"အနိုင့်ဉယျာဉ်မှူး"

By Mun-Wint

44.8K 2.1K 70

#Credit photo အောင်ရဲမြတ် ခေတ္တယာယီယူသုံးထားသည့် More

အခန်း(၁)-Uni
အခန်း(၂)-Uni
အခန်း(၂)-Zawgyi
အခန်း(၃)-Uni
အခန်း(၃)-Zawgyi
အခန်း(၄)-Uni
အခန်း(၄)-Zawgyi
အခန်း(၅)-Uni
အခန်း(၅)-Zawgyi
အခန်း(၆)-Uni
အခန်း(၆)-Zawgyi
အခန်း(၇)-Uni
အခန်း(၇)-Zawgyi
အခန်း(၈)-Uni
အခန်း(၈)-Zawgyi
အခန်း(၉)-Uni
အခန်း(၉)-Zawgyi
အခန်း(၁၀)-(က)/Uni
အခန်း(၁၀)-(က)/Zawgyi
အခန်း(၁၀)-(ခ)/Uni
အခန်း(၁၀)-(ခ)/Zawgyi
အခန်း(၁၁)-Uni
အခန်း(၁၁)-Zawgyi
အခန်း(၁၂)-Uni
အခန်း(၁၂)-Zawgyi
အခန်း(၁၃)-Uni
အခန်း(၁၃)-Zawgyi
အခန်း(၁၄)-Uni
အခန်း(၁၄)-Zawgyi
အခန်း(၁၅)-(က)/Uni
အခန်း(၁၅)-(က)/Zawgyi
အခန်း(၁၅)-(ခ)/Uni
အခန်း(၁၅)-(ခ)/Zawgyi
အခန်း(၁၆)-Uni
အခန်း(၁၆)-Zawgyi
အခန်း(၁၇)-Uni
အခန်း(၁၇)-Zawgyi
အခန်း(၁၈)-Uni
အခန်း(၁၈)-Zawgyi
အခန်း(၁၉)-Uni
အခန်း(၁၉)-Zawgyi
အခန်း(၂၀)-Uni
အခန်း(၂၀)-Zawgyi
အခန်း(၂၁)-Uni
အခန်း(၂၁)-Zawgyi
အခန်း(၂၂)-Uni
အခန်း(၂၂)-Zawgyi
အခန်း(၂၃)Uni
အခန်း(၂၃)Zawgyi
အခန်း(၂၄)-Uni
အခန်း(၂၄)-Zawgyi
အခန်း(၂၅)-Uni
အခန်း(၂၅)-Zawgyi
အခန်း(၂၆)-Uni
အခန်း(၂၆)-Zawgyi
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Uni
အခန်း(၂၇)ဇာတ်သိမ်းပိုင်း-Zawgyi

အခန်း(၁)-Zawgyi

582 5 0
By Mun-Wint

  အခန်း(၁)

ရှေးဦးစွာ Mun တို့‌ကျေးရွာမှ အမည်ပါပုဂ္ဂိုလ်များအား ဒီကပင် တောင်းပန်အပ်ပါသည်။
ဤ၀တ္ထုသည်  စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည်ကြောင့် တစ်စုံတစ်ဦးအား ထိခိုက်စေလိုခြင်း/ ပုတ်ခတ်လိုခြင်း မဟုတ်ကြောင်း ထပ်မံ၍ Mun
မှ အနူးအညွှတ် မေတ္တာရပ်ခံလိုသည်။
ချစ်သည့်စိတ်ကြောင့်အမည်နာမ ထည့်သုံးခြင်းဖြစ်၏။

--------------

    လူတိုင်းသည် လှပလွန်းသည့်အရာများအပေါ်၌ ပိုင်ဆိုင်လိုစိတ်ရှိကြပေမည်။ ရယူရန်လည်း ကြိုးစားတတ်ကြပေလိမ့်မည်။ သို့သော် အကျွနုပ်သည်
ထိုအရာများအပေါ်၌ ငေးကြည့်ခွင့်ရရုံဖြင့် ကျေနပ်‌ပါသည်။ နမ်းရှိုက်ခွင့် ခူးယူခွင့် စားသုံးခွင့်ရရန်လည်း မည်သို့မျှကြိုးစားမည်မဟုတ်။
အဘယ့်ကြောင့်ဆိုသော် ပန်းတစ်ပွင့်ပင်ဖြစ်‌စေကာမူ ခူးဆွတ်ပြီးသည်နှင့် မည်သည့်‌နေရာတွင် မည်သို့‌ကောင်းမွန်စွာထားထား အပင်၌ ခန့်ထည်စွာ လှပနေခြင်းကိုတော့ မမှီနိုင်ပေ။ ထို့ကြောင့်
ကျွနုပ်မြတ်နိုးသော ထိုပန်းတစ်ပွင့်ကိုလည်း
နဂိုရှိရင်းအတိုင်း  ငွါးငွါးစွင့်စွင့် လှပနေသည်ကို
မြင်လိုခြင်းသည် အကျွနုပ် စိတ်ဝိဉာဉ်သာဖြစ်ပေသည်။

