အခန်း(၂)
လူတစ်ယောက်ကို မြင်လျှင်မြင်ချင်း အဝါရောင် ပန်းတစ်ပွင့်ကို တွေ့မြင်ရသကဲ့သို့ အသင်တို့ ခံစားဖူးသည်လော။
ကျန်ုပ်ဖြင့် တစ်ကြိမ်မက ခံစားခဲ့ဖူးသည်။
ထိုသူမအား မြင်တွေ့ရသည်နှင့် ကျွနုပ်ဘေးရှိ မြင်မြင်သမျှအရာအားလုံးသည် အဝါရောင်ပန်းများ။ ထို့ထက်ညွှန်းရလျှင် အဝါရောင် ဆယ့်နှစ်ရာသီပန်းများဖြင့် ခြံရံထားသည်ဟု ခံစားခဲ့ရသည်မှာ ယခုမှမဟုတ်ခဲ့ေပ။ဟိုးငယ်စဉ် ကလေးဘ၀ကတည်းကပင် ဖြစ်ေပလိမ့်မည်။
ကျွနုပ်အသက် (၅)နှစ်၀န်းကျင်မျှ ရှိဦးမည်။ အတိအကျအားဖြင့် ၄နှစ်ပြည့်ပြီး ၄လ/၄ရက်နေ့တွင် ဖြစ်မည်။
ထိုနေ့တွင် ကျွနုပ်တို့တဲအိမ်ေလး အပြင်ဘက်ရှိ ကောင်းကင်တွင် မိုးများပြိုမလို အုံ့မှိုင်းနေလေသည်။ ထို့အတူ ကျွနုပ်ဖခင် မျက်၀န်းတွင်လည်း မိုးများမပြိုဘဲ အုပ်မှိုင်းလျှက်ရှိသည်။
အမြဲ ကျွနုပ်အား ပွတ်သီးကပ်သီး နေတတ်သည့် ကျွနုပ်မိခင်သည် ဤနေ့မှ မရှိ။
အဘယ်သို့သွားသည်လည်း မသိပါ။
မိုးလင်းသည်ဆိုကတည်းက မတွေ့ရပေ။
သို့ရာတွင် ကျွနုပ်မသိသော လူများစွာသည်
မိုးလင်းကတည်းကပင် အိမ်ပေါ်ရောက်ရှိနေလေသည်။
ဖေဖေသည်လည်း မအားသည့်ပုံဖြင့် ကျွနုပ်အနား
မလာခဲ့ပေ။
ဖေဖေ့အနားသို့ သွားလျှင်လည်း ယခင်ကဲ့သို့ မဟုတ် စိမ်းသက်နေသည်ဟု ခံစားရသည်။
အထူးသဖြင့် ကျွနုပ်အား စိုက်ကြည့်နေသည့်
စိုစွတ်စွတ် မျက်၀န်းအစံုသည် များစွာထူးဆန်းပေသည်။
ပွဲလမ်း၌ပင် ဧည့်သည်မလာတတ်သည့် ကျွနုပ်တို့အိမ်လေးတွင် ယခုကဲ့သို့ လူများစွာ လာရောက်နေသည်ေကြာင့် များစွာ အနေကျပ်သည်။
ထို့ကြောင့် ကျွနုပ် မန်းကျည်းပင်ကြီးအောက်တွင် ထိုင်နေရသည်မှာ အတော်ပင် ကြာနေလေပြီ။
အချိန်မည်မျှရှိသည်ကိုေတာ့ ကျွနုပ်မသိပါ။
သို့ရာတွင် တယောက်တည်းစော့ရင်းဖြင့်
နိုင်ေနသည့် မန်ကျည်စေ့(ဇယ်စေ့)များစွာသည်ေတာ့ ကျွနုပ်ဘေးတွင် ပုံနေလေပြီ။
အရင်ကမူ ကျင်းပေါက်ကလေးတူးကာ ဇယ်တောက်သည်ကိုမြင်တိုင်း မေမေက လာဘ်ပိတ်သည်ဟု ဆိုကာ မတောက်ခိုင်းပေ။
သို့သော် မေမေ ငါးရောင်းထွက်သည့် အချိန်တိုင်းတွင် ကျွနုပ် ခိုးကာ စော့ကစားနေကျဖြစ်သည်။
ယခုလည်း မေမေ မရှိသည်ေကြာင့် ခါတိုင်းကဲ့သို့ ကစားနေခဲ့သည်။
မေမေပြန်လာ၍ မြင်ပါက ကျွနုပ် ဇယ်စေ့များကို ထပ်မံလွှတ်ပစ်ကာ ဆူခံထိပေဦးမည်။
