)-Zawgyi
အခန်း(၂၆)-Uni
အခန်း(၂၆)-Zawgyi
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Uni
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Zawgyi

အခန်း(၃)-Zawgyi

323 7 0
By Mun-Wint

အခန်း(၃)

အချစ်ကို မည်သို့ထင်သနည်း ဟု
ကျွနုပ်မေးလျှင် အချို့ကရယူခြင်း/အချို့က ပေးဆပ်ခြင်းဟု ခံယူချက်ကွဲလွဲစွာ ငြင်းကြပေဦးမည်။ သို့တိုင် ကျွနုပ်ခံယူချက်သည်ကာ ထိုအရာများအနက် တစ်ခုမှ မဟုတ်‌ခဲ့ပါ။
ကျွနုပ်သည် အချစ်ဟူသော ပြိုင်ပွဲကို ဘေးမှကြည့်သည့် ပွဲကြည့်ပုရိတ်သတ်ပင် ဖြစ်လိမ့်မည်။ အခြားပြိုင်ပွဲဝင်များကဲ့သို့ ရယူရန်မယှဉ်ပြိုင်ချင်သလို ပေးဆပ်ရန်လည်း မပြိုင်ဆိုင်လိုပေ။
အသည်းပန်းတစ်ပွင့်ကို တစ်ဦးတည်း ငေးကြည့်ခွင့်ရချင်သည့် အတ္တသေးသေးလေးသာရှိသည်။

**********

ကျွနုပ်အရှေ့တွင် လောက၌ အလှပဆုံးဖြစ်သည့် အဝါရောင် ပန်းတစ်ပွင့် ရှိ‌နေသည်။
ငွါးငွါးစွင့်စွင့်ဖြင့် ပွင့်လန်းလျှက်ရှိသည်မှာ မထိရက် မကိုင်ရက်အောင် ချစ်ဖွယ်အတိရှိသည်။
ကျွနုပ်မှာမူ သည်ပန်းကလေးကို မြတ်နိုးလွန်း၍
ရူးသွားနိုင်‌လောက်သည်။
သို့သော် ပန်းကလေးသည် ကျွနုပ်ကဲ့သို့မဟုတ်ပါ။
ကျွနုပ်အား အမြင်မကြည်စွာပင် ကြည့်နေ‌သည်။

-"ကဲ..ပြော ပြန်‌ရောက်‌ရောက်ချင်း
တို့ကို ဘာလို့ လာမတွေ့ရသလဲဆိုတာ"

-"အာ..အဲ့တာက။ အဟင်း"

နှုတ်ခမ်းကိုဆူလျှက် အလိုမကျစွာမေးလာသည့် သူမကို ကျွနုပ် မျက်နှာချိုသွေးမိတော့ မျက်စောင်းတစ်ချက် ဝေ့ကာလာသည်။

ကျွနုပ် အသည်းနှလုံးလေးသည်
လေမတိုက်ပါဘဲ ဖြုတ်ကနဲ ကြွေ‌လေပြီ။

-"ဟင်း."

-"......"

-"အနိုင်က တို့ကိုမခင်မှန်းသိသားကွယ်။
တို့ကသာ မနေနိုင်..ပါဘဲ"

ကျွနုပ်ဘာမှ မဖြေတတ်စဉ် ပန်းကလေးသည် အရည်လဲ့လာသည်ကြောင့် ပြာယာခတ်ရလေပြီ။

-"မဟုတ်..မဟုတ်ပါဘူး ဝါရယ်။ ကျုပ်က
ကျုပ်က လာချင်ပါတယ်။ အဲ့တာကြောင့် ဖေဖေ့ကိုတောင် ပြောထားပြီးပြီ။ ညနေကျမှ ညနေကျမှ လာမလို့"

-"....."
ကျွနုပ်ဖြေရှင်းချက်ပေးသည့်တိုင် အရည်လဲ့နေ‌သေးသည့် သူမကြောင့် အနီးအနားသို့ ဆွေ့ကနဲနေအောင် ခစားရတော့သည်။
သို့သော် အရမ်းကြီးတော့ မကပ်ရဲ‌ပါ။
လေတိုက်လျှင်တောင် ကြွေကျမှာ စိုးရသည့်
မြတ်နိုးရသည့် ပန်းကလေးကို ကျွနုပ်ကြောင့်ဖြင့်
တစ်စုံတစ်ရာမျှ အပွန်းအပဲ့မခံနိုင်ပါ။

-"နော်။ ငိုတော့မငိုလိုက်ပါနဲ့ဗျာ။
ကျုပ်..ကျုပ်တောင်းပန်ပါတယ်"

သူမ မျက်နှာအနီးထိ အခစားဝင်ရင်း ထိုသို့ဆိုရသည်။ ထိုအခါမှ ပန်းကလေးသည် ကြည်ကြည်လင်လင်ပြန်ဖြစ်ဟန်ဖြင့်-

-"တို့ မင်းဖေဖေနဲ့ လမ်းမှာတွေ့တယ်ကွယ်။
အနိုင်ရောက်နေတယ်လို့ သူပြောတော့ တို့ရင်ထဲမှာ အပျော်တွေဝေသွားတာပဲ။ ဒါမယ့် တဆက်တည်းလည်း တို့ကို လာမတွေ့ရကောင်းလားလို့ ၀မ်းနည်း
သွားမိတယ်"