-------------
                       အခန်း(၁)
    
         မေတ္တာဟူသည် နူးညံ့သော စိတ်သဘောထားတစ်ခုဖြစ်၏။ တစ်စုံတစ်ဦးအား မေတ္တာထားခြင်းသည် အလွန်ပင် မြင့်မြတ်သည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့ပေသည်။
   ထိုအရာသည် အသွားအပြန်လည်း ရှိသည်ဟု ဆိုတတ်ကြသည်။တစ်ဖန် ဝေလွန်းလျှင်မမြင်ရ နီးလွန်းလျှင်လည်း မမြင်ရဟု ဆိုတတ်ကြ‌သေးသည်။
မည်သို့ပင် ဆိုစေကာမူ မေတ္တာသဘောသည် ပေးပို့သူနှင့်သာ သက်ဆိုင်သည့်အရာတစ်ခုဖြစ်ပေလိမ့်မည်။
    ပေးပို့သူသည် လက်ခံသူထံမှ အသွားအပြန် အပြန်အလှန်သဘောထားခြင်းမူကား တကယ့်မေတ္တာအစစ် မဟုတ်။ အမှန်စင်စစ် မေတ္တာမူကား တစ်စုံတစ်ခုမျှ မမျှော်လင့်ဘဲ ပေးပို့ခံရသူ အကျိုး‌ကျေးဇူးတစ်ခုတည်းကိုသာ လိုလားခြင်းဖြစ်ပေသည်။
    ထို့‌ကြောင့်မေတ္တာသည် အလွန်ရှားပါးပြီး အဖိုးလည်းထိုက်၏။မေတ္တာစစ် မေတ္တာမှန်ကို တွေ့လိုလျှင်  မိဘနှင့် သားသမီးကြားတွင်သာ ကြည့်ကြပါလေ။
     မိဘဟူသည် သားသမီးအပေါ်၌ အကျိုးအမြတ်တစ်စုံတစ်ရာကိုမျှမမျှော်လင့်။  ကြီးမြတ်သော မေတ္တာသဘောဖြင့် ကျွေးမွေးပြုစုတတ်ကြသည်။
  ဉယျာဉ်မှူးများကဲ့သို့ သားသမီးဟူသော အပင်လေးများအပေါ် ၌ ဂရုတစိုက် ပြုစုပျိုးထောင်ကာ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက်တတ်ကြသေးသည်။
   ထို သားသမီးဟူသည့် အပင်များ သီးချိန်သီး ပွင့်ချိန်ပွင့်လာချိန်၌ တန်ပြန်မေတ္တာဟူသော အသီးအပွင့်ကို စားသုံးနိုင်သည်ဖြစ်စေ မစားသုံးနိုင်သည်ဖြစ်‌စေကာမူ မေတ္တာမပျက် ချစ်မြဲချစ်လျှက်သာပင်။
ဤသည်ကား မိဘမေတ္တာပေတည်း။
-------------
          ရွှေကျေးပင်ရွာသည် ရွှေဘို‌မြို့နှင့် မိုင်(၄၀)ခန့်အကွာတွင် တည်ရှိသော ရွာကြီးတစ်ရွာဖြစ်၏။
အရှေ့ဘက်တွင် ငှက်ပျောရွာ/အနောက်ဘက်တွင် အင်းလယ်ရွာ/တောင်ဘက်တွင် ခင်အုန်းရွာတို့ဖြင့် နီးကပ်စွာတည်ရှိပြီး အိမ်ခြေပေါင်း ၃၀၀‌ကျော်ရှိသည်။ ရွာပတ်လည်တွင် အက်ကြီး ၉ အက်ဖြင့်ခြံရံထားသည်ကြောင့် ရေပေါများပြီး စိုက်ပျိုးခြင်းအတွက် များစွာကောင်းသည့် ရွာတစ်ရွာဟုဆိုလျှင်
မမှားပေ။
    ရွာရှိလူများထဲတွင် စိုက်ပျိုးမြေရှိသူများက စိုက်ပျိုးရေးလုပ်ကိုင်လျှက်ရှိပြီး အချို့မှာမူ အက်ကြီးများ၌ ရေလုပ်ငန်းလိုက်ကိုင်လျှက်ရှိသည်။
ရွာ၌ ချမ်းသာသူ လူတစ်ချို့သည်တော့ အက်ကြီးများကိုပင် အပိုင်ဝယ်ယူ၍ ငါးမွေးမြူခြင်း လုပ်ကိုင်ကာ ရွှေဘိုမြို့အထိ ချဲ့ထွင်နိုင်ခဲ့သည်။
    ထိုလူချမ်းသာစာရင်းတွင် ကိုဖိုးထောင်အား မည်သူမှမမှီပေ။ သူသည် အက်ကြီး ၉အက်ရှိသည့်အနက် ၄အက်အထိ ပိုင်ဆိုင်ထားသူဖြစ်သည်။ ရွာတွင် အချမ်းသာဆုံးပေတည်း။