သို့သော် ထိုသည်က ဘာအရေးနည်း။
ကျွနုပ်အိမ်၌ မန်ကျည်းပင်ကြီး ရှိနေသမျှ
မန်ကျည်းဇယ်စေ့သည် ပေါနေတုန်းပင် မဟုတ်ပါလား။
-"ကြည့်ဦး မချူးတင်ရယ် ကလေးသနားစရာမေကာင်းဘူးလား။ မအေသေမှန်းတောင် သိပုံမရဘူး"
-"ဟုတ်ပါ့။ မ၀င်းစိန်ရယ်။ ငယ်သေးတော့ သိမှာမဟုတ်ဘူးထင်တယ်"
-"ဒီကလေး မွေးချင်းမရှိရတဲ့အထဲ အမေကပါ..ဟယ် ။ ရွှတ် ရွှတ်"
-"ရွှတ် ။ ဘယ်တတ်နိုင်မလဲအေ။ ကံတရားပေါ့"
ကျွနုပ်တို့ တဲအိမ်မှ လူအချို့သည် ကျွနုပ်အား
မကြာမကြာ လှမ်းကြည့်ေနသည်ကို ေတွ့ရသည်။
သူတို့အချင်းချင်း ပြောရင်းဆိုရင်း ဘာကို၀မ်းနည်းနေသည်မသိ ကောက်ခါငင်ခါ ထထ၍ ငိုတတ်ကြသေးသည်။
သို့သော် ကျွနုပ် သူတို့အား စိတ်မ၀င်စားမိပါ။
-"တောက် တောက်"
-"ဟဲ့ နင်ချော်သွားပြီ ငါ့အလှည့်"
-"တောက် တောက်"
တယောက်တည်းစကားေတွပြောရင်း
တယောက်တည်း ကစားေနရသည်မှာ
လက်ပင် မလည်အောင်ရှိပေသည်။
အမြဲကစားနေသည့်တိုင် ပျင်းစရာဟုပင်မမြင်မိပါ။
ဘယ်ဘက်ကနိုင်နိုင် ကျွနုပ်နိုင်သည်ကြောင့်
ပျော်နေရခြင်းလည်း ဖြစ်မည်။
-"ဟိတ်! မင်း ညစ်တာ တို့မြင်တယ်နော်"
ထိုအသံကြောင့် ကျွနုပ် လက်ညှိုးထိပ် ဇယ်ကိုအေတာက် မထိဘဲ ချော်ကာသွားသည်။
ကျွနုပ် မျက်စိရှေ့တွင် အဝါရောင်ဖိနပ်ကလေး
ရှိေပသည်။ ထိုကတ္တိဖိနပ်လေးသည်
ဖြူဖြူသွယ်သွယ် ခြေတစ်စုံနှင့် လိုဖက်ညီစွာရှိ
ေနသည်။
ထို့ကြောင့် ကျွနုပ် ဆတ်ကနဲ မော့ကြည့်လိုက်သည်။
ထိုအချိန်သည် ကျွနုပ် အဝါရောင် ပန်းခင်းတစ်ခုထဲသို့ ရောက်သွားရသည့် အချိန်ပင်ဖြစ်သည်။
ဖြောင့်စင်းနေသည့် ဆံနွယ်ကို တဖက်စောင်းကာချထားလျှက် ငုံ့မိုးကြည့်နေသည့် ထိုအမျိုးသမီးမှာ ပြုံးလျှက်ေနသည်။
တဆက်တည်းပင် ထို့ထက် ထူးကဲသည့် အမှတ်အသားလေးတစ်ခုအား ဘယ်ဘက်ပါးမို့မို့ပေါ်တွင် ကျွနုပ်တွေ့ရှိလိုက်သည်။
ထိုသူမသည် အဝါရောင်ရင်ဖုံးအကျီနှင့် လိုက်ဖက်ညီစွာ အ၀ါဆင်အပေါ် အစိမ်းရောင်နွယ်ပန်းခက်များနှင့် လုံချည်ကို၀တ်ဆင်ထားသည်။
ထိုမျှမကသေး ဘယ်ဘက်နားကြားတွင်လည်း
အဝါရောင်ပန်းတစ်ပွင့်အား ပန်ဆင်ထားသေးသည်။
ထိုပန်းကိုတော့ ကျွနုပ်မသိ။
သို့သော် ထိုသူမသည် ထိုပန်းပွင့်ကေလးထက်
များစွာ လှသည်ဟုတော့ ကျွနုပ်သိသည်။
ထို့ကြောင့် သူမကို ပန်းကလေးဟု မသိစိတ်မှအမည်ပေးလိုက်ေတာ့သည်။
-"ဟိတ်.."