-"ဟုတ်ကဲ့။ အဲ့လို ခံစားသွားစေလို့ ကျုပ်တောင်းပန်ပါတယ်နော်။ တကယ် တကယ် ညနေကျရင် လာတွေ့မလို့ပါ"

-"တို့ ယုံပါတယ်ကွယ်။ မင်းပြောသမျှ စကားဟာ မုသားတွေဖြစ်နေရင်တောင် တို့မင်းအပေါ် အကြွင်းမဲ့ ယုံပါတယ်။"

-"ဟို..မုသားတော့မဟုတ်ပါဘူးဗျ။
တကယ်ပါ ..တကယ်ပြောတာ။"

-"တို့ယုံတယ်ဆိုကွယ်"

-"ဟုတ်"

ကျွနုပ် အပြစ်ရှိသူမို့ ခေါင်းကိုငုံ့ထားလိုက်သည်။
ထိုစဉ် သူမသည် စားပွဲပေါ်ရှိ ကျွနုပ်စာအုပ်ကို ကောက်ကိုင်လိုက်သည်။ပြီး ဟိုကြည့် သည်ကြည့်လျှောက်ကြည့်နေသေးသည်။

-"စာမေးပွဲဖြေနိုင်ခဲ့လား အနိုင်"

-"ဟုတ်"

-"စာတွေခက်သလားဟင်။"

-"ဟို ခက်‌တယ်လို့‌ပဲပြောရမလား ။
အဂ်လိပ်စာဆိုတော့ နည်းနည်းတော့"

-"အင်းပေါ့။ ကိုယ့်ဘာသာစကားမှ မဟုတ်ဘဲကွယ်။
ခက်တော့ခက်မှာပေါ့နော်"

-"ဟုတ်"

-"အနိုင် speaking လေ့လာနေတာလား"

-"ဟုတ်"

-"အဂ်လိပ်စာယူထားတာပဲကွယ်။ ဒီထဲကစာလောက်ကတော့ နောက်ကျရင် ထမင်းစားရေသောက်သလိုဖြစ်သွားမှာပါ"

-"ဟုတ်။ "

-"ငယ်တုန်းရွယ်တုန်း စာလေ့လာတာကောင်းပါတယ်။ ဒါနဲ့ အနိုင် ဘွဲ့ရပြီးရင် ဘာလုပ်မယ်မှန်းထားသလဲ"

-"ဟို..ဟို အာ့က မသိသေးဘူး"

-"ရည်းမှန်းချက်လေး တစ်ခုထားလေ အနိုင်ရယ်။
လူဆိုတာ ရည်မှန်းချက်ရှိမှ အောင်မြင်မှာ အနိုင်ရဲ့"

-"ဟုတ်"

သူမသည် ခပ်သွယ်သွယ်လက်ကလေးနဲ့ စာရွက်များကို တစ်ရွက်ချင်း စူးစိုက်ကြည့်နေရင်းက ပြောလေသည်။
ကျွနုပ်ရည်မှန်းချက်သည် ယခုကဲ့သို့ ပန်းတစ်ပွင့်အား အမြဲငေးမောနေနိုင်ရန်ဖြစ်သည်ဟု ပြောပြချင်ပါရဲ့။

-"ငယ်ရွယ်မှုက ကောင်းလိုက်တာကွယ်။
အောင်မြင်ဖို့ လမ်းစတွေလည်းအများကြီးရှိတယ်။ "

ကျွနုပ်နှင့် 10နှစ်လောက်သာကွာမည့် သူမသည် စကားကို ထိုသို့ လူကြီးဆန်စွာ ပြောတတ်သေးသည်။ယခုမှ သူမအသက် 28သာသာပင်
ရှိသေးသည် မဟုတ်ပါလား။ ဤအသက်ကို ကျွန်ုပ်ဖြင့် လူကြီးအရွယ်ဟု မမြင်မိပါ။

-"အနိုင် ယူထားတဲ့မေဂျာက ကောင်းလိုက်တာနော်။
တို့မြန်မာနိုင်ငံမှာ အဂ်လိပ်စာ တတ်တဲ့သူ အရမ်းရှားတယ်မဟုတ်လား"

-"ဟုတ်"

-"ဘွဲ့ရရင်လည်း တို့‌မေဂျာလိုမဟုတ်ဘူး။
အဂ်လိပ်စာမေဂျာက အခွင့်အလမ်းတွေအများရှိတယ်ကွဲ့"

-"ဟုတ်"

ဘွဲ့ဆိုမှ သူမ ပထဝီဖြင့်ကျောင်းပြီးထားသည်ကို ကျွနုပ်သတိရမိသည်။ ဘွဲ့ရပညာတတ်တစ်ယောက်သည် အဘယ်‌ကြောင့် တောမှာနေနေသည်ကို ကျွနုပ်စဉ်းစား၍ပင် မရပါချေ။
သူမ ပညာအရည်အချင်းဖြင့်ဆိုလျှင် အနည်းဆုံး အလည်တန်းပြဆရာမ‌လောက်‌တော့ ရပါသည်။သူမ ရုပ်ရည်လေးဖြင့် အဖြူအစိမ်းအ၀တ်‌လေးနှင့်ဆို မည်မျှကျက်သရေရှိလိုက်မည်နည်း။
ထို့ထက် ပညာဖြင့်ရှာစားခြင်းကြောင့် ယခုကဲ့သို့လည်း အပင်ပန်းခံစရာမလိုသလို ဂုဏ်လည်းရှိပေစွ။
ထိုသည်ကို အဘယ်ကြောင့်များဟု ကျွနုပ်သိချင်မိပါရဲ့။