      ဦးအောင်မြင့်သည် ကိုဖိုးထောင်အပိုင် အက်ကြီးတစ်ခုတွင် လုပ်ကိုင်နေသည့် ရေလုပ်သားတစ်ဦးဖြစ်သည်။အသက်၄၀၀န်းကျင်ရှိပြီး ဖြူသော အသားအရည်ရှိသည်။ ၅ပေ ၁၁အထိ ရှည်လျားသည့် အရပ်‌ကြောင့် ပိန်သည်ဟုထင်ရသော်ငြား သန်မာဖျတ်လတ်သည့် ယောက်ျားကြီးတစ်ဦးဖြစ်၏။
  သူသည် တည်ကြည်ခန့်ငြားသည့် ရုပ်သွင်ရှိသည်။ဇာတိမိုးကုတ်မြို့မှ ဇနီးဖြစ်သူ စစ်ကိုင်းသူ မဖြူနွယ်ဖြင့် အကြောင်းပါကာ ယခုကဲ့သို့ စစ်ကိုင်းတွင် အခြေတကျ ရောက်ရှိခဲ့ခြင်းပင်ဖြစ်သည်။
   စော်ဘွားမျိုးဆက်ဖြစ်သည့် သူသည် မဖြူနွယ်ဖြင့် တွေ့ဆုံခဲ့သည့်အချိန်မှစကာ ဘ၀နိမ့်ကျခဲ့ရပေသည်။ ချမ်းသာလှသည့် သူ့အသိုင်းအဝိုင်းမှာ ထမင်းချက်အဖြစ် အိမ်၌ လာ‌ရောက်လုပ်ကိုင်နေသည့် မဖြူနွယ်နှင့် သဘောမတူနိုင်ခြင်းကြောင့် အမွေဖြတ်စွန့်လွှတ်ခဲ့‌ကြ၏။
  သို့သော် အချစ်တန်ခိုးသည်ကား သူတို့ဇနီးမောင်နှံအတွက် ဘ၀တစ်ခုထူ‌ထောင်ရန်လုံ‌လောက်ခဲ့သည်။  တူနှစ်ကိုယ် တဲအိုပျက်မှာပင် ပျော်ပျော်ကြီး နေထိုင်လျှက် သားသမီးတစ်‌ဦးပင် ရရှိ‌ခဲ့‌လေပြီ။
မောင်တစ်ထမ်းမယ်တစ်ရွက်ဖြင့် ပျော်ရွှင်ချစ်ခင်စွာ ပေါင်းဖက်နေထိုင်ကြသည်။
    သို့ရာတွင် လောကကြီးသည် တရားမမျှတလှပါ။
ကံအကြောင်း မကောင်းသည့် သူသည် သမီးအသက် ၅နှစ်ခန့်တွင် ဇနီသည်အား ဆုံးရှုံးခဲ့ရပြန်သည်။ ‌မြို့ဖြင့်ဝေးလှသည့် ကျေးတောရွာတွင် ငှက်ဖျားရောဂါအား တိုက်ဖျက်နိုင်သည့် ဆေးဝါးမရှိသောကြောင့်သာ ဖြစ်သည်။
   ယခုတွင်မူ သူ့ဇနီးမဖြူနွယ်မရှိသည်မှာ ၁၃နှစ်‌ကျော်ခဲ့လေပြီ။ ရိုးသားကြိုးစားသည့် သူ့အား နှစ်သက်သူ မိန်းမများတော့ ရှိ၏။သို့သော်
မိတဆိုးသမီး တစ်မျက်နှာဖြင့်သာ နေထိုင်ခဲ့သည့် သူ့အတွက်မူ မဖြူနွယ့်နေရာတွင် မည်သူ့ကိုမျှ အစားမထိုးနိုင်ခဲ့‌ပေ။ အဖေတစ်ခု သမီးတစ်ခုဘ၀ဖြင့်သာ ရပ်တည်နေထိုင်လျှက်ရှိသည်။
ဤသည်ကား သူ့သမီးအပေါ်ထားသည့် 
ဖခင်‌မေတ္တာ‌ပေတည်း။

-"အမေ့!"

-"ဒုံး"

-"ဖေဖေရေ!"