-"ငေးလှချည်လား ငညစ်ကလေးရဲ့"
အဝါရောင်များနှင့် ထိုသူမသည် ပြုံးလျှက်ပင် ထိုသို့ထပ်မံ ဆိုလာသည်။
ထိုအချိန်မှာပင် ကျွနုပ်ထပ်မံ တွေ့မြင်လိုက်ရသည့် နှုတ်ခမ်းဒေါင့်မှ အမှတ်အသားတစ်ခု။
ထိုအရာသည် သူမ ပိုင်ဆိုင်သော နောက်ထပ်ပြီးပြည့်စုံခြင်းတစ်ခု ဖြစ်တန်သည်။
သို့တိုင် ကျွနုပ်နှင့် မည်မျှဆိုင်သနည်း။
-"ဘာ ဘာညစ်လို့လဲ"
ကျွနုပ်ခေါင်းကို ငုံ့လျက် ဆိုလိုက်သည်။
-"ညစ်တယ်လေကွယ် မင်းလက်နဲ့ ယက်ချလိုက်တာ တို့မြင်သားနဲ့"
ထိုစကားကြောင့် ကျွနုပ်ကျောကလေး တချက်ကော့သွားရသည်။
-"မ..မဟုတ်ဘဲနဲ့"
သို့တိုင် ကျွနုပ်ငြင်းရပေမည်။
ရှက်စရာကြီးမဟုတ်ပါလား။
-"ဟုတ်တာပေါ့ကွယ် တို့အကုန်မြင်နေတယ် မင်း လက်ဖဝါးအုပ်သလိုနဲ့ ဇယ်တေသပ်ချတာက အစလေ"
ထိုစကားအကြား ကျွနုပ် မယုံကြည်နိုင်စွာမော့ကြည့်လိုက်သည်။
ထိုသူမသည် ယခင်ကဲ့သို့မဟုတ်။
သွယ်လျှသည့် လက်များကို ပိုက်လျှက် မထီတထီကျွနုပ်ကို ကြည့်နေသည်။
ကျွနုပ် မငြင်းရဲတော့ပါ။
သည်အမသည် မည်ကဲ့သို့ လူဖြစ်မည်နည်း။
ကျွနုပ်ရဲ့ လျို့ဝှက်လက်နက်ကအစ သိနေသည် မဟုတ်ပါလား။
-"အဟင်း ဘယ်လိုလဲ မငြင်းတော့ဘူးမလား"
-"....."
ကျွနုပ် မည်သို့စကားမျှမဆိုမိ အောက်နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိသည်။ ထို့ေနာက် ခေါင်းကိုလည်း ပြန်ငုံ့ထားလိုက်သည်။
တောက်လက်စ ဇယ်လေးများကပင် ကျွနုပ်ကို လှောင်နေသယောင်ရှိသည်။
-"ကဲပါ ဒီလိုလုပ် တောက်လက်စကြီးနဲ့ ဆိုတော့
မင်းညစ်တာ မတရားခံလိုက်ရတဲ့ဘက်က တို့ပါမယ်ဆို ဘယ်လိုလဲ"
ထိုစကားကို ပြောလျှက် သူမရဲ့အ၀ါေရာင် လုံချည်ကို တစ်ချက်သပ်ကာ လက်တဖက်ဖြင့်သိမ်းလိုက်သည်ကို မျက်၀န်းဒေါင့်မှ တွေ့လိုက်ရသည်။ ထို့နောက်တွင် အဝါရောင်ပန်းတစ်ပွင့်သည်
ကျွနုပ်ဘေးရှိ မြေသို့ေကြွဆင်းလာေလပြီ။
ကျွနုပ် ဘာစကားမှ မပြောမိပါ။
သူမကိုတလှည့် သူမဘေးမှ ဇယ်ပုံသို့တလှည့်သာကြည့်မိသည်။
ဇယ်ပုံမှာ မန်ကျည်းစေ့ ၂၀ပင်မပြည့်။
အတိအကျဆိုရလျှင် ၁၇စေ့မျှသာရှိမည်။
တပွဲလျှင် ၁၀စေ့ေကြးဖြစ်သည်ေကြာင့်
ယခုတပွဲပြီးလျှင် နောက်တပွဲ ကစားဖို့မျှသာ
ရှိမည်။
-"ခင် ခင်ဗျား နောင်တမရတာ သေချာလား"
-"အို တို့ဘာလို့နောင်တရရမာလဲ။
တို့အနိုင်တိုက်မှာနော်။
ပြီးမှ မင်းမငိုနဲ့"
သူမသည် လက်ထဲရှိ မန်ကျည်းစေ့
ဇယ်စေ့ ၁၇စေ့ခန့်ဖြင့် ကျွနုပ်အား စိန်ခေါ်ေလပြီ။
ကျွနုပ်အောက်ဘက်ရှိ ဇယ်စေ့ ၁၅၀ကျော်ကိုပင် သူမ မမှုဟန်ရှိသည်။
မည်သို့ပင်ကြည့်ကြည့် ကျွနုပ်ဘက်က အသာကြီးပင်။
ထို့ကြောင့် သူမ စိန်ခေါ်သည်ကို လက်ခံလိုက်သည်။
-"ရ..ရတယ်လေ.."