-"ဟိုလေ"

-"အင်း ပြောလေအနိုင်။ တို့ကို ဘာပြောမလို့လဲ"

-"ဟို..ဘွဲ့ရပြီး ဘာလို့မြို့ပေါ်မှာ အလုပ်မလုပ်လဲသိ..သိချင်လို့။"

-"အော် အဲ့တာလား"

-"ဟုတ်"

-"အင်း..‌ပြောရရင်‌တော့ တို့အစ်ကိုပေါ့ကွယ်။
အက်တွေ အများကြီးယူထားပြီး အလုပ်မနိုင်တော့။ တို့ကပဲဦးစီးလုပ်ပေးနေရတာနဲ့ အပြင်အလုပ် ဘယ်လုပ်နိုင်ပါ‌တော့မလဲ အနိုင်ရယ်"

-"ဟုတ်"

သူမအစ်ကိုသည် ဖေဖေ့အလုပ်ရှင် ကိုဖိုးထောင်ပင်ဖြစ်သည်။ ထောင်ကျဖူးသည်ကြောင့် ဖိုးထောင်ဟုခေါ်ခြင်းဖြစ်သည်။ ထောင်ကျရသည့်အကြောင်းအရင်းမူကား ထန်း‌တောတွင်ရန်ဖြစ်ရာမှ လက်လွန်သွားသည်ဟုသိရသည်။ ထိုအ‌ကြောင်းများကို ငယ်စဉ်ကတည်းကပင် ကြားဖူးသည်မို့ ထိုစိတ်ကြမ်းလူကြမ်းကြီးကိုမြင်ရုံဖြင့် လန့်ခဲ့ပါသည်။ ထို့ကြောင့် ကိုဖိုးထောင်နှင့်တွေ့ရမည်ဆိုလျှင် ဝေးဝေးကသာ ရှောင်ခဲ့လေသည်။
သို့‌သော် ရှောင်မရသည့် ‌ရေစက်များ‌ကြောင့်
ဖေဖေသည် သူ့အက်တွင်အလုပ်လုပ်နေလျှက်ရှိပြီး
ကိုယ်မြတ်နိုးသူကပါ သူ့နှမဖြစ်‌နေ‌လေသည်။ရေစက်ဟူသည် အခက်သားပင်။
သို့ရာတွင် မိဘနှစ်ပါးလုံး မရှိကြတော့သည့် သူမတို့မောင်နှမသည် အလွန်ချစ်ကြဟန်‌ရှိသည်။နှမဖြစ်သူကလည်း အစ်ကို့အစား ဒိုင်ခံအပင်ပန်းခံအလုပ်လုပ်သလို အစ်ကိုဖြစ်သူသည်လည်း နှမအနားသို့ ယင်ဖိုပင်မသန်းရဲအောင် စောင့်ရှောက်လေသည်။
ထိုသည် များစွာကောင်းပေသည်။
မဟုတ်လျှင် ကျွနုပ်အသည်းပန်းလှလှအား ချူချင်သူများ‌နေမှာကို စိုးရိမ်နေရမည်မဟုတ်လား။
သို့သော် ကိုဖိုးထောင်လက်မှ လွှတ်လာသည့် ယင်ဖိုအချို့သည်တစ်ခါတစ်ရံ သူမအနား လာလာဝဲသေးသည်ကြောင့် ကျွနုပ် မုချကြီးတော့ စိတ်မအေးနိုင်ပါ။ ဖြစ်နိုင်လျှင် ကျွနုပ်အသည်းပန်းကို ဘယ်ယင်ဖိုယင်မမှ မသန်းတော့ မမြင်ရတော့အောင် ရင်ခွင်ထဲတွင် ဖွက်၍သာ ထားချင်မိပါရဲ့။

-"အဲ့ဆို စာလုပ်တော့မလား အနိုင်"

-"အာ..အဲ့တာက။ စာလုပ်တာလည်း ကြာနေပြီဆိုတော့ ဟိုလေ.. ပျင်း..ပျင်းနေလို့"

ကျွနုပ် ပျင်းသည်ဟိုသော နေရာတွင် သူမသည် ပြုံးသွားသယောင်ရှိသည်။
ကျွနုပ်အထင်လည်းဖြစ်နိုင်သည်။

-"ရှားရှားပဲနော်။"

-"ဘာ..ဘာကို"

-"အနိုင့်ဆီက စာလုပ်ရတာပျင်းတယ်ဆိုတဲ့စကားကြားရတာ ရှားရှားပါးပါးပဲလို့"

-"ဟုတ်"

-"ဒါဆို"

သူမသည် လက်ထဲမှစာအုပ်ကို ပိတ်လိုက်သည်။ပြီးမှ မတ်ထပ်ရပ်လိုက်သည်။ ‌
ကျွနုပ်အာရုံတွင် ပန်းတစ်ပွင့် လေညှင်းတိုက်၍ လှုပ်ခတ်သွားသည်ဟုသာ မြင်မိသည်။

-"ဦးနှောက်အနားပေးရင်း တို့နဲ့ ခနလောက်လိုက်ခဲ့ပါလား"
အရှေ့တွင် လက်ဖြူဖြူလေး ဝဲကာကျလာစဉ်တွင်တော့ ကျွန်ုပ်နှာဖျား၌ ဆယ့်နှစ်ရာသီပန်းရနံ့တို့ဖြင့် မွှေးပျံ့သွားလေတော့သည်။