      ဦးအောင်မြင့်သည်  မန်ကျည်းပင်‌အောက်ရှိ ကွပ်ပျစ်တွင် ထိုင်ကာ မနက်ခင်းက ဖြုတ်လာသော ပိုက်ကွန်များမှ ငါးများကို  ဖြုတ်‌နေ‌လေသည်။
    ထိုတွင် ခပ်လှမ်းလှမ်းရှိ သူတို့တဲအိမ်လေးမှ အသံစွာစွာဖြင့် လှမ်း‌အော်နေသည့် ချစ်လှစွာသော သူ့သမီး‌ပေ။

-"ဟူး"

   သူ ခေါင်းကို‌တွင်တွင်ခါရမ်းလျှက် လက်ထဲရှိ
ပိုက်ကို ခနချကာ တဲဆီသို့ သွားရတော့သည်။
  ထိုငမွေထိုးမလေးအား အချိန်ခနပင် လွှတ်
ထား၍မရပေ။ပြဿနာကို မီးထွန်းရှာလွန်းသည်မှာ  သူတို့ဇနီးမောင်နှံနှင့် လားလားမှမတူ‌။
ယခုလည်း ဘာဖြစ်ပြန်သည်မသိ။

   ခါးသာသာအမြင့်ရှိသည့် ၂ခန်းပတ်လည်
တဲအိမ်လေးအပေါ်သို့ သူအရောက်။

-"ဖေဖေ!"

    သူ့ကိုခေါ်လျှက် အပြေးကလေး ထွက်လာသည့် သူ့သမီး။ သူနှင့်ပင် တိုက်မိတော့မည်။

-"အမေ့!"

-"ဟဲ့ ဟဲ့သမီး"

   သူ့အမြင်မှာပင် အရှိန်တန့်လိုက်သည်ကြောင့်
လဲမတတ်ဖြစ်သွားသည်ကြောင့် လှမ်းဆွဲထိမ်းလိုက်ရ‌သေးသည်။

ထိုကဲ့သို့ပင် ပြာတိပြာတာ နိုင်လွန်းလှသည်။

  ဒါသည်လည်း သူ့အပြစ်မကင်းလှပါ။
ဒီမိတဆိုးသမီးလေးအား သူအလိုလိုက်ထားခဲ့မိသည်။ ကလေးသည် ငယ်စဉ်ကတည်းက ဖြူဖတ်ဖြူလျော်ဖြင့် စက္ကူပါး‌လေးသဖွယ် ကျန်မာရေးတွင် အလွန်ချူချာ၏။
   ထို့ကြောင့် သူ့မှာ အဖေလိုကဲ့သို့တစ်မျိုး
အမေလိုကဲ့သို့တမျိုး  ပြုစုယုယခဲ့ရသည်။
အချိန်တန်အရွယ်ရောက်လာတော့လည်း
အခြားကျေးရွာသူများကဲ့သို့ ပေါင်းခုတ်/စပါးရိတ်လည်း မခိုင်းရက်။
မိမိတို့လုပ်ငန်း၌ ရေလုပ်သူအဖြစ်လည်း မခိုင်းရက်နှင့် ပညာတတ်ကြီးဖြစ်‌စေရန်သာ ကြိုးစား‌ပေးရတော့သည်။
  ယခုမူ သူ့သမီးသည် ရွှေဘိုကောလိပ်နေ ပထမနှစ်ကျောင်းသူတစ်‌ယောက် ဖြစ်နေလေပြီ။
သို့သော် စာအရာတွင်တော်သလောက် ကျန်သည့်ကိစ္စများတွင် အမြဲနမော်နမဲ့ဆန်လွန်းသည်‌ကြောင့်  ယခုထိပင် စိတ်မအေးရသေးပါ။

-"ဟူး..။
သမီးရယ် ဘယ်လိုကြောင့် အမြဲပြာယာခတ်နေရတာလဲ။ကြည့်ဦး မျက်နှာမှာလည်းပေလို့တူးလို့ ။
ဘာတေလုပ်နေတာလဲကွယ်"

     သူ  မျက်နှာစေ့စေ့ကြည့်ကာ မေးလိုက်တော့
ရှေ့မှ  အိုးမဲတုံးမှာ သွား၃၂‌ပေါ်‌အောင် ပြုံးပြလျှက်။

-"ဟီး ..ဖေဖေကလည်း။
အနိုင်က ဖေဖေ့အတွက် ထမင်းချက်ပေးနေတာလေ။ အဲ့ဒါကို အိမ်မြှောင်ကောင်က သမီးအပေါ် ပြုတ်ကျလာလို့"

    ထိုဖြေသံအကြား သူ သက်ပျင်းသာရှိုက်မိတော့သည်။

  ငယ်ငယ်ကတည်းက သူ့သမီးသည် အိမ်မြှောင်ဆိုသည့် သတ္တဝါကို မြွေထက်ပင်‌ကြောက်တတ်၏။
သူ့မှာသာ တောရွာနေပြီး အိမ်မြှောင်ကြောက်ရ‌လေသလားဟု အပြစ်မတင်ရက်နိုင်ပါ။

-"ဟုတ်ပြီ..ဟုတ်ပြီ ။
ဘယ်မှာလဲ အဲ့အိမ်မြှောင်က။ ပြစမ်း ဖေဖေ့ကို"