-"ဟုတ်ပြီ..ဒါဆို အခုကတို့အလှည့်မလား"
-"အင်း"
-"အာ့ဆို စမယ်နော်"
သူမသည် ထိုသို့ဆိုကာ ဖြူသွယ်လက်ညှိုးေလးဖြင့် ဇယ်တောက်ခြင်းကို စတင်လေတော့သည်။
-"တောက် တောက်"
------
ေရှ့ရှိ ဇယ်စေ့အားချိန်လျှက် ကျွနုပ်လက်ညှိုးကလေး တဆတ်ဆတ်တုန်နေမိသည်။
နဖူး၌လည်း ချွေးများစို့နေလေပြီ။
မည်မျှပင်မကြာလိုက်ပါဘဲ ရှုံးလာသည်မှာ
လက်ထဲ၌ ဇယ် ၁၅စေ့သာကျန်တော့သည်။
အစဝိုင်းတွင် ၁၀စေ့ေကြးဖြစ်သော်လည်း
နိုင်ချင်စိတ်ဖြင့် တဖြည်းဖြည်းကြေးခေါ်စော့ခဲ့မိသည်။ ထိုသည်က ကျွနုပ်အမှားပင်ဖြစ်သည်။
ထို့ကြောင့် ၃ပွဲမြောက်မှာပင် လက်ထိသည်/ဘာဖြစ်သည်/ညာဖြစ်သည်ဟူသော အကြောင်းပြချက်မျိုးစုံဖြင့် သူမအား ညစ်ေစကာမူ ပွဲတိုင်းအနိုင်ရေနတုန်းပင်ဖြစ်သည်။
ကျွနုပ် ငိုချင်လာရသည်။
ဖြစ်နိုင်လျှင် အသုံးမကျလှသည့် ကျွနုပ်လက်များအား ဖေဖေ့ ဓားမကြီးဖြင့်သာ ခုတ်ဖြတ်ပစ်လိုက်ချင်ပါသည်။
သူမမှာမူကား ကျွနုပ်အား ကြည့်ကာ ပြုံးစိစိဖြင့်သာ။
-"ကဲ ဘယ်လိုလဲ ကစားဦးမှာလား တို့က အနိုင်နဲ့ပိုင်းရမှာလား"
ပွဲပြီးသည်နှင့် သူမသည် စကားကိုခနဲ့တဲ့တဲ့ဆိုလာသည်။ ထိုသို့သော သရော်စကား သရော်ပြုံးသည်
မခံချင်စရာ အလွန်ကောင်းသည်။
ကျွနုပ် ရင်ထဲရှိ မာန်မာနကို အဆုံးထိစွနိုင်သည်။
ထို့ကြောင့် ကျွနုပ် ဘာကိုမှမစဉ်းစားနိုင်ေတာ့ဘဲ ဇယ်စေ့ ၁၅ေစ့လံုးကို ရှေ့သို့ပုံလိုက်သည်။
ပြီး သူမအားစေ့စေ့ကြည့်သည်။
-"ဒီ ဇယ်စေ့ တစ်စေ့ကို ခင်ဗျားဆီက ၁၀စေ့နဲ့ညီမျှအောင်လောင်းမယ်ဆိုရင်ရော"
သူမက ကျွနုပ်စကားကြောင့် အနည်းငယ် ကြောင်းအမ်းအမ်း ဖြစ်သွားဟန်ပင်။
ပြုံးနေသည့် နှုတ်ခမ်းများပင် မဆိုသလောက် ပွင့်ဟသွားေလသည်။
သို့သော် ထိုအချင်းအရာသည် ခနဆို ခနမျှသာ။
-"အဟင်းဟင်း"
-"...."