*******

ချစ်သူမှလိုက်ခဲ့ဟုခေါ်သည်နှင့် နှစ်ခါပင်
မ‌ခေါ်ရပါ။ ကောက်ကောက်ပါအောင် လိုက်မိသည်။
ဒါသည်လည်း အခုမှမဟုတ်‌ပေ။ဟိုးငယ်ငယ်ကတည်းကပင် သူမအနား‌၌ ကပ်ပါးလေးလို
သွားလေရာ ပါခဲ့ဖူးသည်။
ယခုလည်း မိမိ ကပ်ပါးကလေး လုပ်နေရပြန်သည်။ ဖေဖေသာ ပြန်‌ရောက်လို့ မမြင်လျှင် စိတ်ပူနေတော့မည်လားဟုတော့ တွေးမိပါသည်။
သို့သော် ပန်းကလေးကသာ ခေါ်လျှင် ယခုကဲ့သို့
ရွာရှေ့ဖျားနောက်ဖျားတင်မက စကြာဝဠာအနှံ့
ခရီးဆန့်ရလျှင်‌တောင် မောမည်မထင်ပါ။

နူးညံ့သည့် လက်ဖဝါးမှ အနွေးဒဏ်က‌လေးသည် ရင်ထဲရှိနှလုံးသားကိုပင် နွေးထွေး‌စေသည်။ ယခုတိုင် တွဲထားသည့် လက်ဖြူဖြူကလေးကို ကြည့်မိလိုက်တိုင်း ကျွနုပ် ခြေဖဝါးတို့မှာ မြေကြီးနှင့် မထိသလိုရှိသည်။ ဟန်မဆောင်နိုင်ဘဲ တပြုံးပြုံးဖြစ်နေဦးမည့် မျက်နှာကိုလည်း မှန်မကြည့်‌ပါဘဲ သိ‌‌နေသည်။

-"ဟယ် အဝါတို့ ဘယ်သွားကြမလို့လဲ"

-"ရွာဦး‌ကျောင်း သွားမလို့ပါ မ‌အေးခိုင်ရယ်။
ဒါနဲ့ ဘာဟင်းနဲ့ချက်"

-"ထုံးစံအတိုင်း ချဉ်ပေါင်ဟင်းနဲ့ ပဲရေပွပေါ့အေ"

-"ဪ ကောင်းသားပဲ"

-"ဟဲ့ အဝါတို့ညီအမတွေ ဘယ်လဲဟဲ့"

-"ရွာဦးကျောင်းသွားမလို့ လေးလေးမြရေ။
ဒါနဲ့ ဘာဟင်းနဲ့စား‌ကြတာလဲ"

-"အချဉ်ဟင်း ပဲပြုတ်တဲ့‌ဟေ့။ စားသွားပါဦးလား"

-"နေပါစေ လေလေးရယ်။ စားခဲ့ပြီ"

ကျွနုပ်တို့ ရွာထဲဝင်လာသည်ကို မြင်သည်နှင့်
လှမ်းနှုတ်ဆက်လာသည့် သူများအား သူမမှ
ဒိုင်ခံ‌ ‌ဖြေ‌နေသည်။သူမကိုကြည့်၍ ကျွနုပ်မှာ
မောမိသည်။
ထိုသည်ကား ကျွနုပ်တို့မှကြုံသည်‌တော့ မဟုတ်ပါ။ ရွာလယ်လမ်း‌ပေါ် လျှောက်မိသူတိုင်း ကြုံရသည့်ကိစ္စဖြစ်ပေသည်။ ကျွနုပ်တို့ ရွာသားအချင်းချင်း လမ်းတွင် တွေ့မြင်သည်နှင့်
ဘယ်သွားမည်လဲ/ဘယ်ကပြန်လာသည်လဲ/မမြင်တာကြာပြီ စသည်ဖြင့် အမျိုးမျိုး ဖော်ရွေစွာ နှုတ်ဆက်တတ်ကြသည်မှာ ဓလေ့တစ်ခုလို ဖြစ်နေလေပြီ။

-"ဟေ့ အဝါ! ဘယ်သွား မလို့လဲ။
အပြန်ကို ၀င်ခဲ့ဦးနော်။အလုပ်အကြောင်းပြောရအောင်လို့"

-"ဟုတ် ၀င်ခဲ့မယ် အရီးအေးရွှေရေ။
အခုတော့ ရွာဦးကျောင်း ခနသွားမလို့"

-"အေးပါအေ အေးပါ။ "

သူမသည်ထိုသို့ ပါးစပ်မလည်အောင် နှုတ်ဆက်နေသည့်တိုင် ကျွနုပ်သည် ဘာစကားမှဝင်မပြောမိပါ။ပြုံရုံသာ ပြုံးပြလိုက်သည်။
မရင်းနှီး မခင်မင်ချင်သည်တော့မဟုတ်။
ကျွနုပ်အ‌ပေါ် သနားသလိုလို ကြည့်တတ်သည့် မျက်ဝန်းများကို တတ်နိုင်သလောက် ရှောင်ချင်၍ ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ် အပေါင်းအသင်းနည်းပါသည်။
သူမရဲ့ဝန်းကျင်မှ လူများလောက်သာ ခင်မင်သည်။
သို့သော် ပတ်ဝန်းကျင်ဟူသည်ကား မိမိဘာသာ နေလျှင်တောင် စပ်စုတတ်ကြသည်မလား။

-"ဟယ် ချစ်လွန်း!"