     သူပြောလျှက် သမီးဖြစ်သူကိုယ်‌ပေါ်အားကြည့်လိုက်တော့ မတွေ့ပေ။
  ထိုအတူ သမီးမှာလည်း မတွေ့ဟန်ဖြင့် ကိုယ်ကို လှည့်၍ ရှာနေ၏။

-"ဟင် ခုနကထိ ရှိသေးတာကို"

   ကိုယ်မှာ မရှိတော့သည့်တိုင် ဟိုရှာသည်ရှာလုပ်နေသည့် သမီးကြောင့်။

-"မရှိပါဘူး သမီးရယ်။"

-"မဟုတ်ဘူး တကယ်ရှိတာ ခုနကအထိ"

-"ကဲ ကဲ ရှာမနေနဲ့တော့ ။
ထမင်းလည်းမချက်တော့နဲ့ ဖေဖေပဲ ဆက်ချက်တော့မယ်။"

-"ဟင်!"

      ဦးအောင်မြင့်သည် ထမင်းချက်ရန် မီးဖိုခန်းသို့ အသွားမှာ ထိတ်လန့်စရာမြင်ကွင်းတစ်ခုက စီးကြိုနေလေပြီ။

-"အမလေး! မီး‌တော့ မီး!မီး!"

    သူ ဘာမှမလုပ်နိုင်ခင်မှာပင်။
သူ့သမီးမှာ အသင့်သယ်ထားသည့် ရေပုံးကိုဆွဲလျှက် သူ့ကိုယ်သို့တွန်းတိုက်ကာ မီးဖိုခန်း‌ဆီသို့။

*******

-"ဗွမ်း!"

*ဟူး တော်သေးတာပေါ့*
       ကျွနုပ် လက်ထဲရှိ ရေပုံးအဝါ‌လေးကိုချလျှက် ကြမ်းပြင်တွင် ဖင်ထိုင်ပစ်လိုက်သည်။ မီးငြိမ်သွားပြီဖြစ်သည့် ခပ်မဲမဲ ဝါးထရံအားကြည့်ပြီးယခုမှ
သက်မ ချနိုင်တော့သည်။
ခြေကုန်လက်ပန်းလည်း ကျသွားလေပြီ။

  မကြာသေးခင်က ပြေးရင်းလွှားရင်း ထင်း‌ချောင်းကို ခလုပ်တိုက်မိသည့်ပုံ။
မီးဖိုအနီးရှိ ထရံအား မီးဆွဲသွားရ‌လေသည်။
ခေါင်းမိုးရှိ သက္ကယ်တွေအထိ မရောက်သည်က ‌တော်‌သေးသည်။
ခေါင်းမိုးသာဆွဲပါက ရွာပြင်နေ မိမိတို့တဲအိမ်လေးမှာ ပြာကျပေလိမ့်မည်။

-"ဟောဟဲ ဟောဟဲ"

      ဖေဖေသည် ရေတ၀က်ခန့်ပါသည့် ပုံးနှင့်အတူဘေးနားသို့ ရောက်လာသည်။
  အနည်းငယ်လှမ်းသည့် ချောင်းမှ ရေကိုပြေးဆွဲလာရသည်ကြောင့် မောဟိုက်နေသည့်ပုံပင်။
  နဖူးတွင် ချွေးတို့ သီး‌နေ‌လေသည်။
ကိုယ်တ၀က်သည်လည်း ရေ‌လား ချွေးလားမကွဲပြားဘဲ စိုရွှဲလျက်ရှိသေးသည်။
ထို့ပြင် ဒူးအထိ တို‌အောင်ဝတ်ထားသည် ပုဆိုးအောက်ဘက်တွင်လည်း သဲများဖြင့် ပရပွ ပွလျှက်ရှိသည်။

-"တော်သေးတာပေါ့ သမီးရယ် ခေါင်းမိုးထိသာဆွဲရင် တို့သားအဖတော့ မတွေးရဲစရာပဲ"
       မီးငြိမ်းသွားသည်မြင်မှ စိတ်အေးဟန်ဖြင့်
ထိုစကားကိုဆိုသည်။
မောဟိုက်နေသည့် ဖေဖေ့အားမြင်တော့ ကျွနုပ်စိတ်မကောင်းဖြစ်မိသည်။

     တခါတရံတွင် ကျွနုပ်ကိုကျွနုပ် သိပ်စိတ်ပျက်၏။
တနိုင်တပိုင်ဖြင့် ကူညီလိုက်တိုင်း ကံတရားသည် ကိုယ့်ဘက်မပါ။
အမြဲ အဆင်မပြေပေ။
ယခုလည်း မိမိအသုံးမကျမှုကြောင့် အိမ်မီးလောင်မလို ဖြစ်ရပြန်ပြီ။

-"ဟူး.."

-"ဖေဖေ သမီးတောင်းပန်"

-"ဂွက်"

-"အ!"