-"မင်းမှာ အဲ့လောက်ဇယ်မှမရှိဘဲကွယ်"
-"ခင် ခင်ဗျား အဲ့တာကိုမပူစမ်းပါနဲ့ဗျ။
အခု ကျုပ်လက်ထဲ ၁၅စေ့ရှိတယ်မလား ။"
-"အွန် ဟွန်း"
-"အွန်းလေ ။
အဲ့၁၅စေ့ကိုသာ ခင်ဗျား လက်ထဲက ၁၅၀နဲ့ညီတယ်လို့ပဲ သဘောထားပေးလေ"
-"အွန် ဟွန်း"
-"အဟုတ်ပြောတာဗျာ။ တကယ်လို့ ။"
-"....."
-"တကယ်လို့ ..
ကျုပ်ရှုံးသွားခဲ့ရင်လည်း ခင်ဗျားဆီ ဇယ်စေ့၁၅၀ရောက်စေရမယ်လို့ ကျုပ် ကတိပေးတယ်ဗျာ။ ဘယ်လိုလဲ"
ကျွနုပ်ထိုသို့ပြောရင်း ကတိပေးလိုက်တော့ သူမသည် ခေါင်းကိုတဆတ်ဆတ်ငြိမ့်သည်။
ပြီး ကျွနုပ်အား စေ့စေ့ကြည့်လျှက် ထပ်မံပြုံးပြန်သည်။
သရော်ပြုံးမျိုးတော့ မဟုတ်ခဲ့ပါ။
-"ဟင့်အင်း.."
-"ဘာ ..ဘာလို့လဲ"
-"တို့က ဒီဇယ်စေ့တေွမှမလိုချင်တာ"
-"....."
-"မင်း ပြန်လိုချင်တယ်မလား"
-"ဟုတ်"
-"အဲ့ဆို တို့ပြန်ပေးမှာပေါ့"
-"တကယ်လား"
ကျွနုပ် သူမကို မယုံနိုင်စွာ ကြည့်လိုက်သည်။
လိမ်နေသည်တော့ မဟုတ်တန်ရာ။
-"အင်း တကယ်ပြန်ပေးမယ်"
သူမသည် ရှေ့မှ ဇယ်ပုံအား ကျွနုပ်ဘက် တွန်းပို့ကာ ထိုသို့ဆိုသည်။
ကျွနုပ် အလွန်ပျော်မိသည်။ အပင်အောက်မှ တစ်စေ့ချင်းကောက်ကာ စုထားရသည့် မန်းကျည်းစေ့ ၁၅၀အား ပြန်ရတော့မည် မဟုတ်ပါလား။
-"ရေ့!"
ကျွနုပ် ဟန်ပင်မဆောင်နိုင်ပေ။
လက်ကိုထုတ်ကာ ဇယ်ပုံကို သိမ်းရန်ပြင်လိုက်သည်။ သို့သော် ဇယ်ပုံသို့ ကျွနုပ် လက်နှစ်ဖက်
မရောက်ခင်မှာပင် သူမက ဖမ်းဆွဲလာသည်။
-"နေဦးလေ"
-"ဘာ.ဘာလို့လဲ ပြန်ပေးမယ်ဆို"
-"အွန်း ပေးမယ်လေ။ "
-"အင်းလေ အာ့မို့ယူတာကို ဘာလို့တားတာလဲ"
-"ပေးမှာပေါ့။ တို့မလိမ်ပါဘူး။
ဒါမယ့် ပြန်မပေးခင် တို့မေးတာဖြေရဦးမယ်"
-"ဟာ မေးတာများ။ မေး မေး ဘာမေးမှာလဲ"
ကျွနုပ် သူမစကားကို အာရုံမရပါ။ ရှေ့မှ ဇယ်ပုံကိုသာ ပြန်ရဖို့ စိတ်၀င်စားသည်။
-"မင်းနာမည်?"
-"ဟင်"
-"မင်းနာမည်လေ...ဘယ်သူလဲ တို့သိချင်လို့"
-"ဪ ဒါပဲလား"
-"အင်း ပြော"
-"ကျုပ်က။ ကျုပ်နာမည်က အနိုင်လေ.."