ရွာဦးကျောင်းရောက်ခါနီး အကွေ့တွင် သူမရဲ့ အမ ၀မ်းကွဲဆိုသူနဲ့ ရုတ်တရက်တွေ့လေပြီ။
ကျွနုပ်သိသည်က ထိုအမ ရန်ကုန်နေသည်ဟုပင်။
အလည်ပြန်လာပုံရသည်။
အခြားလူအား စိတ်မ၀င်စားစေကာမူ ကျွန်ုပ်
ထိုမိန်းမကိုတော့ စိတ်ဝင်စားမိသည်။
ဝမ်းကွဲဆိုသည့်တိုင် ဝါနှင့် အလွန်နီးကပ်စွာ နေတတ်၍ ကျွနုပ်ကြည့်မရသည်ဆို ပိုမှန်မည်။
ဒါလည်း ကျွန်ုပ်မလွန်ပါ။
ယခုကြည့်ပါလေ။ ကျွန်ုပ်နှင့်မတွဲထားသည်လက်ကို ကိုင်ထားကာ နှုတ်ဆက်နေသည်မဟုတ်လား။
ဒါကိုလည်း ဝါကပါ အလိုတူအလိုပါ ပြန်ဆုတ်ကိုင်ရင်းဖြင့်။

-"ဟင် မသက်ဝင်းပါလား။
ရန်ကုန်ကနေ ဘယ်တုန်းကပြန်ရောက်သလဲ "

-"ဟို‌နေ့ကပဲ ပြန်ရောက်တာအေ။ ဒါနဲ့ နင်တို့ဘယ်သွားကြမလို့လဲ"

-"ရွာဦးကျောင်းသွားမလို့အမရဲ့။ သိတဲ့အတိုင်း ကထိန်ကိစ္စ‌လေ။ ဒါနဲ့အမရော အလည်ပြန်လာတာလား အပြီးလား"

-"အလည်ပေါ့အေ။ဟိုမှာ ငါမရှိမှမရဘဲနဲ့။
အခုတောင် ၁၀ရက်ပဲခွင့်ပေးလိုက်တာ"

-"အော် ဟုတ်လား။"

-"အေး အဲ့မို့ နင်ငါ့ဆီအလည်လာခဲ့ဦးနော်"

-"လာမှာပေါ့ ကို့အမဆီပဲကို"

-"ဟုတ်ပါပြီတော် ။ ပြောတာပဲ။
ပြီးရင် အလုပ်ရှုပ်တာနဲ့ လာမှာလည်းမဟုတ်ပါဘူး။"

-"မဟုတ်တာ..။တကယ် လာမှာပါအမရဲ့။"

-"ဟုတ်ပါပြီတော် ဟုတ်ပါပြီ။ဒါနဲ့ ပိုလှလာတယ်နော်"

-"အဟိ။ ငါ့အမကတော့လုပ်ပြီ။
ကဲပြောကြည့် ငါ့အမဘာစားချင်လဲ။"

-"အမလေး ဘာမှမစားချင်ပါဘူးအေ။
လှလို့လှတယ်ပြောတာပါ"

-"အမကလည်း လှလာ..ဟင်"

ကျွန်ုပ်နှင့်ရှေ့မှမြင်ကွင်းကြောင့် သည်းခံနိုင်စွမ်းတို့ ကုန်လာသလိုရှိသည်။
ထိုသူမသည် ဝါ့ရဲ့လက်ကို ကိုင်ထားရုံတင်မက စကားပြောရင်း ခေါင်းပုတ် ပုခုံးပုတ်ပါလုပ်သေးသည်။ ဒါကိုလည်း ဝါကမငြင်းပေ။
ထို့ထက်ဆိုးသည်က အခြားလူများထက် ထိုအမကို ပိုခင်တွယ်နေသည့်ပုံ။
ထို့ကြောင့် ကျွနုပ် စိတ်မရှည်စွာဖြင့် ဝါ့လက်ထဲမှ ကျွနုပ်လက်ကို ဆတ်ကနဲရုန်းမိတော့ စကားကောင်းနေသည့် ဝါက အကြောင်သား‌လေးဖြင့် ငေးစိုက်ကြည့်လာသည်။
ထိုအခါမှ ထိုအမက ကျွနုပ်ကိုမြင်သည့်ပုံဖြင့်။

-"ဒါနဲ့ ချစ်လွန်း။သူက ဘယ်သူလဲ။
ငါ မြင်ဖူးသလိုပဲ။
ဟင် မိဇူ မိဇူလေးလား"

-"ဟုတ်ပါ့။"

-"အယ် မတွေ့တာကြာ‌တော့ ထွားလာ လှလာတိုက်တာကြည့်စမ်းဟယ်။
အသားကလည်း ဖွေးဉလို့ တရုတ်မလေးကျ‌နေတာပဲ။ ငါဖြင့် မှတ်ကိုမမှတ်မိတာ။"

-"ဟုတ်တယ် မသက်ဝင်းရေ။
အဲ့လိုလှလာ ထွားလာ‌လို့ကို ညီမစိတ်မချမိတာ"

သူမတို့သည် ကျွနုပ်ကိုကြည့်၍ ရယ်ကာမောကာ ပြောနေစေကာမူ ကျွနုပ် ပြန်မပြောမိပါ။
ပြုံးရုံသာပြုံးပြမိသည်။‌အပြုံးသည်ပင် အသက်ပါရဲ့လား မသိ။
ထိုအမသည် နှုတ်ခမ်းတို့သည် ပြုံးနေရာမှပင် ခပ်တင်းတင်းဖြစ်သွားဟန်။
ကျွနုပ်အား မည်သို့ထင်သွားသည်မသိပါ။
မည်သို့ထင်ထင် ကျွနုပ်ဂရုမစိုက်ပါ။
သို့သော် ထိုသူမသည် ဝါ့ဘက်သို့ ရုတ်တရက်လှည့်၍ လုပ်လိုက်သည့် အမူအရာတစ်ခု။
ထိုအမူအရာကြောင့် ဂရုမစိုက်၍ မရတော့ပါ။

-"ဒါနဲ့လေ..ချစ်လွန်း..........."