      ဖေဖေ့ကို မော့ကြည့်ကာ တောင်းပန်ရန်ပြင်စဉ်လက်သံပြောင်လှသည့် ‌ခေါက်ချက်တစ်ခု ‌ဦးခေါင်းထိပ်တွင် ဝဲကာကျ‌လေပြီ။

*******

-"ဖေဖေ"
   ဖေဖေ့အနီးရှိ ကွပ်ပျစ်တွင်ဝင်ထိုင်ရင်း မျက်နှာချိုသွေးရသည်။
သို့သော်  ပြန်‌တော့ မထူးလာပေ။
သူ့ပိုက်ထဲရှိ ငါးများကိုတစ်‌ကောင်ချင်း ဖြုတ်ရင်း ဒန်ဇလုံထဲသို့ ပစ်ထည့်လျှက်နေ၏။

  မကြာသေးခင်က မီးဆွဲထားသည့်ကိစ္စကို စိတ်မကြည်သေးသည်ထင်။
  ဒါကလည်း ဖေဖေ့ အလွန်မဟုတ်ပါ။

    ဖေဖေသည် အခြားယောက်ျားသားများကဲ့သို့
စိတ်မတိုတတ်/စိတ်မဆတ်တတ်ပေ။
များစွာ စိတ်ရှည်‌လေ၏။
  ကျွနုပ်အပေါ်၌လည်း  စိတ်လည်းမဆိုးခဲပါ။
စိတ်ဆိုးခဲ့လျှင်လည်း ဆူသည် ငေါက်သည်ဟူ၍မရှိ။
စကားမပြောဘဲသာ ဆိတ်ဆိတ်နေ‌တတ်သည်။

    ကျွနုပ်အား တုတ်ဖြင့်ရွယ်ဖို့ အလွန်ဝေးသည်။အပြစ်ကြီး‌လေးမှသာ ခုနကကဲ့သို့ ခေါင်းကိုခွပ်ကနဲနေအောင် ခေါက်တတ်သည်။

-"ဖေဖေ"

-"...."

-"ဖေဖေလို့!"

     ကျွနုပ်ရဲ့ ဆောင့်အောင့်ခေါ်သံကြောင့် ဖေဖေက တစ်ချက်မျှ စွေကြည့်လာသည်။ ထို့နောက်
သူလုပ်စရာရှိသည်ကို တစိုက်မတ်မတ် ဆက်လုပ်နေပြန်သည်။

-"ဖေဖေကလည်း
အနိုင်တောင်းပန်ပါတယ်။ နော် ။"

-"...."

-"အနိုင်က ဖေဖေစားဖို့ထမင်းချက်နေတာပါ။ အိမ်မြှောင်ကြောင့်ပါ ဖေဖေရဲ့ ။"

-"......."

-"အနိုင်အိမ်မြှောင် ကြောက်တတ်တာကို ဖေဖေလည်း သိရက်သားနဲ့။"

-"...."

-"စိတ်မဆိုးပါနဲ့နော် ဖေဖေ"

-"....."

-"နော်လို့!"

    ဦးအောင်မြင့် ရှေ့မှ သနားသဖွယ် မျက်နှာငယ်ဖြင့် ကြည့်နေသည့် သူ့သမီးအား ကြာကြာစိတ်မဆိုးနိုင်တော့ပါ။
  သူ့သမီးသည် ပြာတိပြာတာဖြင့် အမြဲလွဲစေကာမူ
လိမ်မာရေးခြားရှိပေသည်။ သူ့ကိုလည်း အလွန်ချစ်ပြီး စကားလည်း နားထောင်‌လေသည်။ အလိုက်တသိဖြင့်လည်း ဖေးမကူညီတတ်သေးသည် မဟုတ်ပါလား။

-"အင်း"

     ဖေဖေသည် ထိုကဲ့သို့လူစားပင် ဖြစ်သည်။
ကျွနုပ်အား ဉပေက္ခာကြာကြာ မပြုနိုင်‌ပါ။
ကျွန်ုပ်အပေါ် များစွာချစ်သည်။
ထို့ကြောင့်လည်း ကျွန်ုပ် အခွင့်ယူသည်မဟုတ်ဘဲနွဲ့ဆိုးဆိုးနေရခြင်းပင် ဖြစ်မည်။

-"ဖေဖေ ။
အဲ့ဆို သမီးကို စိတ်မဆိုးတော့ဘူးပေါ့နော်။"

-"အင်း"

-"ရေ့! ဒါမှတို့ဖေဖေကွ!"