-"အနိုင်တဲ့လား..။"
-"အင်း"
သူမသည် ဖမ်းဆုပ်ထားသည့် ကျွနုပ်လက်များကို ပြန်၍ လွှတ်ပေးသည်။ ပြီး မေးအား လက်တစ်ဖက်ဖြင့်ေထာက်ကာ စိုက်ကြည့်ေနသည်။
-"အနိုင်..တဲ့လား။"
-" အင်း။"
-"မင်း နာမည်လေးက လှသားပဲ။
ဒါေပမယ့် တမျိုးဖြစ်နေတယ်။
အဲ့တာ နာမည်အရင်းလား"
-"ဟုတ်ဘူးလေ။အနိုင်က မေမေ ဖေဖေတို့ ခေါ်တဲ့နာမည်"
-"အော် ထင်တော့ထင်သား။
အိမ်နာမည်ပေါ့"
-"အင်း"
-" အာ့ဆို။ ပြောေလကွယ်။
နာမည်အရင်းကို"
-"မြင့်ဇူနိုင်!"
-"....."
-"ကျုပ်က ဦးအောင်မြင့် ဒေါ်ဖြူနွယ်တို့ရဲ့
တစ်ဦးတည်းသော သမီး မဇ္ဇူနိုင် ပါတဲ့ဗျာ။
ကဲ ဘာသိချင်သေးလဲ"
သူမအမေးအား ကျွန်ုပ်ရဲ့ ခါးကိုဆန့်
ရင်ကိုကော့၍ ပြန်ကာဖြေပါသည်။
ရင်ဘတ်ကလေးကိုပင် ပုတ်ပြ လိုက်သေးသည်။
အိမ်နာမည်ကိုပင် လှသည်ဟုဆိုလာသည်ကြောင့် ဂုဏ်ယူမိသည်မဟုတ်ပါလား။
ကျွနုပ်အား စိုက်ကြည့်နေေသာ မျက်၀န်းနက်
များက အနည်းငယ် ကျယ်သွားသည်။
ပြီးမှ သွားစွယ်သေးသေးေလးများ ေပါ်သည်အထိ ရယ်ေလတော့သည်။
-"အဟွင်းဟွင်း"
ရုတ်တရက် ထရယ်လာသည့် ထိုသူမကြောင့်
ကျွနုပ်စိတ်ဆိုးမိသည်။
ဒါသက်သက် ကျွနုပ်ကို လှောင်ခြင်းပေ။
-".ဘာ..ဘာရယ်တာလဲ"
ကျွန်ုပ် မျက်စောင်းချိတ်လျှက် ထို့သို့မေးလိုက်တော့မှ ရယ်နေသည့်သူမ အနည်းငယ် တန့်သွားသည်။
-"ဟော..ဘာမှ မရယ်ပါဘူးကွယ်.။အဟွန်း"
-"မ မရယ်နဲ့"
-"ဟုတ်ပါပြီ..အဟမ်း..။ "
-"....."
-"ဘာတဲ့..မဇ္ဇူနိုင်။ဟုတ်သလား.."
-"အွန်း လို့ဆို!"
သူမ ထပ်မံမေးလာစဉ် စိတ်မရှည်စွာ ခြေထောက် တစ်ချက်ဆန့်လျှက် မကျေမနပ်ဖြေလိုက်သည်။
ထိုအခါမှသာ ပြာပြာသလဲဖြစ်သွားသည့် သူမက ချော့မြူဟန်ဖြင့် ဆိုလာသည်။
-"အင်းပါ..အင်းပါ။ တို့ သိပြီ။
တို့သိပါပြီကွယ်။ စိတ်ေတာ့မဆိုးလိုက်ပါနဲ့
အနိုင်ကလေးရဲ့"
-"မခေါ်နဲ့ အဲ့လို"
-"ဟင် ဘာလို့.."