ကျွန်ုပ်အရှေ့ရှိ မြင်ကွင်းကြောင့် ဘယ်ဘက်ရင်ဘတ်မှ စူးကနဲထိုး‌အောင့်လာသည်။
နာကျင်မှုသည် အမြင်အာရုံတွေပါ ဝေဝါးသွားစေခဲ့သည်။
ဒါလည်းကောင်းပါသည်။
အခုအချိန်တွင် မျက်လုံးကွယ်သွားလျှင်‌တောင် ကောင်းပါမည်။
ကျွနုပ် မမြင်ချင်ပါ။
ကျွနုပ်အသည်းပန်းအနား မည်သည့်အရာမှ
ကပ်တာမျိုးကို မမြင်လိုပါ။
သို့သော် ထိုသူမသည် ကျွနုပ်ပန်းကလေးအနီးကို ကပ်ရုံတင်မက တစ်စုံတစ်ခုကိုပါ တိုးတိုးပြောနေပါသေးသည်။
ဖြစ်နိုင်လျှင် သုတ်ကနဲ လှည့်ထွက်လာခဲ့ချင်သည်။
မုန်းသည်။
ရိုးသားသည်ဆိုစေကာမူ သိပ်ကိုမုန်းပါသည်။
ကျွနုပ်ပင် မြတ်နိုးလွန်းလို့ မထိရက်မကိုင်ရက်သည့်ပန်းက‌လေးကို နီးနီးကပ်ကပ်ထိတွေ့တတ်သည့်
ထိုမိန်းမအား နုတ်နုတ်ပါစင်းပစ်ချင်သည်အထိ
မုန်းမိသည်။

**********

-"မောနေလား အနိုင်"

ရွာဦးကျောင်းပေါက်ရောက်သည်နှင့် ဖိနပ်ကိုချွတ်လျှက် သူမမှ ထိုသို့မေးလာသည်။
ကျွနုပ် ပြန်မဖြေမိပါ။
ဖြေချင်စိတ်လည်းရှိမနေပါ။
တွဲလက်တို့ ဖြုတ်ထားသည်ကြောင့်လား/
ပန်းကလေးကို အခြားသူကပ်၍လား‌တော့ မသိပါ။
စိတ်တို့ ညစ်ထွေးနေခဲ့သည်။

-"မောနေသလားလို့။ဟင်"

သူမသည် ထိုမေးခွန်းကိုပင် ထပ်ကာမေးလျှက် ချွတ်ထားသည့်ဖိနပ်အား လက်ဖြင့် ကုန်း၍
ကောက်‌သည်။
တချိန်တည်းမှာပင် ပိတောက်ခြောက်ရောင် ရင်ဖုံးခါးတိုလေးမှ လှစ်ဟာသွားသည့် အဝါရောင် ခါးသွယ်သွယ်လေး။
ထိုမှတစ်ဆင့် အမဲဆင်ပေါ် အဝါချိတ်များပါသည့် ထဘီလှလှ‌ပေါ်မှ ကောက်ကြောင်းလှလှတို့ကြောင့်။

-"ဂလု"

ရုတ်တရက် ၀င်လာသည့် ညစ်ထွေးသည့်စိတ်ထက်ပို‌၍ ညစ်ထွေး‌သောအတွေးများ။
ထို့ကြောင့် ကျွနုပ် တံတွေးပါမြိုမိသည်။
ထိုအချိန်ကိုက်ပင် သူမက လှည့်ကာကြည့်သည်။ထို့‌ကြောင့် ကျွနုပ် ကျောင်းမုတ်ဦးထိပ်သို့ ဖြတ်ကနဲ အကြည့်လွှဲရသည်။
မုတ်ဦးထိပ်မှ လောကနတ်ရုပ်သည်ပင် "ငါသိနေတယ်နော်"ဟု ပြော‌နေသယောင် ရှိသည်။

-"ဟင်လို့!။"

-"ဟင်..ဟင့်အင်း။ ဘာလို့လဲ"

"မသိပါဘူး။တို့ကို ဘာစကားမှမပြောလို့
မောများနေသလားလို့လေ"

-"....."