    ကျွနုပ် ဖေဖေအား ပုခုံးမှ သိုင်းဖက်လိုက်သည်။ပြီး ဘယ်ဖက်ပါးအား ရှူးကနဲ မွှေးကျူလိုက်‌သေးသည်။

-"ဟဲ့ ဟဲ့သမီး။"

   သို့သော် ဖေဖေသည် အသာရုန်းထွက်‌လေသည်။
ကျွနုပ် ဖက်ထားသည့် လက်ကိုညင်သာစွာဖြုတ်၍  ကွပ်ပျစ်တွင် ပြန်ထိုင်‌စေသည်။

-"အနိုင် အဲ့လို မနေရဘူးလို့ ဖေဖေပြောထားသားနဲ့ကွယ်"

  ထိုစကားကို  ကျွနုပ် ခေါင်းကိုအသာပုတ်လျှက် ပြောလေသည်။
   အရွယ်ရောက်လာသည့် ကျွနုပ်နှင့် ထိုသို့လက်ပွန်းတတီးနေသည်ကို အမြင်မတော်သည်ဟု
ခနခန ဆုံးမတတ်သည်။

   ဒါကိုပင် ကျွနုပ်သည် အမှတ်မရှိပေ။
တစ်ဦးတည်းရှိသည့် မိသားစုဝင်မို့ ဖေဖေအပေါ်
တခါတရံတွင် နီးနီးကပ်ကပ်နေမိသည်။

-"ဟွန့် ဖေဖေကလည်း"

    ကျွနုပ်အလိုမကျစွာ နှုတ်သီးဆူမိတော့ ဖေဖေသည် အေးချမ်းသည့် မျက်ဝန်းဖြင့် စိုက်ကြည့်လျှက် ပြုံး‌လေသည်။

-"အဖေ့သမီး။"

-"ရှင့်"

-" နောက်ဆို အဲ့လို နမော်နမဲ့ မလုပ်ရဘူးနော်"

-"ဟုတ်"

-"မီး ဆိုတာ ကြောက်စရာကွဲ့။
  အလွန်ဆိုးရွားတယ်။"

-"ဟုတ်"

-"အင်း အဲ့တာကြောင့်လည်း ရေ/မီး/မင်း/ခိုးသူ/သားဆိုးသမီးဆိုး ဆိုတဲ့ ရန်သူငါးပါးထဲမှာ‌တောင် အဆိုးဆုံးလို့ ပြောကြတာပေါ့ကွယ်"

-"ဟုတ်"

      ဖေဖေသည် ဘုန်ကြီးကျောင်းထွက် ပီသစွာ
စာတစ်တန် ပေတစ်တန်ဖြင့်  ကျွနုပ်အားထိုသို့ ဆုံးမ‌လေသည်။
   သို့သော် ကျွနုပ်နားထဲတွင်‌တော့ နွေရာသီတိုင်းမှာ ရွာစော် ဦးတင်သန်းဖွင့်လေ့ရှိသည့် ဓာတ်စက်သီချင်းသံသာ ဆူညံဝေလျှက်ရှိ‌လေသည်။

-"ကဲကဲ ဖေဖေလည်း စိတ်မဆိုးတော့ပါဘူး။"

-"ဟုတ်"

-"သမီးလည်း ကျောင်းပိတ်တုန်း အဂ်လိပ် စပစ်ကင်လား ဘာလား  အဲ့တာ ကျက်စရာရှိရင် သွားကျက်တော့လေ။ "

-"ဟုတ်"

-"ထမင်းလည်း ချက်မနေ‌တော့နဲ့ ။
ဖေဖေ ဒါလေး ဖိုးထောင်ဆီသွားပို့ပြီးမှပဲ ချက်လိုက်မယ် ဟုတ်ပြီလား"
       
-"ဟုတ် "

-"အေးအေး သမီး အဲ့ဆို လုပ်စရာရှိတာ‌လုပ်တော့နော်"

-"ဟုတ်။ အာ့ဆို အနိုင် စာသွားလုပ်တော့မယ်နော် ဖေဖေ"

-"အေးအေး"

-"ဪ ဒါနဲ့လေ ဖေဖေ"

-"ဟေ"

-"ညနေကျရင် အနိုင် အက် ထဲလိုက်ချင်လို့"

-"ဟင် ဘာလုပ်ဖို့လိုက်မှာလဲသမီးရဲ့။
ပင်ကပင်ပန်းနဲ့ကွယ်"

-"ဟာ ဖေဖေကလည်း။
အနိုင်လည်း ပျင်းလို့ပေါ့။
အိမ်မှာ တယောက်တည်း နေနေခဲ့ရတာ။
လိုက်ခဲ့မယ်နော်..နော်လို့ ဖေဖေ!"

-"ဟူး...အေးပါကွယ် အေးပါ။သဘောရှိ
သဘော‌ရှိပါဗျာ"

*********

   ကျွနုပ် စာလေ့လာနေ‌ပေရာ တစ်နာရီဝန်းကျင်လောက်တွင် ဖေဖေ့ရဲ့ လှမ်းအော်ပြောသံကိုကြားရသည်။

-"အနိုင်ရေ! သမီး!အဖေ ငါးသွားပို့လိုက်ဦးမယ်နော်!
ကြားလား!"

-"ဟုတ် ဖေဖေ! ဟုတ်!"
        