-"အနိုင် ဆိုတာ ဖေဖေနဲ့မေမေပဲ ခေါ်ခွင့်ရှိတာ"
-"အော် ဟုလား "
-"အွန်း။ အဲ့မို့ အနိုင်လို့မခေါ်နဲ့"
-"အဲ့ဆို တို့ဘယ်လိုခေါ်ရမလဲ"
-"မသိဘူး ခေါ်ချင်သလိုခေါ်"
-"ခေါ်ချင်သလို ခေါ်ဆို။
တို့က အနိုင်လို့ပဲ ခေါ်ချင်တာလေကွယ်"
-"မသိဘူး အနိုင်လို့မခေါ်နဲ့ ။သိလည်းမသိဘဲနဲ့"
-"ဟော ဘာလို့မသိရမှာလဲကွယ်။
တို့တွေ အတူတူ အကြာကြီး ကစားထားသားနဲ့။
သူငယ်ချင်းတွေတောင်ဖြစ်နေပြီကို"
-"သူ သူငယ်ချင်း?။ အာ့..ဘာလဲ"
သူမပြောသည် စကားအဓိပ္ပာယ်ကို ကျွနုပ်မသိသည်ေကြာင့် သူမကိုမေးလိုက်သည်။
-"ဟင် ..သူငယ်ချင်းကိုမသိဘူးလား? အနိုင်လေးရဲ့"
-"အင်း"
-"သူငယ်ချင်းဆိုတာ ကစားဖော် ကစားဖက်ပေါ့ကွယ်။ တနည်းအားဖြင့် ပြောရရင် ရင်းနှီးခင်မင်ကြတဲ့သူအချင်းချင်းပေါ့ အနိုင်လေးရယ်"
-"အော် အတူတူ ကစားတဲ့သူ အချင်းချင်းကို သူငယ်ချင်းလို့ခေါ်တာလား။
-"အွန်ဟွန်း"
-" အဲ့ဆို ကျုပ်ဖေဖေနဲ့ မေမေက ကျုပ်သူငယ်ချင်းပေါ့နော် ဟုတ်လား?"
-"အဲ အဲ့တာကကျ မဟုတ်ဘူးလေ။"
-"ဟွန်.. ပြောတော့ အတူကစားတဲ့လူက သူငယ်ချင်းဆို။ ကျုပ်နဲ့ အတူကစားတာ ဖေဖေနဲ့မေမေပဲလေ"
-"မဟုတ်ဘူး အနိုင်ရယ်။ ရှုပ်ကုန်ပြီ"
-"....."
ကျွနုပ်စကားကြောင့် သူမသည် ခေါင်းကိုတချက်ကုတ်ကာ ဟိုကြည့်သည်ကြည့်လုပ်သည်။
ဖြေရခက်သွားဟန်ပင်။
-"တို့ပြောပြမယ် သူငယ်ချင်းဆိုတာ ဖေဖေ မေမေလိုကိုယ့်မိသားစုထဲကမဟုတ်ဘူးကွယ်။
အပြင်ကလာတဲ့သူ ။အင်..တနည်းအားဖြင့် အခု
တို့လိုပေါ့။
အဲ့လိုလူက အနိုင်နဲ့အတူအမြဲ ကစားရင် အဲ့တာ သူငယ်ချင်းပဲ"
-"ဪ အဲ့လိုလား"
-"အင်း အဲ့တာကြောင့် တို့က မင်းရဲ့သူငယ်ချင်းပေါ့"
-"မဟုတ်ပါဘူး"
-"ဟင်..ဘာလို့မဟုတ်ရမှာလဲ?။
အတူကစားတယ်လေ"
-"ဟာ အတူကစားလည်း ခင်ဗျားက ကျုပ် သူငယ်ချင်းမှမဟုတ်တာ။
အခုမှ တစ်ခါပဲ ကစားတာလေ။
ခင်ဗျားပြောတော့ အမြဲကစားမှ သူငယ်ချင်းဆို"
-"ေအာ် အာ့လား"
-"အင်း"
-"အဲ့အတွက် မပူပါနဲ့။ တို့ကိုသာ မင်းသူငယ်ချင်းလို့ သဘောထားပေး။ တို့ မင်းဆီအမြဲလာကစားပေးမှာပေါ့"
-"တကယ်လား "
-"အင်းပေါ့..အဲ့မို့ တို့ကို ပေးခေါ်နော်။"
-"ဘာကိုလဲ"
-"တို့ကို အနိုင်လို့ပေးခေါ်လို့!"
-"အော် အဲ့တာလား"
-"အွန်ဟွန်း"
-"အခုပဲ ခေါ်နေပြီမဟုတ်ဘူးလား။"
-"ဘာကို"
-"ဟုတ်တယ်လေ။ အနိုင်လို့ ခေါ်ခွင့်မပြုဘဲတောင် ခေါ်နေတာ (၃)ခါ မကတော့ဘူး"
-"အဲဟုတ်သားပဲနော်..။"
-"အဟိ"
ကြောင်တောင်တောင်လေးဖြစ်သွားသည့်
သူမဟန်မှာ ရယ်ချင့်စဖွယ်ပင်။ ထို့ကြောင့် ကျွနုပ် ရယ်မိသည်။ပြီးမှ ကျွနုပ်ရှေ့က ဇယ်ပုံကိုစိုက်ကြည့်လျှက် သိလိုသည်ကို မေးရသည်။
-"ဒါနဲ့..ခင်ဗျား နာမည်ကဘယ်သူလဲ"
-"တို့နာမည်လား?"