ထိုအချိန် "ကျုပ်နဲ့ စကားပြောချိန်‌ရောရှိလို့လား" ဟူ၍ သူမကို ရွဲ့ကာ ‌မေးလိုက်ချင်သည်။
သို့‌သော် မ‌မေးခဲ့ပါ။
သည်ပန်းကလေးသည် ကျွနုပ်အပိုင်မှ မဟုတ်ဘဲလေ။

-"ဟူး..ဘာမှမဖြစ်ပါဘူး ဒီတိုင်းပါပဲ။"

ကျွနုပ် ထိုသို့ ပြန်‌ဖြေရင်းဖြင့် သူမနည်းတူ ဖိနပ်ကိုချွတ်လိုက်ပြီး လက်တစ်ဖက်နှင့်သာ ကောက်ကိုင်လိုက်‌တော့သည်။

*******

ထို့နောက် သူမနှင့်ကျွနုပ် ရွာဦးကျောင်းဆရာတော် ဦးနန္ဒ၀ံသထံသို့ သွားရောက်ဦးတိုက်ကြ‌လေသည်။ဆရာ့တော့်ထံ ဦးတိုက်ပြီးသည်နှင့် ဒီနှစ်ကထိန်အတွက် သူမတို့မိသားစုမှ မ တည် လှူဒါန်းမည်ဖြစ်‌ကြောင်း လျှောက်သည်။ ဆရာတော်သည်လည်း နှစ်စဉ်လုပ်နေသည့် အလှူရှင်ဖြစ်သည်ကြောင့်အထွေအထူး မိန့်ကြားခြင်းမရှိပါ။
လျှောက်တင်သမျှကိုသာ ခွင့်ပြုပေးလေသည်။
သူမတို့မောင်နှမသည် ၀မ်းရေးအရ ငါးလုပ်ငန်းလုပ်‌နေ‌စေကာမူ တစ်ဖက်တွင်လည်း ရက်ရက်ရောရော လှူဒါန်း‌‌လေ့ရှိသည်။
ယခုကဲ့သို့ ဆရာတော် သီတင်းသုံးနေထိုင်ရာ
နှစ်ထပ်ကျောင်းဆောင်ကြီးကိုပင် မ တည်လှူဒါန်းထားသည်။ ကျောင်းရှိ ဘီရို/စားပွဲ /ခုတင်စသည့်
လှူဖွယ်များကိုလည်း သူမတို့‌မောင်နှမသာ ဖြည့်စွက် လှူဒါန်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ဆရာတော်သည်လည်း အလိုရှိသည်နှင့် သူတို့မောင်နှမကိုသာ မိန့်လေ့ရှိသည်။

-"ဒါကာမလေး ဘယ်တုန်းက ပြန်ရောက်သလဲ"

သူမလျှောက်တင်အပြီးတွင် ဆရာတော်မှ ကျွနုပ်ကိုကြည့်ကာမေး‌လေသည်။

-"တပည့်တော် တနေ့တုန်းက ပြန်ရောက်တာဘုရား"

-"အေးကွယ်။ ဒါနဲ့ ဒကာကြီးရော နေကောင်းသလား"

-"တင်ပါ့"

-"အားရင် ကျောင်းလာခဲ့ဦးလို့ ပြောလိုက်ပါဦးကွယ်။
ရေကန်ဘေးမှာ ပေါင်းတွေထနေလို့"

-"တင်ပါ့ဘုရား"

ဆရာတော်သည် ရေကန်‌ဘေး ပေါင်းရှင်းရန်
ဖေဖေ့အား အခေါ်ရှိသည်ကြောင့် ကျွနုပ်ပြုံးမိသည်။ အများကဲ့သို့ ငွေမလှူဒါန်းနိုင်သည့် ဖေဖေသည် သူ့လုပ်အားဖြင့် အားလျှင်အားသလို
ဝေယျာဝစ္စ လာလုပ်တတ်သည်။ မအားလျှင်တောင် ဆရာတော်ခေါ်ပါက လာရောက်လုပ်ကိုင်‌ပေးမည်သာ။

-"အေးအေး။ ဒကာမလေး‌ရော ကျန်းမာရေးအခြေအနေကောင်းရဲ့လား။ မောသေးသလား။
ဆေးတော့ ပုံမှန်သောက်နော်။"

-"တင်ပါ့။ကောင်းတယ်ဘုရား။ တပည့်တော် အရင်လိုတော့ အရမ်းမမောတော့ဘူးဘုရား။"

-"အေးပါကွယ်။ ဒါနဲ့ဆေးကရော လောက်‌သေးရဲ့လား"

-"တင်ပါ့။ နည်းနည်းတော့ ကျန်ပါသေးတယ်ဘုရား"

-"အေးပါကွယ်။ အခုတော့ ဆေးမရှိသေးလို့
မပေးလိုက်တော့ဘူး။ ဒကာကြီး လာတဲ့နေ့ကျမှ
အပြန်ကို ထည့်ပေးလိုက်မယ်"

-"တင်ပါ့ဘုရား"

ဆရာတော်သည် ကျွနုပ် အသက်သခင်ဆိုလျှင်မမှားပေ။ မွေးရာပါနှလုံးရောဂါ‌ဆိုသည်ပျောက်ကင်းတတ်သည့်‌ရောဂါမျိုး မဟုတ်သည်‌ကတစ်ကြောင်း/ ရွာသည် မြို့နှင့်ဝေးသည်‌ကတစ်ကြောင်းကြောင့် အမောဖောက်တိုင်းတွင် ဆရာတော်ပေးသည့် ဆေးဖြင့်သာအသက်ဆက်ခဲ့ရပါသည်။

-"ဒါဆို တပည့်တော်တို့ ပြန်ဦးမယ်ဘုရား။"

ကျွနုပ်တို့ စကားစပြတ်စဉ် သူမမှ ပြန်မည်ဟု‌လျှောက်လေသည်။ ကျွနုပ်လည်း ပြန်ချင်နေလေပြီ။

-"အေး... အဲ့ဆိုလည်း။ ခန‌တော့နေဦး။ ဟဲ့ ကျောင်းသား"

-"တင်ပါ့။"