      ဖေဖေ့အား ပြန်ဖြေကြားရင်း တဲအိမ်အပြင်သို့  ထွက်လာလိုက်သည်။
   ဖေဖေသည်တော့ ခြံဝရှိ ခရမ်းခင်းနားသို့ပင် ‌ရောက်သွား‌လေပြီ။ ပုခုံးတစ်ဖက်တွင် ဇလုံကိုထမ်းလျှက် လက်တစ်ဖက်တွင်မူ ငါးအိတ်ကိုဆွဲကာ သွားနေသည့် ဖေဖေ့ကျောပြင်အားကြည့်လျှက် ကျွနုပ်နှာ‌ခေါင်းတို့ ကျင်လာ‌သည်။
   တစ်ထွာခန့်မျှ‌ပြဲနေသည့် ဖေဖေ့ကျောမှ အကျီသည် အဝေးကပင်မြင်ရလေသည်။
ကျောလျားရှည်ရှည်သည် ယခင်ကဲ့သို့မဟုတ်။
ကိုင်းစပင်ပြုနေသည်။ သို့တိုင်  ဖေဖေသည် အေးအေးချမ်းချမ်းမနေနိုင်သေးပါ။
ယခုကဲ့သို့ ပင်ပန်းစွာ လုပ်ကိုင်နေရသည်မှာ ကျွနုပ်ကြောင့်ဆိုသည်ကို တွေးမိတိုင်း ရင်ထဲတွင် နေလို့မကောင်းလှပေ။
  ကျွနုပ်ကို  လူတန်းစေ့အောင်ထားပေး‌နေသည့် ဖေဖေမှာမူ သစ်လွင်သော အ၀တ်အစား တစ်စုံပင်မရှိပေ။
ဖေဖေသည် အခြားရေလုပ်သားများကဲ့သို့အရက်သေစာ သောက်စား/လောင်းကစားလုပ်ဖို့ အလွန်ဝေးစွ ။ယုတ်စွအဆုံး ကွမ်းတစ်ရာမျှပင် ဖေဖေသည် သူ့ကိုယ်သူ မသဒ္ဓါပေ။
  တစ်ခါတစ်‌လေ ကျန်းမာရေးဖောက်ကာ ဖျားနာ‌လျှင်တောင် ဆေးဆရာဦးတင်‌ထွေးအား
မခေါ်ပေ။
အလုပ်ကိုပင်အပျက်မခံဘဲ မှိတ်ကြိတ် ခံစားရှာသည့် ဖေ‌ဖေသည် မိမိကျောင်းအတွက် လိုအပ်သည်နှင့် ငွေများဘယ်ကထွက်လာသည်မသိ။
အမြဲသူ့မှာရှိသည်။

-"ဟူး "

      ကျွနုပ်မြင်ကွင်းတွင် ဖေဖေ့ရဲ့ပုံရိပ်‌လေးပျောက်သည်အထိ ငေးကြည့်ပြီးမှ စားပွဲ၌ ပြန်ထိုင်လိုက်သည်။ ရင်ထဲမကောင်းသည့် ခံစားချက်ကြောင့်လေ့လာလက်စ speaking မျက်နှာအား ဆက်လက်လေ့လာလိုက်တော့သည်။

-"What's your nation?"

-"I am from..."
       
        ထို့နောက် အတန်ကြာသည်အထိ ကျွနုပ်စာများလေ့လာနေစဉ် ရုတ်တရက် အနောက်မှ ထွက်ပေါ်လာသည့် လက်တစ်စုံရှိ‌လေသည်။ ထိုလက်စုံသည် ကျွနုပ် မျက်လုံးများအပေါ်သို့ ထိမိစွာ အုပ်မိုးထားလိုက်ပြီး

-"ဘယ်သူလဲ မှန်းကြည့်ကွယ်"
     
     ထိုအချိန်တွင် သာယာသော အသံနှင့်အတူ မွှေးပျံ့သည့်ပန်းတစ်ပွင့် ကျွနုပ်ဘေးသို့ ကြွေကျလာလေပြီ။
  တဆက်တည်း နှလုံးသားသည်လည်း  သခင်ဖြစ်သူ အမည်ကိုတလျှက် တဒိတ်ဒိတ်ခုန်ကာ ကြိုဆိုလျှက်ရှိပေ‌တော့သည်။....။

23-12-2023

**************

Continue Reading

You'll Also Like

10.4M 309K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...
231K 14.1K 30
(Zawgyi + Unicode) နောက်ဆုံးအနေနဲ့ ချစ်ပါတယ်...... နောက်ဆုံးအနေနဲ့ ချစ်ပါတယ်......
2M 70.6K 64
The stunningly beautiful bride, Jennie Kim whom everyone desires is in an arranged marriage with a young billionaire, her childhood sweetheart. She i...
929K 16K 29
FALLING FOR YOU WILL BE PUBLISHED 23rd JULY 2023. Cristina "Cris" Vasiliev had everything she ever wanted: amazing parents, kind friends, a hot footb...