-"အင်းလေ သူများနာမည်ကျမေးပြီးတော့။"
-"အွန်ဟွန်း"
-"ဘာလဲ မပြောချင်ဘူးလား။ မပြောချင်လဲနေပေါ့"
-"ဟယ် မဟုတ်တာအနိုင်ရယ်။
ပြောမယ်။ ပြောမှာပေါ့။
တို့က အနိုင့်လိုကုတ်စီးမနဲပါဘူး"
-"ဟင် ကျုပ်က ဘယ်မှာကုတ်စီးနည်းလို့လဲ"
-"နည်းတာပေါ့။ နည်းလို့မှ ဇယ်စေ့ ၁၅၀နဲ့ လဲပြီး
မေးရတာပေါ့"
-"ဟွန်း..။ အာ့က..။
သူ့ဘာသာပဲ လာပြီး လဲတာလေ။
ဒီတိုင်းမေးလည်း ကျုပ်ကပြောမှာပဲကို"
-"ဟင် ဟုတ်သလား။"
-"အင်းလေ"
-" အဲ့ဆို တို့ ဇယ်စေ့ေတွ နှေမျာလိုက်တာကွယ်။
ပြန်ယူမှ ဖြစ်တော့မယ်ထင်ပါ့"
စကားနှင့်အတူ လှမ်းလာသည့် လက်တစ်စုံကြောင့် ကျွနုပ် ပြာပြာသလဲလက်ဖြင့် ဇယ်ပုံအားအုပ်လိုက်ရသည်။
-"ဟာ အာ့တော့မရဘူးနော်။ ပြောပြီးသားကို မညစ်နဲ့ဗျ။ ပြီး..ပြီးေတာ့ ။ပေးပြီးသားပစ္စည်းပြန်ယူရင် မျက်စိစွန်တတ်တယ်တဲ့ဗျ။ ဘာမှတ်"
-"အဟားဟား...ဟုတ်ပါပြီ။
ဟုတ်ပါပြီ။
တို့လည်းပြန်မယူချင်ပါဘူး။
စတာပါကွယ်"
-"အင်း..။ပြီးရော။"
သို့တိုင် သူမအားမယုံကြည်စွာ အုပ်ထားသည့် ဇယ်များအား ရင်ဘတ်ရှိအကျီအိတ်ထောင်ေလးထဲသို့ ကောက်ထည့်လိုက်ပါသည်။
-"ဝါ"
-"ဟင်?"
သူမစကားကြောင့် ဇယ်ထည့်နေရင်းမှ
သူမမျက်နှာအား မမှိုက်မသုန်ပင် ကြည့်မိသည်။
ခေါင်းကိုေစာင်းလျှက် ဆံနွယ်ထိပ်ကလေးကို လက်ညှိုးဖြင့် တလိမ်ချင်း လိမ်နေသည့် သူမသည်တစ်စုံတစ်ခုကို တေွးေတာေနဟန်ပင်။
အကြည့်မှာမူ ကျွနုပ်အရှေ့မှ မြေပြင်ဆီသို့ ပို့ထားသည်။
-"ဘာ ဘာပြော"
-"ဝါတဲ့"
-"...."
ကျွနုပ် နားမလည်စွာ မေးလိုက်သည်ကို သူမသည် နားရွက်ကြားရှိ ပန်းပွင့်အား လက်သွယ်သွယ်ဖြင့် စမ်းလျက် အဖြေပေးခဲ့သည်။ ထိုမှတစ်ဆင့်-
-"တို့နာမည်က ဝါ။"
တိတိကျကျပြောပြရရင် တို့က ချစ်လွန်းဝါတဲ့"
ရင်ဘတ်ကလေးကို ညင်သာစွာပုတ်၍
ကျွနုပ်ကဲ့သို့ ဆိုလာစဉ်မှာတော့ ကျွနုပ်စိတ်ဝိဉာဉ်တစ်ခုလုံးသည် အဝါရောင်များဖြင့် လွှမ်းမိုးသွားလေတော့သည်။
23-12-2023
------