-"ငါ့အခန်းထဲက ငှက်ပျောသီးမှည့် ၂ဖီး ထုတ်ခဲ့စမ်းကွယ်။ ဒီမမတွေကို ပေးရအောင်"

-"နေပါစေဘုရား တပည့်တော်တို့..."(သံစုံ)

-" ယူသွား ဒကာမလေးတို့ရဲ့။လာတုန်းကျွေးရတာ
ငါ့မှာ။ မဟုတ်လည်း ပိုလျံနေတာကွဲ့"

-"တင်ပါ့"(သံစုံ)

ဆရာတော်သည် ထိုသို့ပင်ဖြစ်သည်။
ကျွနုပ်တို့လာတိုင်းတွင် မုန့်/သစ်သီး တစ်မျိုးမျိုးစွန့်လေသည်။ ကျွနုပ်တို့မှာသာ လာစဉ်က လှူဖွယ်မပါသည်ကြောင့် ယူရခက် မယူခက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးရသည်။

-"ဟဲ့ကျောင်းသား ဘာ‌ငေးနေတာလဲ သွားယူချည်သွား"

-"တင်ပါ့"

ဆရာတော်အမိန့်ကြောင့် မိမိတို့အား ငေးကာကြည့်နေသည့် ကျောင်းသားလေး ကျော်ကျော်အောင်မှာ ကုတ်ကုတ်ဖြင့် အခန်းတစ်ခုထဲသို့ ၀င်သွားရလေပြီ။

သူ့ကို ကျွနုပ်သိပါသည်။ ဆရာတော့်တူဖြစ်ပြီး မိမိနှင့်ကျောင်းနေဖက်လည်းဖြစ်သည်။
သို့သော် မခင်မင်မိပါ။
အမြဲစပ်ဖြီးဖြီးနှင့် ကျွန်ုပ်ကို စနောက်လွန်းသည်ကြောင့်သာ ဖြစ်သည်။
ယခုလည်း ငှက်ပျောဖီးကို ကျွနုပ် ရှေ့လာချရင်း စပ်ဖြီးဖြီးလုပ်ပြ သွားသေးသည်ကြောင့် မျက်စောင်းတချက် ချိတ်ပေးလိုက်ရသည်။
ဒါကိုပင် အမှတ်မရှိလေသည့် သကောင့်သားမှာ ကျောင်းအောက်ရောက်သည်အထိ အနောက်ကပါလာသည်။

-"မဇ္ဇူ မဇ္ဇူ"

ကျွနုပ်ကြားသော်လည်း လှည့်မကြည့်မိပါ။
ခြေလှမ်းတို့ကို အရှိန်တင်မိသည်။

-"မဇ္ဇူ နေပါဦးဟ နင်ကလည်း"

ပြေးလိုက်လာသည့်သူက ဘာအရေးကြီးသည်မသိပါ။ အရှေ့မှ ပိတ်ရပ်လိုက်သည်ကြောင့် မကြည်စွာကြည့်လိုက်သည်။

-"ဘာလဲ ပြော။ဘာပြောမလို့လဲ"

-"ဟာ..နင်ကလည်း။ မာနကြီးလိုက်တာဟာ။
ကိုယ့်သူငယ်ချင်း အချင်းချင်းကို။"

-"အေး..အဲ့မို့ပြောလို့။ ဘာပြောမှာလဲ"

-"ငါ..ငါ"

ကျွနုပ်အမေးကြောင့် သူက ပြောရခက်သွားဟန်ဖြင့် ဘေးမှ ဝါ့ဆီကို တစ်ချက်ကြည့်သည်။
ဝါကလည်း သူ့ကိုစူးရဲစွာ ပြန်ကြည့်နေလေသည်။
သို့‌သော် ဘာမှတော့ ၀င်မပြောခဲ့ပါ။

-"ဟူး"

ကျော်ကျော်အောင်သည် စိတ်လျော့လိုက်ဟန်ဖြင့် သက်ပြင်းကိုချသည်။ ပြီးမှ သူဝတ်ထားသည့်
စတစ်အကျီ အိတ်ထောင်ထဲမှ တစ်စုံတစ်ခုကိုနှိုက်ယူလိုက်သည်။

-"မဇ္ဇူ..ဒါလေးလက်ခံပေးနော်။ ငါသွားပြီ"

ထိုအရာအား ကျွနုပ်လက်ထဲ အတင်း ထိုးထည့်ပြီးသည်နှင့် သူသည် ကျောင်းပေါ်သို့ပြန်တက်ပြေးလေတော့သည်။
ကျွနုပ်မှာသာ လက်ထဲရှိ နှစ်ဆီတစ်ပွင့်နှင့် စာအိတ်ကိုတလှည့် ဝါ့မျက်နှာသို့တလှည့် ကြည့်ကာ
ပူထူသွားရသည့် အဖြစ်ပါလေ။

24-12-2023

********

Continue Reading

You'll Also Like

2.6M 94.2K 30
Dawn, a girl in her early twenties living in a poor neighborhood with her sick mother and teenage brother. Her father has abandoned them for a rich w...
17.6M 549K 37
"It's like he's a different breed of werewolf. Something... beyond us." • • • Adrienne Gage has spent her entire life being shunned and punished for...
11.6M 344K 43
***GirlXGirl Romance*** Living in New York you learn to keep up with the quick pace of the city, myself included. I was never the one to stop and sme...
12.1M 407K 63
Eliana Snow is a sweet, innocent young woman who's about to inherit the family fortune at age 21. Right now her parents' company, bank accounts, and...